"နောက်ကျနေပါပြီဆိုမှ.. ဒီဖိနပ်ကလဲ"
ငါးမိနစ်လောက်ပါပဲဆိုပြီးနှိုးစက်ကိုပိတ်၍ခဏလောက်မှေးလိုက်မိရာကနှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သွားခဲ့မိလို့အခုတော့မိုးလင်းကတည်းကအဆောတလျင်ပြေးနေလွှားနေရပြီ။တွေ့ကရာဖိနပ်ကိုကပျာကယာကောက်စွပ်လိုက်ပေမယ့်လူကပျာယာခတ်နေတာကြောင့်ဖနောင့်ကအလွယ်တကူမဝင်ဘဲတစ်နေသဖြင့်လက်တစ်ဖက်ကဖိနပ်ကိုအတင်းဝတ်ရင်းခြေတစ်ပေါင်ကျိုးဖြင့်အိမ်ရှေ့သို့ခုန်စွခုန်စွပြေးထွက်ခဲ့သည်။ ထို့နောက်အိမ်ရှေ့တွင်စတီးသံပန်းတွင်မှီလျက်ထောင်ထားသည့်စက်ဘီးစုတ်ကလေးကိုကောက်တွန်းကာပြေးဖို့ပြင်လိုက်တုန်း...
"အမလေး.. သေပါပြီ"
အလျင်လိုနေသည်မို့မြေကြီးထဲတွင်တစ်ဝက်မြုပ်၍မြေပေါ်တွင်တစ်ဝက်ပေါ်နေသောကျောက်တုံးကြီးကိုမမြင်ဘဲခလုတ်တိုက်မိသွားသည်။ကိုယ့်ကိုယ်ကိုဟန်ချက်ထိန်းလိုက်နိုင်တာကြောင့်အရှေ့ကိုဟက်ထိုးလဲမည့်အရေးကိုတားလိုက်နိုင်ခဲ့ပေမယ့်ခန္ဓါကိုယ်ကအရှိန်မသေသေးဘဲကို့ယိုးကားယားနှင့်နောက်ပြန်လဲကျသွားသည်။ ကံအားလျော်စွာဖြင့်စက်ဘီးကသူနှင့်ဆန့်ကျင်ဘက်ကိုလဲကျသွားတာမို့နှစ်ခါနာရမည့်အဖြစ်မျိုးမကြုံလိုက်ပါ။
"ဟင်!"
ဖင်ထိုင်ရက်လဲသွားတာမို့..တင်ပါးရောခါးထဲကပါမျက်ခနဲနာသွားပြီးမျက်လုံးတွေထဲပြာဝေသွားပေမယ့်သူ့ရှေ့သို့တရွေ့ရွေ့ချဥ်းကပ်လာသည့်မဲမဲသဏ္ဍာန်ကြီးကြောင့်ခေါင်းနပန်းကြီးသွားသည်အထိထိတ်လန့်သွားမိသည်။ဘုရားရေ! ဖင်ထိုင်ရက်လေးလဲမိရုံနဲ့သေမင်းတမန်ကမျက်စိရှေ့ကိုချက်ချင်းရောက်လာပါလား.. လို့တွေးမိပြီးချွေးစေးတွေပြန်လာ၏။
"မ.. မ..မလာနဲ့နော်"
ရုတ်တရက်မထနိုင်တာကြောင့်ထိုင်လျှက်နှင့်ပင်ခြေထောက်နှစ်ဖက်ကိုအားပြု၍အနောက်ကိုကတုန်ကရင်ဖြင့်ထိုမဲမဲကြီးနဲ့ဝေးရာသို့ဆုတ်ရင်းပါးစပ်ကလည်း...
"တောင်းပန်ပါတယ်.. ကျွန်တော့်ကိုခေါ်မသွားပါနဲ့ဦး။ ကျွန်တော့်အသက်ကအခုမှငယ်ငယ်လေးပဲရှိပါသေးတယ်။ ပြီးတော့.. ကျွန်တော့်မှာဆပ်စရာအကြွေးတွေကလည်းတပုံကြီးပဲ..သိလား။ ဆင်ခြေပေးတာမဟုတ်ပါဘူး။ အကြွေးတွေမကျေသေးဘဲသေသွားရင်နောင်ဘဝကျရင်သူများအိမ်မှာကျွန်ဖြစ်နေမှာစိုးလို့ပါ"
မျက်လုံးတွေကိုစုံမှိတ်ကာလက်အုပ်ချီ၍ခရားရေလွှတ်တောင်းပန်စကားတွေဆိုနေမိရာမှချိုင်းအောက်ကနေဆွေ့ခနဲထူမခြင်းခံလိုက်ရသဖြင့်အသည်းထဲမှာစိမ့်ခနဲအေးသွားသလိုအဖြစ်အပျက်တွေကမြန်ဆန်လွန်းတော့ဘယ်အချိန်မြေကြီးပေါ်ခြေချမိမှန်းတောင်မသိလိုက်ဘဲခါးဘေးနားလက်စုံချပြီးသတိအနေအထားဖြင့်တောင့်တောင့်ကြီးရပ်နေမိသည်။ ထို့အပြင်..သူ့အနားမှာရှိနေသူက.. လူလောနာနာဘာဝလောမကွဲပြားသည့် မဲမဲကြီးကိုပြောင်ပြောင်တင်းတင်းမကြည့်ရဲတာကြောင့်မျက်လုံးတစ်ဖက်ကိုသာဖြည်းဖြည်းချင်းဖွင့်၍ခိုးကြည့်ရသည်။
ထိုမဲမဲကြီးကတော့သူခိုးကြည့်နေတာကိုသိပုံမပေါ်ဘဲသူ့ကိုယ်ပေါ်ကသဲတွေ၊ဖုန်တွေကိုခါပေးပြီးလဲကျသွားသည့်စက်ဘီးကိုထူပေးရင်းအလုပ်များနေ၏။ ကြည့်ရတာတော့သူထင်ထားသလိုသေမင်းတမန်တော့ဖြစ်ပုံမရ.. လူသားပါပဲလားဆိုတဲ့အသိကြောင့်စိတ်သက်သာယာရသွားတာတော့အမှန်ပင်။
"ဘာဖြစ်သွားသေးလဲ"
အခုမှလူမှန်းပိုသေချာသွားပြီမို့ခုနကကြောက်ရွံ့ထိတ်လန့်မှုတွေကွယ်ပျောက်သွားကာ.. ထိုနေရာမှာမကျေနပ်မှုတွေကဝင်ရောက်လာ၏။ ကြည့်လေ.. သူမလန့်ဘဲနေမလား.. ဒီလူကခေါင်းအစခြေအဆုံးစွေးစွေးနက်မှောင်တာတွေချည်းပဲဝတ်ထားသည့်အပြင် mask အနက်ရောင်ကြီးကိုလည်းတပ်ထားသေးသည်။ bucket hat ကိုလည်းမျက်လုံးတွေအုပ်အောင်ဆောင်းထားပြီးသားရေလက်အိတ်အမဲရောင်ကိုလည်းဝတ်ဆင်ထားသည်။ ပြီးတော့နေတောင်မထွက်သေးတဲ့အချိန်မှာဘာအရူးထသည်မသိ.. နေကာမျက်မှန်ကြီးတကားကားနှင့်။
"ဟိတ်.. မေးနေတယ်လေ.. ဘာဖြစ်သွားသေးလဲလို့"
ထိုအမဲရောင်လူသား၏အမေးကိုဆော့ဂျင်..ခေါင်းခါ၍အဖြေပေးလိုက်သည်။ ပါးစပ်ကရန်တွေ့လိုက်ချင်ပေမယ့်ဒီလူကလူကောင်းလားလူဆိုးလားမသိလေတော့.. မသင်္ကာစွာမျက်မှောင်ကုတ်ကြည့်ရင်းအတွေးနယ်ချဲ့နေမိတော့သည်။ ဒီလူကဘာလဲ.. လူဆိုးလား? သူခိုးလား? ဓါးပြလား? အနုကြမ်းစီးမယ့်လူလား?ဒါမှမဟုတ်..တစ်ကိုယ်လုံးအသားတောင်မပေါ်အောင်ဖုံးကွယ်ထားတာဆိုတော့... မဟုတ်မှလွဲရော... အနာကြီးရောဂါသည်များလား?? မျက်လုံးတွေကလင်ဗန်းလောက်ပြူးကျယ်သွားပြီးထိုလူ့ကိုချောက်ချားစွာကြည့်လိုက်မိသည်။
"ရ..ရတယ်.. ရတယ်။ ဘာ..ဘာမှမဖြစ်ဘူး။ခင်..ခင်ဗျားနည်းနည်း.. ဝေးဝေးမှာသွားနေပေး.. ကျွန်..ကျွန်တော့်အနားမကပ်နဲ့"
"တစ်ယောက်တည်းချော်လဲနေလို့စေတနာနဲ့ကူညီပေးတာပါဗျာ"
"သိ..သိပါတယ်။ ကူညီပေးလို့ကျေးဇူးလည်းတင်တယ်။ ဒါ.. ဒါပေမယ့်..."
ပြောလက်စစကားကိုရပ်လိုက်ပြီးအနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်တော့အမဲရောင်လူသားထံမှဟွန့်ခနဲမရယ်မိအောင်ထိန်းလိုက်တဲ့အသံကိုကြားလိုက်ရသည်။ နေကာမျက်မှန်အောက်မှာဖုံးကွယ်ထားတဲ့မျက်လုံးတို့ကသူ့ကိုဘယ်လိုအကြည့်မျိုးနဲ့ကြည့်နေနိုင်လဲလို့တွေးမိတော့မကျေမချမ်းဖြစ်မိသလိုထိုလူရဲ့စကားပြောသံကအစစိတ်ထဲမှာရင်းနှီးသလိုခံစားနေရတာကိုလည်းဘဝင်မကျလှပါ။
"ဒါပေမယ့်.. ဘာဖြစ်လဲ။ ဆက်ပြောလေ"
"အခုခေတ်ကရောဂါအဆန်းတွေကလည်းအများကြီးပေါ်နေတော့.. ဘာပဲဖြစ်ဖြစ်.. တစ်ဦးနဲ့တစ်ဦး safe ဖြစ်တဲ့အကွာအဝေးမှာပဲနေသင့်တယ်မဟုတ်ဘူးလား။ ပြီးတော့.. စက်..စက်ဘီး..ကိုလည်းဒီနားလေးမှာပဲပြန်ချထားလိုက်..ကိုယ့်ဘာသာကိုယ်ကောက်လိုက်မယ်"
အခုအချိန်မှာပတ်ဝန်းကျင်မှာလည်းလူရှင်းနေသည့်အပြင်ဒီလူကလည်းဘယ်လုပ်တဲ့လူမှန်းမသိလေတော့အတတ်နိုင်ဆုံးရန်စကားမပြောဖြစ်အောင်ထိန်း၍အချိုသာဆုံးသောအသံဖြင့်ပြောလိုက်သည်။
"စက်ဘီးနင်းလို့ဖြစ်ပါ့မလား။ ခြေထောက်တွေနာနေတယ်မဟုတ်လား"
"နာတာခြေထောက်မှမဟုတ်တာ"
အောင့်မျက်နေသည့်တင်ပါးဆီလက်ကအလိုလိုရောက်သွားပြီးအခုမှနာသလိုခံစားလာရသဖြင့်ကိုယ့်ဝေဒနာနဲ့ကိုယ်သက်သာအောင်ပွတ်ပြီးမှတစ်ဖက်လူ၏ရယ်သံသဲ့သဲ့ကြောင့်ဆော့ဂျင်လက်တွေလှုပ်ရှားနေရာမှရပ်တန့်သွားသည်။ အမှတ်ရချင်စရာမရှိသောအတိတ်ထဲမှာဒီလိုရယ်တတ်သူကိုဖျတ်ခနဲသတိရမိတော့သူ့အာရုံထဲဝင်လာသည့်မျက်နှာတစ်ခုကိုခေါင်းခါရင်းပြန်မောင်းထုတ်ရသည်။
"ဆောရီး..ခြေထောက်နာသွားလို့ငြိမ်နေတယ်မှတ်တာ။ဒါပေမယ့်..အဲ့နေရာနာနေလည်းစက်ဘီးနင်းနိုင်မယ်မထင်ဘူး"
ပြောပြောဆိုဆိုနဲ့သူ့စက်ဘီးကိုပိုင်စိုးပိုင်နင်းဖြင့်တွန်းကာအရှေ့မှကော့ကော့,ကော့ကော့ဖြင့်ဦးဆောင်ထွက်သွားသူကိုတွေတွေလေးစိုက်ငေးနေမိပြီးမှ..
"ဟေ့လူ.. နေဦးလေ"
ဒီနေ့အထိကိုယ်ပိုင်တဲ့ပစ္စုပ္ပန်ထဲရှင်းလင်းစွာမနေနိုင်သေးဘဲတိုက်ဆိုင်တိုင်းသတိရတတ်တာမို့မျက်ဝန်းထဲမှာပြည့်သိပ်လာတဲ့မျက်ရည်ကြည်တွေကိုမကျအောင်မျက်တောင်တဖျပ်ဖျပ်ခတ်ထိန်းရင်းထိုလူရဲ့နောက်သို့အပြေးလိုက်ရသည်။
ပစ္စုပ္ပန်မှာအတိတ်ကစိုးမိုးနေတုန်းပါလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အခုဘယ်နှစ်နာရီတောင်ရှိနေပြီလဲ။ငါတို့ကိုနွားနို့ပို့တာနောက်ကျတယ်လို့ customer တွေက complaint တက်ရင်မင်းတာဝန်ယူမှာလား.. ပြော"
သူ့ကိုမြင်တာနဲ့သူ့ရဲ့အလုပ်ရှင်သူဌေးချွဲကထုံးစံအတိုင်းလက်ညှိုးငေါက်ငေါက်ထိုး၍အပြစ်တင်စကားကိုဆီးပြောတော့သည်။ သူကလည်းသူဌေးချွဲရဲ့ဉာဥ်ကိုသိနေသူမို့သွားတွေပေါ်အောင်ပြုံးလိုက်ပြီး...
"ဖြည်းဖြည်းပြောပါဗျာ.. မျက်လုံးလည်းထိုးမိပါဦးမယ်။ ဘယ်သူမှအစောကြီးထပြီးသူတို့အိမ်ရှေ့နွားနို့ရောက်, မရောက်ထမကြည့်နိုင်ကြပါဘူးဗျာ။ အဲ့ဒါကြောင့်.. သူဌေးကိုဘယ် customer ကမှ complaint တက်မှာမဟုတ်ဘူး.. စိတ်ချ"
"ပြောလိုက်ရင်ဆင်ခြေချည်းပဲ။ မနက်စာရောစားခဲ့ပြီးပြီလား"
"ဟဲ.. ဟဲ.. မစားရသေးဘူး"
"အမြဲတမ်းနမော်နမဲ့နဲ့.. မနက်စာဆိုတာတနေ့လုံးမှာအရေးကြီးဆုံးဖြစ်လို့သေချာစားပါလို့မှာထားရဲ့သားနဲ့.. ဘယ်တော့မှနားမထောင်ဘူး။ သွား..အိမ်နောက်ဖေးမှာ sandwich လုပ်ထားတယ်.. ပစ္စည်းမပို့ခင်သွားစားချေ"
"Yes sir"
သူဌေးချွဲကအပြောဆိုးပေမယ့်စိတ်ထားကောင်းသူမို့ဒီမှာအချိန်ပိုင်းအလုပ်လုပ်သူအားလုံးကသူဌေးချွဲကိုချစ်ကြောက်ရိုသေကြသည်။
"သူ.. ဒီနေ့နွားနို့လိုက်ပို့နိုင်မှာမဟုတ်ဘူး။ ခုနကချော်လဲပြီးဒဏ်ရာရထားတယ်"
အထက်ပါစကားကိုဘယ်တုန်းကတည်းကသူတို့အနားကိုရောက်နေမှန်းမသိတဲ့အမဲရောင်လူသားမှဝင်ပြောလိုက်ခြင်းဖြစ်သည်။ နေပါဦး.. ဒီလူကမပြန်သေးဘဲဒီအထိဘာလိုက်လုပ်တာလဲ။
"ဟင်.. သူပြောတာဟုတ်လား"
"မဟုတ်..."
"ဟုတ်တယ်.. ချော်လဲနေလို့အလုပ်နောက်ကျသွားတာ"
ဘာလဲဟ! သူနဲ့လည်းမဆိုင်ဘဲနဲ့.. ဝင်ပါပြန်ပြီ။ ဆော့ဂျင်ကဒေါသဖြစ်စွာဘုကြည့်ကြည့်ပစ်လိုက်ပေမယ့်အနှီလူသားကတော့ဖြုံမယ်မထင်ပါ။တကိုယ်လုံးနေရာလွတ်မကျန်အောင်ဖုံးကွယ်ထားတာကြောင့်လည်းဘာတွေဘယ်လိုတွေးတောကြံဆနေသလဲဆိုတာခန့်မှန်းရခက်လှပါသည်။
"ရား.. အဲ့ဒါကိုဘာလို့စောစောကမပြောတာလဲ"
သူဌေးချွဲကစိုးရိမ်တကြီးသူ့တကိုယ်လုံးကိုလှည့်ပတ်ကြည့်၍ဒဏ်ရာဒဏ်ချက်များကိုလိုက်ရှာရင်း..
"ဒဏ်ရာကတော်တော်များသွားလား"
"မများ..."
"အဲ့ဒါကြောင့်.. ဒီနေ့သူ့အစားကျွန်တော်ကနွားနို့လိုက်ပို့ပေးမလို့။ ကျွန်တော်ကသူ့ရဲ့... အင်း... သူငယ်ချင်းပါ"
"ဘယ်လို!!"
အံ့ဩရလွန်းလို့ပါးစပ်ပိတ်ဖို့တောင်မေ့သွားသည့်အထိပင်။ မဟုတ်သေးပါဘူး.. ဒီလူကဘယ်တုန်းကသူ့ရဲ့သူငယ်ချင်းဖြစ်သွားတာလဲ?
"အဲ့လိုလား.. ပို့ရမှာတော့ဟိုးထောင့်ကခြင်းထဲမှာထည့်ထားတာအကုန်လုံးပဲ။ ဪ.. ဒါနဲ့.. ပို့ရမယ့်နေရာတွေကိုရော.. သိလို့လား"
"ခဏ..."
"ကိစ္စမရှိပါဘူး။သူ့ကိုလမ်းပြအနေနဲ့ခေါ်သွားလိုက်မယ်လေ။ ဒါပေမယ့်.. စိတ်ချပါ.. သူ့ကိုတခြားဘာမှမခိုင်းပါဘူး။ ကျွန်တော်ပဲအကုန်လုပ်ပေးမှာပါ"
"ပြီးရောလေ။ အဲ့ဒါဆိုဆော့ဂျင်.. သူနဲ့လိုက်သွားလိုက်"
"မဟုတ်ဘူးလေ.. သူဌေးချွဲ.. သူဌေးချွဲ"
သူဌေးချွဲကပြောချင်တာပြောပြီးအထဲသို့ပြန်ဝင်သွားသည်။ ထို့နည်းတူအနက်ရောင်လူသားကလည်းနွားနို့ဗူးတွေထည့်ထားသည့်ခြင်းကိုမ၍အပြင်သို့ထွက်သွား၏။ ဒီနေ့မှသူတစ်ယောက်တည်းပဲကွက်ပြီးကိုယ်ပျောက်လူသားဖြစ်နေတာလား? ဘာဖြစ်လို့သူဌေးချွဲရောအမဲရောင်လူသားရောသူ့စကားကိုဘာတစ်ခုမှနားမထောင်ဘဲလုပ်ချင်တာလုပ်နေကြတာလဲ?
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ဟေ့လူ.. အဲ့ဒါ.. ဘာလုပ်တာလဲ"
သူ့အသံမှာဒေါသသံတွေပါနေပေမယ့်ထိုအမဲရောင်လူသားကတော့ဂရုတောင်မစိုက်..နွားနို့ဗူးတွေပါတဲ့ခြင်းကိုစက်ဘီးနောက်ခုံပေါ်တွင်အသေအချာချည်၍နွားနို့ပို့ဖို့အေးအေးဆေးပြင်ဆင်နေသည်။ မသိရင်ပုံမှန်လုပ်နေကျအလုပ်တစ်ခုကိုလုပ်နေသလိုပင်။
"မေးနေတယ်လေ.. အဲ့ဒါဘာလုပ်တာလဲလို့"
"မမြင်ဘူးလား.. ကူညီပြီးနွားနို့လိုက်ပို့ပေးမလို့လေ"
"အေးလေ.. အဲ့ဒါကြောင့်.. ဘာလို့ကူညီတာလဲလို့"
"မင်းမှာဒဏ်ရာရနေလို့လေ"
အမဲရောင်လူသားရဲ့စကားကြောင့်ယောင်ယမ်းပြီးကိုယ့်ကိုယ်ကိုပြန်စမ်းကြည့်မိသည်။ ပြီးမှမျက်နှာကိုပြန်တည်လိုက်ပြီး...
"မဟုတ်ပါဘူးနော်.. ဘာဒဏ်ရာမှမရှိပါဘူးနော်"
"ရှိပါတယ်နော်"
"မရှိပါဘူးဆိုမှ"
"ရှိပါတယ်ဆိုမှ"
"မရှိဘူးလို့ပြောနေတယ်လေ"
"ရှိတယ်လို့ပြောနေတယ်လေ"
"ဟာ!"
သူပြောတဲ့လေသံအတိုင်းတသွေမတိမ်းလိုက်ပြောနေတော့လူကစိတ်တိုလာ၏။ ဒီလူပြောမှပဲကောက်ခါငင်ခါဟိုနားကနာချင်သလိုလို.. ဒီနားကနာချင်သလိုလိုနဲ့.. မရှိခဲ့တဲ့ဒဏ်ရာတွေကပေါ်ချင်သလိုလိုဖြစ်လာ၏။ ဒီလူ... ကျိန်စာများလာတိုက်နေတာလား?
"ဒီမှာ.. မသိတဲ့လူတစ်ယောက်ဆီကဘာအကူအညီမှမယူချင်ပါဘူးနော်.. ဝန်ထုပ်ဝန်ပိုဖြစ်လွန်းလို့။အဲ့ဒါကြောင့်..."
"မပူပါနဲ့.. အလကားကူညီပေးတာမဟုတ်ပါဘူး"
"ဘာပြောတယ်! ခင်ဗျားကိုဘယ်သူမှလည်းအကူအညီမတောင်းဘဲနဲ့ဇွတ်အတင်းလာကူညီနေပြီးအလကားကူညီတာမဟုတ်ဘူးဆိုတော့.. ဘာသဘောလဲ။ ခင်ဗျားကဘာဖြစ်ချင်နေတာလဲ.. ပြော"
ကလေးဆန်တယ်ဆိုပြီးစွပ်စွဲလည်းမတတ်နိုင်..သူ့ကိုလာပြီးပိုင်စိုးပိုင်နင်းဖြင့်လာချယ်လှယ်နေသူကြီးကိုအမြင်ကပ်ကပ်ဖြင့်ခါးထောက်၍ရန်တွေ့ပစ်လိုက်သည်။ ကင်ဆော့ဂျင်တို့ရဲ့ခါးကအလကားသေးနေတာမဟုတ်ဘူး။ ရန်တွေ့တဲ့အချိန်ကျရင်ခါးကိုကျကျနနထောက်လို့ရအောင်သေးထားတာ။ ဟွန့်! လူကိုများဘာမှတ်နေလဲ။
"ပိုက်ဆံအလကားလိုချင်ရင်.. ကားမှတ်တိုင်မှာသွားတောင်းစား။ ဒီမှာလာပြီးခေါင်းပုံဖြတ်ဖို့မကြိုးစားနဲ့"
"ပြောလို့ဝပြီလား"
"ဟမ်"
"ပြောလို့မဝသေးရင်လည်းနောက်မှဆက်ပြော.. အခုလောလောဆယ်စက်ဘီးပေါ်အရင်တက်လိုက်။ တော်ကြာနွားနို့ပို့ဖို့နောက်ကျနေဦးမယ်"
သူကဒေါသတကြီးပြောဆိုနေပေမယ့်တစ်ဖက်လူကလေပြေလေးနဲ့ပဲတုံ့ပြန်လာတော့သူ့မှာဒေါသကဆက်ထွက်ရမလိုလို၊ ဝင်ရမလိုလိုနဲ့တို့လို့တန်းလန်းတွေဖြစ်ကုန်၏။
"ဘာလုပ်နေတာလဲ.. မြန်မြန်တက်လေ။ နောက်ကျရင် complaint အတက်ခံရမှာဆို"
ကဲ.. လုပ်ချင်တာသာလုပ်ပါတော့ဆိုပြီးစိတ်လျှော့ကာသူပဲအလျှော့ပေးလိုက်ရသည်။ ဘာပြောပြောမမှုတဲ့လူကိုသွားပြောနေလည်းအပိုပဲလေ။ သူ့ဘာသာသူကူညီချင်တာကူညီပါစေပေါ့.. ဒီနေ့တစ်ရက်သက်သက်သာသာနဲ့အလုပ်တောင်ပြီးသေးတယ်။
"ဘယ်လိုတက်ရမှာလဲ.. အနောက်မှာထိုင်စရာနေရာမှမရှိတာ"
အနောက်ထိုင်ခုံမှာနွားနို့ဗူးတွေပါသည့်ခြင်းကိုကြိုးဖြင့်ချည်ကာတင်ထားတာမို့သူတက်ထိုင်ဖို့နေရာမရှိပါ။
"အနောက်မှာနေရာမရှိရင်အရှေ့မှာထိုင်ပေါ့"
"ဘယ်လိုထိုင်..."
ဘာလုပ်ရမှန်းမသိချီတုံချတုံဖြစ်နေခိုက်လက်ကောက်ဝတ်ကနေအဆွဲခံလိုက်ရတာကြောင့်လူကဒေါက်ဖြုတ်ခံလိုက်ရသလိုယိုင်သွားပြီးထိုလူရဲ့လက်ထဲမှာခန္ဓါကိုယ်တစ်ခုလုံးမြောက်ခနဲပါသွားကာစက်ဘီးအရှေ့တန်းပေါ်တွင်ထိုင်လျက်သားဖြစ်သွားသည်။
"သေချာကိုင်ထားနော်"
အမဲရောင်လူသား၏ရင်ဘတ်နှင့်သူ၏ကျောပြင်ထိကပ်လွန်းသလိုဖြစ်နေတာကြောင့်အနည်းငယ်ကွာဟသွားစေရန်ကိုယ်အနေအထားကိုပြင်လိုက်ပေမယ့်ဆော့ဂျင်ရွှေ့သွားသည့်နောက်သို့ထိုလူကလည်းလိုက်ကပ်လာသည့်အပြင်စက်ဘီးလက်ကိုင်ပေါ်ကလက်တွေကိုပါစုကြုံ့လိုက်တာမို့ဆော့ဂျင်ရဲ့ခန္ဓါကိုယ်လေးကလေတိုးလို့မရနိုင်အောင်ရင်ခွင်ကျယ်ထဲမှာစုံးစုံးမြုပ်သွားတော့သည်။ ဒါပေမယ့်.. ထူးဆန်းစွာဖြင့်.. ဒီအထိအတွေ့တွေကိုစိတ်အနှောင့်အယှက်မဖြစ်မိ၊ စိမ်းသက်နေတယ်လို့လည်းမခံစားရ။ လေအဝေ့မှာနှာခေါင်းဝသို့တိုးဝင်လာတတ်တဲ့ရေမွှေးနံ့ရောနေသည့်ကိုယ်နံ့သင်းသင်းကိုလည်းမနှစ်မြို့စိတ်တစိုးတစိမျှမဝင်မိပါ။ ဘယ်ကမှန်းမသိတဲ့သူစိမ်းတစ်ယောက်ရဲ့ရင်ခွင်ထဲမှာသက်တောင့်သက်သာဖြစ်နေမိတဲ့ကိုယ့်ကိုယ်ကိုတောင်ဩချရလောက်အောင်အံ့ဩဘနန်းဖြစ်နေမိပါတော့သည်။
"ပြီးပြီ။ ဒီအိမ်ကနောက်ဆုံးပဲ"
"မြန်လိုက်တာ.. ဒီမှာ.. ဝတောင်မဝသေးဘူး"
"ဘာကိုမဝသေးတာလဲ"
သူကမသိနားမလည်စွာခေါင်းလေးစောင်းလျှက်မျက်တောင်ဖျားများကိုပုတ်ခတ်,ပုတ်ခတ်လုပ်ရင်းမေးမိတော့ထိုလူကအသံထွက်အောင်ရယ်သည်။ စွဲမက်ဖွယ်ကောင်းသည့်ထိုရယ်သံကသူ့နှလုံးသားကိုကျဥ်စက်နှင့်တို့လိုက်သလိုတုန်ခါသွားစေပါ၏။ မျက်နှာတောင်မမြင်ရတဲ့လူစိမ်းတစ်ယောက်ကိုစိမ်းသက်တယ်လို့မခံစားရတာဘယ်ဘဝကရေစက်ကြောင့်လဲ..
"အလုပ်ကြိုးစားလို့မဝသေးဘူးလို့ပြောတာပါ"
"ဪ.. ဘာပဲဖြစ်ဖြစ်.. ကူညီပေးလို့ကျေးဇူးတင်ပါတယ်"
"အလကားကူညီပေးတာမဟုတ်ပါဘူးလို့ပြောထားတယ်လေ"
ကြားလိုက်ရတဲ့စကားကြောင့်ဆော့ဂျင်နှာခေါင်းလေးကိုရှုံ့၍နှုတ်ခမ်းလေးကိုစူထားမိသည်။ သူ့ကိုလောဘကြီးတယ်လို့ပဲစွပ်စွဲချင်စွပ်စွဲပါ.. သူရမယ့်မစို့မပို့လုပ်အားခလေးထဲကတော့ခွဲမပေးချင်တာအမှန်ပါ။
"အလကားမဟုတ်ဘူးဆိုတော့.. ဘယ်.. ဘယ်လောက်လိုချင်လဲ.. ပြော"
သူ့မေးခွန်းမှာစေတနာမပါတာခံစားမိလို့လားမသိအမဲရောင်လူသားကအသံထွက်၍ရယ်လိုက်ပြီး...
"ဘယ်သူက.. အခကြေးငွေယူမယ်လို့ပြောမိလို့လဲ"
"တကယ်?"
ဆော့ဂျင်ရဲ့မျက်နှာကဟန်ဆောင်လို့မရအောင်ပြုံးရွှင်သွားတော့သည်။
"ပိုက်ဆံမယူဘူးဆိုတော့..."
"ငါးစက္ကန့်လောက်.. ဖက်ထားလို့ရမလား"
"အဓိပ္ပါယ်မရှိလိုက်တာ.. ကျွန်တော်ကဘာလို့အဖက်ခံရမှာလဲ"
ဒီလူ.. စိတ်မှမှန်သေးရဲ့လား။ ဘာတွေစိတ်ရူးပေါက်ပြီးထူးထူးဆန်းဆန်းတွေလာတောင်းဆိုနေတာလဲ.. ဘာမှန်းမသိတဲ့လူတစ်ယောက်ကြောင့်တမနက်ခင်းလုံးဦးနှောက်ကိုအလုပ်ပေးနေရလို့လူကမူးနောက်နောက်ဖြစ်လာ၏။
"ခက်ခဲတဲ့အလုပ်မှမဟုတ်တာ"
"ဘာပဲဖြစ်ဖြစ်.. မသိတဲ့လူနဲ့တော့..."
"အဲ့ဒါဆို high five"
"High five?"
"တမနက်လုံးကူညီပေးထားရတာကိုဒါလေးတောင်မလုပ်ပေးနိုင်ဘူးလား"
"အေးလေး.. ဒီလောက်ကတော့လုပ်ပေးနိုင်ပါတယ်"
ဆော့ဂျင်ကလက်ကိုမြှောက်၍လက်ဝါးချင်းရိုက်ပြီးပြန်အရုတ်.. သူ၏လက်ချောင်းတွေကိုဆုပ်ကိုင်၍ဆောင့်ဆွဲခြင်းခံလိုက်ရသဖြင့်လူကအရှေ့ကိုငိုက်စိုက်ကျသွားပြီးသူ့ရဲ့ခန္ဓါကိုယ်လေးကနွေးနေသည့်ရင်ခွင်ကျယ်ထဲသို့တန်းတန်းမတ်မတ်ပြေးဝင်သလိုပစ်ကျသွား၏။ အလန့်တကြားဖြင့်ထိုလူရဲ့ရင်ဘတ်ပေါ်သို့တင်လိုက်မိတဲ့လက်ကလေးတွေကိုအားယူကာရုန်းကြည့်ဖို့ကြိုးစားပေမယ့်ပြန်ရုန်းလို့မရတော့အောင်လက်တွေကိုပါသိမ်းဖက်ခြင်းခံလိုက်ရသည်။ ထို့နောက်..တရစ်တရစ်ဖြင့်သူ့ခန္ဓါကိုယ်တစ်ခုလုံးကိုရင်ခွင်ထဲနစ်မြုပ်မတတ်တိုးကာတိုးကာဖက်လာပါတော့သည်။
ခန္ဓါကိုယ်နှစ်ခုတစ်သားတည်းဖြစ်သွားသလိုအနေအထားမှာတစ်ဖက်ကစည်းချက်မှန်မှန်ထွက်ပေါ်နေသောနှလုံးခုန်သံကိုအတိုင်းသားကြားနေရသည်။ ထိုအခိုက်အတန့်လေးမှာ.. ဘာကြောင့်ရယ်မသိ.. ရင်ထဲမှာစို့နင့်လာ၏။ ကြေကွဲလာ၏။ ဝမ်းနည်းလာ၏။ စိတ်ထဲရှိရှိသမျှအော်ဟစ်ကာငိုယိုပစ်ချင်လာ၏။ သူ့ရဲ့စိတ်ဝိဉာဥ်တစ်ခုလုံးကသူပြန်မသွားချင်တော့တဲ့အချိန်ကာလများသို့စုန်ချည်ဆန်ချည်ခေါ်ဆောင်သွားတာကြောင့်ခွန်အားတွေချည့်နဲ့လာ၏။သို့ပေမယ့်..သိမ်မွေ့တဲ့ရင်ငွေ့နွေးနွေးကသူ့ရဲ့ဝေဒနာတွေကိုနှစ်သိမ့်ဖြေဖျောက်စေပါသည်။
တစ်စက္ကန့်...
နှစ်စက္ကန့်...
သုံးစက္ကန့်...
လေးစက္ကန့်...
ငါးစက္ကန့်...
နေလာခဲ့တဲ့သက်တမ်းတစ်လျှောက်လုံးမှာဒီငါးစက္ကန့်ကအကြာဆုံးငါးစက္ကန့်ပင်ဖြစ်သည်။ ထိုငါးစက္ကန့်ဆိုတဲ့အချိန်အတိုင်းအတာကတစ်ယူဇနာလောက်ကြာသွားသလိုထင်နေမိသည်။
"ပြောသားပဲ.. ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူးလို့"
"ခင်ဗျား... ဘယ်သူလဲ"
ရင်ထဲမှာမွန်းကြပ်ပြည့်သိပ်လာတဲ့ဝေဒနာကိုခံစားနိုင်စွမ်းမရှိတော့တာကြောင့်နှုတ်မှဖွင့်ဟလိုက်သည်။ အမဲရောင်လူသားကခေတ္တမျှငေးငိုင်သွားပုံရသည်။ ဘာစကားမှဆက်မပြောတော့ဘဲကျောက်ရုပ်တစ်ရုပ်လိုရပ်နေ၏။
"ခင်ဗျားကိုဘယ်သူလဲလို့... မေးနေတယ်လေ"
မေးလိုက်တဲ့အသံမှာတုန်ခါမှုကအဖျားခတ်သွား၏။ထိုလူကသူ့ရဲ့အမေးကိုပြန်အဖြေမပေးဘဲအနားသို့တိုးကပ်လာကာပါးပြင်လေးတစ်ဖက်ကိုလက်ဖြင့်နူးနူးညံ့ညံ့အုပ်ကိုင်လာ၏။ လက်အိတ်ဝတ်ထားလို့အသားချင်းထိတွေ့ခွင့်မရသော်လည်းနွေးထွေးမှုကိုခံစားနေရသည်။ဘာကိုမှတွေးတောချင့်ချိန်ဖို့အင်အားမရှိတော့သဖြင့်မျက်လုံးတွေကိုမှိတ်ပစ်လိုက်သည်။
"အခုမှ.. အစပျိုးနေတုန်းပဲရှိပါသေးတယ်"
"ဟင်!"
သူ့မျက်လုံးတွေကိုဖျတ်ခနဲဖွင့်ကြည့်လိုက်ပေမယ့်လူစိမ်းကတော့အနားကနေထွက်ခွာသွားခဲ့ပြီ။ ဆော့ဂျင်.. ထိုနေရာမှာပင်တွေတွေလေးရပ်ကာအခြေအနေအရပ်ရပ်ကိုဆက်စပ်တွေးနေသည်။ ပထမဆုံး.. သူ့ဆီကိုတစ်ချိန်ကသူကိုယ်တိုင်လွှင့်ပစ်ခဲ့တဲ့လက်စွပ်ကပဟေဠိဆန်ဆန်ရောက်လာသည်။ ပြီးတော့.. ဒီလူ...
"မဟုတ်မှလွဲရော.. ဒီလူက...."
"မဖြစ်နိုင်တာ... ပြန်လာစရာဘာအကြောင်းမှမရှိတာ "
ရင်ကိုနာကျင်လောင်မြိုက်စေသောမီးတစ်စကိုပြန်တမ်းတတိုင်းကိုယ်သာအပူဟပ်ခံရမှာမို့... ဖြစ်နိုင်မယ်ဆိုရင်ထိုသူနှင့်အဝေးဆုံးမှာပဲနေချင်ပါသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အချိန်ပေးပြီးဖတ်ပေးကြတဲ့readerလေးတွေအားလုံးကျေးဇူးပါ 🥰
Update နည်းနည်းကြာသွားလို့ဆောရီးပါ 😔 တစ်ပတ်လုံးမှာကြာသပတေးနဲ့တနင်္ဂနွေပဲအလုပ်ကနားရက်ရတာမို့လို့ ကြာသပတေးနေ့နဲ့တနင်္ဂနွေနေ့တိုင်းပုံမှန် update လေးတွေပေးပါ့မယ်ရှင့် 😊 မျက်လုံးအခြေအနေကောင်းရင်တော့တစ်ပတ်မှာသုံးပိုင်းအထိ up ပေးနိုင်အောင်ကြိုးစားပါ့မယ်နော်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
Zawgyi
"ေနာက္က်ေနပါၿပီဆိုမွ.. ဒီဖိနပ္ကလဲ"
ငါးမိနစ္ေလာက္ပါပဲဆိုၿပီးႏွိုးစက္ကိုပိတ္၍ခဏေလာက္ေမွးလိုက္မိရာကႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပန္အိပ္ေပ်ာ္သြားခဲ့မိလို႔အခုေတာ့မိုးလင္းကတည္းကအေဆာတလ်င္ေျပးေနလႊားေနရၿပီ။ေတြ႕ကရာဖိနပ္ကိုကပ်ာကယာေကာက္စြပ္လိုက္ေပမယ့္လူကပ်ာယာခတ္ေနတာေၾကာင့္ဖေနာင့္ကအလြယ္တကူမဝင္ဘဲတစ္ေနသျဖင့္လက္တစ္ဖက္ကဖိနပ္ကိုအတင္းဝတ္ရင္းေျခတစ္ေပါင္က်ိဳးျဖင့္အိမ္ေရွ႕သို႔ခုန္စြခုန္စြေျပးထြက္ခဲ့သည္။ ထို႔ေနာက္အိမ္ေရွ႕တြင္စတီးသံပန္းတြင္မွီလ်က္ေထာင္ထားသည့္စက္ဘီးစုတ္ကေလးကိုေကာက္တြန္းကာေျပးဖို႔ျပင္လိုက္တုန္း...
"အမေလး.. ေသပါၿပီ"
အလ်င္လိုေနသည္မို႔ေျမႀကီးထဲတြင္တစ္ဝက္ျမဳပ္၍ေျမေပၚတြင္တစ္ဝက္ေပၚေနေသာေက်ာက္တုံးႀကီးကိုမျမင္ဘဲခလုတ္တိုက္မိသြားသည္။ကိုယ့္ကိုယ္ကိုဟန္ခ်က္ထိန္းလိုက္နိုင္တာေၾကာင့္အေရွ႕ကိုဟက္ထိုးလဲမည့္အေရးကိုတားလိုက္နိုင္ခဲ့ပေမယ့်ခန္ဓါကိုယ်ကအရှိန်မေသေသးဘဲကို႔ယိုးကားယားႏွင့္ေနာက္ျပန္လဲက်သြားသည္။ ကံအားေလ်ာ္စြာျဖင့္စက္ဘီးကသူႏွင့္ဆန့္က်င္ဘက္ကိုလဲက်သြားတာမို႔ႏွစ္ခါနာရမည့္အျဖစ္မ်ိဳးမႀကဳံလိုက္ပါ။
"ဟင္!"
ဖင္ထိုင္ရက္လဲသြားတာမို႔..တင္ပါးေရာခါးထဲကပါမ်က္ခနဲနာသြားၿပီးမ်က္လုံးေတြထဲျပာေဝသြားေပမယ့္သူ႕ေရွ႕သို႔တေ႐ြ႕ေ႐ြ႕ခ်ဥ္းကပ္လာသည့္မဲမဲသ႑ာန္ႀကီးေၾကာင့္ေခါင္းနပန္းႀကီးသြားသည္အထိထိတ္လန့္သြားမိသည္။ဘုရားေရ! ဖင္ထိုင္ရက္ေလးလဲမိ႐ုံနဲ႕ေသမင္းတမန္ကမ်က္စိေရွ႕ကိုခ်က္ခ်င္းေရာက္လာပါလား.. လို႔ေတြးမိၿပီးေခြၽးေစးေတြျပန္လာ၏။
"မ.. မ..မလာနဲ႕ေနာ္"
႐ုတ္တရက္မထနိုင္တာေၾကာင့္ထိုင္လွ်က္ႏွင့္ပင္ေျခေထာက္ႏွစ္ဖက္ကိုအားျပဳ၍အေနာက္ကိုကတုန္ကရင္ျဖင့္ထိုမဲမဲႀကီးနဲ႕ေဝးရာသို႔ဆုတ္ရင္းပါးစပ္ကလည္း...
"ေတာင္းပန္ပါတယ္.. ကြၽန္ေတာ့္ကိုေခၚမသြားပါနဲ႕ဦး။ ကြၽန္ေတာ့္အသက္ကအခုမွငယ္ငယ္ေလးပဲရွိပါေသးတယ္။ ၿပီးေတာ့.. ကြၽန္ေတာ့္မွာဆပ္စရာအေႂကြးေတြကလည္းတပုံႀကီးပဲ..သိလား။ ဆင္ေျခေပးတာမဟုတ္ပါဘူး။ အေႂကြးေတြမေက်ေသးဘဲေသသြားရင္ေနာင္ဘဝက်ရင္သူမ်ားအိမ္မွာကြၽန္ျဖစ္ေနမွာစိုးလို႔ပါ"
မ်က္လုံးေတြကိုစုံမွိတ္ကာလက္အုပ္ခ်ီ၍ခရားေရလႊတ္ေတာင္းပန္စကားေတြဆိုေနမိရာမွခ်ိဳင္းေအာက္ကေနေဆြ႕ခနဲထူမျခင္းခံလိုက္ရသျဖင့္အသည္းထဲမွာစိမ့္ခနဲေအးသြားသလိုအျဖစ္အပ်က္ေတြကျမန္ဆန္လြန္းေတာ့ဘယ္အခ်ိန္ေျမႀကီးေပၚေျခခ်မိမွန္းေတာင္မသိလိုက္ဘဲခါးေဘးနားလက္စုံခ်ၿပီးသတိအေနအထားျဖင့္ေတာင့္ေတာင့္ႀကီးရပ္ေနမိသည္။ ထို႔အျပင္..သူ႕အနားမွာရွိေနသူက.. လူေလာနာနာဘာဝေလာမကြဲျပားသည့္ မဲမဲႀကီးကိုေျပာင္ေျပာင္တင္းတင္းမၾကည့္ရဲတာေၾကာင့္မ်က္လုံးတစ္ဖက္ကိုသာျဖည္းျဖည္းခ်င္းဖြင့္၍ခိုးၾကည့္ရသည္။
ထိုမဲမဲႀကီးကေတာ့သူခိုးၾကည့္ေနတာကိုသိပုံမေပၚဘဲသူ႕ကိုယ္ေပၚကသဲေတြ၊ဖုန္ေတြကိုခါေပးၿပီးလဲက်သြားသည့္စက္ဘီးကိုထူေပးရင္းအလုပ္မ်ားေန၏။ ၾကည့္ရတာေတာ့သူထင္ထားသလိုေသမင္းတမန္ေတာ့ျဖစ္ပုံမရ.. လူသားပါပဲလားဆိုတဲ့အသိေၾကာင့္စိတ္သက္သာယာရသြားတာေတာ့အမွန္ပင္။
"ဘာျဖစ္သြားေသးလဲ"
အခုမွလူမွန္းပိုေသခ်ာသြားၿပီမို႔ခုနကေၾကာက္႐ြံ႕ထိတ္လန့္မႈေတြကြယ္ေပ်ာက္သြားကာ.. ထိုေနရာမွာမေက်နပ္မႈေတြကဝင္ေရာက္လာ၏။ ၾကည့္ေလ.. သူမလန့္ဘဲေနမလား.. ဒီလူကေခါင္းအစေျခအဆုံးေစြးေစြးနက္ေမွာင္တာေတြခ်ည္းပဲဝတ္ထားသည့္အျပင္ mask အနက္ေရာင္ႀကီးကိုလည္းတပ္ထားေသးသည္။ bucket hat ကိုလည္းမ်က္လုံးေတြအုပ္ေအာင္ေဆာင္းထားၿပီးသားေရလက္အိတ္အမဲေရာင္ကိုလည္းဝတ္ဆင္ထားသည္။ ၿပီးေတာ့ေနေတာင္မထြက္ေသးတဲ့အခ်ိန္မွာဘာအ႐ူးထသည္မသိ.. ေနကာမ်က္မွန္ႀကီးတကားကားႏွင့္။
"ဟိတ္.. ေမးေနတယ္ေလ.. ဘာျဖစ္သြားေသးလဲလို႔"
ထိုအမဲေရာင္လူသား၏အေမးကိုေဆာ့ဂ်င္..ေခါင္းခါ၍အေျဖေပးလိုက္သည္။ ပါးစပ္ကရန္ေတြ႕လိုက္ခ်င္ေပမယ့္ဒီလူကလူေကာင္းလားလူဆိုးလားမသိေလေတာ့.. မသကၤာစြာမ်က္ေမွာင္ကုတ္ၾကည့္ရင္းအေတြးနယ္ခ်ဲ့ေနမိေတာ့သည္။ ဒီလူကဘာလဲ.. လူဆိုးလား? သူခိုးလား? ဓါးျပလား? အႏုၾကမ္းစီးမယ့္လူလား?ဒါမွမဟုတ္..တစ္ကိုယ္လုံးအသားေတာင္မေပၚေအာင္ဖုံးကြယ္ထားတာဆိုေတာ့... မဟုတ္မွလြဲေရာ... အနာႀကီးေရာဂါသည္မ်ားလား?? မ်က္လုံးေတြကလင္ဗန္းေလာက္ျပဴးက်ယ္သြားၿပီးထိုလူ႕ကိုေခ်ာက္ခ်ားစြာၾကည့္လိုက္မိသည္။
"ရ..ရတယ္.. ရတယ္။ ဘာ..ဘာမွမျဖစ္ဘူး။ခင္..ခင္ဗ်ားနည္းနည္း.. ေဝးေဝးမွာသြားေနေပး.. ကြၽန္..ကြၽန္ေတာ့္အနားမကပ္နဲ႕"
"တစ္ေယာက္တည္းေခ်ာ္လဲေနလို႔ေစတနာနဲ႕ကူညီေပးတာပါဗ်ာ"
"သိ..သိပါတယ္။ ကူညီေပးလို႔ေက်းဇူးလည္းတင္တယ္။ ဒါ.. ဒါေပမယ့္..."
ေျပာလက္စစကားကိုရပ္လိုက္ၿပီးအေနာက္သို႔ေျခတစ္လွမ္းဆုတ္လိုက္ေတာ့အမဲေရာင္လူသားထံမွဟြန့္ခနဲမရယ္မိေအာင္ထိန္းလိုက္တဲ့အသံကိုၾကားလိုက္ရသည္။ ေနကာမ်က္မွန္ေအာက္မွာဖုံးကြယ္ထားတဲ့မ်က္လုံးတို႔ကသူ႕ကိုဘယ္လိုအၾကည့္မ်ိဳးနဲ႕ၾကည့္ေနနိုင္လဲလို႔ေတြးမိေတာ့မေက်မခ်မ္းျဖစ္မိသလိုထိုလူရဲ႕စကားေျပာသံကအစစိတ္ထဲမွာရင္းႏွီးသလိုခံစားေနရတာကိုလည္းဘဝင္မက်လွပါ။
"ဒါေပမယ့္.. ဘာျဖစ္လဲ။ ဆက္ေျပာေလ"
"အခုေခတ္ကေရာဂါအဆန္းေတြကလည္းအမ်ားႀကီးေပၚေနေတာ့.. ဘာပဲျဖစ္ျဖစ္.. တစ္ဦးနဲ႕တစ္ဦး safe ျဖစ္တဲ့အကြာအေဝးမွာပဲေနသင့္တယ္မဟုတ္ဘူးလား။ ၿပီးေတာ့.. စက္..စက္ဘီး..ကိုလည္းဒီနားေလးမွာပဲျပန္ခ်ထားလိုက္..ကိုယ့္ဘာသာကိုယ္ေကာက္လိုက္မယ္"
အခုအခ်ိန္မွာပတ္ဝန္းက်င္မွာလည္းလူရွင္းေနသည့္အျပင္ဒီလူကလည္းဘယ္လုပ္တဲ့လူမွန္းမသိေလေတာ့အတတ္နိုင္ဆုံးရန္စကားမေျပာျဖစ္ေအာင္ထိန္း၍အခ်ိဳသာဆုံးေသာအသံျဖင့္ေျပာလိုက္သည္။
"စက္ဘီးနင္းလို႔ျဖစ္ပါ့မလား။ ေျခေထာက္ေတြနာေနတယ္မဟုတ္လား"
"နာတာေျခေထာက္မွမဟုတ္တာ"
ေအာင့္မ်က္ေနသည့္တင္ပါးဆီလက္ကအလိုလိုေရာက္သြားၿပီးအခုမွနာသလိုခံစားလာရသျဖင့္ကိုယ့္ေဝဒနာနဲ႕ကိုယ္သက္သာေအာင္ပြတ္ၿပီးမွတစ္ဖက္လူ၏ရယ္သံသဲ့သဲ့ေၾကာင့္ေဆာ့ဂ်င္လက္ေတြလႈပ္ရွားေနရာမွရပ္တန့္သြားသည္။ အမွတ္ရခ်င္စရာမရွိေသာအတိတ္ထဲမွာဒီလိုရယ္တတ္သူကိုဖ်တ္ခနဲသတိရမိေတာ့သူ႕အာ႐ုံထဲဝင္လာသည့္မ်က္ႏွာတစ္ခုကိုေခါင္းခါရင္းျပန္ေမာင္းထုတ္ရသည္။
"ေဆာရီး..ေျခေထာက္နာသြားလို႔ၿငိမ္ေနတယ္မွတ္တာ။ဒါေပမယ့္..အဲ့ေနရာနာေနလည္းစက္ဘီးနင္းနိုင္မယ္မထင္ဘူး"
ေျပာေျပာဆိုဆိုနဲ႕သူ႕စက္ဘီးကိုပိုင္စိုးပိုင္နင္းျဖင့္တြန္းကာအေရွ႕မွေကာ့ေကာ့,ေကာ့ေကာ့ျဖင့္ဦးေဆာင္ထြက္သြားသူကိုေတြေတြေလးစိုက္ေငးေနမိၿပီးမွ..
"ေဟ့လူ.. ေနဦးေလ"
ဒီေန႕အထိကိုယ္ပိုင္တဲ့ပစၥဳပၸန္ထဲရွင္းလင္းစြာမေနနိုင္ေသးဘဲတိုက္ဆိုင္တိုင္းသတိရတတ္တာမို႔မ်က္ဝန္းထဲမွာျပည့္သိပ္လာတဲ့မ်က္ရည္ၾကည္ေတြကိုမက်ေအာင္မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္ထိန္းရင္းထိုလူရဲ႕ေနာက္သို႔အေျပးလိုက္ရသည္။
ပစၥဳပၸန္မွာအတိတ္ကစိုးမိုးေနတုန္းပါလား...
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"အခုဘယ္ႏွစ္နာရီေတာင္ရွိေနၿပီလဲ။ငါတို႔ကိုႏြားနို႔ပို႔တာေနာက္က်တယ္လို႔ customer ေတြက complaint တက္ရင္မင္းတာဝန္ယူမွာလား.. ေျပာ"
သူ႕ကိုျမင္တာနဲ႕သူ႕ရဲ႕အလုပ္ရွင္သူေဌးခြၽဲကထုံးစံအတိုင္းလက္ညွိုးေငါက္ေငါက္ထိုး၍အျပစ္တင္စကားကိုဆီးေျပာေတာ့သည္။ သူကလည္းသူေဌးခြၽဲရဲ႕ဉာဥ္ကိုသိေနသူမို႔သြားေတြေပၚေအာင္ၿပဳံးလိုက္ၿပီး...
"ျဖည္းျဖည္းေျပာပါဗ်ာ.. မ်က္လုံးလည္းထိုးမိပါဦးမယ္။ ဘယ္သူမွအေစာႀကီးထၿပီးသူတို႔အိမ္ေရွ႕ႏြားနို႔ေရာက္, မေရာက္ထမၾကည့္နိုင္ၾကပါဘူးဗ်ာ။ အဲ့ဒါေၾကာင့္.. သူေဌးကိုဘယ္ customer ကမွ complaint တက္မွာမဟုတ္ဘူး.. စိတ္ခ်"
"ေျပာလိုက္ရင္ဆင္ေျခခ်ည္းပဲ။ မနက္စာေရာစားခဲ့ၿပီးၿပီလား"
"ဟဲ.. ဟဲ.. မစားရေသးဘူး"
"အၿမဲတမ္းနေမာ္နမဲ့နဲ႕.. မနက္စာဆိုတာတေန႕လုံးမွာအေရးႀကီးဆုံးျဖစ္လို႔ေသခ်ာစားပါလို႔မွာထားရဲ႕သားနဲ႕.. ဘယ္ေတာ့မွနားမေထာင္ဘူး။ သြား..အိမ္ေနာက္ေဖးမွာ sandwich လုပ္ထားတယ္.. ပစၥည္းမပို႔ခင္သြားစားေခ်"
"Yes sir"
သူေဌးခြၽဲကအေျပာဆိုးေပမယ့္စိတ္ထားေကာင္းသူမို႔ဒီမွာအခ်ိန္ပိုင္းအလုပ္လုပ္သူအားလုံးကသူေဌးခြၽဲကိုခ်စ္ေၾကာက္ရိုေသၾကသည္။
"သူ.. ဒီေန႕ႏြားနို႔လိုက္ပို႔နိုင္မွာမဟုတ္ဘူး။ ခုနကေခ်ာ္လဲၿပီးဒဏ္ရာရထားတယ္"
အထက္ပါစကားကိုဘယ္တုန္းကတည္းကသူတို႔အနားကိုေရာက္ေနမွန္းမသိတဲ့အမဲေရာင္လူသားမွဝင္ေျပာလိုက္ျခင္းျဖစ္သည္။ ေနပါဦး.. ဒီလူကမျပန္ေသးဘဲဒီအထိဘာလိုက္လုပ္တာလဲ။
"ဟင္.. သူေျပာတာဟုတ္လား"
"မဟုတ္..."
"ဟုတ္တယ္.. ေခ်ာ္လဲေနလို႔အလုပ္ေနာက္က်သြားတာ"
ဘာလဲဟ! သူနဲ႕လည္းမဆိုင္ဘဲနဲ႕.. ဝင္ပါျပန္ၿပီ။ ေဆာ့ဂ်င္ကေဒါသျဖစ္စြာဘုၾကည့္ၾကည့္ပစ္လိုက္ေပမယ့္အႏွီလူသားကေတာ့ၿဖဳံမယ္မထင္ပါ။တကိုယ္လုံးေနရာလြတ္မက်န္ေအာင္ဖုံးကြယ္ထားတာေၾကာင့္လည္းဘာေတြဘယ္လိုေတြးေတာႀကံဆေနသလဲဆိုတာခန့္မွန္းရခက္လွပါသည္။
"ရား.. အဲ့ဒါကိုဘာလို႔ေစာေစာကမေျပာတာလဲ"
သူေဌးခြၽဲကစိုးရိမ္တႀကီးသူ႕တကိုယ္လုံးကိုလွည့္ပတ္ၾကည့္၍ဒဏ္ရာဒဏ္ခ်က္မ်ားကိုလိုက္ရွာရင္း..
"ဒဏ္ရာကေတာ္ေတာ္မ်ားသြားလား"
"မမ်ား..."
"အဲ့ဒါေၾကာင့္.. ဒီေန႕သူ႕အစားကြၽန္ေတာ္ကႏြားနို႔လိုက္ပို႔ေပးမလို႔။ ကြၽန္ေတာ္ကသူ႕ရဲ႕... အင္း... သူငယ္ခ်င္းပါ"
"ဘယ္လို!!"
အံ့ဩရလြန္းလို႔ပါးစပ္ပိတ္ဖို႔ေတာင္ေမ့သြားသည့္အထိပင္။ မဟုတ္ေသးပါဘူး.. ဒီလူကဘယ္တုန္းကသူ႕ရဲ႕သူငယ္ခ်င္းျဖစ္သြားတာလဲ?
"အဲ့လိုလား.. ပို႔ရမွာေတာ့ဟိုးေထာင့္ကျခင္းထဲမွာထည့္ထားတာအကုန္လုံးပဲ။ ဪ.. ဒါနဲ႕.. ပို႔ရမယ့္ေနရာေတြကိုေရာ.. သိလို႔လား"
"ခဏ..."
"ကိစၥမရွိပါဘူး။သူ႕ကိုလမ္းျပအေနနဲ႕ေခၚသြားလိုက္မယ္ေလ။ ဒါေပမယ့္.. စိတ္ခ်ပါ.. သူ႕ကိုတျခားဘာမွမခိုင္းပါဘူး။ ကြၽန္ေတာ္ပဲအကုန္လုပ္ေပးမွာပါ"
"ၿပီးေရာေလ။ အဲ့ဒါဆိုေဆာ့ဂ်င္.. သူနဲ႕လိုက္သြားလိုက္"
"မဟုတ္ဘူးေလ.. သူေဌးခြၽဲ.. သူေဌးခြၽဲ"
သူေဌးခြၽဲကေျပာခ်င္တာေျပာၿပီးအထဲသို႔ျပန္ဝင္သြားသည္။ ထို႔နည္းတူအနက္ေရာင္လူသားကလည္းႏြားနို႔ဗူးေတြထည့္ထားသည့္ျခင္းကိုမ၍အျပင္သို႔ထြက္သြား၏။ ဒီေန႕မွသူတစ္ေယာက္တည္းပဲကြက္ၿပီးကိုယ္ေပ်ာက္လူသားျဖစ္ေနတာလား? ဘာျဖစ္လို႔သူေဌးခြၽဲေရာအမဲေရာင္လူသားေရာသူ႕စကားကိုဘာတစ္ခုမွနားမေထာင္ဘဲလုပ္ခ်င္တာလုပ္ေနၾကတာလဲ?
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
"ေဟ့လူ.. အဲ့ဒါ.. ဘာလုပ္တာလဲ"
သူ႕အသံမွာေဒါသသံေတြပါေနေပမယ့္ထိုအမဲေရာင္လူသားကေတာ့ဂ႐ုေတာင္မစိုက္..ႏြားနို႔ဗူးေတြပါတဲ့ျခင္းကိုစက္ဘီးေနာက္ခုံေပၚတြင္အေသအခ်ာခ်ည္၍ႏြားနို႔ပို႔ဖို႔ေအးေအးေဆးျပင္ဆင္ေနသည္။ မသိရင္ပုံမွန္လုပ္ေနက်အလုပ္တစ္ခုကိုလုပ္ေနသလိုပင္။
"ေမးေနတယ္ေလ.. အဲ့ဒါဘာလုပ္တာလဲလို႔"
"မျမင္ဘူးလား.. ကူညီၿပီးႏြားနို႔လိုက္ပို႔ေပးမလို႔ေလ"
"ေအးေလ.. အဲ့ဒါေၾကာင့္.. ဘာလို႔ကူညီတာလဲလို႔"
"မင္းမွာဒဏ္ရာရေနလို႔ေလ"
အမဲေရာင္လူသားရဲ႕စကားေၾကာင့္ေယာင္ယမ္းၿပီးကိုယ့္ကိုယ္ကိုျပန္စမ္းၾကည့္မိသည္။ ၿပီးမွမ်က္ႏွာကိုျပန္တည္လိုက္ၿပီး...
"မဟုတ္ပါဘူးေနာ္.. ဘာဒဏ္ရာမွမရွိပါဘူးေနာ္"
"ရွိပါတယ္ေနာ္"
"မရွိပါဘူးဆိုမွ"
"ရွိပါတယ္ဆိုမွ"
"မရွိဘူးလို႔ေျပာေနတယ္ေလ"
"ရွိတယ္လို႔ေျပာေနတယ္ေလ"
"ဟာ!"
သူေျပာတဲ့ေလသံအတိုင္းတေသြမတိမ္းလိုက္ေျပာေနေတာ့လူကစိတ္တိုလာ၏။ ဒီလူေျပာမွပဲေကာက္ခါငင္ခါဟိုနားကနာခ်င္သလိုလို.. ဒီနားကနာခ်င္သလိုလိုနဲ႕.. မရွိခဲ့တဲ့ဒဏ္ရာေတြကေပၚခ်င္သလိုလိုျဖစ္လာ၏။ ဒီလူ... က်ိန္စာမ်ားလာတိုက္ေနတာလား?
"ဒီမွာ.. မသိတဲ့လူတစ္ေယာက္ဆီကဘာအကူအညီမွမယူခ်င္ပါဘူးေနာ္.. ဝန္ထုပ္ဝန္ပိုျဖစ္လြန္းလို႔။အဲ့ဒါေၾကာင့္..."
"မပူပါနဲ႕.. အလကားကူညီေပးတာမဟုတ္ပါဘူး"
"ဘာေျပာတယ္! ခင္ဗ်ားကိုဘယ္သူမွလည္းအကူအညီမေတာင္းဘဲနဲ႕ဇြတ္အတင္းလာကူညီေနၿပီးအလကားကူညီတာမဟုတ္ဘူးဆိုေတာ့.. ဘာသေဘာလဲ။ ခင္ဗ်ားကဘာျဖစ္ခ်င္ေနတာလဲ.. ေျပာ"
ကေလးဆန္တယ္ဆိုၿပီးစြပ္စြဲလည္းမတတ္နိုင္..သူ႕ကိုလာၿပီးပိုင္စိုးပိုင္နင္းျဖင့္လာခ်ယ္လွယ္ေနသူႀကီးကိုအျမင္ကပ္ကပ္ျဖင့္ခါးေထာက္၍ရန္ေတြ႕ပစ္လိုက္သည္။ ကင္ေဆာ့ဂ်င္တို႔ရဲ႕ခါးကအလကားေသးေနတာမဟုတ္ဘူး။ ရန္ေတြ႕တဲ့အခ်ိန္က်ရင္ခါးကိုက်က်နနေထာက္လို႔ရေအာင္ေသးထားတာ။ ဟြန့္! လူကိုမ်ားဘာမွတ္ေနလဲ။
"ပိုက္ဆံအလကားလိုခ်င္ရင္.. ကားမွတ္တိုင္မွာသြားေတာင္းစား။ ဒီမွာလာၿပီးေခါင္းပုံျဖတ္ဖို႔မႀကိဳးစားနဲ႕"
"ေျပာလို႔ဝၿပီလား"
"ဟမ္"
"ေျပာလို႔မဝေသးရင္လည္းေနာက္မွဆက္ေျပာ.. အခုေလာေလာဆယ္စက္ဘီးေပၚအရင္တက္လိုက္။ ေတာ္ၾကာႏြားနို႔ပို႔ဖို႔ေနာက္က်ေနဦးမယ္"
သူကေဒါသတႀကီးေျပာဆိုေနေပမယ့္တစ္ဖက္လူကေလေျပေလးနဲ႕ပဲတုံ႕ျပန္လာေတာ့သူ႕မွာေဒါသကဆက္ထြက္ရမလိုလို၊ ဝင္ရမလိုလိုနဲ႕တို႔လို႔တန္းလန္းေတြျဖစ္ကုန္၏။
"ဘာလုပ္ေနတာလဲ.. ျမန္ျမန္တက္ေလ။ ေနာက္က်ရင္ complaint အတက္ခံရမွာဆို"
ကဲ.. လုပ္ခ်င္တာသာလုပ္ပါေတာ့ဆိုၿပီးစိတ္ေလွ်ာ့ကာသူပဲအေလွ်ာ့ေပးလိုက္ရသည္။ ဘာေျပာေျပာမမႈတဲ့လူကိုသြားေျပာေနလည္းအပိုပဲေလ။ သူ႕ဘာသာသူကူညီခ်င္တာကူညီပါေစေပါ့.. ဒီေန႕တစ္ရက္သက္သက္သာသာနဲ႕အလုပ္ေတာင္ၿပီးေသးတယ္။
"ဘယ္လိုတက္ရမွာလဲ.. အေနာက္မွာထိုင္စရာေနရာမွမရွိတာ"
အေနာက္ထိုင္ခုံမွာႏြားနို႔ဗူးေတြပါသည့္ျခင္းကိုႀကိဳးျဖင့္ခ်ည္ကာတင္ထားတာမို႔သူတက္ထိုင္ဖို႔ေနရာမရွိပါ။
"အေနာက္မွာေနရာမရွိရင္အေရွ႕မွာထိုင္ေပါ့"
"ဘယ္လိုထိုင္..."
ဘာလုပ္ရမွန္းမသိခ်ီတုံခ်တဳံျဖစ္ေနခိုက္လက္ေကာက္ဝတ္ကေနအဆြဲခံလိုက္ရတာေၾကာင့္လူကဒေါက်ဖြုတ်ခံလိုက်ရသလိုယိုင်သွားပြီးထိုလူရဲ့လက်ထဲမှာခန္ဓါကိုယ်တစ်ခုလုံးေျမာက္ခနဲပါသြားကာစက္ဘီးအေရွ႕တန္းေပၚတြင္ထိုင္လ်က္သားျဖစ္သြားသည္။
"ေသခ်ာကိုင္ထားေနာ္"
အမဲေရာင္လူသား၏ရင္ဘတ္ႏွင့္သူ၏ေက်ာျပင္ထိကပ္လြန္းသလိုျဖစ္ေနတာေၾကာင့္အနည္းငယ္ကြာဟသြားေစရန္ကိုယ္အေနအထားကိုျပင္လိုက္ေပမယ့္ေဆာ့ဂ်င္ေ႐ႊ႕သြားသည့္ေနာက္သို႔ထိုလူကလည္းလိုက္ကပ္လာသည့္အျပင္စက္ဘီးလက္ကိုင္ေပၚကလက္ေတြကိုပါစုႀကဳံ႕လိုက္တာမို႔ဆော့ဂျင်ရဲ့ခန္ဓါကိုယ်ေလးကေလတိုးလို႔မရနိုင္ေအာင္ရင္ခြင္က်ယ္ထဲမွာစုံးစုံးျမဳပ္သြားေတာ့သည္။ ဒါေပမယ့္.. ထူးဆန္းစြာျဖင့္.. ဒီအထိအေတြ႕ေတြကိုစိတ္အႏွောင့္အယွက္မျဖစ္မိ၊ စိမ္းသက္ေနတယ္လို႔လည္းမခံစားရ။ ေလအေဝ့မွာႏွာေခါင္းဝသို႔တိုးဝင္လာတတ္တဲ့ေရေမႊးနံ႕ေရာေနသည့္ကိုယ္နံ႕သင္းသင္းကိုလည္းမႏွစ္ၿမိဳ႕စိတ္တစိုးတစိမွ်မဝင္မိပါ။ ဘယ္ကမွန္းမသိတဲ့သူစိမ္းတစ္ေယာက္ရဲ႕ရင္ခြင္ထဲမွာသက္ေတာင့္သက္သာျဖစ္ေနမိတဲ့ကိုယ့္ကိုယ္ကိုေတာင္ဩခ်ရေလာက္ေအာင္အံ့ဩဘနန္းျဖစ္ေနမိပါေတာ့သည္။
"ၿပီးၿပီ။ ဒီအိမ္ကေနာက္ဆုံးပဲ"
"ျမန္လိုက္တာ.. ဒီမွာ.. ဝေတာင္မဝေသးဘူး"
"ဘာကိုမဝေသးတာလဲ"
သူကမသိနားမလည္စြာေခါင္းေလးေစာင္းလွ်က္မ်က္ေတာင္ဖ်ားမ်ားကိုပုတ္ခတ္,ပုတ္ခတ္လုပ္ရင္းေမးမိေတာ့ထိုလူကအသံထြက္ေအာင္ရယ္သည္။ စြဲမက္ဖြယ္ေကာင္းသည့္ထိုရယ္သံကသူ႕ႏွလုံးသားကိုက်ဥ္စက္ႏွင့္တို႔လိုက္သလိုတုန္ခါသြားေစပါ၏။ မ်က္ႏွာေတာင္မျမင္ရတဲ့လူစိမ္းတစ္ေယာက္ကိုစိမ္းသက္တယ္လို႔မခံစားရတာဘယ္ဘဝကေရစက္ေၾကာင့္လဲ..
"အလုပ္ႀကိဳးစားလို႔မဝေသးဘူးလို႔ေျပာတာပါ"
"ဪ.. ဘာပဲျဖစ္ျဖစ္.. ကူညီေပးလို႔ေက်းဇူးတင္ပါတယ္"
"အလကားကူညီေပးတာမဟုတ္ပါဘူးလို႔ေျပာထားတယ္ေလ"
ၾကားလိုက္ရတဲ့စကားေၾကာင့္ေဆာ့ဂ်င္ႏွာေခါင္းေလးကိုရႈံ႕၍ႏႈတ္ခမ္းေလးကိုစူထားမိသည္။ သူ႕ကိုေလာဘႀကီးတယ္လို႔ပဲစြပ္စြဲခ်င္စြပ္စြဲပါ.. သူရမယ့္မစို႔မပို႔လုပ္အားခေလးထဲကေတာ့ခြဲမေပးခ်င္တာအမွန္ပါ။
"အလကားမဟုတ္ဘူးဆိုေတာ့.. ဘယ္.. ဘယ္ေလာက္လိုခ်င္လဲ.. ေျပာ"
သူ႕ေမးခြန္းမွာေစတနာမပါတာခံစားမိလို႔လားမသိအမဲေရာင္လူသားကအသံထြက္၍ရယ္လိုက္ၿပီး...
"ဘယ္သူက.. အခေၾကးေငြယူမယ္လို႔ေျပာမိလို႔လဲ"
"တကယ္?"
ေဆာ့ဂ်င္ရဲ႕မ်က္ႏွာကဟန္ေဆာင္လို႔မရေအာင္ၿပဳံး႐ႊင္သြားေတာ့သည္။
"ပိုက္ဆံမယူဘူးဆိုေတာ့..."
"ငါးစကၠန့္ေလာက္.. ဖက္ထားလို႔ရမလား"
"အဓိပ္ပါယ်မရှိလိုက်တာ.. ကြၽန္ေတာ္ကဘာလို႔အဖက္ခံရမွာလဲ"
ဒီလူ.. စိတ္မွမွန္ေသးရဲ႕လား။ ဘာေတြစိတ္႐ူးေပါက္ၿပီးထူးထူးဆန္းဆန္းေတြလာေတာင္းဆိုေနတာလဲ.. ဘာမွန္းမသိတဲ့လူတစ္ေယာက္ေၾကာင့္တမနက္ခင္းလုံးဦးႏွောက္ကိုအလုပ္ေပးေနရလို႔လူကမူးေနာက္ေနာက္ျဖစ္လာ၏။
"ခက္ခဲတဲ့အလုပ္မွမဟုတ္တာ"
"ဘာပဲျဖစ္ျဖစ္.. မသိတဲ့လူနဲ႕ေတာ့..."
"အဲ့ဒါဆို high five"
"High five?"
"တမနက္လုံးကူညီေပးထားရတာကိုဒါေလးေတာင္မလုပ္ေပးနိုင္ဘူးလား"
"ေအးေလး.. ဒီေလာက္ကေတာ့လုပ္ေပးနိုင္ပါတယ္"
ေဆာ့ဂ်င္ကလက္ကိုျမႇောက္၍လက္ဝါးခ်င္းရိုက္ၿပီးျပန္အ႐ုတ္.. သူ၏လက္ေခ်ာင္းေတြကိုဆုပ္ကိုင္၍ေဆာင့္ဆြဲျခင္းခံလိုက္ရသျဖင့္လူကအရှေ့ကိုငိုက်စိုက်ကျသွားပြီးသူ့ရဲ့ခန္ဓါကိုယ်ေလးကႏြေးေနသည့္ရင္ခြင္က်ယ္ထဲသို႔တန္းတန္းမတ္မတ္ေျပးဝင္သလိုပစ္က်သြား၏။ အလန့္တၾကားျဖင့္ထိုလူရဲ႕ရင္ဘတ္ေပၚသို႔တင္လိုက္မိတဲ့လက္ကေလးေတြကိုအားယူကာ႐ုန္းၾကည့္ဖို႔ႀကိဳးစားေပမယ့္ျပန္႐ုန္းလို႔မရေတာ့ေအာင္လက္ေတြကိုပါသိမ္းဖက္ျခင္းခံလိုက္ရသည္။ ထို႔ေနာက္..တရစ်တရစ်ဖြင့်သူ့ခန္ဓါကိုယ်တစ်ခုလုံးကိုရင်ခွင်ထဲနစ်မြုပ်မတတ်တိုးကာတိုးကာဖက်လာပါေတာ့သည္။
ခန္ဓါကိုယ်နှစ်ခုတစ်သားတည်းဖြစ်သွားသလိုအေနအထားမွာတစ္ဖက္ကစည္းခ်က္မွန္မွန္ထြက္ေပၚေနေသာႏွလုံးခုန္သံကိုအတိုင္းသားၾကားေနရသည္။ ထိုအခိုက္အတန့္ေလးမွာ.. ဘာေၾကာင့္ရယ္မသိ.. ရင္ထဲမွာစို႔နင့္လာ၏။ ေၾကကြဲလာ၏။ ဝမ္းနည္းလာ၏။ စိတ္ထဲရွိရွိသမွ်ေအာ္ဟစ္ကာငိုယိုပစ္ခ်င္လာ၏။ သူ႕ရဲ႕စိတ္ဝိဉာဥ္တစ္ခုလုံးကသူျပန္မသြားခ်င္ေတာ့တဲ့အခ်ိန္ကာလမ်ားသို႔စုန္ခ်ည္ဆန္ခ်ည္ေခၚေဆာင္သြားတာေၾကာင့္ခြန္အားေတြခ်ည့္နဲ႕လာ၏။သို႔ေပမယ့္..သိမ္ေမြ႕တဲ့ရင္ေငြ႕ႏြေးႏြေးကသူ႕ရဲ႕ေဝဒနာေတြကိုႏွစ္သိမ့္ေျဖေဖ်ာက္ေစပါသည္။
တစ္စကၠန့္...
ႏွစ္စကၠန့္...
သုံးစကၠန့္...
ေလးစကၠန့္...
ငါးစကၠန့္...
ေနလာခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္လုံးမွာဒီငါးစကၠန့္ကအၾကာဆုံးငါးစကၠန့္ပင္ျဖစ္သည္။ ထိုငါးစကၠန့္ဆိုတဲ့အခ်ိန္အတိုင္းအတာကတစ္ယူဇနာေလာက္ၾကာသြားသလိုထင္ေနမိသည္။
"ေျပာသားပဲ.. ခက္ခဲတဲ့အလုပ္မဟုတ္ပါဘူးလို႔"
"ခင္ဗ်ား... ဘယ္သူလဲ"
ရင္ထဲမွာမြန္းၾကပ္ျပည့္သိပ္လာတဲ့ေဝဒနာကိုခံစားနိုင္စြမ္းမရွိေတာ့တာေၾကာင့္ႏႈတ္မွဖြင့္ဟလိုက္သည္။ အမဲေရာင္လူသားကေခတၱမွ်ေငးငိုင္သြားပုံရသည္။ ဘာစကားမွဆက္မေျပာေတာ့ဘဲေက်ာက္႐ုပ္တစ္႐ုပ္လိုရပ္ေန၏။
"ခင္ဗ်ားကိုဘယ္သူလဲလို႔... ေမးေနတယ္ေလ"
ေမးလိုက္တဲ့အသံမွာတုန္ခါမႈကအဖ်ားခတ္သြား၏။ထိုလူကသူ႕ရဲ႕အေမးကိုျပန္အေျဖမေပးဘဲအနားသို႔တိုးကပ္လာကာပါးျပင္ေလးတစ္ဖက္ကိုလက္ျဖင့္ႏူးႏူးညံ့ညံ့အုပ္ကိုင္လာ၏။ လက္အိတ္ဝတ္ထားလို႔အသားခ်င္းထိေတြ႕ခြင့္မရေသာ္လည္းႏြေးေထြးမႈကိုခံစားေနရသည္။ဘာကိုမွေတြးေတာခ်င့္ခ်ိန္ဖို႔အင္အားမရွိေတာ့သျဖင့္မ်က္လုံးေတြကိုမွိတ္ပစ္လိုက္သည္။
"အခုမွ.. အစပ်ိဳးေနတုန္းပဲရွိပါေသးတယ္"
"ဟင္!"
သူ႕မ်က္လုံးေတြကိုဖ်တ္ခနဲဖြင့္ၾကည့္လိုက္ေပမယ့္လူစိမ္းကေတာ့အနားကေနထြက္ခြာသြားခဲ့ၿပီ။ ေဆာ့ဂ်င္.. ထိုေနရာမွာပင္ေတြေတြေလးရပ္ကာအေျခအေနအရပ္ရပ္ကိုဆက္စပ္ေတြးေနသည္။ ပထမဆုံး.. သူ႕ဆီကိုတစ္ခ်ိန္ကသူကိုယ္တိုင္လႊင့္ပစ္ခဲ့တဲ့လက္စြပ္ကပေဟဠိဆန္ဆန္ေရာက္လာသည္။ ၿပီးေတာ့.. ဒီလူ...
"မဟုတ္မွလြဲေရာ.. ဒီလူက...."
"မျဖစ္နိုင္တာ... ျပန္လာစရာဘာအေၾကာင္းမွမရွိတာ "
ရင္ကိုနာက်င္ေလာင္ၿမိဳက္ေစေသာမီးတစ္စကိုျပန္တမ္းတတိုင္းကိုယ္သာအပူဟပ္ခံရမွာမို႔... ျဖစ္နိုင္မယ္ဆိုရင္ထိုသူႏွင့္အေဝးဆုံးမွာပဲေနခ်င္ပါသည္။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎ ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့readerေလးေတြအားလုံးေက်းဇူးပါ 🥰
Update နည္းနည္းၾကာသြားလို႔ေဆာရီးပါ 😔 တစ္ပတ္လုံးမွာၾကာသပေတးနဲ႕တနဂၤႏြေပဲအလုပ္ကနားရက္ရတာမို႔လို႔ ၾကာသပေတးေန႕နဲ႕တနဂၤႏြေေန႕တိုင္းပုံမွန္ update ေလးေတြေပးပါ့မယ္ရွင့္ 😊 မ်က္လုံးအေျခအေနေကာင္းရင္ေတာ့တစ္ပတ္မွာသုံးပိုင္းအထိ up ေပးနိုင္ေအာင္ႀကိဳးစားပါ့မယ္ေနာ္