Whatever You Are

Od Blacksheep303

52.9K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... Více

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are - Zawgyi (16)

90 9 0
Od Blacksheep303

ရိပေါ်နဲ့ ရှောင်းကျန့်လက်ထပ်ထားတာ တစ်နှစ်တောင်ကျော်လာခဲ့ပါပြီ ရှောင်းကျန့်ရဲ့ အသက်(၂၉) ကျော်ပြီ သူ့ရဲ့ စကားအရဆိုရင် သူ့အသက် ၃၁နှစ်ပြည့်ရင် အကန့်အသတ်မရှိ တံခါးမရှိ ဓားမရှိ အတားအဆီးမရှိ မင်္ဂလာဦးရတော့မှာမို့ ရိပေါ် ကတော့ ကျေနပ်ပါတယ် စောင့်ရမယ့်အချိန်က သိပ်မကျန်တော့ဘူးဆိုပေမယ့် တစ်နှစ်ကျော် နှစ်နှစ်နီးပါး လိုနေတော့လည်း ခက်တယ် ရိပေါ်လည်း ကျောင်းပြီးပြီမို့ Racer အဖြစ်ရပ်တည်မယ်လို့ စိတ်ကူးပြီး Training တွေ ဆင်းနေပါတယ်
အိမ်ထောင်သက် တစ်နှစ်ကျော်အတွင်း အချစ်စမ်းရုံလေးနဲ့တင် ရိပေါ်မှာ ကျေနပ်နေရတာပါ ကျေနပ်တာလို့ ပြောပေမယ့် အချိန်ပြည့် ဘယ်လိုသိမ်းပိုက်ရမလဲတော့ ကြံစည်နေတာပေါ့ ကြံရာမရတဲ့အဆုံး သူငယ်ချင်းတွေကို တိုင်ပင်ရတာပေါ့ သူငယ်ချင်းတွေက ပြောမနာဆိုမနာ ပွင့်ပွင့်လင်းလင်းပြောပြမိတော့ သူငယ်ချင်းတွေက လက်ထပ်ပြီးမှ ဥပုသ်စောင့်နေရတဲ့ ရိပေါ်အကြောင်းကို သိတော့ ခွက်ထိုးခွက်လန် ရီကြပါတယ်

"ဟား... သူများတွေက လက်မထပ်ခင်ကတည်း က ညားနေကြတာ မင်းကတော့ လက်ထပ်ပြီးတာတောင် မညားသေးပါလား"

ဆိုပြီး ဟောက်ရွှမ်းက ဟားပါတယ် ယွီပင်းကတော့ စဉ်းစားပြီး

"ကျန့်ကျန့်က ထူးဆန်းလိုက်တာ မင်းကို မချစ်တာလည်းမဟုတ် ပြီးတော့ လက်တောင်ထပ်ထားပြီးသားကို ဥပုသ်စောင့်ခိုင်းထားတယ် သူ့မိသားစု ပြဿနာက တော်တော်ကြီးလို့လား မသိဘူး ဒါပေမယ့် မိသားစု ပြဿနာနဲ့ ရိပေါ်ကို ဥပုသ်စောင့်ခိုင်းထားတာနဲ့တော့ ဆိုင်မယ် မထင်ဘူး တစ်ခုခုတော့ တစ်ခုခုပဲ"

အားလုံးက တစ်ယောက်တစ်မျိုးနဲ့ ဝိုင်းပြောနေကြတော့ ရိပေါ် စိတ်မရှည်ဖြစ်လာပြီး

"မင်းတို့ကို ငါ ဥပုသ်မစောင့်ချင်လို့ အကြံဥာဏ်တောင်းနေတာ ဝေဖန်ရေး လေကန်ရေး လုပ်ခိုင်းနေတာ မဟုတ်ဘူး"

ရိပေါ် စကားဆုံးတော့ ဟောက်ရွှမ်းက

"ရိပေါ် မင်းတို့အခန်းထဲမှာ TV နဲ့ DVD စက်ရှိလား"

"ရှိတယ်"

"ရှိရင် ဒီလိုလုပ် ငါအကြံပေးမယ် 18+ ဇာတ်ကားတစ်ခုဝယ်သွားကွာ တူတူဇာတ်လမ်းကြည့်ရအောင်ဆိုပြီး ကြည့်ကြလေ ဇာတ်ကားထဲ ဟိုလိုဇာက်ကွက်တွေပါလာရင် အဲဒါနဲ့ရောချပြီး တောင်းဆိုကွာ"

"ဖြစ်ပါ့မလား ငါ့ကို အဲလို ကြည့်နေကျသမားလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ"

"ထွက်ထားတဲ့ကားလေးတစ်ခုရှိတယ် သူက 18+ အသားပေးမဟုတ်ဘူး ဇာတ်လမ်းအသားပေးထဲမှာမှ 18+အခန်းတွေ ပါတာကွာ ဇာတ်လမ်းလည်းမဆိုးဘူး"

"ဘာကားတုန်း"

"A Frozen Flower ဆိုတဲ့ ကိုးရီးယားကား မသိမသာနဲ့ ပါတာကွာ ဇာတ်လမ်းသဘော အရ မို့ ဟိုလို 18+ပါတာဆိုတော့ မင်းအတွက် အဆင်ပြေလိမ့်မယ် ရိပေါ်"

သူငယ်ချင်းတွေ အကြံပေးတဲ့အတိုင်း လုပ်ဖို့ ရိပေါ်ဆုံးဖြတ်လိုက်ပါတယ် စုန့်ကျိရန်က ယုတ်တိရှိအောင် "ချက်ချင်းကြီး အဲဒီကား မပြသေးနဲ့ကွာ ညတိုင်း နှစ်ယောက်တည်း movie date program လေးလုပ်ရအောင်ဆိုပြီး တခြားactionတို့ comedy တို့ဘာတို့နဲ့ အရင် အစပျိုးထားလိုက်ကွာ ၄ရက်လောက်တူတူ ကြည့်ပြီးပြီဆိုမှာ ဇာတ်လမ်းကောင်းတယ်လို့ သူငယ်ချင်းတွေက ပြောတယ်ဆိုပြီး ကြည့်ကြကွာ "

"အေး မင်းပြေတဲ့အကြံမဆိုးဘူး"

"ငါတို့အကြံ အထမြောက်ပြီး ငါတို့ ရဲ့ လူပျိုတစ်ပိုင်းရိပေါ်ကြီး ဖြောင့်ဖြောင့်တန်းတန်း အမှန်အကန် အိုနိုင် ပါစေကွာ"

သူငယ်ချင်းတွေကိုပေးတဲ့အကြံအတိုင်း ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ တနေ့တာ ညပိုင်းအစီအစဉ်မှာ Home Movie Date Program လေးထည့်ထားတာ အခုဆိုရင် တစ်ပတ်တောင်ရှိပါပြီ သူငယ်ချင်းတွေထက်ပိုပြီး သဘာဝကျအောင် ခုချိန်ထိ သူတို့ပြောတဲ့ကား မကြည့်ရသေးပါဘူး စနေနေ့မှ ကြည့်ဖို့ ရိပေါ်က ရည်ရွယ်ထားတာ ဒါမှ နောက်ရက် တနင်္ဂနွေဆိုတော့ ရှောင်းကျန့် ရှောင်ပြေးလို့မရမှာ

ဒီနေ့က စနေနေ့ဆိုတော့ ရိပေါ် စိတ်လှုပ်ရှားနေပါပြီ ကိုယ့်ကိုကိုယ်လည်း အားတွေ ဖြည့်ထားတယ် ရှောင်းကျန့် မသိအောင် ကြက်ဥတွေ ဌက်ပျောသီးတွေ နွားနို့တွေလည်း တစ်ပတ်လည်း သေသေချာချာစား သေသေချာချာ သောက်ထားပါတယ် ဒါမှ စိတ်သွားတိုင်းကိုယ်ပါအောင်လို့ ဒိုက်ထိုးတာလည်း ရေချိုးခန်းထဲမှာ ခဏခဏ ကျင့်ထားတယ် ကဲ ဘာလိုသေးလဲ အစီအစဉ် အောင်မြင်ဖို့ပဲ ကျန်ပါတော့တယ်

ထုံးစံအတိုင်း ညစာစားပြီး ၈နာရီထိုးတာနဲ့ ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ Home Movie Date မှာ A Frozen Flower ကားလေးစ ကြည့်လိုက်ကြပါတယ်။ ( စာဖတ်သူများ A Frozen Flower ကားကို အရင်ကြည့်ကြပါနော် ဒါမှ ပိုနားလည် မှာမို့ပါနော်)

ဇာတ်လမ်းအစမှာ မင်းသားက မင်းကြီးရဲ့ ကိုယ်ရံတော်ပါ မင်းကြီးက Gay ဖြစ်ပြီးတော့ မင်းသားနဲ့ကြိုက် နေကြတာပါ  ဟိုကောင်တွေ အချွန်နဲ့မလိုက်ပြီလားမသိပါဘူး ဘယ်လိုလုပ် Gay ကားဖြစ်နေတာလဲ ကွက်ကွက်ကွင်းကွင်း မဟုတ်ပေမယ့် မင်းကြီးနဲ့ မင်းသားရဲ့ Sex လုပ်တဲ့အခန်းတွေလည်း ပါပါတယ် အရင် မျက်နှာပူနေရတာ ရှောင်းကျန့်မဟုတ်ပဲ ရိပေါ်ဖြစ်နေပါတယ်

" ဇာတ်လမ်းကလည်း ဘာလို့လဲ မသိပါဘူး ကောင်းတယ်လို့ သူငယ်ချင်းတွေက ပြောလို့"

"ရတယ် ရိပေါ် ကိစ္စမရှိဘူး ဇာတ်လမ်းသဘောအရ ပဲကို ဒါနဲ့မင်း ယောက်ျားလေးနှစ်ယောက် ကြားက အချစ်ကို ဘယ်လိုမြင်လဲ"

"ဘယ်လိုမှ မမြင်ပါဘူး ဒါပေမယ့် ကျွန်တော်နားမလည်ဘူး ဘာလို့များ ယောက်ျားလေးချင်း ချစ်ကြိုက် ရတာလဲလို့  ဆန့်ကျင်ဘက်ကိုပဲ စိတ်ဝင်စားသင့်တာကို ဒါပေမယ့်လည်း ကိုယ့်ဘဝနဲ့ ကိုယ်ဆိုတော့ ကျွန်တော် ကတော့ သူများကို မဝေဖန်ပါဘူး ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့ ကျိရန် နဲ့ ဟောက်ရွှမ်းလည်း ကြိုက်နေတာပဲ နားမလည်ပေမယ့် ကျွန်တော်က သူများကို မကဲ့ရဲ့ မရှုံ့ချပါဘူး "

" မင်း အမြင်နဲ့ အယူအဆ က မဆိုးပါဘူး မျှတပါတယ် မင်း တနေ့နေ့မှာ ယောက်ျားလေးတစ်ယောက်ကို ချစ်မိသွားရင် မင်းနားလည်းမှာလား"

"အချစ် ဟာသတွေ တော်တော်ပြောတာပဲ ချစ်စရာလား ကျွန်တော်က အချစ်ကိုပဲ ချစ်တာ ပြီးတော့ ကျွန်တော်က Straight စစ်စစ် ရေမရောဘူး"

"ဟွန့်.... ပြီးတာပါပဲ "

ဇာတ်လမ်းကြည့်နေရင်းနဲ့ ဇာတ်လမ်းထဲက ပြဿနာက မင်းကြီးက ဘုရင်တို့ရဲ့ ထုံးစ့အတိုင်း မိဖုရားရှိနေတာပါ မင်းကြီးက Gay မို့ မိဖုရားကြီးကို လက်ဖျားနဲ့တောင် မထိပါဘူး ဒါပေမယ့် မိဖုရားကြီးရဲ့ တိုင်းပြည်ဖက်က နန်းမွေ အတွက် ဖိအားပေးလာတာပါ ဘုရင်ကြီးက မိဖုရားကြီးရဲ့ ခမည်းတော်ကို လွန်ဆန်နိုင်တဲ့အင်အား မရှိပါဘူး မိဖုရားကြီးကလည်း ချစ်လို့ယူထားတာမျိုးမဟုတ်တာရယ် မင်းကြီးGay ဆိုတာကိုရိပ်မိတော့ ဘယ်လိုပဲဖြစ်ဖြစ် နန်းမွေဆက်ခံမယ့်ကလေး  ရအောင် စီစဉ်ပေးဖို့သာ ပြောပါတယ် ဒါကြောင့် မင်းကြီးက သူအယုံကြည်ရဆုံး ယောက်ျားဖြစ်တဲ့ သူ့ချစ်သူ ကိုယ်ရံတော် မင်းသားကို မိဖုရားကြီးနဲ့ ကလေးရတဲ့အထိ အိပ်ပေးဖို့ တစ်နည်းအားဖြင့် Sex လုပ်ပေးဖို့ တာဝန်ပေးတာပါ မဟုတ်ရင်လည်း တနည်းနည်းနဲ့ စီစဉ် လို့ ရပေမယ့် ထီးနန်းဆက်ခံမယ့်သူမို့ တခြားသူရဲ့ သွေးသား မဖြစ်စေချင်တာ သူချစ်ရသူရဲ့ သွေးသားဆိုရင် ထီးနန်းဆက်ခံခိုင်းရတာ ပိုကောင်းမှာဆိုတဲ့ မင်းကြီးရဲ့အတွေးပေါ့ ပထမတော့ မင်းသားက လက်မခံပေမယ့် နောက်တော့ မင်းကြီးရဲ့ အခက်အခဲကို သိတော့ လက်ခံပြီး မင်းသမီးနဲ့ အတူအိပ်ဖို့ လက်ခံလိုက်တာပါ

အဲဒီမှာ သူငယ်ချင်းတွေ ပြောသလို 18+ အခန်းတွေပါလာပါတယ်

ချစ်သူတွေ မဟုတ်တော့ စတင်ရတာ အဆင်ပြေအောင် မင်းသမီးက သူ့အဝတ်အစားတွေကို ချွတ်ပေးပါတယ်

အဲဒီမှာ ရိပေါ်ယောင်ပြီး ထွက်သွားတာက

"မင်းသမီးရဲ့ ရင်သားလေးတွေက သေးလိုက်တာ"

"ရိပေါ် မင်းက ရင်သားတွေ ကြီးမှ ကြိုက်တာလား မကြီးရင် မကြိုက်ဘူးလား"

"မသိဘူးလေ"

"ဒါဆို မင်းသမီးရဲ့ ရင်သားတွေက သေးလိုက်တာလို့ ဘာလို့ပြောလည်း"

"ဒီလိုပဲ ထွက်သွားတာပါ သေးသေးကြီးကြီး အချစ်ရဲ့ ကျွန်တော်က တစ်ခါမှ မစမ်းကြည့်ဖူးတော့ ဘယ်ဟာပိုကြိုက်လဲ ဘယ်သိပါ့မလဲ"

" မင်းက စမ်းသပ်ချင်သေးတာပေါ့ ဟုတ်လား ကြိုက်တဲ့မိန်းမသွားစမ်း ပြန်မလား မင်းကြိုက်တဲ့ Size မင်းသွားရွေး ပြန်မလာနဲ့ သွား"

"ဟာ အချစ်ကလည်း ကျွန်တော်က အချစ်ကို စမ်းချင်လို့ပြောတာလေ ကျွန်တော် ကြိုက်တဲ့ Size က အချစ်ရဲ့ Sizeပေါ့ "

" အပိုတွေ လာမပြောနဲ့ "

"တကယ်ပြောတာ အချစ်ရဲ့ လာပါ ဇာတ်ကားဆက်ကြည့်ရအောင်"

ကြည့်နေရင်းနဲ့ ရှောင်းကျန့်က မဝံ့မရဲ ပြန်မေးလာပြန်ပါတယ်

"ရိပေါ် မင်းတကယ် အဲလို ရင်သား အပြည့်နဲ့ မိန်းမမျိုးမှ ချစ်မှာလား မင်းအဲလိုမှ ကြိုက်မယ်ဆိုရင်လည်း ကြိုပြောနော် အရင်တုန်းက မင်းပြောခဲ့သလို မင်းငါ့အတွက် ဖြတ်ဖောက်ချုပ်လုပ်ပေးနိုင်တယ်လို့ ပြောခဲ့သလို ငါလည်းမင်းအတွက် ခွဲစိတ်ပြုပြင်ဖို့ ဝန်မလေးဘူးနော်"

" အချစ်ကလည်း ကျွန်တော်က ဘာရယ်လို့မဟုတ်ပါဘူး အချစ်ဖြစ်ရင်ပြီးရော အချစ်က Original လိမ္မော်သီး Sizeဆို ကျွန်တော်က လိမ္မော်သီး စားမှာပေါ့ အချစ်က သံပုရာသီးဆိုလည်း ကျွန်တော်က သံပုရာသီးလေးကြိုက်မှာပေါ့"

"ရိပေါ် ငါ အမှန်အတိုင်းပြောရမလား"

"ပြောလေ... အချစ်"

"ငါကလေ ဖရဲသီးတော့ ဖရဲသီးပဲ ဒါပေမယ့် ဖရဲသီးအစေ့"

"ဟား....ဟား....ဟား.... အချစ်က ဟာသလုပ်တတ်တာပဲ ဘာဖြစ်ဖြစ်ရတယ်ဗျာ ဖရဲသီးအစေ့ ဆိုလည်း ကျွန်တော်က ကွာစေ့လို သဘောထားပြီး စားမယ်ဗျာ အခုကျွေးမလား"

"ဘာတွေ လျောက်ပြောနေတာလဲ ရိပေါ် နာချင်ပြီလား"

"လုပ်ပါဗျာ အချစ်ကလည်း အခုဆို ၂၉နှစ်တောင် ပြည့်ပြီးပြီ ၃၀ ပြည့်တော့မှာပဲကို ကျွန်တော့ကို စေတနာ မရှိဘူးလား"

"တော်ပြီ ရိပေါ် တော်ပြီ ....ဇာတ်လမ်းကြည့် ဇာတ်လမ်းကြည့်"

ဇာတ်လမ်း ဆက်ကြည့်နေတုန်း မှာ ဇာတ်လမ်းထဲမှာ မင်းသားက မင်းကြီးကို မဟုတ်ဘဲနဲ့ မင်းသမီးကို ချစ်မိသွားတာပါ အဲဒါကြောင့် ခိုးပြီး ချိန်းတွေ့ကြ မင်းကြီးမသိအောင် ခိုးပြီးSexလုပ်ကြတာတွေ ပါလာပါတယ် ဒါကိုမြင်တော့ ရိပေါ်က ရှောင်းကျန့်ကို

"မြင်လား အချစ် ယောက်ျားလေးနှစ်ယောက်ကြားက အချစ်က တကယ်ကြာရှည်မခံလောက်ပါဘူး အခုလိုမျိုး မိန်းကလေးနဲ့ ထိတွေ့မိသွားရင် အထိအတွေ့ မတူဘူးလေ ယောက်ျားနဲ့ မိန်းမ အသိသာကြီးကွာခြားတာကိုး ယောက်ျားလေးတွေမှာ စွဲမက်စရာဘာမှ မရှိဘူးလေ ကိုယ့်ကိုကိုယ် အချိန်မရွေး မှန်ထဲသွားကြည့်တောင် မြင်နေရတဲ့အတိုင်း မြင်တွေ့ရမှာ ထိတွေ့ရမှာကိုး  မိန်းကလေးနဲ့ဆိုရင် ကိုယ်နဲ့မှ မတူတာ အဲဒါမှ Sexလုပ်တဲ့အခါ Attraction ဖြစ်ပြီး သာယာမှာပေါ့ ယောက်ျားလေးအချင်းချင်းက တပ်မက်စရာမရှိဘူးလေ"

"ရိပေါ်  မင်းက တကယ်အဲလိုထင်တာပေါ့"

"ထင်တာမဟုတ်ဘူး အချစ် ကျွန်တော်က မှန်တာတွေပြောနေတာ ဇာတ်လမ်းထဲမှာပဲကြည့်လေ မင်းသားသာ မင်းကြီးကို တကယ်ချစ်ခဲ့ရင် မင်းသမီးနဲ့ Sex လုပ်မယ့်ကိစ္စ ငြင်းရမှာလေ မငြင်းကတည်း တစ်မျိုးပဲ မသိတော့ဘူး"

"ဟောက်ရွှမ်းနဲ့ကျိရန် လည်း တွဲနေကြတာပဲလေ သူတို့ကိုရော"

"အာ သူတို့ကြားထဲလည်း ကောင်မလေး မဝင်လာသေးလို့ထင်တာပဲ ဝင်လာခဲ့ရင်တော့ ကောင်မလေးနောက်ပဲ ပါသွားလောက်တယ်"

"မင်းက ယောက်ျားလေးတစ်ယောက် က ယောက်ျားလေးတစ်ယောက်ကို ရေရှည်မချစ်နိုင်ဘူးထင်တယ်ပေါ့"

"အင်း ကျွန်တော်ကတော့ အဲဒီလို ထင်နေတာပဲ"

ရိပေါ်ရဲ့ စကားအဆုံး ရှောင်းကျန့် မျက်နှာလေးညှိုးသွားတာ သတိထားမိပါတယ် သူနဲ့ကျွန်တော်နဲ့ အမြင်မတူလို့ စိတ်မကောင်း ဖြစ်သွားတာနဲ့တူတယ်

ဇာတ်လမ်းထဲမှာ မင်းသမီး နဲ့ မင်းသား Sex ခိုးလုပ်တာ မင်းကြီးက မိအောင်ဖမ်းပြီး မင်းသားကို ကုန်းကုန်းဖြစ်အောင် လုပ်လိုက်ပါတယ် ဒါကြောင့် မင်းသားနဲ့ မင်းသမီး Sex လုပ်လို့မရတော့ပါဘူး ကုန်းကုန်းဖြစ်သွားတဲ့ မင်းသားနဲ့ မင်းကြီးလည်း Sex လုပ်လို့မရပါဘူး ဒါပေမယ့် မင်းကြီးက မင်းသားကို ဆက်ပြီး ရွေးချယ်ပြီး သူ့ဆီ ပြန်လာဖို့ အခွင့်အရေးပေးပေမယ့် မင်းသားက အဆုံးထိမင်းသမီးကို ပဲရွေးချယ်သွားတာပါ

ဇာတ်လမ်းလည်း ပြီးရော ရှောင်းကျန့်က ရိပေါ် အမြင်ကို မေးပါတယ်

"ကျွန်တော်ရဲ့ အမြင်က ယောက်ျားလေးတွေက နောက်ဆုံးမှာတော့ မိန်းကလေးတွေကို ရွေးချယ်တယ်လို့ မြင်တယ်"

"မင်းက အဲလိုမြင်တယ် ငါကတော့ အဲလို မမြင်ဘူး အချစ်ကို ရွေးချယ်ကြတာပဲ မြင်တယ် မင်းသား မင်းသမီးကို ရွေးတာ မိန်းမမို့ Sex လုပ်လို့ အဆင်ပြေလို့မဟုတ်ဘူး နောက်ဆုံးသူ့ဆီမှာ Sex လုပ်စရာ ညီလေးမရှိတော့တာတောင် မင်းသမီးကို ရွေးတာ ချစ်လို့ အချစ်နဲ့ sex က အမြဲဒွန်တွဲနေတာ မဟုတ်ဘူးလို့ မြင်တယ် ဒါကြောင့် မင်းကြီးကလည်း နောက်ဆုံးအချိန်ထိ မင်းသားကို ပြန်လာဖို့ မျော်လင့်နေတာ Sexအတွက်မဟုတ်ဘူး အချစ်အတွက်ဘဲ ငါက တော့ ယောက်ျားမိန်းမဆိုတာထက် အချစ်ကို ရွေးချယ်တာလို့ မြင်တယ် မင်းလည်း အချစ်ကို ရွေးချယ်တတ်ဖို့ ငါမျော်လင့်တယ်"

"အာ ကျွန်တော်က အချစ်ကို ရွေးချယ်ထားပြီးပြီ အချစ်ကသာ ကျွန်တော့်ကို မရွေးချယ်သေးတာ ကျွန်တော်တို့ ဒီနေ့ Sex and Love တစ်ထပ်တည်း ကျလို့မရဘူးလား ချစ်ကြရအောင်လေ အချစ်"

ပြောလည်းပြော ရိပေါ် ရှောင်းကျန့်ကိုဆွဲဖက်ပြီး ချစ်တင်းနှောဖို့ ကြိုးစားလိုက်ပါတယ် ရှောင်းကျန့် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဒီနေ့တော့ အပိုင်သိမ်းမယ် ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ အတင်းဆွဲချစ်မိတာပါ မမျှော်လင့်ဘဲ အဲဒီအချိန်မှာ ရှောင်းကျန့်က ရှိုက်ကြီးတငင် အရမ်းကို ငိုပါတယ် ငိုတာမှ ဝမ်းနည်းတကြီးနဲ့ကို ငိုတာပါ ဘာမေးမေး မေးလို့မရအောင် ငိုနေတာမို့  ရိပေါ်လက်လျော့လိုက်ရပါတယ်

"အချစ် မငိုနဲ့လေ ကျွန်တော်ရှေ့မဆက်ပါဘူး မငိုနဲ့တော့ ကျွန်တော့်ကို မပေးနိုင်လည်း ကျွန်တော်မယူပါဘူး ကျွန်တော့်မှာလည်း မာနရှိပါတယ်"

"ရိပေါ် ငါမပေးချင်ဘူး မင်းထင်နေလို့လား ငါ မင်းတောင်းဆိုတိုင်း ဘယ်လောက်ထိခိုက်နာကျင်ရလည်း မင်းသိမှာ မဟုတ်ဘူး ငါက မင်းနဲ့ နေချင်ပါတယ် ဒါပေမယ့် ........"

ရှောင်းကျန့် ဆက်မပြောဘဲ ငိုပဲငိုနေတာပါ ဒါကြောင့်ရိပေါ်လည်း

"အချစ် ကျွန်တော် အချစ်ကို စိတ်ဆိုးတာ မဟုတ်ဘူး နားမလည်တာ ကျွန်တော်ကလည်း အချစ်မို့ လိုချင်တာ မပေးလည်းမယူပါဘူး စိတ်ချလက်ချ အိပ်ပါ"

လို့ပြောပြီး အခန်းထဲက စိတ်ဆိုးပြီးထွက်လာခဲ့မိပါတယ် ကျွန်တော် အချစ်ရှောင်းကျန့်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး ဒါပေမယ့် အလျော့ပေးပါတယ် ဒီတစ်ခါတော့ နည်းနည်း စိတ်မကောင်းဖြစ်မိတာကြောင့် အခန်းထဲပြန်မဝင်တော့ဘဲ အောက်ထပ်က ဧည့်သည်အခန်းကို ဆင်းအိပ်လိုက်ပါတယ် မခွဲချင်ပေမယ့် ဒီတစ်ခါ တော်တော် စိတ်မကောင်းဖြစ်မိလို့ပါ ဒါက လက်ထပ်ပြီးနောက် ပထမဆုံး ချစ်ဖို့ကြိုးစားရင်းနဲ့ ခွဲအိပ်မိတဲ့အထိ ဖြစ်သွားတဲ့ ညလေးပါပဲ...

Pokračovat ve čtení

Mohlo by se ti líbit

554K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
5.1K 312 8
''ကောကော '' ''ချီးကိုကောကောလိုက်''
202K 7.5K 104
ကျွန်တော့်ရင်ထဲကို ဘာလို့တစ်ခါ‌လောက်‌တောင် မြင်အောင်မကြည့်တာလဲ ဟင် .... ကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်လျက် ကျန့်ကော ခင်ဗျားကို ချစ်မိခဲ့လို့...
16.5K 630 46
Uchiha Sasuke is a 16-year-old boy possessing a highly twisted way of thinking... he drives people who want to be his friends away with his aloof and...