သုံးနှစ်တာဆက်ဆံရေး(complete)

Per Author_kiraa

67.1K 3K 483

သုံးနှစ်ဘဲကိုကို... ကျွန်တော့်စိတ်တိုင်းကျသုံးနှစ်လောက်တော့နေပေးပါ (MYANMAR OC FICTION) Més

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄ The end

2.5K 172 5
Per Author_kiraa

*တီ တီ*

ကားဟွန်းသံခပ်ကျယ်ကျယ်ကအဆက်မပြတ်ပေါ်ထွက်လာပြီးနောက် ခြံတံခါးဖွင့်သံကြားလိုက်ရသည်ကြောင့် ပြတင်းပေါက်မှထကာ ကြည့်လိုက်သည်

"ဖေဖေ"

လှိုက်ခနဲပျော်သွားတဲ့လွန်းသော်မျက်လုံးလဲ့လဲ့လေးတွေကဟန်ဆောင်မှုကင်းသည်။
သွားချွန်ချွန်လေးတွေပေါ်သည့်အထိပြုံးလိုက်သည်ကလည်း အပြစ်ကင်းလှသည်

"ဖေဖေလာတယ်ကိုကို"

"ဟုတ်လား ‌ကိုယ်weekendနဲ့တိုက်လို့တော်သေးတာပေါ့"

"ကိုကိုတို့အလုပ်ကိစ္စတွေဘဲထပိပြောမနေကြနဲ့နော်"

"အင်းပါ လွန်းသော်ရဲ့"

ကိုကိုဟာပြောင်းလဲလာခဲ့ပါသည်။ သိပ်ချစ်ရတဲ့ချစ်သူကြောင့်နှစ်ပတ်တိတိခံစားပြီး ကိုကိုကအခုတော့လူသစ်စိတ်သစ်...

ကျွန်တော့်အပေါ်ကောင်းလာပေးလို့ကျေးဇူးတင်ချင်ပေမယ့် တစ်ဖက်မှာလည်း ငါကအစားထိုးခံရတာလား ဆိုတဲ့စိတ်နဲ့ ကျွန်တော်ဟာကိုယ့်ဒုက္ခကိုယ်ရှာတတ်တဲ့သူမျိုး...

"ဖေဖေ ကျွန်တော်သတိရနေတာ"

"ဖေဖေရောဘဲရော့ လက်ဆောင်"

ရိုးလက်စ်နာရီဘူးအားပေးကာ ဖေဖေကသူ့ပါးကိုဖျစ်သည်။

"သားကြည်ညိုရော အလုပ်အကိုင်အဆင်ပြေလား ဒီမှာသားကြည်ညိုအတွက်"

"ကျေးဇူးပါဖေဖေ ကျွန်တော်တို့အဆင်ပြေပါတယ် လုပ်ငန်းကအခုUSနဲ့အဆက်အသွယ်ရတယ်ဖေဖေ"

"ကြိုးစားထားသားကြည်ညို အောက်ခြေကစတဲ့လူတိုင်း ပြုတ်ကျမှာမပူရဘူး မင်း‌အဖေလည်းမင်းလိုဘဲအရမ်းအလုပ်ကြိုးစားတာ"

ကိုကိုလက်သီးဆုပ်ဟာတင်းခနဲဖြစ်သွားပြီး အသားလတ်တဲ့ကိုကိုမျက်နှာဟာရဲတက်လာခဲ့သည်။ ကိုကိုရယ်... သံသယတွေနဲ့ရှင်သန်နေတာပင်းပန်းလိုက်တာ

"ဟုတ်ကဲ့ဖေဖေ"

ကိုကိုနဲ့ဖေဖေကလုပ်ငန်းအကြောင်းဆိုစကားပြောရင်းလွန်းသော်ကိုမေ့သွားတတ်သည်။ လွန်းသော်ကယောင်လည်လည်ဖြင့် မုန့်စားရင်းနားထောင်နေသော်လည်း သေချာနားလည်တဲ့နေရာတော့မရှိပါ ကိုကိုမျက်နှာကိုထိုင်ကြည့်ချိန်ကပိုများလို့ဖြစ်လိမ့်မည်။

ကိုကို့လုပ်ငန်းကUSထိပေါက်ရောက်ပါတယ်ဆိုတော့ဖေဖေကဂုဏ်ယူမဆုံး‌ဖြစ်နေသည်။
ဖေဖေကတော့ဘယ်သိပါ့မလဲ ကိုကိုကဦးထွန်းမြတ်သော်သားမက်ဆိုတဲ့ အရည်အချင်းကြီးနဲ့အောင်မြင်နေတာကိုလေ...  လွန်းသော်စွန့်လွှတ်တတ်ဖို့သင်ယူနိုင်တယ်ဆိုတာတွေကလည်း ကိုကို့ရဲ့သင်ပြပေးမှုတွေကြောင့်ပါ

ဘယ်အရာကအကောင်းလဲအဆိုးလဲ လွန်းမြတ်သော်သိတယ်.. ချစ်လို့သာ.. အချစ်ကြောင့်သာနုံအပေးနေတာမို့

-----------------------------------------------
ဖေဖေကအလည်ဆိုပြီးခနပြန်လာပေမယ့်ဒီကမိတ်ဆွေတွေနဲ့ပွဲသွားတက်သည်။ပြန်လာရင်အလုပ်ခန်းထဲကို၀င်ကာမနားမနေအလုပ်ဆက်လုပ်သည်။ဖေဖေကသိပ်ကြိုးစားတာ
နားနားနေနေ နေပါလားဖေဖေရယ်လို့ပြောရင် သားအတွက်တဲ့လေ ကျွန်တော်ကဝါသနာနောက်လိုက်နေပေမယ့် ဖေဖေကဖိအားပေးခဲ့တာမျိုးတကယ်ကိုမရှိခဲ့တာ
ဖေဖေကအကောင်းဆုံးအမျိုးသား လောကကြီးမှာ ကျွန်တော်အယုံကြည်ဆုံးလူသား..

ခနကြာတော့တံခါးခေါက်သံနဲ့အတူ ကိုကို၀င်လာသည်။

"လွန်းသော် ဟိုလေ..."

"ဘာလဲ ကိုကို"

"ကိုယ်တို့တစ်နှစ်ပြည့်တော့မယ်"

လွန်းသော်၀မ်းသာရမှာလား၊၀မ်းနည်းရမှာလားမသိပါ ကိုကိုဟာ ဒီနှစ်ပတ်လည်နေ့ကိုမှတ်ထားခဲ့တာစိတ်ရင်းနဲ့လား အပေးအယူကြောင့်လား...

"ဟုတ်တယ် ကိုကို နောက်အပတ်စနေနေ့ကျရင် ကျွန်တော်တို့တစ်နှစ်ပြည့်ပြီ"

"အင်း ကိုယ်တို့တစ်နေရာသွားမလား"

ဟန်ဆောင်နေပုံနဲ့မတူပေမယ့် ကိုကို့စကားတွေကိုယုံရမှာကြောက်နေမိသည်။ လွန်းသော်ကအယုံလွယ်ပြီး နောက်ပိုင်းမှာ လှည့်စားခံရမဲ့ ဇာတ်နာမဲ့ဇာတ်ကောင်မဖြစ်ချင်ရုံပါ....

"ကိုကို့သဘောလေ ကျွန်တော်ကdinnerအတွက်ပြင်ဆင်မယ်"

"အိုကေ တစ်နေ့လုံးဆိုတော့နေ့ချင်းပြန်ခရီးသွားတာပေါ့"

"ဟုတ်"

ပျော်သွားတဲ့သူ့ကိုပြုံးကြည့်ကာ ကိုကိုကရေချိုးခန်းထဲ၀င်သွားသည်။ ခနကြာတော့ပြန်ထွက်လာပြီး အိပ်ယာ၀င်ဖို့ပြင်ဆင်သည်။

ကုတင်ပေါ်သို့လက်တွေကိုနောက်ပစ်ကာလဲချလိုက်တဲ့ကိုကို့ရင်ခွင်ထဲခေါင်းထိုး၀င်မိသည်။ ကိုကိုကငုံ့ကြည့်သည်။ သိပေမယ့် လွန်းသော်မော့မကြည့်ရဲပေ ရှက်စိတ်ကြောင့် ပုတ်ခတ် ပုတ်ခတ်ဖြစ်နေတဲ့မျက်တောင်များဟာ ဂနာမငြိမ်...

"ဟွင်း"

ကိုကိုကနှာခေါင်းသံနဲ့ရယ်လိုက်သည်။
ထိုအခါမှလွန်းသော် ကိုကို့ကိုမော့ကြည့်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ကိုကို့မျက်လုံးတွေနဲ့ဆုံသည်။ ကိုကိုမျက်လုံးတွေမှာအပြုံးတွေမြင်နေရပြီး အရာအားလံုးကအစစ်အမှန်တွေဖြစ်သည်။

ထို့နောက်သူ့ကိုယ်ကိုတိုးဖက်လိုက်တဲ့ကိုကို့ကြောင့် တစ်ကိုယ်လုံးအတောင့်လိုက်ဖြစ်သွားရသည်။ အသက်ရှုဖို့တောင်မေ့နေပြီ..

"အသက်ရှုကျပ်ရင်ပြောနော်"

"ဟင့်အင်း"

"ဟွင်း"

ကိုကို့ရင်ခွင်ထဲမှာကိုကို့ကိုခိုးငေးရတဲ့အခိုက်အတန့်ဟာလွန်းသော်အတွက်ရင်ဖိုစရာပင်။လွန်းသော်အတမ်းတဆုံးကိုကိုမေတ္တာတွေဟာ တစ်နှစ်ဆိုတဲ့ကာလအတွင်းအရောင်ပြန်ဟပ်လာသည်။  လွန်းသော်
မ‌ေကျနပ်သေးဘူး ကိုကို ရလေလိုလေဆိုသလိုဘဲ ကျွန်တော်ကိုကို့ကိုပိုင်ဆိုင်ချင်တာအတိုင်းအဆမရှိဘူး

ကိုယ်နောက်ပိုင်းupatedမှန်တော့မှာမလို့ Ongoingလိုက်ပေးရင်တကယ်ကျေးဇူးတင်မိမှာပါ

ချစ်တဲ့ကီရာ

Zawgyi

*တီ တီ*

ကားဟြန္းသံခပ္က်ယ္က်ယ္ကအဆက္မျပတ္ေပၚထြက္လာၿပီးေနာက္ ၿခံတံခါးဖြင့္သံၾကားလိုက္ရသည္ေၾကာင့္ ျပတင္းေပါက္မွထကာ ၾကည့္လိုက္သည္

"ေဖေဖ"

လွိုက္ခနဲေပ်ာ္သြားတဲ့လြန္းေသာ္မ်က္လုံးလဲ့လဲ့ေလးေတြကဟန္ေဆာင္မႈကင္းသည္။
သြားခြၽန္ခြၽန္ေလးေတြေပၚသည့္အထိၿပဳံးလိုက္သည္ကလည္း အျပစ္ကင္းလွသည္

"ေဖေဖလာတယ္ကိုကို"

"ဟုတ္လား ‌ကိုယ္weekendနဲ႕တိုက္လို႔ေတာ္ေသးတာေပါ့"

"ကိုကိုတို႔အလုပ္ကိစၥေတြဘဲထပိေျပာမေနၾကနဲ႕ေနာ္"

"အင္းပါ လြန္းေသာ္ရဲ႕"

ကိုကိုဟာေျပာင္းလဲလာခဲ့ပါသည္။ သိပ္ခ်စ္ရတဲ့ခ်စ္သူေၾကာင့္ႏွစ္ပတ္တိတိခံစားၿပီး ကိုကိုကအခုေတာ့လူသစ္စိတ္သစ္...

ကြၽန္ေတာ့္အေပၚေကာင္းလာေပးလို႔ေက်းဇူးတင္ခ်င္ေပမယ့္ တစ္ဖက္မွာလည္း ငါကအစားထိုးခံရတာလား ဆိုတဲ့စိတ္နဲ႕ ကြၽန္ေတာ္ဟာကိုယ့္ဒုကၡကိုယ္ရွာတတ္တဲ့သူမ်ိဳး...

"ေဖေဖ ကြၽန္ေတာ္သတိရေနတာ"

"ေဖေဖေရာဘဲေရာ့ လက္ေဆာင္"

ရိုးလက္စ္နာရီဘူးအားေပးကာ ေဖေဖကသူ႕ပါးကိုဖ်စ္သည္။

"သားၾကည္ညိုေရာ အလုပ္အကိုင္အဆင္ေျပလား ဒီမွာသားၾကည္ညိုအတြက္"

"ေက်းဇူးပါေဖေဖ ကြၽန္ေတာ္တို႔အဆင္ေျပပါတယ္ လုပ္ငန္းကအခုUSနဲ႕အဆက္အသြယ္ရတယ္ေဖေဖ"

"ႀကိဳးစားထားသားၾကည္ညို ေအာက္ေျခကစတဲ့လူတိုင္း ျပဳတ္က်မွာမပူရဘူး မင္း‌အေဖလည္းမင္းလိုဘဲအရမ္းအလုပ္ႀကိဳးစားတာ"

ကိုကိုလက္သီးဆုပ္ဟာတင္းခနဲျဖစ္သြားၿပီး အသားလတ္တဲ့ကိုကိုမ်က္ႏွာဟာရဲတက္လာခဲ့သည္။ ကိုကိုရယ္... သံသယေတြနဲ႕ရွင္သန္ေနတာပင္းပန္းလိုက္တာ

"ဟုတ္ကဲ့ေဖေဖ"

ကိုကိုနဲ႕ေဖေဖကလုပ္ငန္းအေၾကာင္းဆိုစကားေျပာရင္းလြန္းေသာ္ကိုေမ့သြားတတ္သည္။ လြန္းေသာ္ကေယာင္လည္လည္ျဖင့္ မုန႔္စားရင္းနားေထာင္ေနေသာ္လည္း ေသခ်ာနားလည္တဲ့ေနရာေတာ့မရွိပါ ကိုကိုမ်က္ႏွာကိုထိုင္ၾကည့္ခ်ိန္ကပိုမ်ားလို႔ျဖစ္လိမ့္မည္။

ကိုကို႔လုပ္ငန္းကUSထိေပါက္ေရာက္ပါတယ္ဆိုေတာ့ေဖေဖကဂုဏ္ယူမဆုံး‌ျဖစ္ေနသည္။
ေဖေဖကေတာ့ဘယ္သိပါ့မလဲ ကိုကိုကဦးထြန္းျမတ္ေသာ္သားမက္ဆိုတဲ့ အရည္အခ်င္းႀကီးနဲ႕ေအာင္ျမင္ေနတာကိုေလ...  လြန္းေသာ္စြန႔္လႊတ္တတ္ဖို႔သင္ယူနိုင္တယ္ဆိုတာေတြကလည္း ကိုကို႔ရဲ႕သင္ျပေပးမႈေတြေၾကာင့္ပါ

ဘယ္အရာကအေကာင္းလဲအဆိုးလဲ လြန္းျမတ္ေသာ္သိတယ္.. ခ်စ္လို႔သာ.. အခ်စ္ေၾကာင့္သာႏုံအေပးေနတာမို႔

-----------------------------------------------
ေဖေဖကအလည္ဆိုၿပီးခနျပန္လာေပမယ့္ဒီကမိတ္ေဆြေတြနဲ႕ပြဲသြားတက္သည္။ျပန္လာရင္အလုပ္ခန္းထဲကို၀င္ကာမနားမေနအလုပ္ဆက္လုပ္သည္။ေဖေဖကသိပ္ႀကိဳးစားတာ
နားနားေနေန ေနပါလားေဖေဖရယ္လို႔ေျပာရင္ သားအတြက္တဲ့ေလ ကြၽန္ေတာ္ကဝါသနာေနာက္လိုက္ေနေပမယ့္ ေဖေဖကဖိအားေပးခဲ့တာမ်ိဳးတကယ္ကိုမရွိခဲ့တာ
ေဖေဖကအေကာင္းဆုံးအမ်ိဳးသား ေလာကႀကီးမွာ ကြၽန္ေတာ္အယုံၾကည္ဆုံးလူသား..

ခနၾကာေတာ့တံခါးေခါက္သံနဲ႕အတူ ကိုကို၀င္လာသည္။

"လြန္းေသာ္ ဟိုေလ..."

"ဘာလဲ ကိုကို"

"ကိုယ္တို႔တစ္ႏွစ္ျပည့္ေတာ့မယ္"

လြန္းေသာ္၀မ္းသာရမွာလား၊၀မ္းနည္းရမွာလားမသိပါ ကိုကိုဟာ ဒီႏွစ္ပတ္လည္ေန႕ကိုမွတ္ထားခဲ့တာစိတ္ရင္းနဲ႕လား အေပးအယူေၾကာင့္လား...

"ဟုတ္တယ္ ကိုကို ေနာက္အပတ္စေနေန႕က်ရင္ ကြၽန္ေတာ္တို႔တစ္ႏွစ္ျပည့္ၿပီ"

"အင္း ကိုယ္တို႔တစ္ေနရာသြားမလား"

ဟန္ေဆာင္ေနပုံနဲ႕မတူေပမယ့္ ကိုကို႔စကားေတြကိုယုံရမွာေၾကာက္ေနမိသည္။ လြန္းေသာ္ကအယုံလြယ္ၿပီး ေနာက္ပိုင္းမွာ လွည့္စားခံရမဲ့ ဇာတ္နာမဲ့ဇာတ္ေကာင္မျဖစ္ခ်င္႐ုံပါ....

"ကိုကို႔သေဘာေလ ကြၽန္ေတာ္ကdinnerအတြက္ျပင္ဆင္မယ္"

"အိုေက တစ္ေန႕လုံးဆိုေတာ့ေန႕ခ်င္းျပန္ခရီးသြားတာေပါ့"

"ဟုတ္"

ေပ်ာ္သြားတဲ့သူ႕ကိုၿပဳံးၾကည့္ကာ ကိုကိုကေရခ်ိဳးခန္းထဲ၀င္သြားသည္။ ခနၾကာေတာ့ျပန္ထြက္လာၿပီး အိပ္ယာ၀င္ဖို႔ျပင္ဆင္သည္။

ကုတင္ေပၚသို႔လက္ေတြကိုေနာက္ပစ္ကာလဲခ်လိဳက္တဲ့ကိုကို႔ရင္ခြင္ထဲေခါင္းထိုး၀င္မိသည္။ ကိုကိုကငုံ႕ၾကည့္သည္။ သိေပမယ့္ လြန္းေသာ္ေမာ့မၾကည့္ရဲေပ ရွက္စိတ္ေၾကာင့္ ပုတ္ခတ္ ပုတ္ခတ္ျဖစ္ေနတဲ့မ်က္ေတာင္မ်ားဟာ ဂနာမၿငိမ္...

"ဟြင္း"

ကိုကိုကႏွာေခါင္းသံနဲ႕ရယ္လိုက္သည္။
ထိုအခါမွလြန္းေသာ္ ကိုကို႔ကိုေမာ့ၾကည့္ေတာ့ သူ႕ကိုစိုက္ၾကည့္ေနတဲ့ကိုကို႔မ်က္လုံးေတြနဲ႕ဆုံသည္။ ကိုကိုမ်က္လုံးေတြမွာအၿပဳံးေတြျမင္ေနရၿပီး အရာအားလံုးကအစစ္အမွန္ေတြျဖစ္သည္။

ထို႔ေနာက္သူ႕ကိုယ္ကိုတိုးဖက္လိုက္တဲ့ကိုကို႔ေၾကာင့္ တစ္ကိုယ္လုံးအေတာင့္လိုက္ျဖစ္သြားရသည္။ အသက္ရႈဖို႔ေတာင္ေမ့ေနၿပီ..

"အသက္ရႈက်ပ္ရင္ေျပာေနာ္"

"ဟင့္အင္း"

"ဟြင္း"

ကိုကို႔ရင္ခြင္ထဲမွာကိုကို႔ကိုခိုးေငးရတဲ့အခိုက္အတန႔္ဟာလြန္းေသာ္အတြက္ရင္ဖိုစရာပင္။လြန္းေသာ္အတမ္းတဆုံးကိုကိုေမတၱာေတြဟာ တစ္ႏွစ္ဆိုတဲ့ကာလအတြင္းအေရာင္ျပန္ဟပ္လာသည္။  လြန္းေသာ္
မ‌ေက်နပ္ေသးဘူး ကိုကို ရေလလိုေလဆိုသလိုဘဲ ကြၽန္ေတာ္ကိုကို႔ကိုပိုင္ဆိုင္ခ်င္တာအတိုင္းအဆမရွိဘူး

ကိုယ္ေနာက္ပိုင္းupatedမွန္ေတာ့မွာမလို႔ Ongoingလိုက္ေပးရင္တကယ္ေက်းဇူးတင္မိမွာပါ

ခ်စ္တဲ့ကီရာ

Continua llegint

You'll Also Like

1.3M 57K 27
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
310K 28.3K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
437K 83.7K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...