လူတစ်ယောက်ဟာ ချစ်ခြင်းနဲ့မေတ္တာကို ဆုံးရှုံးရရင် ဘယ်လိုဆက်ပြီးရှင်သန်နေထိုင်နိုင်မယ်လို့ ထင်ပါသလဲ။
_______________________
"ဆရာ လီမင် ဆရာလီမင် ဆရာ..."
" ဟင် ဆောရီး ကျွန်တော့်ကို ခေါ်တာလား"
"ခေါ်လိုက်ရတာဆရာရယ် ပန်းချီတွေနေရာ
ချတာလည်း ပြီးသွားပြီ ပစ္စည်းတွေလည်း သိမ်းပြီးပြီမို့ ပြန်ခွင့်ပြုပါအုံး ကျွန်တော်တို့အဖွဲ့ကို"
"ကျေးဇူးတင်ပါတယ် ဆရာချောင် နောက်မှဆုံကြမယ်နော်"
Assistant team ပြန်သွားပြီးတဲ့နောက် လီမင်ပြန်ဖို့ပြင်နေတုန်း ....
ဒေါက် ဒေါက် ဒေါက် ..
ဝင်လာတဲ့ ဖိနပ်သံက တစ်ခါတုန်းက
ကြားဖူးခဲ့သလို ...။
လီမင်ကြည့်လိုက်တော့....
"ဂုဏ်ပြုပါတယ် Modernပန်းချီလောက
ရဲ့ Top one ကို"
လီမင့်အပြုံးမှာ ပျော်ရွှင်ခြင်းကြောင့်လား
နာကျင်ခြင်းကြောင့်လားမသဲကွဲတဲ့
မျက်ရည်တွေ ပါဝင်နေလေရဲ့။
ညနေစာ အတူစားဖြစ်ကြတော့ ...
"ရှောင်မင်ဒီဟင်းထည့်မယ်နော် ကြိုက်တယ်
မလား "
"မကြိုက်ဘူးခင်ဗျ ရပါတယ် ဆရာမ ကိုယ့်ဘာသာ ယူစားပါ့မယ် ကျေးဇူး"
"ပြောင်းလဲသွားလိုက်တာ ရှောင်မင် အရင်ကလို အားနာပါးနာတောင် မစားကြည့်တော့ဘူးပေါ့ ဟုတ်လား"
စူးရန်က ရယ်ရယ်မောမောနဲ့ ပြောလာရင်း
သူ့ဘာသာ ဆက်စားနေတယ်။
စူးရန်က အရင်ကထက် သိမ်မွေ့လာတယ်။ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နေထိုင်မှုပုံစံအပြည့်။
သူတို့လမ်းခွဲပြီးနောက် မိတ်ရင်းဆွေရင်း တိုင်ပင်ဖော် သူငယ်ချင်းအဖြစ် ဆက်ရှိခဲ့
ကြတယ်။အတိတ်ကို ပြန်မတူးဆွဘဲပေါ့။
သွက်လက်တဲ့ လီမင်က အေးတိအေးစက်
နေပြီး အလုပ်ဘဲကြိုးစားခဲ့တယ်။
ဘယ်အရာနဲ့ပတ်သက်လို့မှ ဟန်ဆောင်ဖို့
လုံးဝမကြိုးစားတော့ဘူးဆိုတာ
သူ့ကိုယ်သူ ပေးခဲ့တဲ့ကတိပါဘဲ။
တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေခြင်းမျိုး မဟုတ်ဘဲ ကိုယ့်ဘဝလမ်းကို ကိုယ့်အကြိုက်ဆုံး ပုံစံနဲ့ ဖြတ်သန်းနေခြင်းပါဘဲ။
၅နှစ်တဲ့
၅ နှစ်ဆိုတဲ့ အချိန်က လူတစ်ယောက်ကို
ပြောင်းလဲဖို့ရာလုံလောက်တဲ့ပမာဏပါဘဲ။
--------------------------
" ..... ယောက်ျားရေ ..."
အသံဗြဲနဲ့အတူ ဝင်လာတာက နှစ်ယောက်
မရှိတဲ့ ဒါရိုက်တာ ရှောင်းကျန့်ပါဘဲ။
"Dir ရှင့် ဒေါက်တာက ဆွေးနွေးခန်းထဲ
မှာဘဲ ရှိနေတုန်းပါရှင့်"
"ပြီးတော့ ကျွန်မတို့ဌာနကို လာတိုင်း ဆိုင်ကြောင်း ပိုင်ကြောင်း အော်မလာလို့ မရဘူးလားဟင် fa တွေကိုအားနာသမှုနဲ့ဖြစ်ဖြစ်"
ရှောင်းကျန့်က နှုတ်ခမ်းကို မဲ့ကာ ခေါင်းခါပြလိုက်ပြီး......
"မရဘူး သူက ငါ့အပိုင်"
ဆရာမလေးအုပ်စုက သူ့ကို မျက်စောင်းထိုးကြပြီး မကြားတကြား ပြောကြတယ်။
"အမလေး ဒီလောက်အလုပ်အားတဲ့ Dir
မျိုး တွေ့ဖူးပေါင်တော် တွေ့ဖူးပေါင်
လာဟေ့ ပြန်ကြမယ် လူနာလည်းကုန်ပြီ"
ဆွေးနွေးခန်းထဲတွင်....
"အဲတာဆို ခံစားရတာက.လူတွေတနေ့မှာ
မသေဆေးရမယ်ဆိုတဲ့ အတွေးစိတ်က ဖျောက်မရဘူးဆိုတာ အဖြေထွက်သွားပြီ
ဆိုတော့ ဒီတစ်ပတ်ဆွေးနွေးမှု နားလိုက်ရအောင် နောက်ပတ်ကျ အဖြေရှာကြမယ်
နော် သေချာအနားယူပြီး ပြန်တွေ့ကြရအောင်"
Patient ထွက်သွားပြီးတော့ တံခါးခေါက်သံ
နဲ့အတူ .....
"ယောက်ျားရေ လွမ်းလိုက်တာ"
ဆိုပြီး ကျန့်ကောကသူ့ကိုပြေးလာဖက်တယ်။
"ကော ဗိုက်ဆာပြီလား သွားကြမယ်လေ"
"အွန်းဆာပြီ ဟော့ပေါ့ စားချင်တယ် ယောက်ျား လိုက်ကျွေးပါနော် "
မျက်လုံး ပေကလပ် ပေကလပ်နဲ့ ပြောလာတဲ့ ကျန့်ကောကို မနိုင်ဘူး ဆိုတဲ့ အတွေးနဲ့
ရိပေါ် ခေါင်းရမ်းပြရင်း ရယ်မိတယ်။
"ဝွန်း ယောက်ျားက မကျွေးဘူးလား ငါ့ဘဝလေးသနားစရာ စားချင်တာ မစားရ ဝတ်ချင်တာ မဝတ်ရ ပိုက်ဆံကမရှိ အော်.. "
မျက်နှာငယ်နဲ့ ဒရာမာခင်းနေတဲ့ သူကို..
"ရှောင်ကျန့်ရားးးးးး"
ရိပေါ် အော်ပစ်လိုက်တယ်။
"ဘယ်နှယ်ဗျာ ဘဏ်ကတ် lock ကျလို့ နှစ်ရက်လေး ပိတ်ထားတာကို တစ်သက်လုံး သူများပေးစာ စားရသလိုနဲ့ လာ လာ သွား
စားမယ် ဟော့ပေါ့ ...
"ဟိ ဟိ ဟီ ယောက်ျားက အကောင်းဆုံး"
အခန်းသော့ပိတ်ခါနီး တံခါးမှာ ချိတ်ထားတဲ့ label လေးကို ရိပေါ် ကြည့်မိပြန်တယ်။
ဒေါက်တာ ဝမ်ရိပေါ်
အထူးကုဆရာဝန် (စိတ်ပညာ)
သော့ခတ်လိုက်ပြီးနောက် ရိပေါ် လက်ကို ရှောင်းကျန့်က တွဲချိတ်လိုက်ပြီး အပြင်ထွက်သွားကြပါတော့တယ်။
မသိရင်အိမ်ထောင်ဦးစီးကြီးကရိပေါ်လိုလို။
လက်ထပ်ပြီးကတည်းက ကျန့်ကော ချွဲတာ
ချွဲတာဆိုတာ ညနေကနေ နောက်နေ့မိုးလင်းသွားတဲ့ နေ့တွေက သက်သေ။
----------------------------
ရိပေါ်က Accident ဖြစ်ပြီးတဲ့နောက် လက်ကောက်ဝတ်ကြောတွေ ထိခိုက်ခဲ့တာကြောင့် ခွဲစိတ်ဆရာဝန်ဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရတယ်။
ဘဝရဲ့အမှောင်မိုက်ဆုံးနေ့ရက်တွေပါဘဲ။နှစ်ဝက်လောက်ကြာတဲ့အထိ ဘယ်သူ့ကိုမှ အတွေ့မခံဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်။
ရိပေါ်ကို ရှောင်းကျန့် ရှာတွေ့ခဲ့တာက ဆင်ခြေဖုံးရပ်ကွက် တိုက်ခန်းစုတ်စုတ်လေးမှာ လူရုပ်ပင်မပေါ် မူးပြဲကွဲပြီး သတိလစ်
နေတုန်းမှာ ဖြစ်တယ်။
ရှောင်းကျန့်လည်း နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို အပီအပြင်စဉ်းစားပြီး ချခဲ့လိုက်တယ်။ သူ အမေရိက ပြန်မယ်။ ရိပေါ်ကို
ခေါ်ပြီးတော့ ပြန်မယ်။
ဟိုမှာ သူ့အဖေနဲ့ အဒေါ်ရောဆရာတွေရော မိတ်ဆွေ အသိုင်းအဝိုင်းလည်းကျယ်ပြန့်
တာမို့။
တကယ်က မိခင်ရဲ့ ဇာတိမြေမို့ ရှောင်းကျန့် တရုတ်ကိုလာခဲ့တာပါ။ တစ်နှစ်တန်သည်
နှစ်နှစ်တန်သည် နေမယ် စိတ်ကူးပြီး လာခဲ့
တာဖြစ်တယ်။
ဒီကြားထဲ ဖြစ်ပျက်တာတွေ များတာကြောင့်
ဘာက စပြီးပြောရမှန်းကို မသိတော့။
သို့သော် သေချာတာက သူ ရိပေါ်ကို
ချစ်တယ်။မစွန့်လွှတ်နိုင်လောက်အောင်
အရာရာထက်ပိုခဲ့တယ်။
ရိပေါ် ရဲ့ အိပ်မက်တွေ ပျက်စီးသွားခဲ့ပေမဲ့
ရိပေါ် အနာဂတ် မပျောက်ဆုံးရအောင်
ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။
လေယာဉ်ပေါ် တက်သည်အထိ ရိပေါ်က
အူတိအူကြောင် ဖြစ်နေတုန်း။
အမေရိကရောက်တော့ ရိပေါ်က သောင်းကြမ်းတော့တာပါဘဲ။
ရှောင်းကျန့်ကိုလည်း ပြဿနာတွေရှာဝေဒနာတွေ အမျိုးမျိုးပေးပြီး နေရင်းကနေ စိတ်တဖြည်းဖြည်း တည်ငြိမ်လာတယ်။
"ရှောင်းကျန့်"
အိပ်နေရင်း ညနက်ကြီး ထခေါ်ပြီး....
"ကျွန်တော် ကျောင်းပြန်တက်မယ် အထူးပြုဘာသာပြောင်းပြီးတော့လေ"
အဲ့နေ့က မျက်ရည်ဖြိုင်ဖြိုင်ကျအောင်
ပရော်ဖက်ဆာ ဒေါက်တာရှောင်းကျန့်
ငိုခဲ့ပါသတဲ့။
ရိပေါ် အမေရိကမှာဘဲ ကျောင်းတက်ပြီး ပညာဆက်သင်ခဲ့တယ်။ သူ့ရဲ့လက်ကို
ကုသမှုလည်း ခံယူရင်းပေါ့။
ရှောင်းကျန့်ကတော့ တရုတ်မှာ သူတို့ အလုပ်အတူလုပ်ဖူးတဲ့ ဆေးရုံက ပုဂ္ဂလိက ပြောင်းလိုက်တော့ အစုရှယ်ယာဝင်ပစ်လိုက်တယ်။
ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာပြီး ဆေးလည်း
ကုရင်း အကြံပေးနဲ့ သုတေသနကို
အမေရိကန်ကနေဘဲ လုပ်နေခဲ့တာ။
ခရစ်စမတ်အကြိုကာလ ညနေခင်းရဲ့နှင်း
တွေဝေနေအောင် ကျနေချိန်။
ပိတ်ရက်မို့ ရိပေါ်နဲ့ ရှောင်းကျန့်အတူ မီးဖိုဆောင်မှာ ချက်ပြုတ်နေကြတယ်။
"ရိပေါ်ရေ ကောကို ဒီဟင်းလေး အရသာ
မြည်းပေးအုံး"
ရှောင်းကျန့်က ဟင်းရည်ကို ခပ်လိုက်ပြီး အေးစေဖို့ အနည်းငယ် မှုတ်ပေးကာ ရိပေါ်
ကို ခွံ့ကျွေးလိုက်တယ်။
ပန်းရောင်ပြေးနေတဲ့ မှဲ့လေးရှိတဲ့နှုတ်ခမ်း
ပါးတို့မှာ ရိပေါ် ရင်ခုန်သံတွေ ထိန်းမရနိုင်တော့တာကြောင့် သိမ်းပိုက်ပစ်လိုက်ရင်း...
" ကော ကျွန်တော့်ကို လက်ထပ်ပါနော်"
အချစ်ရဆုံး ကျန့်ကောက အကြိမ်ကြိမ်
ခေါင်းငြိမ့်ပြရင်း ငိုပြန်ပါပြီ။
မိသားစုညစာစားချိန်မှာဘဲ လက်ထပ်ကြဖို့ ကောအဖေနဲ့ အဒေါ်ဆီခွင့်ပြုချက်
တောင်းခဲ့ကြတယ်။
ဇန်နဝါရီလမှာဘဲ လက်ထပ်ခဲ့ပြီး ရိပေါ်လည်း ပညာသင်ပြီးသွားတာမို့ ငါးနှစ်နီးပါး
ကြာအပြီးမှာ တရုတ်ကိုပြန်လာခဲ့ကြတယ်။
--------------------------------
ခု ရိပေါ်တို့ ကျန့်ကော မိခင်ရဲ့ ဇာတိ
ချုံ့ချင်းကို ရောက်နေကြတာ။
တောင်ပေါ်မြို့ ဖြစ်တာကြောင့် မိုးရွာရင် သည်းသည်းမည်းမည်နဲ့ အကြာကြီးလည်း
ရွာတတ်တယ်။
မိုးရွာနေတာကို ရိပေါ် ဝရန်တာမှန်ကနေ ရပ်ကြည့်နေတာကြာပြီ။
ခဏကြာတော့ ခါးတစ်ဝိုက် နွေးကနည်း
ခံစားလိုက်ရပြီး ကောက ရိပေါ် ပခုံးပေါ်
မေးတင်ရင်း သိုင်းဖက်လာတယ်။
ရိပေါ်လည်း ကောလက်တွေပေါ် ထပ်ပြီး
ပွေ့ထားမိတယ်။
"ရိပေါ် အချစ်ကလေး နားတော့လေ အေးကအေးနဲ့ကို "
" ဟင့်အင်း စောသေးတယ်လေ ကောရဲ့"
"အင်း အဲတာဆိုလည်း လာ ကော်ဖီဖျော်ထားတယ် သောက်ကြရအောင်လေ"
ရှောင်းကျန့်က လူချင်းခွာပြီး သွားဖို့ပြင်တုန်း ရိပေါ်ကသူ့လက်ကိုဆွဲပြီးနောက်ကနေ
သိမ်းကြုံးပြန်ဖက်လာတယ်။
"ဘာဖြစ်လို့လဲ ဘေဘေးရဲ့ ကောကို ပြော
ဘာလို့လဲဟင်"
" ဟင့်အင်း ဘာမှမဖြစ်ဘူး ကော"
ခဏငြိမ်သွားပြီးတော့ ရိပေါ်က ဖက်ထားရာကနေ ရှောင်းကျန့်ကို သူ့ဘက်ဆွဲလှည့်လိုက်ပြီးတော့ မျက်လုံးချင်းဆုံတယ်။
"ကျေးဇူးတင်ပါတယ် ကော အနားမှာ ရှိနေပေးလို့ မိတ်ဆွေရင်းလိုရော လက်တွဲဖော်
လိုရော လိုအပ်တိုင်းရှိနေပေးလို့ပါ"
"ပြီးတော့ ကျွန်တော် ခုချိန်ထိ မကျေပွန်ရသေးတဲ့ ဝတ္တရားတစ်ခု ရှိနေတယ်နော်"
" ဟင် ဘာများလဲ ရိပေါ်ရဲ့ "
ရှောင်းကျန့် မေးလာတာကြောင့် ရိပေါ်က ပြုံးလိုက်ပြီးနောက် မျက်နှာက အလေးနက်ဆုံး အတည်ငြိမ်ဆုံး ဖြစ်သွားတယ်။
" ကျန့်ကောကို သိပ်ချစ်တယ်"
"ကျွန်တော့ အချစ်တွေကကောဆီမှာမဟုတ်ဘဲ ပုံစံမျိုးစုံနဲ့ ကွဲပြားစွာ ရှိနေပေမယ့် ကောကတော့ အကောင်းဆုံး အဖိုးထိုက်တန်ဆုံး ချစ်ခြင်းမေတ္တာကို ကျွန်တော့တစ်ဦးတည်း
ကို ပေးခဲ့တယ်။ ကောကို ကျွန်တော် သိပ်
ချစ်ပါတယ်ဗျာ"
ရှောင်းကျန့်က ရိပေါ်ကို ပွေ့ဖက်ထားပြီး
တဲ့နောက် ....
"မင်းလေးရဲ့ အချစ်တွေ Deviation ဘယ်လောက်များပါစေ ကိုယ့်ဆီမှာ
စုဆုံရင် ရပြီ ဘေဘေး ချစ်တယ်"
အပြင်မှာ မိုးတိတ်သွားတော့ လမင်းက
ပြန်သာလာတယ်။ကြယ်လေးတွေလည်း
ဖွေးလို့။
ကြင်သူနှစ်ဦးရဲ့ အနမ်းဖူးတွေကလည်း
အချိုမြိန်ဆုံး နှုတ်ခမ်းတွေမှာ အလှပဆုံး ပွင့်လန်းနေခဲ့ပါတော့တယ်။
_______________________________________
Bye Bye.
ကျွန်တော့်ရဲ့ Deviation of Love Fanfic လေးက ဒီမှာတင် ပြီးသွားပါပြီ။
စိတ်ရှည်ရှည် နဲ့ ဖတ်ပေးကြသူ တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။
Reading List ထဲ ထည့်ပေးကြတာ တွေ့ရတော့လည်း ပီတိဖြာရပါတယ်နော်။
Vote နဲ့ comment တွေပေးကြတာလည်း ကျေးဇူးတင်ပါတယ်လို့ 😊
နေကောင်းကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
Take care and Stay Safe!
Thank you all of my reader.
ဆန္ဒမွန်ဖြင့်
မေဘယ်လ်လွင်