#Unicode
အိမ်ကနေစားသောက်ဆိုင်သွားဖို့ကို
နာရီကြည့်ပြီးTaehyungမှာ ထိုင်လိုက်ထလိုက်နဲ့။မေမေကတော့ ပန်းပင်တွေကိုရေဖြန်းနေပြီး သီချင်းတအေးအေးနဲ့။မေမေက သူ့ကိုတစ်ဦးတည်းသောသားအနေနဲ့မွေးပြီး မေမေ့ရဲ့ငယ်ဘဝတစ်ခုလုံးကို သူ့အတွက်သာနစ်မြုပ်ထားသည်။မေမေဝါသနာပါတဲ့ စားဖိုမှူး အလုပ်ကိုသူ့အတွက်စွန့်လွှတ်ခဲ့သည်။
မေမေပိုင်တဲ့Hotelကိုလည်း ညီမနဲ့သာshareပြီးတော့ အဒေါ်ပေးသလောက်သာမေမေကယူသည်။
Taehyungမူလတန်းတက်တဲ့အရွယ်မှာအဖျားကြီးပြီးသတိမေ့သွားခဲ့သည်။
အဲ့အချိန်မှာသူ့ကိုထိန်းပေးနေတဲ့အဒေါ်ကြီးကလွဲရင် မေမေရောဖေဖေပါသူ့အနားမှာမရှိခဲ့ကြ။ဆေးရုံကိုရောက်သွားတာလည်းအဒေါ်ကြီးကခေါ်သွားခဲ့ခြင်းပင်။မေမေသိတဲ့အချိန် သူကသတိတောင်ပြန်ရနေခဲ့ပြီ။
ထိုအချိန်ကစလို့ မေမေကသူ့ဝါသနာ သူ့အလုပ်တွေကိုပစ်ချပြီး Taehyungအနားမှာသာနေပေးတော့သည်။
"မေ့သားလေး ဘာတွေတွေးနေတာလဲ
6နာရီခွဲပြီ သွားကြရအောင်လေ"
မေမေပြောမှ သူသတိပြန်ဝင်လာသည်။7နာရီခွဲချိန်းထားပေမယ့် ကားလမ်းပိတ်တာကြောင့် စောစောလေးကြိုသွားကြရမှာဖြစ်သည်။
"ဟုတ်မေမေ သားတို့သွားကြမယ်လေ"
"အဲ့ကောင်လေးအကြောင်းတွေ တွေးပြီးအချိန်တွေကိုမေ့နေတာပေါ့လေ"
"မေမေရ နောက်ပြီ၊သားက မေမေ့အကြောင်းတွေးနေတာ သားကိုဒီလောက်ချစ်တဲ့မေမေက အခုလိုကောင်လေးတစ်ယောက်ကိုလိုက်တွေ့ပေးဖို့အဆင်ပြေလို့လား"
"ပြေတာပေါ့သားရဲ့ ချစ်ပေးတယ်ဆိုထဲကပျော်ရွှင်စေချင်တယ် ငါ့သားလေးကိုစိတ်ချမ်းသာစေချင်တယ်လေ အဲ့လိုမလုပ်နိုင်တဲ့သူတွေကအတ္တသမားတွေ
သူများကိုချစ်တယ်ပြောနေပေမယ့် တကယ်တမ်းကြသူတို့ကိုသူတို့သာချစ်ကြတာ သူများစိတ်ချမ်းသာဖို့မတွေးပဲ
ကိုယ်စိတ်ချမ်းသာဖို့ပဲတွေးနေတာ
ပြန်တော့မပြောနဲ့ အဲ့ဒါသားဖေဖေပဲ"
ပြောပြီးသားမိနှစ်ယောက်ပြိုင်တူရယ်မိသည်။ဖေဖေမပါပဲ ဖေဖေ့အတင်းကိုပြောတာက သူတို့သားမိနှစ်ယောက်ရဲ့အကျင့်ပင်။
Jungkook ကြိုပြင်ဆင်ထားတဲ့ဆိုင်က
သီးသန့်ခန်းတွေလည်းရှိပြီး ဆိတ်ငြိမ်တဲ့နေရာလေးဖြစ်သည်။အီတလီအစားအစာမျိုးစုံရတဲ့ဆိုင်လေး။အပြင်အဆင်ကိုက အထက်တန်းဆန်သည်။
"မင်္ဂလာပါအန်တီ"
"အိုး....တွေ့ရတာဝမ်းသာပါတယ်သားရယ်"
ကားရပ်တယ်ဆိုတာနဲ့မေမေ့ဘက်အခြမ်းကားတံခါးကိုဖွင့်ပြီး တရိုတသေနှုတ်ဆက်နေတဲ့သူကိုကြည့်ပြီး Taehyungရယ်မိသည်။ကပ်ပြီးပေါင်းပလိုက်တာမြန်ချက်။ဒီကောင်လေးကနေရာတကာလျင်သည်။
"အန်တီ ဒီဆိုင်လေးမှာ အခန်းယူထားတယ် အဆင်ပြေရဲ့လားဗျ"
"ပြေပါတယ်သားရဲ့ အန်တီကဒီကိုခဏတဖြုတ်ပဲလာလည်ဖြစ်တာပါသားရယ် ဟိုမှာပဲအနေများတော့ အသစ်ဖွင့်တဲ့ဆိုင်တွေဆိုသိပ်မသိတော့ဘူး ဒီလာရင် ညီမနဲ့တူမတွေကခေါ်သွားလိုက်
သားငယ်ကလိုက်ပို့နဲ့ အဲ့တော့မှသာသိတာသားရေ အခုတော့သားပါရှိနေတော့ ပိုအဆင်ပြေသွားတာပေါ့"
"အာ....အချိန်မရွေးပါအန်တီ
အန်တီသူငယ်ချင်းတွေနဲ့ကော်ဖီဒိတ်လုပ်ရင် ကျွန်တော့်ဆိုင်ကိုလာလို့ရပါတယ်ဗျ ကြိုပြောရင်ပိုအဆင်ပြေအောင်စီစဉ်ပေးပါ့မယ်"
"လာမယ် လာမယ်၊အန်တီတို့ငယ်သူငယ်ချင်း၅ယောက်က လူဆုံတာနဲ့စားသောက်ဆိုင်တွေသွားပြီး စားသောက်၊စကားပြောတော့တာပဲသားရေ
လာမှာစိတ်ချ"
အခန်းထဲကိုဝင်လာတဲ့အထိ ရှေ့ကနှစ်ယောက်ကTaehyungကိုရှိနေတယ်လို့ကိုသဘောမထားကြ။သူတို့နှစ်ယောက်တည်းစကားတွေပြောနေတာများ ဝင်တိုးလို့ကိုမရ။
"အန်တီ ထိုင်ပါဗျ"
"ကျေးဇူး...သား"
"အကို လာထိုင်"
မေမေ့ကို ထိပ်ဆုံးခုံမှာနေရာချပေးပြီးတာနဲ့ Taehyungထိုင်ဖို့ခုံကိုပါပြလာသည်။
"ငါ့ကိုသတိရသေးတယ်နော်"
"Oh! Sorry....အကို"
Taehyungပြောလိုက်တော့မှ မျက်ခုံးပင့်ရယ်ပြီး လက်ကိုအတင်းဆွဲပြီးထိုင်ခိုင်းတော့သည်။
"အယ်....ငါတို့ကလေးလေးကို ဘယ်သူတွေကမေ့ထားကြတာလဲ"
မေမေကပါTaehyungမေးဖျားကိုခပ်ဖွဖွဖျစ်ပြီး ရယ်ကာပြောနေသည်။
"မေမေတို့နှစ်ယောက်ပဲ စကားတွေပြောနေတာလေ သားကိုမပြောရဘူး"
"အခု အကိုပြောလေ ကျွန်တော်တို့ကနားထောင်ပေးမယ်"
"ငါက ဘာပြောရမှာလဲ စားစရာမှာရအောင်"
Taehyungလည်းရှက်ပြီးစကားစဖြတ်တော့ Jungkookကသူ့ဆံပင်တွေကိုလာဖွပြီး ချစ်စရာလေးလို့ပြောကာရယ်နေတော့သည်။စားစရာတွေမှားပြီးတာနဲ့Jungkookဖုန်းကဝင်လာသည်။
"အန်တီ ခဏနော်"
"ရတယ်သား အေးဆေးပြော"
ဖုန်းကိုကိုင်ပြီး အခန်းထဲကနေထွက်သွားတဲ့သူ့ကို Taehyungလိုက်ကြည့်နေမိသည်။ဘာလို့အခန်းထဲမှာမပြောပပဲထွက်သွားရတာလဲမသိ။လူကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လို့။
"သားငယ် ဘာတွေဖြစ်နေတာလဲ"
"အဲ့ဖုန်းကလေ ဘယ်သူ့ဖုန်းလဲမသိ
သူကသားတို့အနားမှာမပြောပဲ ဘာလို့ထွက်သွားတာလဲ"
"အော်....သားရယ် သူလည်းမေမေ့ဘေးထားပြီး တစ်ချို့အကြောင်းတွေ ဘယ်ပြောချင်ပါ့မလဲ နားလည်ပေးရအောင်လေ သူကသားကိုချစ်တယ်ဆိုတာ ဖွင့်ပြောစရာတောင်မလိုဘူး သူ့အကြည့်တွေထဲမှာတင်ပြည့်စုံနေပြီ အကိုရေ"
"မေမေကလဲ"
"ဒီတစ်ခါ သားဖေဖေမပါပဲ သားဆီလာရတာ သိပ်ကိုမှပျော်စရာကောင်းတာပဲ
သားမိနှစ်ယောက်လွပ်လွပ်လပ်လပ် ဆွေးနွေးလို့ရသွားတယ်လေ"
ခဏနေတော့ စားပွဲထိုးလေးတွေနဲ့အတူ
Jungkookပါ ပြန်ဝင်လာသည်။လက်ထဲမှာလည်းပန်းစည်းနဲ့။
"အစီအစဉ်မရှိပဲ တွေ့ခွင့်ရလိုက်တော့ဘာလုပ်ပေးရမှန်းမသိတာနဲ့ပဲ ပန်းစည်းလေးမှာလိုက်တာအန်တီ ခုနကဖုန်းကလာပို့တာမလို့ထွက်ယူလိုက်တာ တွေ့ခွင့်ပေးတဲ့အတွက်ကျေးဇူးပါအန်တီ"
ပန်းစည်းလေးနဲ့အတူ သူမကိုပြုံးကာ
ကိုရိုရိုသေသေလေးပြုမူနေပုံက အထင်မကြီးပဲကိုမနေနိုင်တော့။သူမသားလေးကို အရေးထားလို့ သားနဲ့ပါတ်သတ်တဲ့သူတွေကိုပါ အလေးထားပေးတယ်ဆိုတာသိသာ၏။
"အို....သားရယ် အခုကိုတော်တော်လေးပြည့်စုံနေပါပြီ အန်တီ့ကိုသာမန်ပဲ ရင်းရင်းနှီးနှီးနေပါ ကိုယ့်အမေလိုပဲသဘောထား"
ပြောပြီးတာနဲ့ သူမသားကိုကြည့်ပေးလိုက်သည်။သံသယများတာတွေလျှော့ခိုင်းရအုံးမည်။မဟုတ်ရင် ပြသနာကအမြဲဖြစ်နေမှာပဲ။ပန်းစည်းယူဖို့ထွက်သွားတာကို ဖုန်းသူ့ရှေ့မှာမပြောချင်လို့ ထွက်သွားတယ်သာထင်နေသည်။
"ငါကြတော့ ပန်းစည်းမရဘူး"
"လိုချင်ပြန်ပြီလား အကိုကလူတစ်ယောက်လုံးရထားပြီကို....အယ်....အန်တီ...."
Jungkookပြောချင်တာပြောပြီးမှအန်တီ့ကိုအားနာနေတော့သည်။အန်တီကတော့ပြုံးနေမြဲ။
"ရပါတယ်သားရေ သားရဲ့ကောက်တေးကိုသာ အမြဲသည်းခံပေးပါလို့အန်တီကမှာချင်ပါတယ် သားလည်းသိမှာပါ သားငယ်စိတ်ကို သူ့ကိုအလိုလိုက်ထားတဲ့အန်တီ့အမှားလည်းပါတာပေါ့
သားငယ်ကသူ့ကိုဦးစားပေးမှ ကြိုက်တာသားရေ စိတ်ဆိုး စိတ်ကောက်လွယ်သလို စိတ်ပြေလည်းလွယ်တယ်
သည်းခံပြီးချစ်ပေးပါအုံးနော်"
"စိတ်ချပါအန်တီ စိတ်မပူစေရပါဘူးဗျ"
ညစာစားပွဲကပျော်ပျော်ရွှင်ရွှင်နဲ့ပြီးသွားခဲ့သည်။အိမ်ပြန်လာပြီး ညအိပ်ရာဝင်တဲ့အထိ ပုံရိပ်တွေကထင်ကျန်နေတုန်း။မေမေနဲ့Jungkookကတော်တော်လေးကိုအဆင်ပြေသည်။မေမေကလည်းနားလည်ပေးထားသလို Jungkookကလည်း တလေးတစားဆက်ဆံပေးသည်။ထိုအချိန်မှာပဲ group chatထဲကနေ မီရာကဖုန်းခေါ်တော့သည်။
"နင်တို့နှစ်ကောင် နေနိုင်ကြတယ်သိလား ငါဒုက္ခရောက်နေတယ်လို့အော်နေတာကိုဟာ"
LeoရောTaehyungပါ ရယ်လိုက်မိကြသည်။
"ကဲပြော လက်ထပ်ရတော့မယ့်ကောင်မလေးရေ"
"လီယို လီယို လူပျိုကြီးဖြစ်မယ့်အကောင် Taehyungရေ ငါနဲ့သဘောတူတဲ့ကောင်လေးက ဟွမ်
နင့်ကောင်လေးသူငယ်ချင်းလေ ဟိုကောင်တွေထဲကတစ်ယောက် ငါစိတ်ကုန်ချက်များ"
"ဘာ....ငါ့ကို Jungkookကဘာမှမပြောဘူးလေ "
"ပြောမလား နင်သိရင် ငါသိမယ်
ငါသိရင်ရှောင်မှာလေ အဲ့ဒါဆိုမိသားစုလိုက်ငါ့အိမ်ဘယ်ရောက်ပါတော့မလဲ"
Leoမှာ သူတို့နှစ်ယောက်ပြောသမျှနားထောင်နေတုန်း အတွေးတစ်ခုဝင်လာသည်။အဲ့ဒါကတော့ စနောက်ချင်လာတာပဲ။
"နင်တို့နှစ်ယောက်က ဟုတ်ရောဟုတ်ရဲ့လား ကလေးတွေကိုမုန့်ပေးကြိုက်နေကြတာလား"
"အေး သူတို့ထဲမှာ နှစ်ယောက်ရှိသေးတယ် မင်းနဲ့ပါရေစက်ဆုံခိုင်းပေးမယ်"
"နိုးပါနော် ကိုကြီးကတစ်ကိုယ်တည်းအေးဆေးနေမှာ"
သူငယ်ချင်းတွေတစ်ယောက်တစ်ပေါက်ပြောကြရင်းနဲ့
မီရာရဲ့ ငြီးငြူတာတွေကိုနားထောင်ပေးပြီးမှဖုန်းချလိုက်ရတော့သည်။
****************************
မေမေက Taehyungနဲ့၁၀ရက်နေပြီးမှပြန်သွားသည်။Taehyungလည်းအလုပ်တွေရှုပ်နေပြီး Jungkookဆီသွားမတွေ့ဖြစ်။ဟွမ်ကတော့ မီရာကိုညနေတိုင်းလာတွေ့တတ်သည်။
"အကို ပြန်တော့မလို့လား"
"ဂျေဟွာပါလား ဘယ်လာတာလဲ
အကိုကပြန်တော့မလို့လေ"
"မင်ဂျေကိုလာကြိုတာပါအကို
အဲ့ကောင်လေးမွေးနေ့မလို့"
"အာ....အကိုကမသိဘူး လက်ဆောင်လေးတစ်ခုခုပေးဖို့စီစဉ်မှပါ"
"ဟုတ်အကို ဒါနဲ့အကို့ကားနားမှာ Jungkookစောင့်နေတယ် ကျွန်တော့်ကားနဲ့လိုက်လာတာ"
Taehyungက ခွဲစိတ်ခန်းဝင်နေတော့ ဖုန်းကိုစက်ပိတ်ထားမိတာ အခုထိပြန်မဖွင့်ရသေး။
"ဟုတ်လား အဲ့လိုဆို အကိုသွားတော့မယ်နော် မင်ဂျေကိုလည်းပြောပေးပါအုံး အကိုကHappy Birthday ပါလို့"
"ဟုတ်ကဲ့အကို"
ဂျေဟွာကိုနှုတ်ဆက်ပြီးတာနဲ့ ကားပါကင်ရှိရာကိုအမြန်သွားရတော့သည်။
ကားပါကင်ရောက်တော့မှ သူ့ကားကိုမှီပြီးရပ်နေတဲ့Jungkookကိုတွေ့လိုက်ရတော့သည်။ရှပ်အဖြူလက်ရှည်ကိုမှ
အနက်ရောင်pantနဲ့တွဲဝတ်ထားသည်။
လက်ရှည်ကိုတံတောင်စစ်နားထိခေါက်တင်ထားပြီး ဖုန်းကိုကြည့်နေပုံက အကြည့်မလွှဲချင်စရာ။
"Sorry ဖုန်းကပိတ်ထားမိတယ်"
"ရပါတယ် နေနိုင်တဲ့သူတွေကနေနိုင်တော့ မနေနိုင်တဲ့သူကလာတွေ့ရတာပေါ့"
"မဟုတ်တာ ကိုယ်လည်းမနေနိုင်ပါဘူးဘေဘီရယ် ရော့ကားသော့ဘေဘီကမောင်းလိုက်နော်"
"ဟား.....ဘယ်သူ့ကိုဘေဘီ ဘယ်သူကဘေဘီ"
ဆက်ဆက်ထိမခံဖြစ်နေတဲ့Jungkookကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ Taehyungလက်ကိုဆွဲပြီး ကားနောက်ခန်းထဲက်ုအတင်းတွန်းထည့်ပြီး သူပါဝင်လာတော့တယ်။
"ရှေ့ခန်းကိုသွားမယ်လေ ဘာလို့နောက်ခန်းထဲကိုအတင်းထိုင်ခိုင်းနေတာလဲ"
"ဘယ်သူကဘေဘီ ဘယ်သူ့ကိုဘေဘီလို့ပြောသွားတာလဲ"
"ဘာပြောလို့လဲ"
"ပြောပါတယ်"
"ငါကဘေဘီလို့ပြောတာပါ ငါကဘေဘီ ကဲ!ရပြီလား"
ပြောပြီးတာနဲ့Taehyungနှုတ်ခမ်းတွေကိုနမ်းလာတော့သည်။ခါးကိုပါပွေ့ဖက်ထားတာ တင်းတင်းကျပ်ကျပ်။
"ဘေဘီ့ကိုလွမ်းနေတာ"
"အင်း.....ငါလည်းလွမ်းတယ်"
နဖူးချင်းထိထားပြီးရယ်မိကြသည်။
အခုဆိုJungkookနဲ့သူတွဲလာတာ
၁နှစ်ပြည့်တော့မည်။အခုထိပြသနာကြီးကြီးမားမားမရှိ။အဆင်ပြေသာယာနေသည်။၂နှစ်ပြည့်ကြရင်တော့လက်ထပ်မယ်လို့သူတို့ဆုံးဖြတ်ထားသည်။တစ်ယောက်ရင်ငွေ့ကိုတစ်ယောက်လှုံပြီး အဆင်မပြေတာတွေညှိရင်း အတူနေထိုင်သွားချင်သည်။
17.March.2022
__________________________________
ကိုယ်လည်း အချစ်ကလေးတို့ကိုလွမ်းပါတယ်💜
စာလုံးပေါင်းမစစ်ရသေးဘူး မှားတာရှိရင်ဖြည့်ဖတ်ပေးပါနော်💗
#Zawgyi
အိမ္ကေနစားေသာက္ဆိုင္သြားဖို႔ကို
နာရီၾကည့္ၿပီးTaehyungမွာ ထိုင္လိုက္ထလိုက္နဲ႔။ေမေမကေတာ့ ပန္းပင္ေတြကိုေရျဖန္းေနၿပီး သီခ်င္းတေအးေအးနဲ႔။ေမေမက သူ႔ကိုတစ္ဦးတည္းေသာသားအေနနဲ႔ေမြးၿပီး ေမေမ့ရဲ႕ငယ္ဘဝတစ္ခုလုံးကို သူ႔အတြက္သာနစ္ျမဳပ္ထားသည္။ေမေမဝါသနာပါတဲ့ စားဖိုမႉး အလုပ္ကိုသူ႔အတြက္စြန႔္လႊတ္ခဲ့သည္။
ေမေမပိုင္တဲ့Hotelကိုလည္း ညီမနဲ႔သာshareၿပီးေတာ့ အေဒၚေပးသေလာက္သာေမေမကယူသည္။
Taehyungမူလတန္းတက္တဲ့အ႐ြယ္မွာအဖ်ားႀကီးၿပီးသတိေမ့သြားခဲ့သည္။
အဲ့အခ်ိန္မွာသူ႔ကိုထိန္းေပးေနတဲ့အေဒၚႀကီးကလြဲရင္ ေမေမေရာေဖေဖပါသူ႔အနားမွာမရွိခဲ့ၾက။ေဆး႐ုံကိုေရာက္သြားတာလည္းအေဒၚႀကီးကေခၚသြားခဲ့ျခင္းပင္။ေမေမသိတဲ့အခ်ိန္ သူကသတိေတာင္ျပန္ရေနခဲ့ၿပီ။
ထိုအခ်ိန္ကစလို႔ ေမေမကသူ႔ဝါသနာ သူ႔အလုပ္ေတြကိုပစ္ခ်ၿပီး Taehyungအနားမွာသာေနေပးေတာ့သည္။
"ေမ့သားေလး ဘာေတြေတြးေနတာလဲ
6နာရီခြဲၿပီ သြားၾကရေအာင္ေလ"
ေမေမေျပာမွ သူသတိျပန္ဝင္လာသည္။7နာရီခြဲခ်ိန္းထားေပမယ့္ ကားလမ္းပိတ္တာေၾကာင့္ ေစာေစာေလးႀကိဳသြားၾကရမွာျဖစ္သည္။
"ဟုတ္ေမေမ သားတို႔သြားၾကမယ္ေလ"
"အဲ့ေကာင္ေလးအေၾကာင္းေတြ ေတြးၿပီးအခ်ိန္ေတြကိုေမ့ေနတာေပါ့ေလ"
"ေမေမရ ေနာက္ၿပီ၊သားက ေမေမ့အေၾကာင္းေတြးေနတာ သားကိုဒီေလာက္ခ်စ္တဲ့ေမေမက အခုလိုေကာင္ေလးတစ္ေယာက္ကိုလိုက္ေတြ႕ေပးဖို႔အဆင္ေျပလို႔လား"
"ေျပတာေပါ့သားရဲ႕ ခ်စ္ေပးတယ္ဆိုထဲကေပ်ာ္႐ႊင္ေစခ်င္တယ္ ငါ့သားေလးကိုစိတ္ခ်မ္းသာေစခ်င္တယ္ေလ အဲ့လိုမလုပ္ႏိုင္တဲ့သူေတြကအတၱသမားေတြ
သူမ်ားကိုခ်စ္တယ္ေျပာေနေပမယ့္ တကယ္တမ္းၾကသူတို႔ကိုသူတို႔သာခ်စ္ၾကတာ သူမ်ားစိတ္ခ်မ္းသာဖို႔မေတြးပဲ
ကိုယ္စိတ္ခ်မ္းသာဖို႔ပဲေတြးေနတာ
ျပန္ေတာ့မေျပာနဲ႔ အဲ့ဒါသားေဖေဖပဲ"
ေျပာၿပီးသားမိႏွစ္ေယာက္ၿပိဳင္တူရယ္မိသည္။ေဖေဖမပါပဲ ေဖေဖ့အတင္းကိုေျပာတာက သူတို႔သားမိႏွစ္ေယာက္ရဲ႕အက်င့္ပင္။
Jungkook ႀကိဳျပင္ဆင္ထားတဲ့ဆိုင္က
သီးသန႔္ခန္းေတြလည္းရွိၿပီး ဆိတ္ၿငိမ္တဲ့ေနရာေလးျဖစ္သည္။အီတလီအစားအစာမ်ိဳးစုံရတဲ့ဆိုင္ေလး။အျပင္အဆင္ကိုက အထက္တန္းဆန္သည္။
"မဂၤလာပါအန္တီ"
"အိုး....ေတြ႕ရတာဝမ္းသာပါတယ္သားရယ္"
ကားရပ္တယ္ဆိုတာနဲ႔ေမေမ့ဘက္အျခမ္းကားတံခါးကိုဖြင့္ၿပီး တ႐ိုတေသႏႈတ္ဆက္ေနတဲ့သူကိုၾကည့္ၿပီး Taehyungရယ္မိသည္။ကပ္ၿပီးေပါင္းပလိုက္တာျမန္ခ်က္။ဒီေကာင္ေလးကေနရာတကာလ်င္သည္။
"အန္တီ ဒီဆိုင္ေလးမွာ အခန္းယူထားတယ္ အဆင္ေျပရဲ႕လားဗ်"
"ေျပပါတယ္သားရဲ႕ အန္တီကဒီကိုခဏတျဖဳတ္ပဲလာလည္ျဖစ္တာပါသားရယ္ ဟိုမွာပဲအေနမ်ားေတာ့ အသစ္ဖြင့္တဲ့ဆိုင္ေတြဆိုသိပ္မသိေတာ့ဘူး ဒီလာရင္ ညီမနဲ႔တူမေတြကေခၚသြားလိုက္
သားငယ္ကလိုက္ပို႔နဲ႔ အဲ့ေတာ့မွသာသိတာသားေရ အခုေတာ့သားပါရွိေနေတာ့ ပိုအဆင္ေျပသြားတာေပါ့"
"အာ....အခ်ိန္မေ႐ြးပါအန္တီ
အန္တီသူငယ္ခ်င္းေတြနဲ႔ေကာ္ဖီဒိတ္လုပ္ရင္ ကြၽန္ေတာ့္ဆိုင္ကိုလာလို႔ရပါတယ္ဗ် ႀကိဳေျပာရင္ပိုအဆင္ေျပေအာင္စီစဥ္ေပးပါ့မယ္"
"လာမယ္ လာမယ္၊အန္တီတို႔ငယ္သူငယ္ခ်င္း၅ေယာက္က လူဆုံတာနဲ႔စားေသာက္ဆိုင္ေတြသြားၿပီး စားေသာက္၊စကားေျပာေတာ့တာပဲသားေရ
လာမွာစိတ္ခ်"
အခန္းထဲကိုဝင္လာတဲ့အထိ ေရွ႕ကႏွစ္ေယာက္ကTaehyungကိုရွိေနတယ္လို႔ကိုသေဘာမထားၾက။သူတို႔ႏွစ္ေယာက္တည္းစကားေတြေျပာေနတာမ်ား ဝင္တိုးလို႔ကိုမရ။
"အန္တီ ထိုင္ပါဗ်"
"ေက်းဇူး...သား"
"အကို လာထိုင္"
ေမေမ့ကို ထိပ္ဆုံးခုံမွာေနရာခ်ေပးၿပီးတာနဲ႔ Taehyungထိုင္ဖို႔ခုံကိုပါျပလာသည္။
"ငါ့ကိုသတိရေသးတယ္ေနာ္"
"Oh! Sorry....အကို"
Taehyungေျပာလိုက္ေတာ့မွ မ်က္ခုံးပင့္ရယ္ၿပီး လက္ကိုအတင္းဆြဲၿပီးထိုင္ခိုင္းေတာ့သည္။
"အယ္....ငါတို႔ကေလးေလးကို ဘယ္သူေတြကေမ့ထားၾကတာလဲ"
ေမေမကပါTaehyungေမးဖ်ားကိုခပ္ဖြဖြဖ်စ္ၿပီး ရယ္ကာေျပာေနသည္။
"ေမေမတို႔ႏွစ္ေယာက္ပဲ စကားေတြေျပာေနတာေလ သားကိုမေျပာရဘူး"
"အခု အကိုေျပာေလ ကြၽန္ေတာ္တို႔ကနားေထာင္ေပးမယ္"
"ငါက ဘာေျပာရမွာလဲ စားစရာမွာရေအာင္"
Taehyungလည္းရွက္ၿပီးစကားစျဖတ္ေတာ့ Jungkookကသူ႔ဆံပင္ေတြကိုလာဖြၿပီး ခ်စ္စရာေလးလို႔ေျပာကာရယ္ေနေတာ့သည္။စားစရာေတြမွားၿပီးတာနဲ႔Jungkookဖုန္းကဝင္လာသည္။
"အန္တီ ခဏေနာ္"
"ရတယ္သား ေအးေဆးေျပာ"
ဖုန္းကိုကိုင္ၿပီး အခန္းထဲကေနထြက္သြားတဲ့သူ႔ကို Taehyungလိုက္ၾကည့္ေနမိသည္။ဘာလို႔အခန္းထဲမွာမေျပာပပဲထြက္သြားရတာလဲမသိ။လူကိုစိတ္အေႏွာင့္အယွက္ျဖစ္ေအာင္လို႔။
"သားငယ္ ဘာေတြျဖစ္ေနတာလဲ"
"အဲ့ဖုန္းကေလ ဘယ္သူ႔ဖုန္းလဲမသိ
သူကသားတို႔အနားမွာမေျပာပဲ ဘာလို႔ထြက္သြားတာလဲ"
"ေအာ္....သားရယ္ သူလည္းေမေမ့ေဘးထားၿပီး တစ္ခ်ိဳ႕အေၾကာင္းေတြ ဘယ္ေျပာခ်င္ပါ့မလဲ နားလည္ေပးရေအာင္ေလ သူကသားကိုခ်စ္တယ္ဆိုတာ ဖြင့္ေျပာစရာေတာင္မလိုဘူး သူ႔အၾကည့္ေတြထဲမွာတင္ျပည့္စုံေနၿပီ အကိုေရ"
"ေမေမကလဲ"
"ဒီတစ္ခါ သားေဖေဖမပါပဲ သားဆီလာရတာ သိပ္ကိုမွေပ်ာ္စရာေကာင္းတာပဲ
သားမိႏွစ္ေယာက္လြပ္လြပ္လပ္လပ္ ေဆြးေႏြးလို႔ရသြားတယ္ေလ"
ခဏေနေတာ့ စားပြဲထိုးေလးေတြနဲ႔အတူ
Jungkookပါ ျပန္ဝင္လာသည္။လက္ထဲမွာလည္းပန္းစည္းနဲ႔။
"အစီအစဥ္မရွိပဲ ေတြ႕ခြင့္ရလိုက္ေတာ့ဘာလုပ္ေပးရမွန္းမသိတာနဲ႔ပဲ ပန္းစည္းေလးမွာလိုက္တာအန္တီ ခုနကဖုန္းကလာပို႔တာမလို႔ထြက္ယူလိုက္တာ ေတြ႕ခြင့္ေပးတဲ့အတြက္ေက်းဇူးပါအန္တီ"
ပန္းစည္းေလးနဲ႔အတူ သူမကိုၿပဳံးကာ
ကို႐ို႐ိုေသေသေလးျပဳမူေနပုံက အထင္မႀကီးပဲကိုမေနႏိုင္ေတာ့။သူမသားေလးကို အေရးထားလို႔ သားနဲ႔ပါတ္သတ္တဲ့သူေတြကိုပါ အေလးထားေပးတယ္ဆိုတာသိသာ၏။
"အို....သားရယ္ အခုကိုေတာ္ေတာ္ေလးျပည့္စုံေနပါၿပီ အန္တီ့ကိုသာမန္ပဲ ရင္းရင္းႏွီးႏွီးေနပါ ကိုယ့္အေမလိုပဲသေဘာထား"
ေျပာၿပီးတာနဲ႔ သူမသားကိုၾကည့္ေပးလိုက္သည္။သံသယမ်ားတာေတြေလွ်ာ့ခိုင္းရအုံးမည္။မဟုတ္ရင္ ျပသနာကအၿမဲျဖစ္ေနမွာပဲ။ပန္းစည္းယူဖို႔ထြက္သြားတာကို ဖုန္းသူ႔ေရွ႕မွာမေျပာခ်င္လို႔ ထြက္သြားတယ္သာထင္ေနသည္။
"ငါၾကေတာ့ ပန္းစည္းမရဘူး"
"လိုခ်င္ျပန္ၿပီလား အကိုကလူတစ္ေယာက္လုံးရထားၿပီကို....အယ္....အန္တီ...."
Jungkookေျပာခ်င္တာေျပာၿပီးမွအန္တီ့ကိုအားနာေနေတာ့သည္။အန္တီကေတာ့ၿပဳံးေနၿမဲ။
"ရပါတယ္သားေရ သားရဲ႕ေကာက္ေတးကိုသာ အၿမဲသည္းခံေပးပါလို႔အန္တီကမွာခ်င္ပါတယ္ သားလည္းသိမွာပါ သားငယ္စိတ္ကို သူ႔ကိုအလိုလိုက္ထားတဲ့အန္တီ့အမွားလည္းပါတာေပါ့
သားငယ္ကသူ႔ကိုဦးစားေပးမွ ႀကိဳက္တာသားေရ စိတ္ဆိုး စိတ္ေကာက္လြယ္သလို စိတ္ေျပလည္းလြယ္တယ္
သည္းခံၿပီးခ်စ္ေပးပါအုံးေနာ္"
"စိတ္ခ်ပါအန္တီ စိတ္မပူေစရပါဘူးဗ်"
ညစာစားပြဲကေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ၿပီးသြားခဲ့သည္။အိမ္ျပန္လာၿပီး ညအိပ္ရာဝင္တဲ့အထိ ပုံရိပ္ေတြကထင္က်န္ေနတုန္း။ေမေမနဲ႔Jungkookကေတာ္ေတာ္ေလးကိုအဆင္ေျပသည္။ေမေမကလည္းနားလည္ေပးထားသလို Jungkookကလည္း တေလးတစားဆက္ဆံေပးသည္။ထိုအခ်ိန္မွာပဲ group chatထဲကေန မီရာကဖုန္းေခၚေတာ့သည္။
"နင္တို႔ႏွစ္ေကာင္ ေနႏိုင္ၾကတယ္သိလား ငါဒုကၡေရာက္ေနတယ္လို႔ေအာ္ေနတာကိုဟာ"
LeoေရာTaehyungပါ ရယ္လိုက္မိၾကသည္။
"ကဲေျပာ လက္ထပ္ရေတာ့မယ့္ေကာင္မေလးေရ"
"လီယို လီယို လူပ်ိဳႀကီးျဖစ္မယ့္အေကာင္ Taehyungေရ ငါနဲ႔သေဘာတူတဲ့ေကာင္ေလးက ဟြမ္
နင့္ေကာင္ေလးသူငယ္ခ်င္းေလ ဟိုေကာင္ေတြထဲကတစ္ေယာက္ ငါစိတ္ကုန္ခ်က္မ်ား"
"ဘာ....ငါ့ကို Jungkookကဘာမွမေျပာဘူးေလ "
"ေျပာမလား နင္သိရင္ ငါသိမယ္
ငါသိရင္ေရွာင္မွာေလ အဲ့ဒါဆိုမိသားစုလိုက္ငါ့အိမ္ဘယ္ေရာက္ပါေတာ့မလဲ"
Leoမွာ သူတို႔ႏွစ္ေယာက္ေျပာသမွ်နားေထာင္ေနတုန္း အေတြးတစ္ခုဝင္လာသည္။အဲ့ဒါကေတာ့ စေနာက္ခ်င္လာတာပဲ။
"နင္တို႔ႏွစ္ေယာက္က ဟုတ္ေရာဟုတ္ရဲ႕လား ကေလးေတြကိုမုန႔္ေပးႀကိဳက္ေနၾကတာလား"
"ေအး သူတို႔ထဲမွာ ႏွစ္ေယာက္ရွိေသးတယ္ မင္းနဲ႔ပါေရစက္ဆုံခိုင္းေပးမယ္"
"ႏိုးပါေနာ္ ကိုႀကီးကတစ္ကိုယ္တည္းေအးေဆးေနမွာ"
သူငယ္ခ်င္းေတြတစ္ေယာက္တစ္ေပါက္ေျပာၾကရင္းနဲ႔
မီရာရဲ႕ ၿငီးျငဴတာေတြကိုနားေထာင္ေပးၿပီးမွဖုန္းခ်လိုက္ရေတာ့သည္။
****************************
ေမေမက Taehyungနဲ႔၁၀ရက္ေနၿပီးမွျပန္သြားသည္။Taehyungလည္းအလုပ္ေတြရႈပ္ေနၿပီး Jungkookဆီသြားမေတြ႕ျဖစ္။ဟြမ္ကေတာ့ မီရာကိုညေနတိုင္းလာေတြ႕တတ္သည္။
"အကို ျပန္ေတာ့မလို႔လား"
"ေဂ်ဟြာပါလား ဘယ္လာတာလဲ
အကိုကျပန္ေတာ့မလို႔ေလ"
"မင္ေဂ်ကိုလာႀကိဳတာပါအကို
အဲ့ေကာင္ေလးေမြးေန႔မလို႔"
"အာ....အကိုကမသိဘူး လက္ေဆာင္ေလးတစ္ခုခုေပးဖို႔စီစဥ္မွပါ"
"ဟုတ္အကို ဒါနဲ႔အကို႔ကားနားမွာ Jungkookေစာင့္ေနတယ္ ကြၽန္ေတာ့္ကားနဲ႔လိုက္လာတာ"
Taehyungက ခြဲစိတ္ခန္းဝင္ေနေတာ့ ဖုန္းကိုစက္ပိတ္ထားမိတာ အခုထိျပန္မဖြင့္ရေသး။
"ဟုတ္လား အဲ့လိုဆို အကိုသြားေတာ့မယ္ေနာ္ မင္ေဂ်ကိုလည္းေျပာေပးပါအုံး အကိုကHappy Birthday ပါလို႔"
"ဟုတ္ကဲ့အကို"
ေဂ်ဟြာကိုႏႈတ္ဆက္ၿပီးတာနဲ႔ ကားပါကင္ရွိရာကိုအျမန္သြားရေတာ့သည္။
ကားပါကင္ေရာက္ေတာ့မွ သူ႔ကားကိုမွီၿပီးရပ္ေနတဲ့Jungkookကိုေတြ႕လိုက္ရေတာ့သည္။ရွပ္အျဖဴလက္ရွည္ကိုမွ
အနက္ေရာင္pantနဲ႔တြဲဝတ္ထားသည္။
လက္ရွည္ကိုတံေတာင္စစ္နားထိေခါက္တင္ထားၿပီး ဖုန္းကိုၾကည့္ေနပုံက အၾကည့္မလႊဲခ်င္စရာ။
"Sorry ဖုန္းကပိတ္ထားမိတယ္"
"ရပါတယ္ ေနႏိုင္တဲ့သူေတြကေနႏိုင္ေတာ့ မေနႏိုင္တဲ့သူကလာေတြ႕ရတာေပါ့"
"မဟုတ္တာ ကိုယ္လည္းမေနႏိုင္ပါဘူးေဘဘီရယ္ ေရာ့ကားေသာ့ေဘဘီကေမာင္းလိုက္ေနာ္"
"ဟား.....ဘယ္သူ႔ကိုေဘဘီ ဘယ္သူကေဘဘီ"
ဆက္ဆက္ထိမခံျဖစ္ေနတဲ့Jungkookကို မ်က္လုံးတစ္ဖက္မွိတ္ျပလိုက္ေတာ့ Taehyungလက္ကိုဆြဲၿပီး ကားေနာက္ခန္းထဲက္ုအတင္းတြန္းထည့္ၿပီး သူပါဝင္လာေတာ့တယ္။
"ေရွ႕ခန္းကိုသြားမယ္ေလ ဘာလို႔ေနာက္ခန္းထဲကိုအတင္းထိုင္ခိုင္းေနတာလဲ"
"ဘယ္သူကေဘဘီ ဘယ္သူ႔ကိုေဘဘီလို႔ေျပာသြားတာလဲ"
"ဘာေျပာလို႔လဲ"
"ေျပာပါတယ္"
"ငါကေဘဘီလို႔ေျပာတာပါ ငါကေဘဘီ ကဲ!ရၿပီလား"
ေျပာၿပီးတာနဲ႔Taehyungႏႈတ္ခမ္းေတြကိုနမ္းလာေတာ့သည္။ခါးကိုပါေပြ႕ဖက္ထားတာ တင္းတင္းက်ပ္က်ပ္။
"ေဘဘီ့ကိုလြမ္းေနတာ"
"အင္း.....ငါလည္းလြမ္းတယ္"
နဖူးခ်င္းထိထားၿပီးရယ္မိၾကသည္။
အခုဆိုJungkookနဲ႔သူတြဲလာတာ
၁ႏွစ္ျပည့္ေတာ့မည္။အခုထိျပသနာႀကီးႀကီးမားမားမရွိ။အဆင္ေျပသာယာေနသည္။၂ႏွစ္ျပည့္ၾကရင္ေတာ့လက္ထပ္မယ္လို႔သူတို႔ဆုံးျဖတ္ထားသည္။တစ္ေယာက္ရင္ေငြ႕ကိုတစ္ေယာက္လႈံၿပီး အဆင္မေျပတာေတြညႇိရင္း အတူေနထိုင္သြားခ်င္သည္။
17.March.2022
__________________________________
ကိုယ္လည္း အခ်စ္ကေလးတို႔ကိုလြမ္းပါတယ္💜
စာလုံးေပါင္းမစစ္ရေသးဘူး မွားတာရွိရင္ျဖည့္ဖတ္ေပးပါေနာ္💗