Whatever You Are

By Blacksheep303

53.2K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are - Zawgyi (8)

116 10 0
By Blacksheep303

ဒီနေ့က ပြိုင်ပွဲနေ့မို့ အားလုံးက တက်တက်ကြွကြွနဲ့ ပျော်ရွှင် Confident level So High နေကြတာပေါ့ ညနေပိုင်းကတည်း အိမ်မှာ တစ်ခါတည်း ဝတ်စုံပြည့် မိတ်ကပ်အပြည့်နဲ့ ပြင်ဆင်ပြီးမှသွားကြတာ ဒါမှ ဘယ်သူမှ မရိပ်မိအောင်လို့ပါ ရှောင်းကျန့်က ဒီနေ့မှာ အနီရောင် ၀မ်းဆက်လေးနဲ့ အရမ်းလှနေတာပါ ပွဲကြည့်စင်ကနေ ထိုင်ကြည့်ပါဆိုတာ မရဘူး အနောက်ကနေပဲကြည့်ချင်တာ လိုအပ်တာရှိနေမှာစိုးလို့ တူတူပဲ ပြင်ဆင်ခန်းမှာ စောင့်ပေးပါတယ် ရိပေါ်က ရှောင်းကျန့်ကို

"အားမွေးထားနော် " လို့ လှမ်းစပါလိုက်ပါတယ်

"ဘာကိစ္စနဲ့ အားမွေးရမှာတုန်း"

"ကျွန်တော်က အဖြေရတာ အတိုးချ နမ်းမှာမို့ ခပ်ကြမ်းကြမ်း ချစ်ပစ်မှာမို့လေ"

"မင်းသာ အားမွေးထား မင်းတို့ကြမ်းတာလောက်တော့ ငါ က ပျင်းတောင်ပျင်းသေး လာလာချည်သေး"

"ပြီးမှ ကြောက်ပါပြီ ရိပေါ်ရယ် မလုပ်နဲ့နော် ရိပေါ် အရှုံးပေးပါတယ် လို့ ပြောရမှာ မြင်ယောင်သေး"

"ကဲ နှာဗူးကျမနေနဲ့ ကကွက်တွေ ပြန်စဉ်းစား အကြမ်းဖျင်း ပြန်တိုက် နောက် ၁၅မိနစ်လောက်ဆို ငါတို့ အလှည့်ရောက်တော့မှာ သေချာလုပ် တခြားအဖွဲ့တွေလည်း တော်တော်ကောင်းပုံရတယ် အားပေးသံ လက်ခုပ်သံတွေ ကျေနပ်သဘော ကျပြီး အားပေးနေတဲ့အသံတွေ အတိုင်းသားကြားနေရတယ်"

"စိတ်ချ အကောင်းဆုံး ဖျော်ဖြေခဲ့မယ် ကျွန်တော်တို့အလှည့် ရောက်တော့မှာမို့ အရှေ့က ပွဲကြည့်စင်ကနေ သေချာ အားပေးဖို့ သွားလိုက်တော့နော် အက ရှင်းလင်းချက်ကို သေချာနားထောင်ပေးနော်"

"ပြီးရော...Fighting နော် သွားတော့မယ်နော် I Know You Can Do it"

ဆိုပြီး ရိပေါ်တို့ တစ်ဖွဲ့လုံးကို နှုတ်ဆက်ပြီး ထထွက်လိုက်ပါတယ် ပွဲကြည့်စင်ဘက်က နေရာမှာ ပြန်လာထိုင်တဲ့အချိန် ရိပေါ်တို့ ရှေ့အဖွဲ့ ကမဲ့အလှည့်မို့ သေချာကြည့်ပြီး နှစ်ဖွဲ့ကို ယှဉ်ကြည့်လိုက်ပါတယ် သူတို့အဖွဲ့လည်း တော်တော်ကို ကကွက်ဖန်တီးတာ အရမ်းကောင်းပါတယ် အီဂျစ်ဒီဇိုင်း သီချင်း ဖန်တီးမှု အားလုံးကောင်းပါတယ် ဒါပေမယ့် ရိပေါ်တို့လို Surpriseတော့ မပါဘူးပေါ့ ကကွက်အပြီး Dancer တွေမိတ်ဆက်ပြီး အကဖန်တီးမှုအကြောင်း မိတ်ဆက်တော့ အမြင်ဆန်းသစ်အောင် ဘယ်သူနဲ့ မတူအောင် ဒီ အီဂျစ်ဒီဇိုင်းနဲ့ themeကို ရွေးချယ်ရတဲ့အကြောင်း Culture အမျိုးမျိုးနဲ့ Street Dance နဲ့ပေါင်းစပ်လို့ ရတာပြသချင်လို့ ဆိုပြီး ပြောသွားတဲ့အပေါ် အမှတ်ပေးဒိုင်တွေလည်း သဘောကျ နေကြပါတယ် ရိပေါ်ကတော့ ဘယ်လိုဖြေမလဲ စောင့်ကြည့်ရမှာပဲ

ရိပေါ်တို့ အလှည့်ရောက်တော့ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ် ကျောင်းပေါင်းစုံStreet Dance ပြိုင်ပွဲဆိုတာကို ဘဲလေးအက ဝတ်စုံတွေနဲ့ ကပြမှာဆိုတော့ အားလုံးက Theme လွဲနေတယ်ပဲ ထင်တာ ဖြူဖြူချောချော မိန်းကလေးတွေမို့ ဘာပဲကက ကြည့်ရတာ တန်ပါတယ်ဆိုပြီး တီးတိုးပြောနေတာတွေလည်း ကြားရတယ်

တီးလုံးသံ ကြားရတဲ့အခါ အားလုံးက အံ့အားသင့်ကုန်ကြပါတယ် ကကွက်တွေက ဘဲလေးအက street dance ကို ရောပြီး ဖန်တီးထားတာမို့ပါ ဘဲလေးအက စစ်စစ်လည်း မဟုတ် Street Dance သီးသန့်လည်း မဟုတ်ဆိုတော့ ကြည့်ရတာ ဆန်းသစ်နေတာပေါ့ ဖန်တီးမှုကို အားလုံးက အံ့ဩသဘောကျနေကြပါတယ် ရုတ်တရက် သံစဉ်က နှေးသွားပြီး မီးခိုးလုံးတွေ စင်ပေါ်မှာ ဝေ့လာသလို စလိုက်မီးအရောင်က အမှိန်ဘက် သန်းသွားပါတယ် စက္ကန့် ၂၀တောင် မကြာပါဘူး နွဲနွဲ့နှောင်းနှောင်း မိတ်ကပ်ဆံထုံးတွေနဲ့ ကောင်မလေးချောချော ၅ယောက် မဟုတ်တော့ဘဲ မားမားမတ်မတ် စမတ်ကျကျ Hair Style ခပ်လန်းလန်း ဘောဒီတောင့်တောင့် နဲ့ Bared Face အတိုင်း ယောက်ျားလေး ၅ယောက် ပြန်ထွက်လာတာမို့ အားလုံးက အံ့အားသင့်ကုန်ပါတယ် မကခင်ကလည်း Bright Star Private High School မှ Dancer 5 ယောက်က ယှဉ်ပြိုင်ကပြတင်ဆက်မှာ ဖြစ်ပါတယ်လို့ ကြေငြာထားတော့ အားလုံးက တစ်မျိုးဖြစ်သွားတယ် ကာထားတဲ့နောက်ကွယ်မှာ ကောင်မလေး ၅ယောက်ရှိနေမှာ ဖြစ်ပြီး နဂိုအဆင်သင့် စောင့်နေတဲ့ ကောင်လေး ၅ယောက်ထွက်လာတာနေမှာလို့ တီးတိုးမှတ်ချက် ပေးကြပါတယ်

စောစောက ကကွက်တွေအရရယ် ကိုယ်ခန္ဓာတည်ဆောက်ပုံအရ သေချာပေါက်မိန်းကလေးမို့ အမှတ်ပေးဒိုင်တွေ တောင် ဇဝေဇဝါနဲ့မို့ ရှောင်းကျန့် ရီချင်မိပါတယ် သူတို့က အနီးကပ်သေချာမြင်ရတာမို့ ဘဲလေးဝတ်စုံ ဂါဝန်အောက်က ပြားချပ်ချပ်လေးဆိုတာ သေသေချာချာတွေ့ထားတာမို့ အခုလည်း ယောက်ျားလေးဆိုတာ ရင်ဘတ်ပြားကပ်ကပ်မို့ သေချာနေတာဆိုတော့လေ ရှောင်းကျန့်အစွမ်း အံ့မခန်းလေ

ယောက်ျားလေးပုံစံက ကတဲ့တီးလုံး ကကွက်တွေကလည်း အရမ်းမြူးကြွဆန်းသစ်တာ သံစဉ်ကအစ သေသေချာချာ ဖန်တီးထားတာမို့ အားလုံးက သဘောကျ ကြပါတယ်

Ending ကလည်း Perfect Ending မို့ အားပေးသံတွေ လက်ခုပ်သံတွေကတော့ အရမ်းကျယ်နေတာပေါ့

ကကွက်အပြီး ရိပေါ်တို့အဖွဲ့က တစ်ယောက်ချင်း ကိုယ့်နာမည်ကို မိတ်ဆက်ပြီးတဲ့အခါ ဒိုင်ချုပ်က

"ကောင်မလေး ၅ယောက်ကော ခေါ်လိုက်လေ ၅ယောက်လို့ မှားပြီး မိတ်ဆက်သွားပေမယ့် ကိစ္စမရှိပါဘူး ပြိုင်ပွဲဝင်အရေအတွက်က ကကွက်အလိုက် ကွာခြားနိုင်တာမို့ ကန့်သတ်ချက် မှ မထားတာ ၁၀ယောက်လုံး စင်ပေါ်မှာ မိတ်ဆက်လို့ရပါတယ် ခေါ်လိုက်ပါ "

ဆိုပြီး ပြောလာခဲ့ပါတယ်

ရိပေါ်က မိုက်လေးကိုင်ပြီး

"အမှတ်ပေးဒိုင်များနဲ့ ဧည့်သည်တော်များ ခင်ဗျာ Screen ပေါ်က Videoလေး တစ်ချက်လောက် ကြည့်ပေးနိုင် မလား ခင်ဗျ"

ရိပေါ်ရဲ့ စကားအဆုံး screenပေါ်မှာ ရိပေါ်တို့ ၅ယောက် ဒီဇိုင်းအနေနဲ့ကာထားတဲ့ ကန့်လန့်ကာအနောက်မှာ လောလောနဲ့ ဆံထုံးဆွဲဖြုတ်တာ၊ အရေပြားတုနဲ့ မိတ်ကပ်မျက်နှာခွါပစ်လိုက်တာ ရင်တုနဲ့ ဂါဝန်အဝဲ ဆွဲချွတ်ပြီး Mechanic Jumpsuit ကောက်စွပ် ဇစ်ဆွဲ ဘဲလေးဖိနပ် ဆွဲချွတ်ပြီး Walking Shoes ကောက်စွပ်ပြီး ထွက်လာတဲ့ စက္ကန့် ၂၀စာ videoကို ကွက်ကွက်ကွင်းကွင်း မြင်ရပါတယ် စက္ကန့်၂၀အတွင်း ဝိုးတွေ ဝါးတွေ အသံတွေကတော့ ဆူညံပွက်လောရိုက်နေတာပေါ့ အေးဆေးထိုင်ကြည့်နိုင်တာ ရှောင်းကျန့်ပဲရှိတယ် အမှတ်ပေး ဒိုင်တွေဆိုရင် မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ မေးရိုးတောင် ပြုတ်ကျတော့မယ် အံ့ဩနေတာ Videoလည်းပြပြီးရော လက်ခုပ်သံတွေဆိုတာ သောသောကို ညံနေတာပဲ

လက်ခုပ်သံတွေဆဲ အသံတွေ ငြိမ်သွားပြီဆိုမှ ဒိုင်ချုပ်က

"ဒီကကွက် ဖန်တီးမှုရဲ့ ရည်ရွယ်ချက်လေး ပြောပါဦး" လို့ ပြောပါတယ် ရိပေါ်ကပဲ

"ဟုတ်ကဲ့ပါ ကျွန်တော်တို့ လူသားတွေက ခွဲခြားခွဲခြား သိပ်လုပ်တတ်ကြပါတယ် ဘယ်နေရာကိုပဲကြည့်ကြည့် ပါ လူတန်းစားခွဲခြားတာ အဆင့်အတန်းခွဲခြားတာ မျိုးစုံပါပဲ ပိုဆိုးတာက ကျား/မ  ခွဲခြားတာပါ လုပ်ငန်းခွင်တွေမှာ မိန်းကလေးမို့ မသင့်တော်ဘူးတို့ မိန်းကလေးမို့ ဖြစ်ပါ့မလား ယောက်ျားလေးဆို ပိုကောင်းမှာ ပိုအဆင်ပြေမှာ ဆိုတဲ့ အမြင်တွေနဲ့ ခွဲခြားတာမျိုးတွေ တွေ့ရတတ်ပါတယ် တကယ်တော့ ကျား/မ ဆိုတဲ့ ဖြစ်တည်မှုနဲ့ မဆိုင်ပါဘူး လူတိုင်းလူတိုင်းရဲ့ ကြိုးစားအားထုတ်မှု စွမ်းဆောင်နိုင်မှု အရည်အချင်းတွေက ပိုပြီး အဓိက ကျတာပါ ဒါကြောင့် ကျွန်တော်တို့က ကကွက်တွေနဲ့ တင်ဆက်ပြတဲ့အခါ မိန်းကလေးအက ယောက်ျားလေးအက  မရှိပါဘူး လူတွေက သာကိုယ်မြင်တဲ့အမြင်အရ  သတ်မှတ် ခွဲခြားနေတာပါ  တကယ်က ဘာမှခွဲခြားစရာ မလိုပါဘူး အားလုံးက လူသားတွေ ဆိုတဲ့အမြင်လေးမြင်ပြီး ဖြစ်တည်မှုတိုင်းကို အသိအမှတ်ပြုပြီး စွမ်းဆောင်ရည်နဲ့သာ ဆုံးဖြတ်သင့်တဲ့အကြောင်း ကျွန်တော်တို့က မီးမောင်းထိုးပြတာ အနှစ်ချုပ်ပြောရရင် ကျွန်တော်တို့ရဲ့ Theme က No Gender Discrimination ထပ်ပြောပါ့မယ် "No Gender Discrimination"ပါ

ရိပေါ်ရဲ့စကားအဆုံး အားလုံးက လက်ခုပ်တီးပြီးအားပေးကြပါတယ် MC က "What" လို့ တခွန်းပဲပြောပြီး ပွဲကြည့်စင်ဘက် မိုက်ထိုးပေးတော့ အားလုံးက " No Gender Discrimination" လို့ အော်ဟစ်အားပေး ကြပါတယ် ကကွက်ကောင်းရုံတင်မကဘူး ရည်ရွယ်ချက်လည်း အရမ်းကောင်းတာပဲလို့ ချီးကျူးနေတဲ့ အသံတွေ  ကြားရတာ ရှောင်းကျန့်အရမ်း ဝမ်းသာမိပါတယ် ရှောင်းကျန့် Gender Discrimination အရမ်းမုန်းမှန်းသိလို့ No Gender Discrimination လို့ သေသေချာချာလေး ပြောပေးသွားတဲ့ ရိပေါ်ကို အရမ်းကျေးဇူးတင်မိတယ်

ရှောင်းကျန့် လူရွေးမမှားခဲ့မိတဲ့အတွက် ကျေနပ်မိပါတယ် 

အဲဒီနေ့ညက ထင်ထားသလိုပါပဲ ရိပေါ်တို့အဖွဲ့ က ကကွက်ဆန်းသစ်တီထွင် ဖန်တီးမှု ၊ ကကွက်ဖြင့် ပေးလိုသည့် message ပေးနိုင်မှု၊ အချိန်နဲ့တပြေးညီ တင်ဆက်ဖျော်ဖြေနိုင်မှု၊ ကြိုတင်ပြင်ဆင် ဖန်တီးနိုင်မှု ၊ အဝတ်အစားဒီဇိုင်း သေသပ်ကောင်းမွန်မှု တွေကြောင့် ပထမရသွားပါတယ် Bright Star Private High School လည်း သုံးနှစ်ဆက်တိုက် အနိုင်ရခဲ့တာမို့ ဒိုင်းဆုကြီးလည်း ကျောင်းအပိုင်အနေနဲ့ ရသွားတာမို့ အပျော်ကို အပျော်ဆင့်ပေါ့



ပြိုင်ပွဲအပြီး ရှောင်းကျန့်ကို ပြန်ပို့တဲ့အချိန်မှာ အေးဆေးဖြစ်အောင် ရိပေါ်က ရှောင်းကျန့်ကားနဲ့လိုက်ပြန်ခဲ့ပြီး ဟောက်ရွှမ်းတို့ ကျိရန်တို့ ယွီပင်း နဲ့ ဟွိုက်စန်းတို့ကို ရိပေါ်တို့ အိမ်ကကားနဲ့ ဒါရိုင်ဘာ ဦးလေးကြီးနဲ့ ပြန်ခိုင်းလိုက်ပါတယ်

လူရှင်းတဲ့နေရာရောက်ပြီဆိုတာနဲ့ ရိပေါ်က

"ရှောင်းကျန့် ကားကို ရပ်ပါဦး ဝေ့လည်ကြောင်ပတ် မလုပ်နဲ့ အဖြေပေးတော့"

ရိပေါ်ကြောင့် ရှောင်းကျန့် သစ်ပင်ရိပ်အောက်ကို ကားထိုးရပ်လိုက်ပါတယ် ကားရပ်ရင် ရပ်ရပ်ချင်း ရိပေါ်က နောက်ခန်းကို ကူးလိုက်ပါတယ် ပြီးတော့ ရှောင်းကျန့်ကိုလည်း နောက်ခန်းကို ပြောင်းထိုင်ခိုင်းပါတယ် ပြီးတော့ ခဏနေဦး အဆင်သင့် မဖြစ်သေးလို့ဆိုပြီး အသက်ကို ဝဝရှူလိုက်ပါတယ်

ရှောင်းကျန့်ရဲ့ လက်နှစ်ဖက်လုံးကို ခပ်တင်းတင်းလေးဆုပ်ကိုင်ပြီးတော့

"ရပြီ အဆင်သင့် ဖြစ်ပြီ အဖြေပေးတော့"

"ရိပေါ်ကလည်း ပြောစရာလိုသေးလို့လား"

"လိုတယ် ရှောင်းကျန့်ရင်တွင်းပြောတဲ့ စကားတွေကို နှလုံးသားက ကြားပြီးသားဆိုပေမယ့် ခင်ဗျားလေး နှုတ်ခမ်းက ပြောမယ့် စကားသံချိုချိုလေး ကို နားနဲ့ ဆတ်ဆတ်ကြားချင်သေးလို့ပါ"

"ကောင်းပြီလေ" ရှောင်းကျန့် ရိပေါ် မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး

"ချစ်တယ် ရိပေါ် ဒီက ရှောင်းကျန့်က ရိပေါ်ကို အဆမတန်ချစ်တာမို့ ကျေနပ်တော့နော်" လို့ပြောပြီး နဖူးလေးကို ကြင်ကြင်နာနာလေး နမ်းလိုက်ပါတယ်

"အား ရှောင်းကျန့်ရာ ကျွန်တော့်ကို သေအောင်သတ်နေတာပဲ မသေချင်သေးဘူး ချစ်ချင်သေးတယ် အဝနမ်းပါရစေ "'

ဆိုပြီး ရိပေါ်က ခွင့်တောင်းလာတာမို့ ရှောင်းကျန့်က မျက်လုံးမှိတ်ခေါင်းငြိမ့် ပြလိုက်ပါတယ်

"နဖူးလေးကို အရင်နမ်းမယ် ....ရွှတ်

မျက်ခုံးလေးတွေကိုလည်း နမ်းမယ် ....ရွှတ် ရွှတ်.    [မျက်ခုံးက ၂ဖက်မို့ အသံက ၂ခါထွက်တာနော်]

မျက်လုံးလေးတွေ မျက်ခွံလေးတွေကိုလည်း နမ်းပါရစေ..... ရွှတ် ရွှတ်

နှာခေါင်းလေးလည်းနမ်းပါပြီ ...... ရွှတ်

နားရွက်ကလေးတွေကိုလည်း နမ်းချင်လို့ပါ....ရွှတ်

နှုတ်ခမ်းလေး ....ရွှတ်

ဘယ်ဘက်လက်ဖမိုးလေး... ရွှတ်

ညာဘက်လက်ဖမိုးလေး ....ရွှတ်

ကလေးတွေ နမ်းသလို နမ်းပြီးသွားပြီမို့ ခဏလောက်ဖက်ထားမယ်နော်"

"ကြိုက်တာလုပ် ချစ်သူတွေကြား လုပ်သမျှအကုန် မင်းကို ငါ လုပ်ခွင့်ပြုတယ်"

စကားအဆုံး ရိပေါ်က တင်းတင်းကြပ်ကြပ်ကြီးကို ဖက်ထားပါတော့တယ်

"မယုံနိုင်ဘူး ရှောင်းကျန့်ရယ် တကယ့်ကို တရားဝင် ထွေးပွေ့ခွင့်ရတာပေါ့နော်

တရားဝင်ချစ်ခွင့်ရလို့ အရမ်းပျော်တယ် နက်ဖြန် ပါးပါးနဲ့ မိတ်ဆက်ပေးမယ်နော်"

"မရဘူး ရိပေါ် ငါ အထက်တန်းကျောင်းသားရဲ့ အဖေနဲ့ သူ့သားနုနုထွတ်ထွတ်လေးကို လက်တွဲပြီး သွားမတွေ့ချင်သေးဘူး မင်းတက္ကသိုလ် တက် ဘွဲ့ရမှပဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အချိန်မှ မင်း ပါးပါးနဲ့တွေ့မှာ မဟုတ်ရင် မတွေ့ဘူး"

"ရှောင်းကျန့် ကျွန်တော့်ကို Silent တွဲဖို့ စဉ်းစားနေတာလား"

"မဟုတ်ပါဘူး ရိပေါ်ရယ် ဒါပေမယ့် ငါ့ဘ၀ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပြီး လက်ထပ်လို့ရမယ့် ၃၁နှစ်ပြည့်ပြီးချိန်မှ ငါက တွေ့ချင်တာ မင်း ငါ့ကို အတင်းအကြပ်မလုပ်ပါနဲ့ ငါ အဖြေကို ပြန်ရုပ်သိမ်းလိုက်မှာနော်"

"ဒါ ကလေး ကစားစရာမှ မဟုတ်တာ မရပါဘူးနော် မပေးဘူး အဖြေကို လုံးဝပြန်မပေးဘူး ပါးပါးနဲ့ မတွေ့လည်း ရတယ် ဒါပေမယ့် ကျွန်တော်ကတော့ ရှောင်းကျန့်မားမား နဲ့လာတွေ့ပြီး တစ်ခါတည်း ချစ်သူတွေ ဖြစ်နေတဲ့အကြောင်းပြောပြီး တင်တောင်းထားမှာ ကျွန်တော့်ကို အပျော်တွဲဖို့ မစဉ်းစားနဲ့"

"မင်းကို အပျော်တွဲဖို့ လုပ်တာမဟုတ်ပေမယ့် မင်းနဲ့တွဲနေရတာပျော်နေတော့ ငါဘယ်လိုလုပ်ရမလဲ"

"ရှောင်းကျန့်ရာ ချွေတယ်ဗျာ ကဲကဲ ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ အခေါ်အဝေါ်လေးတွေ ပြောင်းရအောင် ကျွန်တော်က ရှောင်းကျန့်ထက် ငယ်တော့  'မောင်' လို့ခေါ်  ကျွန်တော်က "အချစ်" လို့ ခေါ်မယ်"

"မင်းခေါ်ချင်သလို ခေါ် ငါက 'မောင်' လို့တော့ မခေါ်နိုင်ဘူး အဲတာ မိန်းမဆန်လွန်းတယ် "

"လျောက်ပြောမနေနဲ့ ကျိရန်တောင် ဟောက်ရွှမ်းကို နှစ်ယောက်တည်း ရှိရင် 'မောင်'လို့ခေါ်တာ"

"အဲဒါ ဟောက်ရွှမ်းက သဘောကျလို့လေ မင်းကို ကျိရန်လို ကောင်လေးတစ်ယောက်က 'မောင်' လို့ခေါ်ရင် မင်းကြိုက်မှာလား "

"အာ ကြိုက်စရာလား ကျောချမ်းလိုက်တာ ကျွန်တော် ချစ်တာ ရှောင်းကျန့် ဆိုတဲ့ အချစ်လေ မိန်းမဆန်လည်း ဘာဖြစ်လည်း ရှောင်းကျန့်က မိန်းကလေးပဲကို"

"ရိပေါ် .... မင်း ငါ့ကို မိန်းကလေးလို့ ပြောရဲတယ် ဟုတ်လား သွား ကားပေါ်ကဆင်း ဘယ်လောက်ချစ်ချစ် ငါဝမ်းနည်းတယ် ငါ့ကို အဲဒါအစ မဖော်ပါနဲ့ဆိုတာ ဟုတ်တယ် ငါက မိန်းကလေး မျိုးရိုးကို မဆက်ခံနိုင်မယ့် မိန်းကလေး ဘာဖြစ်လဲ ဆွေမျိုးအသိုင်းအဝိုင်းက လက်မခံနိုင်တဲ့မိန်းကလေး မင်းလည်း လက်မခံနဲ့သွား ခုထွက်သွား "

ပြောရင်းဆိုရင်း ရှောင်းကျန့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပါတယ် ရိပေါ်မှားသွားမှန်း ချက်ချင်း သိလိုက်တယ် ရှောင်းကျန့်က ဒီကိစ္စတွေကြောင့် တစ်ဘဝလုံး စိတ်ဒဏ်ရာရှိတာ သိသိကြီးနဲ့ ကို ထိခိုက်ခံစားနေရတဲ့ ရှောင်းကျန့်ကို တင်းတင်းကြပ်ကြပ် မရမက အတင်းဖက်ထားလိုက်ပြီးမှ

"ချစ်ရတဲ့ ရှောင်းကျန့်ရေ တောင်းပန်တယ် တကယ်တောင်းပန်ပါတယ် မောင်းမထုတ်နဲ့ အိမ်ပြန်ရောက်ရင် တစ်ညလုံး ဒူးထောက်ပြီးတော့လည်း တောင်းပန်ပါ့မယ် ရှောင်းကျန့်ဆီက 'မောင်'လို့ခေါ်သံလေး ကြားချင်ဇောနဲ့ ထောက်ပြပြောမိတာပါ တကယ်ကျွန်တော် သတိလက်လွတ် ဖြစ်သွား လို့ပါ မခေါ်နဲ့ ရတယ် မောင်လို့ မခေါ်နဲ့ ရိပေါ်ဆိုလည်း ရတယ် စိတ်ပေါက်ပေါက်နဲ့ ခွေးကောင်ပဲခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် ကျေနပ်တာမို့ မငိုပါနဲ့ ရှောင်းကျန့်ရယ် ကျွန်တော် တကယ်ရင်တွေနာလို့ပါ"

ရှောင်းကျန့်ကို တောင်းပန်ရင်းနဲ့ ရိပေါ်ကပါ မျက်ရည်တွေကျလာတာမို့ ရှောင်းကျန့်ရုန်းကန်ရင်းကနေ ငြိမ်သွားပါတယ်

"ချစ်လွန်းလို့ ပထမဆုံး နဲ့ နောက်ဆုံးအကြိမ် သဘောထားနေပြီး ခွင့်လွှတ်လိုက်မယ် တခြားသူဆို ငါ အဲလောက် မခံစားရပေမယ့် ချစ်ရတဲ့သူကိုယ်တိုင်က အဲဒီလို ပြောလိုက်ရင် ငါ အရမ်းခံစားရတာမို့ သတိထားပေးပါ ရိပေါ်"

"စိတ်ချ အခုတစ်ခေါက်အတွက် တကယ်တောင်းပန်တယ် နောက်လည်းဘယ်တော့မှ မဖြစ်စေရဘူးနော် အခုအဲလို ပြောမိတဲ့အတွက် ဒီမှာ ဒါ ကိုယ့်ကိုကိုယ် အပြစ်ပေးတာ ...ဖြန်း"

ပြောပြောဆိုဆိုနဲ့ ရိပေါ် ကိုယ့်ပါးကိုယ် ချလိုက်ပါတယ် နောက်ထပ်တစ်ဖက်ကို ချဖို့လုပ်တဲ့အချိန် ရှောင်းကျန့်က လှမ်းဆွဲပြီး

"မလုပ်နဲ့ ရိပေါ်  မင်းပါးဖောင်းလေးတွေ ငါပိုင်တယ် ငါကလွှဲပြီး မင်း အပါအဝင် ဘယ်သူမှ ထိခွင့် မရှိဘူး ငါတောင် မနမ်းရသေးတဲ့ ပါးဖောင်းလေးတွေ မင်းမို့ရက်ရက်စက်စက် ရိုက်ရက်တယ်"

ဆိုပြီး မျက်စောင်းလေးနဲ့ လှမ်းပြောပါတယ်

"အာ..နမ်း အခုနမ်း ဒီပါးဖောင်းကြီးတင်မကဘူး တစ်ကိုယ်လုံး ကျွန်တော့်ရဲ့ ရှောင်းကျန့်ဆိုတဲ့ "အချစ်"  ပိုင်တယ် ကြိုက်တဲ့နေရာ နမ်းလို့ရတယ်"

"အရမ်းနာသွားလား ရိပေါ် "

"အင်း နာတယ် ဒါပေမယ့် "အချစ်"ကို ရင်နာအောင် လုပ်မိတာမို့ နာသင့်ပါတယ် "

"မနာသင့်ပါဘူး ငါလည်း နည်းနည်း emotion ရုတ်တရက် ထိန်းချုပ်ဖို့ မရဖြစ်သွားတာပါ တစ်ဘဝလုံး စိတ်ဒဏ်ရာရထားတာမို့ နားလည်ပေးမယ် မလား"

"နားလည်တာပေါ့ အချစ်ကို ကျွန်တော်မှ နားမလည်ရင် ဘယ်သူနားလည်မှာလဲ"

"ချစ်ဖို့ကောင်းလိုက်တာ ငါ့ရဲ့ ရိပေါ်လေးက"

ခုနက အသည်းအသန် ထုရိုက်ရန်ဖြစ်ထားတာ မဖြစ်ခဲ့သလို နဲ့ ပြန်ပြီး အကြည်ဆိုက်သွားကြပါတယ်

အကြည့်ချင်းဆုံ ရင်တွေလည်း ပြန်ခုန်လာပါတယ်

ရိပေါ်က ရှောင်းကျန့်ကို သေသေချာချာ စိုက်ကြည့်ပြီး တဖြည်းဖြည်းတိုးကပ်လာပါတယ် ရှောင်းကျန့်ရဲ့ နှုတ်ခမ်းပါးလေးကို သေသေချာချာကြည့်ပြီး နှုတ်ခမ်းချင်းထိကပ် နမ်းရှိုက်လိုက်ပါတယ် ရိပေါ်တော့ မသိဘူး ရှောင်းကျန့်တော့ ဂျယ်လီချိုချဉ် တင်းတင်းလေး ငုံထားရသလိုပါပဲ ရိပေါ်က ရှောင်းကျန့်ခါးလေး ကိုဖက်ထားတဲ့အချိန် ရှောင်းကျန့်က ရိပေါ်ရဲ့ လည်ဂုတ်လေးကို ပြန်ဖက်ပြီး နှစ်ယောက်သား နူးနူးညံ့ညံ့ နဲ့ စိတ်လိုလက်ရ နမ်းလိုက်တာ အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိလိုက်ပါဘူး ဖုန်းသံကြားမှ နမ်းနေရာ ခွါလိုက်ကြပါတယ်

မားဆီက ကျန့်ကျန့်ပြန်မရောက်သေးလို့ စိတ်ပူပြီးဆက်တဲ့ ဖုန်းဆက်တာမို့

"လာနေပြီ မားမားရေ အောင်ပွဲခံ ဂုဏ်ပြုပွဲလေး ကျင်းပပေးနေလို့ပါ ရိပေါ်ကို ပို့ပြီးတာနဲ့ လာပြီနော် နောက် ၁၅မိနစ်လောက်ဆိုရောက်ပြီ ဒါပဲနော်"

ဆိုပြီးဖုန်း အမြန်ချလိုက်ပါတယ် အကြာကြီးနမ်းထားပေမယ့် နမ်းလို့ မဝသေးတာမို့ ဖုန်းချပြီးတာနဲ့ ရှောင်းကျန့်ဘက်ကစပြီး ရိပေါ်လည်ပင်းလေးကို ဖက်ပြီး အနမ်းတွေ ပြန်စတင်လိုက်ပါတယ် ဒီတစ်ခါတော့ တစ်မိနစ်လောက် အသက်ရှုကြပ်လောက်အောင် ခပ်ကြမ်းကြမ်း နမ်းလိုက်ကြတာပါတယ်

"အ့"

အနမ်းခွါခါနီးမှာ အသည်းယားစွာနဲ့ ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းကို ကိုက်ဆွဲလိုက်တာပါ

"နှုတ်ခမ်းပေါက်သွားပြီနဲ့တူတယ် ဟင် ကိုက်ရအောင် မင်းက ခွေးလား"

"ဟုတ်တယ် ကျွန်တော်က အချစ်ရဲ့ ခွေးကောင်လေး"

"ခွေးကောင်လေးလို့ မပြောပါနဲ့ ကြားရတာ စိတ်မကောင်းဘူး ခွေးပေါက်လေးတော့ လုပ်လိုက် ဟုတ်ပြီ ငါသိပြီ မင်းကို ချစ်စနိုးနဲ့ ခွေးပေါက်လေးလို့ခေါ်မယ်"

"ခေါ် ကြိုက်သလိုခေါ်  အချစ် စိတ်ပျော်ရင် ပြီးတာပဲ"

" ကဲ သွားစို့ မားမား မျှော်နေပြီ "

"ခဏလေး ခဏလေး  စောစော က မနမ်းလိုက်ရတာ နှုတ်ခမ်းအောက်ကမဲ့လေးကို နမ်းပါရစေဦး  "

ပြောလည်းပြော နမ်းလည်းနမ်း လိုက်တဲ့ ရိပေါ်ရယ်ပါ

"သွက်တယ်နော် ဒါမျိုးဆိုရိပေါ်က"

" အချစ် နဲ့မှပါ ကျန်တဲ့သူဆို ကျွန်တော်က Cool Guy ပဲ အချစ်အတွက်သာ Special Limited Version"

" ဟုတ်ရဲ့လား အသက်၂၅ဆိုပေမယ့် ဒါ ငါရဲ့ First Kiss နော်"

"ကျွန်တော်လည်း First Kiss ပါနော်"

"ကဲပါ သွားစို့ မားကို အကြာကြီး မစောင့်စေချင်ဘူး"

အဲဒီညက ရိပေါ်အတွက်တော့ စိတ်ကျေနပ်စရာ အကောင်းဆုံးညပါပဲ ချစ်ရသူနဲ့ First Kiss ခြင်း ဖလှယ်ပြီး စိတ်တိုင်းကျ ထွေးပွေ့ခွင့်ရခဲ့တာမို့ လူဖြစ်ရကျိုးနပ်တဲ့ညပဲပေါ့.............

Continue Reading

You'll Also Like

25.8K 811 25
HxH ONESHOTS ⭕Include stories of different genres but mostly ROMANCE ⭕One Shots(ONE CHAPTER ONLY) ⭕If you want a description... ⭕READ THE TITLE RE...
31.2K 1.4K 25
တိုက်တန်တဲ့ လူတိုင်းအတွက် ဒုတိယအခွင့်အရေးဆိုတာရှိတယ်..
804K 29.9K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
14.1K 1.5K 13
[𝚈𝚒𝚣𝚑𝚊𝚗 𝙵𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗]✓ 7ᵗʰ 𝑺𝒕𝒂𝒓𝒕 : 12.8.2021 𝑬𝒏𝒅 :