"ခင်"
By moneyaungchal
382K 25.6K 456
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်" More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပ်ုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
🥰
အပိုင်း(၂၀)
အပိုင်း(၂၂)
အပိုင်း(၂၃)
ဇာတ်သိမ်းပိုင်း(၁)
ဇာတ်သိမ်းပိုင်း(၂)
hello
💭
ခင်!!!
book
အပိုင်း(၂၁)
10.4K 820 9
By moneyaungchal
"ကိုသန်းမြင့်ကို အားလည်းနာ ခင်ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး"
"ရပါတယ်မမလေးရယ် သူ့အကြောင်းကျွန်တော် သိပါတယ် အမြဲလူတကာကိုအဲ့ဒီ့လိုပဲ "
"ခင်စိတ်မကြည်နေလို့ ဒီနေ့တော့ပြန်တော့မယ်"
"အလုပ်တွေက ကိုသန်းမြင့်ပဲ ဆက်လုပ်ထားပေးပါ အခုတလောတော့ ပွဲရုံကိုမလာနိုင်ဘူးထင်ပါရဲ့"
"ရပါတယ်မမလေးရယ် အလုပ်ပါးရင်တော့ ကျွန်တော်တို့အလည်လာခဲ့ပါ့မယ် သားလေးကိုလည်းခေါ်ခဲ့မယ်"
"ဟုတ်ပါပြီရှင် "
သူမသည်ယခုအချိန်လွန်စွာမှစိတ်ရှုပ်ထွေးနေချေပြီ။သူမအားမောင်စွပ်စွဲသည့်အတွက်လား ၊မောင်အထင်လွဲမည်စိုးသည့်အတွက်လား မသဲကွဲချေ။
ကားကိုလမ်းဘေးချရပ်ကာ ဈေးဆိုင်မှ စီးကရက်တစ်ဘူးကိုဝယ်ခဲ့သည်။
ယခင်က စီးကရက်မသောက်ဖူးသော်ညားယခုအချိန်တွင်စမ်းသောက်ကြည့်ချင်သေးသည်။ သူမစိတ်တွေထွေပြားနေသည်။မောင့်အားအပြစ်တင်ရမည်လား ၊သူမကိုယ်သူမအပြစ်တင်ရမည်လား။
အိမ်သို့ပြန်ရောက်လျှင် မိနွယ်သည်အပြေးအလွှားပင်လာကြိုလှည့်သည်။သို့သော်ညားအရင်လိုမတုံ့ပြန်နိုင်ချေ။စိတ်မကြည်ဘူးမဟုတ်ပါလား။
"မိနွယ်"
"ရှင်မမလေး "
"အိတ်မသယ်နဲ့ "
"အပေါ်ထပ်ကိုခင်မခေါ်ဘဲမတက်ခဲ့နဲ့"
"ဟုတ်ကဲ့"
နာနေသောခြေထောက်တဖက်အားမသိကျိုးပြုကာ အခန်းရှိရာသို့တက်ခဲ့သည်။
သူမအိမ်ကလူတွေသည်ထိုတစ်ချက်တော့ အလိုက်သိတယ်ဆိုရမည်။ သူမစကားမပြောချင်လျှင် တိတ်ဆိတ်နေတတ်ကြသည်။
ကောင်းတာပဲလေ။
အခန်းရှိရာသို့ရောက်လျှင်လက်ဆွဲအိတ်ကိုအသာယာချကာ ဝရံတာသို့ ထွက်ခဲ့သည်။
လက်ထဲတွင် ကိုင်ထားသော စီးကရက်
တစ်လိပ်အား မီးညှိကာ နီဆွေးသောနှုတ်ခမ်းဖြင့် ဖိကပ်ထားမိ၏။ စီးကရက်‌အငွေ့တို့ အဆုတ်ထဲထိရောက်သွားလျှင်ပဲ ချောင်းဆိုးလာရသည်။
သူမစီးကရက်အငွေ့ကိုမုန်းသည်မဟုတ်ပါလား။လွန်စွာမှအသန့်ကြိုက်သောသူမသည် စီးကရက်အငွေ့ ရှုမိသည်ကိုပင်
တစက်ကလေးမှမသတီသို့သော်ညား ယခုအချိန်မူ သူမစီးကရက်သောက်ရတာကိုပင်နှစ်သက်နေချေပြီ။မှုတ်ထုတ်လိုက်သောအငွေ့တို့နှင့်အတူ မောင့်ကိုသတိရစိတ်တို့ပါသွားလျှင်ကောင်းမည်။
ကောင်းကင်ကိုငေးကြည့်မိသည်။တိမ်အချို့လွင့်မျောနေသည်။ဒီနေ့မိုးရွာမလားလေ ။
ငှက်ကလေးတွေပျံသွားကုန်ပြီ။
ထို့အတူစီးကရက်အငွေ့များကလည်း သူမအားလှောင်ရီနေသယောင်။
"ခင်သိပါရဲ့လေ မောင်ယုံမှာ မဟုတ်ဘူးမလား ဘယ်တော့မှ.."
ထိုနေ့တဝက်လောက်သူမစီးကရက်တစ်ဗူးနှင့်အတူ အချိန် ကုန်ခဲ့သည်။ရွာမည်ထင်သောမိုးသည်လည်း ညနေစောင်းတွင် အုံ့မှိုင်းချေပြီ။ သူမ မတ်တပ်ရပ်နေသည်မှာ ဘယ်လောက် ကြာသွားသည်မသိ ။ဘေးမှာလည်း ကုန်သွားသောဆေးလိပ်အပိုင်းအစနှင့်ပြာတို့ကပျံ့ကျဲနေသည်။
မိနွယ်တော့ပင်ပန်းရချည်ရဲ့။
ကားသော့ကိုအမြန်ယူကာ စီးကရက်ရောင်းမည်ထင်သည့်နေရာသို့ မောင်းလာခဲ့သည်။ အိမ်ထဲကမည်သူတို့ သူမအားကြည့်နေမည်ကိုမသိချင်။
သူမ စီးကရက်သောက်ရတာသဘောကျနေသည်။တံဆိပ်စုံလင်သော စီးကရက်ဗူးတို့အား အများအပြားဝယ်လာခဲ့သည်။ ဈေးဆိုင်မှယောကျာ်းသည် သူမအား မိန်းမပျက်တစ်ယောက်လားဟူ၍ ကြည့်နေချေပြီ ။မိန်းမတစ်ယောက်ကစီးကရက်သောက်တာထူးဆန်းသလားလေ။
သူမကိုမည်သို့ထင်နေမည်ကိုဂရုမစိုက်နိုင်အား။ ယခုအချိန်မှာ မောင့်ကိုသတိရစိတ် ခံပြင်းစိတ်တို့ကို စီးကရက်နှင့်သာဖြေရမည်။
အိမ်သို့ ရောက်လျှင်ပဲ အပေါ်ထပ်သို့ မပြေးရုံတမယ် တက်လာခဲ့သည်။
သူမဘာအရင်လုပ်ရမည်နည်း ။
ဦးစွာ ရေအရင်ချိုးရမည်။ သူမပြိုလဲနေ၍မဖြစ်ပါ ။ခင်မာယာက အရင်ကထက်ပျော့ညံ့လာ၍မဖြစ်ပေ။
~~~~~~~
ထိုမိန်းမသည်မာယာများသည်လား။သူကပဲစိတ်ထင်နေသည်လားမသိနိုင်။
မနက်စောစော ခင့်အား တွေ့ရန် အိမ်သို့လာခဲ့ပါသော်လည်း ကြီးမြင့်က မရှိဟုဆိုသည်။ ပွဲရုံသို့လိုက်ခဲ့သော်လည်း မြင်လိုက်ရသည်က လျော့ထားသောစိတ်သည်ထက် ပို၍ စိတ်တိုချင်စရာ။သူမ မထိရက်မကိုင်ရက်အမျိုးသမီးအား ထိုလူသည် ဖက်တွယ်ထားသည်မဟုတ်ပါလား။
ထိုမိန်းကလေးကို သူမတောင်
မဖက်တွယ်ခဲ့ဖူး။
နောက်ဆုံး ချစ်ရသူက သူမအား နာကျည်းစိတ်ဖြင့်ပြောခဲ့သည်လား
ဒေါသတို့ဖြင့်ပြောခဲ့သည်လား မသိနိုင်ပါ။
"မောင်ပြိုင်ရဲရင်ပြိုင်ကြည့်စမ်း"
မောင်ဘာကို ပြိုင်ရမလဲ အချစ်ရယ်။
မောင်အတ္တကြီးသွားတာလား ။
မောင်ကလေ
မောင့် အတ္တကြောင့်ဆိုရင်တောင် မောင်က လက်လွှတ်ပေးမှာမဟုတ်ဘူး ။
မောင့်အတ္တတွေနဲ့ပဲပိတ်လှောင်ထားမှာ။
မောင့်မိန်းကလေးကို မောင်ကလွဲပြီး ဘယ်သူမှပိုင်ရမှာမဟုတ်ဘူး။မောင်ကပဲ
အတ္တတွေနဲ့ မောင့်အနားမှာခေါ်ထားမိလိမ့်မယ်။
လေးကန်သောခြေလှမ်းတို့ဖြင့် ရောက်တတ်ရာ လျှောက်သွားနေမိသည်။သူမနှင့်မျက်နှာချင်းမဆိုင်ရဲတော့ ။ကိုယ်ဒေါသကိုလည်းမုန်းမိသည်။‌
တနေ့လုံး သူမနှင့်သွားခဲ့ဖူးသော ဘုရား ပေါ်သွားထိုင်နေခဲ့သည်။
"မောင့်ကိုမုန်းနေပြီပေါ့"
"မောင်သာ နားလည်ပေးခဲ့ရင် မောင့်ကိုမုန်းမှာမဟုတ်ဘူးမလား ဒါပေမယ့် မောင်ဘယ်တော့မှနားလည်မှာမဟုတ်ဘူး နားလည်ဖို့လည်းမောင်မကြိုးစားနိုင်ဘူး "
"မောင့်မိန်းကလေးကို လုယူသွားမှာမောင် သိပ်ကြောက်တာ"
ခက်ထန်သောစကား၊မသတီစရာစကားတို့ဖြင့်စွပ်စွဲခဲ့သော သူမ၏ရင်ထဲသို့မည်သူမှဝင်မကြည့်ပေးခဲ့ကြ။အမြဲမတူမတန်သလိုဆက်ဆံတတ်သော သူမကို ရော ပေါင်းသင်းခဲ့ကြသည်လား။
လူတကာနှင့်"မပတ်သတ်နဲ့ ကင်းအောင်နေ "
ဟုချုပ်ချယ်ခဲ့သော သူမ၏ကြောက်ရွံ့မှုကိုကား မသိခဲ့နိုင်။အမြဲရန်လိုတတ်သောသူမဒေါသစိတ်သည်ကား ကြောက်ရွံ့မှုကြောင့်ဖြစ်လာသည်ကို သူမကိုတိုင် ဖုံးကွယ်ထားခဲ့သည်။
ရုတ်တရပ်ခေါင်းထဲဝင်လာသည်က သူမ ။
ခြေခေါက်လဲ သွား သည်တဲ့။အခုချိန်အိမ်မှရောက်ပါ့မလား။တွေးရင်းဖြင့်ပူလောင်ရသည်။
ဟုတ်သည် အိမ် ။အိမ်သို့သွားကြည့်ရမည်!။
ခြံထဲတွင် သူမ၏ကားအားတွေ့ရသည်။ဒါဆိုရောက်နေပြီပေါ့။
"အရှက်မဲ့တယ်ပြောပါစေ မောင့်မိန်းကလေးမျက်နှာတော့မြင်ချင်သေးတယ်"
အိမ်ထဲတွင် ကြီးမြင့်နဲ့မိနွယ်နှစ်ယောက်သာတွေ့ရသည်။ ပုံမှန်ဆို သုံးယောက်သား စကားပြောနေကြမည်မဟုတ်ပါလား။
"ကြီးမြင့်"
"မောင် သမီး "
"ခင်ရော"
"အပေါ်ထပ်မှာကွယ် ရောက်လာကတည်းကစိတ်မကြည်ဘူး ထင်ပါရဲ့ မိနွယ်ကိုတောင်အပေါ်ပေးမတက်ခိုင်းဘူး"
"ဒီကလေးက ငယ်ငယ်ကတည်းကမိဘမေတ္တာငတ်နေရှာတာပါကွယ် "
"သမီးနဲ့မတွေ့ခင်အထိ သူ့ပုံစံကအေးစက်စက်နဲ့ အခုတလောမှ အရယ်အပြုံးလေးတွေရှိလာတာကို အခုအရင်လိုပြန်ဖြစ်တော့မယ်ထင်ပါရဲ့"
" မောင်အပေါ်တက်သွားလို့ရမလား ကြီးမြင့်"
"တက်လေကွယ် သမီးလေးဆိုရင်တော့သူဘာမှမပြောလောက်ပါဘူး"
လေးကန်သောခြေလှမ်းတို့ဖြင့်အခန်းရှိရာသို့ တက်လာရသည်။
ခင်အရင်လို ပြန်ဖြစ်သွားမည်လား။အရင်လိုဆိုမောင့်ကိုစိမ်းကားသွားမှာပေါ့။မောင်ကခင့်ကို အရင်လိုပြန်ဖြစ်စေခဲ့တာလား။
တံခါးကိုခပ်ဖွဖွ ခေါက်မိ၏။
အခန်းထဲမှ ကြည်လင်သောသူမအသံအားကြားရသည်။
"ဝင်ခဲ့"
"............"
ကျောပေးရပ်နေသောသူမ၏ကျောပြင်ငယ်လေးအားငေးမိသည်။
"ခင်"
"ပြောကြည့်ကွယ် နားထောင်နေပါတယ်"
"ခြေထောက်သက်သာရဲ့လား"
"ဒါလေးကမသေနိုင်ပါဘူး"
"အဖြစ်သည်းလိုက်တာ"
"မောင့်ဘက်လှည့်ပါအုံး"
သူမအားမြင်လိုက်ရသည်က ထိပ်လန့်စရာလား။
"မင်း! "
"ဒီစီးရက်ကဘယ်ကရသလဲ"
"ဘာဖြစ်သလဲ မောင်"
"စီးကရက်သောက်တာလည်း မောင်မကြိုက်ပြန်ဘူးလား "
"အို ...မောင်ရယ် စီးကရက်နဲ့တောင် သဝန်တိုသလား"
"မင်း"
"တော်တော့ ပေး ဒါမောင့်ကို"
ပြာပြာသလဲမောင်ဟာ သူမလက်ထဲက
တဝက်နီးပါးလောင်ကျွမ်းနေပြီဖြစ်သောစီးရက်ကို အပြင်သို့ လွှင့်ပြစ်ခဲ့သည်။
"မင်းဒါဘာသဘောလဲ"
"ဘယ်တုန်းက ဒီစီးကရက်သောက်ဖူးလို့လဲ""
မောင့်စကားကြောင့် ခပ်ယဲ့ယဲ့ပြုံးမိသည်။မလုပ်တတ်တာတွေကမောင်နဲ့တွေ့ပြီးမှလုပ်တတ်လာတာပဲလေ။
အရာရာမောင့်ကြောင့်ဖြစ်လာတာပဲ။
"မောင်သိလား ဖောက်ပြန်တတ်တဲ့မိန်းမတယောက်က စီးကရက်သောက်တတ်တယ်တဲ့"
4:47pm
11.3.2022
Continue Reading
You'll Also Like
302K 29.2K 30
A sunflower said she found love where she saw the brave daisy.
1.1M 66.4K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
1.7M 95.2K 49