အပယ်ခံကြင်ယာတော် အား ကယ်တင်ခြ...

By PannYaungChel

88.4K 6.5K 352

Started - 30 . 1 . 2022 [ Sun ] Ended - 15 .3 .2022 [ Tue] Uni ဒါ ကိုယ်ရဲ့ ပထမဦးဆုံး System Fic လေးပါ။ Sys... More

💔1💔 { U }
💔1💔 { Z }
💔2💔 { U }
💔2💔 { Z }
💔3💔 { U }
💔3💔 { Z }
💔4💔 { U }
💔4💔 { Z }
💔5💔 { U }
💔5💔 { Z }
💔6💔 { U }
💔6💔 { Z }
💔7💔 { U }
💔7💔 { Z }
💔8💔 { U }
💔8💔 { Z }
💔9💔 { U }
💔9💔 { Z }
💔10💔 { U }
💔10💔 { Z }
💔11💔 { U }
💔11💔 { Z }
💔12💔 { U }
💔12💔 { Z }
💔13💔 { U }
💔13💔 { Z }
💔14💔 { U }
💔14💔 { Z }
💔15💔 { U }
💔15💔 { Z }
💔16💔 { U }
💔16💔 { Z }
💔17💔 { U }
💔17💔 { Z }
💔18💔 { U }
💔18💔 { Z }
💔19💔 { U }
💔19💔 { Z }
💔20💔 { U }
💔20💔 { Z }
💔21💔 { Z }
💔22💔 { U }
💔22💔 { Z }
💔23💔 { U }
💔23💔 { Z }
💔24💔 { U }
💔24💔 { Z }
💔25💔 { U }
💔25💔 { Z }
💔26💔 { U }
💔26💔 { Z }
💔27💔 😘Ending😘 { U }
💔27💔😘Ending😘{ Z }

💔21💔 { U }

1.8K 164 14
By PannYaungChel

#ဇာတ်သိမ်းပိုင်း ကို မကျေနပ်ဘူး လန်ရှီးချန်!!

ကျန်းချန် အိမ်ပြန်ရောက်တာနဲ့ အ၀တ်အစားတောင် မလဲနိုင်ပဲ လွယ်အိတ်ထဲ အပယ်ခံကြင်ယာတော်အား ကယ်တင်ခြင်း Novel စာအုပ်ကို ထုတ်ကာ စာကြည့်စားပွဲထိုင်ခုံ မှာ ထိုင်ပြီး အပီအပြင် ဖတ်တော့သည်။

သူ ဇာတ်သိမ်းပိုင်းကို တအားသိချင်နေမိပြီ။ ကွေ့ဖေးက တကယ်ပဲ လန်မင်းကြီးကို သတ်လိုက်သလား။

သူဖတ်ထားရာကနေ စဖတ်ကာ ပါးပြင်တစ်လျှောက် မျက်ရည်စီးကြောင်းနဲ့ ။

<<<Novel Side>>>

နိုင်ငံတော်ပုန်ကုန်သူ စစ်သေနာပတိချုပ်နဲ့ သူ၏ အပေါင်းအပါ အားလုံးကို ဆွေစဥ်မျိုးဆက် ခေါင်းဖြတ်ကွပ်မျက်ကာ ရက်၁၀၀ တိတိ ဦးခေါင်းတွေကို မြို့ပြင်၌ ချိတ်ဆွဲထားသည်။

မိဖုရားခေါင်နဲ့ ဒုတိယမိဖုရားကိုတော့ အဆောင်အယောင်တွေ အားလုံးသိမ်းကာ နယ်နှင်ဒဏ်ပေးလိုက်သည်။

အခြေအနေတွေ အားလုံး တည်ငြိမ်အေးဆေးသွားပေမယ့် အခုချိန်ထိ ဘုရင်နေရာက  လစ်ဟင်းနေတုန်း။ လန်မင်းကြီးကလည်း ထိုပလ္လင်ထက် တတ်မထိုင်တော့၊ သို့သော် တိုင်းရေးပြည်ရေး ကိစ္စကိုတော့ သူပါ၀င်ဆွေးနွေးပေးလျက်ရှိ၏

လန်မင်းကြီး နဲ့ ကွေ့ဖေး ဆက်ဆံရေးက အက်ကွဲနေသော မှန်တစ်ချပ်ပေါ် လမ်းလျှောက်နေရသလိုပါပဲ။

၀မ်တိုင်းပြည်ကို ပြန်ချင်ပေမယ့် ငယ်လွန်းသေးသော သားတော်လေးကြောင့် လန်တိုင်းပြည်မှာ သောင်တင်နေခြင်း

အခုလည်း သားတော်လေးကို ချော့မြူနေတုန်း လန်မင်းကြီး ရောက်လာကာ နှစ်ယောက်က စကားများနေကြခြင်း ဖြစ်သည်။

ကလေးကိုတော့ အထိန်းတော်တွေ လက်ထဲ ထည့်ပေးကာ အဆောင်တော်ထဲမှ ထွက်သွားခိုင်းပြီး အခုထိ မျက်နှာထားတည်နေသော သူကို နူးညံ့ညင်သာစွာ ခေါ်ဆိုလိုက်ပြီး

ဟိုက်ခွမ်း - ကွေ့ဖေး!!

ကျိုးချန် - မခေါ်နဲ့ ကျွန်တော့်ကို ကွေ့ဖေး လို့ မခေါ်နဲ့ လန်မင်းကြီး

ဟိုက်ခွမ်း - ကိုယ်တော့်ကို ဘာလို့စိတ်ဆိုးနေတာလဲ။

ကျိုးချန် - အရှင့် ကို စိတ်ဆိုးတာ မဟုတ်ဘူး အရှင်! အရှင့်ကို စိတ်နာတာ။ ကျွန်တော့် အသွေးအသားထဲကနေ ကို စိတ်နာတာ။

ဟိုက်ခွမ်း - ကိုယ်တော် တောင်းပန်ပါတယ် အရာရာ အတွက်!

ကျိုးချန် - တောင်းပန်ရုံနဲ့ အရာအားလုံးက အသစ် ပြန်ဖြစ်မလာဘူး။ ကျွန်တော့် အစ်မတော် က နတ်ရွာစံရာကနေ ပြန်နိုးထလာမှာ မဟုတ်ဘူး အရှင်!

ဟိုက်ခွမ်း - ကွေ့ဖေး အစ်မတော် အတွက် ကိုယ်တော် စိတ်မကောင်းပါဘူး။ ကိုယ်တော် ဘယ်လို လုပ်ပေးမှ ကွေ့ဖေး စိတ်ဆိုးပြေနိုင်မလဲ။

ကျိုးချန် - အရှင် သေသွားရင် ကျွန်တော် စိတ်ဆိုးပြေမယ် ထင်တယ်။ ကျွန်တော့် အစ်မတော် အတွက်ရော ကျွန်တော့် အတွက်ရော!

ဟိုက်ခွမ်း - ကောင်းပြီ ကိုယ်တော် ကွေ့ဖေး ရှေ့မှာတင် သေပေးပါမယ်။

လန်မင်းကြီးဟာ ဘေးနားက ဓားကို ယူ၊ ဓားအိမ်ထဲမှ ဓားကို ထုတ် သူရဲ့ ၀ဲဘက်ရင်အုံပေါ်သို့ တစ်ဆစ်ချင်း ထိုးသွင်းလိုက်သည်။

ဒါကိုပဲ ကွေ့ဖေးဟာ မမှိတ်မသုန်စိုက်ကြည့်နေသည်။

ဟိုက်ခွမ်း - ကိုယ်တော် မင်းကို အရမ်းချစ်တာကိုတော့ ယုံကြည်ပေးပါ။

ကျိုးချန် - အရမ်းချစ်တဲ့ ချစ်သူတွေက သူတို့ရဲ့ ချစ်သူကို သတ်ဖို့ မကြံစည်ဘူး။

ဟိုက်ခွမ်း - ကိုယ် မင်းကို ဘယ်တုန်းကမှ မသတ်ခဲ့ပါဘူး။

ကျိုးချန် - အဟက်  မသတ်ခဲ့ဘူးတဲ့။ အမာရွတ်တောင်မပျောက်သေးတာကို အရှင် မို့ ဟာသပြောနေသေးတယ်။

ကျိုးချန် ဒေါသထွက်စွာ ဓားရိုးကိုင်ထားသော ဟိုက်ခွမ်းလက်ကို ဆုပ်ကိုင်ပြီး တဆုံးထိ ထိုးချလိုက်သည်။

ဇွတ်!!!

ဟိုက်ခွမ်း - အဟွတ်!

ထိုးစိုက်ထားသော ဓားကို ပြန်ဆွဲနှုတ်လိုက်တော့ သွေးတွေဟာ ပန်းခနဲ! သွေးစက်တွေဟာ ကျိုးချန် ရဲ့ မျက်နှာတော်ကိုလည်း စင်သွားလေရဲ့....

လန်မင်းကြီးကတော့ ချစ်ရသူကို အပြစ်တစ်ခွန်းမှ မဆိုပဲ ပြုံးကာ ခွင့်လွှတ်သွားလေသည်။

တည်တင်းနေသော ကျိုးချန် ရဲ့ မျက်နှာထက်၀ယ် ၀မ်းနည်းခြင်း မိုးတိမ်တွေ အုံ့ဆိုင်းနေသည်။

ကိုင်ထားသော ဓားသွားထက်မှ သွေးစက်တွေဟာလည်း တတောက်တောက် နဲ့ ကြမ်းပြင်ထက်၀ယ်

ကျိုးချန် အောက်နှုတ်ခမ်းကို ခပ်နာနာကိုက်ထားပြီး အသက်ဝိဥာဥ်မဲ့နေသော သူရဲ့ အလောင်းကိုသာ စိုက်ကြည့်နေမိသည်။

အဲ အဲ ! ဗြဲ!!

ဂျိန်း*** ခြိမ်း**

အပြင်ဘက်က ကလေးငိုသံအပြင် ကောင်းကင်တစ်ခုလုံး လျှပ်ပန်းလျှပ်နွယ်တွေ ယှက်ဖြာကာ မိုးသားတိမ်လိတ်တွေက တရိပ်ရိပ် တတ်လာသည်။

၀ှီး ၀ှီး

လေတွေကလည်း ခပ်ပြင်းပြင်းတိုက်ခတ်လာသည်။ ရုတ်ချည်း ခက်ထန်လာသော ရာသီဥတု အခြေအနေကြောင့် အားလုံး ၀ရုန်းသုန်းကား ကို ဖြစ်လို့၊

နန်းတွင်းနဲ့ နတ်နန်းဆောင်အတွင်းမှ နတ်ဆရာမကြီးအနား မိုးပြာရောင် လိပ်ပြာလေးက တဝဲလည်လည် နဲ့

- မင်းကြီး ကျွန်တော်မျိုးမကို လာနှုတ်ဆက်တာမလား။ မင်းကြီး ကောင်းရာဘုံဘ၀ ရောက်ပါစေ လို့ ကျွန်တော်မျိုးမ ဆုတောင်းပေးပါတယ်။

ပျံသန်းသွားသော လိပ်ပြာလေးကို ကြည့်ကာ နတ်ဆရာမကြီး က မျက်ရည်တွေကို သုတ်ဖယ်လိုက်သည်။

နန်းတော်အတွင်း အဖြူရောင်တွေ လွှမ်းခြုံလို့ နတ်ရွာစံသွားသော လန်မင်းကြီးရဲ့ စျာပနာပွဲကို ကွေ့ဖေး နဲ့ သားတော်လေးမှ အပ ကျန်သူတွေ အကုန် လိုက်လံပို့ဆောင်ကြသည်။

လူအများကတော့ ကွေ့ဖေး စိတ်ထိခိုက်တဲ့ အတွက် လိုက်ပါမပို့ဆောင်တာလို့ ထင်နေကြခြင်း၊ အနီးကပ်နေတဲ့ လူတွေကတော့ ကွေ့ဖေး က အရမ်းကို ရက်စက်လွန်းတယ်လို့  ထင်နေကြသည်။

နှစ်ယောက်လုံးသား တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေ လွှဲမှားခဲ့တော့ အချစ်ရေးက မလှမပသော ပန်းချီကား တစ်ချပ်လို ဖြစ်သွားခဲ့ရလေသည်။

ဇာတ်သိမ်းပိုင်း ဖတ်ပြီး ကျန်းချန် ရင်ထဲ တနုံ့နုံ့နဲ့၊ ဒါ မဖြစ်သင့်ဘူးမလား။ တစ်စုံတစ်ခုမှားယွင်းနေသေးတယ်။ စာရေးဆရာ တစ်ခုခု လိုနေသေးတယ်။ ကြင်ယာတော်ကို တကယ်ပဲ မင်းကြီး က သတ်ခိုင်းတာလား။

ကျန်းချန် - ဘာတုန်းဟ စာရေးဆရာက လူကို အတွေးများစေတယ်!!

ကျန်းချန် လိုင်းပေါ်တတ်ကာ Gp  ထဲမှာ Post တစ်ခု တင်လိုက်သည်။ *ငါ တကယ်မသိလို့ မေးချင်တာ တစ်ခုရှိတယ်။  ငါအခု အပယ်ခံကြင်ယာတော်အား ကယ်တင်ခြင်း Novel ကို ဖတ်ပြီးပြီ။ ကွေ့ဖေး ကို တကယ်ပဲ လန်မင်းကြီး က သတ်ခိုင်းတာလား။ ဇာတ်ကား Link ရှိရင် ပေးပါအုံး ငါ ကြည့်ချင်လို့*

post တင်ပြီး မကြာ

1 - မှန်တယ် လန်မင်းကြီးက ကွေ့ဖေး ကို သတ်ခိုင်းခဲ့တာ။

2 - ဟုတ်တယ်လေ သူက သူ့ရင်သွေး ပျက်ကျသွားလို့ ကွေ့ဖေး ကို အပယ်ခံအဆောင်ပို့လိုက်တာ။

3 - လန်မင်းကြီးက တအားရက်စက်တာ။ ဇာတ်သိမ်းပိုင်းကို အရမ်းသဘောကျတယ်။

4 - ရော့ ဒါက ဇာတ်ကားလင့်! Novel နဲ့ တစ်ခြားဆီ ဆိုပေမယ့် ကြည့်လို့တော့ ကောင်းပါတယ်။

တတ်လာသော မန့်တွေကို ကြည့်ပြီး ကျန်းချန် အလိုမကျပေ။ လန်မင်းကြီး က သူ့ကွေ့ဖေး ကို တအားချစ်တာ သူ သတ်ပါ့မလား။

ဒေါက်!ဒေါက်!ဒေါက်

- သားအားချန်  အောက်ထပ်မှာ ဧည့်သည်ရောက်နေလို့ ခနဆင်းခဲ့အုံး

ကျန်းချန် - လာပြီ မား!

အမေဖြစ်သူကို ပြန်အော်ပြောလိုက်ပြီး ထိုင်နေရာမှ ထကာ အောက်ထပ်ကို ဆင်းလာလိုက်သည်။

အောက်ထပ်လိုက်တော့ တွေ့လိုက်ရတဲ့ အမျိုးသား၃ယောက်။ ဘာတုန်း အကြွေးရှင်တွေလား။ ပါး က ဘယ်ကနေ အကြွေးယူထားတာလဲ။

- သား အားချန် လာထိုင်

ကျန်းချန် ထိုင်ခုံပေါ်မှာ ၀င်ထိုင်လိုက်တာနဲ့ တစ်ဖက်လူ ၃ယောက်ထဲမှ အလယ်က တစ်ယောက်က ပြုံးပြလာသည်။

ဒါသေချာပေါက် အကြွေးရှင်ဘက်က ရှေ့နေပဲ။

- သား အားချန် ဒီလူတွေက

ကျန်းချန် - အကြွေးရှင်တွေမလား။ ပါး ! ပါး ကုမ္ပဏီက အခြေအနေတွေ ကောင်းနေတာကို ဘာလို့ အကြွေးယူရတာလဲ။

ကျန်းချန် က ထိုသို့ပြောတော့ တစ်ဖက်က လူ၃ယောက်ထဲက မျက်နှာသေနဲ့ လူက စူးစူးရဲရဲ စိုက်ကြည့်လာပြီး ခနက ပြုံးပြသော သူမှာ မပြုံးနိုင်ချေ။ နောက် အသက်ခပ်ကြီးကြီး လူကြီးကတော့ ရှုတည်တည်နဲ့

ဒေါက်!

ကျန်းချန် - အ့! မား

- ဘယ်က အကြွေးရှင်ရမှာလဲ။ ဒါ မားတို့ရဲ့ အသိမိတ်ဆွေ၊ သူတို့ အခု ရှန့်ဟိုင်းကို ပြောင်းလာကြတာ။ အဲ့တာ မားတို့က ညစာဖိတ်ကျွေးတာမို့ ရောက်လာတာ

ကျန်းချန် - နို့ သိမှ မသိပဲ ရုပ်တွေက ခပ်တည်တည်တွေဆိုတော့ အကြွေးရှင်တွေ မှတ်နေတာ

- သား အစား တောင်းပန်ပါတယ် အစ်ကိုချီရန်

- ရပါတယ်။

- ရှီးချန် ရဲ့ Novel ကို ပြန်ရိုက်ထားတဲ့ကား ကြည့်လိုက်မိတယ်။ တကယ်ကောင်းတယ် သိလား။

ရှီးချန် ဆိုတဲ့ အမည်ကြောင့် ကျန်းချန် ခေါင်းလေးထောင်ပြီး ရှေ့ကလူကို ကြည့်ပြီး သူများလားဆိုပြီး စဥ်းစားကြည့်ပေမယ့် မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ခေါင်းခါလိုက်သည်။

ရှီးချန် - အား ကျေးဇူးတင်ပါတယ် ဦးလေးကျန်း။ ဒီက ညီလေးရော စာဖတ်တာ ဝါသနာ ပါရင် အစ်ကို့ရဲ့ စာအုပ်တိုက်ကို လာလည်လို့ရတယ်နော်။

ကျန်းချန် - ဘယ်တိုက်လဲ

ရှီးချန် - လန်ဟွား စာအုပ်တိုက်။ အစ်ကို အမည်က လန်ရှီးချန် ပါ

ကျန်းချန် - လန်...လန်ရှီးချန် ဒါဆို အပယ်ခံကြင်ယာတော်ကို ရေးတဲ့ သူလား

ရှီးချန် - ဟုတ်ပါတယ်။

ဖြန်း!!!

ကျန်းချန် ရှေ့က စားပွဲခုံကို လက်နဲ့ ရိုက်ချလိုက်ပြီိး ထိုင်နေရာမှ ထကာ

ကျန်းချန် - အဲ့စာအုပ်ကို အခုလေးတင် ကျွန်တော်ဖတ်ပြီးပြီ။ ကွေ့ဖေး ကို မင်းကြီးက တကယ်ပဲ သတ်ခိုင်းတာလား ကျွန်တော် သိချင်တယ်။ အဲ့တာကို ခင်ဗျား မဖော်ထုတ်ထားဘူး။

ရှီးချန် - ကိုယ် အရိပ်အမြွတ်တွေ ဖော်ပြထားပါတယ်။ Novel ထဲမှာ

ကျန်းချန် - ဘယ်နားမှာ ဖော်ပြထားလို့လဲ။ ကျွန်တော် ကိုယ်တိုင် ဇာတ်လမ်းထဲ ရောက်သွားပေမယ့် အဲ့အကြောင်းကို မသိခဲ့ရဘူး။ 

- အားချန်! ထိုင်စမ်း! လူကြီးတွေ ရှိနေတာကို။

ကုန်းကုန်းကွကွ နဲ့ အရှေ့က လူကို ရန်ထောင်နေသူကြောင့် ကျန်းဖုန်းမြန် တားလိုက်ရသည်။ ဘယ်လောက်တောင် အိန္ဒြေမရှိလိုက်ခြင်းလဲ။

ကျန်းချန် သူ့ကို နဂါးမျက်စောင်းနဲ့ ကြည့်နေသော အမေဖြစ်သူကြောင့် ပြန်ထိုင်လိုက်သည်။ သူ လန်ရှီးချန် ကို ကျေနပ်သေးတာ မဟုတ်ဘူး။ မေးစရာတွေ ရှိသေးတယ်။ အများကြီး အများကြီး ရှိသေးတယ်။

ညစာစားသောက်ပြီး လန်ချီရန် တို့ ပြန်တော့ ကျန်းချန် ရှီးချန်အနား ကပ်ကာ ဖုန်းနံပါတ်တောင်းလိုက်ပြီး Wechart ပါ အပ်လိုက်သည်။

အဟင်း ဒီညတော့ ခင်ဗျားကို ကျွန်တော် ဘယ်လို ရစ်မလဲ စောင့်ကြည့်ထား!

ည ၈ နာရီထိုးတော့ ကျန်းချန် လိုင်းပေါ်တတ်လိုက်သည်။ Wechart ထဲ ၀င်ကာ မီးစိမ်းနေသော လန်ရှီးချန် Acc ကို သွားပြီး စကားသွားပြောလိုက်သည်။

🦁 hi ကျွန်တော် ကျန်း၀မ်ရင်

🐰 အင်း ပြောပါ အားချန်

🦁 ကျွန်တော် အပယ်ခံကြင်ယာတော်အား ကယ်တင်ခြင်း ဇာတ်လမ်းအကြောင်း ဆွေးနွေးချင်လို့

ဟမ်! ဒီကောင်လေး မပြီးနိုင်သေးဘူးလား။ သူ ဘာတွေများ မကျေနပ်နေတာပါလိမ့်။

🐰 ဟုတ်ပါပြီ ပြောပါ

🦁 ပြောတော့ ကွေ့ဖေး က လန်မင်းကြီး ကို အရမ်းချစ်တာဆို။ အာဆို ဘာလို့ သတ်ပစ်ရတာလဲ။ ဘာလို့ ခွင့်မလွှတ်ပေးတာလဲ။ သူတို့မှာ ရင်သွေးလည်း ရှိနေတာကို

🐰 အချစ်ကြီးလို့ အမျက်ကြီးသွားတာပေါ့။

🦁 မင်းကြီးက ကွေ့ဖေး ကို အရမ်းချစ်တာကို။

🐰 အားချန်မှာ ချစ်သူရှိလာရင် သိလိမ့်မယ်။

🦁 ချစ်သူ

ဖုန်းစခရင်မ်ထက်ကို ကြည့်နေရင်း ကျန်းချန် ငေါင်သွားသည်။ ချစ်သူ တဲ့ အမည်လောက က လူမဟုတ်ပဲ ဇာတ်လမ်းထဲက လန်မင်းကြီးကို သူချစ်မိသွားတယ် ဆိုတာ ပြောပြလိုက်ရင် လန်ရှီးချန် ဘာ​ပြန်ပြောလောက်မလဲ။

🐰 အိပ်ပျော်သွားတာလား။

🦁 မအိပ်ပါဘူး။ ဘာပဲ​ပြောပြော ခင်ဗျား ရဲ့ ဇာတ်သိမ်းပိုင်းကို ကျွန်တော်မကျေနပ်ဘူး လန်ရှီးချန်

🐰 ဟားဟား မကျေနပ်တော့ ကလေး က ဘာလုပ်ချင်တုန်း။

🦁 ခင်ဗျားလည်း ချစ်ရသူနဲ့ ကွေ့ကွင်းပါစေ! အောက်ထပ်ရောက်ပါစေ လို့ ကျွန်တော်ဆုတောင်းပေးတယ် သိလား။ ဒါပဲ

တစ်ဖက်ကရောက်လာသော စာကိုဖတ်ပြီး ရှီးချန် အားရပါးရ ရယ်လိုက်မိသည်။ ဒီကောင်လေးကွာ!

ရှီးချန် သူရဲ့ Gp ထဲ ၀င်ကာ post တင်လိုက်တော့ မကြာပါဘူး ကျန်း၀မ်ရင်ဆိုတဲ့ ကောင်လေးရဲ့ မန့်တွေက အများကြီးတတ်လာသည်။

သူမန့်တွေ ထိုင်ဖတ်ပြီး ကိုယ်ရေးထားတဲ့ ၀တ္ထုကို ပြန်တောင်သွားဖတ်ရမဲ့ကိန်း

ဒီကောင်လေး တကယ်ချက်ချလက်ချ ပြောတတ်သားပဲ။ နောက်ရက်မှ Extra အပိုင်းအနေနဲ့ တစ်ပိုင်းလောက်ရေးပေးအုံးမယ်။
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔😘😘😘😘😘😘😘😘😘😘😘😘😘😘🙁😘😘😘😘😘ကိုယ့်ဟာက ဘာတွေဖြစ်ကုန်တာလဲ🙂🙂🙂🙂🙂🙂 System လို့လည်း ခေါင်းစဥ်တပ်မရ၊ Time Travle လို့လည်း ခေါင်းစဥ်တပ်မရနဲ့ အဆင်ပြေနေချက်ကြီး😖😖😖😖😖😖😖😖😖😖😖😖😖😖😖

Continue Reading

You'll Also Like

767K 96.7K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
64.2K 9.8K 100
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...
463K 48.5K 169
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
187K 20.5K 100
ဘာသာပြန်သူ - စွဲညို့အသင်း