Saw Nay Say's Travel Blogger...

By moewathane

1.5M 140K 14.6K

#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော... More

Author Note 📌
Description
အပိုင်း { ၁ }
အပိုင်း { ၂ }
အပိုင်း { ၃ }
အပိုင်း { ၄ }
အပိုင်း { ၅ }
အပိုင်း { ၆ }
အပိုင်း { ၇ }
အပိုင်း { ၈ }
အပိုင်း { ၉ }
အပိုင်း { ၁၀ }
အပိုင်း { ၁၁ }
အပိုင်း { ၁၂ }
အပိုင်း { ၁၃ }
အပိုင်း { ၁၄ }
အပိုင်း { ၁၅ }
အပိုင်း { ၁၆ }
အပိုင်း { ၁၇ }
အပိုင်း { ၁၈ } 🌚🚫
အပိုင်း { ၁၉ }
အပိုင်း { ၂၀ }
အပိုင်း { ၂၁ }
အပိုင်း { ၂၂ } 🔞🚫
အပိုင်း { ၂၃ }
အပိုင်း { ၂၄ }
အပိုင်း { ၂၅ }
အပိုင်း { ၂၆ }
အပိုင်း { ၂၈ }
အပိုင်း { ၂၉ }
အပိုင်း { ၃၀ }
အပိုင်း { ၃၁ }
အပိုင်း { ၃၂ }
အပိုင်း { ၃၃ }
အပိုင်း { ၃၄ }
အပိုင်း { ၃၅ }
အပိုင်း { ၃၆ }
အပိုင်း { ၃၇ }
အပိုင်း { ၃၈ }
အပိုင်း { ၃၉ }
{ အပိုင်း ၄၀ } ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ💓
စာအုပ်ထပ်တိုးထုတ်ဝေခြင်း

အပိုင်း { ၂၇ }

26.1K 2.7K 193
By moewathane

Unicode ။

" လုံဝမ်ရွာတပ်ခေါင်းဆောင်..ဦးဆောင်သူ စောနေစေး ဆိုရင်မင်းတို့ရဲ့သောက်ရေးမပါတဲ့ ဒီခြံစည်းရိုးကိုဖွင့်ပေးဖို့လုံလောက်လား!! "

" ဦး...ဦးဆောင်သူ!"

အစောင့်တွေအားလုံး ဦးဆောင်သူဆိုတဲ့နာမနဲ့အတူ နေစေးရဲ့ခက်ထန်တဲ့မျက်နှာကိုတွေ့သွားချိန်မှာ သူတို့လုပ်လိုက်မိတဲ့အမှားအတွက် အရိုးထဲထိအောင်ကြောက်ရွံ့မှု့ကိုခံစားသွားရသည်။ သူတို့လက်ထဲက သေနတ်တွေကိုချက်ချင်းပင်ရုတ်သိမ်းကာ။

" ကျုပ်..ကျုပ်တို့တောင်းပန်ပါတယ် ဦးဆောင်သူခင်ဗျ "

ပြောပြီးနောက် အစောင့်တွေက ချက်ချင်းဂိတ်ထဲကိုဖွင့်ပေးလိုက်သည်။

" ကျုပ်တို့ ကူးရယ်ဆီလမ်းပြပေးပါ့မယ် "

" မြန်မြန် !! ... ကျုပ်အချိန်မရှိဘူး !"

" ဟုတ်ကဲ့ခင်ဗျ "

ထိုသို့နှင့် အစောင့်တစ်ယောက်ဟာ သူတို့ဘေးမှာအသင့်ရှိနေတဲ့ သုံးဘီးဆိုင်ကယ်ပေါ်တတ်ကာရှေ့ကနေမောင်းပြီးလမ်းပြသည်။ နောက်မှာ မြင်းကိုယ်စီနဲ့လိုက်လာတဲ့ နေစေးတို့အဖွဲ့ကိုကြောက်ရွံ့လျှက်ပေါ့။

သူတို့လိုအောက်ခြေတပ်သားတွေအတွက်မပြောနှင့် ကူးရယ်လိုနယ်မြေတစ်ချို့ဦးဆောင်မှု့ရှိနေတဲ့လူမျိုးကတောင် ဦးဆောင်သူကိုလျှင်ဖိန့်ဖိန့်တုန်အောင်ကြောက်ရွံရိုသေရတယ်ဆိုတာ မသိသူမရှိပေ။ ဦးဆောင်သူဟာ သူ့ရဲ့ လုံဝမ်ရွာကထွက်လာပြီးအပြင်လောကမှာလျှောက်သွား​ခြင်းလည်ပတ်တာမရှိသည့်အပြင် သူ့အားမြင်ဖူးသူတွေလည်းရှားပါးသည်။ ဒါ့ကြောင့်မို့ အစောင့်တွေလည်းတစ်ခဏအသိလွတ်သွားရခြင်းဖြစ်သည်။

________________________

" ကူးရယ်.... ဗျို့ ကူးရယ်! "

" ဝေ့... ဘယ်သူကြီးတုန်း ကျုပ်အထဲမယ်ရှိပါ့ "

အစောင့်ရဲ့အော်သံက ကူးရယ်နဲ့အိမ်အနီးပက်ဝန်းကျင်မှာရှိတဲ့တပ်သားအိမ်တွေပင်စပ်စု၍ထွက်ကြည့်စေသည်။ ရွာထဲမှာရှိတဲ့ အိမ်ခြေတွေအားလုံးက တပ်သားအိမ်ခြေတွေမို့ အစောင့်တစ်ယောက်ရဲ့နောက်တွင် မြင်းကိုယ်စီ၊လက်နက်အပြည့်နဲ့လိုက်လာတဲ့ နေစေးတို့လူစိမ်းလူအုပ်ကြီးကိုတွေ့တဲ့အခါ ကူးရယ်တပ်သားတွေက နေစေးတို့အဖွဲ့အားအချိန်မရွေးတိုက်ခိုက်မယ့်ပုံစံမျိုးနဲ့တင်းမာတဲ့အခြေအနေနဲ့ကြည့်နေသည်။

ဦးကြီးကူးရယ် သည် အစောင့်ရဲ့အော်သံကြောင့်သူ့အိမ်အပေါ်ထပ်ကနေအောက်သို့ဆင်းလာပြီး ခြံရှေ့ကိုကြည့်လိုက်သည်။ထိုအခါ အစောင့်ကသူ့သုံးဘီးကိုရပ်လိုက်ပြီး။

" ဒီမှာ ဧည့်သည်တွေပါလာတယ်ဗျို့ "

" ဘယ်သူတုန်းကွ "

ပြောရင်းဆိုရင်း ဦးကြီးကူးရယ်က ခြံပြင်ထွက်လာတာကြောင့် လူအများအုပ်စုကိုတွေ့တဲ့အခါ မျက်မှောင်အနည်းကျုံ့ပြီးသူ့အနေအထားနဲ့တင်းမာတဲ့ပုံစံလိုလုပ်လိုက်ပေမယ့် ရှေ့ဆုံးမှာမြင်းရပ်ထားတဲ့လူကိုတွေ့သွားချိန်မှာတော့ ဦးကြီးကူးရယ်မျက်နှာမှာမယုံကြည်နိုင်တဲ့အံအားသင့်မှု့တွေထင်ပေါ်လာသည်။

" ဦးဆောင်သူ "

" ကူးရယ်မှတ်မိနေသေးတာပဲ "

" ဟုတ်တာပေါ့ဗျာ ဒီလူအိုကြီးရဲ့မှတ်ဉာဏ်ကကောင်းပါသေးတယ် "

ထိုသို့ပြောပြီးနောက် ဦးကြီးကူးရယ်က နေစေးရင်ခွင်မှာဒဏ်ရာ​တွေနဲ့အိပ်ပျော်နေတဲ့ ခွန်စိုင်းဆီအကြည့်အရောက်မှာ နေစေးကိုပြန်ကြည့်လာသည်။နေစေးက ပြောလာသည်။

" ရုတ်တရက်ကြီးကျုပ်တို့ရောက်လာတာကို ကူးရယ်စိတ်မရှိဘူးလို့မျှော်လင့်ပါတယ်။ "

" အို့ ဘယ့်နှယ့် ကျုပ်ဖြင့်ဝမ်းသာရဦးမှာ​​ရော်။ "

ဦးကြီးကူးရယ် ရှေ့ကနေလမ်းပြတဲ့နောက် နေစေးနဲ့ကျန်လူအားလုံးက မြင်းပေါ်ကအားလုံးဆင်းကြသည်။ နေစေးကိုယ်တိုင်လည်း ခွန်စိုင်းကိုပွေ့ကာ မြင်းပေါ်ကဆင်းပြီးနောက်။

" ကူးရယ် ကျုပ်ဧည့်သည်လေးနဲ့ ကျုပ်ရဲဘော်တစ်ယောက်ဒဏ်ရာရသွားတယ်.. ဦးဆုံးဆေးဆရာခေါ်ပေးနိုင်မလား။ "

သူစိမ်းတွေဆိုလျှင်ခပ်တန်းတန်းဆက်ဆံပြီးစကားအပိုအလိုမပြောတတ်တဲ့ နေစေးဟာ အခုချိန်မှာလည်း သူ့စကားဟာအမိန့်အဖြစ်သာသက်ရောက်၏။

" ကျုပ်အခုခေါ်ပေးပါ့မယ်။ ဝေ့ မော်မြာ ဒီမယ် ဧည့်သည်ကိုအိမ်ပေါ်ခေါ်သွားပေး၊ နင့်တူလည်းပါတယ်ရော် "

" အိုး၊ ခွန်စိုင်းလေးပါလားတော့်၊ ကြွပါ "

နေစေးက သူ့ကိုတရိုတသေပြောနေတာကိုတားလိုပေမယ့် လတ်တလောမှာတော့အဲ့တာတွေဟာ ခွန်စိုင်းရဲ့လက်ရှိအခြေအနေလောက်ပင် အရေးမကြီးသေးတာကြောင့် သူမတားဖြစ်တော့ပဲ အိမ်အပေါ်သို့တတ်လာခဲ့သည်။

အိမ်ပေါ်ရောက်သောအခါ ထရံကန့်လိုက်ကာထားသောအခန်းတစ်ခုရှိ၏ ထိုအခန်းငယ်တွင် ယက်ဖြာတစ်ချပ်ခင်းထားပြီးခေါင်းအုံးအမာတုံးတစ်ခုရှိနေသည်။ နေစေးသည် နာကျင်မှု့ကြောင့်သတိမေ့နေသော ခွန်စိုင်းကို ထိုအိပ်ရာထပ်ဖြေးညှင်းစွာချထားလိုက်၏။

" ဘယ်လိုဖြစ်ရတာလဲ လူလေးရယ်။ ကြည့်ပါဦး ဒဏ်ရာတွေချည်းရော်။ "

ဒေါ်လေးမော်မြာရဲ့စိတ်ပူစွာမချိတင်ကဲရေရွတ်စကားသံက နေစေးကိုအပြစ်မတင်သော် ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်။ ဒီလူကြီးလေးက ဒီအရပ်ကနေသူ့ဆီရောက်လာစဥ်က ပျော်ရွင်စွာပြုံးတတ်တဲ့လူတစ်ယောက်ပါလေ။ အခုအခါ သူတို့ဆီပြန်လာချိန်မှာ ဒီလိုဖြစ်ပုံနဲ့ပြန်တွေ့ရတော့ ဘယ်သူမစိုးရိမ်ပဲရှိပါ့မလဲ။

နေစေးသည် ခွန်စိုင်းရဲ့လက်ကလေးကိုဆုတ်ကိုင်ကာ မျက်နှာလေးအားဆွေးမြေ့စွာကြည့်လျှက်။

" ကျုပ်တို့လမ်းခုလတ်မှာတိုက်ပွဲအသေးစားကြုံခဲ့ရလို့ပါ။ "

" ဒါ့ကြောင့်ကိုး။"

" ကျုပ်ဆေးဆရာလိုတယ်။ "

" အေးကွယ်။ ခဏနော့ "

ပြောပြီးနောက် ဒေါ်လေးမော်မြာအပြင်ပြန်ထွက်သွားသည်။ အိပ်ခန်းငယ်ထဲတွင် ခွန်စိုင်းနဲ့ နေစေးပဲကျန်ရှိနေခဲ့၏ ခွန်စိုင်းသည် သူ့ရင်ဘတ်နဲ့နာကျင်မှု့တစ်ချို့ကြောင့်တစ်ခါတရံမျက်မှောင်ကြုံ့လျှက်ညီးညူသံသဲ့သဲ့ထွက်လာ၏။ ထိုသို့ ခွန်စိုင်းပုံကိုကြည့်ရတာ နေစေးမခံစားနိုင်သူသာလျှင် အစားခံလိုက်ရချင်သည်။

" စကားလုံးပေါင်းများစွာရှိနေရင်တောင် ကျုပ်ရဲ့အသုံးမကျမှု့ကိုတောင်းပန်စကားပြောဖို့ရာတတ်နိုင်တာမရှိပါဘူး။ ခင်ဗျားလေးနိုးလာရင်ကျုပ်ကိုအပြစ်မတင်ဖို့ထက် ကျုပ်ကိုမမုန်းဖို့သာမျှော်လင့်ပါရဲ့။ "

နေစေးရဲ့နာကျင်စွာတီးတိုးရေရွတ်မှု့ကိုတုန့်ပြန်ချင်ပေမယ့် လက်တစ်ချောင်းတောင်လှုပ်မရတဲ့ ခွန်စိုင်းမှာစိတ်ထဲကနေသာ တုန့်ပြန်စကားဆိုမိပါ၏။

* ကိုယ်ဒီလောက်ချစ်တာ မင်းကိုဘယ်လိုမုန်းရက်နိုင်ပါ့မလဲအက်ဒွက်ရယ်။ *

.............

အောက်ထပ်မှာ ဦးကြီးကူးရယ်တစ်ယောက် သူ့လူတွေကိုဆေးဆရာပင့်ဖို့အတွက် အလောတကြီးပြင်နေရသည်။

" ဝေ့ ငပု သွား..ဆယ်ရွာက ဆေးဆရာကိုသွားပင့်ခဲ့ချည်။ ပြီးရင် တပ်သားငယ်တွေအိပ်ဖို့စီစဥ်ထား။"

" ဟုတ်ကဲ့ကူးရယ် "

ဦးကြီးကူးရယ်က သူ့အဖွဲ့သားတွေအတွက်စီစဥ်ပေးနေတာကြောင့် ဘွား က ဦးကြီးကူးရယ်စီစဥ်လို့ပြီးတဲ့အထိရပ်စောင့်ပေးနေသည်။ ဒါက အိမ်ရှင်အပေါ်ထားတဲ့သူတို့ရဲ့လေးစားသမှု့သဘောထားပင်။

ဒါ့အပြင် လက်ရှိမှာနေစေးရဲ့စိတ်အခြေအနေမကောင်းတာကြောင့် တစ်စုံတစ်ရာထပ်ပြီး နေစေးကိုစိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် ရလဒ်ကောင်းမှာမဟုတ်တာသိနေတာမို့ အစစအရာရာ ဘွား ဂရုစိုက်နေရသည်။ ဘွား သည် အဖွဲ့သားတွေကိုအိမ်ရဲ့ပတ်ပတ်လည်မှာကင်းစောင့်ဖို့စီစဥ်ခိုင်းထားပြီးတာနှင့် မော့ လက်ကိုကိုင်ရင်း ဦးကြီးကူးရယ်နဲ့အတူအိမ်ပေါ်တတ်လာတော့ မော့ က သူ့လက်ကိုပြန်ရုန်းသော်လည်း ဘွား လွတ်လိုက်ဖို့စိတ်ကူးမရှိပေ။

ဒီဂျစ်ကန်ကန်အဆိုးလေးက အနုနည်းသုံးလို့မရတာ ဘွား သိသည်လေ။

လက်ရှိမှာ မော့ လက်မောင်းကဒဏ်ရာဟာလည်းသွေးထွက်လွန်ထားတာကြောင့်စိုးရိမ်စရာပင်။ အိမ်ရှေ့ဧည့်ခန်းရှေ့တွင်အားလုံးဝိုင်းစုထိုင်နေရာအနက် ကူးရယ်မှာ ဖြစ်စဥ်ကိုသိလိုသော်လည်း လက်ရှိမှာ ခေါင်းဆောင်တွေရဲ့စိုးရိမ်ပူပန်မှု့နဲ့မေးဖို့သင့်တော်တဲ့အချိန်မဟုတ်သေးတာကြောင့် ဒီအခြေအနေမှာ တိတ်ဆိတ်လျှက်ရှိသည်။ ကူးရယ် ဘေးမှာထိုင်နေတဲ့ ဘွားသည် မော့ ကို သူ့အနားမှာပင်ထားကာ ဆေးဆရာမလာခင်မှာ တတ်ကျွမ်းသလောက် ဒဏ်ရာကုသပေး၍နေ၏။ ဒီလို ကျဥ်ဆံမှန်ဖူးတဲ့ဒဏ်ရာတွေနဲ့ရင်းနှီးဖူးသော မော့ မှာ အထွေအထူးခံစားမနေ။ နာကျင်မှု့ကိုအံကြိတ်ခဲ၍သာ တောင့်ခံနေ၏။

သို့သော် ချစ်ရသူနာကျင်ခံစားနေရတာကို မကြည့်ရက်နိုင်သူမှာ ဘွား ပင်။

" အရမ်းနာနေလား? "

" ရတယ် "

" ကျုပ်ဒီအဝတ်စဖြည်မယ် နာရင် ကျုပ်လက်ကိုတွန်းလိုက် "

" အဆင်ပြေတယ်ရော်!.. လုပ်စရာရှိတာလုပ်! "

ထိုသို့သာပြောနေတယ် မော့ နားထင်စပ်မှာ ချွေးစတို့အပြည့်။ ဒါကသူဘယ်လောက်နာကျင်နေလဲဆိုတာပင်ဖြစ်သည်။ ဘွား သည် မော့ လက်မောင်းမှာချည်ထားတဲ့အဝတ်တို့ကိုဖြည်ကာ ရေနွေးပူပူဖြင့် အဖန်ရေဆေးပေးထားလိုက်၏။ ထိုအချိန်မှာ အခန်းထဲရှိ ခွန်စိုင်းသည်လည်း သူ့ဒဏ်ရာကြောင့်သတိမရတစ်ချက် ရတစ်ချက်နဲ့ နာကျင်စွာညီးတွားနေတော့သည်။ ခွန်စိုင်းရဲ့ညီးတွားသံတစ်စတစ်စကျယ်လာလေ နေစေး ပိုပို၍စိတ်ပူလွန်ကဲလာလေဖြစ်လာသည်။

" အ့... အမေ၊...နာ..တယ် "

တစ်လုံးချင်းရေရွတ်စွာတီးတိုးညီးသံလေးဟာ နေစေးအတွက်တော့ နှလုံးသားဆီကသွေးစက်စက်ယိုနေသလိုနာကျင်လှပါ၏။ ချစ်ရသူကနာကျင်နေပြီ ခေါ်ထားတဲ့ဆေးဆရာကမလာသေးတာကြောင့် အက်ဒွက်စိတ်တိုကာမျက်နှာတင်းတင်းနဲ့ အပြင်ဘက်ဆီထွက်လာတော့သည်။

" ကူးရယ် ကျုပ်ခေါ်ခိုင်းထားတဲ့ဆေးဆရာဘယ်မလဲ။ အထဲမယ် ကျုပ်ဧည့်သည်လေးအတော်နာကျင်နေပြီ အခုထိဘာလို့မရောက်သေးတာလဲ!! "

" ကျုပ်သွားခေါ်ခိုင်းလိုက်ပါပြီ ဦးဆောင်သူ ခဏထပ်စောင့်ပေးပါဦးဗျ "

" ကျုပ်ဒီထပ်အချိန်ပိုထပ်မစောင့်နိုင်ဘူး။ ဘွား အဲ့ဆေးဆရာအိမ်ကိုမေးပြီး သွားဆွဲခေါ်ခဲ့ချည်!!"

" ကောင်းပြီ ကျုပ်သွားခေါ်ခဲ့မယ် "

" နေ...နေပါဦး ဦးဆောင်သူ.. အဲ့တာက... "

ကူးရယ် သည် ဦးဆောင်သူဒေါသကိုသိနေတာကြောင့် သူကိုယ်တိုင်လည်းအပြစ်တင်စရာလူမရှိ​နေ။ ဆေးဆရာသွားခေါ်ခိုင်းလိုက်တဲ့လူကရောက်မလာသေးတာကြောင့် အခက်တွေ့လို့နေသည်။

" ကူးရယ်!! .. ဒီမယ် ဖထီးငယ်တို့ပါလာရော့ "

ထိုစဥ်မှာ ခြံထဲသို့ ငပု ဆိုသူအပြေးအလွှာပင်ရောက်လာပြီး သူ့နောက်တွင်လက်ဆွဲခြင်းတစ်လုံးနှင့်အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၄၀/၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးတို့ ရိုးရာဝတ်စုံတို့ဖြင့်လိုက်ပါလာကြသည်။

" အေးကွာ မြန်မြန်တတ်ခဲ့ချည်။ ကျုပ်ဧည့်သည်တွေအရင်လိုနေတယ်ရော် "

နေစေးသည် ဆေးဆရာရောက်လာတဲ့အချိန်မှ သူ့မျက်နှာဒေါသတို့နည်းနည်းဖြေလျှော့သွားပြီး ထိုဆေးဆရာနဲ့ အမျိုးသမီးငယ်တို့ကိုကြည့်လိုက်သည်။ ထိုသို့ နေစေး အကဲခတ်နေပုံကိုသတိထားမိတဲ့ ကူးရယ် က ကြားကပင်ဝင်ပြောကူသည်။

" ဦးဆောင်သူ ဒါက ကျုပ်တို့ ဆယ်ရွာစုရဲ့အကောင်းဆုံးဆေးဆရာကြီးပါ..ဒီဘက်က ဆရာမလေးသစ်ခက်နွယ်ရော်။ လူလေးခွန်စိုင်းနဲ့ ရဲဘော်ကို သူတို့ကြည့်ပေးနိုင်ပါတယ် "

ကူးရယ် ပြောနေသော်လည်း လူစိမ်းတွေကိုအယုံအကြည်မရှိတဲ့ နေစေးဟာ ထိုလူကြီးနဲ့အမျိုးသမီးငယ်ကိုစိတ်မချနိုင်ပေ။ သို့သော် တဖက်မှာလည်း တကယ်ပင်သူ့ဧည့်သည်လေးအတွက် ဆေးဆရာလိုအပ်နေသည်မို့ သူ့မှာရွေးချယ်နေဖို့အခွင့်အရေးမရှိပေ။

"သူ့ကိုသေချာလေးစစ်ဆေးပေး "

" ကောင်းပါပြီ "

ထို့နောက် အခန်းထဲအတွင်းသို့ နေစေးကရှေ့ကနေသွားပြီး သူတို့ကိုနောက်ကလိုက်စေ၏ ထိုထဲတွင် ပါလာသည့်အမျိုးသမီးငယ်အပါအဝင်ပေါ့။

ထိုအမျိုးသမီးငယ်မှာ ငယ်စဥ်ကတည်းကသူ့အဖေဆေးကုသည့်ပညာကိုလိုက်စားကာဆရာမတစ်ယောက်ပင်ဖြစ်နေပြီမို့ သူ့အတွက်ဆေးကုရမှာကသာမန်ပင်။ သို့သော် သူ(မ)သည် အခုလက်ရှိသူ(မ​)ရှေ့မှာရှိနေသော အာဏာပါဝါကြီးတဲ့ ဦးဆောင်သူအားတစ်ချက်မျှကြည့်ကာ စိတ်ဝင်စားခြင်းမပြသော်လည်း အခန်းထဲအရောက်တွင် ဖျာပေါ်မှာ လဲလျှောင်းနေတဲ့တစ်စုံတစ်ယောက်ကိုတွေ့မိချိန်မှာတော့မတူတော့ပေ။

ဒါကို နံဘေးတွင်ရှိနေတဲ့ သက်ဆိုင်သူက သတိမထားမိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

ဆေးဆရာကြီးက ခွန်စိုင်းဟွမ်ရဲ့လက်ရှိအခြေအနေကိုကြည့်ပြီးနောက် သူ့သမီးလက်ထဲကဆေးခြင်းကိုချ​စေကာ အရင်ဆုံးဆေးမြှီးတိုတွေနဲ့ သူ့နေရာနဲ့သူ ကုသမှု့ကိုစတင်လေ၏။ ထိုအချိန်အတွင်းမှာ အခန်းထဲတွင်နေစေးအပြင် ဆေးဆရာသားအဖနှင့် ကူးရယ်တို့ရှိနေသည်။ အခန်းဟာမကျယ်သော်လည်း ရှိနေတဲ့လူနာကြောင့်သူတို့မှာစိတ်မပူဘဲမနေနိုင်​ပေ။

" ဒီလူလေးအဝတ်အစားတွေကို ပြတ်လပ်ချောင်ချိတဲ့အဝတ်နဲ့လဲပေးလို့ရနိုင်မလား? သူ့ ခြေထောက်နဲ့ ရင်ဘတ်ကျောကပ်နေရာတစ်ချို့ကို ကျုပ်ဆေးအဆီလိမ်းပေးဖို့နဲ့ အရောင်ကျအောင်လုပ်ပေးဖို့လိုအပ်တယ်ရော် "

ဒါကိုကြားတော့ ကူးရယ်ကဦးစွာဝင်ပြောသည်။

" ကျုပ်အိမ်မယ် ကျုပ်တူလေးကျန်ခဲ့တဲ့အဝတ်တွေရှိပါ့၊ ဦးဆောင်သူလိုအပ်မလား "

" ကျုပ်ကိုပေး "

အခုလက်ရှိ ခွန်စိုင်းဝတ်ထားတဲ့ဂျင်းဘောင်းဘီနဲ့အကျီလက်ရှည်ဟာဆေးကုသဖို့ရာ အဆင်မပြေမှန်းသိတာကြောင့် နေစေးတောင်းယူလိုက်သည်။

ကူးရယ် ထွက်သွားပြီးမကြာလိုက်ခင်မှာ လွင်မိုးထွေးကျန်ခဲ့တဲ့ဝတ်စုံတစ်ချို့ကိုယူလာပေးသည်။ နေစေးသည် ကူးရယ်ပေးတဲ့ဝတ်စုံကိုကိုင်ပြီး လဲပေးဖို့ရာအခန်းတွင်းတစ်ချက်ဝေ့ကြည့်လိုက်သော် ကျန်သူများကယောက်ကျားလေးဖြစ်လို့ကိစ္စမရှိဘူးလို့မမှတ်လေနဲ့ စောနေစေး ဆိုတဲ့သူဟာ သူ့အပိုင်ဖြစ်တဲ့ ဧည့်သည်လေးကို သူများကြည့်တာတောင်မကြိုက်တာ အခုလိုအဝတ်လဲချိန်မှာ လူအများရှိနေမှာသေချာပေါက်မနှစ်မြို့ပေ။

" ဒီမှာ ကူးရယ်တို့ကူစရာမရှိတော့ဘူး "

ထိုစကားဟာ တခြားလူအမြင်မှာအနည်းငယ်ရိုင်းကောင်းရိုင်းနိုင်ပေမယ့် အခန်းထဲမှာရှိတဲ့လူတွေကတော့ ဦးဆောင်သူ ဆိုတဲ့နေစေးကို နားလည်၏။ သို့သော် နေစေးရဲ့ထိုစကားကြောင့် မျက်နှာမဲ့ကာမထီသလိုနှင့်ကြည့်လာတဲ့သူ(မ) ။

ကူးရယ်နဲ့ ကျန်လူတွေအခန်းထဲကထွက်သွားချိန်မှာ နေစေးအပါအဝင် ဆေးဆရာသားအဖနှင့် ၃ ယောက်သာကျန်ရှိသည်။ ဒါကိုတွေ့တော့ နေစေးက သူ(မ)ကို ခပ်စူးစူးစိုက်ကြည့်ကာ ။

" မင်းအလုပ်ဒီမှာဘာရှိသလဲ။ "

နေစေး စကားကြောင့် သူ(မ)က နေစေးကိုခပ်တင်းတင်းကြည့်ကာ။

" ကျွန်မကဆရာဝန်လေ အဲ့တော့ ကျွန်မဒီမှာရှိတာဖြစ်သင့်တာပဲမဟုတ်လားရှင့်။"

သစ်ခက်နွယ်ဟာ တိုင်းရင်းသူတစ်ယောက်ပီသစွာ သူ့အတတ်ဆေးပညာနှင့်ကုသပေးခဲ့ဖူးသောအမျိုးသားများစွာရှိပါ၏ သူ(မ)သည် ရောဂါကုသရာမှာ ယောက်ကျား/မိန်းမ ခွဲခြားခြင်း ရှက်ရွံ့ခြင်းကင်းစွာကုသပေးခဲ့တာချည်းပင်။ သို့သော်ထိုကဲ့သို့သော အကဲဆတ်ပြီးယဥ်ကျေးမှု့မရှိတဲ့ လူနာရှင်တော့မတွေ့ခဲ့ဖူးပါလေ။

" ကျုပ်မင်းကိုမလိုဘူး အပြင်ထွက်! "

" ဒီမှာရှင့် ကျွန်မတို့ကရှင်တို့ပင့်ဖိတ်လို့ဆေးကုဖို့ရောက်လာတာနော် ရှင့်လက်အောက်ခံလူမဟုတ်လို့ စကားပြောမမောက်မာပါနဲ့! "

သူ(မ)ရဲ့ ခပ်စူးစူးအသံကြောင့် အပြင်မှာရှိနေတဲ့ ဘွား နဲ့မော့ ၊ ကူးရယ် တို့သုံးယောက်သားတစ်ယောက်နဲ့တစ်ယောက်ကြည့်ကာချက်ချင်းပြန်ဝင်သွားရကောင်းမလားတွေးနေမိသည်။ ကူးရယ်သည် ဆရာမလေးသစ်ခက်နွယ်ရဲ့ ရဲတင်းတဲ့စကားသံနှင့်အပြုအမှုကြောင့် ဦးဆောင်သူရဲ့ဒေါသကိုသွားဆွမိပြီးအားလုံးဒုက္ခရောက်ကုန်မှာစိုးထိတ်နေမိ၏။

ထို့အတူ အခန်းထဲတွင်လုံးဝသတိလစ်နေခြင်းမရှိတဲ့ ခွန်စိုင်းဟာ သူ(မ)စကားသံကြောင့်ပြသာနာတစ်စုံတစ်ခုဖြစ်မှာစိုးရိမ်ကာမျက်လုံးဖွင့်ဖို့ကြိုးစားလာတာမြင်တော့ နေစေး၏သားရဲတစ်ကောင်အလားအေးစက်ခက်ထန်သောမျက်ဝန်းတွေနှင့် သူ(မ)အားစိုက်ကြည့်ကာနေသည်။

ထိုအ​ကြည့်တွေမှာ အဆုံးမရှိတဲ့ဒေါသအတိမ်အနက်တို့ကြား ပေါက်ကွဲချင်နေသောဒေါသတို့ကို မြတ်နိုးရသူ​လေးတည်ရှိမှု့ကြောင့် မတတ်သာလို့ထိန်းချုပ်ထားသကဲ့သို့ နေစေး မှာ သူ(မ)အားထပ်ပြောလိုက်သည်။

" မင်းဆရာဝန်တစ်ယောက်ဖြစ်တာနဲ့ပဲ အမျိုးသားတစ်ယောက်အဝတ်လဲခန်းမှာရှိသင့်တယ်လို့ဆိုလိုချင်တာလား? ကျုပ်ထပ်ပြီးစကားတွေအရှည်မပြောချင်ဘူး ထွက်သွား! "

" လူနာရှင်တစ်ယောက်အနေနဲ့ လူနာကုသမှု့နှောင့်နှေးအောင်ဆရာဝန်နဲ့အတိုက်အခံဖြစ်နေတာမကောင်းဘူးလို့ထင်တယ်။ ရှင်သူ့ကိုလဲစရာရှိတာလဲပေးလိုက်ပါ။ ပြီးရင် ကျွန်မတို့ဆက်ကုသရမှာမို့ ရှင်သာအပြင်ထွက်သွားပေးဖို့လိုတယ် "

ဦးဆောင်သူ က ဘယ်လိုအာဏာကြီးတယ်။ဘယ်လိုမြင့်မြတ်တယ်ပဲဆိုစေဦးတော့ ငယ်စဥ်တည်းက ဆေးဆရာမျိုးရိုးမို့ လူတွေရဲ့အလေးထားခြင်းကိုခံယူလာခဲ့ပြီး သူ(မ)ကိုယ်တိုင်ကလည်းဆရာဝန်မလေးမို့ သူ(မ)ဆီမှာ ကြောက်စိတ်ရယ်လို့ရှိမနေပေ။

ဒါပေမယ့် သူ(မ)ရဲ့လွဲမှားတဲ့သုံးသပ်ချပ်ဟာ စောနေစေး ဆိုသူရဲ့သည်းခံနိုင်တဲ့အတိုင်းအတာကိုစိန်ခေါ်နေခြင်းဆိုတာ သူ(မ)မသိပေရော့။ နေစေး ဟာ သူ့ကို ခွန်စိုင်းအနားကထွက်သွားခိုင်းတဲ့အနှီးဆရာဝန်မဆိုသည့် သူ(မ)ကိုစိတ်ထဲထောင်းခနဲဖြစ်ကာခါးကြားထဲမှ ပစ်စတိုသေနတ်ထုတ်ပြီး သူမနှဖူးထိတ်တည့်တည့်ကိုမောင်းတင်၍ချိန်ထားလိုက်၏။

" မင်းနောက်ထပ် ​စောက်ရေးမပါတဲ့စကား​တွေထပ်ပြောနေမယ်ဆိုရင် ကျုပ်ရိုင်းစိုင်းမှု့ကိုအပြစ်မတင်လေနဲ့! ကျုပ်သီးခံမှု့ကအတိုင်းအတာရှိတယ်အမိ! "

အေးစက်ပြီးခက်ထန်မှု့အပြည့်နှင့် နေစေး ရဲ့စကားနဲ့အတူ သေနတ်ချိန်ထားတဲ့လက်ဆီက ခလုပ်ဆွဲဖို့ကိုအသင့်ဖြစ်နေတဲ့အနေအထားကြောင့် ရုတ်တရက် သူ(မ)လန့်ဖြန့်ကာမျက်လုံးပြူး၍ အကြောက်တရားနည်းနည်းဝင်သွားရသည်။
သို့ဖြင့်၍ သူ(မ)နံဘေးမှာထိုင်နေတဲ့အဖေဖြစ်သူကထိတ်ထိတ်ပြာပြာနှင့်ပင်။

" ဦး..ဦးဆောင်သူခင်ဗျ ကျုပ်..ကျုပ်သမီးအစားကျုပ်ကပဲတောင်းပန်ပါတယ် စိတ်ကိုလျှော့ပါဗျာ။ ဟဲ့ ဖိုးမူ ဦးဆောင်သူကိုတောင်းပန်လိုက်စမ်း။ တယ်... နင်စကားပြောရိုင်းစိုင်းမနေသင့်ဘူးရော် "

ဆေးဆရာရဲ့ဝင်ဟန့်မှု့နှင့် နေစေးလက်ထဲမှာလက်ရှိချိန်ထားတဲ့သေနတ်ရဲ့မောင်းတံဟာအချိန်မရွှေး သူ(မ)ခေါင်းထဲဝင်သွားနိုင်တယ်ဆိုတဲ့အသိနှင့် သူ(မ)မျက်နှာကြောလျှော့ကာ ခေါင်းအနည်းငယ်ငုံလျက်..မတောင်းပန်ချင်ဘဲတောင်းပန်စကားဆိုလိုက်ရ၏။

" ကျွန်မစိတ်လောမိသွားလို့ စကားပြောရိုင်းသွားရင်တောင်းပန်ပါတယ်။ "

ထိုအခါမှ နေစေးက သူ့လက်ထဲကသေနတ်ကိုချထားလိုက်ပြီး သူမကိုမျက်နှာလွှဲကာ..။

" ထွက်သွား! "

" ကဲ သွား သွား ၊ အပြင်ထွက်နေချည်။ "

ထွက်သွားတဲ့ သူ(မ)ပုံစံဟာ နာခံမှု့ရှိသယောင်နဲ့ ခံပြင်းစိတ်အပြည့်ဖြစ်နေ၏။ သူ(မ)စိတ်ထဲမှာ ထိုသို့လက်နက်ကိုင်အာဏာအကြီးပိုင်းကောင်တွေဟာ သူတို့နယ်မြေရဲ့အေးချမ်းမှု့ကိုလက်ဝါးကြီးအုပ်ပြီး အမိန့်တွေအာဏာတွေဆိုတာကိုလက်ကိုင်ထားနေခြင်းလို့ ခံယူထားခြင်း
ကြောင့်ဖြစ်သည်။ ဒါကလည်း သူမဟာငယ်စဥ်ကတည်းကအေးချမ်းစွာနေထိုင်မှု့ကိုလိုလားတဲ့မိန်းကလေးငယ်တစ်ယောက်မို့လည်းဖြစ်နိုင်ပါသည်။

သူ(မ) ထွက်သွားတဲ့နောက် နေစေး ဟာ ခွန်စိုင်းအဝတ်ကိုဖြေးညှင်းစွာလဲလှယ်ပေးနေပြီး အဝတ်စတစ်ခုဖြင့်သုတ်ကာသန့်စင်ပေးနေသည်။ ဆေးဆရာသည်လည်း နေစေး ထိုသို့လုပ်ပေးနေစဥ်အတွင်း သူ့လုပ်ရမယ့်ဆေးစပ်ခြင်းကိုတဖက်လှည့်၍လုပ်ကာ နေစေးတို့ကိုဂရုမထားပေ။

" ကျုပ်အဝတ်လဲပေးပြီးပြီ အဆင်ပြေလား။"

ထိုအခါမှ ဆေးဆရာက ဆေးအဆီစပ်ဆက်ရာမှလှည့်ကြည့်ကာ လက်ပြတ်နှင့် လုံချည်ကိုဝတ်ထားတဲ့ ခွန်စိုင်းကိုတွေ့တော့ခေါင်းငြိမ့်ကာ။

"အဆင်ပြေပြီရော။ အခု ကျုပ်ဆေးအဆီလိမ်းပေးမယ်နော့ "

" ကျုပ်ရှိနေလို့ ကုသမှု့မနှောင့်နှေးစေနဲ့။ သူ့ကို ကုပေးစရာရှိတာကုပါ။ "

" ကောင်းပါပြီ "

နေစေး က သူ့ကိုအာရုံမစိုက်ဖို့ပြောနေသော်လည်း နေစေးရဲ့သံသယအကြည့်နဲ့ ပြင်းထန်တဲ့အရှိန်အဝါကြောင့် ဆေးဆရာမှာ အမှားမလုပ်မိအောင်ကိုယ့်ကိုကိုယ်အထပ်ထပ်သတိပေးရင်း ခွန်စိုင်းကိုဂရုတစိုက်နဲ့ဆေးကုသပေးခဲ့ရသည်။ဒဏ်ရာတွေကအတွင်းထဲထိပြင်းထန်တာကြောင့်အတော်လေးအချိန်ယူရမည်။

ကုသမှု့ပြီးတဲ့အခါ ဆေးဆရာဟာသူ့ဆေးခြင်းနဲ့အတူ နေစေးနဲ့အပြင်ဘက်ဆီသို့ထွက်လာ၏။ ထွက်လာတဲ့အချိန်မှာ သူ(မ)ဟာ မော့ ရဲ့ ကျည်ဆံမှန်တဲ့ဒဏ်ရာကိုဆေးစည်းပေးနေသည်။ သူ(မ) နေစေးကိုတွေ့တဲ့အခါ မကျေနပ်မှု့ရှိပေမယ့် မျက်နှာတွင်တော့မဖော်ပြရဲတော့ပေ ။

ဆေးဆရာကပြောလာသည်။

" အထဲကလူလေးရဲ့ဒဏ်ရာကတော်တော်နဲ့သက်သာမယ့်ပုံတော့မရှိဘူးရော်..ဒါပေမယ့် တစ်ခုရှိတာက ကျုပ်ပေးခဲ့တဲ့​ဆေးကိုပုံမှန်လူးလူးပေးပါ။ ကျုပ်ဆေးကျိတ်ပြီးအုံပေးတဲ့အခါဆိုရင် တစ်ပတ်လောက်နေရင် သူသက်သာလာပါလိမ့်မယ် "

" ကောင်းပြီ။ "

ကူးရယ် က ဆေးဆရာကြီးကိုကျေးဇူးတင်ကြောင်းပြောပြီးသောအခါမှာ ဆေးဆရာကြီးက နေစေး ဘက်ကိုမပြောရဲ၍ ကူးရယ်သို့တိုက်ရိုက်ပြောပြလာ၏။

" ကူးရယ်ဗျ ကျုပ်နောက်ရက်မှာ ကဗြောတောဘက်ကိုသွားရမယ်.. အဲ့မယ် ဖျားနာမှု့ကြီးလို့ကျုပ်သွားဖို့လိုတယ်ရော်။ အဲ့တာကြောင့် နောက်ရက်တွေ လူလေးဆီကုသမှု့အတွက် ဖိုးမူကိုပဲ လွတ်လို့အဆင်ပြေမယ်ရော်။ အဲ့တာတော့ ကျုပ်ကိုနားလည်ပေးနော့ "

ဒါက အသိပေးခြင်းမဟုတ်ဘဲ နံဘေးမှာ နေစေး ရပ်နေတာကြောင့်တောင်းဆိုမှု့သာဖြစ်သည်။ ဆေးဆရာရဲ့တောင်းဆိုမှု့ကြောင့် ကူးရယ်လည်းနည်းနည်းခေါင်းကြီးသွားရသည်။ အခုလေးတင်သူ့သမီးနဲ့ ဦးဆောင်သူတို့အဆင်မပြေတာကို ကူးရယ် အကြားဘဲမဟုတ်လား။

ထင်သည့်အတိုင်း နေစေးဟာ သူ(မ)က ခွန်စိုင်းကိုကုသမယ့်အပေါ်မှာမလိုပေမယ့် လက်ရှိမှာ သူ(မ)ကဆေးဆရာမဆိုတာကိုတော့မငြင်းနိုင်ပေ။
ထို့ကြောင့် နေစေးက လက်ခံလိုက်သည်။

" ကောင်းပြီ။ ကျုပ်လက်ခံတယ်။ အဓိက ကျုပ်ဧည့်သည်လေးကိုသာအကောင်းဆုံးကုသပေးစေချင်တယ်။ အမှားတစ်ခုလေးတောင်မရှိပဲနဲ့ပေါ့! "

နောက်ဆုံးစကားတစ်ခွန်းဟာ သူ(မ)နဲ့ဆေးဆရာအတွက် ချိန်းခြောက်မှု့အပြည့်နဲ့ပေါ့။ ထိုသို့နှင့် နေစေးတို့အဖွဲ့ဟာ ကူးရယ်တို့နေရပ်မှာ ခွန်စိုင်းသက်သာသည်အထိစခန်းချနေဖို့သာပြင်ဆင်ရတော့သည်။ လက်ရှိမှာ တချို့အရာတွေကသူရှိနေရန်လိုအပ်နေသေးတယ်ဆိုပေမယ့် အဲ့အရာတွေက သူ့ဧည့်သည်လေးလောက်အရေးမကြီးတာမို့ နေစေးမှာ ခွန်စိုင်းအနားတွင်သာအဖော်ပြုနေပေးသည်။

ဆေးဆရာပြန်ခါနီးပေးတဲ့ဆေးမြစ်ထုတ် ဆေးတစ်ခွက်စာကိုကြိုပြီး ခွန်စိုင်းကိုတိုက်ကျွေးပြီးကတည်းကအိပ်ပျော်နေလိုက်တာ ညနေမှောင်ရီပျိုးချိန်လောက်မှ တိုးညှင်းစွာညီးသံနဲ့အတူ ခွန်စိုင်း အိပ်ရာနိုးလာသည်။ ထိုအချိန် နေစေးက အောက်ဘက်မှာလုပ်စရာရှိတာသွားလုပ်နေချေပြီ။

" အင်း.."

ခွန်စိုင်း သူ့ရဲ့လေးလံနေတဲ့မျက်လုံးတွေကိုဖြေးညှင်းစွာဖွင့်ကြည့်လိုက်သည်။ ပထမဦးစွာ အပူခံထရံမျက်နှာကျက်ကိုသာတွေ့ရပြီး သူ့မျက်တောင်တို့ပုတ်ခတ်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ဒဏ်ရာနှင့်နာကျင်မှု့တို့ဟာ မနက်ကနှင့်မတူဘဲအနည်းငယ်သက်သာသလိုလိုရှိတာကြောင့် ခေါင်းစောင့်၍ဘေးဘီဆီလျှောက်ကြည့်လိုက်သည်။

ဒီနေ့မနက် ခွန်စိုင်းသတိရတစ်ချက်မရတစ်ချက်ဖြစ်နေပေမယ့် ကူးရယ်တို့ဆီကိုရောက်ပြီးသူ့အားဆေးကုသပေးတာကိုလည်းသိနေခဲ့သည်။ နောက်ပိုင်းတွင်သာ ဆေးအရှိန်ကြောင်းအိပ်မောကျသွားခြင်းကြောင့်သာ။ ခွန်စိုင်း မှတ်မိတာသာမမှားရင် ဒီအခန်းဟာ ခွန်စိုင်း နဲ့ လွင်မိုးထွေးတို့လာစဥ်ကတည်းခိုတဲ့ ကူးရယ်တို့အိမ်ဧည့်သည်ခန်းဖြစ်မည်။

အရင်က လက်လုပ်အဝတ်ထည့်သေတ္တာတစ်ပုံးသာရှိသော ဤအခန်းမှာ အခုမူ အဝါရောင်မြေအိုးသေးသေးကြီးကြီးတို့ရှိနေပြီး အထဲတွင်လည်းဆေးနံမျိုးစုံနှင့်အဆီတို့ရှိနေသည်။ ဒါ့အပြင် အုပ်မီးဖိုအသေးစားလေးတစ်လုံးဟာအခန်းထောင့်တစ်နေရာတွင်ရှိနေပြီး ဆေးကြိုတဲ့အိုးဖြစ်ပုံရသည့် အိုးတစ်လုံးကိုအဖုံးဖုံးလျှက်တွေ့သည်။

ဒဏ်ရာဆီကအနည်းငယ်သက်သာလာတဲ့ ခွန်စိုင်းဟာ လှဲနေရာမှ ဖြည်းညှင်းစွာထထိုင်ပြီး သူ့ကိုယ်ပေါ်လွှားထားတဲ့ချည်စောင်ပါးလေးကိုကိုင်ပြီး သူ့တွေ့ချင်နေသော တစ်စုံတစ်ယောက်ဝင်လာမယ့်ဆီကိုလှမ်းကြည့်မိလိုက်သည်။

.....

ထိုအချိန်မှာ အိမ်အောက်ထပ်ရှိကွပ်ပျစ်ကျယ်တွင် နေစေးအပါအဝင်ကူးရယ်နှင့် ဘွားနှင့်မော့ တို့ဟာ ဒီနေ့ဖြစ်ပျက်သွားတဲ့လုပ်ကြံမှု့နဲ့ပက်သတ်ပြီးတိုင်ပင်ဆွေးနွေးလို့နေသည်။

ကူးရယ်ဟာနယ်မြေတစ်ချို့အုပ်ချုပ်နေသည့်တိုင်ဒီနေ့ရဲ့အဓိကပြစ်မှတ်ဟာ မော့ကိုမဟုတ်သလို စောနေစေးကိုလည်းမဟုတ်မှန်းသိလိုက်သည်။သို့သော် လူလေးစိုင်းဟွမ်ကိုပြစ်မှတ်ထားဖို့ရာ ဘာအတွက်နည်း? လူလေးခွန်းစိုင်းဆိုသည်မှာဒီနယ်မြေ သို့မဟုတ် ဦးဆောင်သူတို့နယ်မြေရှိရာဆီလာလည်သောခရီးသည်တစ်ဦးပင် ထို့သို့ခရီးသည်လေးတစ်ဦးကိုသူတို့ပြစ်မှတ်ထားခြင်းမှာဘယ်လိုအကျိုးမြတ်ကြောင့်နည်း?။

ကူးရယ်ထိုသို့တွေးနေချိန်မှာ သူ့ရှေ့ရှိ နေစေးဟာ မျက်နှာအမူအယာကင်းမဲ့စွာအေးစက်လျှက် တင်ပလွေချိတ်လျှက်ထိုင်ကာတွေးနေသည်။

" ဒီနေ့ကိစ္စမှာ ကျုပ်အထင်တော့သူတို့ပြစ်မှတ်ကသေချာပေါ့ နောင်ကြီးခွန်စိုင်းပဲ။"

ဘွားရဲ့စကားကို ကူးရယ်လည်းထောက်ခံ၏။

" အိမ်း..ကျုပ်လည်းပဲအဲ့တာတွေးနေတာရော် "

" ဒါပေမယ့် ဘာလို့များလဲ? ကျုပ်မတွေးတတ်ဖြစ်နေတာ "

" ကျုပ်လည်းပဲမတွေးတတ်။ လူလေးခွန်စိုင်းနဲ့လည်း ရန်ငြိုးရှိပုံမပေါ်ဘူးမဟုတ်လား "

ကူးရယ်က ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့ပင်တွေးစနေပြန်သည်။ ထိုစဥ် မော့ကပြောလာသည်။

" နောင်ကြီးခွန်စိုင်း ဒီရက်ပြန်မယ်ဆိုတာ ကျုပ်တို့ရွာရဲ့လူတစ်ချို့လောက်သာနှုတ်ဆက်တဲ့အနေနဲ့သိကြတာ..တွေးကြည့်ရင် ဒီနေ့လုပ်ကြံမှု့ကသူတို့ရက်အတိအကျသိပြီးကြိုတင်စီစဥ်ထားတာပဲဗျ "

မော့ ဟာ ဒီနေ့ ခွန်စိုင်းကသူ့ထက်ပိုပြီးထိခိုက်ဒဏ်ရာရသွားတာကိုလွန်စွာစိတ်မကောင်းဖြစ်လို့နေသည်။ နေစေးကသူ့ကိုယုံကြည်လို့အပ်နှံပြီးလိုက်ပို့ခိုင်းလိုက်ပေမယ့် သူကတော့ ခွန်စိုင်းကိုသေချာမကာကွယ်နိုင်ခဲ့ဘူးမဟုတ်လား။ အဲ့စိတ်နဲ့ပဲ သူ့ဒဏ်ရာကုသပြီးသည့်တိုင်ခုချိန်ထိ အနားယူဖို့ခေါင်းမာ၍ ဆွေးနွေးဝိုင်းမှာလာထိုင်နေခဲ့သည်။

တစ်ယောက်တစ်မျိုးထင်မြင်ချက်ပေးနေခဲ့ပေမယ့် နေစေးကတော့ တိတ်ဆိတ်လျှက်ပင်။ ဘွား သည် နေစေးရဲ့လက်ရှိစိတ်အခြေအနေကဘယ်လောက်ပင်ဆိုးရွားနေလဲဆိုတာသိသူမို့ စကားစလိုက်လေသည်။

" ဦးဆောင်သူ မင်းဒီကိစ္စနဲ့ပက်သတ်ပြီးဘယ်လိုတွေးတုန်း "

ထိုမေးခွန်းအဆုံး နေစေးရဲ့နက်မှောင်နေတဲ့မျက်ဝန်းတို့ကအဆုံးမရှိအေးစက်မှု့တို့ဖြစ်တည်လျှက်နှုတ်ခမ်းတင်းတင်းစေ့လျှက် သူ့ဆီမှာကြောက်စရာကောင်းတဲ့အငွေ့အသက်ပင်ရရှိလို့နေသည်။

" ဒီနေ့ လုပ်ကြံမှု့ကဘယ်သူ့ကိုရည်ရွယ်ပါစေ.. ဘယ်သူလက်ချက်ဖြစ်နေပါစေ ကျုပ်စိတ်မဝင်စားဘူး။ သေချာတာတစ်ခုက ဒီနေ့ကိစ္စမှာပါဝင်တဲ့လူတစ်ဦးတစ်ယောက်စီတိုင်းတန်ပြန်တဲ့အကျိုးသက်ရောက်မှု့ခံစားစေရမယ်! "

ထိုအချိန်မှာ ခွန်စိုင်းချစ်တဲ့နေစေးရဲ့ညှို့အားကြီးတဲ့မျက်ဝန်းလေး ဆိုပြီးတင်စားခဲ့သမျှ အခုချိန်မှာတော့ နေစေးရဲ့မျက်ဝန်းတွေမှာမီးတောက်မြှားတစ်စင်းကဲ့သို့ပြစ်လွတ်ဖို့အသင့်ရှိနေ၏။

" ဘွား မင်းနယ်စပ်ဖက်တပ်ဖွဲ့ခေါင်းဆောင်ကို နောက်ရက်ပိုင်းအတွင်း ကျုပ်ရောက်မယ့်အကြောင့်ကြားထားချည်။ အယ်ထူး .. "

" ဟုတ်ကဲ့ "

" လေ့ကျင့်ရေးအဖွဲ့ကတပ်သားနှစ်ယောက်ကို စိုင်းလုံတို့အခြေအနေစုံစမ်းခိုင်းထား..အထူးသဖြင့် ဂျင်မီတို့အဖွဲ့အခုလက်ရှိဘယ်မှာတည်ကျက်စားနေသလဲ ကျုပ်သိချင်တယ် "

" ဟုတ်ကဲ့ဦးဆောင်သူ "

နေစေးဟာ တစ်ယောက်စီတိုင်းကိုတာဝန်တွေပေးနေပေမယ့် မော့ ကိုတော့ချန်ခဲ့၏။

" ဦးဆောင်သူ ကျုပ်အတွက်တာဝန်ဘယ်မှာတုန်း "

မော့ စကားကြောင့် ဘွား က မျက်မှောင်ကျုံ့၍ဝင်ပြောလိုက်ချင်ပေမယ့် နေစေး ပြောမှာမို့ ဝင်မပြောချေ။ နေစေးက သေနတ်ဒဏ်ရာကြောင့်မျက်နှာအနည်းငယ်ဖြူရော်နေပုံရှိတဲ့ မော့ ကိုကြည့်ကာ။

" မင်းအတွက်တာဝန်ကလက်ရှိမှာမရှိသေးဘူး မင်းဒဏ်ရာနဲ့ကောင်းကောင်းအနားယူသင့်တယ်"

နေစေး ပြောတာကို မော့ လက်မခံချင်။

" ကိစ္စမရှိဘူး ကျုပ်အတွက်ဒီဒဏ်ရာလောက်က ခြင်ကိုက်သလောက်တောင်မနာဘူး ကျုပ်တာဝန်လိုချင်တယ် "

မော့ ထိုသို့ခေါင်းမာစွာပြောတဲ့အချိန်မှာ ဘွား ရင်ထဲမှာတိုးတိုးရေရွတ်မိသည်။

* လူဆိုးလေး မင်းက ခြင်ကိုက်သလောက်မနာပေမယ့် ကျုပ်နှလုံးသားကသေနတ်နဲ့အပစ်ခံရတာထက်နာကျင်နေတာ မင်းလေးမှမသိတာကွာ *

" ကျုပ်မင်းကိုအနားယူစေချင်တယ် မော့။ မင်းသန်မာတာသိပါရဲ့...ဒါပေမယ့် လူတိုင်းမှာအကန့်အသတ်ရှိတယ် ပြီးတော့ ဒီနေ့ပေးတဲ့တာဝန်တစ်ချို့ကမင်းပါဝင်ဖို့အထိမလိုဘူး "

" ဒါဆို နယ်စပ်ဘက်ကို တပ်သားနှစ်ယောက်နဲ့အတူကျုပ်အတူလိုက်သွားမယ်။ ကျုပ်အနေနဲ့ နောင်ကြီးခွန်စိုင်း ဒီလောက်ထိဖြစ်ခဲ့တာကိုကြည့်ပြီး အေးအေးလူလူအနားယူနိုင်မယ်ထင်နေသလား။ ဦးဆောင်သူက ကျုပ်ကိုယုံကြည်လို့လိုက်ပို့ခိုင်းပါရက် ကျုပ်ပေါ့လျှော့မိလို့..."

" မဟုတ်ဘူး။ ဒါကမင်းပေါ့လျှော့မိလို့ဖြစ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ မင်း သူ့ကိုအကောင်းဆုံးကာကွယ်ပေးခဲ့တာပဲ ကျုပ်သိပါတယ် "

" ကျုပ်စိတ်မကောင်းဘူး ဦးဆောင်သူအနေနဲ့ ကျုပ်ကိုပေးဖို့တာဝန်မရှိတာလား? ကျုပ်ကိုမယုံကြည်လေတာလား? "

ထိုစကားပြောတဲ့အချိန်မှာ မော့ ရင်ထဲမကောင်းဖြစ်ရပြီး ဒါက သူနဲ့ထိုက်တန်တယ်လို့တောင်တွေးမိလိုက်သည်။ နေစေး ဟာ သူငယ်ချင်းလည်းဖြစ် ညီအကိုလိုလည်းဖြစ်တဲ့ မော့ကိုကြည့်ပြီးစိတ်ထဲမကောင်းဖြစ်သွားရသည်။ မော့ ဆိုတာ သူ့အသက်တာအသေခံသွားမယ် သူ့ကိုပေးတဲ့တာဝန်တွေကိုလစ်ဟင်းမည်မဟုတ်။

" ကျုပ်မင်းကိုမယုံကြည်လို့မဟုတ်ဘူး မော့ ။ မင်းကကျုပ်ရဲ့သွေးသောက်ညီအကိုလိုပဲ ဘာမယုံကြည်စရာရှိသလဲ? ဒါပေမယ့် ကျုပ်မင်းကိုအနားယူစေချင်တယ် ဒါက မင်းကိုတာဝန်တွေမပေးချင်လို့မဟုတ်ဘဲ မင်းနဲ့ဘွားအတွက် ကျုပ်မှာသီးသန့်တာဝန်ပေးစရာရှိတယ်။ ကျုပ်ပြောတာ မင်းနားလည်မယ်လို့ကျုပ်ထင်တယ် "

အဲ့တော့မှ မော့ ဟာ သူ့ရဲ့အတွေးလွန်မှု့နဲ့ခေါင်းမာမှု့ကိုသုံးသပ်နိုင်သွားသည်။

" ကျုပ်နားလည်ပြီ "

ဘွား သည် မော့ရဲ့အခြေအနေကိုကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းစွန်းလေးပြုံးသလိုလိုရှိသည်။ မော့ ဟာ ဘွား မျက်လုံးထဲမှာတော့ စိတ်ဓာတ်ကျနေတဲ့ခွေးပေါက်လေးလိုနားရွက်လေးနှစ်ဖက်အောက်စိုက်နေသကဲ့သို့မြင်ယောင်မိသည်။ သန်မာချင်ယောင်ဆောင်တဲ့ ဒီအနှီးခွေးပေါက်လေးကို ဘွား ဘယ်လိုချော့မြူရမလဲအတွေးများလျှက်။

" ကူးရယ်ကို ဒုက္ခပေးသလိုဖြစ်နေမှာတော့ ကျုပ်တို့အားနာပါရဲ့..ဒီရက်တွေ ကျုပ်ဧည့်သည်လေး ဒဏ်ရာသက်သာသည်ထိကျုပ်တို့ဒီမှာတည်းခိုရလိမ့်မယ် "

" မဟုတ်တာရော် ကျုပ်အနေနဲ့တောင် ဖိတ်ခေါ်သင့်တာပါ။ နောက် လူလေးခွန်စိုင်းဆိုတာလည်းကျုပ်တူရင်းသွေးရင်းလိုသဘောထားတဲ့ကလေးတစ်ယောက်ပါ..ဒီ့အတွက် ဦးဆောင်သူဘာမှအားနာစရာမလိုဘူးရော် "

" ကောင်းပါပြီ..ဒါဆို ဘွား နယ်စပ်ကိစ္စ.........."

နေစေး ဟာ စကားပြောရင်းရပ်သွားပြီးမျက်လုံးထောင့်ကပ်၍တစ်စုံတစ်ခုကိုအာရုံစိုက်နားထောင်သလိုပြုမှုနေသည်။ ကျန်လူများက နေစေးရဲ့ရုတ်တရက်တိတ်ဆိတ်သွားတဲ့အပေါ် ဘာဆက်ပြောလာမလဲ အလေးအနက်နားထောင်နေ၏။

" ကျန်တာ ဘွား ဆက်လုပ်လိုက်တော့ "

ထိုသို့ပြောပြီး ခုဏကအထိတည်ငြိမ်နေတဲ့ ဦးဆောင်သူကြီးစောနေစေးဟာ သူ့သွင်ပြင်ပင်ဂရုမစိုက်နိုင်ပဲ အိမ်အပေါ်ထပ်ဆီသို့မပြေးယုံတမယ်လျှောက်သွားတော့သည်။

ကျန်ခဲ့သောသူများ: .........?

* အခု ကျုပ်တို့က ဘာဆက်လုပ်ပြီး..ဘာဆက်ပြောရမလဲ???

......

ခွန်စိုင်းသည် ယက်ဖျာလေးပေါ်မှာငြိမ်ငြိမ်လေးထိုင်နေပြီးတိတ်ဆိတ်နေတဲ့အခန်းထဲမှာ လည်ချောင်းခြောက်ကပ်၍စကားပြောလို့မရသော် သူအခုချိန်မှာတစ်စုံတစ်ယောက်ရဲ့အကူအညီလိုတာကြောင့် တိုးညှင်းစွာခေါ်လိုက်မိသည်။

လည်ချောင်းခြောက်ကပ်နေတာကြောင့် ခွန်စိုင်းအသံကအပြင်ကိုအရမ်းမထွက်ပေမယ့် တစ်ယောက်သောသူကတော့ ခွန်စိုင်းအနားသို့အလောတကြီးဝမ်းပန်းတသာရောက်လို့လာသည်။

" စိုင်းဟွမ်..."

" အမ်း "

နေစေး ဟာ ခွန်စိုင်း​လေးထိုင်​နေတာတွေ့တွေ့ချင်း အရင်ဆုံးလုပ်သည်က ခွန်စိုင်းကိုသူ့ရင်ခွင်ထဲပွေ့ဖက်ခြင်းပင်။ သို့သော် ခွန်စိုင်းမှာဒဏ်ရာတွေရှိနေတာကိုလည်း နေစေးမမေ့ခဲ့ပါ။

" စိုင်းဟွမ်...ခင်ဗျားလေးနိုးလာပြီ "

ခွန်စိုင်းသည်သူ့အား ဒူးတစ်ဖက်ထောက်လျှက် ပွေ့ဖက်ထားတဲ့နေစေးကိုအပြုံးနုနုနဲ့ပြန်ပွေ့ဖက်ကာ.. ။

" အမ်း.. ကိုယ်..နိုးလာပြီ "

" သက်သာရဲ့လား? တစ်နေရာရာက နာကျင်နေသေးလားဟင်။ ခင်ဗျားလေးသတိမေ့နေတာဘယ်အချိန်ထိရှိပြီးလဲတောင်သိရဲ့လား ကျုပ်မယ်စိတ်ပူတာ ရင်တွေကွဲမတတ်ပဲ "

သူ့အားစိုးရိမ်စိတ်နဲ့ပြောနေတဲ့ နေစေး ဟာ အရင်ချိန်ကတောင် ဒီလောက်ထိတစ်ခါမှစကားပြောဖူးသူမဟုတ်တဲ့အတိုင်းပဲ။ ခွန်စိုင်းကိုမလွတ်တန်းဖက်ထားရင်းပြောမဆုံးဖြစ်နေတော့သည်။

" အမ်း..ကိုယ့် ကို..အဟွတ်..လွတ်ဦး "

တိုးငြင်းတဲ့ခပ်အက်အက်အသံကြောင့် နေစေး မျက်ခုံးတို့တွန့်ချိုးကာ ခွန်စိုင်းကိုဖက်ထားရာက ခွာပေးလိုက်ပြီး သေချာကြည့်လိုက်သည်။

" ရေ..ကိုယ့်ကို..ရေနည်းနည်းလောက် "

" အာ.. ဟုတ်တယ်...ရေ "

အဲ့တော့မှ အနီးနားမှာရှိတဲ့ ရေကရားထဲကနေ ရေထည့်ပြီး ခွက်ကို ခွန်စိုင်းနှုတ်ခမ်းနားထိတေ့ပေးသည်။

" ရပြီ "

" အင်း ။ ဘယ်လိုနေလဲသက်သာရဲ့လား "

" ကိုယ်..အဟွတ် သက်သာပါတယ်။ အတော်လေးကောင်းသွားပြီ "

" သေချာရဲ့လား? ဆေးဆရာပြောတယ် ဒဏ်ရာတွေကအပြင်ဒဏ်ရာထက်အတွင်းဘက်ကပိုများတယ်တဲ့ ခင်ဗျားလေးအရိုးတွေနာနေလောက်တယ်"

အမှန်ပဲ ။ ခွန်စိုင်း ဆိုင်ကယ်ပေါ်ကပြုတ်ကျတဲ့အရှိန်နဲ့ အတွင်းထဲကနံရိုးတွေကျိုးတာလား ရောင်ကုန်တာလားမသိပေမယ့် ခွန်စိုင်းနာကျင်နေသေးသည်။ သို့သော် သူ့ရှေ့ကတည်ငြိမ်ချင်ယောင်ဆောင်နေတဲ့ လူဆိုးလေးစိတ်မပူအောင်တော့ ခွန်စိုင်းပြုံးပြနေတုန်းပင်။

" ဆေးဆရာရဲ့ဆေးတွေကြောင့်ထင်တယ် ကိုယ်နည်းနည်းပိုကောင်းလာပါပြီ။ ရက်ပိုင်းလောက်နေရင်သက်သာသွားမှာ စိတ်မပူနဲ့နော် "

" ကျုပ်စိတ်ပူရတယ်ဗျ..ခင်ဗျားလေးအဲ့လိုဖြစ်တာကိုမြင်ရတာ ကျုပ်....ကျုပ်ကိုယ်ကိုကိုယ်..."

မချိတင်ကဲ့ပြောရင်းကိုယ့်ကိုကိုယ်အပြစ်တင်နေတဲ့ နေစေးရဲ့နှုတ်ခမ်းပါးလေးပေါ်သို့လက်ချောင်းသွယ်သွယ်လေးတင် တား၍ ခေါင်းခါပြရင်းပြုံးပြလိုက်သည်။

" အဲ့လိုတွေပြောခွင့်မပြုဘူး "

" စိုင်းဟွမ် "

" ကိုယ်ဒီလိုဖြစ်တာ မင်းကြောင့်မှမဟုတ်တာပဲလေ..လူတိုင်းက ကိုယ်ကံတရားကိုတခြားတစ်ယောက်ခေါင်းပေါ်ပုံမချနိုင်ဘူးမလား။ ကိုယ်အဆင်ပြေပါတယ် အဲ့တာကြောင့် ကိုယ့်အတွက်နဲ့ မင်းကိုမင်းအပြစ်တင်နေတာတွေရပ်လိုက်တော့နော် "

" ဒါပေမယ့်... "

" မင်းကိုယ့်ကိုမချစ်ဘူး..ဟင်? "

ခွန်စိုင်းသည် သိပ်ချစ်ဖို့ကောင်းတဲ့မျက်နှာကအပြုံးလေးနဲ့အတူ ခေါင်းလေးစောင်း၍ချွဲသလိုလေးပြောလိုက်တော့ နေစေးမှာရူးရပါ၏။ နေစေးသည် ခွန်စိုင်းရဲ့လက်ချောင်းသွယ်သွယ်လေးနှစ်ဖက်ကိုသူ့လက်ကြမ်းအကြီးကြီးတွေနဲ့
ဆုတ်ကိုင်ကာ ဖြူဖွေးနူးညံ့နေတဲ့လက်ဖမိုးလေးနှစ်ဖက်ကိုအနမ်းခြွေလိုက်သည်။

" ကောင်းပြီ။ ခွန်စိုင်းဟွမ်ဆိုတဲ့ ခင်ဗျားလေးက ကျုပ်အက်ဒွက်ရဲ့အသည်းနှလုံးလေးမို့ ထပ်ပြီးမပြုစားပါနဲ့လားဗျာ.. ကျုပ်အရှုံးပေးတယ် ခင်ဗျားလေးကျေနပ်လား "

" အွန်း အဲ့လိုတွေကြောင့် ကိုယ့်လူဆိုးလေးကိုချစ်​နေရတာ "

" ဟာဗျာ.."

* ရန်ကုန်သားအလည်လေးက ထပ်ပြီး ဒီလူကိုခြွေပြန်ပြီဗျာ *

_________________________________________

အက်ဒွက် နဲ့ ဘွား လို ဘဲကြီးတွေပဲ ပိုင်ချင်နေပြီဟုတ်? 😁

#Vote & Cmt Please 💗
# Mar - 1 - 2022 - 8:00 PM
#MoeWaThan 💗

__________________________________________

Zawgyi ။

" လုံဝမ္႐ြာတပ္ေခါင္းေဆာင္..ဦးေဆာင္သူ ေစာေနေစး ဆိုရင္မင္းတို႔ရဲ႕ေသာက္ေရးမပါတဲ့ ဒီၿခံစည္းရိုးကိုဖြင့္ေပးဖို႔လုံေလာက္လား!! "

" ဦး...ဦးေဆာင္သူ!"

အေစာင့္ေတြအားလုံး ဦးေဆာင္သူဆိုတဲ့နာမနဲ႕အတူ ေနေစးရဲ႕ခက္ထန္တဲ့မ်က္ႏွာကိုေတြ႕သြားခ်ိန္မွာ သူတို႔လုပ္လိုက္မိတဲ့အမွားအတြက္ အရိုးထဲထိေအာင္ေၾကာက္႐ြံ႕မႈ႕ကိုခံစားသြားရသည္။ သူတို႔လက္ထဲက ေသနတ္ေတြကိုခ်က္ခ်င္းပင္႐ုတ္သိမ္းကာ။

" က်ဳပ္..က်ဳပ္တို႔ေတာင္းပန္ပါတယ္ ဦးေဆာင္သူခင္ဗ် "

ေျပာၿပီးေနာက္ အေစာင့္ေတြက ခ်က္ခ်င္းဂိတ္ထဲကိုဖြင့္ေပးလိုက္သည္။

" က်ဳပ္တို႔ ကူးရယ္ဆီလမ္းျပေပးပါ့မယ္ "

" ျမန္ျမန္ !! ... က်ဳပ္အခ်ိန္မရွိဘူး !"

" ဟုတ္ကဲ့ခင္ဗ် "

ထိုသို႔ႏွင့္ အေစာင့္တစ္ေယာက္ဟာ သူတို႔ေဘးမွာအသင့္ရွိေနတဲ့ သုံးဘီးဆိုင္ကယ္ေပၚတတ္ကာေရွ႕ကေနေမာင္းၿပီးလမ္းျပသည္။ ေနာက္မွာ ျမင္းကိုယ္စီနဲ႕လိုက္လာတဲ့ ေနေစးတို႔အဖြဲ႕ကိုေၾကာက္႐ြံ႕လွ်က္ေပါ့။

သူတို႔လိုေအာက္ေျခတပ္သားေတြအတြက္မေျပာႏွင့္ ကူးရယ္လိုနယ္ေျမတစ္ခ်ိဳ႕ဦးေဆာင္မႈ႕ရွိေနတဲ့လူမ်ိဳးကေတာင္ ဦးေဆာင္သူကိုလွ်င္ဖိန့္ဖိန့္တုန္ေအာင္ေၾကာက္႐ြံရိုေသရတယ္ဆိုတာ မသိသူမရွိေပ။ ဦးေဆာင္သူဟာ သူ႕ရဲ႕ လုံဝမ္႐ြာကထြက္လာၿပီးအျပင္ေလာကမွာေလွ်ာက္သြား​ျခင္းလည္ပတ္တာမရွိသည့္အျပင္ သူ႕အားျမင္ဖူးသူေတြလည္းရွားပါးသည္။ ဒါ့ေၾကာင့္မို႔ အေစာင့္ေတြလည္းတစ္ခဏအသိလြတ္သြားရျခင္းျဖစ္သည္။

________________________

" ကူးရယ္.... ဗ်ိဳ႕ ကူးရယ္! "

" ေဝ့... ဘယ္သူႀကီးတုန္း က်ဳပ္အထဲမယ္ရွိပါ့ "

အေစာင့္ရဲ႕ေအာ္သံက ကူးရယ္နဲ႕အိမ္အနီးပက္ဝန္းက်င္မွာရွိတဲ့တပ္သားအိမ္ေတြပင္စပ္စု၍ထြက္ၾကည့္ေစသည္။ ႐ြာထဲမွာရွိတဲ့ အိမ္ေျခေတြအားလုံးက တပ္သားအိမ္ေျခေတြမို႔ အေစာင့္တစ္ေယာက္ရဲ႕ေနာက္တြင္ ျမင္းကိုယ္စီ၊လက္နက္အျပည့္နဲ႕လိုက္လာတဲ့ ေနေစးတို႔လူစိမ္းလူအုပ္ႀကီးကိုေတြ႕တဲ့အခါ ကူးရယ္တပ္သားေတြက ေနေစးတို႔အဖြဲ႕အားအခ်ိန္မေ႐ြးတိုက္ခိုက္မယ့္ပုံစံမ်ိဳးနဲ႕တင္းမာတဲ့အေျခအေနနဲ႕ၾကည့္ေနသည္။

ဦးႀကီးကူးရယ္ သည္ အေစာင့္ရဲ႕ေအာ္သံေၾကာင့္သူ႕အိမ္အေပၚထပ္ကေနေအာက္သို႔ဆင္းလာၿပီး ၿခံေရွ႕ကိုၾကည့္လိုက္သည္။ထိုအခါ အေစာင့္ကသူ႕သုံးဘီးကိုရပ္လိုက္ၿပီး။

" ဒီမွာ ဧည့္သည္ေတြပါလာတယ္ဗ်ိဳ႕ "

" ဘယ္သူတုန္းကြ "

ေျပာရင္းဆိုရင္း ဦးႀကီးကူးရယ္က ၿခံျပင္ထြက္လာတာေၾကာင့္ လူအမ်ားအုပ္စုကိုေတြ႕တဲ့အခါ မ်က္ေမွာင္အနည္းက်ဳံ႕ၿပီးသူ႕အေနအထားနဲ႕တင္းမာတဲ့ပုံစံလိုလုပ္လိုက္ေပမယ့္ ေရွ႕ဆုံးမွာျမင္းရပ္ထားတဲ့လူကိုေတြ႕သြားခ်ိန္မွာေတာ့ ဦးႀကီးကူးရယ္မ်က္ႏွာမွာမယုံၾကည္နိုင္တဲ့အံအားသင့္မႈ႕ေတြထင္ေပၚလာသည္။

" ဦးေဆာင္သူ "

" ကူးရယ္မွတ္မိေနေသးတာပဲ "

" ဟုတ္တာေပါ့ဗ်ာ ဒီလူအိုႀကီးရဲ႕မွတ္ဉာဏ္ကေကာင္းပါေသးတယ္ "

ထိုသို႔ေျပာၿပီးေနာက္ ဦးႀကီးကူးရယ္က ေနေစးရင္ခြင္မွာဒဏ္ရာ​ေတြနဲ႕အိပ္ေပ်ာ္ေနတဲ့ ခြန္စိုင္းဆီအၾကည့္အေရာက္မွာ ေနေစးကိုျပန္ၾကည့္လာသည္။ေနေစးက ေျပာလာသည္။

" ႐ုတ္တရက္ႀကီးက်ဳပ္တို႔ေရာက္လာတာကို ကူးရယ္စိတ္မရွိဘူးလို႔ေမွ်ာ္လင့္ပါတယ္။ "

" အို႔ ဘယ့္ႏွယ့္ က်ဳပ္ျဖင့္ဝမ္းသာရဦးမွာ​​ေရာ္။ "

ဦးႀကီးကူးရယ္ ေရွ႕ကေနလမ္းျပတဲ့ေနာက္ ေနေစးနဲ႕က်န္လူအားလုံးက ျမင္းေပၚကအားလုံးဆင္းၾကသည္။ ေနေစးကိုယ္တိုင္လည္း ခြန္စိုင္းကိုေပြ႕ကာ ျမင္းေပၚကဆင္းၿပီးေနာက္။

" ကူးရယ္ က်ဳပ္ဧည့္သည္ေလးနဲ႕ က်ဳပ္ရဲေဘာ္တစ္ေယာက္ဒဏ္ရာရသြားတယ္.. ဦးဆုံးေဆးဆရာေခၚေပးနိုင္မလား။ "

သူစိမ္းေတြဆိုလွ်င္ခပ္တန္းတန္းဆက္ဆံၿပီးစကားအပိုအလိုမေျပာတတ္တဲ့ ေနေစးဟာ အခုခ်ိန္မွာလည္း သူ႕စကားဟာအမိန့္အျဖစ္သာသက္ေရာက္၏။

" က်ဳပ္အခုေခၚေပးပါ့မယ္။ ေဝ့ ေမာ္ျမာ ဒီမယ္ ဧည့္သည္ကိုအိမ္ေပၚေခၚသြားေပး၊ နင့္တူလည္းပါတယ္ေရာ္ "

" အိုး၊ ခြန္စိုင္းေလးပါလားေတာ့္၊ ႂကြပါ "

ေနေစးက သူ႕ကိုတရိုတေသေျပာေနတာကိုတားလိုေပမယ့္ လတ္တေလာမွာေတာ့အဲ့တာေတြဟာ ခြန္စိုင္းရဲ႕လက္ရွိအေျခအေနေလာက္ပင္ အေရးမႀကီးေသးတာေၾကာင့္ သူမတားျဖစ္ေတာ့ပဲ အိမ္အေပၚသို႔တတ္လာခဲ့သည္။

အိမ္ေပၚေရာက္ေသာအခါ ထရံကန့္လိုက္ကာထားေသာအခန္းတစ္ခုရွိ၏ ထိုအခန္းငယ္တြင္ ယက္ျဖာတစ္ခ်ပ္ခင္းထားၿပီးေခါင္းအုံးအမာတုံးတစ္ခုရွိေနသည္။ ေနေစးသည္ နာက်င္မႈ႕ေၾကာင့္သတိေမ့ေနေသာ ခြန္စိုင္းကို ထိုအိပ္ရာထပ္ေျဖးညွင္းစြာခ်ထားလိုက္၏။

" ဘယ္လိုျဖစ္ရတာလဲ လူေလးရယ္။ ၾကည့္ပါဦး ဒဏ္ရာေတြခ်ည္းေရာ္။ "

ေဒၚေလးေမာ္ျမာရဲ႕စိတ္ပူစြာမခ်ိတင္ကဲေရ႐ြတ္စကားသံက ေနေစးကိုအျပစ္မတင္ေသာ္ ကိုယ့္ကိုကိုယ္အျပစ္တင္မိသည္။ ဒီလူႀကီးေလးက ဒီအရပ္ကေနသူ႕ဆီေရာက္လာစဥ္က ေပ်ာ္႐ြင္စြာၿပဳံးတတ္တဲ့လူတစ္ေယာက္ပါေလ။ အခုအခါ သူတို႔ဆီျပန္လာခ်ိန္မွာ ဒီလိုျဖစ္ပုံနဲ႕ျပန္ေတြ႕ရေတာ့ ဘယ္သူမစိုးရိမ္ပဲရွိပါ့မလဲ။

ေနေစးသည္ ခြန္စိုင္းရဲ႕လက္ကေလးကိုဆုတ္ကိုင္ကာ မ်က္ႏွာေလးအားေဆြးေျမ့စြာၾကည့္လွ်က္။

" က်ဳပ္တို႔လမ္းခုလတ္မွာတိုက္ပြဲအေသးစားႀကဳံခဲ့ရလို႔ပါ။ "

" ဒါ့ေၾကာင့္ကိုး။"

" က်ဳပ္ေဆးဆရာလိုတယ္။ "

" ေအးကြယ္။ ခဏေနာ့ "

ေျပာၿပီးေနာက္ ေဒၚေလးေမာ္ျမာအျပင္ျပန္ထြက္သြားသည္။ အိပ္ခန္းငယ္ထဲတြင္ ခြန္စိုင္းနဲ႕ ေနေစးပဲက်န္ရွိေနခဲ့၏ ခြန္စိုင္းသည္ သူ႕ရင္ဘတ္နဲ႕နာက်င္မႈ႕တစ္ခ်ိဳ႕ေၾကာင့္တစ္ခါတရံမ်က္ေမွာင္ႀကဳံ႕လွ်က္ညီးၫူသံသဲ့သဲ့ထြက္လာ၏။ ထိုသို႔ ခြန္စိုင္းပုံကိုၾကည့္ရတာ ေနေစးမခံစားနိုင္သူသာလွ်င္ အစားခံလိုက္ရခ်င္သည္။

" စကားလုံးေပါင္းမ်ားစြာရွိေနရင္ေတာင္ က်ဳပ္ရဲ႕အသုံးမက်မႈ႕ကိုေတာင္းပန္စကားေျပာဖို႔ရာတတ္နိုင္တာမရွိပါဘူး။ ခင္ဗ်ားေလးနိုးလာရင္က်ဳပ္ကိုအျပစ္မတင္ဖို႔ထက္ က်ဳပ္ကိုမမုန္းဖို႔သာေမွ်ာ္လင့္ပါရဲ႕။ "

ေနေစးရဲ႕နာက်င္စြာတီးတိုးေရ႐ြတ္မႈ႕ကိုတုန့္ျပန္ခ်င္ေပမယ့္ လက္တစ္ေခ်ာင္းေတာင္လႈပ္မရတဲ့ ခြန္စိုင္းမွာစိတ္ထဲကေနသာ တုန့္ျပန္စကားဆိုမိပါ၏။

* ကိုယ္ဒီေလာက္ခ်စ္တာ မင္းကိုဘယ္လိုမုန္းရက္နိုင္ပါ့မလဲအက္ဒြက္ရယ္။ *

.............

ေအာက္ထပ္မွာ ဦးႀကီးကူးရယ္တစ္ေယာက္ သူ႕လူေတြကိုေဆးဆရာပင့္ဖို႔အတြက္ အေလာတႀကီးျပင္ေနရသည္။

" ေဝ့ ငပု သြား..ဆယ္႐ြာက ေဆးဆရာကိုသြားပင့္ခဲ့ခ်ည္။ ၿပီးရင္ တပ္သားငယ္ေတြအိပ္ဖို႔စီစဥ္ထား။"

" ဟုတ္ကဲ့ကူးရယ္ "

ဦးႀကီးကူးရယ္က သူ႕အဖြဲ႕သားေတြအတြက္စီစဥ္ေပးေနတာေၾကာင့္ ဘြား က ဦးႀကီးကူးရယ္စီစဥ္လို႔ၿပီးတဲ့အထိရပ္ေစာင့္ေပးေနသည္။ ဒါက အိမ္ရွင္အေပၚထားတဲ့သူတို႔ရဲ႕ေလးစားသမႈ႕သေဘာထားပင္။

ဒါ့အျပင္ လက္ရွိမွာေနေစးရဲ႕စိတ္အေျခအေနမေကာင္းတာေၾကာင့္ တစ္စုံတစ္ရာထပ္ၿပီး ေနေစးကိုစိတ္အေႏွာက္အယွက္ျဖစ္ခဲ့ရင္ ရလဒ္ေကာင္းမွာမဟုတ္တာသိေနတာမို႔ အစစအရာရာ ဘြား ဂ႐ုစိုက္ေနရသည္။ ဘြား သည္ အဖြဲ႕သားေတြကိုအိမ္ရဲ႕ပတ္ပတ္လည္မွာကင္းေစာင့္ဖို႔စီစဥ္ခိုင္းထားၿပီးတာႏွင့္ ေမာ့ လက္ကိုကိုင္ရင္း ဦးႀကီးကူးရယ္နဲ႕အတူအိမ္ေပၚတတ္လာေတာ့ ေမာ့ က သူ႕လက္ကိုျပန္႐ုန္းေသာ္လည္း ဘြား လြတ္လိုက္ဖို႔စိတ္ကူးမရွိေပ။

ဒီဂ်စ္ကန္ကန္အဆိုးေလးက အႏုနည္းသုံးလို႔မရတာ ဘြား သိသည္ေလ။

လက္ရွိမွာ ေမာ့ လက္ေမာင္းကဒဏ္ရာဟာလည္းေသြးထြက္လြန္ထားတာေၾကာင့္စိုးရိမ္စရာပင္။ အိမ္ေရွ႕ဧည့္ခန္းေရွ႕တြင္အားလုံးဝိုင္းစုထိုင္ေနရာအနက္ ကူးရယ္မွာ ျဖစ္စဥ္ကိုသိလိုေသာ္လည္း လက္ရွိမွာ ေခါင္းေဆာင္ေတြရဲ႕စိုးရိမ္ပူပန္မႈ႕နဲ႕ေမးဖို႔သင့္ေတာ္တဲ့အခ်ိန္မဟုတ္ေသးတာေၾကာင့္ ဒီအေျခအေနမွာ တိတ္ဆိတ္လွ်က္ရွိသည္။ ကူးရယ္ ေဘးမွာထိုင္ေနတဲ့ ဘြားသည္ ေမာ့ ကို သူ႕အနားမွာပင္ထားကာ ေဆးဆရာမလာခင္မွာ တတ္ကြၽမ္းသေလာက္ ဒဏ္ရာကုသေပး၍ေန၏။ ဒီလို က်ဥ္ဆံမွန္ဖူးတဲ့ဒဏ္ရာေတြနဲ႕ရင္းႏွီးဖူးေသာ ေမာ့ မွာ အေထြအထူးခံစားမေန။ နာက်င္မႈ႕ကိုအံႀကိတ္ခဲ၍သာ ေတာင့္ခံေန၏။

သို႔ေသာ္ ခ်စ္ရသူနာက်င္ခံစားေနရတာကို မၾကည့္ရက္နိုင္သူမွာ ဘြား ပင္။

" အရမ္းနာေနလား? "

" ရတယ္ "

" က်ဳပ္ဒီအဝတ္စျဖည္မယ္ နာရင္ က်ဳပ္လက္ကိုတြန္းလိုက္ "

" အဆင္ေျပတယ္ေရာ္!.. လုပ္စရာရွိတာလုပ္! "

ထိုသို႔သာေျပာေနတယ္ ေမာ့ နားထင္စပ္မွာ ေခြၽးစတို႔အျပည့္။ ဒါကသူဘယ္ေလာက္နာက်င္ေနလဲဆိုတာပင္ျဖစ္သည္။ ဘြား သည္ ေမာ့ လက္ေမာင္းမွာခ်ည္ထားတဲ့အဝတ္တို႔ကိုျဖည္ကာ ေရေႏြးပူပူျဖင့္ အဖန္ေရေဆးေပးထားလိုက္၏။ ထိုအခ်ိန္မွာ အခန္းထဲရွိ ခြန္စိုင္းသည္လည္း သူ႕ဒဏ္ရာေၾကာင့္သတိမရတစ္ခ်က္ ရတစ္ခ်က္နဲ႕ နာက်င္စြာညီးတြားေနေတာ့သည္။ ခြန္စိုင္းရဲ႕ညီးတြားသံတစ္စတစ္စက်ယ္လာေလ ေနေစး ပိုပို၍စိတ္ပူလြန္ကဲလာေလျဖစ္လာသည္။

" အ့... အေမ၊...နာ..တယ္ "

တစ္လုံးခ်င္းေရ႐ြတ္စြာတီးတိုးညီးသံေလးဟာ ေနေစးအတြက္ေတာ့ ႏွလုံးသားဆီကေသြးစက္စက္ယိုေနသလိုနာက်င္လွပါ၏။ ခ်စ္ရသူကနာက်င္ေနၿပီ ေခၚထားတဲ့ေဆးဆရာကမလာေသးတာေၾကာင့္ အက္ဒြက္စိတ္တိုကာမ်က္ႏွာတင္းတင္းနဲ႕ အျပင္ဘက္ဆီထြက္လာေတာ့သည္။

" ကူးရယ္ က်ဳပ္ေခၚခိုင္းထားတဲ့ေဆးဆရာဘယ္မလဲ။ အထဲမယ္ က်ဳပ္ဧည့္သည္ေလးအေတာ္နာက်င္ေနၿပီ အခုထိဘာလို႔မေရာက္ေသးတာလဲ!! "

" က်ဳပ္သြားေခၚခိုင္းလိုက္ပါၿပီ ဦးေဆာင္သူ ခဏထပ္ေစာင့္ေပးပါဦးဗ် "

" က်ဳပ္ဒီထပ္အခ်ိန္ပိုထပ္မေစာင့္နိုင္ဘူး။ ဘြား အဲ့ေဆးဆရာအိမ္ကိုေမးၿပီး သြားဆြဲေခၚခဲ့ခ်ည္!!"

" ေကာင္းၿပီ က်ဳပ္သြားေခၚခဲ့မယ္ "

" ေန...ေနပါဦး ဦးေဆာင္သူ.. အဲ့တာက... "

ကူးရယ္ သည္ ဦးေဆာင္သူေဒါသကိုသိေနတာေၾကာင့္ သူကိုယ္တိုင္လည္းအျပစ္တင္စရာလူမရွိ​ေန။ ေဆးဆရာသြားေခၚခိုင္းလိုက္တဲ့လူကေရာက္မလာေသးတာေၾကာင့္ အခက္ေတြ႕လို႔ေနသည္။

" ကူးရယ္!! .. ဒီမယ္ ဖထီးငယ္တို႔ပါလာေရာ့ "

ထိုစဥ္မွာ ၿခံထဲသို႔ ငပု ဆိုသူအေျပးအလႊာပင္ေရာက္လာၿပီး သူ႕ေနာက္တြင္လက္ဆြဲျခင္းတစ္လုံးႏွင့္အမ်ိဳးသမီးငယ္တစ္ဦးႏွင့္ အသက္ ၄၀/၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးတို႔ ရိုးရာဝတ္စုံတို႔ျဖင့္လိုက္ပါလာၾကသည္။

" ေအးကြာ ျမန္ျမန္တတ္ခဲ့ခ်ည္။ က်ဳပ္ဧည့္သည္ေတြအရင္လိုေနတယ္ေရာ္ "

ေနေစးသည္ ေဆးဆရာေရာက္လာတဲ့အခ်ိန္မွ သူ႕မ်က္ႏွာေဒါသတို႔နည္းနည္းေျဖေလွ်ာ့သြားၿပီး ထိုေဆးဆရာနဲ႕ အမ်ိဳးသမီးငယ္တို႔ကိုၾကည့္လိုက္သည္။ ထိုသို႔ ေနေစး အကဲခတ္ေနပုံကိုသတိထားမိတဲ့ ကူးရယ္ က ၾကားကပင္ဝင္ေျပာကူသည္။

" ဦးေဆာင္သူ ဒါက က်ဳပ္တို႔ ဆယ္႐ြာစုရဲ႕အေကာင္းဆုံးေဆးဆရာႀကီးပါ..ဒီဘက္က ဆရာမေလးသစ္ခက္ႏြယ္ေရာ္။ လူေလးခြန္စိုင္းနဲ႕ ရဲေဘာ္ကို သူတို႔ၾကည့္ေပးနိုင္ပါတယ္ "

ကူးရယ္ ေျပာေနေသာ္လည္း လူစိမ္းေတြကိုအယုံအၾကည္မရွိတဲ့ ေနေစးဟာ ထိုလူႀကီးနဲ႕အမ်ိဳးသမီးငယ္ကိုစိတ္မခ်နိဳင္ေပ။ သို႔ေသာ္ တဖက္မွာလည္း တကယ္ပင္သူ႕ဧည့္သည္ေလးအတြက္ ေဆးဆရာလိုအပ္ေနသည္မို႔ သူ႕မွာေ႐ြးခ်ယ္ေနဖို႔အခြင့္အေရးမရွိေပ။

"သူ႕ကိုေသခ်ာေလးစစ္ေဆးေပး "

" ေကာင္းပါၿပီ "

ထို႔ေနာက္ အခန္းထဲအတြင္းသို႔ ေနေစးကေရွ႕ကေနသြားၿပီး သူတို႔ကိုေနာက္ကလိုက္ေစ၏ ထိုထဲတြင္ ပါလာသည့္အမ်ိဳးသမီးငယ္အပါအဝင္ေပါ့။

ထိုအမ်ိဳးသမီးငယ္မွာ ငယ္စဥ္ကတည္းကသူ႕အေဖေဆးကုသည့္ပညာကိုလိုက္စားကာဆရာမတစ္ေယာက္ပင္ျဖစ္ေနၿပီမို႔ သူ႕အတြက္ေဆးကုရမွာကသာမန္ပင္။ သို႔ေသာ္ သူ(မ)သည္ အခုလက္ရွိသူ(မ​)ေရွ႕မွာရွိေနေသာ အာဏာပါဝါႀကီးတဲ့ ဦးေဆာင္သူအားတစ္ခ်က္မွ်ၾကည့္ကာ စိတ္ဝင္စားျခင္းမျပေသာ္လည္း အခန္းထဲအေရာက္တြင္ ဖ်ာေပၚမွာ လဲေလွ်ာင္းေနတဲ့တစ္စုံတစ္ေယာက္ကိုေတြ႕မိခ်ိန္မွာေတာ့မတူေတာ့ေပ။

ဒါကို နံေဘးတြင္ရွိေနတဲ့ သက္ဆိုင္သူက သတိမထားမိဘူးဆိုတာ ဘယ္လိုျဖစ္နိုင္ပါ့မလဲ။

ေဆးဆရာႀကီးက ခြန္စိုင္းဟြမ္ရဲ႕လက္ရွိအေျခအေနကိုၾကည့္ၿပီးေနာက္ သူ႕သမီးလက္ထဲကေဆးျခင္းကိုခ်​ေစကာ အရင္ဆုံးေဆးျမႇီးတိုေတြနဲ႕ သူ႕ေနရာနဲ႕သူ ကုသမႈ႕ကိုစတင္ေလ၏။ ထိုအခ်ိန္အတြင္းမွာ အခန္းထဲတြင္ေနေစးအျပင္ ေဆးဆရာသားအဖႏွင့္ ကူးရယ္တို႔ရွိေနသည္။ အခန္းဟာမက်ယ္ေသာ္လည္း ရွိေနတဲ့လူနာေၾကာင့္သူတို႔မွာစိတ္မပူဘဲမေနနိုင္​ေပ။

" ဒီလူေလးအဝတ္အစားေတြကို ျပတ္လပ္ေခ်ာင္ခ်ိတဲ့အဝတ္နဲ႕လဲေပးလို႔ရနိုင္မလား? သူ႕ ေျခေထာက္နဲ႕ ရင္ဘတ္ေက်ာကပ္ေနရာတစ္ခ်ိဳ႕ကို က်ဳပ္ေဆးအဆီလိမ္းေပးဖို႔နဲ႕ အေရာင္က်ေအာင္လုပ္ေပးဖို႔လိုအပ္တယ္ေရာ္ "

ဒါကိုၾကားေတာ့ ကူးရယ္ကဦးစြာဝင္ေျပာသည္။

" က်ဳပ္အိမ္မယ္ က်ဳပ္တူေလးက်န္ခဲ့တဲ့အဝတ္ေတြရွိပါ့၊ ဦးေဆာင္သူလိုအပ္မလား "

" က်ဳပ္ကိုေပး "

အခုလက္ရွိ ခြန္စိုင္းဝတ္ထားတဲ့ဂ်င္းေဘာင္းဘီနဲ႕အက်ီလက္ရွည္ဟာေဆးကုသဖို႔ရာ အဆင္မေျပမွန္းသိတာေၾကာင့္ ေနေစးေတာင္းယူလိုက္သည္။

ကူးရယ္ ထြက္သြားၿပီးမၾကာလိုက္ခင္မွာ လြင္မိုးေထြးက်န္ခဲ့တဲ့ဝတ္စုံတစ္ခ်ိဳ႕ကိုယူလာေပးသည္။ ေနေစးသည္ ကူးရယ္ေပးတဲ့ဝတ္စုံကိုကိုင္ၿပီး လဲေပးဖို႔ရာအခန္းတြင္းတစ္ခ်က္ေဝ့ၾကည့္လိုက္ေသာ္ က်န္သူမ်ားကေယာက္က်ားေလးျဖစ္လို႔ကိစၥမရွိဘူးလို႔မမွတ္ေလနဲ႕ ေစာေနေစး ဆိုတဲ့သူဟာ သူ႕အပိုင္ျဖစ္တဲ့ ဧည့္သည္ေလးကို သူမ်ားၾကည့္တာေတာင္မႀကိဳက္တာ အခုလိုအဝတ္လဲခ်ိန္မွာ လူအမ်ားရွိေနမွာေသခ်ာေပါက္မႏွစ္ၿမိဳ႕ေပ။

" ဒီမွာ ကူးရယ္တို႔ကူစရာမရွိေတာ့ဘူး "

ထိုစကားဟာ တျခားလူအျမင္မွာအနည္းငယ္ရိုင္းေကာင္းရိုင္းနိုင္ေပမယ့္ အခန္းထဲမွာရွိတဲ့လူေတြကေတာ့ ဦးေဆာင္သူ ဆိုတဲ့ေနေစးကို နားလည္၏။ သို႔ေသာ္ ေနေစးရဲ႕ထိုစကားေၾကာင့္ မ်က္ႏွာမဲ့ကာမထီသလိုႏွင့္ၾကည့္လာတဲ့သူ(မ) ။

ကူးရယ္နဲ႕ က်န္လူေတြအခန္းထဲကထြက္သြားခ်ိန္မွာ ေနေစးအပါအဝင္ ေဆးဆရာသားအဖႏွင့္ ၃ ေယာက္သာက်န္ရွိသည္။ ဒါကိုေတြ႕ေတာ့ ေနေစးက သူ(မ)ကို ခပ္စူးစူးစိုက္ၾကည့္ကာ ။

" မင္းအလုပ္ဒီမွာဘာရွိသလဲ။ "

ေနေစး စကားေၾကာင့္ သူ(မ)က ေနေစးကိုခပ္တင္းတင္းၾကည့္ကာ။

" ကြၽန္မကဆရာဝန္ေလ အဲ့ေတာ့ ကြၽန္မဒီမွာရွိတာျဖစ္သင့္တာပဲမဟုတ္လားရွင့္။"

သစ္ခက္ႏြယ္ဟာ တိုင္းရင္းသူတစ္ေယာက္ပီသစြာ သူ႕အတတ္ေဆးပညာႏွင့္ကုသေပးခဲ့ဖူးေသာအမ်ိဳးသားမ်ားစြာရွိပါ၏ သူ(မ)သည္ ေရာဂါကုသရာမွာ ေယာက္က်ား/မိန္းမ ခြဲျခားျခင္း ရွက္႐ြံ႕ျခင္းကင္းစြာကုသေပးခဲ့တာခ်ည္းပင္။ သို႔ေသာ္ထိုကဲ့သို႔ေသာ အကဲဆတ္ၿပီးယဥ္ေက်းမႈ႕မရွိတဲ့ လူနာရွင္ေတာ့မေတြ႕ခဲ့ဖူးပါေလ။

" က်ဳပ္မင္းကိုမလိုဘူး အျပင္ထြက္! "

" ဒီမွာရွင့္ ကြၽန္မတို႔ကရွင္တို႔ပင့္ဖိတ္လို႔ေဆးကုဖို႔ေရာက္လာတာေနာ္ ရွင့္လက္ေအာက္ခံလူမဟုတ္လို႔ စကားေျပာမေမာက္မာပါနဲ႕! "

သူ(မ)ရဲ႕ ခပ္စူးစူးအသံေၾကာင့္ အျပင္မွာရွိေနတဲ့ ဘြား နဲ႕ေမာ့ ၊ ကူးရယ္ တို႔သုံးေယာက္သားတစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္ကာခ်က္ခ်င္းျပန္ဝင္သြားရေကာင္းမလားေတြးေနမိသည္။ ကူးရယ္သည္ ဆရာမေလးသစ္ခက္ႏြယ္ရဲ႕ ရဲတင္းတဲ့စကားသံႏွင့္အျပဳအမႈေၾကာင့္ ဦးေဆာင္သူရဲ႕ေဒါသကိုသြားဆြမိၿပီးအားလုံးဒုကၡေရာက္ကုန္မွာစိုးထိတ္ေနမိ၏။

ထို႔အတူ အခန္းထဲတြင္လုံးဝသတိလစ္ေနျခင္းမရွိတဲ့ ခြန္စိုင္းဟာ သူ(မ)စကားသံေၾကာင့္ျပသာနာတစ္စုံတစ္ခုျဖစ္မွာစိုးရိမ္ကာမ်က္လုံးဖြင့္ဖို႔ႀကိဳးစားလာတာျမင္ေတာ့ ေနေစး၏သားရဲတစ္ေကာင္အလားေအးစက္ခက္ထန္ေသာမ်က္ဝန္းေတြႏွင့္ သူ(မ)အားစိုက္ၾကည့္ကာေနသည္။

ထိုအ​ၾကည့္ေတြမွာ အဆုံးမရွိတဲ့ေဒါသအတိမ္အနက္တို႔ၾကား ေပါက္ကြဲခ်င္ေနေသာေဒါသတို႔ကို ျမတ္နိုးရသူ​ေလးတည္ရွိမႈ႕ေၾကာင့္ မတတ္သာလို႔ထိန္းခ်ဳပ္ထားသကဲ့သို႔ ေနေစး မွာ သူ(မ)အားထပ္ေျပာလိုက္သည္။

" မင္းဆရာဝန္တစ္ေယာက္ျဖစ္တာနဲ႕ပဲ အမ်ိဳးသားတစ္ေယာက္အဝတ္လဲခန္းမွာရွိသင့္တယ္လို႔ဆိုလိုခ်င္တာလား? က်ဳပ္ထပ္ၿပီးစကားေတြအရွည္မေျပာခ်င္ဘူး ထြက္သြား! "

" လူနာရွင္တစ္ေယာက္အေနနဲ႕ လူနာကုသမႈ႕ေႏွာင့္ေႏွးေအာင္ဆရာဝန္နဲ႕အတိုက္အခံျဖစ္ေနတာမေကာင္းဘူးလို႔ထင္တယ္။ ရွင္သူ႕ကိုလဲစရာရွိတာလဲေပးလိုက္ပါ။ ၿပီးရင္ ကြၽန္မတို႔ဆက္ကုသရမွာမို႔ ရွင္သာအျပင္ထြက္သြားေပးဖို႔လိုတယ္ "

ဦးေဆာင္သူ က ဘယ္လိုအာဏာႀကီးတယ္။ဘယ္လိုျမင့္ျမတ္တယ္ပဲဆိုေစဦးေတာ့ ငယ္စဥ္တည္းက ေဆးဆရာမ်ိဳးရိုးမို႔ လူေတြရဲ႕အေလးထားျခင္းကိုခံယူလာခဲ့ၿပီး သူ(မ)ကိုယ္တိုင္ကလည္းဆရာဝန္မေလးမို႔ သူ(မ)ဆီမွာ ေၾကာက္စိတ္ရယ္လို႔ရွိမေနေပ။

ဒါေပမယ့္ သူ(မ)ရဲ႕လြဲမွားတဲ့သုံးသပ္ခ်ပ္ဟာ ေစာေနေစး ဆိုသူရဲ႕သည္းခံနိုင္တဲ့အတိုင္းအတာကိုစိန္ေခၚေနျခင္းဆိုတာ သူ(မ)မသိေပေရာ့။ ေနေစး ဟာ သူ႕ကို ခြန္စိုင္းအနားကထြက္သြားခိုင္းတဲ့အႏွီးဆရာဝန္မဆိုသည့္ သူ(မ)ကိုစိတ္ထဲေထာင္းခနဲျဖစ္ကာခါးၾကားထဲမွ ပစ္စတိုေသနတ္ထုတ္ၿပီး သူမႏွဖူးထိတ္တည့္တည့္ကိုေမာင္းတင္၍ခ်ိန္ထားလိုက္၏။

" မင္းေနာက္ထပ္ ​ေစာက္ေရးမပါတဲ့စကား​ေတြထပ္ေျပာေနမယ္ဆိုရင္ က်ဳပ္ရိုင္းစိုင္းမႈ႕ကိုအျပစ္မတင္ေလနဲ႕! က်ဳပ္သီးခံမႈ႕ကအတိုင္းအတာရွိတယ္အမိ! "

ေအးစက္ၿပီးခက္ထန္မႈ႕အျပည့္ႏွင့္ ေနေစး ရဲ႕စကားနဲ႕အတူ ေသနတ္ခ်ိန္ထားတဲ့လက္ဆီက ခလုပ္ဆြဲဖို႔ကိုအသင့္ျဖစ္ေနတဲ့အေနအထားေၾကာင့္ ႐ုတ္တရက္ သူ(မ)လန့္ျဖန့္ကာမ်က္လုံးျပဴး၍ အေၾကာက္တရားနည္းနည္းဝင္သြားရသည္။
သို႔ျဖင့္၍ သူ(မ)နံေဘးမွာထိုင္ေနတဲ့အေဖျဖစ္သူကထိတ္ထိတ္ျပာျပာႏွင့္ပင္။

" ဦး..ဦးေဆာင္သူခင္ဗ် က်ဳပ္..က်ဳပ္သမီးအစားက်ဳပ္ကပဲေတာင္းပန္ပါတယ္ စိတ္ကိုေလွ်ာ့ပါဗ်ာ။ ဟဲ့ ဖိုးမူ ဦးေဆာင္သူကိုေတာင္းပန္လိုက္စမ္း။ တယ္... နင္စကားေျပာရိုင္းစိုင္းမေနသင့္ဘူးေရာ္ "

ေဆးဆရာရဲ႕ဝင္ဟန့္မႈ႕ႏွင့္ ေနေစးလက္ထဲမွာလက္ရွိခ်ိန္ထားတဲ့ေသနတ္ရဲ႕ေမာင္းတံဟာအခ်ိန္မေ႐ႊး သူ(မ)ေခါင္းထဲဝင္သြားနိုင္တယ္ဆိုတဲ့အသိႏွင့္ သူ(မ)မ်က္ႏွာေၾကာေလွ်ာ့ကာ ေခါင္းအနည္းငယ္ငုံလ်က္..မေတာင္းပန္ခ်င္ဘဲေတာင္းပန္စကားဆိုလိုက္ရ၏။

" ကြၽန္မစိတ္ေလာမိသြားလို႔ စကားေျပာရိုင္းသြားရင္ေတာင္းပန္ပါတယ္။ "

ထိုအခါမွ ေနေစးက သူ႕လက္ထဲကေသနတ္ကိုခ်ထားလိုက္ၿပီး သူမကိုမ်က္ႏွာလႊဲကာ..။

" ထြက္သြား! "

" ကဲ သြား သြား ၊ အျပင္ထြက္ေနခ်ည္။ "

ထြက္သြားတဲ့ သူ(မ)ပုံစံဟာ နာခံမႈ႕ရွိသေယာင္နဲ႕ ခံျပင္းစိတ္အျပည့္ျဖစ္ေန၏။ သူ(မ)စိတ္ထဲမွာ ထိုသို႔လက္နက္ကိုင္အာဏာအႀကီးပိုင္းေကာင္ေတြဟာ သူတို႔နယ္ေျမရဲ႕ေအးခ်မ္းမႈ႕ကိုလက္ဝါးႀကီးအုပ္ၿပီး အမိန့္ေတြအာဏာေတြဆိုတာကိုလက္ကိုင္ထားေနျခင္းလို႔ ခံယူထားျခင္း
ေၾကာင့္ျဖစ္သည္။ ဒါကလည္း သူမဟာငယ္စဥ္ကတည္းကေအးခ်မ္းစြာေနထိုင္မႈ႕ကိုလိုလားတဲ့မိန္းကေလးငယ္တစ္ေယာက္မို႔လည္းျဖစ္နိုင္ပါသည္။

သူ(မ) ထြက္သြားတဲ့ေနာက္ ေနေစး ဟာ ခြန္စိုင္းအဝတ္ကိုေျဖးညွင္းစြာလဲလွယ္ေပးေနၿပီး အဝတ္စတစ္ခုျဖင့္သုတ္ကာသန့္စင္ေပးေနသည္။ ေဆးဆရာသည္လည္း ေနေစး ထိုသို႔လုပ္ေပးေနစဥ္အတြင္း သူ႕လုပ္ရမယ့္ေဆးစပ္ျခင္းကိုတဖက္လွည့္၍လုပ္ကာ ေနေစးတို႔ကိုဂ႐ုမထားေပ။

" က်ဳပ္အဝတ္လဲေပးၿပီးၿပီ အဆင္ေျပလား။"

ထိုအခါမွ ေဆးဆရာက ေဆးအဆီစပ္ဆက္ရာမွလွည့္ၾကည့္ကာ လက္ျပတ္ႏွင့္ လုံခ်ည္ကိုဝတ္ထားတဲ့ ခြန္စိုင္းကိုေတြ႕ေတာ့ေခါင္းၿငိမ့္ကာ။

"အဆင္ေျပၿပီေရာ။ အခု က်ဳပ္ေဆးအဆီလိမ္းေပးမယ္ေနာ့ "

" က်ဳပ္ရွိေနလို႔ ကုသမႈ႕မေႏွာင့္ေႏွးေစနဲ႕။ သူ႕ကို ကုေပးစရာရွိတာကုပါ။ "

" ေကာင္းပါၿပီ "

ေနေစး က သူ႕ကိုအာ႐ုံမစိုက္ဖို႔ေျပာေနေသာ္လည္း ေနေစးရဲ႕သံသယအၾကည့္နဲ႕ ျပင္းထန္တဲ့အရွိန္အဝါေၾကာင့္ ေဆးဆရာမွာ အမွားမလုပ္မိေအာင္ကိုယ့္ကိုကိုယ္အထပ္ထပ္သတိေပးရင္း ခြန္စိုင္းကိုဂ႐ုတစိုက္နဲ႕ေဆးကုသေပးခဲ့ရသည္။ဒဏ္ရာေတြကအတြင္းထဲထိျပင္းထန္တာေၾကာင့္အေတာ္ေလးအခ်ိန္ယူရမည္။

ကုသမႈ႕ၿပီးတဲ့အခါ ေဆးဆရာဟာသူ႕ေဆးျခင္းနဲ႕အတူ ေနေစးနဲ႕အျပင္ဘက္ဆီသို႔ထြက္လာ၏။ ထြက္လာတဲ့အခ်ိန္မွာ သူ(မ)ဟာ ေမာ့ ရဲ႕ က်ည္ဆံမွန္တဲ့ဒဏ္ရာကိုေဆးစည္းေပးေနသည္။ သူ(မ) ေနေစးကိုေတြ႕တဲ့အခါ မေက်နပ္မႈ႕ရွိေပမယ့္ မ်က္ႏွာတြင္ေတာ့မေဖာ္ျပရဲေတာ့ေပ ။

ေဆးဆရာကေျပာလာသည္။

" အထဲကလူေလးရဲ႕ဒဏ္ရာကေတာ္ေတာ္နဲ႕သက္သာမယ့္ပုံေတာ့မရွိဘူးေရာ္..ဒါေပမယ့္ တစ္ခုရွိတာက က်ဳပ္ေပးခဲ့တဲ့​ေဆးကိုပုံမွန္လူးလူးေပးပါ။ က်ဳပ္ေဆးက်ိတ္ၿပီးအုံေပးတဲ့အခါဆိုရင္ တစ္ပတ္ေလာက္ေနရင္ သူသက္သာလာပါလိမ့္မယ္ "

" ေကာင္းၿပီ။ "

ကူးရယ္ က ေဆးဆရာႀကီးကိုေက်းဇူးတင္ေၾကာင္းေျပာၿပီးေသာအခါမွာ ေဆးဆရာႀကီးက ေနေစး ဘက္ကိုမေျပာရဲ၍ ကူးရယ္သို႔တိုက္ရိုက္ေျပာျပလာ၏။

" ကူးရယ္ဗ် က်ဳပ္ေနာက္ရက္မွာ ကေျဗာေတာဘက္ကိုသြားရမယ္.. အဲ့မယ္ ဖ်ားနာမႈ႕ႀကီးလို႔က်ဳပ္သြားဖို႔လိုတယ္ေရာ္။ အဲ့တာေၾကာင့္ ေနာက္ရက္ေတြ လူေလးဆီကုသမႈ႕အတြက္ ဖိုးမူကိုပဲ လြတ္လို႔အဆင္ေျပမယ္ေရာ္။ အဲ့တာေတာ့ က်ဳပ္ကိုနားလည္ေပးေနာ့ "

ဒါက အသိေပးျခင္းမဟုတ္ဘဲ နံေဘးမွာ ေနေစး ရပ္ေနတာေၾကာင့္ေတာင္းဆိုမႈ႕သာျဖစ္သည္။ ေဆးဆရာရဲ႕ေတာင္းဆိုမႈ႕ေၾကာင့္ ကူးရယ္လည္းနည္းနည္းေခါင္းႀကီးသြားရသည္။ အခုေလးတင္သူ႕သမီးနဲ႕ ဦးေဆာင္သူတို႔အဆင္မေျပတာကို ကူးရယ္ အၾကားဘဲမဟုတ္လား။

ထင္သည့္အတိုင္း ေနေစးဟာ သူ(မ)က ခြန္စိုင္းကိုကုသမယ့္အေပၚမွာမလိုေပမယ့္ လက္ရွိမွာ သူ(မ)ကေဆးဆရာမဆိုတာကိုေတာ့မျငင္းနိုင္ေပ။
ထို႔ေၾကာင့္ ေနေစးက လက္ခံလိုက္သည္။

" ေကာင္းၿပီ။ က်ဳပ္လက္ခံတယ္။ အဓိက က်ဳပ္ဧည့္သည္ေလးကိုသာအေကာင္းဆုံးကုသေပးေစခ်င္တယ္။ အမွားတစ္ခုေလးေတာင္မရွိပဲနဲ႕ေပါ့! "

ေနာက္ဆုံးစကားတစ္ခြန္းဟာ သူ(မ)နဲ႕ေဆးဆရာအတြက္ ခ်ိန္းေျခာက္မႈ႕အျပည့္နဲ႕ေပါ့။ ထိုသို႔ႏွင့္ ေနေစးတို႔အဖြဲ႕ဟာ ကူးရယ္တို႔ေနရပ္မွာ ခြန္စိုင္းသက္သာသည္အထိစခန္းခ်ေနဖို႔သာျပင္ဆင္ရေတာ့သည္။ လက္ရွိမွာ တခ်ိဳ႕အရာေတြကသူရွိေနရန္လိုအပ္ေနေသးတယ္ဆိုေပမယ့္ အဲ့အရာေတြက သူ႕ဧည့္သည္ေလးေလာက္အေရးမႀကီးတာမို႔ ေနေစးမွာ ခြန္စိုင္းအနားတြင္သာအေဖာ္ျပဳေနေပးသည္။

ေဆးဆရာျပန္ခါနီးေပးတဲ့ေဆးျမစ္ထုတ္ ေဆးတစ္ခြက္စာကိုႀကိဳၿပီး ခြန္စိုင္းကိုတိုက္ေကြၽးၿပီးကတည္းကအိပ္ေပ်ာ္ေနလိုက္တာ ညေနေမွာင္ရီပ်ိဳးခ်ိန္ေလာက္မွ တိုးညွင္းစြာညီးသံနဲ႕အတူ ခြန္စိုင္း အိပ္ရာနိုးလာသည္။ ထိုအခ်ိန္ ေနေစးက ေအာက္ဘက္မွာလုပ္စရာရွိတာသြားလုပ္ေနေခ်ၿပီ။

" အင္း.."

ခြန္စိုင္း သူ႕ရဲ႕ေလးလံေနတဲ့မ်က္လုံးေတြကိုေျဖးညွင္းစြာဖြင့္ၾကည့္လိုက္သည္။ ပထမဦးစြာ အပူခံထရံမ်က္ႏွာက်က္ကိုသာေတြ႕ရၿပီး သူ႕မ်က္ေတာင္တို႔ပုတ္ခတ္လိုက္၏။ သူ႕ခႏၶာကိုယ္ေပၚမွာရွိတဲ့ဒဏ္ရာႏွင့္နာက်င္မႈ႕တို႔ဟာ မနက္ကႏွင့္မတူဘဲအနည္းငယ္သက္သာသလိုလိုရွိတာေၾကာင့္ ေခါင္းေစာင့္၍ေဘးဘီဆီေလွ်ာက္ၾကည့္လိုက္သည္။

ဒီေန႕မနက္ ခြန္စိုင္းသတိရတစ္ခ်က္မရတစ္ခ်က္ျဖစ္ေနေပမယ့္ ကူးရယ္တို႔ဆီကိုေရာက္ၿပီးသူ႕အားေဆးကုသေပးတာကိုလည္းသိေနခဲ့သည္။ ေနာက္ပိုင္းတြင္သာ ေဆးအရွိန္ေၾကာင္းအိပ္ေမာက်သြားျခင္းေၾကာင့္သာ။ ခြန္စိုင္း မွတ္မိတာသာမမွားရင္ ဒီအခန္းဟာ ခြန္စိုင္း နဲ႕ လြင္မိုးေထြးတို႔လာစဥ္ကတည္းခိုတဲ့ ကူးရယ္တို႔အိမ္ဧည့္သည္ခန္းျဖစ္မည္။

အရင္က လက္လုပ္အဝတ္ထည့္ေသတၱာတစ္ပုံးသာရွိေသာ ဤအခန္းမွာ အခုမူ အဝါေရာင္ေျမအိုးေသးေသးႀကီးႀကီးတို႔ရွိေနၿပီး အထဲတြင္လည္းေဆးနံမ်ိဳးစုံႏွင့္အဆီတို႔ရွိေနသည္။ ဒါ့အျပင္ အုပ္မီးဖိုအေသးစားေလးတစ္လုံးဟာအခန္းေထာင့္တစ္ေနရာတြင္ရွိေနၿပီး ေဆးႀကိဳတဲ့အိုးျဖစ္ပုံရသည့္ အိုးတစ္လုံးကိုအဖုံးဖုံးလွ်က္ေတြ႕သည္။

ဒဏ္ရာဆီကအနည္းငယ္သက္သာလာတဲ့ ခြန္စိုင္းဟာ လွဲေနရာမွ ျဖည္းညွင္းစြာထထိုင္ၿပီး သူ႕ကိုယ္ေပၚလႊားထားတဲ့ခ်ည္ေစာင္ပါးေလးကိုကိုင္ၿပီး သူ႕ေတြ႕ခ်င္ေနေသာ တစ္စုံတစ္ေယာက္ဝင္လာမယ့္ဆီကိုလွမ္းၾကည့္မိလိုက္သည္။

.....

ထိုအခ်ိန္မွာ အိမ္ေအာက္ထပ္ရွိကြပ္ပ်စ္က်ယ္တြင္ ေနေစးအပါအဝင္ကူးရယ္ႏွင့္ ဘြားႏွင့္ေမာ့ တို႔ဟာ ဒီေန႕ျဖစ္ပ်က္သြားတဲ့လုပ္ႀကံမႈ႕နဲ႕ပက္သတ္ၿပီးတိုင္ပင္ေဆြးေႏြးလို႔ေနသည္။

ကူးရယ္ဟာနယ္ေျမတစ္ခ်ိဳ႕အုပ္ခ်ဳပ္ေနသည့္တိုင္ဒီေန႕ရဲ႕အဓိကျပစ္မွတ္ဟာ ေမာ့ကိုမဟုတ္သလို ေစာေနေစးကိုလည္းမဟုတ္မွန္းသိလိုက္သည္။သို႔ေသာ္ လူေလးစိုင္းဟြမ္ကိုျပစ္မွတ္ထားဖို႔ရာ ဘာအတြက္နည္း? လူေလးခြန္းစိုင္းဆိုသည္မွာဒီနယ္ေျမ သို႔မဟုတ္ ဦးေဆာင္သူတို႔နယ္ေျမရွိရာဆီလာလည္ေသာခရီးသည္တစ္ဦးပင္ ထို႔သို႔ခရီးသည္ေလးတစ္ဦးကိုသူတို႔ျပစ္မွတ္ထားျခင္းမွာဘယ္လိုအက်ိဳးျမတ္ေၾကာင့္နည္း?။

ကူးရယ္ထိုသို႔ေတြးေနခ်ိန္မွာ သူ႕ေရွ႕ရွိ ေနေစးဟာ မ်က္ႏွာအမူအယာကင္းမဲ့စြာေအးစက္လွ်က္ တင္ပေလြခ်ိတ္လွ်က္ထိုင္ကာေတြးေနသည္။

" ဒီေန႕ကိစၥမွာ က်ဳပ္အထင္ေတာ့သူတို႔ျပစ္မွတ္ကေသခ်ာေပါ့ ေနာင္ႀကီးခြန္စိုင္းပဲ။"

ဘြားရဲ႕စကားကို ကူးရယ္လည္းေထာက္ခံ၏။

" အိမ္း..က်ဳပ္လည္းပဲအဲ့တာေတြးေနတာေရာ္ "

" ဒါေပမယ့္ ဘာလို႔မ်ားလဲ? က်ဳပ္မေတြးတတ္ျဖစ္ေနတာ "

" က်ဳပ္လည္းပဲမေတြးတတ္။ လူေလးခြန္စိုင္းနဲ႕လည္း ရန္ၿငိဳးရွိပုံမေပၚဘူးမဟုတ္လား "

ကူးရယ္က ေခါင္းတစ္ညွိမ့္ညွိမ့္နဲ႕ပင္ေတြးစေနျပန္သည္။ ထိုစဥ္ ေမာ့ကေျပာလာသည္။

" ေနာင္ႀကီးခြန္စိုင္း ဒီရက္ျပန္မယ္ဆိုတာ က်ဳပ္တို႔႐ြာရဲ႕လူတစ္ခ်ိဳ႕ေလာက္သာႏႈတ္ဆက္တဲ့အေနနဲ႕သိၾကတာ..ေတြးၾကည့္ရင္ ဒီေန႕လုပ္ႀကံမႈ႕ကသူတို႔ရက္အတိအက်သိၿပီးႀကိဳတင္စီစဥ္ထားတာပဲဗ် "

ေမာ့ ဟာ ဒီေန႕ ခြန္စိုင္းကသူ႕ထက္ပိုၿပီးထိခိုက္ဒဏ္ရာရသြားတာကိုလြန္စြာစိတ္မေကာင္းျဖစ္လို႔ေနသည္။ ေနေစးကသူ႕ကိုယုံၾကည္လို႔အပ္ႏွံၿပီးလိုက္ပို႔ခိုင္းလိုက္ေပမယ့္ သူကေတာ့ ခြန္စိုင္းကိုေသခ်ာမကာကြယ္နိုင္ခဲ့ဘူးမဟုတ္လား။ အဲ့စိတ္နဲ႕ပဲ သူ႕ဒဏ္ရာကုသၿပီးသည့္တိုင္ခုခ်ိန္ထိ အနားယူဖို႔ေခါင္းမာ၍ ေဆြးေႏြးဝိုင္းမွာလာထိုင္ေနခဲ့သည္။

တစ္ေယာက္တစ္မ်ိဳးထင္ျမင္ခ်က္ေပးေနခဲ့ေပမယ့္ ေနေစးကေတာ့ တိတ္ဆိတ္လွ်က္ပင္။ ဘြား သည္ ေနေစးရဲ႕လက္ရွိစိတ္အေျခအေနကဘယ္ေလာက္ပင္ဆိုး႐ြားေနလဲဆိုတာသိသူမို႔ စကားစလိုက္ေလသည္။

" ဦးေဆာင္သူ မင္းဒီကိစၥနဲ႕ပက္သတ္ၿပီးဘယ္လိုေတြးတုန္း "

ထိုေမးခြန္းအဆုံး ေနေစးရဲ႕နက္ေမွာင္ေနတဲ့မ်က္ဝန္းတို႔ကအဆုံးမရွိေအးစက္မႈ႕တို႔ျဖစ္တည္လွ်က္ႏႈတ္ခမ္းတင္းတင္းေစ့လွ်က္ သူ႕ဆီမွာေၾကာက္စရာေကာင္းတဲ့အေငြ႕အသက္ပင္ရရွိလို႔ေနသည္။

" ဒီေန႕ လုပ္ႀကံမႈ႕ကဘယ္သူ႕ကိုရည္႐ြယ္ပါေစ.. ဘယ္သူလက္ခ်က္ျဖစ္ေနပါေစ က်ဳပ္စိတ္မဝင္စားဘူး။ ေသခ်ာတာတစ္ခုက ဒီေန႕ကိစၥမွာပါဝင္တဲ့လူတစ္ဦးတစ္ေယာက္စီတိုင္းတန္ျပန္တဲ့အက်ိဳးသက္ေရာက္မႈ႕ခံစားေစရမယ္! "

ထိုအခ်ိန္မွာ ခြန္စိုင္းခ်စ္တဲ့ေနေစးရဲ႕ညွို႔အားႀကီးတဲ့မ်က္ဝန္းေလး ဆိုၿပီးတင္စားခဲ့သမွ် အခုခ်ိန္မွာေတာ့ ေနေစးရဲ႕မ်က္ဝန္းေတြမွာမီးေတာက္ျမႇားတစ္စင္းကဲ့သို႔ျပစ္လြတ္ဖို႔အသင့္ရွိေန၏။

" ဘြား မင္းနယ္စပ္ဖက္တပ္ဖြဲ႕ေခါင္းေဆာင္ကို ေနာက္ရက္ပိုင္းအတြင္း က်ဳပ္ေရာက္မယ့္အေၾကာင့္ၾကားထားခ်ည္။ အယ္ထူး .. "

" ဟုတ္ကဲ့ "

" ေလ့က်င့္ေရးအဖြဲ႕ကတပ္သားႏွစ္ေယာက္ကို စိုင္းလုံတို႔အေျခအေနစုံစမ္းခိုင္းထား..အထူးသျဖင့္ ဂ်င္မီတို႔အဖြဲ႕အခုလက္ရွိဘယ္မွာတည္က်က္စားေနသလဲ က်ဳပ္သိခ်င္တယ္ "

" ဟုတ္ကဲ့ဦးေဆာင္သူ "

ေနေစးဟာ တစ္ေယာက္စီတိုင္းကိုတာဝန္ေတြေပးေနေပမယ့္ ေမာ့ ကိုေတာ့ခ်န္ခဲ့၏။

" ဦးေဆာင္သူ က်ဳပ္အတြက္တာဝန္ဘယ္မွာတုန္း "

ေမာ့ စကားေၾကာင့္ ဘြား က မ်က္ေမွာင္က်ဳံ႕၍ဝင္ေျပာလိုက္ခ်င္ေပမယ့္ ေနေစး ေျပာမွာမို႔ ဝင္မေျပာေခ်။ ေနေစးက ေသနတ္ဒဏ္ရာေၾကာင့္မ်က္ႏွာအနည္းငယ္ျဖဴေရာ္ေနပုံရွိတဲ့ ေမာ့ ကိုၾကည့္ကာ။

" မင္းအတြက္တာဝန္ကလက္ရွိမွာမရွိေသးဘူး မင္းဒဏ္ရာနဲ႕ေကာင္းေကာင္းအနားယူသင့္တယ္"

ေနေစး ေျပာတာကို ေမာ့ လက္မခံခ်င္။

" ကိစၥမရွိဘူး က်ဳပ္အတြက္ဒီဒဏ္ရာေလာက္က ျခင္ကိုက္သေလာက္ေတာင္မနာဘူး က်ဳပ္တာဝန္လိုခ်င္တယ္ "

ေမာ့ ထိုသို႔ေခါင္းမာစြာေျပာတဲ့အခ်ိန္မွာ ဘြား ရင္ထဲမွာတိုးတိုးေရ႐ြတ္မိသည္။

* လူဆိုးေလး မင္းက ျခင္ကိုက္သေလာက္မနာေပမယ့္ က်ဳပ္ႏွလုံးသားကေသနတ္နဲ႕အပစ္ခံရတာထက္နာက်င္ေနတာ မင္းေလးမွမသိတာကြာ *

" က်ဳပ္မင္းကိုအနားယူေစခ်င္တယ္ ေမာ့။ မင္းသန္မာတာသိပါရဲ႕...ဒါေပမယ့္ လူတိုင္းမွာအကန့္အသတ္ရွိတယ္ ၿပီးေတာ့ ဒီေန႕ေပးတဲ့တာဝန္တစ္ခ်ိဳ႕ကမင္းပါဝင္ဖို႔အထိမလိုဘူး "

" ဒါဆို နယ္စပ္ဘက္ကို တပ္သားႏွစ္ေယာက္နဲ႕အတူက်ဳပ္အတူလိုက္သြားမယ္။ က်ဳပ္အေနနဲ႕ ေနာင္ႀကီးခြန္စိုင္း ဒီေလာက္ထိျဖစ္ခဲ့တာကိုၾကည့္ၿပီး ေအးေအးလူလူအနားယူနိုင္မယ္ထင္ေနသလား။ ဦးေဆာင္သူက က်ဳပ္ကိုယုံၾကည္လို႔လိုက္ပို႔ခိုင္းပါရက္ က်ဳပ္ေပါ့ေလွ်ာ့မိလို႔..."

" မဟုတ္ဘူး။ ဒါကမင္းေပါ့ေလွ်ာ့မိလို႔ျဖစ္လာတဲ့ကိစၥမဟုတ္ပါဘူး။ မင္း သူ႕ကိုအေကာင္းဆုံးကာကြယ္ေပးခဲ့တာပဲ က်ဳပ္သိပါတယ္ "

" က်ဳပ္စိတ္မေကာင္းဘူး ဦးေဆာင္သူအေနနဲ႕ က်ဳပ္ကိုေပးဖို႔တာဝန္မရွိတာလား? က်ဳပ္ကိုမယုံၾကည္ေလတာလား? "

ထိုစကားေျပာတဲ့အခ်ိန္မွာ ေမာ့ ရင္ထဲမေကာင္းျဖစ္ရၿပီး ဒါက သူနဲ႕ထိုက္တန္တယ္လို႔ေတာင္ေတြးမိလိုက္သည္။ ေနေစး ဟာ သူငယ္ခ်င္းလည္းျဖစ္ ညီအကိုလိုလည္းျဖစ္တဲ့ ေမာ့ကိုၾကည့္ၿပီးစိတ္ထဲမေကာင္းျဖစ္သြားရသည္။ ေမာ့ ဆိုတာ သူ႕အသက္တာအေသခံသြားမယ္ သူ႕ကိုေပးတဲ့တာဝန္ေတြကိုလစ္ဟင္းမည္မဟုတ္။

" က်ဳပ္မင္းကိုမယုံၾကည္လို႔မဟုတ္ဘူး ေမာ့ ။ မင္းကက်ဳပ္ရဲ႕ေသြးေသာက္ညီအကိုလိုပဲ ဘာမယုံၾကည္စရာရွိသလဲ? ဒါေပမယ့္ က်ဳပ္မင္းကိုအနားယူေစခ်င္တယ္ ဒါက မင္းကိုတာဝန္ေတြမေပးခ်င္လို႔မဟုတ္ဘဲ မင္းနဲ႕ဘြားအတြက္ က်ဳပ္မွာသီးသန့္တာဝန္ေပးစရာရွိတယ္။ က်ဳပ္ေျပာတာ မင္းနားလည္မယ္လို႔က်ဳပ္ထင္တယ္ "

အဲ့ေတာ့မွ ေမာ့ ဟာ သူ႕ရဲ႕အေတြးလြန္မႈ႕နဲ႕ေခါင္းမာမႈ႕ကိုသုံးသပ္နိုင္သြားသည္။

" က်ဳပ္နားလည္ၿပီ "

ဘြား သည္ ေမာ့ရဲ႕အေျခအေနကိုၾကည့္ၿပီး ႏႈတ္ခမ္းေထာင့္စြန္းစြန္းေလးၿပဳံးသလိုလိုရွိသည္။ ေမာ့ ဟာ ဘြား မ်က္လုံးထဲမွာေတာ့ စိတ္ဓာတ္က်ေနတဲ့ေခြးေပါက္ေလးလိုနား႐ြက္ေလးႏွစ္ဖက္ေအာက္စိုက္ေနသကဲ့သို႔ျမင္ေယာင္မိသည္။ သန္မာခ်င္ေယာင္ေဆာင္တဲ့ ဒီအႏွီးေခြးေပါက္ေလးကို ဘြား ဘယ္လိုေခ်ာ့ျမဴရမလဲအေတြးမ်ားလွ်က္။

" ကူးရယ္ကို ဒုကၡေပးသလိုျဖစ္ေနမွာေတာ့ က်ဳပ္တို႔အားနာပါရဲ႕..ဒီရက္ေတြ က်ဳပ္ဧည့္သည္ေလး ဒဏ္ရာသက္သာသည္ထိက်ဳပ္တို႔ဒီမွာတည္းခိုရလိမ့္မယ္ "

" မဟုတ္တာေရာ္ က်ဳပ္အေနနဲ႕ေတာင္ ဖိတ္ေခၚသင့္တာပါ။ ေနာက္ လူေလးခြန္စိုင္းဆိုတာလည္းက်ဳပ္တူရင္းေသြးရင္းလိုသေဘာထားတဲ့ကေလးတစ္ေယာက္ပါ..ဒီ့အတြက္ ဦးေဆာင္သူဘာမွအားနာစရာမလိုဘူးေရာ္ "

" ေကာင္းပါၿပီ..ဒါဆို ဘြား နယ္စပ္ကိစၥ.........."

ေနေစး ဟာ စကားေျပာရင္းရပ္သြားၿပီးမ်က္လုံးေထာင့္ကပ္၍တစ္စုံတစ္ခုကိုအာ႐ုံစိုက္နားေထာင္သလိုျပဳမႈေနသည္။ က်န္လူမ်ားက ေနေစးရဲ႕႐ုတ္တရက္တိတ္ဆိတ္သြားတဲ့အေပၚ ဘာဆက္ေျပာလာမလဲ အေလးအနက္နားေထာင္ေန၏။

" က်န္တာ ဘြား ဆက္လုပ္လိုက္ေတာ့ "

ထိုသို႔ေျပာၿပီး ခုဏကအထိတည္ၿငိမ္ေနတဲ့ ဦးေဆာင္သူႀကီးေစာေနေစးဟာ သူ႕သြင္ျပင္ပင္ဂ႐ုမစိုက္နိုင္ပဲ အိမ္အေပၚထပ္ဆီသို႔မေျပးယုံတမယ္ေလွ်ာက္သြားေတာ့သည္။

က်န္ခဲ့ေသာသူမ်ား: .........?

* အခု က်ဳပ္တို႔က ဘာဆက္လုပ္ၿပီး..ဘာဆက္ေျပာရမလဲ???

......

ခြန္စိုင္းသည္ ယက္ဖ်ာေလးေပၚမွာၿငိမ္ၿငိမ္ေလးထိုင္ေနၿပီးတိတ္ဆိတ္ေနတဲ့အခန္းထဲမွာ လည္ေခ်ာင္းေျခာက္ကပ္၍စကားေျပာလို႔မရေသာ္ သူအခုခ်ိန္မွာတစ္စုံတစ္ေယာက္ရဲ႕အကူအညီလိုတာေၾကာင့္ တိုးညွင္းစြာေခၚလိုက္မိသည္။

လည္ေခ်ာင္းေျခာက္ကပ္ေနတာေၾကာင့္ ခြန္စိုင္းအသံကအျပင္ကိုအရမ္းမထြက္ေပမယ့္ တစ္ေယာက္ေသာသူကေတာ့ ခြန္စိုင္းအနားသို႔အေလာတႀကီးဝမ္းပန္းတသာေရာက္လို႔လာသည္။

" စိုင္းဟြမ္..."

" အမ္း "

ေနေစး ဟာ ခြန္စိုင္း​ေလးထိုင္​ေနတာေတြ႕ေတြ႕ခ်င္း အရင္ဆုံးလုပ္သည္က ခြန္စိုင္းကိုသူ႕ရင္ခြင္ထဲေပြ႕ဖက္ျခင္းပင္။ သို႔ေသာ္ ခြန္စိုင္းမွာဒဏ္ရာေတြရွိေနတာကိုလည္း ေနေစးမေမ့ခဲ့ပါ။

" စိုင္းဟြမ္...ခင္ဗ်ားေလးနိုးလာၿပီ "

ခြန္စိုင္းသည္သူ႕အား ဒူးတစ္ဖက္ေထာက္လွ်က္ ေပြ႕ဖက္ထားတဲ့ေနေစးကိုအၿပဳံးႏုႏုနဲ႕ျပန္ေပြ႕ဖက္ကာ.. ။

" အမ္း.. ကိုယ္..နိုးလာၿပီ "

" သက္သာရဲ႕လား? တစ္ေနရာရာက နာက်င္ေနေသးလားဟင္။ ခင္ဗ်ားေလးသတိေမ့ေနတာဘယ္အခ်ိန္ထိရွိၿပီးလဲေတာင္သိရဲ႕လား က်ဳပ္မယ္စိတ္ပူတာ ရင္ေတြကြဲမတတ္ပဲ "

သူ႕အားစိုးရိမ္စိတ္နဲ႕ေျပာေနတဲ့ ေနေစး ဟာ အရင္ခ်ိန္ကေတာင္ ဒီေလာက္ထိတစ္ခါမွစကားေျပာဖူးသူမဟုတ္တဲ့အတိုင္းပဲ။ ခြန္စိုင္းကိုမလြတ္တန္းဖက္ထားရင္းေျပာမဆုံးျဖစ္ေနေတာ့သည္။

" အမ္း..ကိုယ့္ ကို..အဟြတ္..လြတ္ဦး "

တိုးျငင္းတဲ့ခပ္အက္အက္အသံေၾကာင့္ ေနေစး မ်က္ခုံးတို႔တြန့္ခ်ိဳးကာ ခြန္စိုင္းကိုဖက္ထားရာက ခြာေပးလိုက္ၿပီး ေသခ်ာၾကည့္လိုက္သည္။

" ေရ..ကိုယ့္ကို..ေရနည္းနည္းေလာက္ "

" အာ.. ဟုတ္တယ္...ေရ "

အဲ့ေတာ့မွ အနီးနားမွာရွိတဲ့ ေရကရားထဲကေန ေရထည့္ၿပီး ခြက္ကို ခြန္စိုင္းႏႈတ္ခမ္းနားထိေတ့ေပးသည္။

" ရၿပီ "

" အင္း ။ ဘယ္လိုေနလဲသက္သာရဲ႕လား "

" ကိုယ္..အဟြတ္ သက္သာပါတယ္။ အေတာ္ေလးေကာင္းသြားၿပီ "

" ေသခ်ာရဲ႕လား? ေဆးဆရာေျပာတယ္ ဒဏ္ရာေတြကအျပင္ဒဏ္ရာထက္အတြင္းဘက္ကပိုမ်ားတယ္တဲ့ ခင္ဗ်ားေလးအရိုးေတြနာေနေလာက္တယ္"

အမွန္ပဲ ။ ခြန္စိုင္း ဆိုင္ကယ္ေပၚကျပဳတ္က်တဲ့အရွိန္နဲ႕ အတြင္းထဲကနံရိုးေတြက်ိဳးတာလား ေရာင္ကုန္တာလားမသိေပမယ့္ ခြန္စိုင္းနာက်င္ေနေသးသည္။ သို႔ေသာ္ သူ႕ေရွ႕ကတည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနတဲ့ လူဆိုးေလးစိတ္မပူေအာင္ေတာ့ ခြန္စိုင္းၿပဳံးျပေနတုန္းပင္။

" ေဆးဆရာရဲ႕ေဆးေတြေၾကာင့္ထင္တယ္ ကိုယ္နည္းနည္းပိုေကာင္းလာပါၿပီ။ ရက္ပိုင္းေလာက္ေနရင္သက္သာသြားမွာ စိတ္မပူနဲ႕ေနာ္ "

" က်ဳပ္စိတ္ပူရတယ္ဗ်..ခင္ဗ်ားေလးအဲ့လိုျဖစ္တာကိုျမင္ရတာ က်ဳပ္....က်ဳပ္ကိုယ္ကိုကိုယ္..."

မခ်ိတင္ကဲ့ေျပာရင္းကိုယ့္ကိုကိုယ္အျပစ္တင္ေနတဲ့ ေနေစးရဲ႕ႏႈတ္ခမ္းပါးေလးေပၚသို႔လက္ေခ်ာင္းသြယ္သြယ္ေလးတင္ တား၍ ေခါင္းခါျပရင္းၿပဳံးျပလိုက္သည္။

" အဲ့လိုေတြေျပာခြင့္မျပဳဘူး "

" စိုင္းဟြမ္ "

" ကိုယ္ဒီလိုျဖစ္တာ မင္းေၾကာင့္မွမဟုတ္တာပဲေလ..လူတိုင္းက ကိုယ္ကံတရားကိုတျခားတစ္ေယာက္ေခါင္းေပၚပုံမခ်နိဳင္ဘူးမလား။ ကိုယ္အဆင္ေျပပါတယ္ အဲ့တာေၾကာင့္ ကိုယ့္အတြက္နဲ႕ မင္းကိုမင္းအျပစ္တင္ေနတာေတြရပ္လိုက္ေတာ့ေနာ္ "

" ဒါေပမယ့္... "

" မင္းကိုယ့္ကိုမခ်စ္ဘူး..ဟင္? "

ခြန္စိုင္းသည္ သိပ္ခ်စ္ဖို႔ေကာင္းတဲ့မ်က္ႏွာကအၿပဳံးေလးနဲ႕အတူ ေခါင္းေလးေစာင္း၍ခြၽဲသလိုေလးေျပာလိုက္ေတာ့ ေနေစးမွာ႐ူးရပါ၏။ ေနေစးသည္ ခြန္စိုင္းရဲ႕လက္ေခ်ာင္းသြယ္သြယ္ေလးႏွစ္ဖက္ကိုသူ႕လက္ၾကမ္းအႀကီးႀကီးေတြနဲ႕
ဆုတ္ကိုင္ကာ ျဖဴေဖြးႏူးညံ့ေနတဲ့လက္ဖမိုးေလးႏွစ္ဖက္ကိုအနမ္းေႁခြလိုက္သည္။

" ေကာင္းၿပီ။ ခြန္စိုင္းဟြမ္ဆိုတဲ့ ခင္ဗ်ားေလးက က်ဳပ္အက္ဒြက္ရဲ႕အသည္းႏွလုံးေလးမို႔ ထပ္ၿပီးမျပဳစားပါနဲ႕လားဗ်ာ.. က်ဳပ္အရႈံးေပးတယ္ ခင္ဗ်ားေလးေက်နပ္လား "

" အြန္း အဲ့လိုေတြေၾကာင့္ ကိုယ့္လူဆိုးေလးကိုခ်စ္​ေနရတာ "

" ဟာဗ်ာ.."

* ရန္ကုန္သားအလည္ေလးက ထပ္ၿပီး ဒီလူကိုေႁခြျပန္ၿပီဗ်ာ *

_________________________________________

အက္ဒြက္ နဲ႕ ဘြား လို ဘဲႀကီးေတြပဲ ပိုင္ခ်င္ေနၿပီဟုတ္? 😁

#Vote & Cmt Please 💗
# Mar - 1 - 2022 - 8:00 PM
#MoeWaThan 💗

__________________________________________

Continue Reading

You'll Also Like

395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
207K 15.1K 15
season 2 19.Aug.2021. 7:44 pm😉
378K 38.9K 46
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
488K 62.3K 36
"အရုဏ်က ကျုပ်ရှင်သန်နေရခြင်းရဲ့ အကြောင်းပြချက်ပဲ။" "အရုဏ္က က်ဳပ္ရွင္သန္ေနရျခင္းရဲ့ အေၾကာင္းျပခ်က္ပဲ။" Start Date- 29.6.2021 End Date- 22.9.2021