ဒီရုပ်ဆိုးဆိုးမိန်းကလေးက Boss...

By Maythwaythit

10.8K 663 41

....A romantic relation between a mafia boss and a kind girl... More

Prologue
Prologue
သွေးညှီနံ့များနှင့်ထိုလူသား
အဆုံးမဲ့သော
ပန်းပွင့်များနှင့်သူမ
မဖိတ်ခေါ်ထားသောသူများ
မဖိတ်ခေါ်ထားသောသူ
မျက်လုံးဖြူဝံပုလွေကောင်
အတိတ်သို့...
အတိတ်သို့
ရှောင်နျောင်နျောင် (နွေးထွေးမှုသေးသေးလေး)

အဆုံးမဲ့သော

369 23 2
By Maythwaythit


နွေးထွေးမှုသည် မှောင်အေးစက်နေသော ပတ်ဝန်းကျင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားသည်။ ထိုအေးစက်နေသော ပတ်ဝန်းကျင်၌ ထက်ရှသောအရာများသည် သာ့ကိုယ်ထဲသို့ တတိတိတိုးဝင်၍လာနေသည်။ သူယခုရောက်နေသော ပတ်ဝန်းကျင်ကို ရှင်းလင်းစွာခံစား၍မရသော်လည်း သူ့ကိုယ်ပေါ်သို့ထိုးဖော်ဝင်ရောက်လာသည့်နာကျင်မှုများကိုတော့ သူအသေအချာကိုခံစား၍ရသည်။

သူ့ငယ်စဉ်ကလေးဘဝတုန်းကလိုပင်
မှောင်မည်းသော လမ်းကြညးထဲ၌ ဆာလောင်စွာပြေးလွှားနေရသည်။အခန်းထဲ
ထဲတွင် စိုထိုင်းထိုင်းရှိနေကာ လေကောင်းလေသန့်လည်းမရပေ။ သူယခုအချိန်မှာ အမြင့်တစ်နေရာကနေ၍ အဆုံးမဲ့သောခြေက်တစ်ခုထဲသို့ ပစ်ချခြင်းခံလိုက်ရသလို
ခန္ဓာကိုယ်သည် အရှိန်ပြင်းပြင်းနှင့် ကျနေပြီး
သူအသက်ပင်မရှူနိုင်တော့။
ချွေးစေးများထွက်လာပြီး အသံတစ်သံအော်ဟစ်အကူအညီတောင်းဖို့ပင် သူသိပ်ကိုပင်ပန်းခွန်းနေပြီ။

တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင်
စည်းချက်မကျသည့် အသက်ရှူသံမြန်မြန်တို့ ထွက်ပေါ်လာသည်။ နာကျင်မှုကြောင့် သူ့မျက်ခုံးများ ထိစပ်လုမတတ်ကျုံ့လာပြီး
နှုတ်ဖျားမှလည်း မပြီဝိုးတဝါးရေရွတ်နေ၏။

သူ၏နဖူးပေါ်သို့ အေးမြသောမိုးများရွာကျလာသလို အေးမြမှုကိုခံစားရသည်။ သူ့နဖူးပေါ်မှချွေးစေးများကို တစ်စုံတစိယောက်သုတ်ပေးနေသည်ဟုခံစားမိသ်။
သို့သော် သူ့ပတ်ဝန်းကျင်တွင် မည်းမှောင်၍သာနေသည်။ ရှင်းရှင်းလင်းလင်းခံစား၍ ရသော်လည်း မမြင်နိုင်....

မိုးရေကျသံများကို သူကြားနေရသည်။
သစ်ရွက်လေးများလှုပ်ရှားသံ...
နောက်ပြီးသာယာသည့်တေးဆိုသံ.....

အိပ်မက်ကမ္ဘာတွင်ဖြစ်ပျက်နေမှုများ၌
ဈာန်ဝင်စားနေသော သူသည်အပြင်၌ ဖြစ်ပျက်မှုများကို လုံးဝမသိပါချေ။
အ၀တ်ရေညှစ်ရာမှ ထွက်ပေါ်လာသည့်အသံနှင့် သူမဟိုစမ်းသည်စမ်းသွားနေရာမှထွက်ပေါ်လာသံတို့သည် အခြားသူ၏အိပ်မက်ကမ္ဘာသို့ထိုးဖောက်သွားသည်ကိုလည်း
မာရှောက်အိုမသိလိုက်ပါချေ။

သာ့ခန္ဓာကိုယ်သည် အောက်ခြေသို့ဆက်လက်ကျနေစဲဖြစ်သော်လည်း အသက်ရှူရတာ ယခင်ကလောက်တင်းကြပ်မနေတော့ချေ။ သူနာကျင်လွန်း၍ ကျုံ့ထားသော မျက်ခုံးနှစ်ခုတို့သည် ပြင်ပအားတစ်ခုကြောင့် ပြေလျော့သွားသည်ကိုခံစားလိုက်ရ၏။

" ဟွန် ဟွန် ဟွန်.....ဒါ ဒါ့ ဒါ
~~~±~~~~~လာ လာ့ လာ .....
ဟရေး.....ဟွန် ဟွန် ဟွန်း...."

နှုတ်ခမ်းနှင့်လျှာကိုသုံးပြီး ဖန်တီးနေသည့်သံစဉ်သည် သူ့နားထဲသို့ဝင်ရောက်လာသည်။
ထိုသံစဉ်နှင့်အတူ.....အလင်းရောင်လေးတစ်စ....ထိုအလင်းရောင်လေးသည် တဖြည်းဖြည်းနီးလာပြီး ပိုမိုရှင်းလင်းပြတ်သားလာသည်။
ပိုမိုနီးလာပြီးနောက် သု့မျက်လုံးများထဲသို့
အလင်းတန်းစူးစူးများဝင်ရောက်လာသည်။
ထိုအလင်းတန်းများကို ကွယ်စေရန်အလို့ငှာ
လက်မြှောက်ပြီး အလင်းရောင်ကိုကာလိုက်သည်။ သူ့ပခုံးစပ်မှ စူးခနဲနာကျင်မှုနှင့်အတူ နိုးသွားတော့သည်။ သူ့လက်တစ်ဖက်သည်လည်း အပြင်မှ ထိုးဖောက်ဝင်ရောက်လာသည့် နေရောင်ချည်ကိုကာလျက်သား....

သူ့ဖြစ်သည် အိပ်မက်ထဲ၌နတ်သမီးငယ်လေးတွေကိုမျှော်လင့်နေသည့် ကလေးတစ်ယောက်နှင့်ပင်တူနေတော့သည်။
ခါးသက်သက်ရယ်ရင်း ခေါင်းကိုခါလိုက်သည်။ နတ်သမီးဆိုတာ ဘယ်တုန်းကမှမရှိခဲ့တဲ့အရာ......

သူ့ထံမှအသံကြောင့် သူ့ရှေ့ကစားပွဲခုံပေါ်တွင် မှောက်အိပ်နေသည့်မိန်းကလေးလည်းနိုးလာတော့သည်။

"ရှင် နိုးပြီလား"

"အင်း"
သူ့အသံသည် ကွဲအက်နေ၏။

"ရှင် ရေအရင်သောက်လိုက်ပါဉီး"

"ကောင်းပြီ"

သူက သူမပေးလာသည့်ရေခွက်ကိုလှမ်းယူပြီးသောက်လိုက်သည်။ အေးမြသောရေသည် လည်ချောင်းတစ်လျှောက်စီးဆင်းသွားပြီး အားအင်အသစ်များရလာသလိုခံစားလိုက်ရသည်။

သူမကသူ့ကိုမျက်နှာသစ်ရန် ပြင်ဆင်ပေးလိုက်ပြီး သူမကိုယ်တိုက်လည်းမျက်နှာသစ်လိုက်သည်။ သူမမျက်နှာသစ်ပြီးနောက် မတိုင်မီကမှာထားသည့် အစားအသောက်ပါဆယ်ရောက်လာတော့သည်။ ခြံဝန်းမှ ခေါင်းလောင်းသံသည်
အစားအသောက်ပ်ဆယ်ကိုထားခဲ့ပြီဖြစ်ကြောင်းပြောနေသည်။

သူမ၏လက်စွဲတော် လက်ကိုင်တုတ်ကိုယူကာ အိမ်အပြင်ဘက်သို့ထွက်သွားလိုက်သည်။ သူမ၏လတ်ဆတ်စဲမှတ်ဥာဏ်များနှင့်အတူ ပါဆယ်ထည့်ရာနေရာစီသို့လျှောက်သွားလိုက်သည်။သူမ၏နှာဖျားသို့ ကြက်သွန်မြိတ်နှင့်ကြက်သားရောနေသည့်အနံ့ဖျော့ဖျော့က ထိခတ်လာသည်။ဝမ်းမြောက်ဝမ်းသာပင် ထိုပါဆယ်ကိုယူလိုက်ပြီး
အိမ်ဆီသို့သူမပြန်လာခဲ့သည်။

သူမပြန်လာသည့်အခါ အနှီသူစိမ်းသည်
မျက်နှာသစ်ပြီးဖြစ်နေသည်။ သူမ၏မူပိုင်ရနံ့နှင်းဆီနံ့ဖျော့ဖျော့က လေထဲတွင်ပျံ့လွင့်လို့နေသည်။

"မနက်စာ စားကြစို့ "

သူမကပြောပြီးနောက် အသင့်စားနိုင်သည့်ဆန်ပြုတ်ဘူးတစ်ခုကိုဖွင့်လိုက်သည်။
ကျန်တစ်ဘူးကိုတော့ သူဖွင့်လိမ့်မည်။

"ရှင့် အတွက်အဆင်ပြေရဲ့လား"

"အမ်း ပြေပါတယ်"

သူသည် ထိုင်ခုံပေါ်တွင် ကိုယ်တစ်ဝက်မှီကာထိုင်နေပြီး ပခုံးတွင်ဒဏ်ရာရနေသည့်လက်ဖြင့် သု့ဗိုက်ကအနာကိုထိန်းကိုင်ထားသည်။
ကျန်လက်တစ်ဖက်ဖြင့် ဘေးနားကစားပွဲပေါ်ရှိ ဆန်ပြုတ်ဘူးကိုဖွင့်လိုက်သည်။

သူ့လက်တစ်ဖက်တည်းနှင့်ပင် စားလိုက်တော့၏။ ဆန်ပြုတ်တစ်ဘူးသောက်ပြီးနောက် သူပိုမိုအားအင်ပြည့်လာသည်။
သူမပေးလာသည့် ဆေးကိုသောက်လိုက်သည်။

လူစိမ်းတစ်ယောက်နှင့်အချိန်အကြာကြီးရှိနေရခြင်းက မာရှောက်အိုကိုမသက်မသာဖြစ်စေသည်။ မနေ့ညက ထိုလူသည် ဒဏ်ရာရနေ၍ ခနနေခိုင်းခြင်းထြစ်သော်လည်း
ယခုတော့ သူပြန်သင့်ချေပြီ။မာရှောက်အို သုရှိမည့်နေရာကို မှန်းစကာ မျက်နှာမူလိုက်သည်။ ထို့နောက်အိမ်ကြီးရှင်ကဲ့သို့ မျက်နှာထားတင်းတင်းထားကာ

"ရှင် သက်သာပြီဆိုရင် ပြန်လိုက်ပါတော့မစ္စတာ...."

"ကုမင်ယန်....ကိုယ့်နာမည်ကုမင်ယန်"

"ဘာပဲဖြစ်ဖြစ်....ရှင်ပြန်သင့်ပြီ"

မာရှောက်အို၏စိတ်ထဲတွင်တော့ သုမမျက်နှသည် ကြောက်စရာကောင်းလောက်အောင်တင်းမာနေလိမ့်မည်ဟုထင်မိသည်။
အရယ်အပြုံးနည်းသည့် သူမကို ကလေးများပင်ကြောက်ကြသည်မဟုတ်လား...

ကုမင်ယန် သူရှေ့ရှိ အိမ်ကြီးရှင်အမျိုးသမီးလေးကိုကြည့်လိုက်သည်။ ခါးကိုမတ်ကာ
လက်နှစ်ဖက်ကို သူမပေါင်ပေါ်တွင်တည်ငြိမ်သွာတင်ထားသည်။ မျက်နှာအမူအရာကအစ လေးနက်တည်ကြည်နေကာ သုမသည်ဆရာရှေ့ရောက်နေသော အထက်တန်းကျောင်းသူလေးနှင့်တူနေတော့၏။

အညိုဖျော့ဖျော့အသားအရည်နှင့်
အာရှသားတို့၏ နက်မှောင်သန်စွမ်းသော ဆံနွယ်များရှိသည်။ သူမ၏ဆံပင်များမှာ အခွေလိုက်ဖြစ်နေကာ ရုတ်တရက်ကြည့်လိုက်လျှင် ပိတုနိးရောင်ပန်းပွင့်ကလေးများ စီရရီတင်ထားသည်နှင့်တူနေတော့၏။

"ကိုယ်အခု ပြန်ဖို့အဆင်မပြေသေးဘူး"

သုပြောပြီးသည့်အခါ သုမကခေါင်းကိုဆတ်ခနဲလှည့်လာပြီး

"ရှင် ပြန်ဖို့အဆင်မပြေရင်လည်း
တစ်ယောက်ယောက်ကို လာခေါ်ခိုင်းလိုက်လေ....ဒါကမသင့်..."

"ကိုယ်တောင်းဆိုတာပါ"

သူမဆက်မပြောနိုင်ခင် သူကဖြတ်ပြောလိုက်သည်။ ယခုအချိန်တွင် သည်နေရာကထက်လုံခြုံမည့်နေရာမရှိနိုင်။

ထိုလူ၏ သံလိုက်ဓာတိပါသောအသံတို့က သူမကိုထုံထိုင်းသွားစေသည်ထင်...

"ရှင် ကျွန်မရဲ့စည်းကမ်းချက်တွေကိုလိုက်နာရမယ်"

"ဘာပဲဖြစ်ဖြစ်ပါ"

သူမက အသေအချာလေးတွေးတောပြီးမှ
တစ်ခုချင်းဆီကိုရွတ်ပြလိုက်သည်။

"ရှင် စိတ်ချရတဲ့အခြေအနေကိုရောက်ရင်
ပြန်ရမယ်"

"အဆင်ပြေတယ်"

"ကျွန်မကိုလေးစားမှုရှိရမယ်"

"ရတယ်"

"ကျွန်မအလုပ်ကိုမနှောက်ယှက်ရဘူး"

!လုံးဝဘဲ"

"အကယ်၍ အမှုအခင်းတြွေဖစ်လာရင်
ကျွန်မကိုဆွဲမထည့်ရဘူး"

"သေချာပေါက် မလုပ်ဘူး"

"ဒါဆိုရင် ရှင်နေလို့ရပြီ။
ကျွနိမပြောလိုက်တာတွေကို မှတ်မိနေမယ်လို့မျှော်လင့်ပါတယ်"

"သေချာပေါက်ကိုယ် မှတ်မိနေမှာပါ"

လက်တလောနေထိုငိရေးကိုဖြေရှင်းပြီးသွားသည့်အခါ ကုမင်ယန်သက်ပြက်းရှည်ကြီးချလိုက်သည်။ ကလေးအတွေးနှင့်ပြောလျှင်တော့ ဒဏ်ရာရနေသည့်အချိန် လာကယ်ပေးတတ်သည့် နတ်သမီးလေးလိုပင်...

သူတစ်စုံတစ်ခုကိုတွေးမိလိုက်သည့်အခါ
သူ့ရင်ထဲချဉ်စူးလာပြီး အမည်မသိလှိုင်းတစ်ခုဝင်ရောက်ခာသည်။ သူမကစိတ်ထားကောင်းလွန်းမနေဘူးလား...တစ်ယောက်ယောက်က သူမအိမ်ထဲ ဒဏ်ရာပရပွနဲ့ဝင်လာခဲ့ပြန်ရင် သူမအခုလိုပဲကူညီဉီးမှာလား။ အဲ့ဒီလူက သူ့လိုလူကောင်းဟုတ်မနေခဲ့ရင်ရော.....

ထသွားရန်ပြင်နေသည့် မာရှောက်အိုကိုကြည့်ကာ သူမေးလိုက်သည်။

"မင်း ဒဏ်ရာရပြီး အိမ်ထဲဝင်လာတဲ့ လူတိုင်းကိုကူညီနေမှာလား....သူတို့ကလုဆိုးဖြစ်နေရင်ရော"

"ဒဏ်ရာရနေတဲ့ လူတိုင်းကို ကူညီမယ်လို့တော့မဆိုလိုဘူးလေ"

သူမ၏ ညင်သာသောအသံက ထွက်ပေိါလာသည်။

"ကိုယ်က လူဆိုးဖြစ်နေရင်ရော"

"ရှင်က လူဆိုးမဟုတ်ဘူးဆိုတာ
ကျွန်မသိနေတယ် ပြီးတော့ ဒီနေရာကခံစားရတယ်လေ"

သူမက ဘယ်ဘက်ရင်ဘတ်ကိုလက်ဖြင့်ပုတ်ကာပြောနေလေသည်။

"ရှင်က လူကောင်းပါ"

ထိုစကားလုံးလေးများသည် ရိုးရှင်းသော်လည်း ကုမင်ယန်၏ နှလုံးသားကိုတော့ပြင်းထန်စွာ ထိခတ်လာစေသည်။

"ရှင်က လူကောင်းပါ"

"ရှင်က လူကောင်းပါ"

"ရှင်က လူကောင်းပါ"

"ရှင်က လူကောင်းပါ"

"ရှင်က လူကောင်းပါ"သူမအသံသည် သူ့နားထဲတွင် ထပ်တလဲလဲကြားနေရ၏။

သူကြားဖူးသောအသံများနှင့်ကွဲပြားကာ
အနည်းငယ်သော နွေးထွေးမှုတို့ရောပြွမ်းလျက်.......

**********

OCပါဆို translationသီးသန့်RLထဲထည့်နေကြတယ် အသွေးစိတ်ဆိုးမှာဗျ

Continue Reading

You'll Also Like

544K 25.8K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...
10.2M 304K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...
580K 20.2K 95
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
760K 40K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...