" ဟို ဘာမှမတွေးပါဘူး အန်တီရဲ့ ဒီအတိုင်းအန်တီ့မျက်နှာလေးကချစ်ဖို့ကောင်းလို့ပါ "
အံ့ဩဖို့ကောင်းသည် ဖုန်းကိုပဲကြည့်နေတဲ့အန်တီက သူ ခိုးကြည့်နေတာကို သိတယ် တဲ့လား
"ချစ်ဖို့မကောင်းပါဘူးကွယ် နဖူးပေါ်မှာအရေးအကြောင်းတွေ ပါးမှာ smile line တွေပေါ်နေပြီ အသက်ကလည်း ၅၀ နားနီးလာပြီ သမီးရဲ့ ဒါချစ်ဖို့ကောင်းတယ်လို့မဆိုလိုဘူး "
"ဟုတ်လား သမီးမျက်လုံးထဲကတော့ အန်တီက ချစ်ဖို့ကောင်းနေတာပဲ သိတယ် "
အန်တီ့မျက်လုံးကိုသေချာစိုက်ကြည့်ပြီး ပြောနေသည် ၁၀စက္ကန့်လောက်စိုက်ကြည့်ပြီး မျက်နှာ အရင်လွှဲသွားသူမှာ ရှိန်း ပင် အန်တီ့အကြည့်တွေကိုမခံနိုင် အန်တီ့အကြည့်တွေထဲမှာ ဂရုဏာသက်ခြင်း ချစ်ခြင်း များစွာပါဝင်နေတော့.....
နေဝင်ချိန်အလှကို အန်တီနဲ့အတူတူကြည့်ရင်းစကားတွေပြောဖြစ်ကြတယ် နေဝင်ချိန်ဒီလောက်လှပမှန်း သူမသိခဲ့ ဒါပေမဲ့ ချစ်ရတဲ့သူနဲ့ ရှိနေတာကြောင့် လှပနေမှန်းတော့ သိသည်
"အော် သမီး မုန့်ထည့်ပေးတဲ့ဗူးလေးလေ နောက်နေ့မှပြန်ယူနော် "
"ရပါတယ် အန်တီရဲ့ စိတ်ထဲမထားပါနဲ့ ပြန်မပေးလည်းးရတယ် "
ဓာတ်ပုံရိုက်နေတဲ့ နေခြည်နဲ့မေဦးနားကို တဖြေးဖြေး လျှောက်သွားရင်း စကားပြောနေကြသည်
" သမီး ရှမ်းဟင်းထုပ် ကြိုက်လား "
"မစားဖူးဘူး အန်တီရဲ့ facebook ကနေပုံတွေတွေ့ဖူးတယ် လုပ်နည်းတွေရော အင်း ကြိုက်လောက်မယ်ထင်တယ် ဟီးး"
"အဲ့တာဆို အန်တီလုပ်လာခဲ့မယ်နော် "
"အလုပ်အရမ်းရှုပ်ရင်မလုပ်နဲ့နော် အန်တီ ရတယ် "
"မရှုပ်ပါဘူးကွယ် ...."
ပြောရင်းဆိုရင်း နေခြည်တို့နားရောက်သွားတော့ .
"ဟဲ့ နင့်ရိုက်ပေးတာဒီလိုလေးလေ ငါ့ရိုက်ပေးတော့ ဒါကြီးလား "
သေချာတယ် မေဦး ဓာတ်ပုံရိုက်တာ မလှလို့
ပြသနာတတ်နေပြီ"ငါရိုက်တတ်တာအဲ့လောက်ပဲလေဟယ် မကြိုက်ရင် ဟဲ့ ရှိန်း နင်လာရိုက်ပေးလိုက် ဟွန်းး ဂျီးကိုများတယ် "
ရိုက်နေတဲ့ဖုန်းကို ရှိန်းဆီထိုးပေးလိုက်ရင်း သူတို့စားပွဲဝိုင်းသို့ ပြန်သွားပြီး စားစရာရှိတာစားနေတော့သည်
"အမယ် အမယ် ငါ့များ ခြေဆောင့်သွားတယ် တွေ့မယ် တွေ့မယ် ဟဲ့ ရိုက်ပေးလေ နင်က ဘာလုပ်နေတာလဲ "
မေဦးဆီမှ ဒေါသမီးပွားများက ရှ်ိန်းဆီသို့...
"စလာပြီ စလာပြီ ဖြစ်တာကနင်တို့နှစ်ယောက် ဝါးလုံးရှည်နဲ့ပတ်ရမ်းပြန်ပြီ "
"ကဲ လုပ်စမ်းပါ ရှိန်းရယ် မိုးချုပ်တော့မယ်ဟ နေဝင်ဆည်းဆာနဲ့ငါ့ရဲ့အလှအပကိုယှဉ်တွဲပြီး အလွန်လှပတဲ့ဓာတ်ပုံမရလိုက်ဘဲနေဦးမယ် "
"လျှာရှည်လိုက်တာဟယ် ငါရိုက်တော့မယ် နင်အဲ့အတိုင်းနေမှာလား "
"နေဦးလေ နင်ကလည်း ပိုစ့်လေးဘာလေးပေးမှပေါ့ အဟိ "
ပုံ၂၀လောက်ရိုက်ပြီးတဲ့အခါမှာတော့ နေလုံးကြီးလည်း ဝင်သွားပြီ
သူတို့ကိုကြည့်ရင်း ပါးစပ်ကလေးအုပ် အုပ်ပြီးရယ်နေသူမှာ အန်တီ
"စိတ်တိုင်းကျရဲ့လား သမီး "
"ဟယ် အန်တီရှိနေတာမေ့သွားပြီး သမီးပြောဆိုနေတာ ဟီးး တောင်းပန်ပါတယ်နော်အန်တီ "
"ရပါတယ်ကွယ် အန်တီ့ကိုအပြင်မှာ သူငယ်ချင်းလိုပေါင်းလို့ရပါတယ် သမီးတို့ကိုကြည့်ရတာအန်တီလည်းပျော်ပါတယ် လာ စားစရာရှ်ိတာစားရအောင် "
စားနေရင်း အန်တီ့ဆီမှ ဖုန်းလာသည် ဖုန်းလေးယူပြီး လက်ကလေးကွယ်ပြီးဟိုဘက်ကိုလမ်းလျှောက်ရင်းသွားပြောတော့ ရှိန်းရင်ထဲတခုခုတော့ခံစားလိုက်ရတယ် ဘယ်သူများလဲ ဘာကြောင့်ဆက်တာလဲ ဘယ်သူ့ဖုန်းမို့လို့အဲ့လောက်ပျော်ရွှင်နေရတာလဲ အို ငါနဲ့ဘာဆိုင်တာမှတ်လို့
.........