ချစ်မြဲ ချစ်ဆဲ
By smiling-Onion
265K 10K 54
ယခု ( ချစ်မြဲ ချစ်ဆဲ ) ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း ဇာတ်ကောင်များသည် ကိုယ်တိုင်ဖန်တီးထားသော အရေးအသား အကြေ... More
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
ဇာတ်သိမ်းပိုင်း
အပိုင်း ၆၃
2.6K 94 0
By smiling-Onion
(unicode)
XZအုပ်စုအပိုင် ဆေးရုံကြီးတစ်ခု၏ operation room ရှေ့တွင် တည်ငြိမ်စွာ ထိုင်နေသူတစ်ဦး။ တည်ငြိမ်ဟန်ပြုလျက် ထိုင်နေသည်ဟုဆိုလျှင်
ပိုမှန်ပေသည်။
ခြေကိုချိတ်လျက် လက်ချောင်းတို့ကိုယှက်ထားပြီး မျက်နှာတည်ဖြင့် ထိုင်နေသူကိုကြည့်၍ ဦးမင်းထွဋ်ခေါင် အနည်းငယ်အံ့သြသွားသည်။ ဒေါင်းမာန်သည် သူ့ယောကျ်ားအား သည်းသည်းလှုပ်ချစ်သည်ကို လူတိုင်းအသိ။ ယခုကဲ့သို့အရေး ကြီးချိန်တွင်မူ တည်ငြိမ်ဟန်ရှိနေ၍
" ဒေါင်းမာန် မင်းယောကျ်ားက ခွဲခန်းထဲမှာလေ "
" အင်း။ ကလေးငယ်ဝင်သွားတာ တစ်နာရီ၊ လေးဆယ်ခြောက်မိနစ်နဲ့ ဆယ်ရှစ်စက္ကန့်ရှိပြီး "
ရှေ့၌လာရပ်လျက် အမေးစကားဆိုလာသူအား ဒေါင်းမာန်တည်ငြိမ်စွာ အဖြေစကားတုံ့ပြန်လိုက်သည်။ တည်ငြိမ်ဟန်ရှိနေသော်လည်း စိုးရိမ်မှု
မြင့်တတ်နေကြောင်း ဦးမင်းထွဋ်ခေါင်သတိထားမိလိုက်သည်။ ထို့ကြောင့် ရွတ်လက်စဘုရားစာကိုသာ operation room အတွင်းရှိနေသောလူသားလေးနှစ်ယောက်အတွက်ရည်ရွယ်၍ ဆက်ရွတ်နေလိုက်သည်။
ဦးမင်းထွဋ်ခေါင် မြေးလေးရတော့မည်ဖြစ်၍
ရင်ခုန်မိသည်။ ထို​ပြင့် သမက်ဖြစ်သူ အန္တရာယ် ကင်းစွာမွေးဖွားနိုင်ရန်အတွက် ဆုတောင်းလျက် ရင်တုန်မိသည်။ မွေးဖွားသူအတွက် ဆရာဝန်တို့ကို သေချာဂရုစိုက်ကြပ်မတ်ရွေးချယ်ထားကြသော်လည်း စိတ်ပူမှုတို့မှာမူ တစ်စက်ကလေးပင် လျော့မသွား။
ဒေါင်းမာန်၏အမူရာတို့မှာ အများအမြင်တွင်တည်ငြိမ်နေသော်ငြားလည်း ကိုယ်တိုင်ဖြစ်တည်နေသောခံစားချက်တို့တွင် ကြောက်လန့်မှု၊ စိုးထိန့်မှု၊ မသေချာမှု အစရှိသော ပူပန်မှုတို့ဖြင့်ပြည့်နေလေသည်။
၆ လခန့်ကြာပြီးသော်
မျက်တွင်းများညိုကွက်လျက် အပူသည်ရုပ်ထွက်နေလေသူ တစ်ယောက်။ ဆံပင်တို့သည်လည်း သေချာဖြီးထားမှုမရှိဘဲ ရှုပ်ပွနေသည်။ မျက်နှာအမူအရာမှာလည်း ဝမ်းနည်းနေကြောင်း သိသာနေပေသည်။ ထိုသူမှာ အခြားသူမဟုတ်၊ ဒေါင်းမာန်ထွဋ်ခေါင်ပင်။
ဒေါင်းမာန်သည် တစ်ယောက်ထိုင်ဆိုဖာထက် ကားယားလဲလျောင်းနေပြီး အကြည့်တို့သည်မှာလည်း အရောင်အဝါမှေးမှိန်လျက် ရှိနေပေသည်။
ကျော်ဖြတ်ရခဲ့ရသည်မှာ ခြောက်လနီးပါးရှိချေပြီး။
" ဟူး..."
ဒေါင်းမာန် သက်ပြင်းချလိုက်မိသည်။ ယခုဆိုလျှင် ကလေးငယ်၏အရေးပေးမှုမရသည်မှာ ၆ လတင်းတင်း ပြည့်ခဲ့ပေပြီး။ ကလေးငယ်အနားပြန်ကပ်ခွင့်ရရန် အစွမ်းကုန်ကြိုးစားနေရ၍ ကုမ္ပဏီကိစ္စအဝဝနှင့်အခြားစီးပွားရေးတို့ကိုပင် အာရုံမစိုက်နိုင်အောင်ဖြစ်ရသည်။
ပိုက်ဆံတို့ကို ကုန်းရုန်းလောဘတတ်နေမည်အ စား ကလေးငယ်အနားနေရသည်ကို ဒေါင်းမာန် ပိုနှစ်သက်မိသည်။ ထို့ကြောင့် ဖခင်ဖြစ်သူကိုသာ သူ့အပိုင်များကိုပြန်အပ်လိုက်ပြီး ကလေးငယ်အနား၌ပင် တွယ်ကပ်နေမိသည်။
သို့သော် ကလေးငယ်မှာမူ အနားကပ်မခံ။ ပြသာနာအစသည် လွန်ခဲ့သော operation room တစ်ခုရှေ့၌ စတင်ခဲ့ပေသည်။
" ဒေါက်တာ ကျွန်တော်ယောက်ျားကိုသာ အရာရာထက် ပိုဦးစားပေးပေးပါ။ ကုန်ကုန်ပြောရရင်
ကလေးနဲ့ ကျွန်တော်ယောက်ျား အသက်ချင်းရွေးရဖို့ ဖြစ်လာခဲ့ရင်တောင် ကျွန်တော်ယောက်ျားအ သက်ပဲ ပြန်လိုချင်တယ် ဒေါက်တာ "
ထိုစကားကို ကလေးငယ်ပြန်ကြားသိခဲ့ပြီးနောက် " ဗိုက်ထဲမှကလေးလေးကို အလေးမထားရကောင်းလား" ဟု ဒေါသ​အကြီးအကျယ်ထွက်ခဲ့ကာ ပြသာနာရှာခဲ့သည်။ ထိုပြသာနာတို့ကို ဒေါင်းမာန်မဖြေရှင်းနိုင်သေးသော အချိန်ကာလတွင်းမှာ နောက်ပြသာနာတစ်ခုက ထပ်မံပေါ်လာလေပြန်၏။ ထိုမှာ မွေးလာသော သမီးကလေးသည် လူကြီးများအခေါ် ဘိုဝင်စားတစ်ယောက်ကဲ့သို့ မျက်ဝန်းပြာဖန်ဖန်တို့ကို ချစ်စဖွယ်ပိုင်ဆိုင်ထား ​
ခြင်းဖြစ်၍
" ဦးဒေါင်းမာန်ထွဋ်ခေါင် ! ခင်ဗျားဖောက်ပြန်တာမလား။ ကျွန်တော်ကို အိမ်မှာထားခဲ့ပြီး နောက် ကွယ်မှာ အပျော်ရှာနေတာမလား။ ဟမ် ! ပြောလေ။ လက်ပူးလက်ကျမိလို့ကတော့ ခင်ဗျားဟာကို အပိုင်းပိုင်း ဖြတ် ပစ် မယ် မှတ် ! နုပ်နုပ်စဥ်းပစ်မယ် ! ! ။ ဘာမှတ်နေလဲ ! ဦးဒေါင်းမာန် "
ထိုကဲ့သို့ ထူးဆန်းစွာသော ကြိမ်းမောင်းမှုတို့ကို အသာလွတ်ခံလိုက်ရသည်။ ထိုအကြောင်းရာတို့ကို ကလေးငယ်စိတ်ခံစားချက်လွယ်နေချိန်မှာ ပြောခဲ့သည်ဟုသာ လွယ်လွယ်သတ်မှတ်လိုက်ချိန်တွင်
" ကြည်စမ်း။ ခင်ဗျား ခင်ဗျား ! "
စားပွဲထက်ပြန့်ကျယ်နေသော ဓာတ်ပုံတို့ကို မြင်ပြီးနောက် ဒေါင်းမာန်ခေါင်းမီးတောက်ရပြန် သည်။ ဓာတ်ပုံတို့ကို အသာယူကြည့်လိုက်လျှင်
သေချာပေါက် ဒေါင်းမာန်၏ဓာတ်ပုံများပင်။ အတိတ် တစ်နည်း ကလေးငယ်အားမေ့လျော့နေခဲ့ချိန်အတွင်း အပျော်ရှာခဲ့သောဓာတ်ပုံတို့သည် ယခုအချိန်ခါမှ တိုက်ဆိုင်စွာ ကလေးငယ်လက်ထဲသို့ ရောက်လာခဲ့သည်။
ပထမစိတ်ဆိုးခြင်းကိုကျော်ပြီး ဒုတိယပြသာနာရှာ တစ်နည်း အရစ်ခံရချိန်၌ ရှင်းပြတုံ့ပြန်မှုလေးအတွက် ကြိုးစားဖြေရှင်းနေချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် တတိယပြသာနာက ထပ်ပေါ်လာသည်။ ထို့ကြောင့် ဒေါင်းမာန်ဘဝသည် ၅ လကျော် ၆ လအတွင်း ကလေးငယ်၏အရေးပေးမှုတို့မရ၍ အထီးကျန်ဆန်​ရသည်။
" ဒေါင်းမာန် "
အဖေဖြစ်သူ၏အခေါ်ကြောင့် အတွေးတို့မှ ပစ္စပ္ပုန်သို့ ပြန်ရောက်ရှိလာခဲ့သည်။
" အဖေ "
မျက်နှာချင်းဆိုင်ဆိုဖာထက်၌ ဦးမင်းထွဋ်ခေါင်ထိုင်လိုက်သည်။
" မင်းဟာလေးကို သိပ်အလိုမလိုက်နေနဲ့။ မင်း အလုပ်မလုပ်ဘဲ နေထိုင်၊ စားသောက်နိုင်တာမှန်းပေမယ့် ငါကိုနည်းနည်းပါးပါးလည်း ဝင်ကူအုန်း "
" အင်း။ ဒါပေမယ့် "
" မမယ်နဲ့ ဟေ့ကောင်။ မင်းတို့လင်မယားပြသာနာကြောင့် ငါမှာ အလုပ်ထဲက လုံးဝမထွက်နိုင်ဖြစ်နေပြီး။ တစ်လပဲ၊ ကုမ္ပဏီဘက် ကူပေး။ ကျန်တာ ငါ့ဖြေရှင်းလိုက်မယ်၊ ဘယ်လို့လဲ ဒေါင်းမာန် "
" ရတယ်လေ။ တစ်လပဲ "
" အေးပါကွာ "
(zawgyi)
ပိုမှန်ပေသည်။
" ဒေါင်းမာန် မင်းယောက်ျားက ခွဲခန်းထဲမှာလေ "
၆ လခန့်ကြာပြီးသော်
" ဟူး..."
ခြင်းဖြစ်၍
" ကြည်စမ်း။ ခင်ဗျား ခင်ဗျား ! "
" ဒေါင်းမာန် "
" အဖေ "
" အင်း။ ဒါပေမယ့် "
" ရတယ်လေ။ တစ်လပဲ "
" အေးပါကွာ "
Continue Reading
You'll Also Like
201K 17.7K 35
ရည်းစား အတု၊ မိဘ အတု၊ မိသားစု အတု ၊ သူငယ်ချင်း အတု အစရှိသော fake relationship အငှား ၀န်ဆောင်မှုပေးသော Hire.Com ရဲ့ ပိုင်ရှင် သူဌေး ပေါက်စ 'ဇေလင်းလက်'...
33.2K 2.2K 27
Zawgyi မချစ်တတ်ခဲ့တဲ့အကြောင်းများ... ရခဲ့ဖူးသောနောင်တများ... ပတ်သတ်ခဲ့ဖူးသောသူတို့တွေ... ပျော်ရွှင်ခဲ့ဖူးသောနေ့ရက်များ... နာကျင်ခဲ့ရသောနေ့ရက်များ...ြ...
1.4M 60.1K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd