ငယ်သူမို့ (completed)

By soethin206

113K 10.7K 449

မပိုင်ဆိုင်ရလည်း လွမ်းခွင့်လေးတော့ရှိတယ်မလား.... More

intro
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆ (ဇာတ်သိမ်း)
💛💛💛

အပိုင်း ၁၂

2.5K 278 6
By soethin206

"ဟဲ့ တတ်ကြွလှချည်လား အရင်ကဆို အပြင်တခါသွားရင်သူ့ကိုပဲစောင့်ရတယ် "

အကုန်ပြင်ဆင်ပြီးသောကြောင့် ကုတင်ပေါ်မှာ ထိုင်ပြီး ပြင်လု့ိမပြီး‌ေသး‌ေသာနှစ်ကောင်ကို စောင့်နေသောရှိန်း ကို နေခြည်လှမ်းပြောလိုက်သည်

"အန်တီက ငါတို့ကိုသက်သက်မဲ့ သူ့အချိန်ကုန်ခံပြီးလိုက်ပို့မှာလေ အဲ့တော့ ငါတို့ကိုစောင့်နေရရင် မကောင်းဘူးလေ မြန်မြန်လုပ်ကြ "

"အမလေး သိတတ်နေလိုက်တာ " မေဦးမှ ပြင်ဆင်နေရင်းကနေ ရှိန်းကုတင်နားလာပြီး ခါးလက်ထောက်ကာ ရန်တွေ့တဲ့ပုံနဲ့ ပြောလိုက်သည်

"လျာမရှည်နဲ့ မြန်မြန်လုပ်ဆိုလုပ်လိုက် နင်ငါ့ပြန်ပြောမဲ့အစား လုပ်စရာရှိတာလုပ် မေဦးမ "

......  20 minutes later ......

" ......" ရှိန်းဆီမှဖုန်းမြည်လာပြီ

"ဟဲ့ မြန်မြန်လုပ်ကြ ဖုန်းဆက်နေပြီ နင်တို့ကလေ လုပ်လိုက်ရင်နှေးတိတိနဲ့ ဟိုမှာဖုန်းခေါ်နေပြီ "

"မယ်မင်းကြီးမရေ ငါတို့ကိုနောက်မှဆူ အရင်ဆူံးဖုန်းကိုင်လိုက် "

ဟုတ်သား နှစ်ကောင်ကိုဆူနေတာနဲ့ ဖုန်းကိုင်ဖို့မေ့နေသည်

"ဟယ်လို အန်တီ "

"သမီးရေ အန်တီ လမ်းထိပ်ရောက်နေပြီ ပြီးရင်ထွက်လာလို့ရပြီနော် မပြီးလည်းပြင်ဦး ရတယ် အေးဆေးလုပ်နော် "

"ဟုတ် သမီးကပြီးပြီ နေခြည်နဲ့မေဦးကိုစောင့်နေလို့ သူတို့လည်းပြီးတော့မှာပါ ထွက်လာခဲ့မယ်နော် အားနာလိုက်တာ အန်တီရယ် "

"ရပါတယ် သမီးရေ စောင့်နေမယ် ဒါပဲနော် "

........

"အန်တီ စောင့်နေရတာအရမ်းကြာသွားလားဟင် "

ကားပေါ်သို့တတ်ရင်း မေဦးမှ စကားစပြောလိုက်သည်

"မကြာပါဘူး သမီးရဲ့ရပါတယ် ခုနကလည်း အန်တီ အလုပ်ကိစ္စနဲ့ဖုန်းပြောနေ‌လို့ ကြာတယ်မထင်ပါဘူး "

"အန်တီကသာ ကြာတယ်မထင်တာ တစုံတယောက်ကတော့ မနက်မိုးလင်းထဲကပြင်ဆင်ပြီးလို့ သမီးတို့ကိုထိုင်ဟောက်နေတာ ဟွန်း "

အလယ်မှာထိုင်နေတဲ့ ရှိန်းကို ဘေးကနှစ်ယောက်သားမျက်စောင်းထိုးရင်း ပြောလိုက်သည်

"အယ် နင်တို့ကလည်း ငါကအန်တီ့ကိုအားနာလို့ပါ အပြစ်ပြောမယ်ဆိုတာချည်းပဲ "

"ဟင်း ဟင်း ရပါတယ် သမီးတို့ရယ် အနောက်မှာ ၃ယောက်မကျပ်ဘူးလား အရှေ့ကိုတယောက်လာထိုင်ပါလား အန်တီလည်းအဖော်ရတာပေါ့ "

"သွား နင်သွားလိုက် အနောက်မှာဆိုရှုပ်တယ် နားလည်းပူတယ် "

မေဦးနဲ့နေခြည်က ရှိန်းကို အရှေ့သွားရန် တိုက်တွန်းနေကြသည်

"ရပါတယ်ရပါတယ် အန်တီအဆင်ပြေရဲ့လား "

"ပြေတာပေါ့ကွယ် လာပါ "

......

"အန်တီ သီချင်းဖွင့်လို့ရမလား သမီးတို့ "

"ရပါတယ် အန်တီရဲ့ သမီးတို့လည်းသီချင်းကြိုက်တယ် ဟိဟိ "

ဖုန်းကို ကား bluetooth နဲ့ချိတ်လိုက်ပြီး သွားနေတဲ့ခရီးနဲ့လိုက်ဖက်အောင် စိုင်းထီးဆိုင်သီချင်းများ စိုင်းဆိုင်မော့ဝ်သီချင်းများကို playlist ထားရင်းဖွင့်ထားလိုက်သည်

" အန်တီ အန်တီ့မှာသမီးနှစ်ယောက်ရှိတယ်ဆို ဘယ်အရွယ်လဲဟင် "

"အကြီးက ၁၀တန်းအောင်လို့ တက္ကသိုလ်တတ်တော့မယ် ဆေးအမှတ်မှီလို့ ဆေးကျောင်းပဲတတ်မယ်လို့ပြောတာပဲ အငယ်လေးက အခုမှ ၁၀ တန်း သမီးတို့ရဲ့ မန္တလေးကသူ့အဒေါ်တွေဆီပို့ထားတယ် ကိုယ်ပိုင်ကျောင်းထားပေးလိုက်တယ်လေ အန်တီနဲ့သမီးကြီးကလည်းအလုပ်ကိုယ်စီနဲ့ဆိုတော့ စာကိုသေချာလုပ်လို့ရအောင်ပါ "

"အန်တီက မိသားစုအပေါ်အရမ်းတာဝန်ကျေတာပဲနော် အန်တီ့လိုအမေရတာ ညီမလေးတွေကံကောင်းတယ် "

"သူ့တို့အဖေနဲ့ကွာရှင်းပြီးကထဲက အန်တီက အဖေလိုရောအမေလိုရော တာဝန်နှစ်ခုယူရတော့ သမီးလေးတွေအပေါ်လစ်ဟင်းမှာအရမ်းစိုးရိမ်တာလေ သမီးလေးတွေးကလည်းလိမ္မာကြလို့ အန်တီလည်းစိတ်ချမ်းသာရတာပေါ့ "

တခြားအကြောင်းပြောရင်မျက်နှာကရွှင်လန်းနေပေမဲ့ ကွာရှင်းတဲ့အမျိုးသားအကြောင်းကိုပြောလိုက်ရင် မျက်နှာပျက်ပျက်သွားသော ထိုကလေးမ ကိုသတိထားမိတာကြာပြီ

ဘာဖြစ်လို့လဲ လို့မေးချင်ပေမဲ့ သူများအတွင်းရေးနဲ့ စိတ်ထဲဖြစ်‌နေတဲ့ခံစားချက်ကို အဲ့လောက်မစပ်စုသင့်ဘူး မို့လား

Continue Reading

You'll Also Like

484K 19.5K 20
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
869K 120K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
419K 16.2K 24
My priority /property/privacy