Whatever You Are

By Blacksheep303

53.2K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are - Zawgyi (26)

130 10 0
By Blacksheep303

Yizhan Gallery ကို တွေ့ပြီးနောက်ပိုင်းရိပေါ် ဘဝလေးက ပိုပြီးနေသာထိုင်သာရှိသွားတယ် ကိုယ့် အချစ်ဇာတ်ကြောင်းကို နေ့တိုင်းသွားသွားကြည့်ပြီး ကျေနပ်နေရတာရယ် စိတ်ကူးကောင်းလွန်းတဲ့ ချစ်ရသူ ရှောင်းကျန့်ကို အလွမ်းဖြေလို့ရတာကြောင့်ရယ် ပြန်လာမယ်ဆိုတာကို ချစ်နေသေးတာရယ်ဆိုတာကို အပြည့်အဝ ယုံကြည်ထားတော့ ပြန်လာရင် ပြန်ပေါင်းထုပ်ဖို့ စိတ်ကူးတွေရယ်ကြောင့် နေသားကျလာပါတယ် လွမ်းတယ်ဆိုပေမယ့် အလွမ်းဖြေစရာ အများကြီးပိုင်ဆိုင်ထားတာမို့ပါ အရင်က အတူနေဖို့ဖူးတဲ့အခန်းလေးကို ရိပေါ် သေချာ ပြန်ပြင်ဆင်ထားတာ နှစ်ယောက်အတူ ပြန်နေတဲ့အခါ အဆင်သင့်ဖြစ်အောင် နေ့လည်အားရင် Yizhan Galleryထဲသွားပြီး အလွမ်းဖြေ နှစ်ယေောက်အတူတူရှိရင် အိမ်ထောင်ဦးစီးနေရာနဲ့ထိုက်တန်အောင် အလုပ်များများလုပ် Training သေချာဆင်းပြီး ကြိုးစားထားတာ အခုဆိုရင် ရိပေါ်က Entertainment ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်သလို Champion ဆုတွေအများကြီးရထားတဲ့ နာမည်ကြီး Racerတစ်ယောက် ဖြစ်နေပါပြီ

ဒီကြားထဲ အစတုန်းက ရှောင်းကျန့်ကို တောက်လျှောက် ရှာနေခဲ့တာပါ သူပြန်မလာလည်း ကိုယ်လိုက်သွားမယ်ဆိုတဲ့စိတ်နဲ့ပေါ့ ဒါပေမယ့် တရုတ်ကနေ ဩစတြေးလျ(ပါ့သ်)ကို ထွက်သွားတဲ့ Information ကလွှဲရင် ဘာမှ ထပ်မသိရပါဘူး ရိပေါ်အားတဲ့အချိန် ဩစတြေးလျ ထိသွားရှာခဲ့ပေမယ့် လည်း မတွေ့ခဲ့ပါဘူး ရုပ်ရှင်တွေထဲကို မတော်တဆလေးများ ပြန်ဆုံနိုင်မလားဆိုပြီး ဩစတြေးလျ ပါ့သ်ရဲ့ အထင်ကရနေရာတွေမှာ တနေကုန်သွားထိုင် စောင့်လည်း တစ်ခါမှ မတွေ့ပါဘူး နောက်ဆုံးဖူးစာမှန်ရင် ပြန်ဆုံမှာဆိုတဲ့ စိတ်ကို အားတင်းပြီး ဒီအိမ်လေးက နေ ရှောင်းကျန့်ကို ထိုင်စောင့်နေရုံ သူ့အတွက် မျက်နှာမငယ်အောင် ထားမယ်ဆိုတဲ့စိတ်နဲ့ အလုပ်တွေကြိုးစားပြီး စောင့်နေရုံကလွှဲရင် ရိပေါ် တတ်နိုင်တာ ဘာမှ မရှိပါဘူး အားရင် မားမား အုတ်ဂူလေးဆီသွား တိုင်တည်ငို ပါးပါးဆီသွား ရှောင်းကျန့်ကို ရှာပေးဖို့ ဂဂျီဂဂျောင်ကျ နဲ့ အသားကျလာတာ ခုဆိုရင် " အချစ်ကို တစ်ဖက်သပ် တမ်းတမက်မောဖြေသိမ့်ခြင်း အမှတ်စဉ် -၁၀၈" တောင် ရောက်နေပြီး Road to Yizhan Rendezvoused ဆိုတဲ့ Audio ဖိုင်လေးက အမှတ်စဉ် 230 တောင် ရောက်နေပြီ ဒါပေမယ့် မျှော်လင့်ချက်တွေက ခုထိ အရင်လို အားကောင်းနေတုန်းပဲ ရှောင်းကျန့်ထွက်သွားတဲ့နေ့က ရေတွက်လိုက်ရင် (၁၁)လကျော်ပြီ



.x..x.x..x..x..x.x..x...x...x

ရှောင်းကျန့်က ရှောင်းအိမ်တော် နဲ့ ကိစ္စတွေဖြတ်ပြီး ပတ်သက်နေရမှာစိုးရိမ်တာနဲ့ ဩစတြေးလျလို့ အယောင်ပြပြီး ကြားထဲက Transit ဖြစ်တဲ့ ကိုးရီးယား မှာ လာရှောင်နေတာ ရိပေါ်နဲ့ပတ်သက်တဲ့ အသည်းကွဲဒဏ်ရာတွေလည်း ကုစားရင်းပေါ့ တော်သေးတာ ကိုးရီးယားမှာ ကျန်းချန်တို့ရှိနေတော့ အစစ အရာရာ အဆင်ပြေပါတယ် ကျန်းချန်က နဂိုကတည်းက အကြောင်းသိတွေမို့ ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်မို့ အလုပ်အကိုင်ကအစ နေရေးထိုင်ရေး အားလုံးအဆင်ပြေပါတယ် အရင်ကတည်း ကိုးရီးယားဘာသာစကားကို လေ့လာသင်ယူထားသူမို့ ခုချိန်ကတော့ အသုံးဝင်တာပေါ့ (ကိုးရီးယားမှာ ပြောဆိုသမျှက ကိုးရီးယားဘာသာနဲ့ပြောတာပါနော် မရေးတတ်လို့ သိထားရအောင် ခုကတည်းကရှင်းပြတာပါ)

ကိုးရီးယားလာရတဲ့ အဓိကအကြောင်းအရင်းက ဖန်ပြွန်သန္ဓေ Test tube baby ကို အငှါးကိုယ်ဝန်ဆောင်ပြီး မွေးဖို့ကိစ္စမို့ အဲဒီကိစ္စကို အရင် ကြိုးပမ်းရတာပါ

ယောက်ျားလေးလို ဘဝနဲ့နေတယ်ဆိုပေမယ့် ဒီရောက်ပြီး သိပ်မကြာခင်မှာပဲ ရှောင်းကျန့် မိန်းကလေးလို ပြန်နေဖြစ်တယ် အခု ရှောင်းကျန့်က အမျိုးသားဆုံးသွားတဲ့ မုဆိုးမ ရှောင်းကျန့်ရဲ့ မမျိုးဥတွေက အကျိတ်ဖြစ်လို့ခွဲထုတ်ထားရတာမို့ ကလေးမရနိုင်တဲ့သူအဖြစ် ဇာတ်လမ်းဆင်ထားတာပါ သိမ်းထားတဲ့ Sperm နဲ့ ဖန်ပြွန်သန္ဓေ နည်းပညာအကူအညီနဲ့ ကလေးယူဖို့လုပ်တဲ့အခါ အမျိုးသမီးမျိုးဥအတွက် Donor လည်းလိုအပ်ပါတယ် မမျိုးဥအတွက် Donor သပ်သပ်ရှာရသလို ဇာတ်လမ်းတွေ ရှုပ်လာမှာ စိုးလို့ သန္ဓေအောင်ပြီးသား သားဥလေးတွေ ပြန်ထည့်ပြီး ကိုယ်ဝန်ဆောင်ဖို့ အတွက် အငှါးကိုယ်ဝန်ပိုင်ရှင်ကို သပ်သပ်ရှာရပါတယ်

ကိုးရီးယားမှာဆိုတော့ ရုပ်ရည်ပိုင်းအရ တရုတ်နဲ့သိပ်မကွာခြားတာမို့ Donor တွေထဲက ငယ်ငယ်ချောချောမျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေတစ်ခုမှမရှိတဲ့ တစ်ယောက်ကိုရွေးပြီး စာချုပ်ချုပ်လိုက်ပါတယ် အငှါးကိုယ်ဝန်အတွက် လူရှာတဲ့အချိန်မှာ Wang Jham-Mi ဆိုတဲ့ အသက် ၂၄နှစ်လောက်ပဲရှိတဲ့ ကလေးမလေးက သူ့အမေ ဆေးရုံစရိတ်အတွက် ငွေလိုနေခဲ့တာကြောင့် အပျိုလေးပေမယ့် စိတ်ဝင်တစား နဲ့ နာမည်စာရင်းပေးတာမို့ ရှောင်းကျန့်က သူ့ကို ရွေးချယ်ခဲ့တာပါ သူ့အမေ ဆေးရုံစရိတ်အတွက် အစ/အဆုံးတာဝန်ယူပေးပြီး သူ့အမေ မသိအောင် တခြားမြို့မှာ ထားပေးဖို့ပဲ တောင်းဆိုခဲ့တာပါ

Donor Egg အတွက်ရော ကိုယ်ဝန်ဆောင်ဖို့အတွက်ရော အဆင်သင့်လူရပြီဆိုမှ တရုတ်က သိမ်းထားတဲ့ Frozen Sperm ကို ကိုးရီးယား ပို့ခိုင်းရပါတယ်

အဲဒီကာလတုန်းက တော်တော်ကို စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရတာပါ မမျိုးဥလှူပေးမယ့် Donorကောင်မလေးကို အရင်ဆုံး သားဥများများရအောင် ဆေးထိုးရတာပါ သူဆေးထိုးတိုင်း သူဆေးခန်းပြတိုင်း ရှောင်းကျန့်က ဖန်ပြွန်သန္ဓေကုထုံး လုပ်တဲ့ဆေးရုံကို နေ့တိုင်းသွားစောင့် သူ့အခြေအနေတိုးတက်မှုကို နားထောင်ပေါ့ အားလုံးရဲ့ အမြင်မှာ ရှောင်းကျန့်က သနားစရာ မုဆိုးမလေးပေါ့ နောက်ပိုင်း ဇာတ်ရှုပ်တာ ဖြစ်လာမှာစိုးလို့ ခုလို ဇာတ်လမ်းထွင်ပြီး ရှောင်းကျန့်မိန်းကလေးဘဝကို ပြန်နေနေရတာပါ နှစ်၃၀တောင် နေခဲ့ပြီးပြီမို့ နောက်ထပ်တစ်နှစ်လောက်က ကိစ္စမရှိပါဘူး

သားဥများများရအောင် Menstruation စဖြစ်တဲ့နေ့ကနေ ရေတွက်လိုက်ရင် ၃ရက်မြောက်နေ့ကတည်း ဗိုက်မှာ ဟော်မုန်းဆေးတွေထိုးရပါတယ် သားဥလေးတွေ ကြီးထွားလာတာက စောင့်ကြည့်ပြီး ရာသီလာတဲ့ရက်ကနေတွက်ပြီး ၁၄ရက်မြောက်နေ့ကျတော့ သားဥကြွေဆေးထိုး အဲဒီနေ့မှာ Egg Donor ကောင်မလေးကို ငြိမ်ငြိမ်နေသင့်တယ်ဆိုလို့ ရှောင်းကျန့်က စိတ်ချရအောင် ဆေးရုံမှာပဲနေပြီး စောင့်ကြည့်လိုက်ပါတယ်

နောက်နေ့ မနက်စောစော မေ့ဆေးပေးပြီး မမျိုးဥထုတ်ယူတာ ကို စိတ်ပူပန်ပြီး လည်း စောင့်ရပါသေးတယ် ရှောင်းကျန့်မှာ ကံကောင်းစွာနဲ့ မမျိုးဥ ငါးလုံးတောင် ရလိုက်ပါတယ် မမျိုးဥ ထုတ်ပြီးတော့ Donor ကောင်မလေးကို ကောင်းကောင်းမွန်မွန် ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ခဲ့ပါတယ် သူကတော့ မှတ်ချက်ပေးပါတယ် အစ်မက အစ်မယောက်ျားကို သိပ်ချစ်တာပဲလားတဲ့ ပြန်ပြောလိုက်ပါတယ်

"အင်း ငါက သူ့ကို သိပ်ချစ်တာ" ဆိုပြီး ငါ့ရင်ထဲက စကားတွေ မင်းကြားပါစေ ရိပေါ်ရေ ငါက မင်းကို သိပ်ချစ်တာ

မမျိုးဥတွေရတော့ တစ်ခါ အဲဒီမမျိုးဥနဲ့ Frozen Sperm ကို ပြန်ပြီး အရည်ဖျော်ပြီး Fertilization လုပ်တာ မမျိုးဥ (၅)ခုထဲက (၃)ခုပဲ သန္ဓေအောင်ခဲ့ပါတယ် ဆေးရုံကပြောတယ် Fertilization ဖြစ်ပြီး ၃ရက်မှာ သားအိမ်ထဲ ပြန်ထည့်တာမျိုးရှိသလို ငါးရက်နေမှ ပြန်ထည့်ရတာမျိုးရှိတယ် သန္ဓေသားလေးတွေက အပြင်မှာ အခြေအနေ ကောင်းခဲ့ရင် ၅ရက်နေမှ သားအိမ်ထဲ ပြန်ထည့်ရပြီး အပြင်မှာ သိပ်အခြေအနေမကောင်းရင် ၃ရက်နဲ့ ပြန်ထည့်မှာ စိတ်ချရမှာ တဲ့

အဲဒီရက်တွေ ရှောင်းကျန့်မှာ အဓိဌာန်တွေဝင် သားသတ်လွတ်စား ဆုတောင်းပြီး နေနေရတယ် နေ့တိုင်း ဆေးရုံကို ဖုန်းဆက်ပြီး သန္ဓေသားလေးတွေ အခြေအနေကို လှမ်းမေးရတာ သူတို့က အခြေအနေကောင်းတယ် ဆိုပြီး ဓါတ်ခွဲခန်းထဲက သန္ဓေအောင်ပြီးသားဥလေးတွေရဲ့ ဓာတ်ပုံကို email နဲ့ပို့ပေးပါတယ် ရှောင်းကျန့်မှာ အဲဒီပုံလေးတွေ ကြည့်ပြီးပျော်နေရတယ် သူများတွေက ကလေးလေးတွေရဲ့ ဗိုက်ထဲက ultrasound ပုံလေးတွေ ကြည့်ပြီး ပျော်ရတာ ရှောင်းကျန့်က ဗိုက်ထဲမရောက်ခင် စတင်ပြီး ဖြစ်တည်လာတဲ့ ပုံလေးတွေကို မြင်ရတာမို့ ကျေနပ်တယ်

သန္ဓေအောင်ပြီးသား ဥလေးတွေရဲ့ ရက်အလိုက်ပုံလေးပါ

Fertilized Eggလေးတွေ အခြေအနေကောင်းတာမို့ ၅ရက်မြောက်နေ့ရဲ့ မနက်စောစော မှာ သားအိမ်ထဲ ပြန်ထည့်မယ် ဆိုပြီး ချိန်းထားလို့ ၅ရက်မြောက်နေ့ မနက်စောစော Wang Jham-Mi ကို ခေါ်လို့ ဆေးရုံကို လာခဲ့ပါတယ် သားအိမ်ထဲ ပြန်မထည့်ခင် ဆေးရုံက ဆရာဝန်ကြီးက ရှောင်းကျန့် ကို ခေါ်မေးပါတယ်

"အခု သန္ဓေအောင်ထားတဲ့ သားဥ ၃ ဥရှိတယ် သားအိမ်ထဲကို ၂ခုပြန်ထည့်ပေးမယ် ကျန်တဲ့တစ်ခုကို သိမ်းထားလို့ရတယ် တကယ်လို့ ဒီတစ်ခါ မအောင်မြင်ခဲ့ရင် နောက်တစ်ခါ Donor မလိုတော့ဘဲနဲ့ တန်းပြီး သားအိမ်ထဲ ထည့်တဲ့အဆင့်ထိ သွားလို့ရတယ်"

"အောင်မြင်မှု ရာခိုင်နှုန်းက ဘယ်လောက်ထိရှိလဲဆရာ"

"ပွင့်ပွင့်လင်းလင်း ပြောရရင် အောင်မြင်မှု ရာခိုင်နှုန်းက 30% ပဲရှိတာ ၃ယောက်မှာ တစ်ယောက်ပေါ့ သန္ဓေသားလေးတွေသားအိမ်နံရံမှာ သွားကပ်တဲ့ Implantation ဖြစ်ဖို့က ဘာနဲ့မှ ကြိုးစားယူလို့မရဘူး ကံတရားနဲ့ဆိုင်တယ် သားအိမ်နံရံမကောင်းတာမျိုးရှိရင် ဆေးတွေနဲ့ ပြုပြင်ပြီး ပံ့ပိုးပေးလို့ရပေမယ့် အားလုံးကောင်းနေရင်တောင် အောင်မြင်ချင်မှ အောင်မြင်တာမျိုးလည်းရှိတယ် ဒါကြောင့် ဖန်ပြွန်သန္ဓေလုပ်ရင် ၃ခါလောက် လုပ်ဖို့ စိတ်ထဲက ကြိုတင်ပြင်ဆင်ထားရတာ"

"အခု ပြဿနာက ရှောင်းမိန်းကလေးက အမျိုးသားဆုံးသွားပြီဆိုတော့ Spermက လက်ကျန်မရှိတော့ မအောင်မြင်ခဲ့ရင် နောက်တစ်ခါ ပြန်လုပ်ဖို့ အခွင့်အရေးမရှိသလို ဖြစ်နေတာမို့ ဆရာက သားဥ (၃)လုံးမှာ တစ်လုံးကို သိမ်းထားပြီး ဒီတစ်ခါ မအောင်မြင်ခဲ့ရင် နောက်တစ်ခါ အတွက် တစ်လုံးကျန်အောင် သိမ်းထားကြမလား"

ရှောင်းကျန့် တော်တော်လေး စဉ်းစားရကြပ်နေပါတယ် ပြီးမှ

"ဆရာ သန္ဓေသား၃ခုလုံးကို သားအိမ်ထဲထည့်ပေးပါ ဒါ နောက်ဆုံးအကြိမ် စွန့်စားခြင်းပါ ၃၀ %    ဆိုတော့ သန္ဓေသားဥ ၃ခုမှာ တစ်ခုလောက်တော့ အောင်မြင်လောက်ပါရဲ့ မအောင်မြင်ခဲ့ရင်လည်း ကံတရားပေါ့ သူ့ရဲ့သွေးသားလေး ကို ပိုင်ဆိုင်ရဖို့ ကံတရားက မျက်နှာသာပေးခဲ့ရင် အောင်မြင်မှာပေါ့"

ဒီလိုနဲ့ ဘာကိုမှ မသိမ်းတော့ဘဲ ၃ခုလုံးကို သားအိမ်ထဲ ပြန်ထည့်ခဲ့ကြပါတယ် ပြန်ထည့်ပြီးတော့ ဆရာဝန်ကြီးက

"ပုံမှန်အတိုင်းလုပ်ရှားသွားလာလို့ရတယ် အရမ်းလှုပ်ရှားတာ အရမ်းပင်ပန်းတာမျိုး မလုပ်ရင်ရပြီ ပုံမှန်အတိုင်း နေထိုင်စားသောက်ပါ ၁၀ ရက်ပြည့်ရင် သွေးစစ်ပြီး အောင်မြင်လား မအောင်မြင်လား ကြည့်ရမှာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

ဆရာဝန်ကြီးကိုသာ ဟုတ်ကဲ့လို့ ပြန်ပြောလိုက်ပေမယ့် တကယ်တမ်းတော့ ရှောင်းကျန့်က Wang Jham-Mi ကို ဆေးရုံမှာ အခန်းယူပြီးပဲ ထားတာပါ တစ်ခုခုဆို ချက်ချင်းအချိန်မှီအောင်ပါ သူ့ဖာသာသူ ရေချိုး အိမ်သာသွားတဲ့အချိန်က လွဲရင် ဘာတစ်ခုမှ မလုပ်ခိုင်းပါဘူး စားရင်တောင် အိပ်ရာပေါ်မှာ ပြင်ဆင်ပြီးမှ စားခိုင်းတာပါ

ဌက်သိုက်တွေ နေ့တိုင်းဝယ်တိုက် အားရှိမယ့် အာဟာရဖြစ်မယ့်ဟာတွေကျွေး ရှောင်းကျန့်ကိုယ်တိုင်က အဓိဌာန်ဝင် ဆုတောင်း သားသတ်လွတ်စား ပုတီးစိပ်နဲ့ပေါ့ မျက်စိအောက်က အပျောက်မခံဘူး တော်ကြာကလေးမက လူငယ်ဆိုတော့ ကိုယ့်မျက်စိအောက်က ပျောက်တာနဲ့ လှုပ်ရှားနေမှာစိုးလို့ပါ အဲဒီ ၁၀ရက်လုံး ရှောင်းကျန့်က ဆေးရုံကနေ တဖဝါးမှ မခွါပါဘူး လိုအပ်တာရှိရင် ကျန်းချန်က ဆေးရုံလာပို့ရတာမို့ ကျန်းချန်ကတော့ မျက်စောင်းတထိုးထိုးပေါ့ ကျန်တာဘာမှ အရေးမကြီးအခု ဖန်ပြွန်သန္ဓေ အောင်မြင်ဖို့က အဓိကပဲလေ

၉ရက်မြောက်နေ့ကျတော့ ကောင်မလေးက

" 언니 Jham-Mi အစားသိပ်မစားချင်ဘူး အန်ချင်သလိုလိုပဲ" (언니က ကိုးရီးယားလို အစ်မကို ခေါ်တာပါ)

" တကယ်ပြောတာလား တကယ်အန်ချင်တာလား နည်းနည်းလေးစားလိုက် နို့လေးပဲသောက်လိုက် "

ရှောင်းကျန့်အပျော်လွန်ပြီး ကျန်းချန်ဆီဖုန်းဆက် ဆီးစစ်တံလေးဝယ်ပြီးလာပေးခိုင်းလိုက်ပါတယ် မျက်စောင်းထိုးဆရာကြီး ကျန်းချန်က လူမလာခင် ပစ္စည်းမပေးခင် မျက်စောင်းအရင်ရောက်လာတာပေါ့ ဒါပေမယ့် ဆီးစစ်တံလေးယူပြီး

"Jham-Mi ဒါလေး ယူပြီးစစ်ကြည့်လိုက်ပါလား"

ကောင်မလေးက ဆီးစစ်တံယူပြီး Toiletထဲဝင်သွားပါတယ် ရှောင်းကျန့်က ဖင်တကြွကြွနဲ့ ထိုင်မရ ထမရပေါ့ ကျန်းချန်ကတော့မျက်စောင်းတထိုးထိုးနဲ့

"ကျန့်ကျန့် လိုတာထက်ပိုပြီးမမျှော်လင့်နဲ့ ပြီးရင် ကျန့်ကျန့်ပဲ ခံစားရမှာ"

"ကျန်းချန် မဦးမချွတ် ပါးစပ်ပုတ်ကြီးနဲ့မပြောနဲ့ ငါ ငိုမှာနော်"

"အမလေး ငိုတော့ မငိုလိုက်ပါနဲ့ ငါမချော့တတ်ဘူး"

သူတို့စကားစစ်ထိုးနေတုန်း ကောင်မလေး Toiletထဲက ထွက်လာပါတယ်

"Jham-Mi နှစ်ကြောင်းပေါ်တယ်မလားဟင်"

မျှော်လင့်ချက်အပြည့်နဲ့ ရှောင်းကျန့်တိုးတိုးလေး မေးလိုက်ပါတယ် ကောင်မလေးခေါင်းခါပြီး

"တစ်ကြောင်း ...တစ်ကြောင်းပဲ ပေါ်တာ언니 " ဆိုပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလာတာပါ

Jham-Mi ပေးတဲ့ ဆီးစစ်တံလေးကို ကိုင်ပြီး ရှောင်းကျန့် ချုံးပွဲချငိုပါတော့တယ် အဲဒါလေးက သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက် လေ ခုနက စိတ်က မိုးပေါ်မှာ ခုတော့ အဝီစိကို ဆင်းလိုက်ရပြီ ရှောင်းကျန့် ငိုလွန်းတာ့ Jham-Mi နဲ့ ကျန်းချန်က ဝိုင်းချော့ကြပါတယ်

"ဟာ ကျန့်ကျန့်က လဲ ဒါက မပေါ်သေးတာ ဖြစ်နိုင်တယ်လေ လသိပ်နုသေးတာကိုး သားအိမ်ထဲထည့်တာ ၁၀ရက်တောင် မပြည့်သေးဘူးလေ"

"မင်းတို့ ငါ့ကို စိတ်ချမ်းသာအောင် လျှောက်ပြောနေတာမလား အီး...ဟီး..ဟီး"

" 언니ကလည်းဘူးပေါ်မှာ ရေးထားတယ်လနုရင်လည်း တစ်ကြောင်းပဲပေါ်တတ်တာမို့ ရက်ထပ်စောင့်ပြီး ထပ်စစ်ပါလို့ ရေးထားတယ် မယုံရင် ဖတ်ကြည့်"

Jham-Mi ရဲ့ စကားဆုံးတော့ ရှောင်းကျန့် ငိုတာရပ်သွားပါတယ် ဘူးကိုယူပြီး စာဖတ်ကြည့်လိုက်တော့ တကယ်ရေးထားတာမို့ မျက်ရည်သုပ်ပြီး ကျန်းချန်နဲ့ Jham-Mi ကို မျက်နှာချိုသွေးပြီး ရီပြလိုက်ပါတယ်

"ဟဲ ဟဲ ငါမှ မသိတာကို ကလေးလေး မရနိုင်ဘူးထင်ပြီး ဝမ်းနည်းသွားလို့ "

" ရတယ် ကျန့်ကျန့် ငါ ပြောချင်တာက အရမ်းမျှော်လင့်လွန်းရင် ပိုခံစားတတ်ရတာမို့ပါ ဒါကြောင့် နက်ဖြန် ၁၀ရက်ပြည့်လို့ ညနေပိုင်း ဆေးသွားစစ်ရင် သေချာသိရမှာမို့ စိတ်ကို ပြင်ဆင်ထားခိုင်းထာလေ Hope for the best but prepare for the worst တဲ့ အကောင်းဆုံးကို မျှော်လင့်ရင်းနဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်လေ ငိုနေလို့မရဘူးလေ"

"ဟုတ်သားပဲ 언니က ငိုတော့ Jham-Mi ကလန့်သွားတာ Jham-Mi အသုံးမကျလို့ ခုလိုဖြစ်တာ တခုခုဆို Jham-Mi က အမေ့ ဆေးရုံစရိတ်တွေကို ရှာဖို့ တခြားအလုပ်ထပ်ရှာရတော့မှာ Jham-Mi နဲ့သွေးသားလုံးဝမတော်ပေမယ့် ဒီကလေးလေးက Jham-Miအတွက် ကလည်း မျှော်လင့်ချက်လေးပဲမို့ 언니ငိုရင် Jham-Miလည်းငိုမိတော့မှာ"

"မငိုပါနဲ့ Jham-Miရယ်မတော်လို့ ဗိုက်ထဲမှာ ကလေးလေးရှိနေရင် သူလေးစိတ်ညစ်သွားလိမ့်မယ် သွားသွား အိပ်ယာပေါ် သွားနားတော့ ကျန်းချန်လည်း ပြန်တော့လေ ငါ စိတ်ကို ကျင့်ထားပါ့မယ်"

ဒီလို ၁၀ရက်မြောက် ညနေရောက်တော့ ဆရာဝန်ကြီးနဲ့ ပြန်ပြဖို့ အချိန်က စိတ်လှုပ်ရှားစရာအကောင်းဆုံးပါပဲ ဆရာဝန်ကြီးနဲ့မတွေ့ခင် Jham-Mi ကို သွေးအရင်လာဖောက်ကြပါတယ် ကိုယ်ဝန်ရှိမရှိသိရဖို့ hCG ဆိုတဲ့ Placenta (အချင်း) ကနေထွက်တဲ့ ဟော်မုန်းကို စစ်ရမှာ ဆိုပြီးတော့ လာဖောက်သွားတာပါ ရှောင်းကျန့်တို့နဲ့အတူတူ သားအိမ်ထဲကို သန္ဓေသား ပြန်ထည့်ကြတဲ့ စုံတွဲ စုစုပေါင်း ၅တွဲ ရှောင်းကျန့်နဲ့ဆို ၆ယောက်တောင် ဆရာဝန်ကြီးနဲ့ ပြန်ပြဖို့ စောင့်နေကြတာပါ

ကျန်တဲ့သူတွေအားလုံးက မိန်းကလေးပုံစံနဲ့မို့ ရှောင်းကျန့်နဲ့ Jham-Mi ကို Lesbianစုံတွဲမို့ ဖန်ပြွန်သန္ဓေ လာလုပ်တာလို့ ထင်နေကြတာ အမြဲတွေ့ရမယ့်လူမဟုတ်တာမို့ ထူးထွေပြီး ရှင်းပြမနေတော့ပါဘူး

ကိုယ့်ရှေ့ကနေ ပထမဆုံး တစ်တွဲဝင်သွားပြီး မကြာဘူး ပြန်ထွက်လာတော့ ငိုပြီးထွက်လာတာမို့ သိလိုက်ပါပြီ သူတို့ မအောင်မြင်ကြဘူး ဒုတိယ တစ်တွဲလည်း ထို့နည်းလည်းကောင်း ဤကဲ့သို့ ငိုပြီးထွက်လာပါတယ် တတိယမြောက်တစ်တွဲက နည်းနည်းကြာတယ် ပြန်ထွက်လာတော့လည်း ပြုံးပြုံးရွှင်ရွှင်ဆိုတော့ အောင်မြင်သွားပြီပေါ့ အားကျလိုက်တာ သူတို့ပြီးတော့ နောက်ဝင်ရတဲ့သူက မကြာဘူးငိုပြီးထွက်လာတာပဲမို့ အခုတော့ ရှောင်းကျန့်တို့အလှည့် ရောက်ပါပြီ ရင်တွေခုန်လိုက်တာ

"ထိုင်ကြပါဦး အရင်ဦးဆုံး Congratulation ပါနော် သွေးစစ်ချက်အဖြေအရ hCGဆိုတဲ့ Hormone ပမာဏအရမ်းများနေတာမို့ ဖန်ပြွန်သန္ဓေနည်းလမ်းနဲ့ ကလေးယူတာအောင်မြင်တယ်လို့ပြောပါရစေ"

ဆရာဝန်ကြီးရဲ့ စကားအဆုံး ရှောင်းကျန့်လည်း ဝမ်းသာလွန်းလို့ ငိုမိပါတယ် မနေ့ကတင် ကလေးလေး မရှိဘူးထင်ပြီး ငိုရ ခုလည်းပျော်လို့ငိုရနဲ့ ရှောင်းကျန့်ဘဝကလည်း မလွယ်ပါဘူး Jham-Miကိုကြည့်လိုက်တော့ သူလေးလည်း မျက်ရည်လေးဝိုင်းလို့ သူ့အမေဆေးရုံစရိတ်အတွက် စိတ်အေးသွားရပြီမို့ထင်ပါရဲ့ ဆရာဝန်ကြီးက ဆက်ပြောပါတယ်

"ငိုတာခဏလေး အသာရပ်ထားဦး ငိုစရာကျန်သေးတယ်"

ဆရာဝန်ကြီးစကားကြောင့် ရှောင်းကျန့် ထိတ်ကနဲဖြစ်သွားပါတယ် ဆရာဝန်ကြီးက ရီပြီး အခုက ရက်အရမ်းနုသေးတော့ မသေချာပေမယ့် အတွေ့အကြုံအရတော့ အခုကိုယ်ဝန်က အမွှာဖြစ်နိုင်ပါတယ်"

"ဘယ်လို... ဘယ်လို "

"ဟုတ်တယ် ဟော်မုန်းပမာဏက ရှိသင့်တာထက်ကို နှစ်ဆကျော်လောက်ဖြစ်နေတာမို့ပါ အရင်က စုံတွဲ ၁၀မှာ ၇တွဲက အဲလိုဟော်မုန်းပမာဏများရင် အမွှာတွေ ဖြစ်နေတာမို့ပါ တစ်ချို့လည်း ဟော်မုန်းထွက်တာ များတတ်တဲ့ သဘာဝမို့ အမွှာမဟုတ်ပေမယ့် ဟော်မုန်းများနေတာမျိုးလည်း ရှိပါတယ် ဒါကြောင့် တထစ်ချ ပြောလို့မရပေမယ့် မျှော်လင့်လို့တော့ရနိုင်ပါတယ် နောက်အပတ်ဆို Trans-Vaginal Ultrasound ရိုက်ကြည့်လိုက်ရင်တော့ သေချာပေါက် သိလာမှာပါ အခုဆေးရုံမှာပါ အခန်းယူနေတာဆို တကယ်က အဲလောက်မလိုပါဘူး ပုံမှန်ကိုယ်ဝန်ဆောင်တွေလို သွားလာလှုပ်ရှားပါ လေကောင်းလေသန့်ရှူပါ အခုသောက်ရမယ့်ဆေးရယ် သားအိမ်ထဲထည့်ရမည့်ဆေးတွေ ပေးလိုက်ပါ့မယ် ဆေးကောင်တာက ဘယ်လိုသောက် ဘယ်လိုထည့် ရှင်းပြပါလိမ့်မယ်နော် ဘာပဲဖြစ်ဖြစ် ပထမ တစ်ကြိမ်နဲ့တင် အောင်မြင်သွားလို့ ဝမ်းသာပါတယ် တချို့ဆို ခဏခဏရှိပြီ မအောင်မြင်သေးတာတောင် ရှိတာမို့ ဝမ်းသာပါတယ်"

ရှောင်းကျန့်တို့လည်း ဆရာဝန်ကြီးကို ကျေးဇူးတင်ကြောင်းအထပ်ထပ်အခါခါ ပြောပြီး ပြန်ထွက်လာကြတာပါ

နောက်တစ်ပတ်ကြလည်း စိတ်လှုပ်ရှားရဦးမှာ......

နောက်အပတ် Trans-Vaginal Ultrasound ရိုက်တော့ သားအိမ်ထဲမှာ Gestational Sacလို့ခေါ်တဲ့ သန္ဓေသားပါတဲ့ ကိုယ်ဝန်အိတ်လေး ၂ခုရှိတာမို့ အမွှာဆိုတာ သေချာသိရတော့ ရှောင်းကျန့် အသက်တောင်ရှူလို့မရတဲ့အထိ ဖြစ်ရပါတယ် မိုးနတ်မင်းက ရှောင်းကျန့်ကို ပစ်မထားပါဘူး တစ်သက်လုံး ကံမကောင်းခဲ့သမျှ အခုတော့ ကလေးလေးနှစ်ယောက်တောင် ရတော့မှာပေါ့လေ

အဲဒါပြီးတော့ သေချာအောင် ကလေးနှလုံးခုန်မခုန်စောင့်ကြည့်ဖို့ နောက်ထပ်နှစ်ပတ်ထပ်စောင့်ရပါတယ် နှစ်ပတ်ကြာပြီးတော့ Trans-Vaginal Ultrasound ထပ်ရိုက်တော့ ကလေးနှလုံးခုန်သံလေးတွေကြားရပါတယ် ရှောင်းကျန့်ကြားရအောင် ဆရာဝန်ကြီးက အသံလေးသေချာဖွင့်ပြပါတယ် ကြားဖူးသမျှ အသံထဲမှာ ဒီအသံက ကြားရတာအကောင်းဆုံးပါပဲ

"ကလေး၂ယောက်လုံး နှလုံးခုန်သံက ပုံမှန်ပဲဆိုတော့ ဆရာတို့ ဖန်ပြွန်သန္ဓေကုထုံး ဒီမှာပဲ အောင်မြင်စွာနဲ့ အဆုံးသတ်ပါပြီ လိုအပ်တဲ့သောက်ဆေးတွေ သားအိမ်ထဲ ထည့်ရမယ့်ဆေးတွေ သေချာပေးလိုက်ပါ့မယ် Incheon ကပဲလား"

"Incheon ကမဟုတ်ပါဘူး Daegu ကိုပြန်ရမှာပါ ဆရာ"

" Daegu ကဆိုရင်လည်း လေယာဉ်နဲ့ပဲ ပြန်ဖို့ အကြံပြုပါတယ် လိုအပ်တဲ့ Wheelchair Service ရအောင် ဆေးစာတွေ ရေးပေးလိုက်ပါ့မယ်"

"ကျေးဇူးပါဆရာ"

"ရပါတယ် ရှောင်းမိန်းကလေးက သွားလေသူခင်ပွန်းကို အရမ်းချစ်လို့နဲ့တူပါတယ် တစ်ခါတည်းနဲ့ကို နှစ်ယောက်ရသွားတာ"

"သွားလေသူလို့မပြောပါနဲ့ဆရာရယ် သူက ခုချိန်ထိ ကျန့်ကျန့်အတွက် အမြဲရှင်သန်နေတာမို့ပါ"

"ဟား...ဟား....ဟုတ်ပါပြီ ခုတောင်စကားလေးတောင် အပြောမခံတာမျိုးမို့ ရှောင်းမိန်းကလေးအချစ်က စစ်မှန်တာမို့ တောင်းပန်တယ်နော် Daegu ရောက်ရင် OG နဲ့သေချာ ဗိုက်အပ်ထားပါဦး ဖန်ပြွန်သန္ဓေနဲ့ကိုယ်ဝန်က ပျက်ကျတတ်တာမျိုး စောမွေးတာမျိုးတွေ ဖြစ်တတ်တာမို့ နည်းနည်းတော့ ပိုဂရုစိုက်ပေးပါဦး အရမ်းကြီးလည်း စိုးရိမ်နေရမှာမျိုးတော့ မဟုတ်ပါဘူး ကိုယ်ဝန်ခိုင်ဆေးတွေလည်း တစ်ခါတည်း ထည့်ထားပေးတာမို့ လိုရမယ်ရ မှာတဲ့သဘောမျိုးပါ"

"စိတ်ချပါဆရာ ခွင့်ပြုပါဦး"

ဆေးရုံကအပြန် Jham-Mi ရဲ့ အမေကို ဆေးရုံမှာ ဝင်တွေ့ပြီး တစ်နှစ် နိုင်ငံခြားကို ပညာတော်သင်သွားရမှာမို့ နောက်နှစ်မှာ ပြန်လာနိုင်မယ့်အကြောင်းတွေ လျှောက်ပြောပြီး နှုတ်ဆက်ရပါသေးတယ် တော်သေးတာက Jham-Mi အမေက လူကြီးရောဂါ Alzheimer's မို့ မှတ်မိတစ်ချက် မမှတ်မိတစ်ချက်မို့ ဆေးရုံနဲ့ Careလုပ်ပေးတဲ့ သူနာပြုဆရာမလေးတွေကို ပညာတော်သင်ဇာတ်လမ်းပြောပြီး နှုတ်ဆက်ခဲ့ကြပါတယ်

ပြီးတာနဲ့ Jham-Mi နဲ့ရှောင်းကျန့်က ကျန်းချန်စီစဉ်ပေးထားတဲ့ Daegu မှာ လာနေကြတာပေါ့ ပတ်ဝန်းကျင်ကတော့ ညီအစ်မလို့ပဲ သိထားကြတော့ပေါ့ ရှောင်းကျန့်က တာဝန်မယူဘဲထားသွားခံရတဲ့ ညီမလေးကို စောင့်ရှောက်တဲ့အစ်မကြီးပေါ့ ဒီကလေးလေးတွေရဖို့ ရှောင်းကျန့်က မုဆိုးမဇာတ်လမ်း၊ ပညာတော်သင်ဇာတ်လမ်း၊ ညီမလေးကို ပျိုးထောင်ပေးတဲ့ အစ်မကြီးဇာတ်လမ်း အမျိုးမျိုးမှာ သရုပ်ဆောင်နေရတာပေါ့ တစ်ဘဝလုံးတောင် သရုပ်ဆောင်ထားပြီးမှတော့ ဒီတစ်နှစ်နဲ့တော့ ဘာမှ မထူးတော့ပါဘူး

Jham-Mi ကလည်း ရှောင်းကျန့်ကို တကယ့်မုဆိုးမလေးထင်ပြီး အစ်မကြီးလို အားကိုးနေတာဆိုတော့ ဒီဘဝလေးကလည်း အေးချမ်းပါတယ် တဖြည်းဖြည်းပူလာတဲ့ဗိုက်လေးကို စောင့်ကြည့်ရတာ အသက်ရှင်ရတဲ့ ခံစားချက်က အရမ်းကောင်းနေခဲ့ပါတယ်

၎လပြည့်တော့ 4D Ultrasound ရိုက်ပြီးတဲ့အခါ ရှောင်းကျန့် လမ်းလျှောက်ရတာ မြေကြီးနဲ့မထိတော့ပါဘူး ဗိုက်ထဲက ကလေးလေးတွေက ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်တဲ့ ဖန်ပြွန်သန္ဓေလုပ်တုန်းက ယောက်ျားလေးမိန်းကလေးရွေးရင် ပိုကုန်ကျစရိတ်များပါတယ် ပြီးတော့ ရှောင်းကျန့်တို့ လုပ်တဲ့ဆေးရုံက သားဦးဆို ယောက်ျားလေးမိန်းကလေး မရွေးခိုင်းပါဘူး ယောက်ျားလေး မိန်းကလေးရွေးရင် ကုန်ကျစရိတ်ပိုများတဲ့အပြင် သားအိမ်ထဲပြန်မထည့်ခင် ဥလေးတွေကို ဖောက်စစ်ရတာမို့ အောင်မြင်မှုရာခိုင်နှုန်းပိုနည်း လို့သားဦးဆို မရွေးပေးပါဘူး ရှောင်းကျန့်ကတော့ ချွင်းချက်အနေနဲ့ မုဆိုးမမို့ ရွေးချင်ရင် ရွေးပေးမယ်လို့ပြောမယ့် ရှောင်းကျန့်က ကုန်ကျစရိတ်ထက် ယောက်ျားမိန်းမခွဲခြားခံရတာကို မုန်းတဲ့သူမို့ တမင်သက်သက် ကို မရွေးချင်တာမို့ မရွေးခဲ့တာ ခုကျတော့ ယောက်ျားလေးတစ်ယောက် မိန်းကလေး တစ်ယောက်ဆိုတော့ ရှောင်းကျန့်ထက် ကံကောင်းတဲ့သူ ရှိပါဦးမလား

တဖြည်းဖြည်းနဲ့ ဗိုက်လေး ပူလာတာရယ် ဗိုက်ထဲက ကလေးတွေ လှုပ်တာ အဆင့်ဆင့်ဖြတ်သန်းခဲ့ရတဲ့ ဒီရက်တွေက ကျေနပ်စရာအတိပါ ချစ်ရသူရဲ့ ကလေးလေးတွေကို မမွေးခင်ကတည်းက သေချာပြုစုစောင့်ရှောက်ပေးနေရတာလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ

အခု ရှောင်းကျန့်တော်တော် အလုပ်များနေတာပါ နက်ဖြန်ဆိုရင် သားသားလေး မီးမီးလေးတွေကို ခွဲမွေးရတော့မှာမို့ ဆေးရုံ တက်ဖို့ ပြင်ဆင်နေရတာမို့ ပါ ဒီနေ့ရောက်ဖို့ သူတော်တော် စောင့်ဆိုင်းခဲ့ရတာ "Wang Jham-Mi " ကြည့်ရတာ သူလည်းစိတ်လှုပ်ရှားနေတာ သူ့အတွက်ကလည်း ဒါ သားဦးဆိုတာအပြင် အပျိုမလေးက မိခင်အတွက် အငှါး ကိုယ်ဝန် ဆောင်ခဲ့တာဆိုတော့ ကြောက်နေရှာမှာပေါ့

ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး Jham-Mi နဲ့အတူတူ ဆေးရုံကို ထွက်လာလိုက်ပါတယ် နက်ဖြန် မနက်စောစောမှ ဆေးရုံတက်လည်းရပေမယ့် ရှောင်းကျန့်ဘာတစ်ခုမှ အမှားအယွင်း မခံနိုင်တဲ့အတွက် ဆေးရုံကို ကြိုတက်ထားတာပါ Jham-Miကိုလည်း ဆေးရုံပေါ် ရောက်ကတည်းက ကုတင်ပေါ်မှာပဲ ငြိမ်ငြိမ်လေး နေခိုင်းထားပြီး Special Nurseတစ်ယောက် အချိန်ပြည့်ခေါ် သေချာမှာထားပြီး မှ အိမ်ပြန်လာခဲ့တာပါ

အိမ်မှာလည်း လိုအပ်တာတွေ အားလုံးသိမ်းပြီး ဆေးရုံကဆင်းတာနဲ့ Jham-Mi အခြေအနေကောင်းတာက Incheon ပြန်ဖို့ စီစဉ်ထားလိုက်ပါတယ် သူ တရုတ်ကနေထွက်လာတာ ခုဆို (၁၁)လ ကျော်ပြီ နက်ဖြန်ဆိုရင် သူ့ဘဝက ပိုပြီး အဓိပ္ပါယ်ရှိလာတော့မှာ ..........

Continue Reading

You'll Also Like

312K 9.3K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
1.6K 63 16
//-COVER ART IS BY ME!-\\ - Living in a world full of dinosaurs may seem fascinating in some peoples eyes. But it's really the opposite most of the t...
950K 21.7K 49
In wich a one night stand turns out to be a lot more than that.
7.9K 467 13
A villain's job isn't an easy job. Sometimes it's stressful another time it's bored and what better way to break this boredom than to actually go and...