Zawgyi
အပိုင္း (၉၁၇) – အၾကီးျမင့္ဆံုးနတ္ဆိုးမွ စိတ္လႈပ္ရွားျခင္း
ရီွမာယူယူသည္ ရွီမာမိသားစု၏ကိစၥမ်ားကို ရွီမာလိုင္အား မေျပာျပခဲ့ ေပ။ အတြင္းပိုင္းေဒသမ်ားမွ မိသားစုၾကီးတစ္ခုဟုသာ သူမ ေျပာခဲ့သည္။ ထို႔ေၾကာင့္ ကမာၻဦးနယ္ေျမတြင္ လႊမ္းမိုးႏုိင္ေသာမ်ိဳးႏြယ္တစ္ခုဟုသာ ရီွမာလိုင္သိျပီး မည္မွ်လႊမ္းမိုးႏိုင္သည္ကိုေတာ့ မသိေပ။
သို႔ေသာ္ ရီွမန္ခ်ီမွာ မတူေပ။ သူသည္ မ်ိဳးႏြယ္သခင္မွားႏွင့္ အျပင္ထြက္ ေလ့ရွိကာ အျပင္ေလာကမွ လူမ်ားႏွင့္အဆက္အသြယ္ေၾကာင့္ လႊမ္းမိုးမႈ မည္မွ်ရွိေၾကာင္းကို ၾကားဖူးသည္။
ရွီမာယူယူသာ ထိုမ်ိဳးႏြယ္မွ အမွန္တကယ္ျဖစ္ခဲ့ပါက...
သူသည္ အက်ိဳးသက္ေရာက္မႈကိုေတြးပင္မေတြးရေပ။ အနည္းဆံုး ေတာ့ အခက္အခဲမ်ားရွိမည္။
"အဘိုး ဦးေလးခ်ီ" ရွီမာယူယူႏွင့္ ဝူလင္းယူတုိ႔သည္ အျပင္ျပန္လာကာ ေလွ်ာက္ရင္း သူတုိ႔ ေတာင္ေဘးတြင္ေသာက္ေနၾကသည္ကိုေတြ႕ေသာအခါ ႏႈတ္ဆက္လုိက္ၾကသည္။
"တည္ေဆာက္မႈလုပ္ျပီးသြားၾကျပီလား" ရွီမာလိုင္ ေမးေလသည္။
"အင္း" ရွီမာယူယူ ေခါင္းညိတ္လုိက္သည္။ သူတို႔ ေသာက္ေနသည္ကို ေတြ႕ေသာအခါ ေျပာလုိက္သည္ "အဘိုးတို႔ႏွစ္ေယာက္ေသာက္ျပီးစကား ေျပာၾကမွာကို ဘာလုို႔သူတို႔ကိုမခ်က္ျပဳတ္ခုိင္းရတာလဲ"
"ဟီးဟီး အဘိုးက သမီးလက္ရာကိုစားျပီးေတာ့ တျခားသူေတြလက္ရာ စားရတာအရသာမရွိေတာ့ဘူး" ရွီမာလိုင္ ဆက္ေျပာေလသည္ "အရသာမရွိ မွေတာ့ ဒီအတုိ္င္းပဲေသာက္ရမွာပဲ"
ရွီမာယူယူ ျပံဳးကာ ရွီမာလိုင္ေဘးထိုင္ျပီး သူ႔လက္ေမာင္းကို တြယ္ခ်ိတ္ ကာ ေျပာေလသည္ "အဘိုး ယူယူက အဘိုးတြက္ ခ်က္ျပဳတ္မေပးဘူးလို႔ ေျပာလုိက္တာလား"
"အမွန္ပဲ မစားရေတာင္ၾကာေနျပီ" ရီွမာလိုင္သည္ မျငင္းေပ။
သူမသည္ ရွီမာလိုင္အတြက္ အစားေကာင္းမ်ားမခ်က္ျပဳတ္ရသည္မွာ ၾကာျပီဟု ရီွမာယူယူလည္းခံစားရသည္။ သူမသည္ ဒီေန႔ခံစားခ်က္ေကာင္း သျဖင့္ ရွီမာလိုင္၏ ပခံုးကိုပြတ္ျပီး ေမးလုိက္သည္ "အဘိုးဘာစားခ်င္ခ်င္ ယူယူက ခ်က္ေပးမွာေပါ့"
"သမီးဘာပဲခ်က္ခ်က္ အဘိုးက အဆင္ေျပျပီးသားပဲ" ရွီမာလိုင္သည္ ျပံဳးျပီးေျပာေလသည္။
ရီွမာယူယူသည္ ေခါင္းလွည့္ျပီး ရွီမန္ခ်ီကိုၾကည့္လိုက္သည္ "ဦးေလးခ်ီ ေရာ"
"ဦးေလးလည္းအဆင္ေျပတယ္" ဦးေလးခ်ီ ဆက္ေျပာေလသည္ "သမီး လက္ရာကိုစားဖူးတာ အေတာ္ၾကာေနျပီ သမီးခ်က္တတ္တယ္ဆိုတာေတာင္ ေမ့ေနျပီ"
"ဒါဆို ခါတို္င္းလိုပဲခ်က္လုိက္ေတာ့မယ္" ရွီမာယူယူ မတ္တတ္ရပ္ကာ ဟင္းခ်က္ပစၥည္းမ်ားထုတ္ကာ စတင္ခ်က္ျပဳတ္ေလသည္။
ရွီမာလိုင္ႏွင့္ ရွီမန္ခ်ီတို႔ႏွစ္ေယာက္လံုးသည္ အစပ္ဟင္းလ်ာမ်ား ႏွစ္သက္သျဖင့္ အစပ္ဟင္းလ်ာတခ်ိဳ႕ခ်က္ျပီး ေပါ့ေပါ့ပါးပါးႏွစ္မ်ိဳးခ်က္လုိက္ သည္။
ေရွာင္ခ်ီသည္ ပထမဟင္းလ်ာမျပီးခင္ပင္ အေျပးေရာက္လာသည္။ သူမသည္ ရွီမာယူယူ ဟင္းခ်က္ေနသည္ကိုျမင္ေသာအခါ ေပ်ာ္ရႊင္ေနသည္။ သူမ စကားမေျပာရေသးခင္မွာပင္ ရွီမာယူယူသည္ ရွီမန္လီႏွင့္ အေဒၚယိကို ေခၚရန္ သူမကို အမိန္႔ေပးေလသည္။
ရွီမာလိုင္ႏွင့္ ရွီမန္ခ်ီတို႔သည္ ေနရာယူျပီးၾကျပီ။ ရီွမန္လီႏွင့္ အေဒၚယိ တို႔ေရာက္လာေသာအခါ ရွီမာယူယူ ခ်က္ျပဳတ္ေနသည္ကိုျမင္ေသာအခါ ေပ်ာ္ရႊင္စြာ အတူတကြထိုင္ၾကေလသည္။
ရွီမာယူယူ ေနာက္ဆံုးဟင္းပြဲခ်က္မျပီးခင္မွာပဲ တစ္ဖက္တြင္ စားေသာက္ပြဲစတင္ေနေလျပီ။
ဝူလင္းယူသည္ ေသာက္ရန္ အဆြဲခံလုိက္ရသျဖင့္ ရွီမာလိုင္ေဘး တြင္ထိုင္လုိက္သည္။
"လင္းယူ ငါတို႔ယူယူ႔ကိုပိုးေနတာလား" ရွီမာလုိင္သည္ ရုတ္တရက္ ေမး ေလသည္။
ခြက္ကိုင္ထားေသာ ဝူလင္းယူ၏လက္မ်ားသည္ တုန္ယင္လာကာ အရက္မ်ားပင္ ဖိတ္စင္ထြက္သြားသည္။
ထူးဆန္းလုိက္တာ ငါဘာလုိ႔စိတ္လႈပ္ရွားေနတာလဲ။ ဒါက ဒ႑ာရီလာ မိဘေတြ႕ဆံုတာမ်ိဳးလား။
"အဘိုး ကၽြန္ေတာ္..."
ရွီမာလိုင္သည္ ခြက္ကိုေမာ့လုိက္ျပီး ေျပာေလသည္ "ငါ မျမင္ဘူးလို႔ မထင္နဲ႔၊ မင္းမ်က္လံုးေတြက ယူယူ႔ဆီမွာ တစ္ခ်ိန္လံုးကပ္ေနတာ အဲအၾကည့္ ေတြက ငါ့ဇနီးကိုၾကည့္ခဲ့တဲ့အၾကည့္ေတြနဲ႔ တစ္ထပ္တည္းပဲ"
ဝူလင္းယူသည္ သူေျပာလုိက္သည့္စကားေၾကာင့္ မျငင္းေတာ့ပဲ တက္ၾကြေသာအသံျဖင့္ ေျပာလုိက္သည္ "ဟုတ္ပါတယ္ ကၽြန္ေတာ္ ယူယူ႔ကို သေဘာက်ပါတယ္"
"ဟား ငါသိသားပဲ မင္းက ယူယူ႔ေနာက္ကို မေကာင္းတဲ့ရည္ရြယ္ခ်က္နဲ႔ လုိက္ေနတာပဲ" သူဝန္ခံလုိက္ေသာအခါ ရွီမာလိုင္သည္ ရန္လိုပံုေပါက္လာ သည္။ သူသည္ ေအးစက္စြာ ညည္းညဴေလသည္ "ငါတုိ႔ယူယူက ရဖို႔မလြယ္ ဘူး၊ တျခားသူေတြဆိုလို႔ကေတာ့ အကုန္ႏွင္ထုတ္ပစ္မွာ၊ ဒါေပမဲ့ မင္းကိုေတာ့ အခက္ေတြ႕ေအာင္မလုပ္ပါဘူး၊ ျပီးေတာ့ မင္းက သူမအတြက္အမ်ားၾကီးလုပ္ ေပးခဲ့တယ္၊ ဒါေပမဲ့..."
သူ ရန္လိုလာသည္ကိုၾကည့္ျပီး ဝူလင္းယူ စိတ္မျငိမ္ျဖစ္လာသည္။ သို႔ေသာ္ သူ႔ကိုႏွင္မထုတ္ဟု ၾကားျပီးေနာက္တြင္ စိတ္လႈပ္ရွားမႈေလ်ာ့နည္း လာကာ မၾကာခင္မွာပင္ ျပန္စိတ္လႈပ္ရွားရျပန္သည္။
သူသည္ အရင္ကဒီလိုမ်ိဳး ရိုလာကိုစတာစီးသလို ခံစားခ်က္မ်ိဳးမျဖစ္ဖူး ေပ။
သူ ဝူလင္းယူျဖစ္စဥ္ကအခ်ိန္ကိုျပန္ေတြးၾကည့္လွ်င္ သူသည္ လူမ်ိဳးစံု ကိုေတြ႕ခဲ့သည္။ အားလံုးသည္ သူ႔ထိန္းခ်ဳပ္မႈေအာက္တြင္ရွိကာ အတက္ အက်ျဖစ္သည့္အခ်ိန္ဟူ၍မရွိခဲ့ေပ။ သူ မိုရွားျဖစ္ခဲ့စဥ္က အင္အားၾကီးတပ္ တစ္ခုကိုရင္ဆိုင္လွ်င္ေတာင္မွ ဒီလိုမ်ိဳးမခံစားခဲ့ရဖူးေပ။
သူမ၏ မိသားစုတစ္ခုတည္းကပင္ စကားတစ္ခြန္းတည္းႏွင့္ပင္ သူ႔ကို ဒီလိုခံစားခ်က္ျဖစ္ေအာင္ လုပ္ႏုိင္ခဲ့သည္။
ဘာကိုမွဂရုမစိုက္တတ္ေသာလူတစ္ေယာက္အတြက္ တျခားသူမ်ား သူ႔ကိုဘယ္လိုစဥ္းစားမလဲဆိုသည္ကို ေတြးပူေနရမည့္ ေန႔ေရာက္လာမည္ဟု သူဘယ္တုန္းကမွမထင္ခဲ့ေပ။
ရွီမာလိုင္သည္ ေနာက္တစ္ခြက္ေမာ့ကာ ဆက္ေျပာေလသည္ "ငါ မင္းတို႔ႏွစ္ေယာက္ ကိစၥကိုဂရုမစိုက္ပါဘူး ဒါေပမဲ့ သူမကို နည္းနည္းေလာက္ ပဲ ဝမ္းနည္းေအာင္လုပ္ရင္ကို မင္းကိုလႊတ္မထားဘူး၊ နားလည္လား"
"အဘိုး မစိုးရိမ္ပါနဲ႔ အဲလိုမ်ိဳးအျဖစ္မခံပါဘူး" ဝူလင္းယူ ကတိေပးေလ သည္။
သူသည္ ကတိေပးရေသာအရာမ်ားကို ဘယ္တုန္းကမွ မၾကိဳက္ခဲ့ေပ။ ထိုကတိမ်ားသည္ အတုအေယာင္မ်ားဟု ခံစားရေသာေၾကာင့္ပင္။ အခု လုပ္ သည္မွာ အစစ္အမွန္ျဖစ္သည္။ သို႔ေသာ သူမ မိသားစုဝင္မ်ားႏွင့္ ရင္ဆိုင္ရာ တြင္ သူတို႔မစိုးရိမ္ေစရန္ ကတိေပးရမည္ကို သူ သိသည္။
ရွီမန္လီသည္ ဝူလင္းယူအားၾကည့္ျပီး ေျပာေလသည္ "ဝါး ညီမက ခဲအို ရေတာ့မွာလား"
ရွီမာယူယူသည္ သူမအေနာက္မွ ဟင္းမ်ားကိုခ်ေပးရင္း ေျပာေလသည္ "ခဲအိုရမရေတာ့မသိဘူး မၾကာခင္ေတာ့ ေယာက္မရေတာ့မယ္"
"ေယာက္မလား အစ္ကို၂မွာ ၾကိဳက္တဲ့သူရွိေနျပီလား" ရီွမန္လီ ေမး ေလသည္။
"ဟုတ္တယ္ သူမက မိန္းမေကာင္းေလးလို႔ၾကားတယ္" ရွီမာယူယူ ေျပာ လုိက္သည္။
"ဝါး အစ္ကို၂နဲ႔ အစ္မၾကီးႏွစ္ေယာက္လံုးမွာ ထူးျခားတဲ့သူေတြရွိေနျပီ ညီမတစ္ေယာက္တည္း ဘယ္သူမွမရွိေသးတာ" ရွီမန္လီ ဆက္ေျပာေလ သည္ "အစ္မၾကီး ညီမရဲ႕ အနာဂတ္ေယာက္မေလာင္းကိုျမင္ဖူးလား၊ သူမက လွလား၊ ဆက္ဆံရတာေရာလြယ္လား၊ အစ္ကို႔ကိုဘယ္လိုမ်ား ေၾကြသြားတာ လဲ"
ရွီမန္လီသည္ ေမးခြန္းမ်ားစြာေမးေလသည္။ ရွီမာယူယူသည္ သူမ၏ ပထမဆံုးစကားကို လ်စ္လ်ဴရႈလုိက္သည္။ ႏွစ္ေယာက္လံုးမွာ တစ္ေယာက္စီ ရွိေနၾကျပီ...
"ငါ သူမကိုအရင္ကျမင္ဖူးတယ္ ေတာ္ေတာ္လွတယ္ျပီးေတာ့ ေပါင္းရ တာလည္း အဆင္ေျပတယ္ သူမအက်င့္က တည့္တိုးပဲ၊ ဒါေပမဲ့ အဆင္ေျပပါ တယ္၊ သူမကို ေတြ႕ရင္ ညီမေလးလည္း သေဘာက်မွာပဲ" သူမျပံဳးျပီး ဆက္ ေျပာေလသည္ "အဲဒါေျပာရင္းနဲ႔ သူမကို ေက်းဇူးတင္မိတယ္၊ ဒီႏွစ္ေတြမွာ ဖန္အာအတြက္ ခက္ခဲခဲ့တယ္၊ သူမကပဲ သူ႔ေဘးမွာ တစ္ခ်ိန္လံုးရွိေနေပးခဲ့ တာ၊ သူမေၾကာင့္သာမဟုတ္ရင္ ဖန္အာအတြက္ ျပီးခဲ့တဲ့ႏွစ္ေတြက ခက္ခဲခဲ့ မွာ"
"အစ္ကို၂ေဘးမွာ ဘယ္သူမွမေနေပးခဲ့ဘူးလား" ရွီမန္လီသည္ နာက်င္ မႈကိုခံစားလုိက္ရသည္။
"မရွိဘူး" ရွီမာယူယူသည္ ေခါင္းရမ္းလုိက္သည္ "အတိအက်ေျပာရ မယ္ဆုိရင္ ဖန္အာက သူ႔နားကိုဘယ္သူ႔ကိုမွအကပ္မခံခဲ့တာ၊ ကုန္ယိက သူ႔ကို တြယ္ကပ္ခဲ့လုိ႔ သူ႔ရင္ထဲေရာက္သြားတာ"
"အစ္ကို၂က ျပီးခဲ့တဲ့အခ်ိန္ေတြမွာ ဘယ္သူ႔ကိုမွ အကပ္မခံခဲ့ဘူးလား" ရွီမန္လီ ေျပာေလသည္။
ရွီမာယူယူ ရွီမန္ဖန္ကိုေတြ႕ဆံုခဲ့သည့္ အေၾကာင္းမ်ားကိုေျပာျပရာ ရွီမန္လီ၏ မ်က္လံုးမ်ားသည္ နီရဲလာသည္။
"အစ္ကို၂က အဲေလာက္အခက္အခဲေတြေတြ႕ခဲ့ရမယ္လို႔ ညီမ မသိခဲ့ ဘူး အစ္ကို၂က အျမဲသူ႔ၾကည့္ေကာင္းတဲ့ရုပ္ေၾကာင့္ အရွက္မဲ့တာမ်ိဳးမျဖစ္ခဲ့ ဖူးဘူး ပံုပ်က္သြာေးတာ့ ဘယ္ေလာက္ေတာင္ စိတ္ညစ္သြားမလဲ..." သူမသည္ ရွီမန္ဖန္၏ အေျခအေနကိုေတြးၾကည့္ျပီး သူ႔အတြက္ စိတ္ မေကာင္းျဖစ္သြားသည္ "သူ႔ေဘးမွာအစ္မကုန္ယိရွိေနလို႔ ကံေကာင္းတယ္၊ မဟုတ္ရင္ သူအံု႔ပုန္းေနေတာ့မွာ"
"အဲဒါေၾကာင့္ အစ္မတို႔ သူမကိုေက်းဇူးတင္ရမယ္" ရွီမာယူယူ ေျပာ လုိက္သည္။ သူမ၏ မ်က္ႏွာအမူအရာေျပာင္းကာ ျပံဳးျပီးေျပာလိုက္သည္ "သူတို႔အေၾကာင္းေျပာရင္းနဲ႔ ျပန္လာၾကျပီပဲ၊ ငွက္ေလးက အသည္းကြဲေတာင္ ၾကားအျပင္ဘက္ေရာက္ေနျပီ ငါ သူတုိ႔ကိုသြားၾကိဳလုိက္မယ္"
"ငါ မင္းနဲ႔လုိက္ခဲ့မယ္" ဝူလင္းယူသည္ သူမႏွင့္အတူ မတ္တတ္ရပ္ေလ သည္။
"ရပါတယ္ အစ္ကိုက အဘိုးနဲ႔အေဖာ္ျပဳျပီး ေသာက္လုိက္ပါဦး" ရွီမာယူယူသည္ သူ႔ကိုထိုင္ခုိင္းျပီး လွည့္ထြက္ကာ အျပင္သို႔ပ်ံလာလုိက္ သည္။
Unicode
အပိုင်း (၉၁၇) – အကြီးမြင့်ဆုံးနတ်ဆိုးမှ စိတ်လှုပ်ရှားခြင်း
ရှီမာယူယူသည် ရှီမာမိသားစု၏ကိစ္စများကို ရှီမာလိုင်အား မပြောပြခဲ့ ပေ။ အတွင်းပိုင်းဒေသများမှ မိသားစုကြီးတစ်ခုဟုသာ သူမ ပြောခဲ့သည်။ ထို့ကြောင့် ကမ္ဘာဦးနယ်မြေတွင် လွှမ်းမိုးနိုင်သောမျိုးနွယ်တစ်ခုဟုသာ ရှီမာလိုင်သိပြီး မည်မျှလွှမ်းမိုးနိုင်သည်ကိုတော့ မသိပေ။
သို့သော် ရှီမန်ချီမှာ မတူပေ။ သူသည် မျိုးနွယ်သခင်မှားနှင့် အပြင်ထွက် လေ့ရှိကာ အပြင်လောကမှ လူများနှင့်အဆက်အသွယ်ကြောင့် လွှမ်းမိုးမှု မည်မျှရှိကြောင်းကို ကြားဖူးသည်။
ရှီမာယူယူသာ ထိုမျိုးနွယ်မှ အမှန်တကယ်ဖြစ်ခဲ့ပါက...
သူသည် အကျိုးသက်ရောက်မှုကိုတွေးပင်မတွေးရပေ။ အနည်းဆုံး တော့ အခက်အခဲများရှိမည်။
"အဘိုး ဦးလေးချီ" ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အပြင်ပြန်လာကာ လျှောက်ရင်း သူတို့ တောင်ဘေးတွင်သောက်နေကြသည်ကိုတွေ့သောအခါ နှုတ်ဆက်လိုက်ကြသည်။
"တည်ဆောက်မှုလုပ်ပြီးသွားကြပြီလား" ရှီမာလိုင် မေးလေသည်။
"အင်း" ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့ သောက်နေသည်ကို တွေ့သောအခါ ပြောလိုက်သည် "အဘိုးတို့နှစ်ယောက်သောက်ပြီးစကား ပြောကြမှာကို ဘာလို့သူတို့ကိုမချက်ပြုတ်ခိုင်းရတာလဲ"
"ဟီးဟီး အဘိုးက သမီးလက်ရာကိုစားပြီးတော့ တခြားသူတွေလက်ရာ စားရတာအရသာမရှိတော့ဘူး" ရှီမာလိုင် ဆက်ပြောလေသည် "အရသာမရှိ မှတော့ ဒီအတိုင်းပဲသောက်ရမှာပဲ"
ရှီမာယူယူ ပြုံးကာ ရှီမာလိုင်ဘေးထိုင်ပြီး သူ့လက်မောင်းကို တွယ်ချိတ် ကာ ပြောလေသည် "အဘိုး ယူယူက အဘိုးတွက် ချက်ပြုတ်မပေးဘူးလို့ ပြောလိုက်တာလား"
"အမှန်ပဲ မစားရတောင်ကြာနေပြီ" ရှီမာလိုင်သည် မငြင်းပေ။
သူမသည် ရှီမာလိုင်အတွက် အစားကောင်းများမချက်ပြုတ်ရသည်မှာ ကြာပြီဟု ရှီမာယူယူလည်းခံစားရသည်။ သူမသည် ဒီနေ့ခံစားချက်ကောင်း သဖြင့် ရှီမာလိုင်၏ ပခုံးကိုပွတ်ပြီး မေးလိုက်သည် "အဘိုးဘာစားချင်ချင် ယူယူက ချက်ပေးမှာပေါ့"
"သမီးဘာပဲချက်ချက် အဘိုးက အဆင်ပြေပြီးသားပဲ" ရှီမာလိုင်သည် ပြုံးပြီးပြောလေသည်။
ရှီမာယူယူသည် ခေါင်းလှည့်ပြီး ရှီမန်ချီကိုကြည့်လိုက်သည် "ဦးလေးချီ ရော"
"ဦးလေးလည်းအဆင်ပြေတယ်" ဦးလေးချီ ဆက်ပြောလေသည် "သမီး လက်ရာကိုစားဖူးတာ အတော်ကြာနေပြီ သမီးချက်တတ်တယ်ဆိုတာတောင် မေ့နေပြီ"
"ဒါဆို ခါတိုင်းလိုပဲချက်လိုက်တော့မယ်" ရှီမာယူယူ မတ်တတ်ရပ်ကာ ဟင်းချက်ပစ္စည်းများထုတ်ကာ စတင်ချက်ပြုတ်လေသည်။
ရှီမာလိုင်နှင့် ရှီမန်ချီတို့နှစ်ယောက်လုံးသည် အစပ်ဟင်းလျာများ နှစ်သက်သဖြင့် အစပ်ဟင်းလျာတချို့ချက်ပြီး ပေါ့ပေါ့ပါးပါးနှစ်မျိုးချက်လိုက် သည်။
ရှောင်ချီသည် ပထမဟင်းလျာမပြီးခင်ပင် အပြေးရောက်လာသည်။ သူမသည် ရှီမာယူယူ ဟင်းချက်နေသည်ကိုမြင်သောအခါ ပျော်ရွှင်နေသည်။ သူမ စကားမပြောရသေးခင်မှာပင် ရှီမာယူယူသည် ရှီမန်လီနှင့် အဒေါ်ယိကို ခေါ်ရန် သူမကို အမိန့်ပေးလေသည်။
ရှီမာလိုင်နှင့် ရှီမန်ချီတို့သည် နေရာယူပြီးကြပြီ။ ရှီမန်လီနှင့် အဒေါ်ယိ တို့ရောက်လာသောအခါ ရှီမာယူယူ ချက်ပြုတ်နေသည်ကိုမြင်သောအခါ ပျော်ရွှင်စွာ အတူတကွထိုင်ကြလေသည်။
ရှီမာယူယူ နောက်ဆုံးဟင်းပွဲချက်မပြီးခင်မှာပဲ တစ်ဖက်တွင် စားသောက်ပွဲစတင်နေလေပြီ။
ဝူလင်းယူသည် သောက်ရန် အဆွဲခံလိုက်ရသဖြင့် ရှီမာလိုင်ဘေး တွင်ထိုင်လိုက်သည်။
"လင်းယူ ငါတို့ယူယူ့ကိုပိုးနေတာလား" ရှီမာလိုင်သည် ရုတ်တရက် မေး လေသည်။
ခွက်ကိုင်ထားသော ဝူလင်းယူ၏လက်များသည် တုန်ယင်လာကာ အရက်များပင် ဖိတ်စင်ထွက်သွားသည်။
ထူးဆန်းလိုက်တာ ငါဘာလို့စိတ်လှုပ်ရှားနေတာလဲ။ ဒါက ဒဏ္ဍာရီလာ မိဘတွေ့ဆုံတာမျိုးလား။
"အဘိုး ကျွန်တော်..."
ရှီမာလိုင်သည် ခွက်ကိုမော့လိုက်ပြီး ပြောလေသည် "ငါ မမြင်ဘူးလို့ မထင်နဲ့၊ မင်းမျက်လုံးတွေက ယူယူ့ဆီမှာ တစ်ချိန်လုံးကပ်နေတာ အဲအကြည့် တွေက ငါ့ဇနီးကိုကြည့်ခဲ့တဲ့အကြည့်တွေနဲ့ တစ်ထပ်တည်းပဲ"
ဝူလင်းယူသည် သူပြောလိုက်သည့်စကားကြောင့် မငြင်းတော့ပဲ တက်ကြွသောအသံဖြင့် ပြောလိုက်သည် "ဟုတ်ပါတယ် ကျွန်တော် ယူယူ့ကို သဘောကျပါတယ်"
"ဟား ငါသိသားပဲ မင်းက ယူယူ့နောက်ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လိုက်နေတာပဲ" သူဝန်ခံလိုက်သောအခါ ရှီမာလိုင်သည် ရန်လိုပုံပေါက်လာ သည်။ သူသည် အေးစက်စွာ ညည်းညူလေသည် "ငါတို့ယူယူက ရဖို့မလွယ် ဘူး၊ တခြားသူတွေဆိုလို့ကတော့ အကုန်နှင်ထုတ်ပစ်မှာ၊ ဒါပေမဲ့ မင်းကိုတော့ အခက်တွေ့အောင်မလုပ်ပါဘူး၊ ပြီးတော့ မင်းက သူမအတွက်အများကြီးလုပ် ပေးခဲ့တယ်၊ ဒါပေမဲ့..."
သူ ရန်လိုလာသည်ကိုကြည့်ပြီး ဝူလင်းယူ စိတ်မငြိမ်ဖြစ်လာသည်။ သို့သော် သူ့ကိုနှင်မထုတ်ဟု ကြားပြီးနောက်တွင် စိတ်လှုပ်ရှားမှုလျော့နည်း လာကာ မကြာခင်မှာပင် ပြန်စိတ်လှုပ်ရှားရပြန်သည်။
သူသည် အရင်ကဒီလိုမျိုး ရိုလာကိုစတာစီးသလို ခံစားချက်မျိုးမဖြစ်ဖူး ပေ။
သူ ဝူလင်းယူဖြစ်စဉ်ကအချိန်ကိုပြန်တွေးကြည့်လျှင် သူသည် လူမျိုးစုံ ကိုတွေ့ခဲ့သည်။ အားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင်ရှိကာ အတက် အကျဖြစ်သည့်အချိန်ဟူ၍မရှိခဲ့ပေ။ သူ မိုရှားဖြစ်ခဲ့စဉ်က အင်အားကြီးတပ် တစ်ခုကိုရင်ဆိုင်လျှင်တောင်မှ ဒီလိုမျိုးမခံစားခဲ့ရဖူးပေ။
သူမ၏ မိသားစုတစ်ခုတည်းကပင် စကားတစ်ခွန်းတည်းနှင့်ပင် သူ့ကို ဒီလိုခံစားချက်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
ဘာကိုမှဂရုမစိုက်တတ်သောလူတစ်ယောက်အတွက် တခြားသူများ သူ့ကိုဘယ်လိုစဉ်းစားမလဲဆိုသည်ကို တွေးပူနေရမည့် နေ့ရောက်လာမည်ဟု သူဘယ်တုန်းကမှမထင်ခဲ့ပေ။
ရှီမာလိုင်သည် နောက်တစ်ခွက်မော့ကာ ဆက်ပြောလေသည် "ငါ မင်းတို့နှစ်ယောက် ကိစ္စကိုဂရုမစိုက်ပါဘူး ဒါပေမဲ့ သူမကို နည်းနည်းလောက် ပဲ ဝမ်းနည်းအောင်လုပ်ရင်ကို မင်းကိုလွှတ်မထားဘူး၊ နားလည်လား"
"အဘိုး မစိုးရိမ်ပါနဲ့ အဲလိုမျိုးအဖြစ်မခံပါဘူး" ဝူလင်းယူ ကတိပေးလေ သည်။
သူသည် ကတိပေးရသောအရာများကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပေ။ ထိုကတိများသည် အတုအယောင်များဟု ခံစားရသောကြောင့်ပင်။ အခု လုပ် သည်မှာ အစစ်အမှန်ဖြစ်သည်။ သို့သော သူမ မိသားစုဝင်များနှင့် ရင်ဆိုင်ရာ တွင် သူတို့မစိုးရိမ်စေရန် ကတိပေးရမည်ကို သူ သိသည်။
ရှီမန်လီသည် ဝူလင်းယူအားကြည့်ပြီး ပြောလေသည် "ဝါး ညီမက ခဲအို ရတော့မှာလား"
ရှီမာယူယူသည် သူမအနောက်မှ ဟင်းများကိုချပေးရင်း ပြောလေသည် "ခဲအိုရမရတော့မသိဘူး မကြာခင်တော့ ယောက်မရတော့မယ်"
"ယောက်မလား အစ်ကို၂မှာ ကြိုက်တဲ့သူရှိနေပြီလား" ရှီမန်လီ မေး လေသည်။
"ဟုတ်တယ် သူမက မိန်းမကောင်းလေးလို့ကြားတယ်" ရှီမာယူယူ ပြော လိုက်သည်။
"ဝါး အစ်ကို၂နဲ့ အစ်မကြီးနှစ်ယောက်လုံးမှာ ထူးခြားတဲ့သူတွေရှိနေပြီ ညီမတစ်ယောက်တည်း ဘယ်သူမှမရှိသေးတာ" ရှီမန်လီ ဆက်ပြောလေ သည် "အစ်မကြီး ညီမရဲ့ အနာဂတ်ယောက်မလောင်းကိုမြင်ဖူးလား၊ သူမက လှလား၊ ဆက်ဆံရတာရောလွယ်လား၊ အစ်ကို့ကိုဘယ်လိုများ ကြွေသွားတာ လဲ"
ရှီမန်လီသည် မေးခွန်းများစွာမေးလေသည်။ ရှီမာယူယူသည် သူမ၏ ပထမဆုံးစကားကို လျစ်လျူရှုလိုက်သည်။ နှစ်ယောက်လုံးမှာ တစ်ယောက်စီ ရှိနေကြပြီ...
"ငါ သူမကိုအရင်ကမြင်ဖူးတယ် တော်တော်လှတယ်ပြီးတော့ ပေါင်းရ တာလည်း အဆင်ပြေတယ် သူမအကျင့်က တည့်တိုးပဲ၊ ဒါပေမဲ့ အဆင်ပြေပါ တယ်၊ သူမကို တွေ့ရင် ညီမလေးလည်း သဘောကျမှာပဲ" သူမပြုံးပြီး ဆက် ပြောလေသည် "အဲဒါပြောရင်းနဲ့ သူမကို ကျေးဇူးတင်မိတယ်၊ ဒီနှစ်တွေမှာ ဖန်အာအတွက် ခက်ခဲခဲ့တယ်၊ သူမကပဲ သူ့ဘေးမှာ တစ်ချိန်လုံးရှိနေပေးခဲ့ တာ၊ သူမကြောင့်သာမဟုတ်ရင် ဖန်အာအတွက် ပြီးခဲ့တဲ့နှစ်တွေက ခက်ခဲခဲ့ မှာ"
"အစ်ကို၂ဘေးမှာ ဘယ်သူမှမနေပေးခဲ့ဘူးလား" ရှီမန်လီသည် နာကျင် မှုကိုခံစားလိုက်ရသည်။
"မရှိဘူး" ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် "အတိအကျပြောရ မယ်ဆိုရင် ဖန်အာက သူ့နားကိုဘယ်သူ့ကိုမှအကပ်မခံခဲ့တာ၊ ကုန်ယိက သူ့ကို တွယ်ကပ်ခဲ့လို့ သူ့ရင်ထဲရောက်သွားတာ"
"အစ်ကို၂က ပြီးခဲ့တဲ့အချိန်တွေမှာ ဘယ်သူ့ကိုမှ အကပ်မခံခဲ့ဘူးလား" ရှီမန်လီ ပြောလေသည်။
ရှီမာယူယူ ရှီမန်ဖန်ကိုတွေ့ဆုံခဲ့သည့် အကြောင်းများကိုပြောပြရာ ရှီမန်လီ၏ မျက်လုံးများသည် နီရဲလာသည်။
"အစ်ကို၂က အဲလောက်အခက်အခဲတွေတွေ့ခဲ့ရမယ်လို့ ညီမ မသိခဲ့ ဘူး အစ်ကို၂က အမြဲသူ့ကြည့်ကောင်းတဲ့ရုပ်ကြောင့် အရှက်မဲ့တာမျိုးမဖြစ်ခဲ့ ဖူးဘူး ပုံပျက်သွာေးတာ့ ဘယ်လောက်တောင် စိတ်ညစ်သွားမလဲ..." သူမသည် ရှီမန်ဖန်၏ အခြေအနေကိုတွေးကြည့်ပြီး သူ့အတွက် စိတ် မကောင်းဖြစ်သွားသည် "သူ့ဘေးမှာအစ်မကုန်ယိရှိနေလို့ ကံကောင်းတယ်၊ မဟုတ်ရင် သူအုံ့ပုန်းနေတော့မှာ"
"အဲဒါကြောင့် အစ်မတို့ သူမကိုကျေးဇူးတင်ရမယ်" ရှီမာယူယူ ပြော လိုက်သည်။ သူမ၏ မျက်နှာအမူအရာပြောင်းကာ ပြုံးပြီးပြောလိုက်သည် "သူတို့အကြောင်းပြောရင်းနဲ့ ပြန်လာကြပြီပဲ၊ ငှက်လေးက အသည်းကွဲတောင် ကြားအပြင်ဘက်ရောက်နေပြီ ငါ သူတို့ကိုသွားကြိုလိုက်မယ်"
"ငါ မင်းနဲ့လိုက်ခဲ့မယ်" ဝူလင်းယူသည် သူမနှင့်အတူ မတ်တတ်ရပ်လေ သည်။
"ရပါတယ် အစ်ကိုက အဘိုးနဲ့အဖော်ပြုပြီး သောက်လိုက်ပါဦး" ရှီမာယူယူသည် သူ့ကိုထိုင်ခိုင်းပြီး လှည့်ထွက်ကာ အပြင်သို့ပျံလာလိုက် သည်။