Whatever You Are

By Blacksheep303

52.8K 3.7K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are - Zawgyi (7)

125 13 0
By Blacksheep303

ဒီနေ့က ရှောင်းကျန့် ခရီးထွက်လာတာ တစ်ပတ်ရှိပြီ အလုပ်ကိစ္စလေးတွေ ပြီးပြတ်သလောက် ရှိပါပြီ ရှေ့နေ နဲ့ လိုအပ်တဲ့ အချက်အလက်တွေ အားလုံး လုပ်ထားရတာ ဘာလိုလိုနဲ့ အကောင်အထည်ဖော် ဖြစ်ဖို့က နောက်ထပ် ၅နှစ်လောက်ပဲ လိုတော့တာ ဒါပေမယ့် ပိုပြီး တိကျ သေချာအောင် နှစ်တိုင်းနှစ်တိုင်း ရှောင်းကျန့် မွေးနေ့တွေ ပြီးတိုင်း အချက်အလက်တွေ ထပ်တိုးလုပ်ဆောင်နေရတာ အလုပ်တွေ လုပ်နေချိန်ဆို မသိသာပေမယ့် အားလပ်သွားရင် အရင်ဆုံး အတွေးထဲ ဝင်လာတဲ့သူက တော့ ရှောင်းကျန့်ရဲ့ နှစ်ယောက် မရှိတဲ့ ရိပေါ်လေးပါပဲ။

ရိပေါ်က လည်းကိုယ့်ကို သဘောကျနေတာ မှန်းသိသာပေမယ့် ကိုယ့်ရဲ့ မွေးဖွားလာမှု ဖြစ်တည်မှုတွေကို မားမားက လွဲရင် ဘယ်သူကမှ သဘောတကျ မရှိလှတာမို့ ဒီကောင်လေး စိတ်ကစားတုန်း ကိုယ့်ကို လာပတ်သတ်တာနေမှာပါ သူ့ဘက်က စိတ်ကစားတာ ဖြစ်ခဲ့ရင်တောင် ရှောင်းကျန့်က သူနဲ့ အပျော်သဘော ဖြစ်ဖြစ် သူခံစားချက်အတိုင်း တွဲပေးဖို့ ဝန်မလေးပါဘူး

ခက်တာက ရိပေါ်က ခုထိသူ့ကို ဖွင့်မပြောသေးဘူး ရှောင်းကျန့်ရဲ့ ခံယူချက် တစ်ခုရှိတယ် ဘယ်လောက်ပဲ သဘောကျကျ ဘယ်တော့မှ ကိုယ့်ဘက်ကစ ဖွင့်မပြောဘူးဆိုတဲ့ ခံယူချက်ပါ ကိုယ့်ဘက်က ဘယ်တော့မှ စတင်မှာ မဟုတ်တာ မိန်းကလေးမို့ ထိန်းသိမ်းရမှာမို့ဆိုတဲ့အစွဲကြောင့်တွေ မာနကြီးလို့ဆိုတာတွေကြောင့် လည်း မဟုတ်ပါဘူး မားမားပြောပြောနေကြတွေ အမြဲကြားနေရတဲ့အခါ ကိုယ့်ဖြစ်တည်မှုကို ဗိုက်ထဲမှာတည်းက ငြင်းဆိုခံခဲ့ရတယ်ဆိုတဲ့ စိတ်ဒဏ်ရာက ဆယ်ကျော်သက် နားလည်တတ်စအရွယ် ကတည်းက ရခဲ့တော့ အငြင်းခံရမှာ သေလောက်အောင် ကြောက်နေတာမို့ပါ ရိပေါ်ကို သူ့ခံစားချက်တွေ သူ ဆန်းစစ်တတ်စေဖို့ အတွက် ခရီးစထွက်ကတည်းက လုံးဝ လိုင်းမဖွင့် ဘဲ ဖုန်းကို Airplane Mode on ထားခဲ့တာပါ ကိုယ်ဆက်သွယ်စရာရှိရင် ခဏဖြုတ် ပြီး ဆက်သွယ် မားမားနဲ့ပြောရင် ကိုယ့်ဘက်က စဆက် ပြီးတာနဲ့ ချက်ချင်း Airplane Mode ပြန် On လိုက်တာပဲ

သတိတော့ရတာပေါ့ ဒါပေမယ့် ခဏလောက်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ပိုသေချာချင်သေးလို့ပါ နောက် ၂ရက်လောက် သီးခံပြီးရင် ရိပေါ်လေးနဲ့ ပြန်တွေ့ရတော့မှာပါ သူလည်း ထပ်တူခံစားနေရရင် ကောင်းတာပေါ့

ဒါမှမဟုတ်လည်း ကနေရင်း နဲ့ သတိမရဘဲ ပျော်ရွှင်နေတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့ ဘာပဲဖြစ်ဖြစ် ကိုယ်က ချစ်တာမို့ သူ့လိုအပ်ချက်လေး နည်းနည်းဖြစ်ဖြစ် ဖြည့်ပေးပြီး အကပြိုင်ပွဲ ပြီးရင် ဆုံနိုင်စရာ မရှိတဲ့သူတွေမို့ သူ့ဘက်က မေ့မေ့ပျောက်ပျောက် ဖြစ်သွားလည်း လက်ခံရမှာပေါ့



ဒီလိုနဲ့ ပြန်ရောက်တဲ့ မနက် လေဆိပ်ရောက်တော့ အံဩသင့်မိတာက ရိပေါ် က လာကြိုတဲ့လူတွေ တန်းစီစောင့်တဲ့နေရာမှာ တွေ့လိုက်ရတာပါ

"ရိပေါ် ဘယ်သူ့ လာကြိုတာလဲ"

"ရှောင်းကျန့်ကို လာကြိုတာ"

"ဘာ ငါ့ လာကြိုတာ ဟုတ်လား"

"ဟုတ်တယ် လောင်သျှီးကို လေယာဉ်ချိန် မေးပြီး သေသေချာချာကို လာကြိုတာပါ"

"အာ.. အပင်ပန်းခံလို့ ရိပေါ်ရယ် ခါတိုင်းလည်း ကိုယ့်ကို အမြဲပြန်လာနေကြကို"

ရှောင်းကျန့် ပြန်ပြောပြီး ရိပေါ်လေးကို ကြည့်လောက်တော့ နှုတ်ခမ်းလေးထော်နေတဲ့ ရိပေါ်ရယ်ပါ ဘဲပေါက်လေးကျနေတာပဲ

"ဒီလိုပါပဲ မကြင်နာ စိမ်းကားတဲ့သူက အဆက်အသွယ် မလုပ် ဖုန်းပိတ် လိုင်းမတက် နေနိုင်ပြီး အေးအေးဆေးဆေး ဖြစ်နေပေမယ့် မနေနိုင်တဲ့ကောင်က မျက်နှာလေးမြင်ရ မြင်ရ အသံလေးကြားရကြားရ စောနိုင်သမျှစောပြီး မြင်ချင်ကြားချင်နေလို့ လာကြိုတာရပြီလား"

"ဟက် ဒီလိုကျတော့ ရိပေါ်လေးက တော်လိုက်တာ လာ သွားမယ်"

အဆောက်အဦး အပြင်ရောက်တော့

"ဟင် ရိပေါ် ဆိုင်ကယ်ကြီးနဲ့ လာကြိုတာလား အထုပ်အပိုးတွေ ဘယ်လိုလုပ်မလဲ"

"အိမ်က ကားပါတယ် ဒါရိုင်ဘာကြီး မောင်းလာတာ သူက အထုပ်အပိုးတွေသယ်ပြီး အိမ်ပို့ပေးလိမ့်မယ် ရှောင်းကျန့်က ကျွန်တော့် နောက်လိုက်ခဲ့ရင်ရပြီ မလိုက်ချင်ဘူးဆိုလည်း ကားနဲ့လိုက်သွား"

ကောက်ကောက်စိန် အမောင်ရိပေါ် အကောက်မပြေသေးတာ သေချာတယ် စကားကို မသိမသာ စူစူပုပ်ပုပ် စောင့်စောင့်အောင့်အောင့် နဲ့ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ရှောင်းကျန့်က ဒါလေးကိုပဲ အသည်းယားနေမိတော့တာ

" လာကြိုတဲ့သူနောက်လိုက်မှာပေါ့ ဒီလိုဆိုင်ကယ်ကြီးလည်း တစ်ခါမှ မစီးဖူးတာနဲ့ အတော် ပဲ လိုက်မယ် ဒါပေမယ့် ခွစီးမှာနော်"

"အာ ဘယ်ဖြစ်မှာတုန်း စကပ်အကားကြီးနဲ့ အကုန်လှန်ကုန် မှာပေါ့"

"ဘယ်သူက ဒါနဲ့စီးမယ် ပြောတုန်း ခဏလေးစောင့် လေဆိပ်က Toiletထဲမှာ ဂျင်းဘောင်းဘီသွားလဲလိုက်ဦးမယ်"



ပြောပြောဆိုဆို ရှောင်းကျန့် အဝတ်အိတ်ထဲက ဂျင်းဘောင်းဘီနဲ့ တီရှပ်အပြာလေးထုတ်ပြီး လေဆိပ် အဆောက်အဦးထဲ ပြေးဝင်သွားပါတယ် ရိပေါ် အိတ်တွေကို ကားနဲ့ထည့်ပေးလိုက်ပြီး ကားဆရာကို ပစ္စည်းပို့ခိုင်းပြီး အိမ်ပြန်ခိုင်းလိုက်ပါတယ်

ရှောင်းကျန့်က ခွစီးမှာဆိုပါလား ကိုယ့်ရဲ့ ကျောပြင်ကို သူက ကပ်စီးမှာရယ် သူ့ခြေတံလေးတွေကအစ ကိုယ်နဲ့ နီးနီးကပ်ကပ် ဖြစ်နေမှာဆိုတော့ ရိပေါ် ကျေနပ်နေပါတယ် ဘယ်တွေခေါ်သွားရင်ကောင်းမလဲ ရိပေါ်စဉ်စားတုန်း ရှောင်းကျန့် ပြန်ရောက်လာပါတယ် ဆံပင်ရှည်ကြီး ဖားလျားချပြီး တီရှပ် ဂျင်းဘောင်းဘီ နဲ့ သိပ်လှနေပါတယ် လူတိုင်းက ငေးကြည့်နေကြတာ အကိတ်မဟုတ်ပေမယ့် စမတ်ကျကျ လှပနေပါတယ် ကြည့်နေရင်း ပြုံးဖြီးဖြီး ဖြစ်သွားပေမယ့် ချက်ချင်းအမြန် ရှောင်းကျန့် မရောက်ခင် နှုတ်ခမ်းကတော့ စူထားလိုက်ပြီး မျက်နှာတည်ထားလိုက်တယ် နှုတ်ခမ်းစူထားဦးမှရမယ် ကိုယ့်ကို ပစ်ထားတာမို့ ပြန်ချော့ မှရမယ် ရှောင်းကျန့်က အကြီး ချော့ရင် ချော့ မချော့လို့ကတော့ ရိပေါ်ကတော့ ကောက်ကောက်စိန် လုပ်နေဦးမှာပါပဲ


"ကောက်စိန် နှုတ်ခမ်းစူတာ လျော့ ဒီက ရှောင်းကျန့်က မင်းကို ချော့မှာမို့ ဝတ်စုံပြည့် အကလေ့ကျင့်ဖို့ Makeup Artist ကိုနေ့လည် ၁နာရီ မှချိန်းထားတာ ခုမှ ၉နာရီခွဲပဲ ရှိသေးတာဆိုတော့ ဆိုင်ကယ်ပတ်စီးရအောင် ပြီးရင် နေ့လည်စာ စားချင်တဲ့ဆိုင်စား ချော့တဲ့အနေနဲ့ ကျွေးမှာမို့ သွားစို့"

ပြောလည်းပြီးရော ရှောင်းကျန့်က ဒေါက်ထောက်ထားတဲ့ ဆိုင်ကယ်ပေါ် ခွလို့နေနှင့်ပါပြီ

စိတ်ထဲမှာတော့ ရိပေါ်က ရှောင်းကျန့်ကို ဆိုင်ကယ်ခွသလို ကျွန်တော့်ကိုလည်း ခွရမှာ လို့ ခပ်မှောင်မှောင် တွေးမိတော့ အပြုံးတွေက ဖုံးမရဖိမရ

"ဘာတွေပြုံးနေတာလဲ ရိပေါ် သွားရအောင်လေ"

"အင်း သွားမယ် အရင်ဆုံး ခေါ်သွားစရာ နေရာလေး ရှိလို့ လိုက်ခဲ့မယ်မလား"

" လိုက်မှာပေါ့"

ရိပေါ်ခေါ်လာတာ တခြားနေရာ မဟုတ်ပါဘူး ရိပေါ်မားရဲ့ အုတ်ဂူလေးဆီကိုပါ ရိပေါ်ပါးက ရိပေါ်မားမားကို အရမ်းချစ်တော့ ဆုံးသွားတဲ့သူ့ဇနီးကို တခြားလူတွေ င်္သချိုင်းမှာ ဂူသွင်းသဂြိုလ်တာမလုပ်ဘဲ မြို့ပြင်ဘက်မှာ ခြံအကျယ်ကြီးဝယ်ထားပြီး ပန်းခြံလို ပြင်ဆင်ထားပေးပြီး ပန်းခြံရဲ့အလယ်မှာ ဂူသွင်းထားတာ ပတ်ဝန်းကျင်က ငြိုငြင်မှာစိုးလို့ ဧက ၂၀ လောက်ဝယ်ထား အုတ်တံတိုင်း အမြင့်ကြီးခပ်ထားပေးတာ လစဉ် လူဌားပြီး ပန်းခြံလေးကို သေချာရှင်းထားပေးတာလို့ ရိပေါ်က ပြောပါတယ် ရိပေါ်ပါးပါး က ချစ်တတ်လိုက်တာ ရိပေါ်က အဖေတူ သားလေးဖြစ်ပြီး သိပ်ချစ်တတ်ရင် ရှောင်းကျန့်တော့ ကံကောင်းမှာပါ

"ရှောင်းကျန့် ဒါ ကျွန်တော့် မားမား "

"အာ အန်တီ ရှောင်းကျန့်ပါ ရိပေါ် မိတ်ဆွေပါ"

"မားမား ဒါ သား မိတ်ဆက်ပေးချင်တဲ့သူ တစ်ခါမှ အပြင်မှာ မမြင်ဖူးပေမယ့် မားမားသားကို စောင့်ရှောက်နေတာ သားသိပါတယ် သူက သားအချစ်ရဆုံးသူပါ လက်တွဲဖော် အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ထားတဲ့သူမို့ လာမိတ်ဆက်ပေးတာပါ"

ရှောင်းကျန့် မျက်စောင်းပစ်ထိုးလိုက်တယ် ချစ်ခွင့်ဖြင့် မပန်ရသေးဘဲနဲ့ သူ့မားမား နဲ့ လာမိတ်ဆက် ပေးနေတယ် အံ့ဩပ

သူ့မားမား ကို နှုတ်ဆက်ပြီး ရိပေါ် ရှောင်းကျန့် ဘက်ကို ချက်ချင်းလှည့်ပြီး

"ရှောင်းကျန့် ကျွန်တော် က ချစ်တယ် တကယ် မြတ်မြတ်နိုးနိုး နဲ့ကို ချစ်ပါတယ် ဘယ်သူ့ကို မှ မချစ်ခဲ့ဖူးပေမယ့် ရှောင်းကျန့်ကိုတော့ တကယ်ချစ်တာပါ မြင်ကတည်း ချစ်ခဲ့တာပါ ချက်ချင်းကြီး ဖွင့်ပြောလိုက်ရင် ငယ်သူမို့ ပေါ့ပျက်ပျက် ဖြစ်မှာစိုးလို့ ချိန်ဆနေရတာ ရုတ်တရက်ကြီး ခရီးထွက် သွားပြီး အသံလေးတောင် မကြားရတော့တဲ့အခါ ကျွန်တော် တစ်ရက်လေးတောင် မနေနိုင်ဘူး WeChat ကနေ တောက်လျှောက်စာပို့လည်း မဖတ် ဖုန်းဆက်လည်း မရ သတင်းလည်းမကြားတော့ ကျွန်တော် တော်တော်ကြီးကို လန့်သွားတာ ချစ်တာလေးတောင် ဝန်မခံရသေးခင် ခင်ဗျားလေးနဲ့ ပြန်မတွေ့ရတော့ရင် ကျွန်တော် ရူးသွားမယ်ထင်တယ် ကျွန်တော်က ချစ်တာမို့ ပြန်မချစ်ပေးနိုင်ရင်တောင် ခုလိုမျိုးကြီး ကျွန်တော့်ကို ပစ်ပစ်ခါခါ မလုပ်ပါနဲ့ အခုလည်း လောင်သျှီးကို တစ်ခါတည်း ဒူးထောက်ဖွင့်ပြောပြီး ခွင့်တောင်းခဲ့ပြီးသားပါ ကျွန်တော့်ရဲ့ အချစ်ကို လက်မခံနိုင်ရင်တောင် မစဉ်းစားပေးဘူးဆိုရင်တောင် အရင်လို အခင်အမင် မပျက်နေပေးပါ ကျွန်တော်က ချစ်တာသိရင် ကျေနပ်ပြီမို့ ဒီအတိုင်း ချစ်တာမို့ ရပါတယ် "

" အေးလေ မင်းအချစ်ကို လက်မခံလည်း ရတယ်ဆိုတော့လည်း လက်မခံရုံပေါ့ မင်းကိုယ်တိုင် က ချစ်တာ သိပါတယ် ငါသိတာမို့ ပြန်ရအောင် ငါ စဉ်းစားစရာလည်း မလိုဘူး လက်ခံစရာလည်း မလိုဘူးဆိုတော့ သဘောပဲ ရပါတယ် ငါလည်း သက်သာတာပေါ့"

"ဗျာ"

"ဗျာ မနေနဲ့ ... သွားမယ်.... "

ရှောင်းကျန့် စိတ်တိုလွန်းလို့ သူချစ်တာတွေပဲပြောပြီး လက်မခံလည်းရပါတယ် ဘာတယ်ညာတယ်နဲ့ ဘယ်သူက လက်မခံဘူး မစဉ်းစားဘူးပြောနေလို့လဲ တုံးလွန်းအားကြီးတဲ့ တုံးစိန် နေခဲ့ဆိုတဲ့စိတ်နဲ့ လှည့်အထွက် ရှောင်းကျန့်လက်ကို ရိပေါ်က အားနဲ့လှမ်းအဆွဲ ရှောင်းကျန့်က စိတ်ပေါက်ပေါက်နဲ့ အရှိန်နဲ့လှည့် အထွက်ဆိုတော့ နှစ်ယောက်သား ထပ်လျက် လှဲကျသွားပါတယ်

အဲခါမှပဲ ကိုလူလည် ရိပေါ်က ရှောင်းကျန့်ကို အတင်းဖက်ထားပြီး

"ရှောင်းကျန့် စကားမှားသွားလို့ပါ ဖွင့်ပြောချင်စိတ်များသွားပြီးရင်ခုန်နေလို့ပါ အဲလို မလုပ်ပါနဲ့ ကျွန်တော့် အချစ်ကို လက်ခံပေးပါ စဉ်းစားပေးပါနော်"

"လွှတ်ဦး အသားယူမနေနဲ့ ခုချိန်ထိ ငါက မင်းကို ဘာမှ မပြောရသေးဘူးနော် ဆွဲလားရမ်းလား ဖက်လားနဲ့ တော်တော် အသားယူနေ အရင်လွှတ် ထပြီးမှ စကားပြောမယ်"

ဒါကြောင့်ရိပေါ်က ရှောင်းကျန့်ကို လွတ်ပေးလိုက်ပြီး နှစ်ယောက်သား ပြန်ထ ဖုန်တွေဘာတွေခါပြီးတော့ ရှောင်းကျန့် လက်ချောင်း ၃ချောင်း ထောင်ပြပါတယ်

" OK ဆိုပြီး လက်ခံတာလား ရှောင်းကျန့်"

" ကိုယ့်ဘက်ကိုယ် ယက်မနေနဲ့ ရိပေါ် ဒါ လက်ချောင်း ဘယ်နှစ်ချောင်းတုန်း "

" သုံးချောင်း .... ဘာ ရှောင်းကျန့် ကျွန်တော့်ကို သုံးနှစ်သုံးမိုး စောင့်ခိုင်းမလို့လား ကျွန်တော် မစောင့်ချင် ဘူးနော် မဖြစ်မနေစောင့်ရမယ်ဆိုရင်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ စောင့်ရမှာပေါ့ ချစ်တာကိုး"

"ပြောချင်ရာ ဇွတ်ပြော မနေနဲ့ ၃ရက်ပဲစောင့်ခိုင်းတာ ဒီနေ့က အောက်တိုဘာ ၁၄ဆိုတော့ ၁၆ရက်နေ့ မင်းတို့ အကပြိုင်ပွဲမှာ အနိုင်ရရင် ငါ မင်းကို အဖြေပေးမယ်"

ရိပေါ် ဝမ်းသာအားရနဲ့

"စိတ်ချ ကျွန်တော်တို့အဖွဲ့နိုင်မှာ နိုင်အောင်လို့လည်း ခင်ဗျားလေးက အများကြီး ကျွန်တော်တို့ကို Support ထားတာ စီစဉ်ပေးထားတာမို့ ကျွန်တော်တို့ နိုင်မယ်လို့ အပြည့်အဝ ယုံတယ် ဒါကြောင့် ကြိုပြီး အဖြေပေးလိုက်ပါလား ....ဟီး...ဟီး Prepaid လိုသဘောမျိုးနဲ့လေ "

"ငါ မပေးချင်လို့ ညစ်နေတာမဟုတ်ဘူး အမှတ်တရဖြစ်ချင်တာ အပျော်တွေ အများကြီးရှိတဲ့နေ့မှာ ငါတို့ချစ်ခရီးကို စတင်ချင်တာ အပျော်တွေအများကြီးနဲ့စပြီး အပျော်တွေ အများကြီးနဲ့ ဆုံးချင်တာ ဒါ ငါ့ရဲ့ စိတ်ခံစားချက်မို့ နားလည်တယ်မလား"

"နားလည်တယ် ကိုယ့်ချစ်သူ ဖြစ်လာမယ့်သူကို နားလည်တယ် လုံးဝ အပြည့်အဝနားလည်တယ်"

"ဪ ဒါနဲ့ ရိပေါ် မားမားကို ခွင့်တောင်းတော့ မားက ဘာပြောလဲ"

"သားသမီးကို ချုပ်ကိုင်ချယ်လှယ်တဲ့ အမေ မဟုတ်လို့ ကျန့်ကျန့်လေး သဘောထားက မားမားရဲ့ သဘောထားပဲတဲ့ တစ်ခုပဲ ရှိတယ် အသက် ၃၁နှစ် မပြည့်မချင်း ကျန့်ကျန့်က လက်ထပ်လို့ မရဘူး ဒါကလည်း ဘယ်လိုမှ မလွှဲသာတဲ့ အခြေအနေကြောင့်ပါ ကျန့်ကျန့်ရဲ့ ဖြစ်တည်မှုကို မင်းလက်ခံရင် ငါက သဘောမတူစရာ ဘာမှမရှိဘူးတဲ့ ကျွန်တော့်ရဲ့ ယောက္ခမကြီးက ဟီး....ဟီး "

" ဟုတ်တယ် ရိပေါ် ငါ့ဘဝက ထင်သလောက် မရိုးရှင်းဘူး ငါ့ပါးပါး နဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြီးသွားဖို့က ငါ့အသက် ၃၀ကျော်မှ ရမှာမို့ ၃၁နှစ်ပြည့်မှ လက်ထပ်လို့ရမှာ ချစ်သူဖြစ်သွားရင်တောင် ငါတို့ လက်ထပ်လို့မရသေးဘူးရိပေါ် "

"ချစ်နေရရင်ပြီးတာပဲ စောင့်နိုင်တယ် ၃၁ပြည့်တာနဲ့တော့ တန်းပြီး လက်ထပ်မှာနော် ရှောင်းကျန့် ခင်ဗျားက ကျွန်တော့်အပိုင်ပဲ ဖြစ်ရမှာ"

"မင်းသာ ငါ့အသက် (၃၁)နှစ်ပြည့်ပြီးတဲ့အထိ လက်ထပ်ချင်သေးတာ သေချာရင် ငါ့ဘက် ဘာမှ ငြင်းစရာမရှိဘူး မင်းသာ မပြောင်းလဲပါစေနဲ့ ငါက မားမားနဲ့အတူနေတော့ မားမားသွေး ပိုများတယ် ချစ်နိုင်သလောက်ချစ်တတ်သလို ထားခဲ့ချင်ရင်လည်း စိတ်ပြတ်တယ် ရင်နာနာနဲ့ ကြေကွဲရမယ်ဆိုတောင် အေးအေးချမ်းချမ်းနဲ့ ရက်စက်တတ်တယ်နော်"

"မလုပ်ပါနဲ့ ရှောင်းကျန့်ရယ် ချစ်တောင် မချစ်ရသေးဘူး ရက်စက်ဖို့က လာပြီ အရင်ချစ်ရအောင် လေ ဒီနေ့က ပြိုင်ပွဲ မဟုတ်ပေမယ့် ဝတ်စုံပြည့် မိတ်ကပ်အပြည့်နဲ့ လေ့ကျင့်ရမှာဆိုတော့ Rehearsal ချစ်ကြည့်ရအောင်လေ အဖြေ အစမ်းပေးကြည့်ပါလား အဲဒီနေ့ အဖြေ ပေးတဲ့အခါ အဆင်ပြေပြေ ဖြစ်သွားအောင်"

"ဖိုးရွှေလိပ်......တော်ပြီ ပြန်ရအောင် နေ့လည်စာ စားပြီး အမြန်ပြန်ရအောင် တခြားသူတွေ စောင့်နေလိမ့်မယ်"

"ပြီးရော ပြီးရော ... လာဆိုင်ကယ်ပေါ်တက် ခဏလေး ပါးမှာ ချော်လဲတုန်းက ဘာပေသွားလဲမသိဘူး"

"အင် ဘယ်နားမှာတုန်း "

"ဒီနားလေး ......ရွှတ်"

ညာတာပါတေးနဲ့ ရိပေါ် ရှောင်းကျန့်ပါးကို ရွှတ်ခနဲ နမ်းလိုက်ခြင်းဖြစ်သည်

"ရိပေါ်.............."

"ဟီး ဟီး ချစ်လို့ ချစ်ခွင့်ပန် အနမ်းဒါက မကျေနပ်ရင် ကြိုက်သလောက် ပြန်နမ်း"

ဆိုပြီး ရိပေါ်က မျက်လုံးကြီး မှိတ်ပြီး ပါးကြီးထိုးပေးပါတယ် ဘယ်ရမလဲ ရှောင်းကျန့် တဲ့ တစ်ကျန့်ပဲရှိတယ် ပြန်မနမ်းဘဲ အသဲယားစရာ ပါးဖောင်းကြီးကို ကိုက်ပလိုက်တာပေါ့

"အား..."

အားရပါးရ ကိုက်ပစ်တာမို့ ရိပေါ်ပါးဖောင်းကြီးပေါ် သွားရာ အကွင်းလိုက်

"ငါလည်း အချစ်စရံသတ်ထားတာ ကွင်းကွင်းကွက်ကွက် သိသွားအောင် သေချာစရံသတ်ပေးလိုက်တာ မကျေနပ်ရင် ငါ စရံ အရှုံးခံတယ်ကွာ အဖြေပေးမယ့် အစီအစဉ်ကို ဖြုတ်လိုက်ရုံပေါ့"

"ကျေနပ်တယ် အပြည့်အဝကို ကျေနပ်တယ် သွားကြစို့"

နှစ်ယောက်သား ပြန်ထွက်လာပြီး နေ့လည်စာကို ပျော်ပျော်ရွှင်ရွှင် စားဖြစ်ကြပါတယ် အဖြေမရသေးပေမယ့် နှစ်ယောက်သားအတွက် First Date ဖြစ်ခဲ့ပါတယ် ပါးမှာသွားရာ အကွင်းလိုက်နဲ့မို့ စားသောက်ဆိုင်မှာ မြင်သမျှလူ အားလုံးက ပြုံးစိစိ နဲ့ ဒါတင်မကပါဘူး ပြန်ရောက်တော့ သူငယ်ချင်းတွေရော Makeup Artist ကပါ ဘာဖြစ်တာတုန်း စပ်စုနေကြတာမို့ စိတ်ပေါက်ပေါက် နဲ့

"ယုန်လောရှည် ကိုက်တာခံလိုက်ရတာ" လို့ ပြောလိုက်တာ ဝိုင်းရီကြပါတယ် ပြီးတာနဲ့ သဘောပေါက်စွာ ရှောင်းကျန့်ကို လှမ်းကြည့်ကြပါတယ် ဟုတ်တယ်လေ ယုန်သွားကြီးတွေနဲ့ အရပ်မိုးထိုးနေတာ ယုန်လောရှည် ဒီနားဝန်းကျင် သူ့တစ်ယောက် ပဲရှိတာကိုး

ဖြူဖြူစင်စင်အပြုံးတွေနဲ့ ယုန်သွားတွေပေါ်အောင် အားလုံးကို "It's Me" ဆိုတဲ့ အပြုံးကြီးနဲ့ တွေနဲ့ ပြုံးပြနေတဲ့ ရှောင်းကျန့်ကို တကယ် ကျွန်တော်ချစ်ပါတယ် ကျွန်တော့်ကို လှမ်းကြည့်နေတဲ့ ရှောင်းကျန့်ကို မွှားဆိုပြီး အဝေးကနေ နမ်းတဲ့ပုံလေး လုပ်ပြလိုက်ပါတယ် လက်က အသည်းလေး လှမ်းပြဖို့လည်း မမေ့ဘူးနော် ရှောင်းကျန့် က တော့ အနမ်းလေးကို လှမ်းဖမ်းတဲ့ ပုံလေးလုပ်လိုက်တာမို့ ပျော်သွားတုန်းရှိသေးတယ် မျက်စောင်းလေးထိုးပြီး ဖမ်းထားတဲ့အနမ်းကို ပစ်ချလို့ တက်နင်းတဲ့ပုံလေး လုပ်ပြလိုက်တာမို့ အသည်းယားလိုက်တာ ကြပ်ကြပ်လုပ်ထားပါ ရှောင်းကျန့် တရားဝင် ချစ်သူဖြစ်မှ ဖတ်ဖတ်မောအောင် နမ်းပစ်မယ် ချစ်လိုက်တာ ရှောင်းကျန့်ရေ...........

Continue Reading

You'll Also Like

19.3K 1.6K 98
ဂုဏ်သိက္ခာကြီးမားတဲ့မိသားစုမှမွေးဖွားလာခဲ့သောသခင်လေးတစ်ယောက် ကမ္ဘာပျက်ကပ်တွင်ဖုတ်ကောင်များ၏တိုက်ခိုက်ခံရပြီး...... ကိုယ်တိုင်ကအတတ်ပညာတစ်ခုမှမရှိသော်လဲန...
4.9K 431 7
(Zawgyi) မင်းသားရှောင်းရဲ့ ကျိန်စာကို ဖြေပေးနိုင်တဲ့ ဖူးစာရှင်က မမွေးသေးဘူး (Unicode) မင်းသားရှောင်းရဲ့ ကျိန်စာကို ဖြေပေးနိုင်တဲ့ ဖူးစာရှင်က မမွေးသ...
522K 8.1K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
791K 34.2K 53
"𝑾𝒉𝒂𝒕 𝒊𝒇 𝑰 𝒍𝒆𝒇𝒕 𝒚𝒐𝒖 𝒇𝒐𝒓 𝒔𝒐𝒎𝒆𝒐𝒏𝒆 𝒆𝒍𝒔𝒆?" "𝑻𝒉𝒆𝒏 𝑰 𝒘𝒐𝒖𝒍𝒅 𝒅𝒓𝒂𝒈 𝒚𝒐𝒖 𝒃𝒂𝒄𝒌, 𝒄𝒉𝒂𝒊𝒏 𝒚𝒐𝒖 𝒖𝒑 𝒂𝒏𝒅 𝒇...