Highway To Heaven

By yuppie_wu

111K 8.7K 2.6K

ကိုယ်မင်းကိုဘယ်တော့မှ လက်လွှတ်ပေးမှာမဟုတ်ဘူး ။ ကိုယ္မင္းကိုဘယ္ေတာ့မွ လက္လႊတ္ေပးမွာမဟုတ္ဘူး ။ A/N : This story... More

Ep - 1
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Special Episode
Ep - 20
Ep - 21
Ep - 22
Ep - 23 (THE END)

Ep - 2

6.1K 527 149
By yuppie_wu

(Unicode )

မျက်နှာကိုလက်နဲ့သပ်ချလို့ စိတ်မတည်ငြိမ်တဲ့ပုံစံနဲ့ ရှောင်းကျန့်ကို ရိပေါ်က အခုမှမြင်ဖူးတာဖြစ်သည်။ တုန်လှုပ်နေပုံနဲ့ရှောင်းကျန့်က တကယ်ဆို ကွာရှင်းခိုင်းလို့ ဝမ်းသာနေရမှာမဟုတ်ဘူးလား။

" အကြောင်းပြချက်က ဘာလဲဝမ်ရိပေါ် "

" ပရော်ဖက်ဆာ့ကို စိတ်ကုန်သွားလို့ "

" စိတ်ကုန်တယ် ဟုတ်လား "

ထိုစကားကိုရှောင်းကျန့်ကြောက်သလို တစ်ဖက်ကလည်း ဟားခနဲရယ်ပစ်ချင်သည်။ ကျိုးချန် ဒီကောင်က အကြားအမြင်ရတယ်ထင်သည်။ ညနေက ရှေ့ပြေးနမိတ်ကို ကြိုဟောလိုက်တာပဲဖြစ်ရမည်။

" ကျွန်တော်က စာချုပ်မှာ လက်မှတ်ထိုးပြီးပါပြီ။ ပရော်ဖက်ဆာ့လက်မှတ်ပဲလိုပါတော့တယ် "

ရိပေါ်မှာတော့ တည်ငြိမ်အေးဆေးလွန်းလှ၏။ ရှောင်းကျန့်တစ်ယောက်တည်းသာ ရင်ထဲမီးတောက်နေရတာဖြစ်သည်။

" အစ်ကိုဆို "

" မကြာခင်မှာပဲ မသက်ဆိုင်တော့တဲ့သူတွေဖြစ်မှာဆိုတော့ အခေါ်အဝေါ်တွေပြင်ထားသင့်တယ်ထင်လို့ပါ "

ရှောင်းကျန့်က အတော်ရယ်စရာကောင်းတဲ့လူ။ သူများကျ မျိုးရိုးပါတပ်လို့ နာမည်အပြည့်စုံခေါ်ပြီး သူကျ အစ်ကိုလို့ခေါ်ခံချင်တဲ့ ရှောင်းကျန့်က တကယ် အတ္တကြီးတာ။

" ကိုယ်ကတော့ ကွာမပေးနိုင်ဘူး ရိပေါ် .. မင်းကိုယ့်ကိုချစ်ခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့ ခုမှ "

ထင်သားပဲ။  ရှောင်းကျန့်က အစကတည်းက တစ်တောက်လျှောက်လုံး သူ့ကိုချစ်လွန်းလို့ ငုံ့ခံနေတယ်ထင်ပြီးတစ်ချိန်လုံးလူကို နိုင်စားလာတာ။

ငါကတော့ မချစ်နိုင်ဘူး ဒါပေမဲ့ မင်းချစ်တာကိုတော့ကြိုက်တယ်ဆိုတဲ့လူစားမျိုးက ရှောင်းကျန့်ပင်ဖြစ်သည်။

ရိပေါ်က ရှောင်းကျန့်ကို နားမလည်နိုင်။ ဘယ်လိုဖြစ်လို့များ ဒီငါးနှစ်လုံးမှာ နှလူံးသားမရှိတဲ့သူလိုမျိုးနေနိုင်ခဲ့ရတာလဲ။

ပြီးတော့ တစ်သက်လုံး မျိုးရိုးပါတပ်ခေါ်လာခဲ့တဲ့သူက ခုမှရိပေါ်တဲ့။ အပြောင်းအလဲမြန်တဲ့ ရှောင်းကျန့်က သိပ်ကြောက်ဖို့ကောင်းတာ။

" ခင်ဗျားကိုယ် ခင်ဗျား သိပ်အထင်ကြီးလွန်းနေပြီ ရှောင်းကျန့်။ ကျွန်တော်က ခင်ဗျားကို သဘောကျပါတယ်ဆိုပြီး ဖွင့်ပြောရုံပဲရှိခဲ့တာ။ ခင်ဗျားကို ချစ်တယ်လို့ပြောဖူးလို့လား။ ပြီးတော့ ဘယ်တုန်းက ခင်ဗျားနားလေးကို အတင်းတွယ်ကပ်နေဖူးလို့လဲ။

ကျွန်တော့်ဘာသာနေခဲ့တာပဲ။ ခင်ဗျားရည်းစားရှိတာသိကတည်းက ကျွန်တော်က ခင်ဗျားကို စိတ်ထဲမှာမရှိတော့တာ။ ကျွန်တော်က ခင်ဗျားကို အားနာစိတ်နဲ့ ရှောင်နေပေမယ့်လည်း တာဝန်ယူမယ်ဆိုပြီး အတင်းလက်ထပ်ယူခဲ့တာခင်ဗျားလေ။

ကျွန်တော့်ဘက်က ဘာတောင်းဆိုဖူးသလဲ။ ကျွန်တော့်ကို မချစ်နိုင်တာနဲ့ပဲ ခင်ဗျားသွေးသားဖြစ်တဲ့ သားသားကိုပစ်ထားတာ ခင်ဗျားက သိပ်ဆိုးတာပဲ ကိုယ့်ကိုယ်ကိုရော သိရဲ့လား "

ရိပေါ်ပြောတဲ့စကားတစ်ခွန်းတိုင်းကို ရှောင်းကျန့်လည်းခုမှ အလူးအလဲခံစားနေရသည်။ တစ်ချိန်လုံး ကိုယ့်ကိုချစ်နေတယ်ထင်တဲ့သူက သဘောကျရုံကလွဲပြီးလုံးဝမချစ်ခဲ့ဘူးဆိုတာသိလိုက်ရတော့ ရှောင်းကျန့်အနေနဲ့ ကမ္ဘာပျက်မတတ်ပါပဲ။

သူသိပ်ဆိုးခဲ့တာလားဆိုတာတော့ ရှောင်းကျန့်လည်း မသိပါ။ ကိုယ့်စိတ်တိုင်းကျနေခဲ့ရုံသက်သက်က သိပ်ဆိုးလွန်းသွားတာလား။

ဒီငါးနှစ်အတွင်းမှာ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းသွားတာလား ဒါမှမဟုတ် ရိပေါ်တို့သားအဖကိုလုံးဝ လျစ်လျူရှုမိသွားတာလား။

" သား .. သားသားရှိသေးတယ်လေကွာ။ သားသားကို ငဲ့ဦးလေနော် "

" ဘယ်တုန်းက သားသားအတွက်ကို တွေးပေးတတ်သွားတာလည်း ပရော်ဖက်ဆာရယ် ။ သားသားမျက်နှာကို ငဲ့လို့ပေါ့ ကျွန်တော်က ဒီငါးနှစ်လုံးသည်းခံလာတာ "

" ဒါပေမယ့် ကိုယ့်အတွက်ရော တွေးပေးဦးလေ ရိပေါ် "

" ခင်ဗျားက ခင်ဗျားအတွက်ပဲတွေးနေတဲ့သူပါ တခြားသူတွေတွေးပေးစရာလိုသေးလို့လား။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က မနက်ဖြန်ကျရင် သားသားနဲ့ အိမ်ပြန်နေမှာမို့လို့ ခင်ဗျားစိတ်ကြိုက် ဒီအိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့။ မျက်စိနောက်စရာ ကျွန်တော်တို့ သားအဖမရှိတော့ဘူးဆိုတော့လေ ။ ခင်ဗျား ပျော်မှာပါ ။ ဒါနဲ့ စာချုပ်လက်မှတ်ထိုးပြီးရင် ကျွန်တော့်ကိုလာပေးလှည့်ဦး "

ရှောင်းကျန့်နဲ့ စကားပြောပြီး ထအထွက် ရိပေါ်ရဲ့ပါးပေါ်ကို မျက်ရည်တစ်စက်က ပေါက်ခနဲကျသည်။ မငိုဘူးလို့ ဆုံးဖြတ်ထားကာမှ မျက်ရည်က အလိုလိုကျလာရတယ်လို့။ ငါးနှစ်တာပေးဆပ်မှုကြီးက ဒါမျိုးပုံစံနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ဘူး မတန်လိုက်တာ။

" ဟင့်အင်း ! မသွားနဲ့ ရိပေါ် ... မင်းတို့သားအဖနှစ်ယောက်လုံး ကိုယ့်ဆီကနေ ဘယ်သူမှ ထွက်မသွားရဘူး "

ရှောင်းကျန့်မှာ ခဏတာကြောင်နေရာမှ ထပြီး ရိပေါ်ကိုလှမ်းဆွဲကာ နောက်ကနေသိုင်းဖက်ပြီး ရင်ခွင်ထဲထည့်ဖက်ထား၏။လက်ထပ်ပြီး ငါးနှစ်အကြာ ကွာရှင်းတော့မယ်ဆိုမှ ပထမဆုံးအနေနဲ့ ထွေးဖက်ခံရခြင်း။

" ကျွန်တော့်တို့သားအဖကိုလွှတ်ပေးပါ။ ခင်ဗျားနဲ့လည်း ဆက်မပေါင်းနိုင်တော့ဘူး။ ခင်ဗျားက တကယ့် အတ္တသမား ။ တစ်ဘို့တည်းသမား။ ငါးနှစ်တာလုံးမှာ တစ်စက်ကလေးတောင် အဖက်မလုပ်ခံရပဲ အောင့်အီးသည်းခံလာရတာ ဘယ်လောက်တောင်ခံရခက်လည်း ခင်ဗျားသိလား ဟမ် ။ သိရဲ့လား။ ကျွန်တော်လည်း ငါးနှစ်ကျော်ကြာအောင် ခင်ဗျား ဝဋ်ကြွေးတွေဆပ်ပြီးပြီလေ။ ဘယ်အချိန်အထိ ကျွန်တော့်ကို စိတ်ဆင်းရဲခိုင်းမှာလဲ။ ဟမ်! လွှတ်ပေးပါတော့။ ကျွန်တော်ပင်ပန်းနေပြီ သိရဲ့လား ....  အီး ! အရမ်းစိတ်ကုန်နေပြီ ခင်ဗျားကို အရမ်းပဲ။ ကျွန်တော်ပေးခဲ့တဲ့ မေတ္တာတွေက ဘယ်တော့မှရောင်ပြန်မဟပ်ခဲ့ဘူး။ ခင်ဗျားက တကယ် နှလုံးသားမရှိတဲ့လူ "

ရိပေါ်က ရှောင်းကျန့်ရဲ့ ရင်ဘတ်ကို တဘုန်းဘုန်းထုလို့ ခံစားချက်တွေကို ဖွင့်ထုတ်တော့ ရှောင်းကျန့်လည်း နောင်တတွေနဲ့ တောင့်တောင့်ကြီးပဲရပ်နေမိ၏။

အိမ်ထောင်ကျပြီး ကလေးတစ်ယောက်လည်းရှိလာမှတော့ ရှောင်းကျန့်က ချစ်များချစ်လာမလားလို့ ကိုယ့်ဘက်ကနေ မေတ္တာတွေပေးဖူးပေမယ့် အကုန်လုံးက အချည်းအနှီး။ ရှောင်းကျန့်က အရာရာကို မျက်ကွယ်ပြုထားခဲ့တာဖြစ်သည်။

ရိပေါ်လည်း ယောကျာ်းမာနရှိတဲ့အလျောက် ဘယ်တော့မှ ထုတ်ပြောဖြစ်မှာမဟုတ်တဲ့စကားတွေက ရင်နဲ့မဆံ့အောင်ရှိ၏။ 

" တောင်းပန်ပါတယ်။ အရာအားလုံးအတွက် စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ ခုချိန်မှာ ကိုယ့်ဆီကနေထွက်သွားမယ့်စကားတွေမပြောပါနဲ့ ။ ကိုယ်ခံနိုင်ရည်မရှိဘူး။ ပြီးတော့ ကိုယ်မင်းကိုချစ်တယ် "

ခုမှ ချစ်တယ်ဆိုပြီး အရူးတစ်ယောက်လိုလျှောက်ပြောနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်မှာ ကိုယ့်နားကိုယ်တောင် မယုံနိုင်ဖြစ်သွားရ၏။ ငါးနှစ်တာလုံး ဝဋ်ကြွေးဆပ်ခဲ့ရသမျှ တောင်းပန်ပါတယ်ဆိုနဲ့စကားလုံးတစ်လုံးနဲ့ ကြေလိုက်ရအောင်က ဝမ်ရိပေါ်က အဲ့လောက်မလွယ်ပါ။ ရှောင်းကျန့်က အရာရာကို လျှော့တွက်ထားတာပဲ။ အထူးသဖြင့် ဝမ်ရိပေါ်နဲ့ပက်သက်တဲ့အရာရာ။

" ချစ်တယ် ဟုတ်လား ။ အဟား!  ပရော်ဖက်ဆာကြီးလည်း နောက်ဆုံးတော့ စကားတတ်လာပြီပဲ။ တတ်လည်းတတ်နိုင်ပါပေတယ်။ ခင်ဗျားဘက်က အခုမှချစ်တယ် ကျွန်တော့်ဘက်ကတော့ ခင်ဗျားကို စိတ်ကုန်နေတာအတော်ကြာပြီ .... သွားခွင့်ပြုပါဦး "

" မရဘူး .... မသွားရဘူး "

ရှောင်းကျန့်မှာ ရိပေါ်ကို ဆွဲထားလို့ ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ရင်း ပခုံးပေါ်ကို မှောက်လို့ မျက်ရည်ကျနေလေ၏။ ရိပေါ်လည်း တင်းခံထားပေမယ့် ရှောင်းကျန့်နည်းတူ မျက်ရည်တွေကျမိနေ၏။ စိတ်ထဲရှိရာပြောလိုက်ရလို့လားမသိ တော်တော်လေးပေါ့သွားတာတော့ အမှန်ပင်။ ဒီလူကို စိတ်ထဲကနေလွှတ်ချပစ်လိုက်ကတည်းက ရိပေါ်ရင်ထဲမှာ ရှောင်းကျန့်နဲ့ ပက်သက်သမျှဘာမှမရှိတော့။

ငါးနှစ်တာလုံး အနားမှာရှိပေးပြီး ကောင်းပေးခဲ့တဲ့ ယောက္ခမကြီးကိုတော့ ရိပေါ်တကယ်အားနာသည်။ ကွာရှင်းမယ့်အကြောင်းကို မပြောရက်တာကြောင့် အသိတော့မပေးရသေး။

" ကျွန်တော့်ကိုအားမနာဘူးလား ပရော်ဖက်ဆာရယ် ။ ဒီငါးနှစ်လုံးစာအတွက်လေ "

" စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ်။ ကိုယ်လည်း ကိုယ်တိုင်မသိလိုက်တဲ့ အတောအတွင်းမှာ ရိပေါ်ကို တကယ်ပဲချစ်မိသွားတာပါ "

" အပိုတွေမပြောပါနဲ့ ရှောင်းကျန့်။ ကျွန်တော်ခံနိုင်ရည်မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ သိထားပေး။ တာဝန်ယူရုံသက်သက်ပဲ ငါမင်းကိုမချစ်ဘူးလို့ ခင်ဗျားက ပြောခဲ့တယ်နော်။ ကျွန်တော်လည်း ခင်ဗျားကို မချစ်ခဲ့ပါဘူး "

ရင်နာစရာစကားလုံးတွေပဲရွေးပြောမိနေပေမယ့် ရှောင်းကျန့်သာ ရိပေါ်ဘက် နည်းနည်းလှည့်ကြည့်ခဲ့မယ်ဆ်ိုရင် ရိပေါ်က ရှောင်းကျန့်ကို တစ်ဘဝလုံးစာအတွက် မေတ္တာတွေပေးဖို့တွေးပြီးသား။

" ကိုယ့်စိတ်ရင်းပါ ။ နောက်ကျ အချိုးတွေပြင်ပါ့မယ်။ ရိပေါ်တို့သားအဖကိုလည်း နွေးထွေးပေးပါ့မယ်။ ကိုယ့်ကို ဒီတစ်ခါပဲ အခွင့်အရေးပေးပါ "

အခွင့်အရေးဆိုတဲ့ စကားလုံးကြောင့် ရိပေါ်လည်း အနည်းငယ်တွေဝေသွားမိ၏။ ရှောင်းကျန့်နဲ့ကွာရှင်းဖို့ရာ စိတ်ပိုင်းဖြတ်ထားပြီးမှ ဒီလူကို တကယ်ပဲ အခွင့်အရေးပေးသင့်လားဆိုတာ မသိတော့ပါ။

အရမ်းကွာရှင်းချင်လို့တော့မဟုတ်ပေမယ့် ဒီတိုင်းကြီးသာရှေ့ဆက်သွားရင် ရိပေါ်လည်းရူးသွားနိုင်ချေရှိတာကြောင့် ၊ ကိုယ့်ကို မချစ်တဲ့သူကို အောင့်အီးပြီး ပေါင်းနေရအောင်လည်း ခံနိုင်ရည်မရှိတော့တာကြောင့် ကွာရှင်းဖို့လမ်းကိုပဲရွေးချယ်ခဲ့တာဖြစ်သည်။

ပြီးတော့ ကွာရှင်းစာချုပ်မှာ ရှောင်းကျန့်က အသာတကြည်ပဲ ပျော်ပျော်ပါးပါးကြီး လက်မှတ်ထိုးပေးလိုက်မှာကိုလည်း အတွေးနဲ့ပင်ကြောက်နေရသေးသည်။ ဒါကြောင့်ပဲ ခဏခဏချိတုံချတုံဖြစ်ခဲ့ရသည်။

တကယ်တမ်းကွာရှင်းမယ်ဆိုတော့ ရှောင်းကျန့်က ကွာရှင်းမပေးန်ိုင်ကြောင်း ငြင်းတဲ့အပြင် တစ်သက်လုံး မကြားရနိုင်လောက်တဲ့ ချစ်တယ်ဆိုတဲ့ စကားကိုပါ ပြောခဲ့၏။ မတောင်းပန်စဖူး ခခယယတောင်းပန်သည်။ မခေါ်စဖူး မျိုးရိုးဖြုတ်လို့ ရိပေါ်လို့ခေါ်၏။

ဒါတွေက ရ်ိပေါ်ကို ဆက်ပြီးဆွဲထားဖို့အတွက် ရှောင်းကျန့်ရဲ့ မူယာမာယာတွေလားတော့ မသိပေမယ့် အဲ့ဒီ စနက်တွေကြားမှာပဲ ရိပေါ်ရဲ့တင်းထားတဲ့ စိတ်အစုံက အရည်ပျော်လုလု။

အခွင့်အရေးပေးချင်ပေမယ့် အရင်လိုပဲ လျစ်လျူရှုခံရမှာ ပစ်ထားခံရမှာတွေကို ရိပေါ်ကြောက်သည်။

မျက်ရည်တွေကျနေဆဲ ရိပေါ်က်ို ရှောင်းကျန့်က အနူးညံ့ဆုံးအကြည့်တွေနဲ့ ကြည့်လို့ ပါးပေါ်က မျက်ရည်တွေကို လက်မနဲ့ ခပ်ဖွဖွသုတ်ပေးနေတာကြောင့် အကြည့်တွေလွှဲပစ်လိုက်၏။

ရှောင်းကျန့်လည်း ငါးနှစ်အကြာမှ ရိပေါ်ရဲ့ မျက်နှာကို သေချာကြည့်မိတာဖြစ်သလို မျက်နှာအစိတ်အပိုင်းတွေကို လက်နဲ့ ထိတွေ့ဖူးတာဖြစ်၏။

နှုတ်ခမ်းဖူးဖူး ရဲရဲဆီ အကြည့်တွေကအရောက်ကိုယ်တိုင်တောင် မသိမိလိုက်ပါပဲ ညွှတ်ကိုင်းမိသွား၏။

" အွင့် ! "

ငါးနှစ်ကြာမှ နှစ်ယောက်ကြား ပထမဆုံးအနမ်းဆိုတာ ပြန်လည်ဖြစ်ပေါ်လာရသည်။ ဒီလောက်နူးညံ့ချိုမြိန်တဲ့ နှုတ်ခမ်းလေးကို ခုမှထိတွေ့ဖူးလေခြင်းဆိုပြီး ရှောင်းကျန့်တစ်ယောက်နောင်တတွေ တသီကြီးရနေ၏။ နောက်ဆိုရင်တော့ နေ့တိုင်း အနမ်းခြွေရမည်ဟု ဆုံးဖြတ်လိုက်၏။

ရိပေါ်လည်း ရုန်းချင်ပေမယ့် နူးနူးညံ့ညံ့စုပ်ယူလို့ အနမ်းခံနေရတာကြောင့် ရုန်းစရာအင်အားမရှိလောက်အောင် လူက ပျော့ခွေနေသည်။ အချိန်အကြာကြီးနေမှ ထိတွေ့ရတဲ့ အထိအတွေ့တွေအပေါ်ကို ခံစားချက်တွေက ညွှတ်ယိမ်းကာ ရိပေါ်လည်း အလိုက်သင့်တုန့်ပြန်နေမိသည်။

မျက်လုံးကိုမှိတ်လို့ လည်ပင်းကိုပြန်သိုင်းဖက်ကာ ခေါင်းကို ဘယ်ပြန်ညာပြန်ယိမ်းရင်း အနမ်းခြွေနေကြသည်မှာ အတော်ကြာ။ ရှောင်းကျန့်ရဲ့ လက်တွေကလည်း ရိပေါ်ရဲ့ခါးကို တင်းတင်းကျပ်ကျပ်မလွှတ်တမ်းဖက်ထားသေး၏။

နောက်ဆုံးအနေနဲ့ နှုတ်ခမ်းကို တစ်ချက်စုပ်လိုက်ပြီးမှ ရှောင်းကျန့်က ရိပေါ်ရဲ့ နှဖူးကို ခပ်ဖွဖွနမ်း၏။ ထို့နောက်မှ နှာခေါင်းထိပ်လုံးလုံးလေး။ ညာဘက်ပါးကနေ တဆင့် လည်ပင်းသားတွေဆီရောက်လာတော့ ရိပေါ်က အသိစိတ်ဝင်လာပြီး ရုန်းဖယ်လိုက်တော့၏။

ခုနကပဲကွာရှင်းမယ်ဆိုပြီးသောင်းကျန်းထားတာ အနမ်းခံလိုက်ရတာကိုတော်တော်လွန်လှပြီ။ စကားတွေ အများကြီးပြောလို့ ပေါက်ကွဲပြီးမှ အနမ်းတွေနဲ့ ချွေးသိပ်ခံလိုက်ရတာ အတော်တော့ စိတ်တိုစရာကောင်းသည်။

ဒီကရှေ့လျှောက် ရိပေါ်က ရှောင်းကျန့်ကို အရင်လိုသည်းခံတော့မှာမဟုတ်ပေ။

" ဖယ်တော့ သွားအိပ်တော့မယ် "

" နေပါဦး ! အတူတူအိပ်ရအောင်ပါ "

" မအိပ်ဘူး အခန်းပြောင်းအိပ်မှာ .... ကျွန်တော်က ဖျားချင်နေတာ ခင်ဗျားကို အဖျားကူးလိမ့်မယ် "

စိတ်ကုန်လို့ ကွာရှင်းချင်တယ်ဆိုတဲ့ကောင်လေးက အဖျားကူးလိမ့်မယ်ဆိုပြီးစိုးရိမ်နေတာကို သိရတော့ ရှောင်းကျန့်လည်း စိတ်လိုလက်ရပြုံးမိ၏။
သေချာတာတော့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကိုလက်လွှတ်မပေးနိုင်လောက်အောင် အရမ်းချစ်မိနေပါပြီ။

မချစ်ဘူးလို့ဆိုလာတဲ့ရိပေါ်ကိုလည်း ချစ်လာအောင် အမျိုးမျိုးကြိုးစားပြီး ဆွဲဆောင်ရမည်ဖြစ်သည်။

စကားနဲ့မပြောချင်တော့တာကြောင့် ဒူးအောက်ကနေလျှိုလို့ ပွေ့ပစ်လိုက်တော့ အလန့်တကြားသိုင်းဖက်လာတဲ့လက်လေးတွေ။ ခဏနေတော့ ချက်ချင်းပဲပြန်ရုတ်သွား၏။

" ဘာလုပ်တာလဲ .... အောက်ကိုချပေးပါ "

ရုန်းမယ့်ပုံစံနဲ့ ခြေထောက်ကိုလှုပ်ရမ်းလို့ ကော့ပစ်လိုက်တာကြောင့် ရှောင်းကျန့်မှာ ရိပေါ်ပြုတ်မကျအောင်ပြန်ထိန်းလိုက်ရ၏။

"လင်မယားတွေဆိုတာ အတူတူအိပ်ရမယ်လေ "

" ဘယ်သူကလင်မယားလဲ ။ ကြောင်တောင်တောင်နဲ့ "

ဝဋ်ဆိုတာ ဘဝမကူးဘူးဆိုတာ တကယ်ပဲဖြစ်သည်။ အရင်က ရိပေါ်ကို လျစ်လျူရှုထားသမျှက အခုတော့ ရှောင်းကျန့်က ရိပေါ်ကို သဲသဲလှုပ်ဂရုစိုက်ဖို့ဖြစ်လာ၏။

အိပ်ယာပေါ်ချပေးပြီး နောက်ကနေ မလွှတ်တမ်းသိုင်းဖက်ထားတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်လည်း အနေရခက်သည်။

ကွာရှင်းမယ်ပြောလိုက်တာနဲ့လူစားထိုးထားသလို နေ့ချင်းညချင်း ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ဒီလိုမှန်းသိ စောစောကတည်းက ကွာမယ့်အကြောင်းပြောပါတယ်ဟုတောင်တွေးမိလိုက်သေးသည်။

ရှောင်းကျန့်မှာ ရိပေါ်ကိုနောက်ကနေသိုင်းဖက်လို့ ဂုတ်ပိုးကိုဖိနမ်းနေတာကြောင့် ရိပေါ်မှာ ကောင်းကောင်းအိပ်မရပေ။

" ခင်ဗျား ငြိမ်ငြိမ်မနေရင် တကယ်ကွာမှာနော် "

ထိုသ်ို့ခြိမ်းခြောက်လိုက်မှပဲ ရှောင်းကျန့်က လှုပ်ရှားတာရပ်လို့ ရိပေါ်ရဲ့ ဆံပင်တွေထဲကို နှာခေါင်းနှစ်ပစ်၏။

နှစ်ယောက်လုံး တစောင်းအနေအထားနဲ့အိပ်နေကြပြီး ဗိုက်ပေါ်တင်ထားတဲ့ ရိပေါ်ရဲ့လက်တွေကို အပေါ်ကနေ ထပ်အုပ်လို့ဆုပ်ကိုင်လာလေသည်။

နောက်ကနေ အတင်းသိုင်းဖက်ထားတဲ့ရှောင်းကျန့်ကြောင့် ရုန်းလို့လည်းမရပေ။

နူးနူးညံ့ညံ့အထိအတွေ့တွေနဲ့ ဒီလိုအခြေအနေကို ရိပေါ်လည်း ကျင့်သားမရသေးတာကြောင့် ဒီတိုင်းပဲ ငြိမ်ငြိမ်လေးသာအိပ်လိုက်ရတော့၏။

TBC......

ကြားသုံးကြားမှာ လင်တွေကြားလည်း မဝင်ကောင်းပါဘူးရှန် 😆

(Zawgyi)

မ်က္ႏွာကိုလက္နဲ႔သပ္ခ်လို႔ စိတ္မတည္ၿငိမ္တဲ့ပုံစံနဲ႔ ေရွာင္းက်န္႔ကို ရိေပၚက အခုမွျမင္ဖူးတာျဖစ္သည္။ တုန္လႈပ္ေနပုံနဲ႔ေရွာင္းက်န္႔က တကယ္ဆို ကြာရွင္းခိုင္းလို႔ ဝမ္းသာေနရမွာမဟုတ္ဘူးလား။

" အေၾကာင္းျပခ်က္က ဘာလဲဝမ္ရိေပၚ "

" ပေရာ္ဖက္ဆာ့ကို စိတ္ကုန္သြားလို႔ "

" စိတ္ကုန္တယ္ ဟုတ္လား "

ထိုစကားကိုေရွာင္းက်န္႔ေၾကာက္သလို တစ္ဖက္ကလည္း ဟားခနဲရယ္ပစ္ခ်င္သည္။ က်ိဳးခ်န္ ဒီေကာင္က အၾကားအျမင္ရတယ္ထင္သည္။ ညေနက ေရွ႕ေျပးနမိတ္ကို ႀကိဳေဟာလိုက္တာပဲျဖစ္ရမည္။

" ကြၽန္ေတာ္က စာခ်ဳပ္မွာ လက္မွတ္ထိုးၿပီးပါၿပီ။ ပေရာ္ဖက္ဆာ့လက္မွတ္ပဲလိုပါေတာ့တယ္ "

ရိေပၚမွာေတာ့ တည္ၿငိမ္ေအးေဆးလြန္းလွ၏။ ေရွာင္းက်န္႔တစ္ေယာက္တည္းသာ ရင္ထဲမီးေတာက္ေနရတာျဖစ္သည္။

" အစ္ကိုဆို "

" မၾကာခင္မွာပဲ မသက္ဆိုင္ေတာ့တဲ့သူေတြျဖစ္မွာဆိုေတာ့ အေခၚအေဝၚေတြျပင္ထားသင့္တယ္ထင္လို႔ပါ "

ေရွာင္းက်န္႔က အေတာ္ရယ္စရာေကာင္းတဲ့လူ။ သူမ်ားက် မ်ိဳး႐ိုးပါတပ္လို႔ နာမည္အျပည့္စုံေခၚၿပီး သူက် အစ္ကိုလို႔ေခၚခံခ်င္တဲ့ ေရွာင္းက်န္႔က တကယ္ အတၱႀကီးတာ။

" ကိုယ္ကေတာ့ ကြာမေပးႏိုင္ဘူး ရိေပၚ .. မင္းကိုယ့္ကိုခ်စ္ခဲ့တယ္မဟုတ္ဘူးလား။ ဘာလို႔ ခုမွ "

ထင္သားပဲ။  ေရွာင္းက်န္႔က အစကတည္းက တစ္ေတာက္ေလွ်ာက္လုံး သူ႔ကိုခ်စ္လြန္းလို႔ ငုံ႔ခံေနတယ္ထင္ၿပီးတစ္ခ်ိန္လုံးလူကို ႏိုင္စားလာတာ။

ငါကေတာ့ မခ်စ္ႏိုင္ဘူး ဒါေပမဲ့ မင္းခ်စ္တာကိုေတာ့ႀကိဳက္တယ္ဆိုတဲ့လူစားမ်ိဳးက ေရွာင္းက်န္႔ပင္ျဖစ္သည္။

ရိေပၚက ေရွာင္းက်န္႔ကို နားမလည္ႏိုင္။ ဘယ္လိုျဖစ္လို႔မ်ား ဒီငါးႏွစ္လုံးမွာ ႏွလူံးသားမရွိတဲ့သူလိုမ်ိဳးေနႏိုင္ခဲ့ရတာလဲ။

ၿပီးေတာ့ တစ္သက္လုံး မ်ိဳး႐ိုးပါတပ္ေခၚလာခဲ့တဲ့သူက ခုမွရိေပၚတဲ့။ အေျပာင္းအလဲျမန္တဲ့ ေရွာင္းက်န္႔က သိပ္ေၾကာက္ဖို႔ေကာင္းတာ။

" ခင္ဗ်ားကိုယ္ ခင္ဗ်ား သိပ္အထင္ႀကီးလြန္းေနၿပီ ေရွာင္းက်န္႔။ ကြၽန္ေတာ္က ခင္ဗ်ားကို သေဘာက်ပါတယ္ဆိုၿပီး ဖြင့္ေျပာ႐ုံပဲရွိခဲ့တာ။ ခင္ဗ်ားကို ခ်စ္တယ္လို႔ေျပာဖူးလို႔လား။ ၿပီးေတာ့ ဘယ္တုန္းက ခင္ဗ်ားနားေလးကို အတင္းတြယ္ကပ္ေနဖူးလို႔လဲ။

ကြၽန္ေတာ့္ဘာသာေနခဲ့တာပဲ။ ခင္ဗ်ားရည္းစားရွိတာသိကတည္းက ကြၽန္ေတာ္က ခင္ဗ်ားကို စိတ္ထဲမွာမရွိေတာ့တာ။ ကြၽန္ေတာ္က ခင္ဗ်ားကို အားနာစိတ္နဲ႔ ေရွာင္ေနေပမယ့္လည္း တာဝန္ယူမယ္ဆိုၿပီး အတင္းလက္ထပ္ယူခဲ့တာခင္ဗ်ားေလ။

ကြၽန္ေတာ့္ဘက္က ဘာေတာင္းဆိုဖူးသလဲ။ ကြၽန္ေတာ့္ကို မခ်စ္ႏိုင္တာနဲ႔ပဲ ခင္ဗ်ားေသြးသားျဖစ္တဲ့ သားသားကိုပစ္ထားတာ ခင္ဗ်ားက သိပ္ဆိုးတာပဲ ကိုယ့္ကိုယ္ကိုေရာ သိရဲ႕လား "

ရိေပၚေျပာတဲ့စကားတစ္ခြန္းတိုင္းကို ေရွာင္းက်န္႔လည္းခုမွ အလူးအလဲခံစားေနရသည္။ တစ္ခ်ိန္လုံး ကိုယ့္ကိုခ်စ္ေနတယ္ထင္တဲ့သူက သေဘာက်႐ုံကလြဲၿပီးလုံးဝမခ်စ္ခဲ့ဘူးဆိုတာသိလိုက္ရေတာ့ ေရွာင္းက်န္႔အေနနဲ႔ ကမာၻပ်က္မတတ္ပါပဲ။

သူသိပ္ဆိုးခဲ့တာလားဆိုတာေတာ့ ေရွာင္းက်န္႔လည္း မသိပါ။ ကိုယ့္စိတ္တိုင္းက်ေနခဲ့႐ုံသက္သက္က သိပ္ဆိုးလြန္းသြားတာလား။

ဒီငါးႏွစ္အတြင္းမွာ ကိုယ့္ကိုယ္ကို အရမ္းအထင္ႀကီးလြန္းသြားတာလား ဒါမွမဟုတ္ ရိေပၚတို႔သားအဖကိုလုံးဝ လ်စ္လ်ဴရႈမိသြားတာလား။

" သား .. သားသားရွိေသးတယ္ေလကြာ။ သားသားကို ငဲ့ဦးေလေနာ္ "

" ဘယ္တုန္းက သားသားအတြက္ကို ေတြးေပးတတ္သြားတာလည္း ပေရာ္ဖက္ဆာရယ္ ။ သားသားမ်က္ႏွာကို ငဲ့လို႔ေပါ့ ကြၽန္ေတာ္က ဒီငါးႏွစ္လုံးသည္းခံလာတာ "

" ဒါေပမယ့္ ကိုယ့္အတြက္ေရာ ေတြးေပးဦးေလ ရိေပၚ "

" ခင္ဗ်ားက ခင္ဗ်ားအတြက္ပဲေတြးေနတဲ့သူပါ တျခားသူေတြေတြးေပးစရာလိုေသးလို႔လား။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္က မနက္ျဖန္က်ရင္ သားသားနဲ႔ အိမ္ျပန္ေနမွာမို႔လို႔ ခင္ဗ်ားစိတ္ႀကိဳက္ ဒီအိမ္မွာ လြတ္လြတ္လပ္လပ္ေနလို႔ရတာေပါ့။ မ်က္စိေနာက္စရာ ကြၽန္ေတာ္တို႔ သားအဖမရွိေတာ့ဘူးဆိုေတာ့ေလ ။ ခင္ဗ်ား ေပ်ာ္မွာပါ ။ ဒါနဲ႔ စာခ်ဳပ္လက္မွတ္ထိုးၿပီးရင္ ကြၽန္ေတာ့္ကိုလာေပးလွည့္ဦး "

ေရွာင္းက်န္႔နဲ႔ စကားေျပာၿပီး ထအထြက္ ရိေပၚရဲ႕ပါးေပၚကို မ်က္ရည္တစ္စက္က ေပါက္ခနဲက်သည္။ မငိုဘူးလို႔ ဆုံးျဖတ္ထားကာမွ မ်က္ရည္က အလိုလိုက်လာရတယ္လို႔။ ငါးႏွစ္တာေပးဆပ္မႈႀကီးက ဒါမ်ိဳးပုံစံနဲ႔ အဆုံးသတ္ရလိမ့္မယ္လို႔ ဘယ္တုန္းကမွ ေတြးမထားခဲ့ဘူး မတန္လိုက္တာ။

" ဟင့္အင္း ! မသြားနဲ႔ ရိေပၚ ... မင္းတို႔သားအဖႏွစ္ေယာက္လုံး ကိုယ့္ဆီကေန ဘယ္သူမွ ထြက္မသြားရဘူး "

ေရွာင္းက်န္႔မွာ ခဏတာေၾကာင္ေနရာမွ ထၿပီး ရိေပၚကိုလွမ္းဆြဲကာ ေနာက္ကေနသိုင္းဖက္ၿပီး ရင္ခြင္ထဲထည့္ဖက္ထား၏။လက္ထပ္ၿပီး ငါးႏွစ္အၾကာ ကြာရွင္းေတာ့မယ္ဆိုမွ ပထမဆုံးအေနနဲ႔ ေထြးဖက္ခံရျခင္း။

" ကြၽန္ေတာ့္တို႔သားအဖကိုလႊတ္ေပးပါ။ ခင္ဗ်ားနဲ႔လည္း ဆက္မေပါင္းႏိုင္ေတာ့ဘူး။ ခင္ဗ်ားက တကယ့္ အတၱသမား ။ တစ္ဘို႔တည္းသမား။ ငါးႏွစ္တာလုံးမွာ တစ္စက္ကေလးေတာင္ အဖက္မလုပ္ခံရပဲ ေအာင့္အီးသည္းခံလာရတာ ဘယ္ေလာက္ေတာင္ခံရခက္လည္း ခင္ဗ်ားသိလား ဟမ္ ။ သိရဲ႕လား။ ကြၽန္ေတာ္လည္း ငါးႏွစ္ေက်ာ္ၾကာေအာင္ ခင္ဗ်ား ဝဋ္ေႂကြးေတြဆပ္ၿပီးၿပီေလ။ ဘယ္အခ်ိန္အထိ ကြၽန္ေတာ့္ကို စိတ္ဆင္းရဲခိုင္းမွာလဲ။ ဟမ္! လႊတ္ေပးပါေတာ့။ ကြၽန္ေတာ္ပင္ပန္းေနၿပီ သိရဲ႕လား ....  အီး ! အရမ္းစိတ္ကုန္ေနၿပီ ခင္ဗ်ားကို အရမ္းပဲ။ ကြၽန္ေတာ္ေပးခဲ့တဲ့ ေမတၱာေတြက ဘယ္ေတာ့မွေရာင္ျပန္မဟပ္ခဲ့ဘူး။ ခင္ဗ်ားက တကယ္ ႏွလုံးသားမရွိတဲ့လူ "

ရိေပၚက ေရွာင္းက်န္႔ရဲ႕ ရင္ဘတ္ကို တဘုန္းဘုန္းထုလို႔ ခံစားခ်က္ေတြကို ဖြင့္ထုတ္ေတာ့ ေရွာင္းက်န္႔လည္း ေနာင္တေတြနဲ႔ ေတာင့္ေတာင့္ႀကီးပဲရပ္ေနမိ၏။

အိမ္ေထာင္က်ၿပီး ကေလးတစ္ေယာက္လည္းရွိလာမွေတာ့ ေရွာင္းက်န္႔က ခ်စ္မ်ားခ်စ္လာမလားလို႔ ကိုယ့္ဘက္ကေန ေမတၱာေတြေပးဖူးေပမယ့္ အကုန္လုံးက အခ်ည္းအႏွီး။ ေရွာင္းက်န္႔က အရာရာကို မ်က္ကြယ္ျပဳထားခဲ့တာျဖစ္သည္။

ရိေပၚလည္း ေယာက်ာ္းမာနရွိတဲ့အေလ်ာက္ ဘယ္ေတာ့မွ ထုတ္ေျပာျဖစ္မွာမဟုတ္တဲ့စကားေတြက ရင္နဲ႔မဆံ့ေအာင္ရွိ၏။ 

" ေတာင္းပန္ပါတယ္။ အရာအားလုံးအတြက္ စိတ္ရင္းနဲ႔ေတာင္းပန္ပါတယ္။ ခုခ်ိန္မွာ ကိုယ့္ဆီကေနထြက္သြားမယ့္စကားေတြမေျပာပါနဲ႔ ။ ကိုယ္ခံႏိုင္ရည္မရွိဘူး။ ၿပီးေတာ့ ကိုယ္မင္းကိုခ်စ္တယ္ "

ခုမွ ခ်စ္တယ္ဆိုၿပီး အ႐ူးတစ္ေယာက္လိုေလွ်ာက္ေျပာေနတဲ့ေရွာင္းက်န္႔ေၾကာင့္ ရိေပၚမွာ ကိုယ့္နားကိုယ္ေတာင္ မယုံႏိုင္ျဖစ္သြားရ၏။ ငါးႏွစ္တာလုံး ဝဋ္ေႂကြးဆပ္ခဲ့ရသမွ် ေတာင္းပန္ပါတယ္ဆိုနဲ႔စကားလုံးတစ္လုံးနဲ႔ ေၾကလိုက္ရေအာင္က ဝမ္ရိေပၚက အဲ့ေလာက္မလြယ္ပါ။ ေရွာင္းက်န္႔က အရာရာကို ေလွ်ာ့တြက္ထားတာပဲ။ အထူးသျဖင့္ ဝမ္ရိေပၚနဲ႔ပက္သက္တဲ့အရာရာ။

" ခ်စ္တယ္ ဟုတ္လား ။ အဟား!  ပေရာ္ဖက္ဆာႀကီးလည္း ေနာက္ဆုံးေတာ့ စကားတတ္လာၿပီပဲ။ တတ္လည္းတတ္ႏိုင္ပါေပတယ္။ ခင္ဗ်ားဘက္က အခုမွခ်စ္တယ္ ကြၽန္ေတာ့္ဘက္ကေတာ့ ခင္ဗ်ားကို စိတ္ကုန္ေနတာအေတာ္ၾကာၿပီ .... သြားခြင့္ျပဳပါဦး "

" မရဘူး .... မသြားရဘူး "

ေရွာင္းက်န္႔မွာ ရိေပၚကို ဆြဲထားလို႔ ခါးကိုတင္းတင္းက်ပ္က်ပ္ဖက္ရင္း ပခုံးေပၚကို ေမွာက္လို႔ မ်က္ရည္က်ေနေလ၏။ ရိေပၚလည္း တင္းခံထားေပမယ့္ ေရွာင္းက်န္႔နည္းတူ မ်က္ရည္ေတြက်မိေန၏။ စိတ္ထဲရွိရာေျပာလိုက္ရလို႔လားမသိ ေတာ္ေတာ္ေလးေပါ့သြားတာေတာ့ အမွန္ပင္။ ဒီလူကို စိတ္ထဲကေနလႊတ္ခ်ပစ္လိုက္ကတည္းက ရိေပၚရင္ထဲမွာ ေရွာင္းက်န္႔နဲ႔ ပက္သက္သမွ်ဘာမွမရွိေတာ့။

ငါးႏွစ္တာလုံး အနားမွာရွိေပးၿပီး ေကာင္းေပးခဲ့တဲ့ ေယာကၡမႀကီးကိုေတာ့ ရိေပၚတကယ္အားနာသည္။ ကြာရွင္းမယ့္အေၾကာင္းကို မေျပာရက္တာေၾကာင့္ အသိေတာ့မေပးရေသး။

" ကြၽန္ေတာ့္ကိုအားမနာဘူးလား ပေရာ္ဖက္ဆာရယ္ ။ ဒီငါးႏွစ္လုံးစာအတြက္ေလ "

" စိတ္ေက်နပ္တဲ့အထိ ေတာင္းပန္ပါ့မယ္။ ကိုယ္လည္း ကိုယ္တိုင္မသိလိုက္တဲ့ အေတာအတြင္းမွာ ရိေပၚကို တကယ္ပဲခ်စ္မိသြားတာပါ "

" အပိုေတြမေျပာပါနဲ႔ ေရွာင္းက်န္႔။ ကြၽန္ေတာ္ခံႏိုင္ရည္မရွိဘူး။ ဒါေပမယ့္ တစ္ခုေတာ့ သိထားေပး။ တာဝန္ယူ႐ုံသက္သက္ပဲ ငါမင္းကိုမခ်စ္ဘူးလို႔ ခင္ဗ်ားက ေျပာခဲ့တယ္ေနာ္။ ကြၽန္ေတာ္လည္း ခင္ဗ်ားကို မခ်စ္ခဲ့ပါဘူး "

ရင္နာစရာစကားလုံးေတြပဲေ႐ြးေျပာမိေနေပမယ့္ ေရွာင္းက်န္႔သာ ရိေပၚဘက္ နည္းနည္းလွည့္ၾကည့္ခဲ့မယ္ဆ္ိုရင္ ရိေပၚက ေရွာင္းက်န္႔ကို တစ္ဘဝလုံးစာအတြက္ ေမတၱာေတြေပးဖို႔ေတြးၿပီးသား။

" ကိုယ့္စိတ္ရင္းပါ ။ ေနာက္က် အခ်ိဳးေတြျပင္ပါ့မယ္။ ရိေပၚတို႔သားအဖကိုလည္း ေႏြးေထြးေပးပါ့မယ္။ ကိုယ့္ကို ဒီတစ္ခါပဲ အခြင့္အေရးေပးပါ "

အခြင့္အေရးဆိုတဲ့ စကားလုံးေၾကာင့္ ရိေပၚလည္း အနည္းငယ္ေတြေဝသြားမိ၏။ ေရွာင္းက်န္႔နဲ႔ကြာရွင္းဖို႔ရာ စိတ္ပိုင္းျဖတ္ထားၿပီးမွ ဒီလူကို တကယ္ပဲ အခြင့္အေရးေပးသင့္လားဆိုတာ မသိေတာ့ပါ။

အရမ္းကြာရွင္းခ်င္လို႔ေတာ့မဟုတ္ေပမယ့္ ဒီတိုင္းႀကီးသာေရွ႕ဆက္သြားရင္ ရိေပၚလည္း႐ူးသြားႏိုင္ေခ်ရွိတာေၾကာင့္ ၊ ကိုယ့္ကို မခ်စ္တဲ့သူကို ေအာင့္အီးၿပီး ေပါင္းေနရေအာင္လည္း ခံႏိုင္ရည္မရွိေတာ့တာေၾကာင့္ ကြာရွင္းဖို႔လမ္းကိုပဲေ႐ြးခ်ယ္ခဲ့တာျဖစ္သည္။

ၿပီးေတာ့ ကြာရွင္းစာခ်ဳပ္မွာ ေရွာင္းက်န္႔က အသာတၾကည္ပဲ ေပ်ာ္ေပ်ာ္ပါးပါးႀကီး လက္မွတ္ထိုးေပးလိုက္မွာကိုလည္း အေတြးနဲ႔ပင္ေၾကာက္ေနရေသးသည္။ ဒါေၾကာင့္ပဲ ခဏခဏခ်ိတုံခ်တုံျဖစ္ခဲ့ရသည္။

တကယ္တမ္းကြာရွင္းမယ္ဆိုေတာ့ ေရွာင္းက်န္႔က ကြာရွင္းမေပးန္ိုင္ေၾကာင္း ျငင္းတဲ့အျပင္ တစ္သက္လုံး မၾကားရႏိုင္ေလာက္တဲ့ ခ်စ္တယ္ဆိုတဲ့ စကားကိုပါ ေျပာခဲ့၏။ မေတာင္းပန္စဖူး ခခယယေတာင္းပန္သည္။ မေခၚစဖူး မ်ိဳး႐ိုးျဖဳတ္လို႔ ရိေပၚလို႔ေခၚ၏။

ဒါေတြက ရ္ိေပၚကို ဆက္ၿပီးဆြဲထားဖို႔အတြက္ ေရွာင္းက်န္႔ရဲ႕ မူယာမာယာေတြလားေတာ့ မသိေပမယ့္ အဲ့ဒီ စနက္ေတြၾကားမွာပဲ ရိေပၚရဲ႕တင္းထားတဲ့ စိတ္အစုံက အရည္ေပ်ာ္လုလု။

အခြင့္အေရးေပးခ်င္ေပမယ့္ အရင္လိုပဲ လ်စ္လ်ဴရႈခံရမွာ ပစ္ထားခံရမွာေတြကို ရိေပၚေၾကာက္သည္။

မ်က္ရည္ေတြက်ေနဆဲ ရိေပၚက္ို ေရွာင္းက်န္႔က အႏူးညံ့ဆုံးအၾကည့္ေတြနဲ႔ ၾကည့္လို႔ ပါးေပၚက မ်က္ရည္ေတြကို လက္မနဲ႔ ခပ္ဖြဖြသုတ္ေပးေနတာေၾကာင့္ အၾကည့္ေတြလႊဲပစ္လိုက္၏။

ေရွာင္းက်န္႔လည္း ငါးႏွစ္အၾကာမွ ရိေပၚရဲ႕ မ်က္ႏွာကို ေသခ်ာၾကည့္မိတာျဖစ္သလို မ်က္ႏွာအစိတ္အပိုင္းေတြကို လက္နဲ႔ ထိေတြ႕ဖူးတာျဖစ္၏။

ႏႈတ္ခမ္းဖူးဖူး ရဲရဲဆီ အၾကည့္ေတြကအေရာက္ကိုယ္တိုင္ေတာင္ မသိမိလိုက္ပါပဲ ၫႊတ္ကိုင္းမိသြား၏။

" အြင့္ ! "

ငါးႏွစ္ၾကာမွ ႏွစ္ေယာက္ၾကား ပထမဆုံးအနမ္းဆိုတာ ျပန္လည္ျဖစ္ေပၚလာရသည္။ ဒီေလာက္ႏူးညံ့ခ်ိဳၿမိန္တဲ့ ႏႈတ္ခမ္းေလးကို ခုမွထိေတြ႕ဖူးေလျခင္းဆိုၿပီး ေရွာင္းက်န္႔တစ္ေယာက္ေနာင္တေတြ တသီႀကီးရေန၏။ ေနာက္ဆိုရင္ေတာ့ ေန႔တိုင္း အနမ္းေႁခြရမည္ဟု ဆုံးျဖတ္လိုက္၏။

ရိေပၚလည္း ႐ုန္းခ်င္ေပမယ့္ ႏူးႏူးညံ့ညံ့စုပ္ယူလို႔ အနမ္းခံေနရတာေၾကာင့္ ႐ုန္းစရာအင္အားမရွိေလာက္ေအာင္ လူက ေပ်ာ့ေခြေနသည္။ အခ်ိန္အၾကာႀကီးေနမွ ထိေတြ႕ရတဲ့ အထိအေတြ႕ေတြအေပၚကို ခံစားခ်က္ေတြက ၫႊတ္ယိမ္းကာ ရိေပၚလည္း အလိုက္သင့္တုန္႔ျပန္ေနမိသည္။

မ်က္လုံးကိုမွိတ္လို႔ လည္ပင္းကိုျပန္သိုင္းဖက္ကာ ေခါင္းကို ဘယ္ျပန္ညာျပန္ယိမ္းရင္း အနမ္းေႁခြေနၾကသည္မွာ အေတာ္ၾကာ။ ေရွာင္းက်န္႔ရဲ႕ လက္ေတြကလည္း ရိေပၚရဲ႕ခါးကို တင္းတင္းက်ပ္က်ပ္မလႊတ္တမ္းဖက္ထားေသး၏။

ေနာက္ဆုံးအေနနဲ႔ ႏႈတ္ခမ္းကို တစ္ခ်က္စုပ္လိုက္ၿပီးမွ ေရွာင္းက်န္႔က ရိေပၚရဲ႕ ႏွဖူးကို ခပ္ဖြဖြနမ္း၏။ ထို႔ေနာက္မွ ႏွာေခါင္းထိပ္လုံးလုံးေလး။ ညာဘက္ပါးကေန တဆင့္ လည္ပင္းသားေတြဆီေရာက္လာေတာ့ ရိေပၚက အသိစိတ္ဝင္လာၿပီး ႐ုန္းဖယ္လိုက္ေတာ့၏။

ခုနကပဲကြာရွင္းမယ္ဆိုၿပီးေသာင္းက်န္းထားတာ အနမ္းခံလိုက္ရတာကိုေတာ္ေတာ္လြန္လွၿပီ။ စကားေတြ အမ်ားႀကီးေျပာလို႔ ေပါက္ကြဲၿပီးမွ အနမ္းေတြနဲ႔ ေခြၽးသိပ္ခံလိုက္ရတာ အေတာ္ေတာ့ စိတ္တိုစရာေကာင္းသည္။

ဒီကေရွ႕ေလွ်ာက္ ရိေပၚက ေရွာင္းက်န္႔ကို အရင္လိုသည္းခံေတာ့မွာမဟုတ္ေပ။

" ဖယ္ေတာ့ သြားအိပ္ေတာ့မယ္ "

" ေနပါဦး ! အတူတူအိပ္ရေအာင္ပါ "

" မအိပ္ဘူး အခန္းေျပာင္းအိပ္မွာ .... ကြၽန္ေတာ္က ဖ်ားခ်င္ေနတာ ခင္ဗ်ားကို အဖ်ားကူးလိမ့္မယ္ "

စိတ္ကုန္လို႔ ကြာရွင္းခ်င္တယ္ဆိုတဲ့ေကာင္ေလးက အဖ်ားကူးလိမ့္မယ္ဆိုၿပီးစိုးရိမ္ေနတာကို သိရေတာ့ ေရွာင္းက်န္႔လည္း စိတ္လိုလက္ရၿပဳံးမိ၏။
ေသခ်ာတာေတာ့ ေရွာင္းက်န္႔ဟာ ဝမ္ရိေပၚကိုလက္လႊတ္မေပးႏိုင္ေလာက္ေအာင္ အရမ္းခ်စ္မိေနပါၿပီ။

မခ်စ္ဘူးလို႔ဆိုလာတဲ့ရိေပၚကိုလည္း ခ်စ္လာေအာင္ အမ်ိဳးမ်ိဳးႀကိဳးစားၿပီး ဆြဲေဆာင္ရမည္ျဖစ္သည္။

စကားနဲ႔မေျပာခ်င္ေတာ့တာေၾကာင့္ ဒူးေအာက္ကေနလွ်ိဳလို႔ ေပြ႕ပစ္လိုက္ေတာ့ အလန္႔တၾကားသိုင္းဖက္လာတဲ့လက္ေလးေတြ။ ခဏေနေတာ့ ခ်က္ခ်င္းပဲျပန္႐ုတ္သြား၏။

" ဘာလုပ္တာလဲ .... ေအာက္ကိုခ်ေပးပါ "

႐ုန္းမယ့္ပုံစံနဲ႔ ေျခေထာက္ကိုလႈပ္ရမ္းလို႔ ေကာ့ပစ္လိုက္တာေၾကာင့္ ေရွာင္းက်န္႔မွာ ရိေပၚျပဳတ္မက်ေအာင္ျပန္ထိန္းလိုက္ရ၏။

"လင္မယားေတြဆိုတာ အတူတူအိပ္ရမယ္ေလ "

" ဘယ္သူကလင္မယားလဲ ။ ေၾကာင္ေတာင္ေတာင္နဲ႔ "

ဝဋ္ဆိုတာ ဘဝမကူးဘူးဆိုတာ တကယ္ပဲျဖစ္သည္။ အရင္က ရိေပၚကို လ်စ္လ်ဴရႈထားသမွ်က အခုေတာ့ ေရွာင္းက်န္႔က ရိေပၚကို သဲသဲလႈပ္ဂ႐ုစိုက္ဖို႔ျဖစ္လာ၏။

အိပ္ယာေပၚခ်ေပးၿပီး ေနာက္ကေန မလႊတ္တမ္းသိုင္းဖက္ထားတဲ့ေရွာင္းက်န္႔ေၾကာင့္ ရိေပၚလည္း အေနရခက္သည္။

ကြာရွင္းမယ္ေျပာလိုက္တာနဲ႔လူစားထိုးထားသလို ေန႔ခ်င္းညခ်င္း ေျပာင္းလဲသြားလိမ့္မယ္လို႔ ဘယ္သူကထင္ထားမွာလဲ။ ဒီလိုမွန္းသိ ေစာေစာကတည္းက ကြာမယ့္အေၾကာင္းေျပာပါတယ္ဟုေတာင္ေတြးမိလိုက္ေသးသည္။

ေရွာင္းက်န္႔မွာ ရိေပၚကိုေနာက္ကေနသိုင္းဖက္လို႔ ဂုတ္ပိုးကိုဖိနမ္းေနတာေၾကာင့္ ရိေပၚမွာ ေကာင္းေကာင္းအိပ္မရေပ။

" ခင္ဗ်ား ၿငိမ္ၿငိမ္မေနရင္ တကယ္ကြာမွာေနာ္ "

ထိုသ္ို႔ၿခိမ္းေျခာက္လိုက္မွပဲ ေရွာင္းက်န္႔က လႈပ္ရွားတာရပ္လို႔ ရိေပၚရဲ႕ ဆံပင္ေတြထဲကို ႏွာေခါင္းႏွစ္ပစ္၏။

ႏွစ္ေယာက္လုံး တေစာင္းအေနအထားနဲ႔အိပ္ေနၾကၿပီး ဗိုက္ေပၚတင္ထားတဲ့ ရိေပၚရဲ႕လက္ေတြကို အေပၚကေန ထပ္အုပ္လို႔ဆုပ္ကိုင္လာေလသည္။

ေနာက္ကေန အတင္းသိုင္းဖက္ထားတဲ့ေရွာင္းက်န္႔ေၾကာင့္ ႐ုန္းလို႔လည္းမရေပ။

ႏူးႏူးညံ့ညံ့အထိအေတြ႕ေတြနဲ႔ ဒီလိုအေျခအေနကို ရိေပၚလည္း က်င့္သားမရေသးတာေၾကာင့္ ဒီတိုင္းပဲ ၿငိမ္ၿငိမ္ေလးသာအိပ္လိုက္ရေတာ့၏။

TBC......

ၾကားသုံးၾကားမွာ လင္ေတြၾကားလည္း မဝင္ေကာင္းပါဘူးရွန္ 😆

Continue Reading

You'll Also Like

1.7M 105K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
109K 10.4K 24
Wang Yibo & Xiaozhan (Z+U) Unicode ဟိုဘက်အိမ်ကသူငယ်နာမစင်ကောင်နဲ့ဒီဘက်အိမ်ကနံနံပင်ကောင်တို့၏ဇာတ်လမ်းတစ်ပုဒ် (ရွာဟာသဆန်ဆန် yizhanဗမာversion) 1k Start...
876K 36K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကြၽန္ေတာ္ တစ္ခါ နမ္းရင္ ငါးသိန္း ထက္မနည္းရတယ္..သေဘာေပါက္လား?"(18+)