Whatever You Are
By Blacksheep303
53.1K 3.8K 81
တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More
Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (2)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi
Whatever You Are Zawgyi (3)
219 15 0
By Blacksheep303
25 years Later..... / နောင် နှစ်ပေါင်း ၂၅နှစ် ကြာသောအခါ......
ကျွန်တော့် နာမည် ၀မ်ရိပေါ်ပါ အသက်က (၁၉)နှစ် ရှိပါပြီ အထက်တန်းနောက်ဆုံးနှစ်တက်နေတာပါ ရိပေါ်တို့ က ကျောင်းရဲ့ လက်ရွေးစင် အက သမားတွေပါ ကျောင်းပေါင်းစုံ အက ပြိုင်ပွဲမှာ ရိပေါ်တို့ကျောင်းက အနိုင်ရတာ ၂နှစ်ဆက်တိုက်ရှိပါပြီ ဒီနှစ်လည်း ဇကာတင်စာရင်းထဲ ရွေးချယ်ခံရပြီးပြီမို့  ဒီတစ်နှစ်ပါ ဆက်ပြီးအနိုင်ရမယ်ဆိုရင် ဒိုင်းဆုကြီးကို အပိုင်ရတော့မှာမို့ ဒီတစ်နှစ်ကို ပိုပြီးဆန်းသစ်တဲ့ ကကွက်တွေ တီထွင်ဖန်တီးဖို့ နာမည်ကြီး Choreographer အကဆရာမ အိမ်ကို  ရိပေါ်ရယ်၊ ၀မ်ဟောက်ရွှမ်းရယ်၊ ယွီပင်းရယ်၊ စုန့်ကျိရန်ရယ်၊ နျဲ့ဟိုက်စန်းရယ် ရောက်နေကြတာပါ
ဆရာမရဲ့ အက နာမည် Triple ဆိုတာရယ် ကကွတ်တီထွင် ဖန်တီးမှုတွေ အရမ်းတော်တာကလွဲရင် ဆရာမအကြောင်း ဘယ်သူမှ ကောင်းကောင်းမသိကြပါဘူး ဆရာမက အက ပေါ်ထားတဲ့ မာနအရမ်းကြီးတယ် လူတိုင်းကို မသင်ပေးဘူး မသင်ပေးခင် အင်တာဗျူးပြီး ခံယူချက်တွေမှန်ကန်မှ သူသဘောကျမှ သင်ပေးတာ ရိပေါ်တို့တောင် အကဆရာမရဲ့ မေးခွန်းတွေကြားမှာ ဗျာများခဲ့ရသေးတယ် ဆရာမက စိတ်ထဲရှိတဲ့အတိုင်း သိချင်တာမို့  စိတ်ထဲက ခံစားချက် အစစ်အမှန်ကိုသာပြောပါ ဆိုလို့ ပြောချင်တာပြောပြီး မသင်ပေးရင် တော့ ဒုက္ခပဲလို့ တွေးပူခဲ့ရတာ ကြည့်ရတာ ရိပေါ်တို့နဲ့ ဆရာမက ကံစပ်တယ်ပြောရမယ် ဒါကြောင့် ရိပေါ်တို့ ခုဆရာမ ဆီရောက်နေတာ
ခြံဝန်းအပြင်ကနေကြည့်လိုက်တာနဲ့ အကဆရာမရဲ့ အိမ်ခြံဝန်းအကျယ်ကြီးထဲမှာ ချစ်စရာ နှစ်ထပ်တိုက်လေးရယ် ဘေးမှာသေချာပြင်ဆင်ပြီး ဆောက်ထားတဲ့ အကလေ့ကျင့်တဲ့ ခန်းမကျယ်ကြီးရယ် သစ်ပင်ပန်းမံတွေ နဲ့ လှပနေတာ ပထမဆုံးရောက်တဲ့ ရိပေါ်တို့ သူငယ်ချင်းတစ်သိုက်အတွက် အေးချမ်းတဲ့ ရပ်ဝန်းထဲမှာ ဝါသနာပါတဲ့ အကကို သေချာလေ့ကျင့်လို့ရပြီ ဆရာမအိမ်က မြို့ပြင်ဘက်ကို ရောက်တာကလွဲရင် အားလုံး အဆင်ပြေတယ် စိတ်လွတ်ကိုယ်လွတ်က လို့ရတယ်
ခြံဝန်းအပြင်ကနေ လှမ်းကြည့်လိုက်ပြီး ခြံတံခါးမှာတပ်ထားတဲ့ Bell ခလုတ်ကိုနှိပ်လိုက်တယ် မကြာပါဘူး ခလုတ်အပေါ်က Screen ပေါ်မှာ ဆရာမရဲ့ အပြုံးမျက်နှာလေးပေါ်လာတယ်
"ဪ သားတို့ရောက်ပြီလား ခဏနော် ဆရာမ လူလွတ်လိုက်မယ် သူလာဖွင့်ပေးလိမ့်မယ် ပြီးရင် အောက်ထပ်မှာ ခဏလေးထိုင်စောင့်ကြနော်"
"ဟုတ်ကဲ့ပါ လောင်သျှီး"
ပြီးတာနဲ့ Screen လေးပြန်ပိတ်သွားတယ် ပြီးတာနဲ့ ရိပေါ် သူငယ်ချင်းတွေဖက်လှည့်ပြီး သေချာပြောလိုက်တယ်
" ဟေ့ကောင် တွေ အထဲရောက်ရင် မစပ်စုနဲ့နော် Triple လောင်သျှီး စပ်စုတာ မကြိုက်ဘူးလို့ ကြားဖူးတယ်"
"စိတ်ချပါ စပ်စပ်စုစု လုပ်ရအောင် ငါတို့က မိန်းကလေးတွေမှ မဟုတ်တာ"
မျက်စောင်းလေးထိုးပြီး ကျိရန်က ပြန်ပြောတော့ ဟောက်ရွှမ်းက ရယ်တယ် ဒါကိုကြားတော့ ယွီပင်းက ခေါင်းလေးခါပြီး
"ပြီးရင် ထိပ်ဆုံးက လျှာရှည်မှာ  ကျိရန်စုတ် နင့်အကြောင်း ငါသိတယ် ရိပေါ်လည်းသိတယ် ဒါကြောင့်သေချာ မှာနေတာကို Triple လောင်သျှီး က ငါတို့ကို စိတ်ကွက်သွားလို့ မဖြစ်ဘူးနော်"
"အင်းပါ စိတ်ချ မစပ်စုပါဘူး စိတ်ထိန်းထားမယ်"
ကျိရန်က လက်သုံးချောင်းထောင်ပြီး မျက်နှာငယ်လေးနဲ့ပြောတော့ အားလုံးက စိတ်ချမယ်နော်လို့ ပြိုင်တူပြော ဖြစ်ကြပြီး အိမ်ခြံဝန်းတံခါး လာဖွင့်ပေးတဲ့သူနောက်ကို လိုက်လာခဲ့ကြတယ်
အိမ်ထဲရောက်ရောက်ချင်း ဧည့်ခန်းထဲမှာ ကော်ဖီခွက် (၅)ခွက်ကို အဆင်သင့်ချထားတာ တွေ့လိုက်ရတယ် အိမ်ထိန်းအန်တီကြီးက ကော်ဖီသောက်ရင်း စောင့်ကြဖို့ ပြောပြီး အထဲကို ၀င်သွားပါတယ်
ဧည့်ခန်းထဲမှာ ဆရာမ နဲ့ ဆရာမသမီး ဘွဲ့ယူတုန်းက ပြုံးရွှင်စာအတူ ဖက်ရိုက်ထားတဲ့ပုံ ကို ပုံကြီးချဲ့ ချိတ်ထားတာ အားလုံးက ပုံထဲ ပြုံးအလှ ပိုင်ရှင် ကျဲကျဲ ကို ငေးမောမိကြတယ် ပါးစပ်ကသာ ဖွင့်မပြောတာ အားလုံးက တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်တာ ပြောစရာမလို အလိုလိုနေရင်း ကျဲကျဲက လှလိုက်တာ နတ်သမီးလေးကျနေတာပဲဆိုတာကို လက်ခံသဘောတူလိုက်ကြပြီးသား အခန်းထဲကို ဝေ့ဝိုက်ကြည့် လိုက်ရင်လည်း  အကဆရာမ နဲ့ သမီးလေး ပုံတွေချည်းပဲ မွေးခါစကနေ (၁)နှစ် (၂)နှစ် ဆိုပြီး စနစ်တကျ စီစဉ်ထားတာ ဘွဲ့ရတဲ့အထိပါပဲ Choreographer အကသမား မို့ထင်ပါရဲ့ စိတ်ကူးကောင်းကောင်းနဲ့ ဓာတ်ပုံလေးတွေ နဲ့ ပုံဖော် ထားတာ အမေတစ်ခု သမီးတစ်ခု ဘ၀လေးကို ဘာမှမေးစရာမလိုလောက်အောင်ကို ဖော်ပြနေပြီးသား ထူးဆန်းတာ အဖေ လို့ထင်ရတဲ့ပုံ တစ်ပုံမှ မရှိတာပဲ
ရိပေါ်တွေးမိတာကတော့ သေသွားတာမဖြစ်နိုင်ဘူး ကွဲသွားလို့ စိတ်နာနေတာနေမှာ  အက ဆရာမ ဆိုပေမယ့် အရမ်းထက်မြတ်တဲ့ Single Mother မို့ ရိပေါ်လေးစားမိတယ် ကလေးငယ်ငယ်လေးကတည်းကနေ ခုချိန်ထိ တစ်ယောက်တည်း ရုန်းကုန်နိုင်တာ ချီးကျူးစရာပဲ ရိပေါ်မားမားက မီးတွင်းထဲမှာ ဆုံးသွားတာဆိုပေမယ့် ရိပေါ်တို့များ ပါးပါးတင်မကဘူး ပါးပါးညီမ ရိပေါ်အန်တီ နှစ်ယောက် နှိုင်းနှိုင်းတွေ ရဲရဲတွေ ဝိုင်းထိန်းတာတောင် အားလုံးက နင့်ထိန်းရတာ ပင်ပန်းလိုက်တာ ဆိုပြီး အားလုံးက ညီးလိုက်ကြတာ ဆရာမလို တစ်ယောက်ထဲ ထိန်းပြီး ပျိုးထောင်ရရင် ဘယ်လိုနေမလဲ တွေးကြည့်လိုက်တာ ရိပေါ်ကို ပါးပါး တစ်ယောက်တည်း ထိန်းရမယ့်ပုံကို ပုံဖော်ကြည့်မိတော့ ဖတ်ဖတ်ကိုမောနေမယ့် တုတ်တစ်ချောင်းနဲ့  ပါးပါး ပုံက မျက်စိထဲကို တန်းကနဲ ပေါ်လာမိတယ် ရိပေါ်တွေးမိပြီး ပြုံးနေတုန်း အကဆရာမရဲ့အသံကို ကြားလိုက်ရတယ်
"အားလုံးကို တွေ့ရတာ ၀မ်းသာပါတယ် ကဲအချိန်ရှိတုန်း အကခန်းမဘက် ကူးရအောင် အချိန်က တစ်လကျော်ပဲရတာမို့ အကောင်းဆုံး ပြင်ဆင်ကြတာပေါ့"  
"ဟုတ်ကဲ့ပါ လောင်သျှီး " အားလုံးက ပြိုင်တူဖြေလိုက်ကြပါတယ် ဒါပေမယ့် မျက်လုံးတွေက နံရံပေါ်ပေါ်က ပြုံးအလှပိုင်ရှင် ကျဲကျဲဆီကနေ မခွါနိုင်ကြသလို ဖြစ်နေလို့ ဆရာမ က  ရီပြီး
"ဒါ လောင်သျှီး  တစ်ဦးတည်းသော ကလေးလေ ရှောင်းကျန့် တဲ့ အားလုံးက ကျန့်ကျန့် လို့ခေါ်ကြတယ် Beijing University ကနေ ဒီဇိုင်း ပညာနဲ့ ဘွဲ့ရထားတာ အခု အလုပ်အင်တာဗျူး သွားဖြေနေတာ ပြန်လာမှ မိတ်ဆက်ပေးမယ်"
ဆရာမရဲ့ စကားအဆုံး စပ်စုလွန်းတဲ့ စုန့်ကျိရန် ဆီက
"နာမည်က အရမ်းယောက်ျားဆန်နေတယ်နော် လောင်သျှီး"
ကျိရန် စကားအဆုံး အကဆရာမ မျက်နှာကွက်ခနဲ ပျက်သွားတာကြောင့် အားလုံးရဲ့ မျက်စောင်းတွေက ကျိရန်စီ ဒိုင်းခနဲ ရောက်လာတယ်
"ဟုတ်တယ် ဗိုက်ထဲမှာတုန်း ယောက်ျားလေးဖြစ်လာဖို့အတွက် ရည်ရွယ်ပြီး ကိုယ်ဝန် ၃ လကတည်းက နာမည်ကို ကြိုရွေးထားတာ ဗိုက်ထဲက ကလေးက မိန်းကလေးမှန်းသိတော့ ယောက်ျားလေးမှ ယောက်ျားလေးဖြစ်ချင်နေတဲ့ မျိုးရိုး က သွေးပျက်နေတာများ မြင်မကောင်းဘူး စိတ်နာလို့ အဲဒီအသိုင်းအဝိုင်း ကို စွန့်ခွါလာပေမယ့် မွေးလာတဲ့ ကလေးလေးကို ရှောင်းကျန့် လို့ပဲ ပေးထားတာ ဒါသူ့ ပါးပါးနဲ့ တို့ နှစ်ယောက်ပဲ သိထားတဲ့ နာမည်လေ မတော်လို့ ပြန်တွေ့ခဲ့ရင် သူ့ကလေးဆိုတာ  တန်းသိအောင်လို့"
ဆရာမရဲ့ စကားအဆုံး
"ကျဲကျဲ ရဲ့ ပါးပါး ....အု ......အု " ကျိရန် ဆုံးအောင်မပြောရသေးခင် ရိပေါ်တို့အားလုံး ဝိုင်းပြီး သူ့ပါးစပ်ကို ဝိုင်းပိတ်ပြီး အနောက်ဘက်တွန်းပို့လိုက် ကြတယ် ရိပေါ်က အခြေအနေကို ၀င်ထိန်းတဲ့အနေနဲ့
"လောင်သျှီး ကျွန်တော်တို့ အက ခန်းမဘက် သွားရအောင်လေ ကျွန်တော်စဉ်းစားထားတာလေး ပြောပြပြီး တိုင်ပင်ချင်လို့"
"သွားကြတာပေါ့ ဒါနဲ့  သတိပေးစရာရှိလို့ပါ ကျန့်ကျန့်က Gender Discrimination ကိုသိပ်မုန်းတာ သူ့တုန်းက Gender ကိုလိုက်ပြီး ခွဲခြားခံရတာ မမွေးခင်ကတည်းက ဆိုတော့လေ ကိုယ်ဝန်ရှိကတည်း မိန်းကလေးမှန်းသိလိုက်ရလို့  မျိုးရိုးအတွက် ဆက်ခံသူမဟုတ်နိုင်လို့  သူ့ကို သူ့ပါးပါး အသိုင်းအဝိုင်းက အသိအမှတ် မပြုခဲ့ဘူး ဒါကြောင့် မိန်းကလေးမို့ ဆိုတဲ့ စကားက သူ့ကို အရမ်းအထိနာစေတယ် လောင်သျှီး လည်း မကြိုက်ဘူး ဒါကြောင့် ဘယ်တုန်းကမှ သူ့ကို သမီးလေးလို့ မိတ်မဆက်ပေးဘူး လောင်သျှီးရဲ့ ကလေးလေး လို့ပဲ မိတ်ဆက်ပေးခဲ့တာ သူလည်း သူ့ကို ကျဲကျဲ လို့ခေါ်တာ သိပ်မုန်းတာ နောင်ပြီး မိန်းကလေးဆန်တဲ့ အသုံးအနှုန်းတွေ မိန်းကလေးမို့ ဦးစားပေးတာ အလုပ်ကို ခွဲပြီးပြောတာမျိုး လုံးဝမကြိုက်ဘူး မိန်းကလေးမို့ လုပ်နိုင်ရဲ့လား ဆိုပြီး ရောင်လို့တောင် သွားမမေး မိပါစေနဲ့ နော်"
"စိတ်ချပါ လောင်သျှီး ကျွန်တော်တို့ အားလုံး သတိထားပါ့မယ် ကျဲကျဲကို ကျန့်ကျန့် ဆိုတဲ့ နာမည်ပဲခေါ်ပါ့မယ်"
အားလုံးရဲ့ ကိုယ်စား ရိပေါ်က ပြောပေးလိုက်ပြီး အက ခန်းမက ဘက်ကို ကူးလိုက်ကြပြီး ကကွက်တွေ ဖန်တီးဖို့ တိုင်ပင်တဲ့အခါ အကဆရာမ ဘာမှ မတိုင်ပင်ခင် အရင်ဆုံး အက level ဘယ်လောက်ထိရှိလဲ ဆိုတာကို သိချင်တဲ့အတွက်  တီးလုံး ၁ မိနစ် ဖွင့်ထားပေးပြီး Music အလိုက် ကိုယ်စွမ်းရှိသမျှ ကကြည့် ခိုင်းပါတယ် အလှည့်ကိုတော့ ထုံးစံအတိုင်း ပုလင်းလှည့် ဆုံးဖြတ်တာပေါ့  ကံကောင်းစွာနဲ့ ရိပေါ် က နောက်ဆုံး အလှည့်ပါ
သီချင်းမဖွင့်ခင် " မားမား" ဆိုတဲ့ အသံချိုချိုဩဩလေး နဲ့  အသံလေးကြားလိုက်ရပြီး Style Pan လေးဝတ်ပြီး ဖက်ရှင်ကျကျနဲ့  အရပ်အရှည်ကြီးနဲ့ လိုက်ဖက်စွာ ဆံနွယ်အရှည်လေး တလွင့်လွင့်နဲ့ နတ်မိမယ်လေးတစ်ပါး အခန်းထဲ ၀င်လာပါတယ် အားလုံးကို ပြုံးပြ လိုက်တဲ့အချိန် ကျန်တဲ့လူတွေတော့ မသိဘူး  ရိပေါ် အသည်းတွေတော့ တဖြုတ်ဖြုတ်ကြွေပါတယ် ဓာတ်ပုံကြည့်တုန်းက ချောလိုက်တာ ဆိုတာအပြင် ဘာမှ မခံစားမိ ပေမယ့် အခု လူကိုယ်တိုင် တွေ့လိုက်ရတော့ ရင်တွေခုန်လိုက်တာ နှုတ်ခမ်းအောက် ကမှဲ့နက်လေးက လည်း ရိပေါ်ရဲ့ နှလုံးသာ လောင်စာထည့်လိုက်သလိုပါပဲ ရင်တွေခုန်လွန်းလို့ နှလုံးသားလေး အပြင်တောင် ထွက်ကြမှာစိုးလို့ ရင်ဘတ်ကို မနည်းဖိထားရတယ် နတ်မိမယ်လေးကို ကြည့်ပြီး မှင်သက်ငေးမောနေမိတာ ကို သူငယ်ချင်းတွေက ရိပ်မိပြီး ခြေထောက်ကို တက်နင်းလို့ သတိပေးရှာတယ်
"ဖြေးဖြေး ငမ်း သူ့မားမား တစ်ယောက်လုံး မင်းရှေ့မှာ"  လို့ ဟိုက်စန်းက တိုးတိုးသတိပေးရှာတယ်
ရိပေါ်ရှိသမျှသွားတွေ ပေါ်အောင်ပြုံးပြလိုက်တယ် နတ်မိမယ်လေးက အပြုံးနဲ့အတူ
"မားမား ရဲ့ ကလေးလေးပါ ရှောင်းကျန့်ပါ ကျန့်ကျန့်လို့ပဲ ခေါ်ပေးပါ ကြီးကြီးငယ်ငယ် ဒီအခေါ် ကို သုံးနှုန်းပေးပါနော် မင်းတို့ကို တွေ့ရတာလည်း ၀မ်းသာပါတယ်"
စကားလုံးတိုင်းက ဩဩရှရှ ချိုချိုလေးနဲ့ ရိပေါ်ရင်ဘတ် ထဲ က နှလုံးသားတံခါးကို အခေါက်ခေါက် အခါခါ လာခေါက်နေတာ ဘယ်လိုလုပ်ရမလဲ မိတ်ကပ်ပါးပါးလေး နှုတ်ခမ်းနီ ပါးပါးလေးဆိုးထားပေမယ့်  စွဲမက်ဖွယ်ရာအတိ  မင်းသမီးရှုံးလောက်အောင် လှတာ အရမ်းကို လှတာ ဘာဆိုဘာမှ ၀င်မပြောနိုင်လောက်အောင် တပ်မက်မိတာ ရိပေါ် ၀န်ခံပါတယ် ငေးမောနေတုန်း အသံချိုချိုလေး ထပ်ကြားရပြန်ပါတယ်
" မားမား သိလား ကျန့်ကျန့် BJYX ကုမ္ပဏီ မှာ အလုပ်ရခဲ့တယ် အောက်တိုဘာ လကုန်ရင် စ၀င်ပေးဖို့ ပြောတယ် ဒီဇိုင်း team မှာပဲ Clothing အပိုင်း မှာ ကျန့်ကျန့် လုပ်ချင်တာနဲ့ ကွက်တိပဲ"
"အတော်ပဲ ကျန့်ကျန့်ကို ဒီကလေးတွေ အကပြိုင်ပွဲအတွက် Designer လုပ်ပေးမယ်မလား အကပြိုင်ပွဲက အောက်တိုဘာ ၁၆ ဆိုတော့ ကျန့်ကျန့် အလုပ်မ၀င်ခင်ဆိုတော့ ကကွက်နဲ့အကိုက်ညီ ဆုံးလည်း ဖြစ်အောင် Market မှာ ဘယ်သူနဲ့မှလည်း မတူနိုင်မယ့် ဒီဇိုင်းမျိုးလေး အလုပ်မ၀င်ခင် အရည်အချင်းတွေ ချပြပေးမယ်မလား"
" မားမားအတွက် Exclusively လုပ်ပေးမှာပေါ့ အရင်ဆုံး သူတို့က တာလေးတွေ လေ့လာမယ်လေ မားမားတို့ စောနတုန်းကဖို့ အလှည့်ရွေးနေတာမလား"
"ဟုတ်တယ် စကြတာပေါ့"
အက ဆရာမရဲ့ စကားအဆုံး ရိပေါ်တို့ သူငယ်ချင်းတွေ တစ်ယောက်တစ်လှည့် အစွမ်းကုန် Music နဲ့အညီ ကကြတယ် ရိပေါ်ကတော့ ပိုပြီး ကြိုးကြိုးစားစား ကမိတယ် ကိုယ့် Crush ရှေ့မှာ အမှတ်ကောင်းကောင်းရဖို့ လိုတယ်လေ
ရှောင်းကျန့် ကောင်လေးတွေ ကတာကို သေချာကြည့်မိတယ် နောက်ဆုံးအလှည့်ကျတဲ့ကောင်လေးက သိပ်ချစ်ဖို့ကောင်းတယ် ဖြူဖြူလုံးလုံးလေး ပေါက်စီလေး ကျနေတာပဲ အားလုံးက တမျိုးစီကြည့် ကောင်းကျတဲ့ လူငယ်လေးတွေ ဆိုပေမယ့် ဒီကောင်လေးကတော့ ရှောင်းကျန့်အတွက် ထူးခြားတယ်  ကြည့်ပြီးရင်း ဆက်ကြည့်ချင်တဲ့အထိ ဆွဲငင်အားတစ်မျိုးရှိနေတယ် ကြည့်တာ ဒီကောင်းလေးက အားလုံးထက် အကပိုတော်လို့ နဲ့တူတယ်
ကောင်လေး ကလို့ပြီးတဲ့အခါ ရှောင်းကျန့် ယောင်ပြီး  အားရပါးရ လက်ခုပ်တီးမိတယ် အရင်လူတွေတုန်းက လက်ခုပ်မတီးဘဲ အခုမှ တီးတာဆိုတော့ အားလုံးက ဝိုင်းကြည့်လာတာမို့ ရှက်ပြီး ရီပြမိတယ်
"အာ ..... ရှိသမျှ လူစုံတက်စုံ  ကပြီး ပြီဆိုတော့ အကုန်လုံးအတွက် ပေါင်းပြီး လက်ခုပ်တီးမိတာပါ အားလုံးအတွက်ပါ ကဲကဲ ငါ့ နာမည်တော့ ပြောပြပြီးပြီဆိုတော့ မင်းတို့ကိုယ် မင်းတို့ မိတ်ဆက်ပေးပါဦး"
ရှောင်းကျန့် စကားအဆုံး အားလုံးက ပျော်ပျော်ရွှင်ရွှင် နဲ့ သူတို့ နာမည်လေးတွေကို မိတ်ဆက်ပေးကြတယ် ရှောင်းကျန့် သတိထားမိတဲ့ကောင်လေး နာမည်က "ဝမ်ရိပေါ်"တဲ့ နာမည်နဲ့လူနဲ့လိုက်တယ် ပြီးတော့ ကကွက်အတွက် လွန်ခဲ့တဲ့ ၂နှစ်က ကကွက်ပုံစံတွေ ပြီးခဲ့တဲ့နှစ်က ကကွက်ပုံစံရယ်  video ကြည့်ပြီး ပြန်သုံးသပ်ကြတယ် ဒီအက ပြိုင်ပွဲက အထက်တန်းနောက်ဆုံးနှစ်သမား တွေပြိုင်ခွင့်ရှိတာ မို့ ပြီးခဲ့ ၂နှစ်က ပြိုင်ပွဲဝင်တွေရဲ့ အက တွေကို ကြည့်ပြီး ရိပေါ်တို့အဖွဲ့ တော်တော်ကြိုးစားရမှာ ဒါကြောင့် ခုလိုစောစာစီးစီး တစ်လခွဲလောက် ကတည်းက ကြိုတင်ပြင်ဆင်ပြီး perfect ဖြစ်အောင် Choreographerဆရာမစီ ရောက်နေတာပေါ့ တစ်ယောက်ချင်းစီ စိတ်ကူးမိတဲ့ Idea လေးတွေ ပြောဖြစ်ကြတယ်  ခါတိုင်း ရှောင်းကျန့် မားမားတို့ အကအတွက် တိုင်ပင်နေတဲ့အချိန် စဉ်းစားဆွေးနွေးတဲ့အချိန် ပျင်းလို့ တစ်ခါမှ နားမထောင်ဖြစ်ခဲ့ပါဘူး ကကွက် ပုံပေါ်လာရင်တော့ ဝိုင်းကြည့်ပေးပြီး အပြင်လူတစ်ယောက်ရဲ့ အမြင်ကို ပေးတတ်ပေမယ့် အခုတစ်ခါတော့ ထူးထူးဆန်းဆန်း စိတ်ဝင်စားမိတယ် အကနဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးနေချိန် ရိပေါ်လေးက တော်တော်ကြည့်ကောင်းတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆန်းသစ်တဲ့ Idea လေးတွေ ပြောပြတတ်တယ် မင်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ ရိပေါ်
တချိန်တည်းမှာ ရိပေါ်လည်း ရှောင်းကျန့်ကို ခိုးခိုးကြည့်ရတာ အမော တည့်တည့်ကြည့်ရင် သိသာမှာစိုးလို့ အကခန်းမရဲ့ မှန်မျက်နှာပြင်ကနေ ကြည့်ရတာ ကျွန်တော့်ရဲ့ ရှောင်းကျန့်ဆိုတဲ့ နတ်မိမယ်လေးက သိပ်ကြည့်ကောင်းတာပဲ တစ်နေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့် ဆိုတဲ့အတိုင်း ကြည့်လေ စွဲလမ်းလေ စွဲလမ်းလေ ကြည့်လေ နဲ့ ရိပေါ် တိတ်တခိုး အကြည့်နဲ့ စွဲလမ်းမှု သံသရာ စက်ဝန်းထဲက နေ သေချာတယ် ဘယ်လိုရုန်းရုန်း မလွတ်တော့ပါဘူး.....
သေချာပါတယ် ဒီပထမဆုံးတွေ့ဆုံမှုမှာတင် ရိပေါ်က တော့ အချစ်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ...........
Continue Reading
You'll Also Like
3.2K 344 6
ZSWW Omegaverse Fiction *Adult Warning * * M Preg * * Dominant Alpha Xiao Zhan x Pure Blood Omega Wang Yibo*
5.3K 1K 29
16.7K 1.4K 28
လူတွေအားလုံး Vegetarian မှ မဟုတ်တာ.. လူသားတွေ အသားစားတာ normal ဆိုရင် Vampire တွေ လူ့သွေးစုပ်တာကို ဘာလို့ ရက်စက်တယ်လို့ စွပ်စွဲမှာလဲ??
172K 17.8K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...