My Master (Completed) (Z+U)

By Aeri-Berry

28.5K 2.1K 125

သူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျ... More

My Master-1 (Z+U)
My Master-2 (Z+U)
My Master-3 (Z+U)
My Master-4 (Z+U)
My Master-5 (Z+U)
My Master-6 (Z+U)
My Master-7 (Z+U)
My Master-8 (Z+U)
My Master-9 (Z+U)
My Master-10 (Z+U)
My Master-11 (Z+U)
My Master-12 (CY's POV) (Z+U)
My Master-13 (Z+U)
My Master-14 (Z+U)
My Master-15 (Z+U)
My Master-16 (Z+U)
My Master-17 (Z+U)
My Master-18 (Z+U)
My Master-19 (Z+U)
My Master-20 (Z+U)
My Master-21 (Z+U)
My Master-22 (Z+U)
My Master-23 (Z+U)
My Master-25 (Z+U)
My Master-26 (Z+U)
My Master-27 (Z+U)
My Master-28 (Z+U)
My Master-29 (Z+U)
My Master-30 (Z+U)
My Master-31 (Z+U)
My Master-32 (Z+U)
Finale
ကျေးဇူးတင်လွှာ
Extra (Christmas Special)
Notice ❗❗❗

My Master-24 (Z+U)

638 53 0
By Aeri-Berry

(Unicode)

"ဒီနေ့ပန်းချီပြပွဲသွားမှာမလား Baekhyun"

နှစ်ယောက်လုံး မနက်သင်တန်းတွေမရှိကြဘူးမလို့ မနက်စာကိုအေးဆေးစားနေကြရင်း Luhanကစကားစလာသည်။

"ဟုတ်တယ် ငါ 10ခွဲလောက်သွားလိုက်မလို့ မင်းရောမသွားဘူးလား"

"ငါကမင်းလောက်ပန်းချီကိုဝါသနာမပါဘူးလေ ပြီးတော့ဖိတ်စာကလည်းတစ်စောင်ထဲရထားတာ"

"ဟုတ်ပြီလေ အာ့ဆိုလည်းအိမ်မှာအေးဆေးနားပေါ့"

မနက်စာစား အိမ်အလုပ်လုပ်စရာရှိတာတွေလုပ် နှင်းဆီတွေရေလောင်းပြီးတာနဲ့ ပန်းချီပြပွဲသွားဖို့အဝတ်လဲတော့သည်။ ပန်းချီပြပွဲသွားမှာမလို့ မီးခိုးရောင်ဘောင်းဘီရှည်နဲ့ ရှပ်လက်တိုအဖြူကိုသပ်သပ်ရပ်ရပ်ဝတ်လိုက်သည်။

"ငါသွားတော့မယ်နော် Luhan ဘာဝယ်ခ့ဲပေးရဦးမလဲ"

"ရပြီ ဘာမှမှာစရာမရှိတော့ဘူး"

ကျနော်လည်း Taxiငှားပြီး Gallery Kကိုလာခဲ့လိုက်သည်။ Luhanပြောပုံအရတော့ Gallery Kကဖွင့်ထားတာ တစ်န‌ှစ်လောက်ပဲရှိသေးတာတဲ့။

Gallery Kရောက်တော့ Taxiပေါ်ကနေဆင်းကာ Gallery Kကိုအကဲခတ်မိသည်။ ဆိုးလ်မြို့၏နေရာကောင်းမှာတည်ဆောက်ထားသည့်အပြင် အဆောက်အအုံကတော်တော်ခမ်းနားကာ ပတ်ဝန်းကျင်မှာလည်း အပင်တွေစိမ်းစိမ်းစိုစိုနဲ့သာယာလှသည်။ ပြတိုက်၏ အဝင်ဝနားမှာတော့ Gallery Kဟူပြီး ကျနော်အရပ်နှစ်ပြန်စာကျောက်တုံးကြီးပေါ်တွင် ကြီးကျယ်စွာထွင်းထုထားလေသည်။

ကျနော်လည်း Gallery K၏ဝင်ပေါက်ကိုသွားကာ ဖိတ်စာကိုပြလိုက်တော့ အလွယ်တကူပဲဝင်ခွင့်ရသွားသည်။ အဆောက်အုံကအပြင်ပန်းမှာတင်ခမ်းနားတာမဟုတ် အတွင်းပိုင်းမှလည်း စည်းစနစ်ကျကျနဲ့ဖွဲ့စည်းထားသည်မလို့ အရမ်းကိုခမ်းနားသည်ထက်ပိုနေသည်။

ပန်းချီတွေကတော့ ပန်းချီဆရာတစ်ဦးတည်းရဲ့လက်ရာတွေမဟုတ်။ တက်သစ်စပန်းချီဆရာများ၏ ပန်းချီတွေကိုပြထားခြင်းဖြစ်သည်။
ကျနော်ကိုယ်တိုင်ကပန်းချီဆရာတစ်ဦးဖြစ်နေလို့လားမသိ။ ပန်းချီကားတစ်ချပ်ချင်းစီ၏ဆိုလိုရင်းအနက်ကိုမြင်နေရသည်။

ပန်းချီတွေပြထားသည့်အကန့်တခုစီရောက်တော့ ကျနော်တခုသတိပြုမိသွားရသည်။ ဒီအကန့်မှာပြထားတာတွေသည် အများစုကရှုခင်းပုံပန်းချီကားတွေဖြစ်ပြီး ရှုထောင့်ယူပုံက ကျနော့်အတိုင်းဖြစ်သည်။ ကျနော်လည်းသဘောတကျနဲ့ ပန်းချီကားတွေကိုခံစားနေရင်း ပန်းချီကားတစ်ချပ်စီရောက်တော့ ထိုပန်းချီကားကကျနော့်အာရုံကိုလုံးဝဖမ်းစားလိုက်နိုင်သည်။

ပန်းချီကားက မျက်ဝန်းတစ်စုံရဲ့ပုံသာဖြစ်သည်။ သို့သော်ထိုမျက်ဝန်းတစ်စုံသည် စူးရှခက်ထန်နေကာ ဩဇာအာဏာအပြည့်ပေးနိုင်သည့်ဟန်။ တောဘုရင်ခြင်္သေ့တစ်ကောင်နှယ် ဘာမှမကြောက်မရွံ့ဘဲ အမိန့်ပေးခိုင်းစေနိုင်သည့်ဟန် အကြည့်မျိုး၊ သိမ်းငှက်တကောင်နှယ် သားကောင်ကိုရှာနေသည့်ဟန်စူးရှသည့်အကြည့်မျိုးဖြစ်သည်။ ဒီမျက်ဝန်းတွေကိုမြင်တာနဲ့ ကျနော်ထိုဧည့်သည်ကိုချက်ချင်းသတိရသွားသည်။ သူ့မျက်ဝန်းတွေအတိုင်းပဲ။ကျနော်ခေါင်းခါမိလိုက်သည်။ ဘာလို့ထိုဧည့်သည်အကြောင်းတွေးနေမိပါလိမ့်။

ကျနော်ထိုပန်းချီကားကိုအတန်ကြာကြည့်နေမိသည်။ ဒီမျက်ဝန်းများသည် ခက်ထန်နေပေမယ့် ကျနော့်ကိုလုံခြုံသည့်ခံစားချက်မျိုးပေးစွမ်းနိုင်သည်။ မြွေတစ်ကောင်ညှို့ယူနေသကဲ့သို့ ထိုမျက်ဝန်းများ၏ အကြည့်စူးရှရှသည် ကျနော့်ကိုတစုံတခုအမိန့်ပေးနေသည့်ဟန်ဖြစ်နေကာ ထိုပန်းချီကားဆီမှ ကျနော်အကြည့်မလွဲနိုင်အောင်ဖြစ်နေသည်။

ကျနော်ထိုပန်းချီကားကိုဘယ်လောက်ကြာအောင်ကြည့်နေမိမှန်းမသိ။ ကျနော့်ဘေးကဖြတ်သွားသော ကောင်မလေးတစ်ယောက်ဆီမှ 12နာရီထိုးတော့မယ်ဆိုသော အသံကြားမှသတိပြန်ဝင်လာသည်။

12နာရီထိုးတော့မှာမလို့ Luhanနဲ့နေ့လယ်စာစားရန် ကျနော်အိမ်ကိုအမီပြန်ရတော့သည်။ထိုမျက်ဝန်းပန်းချီကား၏ ပန်းချီဆရာနာမည်ကိုတော့ ကျနော်မဖတ်ခဲ့မိလိုက်ပါ။

ကျနော်တို့အိမ်ရှိတဲ့ရပ်ကွက်ကိုရောက်တော့ Convenience storeတခုကထွက်လာတဲ့ Luhanကိုတွေ့လိုက်ရသည်။ Luhanကိုကျနော်ခေါ်မလို့လုပ်လိုက်ပေမယ့် Luhanနဲ့အတူ အရပ်ရှည်ရှည် မေးရိုးချွန်ချွန်နဲ့လူတယောက်ပါထွက်လာသည်။ သူတို့နှစ်ယောက်စကားတွေပြောကြပြီး ထိုအရပ်ရှည်ရှည်နဲ့လူက Luhanနဖူးကိုနမ်းလိုက်တော့ Luhanရှက်သွားတာကို ကျနော်သေချာမြင်လိုက်ရသည်။

Luhanရည်းစားများလား။ တကယ်တော့ ကျနော်တို့အရွယ်ဟာ ရည်းစားတယောက်လုံးဝကို မရှိမဖြစ်ရှိသင့်တဲ့အရွယ်ပဲမလား။ အသက်သုံးဆယ်တောင်ပြည့်တော့မှာလေ။ Luhanရည်းစားရနေတယ်ဆိုရင်တောင်မဆန်းပါဘူး။

ကျနော်လည်း Luhanကိုစောင့်မနေဘဲ အိမ်အရင်ပြန်လာလိုက်သည်။

Luhanပြန်လာတော့ ကျနော်အိမ်ပြန်ရောက်နေတာကို တွေ့သွားသည်။

"ပန်းချီပြပွဲကဘယ်လိုလဲ Baekhyun"
အိမ်ပြန်ရောက်တာနဲ့ Luhanကအိမ်တံခါးဝမှာဖိနပ်ချွတ်ရင်း ပန်းချီပြပွဲအကြောင်းတီးခေါက်လာတော့

"အရမ်းလက်ရာမြောက်တယ် ငါသဘောကျတယ် Luhan"
Luhanကကျနော့်အဖြေကို သဘောကျသွားသည့်ဟန်ပြုံးသွားပြီးမှ

"ဒါဆိုလည်းနေ့လယ်စာစားကြစို့"

နေ့လယ်စာစားရင်း
"Luhan"

"အင်း Baekhyun"

"ခဏကလေ ငါ Convenience storeမှာမင်းကိုတွေ့လိုက်တယ်"

Luhanကအလန့်တကြီးဖြစ်သွားဟန်ဖြင့် ကျနော့်ကို‌မျက်လုံးပင့်ကြည့်လာတော့

"အဲ့အရပ်ရှည်ရှည်နဲ့တစ်ယောက်က မင်းကောင်လေးလား"

"မ...မဟုတ်ပါဘူး"
စကားတွေထစ်နေပြီ။မှန်‌‌ေနလို့ Luhanရှက်သွားပြီနေမှာ။

"ဟုတ်ရင်လည်း ငါ့ကိုမိတ်ဆက်ပေးဦး"

"မဟုတ်ပါဘူးဆိုနေ!!! "

Luhanရှက်ရမ်းရမ်းပြီးစိတ်‌ဆိုးနေပြီမလို့ ကျနော်ဘာမှဆက်မပြောတော့ဘဲ နေ့လယ်စာသာစားလိုက်တော့သည်။
နေ့လယ်စာစားပြီး ခဏနားပြီးတာနဲ့ပုံမှန်အတိုင်း Moonlightဆီကိုပဲကျနော်လာခဲ့လိုက်သည်။

"Hyung ဒီအမှိုက်ထုပ်တွေခဏသွားပစ်လိုက်ဦးမယ်နော် Tae Seo"

"ကျနော်သွားပစ်ပေးမယ်လေ Hyung"

"ရတယ် ငါပဲသွားပစ်လိုက်မယ်"

"ဂရုစိုက်သွားနော် Hyung"

အမှိုက်တွေပစ်ရတဲ့နေရာက ရပ်ကွက်ထိပ်မှာမလို့ ငါးမိနစ်တော့လမ်းလျှောက်ရသည်။ အမှိုက်ကန်ဆီရောက်တော့ အမှိုက်ထုပ်တွေကိုသူ့အမျိုးအစားနဲ့အတူ‌ေသချာပစ်လိုက်သည်။

"Baekhyun shiဟုတ်တယ်မလား"

ကျနော့်နောက်ဘက်မှအသံကြားတာမလို့ လှည့်ကြည့်မိတော့ ကောင်မလေးတစ်ယောက်။

"ဟုတ်နေတာပဲ Baekhyun shi"

သူမကကျနော့်ကိုသိနေပေမယ့် ကျနော်ကတော့သူမကိုမသိတာမလို့

"အားနာလိုက်တာ ဘယ်သူလဲဆိုတာ ကျနော်မမှတ်မိဘူးဗျ"

သူမကသဘောပေါက်ဟန်ဖြင့်ပြုံးပြကာ
"ကျွန်မနားလည်ပါတယ် Baekhyun shiသတင်းတွေကျွန်မကြားပါတယ် အချိန်ရမယ်ဆိုကျွန်မတို့စကားပြောကြမလား"

"ကျွန်တော်အလုပ်ချိန်မလို့ ဘယ်လိုလုပ်ပေးရပါ့"

"Baekhyun shiအလုပ်ကဘယ်နားမှာလဲ"

"ဟိုရှေ့နားက Moonlightဆိုတဲ့ကော်ဖီဆိုင်လေးမှာပါ"

"ဒါဆိုလည်း ကျွန်မတို့အဲ့ဆိုင်မှာပဲသွားပြောကြတာပေါ့"

ကျနော်လည်းသူမနဲ့အတူ Moonlightဆီလာခဲ့ပြီးနောက် Tae Seoကို
"Tae Seoရေ Hyung ဧည့်သည်လာလို့ခဏလောက်စကားပြောလို့ရမလား"

"ရတယ် Hyung ဆိုင်ထဲလူပါးတဲ့အချိန်ပဲ အေးဆေးပြော"

သူမနဲ့ကျနော်စားပွဲဝိုင်းတခုမှာဝင်ထိုက်လိုက်ပြီးနောက်

"ဘာသောက်မလဲဗျ"
သူမနာမည်ကိုမသိတာကြောင့် ကျနော်အခက်တွေ့နေတော့

"ကျွန်မက Lee Eun Youngပါ Baekhyun shiနဲ့ရွယ်တူပါပဲ"

"ဟုတ်ကဲ့ ဘာသောက်မလဲဗျ Eun Young shi"

"သံပုရာရည်တခွက်ပေးပါ"

"Tae Seoရေ သံပုရာရည်တခွက်လာချပေးနော်"

"ဟုတ်ကဲ့ Hyungရောဘာသောက်ဦးမလဲ"

"မသောက်တော့ဘူး"

"ဟုတ်ကဲ့ ခဏစောင့်ပေးပါ"

"Baekhyun shiသက်သာရဲ့လား အက်စီးဒင့်ဖြစ်တဲ့သတင်းကျွန်မကြားပါတယ်"

"ဟုတ်ကဲ့ ကျနော်တော်တော်သက်သာလာပါပြီ "

"အတိတ်တွေရော သတိမရသေးဘူးလား"

"အတိတ်တွေကတော့ခုထိသတိပြန်မရသေးပါဘူး "

ကျနော်တို့နှစ်ယောက်ကြားအတန်ငယ်တိတ်ဆိတ်သွားပြီးနောက်

"ဒါနဲ့လေ Eun Young shiနဲ့ကျနော်နဲ့ကအရင်က ခင်မင်ခဲ့ဖူးတာလား"

"ခင်မင်တဲ့အထိတော့မရောက်‌ခဲ့ဘူး သိကျွမ်းရုံပဲလို့ပြောရမလားဘဲ သေချာတာကတော့ Baekhyun shiနဲ့ကျွန်မနဲ့က ကောင်းသောပတ်သက်မှုမျိုးမရှိခဲ့ဘူး"

"ကောင်းသောပတ်သက်မှု?"
ကျနော်သံယောင်လိုက်မိတော့

"ဟုတ်တယ် Baekhyun shiကကျွန်မကြောင့် အရမ်းနာကျင်ခဲ့ရတာ"

ထိုအချိန်မှာပဲ Tae Seoကသံပုရာရည်လာချပေးသည်။ Eun Youngကသံပုရာရည်ကိုပိုက်နဲ့တငုံသောက်လိုက်ပြီးနောက်

"Baekhyun shiကိုကျွန်မတစ်ခုမေးချင်တယ် Baekhyun shiအခုပျော်နေလား"

"ပျော်နေတယ်လို့ပဲပြောရမှာပေါ့"

သူမကကျနော့်အဖြေအတွက်ပြုံးလိုက်ပြီးမှ

"ဒါဆိုရင်ရပြီပဲ Baekhyun shiပျော်နေရင်သူလည်းပျော်နေမှာ"

"သူ? သူဆိုတာဘယ်သူများလဲ Eun Young shi"

"ရှိတယ် Baekhyun shiပျော်နေရင်နှစ်ဆပိုပျော်မယ့်သူ Baekhyun shiနာကျင်ရင် နှစ်ဆပိုနာကျင်မယ့်သူ Baekhyun shiပင်ပန်းရင် နှစ်ဆပိုပင်ပန်းမယ့်သူ"

"အဲ့သူကဘယ်သူလဲဆိုတာ ပြောပြပေးနိုင်မလား"

"တောင်းပန်ပါတယ် ကျွန်မပြောပြလို့မရလို့ပါ အရေးကြီးတာက Baekhyun shiပျော်အောင်နေဖို့ပဲ"

"ကျနော့်အတိတ်အကြောင်းတွေရော Eun Young shiပြောပြပေးနိုင်မလား"

"ဒါအတွက်လည်း ထပ်ပြီးတောင်းပန်ပါတယ် Baekhyun shiအတိတ်ကနာကျင်စေမှုတွေမှာ ကျွန်မကတစိတ်တစိတ်ပါဝင်ခဲ့ပြီးနာကျင်စေခဲ့လို့ ကျွန်မမပြောပါရစေနဲ့ သူလည်းပြောပြစေချင်မှာမဟုတ်ဘူး"

ကျနော့်အတိတ်ကဘယ်လောက်တောင်များနာကျင်ပင်ပန်းစရာကောင်းခဲ့ပါလိမ့်။

ထိုစဉ်သူမရဲ့ဖုန်းလေးမြည်လာသည်။ သူမဖုန်းကိုင်လိုက်ပြီးနောက်
"ခုလာခဲ့မယ်နော် "

ဖုန်းချပြီးတော့ သူမထိုင်နေရာကနေမတ်တပ်ရပ်ပြီး သူမပိုက်ဆံအိတ်ကိုယူလိုက်ပြီးနောက်

"Baekhyun shi ကျွန်မအမျိုးသားနဲ့သားလေးနဲ့ကစောင့်နေပြီမလို့ ကျွန်မသွားလိုက်ပါဦးမယ်နော် "

ကျနော်လည်းမတ်တပ်ရပ်လိုက်ပြီး
"ဟုတ်ကဲ့ ဖြေးဖြေးပြန်ပါနော်"

"သံပုရာရည်ဖိုးကဘယ်လောက်လဲ"

"ဝမ်******ပါ"

"ကျွန်မကောင်တာမှာပေးခဲ့လိုက်မယ်နော်"

"ဟုတ်ကဲ့ပါ"

သူမလည်း Tae Seoဆီသံပုရာရည်ဖိုးပေးပြီးနောက် ပြန်ထွက်သွားလေသည်။
ကျနော့်မှာတော့ အတွေးတွေတပုံတခေါင်းကြီးနဲ့ကျန်ခဲ့ပြန်သည်။

သူမပြောသွားသော သူကဘယ်သူပါလိမ့်။မဆီမဆိုင်ပင် ထိုဧည့်သည်ရဲ့မျက်နှာကကျနော့်ခေါင်းထဲဝင်လာသည်။ သူမဟုတ်လောက်ပါဘူး။ ထိုဧည့်သည်ဆိုမှ ကျနော်တို့ဆိုင်ကို ထိုဧည့်သည်မလာတာ မိုးရွာတဲ့နေ့ သူ့ကုတ်ပေးသွားတဲ့ရက်ကတည်းကဖြစ်သည်။

နှစ်နှစ်ကြာပြီးနောက် ပထမဆုံးအနေနှင့် ကျနော့်အတိတ်တွေကိုကျနော်ပြန်မှတ်မိချင်လာပြီ။

ညနေရောက်တော့ ကျနော်တို့ဆီဆိုင်ပိုင်ရှင်ဦးလေးကြီးရောက်လာသည်။

"ခုတလော လူပါးတာပဲ သားတို့ဒီနေ့တော့စောစောနားလိုက်တော့" ဟုပြောကာစောစောဆိုင်ပိတ်ခိုင်းသည်။

ကျနော်နဲ့ Tae Seoလည်းဆိုင်သေချာပိတ်ပြီးအိမ်ပြန်လာခဲ့သည်။

အိမ်ရောက်တော့ အိမ်တံခါးကိုခပ်ဖွဖွဖွင့်ပြီး Luhanကို surpriseလုပ်ဖို့ကြံလိုက်ပေမယ့် မထင်မှတ်တာတခုကိုကြားလိုက်ရသည်။

"ဟုတ်ကဲ့ သခင်လေး Baekhyunကအတိတ်တွေကိုအိပ်မက်မက်နေတယ်ထင်တယ် "

Luhanဖုန်းပြောနေတာပဲ။ အပြည့်အစုံပြောရရင် လူတယောက်နဲ့ကျနော့်အကြောင်းကိုပြောနေတာ။

"ဟုတ် ကျနော်အတတ်နိုင်ဆုံးဂရုစိုက်ပေးပါမယ် သခင်လေး"

သခင်လေးတဲ့လား။ သခင်လေးဆိုတာဘယ်သူလဲ။

ကျနော်လည်းအိမ်တံခါးကိုခပ်ဖွဖွပြန်ပိတ်ပြီး ရပ်ကွက်ထဲက ကလေးကစားကွင်းလေးဆီလာကာ ဒန်းတခုပေါ်ထိုင်နေလိုက်သည်။

တကယ်ပဲ ကျနော့်အတိတ်မှာဘာတွေဘယ်လောက်ထိဖြစ်ပျက်ခဲ့လို့ Luhanကဘာတွေဖုံးကွယ်လျှို့ဝှက်ထားရတာလဲ။
Luhanဖုန်းပြောနေတာကိုကြားလိုက်ရတာကြောင့်ရော နေ့လယ်က Eun Youngဆိုတဲ့တယောက်ရဲ့စကားတွေကြောင့်ရော ကျနော်လစ်လျူရှုထားတ့ဲအတိတ်တွေကိုပြန်သိချင်လာပြီ။

ခါတိုင်းလိုပုံမှန်အလုပ်ကနေပြန်ရတဲ့အချိန်လောက်မှ ကျနော်လည်းအိမ်ပြန်သွားလိုက်သည်။

ညစာစားနေကြရင်း

"Luhan ငါပြောစရာရှိလို့"

"ပြောလေ Baekhyun"

"ငါအိပ်မွေ့ချကြည့်တော့မလို့"

ကျနော်ထိုသို့ပြောလိုက်တော့ Luhan ကအရွက်ကြော်ပန်းကန်ထဲက အရွက်ကြော်တွေကိုတူနဲ့ယူနေတာ ရပ်တန့်သွားပြီး ကျနော့်ကိုကြည့်လာကာ

"ဘာလို့လဲ Baekhyun"

"ငါအတိတ်တွေကိုပြန်သိချင်လို့"

"မရဘူး မင်းအိပ်မွေ့မချရဘူး"

"ဘာလို့လဲ"

"အိပ်မွေ့ချလည်း မင်းအတိတ်မှာထူးခြားတာဘာမှမရှိခဲ့ဘူး"

"ဒါပေမယ့် ငါသိချင်တယ်လေ"

"မလုပ်စမ်းပါနဲ့ Baekhyunရာ ပိုက်ဆံအပိုကုန်မယ့်အလုပ်တွေ" ဟုပြောကာထမင်းဝိုင်းမှ Luhanထသွားတော့သည်။

Luhanရဲ့တားမြစ်စကားတေွကြောင့် ကျနော်အတိတ်တွေကိုသိချင်စိတ်ဟာ ဆည်ကျိုးသလိုမျိုးပဲ အဆမတန်တိုးပွားလာရပါတော့သည်။

........................

"Sehun ဒီနေ့Luhanနဲ့တွေ့ခဲ့တယ်မလား"

ညစာစားနေကြရင်း Jonginဆီမှစကားသံထွက်လာသည်။

"ဟုတ် Baekhyun Hyungပုံတွေတောင်ပေးလိုက်သေးတယ် "

ကျနော်လည်း
"ဒီနေ့ညနေ Luhanဖုန်းဆက်လာတယ် Baekhyunကအတိတ်တွေကိုပြန်အိပ်မက်မက်နေတယ်ထင်တယ်တဲ့"

ကျနော့်စကားကြောင့် ထမင်းဝိုင်းသည်ရုတ်ချည်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားရသည်။

"မင်းဘယ်လိုလုပ်မှာလဲ Chanyeol"

"ကျနော်လည်း Luhanကို Baekhyunအိပ်မွေ့မချအောင်သေချာတားဖို့တော့မှာလိုက်တယ် Hyung"

"မင်းသူ့ဆီသွားတာနဲ့များဆက်စပ်နေမလား"

"ငါလည်းအဲ့လိုပဲထင်တယ် Jongin ငါ့ကိုမြင်လိုက်လို့အဲ့လိုအိပ်မက်တွေမက်လာတာထင်တယ်"

"ဘယ်လိုဆက်လုပ်မှာလဲ Hyung"

"သူ့ဆီမသွားတော့ရုံပဲပေါ့ "

"Hyungပင်ပန်းမှုတွေကို ကျနော်ပဲခွဲယူပေးလိုက်ချင်တယ် Hyungရယ်"

"ငါအဆင်ပြေပါတယ် Sehunရဲ့"

Jonginကုမ္ပဏီမှာ ပြဿနာတချို့တက်နေသည်မလို့ မိုးရွာတဲ့နေ့ပြီးကတည်းက ကျနော်Baekhyunဆီမသွားဖြစ်ခဲ့။ မိုးရွာတဲ့နေ့ သူ့ကိုထီးပါလားမေးတော့ သူအူကြောင်ကြောင်လေးဖြစ်သွားသေးသည်။
အပေါ်ဝတ်ကိုတော့ ရှပ်လက်ရှည်အပါးပဲပါလာတယ်ဆိုလို့ ကျနော့်ကုတ်ကိုထားခဲ့ပေးလိုက်သည်။ အအေးမိရင် သူကအနည်းဆုံးသုံးရက်လောက်တော့ဖျားတတ်သည်လေ။

အခုတော့ သူအိပ်မက်တွေမက်တယ်ဆိုတော့ ကျနော်သူ့ဆီမသွားတော့ရုံပဲပေါ့။ အရင်လိုသူ့ဓာတ်ပုံလေးတွေကြည့်ရင်း၊ သူ့ပန်းချီလေးတွေကြည့်ရင်းနဲ့ပဲ အလွမ်းဖြေရတော့မှာပဲ။

~~~My Master~~~

"Byun Baekhyun shiကအတိတ်တွေကိုပြန်မှတ်မိချင်လို့အိပ်မွေ့ချချင်တာနော်"

"ဟုတ်ပါတယ် Dr"

ကျနော့်အတိတ်တွေကိုပြန်မှတ်မိစေရန် ကျနော့်ရဲ့ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကလွှဲပေးလိုက်သော အိပ်မွေ့ချပေးမည့်ဆရာဝန်ဆီရောက်နေသည်။
ကျနော့်ရဲ့ဦးနှောက်နှင့်အာရုံကြောဆရာဝန်ကိုလည်း ကျနော့်သူငယ်ချင်းLuhanက ဒါကိုမသိပါစေနဲ့ဟုတောင်းဆိုခဲ့ရသေးသည်။

အခုဆိုလျှင် ကျောင်းတွေပြန်ဖွင့်ပြီမလို့ ကလေးတွေရဲ့ပန်းချီအတန်းက စနေ၊တနင်္ဂနွေကိုရောက်သွားပြီး ကျန်တဲ့ရက်တွေမှာတော့ Adult classတွေကိုကျနော်သင်ပေးရသည်။ ကျနော်သင်ပေးရတဲ့ Adult classက 10နာရီကနေ 11နာရီထိသာဖြစ်ပေမယ့် ကျနော်အိပ်မွေ့ချ‌ေပးမယ့်ဆရာဝန်ဆီသွားလို့ရအောင် Luhanကို 12နာရီထိအတန်းရှိသည်ဟုညာထားသည်။ Luhanကကျနော့်ကိုယုံသည်မလို့ သင်တန်းထိလိုက်စုံစမ်းမည့်သူမဟုတ်။

"ဒါဆို Byun Baekhyun shi ကိုအိပ်မွေ့ချကြည့်ပါတော့မယ် ဒီမှာထိုင်လိုက်ပါ"

Drညွှန်ပြတဲ့ခုံမှာထိုင်လိုက်ပြီးနောက်

"Byun Baekhyun shiစိတ်ကိုမတင်းထားပါနဲ့နော် အကြောတွေလျှော့ထားပြီး အခု Drပြတဲ့ချိန်သီးလေးကိုပဲကြည့်နေပါ"

အိပ်မွေ့ချရာမှာသုံးသော ချိန်သီးလေးကိုကျနော်အာရုံစိုက်ကြည့်ပြီး ခဏအကြာမှာတော့ ကျနော့်မျက်လုံးတွေမှေးစင်းလာသည်။

"Byun Baekhyun shiအခုဘယ်ရောက်နေပါသလဲ"

"စာသင်ခန်းလိုမျိုးအခန်းတစ်ခုထဲရောက်နေပါတယ် "

"တခြားလူတွေရောရှိနေလား"

"ကလေးတွေအများကြီးရှိနေပါတယ် မူလတန်းအရွယ်လောက်ကလေးတွေ"

"Byun Baekhyun shiကရောဘာလုပ်နေလဲ"

"ကျနော့်သူငယ်ချင်း Luhanနဲ့စကားပြောနေတာ ကျနော်တို့ကြည့်ခဲ့တဲ့ကာတွန်းကားအကြောင်းပြောနေတာ"

"ပြီးတော့ဘာဆက်ဖြစ်သွားလဲ"

"ကျနော့်လက်စူးခနဲနာသွားတော့ ကျနော်လန့်ပြီးနောက်ကိုကြည့်မိလိုက်တယ်"

"ဘယ်သူရှိနေတာလဲ"

"ကောင်လေးတစ်ယောက်ပဲ သူခေါ်တာမကြားလို့ကျနော့်လက်ကိုခဲတံနဲ့ထိုးလိုက်တာ"

"သူ့မျက်နှာကိုမြင်ရလား"

"မမြင်ရဘူး ဝါးနေတယ် သေချာတာကတော့ သူကျနော့်ကိုဒေါသထွက်နေတာ"

"Byun Baekhyun shiကိုသူဘာပြောလဲ"

"နောက်ခါဆို ငါနဲ့ပတ်သက်ရင်အမြဲသတိကပ်ထား တခြားသူနဲ့စကားပြောနေရင်တောင် ငါခေါ်မှာကိုသတိထားနားထောင်တဲ့ အဲ့လိုပြောသွားတာ"

"ရပါပြီ Byun Baekhyun shi နိုးထလာပါတော့"

လက်ဖျောက်သံတချက်နဲ့အတူ ကျနော်ပြန်နိုးထလာရသည်။

"ရေသောက်လိုက်ပါဦး"

Drကမ်းပေးသောရေခွက်ကိုယူပြီးနောက် ကျနော်တကျိုက်တည်းမော့သောက်လိုက်သည်။

"အဆင်ပြေလား ခေါင်းကိုက်တာခေါင်းမူးတာတွေရှိလား Byun Baekhyun shi"

"မရှိပါဘူး Dr"

"အတိတ်ကိုမြင်တော့ဘယ်လိုထင်လဲ အိပ်မွေ့ချတာဆက်လုပ်ချင်လား တချို့တွေကအတိတ်ကိုပြန်မြင်ရရင်နောင်တရတတ်ကြလို့ပါ"

"ရပါတယ် ကျနော်အိပ်မွေ့ချတာဆက်လုပ်ပါမယ်"

"ဒါဆိုဒီနေ့ကတော့ ဒီလောက်ပဲလုပ်ပါဦးမယ် အစပဲရှိသေးတာမလို့ နောက်တခါအတွက်တော့သောကြာနေ့ဒီအချိန်ပဲလာခဲ့လိုက်ပါ"

"ဟုတ်ကဲ့ Dr ကျေးဇူးပါ"

ကျနော်လည်းအိမ်ကိုပြန်လာခဲ့သည်။ အိမ်ကိုပြန်ရောက်တော့ Luhanကကျနော့်ကိုအပြုံးမပျက်ကြိုဆိုနေပြန်တော့ ကျနော့်လုပ်ရပ်ကမှန်ပါရဲ့လားဟုကိုယ့်ကိုယ်ကိုသံသယဝင်သွားရသည်။

နောက်ရက်တွေအိပ်မွေ့ချရင်ရော ဘာအတိတ်တွေဆက်မြင်ရပါဦးလိမ့်မလဲ။ကျနော့်အတိတ်‌ေတွကိုမြင်ပြီး ကျနော်ခံနိုင်ရည်ရှိပါ့မလား။

............To be continued............

(20.2.2022 Sun) 2တွေကြီးပဲ

အိပ်မွေ့ချတာနဲ့ပတ်သက်ပြီး ကျနော်မရင်းနှီးတာမလို့ တခုခုလွဲချော်ခဲ့သည်ရှိသော် ကျနော့်အမှားသာဖြစ်ပါတယ်နော်

ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးများကြီးပါ💛💛

(Zawgyi)

"ဒီေန႕ပန္းခ်ီျပပြဲသြားမွာမလား Baekhyun"

ႏွစ္ေယာက္လုံး မနက္သင္တန္းေတြမရွိၾကဘူးမလို႔ မနက္စာကိုေအးေဆးစားေနၾကရင္း Luhanကစကားစလာသည္။

"ဟုတ္တယ္ ငါ 10ခြဲေလာက္သြားလိုက္မလို႔ မင္းေရာမသြားဘူးလား"

"ငါကမင္းေလာက္ပန္းခ်ီကိုဝါသနာမပါဘူးေလ ၿပီးေတာ့ဖိတ္စာကလည္းတစ္ေစာင္ထဲရထားတာ"

"ဟုတ္ၿပီေလ အာ့ဆိုလည္းအိမ္မွာေအးေဆးနားေပါ့"

မနက္စာစား အိမ္အလုပ္လုပ္စရာရွိတာေတြလုပ္ ႏွင္းဆီေတြေရေလာင္းၿပီးတာနဲ႕ ပန္းခ်ီျပပြဲသြားဖို႔အဝတ္လဲေတာ့သည္။ ပန္းခ်ီျပပြဲသြားမွာမလို႔ မီးခိုးေရာင္ေဘာင္းဘီရွည္နဲ႕ ရွပ္လက္တိုအျဖဴကိုသပ္သပ္ရပ္ရပ္ဝတ္လိုက္သည္။

"ငါသြားေတာ့မယ္ေနာ္ Luhan ဘာဝယ္ခ့ဲေပးရဦးမလဲ"

"ရၿပီ ဘာမွမွာစရာမရွိေတာ့ဘူး"

က်ေနာ္လည္း Taxiငွားၿပီး Gallery Kကိုလာခဲ့လိုက္သည္။ Luhanေျပာပုံအရေတာ့ Gallery Kကဖြင့္ထားတာ တစ္န‌ွစ္ေလာက္ပဲရွိေသးတာတဲ့။

Gallery Kေရာက္ေတာ့ Taxiေပၚကေနဆင္းကာ Gallery Kကိုအကဲခတ္မိသည္။ ဆိုးလ္ၿမိဳ႕၏ေနရာေကာင္းမွာတည္ေဆာက္ထားသည့္အျပင္ အေဆာက္အအုံကေတာ္ေတာ္ခမ္းနားကာ ပတ္ဝန္းက်င္မွာလည္း အပင္ေတြစိမ္းစိမ္းစိုစိုနဲ႕သာယာလွသည္။ ျပတိုက္၏ အဝင္ဝနားမွာေတာ့ Gallery Kဟူၿပီး က်ေနာ္အရပ္ႏွစ္ျပန္စာေက်ာက္တုံးႀကီးေပၚတြင္ ႀကီးက်ယ္စြာထြင္းထုထားေလသည္။

က်ေနာ္လည္း Gallery K၏ဝင္ေပါက္ကိုသြားကာ ဖိတ္စာကိုျပလိုက္ေတာ့ အလြယ္တကူပဲဝင္ခြင့္ရသြားသည္။ အေဆာက္အုံကအျပင္ပန္းမွာတင္ခမ္းနားတာမဟုတ္ အတြင္းပိုင္းမွလည္း စည္းစနစ္က်က်နဲ႕ဖြဲ႕စည္းထားသည္မလို႔ အရမ္းကိုခမ္းနားသည္ထက္ပိုေနသည္။

ပန္းခ်ီေတြကေတာ့ ပန္းခ်ီဆရာတစ္ဦးတည္းရဲ႕လက္ရာေတြမဟုတ္။ တက္သစ္စပန္းခ်ီဆရာမ်ား၏ ပန္းခ်ီေတြကိုျပထားျခင္းျဖစ္သည္။
က်ေနာ္ကိုယ္တိုင္ကပန္းခ်ီဆရာတစ္ဦးျဖစ္ေနလို႔လားမသိ။ ပန္းခ်ီကားတစ္ခ်ပ္ခ်င္းစီ၏ဆိုလိုရင္းအနက္ကိုျမင္ေနရသည္။

ပန္းခ်ီေတြျပထားသည့္အကန႔္တခုစီေရာက္ေတာ့ က်ေနာ္တခုသတိျပဳမိသြားရသည္။ ဒီအကန႔္မွာျပထားတာေတြသည္ အမ်ားစုကရႈခင္းပုံပန္းခ်ီကားေတြျဖစ္ၿပီး ရႈေထာင့္ယူပုံက က်ေနာ့္အတိုင္းျဖစ္သည္။ က်ေနာ္လည္းသေဘာတက်နဲ႕ ပန္းခ်ီကားေတြကိုခံစားေနရင္း ပန္းခ်ီကားတစ္ခ်ပ္စီေရာက္ေတာ့ ထိုပန္းခ်ီကားကက်ေနာ့္အာ႐ုံကိုလုံးဝဖမ္းစားလိုက္နိုင္သည္။

ပန္းခ်ီကားက မ်က္ဝန္းတစ္စုံရဲ႕ပုံသာျဖစ္သည္။ သို႔ေသာ္ထိုမ်က္ဝန္းတစ္စုံသည္ စူးရွခက္ထန္ေနကာ ဩဇာအာဏာအျပည့္ေပးနိုင္သည့္ဟန္။ ေတာဘုရင္ျခေသၤ့တစ္ေကာင္ႏွယ္ ဘာမွမေၾကာက္မ႐ြံ႕ဘဲ အမိန႔္ေပးခိုင္းေစနိုင္သည့္ဟန္ အၾကည့္မ်ိဳး၊ သိမ္းငွက္တေကာင္ႏွယ္ သားေကာင္ကိုရွာေနသည့္ဟန္စူးရွသည့္အၾကည့္မ်ိဳးျဖစ္သည္။ ဒီမ်က္ဝန္းေတြကိုျမင္တာနဲ႕ က်ေနာ္ထိုဧည့္သည္ကိုခ်က္ခ်င္းသတိရသြားသည္။ သူ႕မ်က္ဝန္းေတြအတိုင္းပဲ။က်ေနာ္ေခါင္းခါမိလိုက္သည္။ ဘာလို႔ထိုဧည့္သည္အေၾကာင္းေတြးေနမိပါလိမ့္။

က်ေနာ္ထိုပန္းခ်ီကားကိုအတန္ၾကာၾကည့္ေနမိသည္။ ဒီမ်က္ဝန္းမ်ားသည္ ခက္ထန္ေနေပမယ့္ က်ေနာ့္ကိုလုံၿခဳံသည့္ခံစားခ်က္မ်ိဳးေပးစြမ္းနိုင္သည္။ ေႁမြတစ္ေကာင္ညွို႔ယူေနသကဲ့သို႔ ထိုမ်က္ဝန္းမ်ား၏ အၾကည့္စူးရွရွသည္ က်ေနာ့္ကိုတစုံတခုအမိန႔္ေပးေနသည့္ဟန္ျဖစ္ေနကာ ထိုပန္းခ်ီကားဆီမွ က်ေနာ္အၾကည့္မလြဲနိုင္ေအာင္ျဖစ္ေနသည္။

က်ေနာ္ထိုပန္းခ်ီကားကိုဘယ္ေလာက္ၾကာေအာင္ၾကည့္ေနမိမွန္းမသိ။ က်ေနာ့္ေဘးကျဖတ္သြားေသာ ေကာင္မေလးတစ္ေယာက္ဆီမွ 12နာရီထိုးေတာ့မယ္ဆိုေသာ အသံၾကားမွသတိျပန္ဝင္လာသည္။

12နာရီထိုးေတာ့မွာမလို႔ Luhanနဲ႕ေန႕လယ္စာစားရန္ က်ေနာ္အိမ္ကိုအမီျပန္ရေတာ့သည္။ထိုမ်က္ဝန္းပန္းခ်ီကား၏ ပန္းခ်ီဆရာနာမည္ကိုေတာ့ က်ေနာ္မဖတ္ခဲ့မိလိုက္ပါ။

က်ေနာ္တို႔အိမ္ရွိတဲ့ရပ္ကြက္ကိုေရာက္ေတာ့ Convenience storeတခုကထြက္လာတဲ့ Luhanကိုေတြ႕လိုက္ရသည္။ Luhanကိုက်ေနာ္ေခၚမလို႔လုပ္လိုက္ေပမယ့္ Luhanနဲ႕အတူ အရပ္ရွည္ရွည္ ေမးရိုးခြၽန္ခြၽန္နဲ႕လူတေယာက္ပါထြက္လာသည္။ သူတို႔ႏွစ္ေယာက္စကားေတြေျပာၾကၿပီး ထိုအရပ္ရွည္ရွည္နဲ႕လူက Luhanနဖူးကိုနမ္းလိုက္ေတာ့ Luhanရွက္သြားတာကို က်ေနာ္ေသခ်ာျမင္လိုက္ရသည္။

Luhanရည္းစားမ်ားလား။ တကယ္ေတာ့ က်ေနာ္တို႔အ႐ြယ္ဟာ ရည္းစားတေယာက္လုံးဝကို မရွိမျဖစ္ရွိသင့္တဲ့အ႐ြယ္ပဲမလား။ အသက္သုံးဆယ္ေတာင္ျပည့္ေတာ့မွာေလ။ Luhanရည္းစားရေနတယ္ဆိုရင္ေတာင္မဆန္းပါဘူး။

က်ေနာ္လည္း Luhanကိုေစာင့္မေနဘဲ အိမ္အရင္ျပန္လာလိုက္သည္။

Luhanျပန္လာေတာ့ က်ေနာ္အိမ္ျပန္ေရာက္ေနတာကို ေတြ႕သြားသည္။

"ပန္းခ်ီျပပြဲကဘယ္လိုလဲ Baekhyun"
အိမ္ျပန္ေရာက္တာနဲ႕ Luhanကအိမ္တံခါးဝမွာဖိနပ္ခြၽတ္ရင္း ပန္းခ်ီျပပြဲအေၾကာင္းတီးေခါက္လာေတာ့

"အရမ္းလက္ရာေျမာက္တယ္ ငါသေဘာက်တယ္ Luhan"
Luhanကက်ေနာ့္အေျဖကို သေဘာက်သြားသည့္ဟန္ၿပဳံးသြားၿပီးမွ

"ဒါဆိုလည္းေန႕လယ္စာစားၾကစို႔"

ေန႕လယ္စာစားရင္း
"Luhan"

"အင္း Baekhyun"

"ခဏကေလ ငါ Convenience storeမွာမင္းကိုေတြ႕လိုက္တယ္"

Luhanကအလန႔္တႀကီးျဖစ္သြားဟန္ျဖင့္ က်ေနာ့္ကို‌မ်က္လုံးပင့္ၾကည့္လာေတာ့

"အဲ့အရပ္ရွည္ရွည္နဲ႕တစ္ေယာက္က မင္းေကာင္ေလးလား"

"မ...မဟုတ္ပါဘူး"
စကားေတြထစ္ေနၿပီ။မွန္‌‌ေနလို႔ Luhanရွက္သြားၿပီေနမွာ။

"ဟုတ္ရင္လည္း ငါ့ကိုမိတ္ဆက္ေပးဦး"

"မဟုတ္ပါဘူးဆိုေန!!! "

Luhanရွက္ရမ္းရမ္းၿပီးစိတ္‌ဆိုးေနၿပီမလို႔ က်ေနာ္ဘာမွဆက္မေျပာေတာ့ဘဲ ေန႕လယ္စာသာစားလိုက္ေတာ့သည္။
ေန႕လယ္စာစားၿပီး ခဏနားၿပီးတာနဲ႕ပုံမွန္အတိုင္း Moonlightဆီကိုပဲက်ေနာ္လာခဲ့လိုက္သည္။

"Hyung ဒီအမွိုက္ထုပ္ေတြခဏသြားပစ္လိုက္ဦးမယ္ေနာ္ Tae Seo"

"က်ေနာ္သြားပစ္ေပးမယ္ေလ Hyung"

"ရတယ္ ငါပဲသြားပစ္လိုက္မယ္"

"ဂ႐ုစိုက္သြားေနာ္ Hyung"

အမွိုက္ေတြပစ္ရတဲ့ေနရာက ရပ္ကြက္ထိပ္မွာမလို႔ ငါးမိနစ္ေတာ့လမ္းေလွ်ာက္ရသည္။ အမွိုက္ကန္ဆီေရာက္ေတာ့ အမွိုက္ထုပ္ေတြကိုသူ႕အမ်ိဳးအစားနဲ႕အတူ‌ေသခ်ာပစ္လိုက္သည္။

"Baekhyun shiဟုတ္တယ္မလား"

က်ေနာ့္ေနာက္ဘက္မွအသံၾကားတာမလို႔ လွည့္ၾကည့္မိေတာ့ ေကာင္မေလးတစ္ေယာက္။

"ဟုတ္ေနတာပဲ Baekhyun shi"

သူမကက်ေနာ့္ကိုသိေနေပမယ့္ က်ေနာ္ကေတာ့သူမကိုမသိတာမလို႔

"အားနာလိုက္တာ ဘယ္သူလဲဆိုတာ က်ေနာ္မမွတ္မိဘူးဗ်"

သူမကသေဘာေပါက္ဟန္ျဖင့္ၿပဳံးျပကာ
"ကြၽန္မနားလည္ပါတယ္ Baekhyun shiသတင္းေတြကြၽန္မၾကားပါတယ္ အခ်ိန္ရမယ္ဆိုကြၽန္မတို႔စကားေျပာၾကမလား"

"ကြၽန္ေတာ္အလုပ္ခ်ိန္မလို႔ ဘယ္လိုလုပ္ေပးရပါ့"

"Baekhyun shiအလုပ္ကဘယ္နားမွာလဲ"

"ဟိုေရွ႕နားက Moonlightဆိုတဲ့ေကာ္ဖီဆိုင္ေလးမွာပါ"

"ဒါဆိုလည္း ကြၽန္မတို႔အဲ့ဆိုင္မွာပဲသြားေျပာၾကတာေပါ့"

က်ေနာ္လည္းသူမနဲ႕အတူ Moonlightဆီလာခဲ့ၿပီးေနာက္ Tae Seoကို
"Tae Seoေရ Hyung ဧည့္သည္လာလို႔ခဏေလာက္စကားေျပာလို႔ရမလား"

"ရတယ္ Hyung ဆိုင္ထဲလူပါးတဲ့အခ်ိန္ပဲ ေအးေဆးေျပာ"

သူမနဲ႕က်ေနာ္စားပြဲဝိုင္းတခုမွာဝင္ထိုက္လိုက္ၿပီးေနာက္

"ဘာေသာက္မလဲဗ်"
သူမနာမည္ကိုမသိတာေၾကာင့္ က်ေနာ္အခက္ေတြ႕ေနေတာ့

"ကြၽန္မက Lee Eun Youngပါ Baekhyun shiနဲ႕႐ြယ္တူပါပဲ"

"ဟုတ္ကဲ့ ဘာေသာက္မလဲဗ် Eun Young shi"

"သံပုရာရည္တခြက္ေပးပါ"

"Tae Seoေရ သံပုရာရည္တခြက္လာခ်ေပးေနာ္"

"ဟုတ္ကဲ့ Hyungေရာဘာေသာက္ဦးမလဲ"

"မေသာက္ေတာ့ဘူး"

"ဟုတ္ကဲ့ ခဏေစာင့္ေပးပါ"

"Baekhyun shiသက္သာရဲ႕လား အက္စီးဒင့္ျဖစ္တဲ့သတင္းကြၽန္မၾကားပါတယ္"

"ဟုတ္ကဲ့ က်ေနာ္ေတာ္ေတာ္သက္သာလာပါၿပီ "

"အတိတ္ေတြေရာ သတိမရေသးဘူးလား"

"အတိတ္ေတြကေတာ့ခုထိသတိျပန္မရေသးပါဘူး "

က်ေနာ္တို႔ႏွစ္ေယာက္ၾကားအတန္ငယ္တိတ္ဆိတ္သြားၿပီးေနာက္

"ဒါနဲ႕ေလ Eun Young shiနဲ႕က်ေနာ္နဲ႕ကအရင္က ခင္မင္ခဲ့ဖူးတာလား"

"ခင္မင္တဲ့အထိေတာ့မေရာက္‌ခဲ့ဘူး သိကြၽမ္း႐ုံပဲလို႔ေျပာရမလားဘဲ ေသခ်ာတာကေတာ့ Baekhyun shiနဲ႕ကြၽန္မနဲ႕က ေကာင္းေသာပတ္သက္မႈမ်ိဳးမရွိခဲ့ဘူး"

"ေကာင္းေသာပတ္သက္မႈ?"
က်ေနာ္သံေယာင္လိုက္မိေတာ့

"ဟုတ္တယ္ Baekhyun shiကကြၽန္မေၾကာင့္ အရမ္းနာက်င္ခဲ့ရတာ"

ထိုအခ်ိန္မွာပဲ Tae Seoကသံပုရာရည္လာခ်ေပးသည္။ Eun Youngကသံပုရာရည္ကိုပိုက္နဲ႕တငုံေသာက္လိုက္ၿပီးေနာက္

"Baekhyun shiကိုကြၽန္မတစ္ခုေမးခ်င္တယ္ Baekhyun shiအခုေပ်ာ္ေနလား"

"ေပ်ာ္ေနတယ္လို႔ပဲေျပာရမွာေပါ့"

သူမကက်ေနာ့္အေျဖအတြက္ၿပဳံးလိုက္ၿပီးမွ

"ဒါဆိုရင္ရၿပီပဲ Baekhyun shiေပ်ာ္ေနရင္သူလည္းေပ်ာ္ေနမွာ"

"သူ? သူဆိုတာဘယ္သူမ်ားလဲ Eun Young shi"

"ရွိတယ္ Baekhyun shiေပ်ာ္ေနရင္ႏွစ္ဆပိုေပ်ာ္မယ့္သူ Baekhyun shiနာက်င္ရင္ ႏွစ္ဆပိုနာက်င္မယ့္သူ Baekhyun shiပင္ပန္းရင္ ႏွစ္ဆပိုပင္ပန္းမယ့္သူ"

"အဲ့သူကဘယ္သူလဲဆိုတာ ေျပာျပေပးနိုင္မလား"

"ေတာင္းပန္ပါတယ္ ကြၽန္မေျပာျပလို႔မရလို႔ပါ အေရးႀကီးတာက Baekhyun shiေပ်ာ္ေအာင္ေနဖို႔ပဲ"

"က်ေနာ့္အတိတ္အေၾကာင္းေတြေရာ Eun Young shiေျပာျပေပးနိုင္မလား"

"ဒါအတြက္လည္း ထပ္ၿပီးေတာင္းပန္ပါတယ္ Baekhyun shiအတိတ္ကနာက်င္ေစမႈေတြမွာ ကြၽန္မကတစိတ္တစိတ္ပါဝင္ခဲ့ၿပီးနာက်င္ေစခဲ့လို႔ ကြၽန္မမေျပာပါရေစနဲ႕ သူလည္းေျပာျပေစခ်င္မွာမဟုတ္ဘူး"

က်ေနာ့္အတိတ္ကဘယ္ေလာက္ေတာင္မ်ားနာက်င္ပင္ပန္းစရာေကာင္းခဲ့ပါလိမ့္။

ထိုစဥ္သူမရဲ႕ဖုန္းေလးျမည္လာသည္။ သူမဖုန္းကိုင္လိုက္ၿပီးေနာက္
"ခုလာခဲ့မယ္ေနာ္ "

ဖုန္းခ်ၿပီးေတာ့ သူမထိုင္ေနရာကေနမတ္တပ္ရပ္ၿပီး သူမပိုက္ဆံအိတ္ကိုယူလိုက္ၿပီးေနာက္

"Baekhyun shi ကြၽန္မအမ်ိဳးသားနဲ႕သားေလးနဲ႕ကေစာင့္ေနၿပီမလို႔ ကြၽန္မသြားလိုက္ပါဦးမယ္ေနာ္ "

က်ေနာ္လည္းမတ္တပ္ရပ္လိုက္ၿပီး
"ဟုတ္ကဲ့ ေျဖးေျဖးျပန္ပါေနာ္"

"သံပုရာရည္ဖိုးကဘယ္ေလာက္လဲ"

"ဝမ္******ပါ"

"ကြၽန္မေကာင္တာမွာေပးခဲ့လိုက္မယ္ေနာ္"

"ဟုတ္ကဲ့ပါ"

သူမလည္း Tae Seoဆီသံပုရာရည္ဖိုးေပးၿပီးေနာက္ ျပန္ထြက္သြားေလသည္။
က်ေနာ့္မွာေတာ့ အေတြးေတြတပုံတေခါင္းႀကီးနဲ႕က်န္ခဲ့ျပန္သည္။

သူမေျပာသြားေသာ သူကဘယ္သူပါလိမ့္။မဆီမဆိုင္ပင္ ထိုဧည့္သည္ရဲ႕မ်က္ႏွာကက်ေနာ့္ေခါင္းထဲဝင္လာသည္။ သူမဟုတ္ေလာက္ပါဘူး။ ထိုဧည့္သည္ဆိုမွ က်ေနာ္တို႔ဆိုင္ကို ထိုဧည့္သည္မလာတာ မိုး႐ြာတဲ့ေန႕ သူ႕ကုတ္ေပးသြားတဲ့ရက္ကတည္းကျဖစ္သည္။

ႏွစ္ႏွစ္ၾကာၿပီးေနာက္ ပထမဆုံးအေနႏွင့္ က်ေနာ့္အတိတ္ေတြကိုက်ေနာ္ျပန္မွတ္မိခ်င္လာၿပီ။

ညေနေရာက္ေတာ့ က်ေနာ္တို႔ဆီဆိုင္ပိုင္ရွင္ဦးေလးႀကီးေရာက္လာသည္။

"ခုတေလာ လူပါးတာပဲ သားတို႔ဒီေန႕ေတာ့ေစာေစာနားလိုက္ေတာ့" ဟုေျပာကာေစာေစာဆိုင္ပိတ္ခိုင္းသည္။

က်ေနာ္နဲ႕ Tae Seoလည္းဆိုင္ေသခ်ာပိတ္ၿပီးအိမ္ျပန္လာခဲ့သည္။

အိမ္ေရာက္ေတာ့ အိမ္တံခါးကိုခပ္ဖြဖြဖြင့္ၿပီး Luhanကို surpriseလုပ္ဖို႔ႀကံလိုက္ေပမယ့္ မထင္မွတ္တာတခုကိုၾကားလိုက္ရသည္။

"ဟုတ္ကဲ့ သခင္ေလး Baekhyunကအတိတ္ေတြကိုအိပ္မက္မက္ေနတယ္ထင္တယ္ "

Luhanဖုန္းေျပာေနတာပဲ။ အျပည့္အစုံေျပာရရင္ လူတေယာက္နဲ႕က်ေနာ့္အေၾကာင္းကိုေျပာေနတာ။

"ဟုတ္ က်ေနာ္အတတ္နိုင္ဆုံးဂ႐ုစိုက္ေပးပါမယ္ သခင္ေလး"

သခင္ေလးတဲ့လား။ သခင္ေလးဆိုတာဘယ္သူလဲ။

က်ေနာ္လည္းအိမ္တံခါးကိုခပ္ဖြဖြျပန္ပိတ္ၿပီး ရပ္ကြက္ထဲက ကေလးကစားကြင္းေလးဆီလာကာ ဒန္းတခုေပၚထိုင္ေနလိုက္သည္။

တကယ္ပဲ က်ေနာ့္အတိတ္မွာဘာေတြဘယ္ေလာက္ထိျဖစ္ပ်က္ခဲ့လို႔ Luhanကဘာေတြဖုံးကြယ္လွ်ို႔ဝွက္ထားရတာလဲ။
Luhanဖုန္းေျပာေနတာကိုၾကားလိုက္ရတာေၾကာင့္ေရာ ေန႕လယ္က Eun Youngဆိုတဲ့တေယာက္ရဲ႕စကားေတြေၾကာင့္ေရာ က်ေနာ္လစ္လ်ဴရႈထားတ့ဲအတိတ္ေတြကိုျပန္သိခ်င္လာၿပီ။

ခါတိုင္းလိုပုံမွန္အလုပ္ကေနျပန္ရတဲ့အခ်ိန္ေလာက္မွ က်ေနာ္လည္းအိမ္ျပန္သြားလိုက္သည္။

ညစာစားေနၾကရင္း

"Luhan ငါေျပာစရာရွိလို႔"

"ေျပာေလ Baekhyun"

"ငါအိပ္ေမြ႕ခ်ၾကည့္ေတာ့မလို႔"

က်ေနာ္ထိုသို႔ေျပာလိုက္ေတာ့ Luhan ကအ႐ြက္ေၾကာ္ပန္းကန္ထဲက အ႐ြက္ေၾကာ္ေတြကိုတူနဲ႕ယူေနတာ ရပ္တန႔္သြားၿပီး က်ေနာ့္ကိုၾကည့္လာကာ

"ဘာလို႔လဲ Baekhyun"

"ငါအတိတ္ေတြကိုျပန္သိခ်င္လို႔"

"မရဘူး မင္းအိပ္ေမြ႕မခ်ရဘူး"

"ဘာလို႔လဲ"

"အိပ္ေမြ႕ခ်လည္း မင္းအတိတ္မွာထူးျခားတာဘာမွမရွိခဲ့ဘူး"

"ဒါေပမယ့္ ငါသိခ်င္တယ္ေလ"

"မလုပ္စမ္းပါနဲ႕ Baekhyunရာ ပိုက္ဆံအပိုကုန္မယ့္အလုပ္ေတြ" ဟုေျပာကာထမင္းဝိုင္းမွ Luhanထသြားေတာ့သည္။

Luhanရဲ႕တားျမစ္စကားေတြေၾကာင့္ က်ေနာ္အတိတ္ေတြကိုသိခ်င္စိတ္ဟာ ဆည္က်ိဳးသလိုမ်ိဳးပဲ အဆမတန္တိုးပြားလာရပါေတာ့သည္။

........................

"Sehun ဒီေန႕Luhanနဲ႕ေတြ႕ခဲ့တယ္မလား"

ညစာစားေနၾကရင္း Jonginဆီမွစကားသံထြက္လာသည္။

"ဟုတ္ Baekhyun Hyungပုံေတြေတာင္ေပးလိုက္ေသးတယ္ "

က်ေနာ္လည္း
"ဒီေန႕ညေန Luhanဖုန္းဆက္လာတယ္ Baekhyunကအတိတ္ေတြကိုျပန္အိပ္မက္မက္ေနတယ္ထင္တယ္တဲ့"

က်ေနာ့္စကားေၾကာင့္ ထမင္းဝိုင္းသည္႐ုတ္ခ်ည္းဆိုသလိုပင္ တိတ္ဆိတ္ၿငိမ္သက္သြားရသည္။

"မင္းဘယ္လိုလုပ္မွာလဲ Chanyeol"

"က်ေနာ္လည္း Luhanကို Baekhyunအိပ္ေမြ႕မခ်ေအာင္ေသခ်ာတားဖို႔ေတာ့မွာလိုက္တယ္ Hyung"

"မင္းသူ႕ဆီသြားတာနဲ႕မ်ားဆက္စပ္ေနမလား"

"ငါလည္းအဲ့လိုပဲထင္တယ္ Jongin ငါ့ကိုျမင္လိုက္လို႔အဲ့လိုအိပ္မက္ေတြမက္လာတာထင္တယ္"

"ဘယ္လိုဆက္လုပ္မွာလဲ Hyung"

"သူ႕ဆီမသြားေတာ့႐ုံပဲေပါ့ "

"Hyungပင္ပန္းမႈေတြကို က်ေနာ္ပဲခြဲယူေပးလိုက္ခ်င္တယ္ Hyungရယ္"

"ငါအဆင္ေျပပါတယ္ Sehunရဲ႕"

Jonginကုမၸဏီမွာ ျပႆနာတခ်ိဳ႕တက္ေနသည္မလို႔ မိုး႐ြာတဲ့ေန႕ၿပီးကတည္းက က်ေနာ္Baekhyunဆီမသြားျဖစ္ခဲ့။ မိုး႐ြာတဲ့ေန႕ သူ႕ကိုထီးပါလားေမးေတာ့ သူအူေၾကာင္ေၾကာင္ေလးျဖစ္သြားေသးသည္။
အေပၚဝတ္ကိုေတာ့ ရွပ္လက္ရွည္အပါးပဲပါလာတယ္ဆိုလို႔ က်ေနာ့္ကုတ္ကိုထားခဲ့ေပးလိုက္သည္။ အေအးမိရင္ သူကအနည္းဆုံးသုံးရက္ေလာက္ေတာ့ဖ်ားတတ္သည္ေလ။

အခုေတာ့ သူအိပ္မက္ေတြမက္တယ္ဆိုေတာ့ က်ေနာ္သူ႕ဆီမသြားေတာ့႐ုံပဲေပါ့။ အရင္လိုသူ႕ဓာတ္ပုံေလးေတြၾကည့္ရင္း၊ သူ႕ပန္းခ်ီေလးေတြၾကည့္ရင္းနဲ႕ပဲ အလြမ္းေျဖရေတာ့မွာပဲ။

~~~My Master~~~

"Byun Baekhyun shiကအတိတ္ေတြကိုျပန္မွတ္မိခ်င္လို႔အိပ္ေမြ႕ခ်ခ်င္တာေနာ္"

"ဟုတ္ပါတယ္ Dr"

က်ေနာ့္အတိတ္ေတြကိုျပန္မွတ္မိေစရန္ က်ေနာ့္ရဲ႕ဦးေႏွာက္ႏွင့္အာ႐ုံေၾကာဆရာဝန္ကလႊဲေပးလိုက္ေသာ အိပ္ေမြ႕ခ်ေပးမည့္ဆရာဝန္ဆီေရာက္ေနသည္။
က်ေနာ့္ရဲ႕ဦးေႏွာက္ႏွင့္အာ႐ုံေၾကာဆရာဝန္ကိုလည္း က်ေနာ့္သူငယ္ခ်င္းLuhanက ဒါကိုမသိပါေစနဲ႕ဟုေတာင္းဆိုခဲ့ရေသးသည္။

အခုဆိုလွ်င္ ေက်ာင္းေတြျပန္ဖြင့္ၿပီမလို႔ ကေလးေတြရဲ႕ပန္းခ်ီအတန္းက စေန၊တနဂၤေႏြကိုေရာက္သြားၿပီး က်န္တဲ့ရက္ေတြမွာေတာ့ Adult classေတြကိုက်ေနာ္သင္ေပးရသည္။ က်ေနာ္သင္ေပးရတဲ့ Adult classက 10နာရီကေန 11နာရီထိသာျဖစ္ေပမယ့္ က်ေနာ္အိပ္ေမြ႕ခ်‌ေပးမယ့္ဆရာဝန္ဆီသြားလို႔ရေအာင္ Luhanကို 12နာရီထိအတန္းရွိသည္ဟုညာထားသည္။ Luhanကက်ေနာ့္ကိုယုံသည္မလို႔ သင္တန္းထိလိုက္စုံစမ္းမည့္သူမဟုတ္။

"ဒါဆို Byun Baekhyun shi ကိုအိပ္ေမြ႕ခ်ၾကည့္ပါေတာ့မယ္ ဒီမွာထိုင္လိုက္ပါ"

Drၫႊန္ျပတဲ့ခုံမွာထိုင္လိုက္ၿပီးေနာက္

"Byun Baekhyun shiစိတ္ကိုမတင္းထားပါနဲ႕ေနာ္ အေၾကာေတြေလွ်ာ့ထားၿပီး အခု Drျပတဲ့ခ်ိန္သီးေလးကိုပဲၾကည့္ေနပါ"

အိပ္ေမြ႕ခ်ရာမွာသုံးေသာ ခ်ိန္သီးေလးကိုက်ေနာ္အာ႐ုံစိုက္ၾကည့္ၿပီး ခဏအၾကာမွာေတာ့ က်ေနာ့္မ်က္လုံးေတြေမွးစင္းလာသည္။

"Byun Baekhyun shiအခုဘယ္ေရာက္ေနပါသလဲ"

"စာသင္ခန္းလိုမ်ိဳးအခန္းတစ္ခုထဲေရာက္ေနပါတယ္ "

"တျခားလူေတြေရာရွိေနလား"

"ကေလးေတြအမ်ားႀကီးရွိေနပါတယ္ မူလတန္းအ႐ြယ္ေလာက္ကေလးေတြ"

"Byun Baekhyun shiကေရာဘာလုပ္ေနလဲ"

"က်ေနာ့္သူငယ္ခ်င္း Luhanနဲ႕စကားေျပာေနတာ က်ေနာ္တို႔ၾကည့္ခဲ့တဲ့ကာတြန္းကားအေၾကာင္းေျပာေနတာ"

"ၿပီးေတာ့ဘာဆက္ျဖစ္သြားလဲ"

"က်ေနာ့္လက္စူးခနဲနာသြားေတာ့ က်ေနာ္လန႔္ၿပီးေနာက္ကိုၾကည့္မိလိုက္တယ္"

"ဘယ္သူရွိေနတာလဲ"

"ေကာင္ေလးတစ္ေယာက္ပဲ သူေခၚတာမၾကားလို႔က်ေနာ့္လက္ကိုခဲတံနဲ႕ထိုးလိုက္တာ"

"သူ႕မ်က္ႏွာကိုျမင္ရလား"

"မျမင္ရဘူး ဝါးေနတယ္ ေသခ်ာတာကေတာ့ သူက်ေနာ့္ကိုေဒါသထြက္ေနတာ"

"Byun Baekhyun shiကိုသူဘာေျပာလဲ"

"ေနာက္ခါဆို ငါနဲ႕ပတ္သက္ရင္အၿမဲသတိကပ္ထား တျခားသူနဲ႕စကားေျပာေနရင္ေတာင္ ငါေခၚမွာကိုသတိထားနားေထာင္တဲ့ အဲ့လိုေျပာသြားတာ"

"ရပါၿပီ Byun Baekhyun shi နိုးထလာပါေတာ့"

လက္ေဖ်ာက္သံတခ်က္နဲ႕အတူ က်ေနာ္ျပန္နိုးထလာရသည္။

"ေရေသာက္လိုက္ပါဦး"

Drကမ္းေပးေသာေရခြက္ကိုယူၿပီးေနာက္ က်ေနာ္တက်ိဳက္တည္းေမာ့ေသာက္လိုက္သည္။

"အဆင္ေျပလား ေခါင္းကိုက္တာေခါင္းမူးတာေတြရွိလား Byun Baekhyun shi"

"မရွိပါဘူး Dr"

"အတိတ္ကိုျမင္ေတာ့ဘယ္လိုထင္လဲ အိပ္ေမြ႕ခ်တာဆက္လုပ္ခ်င္လား တခ်ိဳ႕ေတြကအတိတ္ကိုျပန္ျမင္ရရင္ေနာင္တရတတ္ၾကလို႔ပါ"

"ရပါတယ္ က်ေနာ္အိပ္ေမြ႕ခ်တာဆက္လုပ္ပါမယ္"

"ဒါဆိုဒီေန႕ကေတာ့ ဒီေလာက္ပဲလုပ္ပါဦးမယ္ အစပဲရွိေသးတာမလို႔ ေနာက္တခါအတြက္ေတာ့ေသာၾကာေန႕ဒီအခ်ိန္ပဲလာခဲ့လိုက္ပါ"

"ဟုတ္ကဲ့ Dr ေက်းဇူးပါ"

က်ေနာ္လည္းအိမ္ကိုျပန္လာခဲ့သည္။ အိမ္ကိုျပန္ေရာက္ေတာ့ Luhanကက်ေနာ့္ကိုအၿပဳံးမပ်က္ႀကိဳဆိုေနျပန္ေတာ့ က်ေနာ့္လုပ္ရပ္ကမွန္ပါရဲ႕လားဟုကိုယ့္ကိုယ္ကိုသံသယဝင္သြားရသည္။

ေနာက္ရက္ေတြအိပ္ေမြ႕ခ်ရင္ေရာ ဘာအတိတ္ေတြဆက္ျမင္ရပါဦးလိမ့္မလဲ။က်ေနာ့္အတိတ္‌ေတြကိုျမင္ၿပီး က်ေနာ္ခံနိုင္ရည္ရွိပါ့မလား။

............To be continued............

(20.2.2022 Sun) 2ေတြႀကီးပဲ

အိပ္ေမြ႕ခ်တာနဲ႕ပတ္သက္ၿပီး က်ေနာ္မရင္းႏွီးတာမလို႔ တခုခုလြဲေခ်ာ္ခဲ့သည္ရွိေသာ္ က်ေနာ့္အမွားသာျဖစ္ပါတယ္ေနာ္

ဖတ္ေပးတဲ့သူတိုင္းကိုေက်းဇူးမ်ားႀကီးပါ💛💛

Continue Reading

You'll Also Like

183K 7K 19
Your orders are my pleasure #Mature On #OC
276K 17.4K 81
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
349K 25.5K 22
မိဘ​ေတအတင္​း​ေပးစားမႈ​ေၾကာင္​့ မတည္​့ၾက​ေတာ့တဲ့ Chanyeolနဲ႔Baekhyun ပ်ိဳတိုင္​းႀကိဳက္​တဲ့ႏွင္​းဆီခိုင္​Playboy Park Chan Yeolနဲ႔ ခ​ေလးစိတ္​မကုန္​​ေသး...
24.6K 1.8K 28
ကလေးက ကိုကို့အတွက် လိုအပ်ချက်ဆိုတာ မရှိတော့လောက်အောင် ပြည့်စုံလွန်းတဲ့သူ...