ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

30

7.7K 1K 27
By Deity_YuZhang

U••

[ဝီရိယရှိရှိစုံစမ်းစစ်ဆေးခြင်း - ၂]

သာ့ကျိုးသူ့လူများကို ကုမ္ပဏီအသေးလေးမှသူဌေးကို စောင့်ကြည့်ထားရန်အမိန့်ပေးထား၏။ ဆယ်နာရီခန့်တွင် ပစ်မှတ်က ဘားတစ်ခုထဲရှိသီးသန့်ခန်းတွင် တစ်စုံတစ်ယောက်ကိုစောင့်နေပုံရကြောင်း ၎င်းတို့ကဆိုသည်။

သာ့ကျိုး ဘားသို့ရောက်လာသည့်အချိန်၌ ရှောင်ဝူကိုပါတ်တဆိတ်ခေါ်ဆောင်လာခဲ့ချေသည်။ အခြေအနေကိုစောင့်ကြည့်နေသူများနှင့်တွေ့ဆုံပြီးနောက် ပစ်မှတ်ကသီးသန့်ခန်းထဲတွင်ရှိနေဆဲဖြစ်ကြောင်းလည်းအတည်ပြုလိုက်၏။ သူတို့ ဘား၏ဆိတ်ငြိမ်သောထောင့်တစ်နေရာတွင်ထိုင်စောင့်ရင်း သောက်စရာနှစ်ခွက်မှာထားလိုက်သည်။

တကယ်တမ်း ၁၁နာရီရောက်သည့်အခါတွင်မူ ယင်ဟောက်က ဦးထုပ်အနက်ရောင်ကိုဆောင်း၍ ဘားထဲဝင်လာတော့၏။ ဘေးဘီကိုဝေ့ဝဲကြည့်ပြီးသည့်နောက် သူကသီးသန့်ခန်းထဲဝင်သွားတော့သည်။

တစ်နာရီကြာပြီးသည့်နောက်တွင်တော့ ယင်ဟောက်နှင့် ပစ်မှတ်(သူဌေး)တို့ ဆယ်မိနစ်ခွာကာ ထွက်သွားကြတော့သည်။ သာ့ကျိုးက ရှောင်ဝူကို သီးသန့်ခန်းထဲဝင်ဖို့အချက်ပြကာ သူကတံခါးဝတွင်စောင့်နေလိုက်၏။ ရှောင်ဝူခပ်မြန်မြန်ပင်အခန်းထဲမှထွက်လာကာ နှစ်ယောက်သားခမ်းမထဲကထွက်လာတော့သည်။

သူတို့ကားပေါ်ရောက်သည့်အခါတွင်မူ ရှောင်ဝူ့လက်ထဲ၌ အသံဖမ်းစက်အသေးလေးရှိနေပြီဖြစ်၍ ၎င်းကခံစားချက်မဲ့သော မျက်နှာသေဖြင့်ဆို၏။

"ငါတို့ရလာပြီ"

သာ့ကျိုးနှုတ်ခမ်းကိုက်ကာ...

"သခင်လေးအနောက်ကနေနှစ်တော်တော်ကြာလိုက်ပြီး မင်းကတခြားမဟုတ်ရင်တောင် သူ့ရဲ့ကျောက်တုံးမျက်နှာကိုတော့သင်ယူခဲ့တာပဲ"

ရှောင်ဝူကတုတ်တုတ်ပင်မလှုပ်ပဲ ပြန်ဖြေသည်။

"မင်းအဲ့တာကိုသခင်လေးရှေ့မှာပြောရဲရင်ပြောကြည့်လေ"

သူ့သခင်လေးအကြောင်းကိုတွေးမိသည်နှင့် သာ့ကျိုးကြက်သီးပင်တဖြန်းဖြန်းထသွားရသည်။

"မေ့လိုက်တော့။ ငါ့စကားငါပြန်ရုတ်သိမ်းတယ်။ သူတို့ဘာပြောသလဲဆိုတာသာနားထောင်ရအောင်ကွာ"

ရှောင်ဝူခလုတ်ကိုနှိပ်လိုက်သည်မို့ တီးလုံးသံစဉ်တွေကြားကပင် ယင်ဟောက်နှင့်သူတို့ပစ်မှတ်၏ အသံကိုရှင်းရှင်းလင်းလင်းကြားနေရဆဲ။

"ယင်ဟောက်... ငါတို့ကအတန်းဖော်ဟောင်းတွေနော်... မင်းငါ့ကိုမကစားစမ်းပါနဲ့"

"စိတ်လျော့စမ်းပါ။ ငါကဘာပဲဖြစ်ဖြစ်မင်းဘက်ကပါကွာ"

"မင်းရှန်အဖွဲ့အစည်းရဲ့ကြော်ငြာချက်တွေကိုရောမြင်ပြီးပြီလား? အဲ့တာကငါ့အတွက်ကောင်းတယ်လို့တော့မထင်ဘူးနော်"

"သတ္တိမကြောင်စမ်းပါနဲ့။ Metropolis Daily ကျသွားရင်တောင် အဲ့တာကငါတို့အပေါ်ဒီလောက်သက်ရောက်မှုရှိတာမှမဟုတ်တာ"

"ဒါပေမဲ့ ဖိုရမ်ပေါ်ကအဲ့ဒီ post တွေကတကယ်တမ်းငါ့ကုမ္ပဏီရဲ့ web portal ကနေပြန့်တာလေ။ သူတို့သာရှာတွေ့သွားလို့ကတော့ ငါတော့အသားစဉ်းကောလုပ်ခံရပြီပဲ"

"စိတ်မပူနဲ့။ သူတို့ရှာတွေ့သွားရင်တောင် မင်းအဲ့ဒီ 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး'အပေါ်အပြစ်ပုံချလို့ရတာပဲမဟုတ်ဘူးလား?"

"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်သူကငါတို့ကုမ္ပဏီကဝန်ထမ်းပဲလေ။ သူ့ကိုအဲ့တာတင်ဖို့ပြောတာလည်းငါပဲ။ တကယ်လို့သူတို့သာတကယ်ရှာတွေ့သွားရင် သူ့ကိုခိုင်းတာငါပါလို့ သူကသေချာပေါက်ပြောမှာပဲ"

"ဒါကရှင်းရလွယ်ပါတယ်။ သူ့ကိုပိုက်ဆံနည်းနည်းပေးပြီးထွက်သာသွားခိုင်းလိုက်။ ပြီးတော့လည်း သတင်းတွေက အင်တာနက်မှာတောက်လျှောက်ပြန့်နေတာ။ အမှန်တရားကိုရှာတွေ့ဖို့ကပိုခက်တယ်။ မင်းကဘာမဟုတ်ပဲစိတ်ပူနေတာပါကွာ"

"မင်းပြောသလိုဖြစ်ဖို့ပဲမျှော်လင့်ပါတယ်။ ဟူး... ငါနည်းနည်းတော့စိတ်မသန့်ဘူး။ ပြီးတာနဲ့ငါသူ့ကိုထွက်သွားဖို့ပြောမှဖြစ်မယ်"

"အင်း...ငါတို့အဲ့တာကိုမကြာခင်ရှင်းကြတာပေါ့"

နှစ်ယောက်သားက ထပ်မံ၍သောက်စားကာ မိန်းမအကြောင်းပြောကြပြန်သည်။ အသုံးဝင်သည့်အချက်အလက်ရဖို့မရှိတော့ဘူးဟု သာ့ကျိုးတွေးလိုက်သည့်အချိန်၌ပင် ကုမ္ပဏီအသေးစားမှသူဌေးကစတင်ပြောလာ၏။

"ယင်ယောက်... အဲ့အထောက်အထားတွေကတကယ်အစစ်အမှန်လား? ငါမနေ့ကရော ဒီနေ့သတင်းစာတွေပါဖတ်ပြီးပြီ။ အဲ့ဒီရှန်အဖွဲ့အစည်းနဲ့ပက်သက်တဲ့ကိစ္စတွေက အခုထိသက်သေမပြနိုင်သေးဘူး"

"ကျစ်...မင်းဘာမှမသိပါဘူးကွာ။ ငါ့လက်ထဲကအဲ့ဒီအထောက်အထားတွေအကုန်လုံးက အထက်ကလူတွေဆီကရတာ။ ရှန်အဖွဲ့အစည်းကလွတ်ဖို့အခွင့်အလမ်းမရှိဘူး"

"ပြောပါဦး။ ဘယ်လိုလူမျိုးကများ ရှန်အဖွဲ့အစည်းနဲ့ရှုပ်ချင်မှာလဲ? ငါ့ကိုမတွေးနဲ့ ငါကကုမ္ပဏီတစ်ခုရဲ့သူဌေးတစ်ယောက်သက်သက်ပဲလေ။ အဲ့ဒီပြောလို့မရတဲ့ကိစ္စတွေကငါ့အတွက်တော့အသစ်အဆန်းဟုတ်မနေတော့ဘူး"

"ဟင်း... ရှန်ယွီရှန်းဆိုတဲ့ကောင်က ကိုယ့်ကိုကိုယ်အထင်ကြီးနေတာ။ သူ့ကိုသင်ခန်းစာပေးမှဖြစ်မယ်။ ရှန်အဖွဲ့အစည်းမှာခေါင်းဆောင်အသစ်တက်တာနဲ့ မင်းကိုငါမချန်မထားခဲ့ပါဘူးကွာ"

"ဒါတော့အမှန်ပဲ။ ရှန်ယွီရှန်းကသူ့ကိုယ်သူလူတတ်ကြီးလိုလုပ်ပြီး ငါတို့လိုဘာမဟုတ်တဲ့လူတွေကိုအထင်အမြင်သေးနေတာ။ သူများအပေါ်မူတည်ပြီးအသက်ရှင်ရတဲ့အရသာကို မြည်းစမ်းခိုင်းဖို့အချိန်ရောက်ပြီ။ မင်းငါ့ကိုပေးထားတဲ့ကတိတည်တယ်ဆိုရင်ပဲငါကျေနပ်ပါပြီ ဒါပေမဲ့အဲ့ဒီ မင်းရဲ့အထောက်အထားတွေကမှန်တယ်လို့သက်သေမပြရသေးဘူးမလား?"

"အဲ့တာကိုစိတ်မပူနဲ့။ ဘာပဲဖြစ်ဖြစ် ရှန်ယွီရှန်းကိုသာဆွဲချနိုင်မယ်ဆိုရင် အဲ့တာကအစစ်အမှန်ဖြစ်မှကိုရမှာ"

၎င်းကိုကြားပြီးသည့်နောက် ရှောင်ဝူကလက်သီးဆုပ်ကာ...

"အစ်ကိုကျိုး... ကျွန်တော်တို့အဲ့ဒီ 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး'ကိုအလွတ်ပေးလို့မဖြစ်ဘူး"

သာ့ကျိုးကထေ့ငေါ့သံပြုရင်း နှုတ်ခမ်းမဲ့လေသည်။

"တစ်စုံတစ်ယောက်ကတော့ငါတို့သခင်လေးရဲ့ အမျက်ဒေါသကိုခံရတော့မယ်"

ထိုည၌ပင် 'ဆွဲဆောင်မှုရှိသောနတ်ဆိုး'က သူ့သူဌေး၏ကတိနှင့်ခြိမ်းခြောက်မှုများကြား တိတ်တဆိတ်ထွက်ခွာသွားတော့သည်။

ယင်ဟောက်က ဧည့်ခန်းထဲ၌အကြီးအကဲယင်ကိုတွေ့ဖို့ အိမ်သို့ပြန်လာခဲ့၏။

"ယင်ဟောက် မင်းပြန်လာပြီလား"

"ဖွားဖွား... ဘာလို့မအိပ်သေးတာလဲ?"

"ငါမင်းကိုစောင့်နေတာလေ... ဘယ်လိုဖြစ်သွားပြီလဲ?"

ယင်ယောက်က ဆိုဖာပေါ်ထိုင်လိုက်ရင်း စီးကရက်တစ်လိပ်ကိုယူလိုက်သည်။

"စိတ်မပူပါနဲ့အဖွား...အကုန်လုံးကအဆင်ပြေပြေဖြစ်သွားတော့မှာပါ"

အကြီးအကဲယင်၏မျက်နှာက မသာမယာဖြင့်ဆိုသည်။

"ဒါဆိုလည်းကောင်းတာပါပဲ။ ဒုတိယသခင်လေးရှန်နဲ့သေချာပေါင်းထား။ ယင်မိသားစုက အခုကစပြီးသူ့အပေါ်ပဲမှီခိုရတော့မှာ"

"ကျွန်တော်နားလည်ပါပြီ ဖွားဖွား"

"ဟမ်း... ဟယ့်ချန်းနင်... ရှန်သခင်လေးကိုလက်ထပ်ရုံနဲ့နောက်ခံရသွားပြီလို့ထင်နေတယ်ပေါ့လေ? ဒုတိယသခင်လေးရှန် ဆက်ခံမဲ့အထိသာစောင့်လိုက်စမ်းပါ။ အဲ့အချိန်ကျနင်ငါတို့ကိုဘာပြမလဲစောင့်ကြည့်ဦးမယ်"

"စိတ်မပူပါနဲ့ဖွားဖွား...အဲ့နေ့ကိုသေချာပေါက်မြင်ရမယ်ဆိုတာကျွန်တော်အာမခံတယ်"

ယင်ဟောက်ကနတ်ဆိုးဆန်စွာပြုံးလိုက်ရင်း ရှန်ယွီချန်းနှင့်သူ၏အရင်ဆွေးနွေးမှုများကို ပြန်လည်တွေးတောနေမိသည်။

ရှန်ယွီရှန်း... ဟယ့်ချန်းနင်... မင်းတို့နှစ်ယောက်လုံး မင်းတို့ကို ခွင့်လွှတ်ပေးဖို့ငါ့ရှေ့ဒူးထောက်ပြီး တောင်းပန်မဲ့နေ့ကိုစောင့်နေမယ်။

ထိုအချိန်တွင်တော့ သာ့ကျိုးက 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး'ကိုဖမ်းမိပြီဖြစ်ကာ အခြားအမိန့်လုပ်ဆောင်ရန်စောင့်နေလေသည်။

ရှောင်ချီ၊ ရှစ်အာနှင့် ကျောက်မျက်ရတနာဌာနခွဲမှဒါရိုက်တာ ဖန်းဟယ်တို့က ကျောက်မျက်အတုအယောင်ကိစ္စနောက်ကိုလိုက်နေဆဲ။ သူတို့က ထုတ်လုပ်သောစက်ရုံများနှင့် ပါဝင်ပက်သက်သည့် ဝန်ထမ်းများအားလုံးကိုအသေးစိတ်စုံစမ်းခဲ့ကြသည်။ ရောင်ခြည်မြင့်မားသော ရတနာအတုတွေထုတ်လုပ်ခဲ့သည့် တူညီသောအသုတ်မှ ရတနာများကို စစ်ဆေးရေးငှာနဆယ်ခုသို့ပို့ဆောင်ထားရာ ရလဒ်ထွက်ဖို့သုံး၊ လေးရက်တော့ကြာပေဦးမည်။

ထိုအချိန်၌ ရှန်အဖွဲ့အစည်းနှင့် Metropolis Daily ကြားတွင်လည်း ရှုပ်ထွေးနေ၏။

ဒီညကလည်း အလုပ်ရှုပ်သောညပင်။ ရှန်အိမ်ဟောင်းကို ရှန်ယွီရှန်း ရောက်သည့်အချိန်တွင်မူ ညလယ်ခေါင်ပင်ကျော်သွားပြီဖြစ်၏။ အရင်ရက်အနည်းငယ်က အိမ်ပြန်မလာခဲ့ရတာကြောင့်သာမဟုတ်ပါက သူချန်းနင်ကိုနှိုးဖို့စိတ်ကူးမည်မဟုတ်ချေ။ သူချန်းနင်ကိုအလွန်လွမ်းနေသည်လေ။

အခန်းတံခါးကိုဖွဖွလေးဖွင့်လိုက်သည့်အခါ၌ ဧည့်ခန်းအတွင်းမှ မီးများဖွင့်ထားဆဲဖြစ်ကြောင်းတွေ့လိုက်ရ၏။ ချန်းနင်က pajama ဝတ်ထားလျက် ဧည့်ခန်းထဲတွင်ရပ်နေလေသည်။ ယွီရှန်းလျှောက်လာသည်ကိုမြင်သည့်အခါတွင်မူ မျက်ဝန်းများကနီရဲသွားကာ ယွီရှန်းဆီကိုသွား၍ ခါးကိုဖက်ထားတော့သည်။

"ကျန်းကျီ? ဘာလို့ဒီလောက်နောက်ကျမှပြန်လာတာလဲ? အစာရောစားပြီးပြီလား? ခင်ဗျားပိန်သွားသလိုပဲ"

ယွီရှန်းက တင်းတင်းလေးပြန်ထွေးပွေ့လိုက်ရင်း ချန်းနင်၏နဖူးကိုအနမ်းလေးခြွေသည်။

"ကိုယ်မင်းကိုသတိရလို့.. အဲ့တာကြောင့်ပြန်လာခဲ့တာ"

ချန်းနင်ကယွီရှန်းကို ထိုင်ဖို့ ဆိုဖာပေါ်ဆွဲလာရင်း ရေတစ်ခွက်ငှဲ့ပေးလေသည်။

"တစ်ခုခုစားပြီးပြီလား?"

"စားပြီးပါပြီ။ စိတ်မပူနဲ့"

"ခင်ဗျားကိုယ့်ကျန်းမာရေးကိုပိုဂရုစိုက်သင့်တယ်နော်။ အခြေအနေတွေကရောဘယ်လိုလဲ?"

"အကုန်လုံးအဆင်ပြေတယ်။ မင်းပေးခဲ့တဲ့အချက်အလက်တွေကျေးဇူးပေါ့"

ထို့နောက် ယွီရှန်းသူ့လက်တွဲဖော်လေးကို ဖက်ရင်း ချန်းနင်၏ပခုံးပေါ်၌မေးတင်ထားကာဆိုသည်။

"ကိုယ်မင်းကိုလက်ထပ်တာတကယ်ကံကောင်းတာပဲ"

ချန်းနင်က လေးလံသည့်ခေါင်းကြီးကိုတွန်းထုတ်ရင်းဆိာသည်။

"ခင်ဗျားဘယ်တုန်းကတည်းကဒီလောက်စကားချိုအောင်သင်ထားတာလဲ?"

ယွီရှန်းက မျက်လွှာလေးချရင်းဆိုသည်။

"ချန်းနင် ကိုယ်မင်းကိုလွမ်းတယ်"

ချန်းနင်ပါးပြင်ထူပူသွားကာ ခပ်တိုးတိုးလေးပြန်လည်ဖြေကြားလာ၏။

"အင်း...ကျွန်တော်သိတယ်"

ယွီရှနိးက မျက်မှောင်ကြုံ့လိုက်ရင်း မတ်မတ်ပြန်နေလိုက်ကာ...

"ဘေဘီ... ကိုယ်တို့အခန်းထဲပြန်သွားရအောင်"

တွန့်ဆုတ်ခြင်းအလျင်းမရှိပဲ ချန်းနင်ကိုပွေ့ချီသွားပြီးသည့်နောက် ဒုတိယထပ်သို့ခြေလှမ်းကျဲများဖြင့်ဦးတည်တော့သည်။

သူတို့အိပ်ခန်းထဲဝင်လိုက်ပြီးသည်နှင့် တံခါးကိုလော့ခ်ချလိုက်၏။ ယွီရှန်းက ချန်းနင်ကို အိပ်ယာပေါ်ခပ်မြန်မြန်ပစ်တင်လိုက်ရင်း ချန်းနင်နားရွက်နား၌ သြရှရှလေသံဖြင့်ဆိုသည်။

"ချန်းနင်... ကိုယ်မင်းကိုလိုချင်တယ်"

ချန်းနင်နှလုံးသားတစ်ခုလုံးတုန်ယင်သွားကာ အရင်ညမှအချက်အာက်များကိုပြန်လည်တွေးမိလေ၏။ ယွီရှန်းကဘယ်လောက်ချစ်စိတ်ပြင်းပြမှန်းသူသိပြီး လက်ထပ်ပြီးစုံတွဲများကြား၌ ၎င်းကပုံမှန်ပင်ဖြစ်သော်လည်း ဒီလာက်လွယ်လွယ်ကြီး ယွီရှန်း စိတ်ပါလာသည်ကိုသူမယုံနိုင်သေးချေ။ သူနှုတ်ခမ်းကိုကိုက်လိုက်ရင်း ညှင်သာစွာဖြေကြားလိုက်လေသည်။

"ကျွန်တော်သိတယ်"

သူ့လက်တွဲဖော်က တောက်ပသောမျက်ဝန်းလေးများဖြင့် ကြည့်နေသည်ကိုမြင်တော့ ယွီရှန်းတစ်ကိုယ်လုံးအပူချိန်များမြင့်လာသယောင်ခံစားလိုက်ရသည်။ ချန်းနင်၏အရာအားလုံးကိုပိုင်ဆိုင်ဖို့သူမစောင့်နိုင်တော့သလို ၎င်းကပင်သူ့ကိုမကျေနပ်စေနိုင်သေးချေ။ သူ့အဝတ်အစားများကိုခပ်မြန်မြန်ချွတ်လိုက်ရင်း ချန်းနင်၏ pajama ကိုခပ်ကြမ်းကြမ်းဆွဲဖြဲလိုက်၏။ ကြယ်သီးများ အဝေးသို့လွင့်စင်သွားကာ ယွီရှန်းတစ်ယောက် သူ့လက်တွဲဖော်လေး၏ဖြူလျလျအရည်ပြားပေါ်၌ အနမ်းများစတင်ပေးတော့သည်။

တင်းကြပ်သောကြွက်သားလေးများကိုချဲ့ပြီးသည့်နောက် သူ့ပစ္စည်းကို ချစ်ရသူလေး၏အတွင်းထဲထိုးသွင်းကာ အထွဋ်အထိပ်ကိုအရယူခဲ့၏။

သူဘယ်လောက်ငိုကြွေး၍ညည်းညူမိသလဲပင်ချန်းနင်မသိတော့ချေ။ ယွီရှန်း သူ့ကိုယ်ပေါ်မှမထခင်အထိ ဘယ်နှစ်ကြိမ်လောက် သူ့အထဲ၌ထုတ်လွှတ်ခဲ့သလဲဆိုတာလည်း သူမသိ။

ကောင်းကင်ကြီး စတင်လင်းလာသည့်အခါတွင်မှ ယွီရှန်းက ချန်းနင်ကိုအိပ်ယာပေါ်သို့သယ်ကာ နှစ်ယောက်သားအေးအေးချမ်းချမ်းအိပ်ပျော်သွားတော့သည်။

ချန်းနင်မျက်လုံးပြန်ပွင့်လာသည့်အခါတွင်မူ ၎င်းက နေ့လည်တစ်နာရီပင်ထိုးနေချေပြီ။ သူ့ဘေးတွင်လည်း ရှန်ယွီရှန်း၏ပုံရိပ်ကိုမတွေ့ရ။ သူ့သွားကိုကြိတ်လိုက်ရင်း ယွီရှန်းကိုခေါင်းမှခြေအထိဆူပူပစ်လိုက်၏။ သူ၏ ကိုက်ခဲနေသောခန္ဓာကိုယ်ကို ချန်းနင်သယ်ရင်း ဆေးကြောဖို့ရေချိုးခန်းထဲသို့ဝင်သွားတော့သည်။

သူ့ကိုယ်ပေါ်မှ အမှတ်အသားများအား မှန်မှတစ်ဆင့် အလွယ်တကူမြင်နေရသည်မို့ မတိုင်သေးမီက ရူးသွပ်ဖွယ်ညအကြောင်း ပြန်လည်သတိပေးနေသယောင်။ သူ့ခန္ဓာကိုယ်ကသန့်ရှင်း၍ အောက်ပိုင်းကလည်း ဆိုးဆိုးဝါးဝါးမခံစားရသည့်အပြင် အေးစိမ့်စိမ့်ခံစားမှုတစ်ခုကိုပါရနေသေးသည်။ ၎င်းက ယွီရှန်းသူ့ကို ဆေးကြောသန့်စင်ပေး၍ ဆေးထည့်ပေးထားခြင်းပင်ဖြစ်လောက်၏။ သို့သော်လည်း ချန်းနင်ကတော့မျက်မှောင်ကြုံနေဆဲပင်။ သူကပဲဘာလို့အမြဲလက်ခံနေရတာပါလိမ့်?

မည်သို့ပင်ဆိုစေကာမူ ထိုခါးသီးသောခံစားချက်ကအသုံးမဝင်ပါချေ။ ချန်းနင်သူ့ကိုယ်သူရေနွေးထဲစိမ်လိုက်ရင်း အနားယူလိုက်၏။ သူပြီးသည့်အခါတွင်မူ မဒမ်ရှန်ကိုရင်ဆိုင်ဖို့အချိန်ရောက်လာချေပြီ။ ချန်းနင်တစ်ယောက် တွင်းတစ်တွင်းတူး၍ သူ့ကိုယ်သူပင်မြေမြုပ်ပစ်လိုက်ချင်ပါ၏။ မဟုတ်ရင်လည်း အခန်းထဲမှာပဲနေ၍ ပုန်းနေလိုက်ချင်တော့သည်။

မည်သို့ပင်ဆိုစေကာမူ ကိစ္စများက သူစီစဉ်ထားသည့်အတိုင်းဖြစ်ဖို့ခက်ခဲလှ၏။ ရှောင်လျိုနှင့် ရှစ်စန်းက အခန်းထဲမှအသံများကိုကြားသည်နှင့် တံခါးကိုခပ်ဖွဖွခေါက်လာတော့သည်။

"သခင်လေးနင်... နိုးပြီလားခဗျ?"

အခုလေးတင် အဝတ်စားဝတ်ပြီးသောချန်းနင်က သူအောက်ထပ်ကိုဆင်းသင့်မဆင်းသင့် တွေဝေနေဆဲ။ သူခဏရပ်လိုက်ပြီးနောက် ယွီရှန်းကသူ့လူများကို သူ(ချန်းနင်)ကိုစောင့်ကြည့်ထားဖို့မှာထားကြောင်းသိလိုက်ရသည်။ ဒီငတုံးကောင်ကြီးကို သူမကျိန်ဆဲပဲမနေနိုင်။

သူကတော့ မဒမ်ရှန်ကိုဘာလို့အိပ်ယာထနောက်ကျရလဲရှင်းပြဖို့ကြိုးစားနေလိုက်ရတာ။ ယွီရှန်းကတော့ လူတွေလာမနှောက်ယှက်ဖို့ သူ့လူတွေကိုအခန်းရှေ့မှာစောင့်ခိုင်းပြီး ရမ္မက်ပြင်းပြင်းညလေးဖြတ်သန်းခဲ့ပါကြောင်းသိသာအောင် လုပ်နေသတဲ့လေ။ သူလူတွေကိုဘယ်လိုမျက်နှာပြရပါ့မလဲ?! တွေးရင်းဖြင့်ချန်းနင် ခြေလှမ်းများကိုနှေးကွေးစွာရွေ့လျားလာရတော့သည်။

အခန်းထဲပုန်းနေလဲမထူးတော့ပြီမို့ ချန်းနင်သူ့ကိုယ်သူနှစ်သိမ့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့်တံခါးကိုဖွင့်လိုက်ချေ၏။

"အင်း"

ရှစ်စန်းကမပြောခင် ဦးညွှတ်ကာ...

"သခင်လေးနင်...ဒါကရှောင်လျို့ပါ။ ကျွန်တော်တို့ကို သခင်လေးကိုစောင့်ရှောက်ဖို့ သခင်လေးရှန်ကအမိန့်ပေးထားပါတယ်။ သခင်လေးက အိမ်မှာဖြစ်ဖြစ်အပြင်မှာဖြစ်ဖြစ်၊ ကျွန်တော်တို့ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အနားမှာရှိနေမှာပါ။ သခင်လေးရဲ့နေ့စဉ်ဘဝကို မသက်ရောက်စေမှာမို့လို့ စိတ်ပူဖို့မလိုပါဘူး"

ယွီရှန်းဒီလိုလုပ်ရသည်က အကြောင်းအရင်းရှိကြောင်း ချန်းနင်နားလည်သည်။ ရှောင်ဝူ၊ ရှောင်ချီနှင့် ရှစ်အာတို့ သူ့ကိုကာကွယ်ပေးတဲ့အတွေ့အကြုံအရ၊ တစ်စုံတစ်ယောက်သူ့ကိုစောင့်ကြည့်ပေးနေသည့်အပေါ် ချန်းနင်ထူးထူးခြားခြားစိတ်မရှိတော့ချေ။ ဤကာကွယ်မှုကို ထိန်းချုပ်ခြင်းဟုတော့သူမသတ်မှတ်။ ရှန်အဖွဲ့အစည်းတွင်ဖြစ်သွားသည့်ကိစ္စများက တိုက်ဆိုင်မှုမဟုတ်မှန်းသူသိသည်မို့ ကြိုတင်ကာကွယ်ထားခြင်းက နောင်မှ နောင်တရခြင်းထက်အကောင်းဆုံးပါပင်။

"ကျွန်တော်နားလည်ပါတယ်။ အိမ်ထဲမှာအရမ်းကြီးတင်းတင်းကြပ်ကြပ်နေဖို့မလိုပါဘူး။ ကျွန်တော်တို့အပြင်ရောက်ရင်လည်းပုန်းနေဖို့မလိုဘူး။ ကျွန်တော့်ဘေးမှာဒီတိုင်းသာနေလို့ရတယ်"

ရှစ်စန်းနှင့် ရှောင်လျိုကပြိုင်တူဖြေကြားလာသည်။

"ဟုတ်ကဲ့ သခင်လေးနင်"

အန်တီချင်က အပေါ်ထပ်မှအသံများကိုကြားသည်မို့ အမေးရှိလာ၏။

"ချန်းနင်နိုးပြီလား?"

ရှောင်လျိုနှင့် ရှစ်စန်းတို့နှင့်အတူ ချန်းနင်အောက်ထပ်ဆင်းလာကာ နှုတ်ဆက်လိုက်သည်။

"အန်တီချင်"

အန်တီချင်ကပြုံးရင်း ခေါင်းငြိမ့်ပြ၏။

"မင်းဗိုက်ဆာနေတော့မှာပဲ။ လာ... အန်တီဆန်ပြုတ်နဲ့ အရန်ဟင်းနည်းနည်းပြင်ပေးထားတယ်။ ထိုင်ပြီးနည်းနည်းစားလိုက်"

ကူရှင်ခံထားသည့် ထိုင်ခုံပေါ်တွင်ထိုင်လိုက်ရင်း ချန်းနင်နှုတ်ခမ်းကမဲ့သွားရသည်။

"အဖွားရောဘယ်မှာလဲ?"

မဒမ်ရှန်ကလည်း အိမ်ကိုရောက်ရောက်ချင်းမို့ မေးခွန်းကိုကြားလိုက်ရသည်။

"အဖွားကိုရှာနေတာလား ချန်းနင်?"

"အဖွား အပြင်ထွက်သွားတာလား?"

မဒမ်ရှန်ကပြုံးရင်း ချန်းနင်ကိုပြန်ထိုင်ဖို့အချက်ပြလေသည်။

"မင်းဘာလို့နည်းနည်းလောက်ပိုမနားတာလဲ?"

ချန်းနင်၏မျက်နှာတစ်ခုလုံးပူလာသယောင်ပင်။ ချီးထုပ် ရှန်ယွီရှန်း... ဘာလို့လူတွေအကုန်သိအောင်လုပ်နေရတာလဲ? သူအခုသူဘယ်လိုမျက်နှာပြရတော့မှာလဲလို့?!

ချန်းနင်၏နီရဲနေသောမျက်နှာနှင့် ရှက်ရွံ့နေပုံကိုမြင်တော့ အမျိုးသမီးကြီးကရှင်းပြလာသည်။

"အဖွားကအသက်၇၀ကျော်နေပြီ။ အဖွားတောင်ဘာမှမဖြစ်တာ မင်းကပိုပြီးပွင့်လင်းသင့်တာပေါ့။ ဒါကဘာမှရှက်စရာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဖွားကရှေးရိုးစွဲလူအိုကြီးမှမဟုတ်ပဲ၊ ဒီလိုမှမဟုတ်ရင် မင်းကိုယွီရှန်းနဲ့ဘယ်လိုလုပ်လက်ထပ်ခိုင်းမှာလဲ"

ချန်းနင်ကတော့ တွင်းတူး၍ပုန်းချင်လှချေပြီ။

"အဖွား.. တော်ပါတော့..."

"ကောင်းပြီ၊ ကောင်းပြီ။ မစတော့ပါဘူးကွယ်။ မြန်မြန်... အစာစားလိုက်။ မင်းအခုဗိုက်ဆာနေလောက်ပြီ"

ချန်းနင်မျက်နှာရဲရဲနှင့်ပင် စားလို့ပြီးသွားတော့သည်။ ထို့နောက်တွင်မူ မဒမ်ရှန်က သူ့မြေးသားမက်လေး၏ကျန်းမာရေးကိုထောက်ပံ့သည့်အနေဖြင့် အဆာပြေမုန့်များနှင့်ဆေးဝါးများကို ပြင်ဆင်ပေးဖို့အိမ်အကူများကိုမှာကြားလိုက်၏။

ကျန်းမာရေးအတွက်ဆိုတာထက် သွေးအားပြန်ဖြည့်ပေး၍ အားအင်တိုးစေသောအစားအစာများကိုမြင်သည်နှင့် ချန်းနင်တို့ဖူးကိုခေါင်းနဲ့တိုက်ပစ်လိုက်ချင်တော့သည်။

ယွီရှန်းအိမ်ကိုဖုန်းခေါ်၍ ချန်းနင်အစာစားဖို့နိုးလာပြီလားမေးမလို့လုပ်သည့်အခါ၌ သူ့ဇနီးလေးကိုနည်းနည်းလောက်စကားပြောဖို့ပြင်ထားတာဖြစ်သည်။ သို့သော်လည်း မဒမ်ရှန်က သူ့အချစ်လေးအတွက် အဟာရဖြည့်စွက်အစားစာတစ်ပုံကြီးပြင်ပေးထားသည်ကိုကြားတော့ ဖုန်းကိုသာချလိုက်တော့သည်။ ဒါဘယ်လိုဟာသပါလိမ့်။ သူ့ချစ်သူလေးကတော့သူ့ကိုမကျေမနပ်ဖြစ်နေလောက်ပြီ။ သူတော့အခု ဇနီးလေးရဲ့ဒေါသကိုအရင်ထိန်းဖို့လုပ်မှဖြစ်တော့မယ်။

သုံးရက်ဆက်တိုက် သတင်းစာတိုက်ကြီးဆယ်ခုထံမှ တိုက်ခိုက်ခံရပြီးနောက် Metropolis Daily ကအသုံးမဝင်တော့ချေ။ Metropolis Daily မှ ဒါရိုက်တာတုက ထပ်မံ၍မကိုင်တွယ်နိုင်တော့သည်မို့ အကူအညီတောင်းဖို့ဖုန်းဆက်လာတော့၏။

"ဟယ်လို ဒုတိယသခင်လေးရှန်? ကျွန်တော်တို့အခုဘယ်လိုလုပ်ရမလဲ? လူထုကပေးတဲ့ ဖိအားတွေကတဖြည်းဖြည်းပိုဆိုးလာပြီ။ ကျွန်တော်ဆက်ပြီးထိန်းမထားနိုင်တော့ဘူး"

ရှန်ယွီချန်း၏အမူအရာကမဲမှောင်သွားကာ ပြန်လည်ဖြေကြားလာ၏။

"ဘာလုပ်ရမလဲဆိုတာက ဘာကိုဆိုလိုတာလဲ? ခင်ဗျားက ကျောက်မျက်ရတနာအတုနဲ့ အဆိပ်သင့်တဲ့ကိစ္စကိုထပ်ဖြန့်နေရုံပဲလေ။ ပြီးတော့လည်း ရှန်အဖွဲ့အစည်းက သူတို့အကျိုးအမြတ်ရဖို့လူတွေကိုလွယ်လွယ်သတ်ပစ်နေတယ်လို့ပြောရင်ရတာပဲ။ အခုတစ်ခုခုဖြစ်လာလို့ သူတို့ကိုယ်သူတို့ကာကွယ်ဖို့ဆုံးဖြတ်ပြီး လူထုကိုလမ်းလွဲအောင်လုပ်၊ သူတို့အာဏာနဲ့ဖိနှိပ်ချင်နေတယ်လို့ပြောလိုက်။ အဲ့တာကိုခင်ဗျားရဲ့စာရွက်တွေပေါ်မှာရိုက်ပြီးဖြန့်ဝေချေ။ ဒါရိုက်တာတု စိတ်မပူပါနဲ့...ကျွန်တော်ခင်ဗျားကိုကတိပေးထားတဲ့အတိုင်းလုပ်မှာပါ"

စိတ်အနည်းငယ်ချရသွားရပြီးနောက် ဒါရိုက်တာတု သိပ်မစိုးရိမ်တော့ချေ။

"ကောင်းပြီလေ။ ဒါဆိုလည်းဆက်ဆွဲထားလိုက်တော့မယ်။ ဒါပေမဲ့အရမ်းတော့မကြာစေနဲ့။ ခင်ဗျားခြေစလှမ်းသင့်ပြီး ဒုတိယသခင်လေးရှန်"

"စိတ်လျှော့ပါ...ကိစ္စတွေကမကြာခင်ဖြေရှင်းပြီးသွားပါလိမ့်မယ်"

ဖုန်းချပြီးသည်နှင့် ယွီချန်းကသူ့ရုံးခန်းထဲတွင်ထိုင်နေသည့် လင်ချန်ချင်းကိုကြည့်ဖို့လှည့်လာတော့သည်။

"ဒါရိုက်တာလင်... ခင်ဗျားလည်းကြားလိုက်မယ်လို့ကျွန်တော်ထင်တယ်။ ကျွန်တော်တို့အတွက်အချိန်သိပ်မကျန်တော့ဘူး။ ခင်ဗျားဘက်ကကိစ္စတွေကဘယ်လိုလဲ?"

လင်ချန်ချင်းက အကြောဆန့်လိုက်ရင်း သက်သာသည့်အနေအထားသို့ပြောင်းထိုင်လိုက်ကာ...

"စိတ်ပူစရာမရှိဘူး။ ပြင်စရာတွေအကုန်ပြင်ပြီးသွားပြီ။ မနက်ဖြန် ရှယ်ယာရှင်အစည်းအဝေးမှာ မင်းစိတ်ကျေနပ်စရာရလဒ်ကိုသေချာပေါက်ရစေရမယ်"

ရှန်ယွီရှန်း၏ရုံခန်းထဲတွင်တော့ သာ့ကျိုးက သူရရှိလာသည့်အချက်အလက်များကို သတင်းပို့နေချိန်ဖြစ်သည်။

"သခင်လေး... အချက်အလက်တွေအကုန်လုံးက ကျွန်တော်တို့လက်ထဲရောက်ပါပြီ"

ယွီရှန်းကခေါင်းငြိမ့်ကာ...

"ရှောင်ဝူ့ကိုခိုင်းထားတဲ့ကိစ္စကရောဘယ်လိုလဲ?"

"သူတို့စစ်ဆေးချက်ရလဒ်ကိုရလာပါပြီ။ ပြီးတော့ ယင်ဟောက်ကလည်း လက်ဝတ်ရတနာတွေကိုလက်ဝါးကြီးအုပ်တဲ့လူဆီဦးတည်သွားနေပြီ။ စစ်ဆေးရေးရုံးကဒါရိုက်တာအဟောင်းကိုကျွန်တော်ရှာတွေ့ထားတယ်၊ သူကသခင်လေးကိုကိုယ်တိုင်ရှင်းပြပါလိမ့်မယ်။ 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး' အတွက်ကတော့ ကျွန်တော်တို့ကိုသူလည်းအချက်အလက်အချို့ပေးပြီး သူ့သူဌေးကသူ့ကိုဒီပို့စ်တွေတင်ဖို့ခိုင်းတာလို့ပြောတယ်။

အကောင့်တုတွေကလည်း နယ်ပယ်ထဲကသူ့သူငယ်ချင်းတစ်ယောက်ဆီကရတာ။ အခကြေးငွေကိုတော့ ယင်ဟောက်ကပေးတယ်။ ပြီးတော့ ရှန်အဖွဲ့အစည်းရဲ့ဆက်ခံသူနေရာပြောင်းလိမ့်မယ်လို့ သူ့သူဌေးနဲ့ယင်ဟောက်ပြောတာကို သူမတော်တဆကြားခဲ့ရတယ်တဲ့။ အဲ့ဒီမတော်တဆတစ်ခုလုံးမှာ လူကြီးတွေရှိနေတာမို့ သူကခိုင်းတာလုပ်ရုံပဲ ပြီးရင်ဆုချခံရမယ်လို့ပြောထားတာ"

ယွီရှန်း၏အကြည့်ကပို၍ပင်အေးစက်သွားကာ ဆိုလာသည်။

"လူကြီးတွေ? တစ်ချို့လူတွေကသူတို့အချိန်ပြည့်ဖို့ထိမစောင့်နိုင်တော့ဘူးနဲ့တူတယ်"

သာ့ကျိုးကတက်ကြွစွာပင်ဆိုလာ၏။

"အမှန်ပါပဲ။ ဒီတစ်လျှောက်လုံးတိတ်တဆိတ်နေခဲ့ပြီးမှတော့ သူတို့ကသခင်လေးနဲ့ သခင်လေးနင်ရဲ့လက်ထပ်ပွဲကိစ္စကိုအလွတ်မပေးချင်တော့ဘူး"

"ငါတို့အိမ်ကလူတွေကို အဖွားနဲ့ချန်းနင်ကိုဂရုစိုက်ဖို့အသိပေးလိုက်။ သူတို့ဘာမှဖြစ်လို့မရဘူး"

ယွီရှန်းကခဏရပ်ကာဆိုသည်။

"ပိုင်မော့ကိုစောင့်နေတဲ့ရှောင်စန်းရော ငါတို့ဆီပြန်လာပြီလား?"

"ပြန်လာပါပြီ။ လူနာရဲ့ကိုမာက lymphoma ကြောင့်ဖြစ်တယ်လို့အတည်ပြုပြီးပြီ။ သူကနောက်ဆုံးအဆင့်တောင်ရောက်နေပြီ။ ကျွန်တော်တို့ထိန်းသိမ်းထားတဲ့ဆရာဝန်ကလည်း သူ့ကိုအကြီးအကဲတွေကတခြားနည်းနဲ့ပြောဖို့ခိုင်းထားတာလို့ပြောတယ်။ အဲ့နောက်ကွယ်ကအကြောင်းအရင်းကိုတော့သူတို့လဲမသိပါဘူးတဲ့။ ဒေါက်တာပိုင်နဲ့အတူလိုက်သွားတဲ့အဖွဲ့ကလည်း ဆေးရုံရဲ့တာဝန်ခံနဲ့တွေ့ဆုံပြီးပါပြီ။ တာဝန်ခံက ဒီမတော်တဆကိုသူမသိဘူးလို့ပြောတော့ သေချာတာကနှစ်ဖက်လုံးအပြစ်တွေပြန်ဖို့နေကြတာပဲ။ လူနာကိုစုံစမ်းဖို့လွှတ်လိုက်တဲ့လူလည်း ကျွန်တော်တို့ဆီပြန်လာပြီ။ အဆိပ်သင့်တဲ့ကိစ္စမတိုင်ခင်တစ်ပါတ်အလိုတုန်းက လူနာရဲ့ဘဏ်အကောင့်ထဲကို ဒေါ်လာသုံးသောင်းလွှဲထားတာတွေ့ရတယ်။ ဘဏ်ကပေးတဲ့အချက်အလက်အရ ငွေလွှဲတဲ့လူကိုလည်းခြေရာခံမိပါပြီ။ အဲ့တညက ကုမ္ပဏီအသေးစားလေးက အရောင်းမန်နေဂျာတစ်ယောက်ပဲ။ အခက်အခဲတွေကြားကနေ အဲ့မန်နေဂျာက ဒါရိုက်တာလင်ချန်ချင်းရဲ့ အချိန်အတော်ကြာမဆက်သွယ်ဖြစ်တဲ့ သွေးဝေးဆွေမျိုးဆိုတာသိလိုက်ရတယ်"

"သူတို့ငါ့ကိုနေရာကဆွဲချဖို့ဘယ်လောက်တောင်အားထုတ်လိုက်ရမလဲ"

သာ့ကျိုးက ဒုတိယသခင်လေးရှန်နှင့် ဒါရိုက်တာလင်အစား သနားမျက်ရည်ပင်သုတ်လိုက်မိသေးသည်။ သူတို့ဘဝသူတို့အေးအေးချမ်းချမ်းနေမဲ့အစား ရှန်ယွီရှန်းကိုသွားရှုပ်ချင်သေးသည်တဲ့။ သူတို့ရဲ့အမှားကြောင့် သေချာပေါက်ကောင်းကောင်းကြီးကိုအပြစ်ပေးခံရတော့မှာပဲ။

"လူနာရဲ့မိသားစုနဲ့စကားပြောဖို့လည်းကျွန်တော်တို့လူတွေကိုလွှတ်ထားပြီးပြီ။ သူတို့ကကျေးဇူးတင်ပြီး သူတို့သိသမျှအကုန်ပြောပြပြီး ဒီအဖြစ်အပျက်ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးဖို့ကတိပေးလိုက်တယ်"

"အင်း...မနက်ဖြန်ကတော့ သာယာတဲ့နေ့လေးတစ်နေ့ဖြစ်တော့မှာပဲ။ မင်းရောလက်မခံဘူးလား သာ့ကျိုး?"

ယွီရှန်း၏နှုတ်ခမ်းပါးထက်၌ နတ်ဆိုးဆန်ဆန်အပြုံးတစ်ပွင့်ထွက်ပေါ်လာတော့သည်။

သာ့ကျိုးမသိလိုက်မသိဘာသာနှင့် ခြေနောက်တစ်လှမ်းဆုတ်မိ၏။

"ဟုတ်ပါတယ် သခင်လေး...မနက်ဖြန်ကသာယာတဲ့နေ့လေးတစ်နေ့ဖြစ်လာမှာပါ"

°°

အိုက်ယား ဆက်ပြန်ဦးမှာလေ စိတ်မပူကြပါနဲ့လို့ 🤧 ကိုယ်ပြောတာက ကိုယ့် update ကလိပ်လိုကြာနေလို့ ပြန်ချင်ရင်ယူပြန်လို့ပြောတာ။ စိတ်ဆိုးတာဘာညာလဲမဟုတ်ဘူး၊ ဘယ်သူမှလဲဘာမှမပြောပါဘူး။ ရှင်လေးတို့ကိုချော့ချင်လွန်းလို့တစ်ပိုင်းအမြန်ကောက်ပြန်လိုက်ရတယ်။ အထင်မလွဲနဲ့ တစ်တစ် ပြန်မဲ့လူကလည်းယူသာပြန်အားမနာနဲ့ ဟုတ်ပြီလား။

°°

Z••

[ဝီရိယရွိရွိစံုစမ္းစစ္ေဆးျခင္း - ၂]

သာ့က်ိဳးသူ႔လူမ်ားကို ကုမၸဏီအေသးေလးမွသူေဌးကို ေစာင့္ၾကည့္ထားရန္အမိန္႔ေပးထား၏။ ဆယ္နာရီခန္႔တြင္ ပစ္မွတ္က ဘားတစ္ခုထဲရွိသီးသန္႔ခန္းတြင္ တစ္စံုတစ္ေယာက္ကိုေစာင့္ေနပံုရေၾကာင္း ၎တို႔ကဆိုသည္။

သာ့က်ိဳး ဘားသို႔ေရာက္လာသည့္အခ်ိန္၌ ေရွာင္ဝူကိုပါတ္တဆိတ္ေခၚေဆာင္လာခဲ့ေခ်သည္။ အေျခအေနကိုေစာင့္ၾကည့္ေနသူမ်ားနွင့္ေတြ႕ဆံုၿပီးေနာက္ ပစ္မွတ္ကသီးသန္႔ခန္းထဲတြင္ရွိေနဆဲျဖစ္ေၾကာင္းလည္းအတည္ျပဳလိုက္၏။ သူတို႔ ဘား၏ဆိတ္ျငိမ္ေသာေထာင့္တစ္ေနရာတြင္ထိုင္ေစာင့္ရင္း ေသာက္စရာနွစ္ခြက္မွာထားလိုက္သည္။

တကယ္တမ္း ၁၁နာရီေရာက္သည့္အခါတြင္မူ ယင္ေဟာက္က ဦးထုပ္အနက္ေရာင္ကိုေဆာင္း၍ ဘားထဲဝင္လာေတာ့၏။ ေဘးဘီကိုေဝ့ဝဲၾကည့္ၿပီးသည့္ေနာက္ သူကသီးသန္႔ခန္းထဲဝင္သြားေတာ့သည္။

တစ္နာရီၾကာၿပီးသည့္ေနာက္တြင္ေတာ့ ယင္ေဟာက္နွင့္ ပစ္မွတ္(သူေဌး)တို႔ ဆယ္မိနစ္ခြာကာ ထြက္သြားၾကေတာ့သည္။ သာ့က်ိဳးက ေရွာင္ဝူကို သီးသန္႔ခန္းထဲဝင္ဖို႔အခ်က္ျပကာ သူကတံခါးဝတြင္ေစာင့္ေနလိုက္၏။ ေရွာင္ဝူခပ္ျမန္ျမန္ပင္အခန္းထဲမွထြက္လာကာ နွစ္ေယာက္သားခမ္းမထဲကထြက္လာေတာ့သည္။

သူတို႔ကားေပၚေရာက္သည့္အခါတြင္မူ ေရွာင္ဝူ႔လက္ထဲ၌ အသံဖမ္းစက္အေသးေလးရွိေနၿပီျဖစ္၍ ၎ကခံစားခ်က္မဲ့ေသာ မ်က္နွာေသျဖင့္ဆို၏။

"ငါတို႔ရလာၿပီ"

သာ့က်ိဳးနႈတ္ခမ္းကိုက္ကာ...

"သခင္ေလးအေနာက္ကေနနွစ္ေတာ္ေတာ္ၾကာလိုက္ၿပီး မင္းကတျခားမဟုတ္ရင္ေတာင္ သူ႔ရဲ႕ေက်ာက္တံုးမ်က္နွာကိုေတာ့သင္ယူခဲ့တာပဲ"

ေရွာင္ဝူကတုတ္တုတ္ပင္မလႈပ္ပဲ ျပန္ေျဖသည္။

"မင္းအဲ့တာကိုသခင္ေလးေရွ႕မွာေျပာရဲရင္ေျပာၾကည့္ေလ"

သူ႔သခင္ေလးအေၾကာင္းကိုေတြးမိသည္နွင့္ သာ့က်ိဳးၾကက္သီးပင္တျဖန္းျဖန္းထသြားရသည္။

"ေမ့လိုက္ေတာ့။ ငါ့စကားငါျပန္ရုတ္သိမ္းတယ္။ သူတို႔ဘာေျပာသလဲဆိုတာသာနားေထာင္ရေအာင္ကြာ"

ေရွာင္ဝူခလုတ္ကိုနိွပ္လိုက္သည္မို႔ တီးလံုးသံစဥ္ေတြၾကားကပင္ ယင္ေဟာက္နွင့္သူတို႔ပစ္မွတ္၏ အသံကိုရွင္းရွင္းလင္းလင္းၾကားေနရဆဲ။

"ယင္ေဟာက္... ငါတို႔ကအတန္းေဖာ္ေဟာင္းေတြေနာ္... မင္းငါ့ကိုမကစားစမ္းပါနဲ႔"

"စိတ္ေလ်ာ့စမ္းပါ။ ငါကဘာပဲျဖစ္ျဖစ္မင္းဘက္ကပါကြာ"

"မင္းရွန္အဖြဲ႕အစည္းရဲ႕ေၾကာ္ျငာခ်က္ေတြကိုေရာျမင္ၿပီးၿပီလား? အဲ့တာကငါ့အတြက္ေကာင္းတယ္လို႔ေတာ့မထင္ဘူးေနာ္"

"သတၲိမေၾကာင္စမ္းပါနဲ႔။ Metropolis Daily က်သြားရင္ေတာင္ အဲ့တာကငါတို႔အေပၚဒီေလာက္သက္ေရာက္မႈရွိတာမွမဟုတ္တာ"

"ဒါေပမဲ့ ဖိုရမ္ေပၚကအဲ့ဒီ post ေတြကတကယ္တမ္းငါ့ကုမၸဏီရဲ႕ web portal ကေနျပန္႔တာေလ။ သူတို႔သာရွာေတြ႕သြားလို႔ကေတာ့ ငါေတာ့အသားစဥ္းေကာလုပ္ခံရၿပီပဲ"

"စိတ္မပူနဲ႔။ သူတို႔ရွာေတြ႕သြားရင္ေတာင္ မင္းအဲ့ဒီ 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး'အေပၚအျပစ္ပံုခ်လို႔ရတာပဲမဟုတ္ဘူးလား?"

"ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္သူကငါတို႔ကုမၸဏီကဝန္ထမ္းပဲေလ။ သူ႔ကိုအဲ့တာတင္ဖို႔ေျပာတာလည္းငါပဲ။ တကယ္လို႔သူတို႔သာတကယ္ရွာေတြ႕သြားရင္ သူ႔ကိုခိုင္းတာငါပါလို႔ သူကေသခ်ာေပါက္ေျပာမွာပဲ"

"ဒါကရွင္းရလြယ္ပါတယ္။ သူ႔ကိုပိုက္ဆံနည္းနည္းေပးၿပီးထြက္သာသြားခိုင္းလိုက္။ ၿပီးေတာ့လည္း သတင္းေတြက အင္တာနက္မွာေတာက္ေလ်ွာက္ျပန္႔ေနတာ။ အမွန္တရားကိုရွာေတြ႕ဖို႔ကပိုခက္တယ္။ မင္းကဘာမဟုတ္ပဲစိတ္ပူေနတာပါကြာ"

"မင္းေျပာသလိုျဖစ္ဖို႔ပဲေမ်ွာ္လင့္ပါတယ္။ ဟူး... ငါနည္းနည္းေတာ့စိတ္မသန္႔ဘူး။ ၿပီးတာနဲ႔ငါသူ႔ကိုထြက္သြားဖို႔ေျပာမွျဖစ္မယ္"

"အင္း...ငါတို႔အဲ့တာကိုမၾကာခင္ရွင္းၾကတာေပါ့"

နွစ္ေယာက္သားက ထပ္မံ၍ေသာက္စားကာ မိန္းမအေၾကာင္းေျပာၾကျပန္သည္။ အသံုးဝင္သည့္အခ်က္အလက္ရဖို႔မရွိေတာ့ဘူးဟု သာ့က်ိဳးေတြးလိုက္သည့္အခ်ိန္၌ပင္ ကုမၸဏီအေသးစားမွသူေဌးကစတင္ေျပာလာ၏။

"ယင္ေယာက္... အဲ့အေထာက္အထားေတြကတကယ္အစစ္အမွန္လား? ငါမေန႔ကေရာ ဒီေန႔သတင္းစာေတြပါဖတ္ၿပီးၿပီ။ အဲ့ဒီရွန္အဖြဲ႕အစည္းနဲ႔ပက္သက္တဲ့ကိစၥေတြက အခုထိသက္ေသမျပနိုင္ေသးဘူး"

"က်စ္...မင္းဘာမွမသိပါဘူးကြာ။ ငါ့လက္ထဲကအဲ့ဒီအေထာက္အထားေတြအကုန္လံုးက အထက္ကလူေတြဆီကရတာ။ ရွန္အဖြဲ႕အစည္းကလြတ္ဖို႔အခြင့္အလမ္းမရွိဘူး"

"ေျပာပါဦး။ ဘယ္လိုလူမ်ိဳးကမ်ား ရွန္အဖြဲ႕အစည္းနဲ႔ရႈပ္ခ်င္္မွာလဲ? ငါ့ကိုမေတြးနဲ႔ ငါကကုမၸဏီတစ္ခုရဲ႕သူေဌးတစ္ေယာက္သက္သက္ပဲေလ။ အဲ့ဒီေျပာလို႔မရတဲ့ကိစၥေတြကငါ့အတြက္ေတာ့အသစ္အဆန္းဟုတ္မေနေတာ့ဘူး"

"ဟင္း... ရွန္ယြီရွန္းဆိုတဲ့ေကာင္က ကိုယ့္ကိုကိုယ္အထင္ႀကီးေနတာ။ သူ႔ကိုသင္ခန္းစာေပးမွျဖစ္မယ္။ ရွန္အဖြဲ႕အစည္းမွာေခါင္းေဆာင္အသစ္တက္တာနဲ႔ မင္းကိုငါမခ်န္မထားခဲ့ပါဘူးကြာ"

"ဒါေတာ့အမွန္ပဲ။ ရွန္ယြီရွန္းကသူ႔ကိုယ္သူလူတတ္ႀကီးလိုလုပ္ၿပီး ငါတို႔လိုဘာမဟုတ္တဲ့လူေတြကိုအထင္အျမင္ေသးေနတာ။ သူမ်ားအေပၚမူတည္ၿပီးအသက္ရွင္ရတဲ့အရသာကို ျမည္းစမ္းခိုင္းဖို႔အခ်ိန္ေရာက္ၿပီ။ မင္းငါ့ကိုေပးထားတဲ့ကတိတည္တယ္ဆိုရင္ပဲငါေက်နပ္ပါၿပီ ဒါေပမဲ့အဲ့ဒီ မင္းရဲ႕အေထာက္အထားေတြကမွန္တယ္လို႔သက္ေသမျပရေသးဘူးမလား?"

"အဲ့တာကိုစိတ္မပူနဲ႔။ ဘာပဲျဖစ္ျဖစ္ ရွန္ယြီရွန္းကိုသာဆြဲခ်နိုင္မယ္ဆိုရင္ အဲ့တာကအစစ္အမွန္ျဖစ္မွကိုရမွာ"

၎ကိုၾကားၿပီးသည့္ေနာက္ ေရွာင္ဝူကလက္သီးဆုပ္ကာ...

"အစ္ကိုက်ိဳး... ကြၽန္ေတာ္တို႔အဲ့ဒီ 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး'ကိုအလြတ္ေပးလို႔မျဖစ္ဘူး"

သာ့က်ိဳးကေထ့ေငါ့သံျပဳရင္း နႈတ္ခမ္းမဲ့ေလသည္။

"တစ္စံုတစ္ေယာက္ကေတာ့ငါတို႔သခင္ေလးရဲ႕ အမ်က္ေဒါသကိုခံရေတာ့မယ္"

ထိုည၌ပင္ 'ဆြဲေဆာင္မႈရွိေသာနတ္ဆိုး'က သူ႔သူေဌး၏ကတိနွင့္ၿခိမ္းေျခာက္မႈမ်ားၾကား တိတ္တဆိတ္ထြက္ခြာသြားေတာ့သည္။

ယင္ေဟာက္က ဧည့္ခန္းထဲ၌အႀကီးအကဲယင္ကိုေတြ႕ဖို႔ အိမ္သို႔ျပန္လာခဲ့၏။

"ယင္ေဟာက္ မင္းျပန္လာၿပီလား"

"ဖြားဖြား... ဘာလို႔မအိပ္ေသးတာလဲ?"

"ငါမင္းကိုေစာင့္ေနတာေလ... ဘယ္လိုျဖစ္သြားၿပီလဲ?"

ယင္ေယာက္က ဆိုဖာေပၚထိုင္လိုက္ရင္း စီးကရက္တစ္လိပ္ကိုယူလိုက္သည္။

"စိတ္မပူပါနဲ႔အဖြား...အကုန္လံုးကအဆင္ေျပေျပျဖစ္သြားေတာ့မွာပါ"

အႀကီးအကဲယင္၏မ်က္နွာက မသာမယာျဖင့္ဆိုသည္။

"ဒါဆိုလည္းေကာင္းတာပါပဲ။ ဒုတိယသခင္ေလးရွန္နဲ႔ေသခ်ာေပါင္းထား။ ယင္မိသားစုက အခုကစၿပီးသူ႔အေပၚပဲမွီခိုရေတာ့မွာ"

"ကြၽန္ေတာ္နားလည္ပါၿပီ ဖြားဖြား"

"ဟမ္း... ဟယ့္ခ်န္းနင္... ရွန္သခင္ေလးကိုလက္ထပ္ရံုနဲ႔ေနာက္ခံရသြားၿပီလို႔ထင္ေနတယ္ေပါ့ေလ? ဒုတိယသခင္ေလးရွန္ ဆက္ခံမဲ့အထိသာေစာင့္လိုက္စမ္းပါ။ အဲ့အခ်ိန္က်နင္ငါတို႔ကိုဘာျပမလဲေစာင့္ၾကည့္ဦးမယ္"

"စိတ္မပူပါနဲ႔ဖြားဖြား...အဲ့ေန႔ကိုေသခ်ာေပါက္ျမင္ရမယ္ဆိုတာကြၽန္ေတာ္အာမခံတယ္"

ယင္ေဟာက္ကနတ္ဆိုးဆန္စြာၿပံဳးလိုက္ရင္း ရွန္ယြီခ်န္းနွင့္သူ၏အရင္ေဆြးေႏြးမႈမ်ားကို ျပန္လည္ေတြးေတာေနမိသည္။

ရွန္ယြီရွန္း... ဟယ့္ခ်န္းနင္... မင္းတို႔နွစ္ေယာက္လံုး မင္းတို႔ကို ခြင့္လႊတ္ေပးဖို႔ငါ့ေရွ႕ဒူးေထာက္ၿပီး ေတာင္းပန္မဲ့ေန႔ကိုေစာင့္ေနမယ္။

ထိုအခ်ိန္တြင္ေတာ့ သာ့က်ိဳးက 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး'ကိုဖမ္းမိၿပီျဖစ္ကာ အျခားအမိန္႔လုပ္ေဆာင္ရန္ေစာင့္ေနေလသည္။

ေရွာင္ခ်ီ၊ ရွစ္အာနွင့္ ေက်ာက္မ်က္ရတနာဌာနခြဲမွဒါရိုက္တာ ဖန္းဟယ္တို႔က ေက်ာက္မ်က္အတုအေယာင္ကိစၥေနာက္ကိုလိုက္ေနဆဲ။ သူတို႔က ထုတ္လုပ္ေသာစက္ရံုမ်ားနွင့္ ပါဝင္ပက္သက္သည့္ ဝန္ထမ္းမ်ားအားလံုးကိုအေသးစိတ္စံုစမ္းခဲ့ၾကသည္။ ေရာင္ျခည္ျမင့္မားေသာ ရတနာအတုေတြထုတ္လုပ္ခဲ့သည့္ တူညီေသာအသုတ္မွ ရတနာမ်ားကို စစ္ေဆးေရးငွာနဆယ္ခုသို႔ပို႔ေဆာင္ထားရာ ရလဒ္ထြက္ဖို႔သံုး၊ ေလးရက္ေတာ့ၾကာေပဦးမည္။

ထိုအခ်ိန္၌ ရွန္အဖြဲ႕အစည္းနွင့္ Metropolis Daily ၾကားတြင္လည္း ရႈပ္ေထြးေန၏။

ဒီညကလည္း အလုပ္ရႈပ္ေသာညပင္။ ရွန္အိမ္ေဟာင္းကို ရွန္ယြီရွန္း ေရာက္သည့္အခ်ိန္တြင္မူ ညလယ္ေခါင္ပင္ေက်ာ္သြားၿပီျဖစ္၏။ အရင္ရက္အနည္းငယ္က အိမ္ျပန္မလာခဲ့ရတာေၾကာင့္သာမဟုတ္ပါက သူခ်န္းနင္ကိုနိႈးဖို႔စိတ္ကူးမည္မဟုတ္ေခ်။ သူခ်န္းနင္ကိုအလြန္လြမ္းေနသည္ေလ။

အခန္းတံခါးကိုဖြဖြေလးဖြင့္လိုက္သည့္အခါ၌ ဧည့္ခန္းအတြင္းမွ မီးမ်ားဖြင့္ထားဆဲျဖစ္ေၾကာင္းေတြ႕လိုက္ရ၏။ ခ်န္းနင္က pajama ဝတ္ထားလ်က္ ဧည့္ခန္းထဲတြင္ရပ္ေနေလသည္။ ယြီရွန္းေလ်ွာက္လာသည္ကိုျမင္သည့္အခါတြင္မူ မ်က္ဝန္းမ်ားကနီရဲသြားကာ ယြီရွန္းဆီကိုသြား၍ ခါးကိုဖက္ထားေတာ့သည္။

"က်န္းက်ီ? ဘာလို႔ဒီေလာက္ေနာက္က်မွျပန္လာတာလဲ? အစာေရာစားၿပီးၿပီလား? ခင္ဗ်ားပိန္သြားသလိုပဲ"

ယြီရွန္းက တင္းတင္းေလးျပန္ေထြးေပြ႕လိုက္ရင္း ခ်န္းနင္၏နဖူးကိုအနမ္းေလးေႁခြသည္။

"ကိုယ္မင္းကိုသတိရလို႔.. အဲ့တာေၾကာင့္ျပန္လာခဲ့တာ"

ခ်န္းနင္ကယြီရွန္းကို ထိုင္ဖို႔ ဆိုဖာေပၚဆြဲလာရင္း ေရတစ္ခြက္ငွဲ႔ေပးေလသည္။

"တစ္ခုခုစားၿပီးၿပီလား?"

"စားၿပီးပါၿပီ။ စိတ္မပူနဲ႔"

"ခင္ဗ်ားကိုယ့္က်န္းမာေရးကိုပိုဂရုစိုက္သင့္တယ္ေနာ္။ အေျခအေနေတြကေရာဘယ္လိုလဲ?"

"အကုန္လံုးအဆင္ေျပတယ္။ မင္းေပးခဲ့တဲ့အခ်က္အလက္ေတြေက်းဇူးေပါ့"

ထို႔ေနာက္ ယြီရွန္းသူ႔လက္တြဲေဖာ္ေလးကို ဖက္ရင္း ခ်န္းနင္၏ပခံုးေပၚ၌ေမးတင္ထားကာဆိုသည္။

"ကိုယ္မင္းကိုလက္ထပ္တာတကယ္ကံေကာင္းတာပဲ"

ခ်န္းနင္က ေလးလံသည့္ေခါင္းႀကီးကိုတြန္းထုတ္ရင္းဆိာသည္။

"ခင္ဗ်ားဘယ္တုန္းကတည္းကဒီေလာက္စကားခ်ိဳေအာင္သင္ထားတာလဲ?"

ယြီရွန္းက မ်က္လႊာေလးခ်ရင္းဆိုသည္။

"ခ်န္းနင္ ကိုယ္မင္းကိုလြမ္းတယ္"

ခ်န္းနင္ပါးျပင္ထူပူသြားကာ ခပ္တိုးတိုးေလးျပန္လည္ေျဖၾကားလာ၏။

"အင္း...ကြၽန္ေတာ္သိတယ္"

ယြီရွနိးက မ်က္ေမွာင္ႀကံဳ႕လိုက္ရင္း မတ္မတ္ျပန္ေနလိုက္ကာ...

"ေဘဘီ... ကိုယ္တို႔အခန္းထဲျပန္သြားရေအာင္"

တြန္႔ဆုတ္ျခင္းအလ်င္းမရွိပဲ ခ်န္းနင္ကိုေပြ႕ခ်ီသြားၿပီးသည့္ေနာက္ ဒုတိယထပ္သို႔ေျခလွမ္းက်ဲမ်ားျဖင့္ဦးတည္ေတာ့သည္။

သူတို႔အိပ္ခန္းထဲဝင္လိုက္ၿပီးသည္နွင့္ တံခါးကိုေလာ့ခ္ခ်လိုက္၏။ ယြီရွန္းက ခ်န္းနင္ကို အိပ္ယာေပၚခပ္ျမန္ျမန္ပစ္တင္လိုက္ရင္း ခ်န္းနင္နား႐ြက္နား၌ ၾသရွရွေလသံျဖင့္ဆိုသည္။

"ခ်န္းနင္... ကိုယ္မင္းကိုလိုခ်င္တယ္"

ခ်န္းနင္နွလံုးသားတစ္ခုလံုးတုန္ယင္သြားကာ အရင္ညမွအခ်က္အာက္မ်ားကိုျပန္လည္ေတြးမိေလ၏။ ယြီရွန္းကဘယ္ေလာက္ခ်စ္စိတ္ျပင္းျပမွန္းသူသိၿပီး လက္ထပ္ၿပီးစံုတြဲမ်ားၾကား၌ ၎ကပံုမွန္ပင္ျဖစ္ေသာ္လည္း ဒီလာက္လြယ္လြယ္ႀကီး ယြီရွန္း စိတ္ပါလာသည္ကိုသူမယံုနိုင္ေသးေခ်။ သူနႈတ္ခမ္းကိုကိုက္လိုက္ရင္း ညႇင္သာစြာေျဖၾကားလိုက္ေလသည္။

"ကြၽန္ေတာ္သိတယ္"

သူ႔လက္တြဲေဖာ္က ေတာက္ပေသာမ်က္ဝန္းေလးမ်ားျဖင့္ ၾကည့္ေနသည္ကိုျမင္ေတာ့ ယြီရွန္းတစ္ကိုယ္လံုးအပူခ်ိန္မ်ားျမင့္လာသေယာင္ခံစားလိုက္ရသည္။ ခ်န္းနင္၏အရာအားလံုးကိုပိုင္ဆိုင္ဖို႔သူမေစာင့္နိုင္ေတာ့သလို ၎ကပင္သူ႔ကိုမေက်နပ္ေစနိုင္ေသးေခ်။ သူ႔အဝတ္အစားမ်ားကိုခပ္ျမန္ျမန္ခြၽတ္လိုက္ရင္း ခ်န္းနင္၏ pajama ကိုခပ္ၾကမ္းၾကမ္းဆြဲၿဖဲလိုက္၏။ ၾကယ္သီးမ်ား အေဝးသို႔လြင့္စင္သြားကာ ယြီရွန္းတစ္ေယာက္ သူ႔လက္တြဲေဖာ္ေလး၏ျဖဴလ်လ်အရည္ျပားေပၚ၌ အနမ္းမ်ားစတင္ေပးေတာ့သည္။

တင္းၾကပ္ေသာႂကြက္သားေလးမ်ားကိုခ်ဲ့ၿပီးသည့္ေနာက္ သူ႔ပစၥည္းကို ခ်စ္ရသူေလး၏အတြင္းထဲထိုးသြင္းကာ အထြဋ္အထိပ္ကိုအရယူခဲ့၏။

သူဘယ္ေလာက္ငိုေႂကြး၍ညည္းညဴမိသလဲပင္ခ်န္းနင္မသိေတာ့ေခ်။ ယြီရွန္း သူ႔ကိုယ္ေပၚမွမထခင္အထိ ဘယ္နွစ္ႀကိမ္ေလာက္ သူ႔အထဲ၌ထုတ္လႊတ္ခဲ့သလဲဆိုတာလည္း သူမသိ။

ေကာင္းကင္ႀကီး စတင္လင္းလာသည့္အခါတြင္မွ ယြီရွန္းက ခ်န္းနင္ကိုအိပ္ယာေပၚသို႔သယ္ကာ နွစ္ေယာက္သားေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္သြားေတာ့သည္။

ခ်န္းနင္မ်က္လံုးျပန္ပြင့္လာသည့္အခါတြင္မူ ၎က ေန႔လည္တစ္နာရီပင္ထိုးေနေခ်ၿပီ။ သူ႔ေဘးတြင္လည္း ရွန္ယြီရွန္း၏ပံုရိပ္ကိုမေတြ႕ရ။ သူ႔သြားကိုႀကိတ္လိုက္ရင္း ယြီရွန္းကိုေခါင္းမွေျခအထိဆူပူပစ္လိုက္၏။ သူ၏ ကိုက္ခဲေနေသာခႏၶာကိုယ္ကို ခ်န္းနင္သယ္ရင္း ေဆးေၾကာဖို႔ေရခ်ိဳးခန္းထဲသို႔ဝင္သြားေတာ့သည္။

သူ႔ကိုယ္ေပၚမွ အမွတ္အသားမ်ားအား မွန္မွတစ္ဆင့္ အလြယ္တကူျမင္ေနရသည္မို႔ မတိုင္ေသးမီက ရူးသြပ္ဖြယ္ညအေၾကာင္း ျပန္လည္သတိေပးေနသေယာင္။ သူ႔ခႏၶာကိုယ္ကသန္႔ရွင္း၍ ေအာက္ပိုင္းကလည္း ဆိုးဆိုးဝါးဝါးမခံစားရသည့္အျပင္ ေအးစိမ့္စိမ့္ခံစားမႈတစ္ခုကိုပါရေနေသးသည္။ ၎က ယြီရွန္းသူ႔ကို ေဆးေၾကာသန္႔စင္ေပး၍ ေဆးထည့္ေပးထားျခင္းပင္ျဖစ္ေလာက္၏။ သို႔ေသာ္လည္း ခ်န္းနင္ကေတာ့မ်က္ေမွာင္ႀကံဳေနဆဲပင္။ သူကပဲဘာလို႔အၿမဲလက္ခံေနရတာပါလိမ့္?

မည္သို႔ပင္ဆိုေစကာမူ ထိုခါးသီးေသာခံစားခ်က္ကအသံုးမဝင္ပါေခ်။ ခ်န္းနင္သူ႔ကိုယ္သူေရေႏြးထဲစိမ္လိုက္ရင္း အနားယူလိုက္၏။ သူၿပီးသည့္အခါတြင္မူ မဒမ္ရွန္ကိုရင္ဆိုင္ဖို႔အခ်ိန္ေရာက္လာေခ်ၿပီ။ ခ်န္းနင္တစ္ေယာက္ တြင္းတစ္တြင္းတူး၍ သူ႔ကိုယ္သူပင္ေျမျမဳပ္ပစ္လိုက္ခ်င္ပါ၏။ မဟုတ္ရင္လည္း အခန္းထဲမွာပဲေန၍ ပုန္းေနလိုက္ခ်င္ေတာ့သည္။

မည္သို႔ပင္ဆိုေစကာမူ ကိစၥမ်ားက သူစီစဥ္ထားသည့္အတိုင္းျဖစ္ဖို႔ခက္ခဲလွ၏။ ေရွာင္လ်ိဳနွင့္ ရွစ္စန္းက အခန္းထဲမွအသံမ်ားကိုၾကားသည္နွင့္ တံခါးကိုခပ္ဖြဖြေခါက္လာေတာ့သည္။

"သခင္ေလးနင္... နိုးၿပီလားခဗ်?"

အခုေလးတင္ အဝတ္စားဝတ္ၿပီးေသာခ်န္းနင္က သူေအာက္ထပ္ကိုဆင္းသင့္မဆင္းသင့္ ေတြေဝေနဆဲ။ သူခဏရပ္လိုက္ၿပီးေနာက္ ယြီရွန္းကသူ႔လူမ်ားကို သူ(ခ်န္းနင္)ကိုေစာင့္ၾကည့္ထားဖို႔မွာထားေၾကာင္းသိလိုက္ရသည္။ ဒီငတံုးေကာင္ႀကီးကို သူမက်ိန္ဆဲပဲမေနနိုင္။

သူကေတာ့ မဒမ္ရွန္ကိုဘာလို႔အိပ္ယာထေနာက္က်ရလဲရွင္းျပဖို႔ႀကိဳးစားေနလိုက္ရတာ။ ယြီရွန္းကေတာ့ လူေတြလာမေနွာက္ယွက္ဖို႔ သူ႔လူေတြကိုအခန္းေရွ႕မွာေစာင့္ခိုင္းၿပီး ရမၼက္ျပင္းျပင္းညေလးျဖတ္သန္းခဲ့ပါေၾကာင္းသိသာေအာင္ လုပ္ေနသတဲ့ေလ။ သူလူေတြကိုဘယ္လိုမ်က္နွာျပရပါ့မလဲ?! ေတြးရင္းျဖင့္ခ်န္းနင္ ေျခလွမ္းမ်ားကိုေနွးေကြးစြာေ႐ြ႕လ်ားလာရေတာ့သည္။

အခန္းထဲပုန္းေနလဲမထူးေတာ့ၿပီမို႔ ခ်န္းနင္သူ႔ကိုယ္သူနွစ္သိမ့္ရင္း တည္တည္ၿငိမ္ၿငိမ္ျဖင့္တံခါးကိုဖြင့္လိုက္ေခ်၏။

"အင္း"

ရွစ္စန္းကမေျပာခင္ ဦးၫႊတ္ကာ...

"သခင္ေလးနင္...ဒါကေရွာင္လ်ိဳ႕ပါ။ ကြၽန္ေတာ္တို႔ကို သခင္ေလးကိုေစာင့္ေရွာက္ဖို႔ သခင္ေလးရွန္ကအမိန္႔ေပးထားပါတယ္။ သခင္ေလးက အိမ္မွာျဖစ္ျဖစ္အျပင္မွာျဖစ္ျဖစ္၊ ကြၽန္ေတာ္တို႔ဘယ္လိုအေျခအေနမွာပဲျဖစ္ျဖစ္ အနားမွာရွိေနမွာပါ။ သခင္ေလးရဲ႕ေန႔စဥ္ဘဝကို မသက္ေရာက္ေစမွာမို႔လို႔ စိတ္ပူဖို႔မလိုပါဘူး"

ယြီရွန္းဒီလိုလုပ္ရသည္က အေၾကာင္းအရင္းရွိေၾကာင္း ခ်န္းနင္နားလည္သည္။ ေရွာင္ဝူ၊ ေရွာင္ခ်ီနွင့္ ရွစ္အာတို႔ သူ႔ကိုကာကြယ္ေပးတဲ့အေတြ႕အႀကံဳအရ၊ တစ္စံုတစ္ေယာက္သူ႔ကိုေစာင့္ၾကည့္ေပးေနသည့္အေပၚ ခ်န္းနင္ထူးထူးျခားျခားစိတ္မရွိေတာ့ေခ်။ ဤကာကြယ္မႈကို ထိန္းခ်ဳပ္ျခင္းဟုေတာ့သူမသတ္မွတ္။ ရွန္အဖြဲ႕အစည္းတြင္ျဖစ္သြားသည့္ကိစၥမ်ားက တိုက္ဆိုင္မႈမဟုတ္မွန္းသူသိသည္မို႔ ႀကိဳတင္ကာကြယ္ထားျခင္းက ေနာင္မွ ေနာင္တရျခင္းထက္အေကာင္းဆံုးပါပင္။

"ကြၽန္ေတာ္နားလည္ပါတယ္။ အိမ္ထဲမွာအရမ္းႀကီးတင္းတင္းၾကပ္ၾကပ္ေနဖို႔မလိုပါဘူး။ ကြၽန္ေတာ္တို႔အျပင္ေရာက္ရင္လည္းပုန္းေနဖို႔မလိုဘူး။ ကြၽန္ေတာ့္ေဘးမွာဒီတိုင္းသာေနလို႔ရတယ္"

ရွစ္စန္းနွင့္ ေရွာင္လ်ိဳကၿပိဳင္တူေျဖၾကားလာသည္။

"ဟုတ္ကဲ့ သခင္ေလးနင္"

အန္တီခ်င္က အေပၚထပ္မွအသံမ်ားကိုၾကားသည္မို႔ အေမးရွိလာ၏။

"ခ်န္းနင္နိုးၿပီလား?"

ေရွာင္လ်ိဳနွင့္ ရွစ္စန္းတို႔နွင့္အတူ ခ်န္းနင္ေအာက္ထပ္ဆင္းလာကာ နႈတ္ဆက္လိုက္သည္။

"အန္တီခ်င္"

အန္တီခ်င္ကၿပံဳးရင္း ေခါင္းၿငိမ့္ျပ၏။

"မင္းဗိုက္ဆာေနေတာ့မွာပဲ။ လာ... အန္တီဆန္ျပဳတ္နဲ႔ အရန္ဟင္းနည္းနည္းျပင္ေပးထားတယ္။ ထိုင္ၿပီးနည္းနည္းစားလိုက္"

ကူရွင္ခံထားသည့္ ထိုင္ခံုေပၚတြင္ထိုင္လိုက္ရင္း ခ်န္းနင္နႈတ္ခမ္းကမဲ့သြားရသည္။

"အဖြားေရာဘယ္မွာလဲ?"

မဒမ္ရွန္ကလည္း အိမ္ကိုေရာက္ေရာက္ခ်င္းမို႔ ေမးခြန္းကိုၾကားလိုက္ရသည္။

"အဖြားကိုရွာေနတာလား ခ်န္းနင္?"

"အဖြား အျပင္ထြက္သြားတာလား?"

မဒမ္ရွန္ကၿပံဳးရင္း ခ်န္းနင္ကိုျပန္ထိုင္ဖို႔အခ်က္ျပေလသည္။

"မင္းဘာလို႔နည္းနည္းေလာက္ပိုမနားတာလဲ?"

ခ်န္းနင္၏မ်က္နွာတစ္ခုလံုးပူလာသေယာင္ပင္။ ခ်ီးထုပ္ ရွန္ယြီရွန္း... ဘာလို႔လူေတြအကုန္သိေအာင္လုပ္ေနရတာလဲ? သူအခုသူဘယ္လိုမ်က္နွာျပရေတာ့မွာလဲလို႔?!

ခ်န္းနင္၏နီရဲေနေသာမ်က္နွာနွင့္ ရွက္႐ြံ႕ေနပံုကိုျမင္ေတာ့ အမ်ိဳးသမီးႀကီးကရွင္းျပလာသည္။

"အဖြားကအသက္၇၀ေက်ာ္ေနၿပီ။ အဖြားေတာင္ဘာမွမျဖစ္တာ မင္းကပိုၿပီးပြင့္လင္းသင့္တာေပါ့။ ဒါကဘာမွရွက္စရာမရွိဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အဖြားကေရွးရိုးစြဲလူအိုႀကီးမွမဟုတ္ပဲ၊ ဒီလိုမွမဟုတ္ရင္ မင္းကိုယြီရွန္းနဲ႔ဘယ္လိုလုပ္လက္ထပ္ခိုင္းမွာလဲ"

ခ်န္းနင္ကေတာ့ တြင္းတူး၍ပုန္းခ်င္လွေခ်ၿပီ။

"အဖြား.. ေတာ္ပါေတာ့..."

"ေကာင္းၿပီ၊ ေကာင္းၿပီ။ မစေတာ့ပါဘူးကြယ္။ ျမန္ျမန္... အစာစားလိုက္။ မင္းအခုဗိုက္ဆာေနေလာက္ၿပီ"

ခ်န္းနင္မ်က္နွာရဲရဲနွင့္ပင္ စားလို႔ၿပီးသြားေတာ့သည္။ ထို႔ေနာက္တြင္မူ မဒမ္ရွန္က သူ႔ေျမးသားမက္ေလး၏က်န္းမာေရးကိုေထာက္ပံ့သည့္အေနျဖင့္ အဆာေျပမုန္႔မ်ားနွင့္ေဆးဝါးမ်ားကို ျပင္ဆင္ေပးဖို႔အိမ္အကူမ်ားကိုမွာၾကားလိုက္၏။

က်န္းမာေရးအတြက္ဆိုတာထက္ ေသြးအားျပန္ျဖည့္ေပး၍ အားအင္တိုးေစေသာအစားအစာမ်ားကိုျမင္သည္နွင့္ ခ်န္းနင္တို႔ဖူးကိုေခါင္းနဲ႔တိုက္ပစ္လိုက္ခ်င္ေတာ့သည္။

ယြီရွန္းအိမ္ကိုဖုန္းေခၚ၍ ခ်န္းနင္အစာစားဖို႔နိုးလာၿပီလားေမးမလို႔လုပ္သည့္အခါ၌ သူ႔ဇနီးေလးကိုနည္းနည္းေလာက္စကားေျပာဖို႔ျပင္ထားတာျဖစ္သည္။ သို႔ေသာ္လည္း မဒမ္ရွန္က သူ႔အခ်စ္ေလးအတြက္ အဟာရျဖည့္စြက္အစားစာတစ္ပံုျကီးျပင္ေပးထားသည္ကိုၾကားေတာ့ ဖုန္းကိုသာခ်လိုက္ေတာ့သည္။ ဒါဘယ္လိုဟာသပါလိမ့္။ သူ႔ခ်စ္သူေလးကေတာ့သူ႔ကိုမေက်မနပ္ျဖစ္ေနေလာက္ၿပီ။ သူေတာ့အခု ဇနီးေလးရဲ႕ေဒါသကိုအရင္ထိန္းဖို႔လုပ္မွျဖစ္ေတာ့မယ္။

သံုးရက္ဆက္တိုက္ သတင္းစာတိုက္ႀကီးဆယ္ခုထံမွ တိုက္ခိုက္ခံရၿပီးေနာက္ Metropolis Daily ကအသံုးမဝင္ေတာ့ေခ်။ Metropolis Daily မွ ဒါရိုက္တာတုက ထပ္မံ၍မကိုင္တြယ္နိုင္ေတာ့သည္မို႔ အကူအညီေတာင္းဖို႔ဖုန္းဆက္လာေတာ့၏။

"ဟယ္လို ဒုတိယသခင္ေလးရွန္? ကြၽန္ေတာ္တို႔အခုဘယ္လိုလုပ္ရမလဲ? လူထုကေပးတဲ့ ဖိအားေတြကတျဖည္းျဖည္းပိုဆိုးလာၿပီ။ ကြၽန္ေတာ္ဆက္ၿပီးထိန္းမထားနိုင္ေတာ့ဘူး"

ရွန္ယြီခ်န္း၏အမူအရာကမဲေမွာင္သြားကာ ျပန္လည္ေျဖၾကားလာ၏။

"ဘာလုပ္ရမလဲဆိုတာက ဘာကိုဆိုလိုတာလဲ? ခင္ဗ်ားက ေက်ာက္မ်က္ရတနာအတုနဲ႔ အဆိပ္သင့္တဲ့ကိစၥကိုထပ္ျဖန္႔ေနရံုပဲေလ။ ၿပီးေတာ့လည္း ရွန္အဖြဲ႕အစည္းက သူတို႔အက်ိဳးအျမတ္ရဖို႔လူေတြကိုလြယ္လြယ္သတ္ပစ္ေနတယ္လို႔ေျပာရင္ရတာပဲ။ အခုတစ္ခုခုျဖစ္လာလို႔ သူတို႔ကိုယ္သူတို႔ကာကြယ္ဖို႔ဆံုးျဖတ္ၿပီး လူထုကိုလမ္းလြဲေအာင္လုပ္၊ သူတို႔အာဏာနဲ႔ဖိနိွပ္ခ်င္ေနတယ္လို႔ေျပာလိုက္။ အဲ့တာကိုခင္ဗ်ားရဲ႕စာ႐ြက္ေတြေပၚမွာရိုက္ၿပီးျဖန္႔ေဝေခ်။ ဒါရိုက္တာတု စိတ္မပူပါနဲ႔...ကြၽန္ေတာ္ခင္ဗ်ားကိုကတိေပးထားတဲ့အတိုင္းလုပ္မွာပါ"

စိတ္အနည္းငယ္ခ်ရသြားရၿပီးေနာက္ ဒါရိုက္တာတု သိပ္မစိုးရိမ္ေတာ့ေခ်။

"ေကာင္းၿပီေလ။ ဒါဆိုလည္းဆက္ဆြဲထားလိုက္ေတာ့မယ္။ ဒါေပမဲ့အရမ္းေတာ့မၾကာေစနဲ႔။ ခင္ဗ်ားေျခစလွမ္းသင့္ၿပီး ဒုတိယသခင္ေလးရွန္"

"စိတ္ေလ်ွာ႔ပါ...ကိစၥေတြကမၾကာခင္ေျဖရွင္းၿပီးသြားပါလိမ့္မယ္"

ဖုန္းခ်ၿပီးသည္နွင့္ ယြီခ်န္းကသူ႔ရံုးခန္းထဲတြင္ထိုင္ေနသည့္ လင္ခ်န္ခ်င္းကိုၾကည့္ဖို႔လွည့္လာေတာ့သည္။

"ဒါရိုက္တာလင္... ခင္ဗ်ားလည္းၾကားလိုက္မယ္လို႔ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္တို႔အတြက္အခ်ိန္သိပ္မက်န္ေတာ့ဘူး။ ခင္ဗ်ားဘက္ကကိစၥေတြကဘယ္လိုလဲ?"

လင္ခ်န္ခ်င္းက အေၾကာဆန္႔လိုက္ရင္း သက္သာသည့္အေနအထားသို႔ေျပာင္းထိုင္လိုက္ကာ...

"စိတ္ပူစရာမရွိဘူး။ ျပင္စရာေတြအကုန္ျပင္ၿပီးသြားၿပီ။ မနက္ျဖန္ ရွယ္ယာရွင္အစည္းအေဝးမွာ မင္းစိတ္ေက်နပ္စရာရလဒ္ကိုေသခ်ာေပါက္ရေစရမယ္"

ရွန္ယြီရွန္း၏ရံုခန္းထဲတြင္ေတာ့ သာ့က်ိဳးက သူရရွိလာသည့္အခ်က္အလက္မ်ားကို သတင္းပို႔ေနခ်ိန္ျဖစ္သည္။

"သခင္ေလး... အခ်က္အလက္ေတြအကုန္လံုးက ကြၽန္ေတာ္တို႔လက္ထဲေရာက္ပါၿပီ"

ယြီရွန္းကေခါင္းၿငိမ့္ကာ...

"ေရွာင္ဝူ႔ကိုခိုင္းထားတဲ့ကိစၥကေရာဘယ္လိုလဲ?"

"သူတို႔စစ္ေဆးခ်က္ရလဒ္ကိုရလာပါၿပီ။ ၿပီးေတာ့ ယင္ေဟာက္ကလည္း လက္ဝတ္ရတနာေတြကိုလက္ဝါးႀကီးအုပ္တဲ့လူဆီဦးတည္သြားေနၿပီ။ စစ္ေဆးေရးရံုးကဒါရိုက္တာအေဟာင္းကိုကြၽန္ေတာ္ရွာေတြ႕ထားတယ္၊ သူကသခင္ေလးကိုကိုယ္တိုင္ရွင္းျပပါလိမ့္မယ္။ 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး' အတြက္ကေတာ့ ကြၽန္ေတာ္တို႔ကိုသူလည္းအခ်က္အလက္အခ်ိဳ႕ေပးၿပီး သူ႔သူေဌးကသူ႔ကိုဒီပို႔စ္ေတြတင္ဖို႔ခိုင္းတာလို႔ေျပာတယ္။

အေကာင့္တုေတြကလည္း နယ္ပယ္ထဲကသူ႔သူငယ္ခ်င္းတစ္ေယာက္ဆီကရတာ။ အခေၾကးေငြကိုေတာ့ ယင္ေဟာက္ကေပးတယ္။ ၿပီးေတာ့ ရွန္အဖြဲ႕အစည္းရဲ႕ဆက္ခံသူေနရာေျပာင္းလိမ့္မယ္လို႔ သူ႔သူေဌးနဲ႔ယင္ေဟာက္ေျပာတာကို သူမေတာ္တဆၾကားခဲ့ရတယ္တဲ့။ အဲ့ဒီမေတာ္တဆတစ္ခုလံုးမွာ လူႀကီးေတြရွိေနတာမို႔ သူကခိုင္းတာလုပ္ရံုပဲ ၿပီးရင္ဆုခ်ခံရမယ္လို႔ေျပာထားတာ"

ယြီရွန္း၏အၾကည့္ကပို၍ပင္ေအးစက္သြားကာ ဆိုလာသည္။

"လူႀကီးေတြ? တစ္ခ်ိဳ႕လူေတြကသူတို႔အခ်ိန္ျပည့္ဖို႔ထိမေစာင့္နိုင္ေတာ့ဘူးနဲ႔တူတယ္"

သာ့က်ိဳးကတက္ႂကြစြာပင္ဆိုလာ၏။

"အမွန္ပါပဲ။ ဒီတစ္ေလ်ွာက္လံုးတိတ္တဆိတ္ေနခဲ့ၿပီးမွေတာ့ သူတို႔ကသခင္ေလးနဲ႔ သခင္ေလးနင္ရဲ႕လက္ထပ္ပြဲကိစၥကိုအလြတ္မေပးခ်င္ေတာ့ဘူး"

"ငါတို႔အိမ္ကလူေတြကို အဖြားနဲ႔ခ်န္းနင္ကိုဂရုစိုက္ဖို႔အသိေပးလိုက္။ သူတို႔ဘာမွျဖစ္လို႔မရဘူး"

ယြီရွန္းကခဏရပ္ကာဆိုသည္။

"ပိုင္ေမာ့ကိုေစာင့္ေနတဲ့ေရွာင္စန္းေရာ ငါတို႔ဆီျပန္လာၿပီလား?"

"ျပန္လာပါၿပီ။ လူနာရဲ႕ကိုမာက lymphoma ေၾကာင့္ျဖစ္တယ္လို႔အတည္ျပဳၿပီးၿပီ။ သူကေနာက္ဆံုးအဆင့္ေတာင္ေရာက္ေနၿပီ။ ကြၽန္ေတာ္တို႔ထိန္းသိမ္းထားတဲ့ဆရာဝန္ကလည္း သူ႔ကိုအႀကီးအကဲေတြကတျခားနည္းနဲ႔ေျပာဖို႔ခိုင္းထားတာလို႔ေျပာတယ္။ အဲ့ေနာက္ကြယ္ကအေၾကာင္းအရင္းကိုေတာ့သူတို႔လဲမသိပါဘူးတဲ့။ ေဒါက္တာပိုင္နဲ႔အတူလိုက္သြားတဲ့အဖြဲ႕ကလည္း ေဆးရံုရဲ႕တာဝန္ခံနဲ႔ေတြ႕ဆံုၿပီးပါၿပီ။ တာဝန္ခံက ဒီမေတာ္တဆကိုသူမသိဘူးလို႔ေျပာေတာ့ ေသခ်ာတာကနွစ္ဖက္လံုးအျပစ္ေတြျပန္ဖို႔ေနၾကတာပဲ။ လူနာကိုစံုစမ္းဖို႔လႊတ္လိုက္တဲ့လူလည္း ကြၽန္ေတာ္တို႔ဆီျပန္လာၿပီ။ အဆိပ္သင့္တဲ့ကိစၥမတိုင္ခင္တစ္ပါတ္အလိုတုန္းက လူနာရဲ႕ဘဏ္အေကာင့္ထဲကို ေဒၚလာသံုးေသာင္းလႊဲထားတာေတြ႕ရတယ္။ ဘဏ္ကေပးတဲ့အခ်က္အလက္အရ ေငြလႊဲတဲ့လူကိုလည္းေျခရာခံမိပါၿပီ။ အဲ့တညက ကုမၸဏီအေသးစားေလးက အေရာင္းမန္ေနဂ်ာတစ္ေယာက္ပဲ။ အခက္အခဲေတြၾကားကေန အဲ့ဲမန္ေနဂ်ာက ဒါရိုက္တာလင္ခ်န္ခ်င္းရဲ႕ အခ်ိန္အေတာ္ၾကာမဆက္သြယ္ျဖစ္တဲ့ ေသြးေဝးေဆြမ်ိဳးဆိုတာသိလိုက္ရတယ္"

"သူတို႔ငါ့ကိုေနရာကဆြဲခ်ဖို႔ဘယ္ေလာက္ေတာင္အားထုတ္လိုက္ရမလဲ"

သာ့က်ိဳးက ဒုတိယသခင္ေလးရွန္နွင့္ ဒါရိုက္တာလင္အစား သနားမ်က္ရည္ပင္သုတ္လိုက္မိေသးသည္။ သူတို႔ဘဝသူတို႔ေအးေအးခ်မ္းခ်မ္းေနမဲ့အစား ရွန္ယြီရွန္းကိုသြားရႈပ္ခ်င္ေသးသည္တဲ့။ သူတို႔ရဲ႕အမွားေၾကာင့္ ေသခ်ာေပါက္ေကာင္းေကာင္းႀကီးကိုအျပစ္ေပးခံရေတာ့မွာပဲ။

"လူနာရဲ႕မိသားစုနဲ႔စကားေျပာဖို႔လည္းကြၽန္ေတာ္တို႔လူေတြကိုလႊတ္ထားၿပီးၿပီ။ သူတို႔ကေက်းဇူးတင္ၿပီး သူတို႔သိသမ်ွအကုန္ေျပာျပၿပီး ဒီအျဖစ္အပ်က္ကိုရွင္းရွင္းလင္းလင္းျဖစ္ေအာင္လုပ္ေပးဖို႔ကတိေပးလိုက္တယ္"

"အင္း...မနက္ျဖန္ကေတာ့ သာယာတဲ့ေန႔ေလးတစ္ေန႔ျဖစ္ေတာ့မွာပဲ။ မင္းေရာလက္မခံဘူးလား သာ့က်ိဳး?"

ယြီရွန္း၏နႈတ္ခမ္းပါးထက္၌ နတ္ဆိုးဆန္ဆန္အၿပံဳးတစ္ပြင့္ထြက္ေပၚလာေတာ့သည္။

သာ့က်ိဳးမသိလိုက္မသိဘာသာနွင့္ ေျခေနာက္တစ္လွမ္းဆုတ္မိ၏။

"ဟုတ္ပါတယ္ သခင္ေလး...မနက္ျဖန္ကသာယာတဲ့ေန႔ေလးတစ္ေန႔ျဖစ္လာမွာပါ"

°°

အိုက္ယား ဆက္ျပန္ဦးမွာေလ စိတ္မပူၾကပါနဲ႔လို႔ 🤧 ကိုယ္ေျပာတာက ကိုယ့္ update ကလိပ္လိုၾကာေနလို႔ ျပန္ခ်င္ရင္ယူျပန္လို႔ေျပာတာ။ စိတ္ဆိုးတာဘာညာလဲမဟုတ္ဘူး၊ ဘယ္သူမွလဲဘာမွမေျပာပါဘူး။ ရွင္ေလးတို႔ကိုေခ်ာ့ခ်င္လြန္းလို႔တစ္ပိုင္းအျမန္ေကာက္ျပန္လိုက္ရတယ္။ အထင္မလြဲနဲ႔ တစ္တစ္ ျပန္မဲ့လူကလည္းယူသာျပန္အားမနာနဲ႔ ဟုတ္ၿပီလား။

°°

Continue Reading

You'll Also Like

400K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
280K 16.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
1.9M 123K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...