My Master (Completed) (Z+U)

By Aeri-Berry

28.9K 2.1K 125

သူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျ... More

My Master-1 (Z+U)
My Master-2 (Z+U)
My Master-3 (Z+U)
My Master-4 (Z+U)
My Master-5 (Z+U)
My Master-6 (Z+U)
My Master-7 (Z+U)
My Master-8 (Z+U)
My Master-9 (Z+U)
My Master-10 (Z+U)
My Master-11 (Z+U)
My Master-12 (CY's POV) (Z+U)
My Master-13 (Z+U)
My Master-14 (Z+U)
My Master-15 (Z+U)
My Master-16 (Z+U)
My Master-17 (Z+U)
My Master-18 (Z+U)
My Master-19 (Z+U)
My Master-20 (Z+U)
My Master-21 (Z+U)
My Master-22 (Z+U)
My Master-23 (Z+U)
My Master-24 (Z+U)
My Master-25 (Z+U)
My Master-26 (Z+U)
My Master-27 (Z+U)
My Master-28 (Z+U)
My Master-29 (Z+U)
My Master-31 (Z+U)
My Master-32 (Z+U)
Finale
ကျေးဇူးတင်လွှာ
Extra (Christmas Special)
Notice ❗❗❗

My Master-30 (Z+U)

644 40 0
By Aeri-Berry

(Unicode)

ဒီနေ့လည်း တနင်္ဂနွေမလို့ အိပ်ရာအေးဆေးမှထဖြစ်သည်။ ခါတိုင်းနဲ့မတူသည်ကတော့ နွေးထွေးတဲ့ရင်ခွင်ထဲကနေ ကျနော်နိုးထလာရခြင်းဖြစ်သည်။ မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျနော်အလိုအလျောက်ပြုံးမိသွားသည်။ Yeolရင်ခွင်သည်တကယ်ပင်နွေးထွေးလွန်းနေပြီး ကျနော့်ကိုနှစ်ခြိုက်စွာအိပ်မောကျစေခဲ့သည်။

အိပ်ပျော်နေဆဲဖြစ်သော Yeolရဲ့မေးဖျားကိုအနမ်းတစ်ပွင့်ပေးပြီးနောက် Yeolမနိုးစေရန် ကျနော်အသာအယာပင်ထလိုက်သည်။မျက်နှာသစ်သွားတိုက်ပြီး မီးဖိုချောင်ထဲမနက်စာပြင်ဆင်နေတုန်း ကျနော်ခါးကိုလက်တစ်စုံကသိုင်းဖက်လာခဲ့သည်။

"ကိုယ်မသိအောင်ထသွားတယ်ပေါ့" ဆွဲဆောင်မှုများဖြင့်စီခြယ်ထားသည့် အသံဩရှရှတစ်ခုက ကျနော်နားထဲစီးဝင်လာပြီးနောက် ကျနော်နားဖျားပေါ်သခင်လေးက သူ့နှုတ်ခမ်းဖြင့်ပွတ်ဆွဲလာသဖြင့် ကျနော်ကြက်သီးထသွားကာပခုံးတွန့်မိသွားသည်။

"Yeolအိပ်ရေးပျက်မှာစိုးလို့ပါ "

သခင်လေးကကျနော့်ပခုံး‌ေပါ်ခေါင်းလေးတင်လာကာ

"Hyun ကြောင့်မလို့ကိုယ်တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပါတယ် "

"Hyunက Yeolတစ်ညလုံးHyunရင်ခုန်ပြီးအိပ်မပျော်ဘူးထင်နေတာ "

"ရင်ခုန်တာကရင်ခုန်တာလေ အိပ်ပျော်တာကအိပ်ပျော်တာပဲ  "

"မနက်ရောက်တာနဲ့ မျက်စိကိုအက်ဆစ်န့ဲပက်ခံလိုက်ရသလို မျက်စိကန်းစရာတွေလုပ်ကြပြီ ဒီအတွဲတော်တော်ဆိုး "
သခင်လေး Sehunက ညအိပ်ဝတ်စုံနက်ပြာဝတ်ပြီး Luhanနဲ့အတူမီးဖိုခန်းထဲဝင်လာကြသည်။

"မင်းတို့တစ်တီတူးတာလည်းတစ်တီတူးတာပေါ့ မနက်စာတော့နောက်မကျချင်ဘူး ငါ့ကောင်တို့ " KyungSoo Hyungကပါ ညီးညီးညူညူပြောလာတော့မှ ကျနော်နဲ့ Yeolကရီလိုက်ကာ လူချင်းခွာလိုက်ကြသည်။

မနက်စာပြင်ပြီးတော့ ထမင်းစားပွဲမှာအတူတူထိုင်ကြကာ မနက်စာကိုလူစုံတစ်စုံစားကြသည်။

"Hyun နေ့လယ်အတွက်ဘာချက်မှာလဲ "

"မပြောတတ်သေးဘူး Yeolဘာစားချင်လဲ  "

"အမလေး Yeolနဲ့ Hyunတွေနဲ့ပြောပြီးရိုနေကြပြန်ပြီ Jonginရေ ငါ့ကိုဒီကနေခေါ်ထုတ်သွားပါတော့ "
KyungSoo Hyungက ထုံးစံအတိုင်းနယ်ဘက်ရောက်နေမယ့် Jonginကိုလှမ်းတသည်။

"ဝက်သားချိုချဉ်ကြောစားချင်တယ် Hyun "

"ရပါ့ အိမ်မှာဝက်သားရှိပြီးသားပဲ "

"သခင်လေး Sehunရောဘာစားချင်လဲ ကျနော်လုပ်ကျွေးမယ်လေ "
Luhanကကျနော်တို့ကိုအားကျမခံဘဲ သခင်လေး Sehunကိုလှမ်းမေးသည်။

"Lu Hyungချက်တာဘာမဆိုစားကောင်း‌ေပမယ့် ပဲငါးပိဟင်းရည်သောက်ချင်တယ် "

"အိုခေဗျာ ကျနော့်သခင်လေးကိုလုပ်ကျွေးရမှာပေါ့ "

"ငါဟာ ဒီထမင်းဝိုင်းမှာလူပိုကြီးပဲ တတိယလူ...မှားလို့...ပဉ္စမလူဖြစ်နေတာပဲ ဘယ်မလဲ ငါ့အတွက်တရားမျှတမှု" KyungSoo Hyungကလေပူကြီးမှုတ်ထုတ်ကာ လောကကြီးကိုစိတ်ပျက်သွားသည့်ပုံစံဖြင့်ပြောလာသည်။

" ပူးဝါး Hyungလေး ဟားဟာဟား Jongin Hyungရေ KyungSoo Hyungကိုလာကယ်တင်ပေးပါဦး"

"Park Sehun!!! ငါ့ကိုမရီနဲ့စမ်း "

"မရဘူး ပြောမှာပဲ "

ကျနော်တို့ရဲ့မနက်ခင်းလေးသည် တကယ်ပင်ပျော်စရာကောင်းတာအမှန်။

နေ့လယ်စာအတွက် ကျနော်ကအသားတွေလှီးနေရင်း Luhanကစကားစလာသည်။Yeolနဲ့သူ့ညီကတော့ ဧည့်ခန်းမှာ။

"မနေ့ညကဘယ်လိုလဲ Baekhyun"

"အရမ်းအဆင်ပြေ"
Luhanကငါမပြောဘူးလားဆိုတဲ့ မျက်နှာပေးနဲ့ပြန်ကြည့်လာလေသည်။

နေ့လယ်စာကို ကျနော်ချက်ထားတဲ့ ဝက်ချိုချဉ်ကြော်နဲ့ Luhanချက်ထားတဲ့ ပဲငါးပိဟင်းရည်အားပါးတရစားဖြစ်သည်။

"Yeolသွားချင်တဲ့နေရာရှိလား "

"ကိုယ်တို့ ဒိတ်ရအောင် Hyun "

"ဟုတ်ပြီလေ Hyunအဝတ်သွားလဲလိုက်ဦးမယ် "

နှစ်ယောက်လုံးအဝတ်လဲပြီးထွက်လာတော့ အံ့ဩစရာဖြစ်ရသည်။ ကျနော်တို့နှစ်ယောက်လုံးသည်တိုင်ပင်ထားခြင်းမရှိဘဲ စုံတွဲဝတ်အဝါရောင် Hoodieလေးတွေကိုဝတ်လာကြသည်။ ဒီစုံတွဲဝတ် Hoodieတွေက သခင်လေးSehun ကျနော်တို့ကိုလက်ဆောင်ပေးထားခြင်းဖြစ်သည်။

"Hyunဒါဝတ်လာမယ်လို့ ကိုယ်မထင်ထားမိဘူး "

"Yeolလည်းဒါဝတ်မယ်လို့တကယ်မထင်တာ "

ကြည့်ရတာ တကယ်ပဲကျနော်တို့က ဖူးစာဖက်အမှန်တွေထင်သည်။

"မင်းတို့ဘယ်တုန်း "
ဧည့်ခန်းထဲထိုင်ပြီး တီဗီကြည့်နေတဲ့ KyungSoo Hyungက လှေကားပေါ်ကဆင်းလာတဲ့ကျနော်တို့ကို မြင်တော့မေးလာသည်။

"ဒိတ်ကြမလို့ "

"ဖြေးဖြေးသွားကြဦး "

"ဟုတ် "

ကားပေါ်တက်ပြီး Yeolကကျနော့်ကိုခါးပတ်ပတ်ပေးပြီးနောက်

"Hyun ဘယ်သွားချင်လဲ "

"ကစားကွင်းသွားရအောင် "

ကျနော့်စကားအတိုင်း Yeolက ကစားကွင်းဆီကိုမောင်းပေးလာသည်။ အလုပ်ပိတ်ရက်မလို့ ကစားကွင်းကအရမ်းစည်ကားနေသည်။

"Hyunဘာစီးချင်လဲ "

Yeolကမေးလာတော့ ပင်လယ်ဓားပြသင်္ဘောကြီးကိုကျနော်လက်ညိုးထိုးပြလိုက်သည်။
"Hyunမူးမယ်ထင်တယ် "

"ရတယ် ကျနော်တခါမှမစီးဖူးဘူးလေ "
Yeolကစိတ်မကောင်းဟန်ဖြစ်သွားပြီးနောက်
"ဒါဆိုလည်းစီးကြတာပေါ့ "

တကယ့်တကယ်တမ်းကျနော်စီးချင်ခဲ့တာ အမှန်ဖြစ်ပေမယ့် စီးပြီးတဲ့အခါမှာတော့ ကျနော်ခေါင်းမူးပြီးထိုးအန်တော့သည်။

"Hyun အဆင်ပြေလား " အန်နေတဲ့ကျနော်ကျောပေါ်ကို Yeolကအသာပုတ်ပေးပြီး မေးလာတော့

"ရတယ် Yeol "

"ဒီခုံတန်းမှာခဏထိုင်စောင့်နေနော် ကိုယ်သံပုရာရည်သွားဝယ်ပေးမယ် "

ခဏကြာတော့ Yeolကသံပုရာရည်တစ်ခွက်ကိုကိုင်ကာပြန်ရောက်လာသည်။

"Hyun သောက်လိုက်ဦး ရော့ "

Yeolပေးလာတဲ့ ခပ်ချဉ်ချဉ်သံပုရာရည်လေးကိုသောက်လိုက်ကာ ကျနော့်ခေါင်းတွေတော်တော်ကြည်လာသည်။

"အိမ်ပြန်ကြမလား Hyun "

"ဟင့်အင်း ရှားရှားပါးပါးဒိတ်လေးကိုအပျက်မခံနိုင်ဘူး "

"ဒါဆိုလည်း Hyunသဘောပါ "

အမူးပြေအောင်နားပြီးနောက်မှာတော့

"Yeol ကျနော်တို့သရဲအိမ်ဝင်ရအောင် "
ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ သရဲအိမ်ကိုလက်ညိုးထိုးပြီးပြောမိတော့

"Hyun သဘောပါ "တဲ့

သရဲအိမ်ထဲဝင်တော့လည်း ဖင်တုန်အောင်ကြောက်သည်မှာကျနော်ပင်ဖြစ်ပြန်သည်။
ဗိုက်ကနေအူတွေထွက်နေတဲ့ သရဲကောင်ကိုမြင်တဲ့အခါမှာတော့ Yeolရင်ခွင်ထဲခေါင်းအပ်ကာကျနော်ငိုမိတော့သည်။

"အပြင်ထွက်ရအောင် Yeol "

"ကိုယ့်ရင်ခွင်ထဲနေနော် ကိုယ်အပြင်ထုတ်ပေးသွားမယ် "

Yeolရဲ့ရင်ခွင်ထဲခေါင်းအပ်ရင်း Yeolခါးကိုတင်းတင်းဖက်ထားမိသည်။ Yeolကအတည့်အတိုင်းလျှောက်ပြီး ကျနော်ကတော့နောက်ပြန်ပုံစံမျိုးလမ်းလျှောက်ရသည်။

Yeolရင်ခွင်သည် တကယ်ပင်လုံခြုံလွန်းလှသည်။ စည်းချက်ကျကျကခုန်နေသော နှလုံးသားတေးသံတွေကိုနားထောင်မိတော့ သရဲအိမ်ထဲရောက်နေတယ်ဆိုတာလည်း မသိတော့။ သရဲအော်သံတွေလည်းမကြားနိုင်တော့။ နှစ်ယောက်ထဲသာရှိနေမယ့် ကမ္ဘာသစ်တစ်ခုထဲစုန်းစုန်းမြှုပ်သွားကာ အပြင်ဘယ်လိုရောက်မှန်းမသိတော့။

"Hyun မျက်လုံးဖွင့်လို့ရပြီ "

Yeolရင်ခွင်ထဲကခေါင်းခွာကာ မော့ကြည့်မိတော့ ပါးချိုင့်နက်နက်တွေထင်းနေအောင်ပြုံးပြီး ကျနော့်ကိုကြည့်နေတဲ့ ကျနော်ချစ်ရသူ Yeol။

"အကြောက်ပြေပြီလား "

ကျနော်လည်းပုတ်သင်ညိုလိုခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြကာ

"ပြေပြီ Yeol "

"Hyunဘယ်သွားဦးမလဲ "

"ကစားကွင်းထဲတော့မနေချင်ဘူး "

"ပန်းခြံသွားကြမလား "

"သွားကြတာပေါ့ "

……………………

ဒီလိုနဲ့ Baekhyunနဲ့ကျနော် ပန်းခြံလေးဆီကားကိုဦးတည်မိသည်။

"Hyun ကိုယ်တို့ပန်းခြံထဲမှာထိုင်ဖို့ဖျာတစ်ချပ်လောက်ဝယ်သွားရအောင် "

"ဟုတ်ပြီလေ Yeol "
လမ်းမှာတွေ့တဲ့ စတိုးဆိုင်တစ်ခုကိုဝင်ပြီး ဖျာရယ်၊Sandwichရယ်၊ ကိုလာဘူးတွေရယ်ဝယ်လာလိုက်သည်။

ပန်းခြံဆီရောက်တော့ သစ်ပင်တစ်ပင်အောက်မှာဖျာကိုခင်းပြီး ကျနော်တို့ထိုင်လိုက်ကြသည်။ကျနော်‌သစ်ပင်ကိုမှီပြီးခြေဆင်းထိုင်လိုက်တော့ Hyunကကျနော့်ပုခုံးပေါ်ခေါင်စလေးမီလာသည်။

"ဒီဒိတ်လေးကိုသဘောကျလိုက်တာ "

"ကိုယ်ရောပဲ Hyun "

ပိတ်ရက်မလို့ပန်းခြံထဲမှာလည်းလူတွေစည်ကားနေသည်။

ပန်းရောင်ဂါဝန်လေးဝတ်ပြီးပူစီဖောင်းမှုတ်နေတဲ့ကလေးမလေးရယ်၊
Cotton Candyကိုတယောက်တလှည့်ခွံ့ကျွေးနေတဲ့စုံတွဲလေးရယ်၊
သစ်ပင်ကိုမှီပြီး သားလေးကိုတလှည့် မိန်းမဖြစ်သူကိုတလှည့် ရေညှိထမင်းလိပ်ခွံ့ကျွေးနေတဲ့မိသားစုလေးရယ်၊ ပန်းခြံထဲတယောက်ကိုတယောက်ထိန်း‌ေပးရင်းလမ်းလျှောက်‌ေနတ့ဲအဘိုးအဘွားစုံတွဲရယ်၊
သစ်ပင်ကိုမှီပြီး ထိုမြင်ကွင်းတွေကိုငေးမောနေကြတဲ့ ကျနော်နဲ့ Hyunရယ်ကြောင့် ဒီကမ္ဘာကြီးကအနှိုင်းမဲ့လှပကြောင်းလက်ခံမိသည်။

"တကယ်ကြည်နူးစရာတွေပဲနော် Yeol "

"ဟုတ်တယ် ကိုယ်တကယ်ဒီအခိုက်အတန့်‌ေလးကိုမြတ်နိုးမိတယ် "

"ဒီလိုမျိုးလေးပဲနေသွားကြရအောင် Yeolလည်းလက်မှာသွေးစွန်းမယ့်အလုပ်တွေမလုပ်နဲ့"

"ကိုယ်ကတိပေးပါတယ် Hyun"

"ဒီလိုကျတော့လည်း Hyunတို့ကအသက်30ကျော်တွေမဟုတ်ဘဲ 16နှစ်ကိုပြန်ရောက်သွားသလိုပဲနော် လတ်ဆတ်နုပျိုသွားသလိုပဲနော် Yeol "

"ဟင့်အင်း ကိုယ်ကတော့ 16နှစ်မဖြစ်ချင်ဘူး "

"ဒါဆိုဘယ်နှနှစ်ဖြစ်ချင်တာလဲ "

"18နှစ် "

"ဘာလို့ 18နှစ်လဲ Yeol "

ကျနော်လည်းသူ့ဘက်ခေါင်းလေးအသာစောင်စလိုက်ကာ နှစ်ကိုယ်သာကြားနိုင်သောလေသံလေးနဲ့

"18နှစ်ဆိုမှ Hyunနဲ့ကိုယ်နဲ့ လူကြီးအလုပ်တွေလုပ်လို့ရမယ်လေ "

"‌ဒီ Park Chanyeolကတော့ "
ကျနော့်ပခုံးပေါ်ခေါင်းမှီနေရာမှထလိုက်ပြီး ကျနော့်ကိုသူ့လက်သီးလေးတွေနဲ့ထုရိုက်လာပြန်သည်။

"တကယ်ပြောတာ ကိုယ်ကလူကြီးအလုပ်ပဲလုပ်ချင်တာ "

"ဒီ Park Chanyeolနော် အရမ်းကိုအရှက်မရှိဘူး နှာဘူးကြီး "

နှာဘူးလို့အပြောခံရလည်းတန်ပါသည်။ တခါတလေ ချစ်သူလေးကိုဒီလိုကျီစယ်ရတာကိုလည်း အရမ်းကြိုက်ပါသည်။

"Sandwichစားကြရအောင် Hyun "

"Yeolခွံ့ကျွေး "

ချစ်သူလေးကိုခွံ့ကျွေးပြီး နှစ်ဦးတည်းသာသာယာယာဒိတ်ပြီးမှ အိမ်ကိုပြန်ခဲ့ကြပါတော့သည်။

ခရစ်စမတ်ကိုနောက်တဖန်ပြန်ရောက်ခဲ့ပြန်ပါသည်။
ဒီနှစ်မှာတော့ အိမ်မှာခရစ်စမတ်ပွဲတော်လေးလုပ်ဖြစ်သည်။
ကျနော်နဲ့ Hyunက အဝါဖျော့နဲ့ အညိုရင်စပ်ကြားဆွယ်တာလေးမှာမှ ခွေးကလေးသုံးကောင်ပါတဲ့စုံတွဲဆွယ်တာကိုဝတ်ထားသည်။

(Photo from Pinterest)

Jonginနဲ့ KyungSoo Hyungကတော့ အမဲအဖြူအနီစပ်ကြားဆွယ်တာမှာမှ ဆန်တာကလော့နဲ့ Merry Christmasဆိုပြီးအစိမ်းရောင်စာလုံးတွေပါတဲ့ စုံတွဲဆွယ်တာနဲ့။

(Photo from Pinterest)

Sehunနဲ့ Luhanကတော့ အစိမ်းရောင်ဆွယ်တာမှာမှ အလယ်မှာမျက်မှန်တပ်ပြီးခရစ်စမတ်ဦးထုပ်ဆောင်းထားတဲ့ သမင်ရုပ်ကြီးပါတဲ့ စုံတွဲဆွယ်တာနဲ့။

(Photo from Pinterest)

စုံတွဲဆွယ်တာကိုကိုယ်စီဝတ်ပြီး ခြံထဲမှာအိမ်အကူတွေနဲ့ ခရစ်စမတ်ပွဲတော်ကိုပျောပျော်ကြီးကျင်းပနေတုန်း ရုတ်တရက်ရောက်လာသည့်လူတစ်ယောက်ကြောင့် ပျားအုံကိုတုတ်နဲ့ထိုးလိုက်သလိုကျနော့်တို့ပျားပန်ခပ်ကုန်ကြသည်။
ရောက်လာသည့်လူက KyungSoo Hyungရဲ့ Appaဖြစ်သည်။
KyungSoo Hyungက သူ့Appaကိုမြင်တော့

"Appaရုတ်တရက်ကြီးပါလား မပြောမဆိုနဲ့ Appaလာမယ်ဆိုကျနော်လာကြိုမှာပေါ့"

Dr Dohက KyungSoo Hyungစကားကိုဘာမှပြန်မပြောဘဲ

"Kim Jongin!!! "

Jonginကအခေါ်ခံလိုက်ရတာမလို့ De Dohရှေ့ရှိနေတဲ့ KyungSoo Hyungအနားပြေးရပ်လာသည်။

"ပြောပါ "

" မင်းဟိုတလောကငါ့ဆီလာရင်း အက်စီးဒင့်ဖြစ်တာ ငါ့သားကိုပြောလား"

"အက်စီးဒင့်တဲ့လား မင်းအက်စီးဒင့်ဖြစ်ခဲ့သေးတာလား Jongin"
Dr Dohရဲ့အမေးကြောင့် KyungSoo Hyungကအံ့အားသင့်သွားကာ Jonginကိုပြန်မေးသည်။

"အက်စီးဒင့်အသေးစားလေးပါ ကျနော်ဘာမှမထိခိုက်ပါဘူး နည်းနည်းပါးပါးပွန်းပဲ့ရုံပါပဲ Hyungစိတ်ပူမှာစိုးလို့ဘာမှမပြောတာ "
ဆောင်းရာသီမလို့ ဆွယ်တာနဲ့ဘောင်းဘီရှည်တွေပဲဝတ်ဖြစ်တော့ Jonginရဲ့ပွန်းပဲ့ဒဏ်ရာတွေကိုကျနော်တို့မမြင်မိတာနေမှာ။

"Kim Jonginသေချာနားထောင် "
Jonginမှာ KyungSoo Hyungကိုထပ်ရှင်းပြမလို့ပါးစပ်ပြင်လိုက်ပေမယ့် Dr Dohဆီကစကားသံထွက်လာတာမလို့ KyungSoo Hyungကိုဘာမှထပ်မပြောလိုက်နိုင်။

"မင်းငါ့သားကိုတကယ်ချစ်တာလား "

Jonginကပြုံးပြီး KyungSoo Hyungလက်ဖဝါးကိုသူ့လက်ဖဝါးနဲ့ဆုပ်ကိုင်လိုက်ကာ
"တဘဝလုံးအတွက်ချစ်တာပါ "

"မင်းလောက်ဇွဲကောင်းတဲ့ကောင်မျိုးငါမမြင်ဖူးဘူး နှစ်နှစ်လုံးတစ်ပတ်တစ်ခါငါ့ဆီမပျက်မကွက်လာပြီး ငါ့အိမ်ရှေ့ဒူးထောက်တဲ့ကောင်ကမင်းပဲရှိမှာ "

KyungSoo Hyung Appaရှိတဲ့ နယ်ကနေ Jonginပြန်လာတိုင်း ဒူးထောက်တဲ့အရှိန်ကြောင့်ခြေထောက်တွေကိုက်ခဲနေတာမလို့ KyungSoo Hyungကအမြဲဆေးလိမ်းပေးရသည်။ အခုဆိုလျှင် Jonginဒူးမှာအသားမာတွေတောင်တက်နေပြီဖြစ်သည်။

နှစ်တစ်နှစ်မှာ ရက်သတ္တပတ်ပေါင်း 52ပတ်။
နှစ်နှစ်ဆိုရင်း 104ပတ်။

အံ့ဩဖွယ်ရာပါပဲ။ Jonginဒူးထောက်ခဲ့တာ ရက်သတ္တပတ်ပေါင်း104ပတ်နီးပါး။

"အချစ်စွမ်းအားကြောင့်ပါ "

"ငါ့သားကိုလက်ထပ်တော့ "
တုံးတိကြီးပြောလာတာမလို့ Jonginကအနည်းငယ်ကြောင်နေပြီးမှ

"တကယ်ခွင့်ပြုလိုက်ပြီလား "

"ငါ့သားလည်း အသက်34ကျော်ရှိနေပြီ မင်းလည်း31နှစ်ထဲဝင်နေပြီမလား စစချင်းကါကမင်းငါ့သားကိုစိတ်ကစားတယ်ထင်နေတာ အခုလက်ထပ်ကြတော့ "

Jonginပါးပြင်ပေါ်မှာဝမ်းသာမျက်ရည်တွေကျဆင်းလာကာ

"ကျေးဇူးတင်ပါတယ် ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ် "
KyungSoo Hyungကိုဖက်ပြီး Jonginကကျေးဇူးတင်စကားကိုထပ်တလဲလဲပြောကာ ငိုကြွေးနေခဲ့သည်။

နှင်းမှုန်တို့ကျဆင်းနေတဲ့ ဒီနှစ်ခရစ်စမတ်ညချမ်း‌ေလးက နှင်းပွင့်တို့နဲ့အပြိုင်တကယ်ကိုလှပလွန်းခဲ့ပါသည်။

~~~My Master~~~

1လပိုင်း 13ရက်နေ့။
တနည်းအားဖြင့် Jonginနဲ့ KyungSoo Hyungတို့ရဲ့လက်ထပ်ပွဲနေ့။

KyungSoo Hyungမွေးနေ့က 1လပိုင်း 12ရက်နေ့။
Jonginမွေးနေ့က 1လပိုင်း 14ရက်နေ့။

ချစ်သက်သေတည်ရာဖြစ်သော ရက်စွဲလေးဖြစ်စေရန် နှစ်ဦးလုံးက 1လပိုင်း 13ရက်နေ့ကို မင်္ဂလာနေ့ထူးနေ့မြတ်အဖြစ်ရွေးချယ်ခဲ့သည်။

"ငါရင်တွေခုန်နေတယ် "
သတို့သားနားနေခန်းထဲမှာ KyungSoo Hyungနဲ့အတူ ကျနော်နဲ့ Luhanရှိနေသည်။ ကျနော်တို့လိုပဲ Jonginအနား Yeolနဲ့သခင်လေး Sehunတို့ရှိကြမည်ဖြစ်သည်။

"ဒီလိုနေ့မှရင်မခုန်ရင် ဘယ်နေ့ရင်ခုန်မလဲ Hyung "
သတို့သားဝတ်စုံအနက်ရောင်ကိုဝတ်ထားသော KyungSoo Hyungကအမှန်တကယ်ပင်စိတ်လှုပ်ရှားပြီး နဖူးစပ်မှာချွေးတွေစို့နေသည်။

"လက်ထပ်ပွဲစတော့မယ် သား "
Dr DohကKyungsoo Hyungဆီလာတာကြောင့် ကျနော်နဲ့Luhanလည်းအလိုက်သိစွာ အခန်းထဲကထွက်ခဲ့ကြသည်။ အိမ်ထောင်ကျတော့မည့်သားကို Dr Dohလည်းမှာစရာရှိတာမှာဦးမှာပေါ့။

"ပွဲစတော့မယ် Hyun "
ခန်းမထဲဝင်လာတော့ ဘယ်ကနေပေါ်လာမှန်းမသိတဲ့ Yeolက ကျနော့်လက်တွေကိုဆုပ်ကိုင်လာသည်။

"ဟုတ်တယ် Yeol နေရာယူကြစို့ "
ဧည့်ပရိသတ်တွေအတွက်ပြင်ဆင်ပေးထားသော ခုံတွေမှာကျနော်နဲ့ Yeolနဲ့ဝင်ထိုင်လိုက်ကြသည်။
Jonginသည်လည်း အနက်ရောင်သတို့သားဝတ်စုံကိုဝတ်ဆင်လျက် ဖာသာရှေ့မှာရပ်နေသည်။ သူ့မျက်နှာထက်တွင်လည်းစိတ်လှုပ်ရှားမှုတွေပေါ်လွင်လျက်ရှိကာ သူ့လက်တွေကိုတဖက်နဲ့တဖက်ယှက်တင်လျက် ဂနာမငြိမ်ဖြစ်နေသည်။

ခန်းမတံခါးကြီးပွင့်လာခဲ့ပြီးနောက်မှာတော့ Dr Dohနဲ့ KyungSoo Hyungကဝင်လာခဲ့ပါသည်။ KyungSoo Hyungကိုကြည့်နေသော Jonginမျက်ဝန်းတွေမှာချစ်ရိပ်တွေရွှမ်းလျက်။

Jonginဆီရောက်တော့ Dr Dohက Jonginဆီကို KyungSoo Hyungလွှဲပေးလိုက်သည်။

"သတို့သားKim Jonginသည် Doh KyungSooအား ခင်ပွန်းအဖြစ်အနေနဲ့ ပျော်ရွှင်သည့် အခါဖြစ်ဖြစ် ဝမ်းနည်းရတဲ့အခါ ဖြစ်ဖြစ် ဆင်းရဲချမ်းသာသည် ဖြစ်ဖြစ် ‌ကျန်းမာသည်ဖြစ်ဖြစ် မနာကျန်းသည့်အခါဖြစ်ဖြစ် တန်ဖိုးထား ချစ်မြတ်နိုးပါမယ်လို့ မိုးနတ်မင်းကြီးနှင့်တကွ မိသားစု ဧည့်သည်တော်များ အရှေ့မှာ ကတိသစ္စာပြုပါမည်လား "

"ကတိသစ္စာပြုပါသည်"

Jonginမှာ ကတိသစ္စာပြုရင်းကြည်နူးမြတ်နိုးရိပ်တွေယိုဖိတ်ကာ မျက်ရည်ကျလာတာကြောင့် KyungSoo Hyungကလှမ်းသုတ်ပေးရသည်။

"သတို့သားDoh KyungSooသည် Kim Jonginအား ခင်ပွန်းအဖြစ်အနေနဲ့ ပျော်ရွှင်သည့် အခါဖြစ်ဖြစ် ဝမ်းနည်းရတဲ့အခါ ဖြစ်ဖြစ် ဆင်းရဲချမ်းသာသည် ဖြစ်ဖြစ် ‌ကျန်းမာသည်ဖြစ်ဖြစ် နာမကျန်းသည့်အခါဖြစ်ဖြစ် တန်ဖိုးထား ချစ်မြတ်နိုးပါမယ်လို့ မိုးနတ်မင်းကြီးနှင့်တကွ မိသားစု ဧည့်သည်တော်များ အရှေ့မှာ ကတိသစ္စာပြုပါမည်လား "

"ကတိသစ္စာပြုပါသည်"

ကတိသစ္စာပြုပြီး လက်ထပ်လက်စွပ်တွေလဲလှယ်ပြီးတဲ့နောက်မှာတော့ လက်ထပ်ပွဲကအောင်မြင်စွာဖြစ်မြောက်သွားခဲ့ပြီ။

ပန်းစီးပစ်ရမည့်အချိန်ကိုရောက်လာသည်။
KyungSoo Hyungပစ်လိုက်သော ပန်းစီးသည် Yeolလက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားခဲ့သည်။

"ငါ့ကောင်ကွ Park Chanyeol "
Jonginကလက်သီးလက်မောင်းတန်းလျက်ဝမ်းသာအားရဆိုလာသလို

"နောက်တစ်ပွဲစားရဖို့ နီးပြီဟေ့ "
သခင်လေး Sehunကလည်းအူမြူးစွာဆိုလာခဲ့သည်။

Yeolမှာတော့ပန်းစီးကိုပြုံးပြုးကြီးနဲ့ ကျနော့်အားလှမ်းပေးတော့ ကျနော်လည်း ဂုတ်ပိုးကိုလက်နဲ့အသာပွတ်ကာယူလိုက်သည်။ ကျနော့်မျက်နှာကတော့ခရမ်းချဉ်သီးခင်းကြီးဖြစ်နေလောက်သည်။

အနောက်နိုင်ငံတချို့မှာတော့ 13ဂဏန်းဆို ဆိုးဆိုးဝါးဝါးရှောင်တတ်ကြပေမယ့် ကျနော်တို့အတွက်ကတော့ 13ရက်လေးသည် တန်ဖိုးမဖြတ်နိုင် အစားမထိုးနိုင်တဲ့ နေ့ထူးနေ့မြတ်လေးဖြစ်ခဲ့ပါသည်။

တွဲလက်တွေခိုင်မြဲစွာနဲ့ ဒီနေ့ကစလို့ နောက်နှစ်ပေါင်းများစွာအထိ Jonginနဲ့ KyungSoo Hyungတို့ချစ်သူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း နားလည်ရင်း ချစ်မြတ်နိုးစွာနေထိုင်ရင်း ကမ္ဘာတည်သရွေ့သူတို့အချစ်တွေကို ကမ္ဘာကြီးအားသက်သေပြတော့မှာ အမှန်ပါပဲ။

(Kaisooရဲ့ Weddingဝတ်စုံလေး)
(Photo from Pinterest)

…………To be continued…………

(14.3.2022 Mon)

ကျနော်ဖတ်ဖူးတာလေးပေါ့နော်။
အနောက်နိုင်ငံတွေမှာဆိုရင် 13ရက်နေ့နဲ့ သောကြာနေ့တထပ်တည်းကြရင် တော်တော်ကိုကံမကောင်းတဲ့နေ့(unlucky day)လို့ သူတို့သတ်မှတ်ကြပါတယ်တဲ့။

စက်တင်ဘာလ 1940 Buckingham နန်းတော်မှာဗုံးခွဲခံရမှု၊
မတ်လ 1964 New Yorkမှာ Kitty Genovese အသတ်ခံရမှု၊
နိုဝင်ဘာလ 1970 Bangladeshမှာ ဆိုင်ကလုန်းတိုက်လို့ လူပေါင်း 300,000ကျော်သေဆုံးခဲ့ရမှု၊
အောက်တိုဘာလ 1972 The Andesတောင်မှာ Chilean Air Force လေယာဉ်ပျောက်ဆုံးမှု၊
စက်တင်ဘာလ 1996 မှာ rapperတစ်ယောက်ဖြစ်တဲ့Tupac Shakurရဲ့သေဆုံးမှု၊
ဇန်နဝါရီလ 2012 Costa Concordiaလို့ခေါ်တဲ့ အပျော်စီးသင်္ဘောဟာ ပျက်ကျတာကြောင့် လူပေါင်း30ကျော်သေဆုံးခဲ့ရမှု၊
ဒါတွေအားလုံးဟာ သောကြာနေ့ 13ရက်နေ့ (Friday the 13th)မှာဖြစ်ပျက်ခဲ့တာတွေပါ။

ခုလက်ရှိတော့ ကျနော်တို့နိုင်ငံတိုင်းရဲ့နေ့ရက်တိုင်းက Friday the 13thလိုပါပဲမလားဗျာ

ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးများကြီးပါ🥺🥺

(Zawgyi)

ဒီေန႕လည္း တနဂၤေႏြမလို႔ အိပ္ရာေအးေဆးမွထျဖစ္သည္။ ခါတိုင္းနဲ႕မတူသည္ကေတာ့ ေႏြးေထြးတဲ့ရင္ခြင္ထဲကေန က်ေနာ္နိုးထလာရျခင္းျဖစ္သည္။ မ်က္လုံးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ က်ေနာ္အလိုအေလ်ာက္ၿပဳံးမိသြားသည္။ Yeolရင္ခြင္သည္တကယ္ပင္ေႏြးေထြးလြန္းေနၿပီး က်ေနာ့္ကိုႏွစ္ၿခိဳက္စြာအိပ္ေမာက်ေစခဲ့သည္။

အိပ္ေပ်ာ္ေနဆဲျဖစ္ေသာ Yeolရဲ႕ေမးဖ်ားကိုအနမ္းတစ္ပြင့္ေပးၿပီးေနာက္ Yeolမနိုးေစရန္ က်ေနာ္အသာအယာပင္ထလိုက္သည္။မ်က္ႏွာသစ္သြားတိုက္ၿပီး မီးဖိုေခ်ာင္ထဲမနက္စာျပင္ဆင္ေနတုန္း က်ေနာ္ခါးကိုလက္တစ္စုံကသိုင္းဖက္လာခဲ့သည္။

"ကိုယ္မသိေအာင္ထသြားတယ္ေပါ့" ဆြဲေဆာင္မႈမ်ားျဖင့္စီျခယ္ထားသည့္ အသံဩရွရွတစ္ခုက က်ေနာ္နားထဲစီးဝင္လာၿပီးေနာက္ က်ေနာ္နားဖ်ားေပၚသခင္ေလးက သူ႕ႏႈတ္ခမ္းျဖင့္ပြတ္ဆြဲလာသျဖင့္ က်ေနာ္ၾကက္သီးထသြားကာပခုံးတြန႔္မိသြားသည္။

"Yeolအိပ္ေရးပ်က္မွာစိုးလို႔ပါ "

သခင္ေလးကက်ေနာ့္ပခုံး‌ေပၚေခါင္းေလးတင္လာကာ

"Hyun ေၾကာင့္မလို႔ကိုယ္တစ္ညလုံးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ခဲ့ပါတယ္ "

"Hyunက Yeolတစ္ညလုံးHyunရင္ခုန္ၿပီးအိပ္မေပ်ာ္ဘူးထင္ေနတာ "

"ရင္ခုန္တာကရင္ခုန္တာေလ အိပ္ေပ်ာ္တာကအိပ္ေပ်ာ္တာပဲ  "

"မနက္ေရာက္တာနဲ႕ မ်က္စိကိုအက္ဆစ္န႕ဲပ်က္ခံလိုက္ရသလို မ်က္စိကန္းစရာေတြလုပ္ၾကၿပီ ဒီအတြဲေတာ္ေတာ္ဆိုး "
သခင္ေလး Sehunက ညအိပ္ဝတ္စုံနက္ျပာဝတ္ၿပီး Luhanနဲ႕အတူမီးဖိုခန္းထဲဝင္လာၾကသည္။

"မင္းတို႔တစ္တီတူးတာလည္းတစ္တီတူးတာေပါ့ မနက္စာေတာ့ေနာက္မက်ခ်င္ဘူး ငါ့ေကာင္တို႔ " KyungSoo Hyungကပါ ညီးညီးၫူၫူေျပာလာေတာ့မွ က်ေနာ္နဲ႕ Yeolကရီလိုက္ကာ လူခ်င္းခြာလိုက္ၾကသည္။

မနက္စာျပင္ၿပီးေတာ့ ထမင္းစားပြဲမွာအတူတူထိုင္ၾကကာ မနက္စာကိုလူစုံတစ္စုံစားၾကသည္။

"Hyun ေန႕လယ္အတြက္ဘာခ်က္မွာလဲ "

"မေျပာတတ္ေသးဘူး Yeolဘာစားခ်င္လဲ  "

"အမေလး Yeolနဲ႕ Hyunေတြနဲ႕ေျပာၿပီးရိုေနၾကျပန္ၿပီ Jonginေရ ငါ့ကိုဒီကေနေခၚထုတ္သြားပါေတာ့ "
KyungSoo Hyungက ထုံးစံအတိုင္းနယ္ဘက္ေရာက္ေနမယ့္ Jonginကိုလွမ္းတသည္။

"ဝက္သားခ်ိဳခ်ဥ္ေၾကာစားခ်င္တယ္ Hyun "

"ရပါ့ အိမ္မွာဝက္သားရွိၿပီးသားပဲ "

"သခင္ေလး Sehunေရာဘာစားခ်င္လဲ က်ေနာ္လုပ္ေကြၽးမယ္ေလ "
Luhanကက်ေနာ္တို႔ကိုအားက်မခံဘဲ သခင္ေလး Sehunကိုလွမ္းေမးသည္။

"Lu Hyungခ်က္တာဘာမဆိုစားေကာင္း‌ေပမယ့္ ပဲငါးပိဟင္းရည္ေသာက္ခ်င္တယ္ "

"အိုေခဗ်ာ က်ေနာ့္သခင္ေလးကိုလုပ္ေကြၽးရမွာေပါ့ "

"ငါဟာ ဒီထမင္းဝိုင္းမွာလူပိုႀကီးပဲ တတိယလူ...မွားလို႔...ပၪၥမလူျဖစ္ေနတာပဲ ဘယ္မလဲ ငါ့အတြက္တရားမွ်တမႈ" KyungSoo Hyungကေလပူႀကီးမႈတ္ထုတ္ကာ ေလာကႀကီးကိုစိတ္ပ်က္သြားသည့္ပုံစံျဖင့္ေျပာလာသည္။

" ပူးဝါး Hyungေလး ဟားဟာဟား Jongin Hyungေရ KyungSoo Hyungကိုလာကယ္တင္ေပးပါဦး"

"Park Sehun!!! ငါ့ကိုမရီနဲ႕စမ္း "

"မရဘူး ေျပာမွာပဲ "

က်ေနာ္တို႔ရဲ႕မနက္ခင္းေလးသည္ တကယ္ပင္ေပ်ာ္စရာေကာင္းတာအမွန္။

ေန႕လယ္စာအတြက္ က်ေနာ္ကအသားေတြလွီးေနရင္း Luhanကစကားစလာသည္။Yeolနဲ႕သူ႕ညီကေတာ့ ဧည့္ခန္းမွာ။

"မေန႕ညကဘယ္လိုလဲ Baekhyun"

"အရမ္းအဆင္ေျပ"
Luhanကငါမေျပာဘူးလားဆိုတဲ့ မ်က္ႏွာေပးနဲ႕ျပန္ၾကည့္လာေလသည္။

ေန႕လယ္စာကို က်ေနာ္ခ်က္ထားတဲ့ ဝက္ခ်ိဳခ်ဥ္ေၾကာ္နဲ႕ Luhanခ်က္ထားတဲ့ ပဲငါးပိဟင္းရည္အားပါးတရစားျဖစ္သည္။

"Yeolသြားခ်င္တဲ့ေနရာရွိလား "

"ကိုယ္တို႔ ဒိတ္ရေအာင္ Hyun "

"ဟုတ္ၿပီေလ Hyunအဝတ္သြားလဲလိုက္ဦးမယ္ "

ႏွစ္ေယာက္လုံးအဝတ္လဲၿပီးထြက္လာေတာ့ အံ့ဩစရာျဖစ္ရသည္။ က်ေနာ္တို႔ႏွစ္ေယာက္လုံးသည္တိုင္ပင္ထားျခင္းမရွိဘဲ စုံတြဲဝတ္အဝါေရာင္ Hoodieေလးေတြကိုဝတ္လာၾကသည္။ ဒီစုံတြဲဝတ္ Hoodieေတြက သခင္ေလးSehun က်ေနာ္တို႔ကိုလက္ေဆာင္ေပးထားျခင္းျဖစ္သည္။

"Hyunဒါဝတ္လာမယ္လို႔ ကိုယ္မထင္ထားမိဘူး "

"Yeolလည္းဒါဝတ္မယ္လို႔တကယ္မထင္တာ "

ၾကည့္ရတာ တကယ္ပဲက်ေနာ္တို႔က ဖူးစာဖက္အမွန္ေတြထင္သည္။

"မင္းတို႔ဘယ္တုန္း "
ဧည့္ခန္းထဲထိုင္ၿပီး တီဗီၾကည့္ေနတဲ့ KyungSoo Hyungက ေလွကားေပၚကဆင္းလာတဲ့က်ေနာ္တို႔ကို ျမင္ေတာ့ေမးလာသည္။

"ဒိတ္ၾကမလို႔ "

"ေျဖးေျဖးသြားၾကဦး "

"ဟုတ္ "

ကားေပၚတက္ၿပီး Yeolကက်ေနာ့္ကိုခါးပတ္ပတ္ေပးၿပီးေနာက္

"Hyun ဘယ္သြားခ်င္လဲ "

"ကစားကြင္းသြားရေအာင္ "

က်ေနာ့္စကားအတိုင္း Yeolက ကစားကြင္းဆီကိုေမာင္းေပးလာသည္။ အလုပ္ပိတ္ရက္မလို႔ ကစားကြင္းကအရမ္းစည္ကားေနသည္။

"Hyunဘာစီးခ်င္လဲ "

Yeolကေမးလာေတာ့ ပင္လယ္ဓားျပသေဘၤာႀကီးကိုက်ေနာ္လက္ညိုးထိုးျပလိုက္သည္။
"Hyunမူးမယ္ထင္တယ္ "

"ရတယ္ က်ေနာ္တခါမွမစီးဖူးဘူးေလ "
Yeolကစိတ္မေကာင္းဟန္ျဖစ္သြားၿပီးေနာက္
"ဒါဆိုလည္းစီးၾကတာေပါ့ "

တကယ့္တကယ္တမ္းက်ေနာ္စီးခ်င္ခဲ့တာ အမွန္ျဖစ္ေပမယ့္ စီးၿပီးတဲ့အခါမွာေတာ့ က်ေနာ္ေခါင္းမူးၿပီးထိုးအန္ေတာ့သည္။

"Hyun အဆင္ေျပလား " အန္ေနတဲ့က်ေနာ္ေက်ာေပၚကို Yeolကအသာပုတ္ေပးၿပီး ေမးလာေတာ့

"ရတယ္ Yeol "

"ဒီခုံတန္းမွာခဏထိုင္ေစာင့္ေနေနာ္ ကိုယ္သံပုရာရည္သြားဝယ္ေပးမယ္ "

ခဏၾကာေတာ့ Yeolကသံပုရာရည္တစ္ခြက္ကိုကိုင္ကာျပန္ေရာက္လာသည္။

"Hyun ေသာက္လိုက္ဦး ေရာ့ "

Yeolေပးလာတဲ့ ခပ္ခ်ဥ္ခ်ဥ္သံပုရာရည္ေလးကိုေသာက္လိုက္ကာ က်ေနာ့္ေခါင္းေတြေတာ္ေတာ္ၾကည္လာသည္။

"အိမ္ျပန္ၾကမလား Hyun "

"ဟင့္အင္း ရွားရွားပါးပါးဒိတ္ေလးကိုအပ်က္မခံနိုင္ဘူး "

"ဒါဆိုလည္း Hyunသေဘာပါ "

အမူးေျပေအာင္နားၿပီးေနာက္မွာေတာ့

"Yeol က်ေနာ္တို႔သရဲအိမ္ဝင္ရေအာင္ "
ခပ္လွမ္းလွမ္းမွာျမင္ေနရတဲ့ သရဲအိမ္ကိုလက္ညိုးထိုးၿပီးေျပာမိေတာ့

"Hyun သေဘာပါ "တဲ့

သရဲအိမ္ထဲဝင္ေတာ့လည္း ဖင္တုန္ေအာင္ေၾကာက္သည္မွာက်ေနာ္ပင္ျဖစ္ျပန္သည္။
ဗိုက္ကေနအူေတြထြက္ေနတဲ့ သရဲေကာင္ကိုျမင္တဲ့အခါမွာေတာ့ Yeolရင္ခြင္ထဲေခါင္းအပ္ကာက်ေနာ္ငိုမိေတာ့သည္။

"အျပင္ထြက္ရေအာင္ Yeol "

"ကိုယ့္ရင္ခြင္ထဲေနေနာ္ ကိုယ္အျပင္ထုတ္ေပးသြားမယ္ "

Yeolရဲ႕ရင္ခြင္ထဲေခါင္းအပ္ရင္း Yeolခါးကိုတင္းတင္းဖက္ထားမိသည္။ Yeolကအတည့္အတိုင္းေလွ်ာက္ၿပီး က်ေနာ္ကေတာ့ေနာက္ျပန္ပုံစံမ်ိဳးလမ္းေလွ်ာက္ရသည္။

Yeolရင္ခြင္သည္ တကယ္ပင္လုံၿခဳံလြန္းလွသည္။ စည္းခ်က္က်က်ကခုန္ေနေသာ ႏွလုံးသားေတးသံေတြကိုနားေထာင္မိေတာ့ သရဲအိမ္ထဲေရာက္ေနတယ္ဆိုတာလည္း မသိေတာ့။ သရဲေအာ္သံေတြလည္းမၾကားနိုင္ေတာ့။ ႏွစ္ေယာက္ထဲသာရွိေနမယ့္ ကမာၻသစ္တစ္ခုထဲစုန္းစုန္းျမႇုပ္သြားကာ အျပင္ဘယ္လိုေရာက္မွန္းမသိေတာ့။

"Hyun မ်က္လုံးဖြင့္လို႔ရၿပီ "

Yeolရင္ခြင္ထဲကေခါင္းခြာကာ ေမာ့ၾကည့္မိေတာ့ ပါးခ်ိဳင့္နက္နက္ေတြထင္းေနေအာင္ၿပဳံးၿပီး က်ေနာ့္ကိုၾကည့္ေနတဲ့ က်ေနာ္ခ်စ္ရသူ Yeol။

"အေၾကာက္ေျပၿပီလား "

က်ေနာ္လည္းပုတ္သင္ညိုလိုေခါင္းကိုတဆတ္ဆတ္ၿငိမ့္ျပကာ

"ေျပၿပီ Yeol "

"Hyunဘယ္သြားဦးမလဲ "

"ကစားကြင္းထဲေတာ့မေနခ်င္ဘူး "

"ပန္းၿခံသြားၾကမလား "

"သြားၾကတာေပါ့ "

……………………

ဒီလိုနဲ႕ Baekhyunနဲ႕က်ေနာ္ ပန္းၿခံေလးဆီကားကိုဦးတည္မိသည္။

"Hyun ကိုယ္တို႔ပန္းၿခံထဲမွာထိုင္ဖို႔ဖ်ာတစ္ခ်ပ္ေလာက္ဝယ္သြားရေအာင္ "

"ဟုတ္ၿပီေလ Yeol "
လမ္းမွာေတြ႕တဲ့ စတိုးဆိုင္တစ္ခုကိုဝင္ၿပီး ဖ်ာရယ္၊Sandwichရယ္၊ ကိုလာဘူးေတြရယ္ဝယ္လာလိုက္သည္။

ပန္းၿခံဆီေရာက္ေတာ့ သစ္ပင္တစ္ပင္ေအာက္မွာဖ်ာကိုခင္းၿပီး က်ေနာ္တို႔ထိုင္လိုက္ၾကသည္။က်ေနာ္‌သစ္ပင္ကိုမွီၿပီးေျခဆင္းထိုင္လိုက္ေတာ့ Hyunကက်ေနာ့္ပုခုံးေပၚေခါင္စေလးမီလာသည္။

"ဒီဒိတ္ေလးကိုသေဘာက်လိဳက္တာ "

"ကိုယ္ေရာပဲ Hyun "

ပိတ္ရက္မလို႔ပန္းၿခံထဲမွာလည္းလူေတြစည္ကားေနသည္။

ပန္းေရာင္ဂါဝန္ေလးဝတ္ၿပီးပူစီေဖာင္းမႈတ္ေနတဲ့ကေလးမေလးရယ္၊
Cotton Candyကိုတေယာက္တလွည့္ခြံ႕ေကြၽးေနတဲ့စုံတြဲေလးရယ္၊
သစ္ပင္ကိုမွီၿပီး သားေလးကိုတလွည့္ မိန္းမျဖစ္သူကိုတလွည့္ ေရညွိထမင္းလိပ္ခြံ႕ေကြၽးေနတဲ့မိသားစုေလးရယ္၊ ပန္းၿခံထဲတေယာက္ကိုတေယာက္ထိန္း‌ေပးရင္းလမ္းေလွ်ာက္‌ေနတ့ဲအဘိုးအဘြားစုံတြဲရယ္၊
သစ္ပင္ကိုမွီၿပီး ထိုျမင္ကြင္းေတြကိုေငးေမာေနၾကတဲ့ က်ေနာ္နဲ႕ Hyunရယ္ေၾကာင့္ ဒီကမာၻႀကီးကအႏွိုင္းမဲ့လွပေၾကာင္းလက္ခံမိသည္။

"တကယ္ၾကည္ႏူးစရာေတြပဲေနာ္ Yeol "

"ဟုတ္တယ္ ကိုယ္တကယ္ဒီအခိုက္အတန့္‌ေလးကိုျမတ္နိုးမိတယ္ "

"ဒီလိုမ်ိဳးေလးပဲေနသြားၾကရေအာင္ Yeolလည္းလက္မွာေသြးစြန္းမယ့္အလုပ္ေတြမလုပ္နဲ႕"

"ကိုယ္ကတိေပးပါတယ္ Hyun"

"ဒီလိုက်ေတာ့လည္း Hyunတို႔ကအသက္30ေက်ာ္ေတြမဟုတ္ဘဲ 16ႏွစ္ကိုျပန္ေရာက္သြားသလိုပဲေနာ္ လတ္ဆတ္ႏုပ်ိဳသြားသလိုပဲေနာ္ Yeol "

"ဟင့္အင္း ကိုယ္ကေတာ့ 16ႏွစ္မျဖစ္ခ်င္ဘူး "

"ဒါဆိုဘယ္ႏွႏွစ္ျဖစ္ခ်င္တာလဲ "

"18ႏွစ္ "

"ဘာလို႔ 18ႏွစ္လဲ Yeol "

က်ေနာ္လည္းသူ႕ဘက္ေခါင္းေလးအသာေစာင္စလိုက္ကာ ႏွစ္ကိုယ္သာၾကားနိုင္ေသာေလသံေလးနဲ႕

"18ႏွစ္ဆိုမွ Hyunနဲ႕ကိုယ္နဲ႕ လူႀကီးအလုပ္ေတြလုပ္လို႔ရမယ္ေလ "

"‌ဒီ Park Chanyeolကေတာ့ "
က်ေနာ့္ပခုံးေပၚေခါင္းမွီေနရာမွထလိုက္ၿပီး က်ေနာ့္ကိုသူ႕လက္သီးေလးေတြနဲ႕ထုရိုက္လာျပန္သည္။

"တကယ္ေျပာတာ ကိုယ္ကလူႀကီးအလုပ္ပဲလုပ္ခ်င္တာ "

"ဒီ Park Chanyeolေနာ္ အရမ္းကိုအရွက္မရွိဘူး ႏွာဘူးႀကီး "

ႏွာဘူးလို႔အေျပာခံရလည္းတန္ပါသည္။ တခါတေလ ခ်စ္သူေလးကိုဒီလိုက်ီစယ္ရတာကိုလည္း အရမ္းႀကိဳက္ပါသည္။

"Sandwichစားၾကရေအာင္ Hyun "

"Yeolခြံ႕ေကြၽး "

ခ်စ္သူေလးကိုခြံ႕ေကြၽးၿပီး ႏွစ္ဦးတည္းသာသာယာယာဒိတ္ၿပီးမွ အိမ္ကိုျပန္ခဲ့ၾကပါေတာ့သည္။

ခရစ္စမတ္ကိုေနာက္တဖန္ျပန္ေရာက္ခဲ့ျပန္ပါသည္။
ဒီႏွစ္မွာေတာ့ အိမ္မွာခရစ္စမတ္ပြဲေတာ္ေလးလုပ္ျဖစ္သည္။
က်ေနာ္နဲ႕ Hyunက အဝါေဖ်ာ့နဲ႕ အညိုရင္စပ္ၾကားဆြယ္တာေလးမွာမွ ေခြးကေလးသုံးေကာင္ပါတဲ့စုံတြဲဆြယ္တာကိုဝတ္ထားသည္။

(Photo from Pinterest)

Jonginနဲ႕ KyungSoo Hyungကေတာ့ အမဲအျဖဴအနီစပ္ၾကားဆြယ္တာမွာမွ ဆန္တာကေလာ့နဲ႕ Merry Christmasဆိုၿပီးအစိမ္းေရာင္စာလုံးေတြပါတဲ့ စုံတြဲဆြယ္တာနဲ႕။

(Photo from Pinterest)

Sehunနဲ႕ Luhanကေတာ့ အစိမ္းေရာင္ဆြယ္တာမွာမွ အလယ္မွာမ်က္မွန္တပ္ၿပီးခရစ္စမတ္ဦးထုပ္ေဆာင္းထားတဲ့ သမင္႐ုပ္ႀကီးပါတဲ့ စုံတြဲဆြယ္တာနဲ႕။

(Photo from Pinterest)

စုံတြဲဆြယ္တာကိုကိုယ္စီဝတ္ၿပီး ၿခံထဲမွာအိမ္အကူေတြနဲ႕ ခရစ္စမတ္ပြဲေတာ္ကိုေပ်ာေပ်ာ္ႀကီးက်င္းပေနတုန္း ႐ုတ္တရက္ေရာက္လာသည့္လူတစ္ေယာက္ေၾကာင့္ ပ်ားအုံကိုတုတ္နဲ႕ထိုးလိုက္သလိုက်ေနာ့္တို႔ပ်ားပန္ခပ္ကုန္ၾကသည္။
ေရာက္လာသည့္လူက KyungSoo Hyungရဲ႕ Appaျဖစ္သည္။
KyungSoo Hyungက သူ႕Appaကိုျမင္ေတာ့

"Appa႐ုတ္တရက္ႀကီးပါလား မေျပာမဆိုနဲ႕ Appaလာမယ္ဆိုက်ေနာ္လာႀကိဳမွာေပါ့"

Dr Dohက KyungSoo Hyungစကားကိုဘာမွျပန္မေျပာဘဲ

"Kim Jongin!!! "

Jonginကအေခၚခံလိုက္ရတာမလို႔ De Dohေရွ႕ရွိေနတဲ့ KyungSoo Hyungအနားေျပးရပ္လာသည္။

"ေျပာပါ "

" မင္းဟိုတေလာကငါ့ဆီလာရင္း အက္စီးဒင့္ျဖစ္တာ ငါ့သားကိုေျပာလား"

"အက္စီးဒင့္တဲ့လား မင္းအက္စီးဒင့္ျဖစ္ခဲ့ေသးတာလား Jongin"
Dr Dohရဲ႕အေမးေၾကာင့္ KyungSoo Hyungကအံ့အားသင့္သြားကာ Jonginကိုျပန္ေမးသည္။

"အက္စီးဒင့္အေသးစားေလးပါ က်ေနာ္ဘာမွမထိခိုက္ပါဘူး နည္းနည္းပါးပါးပြန္းပဲ့႐ုံပါပဲ Hyungစိတ္ပူမွာစိုးလို႔ဘာမွမေျပာတာ "
ေဆာင္းရာသီမလို႔ ဆြယ္တာနဲ႕ေဘာင္းဘီရွည္ေတြပဲဝတ္ျဖစ္ေတာ့ Jonginရဲ႕ပြန္းပဲ့ဒဏ္ရာေတြကိုက်ေနာ္တို႔မျမင္မိတာေနမွာ။

"Kim Jonginေသခ်ာနားေထာင္ "
Jonginမွာ KyungSoo Hyungကိုထပ္ရွင္းျပမလို႔ပါးစပ္ျပင္လိုက္ေပမယ့္ Dr Dohဆီကစကားသံထြက္လာတာမလို႔ KyungSoo Hyungကိုဘာမွထပ္မေျပာလိုက္နိုင္။

"မင္းငါ့သားကိုတကယ္ခ်စ္တာလား "

Jonginကၿပဳံးၿပီး KyungSoo Hyungလက္ဖဝါးကိုသူ႕လက္ဖဝါးနဲ႕ဆုပ္ကိုင္လိုက္ကာ
"တဘဝလုံးအတြက္ခ်စ္တာပါ "

"မင္းေလာက္ဇြဲေကာင္းတဲ့ေကာင္မ်ိဳးငါမျမင္ဖူးဘူး ႏွစ္ႏွစ္လုံးတစ္ပတ္တစ္ခါငါ့ဆီမပ်က္မကြက္လာၿပီး ငါ့အိမ္ေရွ႕ဒူးေထာက္တဲ့ေကာင္ကမင္းပဲရွိမွာ "

KyungSoo Hyung Appaရွိတဲ့ နယ္ကေန Jonginျပန္လာတိုင္း ဒူးေထာက္တဲ့အရွိန္ေၾကာင့္ေျခေထာက္ေတြကိုက္ခဲေနတာမလို႔ KyungSoo Hyungကအၿမဲေဆးလိမ္းေပးရသည္။ အခုဆိုလွ်င္ Jonginဒူးမွာအသားမာေတြေတာင္တက္ေနၿပီျဖစ္သည္။

ႏွစ္တစ္ႏွစ္မွာ ရက္သတၱပတ္ေပါင္း 52ပတ္။
ႏွစ္ႏွစ္ဆိုရင္း 104ပတ္။

အံ့ဩဖြယ္ရာပါပဲ။ Jonginဒူးေထာက္ခဲ့တာ ရက္သတၱပတ္ေပါင္း104ပတ္နီးပါး။

"အခ်စ္စြမ္းအားေၾကာင့္ပါ "

"ငါ့သားကိုလက္ထပ္ေတာ့ "
တုံးတိႀကီးေျပာလာတာမလို႔ Jonginကအနည္းငယ္ေၾကာင္ေနၿပီးမွ

"တကယ္ခြင့္ျပဳလိုက္ၿပီလား "

"ငါ့သားလည္း အသက္34ကျော်ရွိေနၿပီ မင္းလည္း31ႏွစ္ထဲဝင္ေနၿပီမလား စစခ်င္းကါကမင္းငါ့သားကိုစိတ္ကစားတယ္ထင္ေနတာ အခုလက္ထပ္ၾကေတာ့ "

Jonginပါးျပင္ေပၚမွာဝမ္းသာမ်က္ရည္ေတြက်ဆင္းလာကာ

"ေက်းဇူးတင္ပါတယ္ ေျပာမပြတတ္ေအာင္ေက်းဇူးတင္ပါတယ္ "
KyungSoo Hyungကိုဖက္ၿပီး Jonginကေက်းဇူးတင္စကားကိုထပ္တလဲလဲေျပာကာ ငိုေႂကြးေနခဲ့သည္။

ႏွင္းမႈန္တို႔က်ဆင္းေနတဲ့ ဒီႏွစ္ခရစ္စမတ္ညခ်မ္း‌ေလးက ႏွင္းပြင့္တို႔နဲ႕အၿပိဳင္တကယ္ကိုလွပလြန္းခဲ့ပါသည္။

~~~My Master~~~

1လပိုင္း 13ရက္ေန႕။
တနည္းအားျဖင့္ Jonginနဲ႕ KyungSoo Hyungတို႔ရဲ႕လက္ထပ္ပြဲေန႕။

KyungSoo Hyungေမြးေန႕က 1လပိုင္း 12ရက္ေန႕။
Jonginေမြးေန႕က 1လပိုင္း 14ရက္ေန႕။

ခ်စ္သက္ေသတည္ရာျဖစ္ေသာ ရက္စြဲေလးျဖစ္ေစရန္ ႏွစ္ဦးလုံးက 1လပိုင္း 13ရက္ေန႕ကို မင္ဂလာေန႕ထူးေန႕ျမတ္အျဖစ္ေ႐ြးခ်ယ္ခဲ့သည္။

"ငါရင္ေတြခုန္ေနတယ္ "
သတို႔သားနားေနခန္းထဲမွာ KyungSoo Hyungနဲ႕အတူ က်ေနာ္နဲ႕ Luhanရွိေနသည္။ က်ေနာ္တို႔လိုပဲ Jonginအနား Yeolနဲ႕သခင္ေလး Sehunတို႔ရွိၾကမည္ျဖစ္သည္။

"ဒီလိုေန႕မွရင္မခုန္ရင္ ဘယ္ေန႕ရင္ခုန္မလဲ Hyung "
သတို႔သားအနက္ေရာင္ကိုဝတ္ထားေသာ KyungSoo Hyungကအမွန္တကယ္ပင္စိတ္လႈပ္ရွားၿပီး နဖူးစပ္မွာေခြၽးေတြစို႔ေနသည္။

"လက္ထပ္ပြဲစေတာ့မယ္ သား "
Dr DohကKyungsoo Hyungဆီလာတာေၾကာင့္ က်ေနာ္နဲ႕Luhanလည္းအလိုက္သိစြာ အခန္းထဲကထြက္ခဲ့ၾကသည္။ အိမ္ေထာင္က်ေတာ့မည့္သားကို Dr Dohလည္းမွာစရာရွိတာမွာဦးမွာေပါ့။

"ပြဲစေတာ့မယ္ Hyun "
ခန္းမထဲဝင္လာေတာ့ ဘယ္ကေနေပၚလာမွန္းမသိတဲ့ Yeolက က်ေနာ့္လက္ေတြကိုဆုပ္ကိုင္လာသည္။

"ဟုတ္တယ္ Yeol ေနရာယူၾကစို႔ "
ဧည့္ပရိသတ္ေတြအတြက္ျပင္ဆင္ေပးထားေသာ ခုံေတြမွာက်ေနာ္နဲ႕ Yeolနဲ႕ဝင္ထိုင္လိုက္ၾကသည္။
Jonginသည္လည္း အနက္ေရာင္သတို႔သားဝတ္စုံကိုဝတ္ဆင္လ်က္ ဖာသာေရွ႕မွာရပ္ေနသည္။ သူ႕မ်က္ႏွာထက္တြင္လည္းစိတ္လႈပ္ရွားမႈေတြေပၚလြင္လ်က္ရွိကာ သူ႕လက္ေတြကိုတဖက္နဲ႕တဖက္ယွက္တင္လ်က္ ဂနာမၿငိမ္ျဖစ္ေနသည္။

ခန္းမတံခါးႀကီးပြင့္လာခဲ့ၿပီးေနာက္မွာေတာ့ Dr Dohနဲ႕ KyungSoo Hyungကဝင္လာခဲ့ပါသည္။ KyungSoo Hyungကိုၾကည့္ေနေသာ Jonginမ်က္ဝန္းေတြမွာခ်စ္ရိပ္ေတြ႐ႊမ္းလ်က္။

Jonginဆီေရာက္ေတာ့ Dr Dohက Jonginဆီကို KyungSoo Hyungလႊဲေပးလိုက္သည္။

"သတို႔သားKim Jonginသည္ Doh KyungSooအား ခင္ပြန္းအျဖစ္အေနနဲ႕ ေပ်ာ္႐ႊင္သည့္ အခါျဖစ္ျဖစ္ ဝမ္းနည္းရတဲ့အခါ ျဖစ္ျဖစ္ ဆင္းရဲခ်မ္းသာသည္ ျဖစ္ျဖစ္ ‌က်န္းမာသည္ျဖစ္ျဖစ္ မနာက်န္းသည့္အခါျဖစ္ျဖစ္ တန္ဖိုးထား ခ်စ္ျမတ္နိုးပါမယ္လို႔ မိုးနတ္မင္းႀကီးႏွင့္တကြ မိသားစု ဧည့္သည္ေတာ္မ်ား အေရွ႕မွာ ကတိသစၥာျပဳပါမည္လား "

"ကတိသစၥာျပဳပါသည္"

Jonginမွာ ကတိသစၥာျပဳရင္းၾကည္ႏူးျမတ္နိုးရိပ္ေတြယိုဖိတ္ကာ မ်က္ရည္က်လာတာေၾကာင့္ KyungSoo Hyungကလွမ္းသုတ္ေပးရသည္။

"သတို႔သားDoh KyungSooသည္ Kim Jonginအား ခင္ပြန္းအျဖစ္အေနနဲ႕ ေပ်ာ္႐ႊင္သည့္ အခါျဖစ္ျဖစ္ ဝမ္းနည္းရတဲ့အခါ ျဖစ္ျဖစ္ ဆင္းရဲခ်မ္းသာသည္ ျဖစ္ျဖစ္ ‌က်န္းမာသည္ျဖစ္ျဖစ္ နာမက်န္းသည့္အခါျဖစ္ျဖစ္ တန္ဖိုးထား ခ်စ္ျမတ္နိုးပါမယ္လို႔ မိုးနတ္မင္းႀကီးႏွင့္တကြ မိသားစု ဧည့္သည္ေတာ္မ်ား အေရွ႕မွာ ကတိသစၥာျပဳပါမည္လား "

"ကတိသစၥာျပဳပါသည္"

ကတိသစၥာျပဳၿပီး လက္ထပ္လက္စြပ္ေတြလဲလွယ္ၿပီးတဲ့ေနာက္မွာေတာ့ လက္ထပ္ပြဲကေအာင္ျမင္စြာျဖစ္ေျမာက္သြားခဲ့ၿပီ။

ပန္းစီးပစ္ရမည့္အခ်ိန္ကိုေရာက္လာသည္။
KyungSoo Hyungပစ္လိုက္ေသာ ပန္းစီးသည္ Yeolလက္ထဲကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ရွိသြားခဲ့သည္။

"ငါ့ေကာင္ကြ Park Chanyeol "
Jonginကလက္သီးလက္ေမာင္းတန္းလ်က္ဝမ္းသာအားရဆိုလာသလို

"ေနာက္တစ္ပြဲစားရဖို႔ နီးၿပီေဟ့ "
သခင္ေလး Sehunကလည္းအူျမဴးစြာဆိုလာခဲ့သည္။

Yeolမွာေတာ့ပန္းစီးကိုၿပဳံးျပဳးႀကီးနဲ႕ က်ေနာ့္အားလွမ္းေပးေတာ့ က်ေနာ္လည္း ဂုတ္ပိုးကိုလက္နဲ႕အသာပြတ္ကာယူလိုက္သည္။ က်ေနာ့္မ်က္ႏွာကေတာ့ခရမ္းခ်ဥ္သီးခင္းႀကီးျဖစ္ေနေလာက္သည္။

အေနာက္နိုင္ငံတခ်ိဳ႕မွာေတာ့ 13ဂဏန္းဆို ဆိုးဆိုးဝါးဝါးေရွာင္တတ္ၾကေပမယ့္ က်ေနာ္တို႔အတြက္ကေတာ့ 13ရက္ေလးသည္ တန္ဖိုးမျဖတ္နိုင္ အစားမထိုးနိုင္တဲ့ ေန႕ထူးေန႕ျမတ္ေလးျဖစ္ခဲ့ပါသည္။

တြဲလက္ေတြခိုင္ၿမဲစြာနဲ႕ ဒီေန႕ကစလို႔ ေနာက္ႏွစ္ေပါင္းမ်ားစြာအထိ Jonginနဲ႕ KyungSoo Hyungတို႔ခ်စ္သူႏွစ္ဦးသည္ တစ္ေယာက္ကိုတစ္ေယာက္ေဖးမရင္း နားလည္ရင္း ခ်စ္ျမတ္နိုးစြာေနထိုင္ရင္း ကမာၻတည္သေ႐ြ႕သူတို႔အခ်စ္ေတြကို ကမာၻႀကီးအားသက္ေသျပေတာ့မွာ အမွန္ပါပဲ။

(Kaisooရဲ႕ Weddingဝတ္စုံေလး)
(Photo from Pinterest)

…………To be continued…………

(14.3.2022 Mon)

က်ေနာ္ဖတ္ဖူးတာေလးေပါ့ေနာ္။
အေနာက္နိုင္ငံေတြမွာဆိုရင္ 13ရက္ေန႕နဲ႕ ေသာၾကာေန႕တထပ္တည္းၾကရင္ ေတာ္ေတာ္ကိုကံမေကာင္းတဲ့ေန႕(unlucky day)လို႔ သူတို႔သတ္မွတ္ၾကပါတယ္တဲ့။

စက္တင္ဘာလ 1940 Buckingham နန္းေတာ္မွာဗုံးခြဲခံရမႈ၊
မတ္လ 1964 New Yorkမွာ Kitty Genovese အသတ္ခံရမႈ၊
နိုဝင္ဘာလ 1970 Bangladeshမွာ ဆိုင္ကလုန္းတိုက္လို႔ လူေပါင္း 300,000ေက်ာ္ေသဆုံးခဲ့ရမႈ၊
ေအာက္တိုဘာလ 1972 The Andesေတာင္မွာ Chilean Air Force ေလယာဥ္ေပ်ာက္ဆုံးမႈ၊
စက္တင္ဘာလ 1996 မွာ rapperတစ္ေယာက္ျဖစ္တဲ့Tupac Shakurရဲ႕ေသဆုံးမႈ၊
ဇန္နဝါရီလ 2012 Costa Concordiaလို႔ေခၚတဲ့ အေပ်ာ္စီးသေဘၤာဟာ ပ်က္က်တာေၾကာင့္ လူေပါင္း30ေက်ာ္ေသဆုံးခဲ့ရမႈ၊
ဒါေတြအားလုံးဟာ ေသာၾကာေန႕ 13ရက္ေန႕ (Friday the 13th)မွာျဖစ္ပ်က္ခဲ့တာေတြပါ။

ခုလက္ရွိေတာ့ က်ေနာ္တို႔နိုင္ငံတိုင္းရဲ႕ေန႕ရက္တိုင္းက Friday the 13thလိုပါပဲမလားဗ်ာ

ဖတ္ေပးတဲ့သူတိုင္းကိုေက်းဇူးမ်ားႀကီးပါ🥺🥺

Continue Reading

You'll Also Like

175K 10.6K 69
* ChanSoo * Yaoi Married Life ေတြပဲေရးရတာ အားသန္တာေတာ့ အဆန္းသား ဟီးး ရႈပ္ရႈပ္ေထြးေထြး ဇာတ္လမ္းေတြ ထက္ ရိုးရိုးရွင္းရွင္းေလးေတြလည္း ေကာင္းပါတယ္ ... �...
349K 25.5K 22
မိဘ​ေတအတင္​း​ေပးစားမႈ​ေၾကာင္​့ မတည္​့ၾက​ေတာ့တဲ့ Chanyeolနဲ႔Baekhyun ပ်ိဳတိုင္​းႀကိဳက္​တဲ့ႏွင္​းဆီခိုင္​Playboy Park Chan Yeolနဲ႔ ခ​ေလးစိတ္​မကုန္​​ေသး...
652K 14.6K 42
In wich a one night stand turns out to be a lot more than that.
1.1M 49.9K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC