အပိုင်း ၄

3.1K 319 2
                                    

'သမီးတို့ကသူငယ်ချင်းတွေလား "

"ဟုတ်တယ် အန်တီ ၁၀တန်းထဲကပေါင်းလာတဲ့သူငယ်ချင်းတွေအကုန်လုံးအတွင်းသိအဆင်းသိတွေ "

"သမီးတို့ ကြည့်ရတာ လူငယ်ပီပီ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ပုံပဲ ကောင်းတယ်သိလား အန်တီဆို အဲ့လိုဘဝမျိူးပြန်လိုချင်တာတောင်မရတော့ဘူး "

"ဟီးး ဟုတ်ကဲ့ အန်တီ အန်တီလည်း ကောင်းမွန်တဲ့အခြေအနေတွေကိုဖြတ်သန်းခဲ့ရလို့ထင်တယ် အခုထိလှပနေတုန်း ဒါနဲ့ အန်တီ အသက်ဘယ်လောက်လဲ "

" အန်တီ့ဘဝမှာကောင်းမွန်တဲ့အခြေအနေဆိုလို့ သမီးလေးနှစ်‌ယောက်ပိုင်ဆိုင်ထားတာလေးပဲရှိပါတယ် အန်တီ့အသက်က 45 ပါ "

"45!!!!! ......"

ကားစထွက်ထဲကဘာစကားမှဝင်မပြောဘဲ ကားမှန်ကနေတဆင့်အပြင်ကိုသာငေး‌နေတဲ့ ရှိန်း ရုတ်တရက်ထအော်လိုက်တော့..

"ဟက် ဘာဖြစ်တာလဲ လန့်လိုက်တာ "

"အန် ဘာ ဘာမှမဖြစ်ပါဘူး ဒီတိုင်း "

"ဘာလို့လဲ သမီး အန်တီကအဲ့ထက်ရင့်‌တဲ့ပုံပေါက်နေလို့ အံ့ဩသွားတာလား "

"မဟုတ်ပါဘူး အန်တီ အန်တီကတကယ်ကိုကျက်သရေရှိတဲ့အမျိူးသမီးပါ အရမ်းလည်းအရွယ်တင်တယ် အရမ်းလည်းနုတယ် အရမ်းလည်းလှတယ် "

ဘက်မှန်ကနေတဆင့်သူ့ကိုကြည့်ရင်း မျက်လုံးမှေးမှေးလေးကိုကွေးနေအောင် ပြုံးပြီး ပြော‌နေတဲ့ ရှိန်း

" ဟားဟား ဖြေးဖြေးမြှောက်ပါ သမီးရေ အန်တီ မနေတတ်တော့ဘူး "

"တကယ်ပြောတာပါ အန်တီရဲ့ ဟီးးး"

ထိုစဉ် မေဦးမှ

"အန်တီ ရှိန်းကအဲ့လိုပြောရင်ယုံ သိလား သူက မညာတတ်ဘူး ပြီးတော့ သူ့အကြည်ဓာတ်လူတိုင်းအပေါ်မှာမရှိဘူး ၁၀ယောက်မှာ၂ယောက်လောက်ပဲ အဲ့လိုပြောရင် သူတော်တော်လေးကိုမေတ္တာရှိလို့ ဟိ"

"ဟုတ်လား အန်တီက ၁၀ယောက်ထဲက ၂ယောက်ထဲမှာပါလို့ကျေးဇူးကမ္ဘာပါရှင့် "

.....

"နောင့်ရေ ပြန်လာပြီလား သွားကြိုတာအဆင်ပြေရဲ့လား"

"ပြေပါတယ် အပီ ကလေးတွေကသွက်မဲ့ပုံလေးတွေ အားကိုးရမှာပါ "
(အပီ=အမ)

"ဟုတ်ပါပြီ ကဲ အဲ့တာဆို ညနေမှဆုံမယ်နော် ခွဲခန်းဝင်ရဦးမယ် နောင့် "

"ဟုတ် နောင့်လည်းခနနေ round လှည့်ရမှာ "

....

"ဟဲ့ ဆရာမကြီးကတော်တော်ချောချောလေးနော် ကိုယ်လုံးကိုယ်ပေါက်ရော ရုပ်ရည်လေးရော ငါတို့ထက်တောင်ပိုလှသေးတယ် "

နေရမဲ့အဆောင်သို့ရောက်ပြီး တခန်းထဲမှာ ၃‌‌ယောက်အတူတူနေရမယ်ဆိုတော့ အတိုင်းမသိပျော်တာပေါ့ ညကျ စခွီထလို့ရပြီလေ

မေဦးက ပြောလိုက်တော့ နေခြည်က ..

"ဟုတ်ပ ကျက်သရေတော်တော်ရှိရှိ ရှမ်းမလေးလို့မပြောရဘူး အသားလေးကလည်းဖွေးစွတ်ပြီး မိုက်တယ် မိုက်တယ် "

"ဟုတ်ပ စကားပြောတာလေးကလည်းနူးညံ့တယ်နော် သူတောင်အဲ့လောက်ချောတာ သမီးလေးတွေဆိုပိုချောမှာပဲ "

နှစ်ယောက်ရဲ့စကားဝိုင်းထဲသို့မလာနိုင်သူမှာ ရှိန်း

"ဟဲ့ ရှိန်း ဘာတွေဖြစ်နေတာတုန်း မူဆယ်ဆောင်းတောင်မအေးသေးဘူး လွမ်းနေပြီလား "

"ဘာတွေပြော ငါက ဘာလွမ်းရမှာလဲ မဟုတ်တာ"

"နင့်ပုံစံကအဲ့လိုဖစ်နေလို့ တကယ်ပဲ အူကြောင်‌ေကြာင်နဲ့ သွားသွားရေသွားချိုး "

"အေးပါဟယ် အေးပါ "

"ဟဲ့ ဟဲ့ အော် အဲ့တာ ထွက်ပေါက်ကြီးလေ ရေချိုးခန်းက ဟိုဘက်မှာဟဲ့ "

"ဟိဟိ အခုမှရောက်တော့နေရာမသိသေးလို့ပါဟဲ့ ညည်းတို့ကလည်းပြောမယ်ဆိုတာချည်းပဲ "

ရေချိုးခန်းထဲဝင်သွားတော့ ဟိုနှစ်‌‌ေယာက်အတွက် အတင်းပြောချိန်ရသွားသလိုလို

"ဟဲ့ ရှိန်း ဟက်ထိသွားပြီထင်တယ် ဆရာမကြီးနဲ့တွေ့ပြီးထဲက အဲ့လိုဖြစ်သွားတာ "

"ဟုတ်မှာပေါ့ သူက ဒါတွေသဘောကျတာကို ဆရာမကြီးကလည်းခပ်ချောချောလေးဆိုတော့ တခါထဲပါသွားတာနေမှာပေါ့ ဟီး "

"ကောင်မတွေငါကြားတယ်နော် ရေချိုးခန်းနဲ့ဖင်ချင်းပေါက်ကို အပြောအဆိုလေးဆင်ခြင်ကြ "

ရေချိူးခန်းထဲမှလှမ်းအော်လိုက်သော ရှိန်းကြောင့် နှစ်ယောက်သား မျက်နှာပိုးသတ်ပြီးလုပ်စရာရှိတာဆက်လုပ်နေ‌သည်

ငယ်သူမို့ (completed)Where stories live. Discover now