Whatever You Are
Par Blacksheep303
53.2K 3.8K 81
တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... Plus
Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi
Whatever You Are - Zawgyi (24)
129 12 0
Par Blacksheep303
ဆိုင်ကယ်နဲ့ ရိပေါ် ရှောင်းကျန့်ဆီ အမြန်ဆုံးလာခဲ့လိုက်ပါတယ် ရှောင်းကျန့်ကို အရင်ဆုံးပြေးဖက်မယ် ပြီးမှ ဘယ်လိုပဲတောင်းပန်ရ တောင်းပန်ရ အမှားတွေကို ပြင်ဆင်ခွင့်တော့ပေးမှာပါဆိုတဲ့ ယုံကြည်ချက်နဲ့ ရိပေါ် ရှောင်းကျန့်ဆီ လာခဲ့တာပါ
အိမ်ရှေ့ရောက်တော့ ဝန်းတံခါးကြီးပိတ်ထားတာမို့ ရိပေါ်ဆီမှာရှိတဲ့ သော့နဲ့ဖွင့်ပြီး ဝင်ခဲ့ပါတယ် အိမ်တံခါးလည်း အဲလိုပါပဲ ရိပေါ် သော့လေးတွေကို အဆင့်ဆင့်ဖွင့်ရင်း ပြုံးလိုက်မိပါတယ် ကိုယ့်ကိုကိုယ်လည်း ချီးကျူးမိပါတယ် ရှောင်းကျန့်နဲ့အတူနေတုန်းကတည်းက ရိပေါ်က သော့တွေကို ဆွဲကြိုးလို လုပ်ပြီးဆွဲထားတာပါ လိုအပ်တဲ့အချိန် သော့ရှာစရာမလိုဘဲ ချက်ချင်းဖွင့်နိုင်အောင်လို့လေ ရှောင်းကျန့်နဲ့ လမ်းခွဲပြီးတော့လည်း ရေချိုးချိန်ကလွဲရင် ရိပေါ်အဲဒီ သော့ဆွဲကြိုးလေးကို မဖြုတ်ခဲ့ဘူး ဖြုတ်လိုက်ရင် ရင်ထဲဟာဟာသွားတတ်မို့ ဘယ်သူမှလည်း သတိမထားမိတာမို့ ကိုယ့်စိတ်ကို သက်သာရာ ရစေတဲ့ အဲဒီသော့ ၃ချောင်းပါတဲ့ ဆွဲကြိုးကို ရိပေါ် ဆက်ဆွဲထားဖြစ်တာမို့ အခုလို အိမ်ကို အပြေးပြန်လာချိန် မှာ အဆင်သင့်ဖြစ်သွားတာပေါ့
အိမ်ကိုလှည့်ပတ်ကြည့်လိုက်တော့ အရင်လို ဘာမှ အပြောင်းအလဲမရှိပါဘူး တစ်ခုပါပဲ ရိပေါ်တို့ လက်ထပ်တုန်းက ပုံအရင်က ဧည့်ခန်းမှာ ချိတ်ဆွဲထား ထောင်ထားတာတွေ အများကြီးရှိပေမယ့် အခုတော့ တစ်ခုမှ မရှိတော့ပါဘူး ဖြစ်သင့်ပါတယ် ကိစ္စမရှိဘူး ပုံတွေအများကြီးထပ်ရိုက်မယ် ထပ်ချိတ်ထားမယ် အခန်းတွေကတောင် သန့်ရှင်းသပ်ရပ်နေတာမို့ ခရီးကပြန်ရောက်နေတာ သေချာတယ် အလုပ်သွားတာဖြစ်မယ် ထမင်းစားခန်းထဲဝင်ကြည့်တော့ အကုန်သူ့နေရာသူ ပါပဲ ရေခဲသေတ္တာဖွင့်ကြည့်တော့မှ ဘာမှ မရှိတာ သတိထားမိပါတယ် ဖွင့်တောင်မဖွင့်ထားဘူး တစ်ယောက်တည်းဆိုတော့ အပြင်မှာဘဲ စားသောက်နေတာနေမှာပေါ့ အိမ်မှာဆို အထီးကျန်မှာကိုး ဒီအိမ်ကြီးမှာ ရှောင်းကျန့်ကို ၁၀လကျော်တောင် ပစ်ထားခဲ့မိတာမို့ ကိုယ့်ခေါင်းကို လေးငါးခြောက်ခေါက်လောက် ထုပြီး အပစ်ပေးလိုက်ပါတယ် ညမှောင်လာတော့မှာမို့ မီးဖွင့်ထားရမယ် ရှောင်းကျန့်ပြန်လာရင် အံ့အားသင့်အောင် ရိပေါ် မီးဖွင့်လိုက်တော့ မီးမလာပါဘူး မီးပျက်တယ်လို့ ထင်လိုက်ပေမယ့် ပျက်စရာအကြောင်းမရှိတာကို သတိရတော့ မိန်းခလုတ်တွေဆီလာကြည့်တော့ မိန်းချထားတာမြင်လိုက်ရတာမို့ စိတ်ထဲတစ်မျိုးဖြစ်သွားပါတယ် ခရီးသွားတာ ပြန်မရောက်သေးလို့များလား ပုံမှန်အပြင်သွားနေကျ ရိပေါ်တို့ တစ်ခါမှ မိန်းချလေ့မရှိတာကြောင့်ပါ မိန်းတင်ပြီး အပေါ်ထပ်ကို တက်စောင့်မယ်ဆိုပြီး ရိပေါ်တက်လာခဲ့ပါတယ် အခန်းရှေ့ရောက်တော့
"အချစ် ကျွန်တော် အခု အတူတူနေခဲ့တဲ့ အခန်းရှေ့ရောက်နေပြီ ဒီအခန်းလေးမှာ အတူတူ ထပ်နေကြမယ် ဒီတစ်ခါတော့ ကျွန်တော် ဘယ်တော့မှ ထပ်မသွားတော့ဘူးနော်"
ရှောင်းကျန့်ရှိသလိုမျိုးလေး ရိပေါ်တိုင်တည်ပြီး အခန်းတံခါးသော့လေး ဖွင့်လိုက်ပါတယ် ဖွင့်ဖွင့်ပြီးချင်း ရိပေါ် မျက်လုံးလေးမှိတ်လိုက်ပါတယ် ဒီကျွန်တော်တို့ နှစ်ယောက်ရဲ့ အခန်းထဲမှာ ဘာတွေရှိလဲ ဘယ်နေရာမှာ ဘာထားလဲ ပြန်တွေးကြည့်လိုက်ပါ
" အချစ် ဝင်ဝင်ချင်း တံခါးပေါက် ဘေးမှာ အကန့် ၅ကန့်ပါတယ့် ဘီရိုအဖြူကြီးရှိတယ် အချစ်က ၂ကန့် ကျွန်တော် က ၂ကန့် ထည့်ကြတာလေ အလပ်က မှန်ပါတဲ့အကန့်ကို နှစ်ဦးဆိုင် ပစ္စည်းလေးတွေ အချစ်စမ်းတဲ့အချိန် အချစ်သုံးတတ်တဲ့ တစ်ဘက်အသေးလေးတွေတို့ ဇစ်အိတ်တို့ အဲဒီထဲမှာ အစီအရီ ခေါက်ထည့်ထား ကျွန်တော် မှတ်မိသေးတယ် အဲဒီ ဘီရိုရဲ့ဘေးမှာ စာအုပ်စင် အသေးလေးရှိတယ် ဘီရိုရှေ့မှာ ကျွန်တော်တို့ အတူအိပ်တဲ့ KingSize မွေ့ရာနဲ့ ကုတင်ကြီးရှိတယ် ကုတင်ဘေးမှာ မှန်တင်ခုံရှိတယ် ကုတင်ခြေရင်းမှာ TV DVD စက် Wi-Fiစက်ရှိတယ် အဲဒီအထက်က နံရံပေါ်မှာ ကျွန်တော်တို့ လက်ထပ်တုန်းက ရိုက်ထားဓါတ်ပုံအကြီး ၂ပုံရှိတယ် တစ်ပုံက ကိုယ်တစ်ပိုင်းပုံ တစ်ပုံက တစ်ကိုယ်လုံးအပြည့်ပုံ အခန်းထောင့်နားလေးမှာ အချစ်အလုပ်လုပ်တဲ့ စားရေးစားပွဲနဲ့ ထိုင်ခုံလေးရှိတယ် ကျွန်တော် အားလုံးမှတ်မိ သေးတယ် အချစ်နေရာတွေ ရွေ့ထားသေးလား ကျွန်တော် ကြည့်လိုက်မယ်နော် "
တစ်ယောက်တည်းပြောပြီး ရိပေါ် ကျေနပ်စိတ်နဲ့ မျက်လုံးဖွင့်ကြည့်လိုက်ပါတယ် မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ရိပေါ် အရမ်းထိတ်လန့်ကြေကွဲသွားပါတယ် ဘာလို့လဲဆိုတော့ အခန်းထဲမှာ ဘာဆိုဘာမှ မရှိပါဘူး အခန်းအလွတ်ကြီးသပ်သပ် ဖြစ်နေတာ ဘီရိုက အစ အကုန်ထုတ်ပစ်ထားတာပါ မဖြစ်ဘူး ဒီအခန်းကြီးရှင်းပစ်လိုက်သလို အချစ်က ကျွန်တော့်ကို သူ့ဘဝထဲ ရှင်းထုတ်လိုက်ပြီလား ကျွန်တော်နဲ့ ပတ်သတ်တာ ဘာဆိုဘာမှမကျန်အောင် အချစ်က စိတ်ဖြတ်လိုက်ပြီလား တွေးရင်းနဲ့ ဝမ်းနည်းလာတာမို့ ရိပေါ် အခန်းလွတ်ထဲမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပါတယ် အခန်းကို ဝေ့ဝိုက်ကြည့်ပြီး ဝမ်းနည်းစိတ်ကို ထိန်းမရတာမို့ မျက်ရည်တွေကျလာပါတယ်
"အချစ် ကျွန်တော့်ကို ပြင်ဆင်ခွင့်ပေးမယ် မလား ဒီအခန်းလို အချစ်ရဲ့ဘဝထဲက ကျွန်တော့်ကို ရှင်းမထုတ်ဘူးမလား "
ရုတ်တရက် သတိရသွားတာမို့ အလွတ်ရနေတဲ့ ရှောင်းကျန့် ရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်ပါတယ် ဘယ်နှစ်ခါနှိပ်နှိပ် မရပါဘူး အခုတော့ ရိပေါ် ဝဋ်လည်ပါပြီ ရိပေါ်ထွက်သွားတုန်းက ဘာမှ ပြောချင်စိတ်မရှိလို့ ဖုန်းတွေ ပိတ်ပြီး ကဒ်အသစ်ပြောင်းလိုက်တာ ဖုန်းကအစ အသစ်ဝယ်ပြီး ဖုန်းအဟောင်းကို လုံးဝပိတ်ထားခဲ့တာ အဲဒီအချိန်တုန်းက ရှောင်းကျန့်က ရိပေါ်ကို ထပ်ခါ ထပ်ခါ ဖုန်းဖွင့်နိုး ဖွင့်နိုးနဲ့ ဘယ်လောက်ထိတောင် ပူလောင်နေရမလဲ......ခုလို လုပ်ခဲ့မိတဲ့ကိုယ့်ကိုကိုယ် စိတ်တိုလွန်းလို့ ဖုန်းလည်းကိုင်ပေါက်လိုက်ပါတယ် ကိုယ့်ကိုကိုယ် အပြစ်ပေးတဲ့အနေနဲ့ နံရံကို ပြင်းပြင်းထန်ထန် လက်ကနေသွေးတွေ စီးကျလာတဲ့အထိ ထိုးလိုက်ပါတယ် ခေါင်းကိုပါ နံရံနား အားရပါးရ ၃ချက်လောက်စောင့်လိုက်ပါတယ် နဖူးက သွေးတွေစီးကျလာတော့မှ
"မင်းက ဒီလို နာကျင်ဖို့ ထိုက်တန်တယ် ရိပေါ်"
လို့လည်း ကိုယ့်ကိုကိုယ် ပြောလိုက်ပါတယ် ပြီးတော့ ဘာမှမရှိတဲ့ ဒီအခန်းလေးရဲ့ ကြမ်းပြင်မှာပဲ ရိပေါ် လဲအိပ်လိုက်ပါတယ် လူမပင်ပန်းပေမယ့် စိတ်ပင်ပန်းတာကြာခဲ့ပြီမို့ အနွေးထွေးဆုံး အခန်းလေးထဲပြန်ရောက်တဲ့အခါမှာ ရိပေါ် ရှောင်းကျန့်ကို တမ်းတရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်
ရိပေါ် အိပ်ရာကနိုးတော့ နေတော်တော်တောင် မြင့်နေပါပြီ ဘာမှမရှိတဲ့အခန်းလေးက ရိပေါ်ကို စိတ်လုံခြုံမှု နွေးထွေးမှုတွေ အပြည့်ပေးနိုင်ခဲ့တာပါ နိုးလာတော့ ရိပေါ် ရေချိုးခန်းထဲသွား ဘာမှမရှိပေမယ့် ရေနဲ့ပဲ မျက်နှာသစ် ပလုပ်ကျင်း လိုက်ပါတယ် ရေထိတော့ မနေ့က နံရံကို ထိုးထားတဲ့လက်ကတော်တော် နာတာ ပိုသိသာလာပါတယ် လက်ကိုကြည့်လိုက်တော့ တော်တော်ယောင်နေတာပါ ဒါပေမယ့်
" မင်း ဒီလောက် ဖြစ်တာနည်းတောင် နည်းသေးတယ် ဒီထက်တောင် မင်းကို အပြစ်ပေးရမှာ" လို့ကိုယ့်ကိုကိုယ် အသံထွက် ပြန်ပြောလိုက်ပါ စိတ်ထဲကတွေးမိတယ် ရိပေါ်ရဲ့လက်က ရိပေါ်ကို ပြန်ပြောတယ်
"ငါနဲ့ဘာဆိုင်လို့တုန်း အပြစ်ပေးချင်ရင် ခြေထောက်တွေ အပြစ်ပေး အဲဒီကောင်တွေက ရှောင်းကျန့်ကို ထားပြီး ထွက်သွားတာလေ" တဲ့
"အောင်မာ မင်းက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတာလေ မင်းက နံပါတ်တစ် တရားခံ ခြေထောက်က နံပါတ်၂ တရားခံ လျှာရှည်တဲ့ပါးစပ်နဲ့ သွားတွေက နံပါတ် ၃ တရားခံ ငါကတော့ တရားခံဂိုဏ်းချုပ်ကြီးပေါ့ကွာ" လို့ စိတ်ထဲကနေ အတွေးနဲ့ အမေးအဖြေတွေ လုပ်ရင်း ကိုယ့်ကိုကိုယ် တရားခံအဖြစ် သတ်မှတ်နေတဲ့ ရိပေါ်ပါ မျက်နှာသစ်ပြီး အိမ်မှာ ပစ္စည်းတွေ ပြန်ယူ ဒီအခန်းလေးကို ပြင်ဆင်ပြီး ရှောင်းကျန့်မလာမချင်း ဒီကစောင့်မယ်ဆိုပြီး ရိပေါ် အခန်းထဲကအထွက်
" ဟိတ် လက်တွေကို မြောက်ထားလိုက်ပါ တစ်ခုခု လုပ်ဖို့ ကြံစည်ရင် ကျွန်တော်တို့က ပစ်ရပါလိမ့်မယ်"
"ဗျာ"
ရိပေါ် အံ့အားသင့်ပြီး ကြည့်လိုက်တော့ မမြင်ဖူးတဲ့ အန်တီကြီးတစ်ယောက် ရယ် ရဲနှစ်ယောက်ရယ်ပါ ရဲက ရိပေါ်ကို သေနတ်နဲ့ချိန်ထားပြီး အန်တီကြီး
"သူပါ အိမ်ကို ကျူးကျော်ဝင်ပြီး အခန်းထဲအိပ်နေတာသူပါ အခန်းထဲက နံရံမှာလည်း သွေးတွေ တွေ့ပါတယ် ဘယ်နေရာ ဘာလုပ်လာတဲ့တရားခံလည်း မသိပါဘူးရှင် ဒါကြောင့် ကျွန်မဖုန်းဆက်ခေါ်ထားတာပါ"
" သံသယဖြစ်ဖွယ် လူကို လက်ထိပ်ခပ်လိုက်ပါ"
ရဲတစ်ယောက်က သေနတ်နဲ့ချိန်ထားရင်း နောက်ရဲတစ်ယောက်ကို ရိပေါ်ကို လက်ထိပ်ခတ်ဖို့ ပြောလိုက်ပါတယ် ရဲတစ်ယောက်က ရိပေါ်ကို လက်ထိပ်ခတ်ရင်း ပါးစပ်ကနေ
"နေအိမ်ကျူးကျော် ဖောက်ထွင်းမှုနဲ့ သံသယရှိတဲ့အတွက် ဖမ်းဆီးရခြင်း ဖြစ်ပါတယ် ခင်ဗျားအနေနဲ့ တိတ်တိတ်နေပိုင်ခွင့် ရှိတယ် ရှေ့နေခေါ်ပိုင်ခွင့်ရှိတယ်" ဘာညာ ဘာညာဆိုပြီး ရဲလုပ်ထုံးလုပ်နည်းတွေ ပြောပြီး ရိပေါ်ကို လက်ထိပ်လာခတ်ပါတယ် ရိပေါ် ပြုံးလိုက်ပါတယ် စိတ်ထဲကနေ
'အချစ် ကျွန်တော်က ကိုယ့်ကိုကို စိတ်ထဲက တရားခံအဖြစ် သတ်မှတ်တုန်း ကံကြမ္မာက ကျွန်တော့်ကို လက်ထိပ်လာခတ်နေပြီ ထိုက်တန်တာမို့ ကျွန်တော် အပြစ်ခံယူလိုက်ပါဦးမယ် ရှင်းပြလို့ရပေမယ့် ကျွန်တ်ောမရှင်းတော့ဘူး'
ရိပေါ် ရဲစခန်းကို အေးအေးဆေးဆေး လိုက်သွားလိုက်ပါတယ် ရဲစခန်းရောက်တော့လည်း မေးတာတွေ မဖြေဘဲနဲ့
"ကျွန်တော့် နံမည် ဝမ်ရိပေါ် ကျွန်တော့်ကိုဖမ်းလာတဲ့ အိမ်ရဲ့ အိမ်ပိုင်ရှင်က ရှောင်းကျန့် သူ့ကို ဆက်သွယ်ကြည့်လိုက် သူက ကျွန်တော် အဲဒီအိမ်ထဲဝင်တာ အပြစ်ရှိတယ်ဆိုရင် ကျွန်တော့်ကို ကြိုက်သလောက်ဖမ်းထား ကျွန်တော်နေမယ် အချုပ်ပဲချချ ထောင်ပဲချချ ကျန်တာတော့ ကျွန်တော် ဘာမှ မပြော တော့ဘူး"
အဲဒါပြောပြီး ဘယ်သူဘာမေးမေး ပေကပ်ပြီး ရိပေါ် ဘာမှမပြောတော့ပါဘူး နှစ်နာရီလောက် အကြာမှာ ဟောက်ရွှမ်းနဲ့ကျိရန် ရဲစခန်းထဲ အလောတကြီး ဝင်လာပြီ ရိပေါ် ကိုလာထုတ်ပေးကြတာပါ
သူတို့နဲ့ ပြန်လာတဲ့ လမ်းမှာ ကျိရန်က
"မင်းသူတို့ကို မင်းနဲ့ရှောင်းကျန့် လက်ထပ်ထားတဲ့အကြောင်း ပြောပြီး ရှင်းပြလိုက်ပါလား ခုလို စခန်းရောက် ဘာညာ မဖြစ်တော့ဘူးပေါ့"
"ငါက ထုတ်မပြချင်တာပါ ဒီနိုင်ငံမှာက ယောက်ျားလေးချင်း တရားဝင်လက်ထပ်ခွင့်မရှိတာ မင်းတို့လဲ သိသားနဲ့ အခုရှောင်းကျန့်က ယောက်ျားလေးဘဝနဲ့ နေတော့မှာဆိုတော့ ငါကြောင့် သူ့ကို မထိခိုက်စေချင်ဘူး လာတဲ့သူတွေက လည်း ရဲတွေဆိုတော့လေ အရေးကြီးဆုံးကတော့ ငါကိုယ်တိုင်က သူ့ကို ထိခိုက်ဝမ်းနည်း စေခဲ့လို့ အပြစ်ဒဏ်ခံချင်နေတာနဲ့ ငါလည်း လိုက်သွားတာ ငါက သူ့ကို စိတ်ဒုက္ခရောက်စေတဲ့သူမို့ ငါက တရားခံပဲလေ ဒါနဲ့ငါလည်း စိတ်ထဲက ခံစားရတဲ့ အပြစ်စိတ်လေး ရော့သွားအောင် အဖမ်းခံလိုက်တာ ငါနည်းနည်းများ အတွေးခေါင်သွားလား"
ရိပေါ်စကားအဆုံး ဟောက်ရွှမ်းက လက်သီးထောင်ပြပြီး
" အပြစ်စိတ်လျော့သွားအောင် ငါထပ်ထိုးပေးရမလား လူလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးခန်းတစ်ခါတည်း ဝင်မယ် မင်းအတွေးအခေါ်တွေကလည်း ငါတို့တောင် လိုက်မမှီတော့ဘူး ဒါနဲ့များ ရှောင်းကျန့်ကို မုန်းသလေး ဘာလေးနဲ့ သူ့အကြောင်းဘာမှလာမပြောနဲ့ဆိုတာ ဘယ်ကကောင်လဲ ပြောကို မပြောချင်ဘူး"
ဟောက်ရွှမ်းအပြောကြောင့် ရိပေါ် တချက်ငြိမ်သွားပါတယ်
"မင်းတို့ငါ စခန်းရောက်နေမှန်း ဘယ်လိုသိတာလဲ"
"မနေ့က မင်းကိစ္စနဲ့ ရှောင်းကျန့်အိမ်သွားတော့ သူပြန်မရောက်သေးဘူး ငါတို့ပြန်အထွက် လမ်းမှာ မင်းကို ဆိုင်ကယ်ကြီးနဲ့ မြင်လိုက်တာ သူမရောက်သေးမှန်းသိရင် မင်းလည်း သိသွားမှာပဲဆိုပြီး ငါတို့လှမ်းပြီးဖုန်းမဆက်တော့တာ ဒါပေမယ့် ဒီနေ့ မင်းဆီဖုန်းဆက်တာမရလို့ အဲဒီအိမ်မှာများ ကိုယ့်ကိုကိုယ် တစ်ခုခု လုပ်လိုက်မှာ စိုးရိမ်ပြီးလိုက်တာ ရောက်တော့ အိမ်သန့်ရှင်းရေးလုပ်တဲ့အန်တီကြီးက သူစိမ်းအိမ်ထဲဝင်ကျူးကျော်တာမို့ ရဲလက်အပ်လိုက်တယ်ဆိုတာ ကြားပြီး လိုက်လာတာ"
"အင်း ငါ့အရမ်းအ ခဲ့တာပါ ဘာမဟုတ်တဲ့ သတ်မှတ်ချက်တွေကို တွေးပြီး ရှောင်းကျန့်ကို ထားခဲ့မိတာ တကယ်တော့ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဘာမှအရေးမကြီးပါဘူး ကိုယ့်ဘဝရဲ့ ပျော်ရွှင်စိတ်ချမ်းသာရာလေး ဖြစ်ရင် အရာရာ ပြည့်စုံနေပြီကို ငါ ဘာတွေဘယ်လိုစဉ်းစားလိုက်မှန်း ပြန်တွေးကြည့်ရင် ကိုယ့်ကိုကိုယ်တောင် သတ်ပစ်ချင်တယ် အခုကတော့ ရှောင်းကျန့်ကို မချစ်ရသေးလို့ ရှောင်းကျန့်နဲ့ချစ်ဖို့ ကိုယ့်ကိုကိုယ် ချမ်းသာပေးထားတာ ငါက တော်တော် စိတ်ပျက်စရာကောင်းခဲ့တဲ့လူပဲ"
ရိပေါ် စကားကြောင့် ကျိရန်
"အဲလိုတော့ လည်း ဘယ်ဟုတ်ပါ့မလဲ ရိပေါ်ရယ် ဖြစ်တတ်ပါတယ် အချိန်မှီသိပြီး မင်းအချိန်မှီ ပြင်ဆင်လို့ရသေးတာပါကို အတိတ်ကို အတိတ်မှာထားခဲ့လိုက် အနာဂတ်ကို အကောင်းဆုံး ပုံဖော်ကြလေ"
"အင်းပါ"
"မင်းကို ဘယ်ပို့ပေးရမလဲ"
"ရှောင်းကျန့်အိမ်ပဲပို့ပေး အိမ်ရှင်းတဲ့ အဒေါ်ကြီးကို အကျိုးအကြောင်းမေးပြီး ပြောပြစရာရှိတာပြောပြပြီး ငါရှောင်းကျန့်အိမ်ပေါ် ပြန်တက်နေတော့မယ် သူပြန်လာရင် ချက်ချင်းတောင်းပန်လို့ရအောင်"
ရှောင်းကျန့်အိမ်ပြန်ရောက်တော့ အဒေါ်ကြီးကို ရိပေါ်တို့ရဲ့ လက်ထပ်စာချုပ်လေးရယ် ရှောင်းကျန့်နောက်ဆုံးပေးခဲ့တဲ့ ယောက်ျားလေးသွင်ပြင်နဲ့ ဓါတ်ပုံကို ထုတ်ပြပြီး အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ် အန်တီကြီးက အသက်သာကြီးတာ ရိပေါ်တို့အကြောင်းလည်း ပြောပြလိုက်ရော ပါးစပ်တောင် စိမရဘူး ပြုံးဖြီးနေတာများ ရိပေါ်တို့ကို တတ်နိုင်သမျှ သူကူညီမယ်ဆိုပဲ အခုခက်တာက ရိပေါ်သိသလောက် ရှောင်းကျန့်က (၂)နှစ်ကျော်မှ ဒီပြန်လာလာမှာမို့ အိမ်ရှင်းတဲ့အန်တီကြီးကို ၃ရက်တစ်ခါ သေချာလာရှင်းပေးဖို့ (၂)နှစ်စာ ဌားထားတာဆိုပဲ ကိစ္စမရှိဘူး ရှောင်းကျန့်ဘယ်သွားလဲ စုံစမ်းပြီး လိုက်ရှာမယ် ပြန်လာမယ့် အစီအစဉ်ရှိသေးတာမို့ တော်သေးတယ် အခုလောလောဆယ် ဒီမှာနေဖို့ home decoration service ကို ဖုန်းဆက်မှာပြီး အရင်က ရှိပေါ်တို့နှစ်ယောက်ရဲ့ အခန်းလေးကို ပြင်ဆင်ပေးဖို့မှာလိုက်ပါတယ် ရိပေါ်က ကွန်ဒိုပြန်ပြီး အဝတ်ထုတ်တွေ ပြန်သိမ်း လက်ဒဏ်ရာနဲ့ နဖူးဒဏ်ရာ ဆေးခန်းဝင်ပြ ဆေးထည့်ပြီး အရင်လို ရှောင်းကျန့်အိမ်ပေါ် ပြန်တက်လာခဲ့ပါပြီ
" အချစ် ခင်ဗျားက မရှိပေမယ့် အိမ်လေးကတော့ ခင်ဗျားရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် နွေးထွေးနေသေးတုန်းပဲ ပြန်လာမယ် မလား ကျွန်တော် ခင်ဗျားကို လာရှာခေါ်လှည့်မယ်"
ကိုယ့်Plan နဲ့ ကိုယ် အားလုံး OKနေပါတယ် ထူးဆန်းနေတာ တစ်ခုပါ အရင်တုန်းက အက ခန်းမ က တံခါးတွေကို ကုဒ်နဲ့ထည့်ဖွင့်ရတဲ့ Lock နဲ့ ခတ်ထားတာမို့ ဝင်ကြည့်လို့မရတာပါ အန်တီကြီးကို မေးတော့လည်း ဒီအခန်းထဲတော့ ဝင်ပြီး သန့်ရှင်းရေးလုပ်စရာမလိုတာမို့ တစ်ခါမှ ဝင်မကြည့်ဖူးဘူးတဲ့ အရင် အစ်ကိုလေး ရှောင်းကျန့် ခရီးမသွားခင်ကတော့ ဒီအခန်းထဲကနေ ထွက်ထွက်လာမြင်မိတယ်လို့ပဲ ပြောပါတယ်
Passcode က ဘာဖြစ်မလဲ
ရှောင်းကျန့် မွေးနေ့ ထည့်ကြည့်တယ် မရဘူး မဟုတ်သေးဘူး
ရိပေါ်မွေးနေ့လည်း မရပါဘူး ဘာဖြစ်နိုင်လည်း ရှောင်းကျန့်မှာ ဘာလျှို့ဝှက်ချက်တွေရှိသေးလဲ ရိပေါ်တို့လက်ထပ်တဲ့ရက်လည်းထည့်ကြည့်တာ မဟုတ်ပါဘူး ရှောင်းကျန့်ဘာ ကိန်းဂဏန်းတွေ ကြိုက်တတ်လည်း စဉ်းစားကြည့်လိုက်ပါတယ်
ရုတ်တရက် အရင်က အကြောင်းအရာကို သတိရသွားတယ်
{ ရှောင်းကျန့်ကို ကမ်းခြေမှာ အလှပုံလေးတွေ ရိုက်ပေးနေတုန်း ဖုန်းက lockကျသွားတာမို့
"အချစ် ဖုန်း password ပြော lockကျသွားလို့"
" 222422"
"အချစ် ဘာအထိမ်းအမှတ် ကိန်းဂဏန်းလဲ"
"မပြောပြဘူး"
"ဘယ်သူ့မွေးနေ့လည်း ဘာနဲ့ဆိုင်တာလည်း ကျွန်တော်နဲ့ မဆိုင်တာတော့ သေချာတယ် "
ပြောရင်း ရိပေါ်နှုတ်ခမ်းက ဘဲနှုတ်ခမ်းဖြစ်လာပါပြီ
"ဘဲပေါက် မင်းနဲ့မဆိုင်ဘူးလို့ ဘာလို့ပြောတာလဲ ငါနဲ့ပတ်သတ်သမျှက မင်းနဲ့ဆိုင်တာကြီးပဲ"
"အခုတစ်ခုကတော့ သေချာတယ် ကျွန်တော်နဲ့ မပတ်သတ်ဘူး"
"ဟား....ဟား......我 爱 你 王 一 博 "
"Password ကိစ္စအငြင်းပွါးနေတာကို စကားလှမ်းကြောင်းမလွဲနဲ့"
"မလွဲပါဘူး 我 爱 你 王 一 博 ကို Pinyin နဲ့ ရေးမယ်ဆိုရင် Wo Ai Ni Wang Yi Bo ပထမတစ်လုံး Wo က 2 ဒုတိယတစ်လုံး Ai ကလည်း 2 Ni ကလည်း 2 Wang Yi Bo ကတော့ 422 အားလုံးပေါင်းလိုက်တော့ 222422 အဲဒီကိန်းကဏန်းလေး ရိုက်လိုက်တိုင်း ငါ့ပါးစပ်က 我 爱 你 王 一 博 လို့ပြောပြီးသားပဲ ခဏခဏ ရိုက်ဖြစ်ရင် ခဏခဏ မင်းကို 我 爱 你 王 一 博လို့ပြောနေပြီးသားပဲ ကျေနပ်လား ရိပေါ်"
"အား...အချစ်က လည်း အရမ်းချုပ်တတ်တာပဲ ကျွန်တော်တော့ ဒီနေ့ပျော်လွန်းလို့ အိပ်တောင် ပျော်ပါ့မလား မသိဘူး"}
အရင်ကအကြောင်း ပြန်ပြောင်းတွေးမိတော့ ရိပေါ်နှလုံးသားလေး နွေးကနဲပါပဲ
လက်က လည်း 222422ကို မရဲတရဲနှိပ်ကြည့်လိုက်ပါတယ်
"ကလစ်"လို့ အသံလေးမြည်ပြီး အခန်းတံခါးလေး ပွင့်သွားပါတယ်
အခန်းထဲကို ဝင်သွားလိုက်တဲ့အခါမှာ မြင်လိုက်ရတာကြောင့် .........................
Continuer la Lecture
Vous Aimerez Aussi
31.2K 1.4K 25
တိုက်တန်တဲ့ လူတိုင်းအတွက် ဒုတိယအခွင့်အရေးဆိုတာရှိတယ်..
253K 3.4K 14
𝘏𝘪𝘪!! 𝘐 𝘩𝘢𝘷𝘦 𝘢 𝘧𝘪𝘳𝘴𝘵 𝘨𝘦𝘯𝘴𝘩𝘪𝘯 𝘪𝘮𝘱𝘢𝘤𝘵 𝘰𝘯𝘦𝘴𝘩𝘰𝘵 𝘣𝘰𝘰𝘬, 𝘩𝘰𝘸𝘦𝘷𝘦𝘳 𝘪𝘵𝘴 𝘯𝘰𝘵 𝘵𝘩𝘦 𝘣𝘦𝘴𝘵 𝘸𝘰𝘳𝘬 :/ 𝘏𝘦...
107K 8.7K 29
Wang Yibo: Ge Ge!! သား ကို မွ မွ ပေးလို့!! Xiao Zhan: မပေးဘူးကွာ နှာဗူး Wang Yibo: အဲ့ဒါဆို သား ငိုမှာနော် Xiao Zhan: ငိုလိုက်လေ.. ငိုရင် အိမ်ပြန်ပို...
5.3K 1K 29