ငယ်သူမို့ (completed)

By soethin206

113K 10.7K 449

မပိုင်ဆိုင်ရလည်း လွမ်းခွင့်လေးတော့ရှိတယ်မလား.... More

intro
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆ (ဇာတ်သိမ်း)
💛💛💛

အပိုင်း ၁၅

2.5K 275 5
By soethin206

" ဟို ဘာမှမတွေးပါဘူး အန်တီရဲ့ ဒီအတိုင်းအန်တီ့မျက်နှာလေးကချစ်ဖို့ကောင်းလို့ပါ "

အံ့ဩဖို့ကောင်းသည် ဖုန်းကိုပဲကြည့်နေတဲ့အန်တီက သူ ခိုးကြည့်နေတာကို သိတယ် တဲ့လား

"ချစ်ဖို့မကောင်းပါဘူးကွယ် နဖူးပေါ်မှာအရေးအကြောင်းတွေ ပါးမှာ smile line တွေပေါ်နေပြီ အသက်ကလည်း ၅၀ နားနီးလာပြီ သမီးရဲ့ ဒါချစ်ဖို့ကောင်းတယ်လို့မဆိုလိုဘူး "

"ဟုတ်လား သမီးမျက်လုံးထဲကတော့ အန်တီက ချစ်ဖို့ကောင်းနေတာပဲ သိတယ် "

အန်တီ့မျက်လုံးကိုသေချာစိုက်ကြည့်ပြီး ပြောနေသည် ၁၀စက္ကန့်လောက်စိုက်ကြည့်ပြီး မျက်နှာ အရင်လွှဲသွားသူမှာ ရှိန်း ပင် အန်တီ့အကြည့်တွေကိုမခံနိုင် အန်တီ့အကြည့်တွေထဲမှာ ဂရုဏာသက်ခြင်း ချစ်ခြင်း များစွာပါဝင်နေတော့.....

နေဝင်ချိန်အလှကို အန်တီနဲ့အတူတူကြည့်ရင်းစကားတွေပြောဖြစ်ကြတယ် နေဝင်ချိန်ဒီလောက်လှပမှန်း သူမသိခဲ့ ဒါပေမဲ့ ချစ်ရတဲ့သူနဲ့ ရှိနေတာကြောင့် လှပနေမှန်းတော့ သိသည်

"အော် သမီး မုန့်ထည့်ပေးတဲ့ဗူး‌လေးလေ နောက်နေ့မှပြန်ယူနော် "

"ရပါတယ် အန်တီရဲ့ စိတ်ထဲမထားပါနဲ့ ပြန်မပေးလည်းးရတယ် "

ဓာတ်ပုံရိုက်နေတဲ့ နေခြည်နဲ့မေဦးနားကို‌ တဖြေးဖြေး လျှောက်သွားရင်း စကားပြောနေကြသည်

" သမီး ရှမ်းဟင်းထုပ် ကြိုက်လား "

"မစားဖူးဘူး အန်တီရဲ့ facebook ကနေပုံတွေတွေ့ဖူးတယ် လုပ်နည်းတွေရော အင်း ကြိုက်လောက်မယ်ထင်တယ် ဟီးး"

"အဲ့တာဆို အန်တီလုပ်လာခဲ့မယ်နော် "

"အလုပ်အရမ်းရှုပ်ရင်မလုပ်နဲ့နော် အန်တီ ရတယ် "

"မရှုပ်ပါဘူးကွယ် ...."

ပြောရင်းဆိုရင်း နေခြည်တို့နားရောက်သွားတော့ .

"ဟဲ့ နင့်ရိုက်ပေးတာဒီလိုလေးလေ ငါ့ရိုက်ပေးတော့ ဒါကြီးလား "

သေချာတယ် မေဦး ဓာတ်ပုံရိုက်တာ မလှလို့
ပြသနာတတ်နေပြီ

"ငါရိုက်တတ်တာအဲ့လောက်ပဲလေဟယ် မကြိုက်ရင် ဟဲ့ ရှိန်း နင်လာရိုက်ပေးလိုက် ဟွန်းး ဂျီးကိုများတယ် "

ရိုက်နေတဲ့ဖုန်းကို ရှိန်းဆီထိုးပေးလိုက်ရင်း သူတို့စားပွဲဝိုင်းသို့ ပြန်သွားပြီး စားစရာရှိတာစားနေတော့သည်

"အမယ် အမယ် ‌ငါ့များ ခြေဆောင့်သွားတယ် တွေ့မယ် တွေ့မယ် ဟဲ့ ရိုက်ပေးလေ နင်က ဘာလုပ်နေတာလဲ "

မေဦးဆီမှ ဒေါသမီးပွားများက ရှ်ိန်းဆီသို့...

"စလာပြီ စလာပြီ ဖြစ်တာကနင်တို့နှစ်ယောက် ဝါးလုံးရှည်နဲ့ပတ်ရမ်းပြန်ပြီ "

"ကဲ လုပ်စမ်းပါ ရှိန်းရယ် ‌‌မိုးချုပ်တော့မယ်ဟ နေဝင်ဆည်းဆာနဲ့ငါ့ရဲ့အလှအပကိုယှဉ်တွဲပြီး အလွန်လှပတဲ့ဓာတ်ပုံမရလိုက်ဘဲနေဦးမယ် "

"လျှာရှည်လိုက်တာဟယ် ငါရိုက်တော့မယ် နင်အဲ့အတိုင်းနေမှာလား "

"နေဦး‌လေ နင်ကလည်း ပိုစ့်လေးဘာလေးပေးမှပေါ့ အဟိ "

ပုံ၂၀လောက်ရိုက်ပြီးတဲ့အခါမှာတော့ နေလုံးကြီးလည်း ဝင်သွားပြီ

သူတို့ကိုကြည့်ရင်း ပါးစပ်ကလေးအုပ် အုပ်ပြီးရယ်နေသူမှာ အန်တီ

"စိတ်တိုင်းကျရဲ့လား သမီး "

"ဟယ် အန်တီရှိနေတာမေ့သွားပြီး သမီးပြော‌ဆိုနေတာ ဟီးး တောင်းပန်ပါတယ်နော်အန်တီ "

"ရပါတယ်ကွယ် အန်တီ့ကိုအပြင်မှာ သူငယ်ချင်းလိုပေါင်းလို့ရပါတယ် သမီးတို့ကိုကြည့်ရတာအန်တီလည်းပျော်ပါတယ် လာ စားစရာရှ်ိတာစားရအောင် "

စားနေရင်း အန်တီ့ဆီမှ ဖုန်းလာသည် ဖုန်းလေးယူပြီး လက်ကလေးကွယ်ပြီးဟိုဘက်ကိုလမ်း‌လျှောက်ရင်းသွားပြောတော့ ရှိန်းရင်ထဲတခုခုတော့ခံစားလိုက်ရတယ် ဘယ်သူများလဲ ဘာကြောင့်ဆက်တာလဲ ဘယ်သူ့ဖုန်းမို့လို့အဲ့လောက်ပျော်ရွှင်နေရတာလဲ အို ငါနဲ့ဘာဆိုင်တာမှတ်လို့

.........

Continue Reading

You'll Also Like

420K 16.2K 24
My priority /property/privacy
146K 17.7K 125
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
1.4M 70.4K 34
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
484K 19.5K 20
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke