နေရောင် သူတို့ အိမ်ပြန်ရောက်တဲ့ထိသူ့ကလေးကမနိုးသေးတာကြောင့် သူဘဲပွေ့ချီလာပြီး ကလေးအခန်းထဲကိုခေါ်လာသည် ။
အခန်းထဲရောက်တော့ သူလေးကိုကုတင်ပေါ်ချပေးပြီး သူကတော့ကုတင်အစွန်းတစ်ဖက်မှာထိုင်ပြီးကလေးရဲ့မျက်နှာအစိတ်ပိုင်လေးတွေကိုချစ်မြတ်နိုးစွာကြည့်နေလိုက်တယ် ။
သူကြည့်နေတာဘယ်လောက်ကြာသွားလဲမသိ နာရီကြည်လိုက်တော့ ၁၁ ခွဲနေပြီး သူလဲကလေးကိုနိုးဖို့လုပ်နေရင်း ကလေးလေက
ပြင်းကြောလေးလိမ်ပြီး နိုးလာတာကြောင့်
''အင်းးးး....... ဝါးး.........''
''နိုးပြီးလား ကလေး''
''ဟင်း''
လရောင် သူ ဇာတ်လိုက် အသံကြားတာ ကြောင့်ဘေးကို ကြည့်လိုက်တော့သူ့အခန်းထဲကကုတင်ပေါ်မှာ ၊ ဇာတ်လိုက်ကတော့ကုတင်ပေါ်မှာဘေးတစောင်းထိုင်ပြီးသူ့ကိုပြုံးပြုံးကြီးကြည့်နေတယ် ။ ဒါကြောင့်သူလည်းဇာတ်လိုက်မေးတာကိုပြန်ဖြေလိုက်သည်။
''ဟုတ်ကဲ့..... ဟို.....ဒီကိုဘယ်လိုရောက်လာတာလဲဟင်..... ကျွန်တော်တို့ကကားပေါ်မှာမဟုတ်လား ''
'မဟုတ်ပါဘူး host၊ လေယာဥ်ပျံကြီး စီးပြီးတော့လာတာပါ host '
'တိတ်တိတ်နေစမ်း မင်းကိုမေးလို့လာ'
'မမေးပေမဲ့ host ဟာက ဇာတ်လိုက်ကားပေါ်မှာထိုင်ပြီး အိပ်လာတာကို နိုးလာတော့ဇာတ်လိုက်ကိုတွေ့တယ်လေ အဲတာကို host က ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲဟင် ဆိုတော့ ဘာလဲ host ကအိပ်ရာနိုးလာတော့အတိတ်မေ့သွားတာလာ'
'ဂူးဂူး!! မင့်'
'ဘာလဲ ဘာလဲ'
'မင်းတော်တော်စွာလာပါလာ'
'စွာစွာဘဲ '
'ဟ မင်းဘာဖြစ်နေတာလဲ'
'host ဘဲဂူးဂူးကိုမုန်ကျွေးမယ်ဆိုပြီးခေါ်သွားတာ ဘာမှလဲမကျွေးဘူး ဒါကြောင့်ဂူးဂူးစိတ်ဆိုးတယ်'
'ဪ မိကျောင်းသားရယ် ငါလည်ဘာမှမစားရသေးဘာဘူး ပြီးကျ ကျွေးမယ် '
'ပြီးရော'
ခေါင်းလေငုံ့ပြီးမဝံမရဲနဲမေးနေကလေး က မနက်ကချေနေတာသူမဟုတ်တဲ့အတိုင်းအသည်းယားစရာလေးကွာ
''ကိုယ်တို့အိမ်ရောက်တော့ ကလေးက ကားပေါ်မှာအိပ်ပျော်တာလေ အဲတာနဲ့ကိုယ်လဲမနိုးတော့ဘဲ ပွေ့ချီပြီးခေါ်လာ ခဲ့လိုက်တာ။ ကလေးကအိပ်ပုတ်လေးဘဲ ကိုယ်ပွေ့ချီတာတောင်မနိုးဘူး''
''အိပ်ပုတ်လေးမဟုတ်ပါဘူး''
''ဟုတ်ပါတယ်''
''ဟုတ်ပါဘူးဆို''
''ဟုတ်ပါတယ်ဆို''
''ကိုကိုနော်''
''ဂွီ....ဂွီ...''
အားး......ရှက်လိုက်တာလရောင်ရယ် ဒါဘယ်လိုအရှက်ကွဲမှုလဲ အားးး......,
နေရောင် ကလေးနဲ့စကားပြောနေရင်း အသံကြားလို့ သူ့ကလေးလေးကိုပြန်ကြည့်လိုက်တော့ လက်နှစ်ဖက်ကဗိုက်ကိုအုပ်ထားပြီး ၊ နာရွက်ဖျားလေးတွေကရဲနေတယ် ကြည့်ရတာခုဏကသူလေးရဲ့ဗိုက်ကအသံကြောင့်ရှက်နေတာပေါ့
''ဟား.........ဟား......ကလေးရယ်...... ဗိုက်ဆာနေတာလား''
''ဟု.......... နည်းနည်း''
ပြောလဲပြော..... လက်မနဲ့လက်ညှိုးကိုပူးပြီး
လက်ထောင်ပြလာတဲ့ ကလေးကြောင့် သူ့မှာအသည်းယား လိုက်တာ။ ပြောချင်တာကသူ ဒီလောက်ဘဲ ဆာတာပေါ့ ။ ကလေးလေး ကို စချင်တာကြောင့်
''ဘယ်လိုလုပ်မလဲ ကလေးရဲ့ ကလေးကမနိုးသေးတော့ ကိုယ်လည်းဗိုက်ဆာတာနဲ့ အားလုံးစားလိုက်ပြီး ၊ ဘာမှမကျန်တော့ဘူး ရယ်''
'ဂူးဂူးဘယ်လိုလုပ်မလဲ မရှိတော့ဘူးတဲ့'
'host ကလဲအိမ်မှာမရှိရင် ဆိုင်မှာဝယ်ကျွေး ခိုင်းပေါ့ ဇာတ်လိုက်က သူဋ္ဌေးဘဲဥစ္စာ'
'ဒါပေမဲ့ ငါဘယ်လိုပြောရမလဲ ငါကတခြားဟာတာသည်းခံနိုင်တယ် ဗိုက်ဆာတာတော့လုံးဝသည်းမခံနိုင်ဘူး'
'host ကလည်း နဲ့နဲ့ချွဲကြည့်ပေါ့'.
'ငါမှမချွဲတက်တာ'
'host ကလည်းလွယ်လွယ်လေးကို ဂူးဂူးပြောပြမယ်ကြည့်နေ၊ ကိုကို........ လရောင်လေ.....ဗိုက်ဆာလို့.......မုန့် '
'အော့...အော့ ...မပြောပါနဲ့တော့ဂူးဂူးရယ် ငါအန်ချင်လွန်းလို့ပါ တော်ပါပြီးငါ့ဟာငါ့ဘဲပြောတော့မယ်'
'ပြီးရော ဟွန့်'
နေရောင်မှာတော့ ငိုမဲ့မဲ့ လေးနဲ့ ခေါင်းလေးငုံ့ပြီး ဝမ်းနည်သွားတဲ့ကလေး ကြောင့် သူစတာလွန်သွားပြီးဆိုတာသိလိုက်တယ် ။ နေရောင်... ..နေရောင်....မင်းကွာ.... ကလေးကကျောင်းမှာကတည်းကဝမ်းနည်းနေတာကို
ကျစ်! .... သူ ကလေးကိုချော့ဖို့ပြင်တော့
''ကိုကို~~~ကလေး ~~~ဗိုက်ဆာတယ်''
လက်လေးနှစ်ဖက်က သူ့အင်္ကျီလေးကိုလုံးချေလေပြီး သူကိုမျက်လုံးလေးလှန်ကြည့်ကာ
သူဗိုက်ဆာနေကြောင်းကို မဝန်မရဲလေးပြောနေပုံက...ဘယ်လိုလေးလဲကွာ ..... မင်းလေးကကိုယ့်အသည်းကိုချွေဖို့များမွေးဖွားလာတာလား ကလေးရယ်
လရောင် သူပြောတာကိုဘာမှပြန်မပြောလာ
တဲ့ဇာတ်လိုက်ကြောင့် စိတ်တိုတာရော ဗိုက်ဆာတာရောပေါင်းပြီး လူကဝမ်းနည်းလာကာ ငိုချပလိုက်တယ်
''ဟင့်..... ဟင့်......အီ.......မေမေရေ.....သားဗိုက်ဆာ.....အီ.......ကိုကိုကလည်း... ဟင့်
ထမင်းမကျွေးဘူး...... အီ....... ''
သူအတွေးများနေတာကြောင့်သူ့ရှေ့က ကလေးရဲ့အော် ငိုသံကြားမှ အသိဝင်လာတယ်
''ဟာ ကလေး! ကလေး ဟာဖြစ်လို့လဲ မငိုနဲ့လေ ကလေးရဲ့ ''
''ဘာ....ဟင့်.... ဖြစ်ရမှာလဲ...... ကိုကိုက..... ဟင့်...ကလေးကို..... ဟင့်....ထမင်းမကျွေးဘူး.........အီး.......''
ပြောလဲပြော ဝမ်နည်းပြီးးငိုချလာတဲ့ကလေးကြောင့်သူ့မှာပြာပြာသလဲ ပြန်ချော့ရတယ်
''ဟာ.... မဟုတ်ပါဘူ ...ကလေးရယ်......ကိုယ်က.....လေးကို...ထမင်းမကျွေးစရာလား.... ကိုယ်စလိုက်တာပါ.....ကိုယ်ထမင်းအကုန်လုံး စားမပါဘူး ......လိမ္မာတယ်နော် တိတ်တိတ် မငိုနဲတော့ ''
''တကယ့်.... ဟင့်....လား..... ''
''တကယ်ပေါ့ ကလေးရဲ့ ထမင်းသွားစားမယ်နော်''
ထမင်းသွားစားမယ်ပြောလိုက်မှ ပြန်ပြုံးပြလာတဲ့ကလေးလေ.....မင်းလေး တကယ့်ကလေးလေးပါဘဲကွာ.....
''ဟုတ်ကဲ့ ဟီး.......''
''ဟား...ဟား....ဘယ်လိုလေးလဲကွာ.....
ကြေင်ချီးရုပ်လေး''
သူစလိုက်တာကြောင်စူပုတ်သွားတဲ့ ကလေးရဲ့မျက်နှာကို သူဆောင်နေကျလက်ကိုင်ပါဝါနဲ့သုတ်ပေးလိုက်တယ်။
''ကိုကို နော် ကြောင်ချီးဟုတ်ဘူး''
''ဟား....ဟားဟားဟား....ဟုတ်ပါပြီးဗျာူ... လာထအောက်ထပ်ဆင်းရအောင်''
ကလေးလက်ကိုဆွဲပြီးအောက်ထပ်ကိုဆင်းကား ထမင်းစားခန်ထဲဝင်လာလိုက်တယ်။
ထမင်းစာခန်းရောက်တော့ ခုံတစ်ခုကိုဆွဲပြီးကလေးကိုထိုင်စေသည် ။ သူကတော့ကလေးရဲမျက်နှာချင်းဆိုင်မှာထိုင်လိုက်သည် ။ သူ့ကလေးကိုကြည့်လိုကတော့ စားပွဲပေါ်ကမျက်လုံးကိုမခွာသေး
သူသိတာပေါ့ သူ့ကလေးကအစားပုတ်လေးဆိုတာ ၊ ခုဏကတောင်သူ့ကိုဘာမှမကျွေးလို့အော်ငိုသေးတာဘဲ
လရောင်သူဝင်လားတည်းက စားပွဲပေါ်က ဟင်းပွဲတွေကိုကြည့်နေတာ
'ဝါး...အများကြီးဘဲ '
'host ဂူးဂူးရော ဂူးဂူးရော'
'အေးပါ'
''ကလေးစားလေ မကြိုက်လို့လားဟင် ကိုယ်ဟင်းပြန်လဲခိုင်းလိုက်မယ်လေ ''
နေရောင် ကလေးက မစားသေးဘဲ့ကြည့်နေတာကြောင့် သူပြင်ဆင်ခိုင်းဟင်းတွေကိုမကြိုက်လို့များလား ကျစ်! ကလေးအကြိုက်တွေးကို စုံးစမ်းလိုက်ရမှာ
''မဟုတ်ဘူး.....မဟုတ်ဘူး ကြိုက်တယ် ကျွန်တော် စဉ်းစားနေတာ ဒီနေ့ကိုကိုဘယ်လိုလုပ် ကျောင်းကိုရောက်လာတာလဲ ၊ ကျွန်တော့်ကိုပို့ပြီးပြန်သွားတာဟုတ်ဘူးလား..''
''ဘာလို့လဲ''
''ဗျာ? ''
''ဘာလို့ ကျွန်တော်လဲ ကလေးမဟုတ်ဘူးလာ
နောက်ခါ ကိုယ်နဲ့စကားပြောရင် ကိုယ့်ကိုကိုယ် ကလေးလို့ဘဲသုံး ကြားလား''
''ဟုတ်ကဲ့ပါ......... ဟို...... မေးတာဖြေအုံးလေ ''
''ဟုတ်ပါပြီးဗျာ...... ဒီနေ့ကိုကိုတို့မှာ အတန်းမရှိဘူးလေ ဒါကြောင့်ကလေးကို့ပို့ပြီးပြန်သွားတာ၊ ဘာလို့ပြန်လာတာလဲဆိုတော့..........အကြာင်းတစ်ခုရှိလို့ကျောင်း ဘက်ကို ပြန်လှည့်လာတာ ၊ကယ်ဘာသိချင်သေးလဲ၊ ''
သူ့စိတ်ထဲမှာတော့ကလေးကိုတွေ့ချင်လို့ ခဏလေးတောင်မခွဲနိုင်လို့ပြန်လှည့် လာတာလို့လိုက်ဖြေလိုက်ချင်သည် ။ သို့သော် သူမဖြေရဲကလေးက ဘာလို့မခွဲနိုင် ရတာလဲလို့မေးလာရင် သူ့မှာဖြေဖို့အဖြေမရှိ သူချစ်နေတာကိုကလေးကိုမသိစေချင်ဘူး ကလေးသူ့ကို gay ဆိုပြီးမုန်းသွားမှာကြောက်သည်။
''ဟို........ဘာမှသိချင်တော့ပါဘူး''
''အင်.. ဒါဆိုစားတော့လေ ''
''ဟုတ်ကဲ့''
လရောင်လဲဘာမှမပြောတော့ဘဲ ထမင်းတာစားလိုက်သည် ။ သူစားနေတုန်းတစ်ယောက်ယောက်ကစိုက်ကြည့်နေတာကြောင့် ကြည့်လိုက်တော့ သူကိုဝါးစာမတက်ကြည့်နေတဲ့ ဇာတ်လိုက်ကောင်ကြီးကြောင့်သူမှာထမင်းတောင်သီးသွားတယ်
''အဟွတ်..အဟွတ် ....''
''ဟာ!! ကလေးဖြေးဖြေးစားလေကွာ ကိုယ်လုမစားပါဘူး ရော့ရေလေးသောက်လိုက် ဖြေးဖြေးထပ်သီးနေမယ်''
နေရောင် သူ့ရှေ့ကပါးလေးတွေဖောင်းနေအောင် ထမင်းစားနေတဲ့ကလေးကိုကြည့်ပြီး
ဖောင်းနေတဲ့ပါးကိုပြေးကိုက်ချင်သည် ၊ တစ်ခါတစ်ခါ စူထွက်လာတဲ့နှုတ်ခမ်းတွေကိုကြည့်ပြီးလည်ချောင်းတွေခြောက်လာပြီး ရေတောင်သောက်ချင်လာသည်။
သူကြည့်နေတုန်း ကလေးကမော့ကြည့်လာကာ သူ့ကိုကြည့်ပြီးသီးသွားတာကြောင့် သူ့မှာ ရေလေးတိုက်ပြီး ကျောလေးပုတ်ပေးလိုက်ကာ ၊ပါးစပ်ကလည်းပွစိပွစိပြောနေတယ် ၊
''အဲဒါ ကိုကိုကြောင့်လေ''
''????''
''ကိုကိုက..... ကိုကိုက.....တော်ပြီးမပြောတော့ဘူး.....သွားတော့မယ်''
''ဟာ ကလေး!!ထမင်းမစားပြီးသေးဘူးလေ''
''တော်ပြီမစားတော့ဘူး''
လရောင် အပေါ်ထပ်ကသူ့အခန်းထဲကိုပြေးဝင်လာပြီးအခန်းတံခါးပိတ်ကာကုတင်ပေါ်တက်ထိုင်နေလိုက်တယ် ခုဏဇာတ်လိုက်ရဲ့ကြည့်ကိုကြောက်လွန်းလို့သူ့မှာရင်တွေတောင်တုန်တယ်
'ဟိဟိ'
' မင်းကဘာရီနေတာလည်း'
'host ကိုပြောရအုံးမယ်သိလား တချို့တချို့တွေကလေ တုံးတာလားအတာလားမသိပါဘူး host ရယ် ၊ သူ့ကိုယ်သူ ရင်တုန်တာလားရင်ခုန်တာလားဆိုတာ အခုထိမခွဲတက်သေးဘူးသိလား.. အဲ့တာလဲရည်းစားကရသေးတာဘဲ..... ကျွတ်...ကျွတ်... ကျွတ်...ကျွတ် ......သနားလိုက်တာ '
'ဂူးဂူးး..... မင်းဘယ်သူ့ကိုပြောနေတာလဲ'
'host ကိုလေ အဲ..အသိတစ်ယောက်ပါ hostရဲ့'
'မင်းသတိထားနေနော် ဟွန်း '
' !! '
'ဘယ်သွားဖို့လဲအဲတာ'
'host ကိုစိတ်ဆိုးတယ် အိမ်ပေါ်ဆင်းဖို့'
လရောင်စိတ်လေသွားသည်သူဘယ်လို system ကိုရထားတာလဲ ကလေးလိုလိုခွေးလိုလို နဲ့ သူ့system ကကျပ်ရောပြည့်ရဲ့လာ ?? အခုလည်းသူ့ကိုစိတ်ဆိုးလိုဖင်လေးခါပြီးတံခါးဘက်ထွက်သွားတာ
'ငါ့မေးစရာရှိတယ်မင်းဆင်းချင်နောက်မှဆင်း'
'ဟွန့် '
နှာလေးမှုတ်ကာလှည့်သွားပြန်ပြီး
'ငါမေးမှာ mission ပက်တက်နေတယ်နော ငါmission ရှုံးရင်မင်းကြောင့်ဘဲ'
'ဘာမေးဖိူ့လဲမေးမေး'
'ငါမေးမှာက ?????'
3. 3. 22
(Zawgyi)
''အင်းးးး....... ဝါးး.........''
''နိုးပြီးလား ကလေး''
''ဟင်း''
'ဂူးဂူး!! မင့်'
'ဘာလဲ ဘာလဲ'
'စွာစွာဘဲ '
'ဟ မင်းဘာဖြစ်နေတာလဲ'
'ပြီးရော'
''ဟုတ်ပါတယ်''
''ဟုတ်ပါဘူးဆို''
''ဟုတ်ပါတယ်ဆို''
''ကိုကိုနော်''
''ဂြီ....ဂြီ...''
''ဟု.......... နည်းနည်း''
'ငါမှမချွဲတက်တာ'
'ပြီးရော ဟွန့်'
ထမင်းမကျွေးဘူး...... အီ....... ''
''တကယ့်.... ဟင့်....လား..... ''
''ဟုတ်ကဲ့ ဟီး.......''
ကြေင်ချီးရုပ်လေး''
'ဝါး...အများကြီးဘဲ '
'အေးပါ'
''ဘာလို့လဲ''
''ဗျာ? ''
''အင်.. ဒါဆိုစားတော့လေ ''
''ဟုတ်ကဲ့''
''အဟွတ်..အဟွတ် ....''
''အဲဒါ ကိုကိုကြောင့်လေ''
''????''
''တော်ပြီမစားတော့ဘူး''
'ဟိဟိ'
' မင်းကဘာရီနေတာလည်း'
' !! '
'ဘယ်သွားဖို့လဲအဲတာ'
'ဟွန့် '
'ဘာမေးဖို့လဲမေးမေး'
'ငါမေးမှာက ?????'
3. 3. 22