တိုက်ခန်းရောက်သည်နှင့် နိုးနှင့်ပြီဖြစ်သောဂျောင်ကုသည် ဟိုဆော့၏လက်ကိုမလွှတ်တမ်းဆွဲကာ အိမ်ထဲခေါ်သွားလေ၏။
"ထိုင်အုန်း ကိုကို"
နံရံအပြည့်နီးပါးကျယ်လွန်းသည့်တီဗီ၏ရှေ့မှ ဆိုဖာပေါ်တွင် ဟိုဆော့ကိုထိုင်ခိုင်းခဲ့ကာ ဂျောင်ကုက မီးဖိုခန်းထဲ ဝင်သွားသည်။ ကျန်ရစ်ခဲ့သောဟိုဆော့သည် ပထမဆုံးအကြိမ်ရောက်ဖူးသော ဂျောင်ကု၏တိုက်ခန်းထဲသို့ စိတ်ဝင်တစားလိုက်ကြည့်နေမိသည်။ apartmentနေရာသည်ပင် တကယ့်ကိုဈေးမြင့်တဲ့အနေအထားမျိုးမှာရှိနေတော့ မြင်နေရသည့်အသုံးအဆောင်ပစ္စည်းတွေရဲ့ခမ်းနားမှုကို အထူးတလည် ပြောပြနေစရာမလို။
တန်ဖိုးကြီးပန်းချီကားအနည်းငယ်နှင့်အလှဆင်ထားသည့်ဧည့်ခန်းထဲတွင် မျက်စိရှေ့က ဧရာမတီဗီကြီးကိုမြင်တာနဲ့ ဟိုဆော့ ကိုယ်လေးအနည်းငယ်ကျုံ့သွားသလို ခံစားရသည်။ သူ့တိုက်ခန်းနှင့်ယှဉ်လျှင် ဂျောင်ကု၏တိုက်ခန်းက အရာရာမှာ သာလွန်လွန်းနေသည်။
ခနအကြာတော့ တိုက်ခန်းအတွင်းပိုင်းကို ခေါင်းလေးလှည့်ကာ လိုက်စပ်စုနေသည့်ဟိုဆော့နားသို့ဂျောင်ကုက အအေးခွက်တစ်ခွက်ကိုင်ကာရောက်လာသည်။
"ကိုကို ကျွန်တော့်တိုက်ခန်းကိုရောက်ဖူးတာ ဒါပထမဆုံးမလား"
ဟိုဆော့ အအေးခွက်လေးချပေးကာ အမေးပြုတော့ ဟိုဆော့က ဂျောင်ကုကို ခေါင်းသာညိတ်ပြသည်။ သူက ဆေးရုံမှာပဲအမြဲရှိနေတတ်တာမို့ ဂျောင်ကုကသာ သူ့ဆီအမြဲမပြတ်လာတွေ့သည်။ သူ့တိုက်ခန်းကို ဂျောင်ကုက တစ်ခါ၊နှစ်ခါရောက်ဖူးပေမယ့် ဂျောင်ကု၏တိုက်ခန်းကိုရောက်ဖူးဖို့တော့ သူ့တွင် အခွင့်တစ်ခါမှမကြုံခဲ့။
"တိုက်ခန်းက ကျွန်တော်တစ်ယောက်တည်းအတွက်ဆို အရမ်းကျယ်လွန်းနေတာ။ ကိုကိုနဲ့နှစ်ယောက်နေရမယ်ဆိုရင်တော့ မဆိုးဘူး"
ဟိုဆော့က အအေးသောက်နေရင်းပင် ပြုံးဖြဲဖြဲနှင့်ပြောနေသည့်ဂျောင်ကုကို မျက်ခုံးပင့်ကာ လှမ်းကြည့်သည်။ လူကိုအသားယူရုံမကပဲ စကားနဲ့လည်းအသားယူတတ်တဲ့နေရာမှာ ဂျောင်ကုက တစ်ဖက်ကမ်း တတ်မြောက်ပါသည်။
"ရယ်မနေနဲ့၊ ဒဏ်ရာက လုံးလုံးကျက်သေးတာမျိုးမဟုတ်တော့ ဂရုစိုက်နေအုန်း။ gymဆော့တာမျိုးတွေလည်းမလုပ်နဲ့။ တော်ကြာ ပြန်ပြီးပွင့်ထွက်ကုန်အုန်းမယ်"
လူနာတွေအပေါ် နွေးထွေးညင်သာလွန်းသည့်ဆရာဝန်လေးက သူ၏တစ်ဦးတည်းသောချစ်သူ ဂျောင်ကုအပေါ်တော့ ထိုသို့ချိုသာ၏။
"ဟုတ်ကဲ့ပါဗျ၊ ကိုကို့အမိန့်အတိုင်း တသွေမသိမ်းလိုက်နာပါ့မယ်"
မျက်ခုံးနားလက်ဝါးစောင်းကပ်၍ အလေးပြုသဏ္ဍာန်လုပ်ကာ အသံနေအသံထားအပြည့်အစုံဖြင့် ပြောလာသည့်ဂျောင်ကုကိုကြည့်ကာ ဟိုဆော့က မနိုင်တော့သလို ခေါင်းခါရမ်းမိသည်။ နှစ်ဦးသားကြည်စယ်နေကြတုန်း အိမ်ရှေ့မှတံခါးဖွင့်သံကြောင့် ဟိုဆော့၏လည်ပင်းလေးမတ်သွားကာ မျက်လုံးတွေက တံခါးပေါက်ဆီသို့တန်းရောက်သွား၏။
"ဒေါ်ကြီးလာတာ ထင်တယ်"
ဟိုဆော့ စိတ်ဝင်စားသွားသည့် အကြောင်းအရာကို ဂျောင်ကုက ကြိုတင်ဖြေရှင်းချက်ပေးကာ ဆိုဖာပေါ်မှထသွားသည်။ တံခါးပေါက်မှဝင်လာသူက မေမေ့ထက်ပင်အသက်ကြီးပုံရသည့် အဒေါ်ကြီးတစ်ယောက်။ ဒေါ်ကြီးလက်ထဲမှသယ်လာသည့်ပစ္စည်းတွေကို ဂျောင်ကုက လက်ပြောင်းယူရင်း စကားပြောနေကြသည်။
"ဒီနေ့ ဒေါ်ကြီးနောက်ကျသလိုပဲ"
"ဟုတ်တယ် သားရယ်၊ မနက်ကခေါင်းနောက်နေတာနဲ့ နည်းနည်းလောက်သက်သာမှထွက်ခဲ့တာ။ အဲ့ဒါ ဈေးဝယ်တာနဲ့ဘာနဲ့ နောက်ကျသွားရော"
"ဟော...ဒေါ်ကြီးကလည်း နေမကောင်းတာများ နားတာမဟုတ်ဘူး။ ကျွန်တော်က အပြင်မှာစားလည်းရပါတယ်"
"အပြင်စာနဲ့ အိမ်ဟင်း၊အိမ်ထမင်းနဲ့တော့ ဘယ်တူပါ့မလဲ သားရဲ့"
ထိုအချက်ကိုတော့ ဂျောင်ကုလက်ခံပါသည်။ အိမ်ထမင်း၊အိမ်ဟင်းတွေထဲ သူခံတွင်းတွေ့ခဲ့ဖူးသည့် ဒေါ်ကြီးလက်ရာအပြင် ဂျယ်ဂျူမှာတုန်းကယောက္ခမကြီး၏လက်ရာကိုလည်း သူအခုထိမမေ့သေး။ ယောက္ခမကြီးအကြောင်းတွေးမိကာမှ သားဖြစ်သူကိုသတိရပြီး ဆိုဖာဆီလှမ်းကြည့်တော့ ကိုကိုက မတ်တပ်ရပ်ကာ သူ့တို့ရှိရာသို့ကြည့်နေသည်။
စကားကောင်းနေသည့်ဒေါ်ကြီးက မီးဖိုချောင်ထဲဝင်မယ်ပြင်မှသာ ဆိုဖာရှေ့တွင်ရပ်နေသည့်ဟိုဆော့ကို မြင်သွားသည်။ ဟိုဆော့က အရိုအသေပေးကာနှုတ်ဆက်တော့ လိမ္မာယဉ်ကျေးသည့်ဆရာဝန်လေးအား ဒေါ်ကြီးက အေးချမ်းစွာပြန်ပြုံးပြလိုက်၏။
"သား သူငယ်ချင်းလား"
"မဟုတ်ဘူး၊ ဒေါ်ကြီး"
ဒေါ်ကြီး၏ခန့်မှန်းမှုနောက်မှ ချက်ချင်းပင်ထွက်ကျလာသော ဂျောင်ကု၏အငြင်းစကား။
"ကျွန်တော့်ရဲ့..."
နာမ်စားတစ်ခုခုကို စဉ်းစားနေသလိုဂျောင်ကုက ဟိုဆော့ထံ တစ်ချက်လှည့်ကြည့်ပြီးမှ အပြုံးလေးတစ်ခုနှင့်ဆိုလိုက်၏။
"ကျွန်တော့်ရဲ့ကိုကို"
"အော်...သားရဲ့တစ်ဝမ်းကွဲအကိုလား"
ဂျောင်ကုက တစ်ဦးတည်းသောသားမှန်းသိနေသည့် ဒေါ်ကြီး၏သာမာန်ရိုးကျတွေးတောမှုတစ်ခုကြောင့် ခုနကပြုံးရွှင်နေသည့်ဂျောင်ကု၏မျက်နှာက ချက်ချင်းပင် မဲကျသွားသည်။
ဒေါ်ကြီး၏စကားကြောင့် မျက်နှာအမူအရာ သိသိသာသာပြောင်းလဲသွားသည့်ဂျောင်ကုကိုကြည့်ကာ ဟိုဆော့က ရယ်ချလိုက်ချင်ပါသော်လည်း ဒေါ်ကြီးရှိသေးတာမို့ ထိန်းထားလိုက်ရသည်။
"ကဲ...ကဲ ပေးပါ။ သားတို့ အေးဆေးစကားပြောကြအုန်း။ ဒေါ်ကြီးက တစ်ယောက်တည်းဖြစ်တယ်"
ဂျောင်ကု လက်လွှဲယူထားသည့်အိတ်တွေကိုပြန်ယူပြီး ဒေါ်ကြီးက မီးဖိုခန်းထဲဝင်သွားမှသာ ဂျောင်ကုက လငမုတ်ဖမ်းသည့်မျက်နှာနှင့် ဟိုဆော့ဘေးတွင် ဝင်ထိုင်သည်။
"ဘာဖြစ်နေတာလဲ ဂျောင်ကုရ။ မျက်နှာကြီးဆူပုပ်နေတာပဲ"
ဟိုဆော့ ရယ်နေလျက်ပင်မေးတော့ ဂျောင်ကုက ဆတ်ခနဲမျက်လုံးလှန်ကြည့်သည်။
"ကိုကိုနဲ့ကျွန်တော်နဲ့က အဲ့လိုတစ်ဝမ်းကွဲလို့ထင်ရအောင် ရုပ်ချင်းဆင်လို့လား"
"ဒါတော့ ဘယ်သိမလဲ"
ဒေါ်ကြီး၏စကားကို အခဲမကျေသေးသည့်ကောင်လေးက ယခုတိုင်မျက်နှာကမဲမှောင်နေဆဲ။ ဒီပုံအတိုင်းသာ တရားရုံးခေါ်သွားလို့ကတော့ ဘယ်သူကမှရှေ့နေလို့ထင်လိမ့်မည်မဟုတ်။ အထက်တန်းကျောင်းသားလေး ဘတ်စ်ကားပေါ်မှာ ပိုက်ဆံအိတ်ကျပျောက်ခဲ့လို့ လက်မှိုင်ကျနေသည့်ရုပ်။
"ဘာပဲဖြစ်ဖြစ်ပါ၊ ဘယ်ညီအစ်ကိုတစ်ဝမ်းကွဲမှတော့ ပြင်သစ်လိုနမ်းမှာမဟုတ်ဘူး။ အာ့!"
ဖြတ်ခနဲအကန်ခံလိုက်ရသည့်ခြေသလုံးကိုလက်နှင့်ကိုင်ကာ ဂျောင်ကုက ပြုံးစစမျက်နှာနှင့်ဟိုဆော့ကို ကြည့်သည်။ အနမ်းအကြောင်းပြောမိကာမှ အကြိမ်ကြိမ်ထိတွေ့ဖူးခဲ့သည့်နှုတ်ခမ်းပါးတွေကို ငေးကြည့်မိတော့ ကိုကိုက သူ့အကြံကိုရိပ်မိပြီး ချက်ချင်းမျက်နှာလွှဲသွားသည်။
"ဒါနဲ့ အခုကျွန်တော်လည်း ဆေးရုံဆင်းပြီဆိုတော့ ကိုကိုအဆင်သင့်ဖြစ်ပြီလား"
"ဘာ..ဘာကိုလဲ"
ဂျောင်ကု၏ရိုးရှင်းသောမေးခွန်းက ဟိုဆော့ကိုအလန့်တကြားဖြစ်စေသည်။ နားနေခန်းတွင် ဂျောင်ကုနှင့်သူ တစ်ခုတင်တည်းအတူရှိခဲ့စဉ်က ဂျောင်ကု ပြောခဲ့ဖူးသည့်စကားနဲ့ အပြုအမူတွေကို ယခုတိုင် သူ့ခေါင်းထဲမှထုတ်မရသေး။ ဖျန်းခနဲ ကြက်သီးထသွားသလိုခံစားချက်က ဆိုဖာထိုင်ခုံနောက်သို့ လက်တစ်ဖက်ထောက်ကာ သူ့မျက်နှာနားတိုးလာသည့် ဂျောင်ကုကြောင့်။
"ဖေဖေနဲ့တွေ့ဖို့အဆင်သင့်ဖြစ်ပြီလားလို့"
အတွေးလွန်သွားသည့်ဟိုဆော့က ဂျောင်ကုမကြားအောင် သက်ပြင်းမျှင်းမျှင်းချလိုက်ပြီး စကားပြန်ပြောဖို့ကြံတော့ ဒူးနှစ်ဖက်ပေါ်တင်ထားသည့်သူ့လက်တစ်စုံကို အုပ်မိုးလာသည့် လက်ဖဝါးနွေးနွေး။
"ကိုကို အဆင်ပြေမှပါ။ ကျွန်တော့်ကြောင့်နဲ့ ကိုကို့ကို ဖိအားမဖြစ်စေချင်ဘူး"
ကိုကိုဆိုသောလူသားလေးအား တစ်ဘဝလုံးစာအတူရှိနိုင်ဖို့အတွက် ဂျောင်ကု ထပ်ပြီးအချိန်အကြာကြာမစောင့်နိုင်တော့ပေ။ သို့ပေမယ့် ဆရာဝန်ဆိုသည့်အလုပ်ကိုမြတ်နိုးလွန်းသည့်ကိုကို။ သိက္ခာတရားကို တန်ဖိုးထားတတ်သည့်ကိုကို့အတွက် သူ ငဲ့ပြီးတွေးပေးရမှာတွေအများကြီးရှိသည်။
"ငါအဆင်ပြေပါတယ်။ ဘဝမှာ တစ်ခါလောက်တော့ အရဲစွန့်ကြည့်တာ ဖြစ်သင့်တယ်မလား။ မင်းအတွက်ပဲလေ"
သူမြတ်နိုးရသည့်အပြုံးတစ်ပွင့်နှင့်အတူ အဖြေစကားတစ်ခုကိုကြားလိုက်ရသည့်အခါ ဂျောင်ကုရင်ထဲ ကြည်နူးမှုတို့နှင့်လှိုက်ဖိုသွားရ၏။ သူ့လက်ဖဝါးအောက်မှရုန်းထွက်သွားသော ကိုကို့၏လက်တစ်ဖက်သည်လည်း သူ့လက်အပေါ်မှ ပြန်ပြီးအုပ်မိုးဆုပ်ကိုင်လိုက်ကာ သူ့ရင်အစုံကိုနွေးထွေးစေခဲ့၏။
..................
ဂျောင်ကု ဆေးရုံဆင်းပြီးသုံးရက်မြောက်နေ့တွင် ဟိုဆော့ဘက်က တောင်းဆိုမှုနှင့်အတူ ဂျောင်ကု၏အဖေနှင့်တွေ့ရန် စီစဉ်ခဲ့ကြသည်။
နှစ်ဆယ့်ငါးထပ်ရှိသော အဆောက်အဦး၏နှစ်ဆယ်မြောက်သောအထပ်။ Jeon Group၏စီအီးအိုရုံးခန်းအတွင်း၌ လွှမ်းခြုံထားသောအေးစက်တိတ်ဆိတ်မှုက အအေးဓာတ်ပေးလွှတ်နေသည့်လေအေးပေးစက်ထက်ပင် ဒီဂရီမြင့်နေ၏။
"အကဲခတ်အုန်းမယ်"တစ်ခွန်းသာပြောပြီး ဟိုဆော့အား ခေါင်းအစခြေအဆုံး၊ အပြန်အလှန်လှန်ကြည့်ကာ စဉ်းစားခန်းဝင်နေသည့်ဖခင်ဖြစ်သူကို ဂျောင်ကု တော်တော်လေး အသည်းပေါက်လာသည်။ သည်းမခံနိုင်တော့သည့် ဂျောင်ကုတစ်ယောက် သူ့ရဲ့ကိုကိုရှေ့တွင် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကြီးဖြင့်ကွယ်လိုက်ကာ...
"တော်ပြီလေဗျာ။ ဒီလာတယ်ဆိုတာ သားလက်ထပ်တဲ့သူက ဘယ်သူဘယ်ဝါမှန်းသိအောင်ခေါ်ပြတာ။ ကုန်ပစ္စည်းအရည်အသွေးစစ်ခိုင်းနေတာမဟုတ်ဘူးဗျ!"
ခေါင်းကိုမော့ချီကာ အဖေကိုရန်ပြန်တွေ့နေသည့်သားဖြစ်သူကို ဖခင်ဖြစ်သူက "ပိုရန်ကော"ဆိုသည့်အကြည့်မျိုးဖြင့် ကြည့်၏။ သား၏ချစ်သူဆိုသောကောင်လေးအား သူအကဲခတ်ကြည့်မိတာ စက္ကန့်ဝက်တောင်မပြည့်သေး။ အေးအေးချမ်းချမ်းရှိသည့်ဆရာဝန်ကောင်လေးအား ဆေးရုံမှာတစ်ခါဆုံကတည်းက သူအထူးတလည်သတိထားမိသော်လည်း သားနဲ့ပတ်သတ်မှ အမျိုးတော်ရတော့မည့် အခြေအနေပင်ရောက်သွားသည်။
"သားဟိုဆော့က သားကိုတကယ်ပဲလက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးပြီလား"
"ဟုတ်ကဲ့၊ ကျွန်တော်အကြိမ်ကြိမ်စဉ်းစားပြီးမှဆုံးဖြတ်ခဲ့တာပါ"
ဖခင်၏မယုံသင်္ကာမေးခွန်းကိုသဘောမကျသော်လည်း တုံ့ဆိုင်းခြင်းမရှိပြန်ဖြေလာသည့်ကိုကိုကြောင့် ဂျောင်ကုမျက်နှာက ကျေနပ်ပီတီများဖြင့် ချိုမြသွား၏။
"ကောင်းပါပြီ။ ဦးလေးကတော့ သားရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ဝင်စွက်ဖက်ဖို့စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ယောကျာ်းလေးနှစ်ယောက်ဖြစ်နေတဲ့အခါမှာ ရှေ့ဆက်ရင်ဆိုင်ရမယ့်ခရီးလမ်းက ပုံမှန်ထက်တော့ ပိုပြီးခက်ခဲလိမ့်မယ်။ ဦးလေးတောင်းဆိုချင်တာက အဲ့လိုပင်ပန်းရတဲ့အချိန်တွေနဲ့ကြုံခဲ့ရင်တောင် သားရဲ့လက်ကိုမြဲမြဲတွဲထားပေးပါ။ သားကို သူ့ရဲ့အဖေနဲ့အမေလို ခံစားချက်မဲ့တဲ့အိမ်ထောင်ရေးမျိုးကို မပိုင်ဆိုင်စေချင်လို့ပါ"
ဟိုဆော့ကို နွေးထွေးစွာကြည့်လျက်တောင်းဆိုနေသည့်ဖခင်ကို ဂျောင်ကု တအံ့တဩကြည့်ရင်း မျက်ရည်လည်လာရသည်။
"စိတ်ချပါ ဦးလေး။ ဘယ်အခက်အခဲမဆို ကျွန်တော် ဂျောင်ကုနဲ့အတူတူရင်ဆိုင်သွားမှာပါ"
"ဦးလေး ယုံပါတယ်။ နေအုန်း ဦးလေးမှာမင်းတို့အတွက်ပေးစရာရှိတယ်"
စကားဝိုင်းတွင် ဟိုဆော့နှင့်ဂျောင်ကု၏အဖေသာ ဦးဆောင်သူဖြစ်နေပြီး ဂျောင်ကုသည်တော့ ခေါင်းမသိမသာငုံ့ကာ တိတ်ဆိတ်နေ၏။ အလုပ်စားပွဲ၌တစ်စုံတစ်ခုသွားယူရန် ဂျောင်ကု၏အဖေက ဆိုဖာပေါ်မှထသွားသည့်အချိန် ဟိုဆော့က ဂျောင်ကု၏လက်တစ်ဖက်ကို ခပ်ဖွဖွ ဖမ်းညှစ်လိုက်သည်။ မိဘတွေနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိနေတဲ့ဂျောင်ကုက ခုနကဦးလေး၏စကားတွေကြောင့် ဒီကောင်လေး လေးလေးနက်နက်ခံစားသွားရမှာအမှန်ပင်။
ဆိုဖာဆီပြန်ရောက်လာသည့်ဦးလေးက လက်ထဲပါလာသော နက်ပြာရောင်ကတ္ထီပါဗူးလေးကို စားပွဲပေါ်တင်လိုက်သည်။
"ဒါက မင်းမေမေရဲ့လက်ထပ်လက်စွပ်။ သူ ဖေဖေတို့ဆီကထွက်မသွားခင်က ဖေဖေ့ကိုပေးထားခဲ့တာ။ သားလက်ထပ်မယ့်သူကို ဒီလက်စွပ်လေးလက်ဆင့်ကမ်းပေးပါတဲ့။ ဖေဖေက မင်းကိုယ်တိုင်ပေးတာပိုကောင်းမယ်ထင်လို့"
အဲ့ဒီ့နောက် ဦးလေးက အရွယ်ရနေပါသော်လည်း သွယ်လျနေတဲလက်သူကြွယ်ထက်မှပလက်တီနမ်လက်စွပ်လေးကိုချွတ်ပြီး ဂျောင်ကုထံလှမ်းပေးသည်။
"ဒါကတော့ မင်းအတွက်။ ဖေဖေက မင်းရဲ့လက်ထပ်ပွဲကိုဂုဏ်ပြုတဲ့သဘောပေါ့"
"ဘာလဲ၊ မင်းမေမေကပဲ မင်းကိုချစ်တယ်လို့ထင်နေတာလား။ ကောင်စုတ်လေး၊ မင်းမျှော်လင့်ထားတဲ့အချစ်မျိုးမဟုတ်တောင် မိဘတိုင်းကသားသမီးကို အပြည့်အဝချစ်ပြီးသားပါကွာ"
ဖခင်ဖြစ်သူကိုမမြင်ဖူးသလိုငေးကြည့်နေသည့်ဂျောင်ကု၏လက်ဖဝါးကိုဆွဲယူကာ ဦးလေးက ပလပ်တီနမ်လက်စွပ်လေးကိုထည့်ပေးရင်း ဂျောင်ကုအား စသလိုနောက်သလိုနှင့် လေးနက်စွာပြောနေသည့်ဦးလေးသည်လည်း မျက်ရည်ဝဲနေခဲ့သည်။
အန်တီနှင့်ကွာရှင်းပြီးသွားသည့်တိုင်၊ အန်တီမရှိတော့သည့်တိုင် လက်ထပ်လက်စွပ်ကိုဝတ်ထားမြဲဦးလေးတို့၏အိမ်ထောင်ရေးတွင် အချစ်မပါခဲ့သော်လည်း သူတို့မမြင်နိုင်သည့် နက်ရှိုင်းမှုမျိုးရှိနေသည်။
..................
..................
ရှပ်အဖြူအပွနှင့် ချည်ဘောင်းဘီပွကိုတွဲစပ်ဝတ်ဆင်ထားသော အိမ်နေရင်းစတိုင်နှင့်ဟိုဆော့သည် လျှော်ပြီးစဆံပင်တွေကိုလက်နဲ့ထိုးခါလိုက်ရင်း အခန်းထဲမှထွက်လာသည်။ ဧည့်ခန်းဆီရောက်တော့ ပြတင်းပေါက်မှတစ်ဆင့်မြင်နေရသော ညကောင်းကင်ထက်မှလမင်းကြီးကိုကြည့်ကာ ဟိုဆော့ မြင်ကွင်းတစ်ခုကိုသတိရကာ ပြုံးမိသွားသည်။
နေ့လည်က ဂျောင်ကုတို့သားအဖ၏ချစ်စရာကောင်းတဲ့ပုံစံလေးကို အခုထိမမေ့သေး။ "ဖေဖေ"ဆိုပြီးငိုသံကြီးနဲ့ဂျောင်ကုက ဦးလေးကိုပြေးဖက်လိုက်ပြီး ဦးလေးကလည်း ဂျောင်ကုရဲ့ပုခုံးပေါ်မေးတင်ကာ မျက်ရည်ခိုးသုတ်နေသည်။ တကယ့်ကို လိုက်လဲလိုက်တဲ့သားအဖ။
ဟိုဆော့ မီးဖိုခန်းထဉရောက်လာကာ ရေခဲသေတ္တာထဲမှရေအေးအေးလေးကို ခွက်နဲ့တစ်ခွက်ထည့်သောက်လိုက်ပြီးနောက် အနည်းငယ်ခြောက်ကပ်နေသည့်ရေခဲသေတ္တာကို စိတ်မကောင်းဖြစ်စွာကြည့်မိသေးသည်။ လကုန်အချိန်တိုင်း မေမေက အရံဟင်းမျိုးစုံကိုဗူးတွေနဲ့သယ်လာပြီး သူ့ရေခဲသေတ္တာထဲ အပြည့်ဖြည့်သွားပေးတတ်သည်။
သို့ပေမယ့် ဟိုတနေ့က သူ့ရဲ့ချစ်သူသည် ယောကျာ်းလေးတစ်ယောက်ဖြစ်သည့်အကြောင်း၊ လက်ထပ်ဖို့အစီအစဉ်တွေပါပြောပြမိတော့ ဖုန်းလိုင်းပြတ်သွားသည်လားထင်ရအောင် မေမေ့ဘက်ကတိတ်ဆိတ်မှုကြောင့် ဟိုဆော့ စိတ်ထဲမကောင်း။ မေမေ သူ့ကိုစိတ်များဆိုးသွားပြီးလားအထင်နဲ့ သူလည်း ကောင်းကောင်းအိပ်ပါ မေမေ တစ်ခွန်းသာပြောပြီး ဖုန်းချလိုက်ခဲ့သည်။
ခွက်ထဲကရေခဲရေကုန်သွားသော်လည်း ဟိုဆော့ရင်ထဲမှ အပူလှိုင်းကတော့ ယခုတိုင်အရှိန်လျော့မသွား။ နောက်ထပ်ရေထပ်သောက်မယ်ကြံတော့ အိမ်ရှေ့မှမြည်လာတဲ့ဘဲလ်သံကြောင့် ခွက်ထဲရေပင်မထည့်လိုက်ရပဲ ဟိုဆော့ အိမ်ရှေ့ထွက်လာရသည်။
တံခါးမဖွင့်မချင်း တရစပ်မြည်နေတဲ့ဘဲလ်သံကြောင့် ဒီအချိန်ကြီးအလိုက်ကန်းဆိုမသိသည့်ဧည့်သည်ကိုဒေါသဖြစ်စွာ တံခါးကိုဆွဲဖွင့်လိုက်တော့ သူ့ကိုမှီကျလာတဲ့ခန္ဓာကိုယ်တစ်ခု။ ဆိုဂျူနံ့ဆွဲကပ်နေသည့် ခန္ဓာကိုယ်ပိုင်ရှင်ကား သူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်သူလူလည်လေး ဂျောင်ကုဖြစ်နေ၏။
"ဂျောင်ကု! မင်းဘယ်လိုဖြစ်လာတာလဲ"
"ဟီး ကိုကို"
အယိုင်ယိုင်အနဲ့နဲ့ခန္ဓာကိုယ်ကို တွဲကူလိုက်တော့ သွားတွေပေါ်သည်အထိဟီးခနဲရယ်ပြလာသည့်ဂျောင်ကုက အပြုံးကအစ ဖရိုဖရဲ။
နေ့လည်ကသူ့ကိုလိုက်ပို့တုန်းကတောင် အကောင်းပကတိရှိနေသူက အခုလိုအမူးမူးအပြဲပြဲဖြစ်လာရသည့်အကြောင်းအရင်းမျိုးကို ဟိုဆော့ ဘယ်လိုမှစဉ်းစားမရ။
ဆိုဖာပေါ်ထိုင်ခိုင်းချိန် အမူးသမားကအငြိမ်မနေတော့ သူလည်းမနိုင်တော့ပဲလွှတ်ချလိုက်မိကာ ဂျောင်ကုက ဆိုဖာပေါ်ဘုတ်ခနဲမြည်အောင် လဲကျသွား၏။ ဒီကောင်လေး မူးတာမှ အတော့်ကိုမူးနေတာပါ။
"ဂျောင်ကုရာ၊ ဘာလို့အဲ့လောက်သောက်လာတာလဲ။ ကားကိုရော ကိုယ်တိုင်မောင်းလာတာလား"
"အဟီး"
ဆိုဖာလက်ရန်းပေါ် ခေါင်းမှီထားသူထံမှ ထွက်လာသောရယ်သံ။ သူ့မှာ မူးရင်ငိုတဲ့သူငယ်ချင်းနဲ့မူးရင်အသလွတ်ရယ်တဲ့ချစ်သူတစ်ယောက် ရထားသည်ပဲ။ ဆန်းကြယ်လိုက်တဲ့ဘဝ။
"အွန်း...ဝူ လိုက်...ပို့..."
ရေချိန်တော်တော်ကိုက်နေသည့်ဂျောင်ကုက လျှာလေး၊အာလေးဖြင့် စကားကိုပင်ဆုံးအောင်မပြောနိုင်တော့။ အွန်းဝူလိုက်ပို့ပေးသည်ဟုပင် ဟိုဆော့ ထင်ပါသည်။ ဒီအနေအထားနဲ့ကားမောင်းလာရင် သူ့ဆီတော့ရောက်မလာပဲ သူကပဲ ဆေးရုံအပြေးသွားရမှာအသေအချာပင်။
"အင်း အင်း၊ ဒါဆို အိပ်တော့"
အိမ်လည်းပြန်နိုင်တော့ပုံမပေါ်တော့တာမို့ အောက်ကျနေသည့်ဂျောင်ကု၏ခြေထောက်ကို ဆိုဖာပေါ်တင်ပေးပြီး စောင်တစ်ထည်သွားယူဖို့ ဟိုဆော့ထလိုက်ချိန် အဆွဲခံလိုက်ရသောလက်တစ်ဖက်ကြောင့် ဟိုဆော့ ဆိုဖာပေါ်သို့ ခုနကလိုပြန်ထိုင်ကျသွား၏။
"ဘယ်လိုဖြစ်နေလဲ၊ အိပ်ပါတော့ဆို"
သူ့လက်တစ်ဖက်ကိုမလွှတ်တမ်းကိုင်ရင်း ဂျောင်ကုက ပြုံးပြုံးကြီးခေါင်းခါနေသည်။ မျက်လုံးတွေကလုံးဝမပွင့်တော့သော်လည်း လက်တစ်ဖက်ကတော့ ဘောင်းဘီအိပ်ကပ်ထဲသို့ တစ်ခုခုစမ်းနေသည်။
"ကျွန်တော်တို့...လက်ထပ်...ရအောင်၊ ကျွန်တော် ကိုကိုနဲ့...နှစ်ယောက်တည်း...အတူတူနေချင်နေပြီ"
ဟိုဆော့၏လက်သူကြွယ်ထက်နေရာယူသွားသောပလက်တီနမ်လက်စွပ်လေးက နေ့လည်က "မင်းပဲသိမ်းထားပါ"ဆိုပြီးပေးခဲ့သည့် ဂျောင်ကုအမေ၏လက်စွပ်ဖြစ်သည်။ သူ့လက်တစ်ဖက်ကိုဆုပ်ကိုင်ထားသည့် ဂျောင်ကု၏လက်တွင်လည်းသူနှင့်ဆင်တူ ပလက်တီနမ်လက်စွပ်လေးရှိနေ၏။
"နော်...ကိုကို၊ နော် လို့"
ပြည့်ဖြိုးနေသည့်ခန္ဓာကိုယ်ကြီးကိုမှအားမနာ ကလေးလိုပင် ခန္ဓာကိုယ်ကိုလှုပ်ရမ်းကာ ပူဆာနေသည့် အမူးသမားလေးကိုကြည့်ပြီး ဟိုဆော့ ပြုံးမိသည်။
"လာပါ...တစ်ခါတည်း....လက်မှတ်ထိုးရအောင်"
ဘယ်ကတည်းကယူလာမှန်းမသိသည့်စာရွက်ခေါက်လေးတစ်ခုကို ဂျောင်ကုက စားပွဲပေါ်တွင် ဒယိမ်းဒယိုင်ဖြင့် ဖြန့်ခင်းနေသည်။ ပြန့်သွားသောစာရွက်လေးပေါ်တွင်တော့ စာချုပ်တွေလို့သတ်မှတ်ချက်တွေမပါပဲ ရိုးရှင်းစွာ။
စာရွက်ထိပ်တွင် ထိမ်းမြားလက်ထပ်ခြင်း ဆိုပြီး ဘောပင်နှင့်ခေါင်းစဉ်တပ်ထားကာ စာရွက်အောက် တစ်ဖက်တစ်ချက်တွင်တော့ ယိုင်ထိုးနေသောလက်ရေးများနှင့်စာလုံးတွေက ကိုကိုနှင့်ကျွန်တော်ဟူ၍။
"ကျွန်တော်က...လက်မှတ်ထိုးပြီးပြီ၊ ကိုကိုပဲ...ကျန်တော့တာ။ နေအုန်း..ဘောပင်"
ဘောင်းဘီအိပ်ကပ်ထဲ ခနစမ်းပြီးမှ ဂျောင်ကုလက်ထဲတွင်ပါသော ရွှေရောင်ဘောပင်လေး။ အမူးသမားလေး၏လုပ်ဆောင်ချက်တွေကို စိတ်ဝင်တစားလိုက်ကြည့်နေသည့် ဟိုဆော့တစ်ယောက် ဘာစကားမှမပြောနိုင်တော့။
"လက်မှတ်ထိုးပေးရင် ရပြီမလား"
"အဟီး ရပြီ"
အမူးသမားလေးကို အေးအေးချမ်းချမ်း သိပ်ဖို့ဆို ဒီတစ်နည်းသာရှိတော့တာမို့ ဟိုဆော့ စာရွက်လွတ်လေးပေါ်မှ ကိုကိုဆိုသောနေရာအောက်တွင် လက်မှတ်ထိုးပေးလိုက်၏။
"ပြီးပြီ၊ မင်းအိပ်တော့"
"ဒီမှာ အိပ်ဝူး"
စကားပြောရင်း နှုတ်ခမ်းပါထော်လာသည်အမူးသမားကိုကြည့်ပြီး ဒီညလေးတွင် ဟိုဆော့ ခနခနပြုံးနေရတော့သည်။
"ပြီးရော၊ အာ့ဆို ထ"
ဂျောင်ကု၏လက်တစ်ဖက်ကို ပုခုံးပေါ်တင်ပြီး တစ်ဖက်ကခါးကိုလှမ်းထိန်းကာ ဟိုဆော့ ဂျောင်ကုအား အိပ်ခန်းထဲခေါ်သွားရသည်။ ဂျောင်ကု၏ခန္ဓာကိုယ်ကြီးကိုထိန်းလျက် အခန်းတံခါးကိုအမှီပြန်ပိတ်ရသေးသည့် ဟိုဆော့၏ဒုက္ခကလည်းမသေး။ အိပ်ယာပေါ်ပစ်တင်လိုက်တော့လည်း မူးပေမယ့်လည်သည့် အမူးပါးလေးက သူ့လက်ကိုပါ ဆွဲချလိုက်၏။
ဂျောင်ကုရော၊ ဟိုဆော့ပါ အိပ်ယာပေါ်ပုံခနဲလဲကျသွားသည့်နောက် ပက်လက်လှဲကျသွားသည့်ဟိုဆော့ကို ဂျောင်ကုက အပေါ်မှအုပ်မိုးထားလျက် ကြည့်နေ၏။
"ကျွန်တော်...ကိုကို့ကို...ချစ်တယ်ဆိုတာ...သိတယ်မလား"
ဗလုံးဗထွေးစကားသံလိုပင် ဟိုဆော့ကိုငုံကြည့်နေသည့်ဂျောင်ကု၏မျက်လုံးတွေက ရီဝေဝေ။ အရည်လဲ့နေသည့်မျက်လုံးတွေက အရက်ရှိန်ကြောင့် မှိုင်းရီနေသည့်အခါ အန္တရာယ်ကြီးစွာ ဆွဲဆောင်မှုရှိလွန်းနေ၏။
"ပြီးတော့...ကိုကိုကလည်း...ကျွန်တော့်ကို...ချစ်တယ်လေ"
စကားတစ်ခွန်းပြီးတိုင်း ဂျောင်ကုက ဟိုဆော့၏ ရှပ်အင်္ကျီအဖြူထက်မှ ကြယ်သီးတစ်လုံးစီကို ဆွဲဖြုတ်နေသည့်တိုင် ဟိုဆော့ မရုန်းမိ။ ဒီကောင်လေး၏မျက်လုံးဝိုင်းတွေရဲ့ညို့ငင်မှုအောက်မှ တစ်ခါလောက်ရုန်းမထွက်ပဲ နေကြည့်ချင်၏။
"ဒါဆို...ကျွန်တော်တို့..."
ဟိုဆော့၏လက်ချောင်းသွယ်သွယ်တွေကြားယှက်နွယ်ထားသည် ဂျောင်ကု၏လက်ချောင်းက ပိုပြီးတင်းကျပ်လာသည့်နောက် တဖြည်းဖြည်းအရောင်ဖျော့လာသောမီးအိမ်ငယ်သည် နောက်ဆုံးတွင် တစ်စုံတစ်ယောက်ပိတ်ခြင်းခံလိုက်ရကာ အခန်းအတွင်းအမှောင်အတိ လွှမ်းသွားတော့၏။
"အိပ်ကြ...ရအောင်"
မသဲမကွဲစကားသံနှင့်အတူ ဟိုဆော့ ပုခုံးပေါ်မေးတင်လျက်သား အိပ်ယာပေါ်မျက်နှာအပ်သွားသည့်အမူးသမားလေးကြောင့် ဟိုဆော့တစ်ယောက် မရယ်ပဲမနေနိုင်တော့။
ပြီးမှ သူ့ကိုယ်ပေါ်မှဂျောင်ကုကို တွန်းဖယ်လိုက်ကာ အိပ်ယာပေါ်နေရာတကျထားလိုက်ပြီးမကြာခင် အိပ်မောကျသွားသည့်အမူးသမားလေးထံမှ တခူးခူးဟောက်သံပင် ထွက်လာ၏။
"မင်းကလေ တကယ့်ကိုအဆိုးလေး"
ဂျောင်ကုရှိရာဘက်သို့မျက်နှာမူလျက် အပြုံးလေးတစ်ခုနှင့်ရေရွတ်လိုက်သည့် ဟိုဆော့ထံမှ နူးညံ့သောစကားသံတစ်ခွန်း။
* * * * *
19.03.2022
.................
A/N - I will update next part at 2pm.
Episode 23 :
တိုက္ခန္းေရာက္သည္ႏွင့္ ႏိုးႏွင့္ၿပီျဖစ္ေသာေဂ်ာင္ကုသည္ ဟိုေဆာ့၏လက္ကိုမလႊတ္တမ္းဆြဲကာ အိမ္ထဲေခၚသြားေလ၏။
"ထိုင္အုန္း ကိုကို"
နံရံအျပည့္နီးပါးက်ယ္လြန္းသည့္တီဗီ၏ေ႐ွ႕မွ ဆိုဖာေပၚတြင္ ဟိုေဆာ့ကိုထိုင္ခိုင္းခဲ့ကာ ေဂ်ာင္ကုက မီးဖိုခန္းထဲ ဝင္သြားသည္။ က်န္ရစ္ခဲ့ေသာဟိုေဆာ့သည္ ပထမဆုံးအႀကိမ္ေရာက္ဖူးေသာ ေဂ်ာင္ကု၏တိုက္ခန္းထဲသို႔ စိတ္ဝင္တစားလိုက္ၾကည့္ေနမိသည္။ apartmentေနရာသည္ပင္ တကယ့္ကိုေဈးျမင့္တဲ့အေနအထားမ်ိဳးမွာ႐ွိေနေတာ့ ျမင္ေနရသည့္အသုံးအေဆာင္ပစၥည္းေတြရဲ႕ခမ္းနားမႈကို အထူးတလည္ ေျပာျပေနစရာမလို။
တန္ဖိုးႀကီးပန္းခ်ီကားအနည္းငယ္ႏွင့္အလွဆင္ထားသည့္ဧည့္ခန္းထဲတြင္ မ်က္စိေ႐ွ႕က ဧရာမတီဗီႀကီးကိုျမင္တာနဲ႔ ဟိုေဆာ့ ကိုယ္ေလးအနည္းငယ္က်ံဳ႕သြားသလို ခံစားရသည္။ သူ႕တိုက္ခန္းႏွင့္ယွဥ္လွ်င္ ေဂ်ာင္ကု၏တိုက္ခန္းက အရာရာမွာ သာလြန္လြန္းေနသည္။
ခနအၾကာေတာ့ တိုက္ခန္းအတြင္းပိုင္းကို ေခါင္းေလးလွည့္ကာ လိုက္စပ္စုေနသည့္ဟိုေဆာ့နားသို႔ေဂ်ာင္ကုက အေအးခြက္တစ္ခြက္ကိုင္ကာေရာက္လာသည္။
"ကိုကို ကြၽန္ေတာ့္တိုက္ခန္းကိုေရာက္ဖူးတာ ဒါပထမဆုံးမလား"
ဟိုေဆာ့ အေအးခြက္ေလးခ်ေပးကာ အေမးျပဳေတာ့ ဟိုေဆာ့က ေဂ်ာင္ကုကို ေခါင္းသာညိတ္ျပသည္။ သူက ေဆး႐ုံမွာပဲအၿမဲ႐ွိေနတတ္တာမို႔ ေဂ်ာင္ကုကသာ သူ႕ဆီအၿမဲမျပတ္လာေတြ႕သည္။ သူ႕တိုက္ခန္းကို ေဂ်ာင္ကုက တစ္ခါ၊ႏွစ္ခါေရာက္ဖူးေပမယ့္ ေဂ်ာင္ကု၏တိုက္ခန္းကိုေရာက္ဖူးဖို႔ေတာ့ သူ႕တြင္ အခြင့္တစ္ခါမွမၾကဳံခဲ့။
"တိုက္ခန္းက ကြၽန္ေတာ္တစ္ေယာက္တည္းအတြက္ဆို အရမ္းက်ယ္လြန္းေနတာ။ ကိုကိုနဲ႔ႏွစ္ေယာက္ေနရမယ္ဆိုရင္ေတာ့ မဆိုးဘူး"
ဟိုေဆာ့က အေအးေသာက္ေနရင္းပင္ ျပဳံးၿဖဲၿဖဲႏွင့္ေျပာေနသည့္ေဂ်ာင္ကုကို မ်က္ခုံးပင့္ကာ လွမ္းၾကည့္သည္။ လူကိုအသားယူ႐ုံမကပဲ စကားနဲ႔လည္းအသားယူတတ္တဲ့ေနရာမွာ ေဂ်ာင္ကုက တစ္ဖက္ကမ္း တတ္ေျမာက္ပါသည္။
"ရယ္မေနနဲ႔၊ ဒဏ္ရာက လုံးလုံးက်က္ေသးတာမ်ိဳးမဟုတ္ေတာ့ ဂ႐ုစိုက္ေနအုန္း။ gymေဆာ့တာမ်ိဳးေတြလည္းမလုပ္နဲ႔။ ေတာ္ၾကာ ျပန္ၿပီးပြင့္ထြက္ကုန္အုန္းမယ္"
လူနာေတြအေပၚ ေႏြးေထြးညင္သာလြန္းသည့္ဆရာဝန္ေလးက သူ၏တစ္ဦးတည္းေသာခ်စ္သူ ေဂ်ာင္ကုအေပၚေတာ့ ထိုသို႔ခ်ိဳသာ၏။
"ဟုတ္ကဲ့ပါဗ်၊ ကိုကို႔အမိန္႔အတိုင္း တေသြမသိမ္းလိုက္နာပါ့မယ္"
မ်က္ခုံးနားလက္ဝါးေစာင္းကပ္၍ အေလးျပဳသ႑ာန္လုပ္ကာ အသံေနအသံထားအျပည့္အစုံျဖင့္ ေျပာလာသည့္ေဂ်ာင္ကုကိုၾကည့္ကာ ဟိုေဆာ့က မႏိုင္ေတာ့သလို ေခါင္းခါရမ္းမိသည္။ ႏွစ္ဦးသားၾကည္စယ္ေနၾကတုန္း အိမ္ေ႐ွ႕မွတံခါးဖြင့္သံေၾကာင့္ ဟိုေဆာ့၏လည္ပင္းေလးမတ္သြားကာ မ်က္လုံးေတြက တံခါးေပါက္ဆီသို႔တန္းေရာက္သြား၏။
"ေဒၚႀကီးလာတာ ထင္တယ္"
ဟိုေဆာ့ စိတ္ဝင္စားသြားသည့္ အေၾကာင္းအရာကို ေဂ်ာင္ကုက ႀကိဳတင္ေျဖ႐ွင္းခ်က္ေပးကာ ဆိုဖာေပၚမွထသြားသည္။ တံခါးေပါက္မွဝင္လာသူက ေမေမ့ထက္ပင္အသက္ႀကီးပုံရသည့္ အေဒၚႀကီးတစ္ေယာက္။ ေဒၚႀကီးလက္ထဲမွသယ္လာသည့္ပစၥည္းေတြကို ေဂ်ာင္ကုက လက္ေျပာင္းယူရင္း စကားေျပာေနၾကသည္။
"ဒီေန႔ ေဒၚႀကီးေနာက္က်သလိုပဲ"
"ဟုတ္တယ္ သားရယ္၊ မနက္ကေခါင္းေနာက္ေနတာနဲ႔ နည္းနည္းေလာက္သက္သာမွထြက္ခဲ့တာ။ အဲ့ဒါ ေဈးဝယ္တာနဲ႔ဘာနဲ႔ ေနာက္က်သြားေရာ"
"ေဟာ...ေဒၚႀကီးကလည္း ေနမေကာင္းတာမ်ား နားတာမဟုတ္ဘူး။ ကြၽန္ေတာ္က အျပင္မွာစားလည္းရပါတယ္"
"အျပင္စာနဲ႔ အိမ္ဟင္း၊အိမ္ထမင္းနဲ႔ေတာ့ ဘယ္တူပါ့မလဲ သားရဲ႕"
ထိုအခ်က္ကိုေတာ့ ေဂ်ာင္ကုလက္ခံပါသည္။ အိမ္ထမင္း၊အိမ္ဟင္းေတြထဲ သူခံတြင္းေတြ႕ခဲ့ဖူးသည့္ ေဒၚႀကီးလက္ရာအျပင္ ဂ်ယ္ဂ်ဴမွာတုန္းကေယာကၡမႀကီး၏လက္ရာကိုလည္း သူအခုထိမေမ့ေသး။ ေယာကၡမႀကီးအေၾကာင္းေတြးမိကာမွ သားျဖစ္သူကိုသတိရၿပီး ဆိုဖာဆီလွမ္းၾကည့္ေတာ့ ကိုကိုက မတ္တပ္ရပ္ကာ သူ႕တို႔႐ွိရာသို႔ၾကည့္ေနသည္။
စကားေကာင္းေနသည့္ေဒၚႀကီးက မီးဖိုေခ်ာင္ထဲဝင္မယ္ျပင္မွသာ ဆိုဖာေ႐ွ႕တြင္ရပ္ေနသည့္ဟိုေဆာ့ကို ျမင္သြားသည္။ ဟိုေဆာ့က အ႐ိုအေသေပးကာႏႈတ္ဆက္ေတာ့ လိမၼာယဥ္ေက်းသည့္ဆရာဝန္ေလးအား ေဒၚႀကီးက ေအးခ်မ္းစြာျပန္ျပဳံးျပလိုက္၏။
"သား သူငယ္ခ်င္းလား"
"မဟုတ္ဘူး၊ ေဒၚႀကီး"
ေဒၚႀကီး၏ခန္႔မွန္းမႈေနာက္မွ ခ်က္ခ်င္းပင္ထြက္က်လာေသာ ေဂ်ာင္ကု၏အျငင္းစကား။
"ကြၽန္ေတာ့္ရဲ႕..."
နာမ္စားတစ္ခုခုကို စဥ္းစားေနသလိုေဂ်ာင္ကုက ဟိုေဆာ့ထံ တစ္ခ်က္လွည့္ၾကည့္ၿပီးမွ အျပဳံးေလးတစ္ခုႏွင့္ဆိုလိုက္၏။
"ကြၽန္ေတာ့္ရဲ႕ကိုကို"
"ေအာ္...သားရဲ႕တစ္ဝမ္းကြဲအကိုလား"
ေဂ်ာင္ကုက တစ္ဦးတည္းေသာသားမွန္းသိေနသည့္ ေဒၚႀကီး၏သာမာန္႐ိုးက်ေတြးေတာမႈတစ္ခုေၾကာင့္ ခုနကျပဳံး႐ႊင္ေနသည့္ေဂ်ာင္ကု၏မ်က္ႏွာက ခ်က္ခ်င္းပင္ မဲက်သြားသည္။
ေဒၚႀကီး၏စကားေၾကာင့္ မ်က္ႏွာအမူအရာ သိသိသာသာေျပာင္းလဲသြားသည့္ေဂ်ာင္ကုကိုၾကည့္ကာ ဟိုေဆာ့က ရယ္ခ်လိုက္ခ်င္ပါေသာ္လည္း ေဒၚႀကီး႐ွိေသးတာမို႔ ထိန္းထားလိုက္ရသည္။
"ကဲ...ကဲ ေပးပါ။ သားတို႔ ေအးေဆးစကားေျပာၾကအုန္း။ ေဒၚႀကီးက တစ္ေယာက္တည္းျဖစ္တယ္"
ေဂ်ာင္ကု လက္လႊဲယူထားသည့္အိတ္ေတြကိုျပန္ယူၿပီး ေဒၚႀကီးက မီးဖိုခန္းထဲဝင္သြားမွသာ ေဂ်ာင္ကုက လငမုတ္ဖမ္းသည့္မ်က္ႏွာႏွင့္ ဟိုေဆာ့ေဘးတြင္ ဝင္ထိုင္သည္။
"ဘာျဖစ္ေနတာလဲ ေဂ်ာင္ကုရ။ မ်က္ႏွာႀကီးဆူပုပ္ေနတာပဲ"
ဟိုေဆာ့ ရယ္ေနလ်က္ပင္ေမးေတာ့ ေဂ်ာင္ကုက ဆတ္ခနဲမ်က္လုံးလွန္ၾကည့္သည္။
"ကိုကိုနဲ႔ကြၽန္ေတာ္နဲ႔က အဲ့လိုတစ္ဝမ္းကြဲလို႔ထင္ရေအာင္ ႐ုပ္ခ်င္းဆင္လို႔လား"
"ဒါေတာ့ ဘယ္သိမလဲ"
ေဒၚႀကီး၏စကားကို အခဲမေက်ေသးသည့္ေကာင္ေလးက ယခုတိုင္မ်က္ႏွာကမဲေမွာင္ေနဆဲ။ ဒီပုံအတိုင္းသာ တရား႐ုံးေခၚသြားလို႔ကေတာ့ ဘယ္သူကမွေ႐ွ႕ေနလို႔ထင္လိမ့္မည္မဟုတ္။ အထက္တန္းေက်ာင္းသားေလး ဘတ္စ္ကားေပၚမွာ ပိုက္ဆံအိတ္က်ေပ်ာက္ခဲ့လို႔ လက္မိႈင္က်ေနသည့္႐ုပ္။
"ဘာပဲျဖစ္ျဖစ္ပါ၊ ဘယ္ညီအစ္ကိုတစ္ဝမ္းကြဲမွေတာ့ ျပင္သစ္လိုနမ္းမွာမဟုတ္ဘူး။ အာ့!"
ျဖတ္ခနဲအကန္ခံလိုက္ရသည့္ေျခသလုံးကိုလက္ႏွင့္ကိုင္ကာ ေဂ်ာင္ကုက ျပဳံးစစမ်က္ႏွာႏွင့္ဟိုေဆာ့ကို ၾကည့္သည္။ အနမ္းအေၾကာင္းေျပာမိကာမွ အႀကိမ္ႀကိမ္ထိေတြ႕ဖူးခဲ့သည့္ႏႈတ္ခမ္းပါးေတြကို ေငးၾကည့္မိေတာ့ ကိုကိုက သူ႕အၾကံကိုရိပ္မိၿပီး ခ်က္ခ်င္းမ်က္ႏွာလႊဲသြားသည္။
"ဒါနဲ႔ အခုကြၽန္ေတာ္လည္း ေဆး႐ုံဆင္းၿပီဆိုေတာ့ ကိုကိုအဆင္သင့္ျဖစ္ၿပီလား"
"ဘာ..ဘာကိုလဲ"
ေဂ်ာင္ကု၏႐ိုး႐ွင္းေသာေမးခြန္းက ဟိုေဆာ့ကိုအလန္႔တၾကားျဖစ္ေစသည္။ နားေနခန္းတြင္ ေဂ်ာင္ကုႏွင့္သူ တစ္ခုတင္တည္းအတူ႐ွိခဲ့စဥ္က ေဂ်ာင္ကု ေျပာခဲ့ဖူးသည့္စကားနဲ႔ အျပဳအမူေတြကို ယခုတိုင္ သူ႕ေခါင္းထဲမွထုတ္မရေသး။ ဖ်န္းခနဲ ၾကက္သီးထသြားသလိုခံစားခ်က္က ဆိုဖာထိုင္ခုံေနာက္သို႔ လက္တစ္ဖက္ေထာက္ကာ သူ႕မ်က္ႏွာနားတိုးလာသည့္ ေဂ်ာင္ကုေၾကာင့္။
"ေဖေဖနဲ႔ေတြ႕ဖို႔အဆင္သင့္ျဖစ္ၿပီလားလို႔"
အေတြးလြန္သြားသည့္ဟိုေဆာ့က ေဂ်ာင္ကုမၾကားေအာင္ သက္ျပင္းမွ်င္းမွ်င္းခ်လိုက္ၿပီး စကားျပန္ေျပာဖို႔ၾကံေတာ့ ဒူးႏွစ္ဖက္ေပၚတင္ထားသည့္သူ႕လက္တစ္စုံကို အုပ္မိုးလာသည့္ လက္ဖဝါးေႏြးေႏြး။
"ကိုကို အဆင္ေျပမွပါ။ ကြၽန္ေတာ့္ေၾကာင့္နဲ႔ ကိုကို႔ကို ဖိအားမျဖစ္ေစခ်င္ဘူး"
ကိုကိုဆိုေသာလူသားေလးအား တစ္ဘဝလုံးစာအတူ႐ွိႏိုင္ဖို႔အတြက္ ေဂ်ာင္ကု ထပ္ၿပီးအခ်ိန္အၾကာၾကာမေစာင့္ႏိုင္ေတာ့ေပ။ သို႔ေပမယ့္ ဆရာဝန္ဆိုသည့္အလုပ္ကိုျမတ္ႏိုးလြန္းသည့္ကိုကို။ သိကၡာတရားကို တန္ဖိုးထားတတ္သည့္ကိုကို႔အတြက္ သူ ငဲ့ၿပီးေတြးေပးရမွာေတြအမ်ားႀကီး႐ွိသည္။
"ငါအဆင္ေျပပါတယ္။ ဘဝမွာ တစ္ခါေလာက္ေတာ့ အရဲစြန္႔ၾကည့္တာ ျဖစ္သင့္တယ္မလား။ မင္းအတြက္ပဲေလ"
သူျမတ္ႏိုးရသည့္အျပဳံးတစ္ပြင့္ႏွင့္အတူ အေျဖစကားတစ္ခုကိုၾကားလိုက္ရသည့္အခါ ေဂ်ာင္ကုရင္ထဲ ၾကည္ႏူးမႈတို႔ႏွင့္လိႈက္ဖိုသြားရ၏။ သူ႕လက္ဖဝါးေအာက္မွ႐ုန္းထြက္သြားေသာ ကိုကို႔၏လက္တစ္ဖက္သည္လည္း သူ႕လက္အေပၚမွ ျပန္ၿပီးအုပ္မိုးဆုပ္ကိုင္လိုက္ကာ သူ႕ရင္အစုံကိုေႏြးေထြးေစခဲ့၏။
..................
ေဂ်ာင္ကု ေဆး႐ုံဆင္းၿပီးသုံးရက္ေျမာက္ေန႔တြင္ ဟိုေဆာ့ဘက္က ေတာင္းဆိုမႈႏွင့္အတူ ေဂ်ာင္ကု၏အေဖႏွင့္ေတြ႕ရန္ စီစဥ္ခဲ့ၾကသည္။
ႏွစ္ဆယ့္ငါးထပ္႐ွိေသာ အေဆာက္အဦး၏ႏွစ္ဆယ္ေျမာက္ေသာအထပ္။ Jeon Group၏စီအီးအို႐ုံးခန္းအတြင္း၌ လႊမ္းျခဳံထားေသာေအးစက္တိတ္ဆိတ္မႈက အေအးဓာတ္ေပးလႊတ္ေနသည့္ေလေအးေပးစက္ထက္ပင္ ဒီဂရီျမင့္ေန၏။
"အကဲခတ္အုန္းမယ္"တစ္ခြန္းသာေျပာၿပီး ဟိုေဆာ့အား ေခါင္းအစေျခအဆုံး၊ အျပန္အလွန္လွန္ၾကည့္ကာ စဥ္းစားခန္းဝင္ေနသည့္ဖခင္ျဖစ္သူကို ေဂ်ာင္ကု ေတာ္ေတာ္ေလး အသည္းေပါက္လာသည္။ သည္းမခံႏိုင္ေတာ့သည့္ ေဂ်ာင္ကုတစ္ေယာက္ သူ႕ရဲ႕ကိုကိုေ႐ွ႕တြင္ ေတာင့္တင္းခိုင္မာေသာ ခႏၶာကိုယ္ႀကီးျဖင့္ကြယ္လိုက္ကာ...
"ေတာ္ၿပီေလဗ်ာ။ ဒီလာတယ္ဆိုတာ သားလက္ထပ္တဲ့သူက ဘယ္သူဘယ္ဝါမွန္းသိေအာင္ေခၚျပတာ။ ကုန္ပစၥည္းအရည္အေသြးစစ္ခိုင္းေနတာမဟုတ္ဘူးဗ်!"
ေခါင္းကိုေမာ့ခ်ီကာ အေဖကိုရန္ျပန္ေတြ႕ေနသည့္သားျဖစ္သူကို ဖခင္ျဖစ္သူက "ပိုရန္ေကာ"ဆိုသည့္အၾကည့္မ်ိဳးျဖင့္ ၾကည့္၏။ သား၏ခ်စ္သူဆိုေသာေကာင္ေလးအား သူအကဲခတ္ၾကည့္မိတာ စကၠန္႔ဝက္ေတာင္မျပည့္ေသး။ ေအးေအးခ်မ္းခ်မ္း႐ွိသည့္ဆရာဝန္ေကာင္ေလးအား ေဆး႐ုံမွာတစ္ခါဆုံကတည္းက သူအထူးတလည္သတိထားမိေသာ္လည္း သားနဲ႔ပတ္သတ္မွ အမ်ိဳးေတာ္ရေတာ့မည့္ အေျခအေနပင္ေရာက္သြားသည္။
"သားဟိုေဆာ့က သားကိုတကယ္ပဲလက္ထပ္မယ္လို႔ ဆုံးျဖတ္ၿပီးၿပီလား"
"ဟုတ္ကဲ့၊ ကြၽန္ေတာ္အႀကိမ္ႀကိမ္စဥ္းစားၿပီးမွဆုံးျဖတ္ခဲ့တာပါ"
ဖခင္၏မယုံသကၤာေမးခြန္းကိုသေဘာမက်ေသာ္လည္း တုံ႔ဆိုင္းျခင္းမ႐ွိျပန္ေျဖလာသည့္ကိုကိုေၾကာင့္ ေဂ်ာင္ကုမ်က္ႏွာက ေက်နပ္ပီတီမ်ားျဖင့္ ခ်ိဳျမသြား၏။
"ေကာင္းပါၿပီ။ ဦးေလးကေတာ့ သားရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ကို ဝင္စြက္ဖက္ဖို႔စိတ္ကူးမ႐ွိပါဘူး။ ဒါေပမယ့္ ေယာက်ာ္းေလးႏွစ္ေယာက္ျဖစ္ေနတဲ့အခါမွာ ေ႐ွ႕ဆက္ရင္ဆိုင္ရမယ့္ခရီးလမ္းက ပုံမွန္ထက္ေတာ့ ပိုၿပီးခက္ခဲလိမ့္မယ္။ ဦးေလးေတာင္းဆိုခ်င္တာက အဲ့လိုပင္ပန္းရတဲ့အခ်ိန္ေတြနဲ႔ၾကဳံခဲ့ရင္ေတာင္ သားရဲ႕လက္ကိုၿမဲၿမဲတြဲထားေပးပါ။ သားကို သူ႕ရဲ႕အေဖနဲ႔အေမလို ခံစားခ်က္မဲ့တဲ့အိမ္ေထာင္ေရးမ်ိဳးကို မပိုင္ဆိုင္ေစခ်င္လို႔ပါ"
ဟိုေဆာ့ကို ေႏြးေထြးစြာၾကည့္လ်က္ေတာင္းဆိုေနသည့္ဖခင္ကို ေဂ်ာင္ကု တအံ့တဩၾကည့္ရင္း မ်က္ရည္လည္လာရသည္။
"စိတ္ခ်ပါ ဦးေလး။ ဘယ္အခက္အခဲမဆို ကြၽန္ေတာ္ ေဂ်ာင္ကုနဲ႔အတူတူရင္ဆိုင္သြားမွာပါ"
"ဦးေလး ယုံပါတယ္။ ေနအုန္း ဦးေလးမွာမင္းတို႔အတြက္ေပးစရာ႐ွိတယ္"
စကားဝိုင္းတြင္ ဟိုေဆာ့ႏွင့္ေဂ်ာင္ကု၏အေဖသာ ဦးေဆာင္သူျဖစ္ေနၿပီး ေဂ်ာင္ကုသည္ေတာ့ ေခါင္းမသိမသာငုံ႔ကာ တိတ္ဆိတ္ေန၏။ အလုပ္စားပြဲ၌တစ္စုံတစ္ခုသြားယူရန္ ေဂ်ာင္ကု၏အေဖက ဆိုဖာေပၚမွထသြားသည့္အခ်ိန္ ဟိုေဆာ့က ေဂ်ာင္ကု၏လက္တစ္ဖက္ကို ခပ္ဖြဖြ ဖမ္းညႇစ္လိုက္သည္။ မိဘေတြနဲ႔ပတ္သတ္ၿပီး စိတ္ဒဏ္ရာ႐ွိေနတဲ့ေဂ်ာင္ကုက ခုနကဦးေလး၏စကားေတြေၾကာင့္ ဒီေကာင္ေလး ေလးေလးနက္နက္ခံစားသြားရမွာအမွန္ပင္။
ဆိုဖာဆီျပန္ေရာက္လာသည့္ဦးေလးက လက္ထဲပါလာေသာ နက္ျပာေရာင္ကတၳီပါဗူးေလးကို စားပြဲေပၚတင္လိုက္သည္။
"ဒါက မင္းေမေမရဲ႕လက္ထပ္လက္စြပ္။ သူ ေဖေဖတို႔ဆီကထြက္မသြားခင္က ေဖေဖ့ကိုေပးထားခဲ့တာ။ သားလက္ထပ္မယ့္သူကို ဒီလက္စြပ္ေလးလက္ဆင့္ကမ္းေပးပါတဲ့။ ေဖေဖက မင္းကိုယ္တိုင္ေပးတာပိုေကာင္းမယ္ထင္လို႔"
အဲ့ဒီ့ေနာက္ ဦးေလးက အ႐ြယ္ရေနပါေသာ္လည္း သြယ္လ်ေနတဲလက္သူႂကြယ္ထက္မွပလက္တီနမ္လက္စြပ္ေလးကိုခြၽတ္ၿပီး ေဂ်ာင္ကုထံလွမ္းေပးသည္။
"ဒါကေတာ့ မင္းအတြက္။ ေဖေဖက မင္းရဲ႕လက္ထပ္ပြဲကိုဂုဏ္ျပဳတဲ့သေဘာေပါ့"
"ဘာလဲ၊ မင္းေမေမကပဲ မင္းကိုခ်စ္တယ္လို႔ထင္ေနတာလား။ ေကာင္စုတ္ေလး၊ မင္းေမွ်ာ္လင့္ထားတဲ့အခ်စ္မ်ိဳးမဟုတ္ေတာင္ မိဘတိုင္းကသားသမီးကို အျပည့္အဝခ်စ္ၿပီးသားပါကြာ"
ဖခင္ျဖစ္သူကိုမျမင္ဖူးသလိုေငးၾကည့္ေနသည့္ေဂ်ာင္ကု၏လက္ဖဝါးကိုဆြဲယူကာ ဦးေလးက ပလပ္တီနမ္လက္စြပ္ေလးကိုထည့္ေပးရင္း ေဂ်ာင္ကုအား စသလိုေနာက္သလိုႏွင့္ ေလးနက္စြာေျပာေနသည့္ဦးေလးသည္လည္း မ်က္ရည္ဝဲေနခဲ့သည္။
အန္တီႏွင့္ကြာ႐ွင္းၿပီးသြားသည့္တိုင္၊ အန္တီမ႐ွိေတာ့သည့္တိုင္ လက္ထပ္လက္စြပ္ကိုဝတ္ထားၿမဲဦးေလးတို႔၏အိမ္ေထာင္ေရးတြင္ အခ်စ္မပါခဲ့ေသာ္လည္း သူတို႔မျမင္ႏိုင္သည့္ နက္႐ိႈင္းမႈမ်ိဳး႐ွိေနသည္။
..................
..................
႐ွပ္အျဖဴအပြႏွင့္ ခ်ည္ေဘာင္းဘီပြကိုတြဲစပ္ဝတ္ဆင္ထားေသာ အိမ္ေနရင္းစတိုင္ႏွင့္ဟိုေဆာ့သည္ ေလွ်ာ္ၿပီးစဆံပင္ေတြကိုလက္နဲ႔ထိုးခါလိုက္ရင္း အခန္းထဲမွထြက္လာသည္။ ဧည့္ခန္းဆီေရာက္ေတာ့ ျပတင္းေပါက္မွတစ္ဆင့္ျမင္ေနရေသာ ညေကာင္းကင္ထက္မွလမင္းႀကီးကိုၾကည့္ကာ ဟိုေဆာ့ ျမင္ကြင္းတစ္ခုကိုသတိရကာ ျပဳံးမိသြားသည္။
ေန႔လည္က ေဂ်ာင္ကုတို႔သားအဖ၏ခ်စ္စရာေကာင္းတဲ့ပုံစံေလးကို အခုထိမေမ့ေသး။ "ေဖေဖ"ဆိုၿပီးငိုသံႀကီးနဲ႔ေဂ်ာင္ကုက ဦးေလးကိုေျပးဖက္လိုက္ၿပီး ဦးေလးကလည္း ေဂ်ာင္ကုရဲ႕ပုခုံးေပၚေမးတင္ကာ မ်က္ရည္ခိုးသုတ္ေနသည္။ တကယ့္ကို လိုက္လဲလိုက္တဲ့သားအဖ။
ဟိုေဆာ့ မီးဖိုခန္းထဉေရာက္လာကာ ေရခဲေသတၱာထဲမွေရေအးေအးေလးကို ခြက္နဲ႔တစ္ခြက္ထည့္ေသာက္လိုက္ၿပီးေနာက္ အနည္းငယ္ေျခာက္ကပ္ေနသည့္ေရခဲေသတၱာကို စိတ္မေကာင္းျဖစ္စြာၾကည့္မိေသးသည္။ လကုန္အခ်ိန္တိုင္း ေမေမက အရံဟင္းမ်ိဳးစုံကိုဗူးေတြနဲ႔သယ္လာၿပီး သူ႕ေရခဲေသတၱာထဲ အျပည့္ျဖည့္သြားေပးတတ္သည္။
သို႔ေပမယ့္ ဟိုတေန႔က သူ႕ရဲ႕ခ်စ္သူသည္ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္သည့္အေၾကာင္း၊ လက္ထပ္ဖို႔အစီအစဥ္ေတြပါေျပာျပမိေတာ့ ဖုန္းလိုင္းျပတ္သြားသည္လားထင္ရေအာင္ ေမေမ့ဘက္ကတိတ္ဆိတ္မႈေၾကာင့္ ဟိုေဆာ့ စိတ္ထဲမေကာင္း။ ေမေမ သူ႕ကိုစိတ္မ်ားဆိုးသြားၿပီးလားအထင္နဲ႔ သူလည္း ေကာင္းေကာင္းအိပ္ပါ ေမေမ တစ္ခြန္းသာေျပာၿပီး ဖုန္းခ်လိုက္ခဲ့သည္။
ခြက္ထဲကေရခဲေရကုန္သြားေသာ္လည္း ဟိုေဆာ့ရင္ထဲမွ အပူလိႈင္းကေတာ့ ယခုတိုင္အ႐ွိန္ေလ်ာ့မသြား။ ေနာက္ထပ္ေရထပ္ေသာက္မယ္ၾကံေတာ့ အိမ္ေ႐ွ႕မွျမည္လာတဲ့ဘဲလ္သံေၾကာင့္ ခြက္ထဲေရပင္မထည့္လိုက္ရပဲ ဟိုေဆာ့ အိမ္ေ႐ွ႕ထြက္လာရသည္။
တံခါးမဖြင့္မခ်င္း တရစပ္ျမည္ေနတဲ့ဘဲလ္သံေၾကာင့္ ဒီအခ်ိန္ႀကီးအလိုက္ကန္းဆိုမသိသည့္ဧည့္သည္ကိုေဒါသျဖစ္စြာ တံခါးကိုဆြဲဖြင့္လိုက္ေတာ့ သူ႕ကိုမွီက်လာတဲ့ခႏၶာကိုယ္တစ္ခု။ ဆိုဂ်ဴနံ႔ဆြဲကပ္ေနသည့္ ခႏၶာကိုယ္ပိုင္႐ွင္ကား သူ႕ရဲ႕ႏွစ္ေယာက္မ႐ွိတဲ့ခ်စ္သူလူလည္ေလး ေဂ်ာင္ကုျဖစ္ေန၏။
"ေဂ်ာင္ကု! မင္းဘယ္လိုျဖစ္လာတာလဲ"
"ဟီး ကိုကို"
အယိုင္ယိုင္အနဲ႔နဲ႔ခႏၶာကိုယ္ကို တြဲကူလိုက္ေတာ့ သြားေတြေပၚသည္အထိဟီးခနဲရယ္ျပလာသည့္ေဂ်ာင္ကုက အျပဳံးကအစ ဖ႐ိုဖရဲ။
ေန႔လည္ကသူ႕ကိုလိုက္ပို႔တုန္းကေတာင္ အေကာင္းပကတိ႐ွိေနသူက အခုလိုအမူးမူးအၿပဲၿပဲျဖစ္လာရသည့္အေၾကာင္းအရင္းမ်ိဳးကို ဟိုေဆာ့ ဘယ္လိုမွစဥ္းစားမရ။
ဆိုဖာေပၚထိုင္ခိုင္းခ်ိန္ အမူးသမားကအၿငိမ္မေနေတာ့ သူလည္းမႏိုင္ေတာ့ပဲလႊတ္ခ်လိုက္မိကာ ေဂ်ာင္ကုက ဆိုဖာေပၚဘုတ္ခနဲျမည္ေအာင္ လဲက်သြား၏။ ဒီေကာင္ေလး မူးတာမွ အေတာ့္ကိုမူးေနတာပါ။
"ေဂ်ာင္ကုရာ၊ ဘာလို႔အဲ့ေလာက္ေသာက္လာတာလဲ။ ကားကိုေရာ ကိုယ္တိုင္ေမာင္းလာတာလား"
"အဟီး"
ဆိုဖာလက္ရန္းေပၚ ေခါင္းမွီထားသူထံမွ ထြက္လာေသာရယ္သံ။ သူ႕မွာ မူးရင္ငိုတဲ့သူငယ္ခ်င္းနဲ႔မူးရင္အသလြတ္ရယ္တဲ့ခ်စ္သူတစ္ေယာက္ ရထားသည္ပဲ။ ဆန္းၾကယ္လိုက္တဲ့ဘဝ။
"အြန္း...ဝူ လိုက္...ပို႔..."
ေရခ်ိန္ေတာ္ေတာ္ကိုက္ေနသည့္ေဂ်ာင္ကုက လွ်ာေလး၊အာေလးျဖင့္ စကားကိုပင္ဆုံးေအာင္မေျပာႏိုင္ေတာ့။ အြန္းဝူလိုက္ပို႔ေပးသည္ဟုပင္ ဟိုေဆာ့ ထင္ပါသည္။ ဒီအေနအထားနဲ႔ကားေမာင္းလာရင္ သူ႕ဆီေတာ့ေရာက္မလာပဲ သူကပဲ ေဆး႐ုံအေျပးသြားရမွာအေသအခ်ာပင္။
"အင္း အင္း၊ ဒါဆို အိပ္ေတာ့"
အိမ္လည္းျပန္ႏိုင္ေတာ့ပုံမေပၚေတာ့တာမို႔ ေအာက္က်ေနသည့္ေဂ်ာင္ကု၏ေျခေထာက္ကို ဆိုဖာေပၚတင္ေပးၿပီး ေစာင္တစ္ထည္သြားယူဖို႔ ဟိုေဆာ့ထလိုက္ခ်ိန္ အဆြဲခံလိုက္ရေသာလက္တစ္ဖက္ေၾကာင့္ ဟိုေဆာ့ ဆိုဖာေပၚသို႔ ခုနကလိုျပန္ထိုင္က်သြား၏။
"ဘယ္လိုျဖစ္ေနလဲ၊ အိပ္ပါေတာ့ဆို"
သူ႕လက္တစ္ဖက္ကိုမလႊတ္တမ္းကိုင္ရင္း ေဂ်ာင္ကုက ျပဳံးျပဳံးႀကီးေခါင္းခါေနသည္။ မ်က္လုံးေတြကလုံးဝမပြင့္ေတာ့ေသာ္လည္း လက္တစ္ဖက္ကေတာ့ ေဘာင္းဘီအိပ္ကပ္ထဲသို႔ တစ္ခုခုစမ္းေနသည္။
"ကြၽန္ေတာ္တို႔...လက္ထပ္...ရေအာင္၊ ကြၽန္ေတာ္ ကိုကိုနဲ႔...ႏွစ္ေယာက္တည္း...အတူတူေနခ်င္ေနၿပီ"
ဟိုေဆာ့၏လက္သူႂကြယ္ထက္ေနရာယူသြားေသာပလက္တီနမ္လက္စြပ္ေလးက ေန႔လည္က "မင္းပဲသိမ္းထားပါ"ဆိုၿပီးေပးခဲ့သည့္ ေဂ်ာင္ကုအေမ၏လက္စြပ္ျဖစ္သည္။ သူ႕လက္တစ္ဖက္ကိုဆုပ္ကိုင္ထားသည့္ ေဂ်ာင္ကု၏လက္တြင္လည္းသူႏွင့္ဆင္တူ ပလက္တီနမ္လက္စြပ္ေလး႐ွိေန၏။
"ေနာ္...ကိုကို၊ ေနာ္ လို႔"
ျပည့္ၿဖိဳးေနသည့္ခႏၶာကိုယ္ႀကီးကိုမွအားမနာ ကေလးလိုပင္ ခႏၶာကိုယ္ကိုလႈပ္ရမ္းကာ ပူဆာေနသည့္ အမူးသမားေလးကိုၾကည့္ၿပီး ဟိုေဆာ့ ျပဳံးမိသည္။
"လာပါ...တစ္ခါတည္း....လက္မွတ္ထိုးရေအာင္"
ဘယ္ကတည္းကယူလာမွန္းမသိသည့္စာ႐ြက္ေခါက္ေလးတစ္ခုကို ေဂ်ာင္ကုက စားပြဲေပၚတြင္ ဒယိမ္းဒယိုင္ျဖင့္ ျဖန္႔ခင္းေနသည္။ ျပန္႔သြားေသာစာ႐ြက္ေလးေပၚတြင္ေတာ့ စာခ်ဳပ္ေတြလို႔သတ္မွတ္ခ်က္ေတြမပါပဲ ႐ိုး႐ွင္းစြာ။
စာ႐ြက္ထိပ္တြင္ ထိမ္းျမားလက္ထပ္ျခင္း ဆိုၿပီး ေဘာပင္ႏွင့္ေခါင္းစဥ္တပ္ထားကာ စာ႐ြက္ေအာက္ တစ္ဖက္တစ္ခ်က္တြင္ေတာ့ ယိုင္ထိုးေနေသာလက္ေရးမ်ားႏွင့္စာလုံးေတြက ကိုကိုႏွင့္ကြၽန္ေတာ္ဟူ၍။
"ကြၽန္ေတာ္က...လက္မွတ္ထိုးၿပီးၿပီ၊ ကိုကိုပဲ...က်န္ေတာ့တာ။ ေနအုန္း..ေဘာပင္"
ေဘာင္းဘီအိပ္ကပ္ထဲ ခနစမ္းၿပီးမွ ေဂ်ာင္ကုလက္ထဲတြင္ပါေသာ ေ႐ႊေရာင္ေဘာပင္ေလး။ အမူးသမားေလး၏လုပ္ေဆာင္ခ်က္ေတြကို စိတ္ဝင္တစားလိုက္ၾကည့္ေနသည့္ ဟိုေဆာ့တစ္ေယာက္ ဘာစကားမွမေျပာႏိုင္ေတာ့။
"လက္မွတ္ထိုးေပးရင္ ရၿပီမလား"
"အဟီး ရၿပီ"
အမူးသမားေလးကို ေအးေအးခ်မ္းခ်မ္း သိပ္ဖို႔ဆို ဒီတစ္နည္းသာ႐ွိေတာ့တာမို႔ ဟိုေဆာ့ စာ႐ြက္လြတ္ေလးေပၚမွ ကိုကိုဆိုေသာေနရာေအာက္တြင္ လက္မွတ္ထိုးေပးလိုက္၏။
"ၿပီးၿပီ၊ မင္းအိပ္ေတာ့"
"ဒီမွာ အိပ္ဝူး"
စကားေျပာရင္း ႏႈတ္ခမ္းပါေထာ္လာသည္အမူးသမားကိုၾကည့္ၿပီး ဒီညေလးတြင္ ဟိုေဆာ့ ခနခနျပဳံးေနရေတာ့သည္။
"ၿပီးေရာ၊ အာ့ဆို ထ"
ေဂ်ာင္ကု၏လက္တစ္ဖက္ကို ပုခုံးေပၚတင္ၿပီး တစ္ဖက္ကခါးကိုလွမ္းထိန္းကာ ဟိုေဆာ့ ေဂ်ာင္ကုအား အိပ္ခန္းထဲေခၚသြားရသည္။ ေဂ်ာင္ကု၏ခႏၶာကိုယ္ႀကီးကိုထိန္းလ်က္ အခန္းတံခါးကိုအမွီျပန္ပိတ္ရေသးသည့္ ဟိုေဆာ့၏ဒုကၡကလည္းမေသး။ အိပ္ယာေပၚပစ္တင္လိုက္ေတာ့လည္း မူးေပမယ့္လည္သည့္ အမူးပါးေလးက သူ႕လက္ကိုပါ ဆြဲခ်လိုက္၏။
ေဂ်ာင္ကုေရာ၊ ဟိုေဆာ့ပါ အိပ္ယာေပၚပုံခနဲလဲက်သြားသည့္ေနာက္ ပက္လက္လွဲက်သြားသည့္ဟိုေဆာ့ကို ေဂ်ာင္ကုက အေပၚမွအုပ္မိုးထားလ်က္ ၾကည့္ေန၏။
"ကြၽန္ေတာ္...ကိုကို႔ကို...ခ်စ္တယ္ဆိုတာ...သိတယ္မလား"
ဗလုံးဗေထြးစကားသံလိုပင္ ဟိုေဆာ့ကိုငုံၾကည့္ေနသည့္ေဂ်ာင္ကု၏မ်က္လုံးေတြက ရီေဝေဝ။ အရည္လဲ့ေနသည့္မ်က္လုံးေတြက အရက္႐ွိန္ေၾကာင့္ မိႈင္းရီေနသည့္အခါ အႏၲရာယ္ႀကီးစြာ ဆြဲေဆာင္မႈ႐ွိလြန္းေန၏။
"ၿပီးေတာ့...ကိုကိုကလည္း...ကြၽန္ေတာ့္ကို...ခ်စ္တယ္ေလ"
စကားတစ္ခြန္းၿပီးတိုင္း ေဂ်ာင္ကုက ဟိုေဆာ့၏ ႐ွပ္အက်ႌအျဖဴထက္မွ ၾကယ္သီးတစ္လုံးစီကို ဆြဲျဖဳတ္ေနသည့္တိုင္ ဟိုေဆာ့ မ႐ုန္းမိ။ ဒီေကာင္ေလး၏မ်က္လုံးဝိုင္းေတြရဲ႕ညိဳ႕ငင္မႈေအာက္မွ တစ္ခါေလာက္႐ုန္းမထြက္ပဲ ေနၾကည့္ခ်င္၏။
"ဒါဆို...ကြၽန္ေတာ္တို႔..."
ဟိုေဆာ့၏လက္ေခ်ာင္းသြယ္သြယ္ေတြၾကားယွက္ႏြယ္ထားသည္ ေဂ်ာင္ကု၏လက္ေခ်ာင္းက ပိုၿပီးတင္းက်ပ္လာသည့္ေနာက္ တျဖည္းျဖည္းအေရာင္ေဖ်ာ့လာေသာမီးအိမ္ငယ္သည္ ေနာက္ဆုံးတြင္ တစ္စုံတစ္ေယာက္ပိတ္ျခင္းခံလိုက္ရကာ အခန္းအတြင္းအေမွာင္အတိ လႊမ္းသြားေတာ့၏။
"အိပ္ၾက...ရေအာင္"
မသဲမကြဲစကားသံႏွင့္အတူ ဟိုေဆာ့ ပုခုံးေပၚေမးတင္လ်က္သား အိပ္ယာေပၚမ်က္ႏွာအပ္သြားသည့္အမူးသမားေလးေၾကာင့္ ဟိုေဆာ့တစ္ေယာက္ မရယ္ပဲမေနႏိုင္ေတာ့။
ၿပီးမွ သူ႕ကိုယ္ေပၚမွေဂ်ာင္ကုကို တြန္းဖယ္လိုက္ကာ အိပ္ယာေပၚေနရာတက်ထားလိုက္ၿပီးမၾကာခင္ အိပ္ေမာက်သြားသည့္အမူးသမားေလးထံမွ တခူးခူးေဟာက္သံပင္ ထြက္လာ၏။
"မင္းကေလ တကယ့္ကိုအဆိုးေလး"
ေဂ်ာင္ကု႐ွိရာဘက္သို႔မ်က္ႏွာမူလ်က္ အျပဳံးေလးတစ္ခုႏွင့္ ေရ႐ြတ္လိုက္သည့္ ဟိုေဆာ့ထံမွ ႏူးညံ့ေသာစကားသံတစ္ခြန္း။
* * * * *
19.03.2022
.................
A/N - I will update next part at 2pm.