ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

503K 65.1K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

29

7.5K 1K 7
By Deity_YuZhang

U••

[ဝီရိယရှိရှိစုံစမ်းစစ်ဆေးခြင်း - ၁]

နေ့လည်စာစားပြီးသည့်နောက် ချန်းနင်သူ့စိတ်သူရှင်းဖို့ဖိအားပေးကာ စာမူအတွက်စတင်အလုပ်လုပ်တော့သည်။

သုံးနာရီတွင် @DuckLingLi က အချိန်မှန်လိုင်းတက်လာ၏။

[DucklingLi]: Hi!!

[ချင်းရွှေ]: အခြေအနေဘယ်လိုလဲ?

[DucklingLi]: အဲ့တာကနည်းနည်းတော့ရှုပ်တယ်ကွ...

[ချင်းရွှေ]: ငါ့ကိုဝိုးတဝါးမပြောနဲ့။

[DucklingLi]: ကောင်းပြီ။ ဒီတော့ကွာ ကိစ္စတွေကဒီလိုမျိုးဖြစ်လာတာ။ အင်တာနက်ပေါ်မှာပထမဆုံးတင်တဲ့လူက 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး' ဆိုတဲ့ ID ကိုသုံးတာ။ အဲ့အကြောင်းအချက်အလက်ကိုငါပြီးမှပို့ပေးမယ်။ အဲ့ပို့စ်တင်ပြီးတစ်နာရီတောင်မပြည့်သေးဘူး နိုင်ငံသားတော်တော်များများက ပို့စ်ကိုလိုက်ကြရော။ တကယ်လို့ငါသာမမှားဘူးဆိုရင် အဲ့တာတွေကအကောင့်တုတွေပဲဖြစ်လိမ့်မယ်။ အကြောင်းအရင်းကပူနွေးလည်းလာရော ဒုတိယပို့စ်ကပိုပြီးမြန်မြန်တင်တာ ပုံတွေတောင်ပါသေးတယ်။ အဲ့ပုံတွေက ကောလဟာလဖြန့်ဖို့လုပ်ထားတာတွေဆိုတာ အရမ်းသိသာတယ်။

[ချင်းရွှေ]: အဲ့တာကိုဘယ် website မှာတင်ထားတာလဲ?

[DucklingLi]: အဲ့တာကအရောင်းအဝယ်ကုမ္ပဏီတစ်ခုရဲ့လမ်းညွှန်မှာ။ ငါမင်းကိုနာမည်လည်းပို့လိုက်မယ်။ 

သူလိုသမျှကိုသိပြီးသည့်နောက် ချန်းနင်လည်းလိုင်းဆင်းသွားကာ သူ့ဖုန်းကိုယူ၍ယွီရှန်းဆီခေါ်တော့သည်။

ဖုန်း၏တခြားတစ်ဖက်တွင်တော့ ခပ်သြသြနှင့် ပင်ပန်းနေမှန်းသိသာသောအသံကိုကြားနိုင်၏။

"ဟယ်လို ချန်းနင်"

ချန်းနင်ကမျက်မှောင်ကြုံ့ရင်းမေးလာ၏။

"ခင်ဗျားအလုပ်များနေတုန်းလား?"

"အင်း"

ယွီရှန်းကသူ၏နာကျင်ကိုက်ခဲနေသော မျက်ခုံးကိုဖိနှိပ်လိုက်မိသည်။

"မင်းနေ့လည်စာစားပြီးပြီလား?"

"စားပြီးပြီ။ ခင်ဗျားရော?"

"မစားရသေးဘူး။ ကိုယ်မစားချင်သေးဘူး"

"ခင်ဗျားနည်းနည်းတော့စားသင့်တယ်။ မဟုတ်ရင် ခင်ဗျားခန္ဓာကိုယ်ကခံနိုင်မှာမဟုတ်ဘူး"

"ကိုယ်သိပါတယ်။ စိတ်မပူနဲ့။ ကောင်းကောင်းနားဦးနော် ဟုတ်ပြီလား?"

"ကျွန်တော်ခင်ဗျားကိုပြောစရာရှိတယ်"

"ဘာလဲ?"

"ကျွန်တော်တစ်ချို့ဟာတွေစုံစမ်းဖို့လူတစ်ယောက်ကိုလွှတ်လိုက်တယ်။ အဲ့တာကခင်ဗျားကိုအကူအညီရမလားတော့မသိဘူး"

"ဘာအကြောင်းလဲ?"

"Website မှာပို့စ်တင်တဲ့ပထမဆုံးလူက 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး'ဆိုတဲ့နာမည်ပဲ။ လမ်းညွှန်က အသေးစားအရောင်းအဝယ်ကုမ္ပဏီနဲ့ဆိုင်တာ။ ကျွန်တော်အဲ့ 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး' ID ကိုစုံစမ်းလိုက်တာ တစ်ချို့ပုံတွေရလာတယ်။ ကျွန်တော်ခဏနေရင်အဲ့တာတွေခင်ဗျားဆီပို့လိုက်မယ်။ အဲ့တာကအသုံးဝင်လောက်မှာပါ။ ပြီးတော့လည်းကုမ္ပဏီသေးလေးကရှေ့နေကိုခင်ဗျားသိလောက်တယ်။ သူ့ကိုလည်းတစ်ချက်စုံစမ်းလိုက်ဦး"

"ကောင်းပြီ။ ကိုယ်မင်းကိုစိတ်ပူစေမိပြီလား? ကောင်းကောင်းနားဦး။ အန်တီချင်ကမင်းအခုထိမနားရသေးဘူးလို့ပြောတယ်။ နည်းနည်းသွားအိပ်လိုက် ကိုယ့်ကိုစိတ်ပူရအောင်မလုပ်နဲ့နော် ဟုတ်ပြီလား?"

"ကျွန်တော်အဆင်ပြေပါတယ်။ ကျွန်တော်ကကုမ္ပဏီကိစ္စတွေမကူညီနိုင်ဘူး အဲ့တာကြောင့်ဒါကျွန်တော်ခင်ဗျားကိုကူညီနိုင်တာအကုန်ပဲ"

ယွီရှန်း၏နှလုံးသားကနွေးထွေးသွားကာ သူ၏မာထန်သောမျက်နှာထားသည်လည်းအနည်းငယ်ပြေလျော့သွား၏။ သူ့ဘေးမှလူအချို့လည်းထိုအမူအရာကြောင့်နားထောင်မိကြကာ မအံသြပဲမနေနိုင်တော့ချေ။

"ကိုယ်ကမင်းကိုကိုယ့်ဘေးမှာပဲနေစေချင်တာ"

"အင်း။ တကယ်လို့ကျွန်တော်ကူညီနိုင်တာတစ်ခုခုရှိရင် ကျွန်တော့်ကိုပြောနော်"

"ကောင်းပါပြီကွာ။ အခုတော့သွားအိပ်တော့။ ကိုယ်အိမ်ပြန်နောက်ကျမှာ။ ကိုယ့်ကိုမစောင့်နဲ့တော့ နားလည်ရဲ့လား?"

"နားလည်ပြီ။ အလုပ်သွားလုပ်တော့လေ"

"အင်း"

သူဖုန်းချလိုက်သည်နှင့် အီးမေးလ်အချို့ရရှိလိုက်၏။ ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ ပုံအချို့နှင့်နာမည်အချို့က စခရင်ပေါ်၌ပေါ်လာတော့သည်။

"သာ့ကျိုး...ဒီကိုလာပြီးကြည့်စမ်း"

သာ့ကျိုးကအနားကပ်လာရင်း စခရင်ပေါ်မှပုံများကိုကြည့်လာသည်။

"ဒါကအဲ့ 'ဆွဲဆောင်မှုရှိတဲ့နတ်ဆိုး' ဆိုတဲ့ကောင်ပဲ။ ပုံတွေကကျတော့...."

သူ့စကားလုံးများက ရပ်တန့်သွားကာ အကြည့်ကလည်းစူးရှမှောင်မိုက်သွားသည်မို့ ၎င်းကဘေးမှလူများကိုပင် အသက်အောင့်ထားမိစေသည်။

ယွီရှန်း၏မျက်ဝန်းတွင်အေးတိအေးစက်အကြည့်များပေါ်လာကာ ဆို၏။

"အဲ့တာကိုသွားစုံစမ်းလိုက်။ ပြီးတော့ လူတစ်ချို့ခေါ်ပြီး ဒီအရောင်းအဝယ်ကုမ္ပဏီကိုစောင့်ကြည့်ခိုင်းထားလိုက်။

ထို့နောက်တွင်တော့ သာ့ကျိုးကသူ့လူများကိုခေါ်ကာ အမိန့်အတိုင်းလုပ်ဆောင်တော့သည်။

ယွီရှန်းကတခြားသူများကိုလည်းဆက်လက်အမိန့်ပေးလာ၏။

"သတင်းထောက်တွေကိုဒီခေါ်ခဲ့။ ဒီမြို့တော်ကထိပ်ဆုံးသတင်းစာဆယ်ခုရဲ့သတင်းခေါင်းစီးပိုင်းတွေကိုငါဝယ်ချင်တယ်။ တကယ်လို့ Metropolis Daily က ကစားချင်တ်ာဆိုရင် ငါလည်းလိုက်ကစားပေးရမှာပေါ့"

သူကအေးစက်စွာလှောင်ပြုံးပြုံး၏။ ငါ့ရဲ့ဟန်းနီးမွန်းခရီးစဉ်လေးကိုရှုပ်တယ်ပေါ့လေ? မင်းတို့အကုန်လုံးကိုငါတန်ကြေးပြန်ပေးခိုင်းရမှာပေါ့။

ရှန်အဖွဲ့အစည်းက ထိပ်ဆုံးသတင်းစာဆယ်ခု၏ခေါင်းစီးကိုဝယ်ဖို့ ပိုက်ဆံအမြောက်အများကိုသုံးစွဲခဲ့လေသည်။ စာသားကို တစ်ညတည်း၌မူကြမ်းရေး၍ အကွက်တစ်ခုပေါ်ပုံစံချထားကာ ညလယ်ရောက်သည့်အခါတွင်တော့ စာမူက တင်သူဆယ်ယောက်၏ပုံနှိပ်လုပ်ငန်းများထံသို့အောင်မြင်စွာပို့ဆောင်ပြီးပြီဖြစ်သည်။

မနက်ခြောက်နာရီသုံးဆယ်၌ သတင်းစာဆိုင်ခန်းများကစီးပွားရေးအတွက်ဖွင့်လာကြသည်။ ဆိုင်ခန်းပိုင်ရှင်များက သတင်းစာဆယ်ခုကိုတန်းစီထားသည်မို့ လာဝယ်သူများကိုအံ့သြသွားစေ၏။

"ဒါကဘယ်လိုအခြေအနေလဲဟ?"

သတင်းစာဆယ်ခုတွင် တူညီသောကြော်ငြာများရှိကာ အနက်ရောင်အကွက်ပေါ်သာအဖြူဖြင့်ရိုက်ထားကြ၏။ ၎င်းတွင်စာကြောင်းအချို့သာပါရှိသော်လည်း သတင်းစာ၏မျက်နှာတစ်ဝက်ထိပင်နေရာယူထားချေသည်။

'ဆယ်စုနှစ်တစ်ခုစာတည်ဆောက်ထားတဲ့အောင်မြင်မှုမှာ ကျွန်တော့်တို့ကို ညတွင်းချင်းဘာကြောင့်သံသယဝင်နေကြတာလဲ?

ကိစ္စအားလုံးမှာအကြောင်းပြချက်ရှိတယ်ဆိုရင် ဘာလို့ကျွန်တော်တို့ကိုရှင်းပြဖို့အခွင့်အရေးတစ်ခုတောင်မပေးရတာလဲ?

ကျွန်တော်တို့ကမေးခွန်းတွေကိုမကြောက်ပါဘူး။ အဲ့ဒီသံသယတွေကိုသက်သေပြဖို့အတွက် လူထုဆီကပေးမဲ့အခွင့်အရေးပဲလိုတာပါ။

အချိန်ဆိုတာကအကောင်းဆုံးနဲ့ဘက်မလိုက်တတ်ဆုံးသက်သေပါပဲ။ အမှန်တရားကို လူတိုင်းဆီထုတ်ဖော်ပြသွားမှာပါ။

အမှန်တရားက အင်အားအကောင်းဆုံးနဲ့အယုံကြည်ရဆုံးတရားသူကြီးဖြစ်တဲ့အတွက် လူတိုင်းအပေါ်လိမ်ညာခဲ့တဲ့အပြစ်သားအားလုံးကိုအပြစ်ပေးသွားပါလိမ့်မယ်။

ကျွန်တော်တို့က နားလည်မှု၊ သက်ညှာမှု၊ မျှတတဲ့ဆက်ဆံမှုနှင့်ယုံကြည်မှုကိုပဲ မျှော်လင့်ပါတယ်။

အမှန်တရားကိုသက်သေအဖြစ်အသုံးချပြီးကျွန်တော်တို့တိုင်တည်ပါတယ်။ ယုံကြည်ချက်ပျက်ပြားနေတဲ့လူတိုင်းကို အသက်ရှုနိုင်စေဖို့ ကျွန်တော်တို့လူတွေရဲ့ဆန္ဒကိုအထောက်အကူအဖြစ်အသုံးချပြီး လူတိုင်းဆီကိုတောက်ပတဲ့ကောင်းကင်ပြန်ပေးမှာပါ'

သတင်းစာပေါ်၌ထိုသို့သောထုတ်ပြန်ချက်မျိုးမြင်ဖူးသည်မှာ လူအများအတွက်ပထမဆုံးအကြိမ်ပင်။ ၎င်းက ရင်သပ်ရှုမောဖွယ်ကောင်းသလို တစ်ချိန်တည်း၌တွေးတောစရာဖြစ်လာ၏။ စာအုပ်တစ်အုပ်ကိုအဖုံးကြည့်၍မဆုံးဖြတ်သင့်ပါချေ။ သူတို့သာပို၍နားလည်တတ်ပြီးသက်ညှာပေးမည်ဆိုပါက သူတို့ထင်သလိုကိစ္စအားလုံးမဟုတ်နေနိုင်တာလည်းဖြစ်နိုင်သည်။ ယနေ့ခေတ်၌ သတင်းစာများက အမှန်တရားမှအလွန်အမင်းချဲ့ကားလွန်းတတ်ကြပေ၏။

ဆယ်စုနှစ်ခုကြာသူတို့ယုံကြည်ခဲ့သောဂုဏ်သတင်းကို တစ်ဖက်သတ်အမြင်အချို့ကြောင့် သူတို့သံသယမဝင်ခဲ့သင့်ပါချေ။ ဤနေရာ၌ ကိစ္စများမည်သို့ဖြစ်ပေါ်လာသည်ကိုစောင့်ကြည့်ရမည်လည်းဖြစ်ကောင်းဖြစ်နိုင်၏။ ၎င်းက သတင်းစာဖတ်ပြီးသည့်နောက် လူအများတွေးမိကြသည့်အတွေးပင်။

သတင်းစာများမှသက်ရောက်မှုကကြီးမားလှ၏။ Metropolis Daily ကလူထုထံမှ မကြုံစဖူးမေးခွန်းအချို့ထုတ်ခံရလေသည်။ Metropolis Daily မှသတင်းဆောင်းပါးနှင့်ပက်သက်၍ လူထု၏ဆွေးနွေးမှုကကောင်းကင်ယံထိပူနွေးစေသည်မို့ လူအများကသူတို့ကိုသံသယဝင်လာကြတော့သည်။

အင်တာနက်အပေါ်မှ တစ်ဖက်သတ်အမြင်များက တဖြည်းဖြည်းပြောင်းလဲလာ၏။ ယနေ့သတင်းစာများ၌ လူအများက မျှတသောမှတ်ချက်များပေးလာကြသည်။ လူတွေကကိစ္စများကိုတစ်ဖက်သက်မယုံကြည်သင့်ပဲ သူတို့ရှင်းပြသည်ကိုနားထောင်ဖို့အတွက် လူထုကကိုယ်ပိုင်ဝါဒနှင့် စီရင်နိုင်သည့်အရည်အချင်းရှိသည်ဟုခံစားလာရသည်။

ရှန်အဖွဲ့အစည်းအတွက်မကောင်းသောအခြေအနေက တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်ပင်။ လူထုအစည်းအဝေးက Metropolis Daily ကိုဆက်လက်ဆက်သွယ်ကာ သူတို့အတွက်ဆွေးနွေးချက်တစ်ခုထုတ်လာဖို့မျှော်လင့်နေကြသည်။ ၎င်းတို့က စစ်ဆေးခံထားရသည့်ကျောက်မျက်ရတနာများကိုလည်း အခြားမတူညီသောစစ်ဆေးရာနေရာဆယ်ခုသို့ပို့ပေးရန် တောင်းဆိုကြသေး၏။

မည်သို့ပင်ဆိုစေကာမူ Metropolis Daily ကသူတို့ကိုတုန့်ပြန်ဖို့ငြင်းဆိုခဲ့လေသည်။

ဒုတိယနေ့တွင်တော့ Metropolis Daily က ကုံလုံသောပုံနှိပ်စက်ကိုသုံး၍ သတင်းထောက်တစ်ဦး၏ဆောင်းပါးကိုထုတ်ဝေသည်။ ၎င်းက ရှန်အဖွဲ့အစည်းမှာ အဖြစ်မှန်ကိုဖုံးကွယ်၍ အမှန်တရားကိုထုတ်ဖော်ဖို့ဆန္ဒမရှိဟူ၍ပင်။ ၎င်းတို့ကနိုင်ငံသားများအပေါ် အချည်းနှီးကတိများပေးကာ ဖြစ်ပျက်ခဲ့သည်များကို ဖုံးကွယ်ရန်မျှော်လင့်၍ အလွဲသုံးစားလုပ်နေကြခြင်းပင်။ သူတို့က ပြသနာကိုဖြေရှင်းရန်ငြင်းဆို၍ ထိုအစားလူထု၏စေတနာကိုအသုံးချ၍ သနားမေတ္တာကိုတောင်းခံဖို့ကြံစည်နေကြသည်။ ထို့အပြင်ဆောင်းပါးတွင် ရှန်မိသားစုကိုမီဒီယာကိုအသုံးချကာ မမှန်ကန်သောဆောင်းပါများကိုမည်သို့ဖြန့်ဝေ၍ လူထု၏အတွေးကို မေးခွန်းထုတ်နေသည်ဟုလည်းဆိုထား၏။ ကြောက်ဖွယ်ကောင်းသောစကားလုံးများဖြင့် ဆက်တိုက်ဆိုသလိုထိုးနှက်ထားခဲ့ချေသည်။

သတင်းစာဆယ်ခု၏ခေါင်းစီးများက အနက်ရောင်နောက်ခံနှင့်အဖြူရောင်စာသားများအတိုင်းပင်။ ၎င်းက ရှန်အဖွဲ့အစည်း၏ကိစ္စအပေါ် အကြံပြုချက်ကိုရေးသားထား၍ လူထုကိုအမှန်တရားချပြခဲ့လေ၏။

Metropolis Daily ကရှန်အဖွဲ့အစည်း၏ ထိခိုက်သွားသော စားသုံးသူများကိုမျက်နှာချင်းဆိုင်လိုသည့်တောင်းဆိုချက်ကိုလုံးလုံးလျားလျားငြင်းပယ်၍ ထိုအချက်အလက်ကိုပေးသည့် စားသုံးသူကိုတွေ့ဖို့တောင်းဆိုချက်ကိုလည်း ပယ်ချခဲ့သည်။

ကျောက်မျက်ရတနာများ၏စစ်ဆေးချက်က စစ်ဆေးရုံမှအမှန်ဖြစ်သော်လည်း ထိုကျောက်မျက်ရတနာများကို စစ်မှန်သည်ကိုသံသယရှိသဖြင့် အခြားရုံးခွဲဆယ်ခု၌ပြန်လည်စစ်ဆေးလိုသည့် ရှန်အဖွဲ့အစည်း၏တောင်းဆိုချက်ကိုလည်းငြင်းပယ်ခဲ့သည်။

ရှန်အဖွဲ့အစည်းက Metropolis daily ကို လူထုရှေ့၌မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့ဖို့တောင်းဆိုခဲ့ကာ သူတို့ဆီမှဝယ်သွားခဲ့သောအဖိုးတန်ကျောက်မျက်ရတနာအားလုံးကို အခမဲ့ပြန်လည်စမ်းသပ်ပေးမည်ဖြစ်ကြောင်းလည်းကြေငြာခဲ့၏။ လူထုက ရှန်ဖွဲ့အစည်းကထောက်ပံ့ပေးထားသည့် အမျိုးအစားစုံစစ်ဆေးရေးဌာနတွင်စစ်ဆေးချင်သလား၊ သို့မဟုတ်တစ်မျိုးတည်းစစ်ဆေးရေးဌာနကို သုံးချင်သလားဆိုတာ သူတို့ဘာသာရွေးချယ်နိုင်သည်။

ထိုသို့သောနည်းလမ်းက အလွန်အန္တရာယ်များလှသော်လည်း ၎င်းက ရှန်အဖွဲ့အစည်းကသူတို့၏ထုတ်ကုန်အပေါ်ယုံကြည်ချက်ရှိကြောင်း လူထုအပေါ်ကြေငြာလိုက်ခြင်းတစ်မျိုးပင်။

ရှန်အဖွဲ့အစည်းဟိုတယ်မှ အဆိပ်သင့်သည့်မတော်တဆအတွက်မူ လူနာကိုဒုက္ခဖြစ်စေသည့် အဓိကပြသနာကဘာမှန်းမသေချာသေးကြောင်းထုတ်ပြန်ထား၏။ ရှန်အဖွဲ့အစည်းက ဆရာဝန်များနှင့်ပရော်ဖက်ဆာများကို ဟွာခန်းဆေးရုံတွင်စီစဉ်ပေး၍ လူနာ၏လက်ရှိဆေးရုံကိုသွားလည်ပတ်ဖို့ စီစဉ်ပေး၏။ ရှန်အဖွဲ့အစည်းက မျှတသည့်ထုတ်ပြန်ချက်တစ်ခု လူထုအပေါ်ထုတ်ပြနိုင်ဖို့ သိပ်မကြာတော့ကြောင်း သူတို့ယုံကြည်ခဲ့ကြသည်။

ယွီရှန်းကသူ၏အဆက်အသွယ်များကိုအသုံးချ၍ ပိုင်မော့ကို ဟွာခန်းဆေးရုံ၏အထူးပြုဆရာဝန်အဖြစ် အသိအမှတ်ပြုစေကာ လူနာရှိနေသည့်လက်ရှိဆေးရုံကိုဝင်ဖို့ဆောင်ရွက်ခဲ့သည်။ သူကပရော်ဖက်ဆာအဆင့်ဆရာဝန်များကိုခေါ်၍ လူနာ၏ကျန်းမာရေး အခြေအနေကိုစစ်ဖို့လည်းအကြံပြုခဲ့၏။ လူနာ၏ကြိုတင်ကုသမှု၌ပါဝင်ခဲ့သောဝန်ထမ်းများကိုတော့ စစ်ဆေးနေစဉ်အတွင်း သီးခြားခွဲထားလိုက်သည်။

သာ့ကျိုးကလည်း ချန်းနင်ပုံ့ပို့ပေးသည့်ဦးဆောင်မှုများကြောင့် တိုးတက်လာခဲ့၏။

'ဆွဲဆောင်မှုရှိသောနတ်ဆိုး' ၏ဓာတ်ပုံတွင် အရောင်းအဝယ်ကုမ္ပဏီအသေးလေးမှ သူဌေးသာမက ယင်ဟောက်သည်လည်းပါဝင်နေခဲ့သည်။ ကိစ္စများက တဖြည်းဖြည်းပို၍ပင်စိတ်ဝင်စားဖို့ကောင်းလာချေပြီ။

°°

Z••

[ဝီရိယရွိရွိစံုစမ္းစစ္ေဆးျခင္း - ၁]

ေန႔လည္စာစားၿပီးသည့္ေနာက္ ခ်န္းနင္သူ႔စိတ္သူရွင္းဖို႔ဖိအားေပးကာ စာမူအတြက္စတင္အလုပ္လုပ္ေတာ့သည္။

သံုးနာရီတြင္ @DuckLingLi က အခ်ိန္မွန္လိုင္းတက္လာ၏။

[DucklingLi]: Hi!!

[ခ်င္းေ႐ႊ]: အေျခအေနဘယ္လိုလဲ?

[DucklingLi]: အဲ့တာကနည္းနည္းေတာ့ရႈပ္တယ္ကြ...

[ခ်င္းေ႐ႊ]: ငါ့ကိုဝိုးတဝါးမေျပာနဲ႔။

[DucklingLi]: ေကာင္းၿပီ။ ဒီေတာ့ကြာ ကိစၥေတြကဒီလိုမ်ိဳးျဖစ္လာတာ။ အင္တာနက္ေပၚမွာပထမဆံုးတင္တဲ့လူက 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး' ဆိုတဲ့ ID ကိုသံုးတာ။ အဲ့အေၾကာင္းအခ်က္အလက္ကိုငါၿပီးမွပို႔ေပးမယ္။ အဲ့ပို႔စ္တင္ၿပီးတစ္နာရီေတာင္မျပည့္ေသးဘူး နိုင္ငံသားေတာ္ေတာ္မ်ားမ်ားက ပို႔စ္ကိုလိုက္ၾကေရာ။ တကယ္လို႔ငါသာမမွားဘူးဆိုရင္ အဲ့တာေတြကအေကာင့္တုေတြပဲျဖစ္လိမ့္မယ္။ အေၾကာင္းအရင္းကပူေႏြးလည္းလာေရာ ဒုတိယပို႔စ္ကပိုၿပီးျမန္ျမန္တင္တာ ပံုေတြေတာင္ပါေသးတယ္။ အဲ့ပံုေတြက ေကာလဟာလျဖန္႔ဖို႔လုပ္ထားတာေတြဆိုတာ အရမ္းသိသာတယ္။

[ခ်င္းေ႐ႊ]: အဲ့တာကိုဘယ္ website မွာတင္ထားတာလဲ?

[DucklingLi]: အဲ့တာကအေရာင္းအဝယ္ကုမၸဏီတစ္ခုရဲ႕လမ္းၫႊန္မွာ။ ငါမင္းကိုနာမည္လည္းပို႔လိုက္မယ္။ 

သူလိုသမ်ွကိုသိၿပီးသည့္ေနာက္ ခ်န္းနင္လည္းလိုင္းဆင္းသြားကာ သူ႔ဖုန္းကိုယူ၍ယြီရွန္းဆီေခၚေတာ့သည္။

ဖုန္း၏တျခားတစ္ဖက္တြင္ေတာ့ ခပ္ၾသၾသနွင့္ ပင္ပန္းေနမွန္းသိသာေသာအသံကိုၾကားနိုင္၏။

"ဟယ္လို ခ်န္းနင္"

ခ်န္းနင္ကမ်က္ေမွာင္ႀကံဳ႕ရင္းေမးလာ၏။

"ခင္ဗ်ားအလုပ္မ်ားေနတုန္းလား?"

"အင္း"

ယြီရွန္းကသူ၏နာက်င္ကိုက္ခဲေနေသာ မ်က္ခံုးကိုဖိနိွပ္လိုက္မိသည္။

"မင္းေန႔လည္စာစားျပီးၿပီလား?"

"စားၿပီးၿပီ။ ခင္ဗ်ားေရာ?"

"မစားရေသးဘူး။ ကိုယ္မစားခ်င္ေသးဘူး"

"ခင္ဗ်ားနည္းနည္းေတာ့စားသင့္တယ္။ မဟုတ္ရင္ ခင္ဗ်ားခႏၶာကိုယ္ကခံနိုင္မွာမဟုတ္ဘူး"

"ကိုယ္သိပါတယ္။ စိတ္မပူနဲ႔။ ေကာင္းေကာင္းနားဦးေနာ္ ဟုတ္ၿပီလား?"

"ကြၽန္ေတာ္ခင္ဗ်ားကိုေျပာစရာရွိတယ္"

"ဘာလဲ?"

"ကြၽန္ေတာ္တစ္ခ်ိဳ႕ဟာေတြစံုစမ္းဖို႔လူတစ္ေယာက္ကိုလႊတ္လိုက္တယ္။ အဲ့တာကခင္ဗ်ားကိုအကူအညီရမလားေတာ့မသိဘူး"

"ဘာအေၾကာင္းလဲ?"

"Website မွာပို႔စ္တင္တဲ့ပထမဆံုးလူက 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး'ဆိုတဲ့နာမည္ပဲ။ လမ္းၫႊန္က အေသးစားအေရာင္းအဝယ္ကုမၸဏီနဲ႔ဆိုင္တာ။ ကြၽန္ေတာ္အဲ့ 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး' ID ကိုစံုစမ္းလိုက္တာ တစ္ခ်ိဳ႕ပံုေတြရလာတယ္။ ကြၽန္ေတာ္ခဏေနရင္အဲ့တာေတြခင္ဗ်ားဆီပို႔လိုက္မယ္။ အဲ့တာကအသံုးဝင္ေလာက္မွာပါ။ ၿပီးေတာ့လည္းကုမၸဏီေသးေလးကေရွ႕ေနကိုခင္ဗ်ားသိေလာက္တယ္။ သူ႔ကိုလည္းတစ္ခ်က္စံုစမ္းလိုက္ဦး"

"ေကာင္းၿပီ။ ကိုယ္မင္းကိုစိတ္ပူေစမိၿပီလား? ေကာင္းေကာင္းနားဦး။ အန္တီခ်င္ကမင္းအခုထိမနားရေသးဘူးလို႔ေျပာတယ္။ နည္းနည္းသြားအိပ္လိုက္ ကိုယ့္ကိုစိတ္ပူရေအာင္မလုပ္နဲ႔ေနာ္ ဟုတ္ၿပီလား?"

"ကြၽန္ေတာ္အဆင္ေျပပါတယ္။ ကြၽန္ေတာ္ကကုမၸဏီကိစၥေတြမကူညီနိုင္ဘူး အဲ့တာေၾကာင့္ဒါကြၽန္ေတာ္ခင္ဗ်ားကိုကူညီနိုင္တာအကုန္ပဲ"

ယြီရွန္း၏နွလံုးသားကေႏြးေထြးသြားကာ သူ၏မာထန္ေသာမ်က္နွာထားသည္လည္းအနည္းငယ္ေျပေလ်ာ့သြား၏။ သူ႔ေဘးမွလူအခ်ိဳ႕လည္းထိုအမူအရာေၾကာင့္နားေထာင္မိၾကကာ မအံၾသပဲမေနနိုင္ေတာ့ေခ်။

"ကိုယ္ကမင္းကိုကိုယ့္ေဘးမွာပဲေနေစခ်င္တာ"

"အင္း။ တကယ္လို႔ကြၽန္ေတာ္ကူညီနိုင္တာတစ္ခုခုရွိရင္ ကြၽန္ေတာ့္ကိုေျပာေနာ္"

"ေကာင္းပါၿပီကြာ။ အခုေတာ့သြားအိပ္ေတာ့။ ကိုယ္အိမ္ျပန္ေနာက္က်မွာ။ ကိုယ့္ကိုမေစာင့္နဲ႔ေတာ့ နားလည္ရဲ႕လား?"

"နားလည္ၿပီ။ အလုပ္သြားလုပ္ေတာ့ေလ"

"အင္း"

သူဖုန္းခ်လိုက္သည္နွင့္ အီးေမးလ္အခ်ိဳ႕ရရွိလိုက္၏။ ဖြင့္ၾကည့္လိုက္သည့္အခါတြင္မူ ပံုအခ်ိဳ႕နွင့္နာမည္အခ်ိဳ႕က စခရင္ေပၚ၌ေပၚလာေတာ့သည္။

"သာ့က်ိဳး...ဒီကိုလာၿပီးၾကည့္စမ္း"

သာ့က်ိဳးကအနားကပ္လာရင္း စခရင္ေပၚမွပံုမ်ားကိုၾကည့္လာသည္။

"ဒါကအဲ့ 'ဆြဲေဆာင္မႈရွိတဲ့နတ္ဆိုး' ဆိုတဲ့ေကာင္ပဲ။ ပံုေတြကက်ေတာ့...."

သူ႔စကားလံုးမ်ားက ရပ္တန္႔သြားကာ အၾကည့္ကလည္းစူးရွေမွာင္မိုက္သြားသည္မို႔ ၎ကေဘးမွလူမ်ားကိုပင္ အသက္ေအာင့္ထားမိေစသည္။

ယြီရွန္း၏မ်က္ဝန္းတြင္ေအးတိေအးစက္အၾကည့္မ်ားေပၚလာကာ ဆို၏။

"အဲ့တာကိုသြားစံုစမ္းလိုက္။ ၿပီးေတာ့ လူတစ္ခ်ိဳ႕ေခၚၿပီး ဒီအေရာင္းအဝယ္ကုမၸဏီကိုေစာင့္ၾကည့္ခိုင္းထားလိုက္။

ထို႔ေနာက္တြင္ေတာ့ သာ့က်ိဳးကသူ႔လူမ်ားကိုေခၚကာ အမိန္႔အတိုင္းလုပ္ေဆာင္ေတာ့သည္။

ယြီရွန္းကတျခားသူမ်ားကိုလည္းဆက္လက္အမိန္႔ေပးလာ၏။

"သတင္းေထာက္ေတြကိုဒီေခၚခဲ့။ ဒီၿမိဳ႕ေတာ္ကထိပ္ဆံုးသတင္းစာဆယ္ခုရဲ႕သတင္းေခါင္းစီးပိုင္းေတြကိုငါဝယ္ခ်င္တယ္။ တကယ္လို႔ Metropolis Daily က ကစားခ်င္တာ္ဆိုရင္ ငါလည္းလိုက္ကစားေပးရမွာေပါ့"

သူကေအးစက္စြာေလွာင္ၿပံဳးၿပံဳး၏။ ငါ့ရဲ႕ဟန္းနီးမြန္းခရီးစဥ္ေလးကိုရႈပ္တယ္ေပါ့ေလ? မင္းတို႔အကုန္လံုးကိုငါတန္ေၾကးျပန္ေပးခိုင္းရမွာေပါ့။

ရွန္အဖြဲ႕အစည္းက ထိပ္ဆံုးသတင္းစာဆယ္ခု၏ေခါင္းစီးကိုဝယ္ဖို႔ ပိုက္ဆံအေျမာက္အမ်ားကိုသံုးစြဲခဲ့ေလသည္။ စာသားကို တစ္ညတည္း၌မူၾကမ္းေရး၍ အကြက္တစ္ခုေပၚပံုစံခ်ထားကာ ညလယ္ေရာက္သည့္အခါတြင္ေတာ့ စာမူက တင္သူဆယ္ေယာက္၏ပံုနိွပ္လုပ္ငန္းမ်ားထံသို႔ေအာင္ျမင္စြာပို႔ေဆာင္ၿပီးၿပီျဖစ္သည္။

မနက္ေျခာက္နာရီသံုးဆယ္၌ သတင္းစာဆိုင္ခန္းမ်ားကစီးပြားေရးအတြက္ဖြင့္လာၾကသည္။ ဆိုင္ခန္းပိုင္ရွင္မ်ားက သတင္းစာဆယ္ခုကိုတန္းစီထားသည္မို႔ လာဝယ္သူမ်ားကိုအံ့ၾသသြားေစ၏။

"ဒါကဘယ္လိုအေျခအေနလဲဟ?"

သတင္းစာဆယ္ခုတြင္ တူညီေသာေၾကာ္ျငာမ်ားရွိကာ အနက္ေရာင္အကြက္ေပၚသာအျဖဴျဖင့္ရိုက္ထားၾက၏။ ၎တြင္စာေၾကာင္းအခ်ိဳ႕သာပါရွိေသာ္လည္း သတင္းစာ၏မ်က္နွာတစ္ဝက္ထိပင္ေနရာယူထားေခ်သည္။

'ဆယ္စုနွစ္တစ္ခုစာတည္ေဆာက္ထားတဲ့ေအာင္ျမင္မႈမွာ ကြၽန္ေတာ့္တို႔ကို ညတြင္းခ်င္းဘာေၾကာင့္သံသယဝင္ေနၾကတာလဲ?

ကိစၥအားလံုးမွာအေၾကာင္းျပခ်က္ရွိတယ္ဆိုရင္ ဘာလို႔ကြၽန္ေတာ္တို႔ကိုရွင္းျပဖို႔အခြင့္အေရးတစ္ခုေတာင္မေပးရတာလဲ?

ကြၽန္ေတာ္တို႔ကေမးခြန္းေတြကိုမေၾကာက္ပါဘူး။ အဲ့ဒီသံသယေတြကိုသက္ေသျပဖို႔အတြက္ လူထုဆီကေပးမဲ့အခြင့္အေရးပဲလိုတာပါ။

အခ်ိန္ဆိုတာကအေကာင္းဆံုးနဲ႔ဘက္မလိုက္တတ္ဆံုးသက္ေသပါပဲ။ အမွန္တရားကို လူတိုင္းဆီထုတ္ေဖာ္ျပသြားမွာပါ။

အမွန္တရားက အင္အားအေကာင္းဆံုးနဲ႔အယံုၾကည္ရဆံုးတရားသူႀကီးျဖစ္တဲ့အတြက္ လူတိုင္းအေပၚလိမ္ညာခဲ့တဲ့အျပစ္သားအားလံုးကိုအျပစ္ေပးသြားပါလိမ့္မယ္။

ကြၽန္ေတာ္တို႔က နားလည္မႈ၊ သက္ညႇာမႈ၊ မ်ွတတဲ့ဆက္ဆံမႈနွင့္ယံုၾကည္မႈကိုပဲ ေမ်ွာ္လင့္ပါတယ္။

အမွန္တရားကိုသက္ေသအျဖစ္အသံုးခ်ၿပီးကြၽန္ေတာ္တို႔တိုင္တည္ပါတယ္။ ယံုၾကည္ခ်က္ပ်က္ျပားေနတဲ့လူတိုင္းကို အသက္ရႈနိုင္ေစဖို႔ ကြၽန္ေတာ္တို႔လူေတြရဲ႕ဆႏၵကိုအေထာက္အကူအျဖစ္အသံုးခ်ၿပီး လူတိုင္းဆီကိုေတာက္ပတဲ့ေကာင္းကင္ျပန္ေပးမွာပါ'

သတင္းစာေပၚ၌ထိုသို႔ေသာထုတ္ျပန္ခ်က္မ်ိဳးျမင္ဖူးသည္မွာ လူအမ်ားအတြက္ပထမဆံုးအႀကိမ္ပင္။ ၎က ရင္သပ္ရႈေမာဖြယ္ေကာင္းသလို တစ္ခ်ိန္တည္း၌ေတြးေတာစရာျဖစ္လာ၏။ စာအုပ္တစ္အုပ္ကိုအဖံုးၾကည့္၍မဆံုးျဖတ္သင့္ပါေခ်။ သူတို႔သာပို၍နားလည္တတ္ၿပီးသက္ညႇာေပးမည္ဆိုပါက သူတို႔ထင္သလိုကိစၥအားလံုးမဟုတ္ေနနိုင္တာလည္းျဖစ္နိုင္သည္။ ယေန႔ေခတ္၌ သတင္းစာမ်ားက အမွန္တရားမွအလြန္အမင္းခ်ဲ့ကားလြန္းတတ္ၾကေပ၏။

ဆယ္စုနွစ္ခုၾကာသူတို႕ယံုၾကည္ခဲ့ေသာဂုဏ္သတင္းကို တစ္ဖက္သတ္အျမင္အခ်ိဳ႕ေၾကာင့္ သူတို႔သံသယမဝင္ခဲ့သင့္ပါေခ်။ ဤေနရာ၌ ကိစၥမ်ားမည္သို႔ျဖစ္ေပၚလာသည္ကိုေစာင့္ၾကည့္ရမည္လည္းျဖစ္ေကာင္းျဖစ္နိုင္၏။ ၎က သတင္းစာဖတ္ၿပီးသည့္ေနာက္ လူအမ်ားေတြးမိၾကသည့္အေတြးပင္။

သတင္းစာမ်ားမွသက္ေရာက္မႈကႀကီးမားလွ၏။ Metropolis Daily ကလူထုထံမွ မႀကံဳစဖူးေမးခြန္းအခ်ိဳ႕ထုတ္ခံရေလသည္။ Metropolis Daily မွသတင္းေဆာင္းပါးနွင့္ပက္သက္၍ လူထု၏ေဆြးေႏြးမႈကေကာင္းကင္ယံထိပူေႏြးေစသည္မို႔ လူအမ်ားကသူတို႔ကိုသံသယဝင္လာၾကေတာ့သည္။

အင္တာနက္အေပၚမွ တစ္ဖက္သတ္အျမင္မ်ားက တျဖည္းျဖည္းေျပာင္းလဲလာ၏။ ယေန႔သတင္းစာမ်ား၌ လူအမ်ားက မ်ွတေသာမွတ္ခ်က္မ်ားေပးလာၾကသည္။ လူေတြကကိစၥမ်ားကိုတစ္ဖက္သက္မယံုၾကည္သင့္ပဲ သူတို႔ရွင္းျပသည္ကိုနားေထာင္ဖို႔အတြက္ လူထုကကိုယ္ပိုင္ဝါဒနွင့္ စီရင္နိုင္သည့္အရည္အခ်င္းရွိသည္ဟုခံစားလာရသည္။

ရွန္အဖြဲ႕အစည္းအတြက္မေကာင္းေသာအေျခအေနက တျဖည္းျဖည္းေျပာင္းလဲလာခဲ့သည္ပင္။ လူထုအစည္းအေဝးက Metropolis Daily ကိုဆက္လက္ဆက္သြယ္ကာ သူတို႔အတြက္ေဆြးေႏြးခ်က္တစ္ခုထုတ္လာဖို႔ေမ်ွာ္လင့္ေနၾကသည္။ ၎တို႔က စစ္ေဆးခံထားရသည့္ေက်ာက္မ်က္ရတနာမ်ားကိုလည္း အျခားမတူညီေသာစစ္ေဆးရာေနရာဆယ္ခုသို႔ပို႔ေပးရန္ ေတာင္းဆိုၾကေသး၏။

မည္သို႔ပင္ဆိုေစကာမူ Metropolis Daily ကသူတို႔ကိုတုန္႔ျပန္ဖို႔ျငင္းဆိုခဲ့ေလသည္။

ဒုတိယေန႔တြင္ေတာ့ Metropolis Daily က ကံုလံုေသာပံုနိွပ္စက္ကိုသံုး၍ သတင္းေထာက္တစ္ဦး၏ေဆာင္းပါးကိုထုတ္ေဝသည္။ ၎က ရွန္အဖြဲ႕အစည္းမွာ အျဖစ္မွန္ကိုဖံုးကြယ္၍ အမွန္တရားကိုထုတ္ေဖာ္ဖို႔ဆႏၵမရွိဟူ၍ပင္။ ၎တို႔ကနိုင္ငံသားမ်ားအေပၚ အခ်ည္းနွီးကတိမ်ားေပးကာ ျဖစ္ပ်က္ခဲ့သည္မ်ားကို ဖံုးကြယ္ရန္ေမ်ွာ္လင့္၍ အလြဲသံုးစားလုပ္ေနၾကျခင္းပင္။ သူတို႔က ျပသနာကိုေျဖရွင္းရန္ျငင္းဆို၍ ထိုအစားလူထု၏ေစတနာကိုအသံုးခ်၍ သနားေမတၲာကိုေတာင္းခံဖို႔ျကံစည္ေနၾကသည္။ ထို႔အျပင္ေဆာင္းပါးတြင္ ရွန္မိသားစုကိုမီဒီယာကိုအသံုးခ်ကာ မမွန္ကန္ေသာေဆာင္းပါမ်ားကိုမည္သို႔ျဖန္႔ေဝ၍ လူထု၏အေတြးကို ေမးခြန္းထုတ္ေနသည္ဟုလည္းဆိုထား၏။ ေၾကာက္ဖြယ္ေကာင္းေသာစကားလံုးမ်ားျဖင့္ ဆက္တိုက္ဆိုသလိုထိုးနွက္ထားခဲ့ေခ်သည္။

သတင္းစာဆယ္ခု၏ေခါင္းစီးမ်ားက အနက္ေရာင္ေနာက္ခံနွင့္အျဖဴေရာင္စာသားမ်ားအတိုင္းပင္။ ၎က ရွန္အဖြဲ႕အစည္း၏ကိစၥအေပၚ အႀကံျပဳခ်က္ကိုေရးသားထား၍ လူထုကိုအမွန္တရားခ်ျပခဲ့ေလ၏။

Metropolis Daily ကရွန္အဖြဲ႕အစည္း၏ ထိခိုက္သြားေသာ စားသံုးသူမ်ားကိုမ်က္နွာခ်င္းဆိုင္လိုသည့္ေတာင္းဆိုခ်က္ကိုလံုးလံုးလ်ားလ်ားျငင္းပယ္၍ ထိုအခ်က္အလက္ကိုေပးသည့္ စားသံုးသူကိုေတြ႕ဖို႔ေတာင္းဆိုခ်က္ကိုလည္း ပယ္ခ်ခဲ့သည္။

ေက်ာက္မ်က္ရတနာမ်ား၏စစ္ေဆးခ်က္က စစ္ေဆးရံုမွအမွန္ျဖစ္ေသာ္လည္း ထိုေက်ာက္မ်က္ရတနာမ်ားကို စစ္မွန္သည္ကိုသံသယရွိသျဖင့္ အျခားရံုးခြဲဆယ္ခု၌ျပန္လည္စစ္ေဆးလိုသည့္ ရွန္အဖြဲ႕အစည္း၏ေတာင္းဆိုခ်က္ကိုလည္းျငင္းပယ္ခဲ့သည္။

ရွန္အဖြဲ႕အစည္းက Metropolis daily ကို လူထုေရွ႕၌မ်က္နွာခ်င္းဆိုင္ထိပ္တိုက္ေတြ႕ဖို႔ေတာင္းဆိုခဲ့ကာ သူတို႔ဆီမွဝယ္သြားခဲ့ေသာအဖိုးတန္ေက်ာက္မ်က္ရတနာအားလံုးကို အခမဲ့ျပန္လည္စမ္းသပ္ေပးမည္ျဖစ္ေၾကာင္းလည္းေၾကျငာခဲ့၏။ လူထုက ရွန္ဖြဲ႕အစည္းကေထာက္ပံ့ေပးထားသည့္ အမ်ိဳးအစားစံုစစ္ေဆးေရးဌာနတြင္စစ္ေဆးခ်င္သလား၊ သို႔မဟုတ္တစ္မ်ိဳးတည္းစစ္ေဆးေရးဌာနကို သံုးခ်င္သလားဆိုတာ သူတို႔ဘာသာေ႐ြးခ်ယ္နိုင္သည္။

ထိုသို႔ေသာနည္းလမ္းက အလြန္အႏၲရာယ္မ်ားလွေသာ္လည္း ၎က ရွန္အဖြဲ႕အစည္းကသူတို႔၏ထုတ္ကုန္အေပၚယံုၾကည္ခ်က္ရွိေၾကာင္း လူထုအေပၚေၾကျငာလိုက္ျခင္းတစ္မ်ိဳးပင္။

ရွန္အဖြဲ႕အစည္းဟိုတယ္မွ အဆိပ္သင့္သည့္မေတာ္တဆအတြက္မူ လူနာကိုဒုကၡျဖစ္ေစသည့္ အဓိကျပသနာကဘာမွန္းမေသခ်ာေသးေၾကာင္းထုတ္ျပန္ထား၏။ ရွန္အဖြဲ႕အစည္းက ဆရာဝန္မ်ားနွင့္ပေရာ္ဖက္ဆာမ်ားကို ဟြာခန္းေဆးရံုတြင္စီစဥ္ေပး၍ လူနာ၏လက္ရွိေဆးရံုကိုသြားလည္ပတ္ဖို႔ စီစဥ္ေပး၏။ ရွန္အဖြဲ႕အစည္းက မ်ွတသည့္ထုတ္ျပန္ခ်က္တစ္ခု လူထုအေပၚထုတ္ျပနိုင္ဖို႔ သိပ္မၾကာေတာ့ေၾကာင္း သူတို႔ယံုၾကည္ခဲ့ၾကသည္။

ယြီရွန္းကသူ၏အဆက္အသြယ္မ်ားကိုအသံုးခ်၍ ပိုင္ေမာ့ကို ဟြာခန္းေဆးရံု၏အထူးျပဳဆရာဝန္အျဖစ္ အသိအမွတ္ျပဳေစကာ လူနာရွိေနသည့္လက္ရွိေဆးရံုကိုဝင္ဖို႔ေဆာင္႐ြက္ခဲ့သည္။ သူကပေရာ္ဖက္ဆာအဆင့္ဆရာဝန္မ်ားကိုေခၚ၍ လူနာ၏က်န္းမာေရး အေျခအေနကိုစစ္ဖို႔လည္းအႀကံျပဳခဲ့၏။ လူနာ၏ႀကိဳတင္ကုသမႈ၌ပါဝင္ခဲ့ေသာဝန္ထမ္းမ်ားကိုေတာ့ စစ္ေဆးေနစဥ္အတြင္း သီးျခားခြဲထားလိုက္သည္။

သာ့က်ိဳးကလည္း ခ်န္းနင္ပံု႔ပို႔ေပးသည့္ဦးေဆာင္မႈမ်ားေၾကာင့္ တိုးတက္လာခဲ့၏။

'ဆြဲေဆာင္မႈရွိေသာနတ္ဆိုး' ၏ဓာတ္ပံုတြင္ အေရာင္းအဝယ္ကုမၸဏီအေသးေလးမွ သူေဌးသာမက ယင္ေဟာက္သည္လည္းပါဝင္ေနခဲ့သည္။ ကိစၥမ်ားက တျဖည္းျဖည္းပို၍ပင္စိတ္ဝင္စားဖို႔ေကာင္းလာေခ်ၿပီ။

°°

Continue Reading

You'll Also Like

103K 13.1K 80
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
2.4M 303K 63
Oh my god!!!!
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
431K 10.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...