ဆေးရုံတက်ပြီး သုံးရက်အကြာတွင် ဂျောင်ကုထံသို့ ဖခင်ဖြစ်သူရောက်လာခဲ့သည်။
သားတစ်ယောက်လုံးဓားထိုးခံရ၍ဆေးရုံတက်ရသည်ကို ချက်ချင်းရောက်မလာသူဖေဖေအား ဂျောင်ကု အထူးတလည်စိတ်မဆိုးနေချင်တော့။ ဒီလိုအရာမျိုးတွေနဲ့ နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရပြီးပြီပဲ။ သူနေသားကျဖို့ ကြိုးစားရန်သာလိုပါသည်။
"တရားခံကို ဖေဖေ့ဘက်ကလည်းအတတ်နိုင်ဆုံးစုံစမ်းပေးပါမယ်"
တည်ငြိမ်နေသောဖခင်ဖြစ်သူ၏လေသံကို ဂျောင်ကုက ဟာသတစ်ခုကိုကြားလိုက်ရသလို ရယ်သည်။
"မလိုပါဘူးဗျာ၊ ကျွန်တော်နည်းကျွန်တော့်ဟန်နဲ့အဲ့ဒီ့တရားခံကိုရအောင်ဖမ်းမှာပါ။ ဖေဖေ့ရဲ့အကူအညီကို တကယ်ကိုမလိုအပ်တာပါ"
ဂျောင်ကုက အပြုံးမပျက်ပြောနေပါသော်လည်း ဖခင်ဖြစ်သူသည်တော့ သိသိသာသာမျက်နှာပျက်သွား၏။ ဇနီးဖြစ်သူနဲ့ပတ်သတ်ပြီး ဒီကောင်လေးသူ့အပေါ်အထင်လွဲနေမှန်းသိသော်လည်း အကြောင်းစုံရှင်းပြလိုက်လျှင် ကောင်းသည့်အရာတွေဖြစ်မလာနိုင်သည်မို့ သူမျက်နှာလွှဲထားရခြင်း။ အဓိကက သားဖြစ်သူအား စိတ်ဒဏ်ရာမရစေချင်၍သာ။
"ဖေဖေ မင်းနဲ့စကားမများချင်ဘူး ဂျောင်ကု"
"ဒါဆို ဘာလို့လာနေသေးတာလဲ။ ဖေဖေနဲ့ဆုံရင် ကျွန်တော့်မှာစကားအကောင်းပြောစရာမရှိတာ ဖေဖေမသိလို့လား"
သားဖြစ်သူ၏ဂျစ်ကန်ကန်စကားအဆုံးတွင် သူ သက်ပြင်းသာချလိုက်မိသည်။
"ကောင်းပြီလေ၊ ဒါဆို ဖေဖေပြန်ပါ့မယ်။ လိုအပ်တာရှိရင် ဖေဖေ့ကိုအကြောင်းကြားလိုက်နော်"
နှုတ်ဆက်စကားပြောပြီး ဂျောင်ကု၏အဖေက အခန်းထဲမှပြန်ထွက်မည်အလုပ် တံခါးဖွင့်ဝင်လာသည့်ဟိုဆော့နှင့်ဆုံသွား၏။ မြင်ရုံနဲ့တင် ရိုးရှင်းအေးချမ်းမှုအပြည့်ရှိသည့်ဆရာဝန်လေးက သူ့ကိုချက်ချင်းအရိုသေပေးကာ နှုတ်ဆက်၏။
"ကိုကိုရာ ကြာလိုက်တာ၊ ကျွန်တော်က တွေ့ချင်လွန်းလို့စောင့်နေတာကို"
ခုတင်ပေါ်မှကောင်လေးထံသို့ စုပုံကျရောက်သွားသောအကြည့်များသည် အဓိပ္ပာယ်များစွာကွဲလွဲနေ၏။ ဟိုဆော့သည်တော့ လူကြီးရှေ့တွင် ဂျောင်ကုအား အပြောအဆိုဆင်ခြင်ဖို့ သတိပေးသည့်မျက်လုံးများဖြစ်သော်လည်း ဂျောင်ကု၏ဖခင်သည်တော့ အခြေအနေကိုသဘောပေါက်နားလည်သွား၍ မသိမသာပြုံးသွားသည့်မျက်လုံးများသာ။
ဟိုဆော့ တံခါးရှေ့မှဖယ်ပေးတော့ ဂျောင်ကု၏ဖခင်က ချက်ချင်းမသွားသေးပဲ ဟိုဆော့ကိုတစ်ချက်ကြည့်ကာ ပြုံးပြ၏။ ပြီးမှ ခုတင်ပေါ်ထိုင်နေသည့်သားကိုလှမ်းကြည့်ကာ...
"သားလက်ထပ်မယ့်သူက ဘယ်သူပဲဖြစ်ဖြစ် ဖေဖေကန့်ကွက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖေဖေနဲ့မိတ်ဆက်ပေးဖို့တော့ ခေါ်လာခဲ့အုန်းပေါ့"
အဓိပ္ပာယ်များစွာပါဝင်နေသည့်စကားများကိုဂျောင်ကု တိကျစွာနားလည်လိုက်ရပြီးနောက် သူ့ရင်ထဲ လှိုက်ခနဲပျော်ရွှင်သွား၏။ တစ်ဆက်တည်းပြုံးလိုက်မိသည့်အပြုံးဟာကြာရှည်မခံလိုက်။ နဖူးတည့်တည့်အတောက်ခံလိုက်ရသည့်နာကျင်မှုကြောင့် ဂျောင်ကုမျက်နှာကြီးရှုံ့မဲ့သွားလေ၏။
"အား! ကိုကိုရာ၊ နာတယ်လေ"
ကိုယ်နဖူးကိုယ်လက်နှင့်ပွတ်ကာ ညည်းညူလာသည့်ဂျောင်ကုက မျက်နှာငယ်လေးဖြင့်။
ဂျောင်ကု၏ဒဏ်ရာက အတော်လေးသက်သာလာပြီး မနက်ဆိုပဲချုပ်ရိုးဖြေရတော့မည်ဖြစ်သည်။ ဟိုဆော့တစ်ဖက်ကစိတ်အေးရသော်လည်း ကျန်းမာရေးလေးကောင်းတာနဲ့လူရှေ့မရှောင်၊သူရှေ့မရှောင် ပါးစပ်ရော၊လက်ရောအငြိမ်မနေသည့်ဂျောင်ကုကြောင့် သူ့မှာမျက်နှာပူရပေါင်းမနည်းတော့။ အခုလည်း အဖေရှေ့မှာမှ ရှေ့မကြည့်၊နောက်မကြည့် သူ့ကို "ကိုကို"လို့ခေါ်လိုက်သည့်ဂျောင်ကုက ထိုကဲ့သို့ ထိန်းမနိုင်၊သိမ်းမနိုင်သည့်ကောင်လေးမျိုး။
"မင်းကလေ၊ ကိုယ့်အဖေရှေ့မှာတော့ နည်းနည်းပါးပါးဆင်ခြင်မှပေါ့"
ဟိုဆော့က ဂျောင်ကုနှင့်လွတ်သည့်ခုတင်စွန်းတွင်ဝင်ထိုင်လိုက်ကာ စင်ပေါ်မှခွာလက်စပန်းသီးကိုယူကာ ဆက်ခွာနေသည်။ စီးပွားရေးရာတွင်နာမည်ကြီးသည့်ဂျောင်ကု၏အဖေကို ဟိုဆော့ မဂ္ဂဇင်းတွေထဲမှာမြင်ဖူးထားပေမယ့် အပြင်မှာဆုံရသည်ကတော့ ဒီတစ်ကြိမ်ကပထမဆုံးပင်။ စိတ်လှုပ်ရှားတာမျိုးမဖြစ်သော်လည်း ဂျောင်ကု၏လုပ်ရပ်ကြောင့် သူ့မှာမျက်နှာထားစရာနေရာမရှိဖြစ်ရသည်။
"ဖေဖေ့အကြောင်း ကိုကိုမသိလို့ပါ၊ ဖေဖေကအားနေ ကျွန်တော့်ကိုမိန်းမပေးစားဖို့ပဲကြံနေတာ။ အဲ့ဒါကြောင့် ကျွန်တော့်မူပိုင်ရှင်ကဘယ်သူဆိုတာကို တစ်ခါတည်းအကောင်လိုက်ပြလိုက်တာ"
"မင်းကိုတော့ ပြောမနိုင်ဘူး"
စကားတတ်လွန်းသည့်ရှေ့နေလေးအား ပြန်ချေပဖို့မတတ်နိုင်တော့သည်မို့ ဟိုဆော့ သဘောကျစွာရယ်ရင်း ပန်းသီးကိုသာဆက်ခွာနေသည်။
ဂျောင်ကုကတော့ ဟိုဆော့ခွာနေသည့်ပန်းသီးကို သရည်တမျှားမျှားနဲ့ကြည့်နေ၏။ သူ့မှာ ပြုစုပေးမယ့် ကိုယ်ပိုင်ဆရာဝန်လေးရှိတာကြောင့် အကူသူနာပြုလေးကိုပင် ပြန်လွှတ်ထားသည်။ မနက်ကအွန်းဝူဝယ်လာသည့်ပန်းသီးတွေကိုစားဖို့ခွာနေရင်း ဖေဖေရောက်လာတာကြောင့် သူဆက်မခွာဖြစ်တော့။ သူများတွေနေမကောင်းဖြစ်ရင်ဘာကိုအာသီသတောင့်တကြလဲမသိ။ ဂျောင်ကုကတော့ ဆေးရုံရောက်တဲ့သုံးရက်စလုံး နေ့စဉ်ရက်ဆက် ပန်းသီးအစားမပြတ်ပေ။
"အာ~"
ဟိုဆော့ ပန်းသီးလေးတွေကိုအနေတော်စိတ်ပြီးသည်နှင့် အရှေ့တည့်တည့်မှသံရှည်ဆွဲကာထွက်လာသောအသံ။ ကလေးတွေလိုပါးစပ်ကြီးဟကာ ပန်းသီးတောင်းနေသူက ခွံ့ကျွေးပါဆိုသည့်သဘော။ ဒဏ်ရာတာကဗိုက်ဖြစ်ပါသော်လည်း အကောင်းတိုင်းရှိနေသည့်လက်တွေကိုအသုံးမပြုပဲ လူလည်ကျနေသည့်ဂျောင်ကုကို ဟိုဆော့ အမြင်ကတ်သွားသည်။
ပန်းသီးစိတ်တစ်ခုကိုယူပြီး ဂျောင်ကုအားခွံ့မည်ပြင်လိုက်ပြီးမှ သူ့ပါးစပ်ထဲထည့်ဝါးလိုက်တော့ ဂျောင်ကုထံမှ ဟာခနဲအသံထွက်လာ၏။
"ကိုကိုကလည်းဗျာ အဲ့လိုမညစ်ပတ်ပါနဲ့။ ကျွန်တော်မနက်ကတည်းက ပန်းသီးစားချင်နေတာ"
"ဒါဆိုလည်း ကိုယ့်ဘာသာယူစားပေါ့။ မင်းဒဏ်ရာရတာ လက်မှမဟုတ်ပဲ"
ထိုသို့ပြောတော့ ဂျောင်ကုက သွားတန်းတွေပေါ်သည်အထိ အားရပါးရပြုံးလိုက်ပြီး မျက်လုံးဝိုင်းတွေက တစ်ခုခုကိုတောင်းဆိုသလို အရည်လဲ့သွား၏။
"ကျွန်တော်က ကိုကိုကျွေးတာပဲ စားချင်တာ၊ အာ~"
လက်မလျှော့ပဲထပ်တောင်းနေသည့်ဂျောင်ကု၏ပါးစပ်ထဲသို့ နောက်ထပ်ပန်းသီးစိတ်တစ်စိတ်က ဝင်မလာခဲ့ပေ။ ကိုယ်တိုင်ယူစားရင်ရရဲ့သားနဲ့ဂျစ်တိုက်နေသည့် ပန်သီးချင်ချင်းတက်နေသူကို ဟိုဆော့ အမြင်ကတ်ကတ်နှင့် တစ်စိတ်ပြီးတစ်စိတ်သာ ယူစားပြနေလိုက်သည်။
"ပန်းသီးလေးက ချိုနေတာပဲ၊ စားလို့ကောင်းမှကောင်း"
ဂျောင်ကုကိုစနောက်ချင်၍ ဟန်ပန်အပြည့်နှင့်ပြောလာသည့်ဟိုဆော့၏စကားသံက ရယ်သံစွတ်နေသည်။ နောက်ဆုံးတော့ ဂျောင်ကုတစ်ယောက်သည်းမခံနိုင်တော့ပဲ ပန်းကန်ထဲကပန်းသီးတွေကိုယူစားမယ့်အစား ပန်းသီးဝါးလို့တလှုပ်လှုပ်ဖြစ်နေသည့်နှုတ်ခမ်းပါးတွေကို သူ၏နှုတ်ခမ်းနှင့်ဖိကပ်လိုက်သည်။
အရင်လိုမျက်လုံးမမှိတ်မထားသည်မို့ တအံ့တဩပြူးကျယ်သွားသည့်မျက်လုံးကြည်တွေကို ဂျောင်ကု တစ်ချက်ကြည့်ပြီးမှ မျက်ခွံတွေကိုမှိတ်ချလိုက်၏။ ရုန်းထွက်ဖို့ပြင်နေသည့်ခန္ဓာကိုယ်လေးကို ဂျောင်ကု ပုခုံးနှစ်ဖက်ကနေထိန်းဖမ်းလိုက်ကာ ငြိမ်ကျသွားသည့်နှုတ်ခမ်းပါးလေးကို စုပ်ယူနမ်းရှိုက်မိတော့ ပန်းသီး၏အရသာနှင့်အတူ သူ့အာရုံကိုလွှမ်းမိုးသွားသည့် ထူးကဲသည့်အချိုဓာတ်။
နှုတ်ခမ်းတွေကိုဖိကပ်ထားရာမှပြန်လွှတ်မိတော့ အံ့ဩစွာပြူးကျယ်နေသည့်မျက်လုံးတွေဟာ မျက်တောင်တဖျတ်ဖျတ်ခတ်လျက် သူ့အကြည့်ကိုရှောင်လွှဲသွား၏။
"မင်း ဖယ်!"
ပါးမို့လေးတွေမသိမသာနီရဲလာသည့်ဟိုဆော့က မနေတတ်စွာဂျောင်ကုကိုတွန်းဖယ်တော့ ဂျောင်ကုက အသာတကြည်လွှတ်ပေးသည်။ ပြီးမှပန်းကန်ထဲမှပန်းသီးတစ်စိတ်ကို ဂျောင်ကုထံကမ်းပေးရင်း
"ရော့၊ ပန်းသီးစားချင်ရင် ပန်းသီးပဲစား"
ခေါင်းမဖော်တမ်းပန်းသီးကမ်းပေးနေသူကြောင့် ဂျောင်ကု အသည်းယားစွာပြုံးမိရင်း ပန်းသီးကိုလှမ်းယူလိုက်သည်။ ထိုပန်းသီးကိုလက်ထဲကကိုင်ထားလျက်ပင် ခေါင်းငုံထားသူ၏နီရဲရဲနားရွက်ဖျားလေးနားသို့တိုးသွားလိုက်၏။
"ခုနက ပန်းသီးကလေ ကျွန်တော်စားဖူးသမျှထဲမှာအချိုဆုံးပဲသိလား"
ဟိုဆော့ ခေါင်းမော့ကြည့်မိတော့ ပြီတီတီအပြုံးနှင့်အတူ ပန်းသီးဝါးနေသည့်ဂျောင်ကုက သူ့ကိုကြည့်မနေ။ လုပ်ချင်တာလုပ်ပြီးသူမဟုတ်သလိုနေနေသည့်ဂျောင်ကုကို ဟိုဆော့ မကြည်တော့ဘဲ ပန်းသီးပန်းကန်ကိုစင်ပေါ်သို့လှမ်းတင်လိုက်ကာ ခုတင်ပေါ်မှထလိုက်၏။
"ကိုကို ဘယ်သွားမလို့လဲ"
"ရုံးခန်းပြန်မလို့"
မာဆတ်ဆတ်လေသံလေးက စိတ်ဆိုးသွားမှန်းသိသာတာမို့ ဂျောင်ကု စပ်ဖြဲဖြဲဖြစ်နေသည့်မျက်နှာပိုးကိုချက်ချင်းသတ်လိုက်ရသည်။ သူ့ကိုကိုက အပြောနှင့်အလုပ်သိပ်ညီတာမို့။
"မပြန်ပါနဲ့အုန်း ကိုကိုကလည်း၊ ဒီမှာကျွန်တော်တစ်ယောက်တည်းနေရတာပျင်းစရာကြီး"
"ပျင်းလည်းနေခဲ့။ ငါကတော့ပြန်မှာပဲ"
"အား!!"
ဟိုဆော့ ခုတင်နားမှခြေတစ်လှမ်းခွာလိုက်သည်နှင့် ဂျောင်ကုက စူးစူးဝါးဝါးထအော်၏။ ဆရာဝန်လေး၏နူးညံ့နွေးထွေးသည့်နှလုံးသားအား မည်သို့မည်ပုံနည်းဖြင့် ကိုင်လှုပ်ရမည်ကို ဂျောင်ကု အသိဆုံးဖြစ်သည်။
"ဂျောင်ကု ဘာဖြစ်လို့လဲ!"
မျက်လုံးစုံမှိတ်ကာအံ့ကြိတ်ထားသည့်ဂျောင်ကုကိုကြည့်ပြီး ဟိုဆော့မှာ အပြာပြာအယာယာ။
"ဒဏ်ရာက...ဒဏ်ရာက..."
"ဒဏ်ရာက နာလာလို့လား၊ ဆရာဝန်ခေါ်လိုက်ရမလား"
ဂျောင်ကု၏ပုခုံးတစ်ဖက်ကိုလှမ်းကိုင်ကာ စိတ်ပူစွာမေးလားသည့်ဟိုဆော့ကြောင့် ဂျောင်ကုက ခေါင်းငုံ့ထားရင်း ခိုးပြုံးနေသည်။ ပြီးမှ သူ့နှင့်အနီးဆုံးသို့ခေါင်းငုံ့ထားသည့်ဟိုဆော့ကို ဖြည်းဖြည်းချင်းမော့ကြည့်ကာ မျက်နှာငယ်လေးဖြင့်...
"ဒဏ်ရာကမဟုတ်ပဲ ကျွန်တော့်နှလုံးသားကနာလာလို့ပါ"
ဂျောင်ကု၏စကားအဆုံးတွင် ဟိုဆော့၏မျက်နှာထက်မှစိတ်ပူခြင်းတို့သည်ဒေါသအဖြစ်သို့ပြောင်းလဲသွားကာ ဂျောင်ကုလက်မောင်းထက်သို့ ဖတ်ခနဲမြည်အောင်ရိုက်ချလိုက်၏။
"ဒါမျိုးက နောက်စရာလား"
"ကိုကိုကပြန်မယ်ပြောတာကို၊ မပြန်နဲ့အုန်းလေ...နော်။ ပန်းသီးကျွေးမယ်"
ကလေးကိုမုန့်ကျွေးပြီးချော့သလိုပြောနေသည့်ဂျောင်ကုကြောင့် ဟိုဆော့ သက်ပြင်းတစ်ချက်ချကာ ခုတင်ပေါ်ပြန်ထိုင်လိုက်ရသည်။ ဒီလိုလူလည်ကျတတ်တဲ့ကောင်လေးမျိုးကို သူဘယ်လိုကြောင့်များ ချစ်သူတော်ထားမိလဲ မသိပါ။
ဂျောင်ကုတစ်ယောက် ဟိုဆော့ ထပြန်သွားမည်ဆိုး၍ လက်တစ်ဖက်ကိုဆွဲထားကာ ပန်းသီးအတင်းလိုက်ခွံ့နေစဉ် အွန်းဝူက အခန်းထဲဝင်လာသည်။ ဟိုဆော့ကိုမြင်တော့ ပုံမှန်အနေအထားနှင့်ပင် အရိုအသေပေးနှုတ်ဆက်ကာ ခုတင်နားလျှောက်လာသည်။ ဂျောင်ကုထံမှ တဖွဖွကြားနေရသည့် ကိုကိုဆိုသောနာမ်စားက မည်သူမည်ဝါဆိုတာ သူသိနှင့်ပြီးသားဖြစ်သည်။
အွန်းဝူ အနားရောက်လာတာကြောင့် ဟိုဆော့က ကိုင်ထားခံရသည့်လက်ကိုရုန်းနေသော်လည်း ဂျောင်ကုက မလွှတ်ပေး။
"ဘယ်လိုဖြစ်တာလဲ အွန်းဝူရ၊ မနက်ကလေးတင်ပြန်သွားတာ အခုပြန်လာတယ်ဆိုတော့"
"မင်းကိုလုပ်ကြံသွားတဲ့တရားခံကို စုံစမ်းလို့ရခဲ့ပြီ"
ဂျောင်ကုလက်ထဲမှရုန်းနေသည့် ဟိုဆော့ပင်ငြိမ်ကျသွားကာ အွန်းဝူကိုမော့ကြည့်မိသည်။ ဂျောင်ကုသည်တော့ အေးဆေးတည်ငြိမ်နေပေမယ့် မျက်လုံးဝိုင်းများသည်တော့ စိတ်ဝင်စားမှုများဖြင့်။
"အဲ့နေ့ကcctvတွေအကုန်လုံးကို ငါတစ်ခေါက်ပြန်ကြည့်လိုက်တာ သူတို့ကိုအထွက်မှာမတွေ့ပေမယ့် အဝင်လမ်းကြောင်းကိုတော့ ရှင်းရှင်းလင်းလင်းရိုက်မိထားတယ်"
"သူတို့ကနှစ်ယောက်၊ မင်းနဲ့တိုက်မိသွားတဲ့သူကကားမောင်းတဲ့သူပဲ။ ကားမောင်းအထွက်ဆိုတော့ ဦးထုပ်ဆောင်းထားတာတောင် မျက်နှာကျကိုရိုက်မိသွားတယ်လေ။ အဲ့ကနေ ပုံရိပ်ဖမ်းပြီးရှာကြည့်တော့ အဲ့တရားခံကထောင်ထဲကထွက်လာတာမကြာသေးတဲ့လူ...ကြေးစားတစ်ယောက်ပဲ"
အွန်းဝူက စိတ်ရှည်လက်ရှည်ရှင်းပြနေရာမှ စကားစဖြတ်ကာ ပြောသင့်၊မပြောသင့်စဉ်းစားဟန် ဟိုဆော့ကိုတစ်ချက်ကြည့်တော့ ဂျောင်ကုပင် အနည်းငယ်လန့်သွားရသည်။
"ခိုင်းတဲ့သူကိုဆက်ပြီးစုံစမ်းကြည့်တော့ Hwaပရိဘောဂကုမ္ပဏီရဲ့Lawfirmကလူတစ်ယောက်ပဲ"
အွန်းဝူ၏စကားဆုံးသည်နှင့် ဂျောင်ကု၏လက်ထဲဆုပ်ကိုင်ထားသည့်ဟိုဆော့၏လက်ဖျားတွေရဲ့အေးစက်မှုကို ဂျောင်ကု ထိသိခံစားလိုက်ရသည်။
"ငါ နားလည်ပြီ အွန်းဝူ။ ကျေးဇူးပါပဲ၊ မင်းလည်းပင်ပန်းသွားပြီ"
"ရပါတယ်၊ အဲ့ဒါပြောချင်လို့ ငါနောက်တစ်ခေါက်ပြန်လာခဲ့တာ။ ငါပြန်တော့မယ်"
ဂျောင်ကု ခေါင်းညိတ်အသိမှတ်ပြုလိုက်သည့်နောက် အွန်းဝူက အခန်းထဲမှပြန်ထွက်သွားသည်။ ကျန်ရစ်ခဲ့သည့်အခန်းလေးထဲတွင်တော့ တိတ်ဆိတ်မှုသာလွှမ်းမိုးထားလျက်။
ခေါင်းငုံ့ထားသော်လည်း နွမ်းနယ်သွားသည့်မျက်နှာလေးရဲ့အဓိပ္ပာယ်ကို ဂျောင်ကုကောင်းကောင်းသိနေပါသည်။ Hwa ပရိဘောဂကုမ္ပဏီနဲ့ပတ်သတ်ပြီး သူတာဝန်ယူဖူးသည့်အမှုဟူ၍ ဒေါက်တာ့ယိုဟန့်အဖေရဲ့အမှုသာရှိသည်။
ဟိုဆော့၏မျက်နှာလေးကို ဂျောင်ကု လက်နှစ်ဖက်အုပ်ကိုင်လိုက်ကာ သူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။ မှိုင်းညို့နေသည့်မျက်လုံးတွေမှတစ်ဆင့် ကိုကို သူ့ကိုပြောချင်နေသည့်စကားများကို အလိုလိုနားလည်ရပါ၏။
"တရားခံလည်းသိနေပြီးပဲ၊ ဘာမှလျှောက်မတွေးနဲ့နော်၊ ကိုကိုနဲ့ဘာမှမဆိုင်ဘူး"
စိတ်သက်သာရာရအောင်နှစ်သိမ့်ပေးနေသူ၏ရင်ခွင်ထဲသို့ ဟိုဆော့ တိုးဝင်လိုက်မိ၏။
Hwaပရိဘောဂကုမ္ပဏီ၏အမှုအတွက် ဂျောင်ကုကိုအငြိုးထား၍လုပ်ကြံခြင်းဆိုလျှင် ထိုသို့အန္တရာယ်များတဲ့အမှုမျိုးနဲ့ဆက်နွယ်မိအောင် ဂျောင်ကုအားအကူအညီတောင်းခဲ့သူက သူကိုယ်တိုင်ပင်။ သူကြောင့်ပင် ဂျောင်ကု ယခုကဲ့သို့ အသက်အန္တရာယ်နဲ့ရင်ဆိုင်ရသည်အထိဖြစ်ခဲ့ရခြင်းသာ။ သို့ပေမယ့် သူ့ခံစားချက်တွေကို နားလည်နှင့်ပြီးသားထိုကောင်လေးက အပြုံးတစ်ပွင့်နှင့် ဘာမှမဖြစ်သလိုနှစ်သိမ့်ပေးနေ၏။
ဆက်ဆံရေးတစ်ခုမှာ ခိုင်မြဲမှုဆိုတဲ့တံတားကိုတည်ဆောက်ဖို့ နားလည်မှုအုတ်မြစ်သည် ဘယ်လိုဆိုးရွားမှုမျိုးကိုမဆို ခံနိုင်ရည်ရှိစွာတည်တံ့ရန်သာလို၏။
* * * * *
16.03.2022
.................
Episode 21 :
ေဆး႐ုံတက္ၿပီး သုံးရက္အၾကာတြင္ ေဂ်ာင္ကုထံသို႔ ဖခင္ျဖစ္သူေရာက္လာခဲ့သည္။
သားတစ္ေယာက္လုံးဓားထိုးခံရ၍ေဆး႐ုံတက္ရသည္ကို ခ်က္ခ်င္းေရာက္မလာသူေဖေဖအား ေဂ်ာင္ကု အထူးတလည္စိတ္မဆိုးေနခ်င္ေတာ့။ ဒီလိုအရာမ်ိဳးေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကဳံေတြ႕ခဲ့ရၿပီးၿပီပဲ။ သူေနသားက်ဖို႔ ႀကိဳးစားရန္သာလိုပါသည္။
"တရားခံကို ေဖေဖ့ဘက္ကလည္းအတတ္ႏိုင္ဆုံးစုံစမ္းေပးပါမယ္"
တည္ၿငိမ္ေနေသာဖခင္ျဖစ္သူ၏ေလသံကို ေဂ်ာင္ကုက ဟာသတစ္ခုကိုၾကားလိုက္ရသလို ရယ္သည္။
"မလိုပါဘူးဗ်ာ၊ ကြၽန္ေတာ္နည္းကြၽန္ေတာ့္ဟန္နဲ႔အဲ့ဒီ့တရားခံကိုရေအာင္ဖမ္းမွာပါ။ ေဖေဖ့ရဲ႕အကူအညီကို တကယ္ကိုမလိုအပ္တာပါ"
ေဂ်ာင္ကုက အျပဳံးမပ်က္ေျပာေနပါေသာ္လည္း ဖခင္ျဖစ္သူသည္ေတာ့ သိသိသာသာမ်က္ႏွာပ်က္သြား၏။ ဇနီးျဖစ္သူနဲ႔ပတ္သတ္ၿပီး ဒီေကာင္ေလးသူ႕အေပၚအထင္လြဲေနမွန္းသိေသာ္လည္း အေၾကာင္းစုံ႐ွင္းျပလိုက္လွ်င္ ေကာင္းသည့္အရာေတြျဖစ္မလာႏိုင္သည္မို႔ သူမ်က္ႏွာလႊဲထားရျခင္း။ အဓိကက သားျဖစ္သူအား စိတ္ဒဏ္ရာမရေစခ်င္၍သာ။
"ေဖေဖ မင္းနဲ႔စကားမမ်ားခ်င္ဘူး ေဂ်ာင္ကု"
"ဒါဆို ဘာလို႔လာေနေသးတာလဲ။ ေဖေဖနဲ႔ဆုံရင္ ကြၽန္ေတာ့္မွာစကားအေကာင္းေျပာစရာမ႐ွိတာ ေဖေဖမသိလို႔လား"
သားျဖစ္သူ၏ဂ်စ္ကန္ကန္စကားအဆုံးတြင္ သူ သက္ျပင္းသာခ်လိုက္မိသည္။
"ေကာင္းၿပီေလ၊ ဒါဆို ေဖေဖျပန္ပါ့မယ္။ လိုအပ္တာ႐ွိရင္ ေဖေဖ့ကိုအေၾကာင္းၾကားလိုက္ေနာ္"
ႏႈတ္ဆက္စကားေျပာၿပီး ေဂ်ာင္ကု၏အေဖက အခန္းထဲမွျပန္ထြက္မည္အလုပ္ တံခါးဖြင့္ဝင္လာသည့္ဟိုေဆာ့ႏွင့္ဆုံသြား၏။ ျမင္႐ုံနဲ႔တင္ ႐ိုး႐ွင္းေအးခ်မ္းမႈအျပည့္႐ွိသည့္ဆရာဝန္ေလးက သူ႕ကိုခ်က္ခ်င္းအ႐ိုေသေပးကာ ႏႈတ္ဆက္၏။
"ကိုကိုရာ ၾကာလိုက္တာ၊ ကြၽန္ေတာ္က ေတြ႕ခ်င္လြန္းလို႔ေစာင့္ေနတာကို"
ခုတင္ေပၚမွေကာင္ေလးထံသို႔ စုပုံက်ေရာက္သြားေသာအၾကည့္မ်ားသည္ အဓိပၸာယ္မ်ားစြာကြဲလြဲေန၏။ ဟိုေဆာ့သည္ေတာ့ လူႀကီးေ႐ွ႕တြင္ ေဂ်ာင္ကုအား အေျပာအဆိုဆင္ျခင္ဖို႔ သတိေပးသည့္မ်က္လုံးမ်ားျဖစ္ေသာ္လည္း ေဂ်ာင္ကု၏ဖခင္သည္ေတာ့ အေျခအေနကိုသေဘာေပါက္နားလည္သြား၍ မသိမသာျပဳံးသြားသည့္မ်က္လုံးမ်ားသာ။
ဟိုေဆာ့ တံခါးေ႐ွ႕မွဖယ္ေပးေတာ့ ေဂ်ာင္ကု၏ဖခင္က ခ်က္ခ်င္းမသြားေသးပဲ ဟိုေဆာ့ကိုတစ္ခ်က္ၾကည့္ကာ ျပဳံးျပ၏။ ၿပီးမွ ခုတင္ေပၚထိုင္ေနသည့္သားကိုလွမ္းၾကည့္ကာ...
"သားလက္ထပ္မယ့္သူက ဘယ္သူပဲျဖစ္ျဖစ္ ေဖေဖကန္႔ကြက္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ေဖေဖနဲ႔မိတ္ဆက္ေပးဖို႔ေတာ့ ေခၚလာခဲ့အုန္းေပါ့"
အဓိပၸာယ္မ်ားစြာပါဝင္ေနသည့္စကားမ်ားကိုေဂ်ာင္ကု တိက်စြာနားလည္လိုက္ရၿပီးေနာက္ သူ႕ရင္ထဲ လိႈက္ခနဲေပ်ာ္႐ႊင္သြား၏။ တစ္ဆက္တည္းျပဳံးလိုက္မိသည့္အျပဳံးဟာၾကာ႐ွည္မခံလိုက္။ နဖူးတည့္တည့္အေတာက္ခံလိုက္ရသည့္နာက်င္မႈေၾကာင့္ ေဂ်ာင္ကုမ်က္ႏွာႀကီး႐ႈံ႕မဲ့သြားေလ၏။
"အား! ကိုကိုရာ၊ နာတယ္ေလ"
ကိုယ္နဖူးကိုယ္လက္ႏွင့္ပြတ္ကာ ညည္းညဴလာသည့္ေဂ်ာင္ကုက မ်က္ႏွာငယ္ေလးျဖင့္။
ေဂ်ာင္ကု၏ဒဏ္ရာက အေတာ္ေလးသက္သာလာၿပီး မနက္ဆိုပဲခ်ဳပ္႐ိုးေျဖရေတာ့မည္ျဖစ္သည္။ ဟိုေဆာ့တစ္ဖက္ကစိတ္ေအးရေသာ္လည္း က်န္းမာေရးေလးေကာင္းတာနဲ႔လူေ႐ွ႕မေ႐ွာင္၊သူေ႐ွ႕မေ႐ွာင္ ပါးစပ္ေရာ၊လက္ေရာအၿငိမ္မေနသည့္ေဂ်ာင္ကုေၾကာင့္ သူ႕မွာမ်က္ႏွာပူရေပါင္းမနည္းေတာ့။ အခုလည္း အေဖေ႐ွ႕မွာမွ ေ႐ွ႕မၾကည့္၊ေနာက္မၾကည့္ သူ႕ကို "ကိုကို"လို႔ေခၚလိုက္သည့္ေဂ်ာင္ကုက ထိုကဲ့သို႔ ထိန္းမႏိုင္၊သိမ္းမႏိုင္သည့္ေကာင္ေလးမ်ိဳး။
"မင္းကေလ၊ ကိုယ့္အေဖေ႐ွ႕မွာေတာ့ နည္းနည္းပါးပါးဆင္ျခင္မွေပါ့"
ဟိုေဆာ့က ေဂ်ာင္ကုႏွင့္လြတ္သည့္ခုတင္စြန္းတြင္ဝင္ထိုင္လိုက္ကာ စင္ေပၚမွခြာလက္စပန္းသီးကိုယူကာ ဆက္ခြာေနသည္။ စီးပြားေရးရာတြင္နာမည္ႀကီးသည့္ေဂ်ာင္ကု၏အေဖကို ဟိုေဆာ့ မဂၢဇင္းေတြထဲမွာျမင္ဖူးထားေပမယ့္ အျပင္မွာဆုံရသည္ကေတာ့ ဒီတစ္ႀကိမ္ကပထမဆုံးပင္။ စိတ္လႈပ္႐ွားတာမ်ိဳးမျဖစ္ေသာ္လည္း ေဂ်ာင္ကု၏လုပ္ရပ္ေၾကာင့္ သူ႕မွာမ်က္ႏွာထားစရာေနရာမ႐ွိျဖစ္ရသည္။
"ေဖေဖ့အေၾကာင္း ကိုကိုမသိလို႔ပါ၊ ေဖေဖကအားေန ကြၽန္ေတာ့္ကိုမိန္းမေပးစားဖို႔ပဲၾကံေနတာ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္မူပိုင္႐ွင္ကဘယ္သူဆိုတာကို တစ္ခါတည္းအေကာင္လိုက္ျပလိုက္တာ"
"မင္းကိုေတာ့ ေျပာမႏိုင္ဘူး"
စကားတတ္လြန္းသည့္ေ႐ွ႕ေနေလးအား ျပန္ေခ်ပဖို႔မတတ္ႏိုင္ေတာ့သည္မို႔ ဟိုေဆာ့ သေဘာက်စြာရယ္ရင္း ပန္းသီးကိုသာဆက္ခြာေနသည္။
ေဂ်ာင္ကုကေတာ့ ဟိုေဆာ့ခြာေနသည့္ပန္းသီးကို သရည္တမွ်ားမွ်ားနဲ႔ၾကည့္ေန၏။ သူ႕မွာ ျပဳစုေပးမယ့္ ကိုယ္ပိုင္ဆရာဝန္ေလး႐ွိတာေၾကာင့္ အကူသူနာျပဳေလးကိုပင္ ျပန္လႊတ္ထားသည္။ မနက္ကအြန္းဝူဝယ္လာသည့္ပန္းသီးေတြကိုစားဖို႔ခြာေနရင္း ေဖေဖေရာက္လာတာေၾကာင့္ သူဆက္မခြာျဖစ္ေတာ့။ သူမ်ားေတြေနမေကာင္းျဖစ္ရင္ဘာကိုအာသီသေတာင့္တၾကလဲမသိ။ ေဂ်ာင္ကုကေတာ့ ေဆး႐ုံေရာက္တဲ့သုံးရက္စလုံး ေန႔စဥ္ရက္ဆက္ ပန္းသီးအစားမျပတ္ေပ။
"အာ~"
ဟိုေဆာ့ ပန္းသီးေလးေတြကိုအေနေတာ္စိတ္ၿပီးသည္ႏွင့္ အေ႐ွ႕တည့္တည့္မွသံ႐ွည္ဆြဲကာထြက္လာေသာအသံ။ ကေလးေတြလိုပါးစပ္ႀကီးဟကာ ပန္းသီးေတာင္းေနသူက ခြံ႕ေကြၽးပါဆိုသည့္သေဘာ။ ဒဏ္ရာတာကဗိုက္ျဖစ္ပါေသာ္လည္း အေကာင္းတိုင္း႐ွိေနသည့္လက္ေတြကိုအသုံးမျပဳပဲ လူလည္က်ေနသည့္ေဂ်ာင္ကုကို ဟိုေဆာ့ အျမင္ကတ္သြားသည္။
ပန္းသီးစိတ္တစ္ခုကိုယူၿပီး ေဂ်ာင္ကုအားခြံ႕မည္ျပင္လိုက္ၿပီးမွ သူ႕ပါးစပ္ထဲထည့္ဝါးလိုက္ေတာ့ ေဂ်ာင္ကုထံမွ ဟာခနဲအသံထြက္လာ၏။
"ကိုကိုကလည္းဗ်ာ အဲ့လိုမညစ္ပတ္ပါနဲ႔။ ကြၽန္ေတာ္မနက္ကတည္းက ပန္းသီးစားခ်င္ေနတာ"
"ဒါဆိုလည္း ကိုယ့္ဘာသာယူစားေပါ့။ မင္းဒဏ္ရာရတာ လက္မွမဟုတ္ပဲ"
ထိုသို႔ေျပာေတာ့ ေဂ်ာင္ကုက သြားတန္းေတြေပၚသည္အထိ အားရပါးရျပဳံးလိုက္ၿပီး မ်က္လုံးဝိုင္းေတြက တစ္ခုခုကိုေတာင္းဆိုသလို အရည္လဲ့သြား၏။
"ကြၽန္ေတာ္က ကိုကိုေကြၽးတာပဲ စားခ်င္တာ၊ အာ~"
လက္မေလွ်ာ့ပဲထပ္ေတာင္းေနသည့္ေဂ်ာင္ကု၏ပါးစပ္ထဲသို႔ ေနာက္ထပ္ပန္းသီးစိတ္တစ္စိတ္က ဝင္မလာခဲ့ေပ။ ကိုယ္တိုင္ယူစားရင္ရရဲ႕သားနဲ႔ဂ်စ္တိုက္ေနသည့္ ပန္သီးခ်င္ခ်င္းတက္ေနသူကို ဟိုေဆာ့ အျမင္ကတ္ကတ္ႏွင့္ တစ္စိတ္ၿပီးတစ္စိတ္သာ ယူစားျပေနလိုက္သည္။
"ပန္းသီးေလးက ခ်ိဳေနတာပဲ၊ စားလို႔ေကာင္းမွေကာင္း"
ေဂ်ာင္ကုကိုစေနာက္ခ်င္၍ ဟန္ပန္အျပည့္ႏွင့္ေျပာလာသည့္ဟိုေဆာ့၏စကားသံက ရယ္သံစြတ္ေနသည္။ ေနာက္ဆုံးေတာ့ ေဂ်ာင္ကုတစ္ေယာက္သည္းမခံႏိုင္ေတာ့ပဲ ပန္းကန္ထဲကပန္းသီးေတြကိုယူစားမယ့္အစား ပန္းသီးဝါးလို႔တလႈပ္လႈပ္ျဖစ္ေနသည့္ႏႈတ္ခမ္းပါးေတြကို သူ၏ႏႈတ္ခမ္းႏွင့္ဖိကပ္လိုက္သည္။
အရင္လိုမ်က္လုံးမမွိတ္မထားသည္မို႔ တအံ့တဩျပဴးက်ယ္သြားသည့္မ်က္လုံးၾကည္ေတြကို ေဂ်ာင္ကု တစ္ခ်က္ၾကည့္ၿပီးမွ မ်က္ခြံေတြကိုမွိတ္ခ်လိုက္၏။ ႐ုန္းထြက္ဖို႔ျပင္ေနသည့္ခႏၶာကိုယ္ေလးကို ေဂ်ာင္ကု ပုခုံးႏွစ္ဖက္ကေနထိန္းဖမ္းလိုက္ကာ ၿငိမ္က်သြားသည့္ႏႈတ္ခမ္းပါးေလးကို စုပ္ယူနမ္း႐ိႈက္မိေတာ့ ပန္းသီး၏အရသာႏွင့္အတူ သူ႕အာ႐ုံကိုလႊမ္းမိုးသြားသည့္ ထူးကဲသည့္အခ်ိဳဓာတ္။
ႏႈတ္ခမ္းေတြကိုဖိကပ္ထားရာမွျပန္လႊတ္မိေတာ့ အံ့ဩစြာျပဴးက်ယ္ေနသည့္မ်က္လုံးေတြဟာ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္လ်က္ သူ႕အၾကည့္ကိုေ႐ွာင္လႊဲသြား၏။
"မင္း ဖယ္!"
ပါးမို႔ေလးေတြမသိမသာနီရဲလာသည့္ဟိုေဆာ့က မေနတတ္စြာေဂ်ာင္ကုကိုတြန္းဖယ္ေတာ့ ေဂ်ာင္ကုက အသာတၾကည္လႊတ္ေပးသည္။ ၿပီးမွပန္းကန္ထဲမွပန္းသီးတစ္စိတ္ကို ေဂ်ာင္ကုထံကမ္းေပးရင္း
"ေရာ့၊ ပန္းသီးစားခ်င္ရင္ ပန္းသီးပဲစား"
ေခါင္းမေဖာ္တမ္းပန္းသီးကမ္းေပးေနသူေၾကာင့္ ေဂ်ာင္ကု အသည္းယားစြာျပဳံးမိရင္း ပန္းသီးကိုလွမ္းယူလိုက္သည္။ ထိုပန္းသီးကိုလက္ထဲကကိုင္ထားလ်က္ပင္ ေခါင္းငုံထားသူ၏နီရဲရဲနား႐ြက္ဖ်ားေလးနားသို႔တိုးသြားလိုက္၏။
"ခုနက ပန္းသီးကေလ ကြၽန္ေတာ္စားဖူးသမွ်ထဲမွာအခ်ိဳဆုံးပဲသိလား"
ဟိုေဆာ့ ေခါင္းေမာ့ၾကည့္မိေတာ့ ၿပီတီတီအျပဳံးႏွင့္အတူ ပန္းသီးဝါးေနသည့္ေဂ်ာင္ကုက သူ႕ကိုၾကည့္မေန။ လုပ္ခ်င္တာလုပ္ၿပီးသူမဟုတ္သလိုေနေနသည့္ေဂ်ာင္ကုကို ဟိုေဆာ့ မၾကည္ေတာ့ဘဲ ပန္းသီးပန္းကန္ကိုစင္ေပၚသို႔လွမ္းတင္လိုက္ကာ ခုတင္ေပၚမွထလိုက္၏။
"ကိုကို ဘယ္သြားမလို႔လဲ"
"႐ုံးခန္းျပန္မလို႔"
မာဆတ္ဆတ္ေလသံေလးက စိတ္ဆိုးသြားမွန္းသိသာတာမို႔ ေဂ်ာင္ကု စပ္ၿဖဲၿဖဲျဖစ္ေနသည့္မ်က္ႏွာပိုးကိုခ်က္ခ်င္းသတ္လိုက္ရသည္။ သူ႕ကိုကိုက အေျပာႏွင့္အလုပ္သိပ္ညီတာမို႔။
"မျပန္ပါနဲ႔အုန္း ကိုကိုကလည္း၊ ဒီမွာကြၽန္ေတာ္တစ္ေယာက္တည္းေနရတာပ်င္းစရာႀကီး"
"ပ်င္းလည္းေနခဲ့။ ငါကေတာ့ျပန္မွာပဲ"
"အား!!"
ဟိုေဆာ့ ခုတင္နားမွေျခတစ္လွမ္းခြာလိုက္သည္ႏွင့္ ေဂ်ာင္ကုက စူးစူးဝါးဝါးထေအာ္၏။ ဆရာဝန္ေလး၏ႏူးညံ့ေႏြးေထြးသည့္ႏွလုံးသားအား မည္သို႔မည္ပုံနည္းျဖင့္ ကိုင္လႈပ္ရမည္ကို ေဂ်ာင္ကု အသိဆုံးျဖစ္သည္။
"ေဂ်ာင္ကု ဘာျဖစ္လို႔လဲ!"
မ်က္လုံးစုံမွိတ္ကာအံ့ႀကိတ္ထားသည့္ေဂ်ာင္ကုကိုၾကည့္ၿပီး ဟိုေဆာ့မွာ အျပာျပာအယာယာ။
"ဒဏ္ရာက...ဒဏ္ရာက..."
"ဒဏ္ရာက နာလာလို႔လား၊ ဆရာဝန္ေခၚလိုက္ရမလား"
ေဂ်ာင္ကု၏ပုခုံးတစ္ဖက္ကိုလွမ္းကိုင္ကာ စိတ္ပူစြာေမးလားသည့္ဟိုေဆာ့ေၾကာင့္ ေဂ်ာင္ကုက ေခါင္းငုံ႔ထားရင္း ခိုးျပဳံးေနသည္။ ၿပီးမွ သူ႕ႏွင့္အနီးဆုံးသို႔ေခါင္းငုံ႔ထားသည့္ဟိုေဆာ့ကို ျဖည္းျဖည္းခ်င္းေမာ့ၾကည့္ကာ မ်က္ႏွာငယ္ေလးျဖင့္...
"ဒဏ္ရာကမဟုတ္ပဲ ကြၽန္ေတာ့္ႏွလုံးသားကနာလာလို႔ပါ"
ေဂ်ာင္ကု၏စကားအဆုံးတြင္ ဟိုေဆာ့၏မ်က္ႏွာထက္မွစိတ္ပူျခင္းတို႔သည္ေဒါသအျဖစ္သို႔ေျပာင္းလဲသြားကာ ေဂ်ာင္ကုလက္ေမာင္းထက္သို႔ ဖတ္ခနဲျမည္ေအာင္႐ိုက္ခ်လိုက္၏။
"ဒါမ်ိဳးက ေနာက္စရာလား"
"ကိုကိုကျပန္မယ္ေျပာတာကို၊ မျပန္နဲ႔အုန္းေလ...ေနာ္။ ပန္းသီးေကြၽးမယ္"
ကေလးကိုမုန္႔ေကြၽးၿပီးေခ်ာ့သလိုေျပာေနသည့္ေဂ်ာင္ကုေၾကာင့္ ဟိုေဆာ့ သက္ျပင္းတစ္ခ်က္ခ်ကာ ခုတင္ေပၚျပန္ထိုင္လိုက္ရသည္။ ဒီလိုလူလည္က်တတ္တဲ့ေကာင္ေလးမ်ိဳးကို သူဘယ္လိုေၾကာင့္မ်ား ခ်စ္သူေတာ္ထားမိလဲ မသိပါ။
ေဂ်ာင္ကုတစ္ေယာက္ ဟိုေဆာ့ ထျပန္သြားမည္ဆိုး၍ လက္တစ္ဖက္ကိုဆြဲထားကာ ပန္းသီးအတင္းလိုက္ခြံ႕ေနစဥ္ အြန္းဝူက အခန္းထဲဝင္လာသည္။ ဟိုေဆာ့ကိုျမင္ေတာ့ ပုံမွန္အေနအထားႏွင့္ပင္ အ႐ိုအေသေပးႏႈတ္ဆက္ကာ ခုတင္နားေလွ်ာက္လာသည္။ ေဂ်ာင္ကုထံမွ တဖြဖြၾကားေနရသည့္ ကိုကိုဆိုေသာနာမ္စားက မည္သူမည္ဝါဆိုတာ သူသိႏွင့္ၿပီးသားျဖစ္သည္။
အြန္းဝူ အနားေရာက္လာတာေၾကာင့္ ဟိုေဆာ့က ကိုင္ထားခံရသည့္လက္ကို႐ုန္းေနေသာ္လည္း ေဂ်ာင္ကုက မလႊတ္ေပး။
"ဘယ္လိုျဖစ္တာလဲ အြန္းဝူရ၊ မနက္ကေလးတင္ျပန္သြားတာ အခုျပန္လာတယ္ဆိုေတာ့"
"မင္းကိုလုပ္ၾကံသြားတဲ့တရားခံကို စုံစမ္းလို႔ရခဲ့ၿပီ"
ေဂ်ာင္ကုလက္ထဲမွ႐ုန္းေနသည့္ ဟိုေဆာ့ပင္ၿငိမ္က်သြားကာ အြန္းဝူကိုေမာ့ၾကည့္မိသည္။ ေဂ်ာင္ကုသည္ေတာ့ ေအးေဆးတည္ၿငိမ္ေနေပမယ့္ မ်က္လုံးဝိုင္းမ်ားသည္ေတာ့ စိတ္ဝင္စားမႈမ်ားျဖင့္။
"အဲ့ေန႔ကcctvေတြအကုန္လုံးကို ငါတစ္ေခါက္ျပန္ၾကည့္လိုက္တာ သူတို႔ကိုအထြက္မွာမေတြ႕ေပမယ့္ အဝင္လမ္းေၾကာင္းကိုေတာ့ ႐ွင္း႐ွင္းလင္းလင္း႐ိုက္မိထားတယ္"
"သူတို႔ကႏွစ္ေယာက္၊ မင္းနဲ႔တိုက္မိသြားတဲ့သူကကားေမာင္းတဲ့သူပဲ။ ကားေမာင္းအထြက္ဆိုေတာ့ ဦးထုပ္ေဆာင္းထားတာေတာင္ မ်က္ႏွာက်ကို႐ိုက္မိသြားတယ္ေလ။ အဲ့ကေန ပုံရိပ္ဖမ္းၿပီး႐ွာၾကည့္ေတာ့ အဲ့တရားခံကေထာင္ထဲကထြက္လာတာမၾကာေသးတဲ့လူ...ေၾကးစားတစ္ေယာက္ပဲ"
အြန္းဝူက စိတ္႐ွည္လက္႐ွည္႐ွင္းျပေနရာမွ စကားစျဖတ္ကာ ေျပာသင့္၊မေျပာသင့္စဥ္းစားဟန္ ဟိုေဆာ့ကိုတစ္ခ်က္ၾကည့္ေတာ့ ေဂ်ာင္ကုပင္ အနည္းငယ္လန္႔သြားရသည္။
"ခိုင္းတဲ့သူကိုဆက္ၿပီးစုံစမ္းၾကည့္ေတာ့ Hwaပရိေဘာဂကုမၸဏီရဲ႕Lawfirmကလူတစ္ေယာက္ပဲ"
အြန္းဝူ၏စကားဆုံးသည္ႏွင့္ ေဂ်ာင္ကု၏လက္ထဲဆုပ္ကိုင္ထားသည့္ဟိုေဆာ့၏လက္ဖ်ားေတြရဲ႕ေအးစက္မႈကို ေဂ်ာင္ကု ထိသိခံစားလိုက္ရသည္။
"ငါ နားလည္ၿပီ အြန္းဝူ။ ေက်းဇူးပါပဲ၊ မင္းလည္းပင္ပန္းသြားၿပီ"
"ရပါတယ္၊ အဲ့ဒါေျပာခ်င္လို႔ ငါေနာက္တစ္ေခါက္ျပန္လာခဲ့တာ။ ငါျပန္ေတာ့မယ္"
ေဂ်ာင္ကု ေခါင္းညိတ္အသိမွတ္ျပဳလိုက္သည့္ေနာက္ အြန္းဝူက အခန္းထဲမွျပန္ထြက္သြားသည္။ က်န္ရစ္ခဲ့သည့္အခန္းေလးထဲတြင္ေတာ့ တိတ္ဆိတ္မႈသာလႊမ္းမိုးထားလ်က္။
ေခါင္းငုံ႔ထားေသာ္လည္း ႏြမ္းနယ္သြားသည့္မ်က္ႏွာေလးရဲ႕အဓိပၸာယ္ကို ေဂ်ာင္ကုေကာင္းေကာင္းသိေနပါသည္။ Hwa ပရိေဘာဂကုမၸဏီနဲ႔ပတ္သတ္ၿပီး သူတာဝန္ယူဖူးသည့္အမႈဟူ၍ ေဒါက္တာ့ယိုဟန္႔အေဖရဲ႕အမႈသာ႐ွိသည္။
ဟိုေဆာ့၏မ်က္ႏွာေလးကို ေဂ်ာင္ကု လက္ႏွစ္ဖက္အုပ္ကိုင္လိုက္ကာ သူႏွင့္မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။ မိႈင္းညိဳ႕ေနသည့္မ်က္လုံးေတြမွတစ္ဆင့္ ကိုကို သူ႕ကိုေျပာခ်င္ေနသည့္စကားမ်ားကို အလိုလိုနားလည္ရပါ၏။
"တရားခံလည္းသိေနၿပီးပဲ၊ ဘာမွေလွ်ာက္မေတြးနဲ႔ေနာ္၊ ကိုကိုနဲ႔ဘာမွမဆိုင္ဘူး"
စိတ္သက္သာရာရေအာင္ႏွစ္သိမ့္ေပးေနသူ၏ရင္ခြင္ထဲသို႔ ဟိုေဆာ့ တိုးဝင္လိုက္မိ၏။
Hwaပရိေဘာဂကုမၸဏီ၏အမႈအတြက္ ေဂ်ာင္ကုကိုအၿငိဳးထား၍လုပ္ၾကံျခင္းဆိုလွ်င္ ထိုသို႔အႏၲရာယ္မ်ားတဲ့အမႈမ်ိဳးနဲ႔ဆက္ႏြယ္မိေအာင္ ေဂ်ာင္ကုအားအကူအညီေတာင္းခဲ့သူက သူကိုယ္တိုင္ပင္။ သူေၾကာင့္ပင္ ေဂ်ာင္ကု ယခုကဲ့သို႔ အသက္အႏၲရာယ္နဲ႔ရင္ဆိုင္ရသည္အထိျဖစ္ခဲ့ရျခင္းသာ။ သို႔ေပမယ့္ သူ႕ခံစားခ်က္ေတြကို နားလည္ႏွင့္ၿပီးသားထိုေကာင္ေလးက အျပဳံးတစ္ပြင့္ႏွင့္ ဘာမွမျဖစ္သလိုႏွစ္သိမ့္ေပးေန၏။
ဆက္ဆံေရးတစ္ခုမွာ ခိုင္ၿမဲမႈဆိုတဲ့တံတားကိုတည္ေဆာက္ဖို႔ နားလည္မႈအုတ္ျမစ္သည္ ဘယ္လိုဆိုး႐ြားမႈမ်ိဳးကိုမဆို ခံႏိုင္ရည္႐ွိစြာတည္တံ့ရန္သာလို၏။
* * * * *
16.03.2022
.................