Except You ( U+Z ) [ Complete...

By MikiMiki11

253K 20K 912

Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆို... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30 { end }

Part - 17

7.5K 628 33
By MikiMiki11

Unicode -----

Except you { 17 }
.
.
.
.
.
.
.

" အား...မင်း...ဘာလုပ်တာလဲ "

" ခင်ဗျားကိုချော့မလို့ "

Jungkook ပြောပြီး Jimin ကိုခါးလေးကနေ
ဖက်ထားတော့
မင် သူ့ရင်ခွင်ထဲမှာ မော့မော့ လေးဖစ်နေကာ
မှောက်နေသောကြောင့် မင့် မျက်နှာလေးရဲနေတာကို Jungkook မြင်မှာမဟုတ်

မင် Jungkook ရင်ဘက်လေးကိုထုလိုက်ကာ

" Jungkook ...မင်း ငါ့ကိုလွှတ် "

" ခင်ဗျား စိတ်ဆိုးနေတာမဟုတ်ဘူးလား
ကျွန်တော်ချော့မယ်လေ...
ခင်ဗျားပဲ ကျွန်တော်အချော့ကို
စောင့်နေတာမဟုတ်ဘူးလား "

" မဟုတ်ဘူးနော်..ဖယ် "

Jungkook မျက်နှာ Jimin မျက်နှာနားကိုငုံ့ကာ
မင့် နှုမ်ခမ်းဖူးဖူးလေးကိုရန်ရှာလာတော့
မင်တစ်ယောက်ရင်ခုန်သံတွေ
တဖြတ်ဖြတ်ဖစ်သွားကာ
ရင်တွေတအားခုန်ပြီး
ငိုချင်သလိုတောင်ဖစ်လာခဲ့သည်

Jungkook မင့်ကိုနမ်းဖူးသော်လဲ
မင့်နှုတ်ခမ်းဖူးဖူးလေးကိုထိတွေ့လိုက်တာနဲ့
Jungkook ရင်ခုန်သံတွေထိန်းမရတော့မရတော့အောင် ပြုစားနိုင်လွန်းတဲ့ကောင်လေးပါပဲ

" Jungkook ...မင်းတော်တော့..အွန်း "

မင် Jungkook အနမ်းတွေကြား
အသက်ရှူကျပ်လာကာ
အတင်းရုန်းပြီး ပြောသော်လဲ
ပြောမရတဲ့ လူရမ်းကားကတော့
သူလိုချင်တာတွေကို မင့်ကိုယ်လေး
လှုပ်မရအောင် တင်းကျပ်နေအောင်
ဖက်ထားပြီး အနမ်းကမ္ဘာကြီးထဲကို
ခေါ်ဆောင်နေတော့သည်

Jimin အသက်ရှူတွေကျပ်လာကာ
မျက်ရည်တွေကျလာပြီး
Jungkook နှုတ်ခမ်းကိုဖိကိုက်လိုက်တော့မှ
သူလွှတ်ပေးကာ

" ဘာလို့လဲ "

Jungkook မင့် ကို ပြုံးကာကြည့်လာပြီး
ကိုယ်ကိုက်လိုက်တဲ့ နှုတ်ခမ်းကို ကိုင်ကာမေးတော့ မင်မျက်ရည်လေးတွေသုတ်လိုက်ကာ

" လူရမ်းကား...နှာဘူးရဲ့...မင်းရတိုင်း..
ငါအသက်ရှူကျပ်နေပြီ..မင်းမသိဘူးလား
အသက်ရှူကျပ်ပြီးသေသွားရင်
ဘယ်လိုလုပ်မလဲ "

Jungkook သူ့ကို မင် ရန်တွေ့နေတာကြောင့်
ပြုံးလိုက်ကာ

" ကျွန်တော်က ခင်ဗျားရဲ့
ပထမဦးဆုံး အနမ်းထင်တယ်နော် "

" ဘာ..မင်း အရှက်မရှိတဲ့လူ "

မျက်နှာလေးရဲကာပြောနေသော Jimin ကြောင့်
Jungkook ပြုံးနေမိကာ

" ဘာကိုရှက်ရမှာလဲ
ခင်ဗျားက ကျွန်တော့်ယောကျာ်းပဲကို
နောက်ဆို ဒီထက်ဆိုးတာတွေ ရှိလာဦးမှာ "

" မင်းပြောလေဆိုးလေပါ့လား Jungkook
ဟိုမှာအဘွားပေးလိုက်တဲ့ ဗူးကွဲသွားပြီလားမသိဘူးဖယ် "

" ကတ္တီပါဘူးကြီးယူလာပြီး ကွဲမှာကြောက်နေတယ်ပေါ့ ခင်ဗျားကလေ အရပ်နဲ့ ညဏ်ရည်အတူတူပဲလို့ပြောလဲ မကြိုက်ပြန်ဘူး "

Jimin လေး သူ့ခါးမှ Jungkook လက်ကို
အတင်းဖြုတ်နေတော့
Jungkook ပြုံးကာ လွှတ်ပေးလိုက်သည်

မီးခလုတ်နားသွားကာမီးဖွင့်လိုက်တော့
အခန်းထဲတွင်လင်းထိန်နေကာ
Jimin က ကတ္တီပါဘူးကောက်ပြီး သူ့အနားပြန်‌ လျှောက်လာသည်

မင် Jungkook ကိုမျက်စောင်းထိုးလိုက်ပြီး

" တော်သေးတယ် မကွဲလို့..
ဒီမှာ မင်းအဘွား..မနက်၀တ်ဖို့အ၀တ်အစားနဲ့
လက်၀တ်ရတနာတွေပေးလိုက်တယ်
ရော့..မင်းယူထားပါ့လား "

" စိတ်မ၀င်စားဘူး...ခင်ဗျားကိုပေးတာ
ခင်ဗျားယူထားပေါ့ "

အေးဆေးပြောနေသော Jungkook ကြောင့်
မင် သက်ပြင်းလေးချလိုက်ကာ

" ငါ့ကိုအခုလိုတန်ဖိုးကြီးတဲ့အရာတွေ
ပေးရင် ငါအရမ်း
စိတ်မသက်မသာဖစ်တယ် Jungkook
ပြီးတော့ ဒါတွေငါ၀တ်လဲမ၀တ်တတ်ဘူး "

" မ၀တ်တတ်ရင် ၀တ်တတ်တက်အောင်ကျင့်ထားပေါ့ နောက်ဆို ခင်ဗျားယောကျာ်းကျွန်တော် ရှာတဲ့ငွေတွေက
ခင်ဗျားမသုံးရင် ဘယ်သူသုံးမှာလဲ "

{ A/N : ကိုယ်သုံးပေးမယ်🤭 }

" အဲ့တာတော့ ငါဘယ်သိမှာလဲ "

" မသိရင်လဲ..ခင်ဗျားကျွန်တော့်ကို
ကလေးငါးယောက်မွေးပေး "

" အို...ဘာဆိုင်လို့လဲ "

" ခင်ဗျားက ပိုက်ဆံမသုံးတတ်တော့
ကျွန်တော့သားသမီးတွေကို
သုံးခိုင်းမလို့လေ "

မင် Jungkook ကိုမျက်စောင်းထိုးလိုက်ကာ

" မင်းအရမ်းနစ်နာနေဦးမယ် "

" အဟက် ဒီလောက်ကတော့
အနစ်နာခံရမှာပေါ့ မဟုတ်ဘူးလား "

" သွား....မုန်းဖို့ကောင်းလိုက်တာ "

" ဟောဗျာ..ဘယ်ကိုသွားရမှာလဲ "

" မင်းနော် "

" အဟက်..စတာပါ ကျွန်တော်အလုပ်နဲနဲရှိလို့
လုပ်လိုက်ဦးမယ်
ပြီးမှ ပြန်၀င်ခဲ့မယ်နော်
အဆင်သင့်ပြင်ထားနော် "

" မင်း...သွား....."

ဘုန်း....

Jimin ရှက်သွားကာ ခေါင်းအုံးနဲ့ပေါက်လိုက်တော့ Jungkook ခေါင်းအုံးကိုဖမ်းယူကာ
မင့်အနားကိုတိုးသွားလိုက်သည်

" နောက်တစ်ခါ အဲ့ဒီလိုမဆိုးရဘူးအချစ်ရဲ့...
မွ...."

ပြောလဲပြော Jimin နှဖူးလေးကိုနမ်းကာ
အခန်းအပြင်ထွက်သွားသော
Jungkook ကြောင့်
မင်နှုတ်ခမ်းလေးကိုသာဖိကိုက်ပြီး
ကျန်နေခဲ့တော့သည်

.
.
.

" အန်တီ..ကြည့်ပါဦး Nora တို့ဖိတ်စာတွေ
ရလာပြီ "

" ဟယ်ဟုတ်လား..ပြပါဦး "

သခင်မကြီး Nora လက်ထဲက
ရွှေရောင်ဖိတ်စာများကိုယူကြည့်ကာ

" ဟယ်လှလိုက်တာနော်
သားနာမည်နဲ့ သမီးနာမည်က ထင်း‌နေတာပဲ "

" အဟင်း...အန်တီကလဲ Nora တို့က
အလှဆုံး ဈေးအကြီးဆုံးကို
လုပ်ထားတာပဲကို "

" ဟုတ်နော် သမီး အဲ့တာကြောင့်လဲ
လှတာနေမယ် ....
ဒါနဲ့သမီး Nora ဒီဖိတ်စာသွားရွေးတာလား "

ထိုအခါ Nora မျက်နှာပျက်သွားသည်
အမြန်ပြန်ပြုံးလိုက်ကာ

" ဟို..ဟိုလေအန်တီရဲ့
ဒီနေ့သူငယ်ချင်းမွေးနေ့လေ
အဲ့တာဟိုတယ်မှာစားသောက်ပြီးအပြန်
ရပြီဆိုပြီးဖုန်းလာလို့ သွားယူလိုက်တာ "

" အော်...အဲ့တာကြောင့်သမီးလေးပုံက
ပင်ပန်းနေတာကို သွားသွားရေသွားချိုး
အန်တီ ထမင်းစားခါနီး လာခေါ်မယ်နော် "

" ဟုတ်ကဲ့အန်တီ "

Nora. အပေါ်ထပ်ကိုတက်လာပြီး။
ပြုံးလိုက်မိသည်

ဒီနေ့သူမသွားတာက ကောင်လေးနဲ့
သွား date တာပါ ဒါကိုသူမကို
အရမ်းယုံကြည်နေတဲ့အဘွားကြီး
သိမှာမဟုတ်

သူ့သားကိုရအောင်ယူပြီးတော့
Jeon group ရဲ့ချွေးမ ဖစ်ကိုဖစ်ရမယ်

မယ်မယ်ကြီး စကပ်အတိုလေး၀တ်ပြီး
အပေါ်ထပ်တက်သွားသော Nora ကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်

ဧည့်ခန်းထဲမှာ ထိုင်နေတဲ့သမီးဖစ်သူအနားကိုသွားကာ

" ညည်း Nora ကိုလဲပြောပါဦး "

" Nora ကဘာလုပ်လို့လဲမေမေရဲ့ "

" အို..ဘာလုပ်ရမှာလဲ ၀တ်စားပုံကိုလဲကြည့်ဦး
ဖင်ပေါ်တော့မယ်အေ ပြီးတော့ဒီအိမ်မှာ
ငါ့မြေးလဲရှိတယ် ညည်းမစဉ်းစားမိဘူးလား "

" မေမေရယ် Nora က
အခုခေတ်မိန်းကလေးလေ
ဒီလို၀တ်တာဘာဖစ်လို့လဲ
သားကလဲ သူနဲ့မကြာခင်
လက်ထပ်မယ့်သူပဲကို "

" ဒီမှာ ညည်းငါပြောတာနားမပါတာလား
သားသမီးချင်းကိုယ်ချင်းစာစိတ်
မိန်းမသားချင်းကိုယ်ချင်းစာစိတ်မရှိတာလား
ညည်းအခုထိလက်မလျော့သေးဘူးလားဟမ်
ညည်းသားကအတူတူနေလို့
ကလေးတောင်ရတော့မှာကို
ညည်းသားကအခုထိလက်မလျော့သေးဘူးပေါ့ ဟုတ်လား "

ဒေါသတကြီးပြောလာတဲ့ မေမေ့ကိုကြည့်ပြီး

" အဲ့ဒီလိုမပြောပါနဲ့မေမေ...
သမီးကလဲကိစ္စတွေလွန်ကုန်ပြီ "

" ဘာ...ဘာကိုလွန်တာလဲ "

" ဒီမှာလေ..ဖိတ်စာတွေတောင် ရိုက်ပြီးနေပြီ "

" ဘုရား..ဘုရား ညည်းအသိရှိသေးရဲ့လား
ညည်းအခုလိုလုပ်တော့ရော
မြေးကလက်ခံမယ်ထင်နေလား "

" သူကသမီးရဲ့သားမေမေ
သမီးပြောတာလက်ခံရမှာပဲ "

" အမလေး ညည်းလုပ်ရက်တာအေ "

" မေမေ..မေမေဘာဖစ်တာလဲ
လာကြပါဦး မေမေဘာဖစ်တာလဲမသိဘူး "

သခင်မကြီး‌တစ်ယောက် အမေဖစ်သူကိုပွေ့ပြီး ပျာယာခက်စွာအော်တော့
အောက်ထပ်ကိုဆင်းလာနဲ့ကြုံသော
Jungkook အမြန်ဆင်းလာကာ

" ဟာ...အဘွား.......
မာမီ အဘွားဘာဖစ်တာလဲ "

" အဟင့်...မာမီနဲ့ စကားများပြီးဖစ်သွားတာ
လုပ်ပါဦးသားရယ် "

Jungkook အဘွားကိုကောက်ချီကာ
အခန်းထဲကလှည့်ထွက်ဖို့ပြင်တော့
စားပွဲခုံမှန်သားပြင်ပေါ်က ဖိတ်စာကိုမြင်သွားသည်

မျက်နှာတင်းမာသွားကာ

" မာမီ..ကျွန်တော်သဘောမတူတာတွေကို
ဆက်ပြီးမလုပ်ဖို့ မျှော်လင့်ပါတယ် "

" ဟင် "

သခင်မကြီး သားအပြောကြောင့်
ဆိုဖာပေါ်ထိုင်ကြသွားကာ မျက်ရည်တွေကျလာတော့သည်

.
.
.

Jungkook ဆရာ၀န် အဘွားကိုစမ်းသပ်နေတာကို စိတ်ပူစွာကြည့်နေသည်

ဘေးကနေ မင် သူ့ရဲ့လက်မောင်းကိုကိုင်လိုက်ကာ နှစ်သိမ့်အပြုံးပြုံးပြလိုက်တော့
Jungkook မင့် လက်ကလေးကိုပြန်ဆုတ်ကိုင်ကာ အဘွားကိုကြည့်နေလိုက်သည်

ဆရာ၀န် နားကျပ်ကိုဖြုတ်ပြီး သူ့ဘက်ကိုလှည့်လာကာ

" ဘာမှ စိုးရိမ်စရာမရှိပါဘူး
ဒါပေမယ့်အသက်ကြီးပြီဆိုတော့
နောက်တစ်ခါ ဒီလိုအပြုအမူတွေမဖစ်ဖို့
မျှော်လင့်တယ် "

" ကျွန်တော် ဂရုစိုက်ပါ့မယ် "

" ဟုတ်ကဲ့ ကျွန်တော် ထိုးဆေးထိုးပေးခဲ့တယ်
သောက်ဆေးကိုလဲ ဂရုတစိုက်တိုက်ပေးပါ "

" ကောင်းပါပြီ ဒေါက်တာ "

" အဲ့တာဆိုကျွန်တော့် ကိုခွင့်ပြုပါဦးဗျ "

ဆရာ၀န်ထွက်သွားတော့မှ
Jungkook နဲ့ Jimin အဘွားအနားကိုကပ်သွားပြီး ဆေးအရှိန်နဲ့အိပ်ပျော်နေသောအဘွားရဲ့လက်ကိုဆုတ်ကိုင်ကာ

" ကျေးဇူးပါအဘွားရယ်
ဘာမှမဖစ်လို့ "

မင် အဘွားဖစ်သူကို အရမ်းချစ်တဲ့
Jungkook ကိုကြည့်ကာ ပြုံးနေမိတော့သည်

.
.
.

သခင်မကြီး မေမေ့ကိုရင်မဆိုင်ရဲစွာ
အခန်းထဲမှာ ငူငူကြီးထိုင်နေမိတော့သည်

ဒါကို Nora တစ်ယောက်ကြည့်ကာ

" မဖစ်ဘူး အန်တီစိတ်ပျော့သွားလို့မဖစ်ဘူး
ငါ့ဘက်မှာ ရှိနေမှ ရမယ်
တစ်ခုခုကြံစမ်း Nora နင်တစ်ခုခုကြံစမ်း "

Nora တစ်ယောက်ပြောကာ
အကြံတစ်ခုရသွားသလို
မျက်နှာလေးမှာပြုံးပြီး

အန်တီ့အနားကိုသွားကာ မျက်နှာကို
စောနကနဲ့မတူစွာ စိတ်မကောင်းတဲ့ပုံလေလုပ်လိုက်သည်

" အန်တီ "

သခင်မကြီး အားငယ်စွာထိုင်နေတုန်း
သမီးလေ Nora ၀င်လာတာကြောင့်

" လာလေ သမီး "

" ဟုတ်အန်တီ .....
အန်တီ စိတ်မကောင်းဖစ်နေတာလားဟင် "

ဘာမှမပြောပဲ ငြိမ်သွားတာကြောင့်
Nora ပြုံးကာ

" အန်တီဘာမှ အားမငယ်နဲ့
Nora ကိုကို့ကို လက်မထပ်ရလဲ
နောက်ပိုင်းကိုကို့ကို အဲ့ဒီကောင်
မလိုချင်တော့တဲ့အချိန်မှဆိုလဲ
Nora ကလက်ခံပေးမှာ "

" ဟင် သမီး တကယ်ပြောတာလား "

" တကယ်ပေါ့ အန်တီရဲ့
သမီး ကိုကို့ ကိုချစ်တယ်
ဟိုကောင်ကမာယာတွေသုံးပြီး
မြူဆွယ်ထားပေမယ့်
Nora အဲ့ဒီကောင် ကိုကို့ကို
မလိုချင်တော့တဲ့အခါ ပြန်လက်ခံပေးမှာပါ "

" အို...သမီးလေးရယ်
သမီးလေးသားအပေါ်ထားတဲ့အချစ်တွေက
လေးနက်လွန်းပါတယ်
အန်တီ သမီးအတွက်
စိတ်မကောင်းဘူးကွယ် "

Nora. အလွန်နာကျင်နေသောပုံစံလုပ်ပြီး

" အဟင့်...အန်တီရယ် အချစ်မှာ
တကယ်ချစ်တဲ့သူတွေက ခံစားရစမြဲပဲလေ
Nora အချစ်တွေကို ကိုကိုလဲ
တစ်နေ့နားလည်မှာပါ "

" ဟုတ်တယ်သမီး  တစ်နေ့သားနားလည်လာမှာပါ ပြီးတော့ သမီးစိတ်ချသိလား
အဲ့ဒီကောင်ကို အန်တီသားမက်အဖစ်
လုံး၀လက်မခံဘူး
ဘယ်တော့မှလဲအသိမှတ်မပြုဘူး "

" ဟုတ်ကဲ့ အန်တီ ...အန်တီက Nora အပေါ်
တကယ်ကောင်းတာပဲ...
အန်တီက Nora ရဲ့ ဒုတိယအမေပါပဲ အန်တီ "

ပြောပြီး Nora တစ်ယောက် အန်တီ့ခါးကိုဖက်ထားကာ ကောက်ကျစ်သောအပြုံးတို့ကတော့
ပေါ်လွင်လျက်

.
.
.

" အဘွား သတိရလာပြီနော်  "

" အင်းပေါ့မြေးရဲ့ အဘွားမြေးတို့ကို
လက်မထပ်ပေးရသ၍
ဘာမှမဖစ်ဘူး "

" ဟာဗျာ အဘွားကလဲ
မဟုတ်တာတွေမပြောနဲ့ဗျာ
သားကအဘွားကိုစိုးရိမ်နေတာ "

Jungkook အဘွားလက်ကိုကိုင်ထားကာ
ပြောတော့ အဘွားပြုံးလိုက်သည်

ဘေးမှာ မြစ်ကလေးကိုချီကာ
ပြုံးပြီး ကြည့်နေတဲ့ သားမင်လေးကိုကြည့်ကာ

" အဘွားသားမင်လေးလဲ
ပင်ပန်းနေပါပြီ
အဘွားကိုဂရုစိုက်ပေးနေရ မြစ်လေးကိုလဲဂရုစိုက်ပေးရနဲ့ဆိုတော့ "

" ရပါတယ်အဘွားရဲ့
မင်ကဘာမှမဖစ်ပါဘူး
အဘွားသာနောက်ဒီလိုမဖစ်အောင်နေနော် "

" ဟုတ်ပါပြီကွယ် "

မယ်မယ်ကြီးပြောပြီး ခေါင်းလေးငြိမ့်ပြသည်

" ဘွားဘွား ဂျစ်ဂျစ်...ခစ်ခစ် "

Namjin လေးအပြောကြောင့် အကုန်လုံး
ပြုံးလိုက်မိကြသည်

" မြေးတို့မနက်ဖြန်ရက်ရွေးဖို့
ဘုန်းကြီးကျောင်းသွားဖို့ပြင်ဆင်ထားနော် "

" အဘွားကလဲ နေကောင်းမှ အဲ့တာကို
စဉ်းစားပါ "

" အဘွားကဘာမှမဖစ်ပါဘူးကွယ်
မြေးတို့သာပြင်ဆင်ထား
မနက် ၉ နာရီသွားရမယ် ကြားလာမြေးတို့ "

" ဟုတ်အဘွား "

" ဟုတ်ကဲ့ အဘွား "

" ဟုတ်ရဲ့ အဘွား "

Namjin ၏ မပီကလာအသံလေးကြောင့်
မယ်မယ်ကြီး ပြုံးပြီးကြည့်ကာ

" မြေး Jungkook သားကို အဘွားပြောစရာရှိတယ် "

" ဟုတ်ကဲ့အဘွား ပြောလေ "

" မြေးတို့ကလေးအမြန်ယူပါ "

" ဗျာ "

Jungkook ဘေးမှာ ရပ်နေသော
Jimin ကိုတစ်ချက်ကြည့်လိုက်တော့
မျက်နှာလေးရဲနေကာ သူ့ကိုမျက်လုံးလွှဲသွားတာကြောင့် ပြုံးလိုက်ပြီး

အဘွားဖစ်သူ သူ့အဖြေကိုမျှော်လင့်တကြီး
စောင့်စားနေသောကြောင့် ပြုံးပြပြီး
ခေါင်းငြိမ့်ကာ

" စိတ်ချ အဘွား..ကျွန်တော် အဘွားဖစ်စေချင်သလို ကလေးအမြန်ယူပါ့မယ် "















Jungkook ကတော့ကလေးအမြန်ယူတော့မယ်တဲ့🤭🤭🤭





________________________________________

Zawgyi -----

Except you { 17 }
.
.
.
.
.
.
.

" အား...မင်း...ဘာလုပ်တာလဲ "


ဖက်ထားတော့



ကျွန်တော်ချော့မယ်လေ...

" မဟုတ်ဘူးနော်..ဖယ် "

တဖြတ်ဖြတ်ဖစ်သွားကာ
ရင်တွေတအားခုန်ပြီး



အသက်ရှူကျပ်လာကာ
ခေါ်ဆောင်နေတော့သည်

မျက်ရည်တွေကျလာပြီး
သူလွှတ်ပေးကာ

" ဘာလို့လဲ "


ဘယ်လိုလုပ်မလဲ "

ပြုံးလိုက်ကာ



Jungkook ပြုံးနေမိကာ

" ဘာကိုရှက်ရမှာလဲ



အတင်းဖြုတ်နေတော့



" တော်သေးတယ် မကွဲလို့..
ရော့..မင်းယူထားပါ့လား "

ခင်ဗျားယူထားပေါ့ "


ပေးရင် ငါအရမ်း


{ A/N : ကိုယ်သုံးပေးမယ်🤭 }


ကလေးငါးယောက်မွေးပေး "

" အို...ဘာဆိုင်လို့လဲ "

သုံးခိုင်းမလို့လေ "



" အဟက် ဒီလောက်ကတော့



" မင်းနော် "

လုပ်လိုက်ဦးမယ်
အဆင်သင့်ပြင်ထားနော် "

" မင်း...သွား....."

ဘုန်း....


မွ...."

Jungkook ကြောင့်
ကျန်နေခဲ့တော့သည်

.
.
.

ရလာပြီ "

" ဟယ်ဟုတ်လား..ပြပါဦး "

သခင်မကြီး Nora လက်ထဲက

" ဟယ်လှလိုက်တာနော်

လုပ်ထားတာပဲကို "

လှတာနေမယ် ....


" ဟို..ဟိုလေအန်တီရဲ့


" ဟုတ်ကဲ့အန်တီ "

ပြုံးလိုက်မိသည်

သိမှာမဟုတ်







" မေမေရယ် Nora က
အခုခေတ်မိန်းကလေးလေ
သားကလဲ သူနဲ့မကြာခင်
လက်ထပ်မယ့်သူပဲကို "

ညည်းသားကအတူတူနေလို့



" ဘာ...ဘာကိုလွန်တာလဲ "



" သူကသမီးရဲ့သားမေမေ


" မေမေ..မေမေဘာဖစ်တာလဲ


" ဟာ...အဘွား.......
မာမီ အဘွားဘာဖစ်တာလဲ "

လုပ်ပါဦးသားရယ် "


မျက်နှာတင်းမာသွားကာ


" ဟင် "


.
.
.




မျှော်လင့်တယ် "



" ကောင်းပါပြီ ဒေါက်တာ "



" ကျေးဇူးပါအဘွားရယ်
ဘာမှမဖစ်လို့ "


.
.
.




Nora တစ်ယောက်ပြောကာ
အကြံတစ်ခုရသွားသလို


" အန်တီ "


" လာလေ သမီး "

" ဟုတ်အန်တီ .....

Nora ပြုံးကာ

" အန်တီဘာမှ အားမငယ်နဲ့
Nora ကလက်ခံပေးမှာ "


" တကယ်ပေါ့ အန်တီရဲ့
မြူဆွယ်ထားပေမယ့်

" အို...သမီးလေးရယ်
လေးနက်လွန်းပါတယ်
အန်တီ သမီးအတွက်
စိတ်မကောင်းဘူးကွယ် "


တစ်နေ့နားလည်မှာပါ "

လုံးဝလက်မခံဘူး

တကယ်ကောင်းတာပဲ...

ပေါ်လွင်လျက်

.
.
.

" အဘွား သတိရလာပြီနော်  "

လက်မထပ်ပေးရသ၍
ဘာမှမဖစ်ဘူး "

" ဟာဗျာ အဘွားကလဲ



" အဘွားသားမင်လေးလဲ
ပင်ပန်းနေပါပြီ

" ရပါတယ်အဘွားရဲ့
မင်ကဘာမှမဖစ်ပါဘူး

" ဟုတ်ပါပြီကွယ် "



ပြုံးလိုက်မိကြသည်


စဉ်းစားပါ "


" ဟုတ်အဘွား "

" ဟုတ်ကဲ့ အဘွား "

" ဟုတ်ရဲ့ အဘွား "



" ဟုတ်ကဲ့အဘွား ပြောလေ "


" ဗျာ "


ခေါင်းငြိမ့်ကာ





























Continue Reading

You'll Also Like

131K 17.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
827K 73.3K 67
"မောင်သိခဲ့တာ...မင်းတစ်​ယောက်ထဲ...."
1.2M 90.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
92K 9.7K 7
"ရူးလိုက်ချင်စရာကတော့သည်းသည်းမဲမဲ မိုးရေတွေထဲက ...အချစ်လိပ်ပြာငယ်လေးတွေပဲ"