"ဟဲ့ ဖုန်းလာနေတယ်လေ မကိုင်ကြဘူးလား မေဦးနဲ့နေခြည် "
"ကိုင်မယ်ဟဲ့ နင်ကလည်းစိတ်ကြီးပဲ "
ရေချိုးခန်းကနေတောင် ဖုန်းသံကြားသည့် ရှိန်း နားမှာတော်ရုံမဟုတ် အဲ့တာကြောင့်သူ့ကွယ်ရာဆိုပေမဲ့သူ့ အတင်းလည်းပြောလို့မရ
"ဟယ်လို "
"အေး သမီးတို့ အန်တီပါ ဒီနေ့နားလိုက်ဦးနော် မနက်ဖြန် ဆေးရုံလာခဲ့ကြ တာဝန်တွေခွဲပေးမယ် တဲ့ ဆေးရုံအုပ်က "
"ဟုတ်ဟုတ် လာခဲ့မယ်နော် ဆရာမကြီး"
....
"ဟဲ့ ဘာတဲ့လဲ ဘယ်သူဆက်တာလဲ "
"မနက်ဖြန်ဆေးရုံလာခဲ့တဲ့ နင့်အန်တီဟေ့ နင့်အန်တီ "
".. ...."
ပြန်ပြောသံမကြားတော့
"ဟဲ့ ဘာဖြစ်နေတာလဲ ရေချိူးခန်းထဲမှာမေ့နေတာလား အသံလေးဘာလေးပြန်ထူးဦးး "
"မဟုတ်ပါဘူး ညည်းတို့ကလည်း ငါနားထောင်နေပါတယ် ကြားလည်းကြားတယ် "
နင့်အန်တီလို့ပြောလိုက်တော့ ရေချိုးခန်းထဲမှာ ပြုံးစိစိဖြစ်နေသောကြောင့် စကားပြန်မရသောရှိန်း ရဲ့ အဖြစ်ကို မသိလိုက်ကြ
....
"ဟဲ့ ဒီနားမှာ ဈေးတခုရှိတယ်လို့ကြားတယ် ညနေကျသွားရအောင် "
"အေးသွားတာပေါ့ လမ်းသေချာမှတ်ထားဦးနော် ငါကကြောင်တောင်တောင်ရယ် " ရှိန်းမှ
"သိပါတယ် နင် ကြောင်တယ်ဆိုတာ အခုလည်းကြောင်ချင်နေတာမလား "
ခပ်စူးစူးမျက်စောင်းတခုက မေဦး အပေါ် ကျရောက်လာသည် သူပြောသည့်အဓိပ္ပာယ်ကိုသိနေတာပေါ့
"နင်တို့နော် ဆရာမကြီးရှေ့မှာအပြောအဆိုဆင်ခြင်ကြ ငါရှက်တယ် "
"ဟားဟား အေးပါဟယ် နင်ကပဲရှက်ရတယ်လို့ ဟားဟား "
"ဟုတ်ပ ကြည့်လုပ်နော် ဟိုက သမီးနှစ်ယောက်နဲ့ အပျိုကြီး"
" သိပါတယ် ငါသိပါတယ်ဆရာမကြီးတို့ရဲ့ သွားသွားရေသွားချိုးကြ "
.....
"" ညနေဈေး မူဆယ်မြို့ ""
ဈေးက အရမ်းမကြီးပေမဲ့ ဆိုင်ခန်းတော်တော်များများစုံလှသည် ဟင်းသီးဟင်းရွက်ရောင်းတဲ့အတန်းကသပ်သပ် ကုန်ခြောက်ကသပ်သပ် အထည်ဆိုင်ဖိနပ်ဆိုင်ကသပ်သပ်နဲ့ လည်ချင်စရာကောင်းတဲ့ဈေးတခုပင် ရှိန်းတို့လိုအခုမှစရောက်လာသူအဖို့တောင် နေရာကစိမ်းမနေဘဲ ပျော်စရာကောင်းလှသည် ဆေးရောင်စုံခြယ်ထားသည့်လှပတဲ့ပန်းချီကားတချပ်လို ဖြစ်နေတဲ့မြင်ကွင်းကိုဖျက်စီးလိုက်တာက ..