"ရေခဲမင်းသားရဲ့ ဇာတ်ကြောင်းကိ...

By lila_210197

5.6K 414 45

- အိုလံပစ်စကိတ်သမား ပျောက်ဆုံးတဲ့အကြောင်း ရေးထားတဲ့ webtoonထဲ မတော်တဆ ရောက်ရှိလာတဲ့အခါ "ဘုရားရေ ငါဇာတ်ကြောင်း... More

"နိဒန်း"
"လည်နေတဲ့ ကမ္ဘာနှစ်ခု"
"တစုံတယောက်က ငါကို သတ်ချင်နေတယ်"
"ဇာတ်ကြောင်းပြောင်းသွားပြီ"
" သူက ဘာလဲ"
"ခက်ခဲတဲ့ ပုစ္ဆာ"
"Date"
~မသိဖူး~
တစုံတယောက်
"ဇာတ်လမ်းအစ"
"Heaven"
"မင်းငါကိုကြိုက်နေတာလား?"
" Christmasဆုတောင်း"
𝒀: 𝑴𝒆𝒂𝒏𝒔 𝒀𝒐𝒖
Umbrella When It Rains
"Unsolved Puzzles"
Jealous ??

"အခြားကမ္ဘာကလူ"

125 14 0
By lila_210197

"ရှန် ရှန်" အိမ်ထဲရှိ ယူအာက ကုန်းရုန်းထလိုက်ရင်း တံခါးပေါက်ရှိသည့်ဖက်အား ဦးတည်းပြေးလေတော့သည်

သူမစိတ်ပူသည်ကား ရှန်ပဲဖြစ်သည် ထိုယူအာက သူမကိုပြန်ပေးဆွဲပြီး ရှန်နဲ့ခပ်ကင်းကင်းနေဖို့ မနေလျင် သူမကရှန်ကိုသတ်နိုင်ကြောင်း တရားချခဲ့သည်ကို ပြန်သတိရသွားသည်

သူမတံခါးပေါက်ဆွဲဖွင့်ပြီး အိမ်ရှေ့ ခုနကမှန်ရှေ့ပြေးထွက်သွားချိန်တွင်တော့ ဘယ်သူမှမရှိတော့ချေ

"ဘယ်မှာလဲ" သူမက ဖိနပ်တောင်မပါပဲ တအိမ်လုံးပတ်ကြည့်နေသည်

ခရစ်စမတ်ဖြစ်သဖြင့် နှင်းတွေကမနေ့ညကရှယ်ကျထားသဖြင့် မြေကြီးတခုလုံး နှင်းထုကဖုံးအုပ်နေလေသည် သူမက ဖိနပ်မပါပဲ ထိုနှင်းအထူကြီးပေါ် ပြေးလွှားနေခြင်းဖြစ်သည် ခြေဖဝါးတွေအေးသဖြင့် နီရဲနေလေပြီ

ကားမောင်ပြီးပြန်လာသည့် ရှန်မှ အိမ်နားမရောက်ခင်ထိ အေးဆေးရှိလှသော်လည်း အိမ်ပြန်ရောက်သည့်အခါ အိမ်ရှေ့၌ ဖိနပ်မပါပဲပြေးလွှာနေသည့် ယူအာအားမြင်ရသည့် မြင်ကွင်းက သူကိုခေါင်းခဲစေလေသည်

ရှန်ကချက်ချင်းပင် ကားထိုးရပ်ကာ ကားထဲမှထွက်လာပြီးနောက် ယူအာကို ပွေ့ချီလိုက်လေတော့သည်

လေအဝှေ့၌ သူမရဲ့ခန္ဓာကိုယ်ကမြှောက်သွားသဖြင့် သူမပင်ကြောင်သွားရလေတော့သည် "ရှန် "

သူမစကားမပြောနိုင်ခင်ပင် ရှန်က သူမအား အိမ်ထဲသယ်သွားလေတော့သည်

"ဖိနပ်မပါပဲ နှင်းထဲပြေးနေရအောင် မင်းကကလေးလား?" သူက သူမခြေထောက်မှနှင်းမှုန်များကို လက်ဖြင့်ခါပေးနေရင်း ပြောလေသည်

"ငါကအ့လိုမဟုတ် ဒါနဲ့ နင်ကပြန်လာတာ မြန်လှချည်လား?" ယူအာက စကားလမ်းကြောင်းလွဲရန် ကြိုးစားလိုက်လေသည်

'စကားလမ်းကြောင်းလွဲနေတာပဲ'

"အကျီတွေမနေ့ကတည်းကကြိုမှာထားလို့ စောစောယူလို့ရတာ ဒီမှာခဏနေဦး ငါအကျီတွေသွားယူလိုက်ဦးမယ်" ဆိုကာ ရှန်က အပြင်ပြန်ထွက်သွားပြန်သည်

"အင်းအင်း" ယူအာက ရှန်ထွက်သွားပြီးနောက် ခုနက ပြတင်းပေါက်အား ငေးကြည့်နေလေသည်

"ဒါတွေကအဆင်ပြေပါ့မလားမသိ..." ရှန်က အကျီထုပ်တွေသယ်လာရင်း ပြောလိုက်လေသည်

သူဝင်လာသည့်အချိန်တွင် သူမကပြတင်းပေါက်အား ငေးနေခြင်းဖြစ်သည် 'သူမက ကိစ္စတခုခုငါကိုမပြောပဲရှိနေတာလား'

"ငါတချက်ကြည့်ကြည့်မယ်လေ " ယူအာက သူ့လက်ထဲမှ အကျီထုတ်တချို့ယူလိုက်ကာ ဖွင့်ကြည့်လေသည်

ကံကောင်းစွာဖြင့် ရှန်ဝယ်ခဲ့သည့် အဝတ်အစားများမှာ သက်တောင့်သက်တာအဝတ်အစားများသည် သူမအတွက် ပုံမှန်ကဆေးရုံမှာနေနေကျဖြစ်ရဲ့ အလွန်အကျွံအဝတ်အစားတွေဝတ်ဆင်ရတာမကြိုက်

"ရှန်"

"ဟင်" ရှန်က အတွေးကနိုးထလာလေသည်

"ကျေးဇူးတင်ပါတယ်" သူမက ပြုံးရင်းပြောလိုက်ခြင်းဖြစ်သည်

"ရပါတယ်" သူက မနေ့ညက သူမအားအတင်းနမ်းမိသည့်ကိစ္စအား ပြန်တွေးမိရင်း မျက်နှာတောင်ပူလာလေသည်

"နားရွက်တွေနီနေတယ် ဖျားတာလား" သူရဲ့နှဖူးပေါ် ရုတ်တရက် ဝင်ရောက်လာတဲ့ လက်ဖဝါးနွေးနွေးလေးကြောင့် သူကိုယ်တိုင်မသိပဲ ထိုလက်ဖဝါးအားဆုပ်ကိုင်မိလေသည်

နှစ်ယောက်သားအကြည့်ချင်းဆုံသွားသည့်အချိန်တွင် သူမကလက်ကိုချလိုက်လေသည်

ရှန်မှလည်း "ကိုယ်မဖျားပါဘူး ယူအာ"

"အို ဖျားမယ်ထင်ရင်ဆေးကြိုသောက်ထားနော် အားကစားသမားတွေအတွက် ကျန်းမာရေးကအဓိကပဲ နေကောင်းမှ ဘာမဆိုလုပ်နိုင်မှာ" ယူအာက သူလက်ထဲမှသူမလက်ဖဝါးကိုပြန်ရုတ်လိုက်ကာ ခေါင်းငုံလိုက်ရင်း ပြောလေသည်

"ငါကိုအရင်တုန်းကသိနေသလိုမျိုးပြောနေပါ့လား"

'မိသွားပြီလား' ယူအာက စိုးရိမ်သော်လည်း စကားကပြောမထွက်

"တကယ်ပဲငါကိုမသိတာလား" သူစကားပြောတဲ့အသံက ခပ်တိုးတိုးဖြစ်သွားပြန်တယ်

"ရှင်က တနိုင်ငံလုံးနာမည်ကြီးပဲ ကျွန်မကသိတာလောက်တော့ ထူးဆန်းမလား" ယူအာက ရယ်လိုက်ရင်း သူမတို့လျို့ဝှက်ချက်အား ဖုံးအုပ်ရန်ကြိုးစားလိုက်သည်

"တကယ်ပဲ အ့လိုသိတာလား" ရှန်က သူမမျက်လုံးထဲကိုစိုက်ကြည့်ရင်းထပ်မေးလိုက်သည်

"တကယ်ပဲအ့လိုပါ ထမင်းတွေအေးတော့မယ်" သူမကနေရာမှထသွားကာ မီးဖိုချောင်ထဲဝင်သွားလေသည်

သူမထသွားသည့်နှင့် ရှန်ရဲ့ဖုန်းက ထမြည်လာလေသည်

"ပြော"

"ဆရာDNAစစ်ခိုင်းတဲ့ကိစ္စအဖြေရပါပြီ"

"အဲတော့"

သူတပည့်လေးက အဖြေပြောရန်တုံ့ဆိုင်းနေပုံပေါ်သည် ထိုကြောင့်ရှန်မှ "ကိစ္စမရှိပါဘူး ပြောပါ"

"သူရဲ့ DNAနဲ့ ကိုက်ညီတဲ့သူမထွက်လာပါဘူးဆရာ"

"ဟုတ်ပြီ" သူဖုန်းချမယ့်အချိန်တွင် သူတပည့်ကဆက်ပြောပြန်သည်

"ဒီနိုင်ငံမှာမရှိတဲ့သူမို့လို့ဖြစ်နိုင်ပါတယ်ဆရာ ဆရာသာခွင့်ပြုရင် ကျွန်တော်အခြားနိုင်ငံမှာစုံစမ်း...."

"တော်ပြီ ရှိုင် မစုံစမ်းနဲ့တော့" ထိုသို့ပြောကာ ဖုန်းချလိုက်လေသည်

"ရှင်လာမစားဘူးလား" မီးဖိုချောင်ထဲမှ အသံကြောင့် ရှန်က ဖုန်းထားခဲ့ကာ ထသွားလေတော့သည်

"လာပြီ"

'မင်းကတကယ်ပဲ အခြားကမ္ဘာကလူလား ယူအာ'

"စီနီယာယူဂျွန်း" ခေါ်သံကြောင့် ရုံးခန်းထဲမှာ တိတ်တဆိတ်ထိုင်နေတဲ့ ယူဂျွန်း အတွေးကနိုးလာလေသည်

"ဂျီဝူ လာကွာ" သူက တံခါးခေါက်နေသည့် ယူဂျွန်းအား ဝင်လာရန် အချက်ပြလိုက်လေသည်

ဆောဂျီဝူက သူကျောပိုးအိတ်အား ခုံတခုံပေါ်၌တင်ပြီးနောက် သူရှေ့တည့်တည့်က ထိုင်ခုံမှာဝင်ထိုင်လိုက်လေသည်

"စီနီယာယူဂျွန်း "
"ဂျီဝူ" အပြန်အလှန်ခေါ်သံနှစ်ခုရောယှက်သွားလေသည်

"မင်းအရင်ပြောပါ" ယူဂျွန်းက လက်ထဲမှဘောပင်ခလုတ်အား နှိပ်လိုက်ပိတ်လိုက်လုပ်နေရင်း ပြောလေသည်

'စီနီယာက စဥ်းစားစရာရှိနေတဲ့ပုံပေါ်တယ်' ဂျီဝူကတွေးမိလေသည်

"စီနီယာအရင်ပြောပါ"

"မင်းအရင်ပြောပါ ဂျီဝူ လာတာယူအာကိစ္စပဲမလား"

"ဟုတ်တယ်အကို ကျွန်တော်ကတော့ သူအခုလိုဆက်ဖြစ်နေမှာကိုစိုးရိမ်တယ် ကြာရင်ကိုမာဖြစ်နိုင်တယ်အကို"

"ဟုတ်တယ် ငါလည်းအဲလိုတွေးမိတယ် ဒါပေမယ့် တားနိုင်တဲ့နည်းလမ်းမရှိဘူး "

"တားနိုင်တာတစ်နည်းလမ်းတော့ရှာတွေ့ထားတယ်အကို " ဂျီဝူက အနည်းငယ်ရှုပ်ပွနေသော သူရှေ့ဆံပင်တချို့အား လက်ဖြင့်ခါလိုက်ရင်း လွယ်အိတ်ထဲမှ စာအုပ်ထုတ်လိုက်လေသည်

"ဘာနည်းလမ်းလဲ?"

"ဆန့်ကျင်ဖက်နည်းလမ်းပါ"



















"ရှန်"















"ပြော"


"အဲတော့"







"လာပြီ"





"စီနီယာယူဂျွန်း "



"စီနီယာအရင်ပြောပါ"





"ဘာနည်းလမ်းလဲ?"


Continue Reading

You'll Also Like

4K 767 19
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
6.1K 926 21
Jungkook Atlas Francis - Taehyung Rowan Elliot
25.8K 2.3K 72
ဖတ်ကြည့်နော်😉😉
173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."