(unicode)
" သော်လင်း "
" ဗျာ "
" ကဖီးဆိုင်တစ်ခုမှာ အလုပ် တွေ့ထားတယ်၊ အ လုပ်သမားတစ်ယောက်က အိမ်ပြန်မလို့တဲ့၊ သော်လင်းလုပ်မယ်ဆိုရင် ကိုယ်ပြောထားပေးမယ်လေ "
" အင်း။ လုပ်မယ် ကိုနေ့သစ် "
" အင်း...ကိုယ်သွားပြီး။ ထုံးစံအတိုင်းပဲ မနက်ပိုင်း သော်လင်းအဆင်ပြေသလို့ စားထားလိုက်၊
ရေခဲသေတ္တာထဲ စားစရာအပြည့်ရှိတယ်၊ ညနေ့စာတော့ ကိုယ်ဝယ်လာခဲ့မယ် "
မှာစရာရှိထားတွေမှာပြီး အပြင်ထွက်သွားသူကိုလိုက်ကြည့်ပြီး ကျေးဇူးလည်းတင်မိသည်။ အားလည်း နာမိသည်။
ဒေါင်းမာန်ထွဋ်ခေါင်မှာ နာမည်ရှည်သော်လည်း စိတ်မရှည်ဖြစ်နေမိသည်။ မနက်ခင်းမျက်လုံးဖွင့်လိုက်သည်နှင့် ကလေးငယ်၏ချစ်စဖွယ်မျက်နှာလေးကို အရင်ဆုံးတွေ့ချင်မိသည်။ မနက်ခင်းမှမဟုတ်ဘဲ တစ်နေ့ကုန်တွေ့ချင်မိနေသည်ဆိုလျှင် ပိုမှန်ပေမည်။
ယခုဒေါင်းမာန်ထွဋ်ခေါင်သည် နံနက် ၆ နာရီခွဲကျော်ကျော်ခန့်တည်းက သူ၏အသည်းအသက်လေးရှိရာ ခြံဝန်းရှေ့ရောက်နေပေပြီး။ အိမ်ခြံဝန်းအတွင်းဘက်ကိုလည်း ခေါင်းလည်မတတ် အခါ ခါ ချောင်းငေးလျက်ရှိနေသည်။ လည်ပင်းတို့ သည်တစ်ခါကြည့်လေတိုင်း တစ်လက်မခန့်ရှည်ထွက်တတ်လျှင် သစ်ကုလားအုတ်ထက်ပင် ပိုရှည်နေပေမည် ဖြစ်သည်။
မနက် ၈ နာရီခွဲလုပြီးဖြစ်၍ ထုံးစံအတိုင်းနေ့သစ်ပိုင် အပြင်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ခြံတံခါးအား စေ့ရုံသာစေ့ထားသည်ကိုသိသော် လည်း ကလေးငယ်မှ "ထွက်သွား" ဟု ဆိုထား၍ ကလေးငယ်သဘောမတူဘဲ အတင်းမဝင်သွားချင်။
...📱(ဖုန်းသံ)📱...
" Hello "
" ......"
" လာခဲ့မယ်၊ အင်း သိပြီး "
ကိစ္စပေါ်လာသည်ဖြစ်၍ ကလေးငယ်မျက်နှာလေးကိုမတွေ့ရသေးခင် ပြန်ရပေအုန်းမည်။
" ကိုယ်ပြန်လာခဲ့မယ် "
ကလေးငယ် မကြားနိုင်မှန်းသိသော်လည်း တစ် ယောက်တည်း စကားဆိုလိုက်မိသည်။ ကလေးငယ်ရှိနေသည် အိမ်ဘက်တစ်ချက်ကြည့်လျက် ကားပေါ်တတ် မောင်းထွက်လိုက်သည်။
" ဒီမှာ အထောက်အထားရလာခဲ့ပြီး။ မင်းက ခံခဲ့ရသူဆိုတော့ ဘယ်လို့လုပ်ချင်လဲ၊ ရဲလက်အပ်မလား၊ ကိုယ်တိုင်စီရင်ချင်လား "
တိတ်ဆိတ်နေသူကိုကြည်ပြီး ဦးမင်းထွဋ်ခေါင် သဘောပေါက်လိုက်သည်။
" ငါသိပြီး။ မင်းယောကျာ်းကိုသာ အပြည့်အဝဂရုစိုက်လိုက်၊ ငါပဲကြည့်လုပ်လိုက်မယ် "
" အင်း။ ကလေးငယ်က မပေါ့မပါးနဲ့ဆိုတော့ "
" ငါနားလည်တယ်။ ဒီကောင်တွေ ကံကောင်းသွားတယ်လို့ပဲ သတ်မှတ်လိုက်မယ်၊ ငါသမက်ခေါင်းမာကောင်သေးသေးလေးကိုသာ သေချာလေး အိမ်ပြန်ခေါ်လာခဲ့ "
" စိတ်ချ။ ကျွန်တော်ရအောင် ပြန်ခေါ်လာမှာ၊ ပြီးတော့ ကျွန်တော်တို့အချစ်ကို ကြည်ဖြူပေးလို့လည်း ကျေးဇူးတင်တယ် "
" သားအဖချင်းချင်း မလိုပါဘူး၊ လူတိုင်းက အ ကြိုက်ချင်း ဘယ်တူနိုင်မလဲ၊ ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးအရာက ချစ်ခြင်းမေတ္တာပဲ၊ လိင်ကွဲ ပြားမှု မကွဲပြားမှုတို့ထက် တစ်ဦးနဲ့တစ်ဦးချစ်
နေရုံနဲ့တင် အရာရာလုံလောက်နေပါပြီးကွာ "
ဖခင်ဖြစ်သူပြောစကားတို့ကိုကြားလိုက်လျှင် ရင်ထဲရှိအစိုင်ခဲငယ်မှာ လျော့ကျသည်။ အပြုံးတို့မှာ ကြည်နူးမှုကြောင့် ဖြစ်တည်လာသည်။ အလိုဆန္ဒအတိုင်း လက်ခံပေးသော မိဘကိုပိုင်ဆိုင်ခွင့်ရ၍ ကြည်နူးဝမ်းသာမိလေသည်။ အရင်က လိင်တူချစ်ခြင်းကိုလက်မခံခဲ့သူသည် ယခု၌ အပြည့်အဝ လက်ခံခဲ့လေပြီး။
ကလေးငယ်သာ ပြန်လိုက်လာဖို့ လိုတော့သည်။ အရာအားလုံးတို့သည် အဆင်သင့်ဖြစ်နေလေပြီး။ ကလေးငယ်နှင့်အတူ ကြီးကျယ်သော ခန်းမအတွင်းမှာ တင့်တယ်စွာ ထိမ်းမြားချင်သည်။ သက်ဆုံးတိုင် အိုမင်းပေါင်းသင်းချင်မိသည်။ အတွေးနှင့်တင် ကြည်နူးဝမ်းသာမှုတို့သည် ရင်ထဲအပြည့် လျှံတတ်လာပေသည်။
စွယ်သော်လင်းခြံအပြင်ဘက်ကို မသိမသာကြည့်နေမိသည်။ ဒီနေ့လူကြီးကို မတွေ့ရသေး။ မလာဘူးလား။ တိတ်တိတ်လေ အဝေးကကြည်နေတာများလား။ အတွေးများစွာဖြင့် မျှော်နေမိသည်။ နေ့တစ်ဝက်ကျိုးပြီးဖြစ်သော်လည်း တွေ့ချင်သူကို မတွေ့ရသေး၍ နေ့လယ်စားကိုပင် စားချင်စိတ် မရှိအောင်ဖြစ်ရသည်။
" လူကြီးက လာမချော့တော့ဘူးလား "
ပျင်းရိလာသလို့ခံစားမိ၍ လက်ချောင်းတို့ကို ရေ တွက်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ များများစားစား မရေတွက်ချင်၍ အခြားအရွက်၊ အပွင့်တို့အစား လက်ငါးချောင်းကိုသာ ရေတွက်ရန်
ရွေးချယ်ဖြစ်ခြင်းပင်။
" လာမချော့ဘူးလား "
" လာချော့မှာလား "
" လာမချော့ဘူးလား "
" လာချော့မှာလား "
" လာမချော့ဘူးတဲ့ "
လက်ငါးချောင်းအဆုံးသတ်သွားချိန် ရလာသောအဖြေကြောင့် စိတ်လေမိသည်။
" အာ...လက်က ဆယ်ချောင်းရှိတာကို "
" လာချော့မှာလား "
" လာမချော့ဘူးလား "
" လာချော့မှာလား "
" လာမချော့ဘူးလား "
" လာချော့မှာလား "
အဖြေလေးကြောင့် ကျေနပ်ပြုံးလေးကို မျက်နှာထက် ဆင်မြန်းမိသည်။ လက်ဆယ်ချောင်းရှိတာကို ဆယ်ချောင်းလုံးရေတွက်မှ ပိုမှန်မယ်မလား။ အဖြေကလည်း အမှန်တိုင်းထွက်လာလေသည်ဖြစ်၍ စိတ်ကျေနပ်မိ၏။ ထို့ကြောင့် ဆက်၍ ထိုင်နေလျက် တစ်စုံတစ်ယောက်အလာကို ဆက်စောင့်နေလိုက်သည်။
(zawgyi)
" ေသာ္လင္း "
" ဗ်ာ "
" ကဖီးဆိုင္တစ္ခုမွာ အလုပ္ ေတြ႕ထားတယ္၊ အ လုပ္သမားတစ္ေယာက္က အိမ္ျပန္မလို႔တဲ့၊ ေသာ္လင္းလုပ္မယ္ဆိုရင္ ကိုယ္ေျပာထားေပးမယ္ေလ "
" အင္း။ လုပ္မယ္ ကိုေန႔သစ္ "
" အင္း...ကိုယ္သြားၿပီး။ ထုံးစံအတိုင္းပဲ မနက္ပိုင္း ေသာ္လင္းအဆင္ေျပသလို႔ စားထားလိုက္၊
ေရခဲေသတၱာထဲ စားစရာအျပည့္ရွိတယ္၊ ညေန႔စာေတာ့ ကိုယ္ဝယ္လာခဲ့မယ္ "
မွာစရာရွိထားေတြမွာၿပီး အျပင္ထြက္သြားသူကိုလိုက္ၾကည့္ၿပီး ေက်းဇူးလည္းတင္မိသည္။ အားလည္း နာမိသည္။
ေဒါင္းမာန္ထြဋ္ေခါင္မွာ နာမည္ရွည္ေသာ္လည္း စိတ္မရွည္ျဖစ္ေနမိသည္။ မနက္ခင္းမ်က္လုံးဖြင့္လိုက္သည္ႏွင့္ ကေလးငယ္၏ခ်စ္စဖြယ္မ်က္ႏွာေလးကို အရင္ဆုံးေတြ႕ခ်င္မိသည္။ မနက္ခင္းမွမဟုတ္ဘဲ တစ္ေန႔ကုန္ေတြ႕ခ်င္မိေနသည္ဆိုလွ်င္ ပိုမွန္ေပမည္။
ယခုေဒါင္းမာန္ထြဋ္ေခါင္သည္ နံနက္ ၆ နာရီခြဲေက်ာ္ေက်ာ္ခန္႔တည္းက သူ၏အသည္းအသက္ေလးရွိရာ ၿခံဝန္းေရွ႕ေရာက္ေနေပၿပီး။ အိမ္ၿခံဝန္းအတြင္းဘက္ကိုလည္း ေခါင္းလည္မတတ္ အခါ ခါ ေခ်ာင္းေငးလ်က္ရွိေနသည္။ လည္ပင္းတို႔ သည္တစ္ခါၾကည့္ေလတိုင္း တစ္လက္မခန္႔ရွည္ထြက္တတ္လွ်င္ သစ္ကုလားအုတ္ထက္ပင္ ပိုရွည္ေနေပမည္ ျဖစ္သည္။
မနက္ ၈ နာရီခြဲလုၿပီးျဖစ္၍ ထုံးစံအတိုင္းေန႔သစ္ပိုင္ အျပင္ထြက္သြားသည္ကို ေတြ႕လိုက္ရသည္။ ၿခံတံခါးအား ေစ့႐ုံသာေစ့ထားသည္ကိုသိေသာ္ လည္း ကေလးငယ္မွ "ထြက္သြား" ဟု ဆိုထား၍ ကေလးငယ္သေဘာမတူဘဲ အတင္းမဝင္သြားခ်င္။
...📱(ဖုန္းသံ)📱...
" Hello "
" ......"
" လာခဲ့မယ္၊ အင္း သိၿပီး "
ကိစၥေပၚလာသည္ျဖစ္၍ ကေလးငယ္မ်က္ႏွာေလးကိုမေတြ႕ရေသးခင္ ျပန္ရေပအုန္းမည္။
" ကိုယ္ျပန္လာခဲ့မယ္ "
ကေလးငယ္ မၾကားႏိုင္မွန္းသိေသာ္လည္း တစ္ ေယာက္တည္း စကားဆိုလိုက္မိသည္။ ကေလးငယ္ရွိေနသည္ အိမ္ဘက္တစ္ခ်က္ၾကည့္လ်က္ ကားေပၚတတ္ ေမာင္းထြက္လိုက္သည္။
" ဒီမွာ အေထာက္အထားရလာခဲ့ၿပီး။ မင္းက ခံခဲ့ရသူဆိုေတာ့ ဘယ္လို႔လုပ္ခ်င္လဲ၊ ရဲလက္အပ္မလား၊ ကိုယ္တိုင္စီရင္ခ်င္လား "
တိတ္ဆိတ္ေနသူကိုၾကည္ၿပီး ဦးမင္းထြဋ္ေခါင္ သေဘာေပါက္လိုက္သည္။
" ငါသိၿပီး။ မင္းေယာက်ာ္းကိုသာ အျပည့္အဝဂ႐ုစိုက္လိုက္၊ ငါပဲၾကည့္လုပ္လိုက္မယ္ "
" အင္း။ ကေလးငယ္က မေပါ့မပါးနဲ႔ဆိုေတာ့ "
" ငါနားလည္တယ္။ ဒီေကာင္ေတြ ကံေကာင္းသြားတယ္လို႔ပဲ သတ္မွတ္လိုက္မယ္၊ ငါသမက္ေခါင္းမာေကာင္ေသးေသးေလးကိုသာ ေသခ်ာေလး အိမ္ျပန္ေခၚလာခဲ့ "
" စိတ္ခ်။ ကြၽန္ေတာ္ရေအာင္ ျပန္ေခၚလာမွာ၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔အခ်စ္ကို ၾကည္ျဖဴေပးလို႔လည္း ေက်းဇူးတင္တယ္ "
" သားအဖခ်င္းခ်င္း မလိုပါဘူး၊ လူတိုင္းက အ ႀကိဳက္ခ်င္း ဘယ္တူႏိုင္မလဲ၊ ကမာၻေပၚမွာရွိတဲ့ အလွပဆုံးအရာက ခ်စ္ျခင္းေမတၱာပဲ၊ လိင္ကြဲ ျပားမႈ မကြဲျပားမႈတို႔ထက္ တစ္ဦးနဲ႔တစ္ဦးခ်စ္
ေန႐ုံနဲ႔တင္ အရာရာလုံေလာက္ေနပါၿပီးကြာ "
ဖခင္ျဖစ္သူေျပာစကားတို႔ကိုၾကားလိုက္လွ်င္ ရင္ထဲရွိအစိုင္ခဲငယ္မွာ ေလ်ာ့က်သည္။ အၿပဳံးတို႔မွာ ၾကည္ႏူးမႈေၾကာင့္ ျဖစ္တည္လာသည္။ အလိုဆႏၵအတိုင္း လက္ခံေပးေသာ မိဘကိုပိုင္ဆိုင္ခြင့္ရ၍ ၾကည္ႏူးဝမ္းသာမိေလသည္။ အရင္က လိင္တူခ်စ္ျခင္းကိုလက္မခံခဲ့သူသည္ ယခု၌ အျပည့္အဝ လက္ခံခဲ့ေလၿပီး။
ကေလးငယ္သာ ျပန္လိုက္လာဖို႔ လိုေတာ့သည္။ အရာအားလုံးတို႔သည္ အဆင္သင့္ျဖစ္ေနေလၿပီး။ ကေလးငယ္ႏွင့္အတူ ႀကီးက်ယ္ေသာ ခန္းမအတြင္းမွာ တင့္တယ္စြာ ထိမ္းျမားခ်င္သည္။ သက္ဆုံးတိုင္ အိုမင္းေပါင္းသင္းခ်င္မိသည္။ အေတြးႏွင့္တင္ ၾကည္ႏူးဝမ္းသာမႈတို႔သည္ ရင္ထဲအျပည့္ လွ်ံတတ္လာေပသည္။
စြယ္ေသာ္လင္းၿခံအျပင္ဘက္ကို မသိမသာၾကည့္ေနမိသည္။ ဒီေန႔လူႀကီးကို မေတြ႕ရေသး။ မလာဘူးလား။ တိတ္တိတ္ေလ အေဝးကၾကည္ေနတာမ်ားလား။ အေတြးမ်ားစြာျဖင့္ ေမွ်ာ္ေနမိသည္။ ေန႔တစ္ဝက္က်ိဳးၿပီးျဖစ္ေသာ္လည္း ေတြ႕ခ်င္သူကို မေတြ႕ရေသး၍ ေန႔လယ္စားကိုပင္ စားခ်င္စိတ္ မရွိေအာင္ျဖစ္ရသည္။
" လူႀကီးက လာမေခ်ာ့ေတာ့ဘူးလား "
ပ်င္းရိလာသလို႔ခံစားမိ၍ လက္ေခ်ာင္းတို႔ကို ေရ တြက္ၾကည့္ရန္သာ ဆုံးျဖတ္လိုက္သည္။ မ်ားမ်ားစားစား မေရတြက္ခ်င္၍ အျခားအ႐ြက္၊ အပြင့္တို႔အစား လက္ငါးေခ်ာင္းကိုသာ ေရတြက္ရန္
ေ႐ြးခ်ယ္ျဖစ္ျခင္းပင္။
" လာမေခ်ာ့ဘူးလား "
" လာေခ်ာ့မွာလား "
" လာမေခ်ာ့ဘူးလား "
" လာေခ်ာ့မွာလား "
" လာမေခ်ာ့ဘူးတဲ့ "
လက္ငါးေခ်ာင္းအဆုံးသတ္သြားခ်ိန္ ရလာေသာအေျဖေၾကာင့္ စိတ္ေလမိသည္။
" အာ...လက္က ဆယ္ေခ်ာင္းရွိတာကို "
" လာေခ်ာ့မွာလား "
" လာမေခ်ာ့ဘူးလား "
" လာေခ်ာ့မွာလား "
" လာမေခ်ာ့ဘူးလား "
" လာေခ်ာ့မွာလား "
အေျဖေလးေၾကာင့္ ေက်နပ္ၿပဳံးေလးကို မ်က္ႏွာထက္ ဆင္ျမန္းမိသည္။ လက္ဆယ္ေခ်ာင္းရွိတာကို ဆယ္ေခ်ာင္းလုံးေရတြက္မွ ပိုမွန္မယ္မလား။ အေျဖကလည္း အမွန္တိုင္းထြက္လာေလသည္ျဖစ္၍ စိတ္ေက်နပ္မိ၏။ ထို႔ေၾကာင့္ ဆက္၍ ထိုင္ေနလ်က္ တစ္စုံတစ္ေယာက္အလာကို ဆက္ေစာင့္ေနလိုက္သည္။