(Unicode)
တက္ကသိုလ် စာမေးပွဲတွေ စတော့မယ့်အချိန်ဖြစ်တာကြောင့် ရှောင်းကျန့်မှာ အလုပ်များနေရပြီး ရိပေါ်လည်း ကုမ္ပဏီက အလုပ်ကိစ္စတွေနဲ့လုံးပန်းနေရသည်။ တစ်ပတ်နှစ်ပတ်လောက်ပဲ ခရီးထွက်မယ်ဆိုတဲ့ ယောက္ခမကြီးက နှစ်လကြာသည့်တိုင် အိမ်ပြန်မလာသေးတာကြောင့် သားသားကို ဟွားဟွားနဲ့ပဲ စိတ်ချလက်ချထားထား၏။
ဒီနေ့တော့ သားသားကို ကုမ္ပဏီတွင်း ပတ်ပြဖို့ စိတ်ကူးရှိတာကြောင့် မူကြိုဆီသွားကြိုပြီးနောက် ကုမ္ပဏီဆီကို ခေါ်ခဲ့လ်ိုက်သည်။ ကုမ္ပဏီအကြီးကြီးကိုလှည့်ပတ်ကြည့်ရင်း သားသားမှာ ခုန်လိုက်ဆွလိုက်နှင့် အတော်ပျော်နေသည်။
ဝန်ထမ်းတွေကလည်း ရှောင်ပေါင်းလေးကို ကိုယ်တိုင်ကိုယ်ကျတွေ့လိုက်ရတော့ ဘာဘာညာညာအချင်းချင်းတီးတိုးပြောနေကြ၏။ ဒါတောင် သူတို့က ရိပေါ်ရဲ့ အိမ်ထောင်ဖက်ကို အသေအချာမမြင်ဖူးကြသေးပေ။
ရိပေါ်ရဲ့ အိမ်ထောင်ဘက်ဟာ ခင်ပွန်းတစ်ယောက်ဖြစ်နေသည်ကို သေချာမသိပဲ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းကလေးဟုသာထင်နေကြပြီး ဘယ်သူများလဲဆိုတာ သူတို့ တွေ့ဖူးချင်နေကြတာဖြစ်၏ ။
မန်နေဂျင်း ဒါရိုက်တာ ( အမ်ဒီ) ဝမ်ဟာဆိုရင်ဖြင့် သူ့သားကိုတော့ ရုပ်လုံးထုတ်ပြလာပြီ ။ ဘယ်အချိန်မှာ သက်ဆိုင်သူကို ထုတ်ပြမလဲ သိချင်စိတ်တွေပြင်းပြနေကြ၏။ သေချာတာတော့ အမ်ဒီဝမ်က အတော်လေးလျှို့ဝှက်တတ်သည်။
" သားသားပျော်လား "
" အင်း ပါပါးက ပိုက်ဆံတွေအများကြီးရှိတာလား "
ရှောင်ပေါင်းလေးရဲ့ အမေးကို ရိပေါ်က သဘောတကျရယ်သည်။ ဆိုဖာပေါ်မှာထိုင်လို့ ခြေထောက်ကလေးကိုလှုပ်ရမ်းပြီး မုန့်စားနေတဲ့သားသားက တကယ်ချစ်မဝလေးပင်ဖြစ်၏။
" ဟုတ်တာပေါ့ ပါပါးက ပိုက်ဆံတွေအများကြီးရှိတယ်။ အကုန်လုံးက သားသားအတွက်ချည်းပဲ "
" ပါပါးက တော်လိုက်တာ "
လက်မလေးနှစ်ဖက်ထောင်ပြလာတဲ့သားသားကို ရိပေါ်က အသည်းတယားနဲ့ ထွေးဖက်လို့နမ်းမိသည်။ ကိုယ်လုံးလေးက ခပ်နွေးနွေးဖြစ်နေသည်မို့ စိတ်ပူသွားရ၏။
" သားသားနေကောင်းရဲ့လား "
" ကောင်းတယ် .. ဟီး "
စိတ်မချတာနဲ့ သားသား နှဖူးပေါ်လက်ဖဝါးတင်ပြီးစမ်းကြည့်တော့ အနည်းငယ် ပူနေ၏။ သားသားက ဆေးရုံဆေးခန်းဆို အရမ်းကြောက်တတ်တာကြောင့် ဆေးခန်းသွားဖို့ရာလည်း မဖြစ်နိုင်ပေ။
ဖျားသည်လည်း မဟုတ်သေးတာကြောင့် အိမ်မှာဆောင်ထားတဲ့ ဆေးတွေပဲတိုက်ဖို့ စဥ်းစားထားလိုက်၏။ ကလေးဆိုတော့လည်း နေကောင်းလားနေမကောင်းလားဆိုတာ နားလည်မှာမဟုတ်ပေ။
အိမ်ရောက်လာတော့ ရှောင်းကျန့်က ကျောင်းကနေပြန်လာနှင့်ပြီး စာကြည့်ခန်းထဲမှာပဲဖြစ်၏ ။ သားသားကို အခန်းထဲပို့လို့ အဝတ်အစားချွတ်ပေးပြီး ရေချိုးပေးမယ်လုပ်တော့ မနက်က ဟွားဟွားက ရေချိုးပေးပြီးပြီပြောသည်။
မနက်အစောကြီး ရေချိုးလိုက်လို့များ ကိုယ်ပူနေရသလားလို့ စိတ်ထဲအနည်းငယ်ထင့်သွားသည်။ ဒါပေမယ့် မျက်နှာလေးက ရွှင်နေတာနဲ့ သိပ်ကြီးတော့ စိတ်မပူဖြစ်လိုက်။
ညစာစားဖို့ အောက်ထပ်ကိုဆင်းလာတော့ ထမင်းစားပွဲမှာ ရှောင်းကျန့်က အဆင်သင့်စောင့်နေပြီ။ ရိပေါ်ကြိုက်တတ်တာလေးတွေကို ချန်ယွီကိုမေးလို့ ဝယ်လာရတာဖြစ်သည်။ ရိပေါ်အကြောင်းတွေကို ချန်ယွီ့ဆီတစ်စွန်းတစ လှမ်းမေးရင်းနဲ့မှ ချန်ယွီနဲ့ ရှောင်းကျန့်က ရင်းနှီးလာပြီလို့တောင်ပြောလို့ရသည်။
" ထမင်းစားနှင့်တာမဟုတ်ဘူး။ ကျောင်းသားတွေက စာမေးပွဲဖြေရတော့မှာမလား "
" အင်း .....ဒါနဲ့ ရိပေါ်ကြိုက်တတ်မယ်ထင်တာလေးတွေကိုယ်ဝယ်လာတယ် "
စားပွဲပေါ်မှာ ရိပေါ်ကြိုက်တဲ့အစားအစာတွေကို တွေ့လိုက်ရတော့ ရှောင်းကျန့်က သူဘာစားတတ်လဲဆိုတာ ဘယ်လိုသိတာလဲဟု သိချင်မိသွား၏။ အရင်ကဆို ရှောင်းကျန့်က ရိပေါ်ဘာကြိုက်တတ်လဲ ဘာမှမသိဘူးလေ။
" ကျေးဇူးပဲ "
" လင်မယားတွေကြား ကျေးဇူးတင်ဖို့လိုလို့လား "
လင်မယားလို့ ပြောခံရတိုင်း ရိပေါ်ရဲ့ နားရွက်တွေက နီတက်လာတတ်၏။ ထိုသို့ပြောတာတော့ သိပ်ဘဝင်မကျပေမယ့် ရှောင်းကျန့်က လိုလိုလားလားသုံးနေတာဆိုတော့ ရစ်ဖို့အစီအစဥ်မရှိပါ။
ရစ်ချင်ရင်တောင် ဘယ်လိုစိတ်နဲ့သွားရစ်ရမလဲ ။
ချွဲနွဲ့မှုဆိုတာလည်း ရိပေါ်တစ်သက်လုံးက ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတာတွေ။
သားသားကို ထမင်းခွံ့ရင်းနဲ့မှ ရိပေါ်လည်း ထမင်းစားနေလိုက်၏။ ဘာစိတ်ကူးပေါက်တယ်ရယ်မသိ ရှောင်းကျန့်မှာ တစ်ချက်တစ်ချက် သားသားကို ထမင်းဝင်ခွံ့ပြန်သည်။ ရှောင်းကျန့်ကလည်း သားသားကို စနောက်လို့ သားအဖနှစ်ယောက် ထမင်းစားရင်း တခစ်ခစ်ရယ်နေကြ၏။ ခုမှပဲ သူတို့မိသားစုက တကယ့် မိသားစုနဲ့တူတော့သည်။
အိပ်ခါနီး သားသားကို ပါရာစီတမောပါတဲ့ ဆေးတိုက်ရ၏။ အစားနည်းတဲ့သားသားကို ခုထိ နို့လည်း မဖြတ်ခိုင်းသေးပေ။
ညအိပ်ဝတ်စုံလဲပေးလ်ို့ နို့ဘူးဖျော်ပေးပြီးနောက် သားသားနှဖူးကို တစ်ချက်နမ်းလိုက်သည်။ နို့ဘူးစို့ရင်း မှိန်းနေသည့်သားသားကို ခဏအကဲခတ်ကြည့်ရင်းမှ အခန်းထဲက ထွက်လာခဲ့လိုက်၏။ ဒါက ရိပေါ်နေ့စဥ် မပျက်မကွက်လုပ်ရတဲ့ ကိစ္စထဲက တစ်ခုပင်ဖြစ်၏။
ညဆယ်နာရီထိုးတဲ့အထိ ရှောင်းကျန့်က စာကြည့်ခန်းထဲကနေထွက်မလာသေးပေ။ စာမေးပွဲ မေးခွန်းထုတ်နေရတာနဲ့ အလုပ်များနေတယ်ထင်သည်။ နွားန်ို့ပူပူလေးတစ်ခွက်ကို ယူလာပေးပြီး စားပွဲပေါ်ကို ချပေးလိုက်တော့ စာရွက်စာတမ်းတွေကိုကြည့်နေဆဲ ရှောင်းကျန့်က မျက်မှန်ကို လက်ညှိုးနဲ့ ပင့်တင်ရင်း မော့ကြည့်လာ၏။
စာဖတ်ရင် မျက်မှန်တပ်ထားလေ့ရှိတဲ့ ရှောင်းကျန့်က မျက်မှန်နဲ့ အတော်လိုက်ဖက်တဲ့လူသား။
ရိပေါ်လည်း မျက်မှန်တစ်ခုကိုအကြောင်းပြုလို့ ရှောင်းကျန့်ကို သဘောကျမိခဲ့တယ်ဆိုပါတော့။
ထိုနေ့တုန်းက ရိပေါ်က ကျူတိုရီယယ်စာအုပ်တွေ ရှောင်းကျန့်ဆီကိုသွားထပ်တော့ မျက်မှန်တပ်ပြီး စာဖတ်နေတဲ့ ရှောင်းကျန့်ကို မြင်တာနဲ့ တန်းပြီး သဘောကျသွားရတာဖြစ်၏။
ထိုနေ့က ပရော်ဖက်ဆာက ရိပေါ်မျက်လုံးထဲမှာ ခါတိုင်းနဲ့မတူ အရှိန်အဝါတွေထွန်းတောက်နေခဲ့သည်။
" လာပါဦး ကိုယ့်ဆီကို "
အတွေးများနေဆဲရိပေါ်က ရှောင်းကျန့်ကို ဘယ်လောက်တောင် စိုက်ကြည့်လိုက်မိလဲမသိတော့။ ရှောင်းကျန့်ခေါ်တာနဲ့ပဲ ခြေလှမ်းတွေက အလိုလို ရွေ့ပြီးသားဖြစ်နေပြီ။
အနားရောက်တာနဲ့ ပေါင်ပေါ်ကို ဆွဲချလိုက်တာကြောင့် ခန္ဓာကိုယ်လေးတောင် အနည်းငယ် ကျုံ့မိသွားသည်။
ရှောင်းကျန့်ရဲ့ ပေါင်ပေါ်ကို ထိုင်နေမိတာကြောင့် ခေါင်းတစ်လုံးစာပိုမြင့်နေတဲ့ အနေအထားမှာ ရှောင်းကျန့်က ရိပေါ်ရင်ဘတ်ပေါ် ခေါင်းမှီလာ၏။
" ခုတလော အရမ်းပင်ပန်းတယ်ကွာ ... "
အလိုအလျောက်ပါပဲ ရိပေါ်ရဲ့ လက်တွေက ရှောင်းကျန့်ရဲ့ ဆံပင်တွေကို ဖွဖွလေး သပ်လျက်သား။
" ဒီတစ်ခေါက် ကျောင်းပိတ်ရင်တော့ ကောင်းကောင်းအနားယူပေါ့ "
အရင်နှစ်တွေတုန်းကဆိုရင်တော့ ရှောင်းကျန့်ဟာ ကျောင်းပိတ်လည်း အိမ်မှာမနေပဲ သင်တန်းကျောင်းတွေကို ပတ်လို့ အချိန်ပိုင်းဆရာထပ်လုပ်နေတာဖြစ်၏ ။ ရိပေါ်နဲ့ တစ်အိမ်တည်း ကြာကြာနေလိုစိတ်မရှိတာကြောင့်အလုပ်တွေပဲ ဖိလုပ်နေခဲ့ဖြစ်သည်။
ဒါကြောင့်ပဲ တော်တော်လေးစုမိဆောင်းမိလာရသည်။ပိုက်ဆံကို သဲကြီးမဲကြီးရှာလို့ ရသမျှတစ်ဝက်တိတိကိုတော့ ရိပေါ်လက်ထဲကို မပျက်မကွက်အပ်ခဲ့၏။ သူများ သူဌေး သားသမီးက ကိုယ့်လက်ထဲရောက်မှ မသုံးရမစွဲရနဲ့ မွဲနေတယ်လို့ အပြောမခံနိုင်တာတွေကြောင့်ပဲဖြစ်သည်။
ခုတော့ဖြင့် အမျိုးသားလေးက ကုမ္ပဏီတစ်ခုလုံးတောင် ဦးစီးနေပြီဆိုတော့ ရှောင်းကျန့်လည်း အရင်ကလို ကုန်းရုန်းရှာစရာမလိုတော့။
သားသားရဲ့အနာဂတ်လည်း စိတ်အေးရပြီဖြစ်သလို ဒီကရှေ့လျှောက် ရိပေါ်ကို အချိန်ပေးဖို့ စီစဥ်ထားသည်။
" ကိုယ့်ကို နမ်း "
ရှောင်းကျန့်က ရင်ခွင်ထဲမှီနေရင်းကနေ ခေါင်းမော့ပေးလာသည်။
" ဗျာ... ဘာဆိုင်လဲ "
" ရိပေါ်နမ်းတာနဲ့ ကိုယ်က အားပြည့်လာမှာလေ။ အားဆေးသောက်စရာမလိုတော့ဘူးပေါ့ "
" ပါမောက္ခက လူညစ်ကြီးပဲ "
" ဒါမှမဟုတ် အားသွင်းရမလား "
ထိုစကားပြောပြီး ရိပေါ်ရဲ့ တင်ပါးကိုလက်နဲ့ညှစ်ပစ်လိုက်တာကြောင့် လူတောင် ဆတ်ခနဲဖြစ်သွားရ၏။ ရှောင်းကျန့်က တကယ့် လူညစ်ကြီးပါဆို။
" နမ်းမယ် နမ်းမယ်.... အူး မွ "
ရှောင်းကျန့်ရဲ့ ပါးနှစ်ဖက်ကို ကိုင်လို့. ကလေးလေးတွေလို အသံထွက်အောင် နမ်းနေသည်ကြောင့် ရှောင်းကျန့်မှာ မျက်လုံးတွေ မှိတ်ကျအောင်ထိ ရယ်မိတော့သည်။
ရုတ်တရက် နှုတ်ခမ်းအောက်က မှဲ့လေးကို ဆွဲစုပ်လိုက်တာကြောင့် အရယ်ရပ်သွားရ၏။
ထို့နောက်မှ ဖြည်းဖြည်းချင်း နှုတ်ခမ်းသားတွေကို ငုံထွေးလာသည်။ မနမ်းတတ်လောက်ဘူးလို့ထင်ထားပေမယ့် အထင်နဲ့ ဆန့်ကျင်စွာ ရိပေါ်က ကျွမ်းကျင်နေပြန်၏။
အခန်းတွင်းမှာ နှုတ်ခမ်းချင်းထိစပ်ပြီး ညည်းညူနေသံတို့က ပျံ့လွင့်နေ၏ ။ အနမ်းတွေကို မရပ်တန့်စေပဲ ရိပေါ်ရဲ့ တင်ပါးကို ထိန်းလို့ မတ်တပ်ရပ်ပစ်လိုက်ရာ အလန့်တကြားနဲ့ ခြေထောက်နှစ်ဖက်က ရှောင်းကျန့်ခါးကို ပတ်ခွေလာ၏။
" အားသွင်းလို့ရသေးလား "
" ဟင့်အင်း ! မရဘူး နောက်နေ့မှ "
အတင်းကာရော ခေါင်းခါလာတဲ့ ရိပေါ်က ရှောင်းကျန့်တစ်ခုခုလုပ်မှာကြောက်နေဟန်။
" ဟာကွာ ။ ဝမ်ရိပေါ်တော့ ကိုယ့်ဆရာကို နှိပ်စက်ပြီ "
အိပ်ခန်းထဲရောက်တာနဲ့ ရှောင်းကျန့်လည်း ရေချိုးခန်းကို အမြန်ဝင်လို့ ကိုယ့်အကောင်ကို ဖြေလျှော့လိုက်ရ၏။ ရိပေါ်က ငြင်းနေမှတော့ အတင်းအကျပ်ကြီး ရယူဖို့ရာတော့ စိတ်ကူးမရှိပါ။
ရေချ်ိုးခန်းထဲက ရှောင်းကျန့်ညည်းသံတွေကြောင့် ရိပေါ်မှာ ရှက်ရှက်နဲ့ပဲ တစ်စောင်းအိပ်လိုက်တော့၏။ ဟိုတစ်နေ့ကမှ ပေးထားတာ တစ်ပတ်တောင်မပြည့်သေးပဲ ရှောင်းကျန့်က ထပ်ပြီး တောင်းဆိုနေပြန်ပြီ။
ခုတလော သူတို့ တစ်ပတ်တစ်ခါလောက် အကာအကွယ်သုံးပြီး အတူနေဖြစ်ကြ၏ ။
ကျိုးချန်သိရင်တော့ ခပ်ရွဲ့ရွဲ့ပြောဦးမည်။ ပရော်ဖက်ဆာကြီးက ငါ့စကားကို တော်တော်နားထောင်တာပဲဆိုပြီး။
တကယ်လည်းဟုတ်နေသည် ။ ကျိုးချန်ဆီက အကြံရပြီးသည့်နောက်ပိုင်း ရှောင်းကျန့်လည်း ရိပေါ်ရဲ့ အရိပ်အခြည်ကို ကြည့်လို့ တစ်ပတ်တစ်ခါနှုန်းသွားနေတာဖြစ်၏။
......
သန်းခေါင်ထိတိုင်အောင် ရိပေါ်က အိပ်မပျော်သေးပေ။ ရှောင်းကျန့်က ရိပေါ်ရဲ့ ခါးကိုဖက်လို့ အိပ်ပျော်နေပြီဖြစ်၏။ ခါးပေါ်တင်ထားတဲ့လက်တွေကို အသာလေးဖယ်လို့ ကုတင်ပေါ်ကနေဆင်းပြီး အခန်းထဲကနေ သားသားအခန်းထဲကို ဖွဖွလေးထွက်လာခဲ့၏။
ညဆိုရင် စောင်ကိုကန်ပစ်တတ်တဲ့သားသားကို တစ်ရေးနိုးတိုင်း ထကြည့်ဖြစ်သည်မှာလည်း အကျင့်တစ်ခုပင်ဖြစ်၏။
သားသားအခန်းထဲကို ဝင်လာလိုက်တော့ တအင်းအင်းညည်းသံကိုကြားလိုက်ရသည်။
သားသားက ခုထိ အိပ်ရသေးတဲ့ပုံမပေါ်။
" ပါပါးရေ သားကိုယ်ပူနေတယ် ဟင့် ! "
ရိပေါ်ကိုတွေ့လိုက်တာနဲ့ သားသားက ငိုမဲ့မဲ့လေးဖြစ်လာလေသည်။သားသားရဲ့ ကိုယ်လုံးလေးကို ဆွဲပွေ့လိုက်တော့ ပူကျစ်လို့။
သားသား တကယ်ကြီးဖျားနေပြီ။
" နေဦး ပါပါးဆေးတိုက်မယ်နော် "
ရိပေါ်မှာ ပျာယာတွေခတ်နေရပြီ။ ဆေးတွေထည့်ထားသည့် ဘီရိုသေးသေးလေးထဲက ကိုယ်ပူကျဆေးကို ရှာနေမိ၏။ဆေးဘူးကိုတွေ့လိုက်ပေမယ့် အခွံပဲကျန်တော့သည့် ဆေးပုလင်းကိုကြည့်ရင်း စိတ်ညစ်သွားရသည်။
ခုလော အားဆေးတွေရောကုန်နေတာကို သတိမထားမိပဲပေါ့ပေါ့လျော့လျော့နေခဲ့မိသည့် ကိုယ့်ကိုယ်ကို စောက်သုံးမကျလိုက်တာဟုပဲ အပြစ်တင်မိတော့သည်။
ရှောင်းကျန့်က ရိပေါ်ကို အလုပ်မလုပ်ခိုင်းရတဲ့ အကြောင်းအရင်းတွေထဲမှာ ဒါတွေပါလိမ့်မည်။ အလုပ်လုပ်မိလို့ ဂရုစိုက်တာလေး နည်းနည်းလစ်ဟင်းသွားတာနဲ့ သားသားက ဖျားပြီမလား။
ရှောင်းကျန့်ကို နှိုးပြီး ဆေးရုံကိုပြေးရအောင်ကလည်း သားသားက ဆေးရုံဆေးခန်းတွေဆို မုန်းတဲ့ကလေးဖြစ်နေပြန်သည်။
" အဟွတ် အဟွတ် "
သားသားချောင်းဆိုးရာ ချွဲသံတွေပါ ပါလာတာကြောင့် ချောင်းဆိုးပျောက်ဆေးအရင်တိုက်လ်ိုက်ရ၏။
" ပါပါး သားခေါင်းမူးလို့ "
အရင်ဆုံး ကိုယ်ပူကျဖို့လိုသေးတာကြောင့် ရေဇလုံနဲ့ တဘက်သွားယူဖို့လုပ်တုန်းမှာပဲ သားသားက ခေါင်းမူးတယ်ဆိုလို့ ပျာယာခတ်ရပြန်သည်။
ကလေးတွေအတွက် အကိုက်အခဲပျောက်ဆေးက ဝယ်မထားဖြစ်ပေ။
သားသားအခန်းထဲက ဆေးဘီရိုထဲမှာ ကလေးဆေးတွေပဲထားထားတာကြောင့် ရိပေါ်တို့လူကြီးတွေသောက်နေကျ ခေါင်းက်ိုက်ပျောက်ဆေးက မရှိ။ အခန်းထဲကို ဝင်ပြီး ဆေးသေတ္တာထဲက ဆေးကဒ်ကို ရှာရသည်။ တချွတ်ချွတ်မြည်သံကြားတာနဲ့ ရှောင်းကျန့်ကပါနိုးလာ၏။
" မအိပ်သေးဘူးလား ရိပေါ် "
ရှောင်းကျန့်က အိပ်စုံမှုန်မွှားနဲ့ မျက်လုံးကို ပွတ်လို့ထလာသည်။
" သားသားဖျားနေလို့ ...."
ရိပေါ်က စိတ်မရှည်သည့်တော့တိုင် ဆေးသေတ္တာကို မှောက်ချပစ်လိုက်လို့ ဆေးကဒ်ကိုယူပြီး ပြေးထွက်သွားသည်။
ဆေးလုံးကို တစ်ဝက်ချိုးလို့ သားသားကိုတိုက်လိုက်တော့ ချက်ချင်းပြန်ထွေးထုတ်သည်။
သားသားက ဆေးအလုံးလိုက် မမျိုနိုင်တာကို မေ့သွားတာဖြစ်၏။ ဆေးကြိတ်ဖို့ စာရွက်ကို အမြန်လိုက်ရှာရပြန်သည်။ ရှောင်းကျန့်က နောက်က ရောက်လာတာနှင့်အကိုက်ဖြစ်သွား၏။
" စာရွက် တစ်ရွက်လောက်ရှာပေး။ ပြီးတော့ ထုစရာတစ်ခုရော အမြန် အမြန် !!! "
" ဟမ် ... အင်း အင်း "
ဘာမဆိုင်ပါပဲ ရှောင်းကျန့်က အအော်ခံလိုက်ရပြီး စာကြည့်ခန်းထဲကိုပြေးသွားလို့ စာရွက်တစ်ရွက်ယူခဲ့ရသည်။
စတိုခန်းထဲက တူးဘောက်စ်ထဲက တူတစ်ချောင်းကိုလည်း ရှာခဲ့ရသေး၏။
တူရယ်စာရွက်ရယ်ပေးလိုက်မှ ရိပေါ်က စာရွက်ထဲကို ဆေးလုံးလေးထည့်လို့ တူနဲ့ထုချေသည်။ အမှုန့်ဖြစ်သွားတော့မှ သားသားကို တိုက်လေ၏။ ရှောင်းကျန့်မှာတော့ ဟ်ိုပြေးရဒီပြေးရနှင့် နှဖူးစပ်မှာ ချွေးသီးနေလေပြီ။
သားသားကတော့ တအင်းအင်းနှင့်ညည်းတုန်း။ ဟိုလှည့်မရ ဒီလှည့်မရနဲ့ ခေါင်းမူးတယ်လို့သာ တွင်တွင်အော်နေတဲ့သားသားကို ရိပေါ်ကပဲ ရင်ခွင်ထဲပွေ့ထားရတော့၏။
" ကိုယ်တို့ ဆေးရုံသွားလိုက်ကြမလား "
" မသွားဘူး။ သားသားက ဆေးရုံဆေးခန်းသွားရတာ ကြောက်တယ် မုန်းတယ်ဆိုတာ ခင်ဗျားမသိဘူးလား "
သားသားက ဆေးရုံဆေးခန်းသွားရတာမကြိုက်ဘူးဆိုတာကို ရှောင်းကျန့်က ခုမှသိသည်။ ဒါပေမယ့် ဒီလိုပျာယာခတ်နေရတာထက်စာရင် ဆေးရုံကိုပြေးလိုက်တာအကောင်းဆုံးမဟုတ်ဘူးလား။
ကလေးက ဆေးရုံကြောက်တိုင်း ဆေးရုံကိုမသွားပဲ ကြိတ်ကုနေရအောင် တကယ်လို့သာ ရောဂါကြီးကြီးမားမားဆို အသေခံခိုင်းမလို့လား။ ရိပေါ်က သားသားကို အလိုလိုက်လွန်းသည်။
" ဆေးရုံမသွားလို့ အခြေအနေပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲ "
"ခုလောလောဆယ် ကိုယ်ပူကျအောင် နှဖူးပေါ် ရေပတ်ဝတ်တင်ပေးရမယ်ထင်တယ်။ သွားယူပေးဦး "
သားသားကို ရင်ခွင်ထဲတွင်ပွေ့လို့ ရိပေါ်က ကယောင်ကတမ်းတွေပြောနေပြန်ပြီ။ သားသားကတော့ တအင့်အင့်ပဲ ညည်းနေ၏။
" ကျစ် ! သားသားက မူးတယ်လို့ပြောနေတာနော်။ ခေါင်းမမာစမ်းနဲ့ ခုချက်ချင်းဆေးရုံသွားမယ် ။ လာ .... ထ "
" မသွားဘူး။ သားသားက ဆေးရုံကြောက်တတ်တယ်လို့ "
ဝမ်ရိပေါ်က ဒီလောက်တောင် ခေါင်းမာတတ်သည်လား။ ရှောင်းကျန့်လည်း ကြံရာမရစွာပဲ မျက်နှာကို လက်နဲ့သပ်ချမိ၏။ အရင်တုန်းက သားသား ဖျားတဲ့အချိန် ဘယ်လိုတွေဆေးကု လို့ ဘယ်လိုတွေလုပ်ခဲ့ကြလည်းမသိပါ။ ကိုယ်တိုင်ကလည်း ဆရာဝန်မဟုတ်တဲ့အတွက် ဆေးရုံပို့ပို့ရာပဲ အကြံကောင်းဟု ထင်နေမိသည်။
သားသားကို စမ်းကြည့်လိုက်တော့ မီးပူလိုပဲ ပူခြစ်နေ၏။ ဒီလောက်ကိုယ်ပူနေတာ နှဖူးပေါ် ရေပတ်ဝတ်တင်ပေးရုံနဲ့ ကိုယ်ပူကျသွားမယ်ထင်တဲ့ ရိပေါ်ကို အချိူးမပြေလိုက်တာလို့ပဲ ဆူပစ်ချင်၏။
" ကိုယ် ကားသွားထုတ်လိုက်မယ်။ ဆေးရုံတင်မှ ဖြစ်မယ့်ကိစ္စဆို ဆေးရုံမတင်ပဲ အသေခံမလို့လား .... ဝမ်ရိပေါ်ရဲ့ .. အသိစိတ်လေးဘာလေးကပ်စမ်းပါ "
ရှောင်းကျန့်က ကားသွားထုတ်ပြီးနောက် ရိပေါ်လက်ထဲက သားသားကို လွှဲယူလို့ ကားပေါ်တင်ရ၏။ ထို့နောက်မှ ရိပေါ်လည်း ပိုက်ဆံအိတ်ကို ကောက်ယူလို့ လိုက်လာသည်။ ဟွားဟွားကိုနှိုးပြီး အိမ်ကို သေချာဂရုစိုက်ရန်မှာထားခဲ့၏။
နှစ်ယောက်လုံးလည်း ညအိပ်ဝတ်စုံမလဲရသေးသလို ဖိနပ်စီးဖို့လည်း အချိန်မရတာကြောင့် အိမ်စီးစလစ်ပါလေးတွေနဲ့ အပြေးလာခဲ့ရ၏။
သားသားကို ဒေါက်တာ့ဆီအပ်လို့ ဆေးရုံတက်ဖို့ စာရင်းသွားသွင်းရသည်။ ရိပေါ်ကတော့ သားသားဘေးမှာပဲ ကျန်ခဲ့၏။
ဝမ်ရိပေါ်က ဒီလိုအချိန်ကျတော့လည်း မထုံတက်တေးနဲ့ တကယ်ပြောရခက်ပြန်သည်။ တကယ်လို့သာ ဆေးရုံကို အချိန်မှီမရောက်လာရင် သားသားက အဖျားကြီးသွားနိုင်သည်။
TBC......
(Zawgyi)
တကၠသိုလ္ စာေမးပြဲေတြ စေတာ့မယ့္အခ်ိန္ျဖစ္တာေၾကာင့္ ေရွာင္းက်န္႔မွာ အလုပ္မ်ားေနရၿပီး ရိေပၚလည္း ကုမၸဏီက အလုပ္ကိစၥေတြနဲ႔လုံးပန္းေနရသည္။ တစ္ပတ္ႏွစ္ပတ္ေလာက္ပဲ ခရီးထြက္မယ္ဆိုတဲ့ ေယာကၡမႀကီးက ႏွစ္လၾကာသည့္တိုင္ အိမ္ျပန္မလာေသးတာေၾကာင့္ သားသားကို ဟြားဟြားနဲ႔ပဲ စိတ္ခ်လက္ခ်ထားထား၏။
ဒီေန႔ေတာ့ သားသားကို ကုမၸဏီတြင္း ပတ္ျပဖို႔ စိတ္ကူးရွိတာေၾကာင့္ မူႀကိဳဆီသြားႀကိဳၿပီးေနာက္ ကုမၸဏီဆီကို ေခၚခဲ့လ္ိုက္သည္။ ကုမၸဏီအႀကီးႀကီးကိုလွည့္ပတ္ၾကည့္ရင္း သားသားမွာ ခုန္လိုက္ဆြလိုက္ႏွင့္ အေတာ္ေပ်ာ္ေနသည္။
ဝန္ထမ္းေတြကလည္း ေရွာင္ေပါင္းေလးကို ကိုယ္တိုင္ကိုယ္က်ေတြ႕လိုက္ရေတာ့ ဘာဘာညာညာအခ်င္းခ်င္းတီးတိုးေျပာေနၾက၏။ ဒါေတာင္ သူတို႔က ရိေပၚရဲ႕ အိမ္ေထာင္ဖက္ကို အေသအခ်ာမျမင္ဖူးၾကေသးေပ။
ရိေပၚရဲ႕ အိမ္ေထာင္ဘက္ဟာ ခင္ပြန္းတစ္ေယာက္ျဖစ္ေနသည္ကို ေသခ်ာမသိပဲ ကမာၻေပၚမွာ ကံအေကာင္းဆုံး မိန္းကေလးဟုသာထင္ေနၾကၿပီး ဘယ္သူမ်ားလဲဆိုတာ သူတို႔ ေတြ႕ဖူးခ်င္ေနၾကတာျဖစ္၏ ။
မန္ေနဂ်င္း ဒါ႐ိုက္တာ ( အမ္ဒီ) ဝမ္ဟာဆိုရင္ျဖင့္ သူ႔သားကိုေတာ့ ႐ုပ္လုံးထုတ္ျပလာၿပီ ။ ဘယ္အခ်ိန္မွာ သက္ဆိုင္သူကို ထုတ္ျပမလဲ သိခ်င္စိတ္ေတြျပင္းျပေနၾက၏။ ေသခ်ာတာေတာ့ အမ္ဒီဝမ္က အေတာ္ေလးလွ်ိဳ႕ဝွက္တတ္သည္။
" သားသားေပ်ာ္လား "
" အင္း ပါပါးက ပိုက္ဆံေတြအမ်ားႀကီးရွိတာလား "
ေရွာင္ေပါင္းေလးရဲ႕ အေမးကို ရိေပၚက သေဘာတက်ရယ္သည္။ ဆိုဖာေပၚမွာထိုင္လို႔ ေျခေထာက္ကေလးကိုလႈပ္ရမ္းၿပီး မုန္႔စားေနတဲ့သားသားက တကယ္ခ်စ္မဝေလးပင္ျဖစ္၏။
" ဟုတ္တာေပါ့ ပါပါးက ပိုက္ဆံေတြအမ်ားႀကီးရွိတယ္။ အကုန္လုံးက သားသားအတြက္ခ်ည္းပဲ "
" ပါပါးက ေတာ္လိုက္တာ "
လက္မေလးႏွစ္ဖက္ေထာင္ျပလာတဲ့သားသားကို ရိေပၚက အသည္းတယားနဲ႔ ေထြးဖက္လို႔နမ္းမိသည္။ ကိုယ္လုံးေလးက ခပ္ေႏြးေႏြးျဖစ္ေနသည္မို႔ စိတ္ပူသြားရ၏။
" သားသားေနေကာင္းရဲ႕လား "
" ေကာင္းတယ္ .. ဟီး "
စိတ္မခ်တာနဲ႔ သားသား ႏွဖူးေပၚလက္ဖဝါးတင္ၿပီးစမ္းၾကည့္ေတာ့ အနည္းငယ္ ပူေန၏။ သားသားက ေဆး႐ုံေဆးခန္းဆို အရမ္းေၾကာက္တတ္တာေၾကာင့္ ေဆးခန္းသြားဖို႔ရာလည္း မျဖစ္ႏိုင္ေပ။
ဖ်ားသည္လည္း မဟုတ္ေသးတာေၾကာင့္ အိမ္မွာေဆာင္ထားတဲ့ ေဆးေတြပဲတိုက္ဖို႔ စဥ္းစားထားလိုက္၏။ ကေလးဆိုေတာ့လည္း ေနေကာင္းလားေနမေကာင္းလားဆိုတာ နားလည္မွာမဟုတ္ေပ။
အိမ္ေရာက္လာေတာ့ ေရွာင္းက်န္႔က ေက်ာင္းကေနျပန္လာႏွင့္ၿပီး စာၾကည့္ခန္းထဲမွာပဲျဖစ္၏ ။ သားသားကို အခန္းထဲပို႔လို႔ အဝတ္အစားခြၽတ္ေပးၿပီး ေရခ်ိဳးေပးမယ္လုပ္ေတာ့ မနက္က ဟြားဟြားက ေရခ်ိဳးေပးၿပီးၿပီေျပာသည္။
မနက္အေစာႀကီး ေရခ်ိဳးလိုက္လို႔မ်ား ကိုယ္ပူေနရသလားလို႔ စိတ္ထဲအနည္းငယ္ထင့္သြားသည္။ ဒါေပမယ့္ မ်က္ႏွာေလးက ႐ႊင္ေနတာနဲ႔ သိပ္ႀကီးေတာ့ စိတ္မပူျဖစ္လိုက္။
ညစာစားဖို႔ ေအာက္ထပ္ကိုဆင္းလာေတာ့ ထမင္းစားပြဲမွာ ေရွာင္းက်န္႔က အဆင္သင့္ေစာင့္ေနၿပီ။ ရိေပၚႀကိဳက္တတ္တာေလးေတြကို ခ်န္ယြီကိုေမးလို႔ ဝယ္လာရတာျဖစ္သည္။ ရိေပၚအေၾကာင္းေတြကို ခ်န္ယြီ႕ဆီတစ္စြန္းတစ လွမ္းေမးရင္းနဲ႔မွ ခ်န္ယြီနဲ႔ ေရွာင္းက်န္႔က ရင္းႏွီးလာၿပီလို႔ေတာင္ေျပာလို႔ရသည္။
" ထမင္းစားႏွင့္တာမဟုတ္ဘူး။ ေက်ာင္းသားေတြက စာေမးပြဲေျဖရေတာ့မွာမလား "
" အင္း .....ဒါနဲ႔ ရိေပၚႀကိဳက္တတ္မယ္ထင္တာေလးေတြကိုယ္ဝယ္လာတယ္ "
စားပြဲေပၚမွာ ရိေပၚႀကိဳက္တဲ့အစားအစာေတြကို ေတြ႕လိုက္ရေတာ့ ေရွာင္းက်န္႔က သူဘာစားတတ္လဲဆိုတာ ဘယ္လိုသိတာလဲဟု သိခ်င္မိသြား၏။ အရင္ကဆို ေရွာင္းက်န္႔က ရိေပၚဘာႀကိဳက္တတ္လဲ ဘာမွမသိဘူးေလ။
" ေက်းဇူးပဲ "
" လင္မယားေတြၾကား ေက်းဇူးတင္ဖို႔လိုလို႔လား "
လင္မယားလို႔ ေျပာခံရတိုင္း ရိေပၚရဲ႕ နား႐ြက္ေတြက နီတက္လာတတ္၏။ ထိုသို႔ေျပာတာေတာ့ သိပ္ဘဝင္မက်ေပမယ့္ ေရွာင္းက်န္႔က လိုလိုလားလားသုံးေနတာဆိုေတာ့ ရစ္ဖို႔အစီအစဥ္မရွိပါ။
ရစ္ခ်င္ရင္ေတာင္ ဘယ္လိုစိတ္နဲ႔သြားရစ္ရမလဲ ။
ခြၽဲႏြဲ႕မႈဆိုတာလည္း ရိေပၚတစ္သက္လုံးက ဘယ္တုန္းကမွ မလုပ္ခဲ့ဖူးတာေတြ။
သားသားကို ထမင္းခြံ႕ရင္းနဲ႔မွ ရိေပၚလည္း ထမင္းစားေနလိုက္၏။ ဘာစိတ္ကူးေပါက္တယ္ရယ္မသိ ေရွာင္းက်န္႔မွာ တစ္ခ်က္တစ္ခ်က္ သားသားကို ထမင္းဝင္ခြံ႕ျပန္သည္။ ေရွာင္းက်န္႔ကလည္း သားသားကို စေနာက္လို႔ သားအဖႏွစ္ေယာက္ ထမင္းစားရင္း တခစ္ခစ္ရယ္ေနၾက၏။ ခုမွပဲ သူတို႔မိသားစုက တကယ့္ မိသားစုနဲ႔တူေတာ့သည္။
အိပ္ခါနီး သားသားကို ပါရာစီတေမာပါတဲ့ ေဆးတိုက္ရ၏။ အစားနည္းတဲ့သားသားကို ခုထိ ႏို႔လည္း မျဖတ္ခိုင္းေသးေပ။
ညအိပ္ဝတ္စုံလဲေပးလ္ို႔ ႏို႔ဘူးေဖ်ာ္ေပးၿပီးေနာက္ သားသားႏွဖူးကို တစ္ခ်က္နမ္းလိုက္သည္။ ႏို႔ဘူးစို႔ရင္း မွိန္းေနသည့္သားသားကို ခဏအကဲခတ္ၾကည့္ရင္းမွ အခန္းထဲက ထြက္လာခဲ့လိုက္၏။ ဒါက ရိေပၚေန႔စဥ္ မပ်က္မကြက္လုပ္ရတဲ့ ကိစၥထဲက တစ္ခုပင္ျဖစ္၏။
ညဆယ္နာရီထိုးတဲ့အထိ ေရွာင္းက်န္႔က စာၾကည့္ခန္းထဲကေနထြက္မလာေသးေပ။ စာေမးပြဲ ေမးခြန္းထုတ္ေနရတာနဲ႔ အလုပ္မ်ားေနတယ္ထင္သည္။ ႏြားန္ို႔ပူပူေလးတစ္ခြက္ကို ယူလာေပးၿပီး စားပြဲေပၚကို ခ်ေပးလိုက္ေတာ့ စာ႐ြက္စာတမ္းေတြကိုၾကည့္ေနဆဲ ေရွာင္းက်န္႔က မ်က္မွန္ကို လက္ညႇိဳးနဲ႔ ပင့္တင္ရင္း ေမာ့ၾကည့္လာ၏။
စာဖတ္ရင္ မ်က္မွန္တပ္ထားေလ့ရွိတဲ့ ေရွာင္းက်န္႔က မ်က္မွန္နဲ႔ အေတာ္လိုက္ဖက္တဲ့လူသား။
ရိေပၚလည္း မ်က္မွန္တစ္ခုကိုအေၾကာင္းျပဳလို႔ ေရွာင္းက်န္႔ကို သေဘာက်မိခဲ့တယ္ဆိုပါေတာ့။
ထိုေန႔တုန္းက ရိေပၚက က်ဴတိုရီယယ္စာအုပ္ေတြ ေရွာင္းက်န္႔ဆီကိုသြားထပ္ေတာ့ မ်က္မွန္တပ္ၿပီး စာဖတ္ေနတဲ့ ေရွာင္းက်န္႔ကို ျမင္တာနဲ႔ တန္းၿပီး သေဘာက်သြားရတာျဖစ္၏။
ထိုေန႔က ပေရာ္ဖက္ဆာက ရိေပၚမ်က္လုံးထဲမွာ ခါတိုင္းနဲ႔မတူ အရွိန္အဝါေတြထြန္းေတာက္ေနခဲ့သည္။
" လာပါဦး ကိုယ့္ဆီကို "
အေတြးမ်ားေနဆဲရိေပၚက ေရွာင္းက်န္႔ကို ဘယ္ေလာက္ေတာင္ စိုက္ၾကည့္လိုက္မိလဲမသိေတာ့။ ေရွာင္းက်န္႔ေခၚတာနဲ႔ပဲ ေျခလွမ္းေတြက အလိုလို ေ႐ြ႕ၿပီးသားျဖစ္ေနၿပီ။
အနားေရာက္တာနဲ႔ ေပါင္ေပၚကို ဆြဲခ်လိုက္တာေၾကာင့္ ခႏၶာကိုယ္ေလးေတာင္ အနည္းငယ္ က်ဳံ႕မိသြားသည္။
ေရွာင္းက်န္႔ရဲ႕ ေပါင္ေပၚကို ထိုင္ေနမိတာေၾကာင့္ ေခါင္းတစ္လုံးစာပိုျမင့္ေနတဲ့ အေနအထားမွာ ေရွာင္းက်န္႔က ရိေပၚရင္ဘတ္ေပၚ ေခါင္းမွီလာ၏။
" ခုတေလာ အရမ္းပင္ပန္းတယ္ကြာ ... "
အလိုအေလ်ာက္ပါပဲ ရိေပၚရဲ႕ လက္ေတြက ေရွာင္းက်န္႔ရဲ႕ ဆံပင္ေတြကို ဖြဖြေလး သပ္လ်က္သား။
" ဒီတစ္ေခါက္ ေက်ာင္းပိတ္ရင္ေတာ့ ေကာင္းေကာင္းအနားယူေပါ့ "
အရင္ႏွစ္ေတြတုန္းကဆိုရင္ေတာ့ ေရွာင္းက်န္႔ဟာ ေက်ာင္းပိတ္လည္း အိမ္မွာမေနပဲ သင္တန္းေက်ာင္းေတြကို ပတ္လို႔ အခ်ိန္ပိုင္းဆရာထပ္လုပ္ေနတာျဖစ္၏ ။ ရိေပၚနဲ႔ တစ္အိမ္တည္း ၾကာၾကာေနလိုစိတ္မရွိတာေၾကာင့္အလုပ္ေတြပဲ ဖိလုပ္ေနခဲ့ျဖစ္သည္။
ဒါေၾကာင့္ပဲ ေတာ္ေတာ္ေလးစုမိေဆာင္းမိလာရသည္။ပိုက္ဆံကို သဲႀကီးမဲႀကီးရွာလို႔ ရသမွ်တစ္ဝက္တိတိကိုေတာ့ ရိေပၚလက္ထဲကို မပ်က္မကြက္အပ္ခဲ့၏။ သူမ်ား သူေဌး သားသမီးက ကိုယ့္လက္ထဲေရာက္မွ မသုံးရမစြဲရနဲ႔ မြဲေနတယ္လို႔ အေျပာမခံႏိုင္တာေတြေၾကာင့္ပဲျဖစ္သည္။
ခုေတာ့ျဖင့္ အမ်ိဳးသားေလးက ကုမၸဏီတစ္ခုလုံးေတာင္ ဦးစီးေနၿပီဆိုေတာ့ ေရွာင္းက်န္႔လည္း အရင္ကလို ကုန္း႐ုန္းရွာစရာမလိုေတာ့။
သားသားရဲ႕အနာဂတ္လည္း စိတ္ေအးရၿပီျဖစ္သလို ဒီကေရွ႕ေလွ်ာက္ ရိေပၚကို အခ်ိန္ေပးဖို႔ စီစဥ္ထားသည္။
" ကိုယ့္ကို နမ္း "
ေရွာင္းက်န္႔က ရင္ခြင္ထဲမွီေနရင္းကေန ေခါင္းေမာ့ေပးလာသည္။
" ဗ်ာ... ဘာဆိုင္လဲ "
" ရိေပၚနမ္းတာနဲ႔ ကိုယ္က အားျပည့္လာမွာေလ။ အားေဆးေသာက္စရာမလိုေတာ့ဘူးေပါ့ "
" ပါေမာကၡက လူညစ္ႀကီးပဲ "
" ဒါမွမဟုတ္ အားသြင္းရမလား "
ထိုစကားေျပာၿပီး ရိေပၚရဲ႕ တင္ပါးကိုလက္နဲ႔ညႇစ္ပစ္လိုက္တာေၾကာင့္ လူေတာင္ ဆတ္ခနဲျဖစ္သြားရ၏။ ေရွာင္းက်န္႔က တကယ့္ လူညစ္ႀကီးပါဆို။
" နမ္းမယ္ နမ္းမယ္.... အူး မြ "
ေရွာင္းက်န္႔ရဲ႕ ပါးႏွစ္ဖက္ကို ကိုင္လို႔. ကေလးေလးေတြလို အသံထြက္ေအာင္ နမ္းေနသည္ေၾကာင့္ ေရွာင္းက်န္႔မွာ မ်က္လုံးေတြ မွိတ္က်ေအာင္ထိ ရယ္မိေတာ့သည္။
႐ုတ္တရက္ ႏႈတ္ခမ္းေအာက္က မွဲ႔ေလးကို ဆြဲစုပ္လိုက္တာေၾကာင့္ အရယ္ရပ္သြားရ၏။
ထို႔ေနာက္မွ ျဖည္းျဖည္းခ်င္း ႏႈတ္ခမ္းသားေတြကို ငုံေထြးလာသည္။ မနမ္းတတ္ေလာက္ဘူးလို႔ထင္ထားေပမယ့္ အထင္နဲ႔ ဆန္႔က်င္စြာ ရိေပၚက ကြၽမ္းက်င္ေနျပန္၏။
အခန္းတြင္းမွာ ႏႈတ္ခမ္းခ်င္းထိစပ္ၿပီး ညည္းညဴေနသံတို႔က ပ်ံ႕လြင့္ေန၏ ။ အနမ္းေတြကို မရပ္တန္႔ေစပဲ ရိေပၚရဲ႕ တင္ပါးကို ထိန္းလို႔ မတ္တပ္ရပ္ပစ္လိုက္ရာ အလန္႔တၾကားနဲ႔ ေျခေထာက္ႏွစ္ဖက္က ေရွာင္းက်န္႔ခါးကို ပတ္ေခြလာ၏။
" အားသြင္းလို႔ရေသးလား "
" ဟင့္အင္း ! မရဘူး ေနာက္ေန႔မွ "
အတင္းကာေရာ ေခါင္းခါလာတဲ့ ရိေပၚက ေရွာင္းက်န္႔တစ္ခုခုလုပ္မွာေၾကာက္ေနဟန္။
" ဟာကြာ ။ ဝမ္ရိေပၚေတာ့ ကိုယ့္ဆရာကို ႏွိပ္စက္ၿပီ "
အိပ္ခန္းထဲေရာက္တာနဲ႔ ေရွာင္းက်န္႔လည္း ေရခ်ိဳးခန္းကို အျမန္ဝင္လို႔ ကိုယ့္အေကာင္ကို ေျဖေလွ်ာ့လိုက္ရ၏။ ရိေပၚက ျငင္းေနမွေတာ့ အတင္းအက်ပ္ႀကီး ရယူဖို႔ရာေတာ့ စိတ္ကူးမရွိပါ။
ေရခ်္ိုးခန္းထဲက ေရွာင္းက်န္႔ညည္းသံေတြေၾကာင့္ ရိေပၚမွာ ရွက္ရွက္နဲ႔ပဲ တစ္ေစာင္းအိပ္လိုက္ေတာ့၏။ ဟိုတစ္ေန႔ကမွ ေပးထားတာ တစ္ပတ္ေတာင္မျပည့္ေသးပဲ ေရွာင္းက်န္႔က ထပ္ၿပီး ေတာင္းဆိုေနျပန္ၿပီ။
ခုတေလာ သူတို႔ တစ္ပတ္တစ္ခါေလာက္ အကာအကြယ္သုံးၿပီး အတူေနျဖစ္ၾက၏ ။
က်ိဳးခ်န္သိရင္ေတာ့ ခပ္႐ြဲ႕႐ြဲ႕ေျပာဦးမည္။ ပေရာ္ဖက္ဆာႀကီးက ငါ့စကားကို ေတာ္ေတာ္နားေထာင္တာပဲဆိုၿပီး။
တကယ္လည္းဟုတ္ေနသည္ ။ က်ိဳးခ်န္ဆီက အႀကံရၿပီးသည့္ေနာက္ပိုင္း ေရွာင္းက်န္႔လည္း ရိေပၚရဲ႕ အရိပ္အျခည္ကို ၾကည့္လို႔ တစ္ပတ္တစ္ခါႏႈန္းသြားေနတာျဖစ္၏။
......
သန္းေခါင္ထိတိုင္ေအာင္ ရိေပၚက အိပ္မေပ်ာ္ေသးေပ။ ေရွာင္းက်န္႔က ရိေပၚရဲ႕ ခါးကိုဖက္လို႔ အိပ္ေပ်ာ္ေနၿပီျဖစ္၏။ ခါးေပၚတင္ထားတဲ့လက္ေတြကို အသာေလးဖယ္လို႔ ကုတင္ေပၚကေနဆင္းၿပီး အခန္းထဲကေန သားသားအခန္းထဲကို ဖြဖြေလးထြက္လာခဲ့၏။
ညဆိုရင္ ေစာင္ကိုကန္ပစ္တတ္တဲ့သားသားကို တစ္ေရးႏိုးတိုင္း ထၾကည့္ျဖစ္သည္မွာလည္း အက်င့္တစ္ခုပင္ျဖစ္၏။
သားသားအခန္းထဲကို ဝင္လာလိုက္ေတာ့ တအင္းအင္းညည္းသံကိုၾကားလိုက္ရသည္။
သားသားက ခုထိ အိပ္ရေသးတဲ့ပုံမေပၚ။
" ပါပါးေရ သားကိုယ္ပူေနတယ္ ဟင့္ ! "
ရိေပၚကိုေတြ႕လိုက္တာနဲ႔ သားသားက ငိုမဲ့မဲ့ေလးျဖစ္လာေလသည္။သားသားရဲ႕ ကိုယ္လုံးေလးကို ဆြဲေပြ႕လိုက္ေတာ့ ပူက်စ္လို႔။
သားသား တကယ္ႀကီးဖ်ားေနၿပီ။
" ေနဦး ပါပါးေဆးတိုက္မယ္ေနာ္ "
ရိေပၚမွာ ပ်ာယာေတြခတ္ေနရၿပီ။ ေဆးေတြထည့္ထားသည့္ ဘီ႐ိုေသးေသးေလးထဲက ကိုယ္ပူက်ေဆးကို ရွာေနမိ၏။ေဆးဘူးကိုေတြ႕လိုက္ေပမယ့္ အခြံပဲက်န္ေတာ့သည့္ ေဆးပုလင္းကိုၾကည့္ရင္း စိတ္ညစ္သြားရသည္။
ခုေလာ အားေဆးေတြေရာကုန္ေနတာကို သတိမထားမိပဲေပါ့ေပါ့ေလ်ာ့ေလ်ာ့ေနခဲ့မိသည့္ ကိုယ့္ကိုယ္ကို ေစာက္သုံးမက်လိုက္တာဟုပဲ အျပစ္တင္မိေတာ့သည္။
ေရွာင္းက်န္႔က ရိေပၚကို အလုပ္မလုပ္ခိုင္းရတဲ့ အေၾကာင္းအရင္းေတြထဲမွာ ဒါေတြပါလိမ့္မည္။ အလုပ္လုပ္မိလို႔ ဂ႐ုစိုက္တာေလး နည္းနည္းလစ္ဟင္းသြားတာနဲ႔ သားသားက ဖ်ားၿပီမလား။
ေရွာင္းက်န္႔ကို ႏႈိးၿပီး ေဆး႐ုံကိုေျပးရေအာင္ကလည္း သားသားက ေဆး႐ုံေဆးခန္းေတြဆို မုန္းတဲ့ကေလးျဖစ္ေနျပန္သည္။
" အဟြတ္ အဟြတ္ "
သားသားေခ်ာင္းဆိုးရာ ခြၽဲသံေတြပါ ပါလာတာေၾကာင့္ ေခ်ာင္းဆိုးေပ်ာက္ေဆးအရင္တိုက္လ္ိုက္ရ၏။
" ပါပါး သားေခါင္းမူးလို႔ "
အရင္ဆုံး ကိုယ္ပူက်ဖို႔လိုေသးတာေၾကာင့္ ေရဇလုံနဲ႔ တဘက္သြားယူဖို႔လုပ္တုန္းမွာပဲ သားသားက ေခါင္းမူးတယ္ဆိုလို႔ ပ်ာယာခတ္ရျပန္သည္။
ကေလးေတြအတြက္ အကိုက္အခဲေပ်ာက္ေဆးက ဝယ္မထားျဖစ္ေပ။
သားသားအခန္းထဲက ေဆးဘီ႐ိုထဲမွာ ကေလးေဆးေတြပဲထားထားတာေၾကာင့္ ရိေပၚတို႔လူႀကီးေတြေသာက္ေနက် ေခါင္းက္ိုက္ေပ်ာက္ေဆးက မရွိ။ အခန္းထဲကို ဝင္ၿပီး ေဆးေသတၱာထဲက ေဆးကဒ္ကို ရွာရသည္။ တခြၽတ္ခြၽတ္ျမည္သံၾကားတာနဲ႔ ေရွာင္းက်န္႔ကပါႏိုးလာ၏။
" မအိပ္ေသးဘူးလား ရိေပၚ "
ေရွာင္းက်န္႔က အိပ္စုံမႈန္မႊားနဲ႔ မ်က္လုံးကို ပြတ္လို႔ထလာသည္။
" သားသားဖ်ားေနလို႔ ...."
ရိေပၚက စိတ္မရွည္သည့္ေတာ့တိုင္ ေဆးေသတၱာကို ေမွာက္ခ်ပစ္လိုက္လို႔ ေဆးကဒ္ကိုယူၿပီး ေျပးထြက္သြားသည္။
ေဆးလုံးကို တစ္ဝက္ခ်ိဳးလို႔ သားသားကိုတိုက္လိုက္ေတာ့ ခ်က္ခ်င္းျပန္ေထြးထုတ္သည္။
သားသားက ေဆးအလုံးလိုက္ မမ်ိဳႏိုင္တာကို ေမ့သြားတာျဖစ္၏။ ေဆးႀကိတ္ဖို႔ စာ႐ြက္ကို အျမန္လိုက္ရွာရျပန္သည္။ ေရွာင္းက်န္႔က ေနာက္က ေရာက္လာတာႏွင့္အကိုက္ျဖစ္သြား၏။
" စာ႐ြက္ တစ္႐ြက္ေလာက္ရွာေပး။ ၿပီးေတာ့ ထုစရာတစ္ခုေရာ အျမန္ အျမန္ !!! "
" ဟမ္ ... အင္း အင္း "
ဘာမဆိုင္ပါပဲ ေရွာင္းက်န္႔က အေအာ္ခံလိုက္ရၿပီး စာၾကည့္ခန္းထဲကိုေျပးသြားလို႔ စာ႐ြက္တစ္႐ြက္ယူခဲ့ရသည္။
စတိုခန္းထဲက တူးေဘာက္စ္ထဲက တူတစ္ေခ်ာင္းကိုလည္း ရွာခဲ့ရေသး၏။
တူရယ္စာ႐ြက္ရယ္ေပးလိုက္မွ ရိေပၚက စာ႐ြက္ထဲကို ေဆးလုံးေလးထည့္လို႔ တူနဲ႔ထုေခ်သည္။ အမႈန္႔ျဖစ္သြားေတာ့မွ သားသားကို တိုက္ေလ၏။ ေရွာင္းက်န္႔မွာေတာ့ ဟ္ိုေျပးရဒီေျပးရႏွင့္ ႏွဖူးစပ္မွာ ေခြၽးသီးေနေလၿပီ။
သားသားကေတာ့ တအင္းအင္းႏွင့္ညည္းတုန္း။ ဟိုလွည့္မရ ဒီလွည့္မရနဲ႔ ေခါင္းမူးတယ္လို႔သာ တြင္တြင္ေအာ္ေနတဲ့သားသားကို ရိေပၚကပဲ ရင္ခြင္ထဲေပြ႕ထားရေတာ့၏။
" ကိုယ္တို႔ ေဆး႐ုံသြားလိုက္ၾကမလား "
" မသြားဘူး။ သားသားက ေဆး႐ုံေဆးခန္းသြားရတာ ေၾကာက္တယ္ မုန္းတယ္ဆိုတာ ခင္ဗ်ားမသိဘူးလား "
သားသားက ေဆး႐ုံေဆးခန္းသြားရတာမႀကိဳက္ဘူးဆိုတာကို ေရွာင္းက်န္႔က ခုမွသိသည္။ ဒါေပမယ့္ ဒီလိုပ်ာယာခတ္ေနရတာထက္စာရင္ ေဆး႐ုံကိုေျပးလိုက္တာအေကာင္းဆုံးမဟုတ္ဘူးလား။
ကေလးက ေဆး႐ုံေၾကာက္တိုင္း ေဆး႐ုံကိုမသြားပဲ ႀကိတ္ကုေနရေအာင္ တကယ္လို႔သာ ေရာဂါႀကီးႀကီးမားမားဆို အေသခံခိုင္းမလို႔လား။ ရိေပၚက သားသားကို အလိုလိုက္လြန္းသည္။
" ေဆး႐ုံမသြားလို႔ အေျခအေနပိုဆိုးသြားရင္ ဘယ္လိုလုပ္မလဲ "
"ခုေလာေလာဆယ္ ကိုယ္ပူက်ေအာင္ ႏွဖူးေပၚ ေရပတ္ဝတ္တင္ေပးရမယ္ထင္တယ္။ သြားယူေပးဦး "
သားသားကို ရင္ခြင္ထဲတြင္ေပြ႕လို႔ ရိေပၚက ကေယာင္ကတမ္းေတြေျပာေနျပန္ၿပီ။ သားသားကေတာ့ တအင့္အင့္ပဲ ညည္းေန၏။
" က်စ္ ! သားသားက မူးတယ္လို႔ေျပာေနတာေနာ္။ ေခါင္းမမာစမ္းနဲ႔ ခုခ်က္ခ်င္းေဆး႐ုံသြားမယ္ ။ လာ .... ထ "
" မသြားဘူး။ သားသားက ေဆး႐ုံေၾကာက္တတ္တယ္လို႔ "
ဝမ္ရိေပၚက ဒီေလာက္ေတာင္ ေခါင္းမာတတ္သည္လား။ ေရွာင္းက်န္႔လည္း ႀကံရာမရစြာပဲ မ်က္ႏွာကို လက္နဲ႔သပ္ခ်မိ၏။ အရင္တုန္းက သားသား ဖ်ားတဲ့အခ်ိန္ ဘယ္လိုေတြေဆးကု လို႔ ဘယ္လိုေတြလုပ္ခဲ့ၾကလည္းမသိပါ။ ကိုယ္တိုင္ကလည္း ဆရာဝန္မဟုတ္တဲ့အတြက္ ေဆး႐ုံပို႔ပို႔ရာပဲ အႀကံေကာင္းဟု ထင္ေနမိသည္။
သားသားကို စမ္းၾကည့္လိုက္ေတာ့ မီးပူလိုပဲ ပူျခစ္ေန၏။ ဒီေလာက္ကိုယ္ပူေနတာ ႏွဖူးေပၚ ေရပတ္ဝတ္တင္ေပး႐ုံနဲ႔ ကိုယ္ပူက်သြားမယ္ထင္တဲ့ ရိေပၚကို အခ်ိဴးမေျပလိုက္တာလို႔ပဲ ဆူပစ္ခ်င္၏။
" ကိုယ္ ကားသြားထုတ္လိုက္မယ္။ ေဆး႐ုံတင္မွ ျဖစ္မယ့္ကိစၥဆို ေဆး႐ုံမတင္ပဲ အေသခံမလို႔လား .... ဝမ္ရိေပၚရဲ႕ .. အသိစိတ္ေလးဘာေလးကပ္စမ္းပါ "
ေရွာင္းက်န္႔က ကားသြားထုတ္ၿပီးေနာက္ ရိေပၚလက္ထဲက သားသားကို လႊဲယူလို႔ ကားေပၚတင္ရ၏။ ထို႔ေနာက္မွ ရိေပၚလည္း ပိုက္ဆံအိတ္ကို ေကာက္ယူလို႔ လိုက္လာသည္။ ဟြားဟြားကိုႏႈိးၿပီး အိမ္ကို ေသခ်ာဂ႐ုစိုက္ရန္မွာထားခဲ့၏။
ႏွစ္ေယာက္လုံးလည္း ညအိပ္ဝတ္စုံမလဲရေသးသလို ဖိနပ္စီးဖို႔လည္း အခ်ိန္မရတာေၾကာင့္ အိမ္စီးစလစ္ပါေလးေတြနဲ႔ အေျပးလာခဲ့ရ၏။
သားသားကို ေဒါက္တာ့ဆီအပ္လို႔ ေဆး႐ုံတက္ဖို႔ စာရင္းသြားသြင္းရသည္။ ရိေပၚကေတာ့ သားသားေဘးမွာပဲ က်န္ခဲ့၏။
ဝမ္ရိေပၚက ဒီလိုအခ်ိန္က်ေတာ့လည္း မထုံတက္ေတးနဲ႔ တကယ္ေျပာရခက္ျပန္သည္။ တကယ္လို႔သာ ေဆး႐ုံကို အခ်ိန္မွီမေရာက္လာရင္ သားသားက အဖ်ားႀကီးသြားႏိုင္သည္။
TBC......