အပိုင်း(၃၉)

7.9K 739 139
                                    

"ယဥ်ယဥ်မြိုင်"

သေချာစူးစိုက်နားထောင်ကြည့်ပါလျှင် ရာဇ၏အသံထဲတွင်မနှစ်မြို့မှု၊အလိုမကျမှုများပါဝင်နေတယ်ဆိုတာသိနိုင်ပါ၏။မျက်မှောက်ကြုတ်ကာဧည့်ခန်းတွင်ထိုင်နေသော ထိုမိန်းကလေးကိုကြည့်နေသော်လည်း  လက်တွေကတော့သက်လယ်၏လက်နုနုလေးကိုမလွှတ်တမ်းဆုပ်ကိုင်ထားတုန်းပင်။

ခေါ်သံကြောင့်လှည့်ကြည့်လာသည့်သူမကရာဇကိုလည်းမြင်ရော သကာရည်တွေလောင်းချထားသလိုချိုမြနေသော ဆေးဆိုးပန်းရိုက်မျက်နှာဖြင့် မိန့်မိန့်ကြီးပြုံးပြလာ၏။ထိုနောက် ထိုင်နေရာမှထကာ...

"အကို..."

ဘုရား...ရာဇစိတ်ထဲကနေဘုရားထလိုက်မိသည်။မတရိုးရှိမလား...အကိုဆိုတဲ့လှိုက်တတ်တုန်ယင်နေသည့်သူမ၏ခေါ်သံက  နှစ်ရှည်လများကွဲကွာနေတဲ့ချစ်သူနဲ့ ပြန်လည်ဆုံတွေ့ရလို့ကြည်နူးနေသံပေါက်လို့နေသည်။

စိတ်ညည်းညူစွာတွေးနေလို့တောင်မပြီးသေး လျင်မြန်လှသောအရှိန်နှုန်းဖြင့်ပြေးလာတဲ့သူမကြောင့် ရာဇအယောင်ယောင်အနနှင့်ခြေလှမ်းတွေတောင်နောက်ဆုတ်မိသွား၏။

"မြိုင်တို့ပြန်တွေ့ကြရပြီပေါ့နော် မြိုင်လွမ်းနေခဲ့တာ သိရဲ့လား"

"............"

ရာဇဆွံ့အစွာ သက်လယ်လက်ကိုဆုပ်ကိုင်ထားလျက်တောင့်တောင့်ကြီးရပ်နေမိသည်။သူမကတော့ ရာဇ၏တွဲလက်ပိုင်ရှင်လေးကိုသတိမပြုမိဟန်ထင်သည် ရာဇကိုသာရွှန်းရွှန်းစာစာကြီးကြည့်လို့နေ၏။

ထို့ပြင် ဘေးကသက်လယ်ကလည်း မေးခွန်းတွေပြည့်နှက်နေသည့် အကြည့်စူးစူးနှင့်ရာဇကိုကြည့်လာတာကြောင့် ရာဇအသည်းအသန်ခေါင်းကိုခါရမ်းလိုက်သည်။

ကိုယ်ဘာမှမသိပါရဘူးသက်လယ်ရယ်...ဒီမိန်းကလေးအရူးကွက်တွေနင်းနေနေတာပါ။

ထို့နောက် တဖြည်းဖြည်းဝဲတတ်လာသည့်သူမ၏မျက်ရည်တွေကိုကြည့်၍ သရုပ်ဆောင်ကောင်းလိုက်တဲ့မိန်းကလေးဟုရာဇစိတ်ထဲမှတ်ချက်ပြုမိသည်။ပြဇာတ်ကရင် နာမည်ကြီးနိုင်လောက်သည်။

"ဒီမယ် မိန်းကလေး"

"အို အကိုကလည်း မြိုင့်ကိုအဲဒီလိုစိမ်းစိမ်းကားကားကြီးမဆက်ဆံပါနဲ့ရှင်"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now