𝖳𝗁𝖾 𝖑𝗅𝖺𝗓𝖾

By gelos_03

13.5K 2.2K 696

| 𝖳𝗁𝖾 π—…π—ˆπ—π–Ύ π—Œπ—π—ˆπ—‹π—’ 𝖻𝖾𝗍𝗐𝖾𝖾𝗇 '𝖫𝖺𝗐𝗒𝖾𝗋 π–©π–Ύπ—ˆπ—‡' 𝖺𝗇𝖽 'π–£π—ˆπ–Όπ—π—ˆπ—‹ π–©π—Žπ—‡π—€' | More

π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 1
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 2
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 3
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 4
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 5
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 6
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 7
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 8
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 9
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 10
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 11
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 12
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 13
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 14
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 15
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 16
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 18
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 19
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 20
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 21
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 22
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 23
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 24 || 𝖿𝗂𝗇𝖺𝗅𝖾
𝖠/𝖭
Promotion!

π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 17

412 85 39
By gelos_03

ဧည့်ခန်းတံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ရှင်းလင်းနေသောဧည့်ခန်းက ဂျောင်ကုကို ပထမဦးဆုံးကြိုဆိုသည်။ ဂျောင်ကု ဧည့်ခန်းထဲမျက်လုံးဝေ့ကစားကြည့်နေချိန် ထမင်းစားခန်းထဲမှဟိုဆော့က ဂျောင်ကုအနားရောက်လာသည်။

"လာလေ ဂျောင်ကု၊ မနက်စာစားကြမယ်"

အရင်နေ့များထက်ပင် ပိုပြီး‌နွေးထွေးနေသလိုခံစားရသည့်ဟိုဆော့၏အပြုံးကြောင့် ဂျောင်ကု ခေတ္တအတွေးများသွားမိသည်။

ထမင်းစားခန်းထဲတွင်တော့ ဦးလေးကလွဲ အန်တီရော၊အဘွားပါရှိ‌နေသည်။ ရေညှိဟင်းချိုအပါအဝင်တခြားဟင်းအမယ်များနှင့်မနက်စာကိုပြင်ဆင်ထားသည်ကြောင့် တစ်ယောက်ယောက်၏မွေးနေ့ဖြစ်လိမ့်မည်ဟု ဂျောင်‌ကု တွေးလိုက်မိသည်။ သူ့ရဲ့ဒေါက်တာလေးရဲ့မွေးနေ့မဟုတ်မှန်းသေချာသိသော်လည်း မည်သူမည်ဝါ၏မွေးနေ့လည်းဟုတော့ ဂျောင်ကု ထုတ်မမေးဖြစ်။

ထိုင်ခုံမှာဝင်ထိုင်ပြီး ရေညှိဟင်းချိုတစ်ဇွန်းခပ်သောက်တော့ အစပ်အဟပ်တည့်လှသည့်အရသာက သူ့လျှာတစ်လျှောက်ပျော်ဝင်စီးဆင်းသွားသည်။ ဂျောင်ကု အမှတ်မထင်ပြုံးလိုက်မိပြီးမှ တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုခံစားရသည်ကြောင့် မျက်လုံးလှန်ကြည့်မိတော့ မျက်နှာချင်းဆိုင်မှ အဘွားရော၊အန်တီရောက သူ့ကိုပြုံးပြီးကြည့်နေသည်။

"စားကောင်းလား မြေးလေး"

"ဟုတ်...ဟုတ်ကဲ့၊ စားကောင်းပါတယ်"

ထူးဆန်းနေသည့်အ‌ခြေအနေကြောင့် မနေတတ်တော့ပဲ ဂျောင်ကု သီးလုနီးပါးပင်ဖြစ်သွားသည်။ ထမင်းချည်းပဲတစ်ဇွန်းခပ်စားကာ နေရခက်မှုကို ထမင်းနှင့်အတူ မျှောချလိုက်ရသည်။

"ဒီနေ့တစ်ယောက်ယောက်ရဲ့မွေးနေ့ရှိတာလား အဘွား"

အခြေအနေပြောင်းသွားစေမည့်မေးခွန်းတစ်ခုကို ဂျောင်ကုမေးလိုက်သော်လည်း အဘွားကပြန်မဖြေပဲ သူ့ရဲ့ဒေါက်တာလေးကိုကြည့်ပြီးပြုံးနေသည်။ ဂျောင်ကုလည်း နားမလည်စွာဖြင့် ဟိုဆော့ဘက်လှည်ကြည့်မိတော့ သူ့ရဲ့ဒေါက်တာလေးက ခပ်ရေးရေးပြုံးနေ၏။

"ဟုတ်တယ်၊ ဒီနေ့ကတစ်ယောက်ယောက်ရဲ့မွေးနေ့။ ဒါပေမယ့် ‌မွေးနေ့ရှင်က ကိုယ့်မွေးနေ့ကိုယ်တောင်မမှတ်မိဘူးဖြစ်နေတယ်"

အဘွားအစား ရေညှိဟင်းချိုတစ်ဇွန်းခပ်သောက်ရင်း အေးဆေးစွာဖြေလာသည့်ဟိုဆော့၏စကားကြောင့် ‌ဂျောင်ကု ထမင်းကိုဝါးနေရာမှရပ်သွားကာ မျက်လုံးပင်ပြူးသွားသည်။ ဂျောင်ကု တအံ့တဩဖြစ်နေစဉ် အဘွားက သူ့ထမင်းပန်းကန်ထဲသို့ အသားဖတ်လေးတစ်ခုကို‌ထည့်ပေးကာ

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မြေးလေး"

လှပ်ခနဲဖြစ်သွားသည့်ရင်ဘက်တစ်နေရာနှင့်အတူ ဂျောင်ကု၏ဝိုင်းစက်နေသောမျက်လုံးဝိုင်းတို့တွင် မျက်ရည်စတို့တဖြည်းဖြည်းနေရာယူလာခဲ့သည်။ ကျလာ‌တော့မည့်ဆဲဆဲမျက်ရည်များကိုမျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြန်ထိန်းရင်း အဘွားထည့်ပေးလိုက်သည့်အသားဖတ်လေးကို ဂျောင်ကု ယူစားလိုက်သည်။

မျက်လုံးဝိုင်းတို့တွင် အရည်ကြည်တို့‌ဝေ့ဝဲနေလျက် ထမင်းနှင့်အသားကိုဖြည်းညှင်းစွာဝါးရင်း ဂျောင်ကုရင်ထဲ ခံစားချက်ပေါင်းများစွာဖြင့် ပြည့်ကျပ်နေသည်။ လိုအပ်ခဲ့‌သော မိသားစုပိုင်းဆိုင်ရာ နွေးထွေးမှုတစ်ပိုင်းတစ်စ၊ ကြင်နာယုယမှုတို့လွှမ်းသည့်ဂရုစိုက်မှုတွေအား သူစိမ်းများထံမှ တစ်ချိန်တည်းမှာ နင့်နဲစွာခံစားလိုက်ရချိန် ဂျောင်ကု မျက်ရည်များဖြင့်ပြုံးလိုက်မိသည်။

‌အလုပ်များနေတတ်၍ သူ့မွေးနေ့တိုင်း အချိန်မပေးနိုင်သည့် ဖေဖေ့ထံမှဂရုစိုက်မှုတွေကို မမျှော်လင့်မိတော့သည့်အချိန်ကာလ...

မွေးနေ့တိုင်း လူကိုယ်တိုင်ရှိမနေနိုင်သော်လည်း ကိတ်တစ်လုံးကိုသာအမြဲပြင်ဆင်ပေးတတ်သောမေမေ့ထံမှ မေတ္တာတရားဆိုတာကို မရနိုင်မှန်းသိ၍ မမျှော်လင့်မိတော့သည့်အချိန်ကာလ...

အထီးကျန်မှုဆိုတာကိုမခံစားချင်၍ တစ်ယောက်တည်းကျင်းပရမည့်မွေးနေ့ကို သူကိုယ်တိုင်ပင် မေ့ထားခဲ့သည့်အချိန်ကာလ...

ဒီနေ့သည် မိုးမွှားမိုးမှုန်လေးများဖွဲဖွဲကျနေသော စက်တင်ဘာလ(၁)ရက်နေ့ဖြစ်သည်။

..............

ကိုယ့်မွေးနေ့ကိုယ်ပင်မေ့ရလောက်သည်အထိ ဂျောင်ကု ဘယ်လောက်ထိ စိတ်ပင်ပန်းနေမည်လဲ ဟိုဆော့ နားလည်၍ရသည်။ ဝမ်းသာစေချင်၍မွေးနေ့အမှတ်တရဖြစ်အောင်စီစဉ်ပေးလိုက်သော်လည်း မျက်ရည်တို့ဝဲလျက်သားပြုံးနေသည့်ဂျောင်ကု၏ပုံစံကိုမြင်တော့ ဟိုဆော့ရင်ထဲနင့်ခနဲ။

သူ့ရင်အစုံကို မှောက်ချည်၊လှန်ချည်ဖြစ်အောင်ခံစားရစေသည့်မျက်လုံးဝိုင်းတွေက ဘယ်အချိန်ကတည်းက ဂျောင်ကုနှင့်ပတ်သတ်လျှင် သူ့အားနည်းချက်ဖြစ်သွားခဲ့သည်လဲ။

မနက်စာစားပြီးနောက် မီးပြတိုက်ရှိရာကျောက်ဆောင်လမ်းလေးသို့ ဟိုဆော့နှင့်ဂျောင်ကု လမ်းလျှောက်ထွက်ဖြစ်ကြသည်။ မနက်အစောက မိုးတစ်ဖွဲနှစ်ဖွဲရွာထားသည့်အရှိန်ကြောင့် နဂိုလှိုင်းခတ်ထားသည့်ကျောက်ဆောင်လမ်းသည် ပိုလို့ပင်အေးစိမ့်နေသည်။

မီးပြတိုက်မရောက်ခင်ခပ်လှမ်းလှမ်းနားတွင် ပင်လယ်ဘက်ရှိရာသို့မျက်နှာမူကာ နှစ်ဦးသားရပ်လိုက်ကြသည်။ ဟိုဆော့က လက်နှစ်ဖက်ကိုနောက်ပစ်ကာမတ်တပ်ရပ်နေပြီး ဂျောင်ကုကတော့ ဘောင်းဘီအိပ်ထောင်နှစ်ဖက်ထဲ လက်ထည့်ကာ ရေလှိုင်းများကိုငေးနေသည်။

မနက်ဖြန်ဆို ဟိုဆော့ခွင့်ရက်ပြည့်ပြီဖြစ်၍ ဆိုးလ်သို့ပြန်ရတော့မည်။ ဂျောင်ကုသည်လည်း သူနှင့်အတူလိုက်ပြန်ဖြစ်မည်ဟု ဟိုဆော့သိထားသည်။ ဆိုးလ်ပြန်ရောက်လျှင် တစ်နည်းမဟုတ်တစ်နည်းဖြင့် ဂျောင်ကုနှင့်သူဆုံနိုင်သော်လည်း ယခုလိုတစ်အိမ်တည်းအတူရှိနိုင်မည့်နီးကပ်မှုမဟုတ်တော့သည့်အတွက် ဟိုဆော့ရင်ထဲတွင် လွမ်းသလို၊ဆွေးသလိုခံစားချက်ကြီးက သူ့ကိုမောပန်းစေသည်အထိ ဆိုးရွားလွန်းနေသည်။

"မနက်ဖြန်ပြန်ရတော့မယ်နော် ဒေါက်တာ"

"အင်း"

"ဒီနေ့အတွက် ကျွန်တော့်ကိုမွေးနေ့လက်ဆောင်ပေးတော့ဘူးလား"

သိသိသာသာဦးတည်ရာလွဲသွားသည့်စကားက နောက်ဆုံးတော့ အဓိကအကြောင်းအရာကိုရောက်လာတော့သည်။ ဟိုဆော့တစ်ချက်ရယ်လိုက်မိပြီးမှ ဂျောင်ကုဘက်သို့ လှည့်ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင်ရပ်လိုက်သည့်ဟိုဆော့၏မျက်နှာထက်မှ အဓိပ္ပာယ်ဖော်ရခက်သည့်အပြုံးကို ဂျောင်ကု နားမလည်နိုင်ဖြစ်ရသည်။

"ငါအခုပေးမယ့်မွေးနေ့လက်ဆောင်က မင်းအတွက် တန်ဖိုးကြီးတာဖြစ်ချင်မှဖြစ်လိမ့်မယ်။ ဒါပေမယ့် ငါကိုယ်တိုင်ပင်ပင်ပန်းပန်းရှာထားရတာဆိုတော့ ငါ့အတွက်တော့အဓိပ္ပာယ်ရှိတယ်"

ဟိုဆော့ဘက်မှရှင်းပြလေ ဂျောင်ကုဘက်က နားမလည်ဖြစ်လေလေပင်။ ဘောင်းဘီအိပ်ကပ်ထဲမှတစ်ခုခုထုတ်ယူလိုက်သည့်ဟိုဆော့ကို ဂျောင်ကုကြောင်တောင်တောင်လေးသာ လိုက်ကြည့်နေမိသည်။

သူ့အတွက်တော့ တန်ဖိုးနည်းသည်များသည်ဖြစ်‌စေ၊ အမှတ်မထင်စွန့်ကြဲလိုက်သည့် ထုတ်ပိုးသိမ်းဆည်းခွင့်မရနိုင်သည့်ဒေါက်တာ့အပြုံးလေးတစ်ခုကပင် သူ့ဘဝတစ််ခုလုံးပြီးပြည့်စုံဖို့လုံလောက်နေပြီဆိုတာကို ဒေါက်တာသိအောင်ပြောပြလိုက်ချင်သေးသည်။

"ပျော်ရွှင်စရာမွေးနေ့ပါ ဂျောင်ကု"

ကမ်းပေးလာသောအဖြူရောင်အရာလေးအား ဂျောင်ကု လှမ်းယူကြည့်မိချိန် သူ့ရင်တွေဗြောင်းဆန်ကုန်တော့သည်။ ငွေရောင်အမျှင်အတန်းလေးအနည်းငယ်ပါသည့်ကမာခွံအဖြူရောင်လေးက သူ့လက်ထဲတွင်ငြိမ်သက်လှပစွာ။

"ဒါ...ဒီ...ဒီအဓိပ္ပာယ်က..."

ထစ်အစွာမေးခွန်းပြန်ထုတ်လာသည့်ဂျောင်ကုကိုကြည့်ကာ ဟိုဆော့က သဘောကျစွာရယ်လိုက်သည်။ အဘွားပြောပြဖူးသည့်ကမာတွေရဲ့အဓိပ္ပာယ်ကို ဟိုဆော့ မနေ့ကတစ်ညလုံးတွေးနေမိခဲ့သည်။ မနက်အစောကြီးထကာ ကမ်းစပ်မှာကမာခွံလှလှလေးကို မရမကသွားရှာပြီး ဂျောင်ကုကို ‌မွေးနေ့လက်ဆောင်အဖြစ်ပေးဖို့ စီစဉ်ထားခဲ့သည်။

ထိုကောင်လေးအပေါ်ဖြစ်တည်နေသည့်ခံစားချက်တွေကို သူ ဆက်ပြီးထိန်းချုပ်ထားဖို့ မဖြစ်နိုင်တော့ပေ။

"ဘယ်သူက ကိုယ်စိတ်မဝင်စားတဲ့သူရဲ့မွေးနေ့ကို တကူးတကမှတ်ထားမှာလဲ"

ဖြစ်ပေါ်လောသော လှိုင်းရိုက်ခတ်သံနှင့်အတူ ဟိုဆော့၏စကားသံသည် ဂျောင်ကု၏နားထဲသို့ ဝိုးတဝါးဝင်ရောက်သွားသည်။

တဖြည်းဖြည်းကျယ်လောင်လာသောနှလုံးခုန်သံနှင့်အတူ လှိုင်းထနေသည့်ကြည်နူးပျော်ရွှင်မှုတွေကြောင့် ဂျောင်ကုတစ်ယောက် ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်နေသည်။ တစ်ခုခုပြောလိုက်ချင်သော်လည်း လည်ချောင်းထဲတွင်တစ်စုံတစ်ခုဆို့နစ်နေသလိုခံစားရကာ ဘာစကားမှထွက်မလာခဲ့။

နောက်ဆုံးတော့ ထားစရာမရှိဖြစ်နေသည့်ဂျောင်ကုလက်တွေသည် ဟိုဆော့၏လည်တိုင်ရှင်းရှင်းတွင်ငြိတွယ်သွားကာ နွေးထွေးမှုတို့မြစ်ဖျားခံရာနှုတ်ခမ်းပါးတို့သည်လည်း ထပ်တူကျသွားခဲ့၏။

သွန်ချစီးကျလာသောမိုးရေစက်များ၏အအေးဓာတ်သည်လည်း အချိန်အ‌တော်ကြာ ထိကပ်ထားသောနှုတ်ခမ်းပါးတို့ထံမှ နွေးထွေးမှုကိုအရှိန်မလျော့စေနိုင်။

"ကျွန်တော်ပျော်တယ် သိလား။ ကျွန်တော် သိပ်ပျော်တာပဲ ဒေါက်တာရာ"

မိုးရေစက်တို့တင်နေသည့်ဟိုဆော့၏နှုတ်ခမ်းပါးတို့ကို ဂျောင်ကုလက်မဖြင့်ခပ်ဖွဖွတို့ထိမိချိန် ထိုနှုတ်ခမ်းပါးတို့သည်ကျယ်ပြန့်စွာပြုံးသွားခဲ့၏။ ထိုခနတွင် ဂျောင်ကုသည် မိုးရေတွေစိုနေသည့်ကိုယ်လေးအား ရင်ခွင်ထဲထည့်သိမ်းလိုက်မိသည်။ လောလောလတ်လတ်ထိတွေ့မိခဲ့သောနှုတ်ခမ်းပါးတို့သည်လည်း သူ့ရဲ့ပုခုံးတစ်ဖက်ကိုညင်သာစွာထိတွေ့ထား၏။

ကျောပြင်ထက်ရစ်သိုင်းလာသောလက်သွယ်သွယ်များထံမှ‌နွေးထွေးမှုဟာ သူ့အား လောကကြီးထဲ၌မည်သို့သောအေးစက်မှုကိုမဆို ခံနိုင်ရည်ရှိစေနိုင်၏။

"ကျွန်တော့်အချစ်ကိုယုံကြည်ပေးပါလို့ ကျွန်တော်မတောင်းဆိုပါဘူး။ ဒါပေမယ့် ဒေါက်တာ့အပေါ် ကျွန်တော်သစ္စာပျက်တဲ့နေ့ဟာ ကျွန်တော်ရူးရင်ရူး၊မရူးရင်ဦးနှောက်ပျက်သွားလို့ပဲဖြစ်လိမ့်မယ်။

ချစ်တယ်ဆိုတာကို ထုတ်ပြောလိုက်မယ့်စကားသက်သက်ထက် လက်တွေ့မှာကျွန်တော်ကပိုပြီးချစ်ပြနိုင်တယ်ဆိုတာ ဒေါက်တာ ကျွန်တော့်ကိုယုံထားလိုက်စမ်းပါ"

ဂျောင်ကု၏ပုခုံးထက်ထိကပ်ထားသော ဟိုဆော့၏နှုတ်ခမ်းပါးတို့သည် နှစ်ခြိုက်စွာပြုံးသွားသည်။

တဖွဲဖွဲကျလာသောမိုးစက်များသည် မြေပြင်ထက်သို့ အထိန်းအချုပ်‌မရှိ ပြေးဆင်းခိုလှုံသကဲ့သို့ ဂျစ်ကန်ကန်နိုင်သည့်ရှေ့နေလေးသည်လည်း သူ့နှလုံးသားထဲသို့ အတားအဆီးမရှိဝင်ရောက်လာခဲ့၏။

ထိုရှေ့နေလေးအတွက် သူ့နှလုံးသားသည် သူ့ကိုပင် ပြန်ပြီးဂျစ်တိုက်ခဲ့၏။

ချစ်ခြင်းတရားဆိုသောအမှုကို ထိုရှေ့နေ့ထံတွင် သူ့နှလုံးသားလေးက တစ်ဘဝလုံးစာအရှုံးပေးလိုက်ရလေပြီ။

...............

ဆိုးလ်ပြန်သည့်နေ့တွင် ကားလတ်မှတ်ဖြတ်သည့်ကိစ္စအစ၊အဆုံးစီစဉ်လိုက်သူကတော့ ဂျောင်ကုပင်။ နောက်ဆုံးခုံရှေ့မှထိုင်ခုံနေရာဖြစ်သော်လည်း အနောက်တွင် လူမရှိတော့ပဲ သူတို့နှစ်ယောက်နေရာနှင့်သာ အဆုံးသတ်သွားသည်။

ကားပေါ်တွင် ကိုယ်စီအဝတ်အစားထုတ်တွေကိုနေရာချပြီးနောက်မှ ဂျောင်ကု၏နောက်ဆုံးခုံနီးနီးတွင် ကားလက်မှတ်ဖြတ်လိုက်ခြင်းအကြံကို ဟိုဆော့ သိလိုက်ရတော့သည်။

ဟို‌ဆော့က ကားပြတင်ပေါက်ဘက်တွင်ကပ်ထိုင်ပြီး ဂျောင်ကုက အစွန်ဘက်ခုံနေရာတွင်ဖြစ်သည်။

ဆိုးလ်သို့ဦးတည်သည့်အဝေးပြေးကားလေး စတင်ထွက်ခွာလိုက်သည်နှင့် ကားမှန်အပြင်ဘက်သို့ငေးနေသည့်ဟိုဆော့၏ပါးပေါ်သို့ ရွှတ်ခနဲရောက်လာသည့်အနမ်းတစ်ပွင့်။

"ဂျောင်ကု!"

ကားပေါ်မှာတောင် အငြိမ်မနေနိုင်သည့်‌ဂျောင်ကုကို ဟိုဆော့‌ ခပ်ကြိတ်ကြိတ်ခေါ်ကာ မျက်လုံးဖြင့် လူတွေရှိကြောင်းသတိပေးလိုက်သော်လည်း ဂျောင်ကုဂရုပင်မစိုက်။ ဘာမထီအပြုံးတစ်ခုနှင့်မျက်ခုံးတစ်ဖက်ကိုပင့်လျက်ဂျောင်ကုက ‌ဟိုဆော့၏လက်တစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကိုင်ကာ သူ့ပေါင်ပေါ်တင်ထားလိုက်သည်။

"ဘာမှစိတ်မပူပါနဲ့။ ဒီအနောက်ကိုဘယ်သူမှလှည့်မကြည့်ဘူး"

"ဒါပေမယ့် ဘယ်သူမှလှည့်မကြည့်ဘူးဆိုတိုင်း မင်းငါ့ကိုနမ်းချင်တိုင်းနမ်းလို့ရ..."

"ရှူး!"

ဂျောင်ကုက ဟိုဆော့၏နှုတ်ခမ်းပေါ်သို့ လက်ညိုးကို ကန့်လန့်ဖြတ်တင်ကာ စကားဆက်မပြောရန်လှမ်းတားလိုက်၏။ ပြီးမှ ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ပြီး ဟိုဆော့အနားတိုးကာ

"အဲ့လိုတွေပြောနေမှ သူများတွေကြားကုန်လိမ့်မယ်"

ဂျောင်ကု၏မချိုမချဉ်အပြုံးကြောင့် ဟိုဆော့ ပါးပြင်းနှစ်ဖက်နွေးခနဲပူသွားကာ ကားမှန်ဘက်သို့မျက်နှာပြန်လွှဲလိုက်၏။ ဒီကောင်လေး ဒီလောက်ထိလူလည်ကျတတ်မှန်း ဟိုဆော့ အခုမှသိရတော့သည်။

"ကိုကို"

လည်ပင်းကြောတစ်လျှောက်ပူနွေးနွေးအငွေ့အသက်ကြောင့် ဟိုဆော့ ကြက်သိမ်းတွေဖြန်းခနဲ။ ကြားလိုက်ရသည့်နာမ်စားကြောင့် သူ့ဘယ်ဘက်ရင်အုံမှအကောင်ငယ်သည်လဲ တဒိန်းဒိန်းနှင့် မြန်ဆန်စွာခုန်ပေါက်လာ၏။

"ကျွန်တော်အိပ်တော့မယ်"

နားနားကပ်ကာ လေသံဖြင့်ပြောလာသည့်ဂျောင်ကုကြောင့် ဟိုဆော့ကိုယ်လေးမသိမသာတုန်ရီသွားတော့ ဂျောင်ကုက ခိုးပြုံးရင်း

"ချစ်တယ် ကိုကို"

လေငွေ့နွေးနွေးက ဟိုဆော့၏နားရွက်‌ဖျားလေးကို ကျီစယ်ရိုက်ခတ်သွားချိန် ဟိုဆော့၏အသိအာရုံတွေသည် လွင့်ပျံလုနီးပါး။

အံကြိတ်ထား၍ ဟိုဆော့၏လည်ပင်းထက်မှထင်းနေသော‌သွေးကြောတစ်နေရာသို့ ဂျောင်ကု ခပ်ဖွဖွအနမ်းချွေလိုက်ပြီးနောက် ဟိုဆော့၏ပု‌ခုံးပေါ်သို့ခေါင်းမှီချကာ မျက်ခွံတွေကိုမှိတ်ချလိုက်၏။

ကျောက်ရုပ်အလားငြိမ်သက်နေသည့်ဟိုဆော့သည်တော့ လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားသည်လားထင်ရအောင် တုပ်တုပ်မျှမလှုပ်ပေ။ သို့ပေမယ့် သူ့ခန္ဓာကိုယ်ထဲမှသွေးကြောတွေသည်တော့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဗြောင်းဆန်နေ၏။

ဒီကောင်လေး သူ့ကိုရူးအောင်လုပ်ဖို့ ဘယ်အချိန်ကတည်းက အစီအစဉ်ချထားလဲမသိပါ။

* * * * *

10.03.2022
.................

A/N - ရည်းစားလည်းမရှိပါပဲ အချိုတွေရေးနေရတာလည်း ဝဋ်ကြွေးတစ်မျိုးပဲ:,-)












Episode 17 :

ဧည့္ခန္းတံခါးကိုတြန္းဖြင့္လိုက္သည္ႏွင့္ ႐ွင္းလင္းေနေသာဧည့္ခန္းက ေဂ်ာင္ကုကို ပထမဦးဆုံးႀကိဳဆိုသည္။ ေဂ်ာင္ကု ဧည့္ခန္းထဲမ်က္လုံးေဝ့ကစားၾကည့္ေနခ်ိန္ ထမင္းစားခန္းထဲမွဟိုေဆာ့က ေဂ်ာင္ကုအနားေရာက္လာသည္။

"လာေလ ေဂ်ာင္ကု၊ မနက္စာစားၾကမယ္"

အရင္ေန႔မ်ားထက္ပင္ ပိုၿပီး‌ေႏြးေထြးေနသလိုခံစားရသည့္ဟိုေဆာ့၏အျပဳံးေၾကာင့္ ေဂ်ာင္ကု ေခတၱအေတြးမ်ားသြားမိသည္။

ထမင္းစားခန္းထဲတြင္ေတာ့ ဦးေလးကလြဲ အန္တီေရာ၊အဘြားပါ႐ွိ‌ေနသည္။ ေရညႇိဟင္းခ်ိဳအပါအဝင္တျခားဟင္းအမယ္မ်ားႏွင့္မနက္စာကိုျပင္ဆင္ထားသည္ေၾကာင့္ တစ္ေယာက္ေယာက္၏ေမြးေန႔ျဖစ္လိမ့္မည္ဟု ေဂ်ာင္‌ကု ေတြးလိုက္မိသည္။ သူ႕ရဲ႕ေဒါက္တာေလးရဲ႕ေမြးေန႔မဟုတ္မွန္းေသခ်ာသိေသာ္လည္း မည္သူမည္ဝါ၏ေမြးေန႔လည္းဟုေတာ့ ေဂ်ာင္ကု ထုတ္မေမးျဖစ္။

ထိုင္ခုံမွာဝင္ထိုင္ၿပီး ေရညႇိဟင္းခ်ိဳတစ္ဇြန္းခပ္ေသာက္ေတာ့ အစပ္အဟပ္တည့္လွသည့္အရသာက သူ႕လွ်ာတစ္ေလွ်ာက္ေပ်ာ္ဝင္စီးဆင္းသြားသည္။ ေဂ်ာင္ကု အမွတ္မထင္ျပဳံးလိုက္မိၿပီးမွ တစ္စုံတစ္ေယာက္စိုက္ၾကည့္ေနသလိုခံစားရသည္ေၾကာင့္ မ်က္လုံးလွန္ၾကည့္မိေတာ့ မ်က္ႏွာခ်င္းဆိုင္မွ အဘြားေရာ၊အန္တီေရာက သူ႕ကိုျပဳံးၿပီးၾကည့္ေနသည္။

"စားေကာင္းလား ေျမးေလး"

"ဟုတ္...ဟုတ္ကဲ့၊ စားေကာင္းပါတယ္"

ထူးဆန္းေနသည့္အ‌ေျခအေနေၾကာင့္ မေနတတ္ေတာ့ပဲ ေဂ်ာင္ကု သီးလုနီးပါးပင္ျဖစ္သြားသည္။ ထမင္းခ်ည္းပဲတစ္ဇြန္းခပ္စားကာ ေနရခက္မႈကို ထမင္းႏွင့္အတူ ေမွ်ာခ်လိုက္ရသည္။

"ဒီေန႔တစ္ေယာက္ေယာက္ရဲ႕ေမြးေန႔႐ွိတာလား အဘြား"

အေျခအေနေျပာင္းသြားေစမည့္ေမးခြန္းတစ္ခုကို ေဂ်ာင္ကုေမးလိုက္ေသာ္လည္း အဘြားကျပန္မေျဖပဲ သူ႕ရဲ႕ေဒါက္တာေလးကိုၾကည့္ၿပီးျပဳံးေနသည္။ ေဂ်ာင္ကုလည္း နားမလည္စြာျဖင့္ ဟိုေဆာ့ဘက္လွည္ၾကည့္မိေတာ့ သူ႕ရဲ႕ေဒါက္တာေလးက ခပ္ေရးေရးျပဳံးေန၏။

"ဟုတ္တယ္၊ ဒီေန႔ကတစ္ေယာက္ေယာက္ရဲ႕ေမြးေန႔။ ဒါေပမယ့္ ‌ေမြးေန႔႐ွင္က ကိုယ့္ေမြးေန႔ကိုယ္ေတာင္မမွတ္မိဘူးျဖစ္ေနတယ္"

အဘြားအစား ေရညႇိဟင္းခ်ိဳတစ္ဇြန္းခပ္ေသာက္ရင္း ေအးေဆးစြာေျဖလာသည့္ဟိုေဆာ့၏စကားေၾကာင့္ ‌ေဂ်ာင္ကု ထမင္းကိုဝါးေနရာမွရပ္သြားကာ မ်က္လုံးပင္ျပဴးသြားသည္။ ေဂ်ာင္ကု တအံ့တဩျဖစ္ေနစဥ္ အဘြားက သူ႕ထမင္းပန္းကန္ထဲသို႔ အသားဖတ္ေလးတစ္ခုကို‌ထည့္ေပးကာ

"ေပ်ာ္႐ႊင္စရာေမြးေန႔ျဖစ္ပါေစ ေျမးေလး"

လွပ္ခနဲျဖစ္သြားသည့္ရင္ဘက္တစ္ေနရာႏွင့္အတူ ေဂ်ာင္ကု၏ဝိုင္းစက္ေနေသာမ်က္လုံးဝိုင္းတို႔တြင္ မ်က္ရည္စတို႔တျဖည္းျဖည္းေနရာယူလာခဲ့သည္။ က်လာ‌ေတာ့မည့္ဆဲဆဲမ်က္ရည္မ်ားကိုမ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ကာ ျပန္ထိန္းရင္း အဘြားထည့္ေပးလိုက္သည့္အသားဖတ္ေလးကို ေဂ်ာင္ကု ယူစားလိုက္သည္။

မ်က္လုံးဝိုင္းတို႔တြင္ အရည္ၾကည္တို႔‌ေဝ့ဝဲေနလ်က္ ထမင္းႏွင့္အသားကိုျဖည္းညႇင္းစြာဝါးရင္း ေဂ်ာင္ကုရင္ထဲ ခံစားခ်က္ေပါင္းမ်ားစြာျဖင့္ ျပည့္က်ပ္ေနသည္။ လိုအပ္ခဲ့‌ေသာ မိသားစုပိုင္းဆိုင္ရာ ေႏြးေထြးမႈတစ္ပိုင္းတစ္စ၊ ၾကင္နာယုယမႈတို႔လႊမ္းသည့္ဂ႐ုစိုက္မႈေတြအား သူစိမ္းမ်ားထံမွ တစ္ခ်ိန္တည္းမွာ နင့္နဲစြာခံစားလိုက္ရခ်ိန္ ေဂ်ာင္ကု မ်က္ရည္မ်ားျဖင့္ျပဳံးလိုက္မိသည္။

‌အလုပ္မ်ားေနတတ္၍ သူ႕ေမြးေန႔တိုင္း အခ်ိန္မေပးႏိုင္သည့္ ေဖေဖ့ထံမွဂ႐ုစိုက္မႈေတြကို မေမွ်ာ္လင့္မိေတာ့သည့္အခ်ိန္ကာလ...

ေမြးေန႔တိုင္း လူကိုယ္တိုင္႐ွိမေနႏိုင္ေသာ္လည္း ကိတ္တစ္လုံးကိုသာအၿမဲျပင္ဆင္ေပးတတ္ေသာေမေမ့ထံမွ ေမတၱာတရားဆိုတာကို မရႏိုင္မွန္းသိ၍ မေမွ်ာ္လင့္မိေတာ့သည့္အခ်ိန္ကာလ...

အထီးက်န္မႈဆိုတာကိုမခံစားခ်င္၍ တစ္ေယာက္တည္းက်င္းပရမည့္ေမြးေန႔ကို သူကိုယ္တိုင္ပင္ ေမ့ထားခဲ့သည့္အခ်ိန္ကာလ...

ဒီေန႔သည္ မိုးမႊားမိုးမႈန္ေလးမ်ားဖြဲဖြဲက်ေနေသာ စက္တင္ဘာလ(၁)ရက္ေန႔ျဖစ္သည္။

..............

ကိုယ့္ေမြးေန႔ကိုယ္ပင္ေမ့ရေလာက္သည္အထိ ေဂ်ာင္ကု ဘယ္ေလာက္ထိ စိတ္ပင္ပန္းေနမည္လဲ ဟိုေဆာ့ နားလည္၍ရသည္။ ဝမ္းသာေစခ်င္၍ေမြးေန႔အမွတ္တရျဖစ္ေအာင္စီစဥ္ေပးလိုက္ေသာ္လည္း မ်က္ရည္တို႔ဝဲလ်က္သားျပဳံးေနသည့္ေဂ်ာင္ကု၏ပုံစံကိုျမင္ေတာ့ ဟိုေဆာ့ရင္ထဲနင့္ခနဲ။

သူ႕ရင္အစုံကို ေမွာက္ခ်ည္၊လွန္ခ်ည္ျဖစ္ေအာင္ခံစားရေစသည့္မ်က္လုံးဝိုင္းေတြက ဘယ္အခ်ိန္ကတည္းက ေဂ်ာင္ကုႏွင့္ပတ္သတ္လွ်င္ သူ႕အားနည္းခ်က္ျဖစ္သြားခဲ့သည္လဲ။

မနက္စာစားၿပီးေနာက္ မီးျပတိုက္႐ွိရာေက်ာက္ေဆာင္လမ္းေလးသို႔ ဟိုေဆာ့ႏွင့္ေဂ်ာင္ကု လမ္းေလွ်ာက္ထြက္ျဖစ္ၾကသည္။ မနက္အေစာက မိုးတစ္ဖြဲႏွစ္ဖြဲ႐ြာထားသည့္အ႐ွိန္ေၾကာင့္ နဂိုလိႈင္းခတ္ထားသည့္ေက်ာက္ေဆာင္လမ္းသည္ ပိုလို႔ပင္ေအးစိမ့္ေနသည္။

မီးျပတိုက္မေရာက္ခင္ခပ္လွမ္းလွမ္းနားတြင္ ပင္လယ္ဘက္႐ွိရာသို႔မ်က္ႏွာမူကာ ႏွစ္ဦးသားရပ္လိုက္ၾကသည္။ ဟိုေဆာ့က လက္ႏွစ္ဖက္ကိုေနာက္ပစ္ကာမတ္တပ္ရပ္ေနၿပီး ေဂ်ာင္ကုကေတာ့ ေဘာင္းဘီအိပ္ေထာင္ႏွစ္ဖက္ထဲ လက္ထည့္ကာ ေရလိႈင္းမ်ားကိုေငးေနသည္။

မနက္ျဖန္ဆို ဟိုေဆာ့ခြင့္ရက္ျပည့္ၿပီျဖစ္၍ ဆိုးလ္သို႔ျပန္ရေတာ့မည္။ ေဂ်ာင္ကုသည္လည္း သူႏွင့္အတူလိုက္ျပန္ျဖစ္မည္ဟု ဟိုေဆာ့သိထားသည္။ ဆိုးလ္ျပန္ေရာက္လွ်င္ တစ္နည္းမဟုတ္တစ္နည္းျဖင့္ ေဂ်ာင္ကုႏွင့္သူဆုံႏိုင္ေသာ္လည္း ယခုလိုတစ္အိမ္တည္းအတူ႐ွိႏိုင္မည့္နီးကပ္မႈမဟုတ္ေတာ့သည့္အတြက္ ဟိုေဆာ့ရင္ထဲတြင္ လြမ္းသလို၊ေဆြးသလိုခံစားခ်က္ႀကီးက သူ႕ကိုေမာပန္းေစသည္အထိ ဆိုး႐ြားလြန္းေနသည္။

"မနက္ျဖန္ျပန္ရေတာ့မယ္ေနာ္ ေဒါက္တာ"

"အင္း"

"ဒီေန႔အတြက္ ကြၽန္ေတာ့္ကိုေမြးေန႔လက္ေဆာင္ေပးေတာ့ဘူးလား"

သိသိသာသာဦးတည္ရာလြဲသြားသည့္စကားက ေနာက္ဆုံးေတာ့ အဓိကအေၾကာင္းအရာကိုေရာက္လာေတာ့သည္။ ဟိုေဆာ့တစ္ခ်က္ရယ္လိုက္မိၿပီးမွ ေဂ်ာင္ကုဘက္သို႔ လွည့္ၾကည့္လိုက္သည္။ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္သည့္ဟိုေဆာ့၏မ်က္ႏွာထက္မွ အဓိပၸာယ္ေဖာ္ရခက္သည့္အျပဳံးကို ေဂ်ာင္ကု နားမလည္ႏိုင္ျဖစ္ရသည္။

"ငါအခုေပးမယ့္ေမြးေန႔လက္ေဆာင္က မင္းအတြက္ တန္ဖိုးႀကီးတာျဖစ္ခ်င္မွျဖစ္လိမ့္မယ္။ ဒါေပမယ့္ ငါကိုယ္တိုင္ပင္ပင္ပန္းပန္း႐ွာထားရတာဆိုေတာ့ ငါ့အတြက္ေတာ့အဓိပၸာယ္႐ွိတယ္"

ဟိုေဆာ့ဘက္မွ႐ွင္းျပေလ ေဂ်ာင္ကုဘက္က နားမလည္ျဖစ္ေလေလပင္။ ေဘာင္းဘီအိပ္ကပ္ထဲမွတစ္ခုခုထုတ္ယူလိုက္သည့္ဟိုေဆာ့ကို ေဂ်ာင္ကုေၾကာင္ေတာင္ေတာင္ေလးသာ လိုက္ၾကည့္ေနမိသည္။

သူ႕အတြက္ေတာ့ တန္ဖိုးနည္းသည္မ်ားသည္ျဖစ္‌ေစ၊ အမွတ္မထင္စြန္႔ႀကဲလိုက္သည့္ ထုတ္ပိုးသိမ္းဆည္းခြင့္မရႏိုင္သည့္ေဒါက္တာ့အျပဳံးေလးတစ္ခုကပင္ သူ႕ဘဝတစ္္ခုလုံးၿပီးျပည့္စုံဖို႔လုံေလာက္ေနၿပီဆိုတာကို ေဒါက္တာသိေအာင္ေျပာျပလိုက္ခ်င္ေသးသည္။

"ေပ်ာ္႐ႊင္စရာေမြးေန႔ပါ ေဂ်ာင္ကု"

ကမ္းေပးလာေသာအျဖဴေရာင္အရာေလးအား ေဂ်ာင္ကု လွမ္းယူၾကည့္မိခ်ိန္ သူ႕ရင္ေတြေျဗာင္းဆန္ကုန္ေတာ့သည္။ ေငြေရာင္အမွ်င္အတန္းေလးအနည္းငယ္ပါသည့္ကမာခြံအျဖဴေရာင္ေလးက သူ႕လက္ထဲတြင္ၿငိမ္သက္လွပစြာ။

"ဒါ...ဒီ...ဒီအဓိပၸာယ္က..."

ထစ္အစြာေမးခြန္းျပန္ထုတ္လာသည့္ေဂ်ာင္ကုကိုၾကည့္ကာ ဟိုေဆာ့က သေဘာက်စြာရယ္လိုက္သည္။ အဘြားေျပာျပဖူးသည့္ကမာေတြရဲ႕အဓိပၸာယ္ကို ဟိုေဆာ့ မေန႔ကတစ္ညလုံးေတြးေနမိခဲ့သည္။ မနက္အေစာႀကီးထကာ ကမ္းစပ္မွာကမာခြံလွလွေလးကို မရမကသြား႐ွာၿပီး ေဂ်ာင္ကုကို ‌ေမြးေန႔လက္ေဆာင္အျဖစ္ေပးဖို႔ စီစဥ္ထားခဲ့သည္။

ထိုေကာင္ေလးအေပၚျဖစ္တည္ေနသည့္ခံစားခ်က္ေတြကို သူ ဆက္ၿပီးထိန္းခ်ဳပ္ထားဖို႔ မျဖစ္ႏိုင္ေတာ့ေပ။

"ဘယ္သူက ကိုယ္စိတ္မဝင္စားတဲ့သူရဲ႕ေမြးေန႔ကို တကူးတကမွတ္ထားမွာလဲ"

ျဖစ္ေပၚေလာေသာ လိႈင္း႐ိုက္ခတ္သံႏွင့္အတူ ဟိုေဆာ့၏စကားသံသည္ ေဂ်ာင္ကု၏နားထဲသို႔ ဝိုးတဝါးဝင္ေရာက္သြားသည္။

တျဖည္းျဖည္းက်ယ္ေလာင္လာေသာႏွလုံးခုန္သံႏွင့္အတူ လိႈင္းထေနသည့္ၾကည္ႏူးေပ်ာ္႐ႊင္မႈေတြေၾကာင့္ ေဂ်ာင္ကုတစ္ေယာက္ ေျခမကိုင္မိ၊လက္မကိုင္မိျဖစ္ေနသည္။ တစ္ခုခုေျပာလိုက္ခ်င္ေသာ္လည္း လည္ေခ်ာင္းထဲတြင္တစ္စုံတစ္ခုဆို႔နစ္ေနသလိုခံစားရကာ ဘာစကားမွထြက္မလာခဲ့။

ေနာက္ဆုံးေတာ့ ထားစရာမ႐ွိျဖစ္ေနသည့္ေဂ်ာင္ကုလက္ေတြသည္ ဟိုေဆာ့၏လည္တိုင္႐ွင္း႐ွင္းတြင္ၿငိတြယ္သြားကာ ေႏြးေထြးမႈတို႔ျမစ္ဖ်ားခံရာႏႈတ္ခမ္းပါးတို႔သည္လည္း ထပ္တူက်သြားခဲ့၏။

သြန္ခ်စီးက်လာေသာမိုးေရစက္မ်ား၏အေအးဓာတ္သည္လည္း အခ်ိန္အ‌ေတာ္ၾကာ ထိကပ္ထားေသာႏႈတ္ခမ္းပါးတို႔ထံမွ ေႏြးေထြးမႈကိုအ႐ွိန္မေလ်ာ့ေစႏိုင္။

"ကြၽန္ေတာ္ေပ်ာ္တယ္ သိလား။ ကြၽန္ေတာ္ သိပ္ေပ်ာ္တာပဲ ေဒါက္တာရာ"

မိုးေရစက္တို႔တင္ေနသည့္ဟိုေဆာ့၏ႏႈတ္ခမ္းပါးတို႔ကို ေဂ်ာင္ကုလက္မျဖင့္ခပ္ဖြဖြတို႔ထိမိခ်ိန္ ထိုႏႈတ္ခမ္းပါးတို႔သည္က်ယ္ျပန္႔စြာျပဳံးသြားခဲ့၏။ ထိုခနတြင္ ေဂ်ာင္ကုသည္ မိုးေရေတြစိုေနသည့္ကိုယ္ေလးအား ရင္ခြင္ထဲထည့္သိမ္းလိုက္မိသည္။ ေလာေလာလတ္လတ္ထိေတြ႕မိခဲ့ေသာႏႈတ္ခမ္းပါးတို႔သည္လည္း သူ႕ရဲ႕ပုခုံးတစ္ဖက္ကိုညင္သာစြာထိေတြ႕ထား၏။

ေက်ာျပင္ထက္ရစ္သိုင္းလာေသာလက္သြယ္သြယ္မ်ားထံမွ‌ေႏြးေထြးမႈဟာ သူ႕အား ေလာကႀကီးထဲ၌မည္သို႔ေသာေအးစက္မႈကိုမဆို ခံႏိုင္ရည္႐ွိေစႏိုင္၏။

"ကြၽန္ေတာ့္အခ်စ္ကိုယုံၾကည္ေပးပါလို႔ ကြၽန္ေတာ္မေတာင္းဆိုပါဘူး။ ဒါေပမယ့္ ေဒါက္တာ့အေပၚ ကြၽန္ေတာ္သစၥာပ်က္တဲ့ေန႔ဟာ ကြၽန္ေတာ္႐ူးရင္႐ူး၊မ႐ူးရင္ဦးေႏွာက္ပ်က္သြားလို႔ပဲျဖစ္လိမ့္မယ္။

ခ်စ္တယ္ဆိုတာကို ထုတ္ေျပာလိုက္မယ့္စကားသက္သက္ထက္ လက္ေတြ႕မွာကြၽန္ေတာ္ကပိုၿပီးခ်စ္ျပႏိုင္တယ္ဆိုတာ ေဒါက္တာ ကြၽန္ေတာ့္ကိုယုံထားလိုက္စမ္းပါ"

ေဂ်ာင္ကု၏ပုခုံးထက္ထိကပ္ထားေသာ ဟိုေဆာ့၏ႏႈတ္ခမ္းပါးတို႔သည္ ႏွစ္ၿခိဳက္စြာျပဳံးသြားသည္။

တဖြဲဖြဲက်လာေသာမိုးစက္မ်ားသည္ ေျမျပင္ထက္သို႔ အထိန္းအခ်ဳပ္‌မ႐ွိ ေျပးဆင္းခိုလႈံသကဲ့သို႔ ဂ်စ္ကန္ကန္ႏိုင္သည့္ေ႐ွ႕ေနေလးသည္လည္း သူ႕ႏွလုံးသားထဲသို႔ အတားအဆီးမ႐ွိဝင္ေရာက္လာခဲ့၏။

ထိုေ႐ွ႕ေနေလးအတြက္ သူ႕ႏွလုံးသားသည္ သူ႕ကိုပင္ ျပန္ၿပီးဂ်စ္တိုက္ခဲ့၏။

ခ်စ္ျခင္းတရားဆိုေသာအမႈကို ထိုေ႐ွ႕ေန႔ထံတြင္ သူ႕ႏွလုံးသားေလးက တစ္ဘဝလုံးစာအ႐ႈံးေပးလိုက္ရေလၿပီ။

...............

ဆိုးလ္ျပန္သည့္ေန႔တြင္ ကားလတ္မွတ္ျဖတ္သည့္ကိစၥအစ၊အဆုံးစီစဥ္လိုက္သူကေတာ့ ေဂ်ာင္ကုပင္။ ေနာက္ဆုံးခုံေ႐ွ႕မွထိုင္ခုံေနရာျဖစ္ေသာ္လည္း အေနာက္တြင္ လူမ႐ွိေတာ့ပဲ သူတို႔ႏွစ္ေယာက္ေနရာႏွင့္သာ အဆုံးသတ္သြားသည္။

ကားေပၚတြင္ ကိုယ္စီအဝတ္အစားထုတ္ေတြကိုေနရာခ်ၿပီးေနာက္မွ ေဂ်ာင္ကု၏ေနာက္ဆုံးခုံနီးနီးတြင္ ကားလက္မွတ္ျဖတ္လိုက္ျခင္းအၾကံကို ဟိုေဆာ့ သိလိုက္ရေတာ့သည္။

ဟို‌ေဆာ့က ကားျပတင္ေပါက္ဘက္တြင္ကပ္ထိုင္ၿပီး ေဂ်ာင္ကုက အစြန္ဘက္ခုံေနရာတြင္ျဖစ္သည္။

ဆိုးလ္သို႔ဦးတည္သည့္အေဝးေျပးကားေလး စတင္ထြက္ခြာလိုက္သည္ႏွင့္ ကားမွန္အျပင္ဘက္သို႔ေငးေနသည့္ဟိုေဆာ့၏ပါးေပၚသို႔ ႐ႊတ္ခနဲေရာက္လာသည့္အနမ္းတစ္ပြင့္။

"ေဂ်ာင္ကု!"

ကားေပၚမွာေတာင္ အၿငိမ္မေနႏိုင္သည့္‌ေဂ်ာင္ကုကို ဟိုေဆာ့‌ ခပ္ႀကိတ္ႀကိတ္ေခၚကာ မ်က္လုံးျဖင့္ လူေတြ႐ွိေၾကာင္းသတိေပးလိုက္ေသာ္လည္း ေဂ်ာင္ကုဂ႐ုပင္မစိုက္။ ဘာမထီအျပဳံးတစ္ခုႏွင့္မ်က္ခုံးတစ္ဖက္ကိုပင့္လ်က္ေဂ်ာင္ကုက ‌ဟိုေဆာ့၏လက္တစ္ဖက္ကိုတင္းက်ပ္စြာဆုပ္ကိုင္ကာ သူ႕ေပါင္ေပၚတင္ထားလိုက္သည္။

"ဘာမွစိတ္မပူပါနဲ႔။ ဒီအေနာက္ကိုဘယ္သူမွလွည့္မၾကည့္ဘူး"

"ဒါေပမယ့္ ဘယ္သူမွလွည့္မၾကည့္ဘူးဆိုတိုင္း မင္းငါ့ကိုနမ္းခ်င္တိုင္းနမ္းလို႔ရ..."

"႐ွဴး!"

ေဂ်ာင္ကုက ဟိုေဆာ့၏ႏႈတ္ခမ္းေပၚသို႔ လက္ညိဳးကို ကန္႔လန္႔ျဖတ္တင္ကာ စကားဆက္မေျပာရန္လွမ္းတားလိုက္၏။ ၿပီးမွ ပတ္ဝန္းက်င္ကိုအကဲခတ္ၾကည့္ၿပီး ဟိုေဆာ့အနားတိုးကာ

"အဲ့လိုေတြေျပာေနမွ သူမ်ားေတြၾကားကုန္လိမ့္မယ္"

ေဂ်ာင္ကု၏မခ်ိဳမခ်ဥ္အျပဳံးေၾကာင့္ ဟိုေဆာ့ ပါးျပင္းႏွစ္ဖက္ေႏြးခနဲပူသြားကာ ကားမွန္ဘက္သို႔မ်က္ႏွာျပန္လႊဲလိုက္၏။ ဒီေကာင္ေလး ဒီေလာက္ထိလူလည္က်တတ္မွန္း ဟိုေဆာ့ အခုမွသိရေတာ့သည္။

"ကိုကို"

လည္ပင္းေၾကာတစ္ေလွ်ာက္ပူေႏြးေႏြးအေငြ႕အသက္ေၾကာင့္ ဟိုေဆာ့ ၾကက္သိမ္းေတြျဖန္းခနဲ။ ၾကားလိုက္ရသည့္နာမ္စားေၾကာင့္ သူ႕ဘယ္ဘက္ရင္အုံမွအေကာင္ငယ္သည္လဲ တဒိန္းဒိန္းႏွင့္ ျမန္ဆန္စြာခုန္ေပါက္လာ၏။

"ကြၽန္ေတာ္အိပ္ေတာ့မယ္"

နားနားကပ္ကာ ေလသံျဖင့္ေျပာလာသည့္ေဂ်ာင္ကုေၾကာင့္ ဟိုေဆာ့ကိုယ္ေလးမသိမသာတုန္ရီသြားေတာ့ ေဂ်ာင္ကုက ခိုးျပဳံးရင္း

"ခ်စ္တယ္ ကိုကို"

ေလေငြ႕ေႏြးေႏြးက ဟိုေဆာ့၏နား႐ြက္‌ဖ်ားေလးကို က်ီစယ္႐ိုက္ခတ္သြားခ်ိန္ ဟိုေဆာ့၏အသိအာ႐ုံေတြသည္ လြင့္ပ်ံလုနီးပါး။

အံႀကိတ္ထား၍ ဟိုေဆာ့၏လည္ပင္းထက္မွထင္းေနေသာ‌ေသြးေၾကာတစ္ေနရာသို႔ ေဂ်ာင္ကု ခပ္ဖြဖြအနမ္းေခြၽလိုက္ၿပီးေနာက္ ဟိုေဆာ့၏ပု‌ခုံးေပၚသို႔ေခါင္းမွီခ်ကာ မ်က္ခြံေတြကိုမွိတ္ခ်လိုက္၏။

ေက်ာက္႐ုပ္အလားၿငိမ္သက္ေနသည့္ဟိုေဆာ့သည္ေတာ့ ေလာကႀကီးႏွင့္အဆက္အသြယ္ျပတ္သြားသည္လားထင္ရေအာင္ တုပ္တုပ္မွ်မလႈပ္ေပ။ သို႔ေပမယ့္ သူ႕ခႏၶာကိုယ္ထဲမွေသြးေၾကာေတြသည္ေတာ့ ႐ုန္းရင္းဆန္ခတ္ျဖစ္ကာ ေျဗာင္းဆန္ေန၏။

ဒီေကာင္ေလး သူ႕ကို႐ူးေအာင္လုပ္ဖို႔ ဘယ္အခ်ိန္ကတည္းက အစီအစဥ္ခ်ထားလဲမသိပါ။

* * * * *

10.03.2022
.................

A/N - ရည္းစားလည္းမ႐ွိပါပဲ အခ်ိဳေတြေရးေနရတာလည္း ဝဋ္ေႂကြးတစ္မ်ိဳးပဲ:,-)

Continue Reading

You'll Also Like

6.1K 204 15
α€•α€„α€Ία€œα€šα€Ία€‘α€²α€€...α€œα€Ύα€­α€―α€„α€Ία€Έα€α€α€Ία€žα€Ά storyα€œα€±α€Έα€›α€±α€Έα€•α€±α€Έα€™α€šα€Ί.... တိတ်တခိုးထချစ်ဦးက α€€α€­α€―α€šα€Ία€·α€€α€­α€―α€•α€Όα€”α€Ία€α€»α€…α€Ία€”α€±α€α€šα€Ία€†α€­α€―α€α€¬α€žα€­α€œα€­α€―α€€α€Ία€›α€α€±α€¬α€· α€žα€°α€·α€α€­α€―α€·α€˜α€šα€Ία€œα€­α€―α€†α€€α€Ία€–α€Όα€…α€Ία€™α€œα€² α€‘α€€α€Όα€±α€¬α€„α€Ία€Έα€œα€±α€Έ........οΏ½...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
83.7K 3.3K 36
[2nd BOOK] of the 'Male Lead' series. Ariella Ignes found herself in a coma for all so long. Eight years had past in her sweet dream which was full...
3.6M 288K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...