Whatever You Are

By Blacksheep303

53.2K 3.8K 81

တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို Yizhan Version လေးနဲ့ စိတ်ကူးလေးတွေ ဖြည့်စွက်ပြီး ရေးထားတာပါ အချစ်က - တားဆ... More

Whatever You Are (1)
Whatever You Are (2)
Whatever You Are (3)
Whatever You Are (4)
Whatever You Are (5)
Whatever You Are (6)
Whatever You Are (7)
Whatever You Are (8)
Whatever You Are (9)
Whatever You Are (10)
Whatever You Are (11)
Whatever You Are (12)
Whatever You Are (13)
Whatever You Are (14)
Whatever You Are (15)
Whatever You Are (16)
Whatever You Are (17)
Whatever You Are (18)
Whatever You Are (19)
Whatever You Are (20)
Whatever You Are (21)
Whatever You Are (22)
Whatever You Are (23)
Whatever You Are (24)
Whatever You Are (25)
Whatever You Are (26)
Whatever You Are (27)
Whatever You Are (28)
Whatever You Are (29)
Whatever You Are (30)
Whatever You Are (31)
Whatever You Are (32)
Whatever You Are (33) Final
Author's Note
Whatever You Are Zawgyi (1)
Whatever You Are Zawgyi (3)
Whatever You Are Zawgyi (4)
Whatever You Are - Zawgyi (5)
Whatever You Are - Zawgyi (6)
Whatever You Are - Zawgyi (7)
Whatever You Are - Zawgyi (8)
Whatever You Are - Zawgyi (9)
Whatever You Are - Zawgyi (10)
Whatever You Are - Zawgyi (11)
Whatever You Are - Zawgyi (12)
Whatever You Are - Zawgyi (13)
Whatever You Are - Zawgyi (14)
Whatever You Are - Zawgyi (15)
Whatever You Are - Zawgyi (16)
Whatever You Are - Zawgyi (17)
Whatever You Are - Zawgyi (18)
Whatever You Are - Zawgyi (19)
Whatever You Are - Zawgyi (20)
Whatever You Are - Zawgyi (21)
Whatever You Are - Zawgyi (22)
Whatever You Are - Zawgyi (23)
Whatever You Are - Zawgyi (24)
Whatever You Are - Zawgyi (25)
Whatever You Are - Zawgyi (26)
Whatever You Are - Zawgyi (27)
Whatever You Are - Zawgyi (28)
Whatever You Are - Zawgyi (29)
Whatever You Are - Zawgyi (30)
Whatever You Are - Zawgyi (31)
Whatever You Are - Zawgyi (32)
Whatever You Are - Zawgyi (33) Final
Author's Note - Zawgyi

Whatever You Are Zawgyi (2)

293 18 0
By Blacksheep303

စစ်ဟန် နဲ့ ချင်းချင်း ဆေးခန်းမှာ 4D Ultrasound ရိုက်ဖို့ စိတ်လှုပ်ရှားစွာ စောင့်နေမိသည်

"စစ်ဟန် ငါက သားလေးပဲ ဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် ငါလက်ခံတယ် တကယ်လို့ သမီးလေး ဖြစ်ခဲ့ရင်လည်း မားကို ငါတို့ သားယောက်ျားလေး လို့ ညာထားရအောင်လေ တကယ်မွေးလာခဲ့ရင် သူလည်း ဘာမှ မတတ်နိုင်တော့ဘူးလေ"

" ချင်းချင်းရယ် ငါတို့ မိသားစုအကြောင်း နင်သိရဲ့သားနဲ့ ငါက ဆက်ခံသူမျိုးရိုးနေရာမှာ ရပ်တည်လာတာ ၉ဆက်ရှိခဲ့ပြီ ငါ့ အလှည့်ကျမှ ဆက်ခံသူမျိုးရိုးကို လွှဲပြောင်းပေးလိုက်ရရင် ငါ့ အပါး နဲ့ ငါ့ဘိုးဘွားတွေကို ငါ ဘယ်လို မျက်နှာပြရမှာလဲ ဘယ်တော့မှ ပြင်ဆင်လို့မရတဲ့ အနေအထားကို ရောက်သွားမှာ ငါတော့ လက်မလျော့သေးဘူး သားလေးဖြစ်မှကိုရမယ်"

"မဖြစ်ခဲ့ရင်ရော စစ်ဟန် ဒါကို နင်ထည့်တွေးထားလား"

"ယောက်ျားလေး မဟုတ်ခဲ့ရင် မား စီစဉ်တာ ကို လက်ခံရမယ်လေ ငါတို့ ကတိပေးထားတာပဲ မား က ငါ့ဘ၀ ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူး အခု လည်း ချင်းချင်းကို ချွေးမအဖြစ် အသိအမှတ်ပြုထားတာပဲလေ စိတ်ညစ်အောင် စိတ်ဆင်းရဲအောင် မားက ဘာမှလည်း မလုပ်ဘူးလေ ကိုယ်ဝန်အတွက် ကောင်းမည့်ဆေးတွေ အားရှိမည့် အစားအသောက်တွေတောင် အမြဲစီစဉ်ပေးတာပဲလေ"

" အဲဒီလိုဆိုပေမယ့် မား ကို ငါကြောက်တယ် သူဖြစ်တာတွေ ကို သူက ရအောင်စီစဉ်မှာ တစ်ခုခုဆို နင် ငါ့ဘက်က ရပ်တည်ပေးမယ်မလား"

"ချင်းချင်းရယ် မားက အကောင်းဆုံး စီစဉ်နိုင်မှာပါ ငါတို့ချစ်ခြင်းကို မခွဲဘူးလို့ မား ကတိပေးထားတာပဲလေ ဘာမှ စိတ်မပူပါနဲ့ ချင်းချင်းရယ် ကလေးလေးက ယောက်ျားလေးဆို အားလုံးအဆင်ပြေပြီ ယောကျာ်းလေး ဖြစ်မှရမယ် သားယောက်ျားလေးဖြစ်ပါစေ သားယောက်ျားလေးဖြစ်ပါစေ"

လင်ချင်းရှာ ဆုတောင်းနေတဲ့ စစ်ဟန်ကိုကြည့်ပြီး စိတ်ပျက်မိတယ် သူမကတော့ ဆုမတောင်းရက်ဘူး ဘာလေးပဲဖြစ်ဖြစ် မားမားက ချစ်မှာမို့ ကလေးလေး ကျန်းမာရင် မားမားက ကျေနပ်ပြီနော်

လင်ချင်းရှာ အသင့်လုပ်ထားပေးပါ ခဏနေ၀င်ရပါမယ်နော်ဆိုတဲ့ အသံကြောင့် တွေးနေရာမှ စိတ်အာရုံကို ပြန်စုစည်းလို့ ပြင်ဆင်ထားလိုက်ကြသည်။ ရလဒ်က မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ ဗိုက်ထဲက ကလေးက မိန်းကလေးလို့ ဆရာဝန်မကြီးက ပြောပါတယ်။ စစ်ဟန်က သေချာရဲ့လား လနုလို့ မသေချာသေးရင် နောက်လထဲ တခါ ထပ်ရိုက်ကြည့်ရမလား အတည်မဟုတ်ဘူးမလား ဟု အခါခါပြောနေသဖြင့် Ultrasound ဆရာဝန်ကြီးက ကိုယ်ဝန်လနုသေးပေမယ့် 4D ultrasound ဖြစ်တဲ့အတွက် အားလုံး ရှင်းရှင်းလင်းလင်း မို့ မမှားနိုင်ကြောင်း နောက်ထပ်ဘယ်နှစ်ခါ ရိုက်ရိုက်မိန်းကလေးပါလို့ ဆိုလာတဲ့အတွက် မျှော်လင့်ချက်မဲ့သူတစ်ယောက်လို စစ်ဟန် စကားမပြောနိုင်တော့ပေ

လင်ချင်းရှာ အရမ်းဝမ်းနည်းမိတယ် ဗိုက်ထဲက ကလေးကိုလည်း အရမ်းသနားမိတယ် သာမန်မိသားစုလေးသာ ဆိုရင် ခုချိန်က ပျော်ရွှင်နေရမှာလေ သမီးလေးရေ ဘယ်လိုပဲ ပြောပြော သမီးရဲ့ ဖြစ်တည်မှုလေးကို မားမား တန်ဖိုးထားတယ် သမီးလေးကို မားမား အဆုံးထိ ကာကွယ်သွားမယ်နော်

အိမ်ပြန်ရောက်တော့ ရှောင်းသခင် မကြီးက အဆင်သင့် စောင့်ဆိုင်းနေတယ် အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာ စကားစလာခဲ့တယ်

" ကတိပေးထားတဲ့အတိုင်း သမီးမိန်းကလေး ဖြစ်နေတဲ့ အတွက် ငါစီစဉ်တာ လက်ခံရမယ်"

ရှောင်းစစ်ဟန် နှုတ်ဆိတ်နေသလို လင်ချင်းရှာလည်း ဘာမှ မပြောနိုင်ခဲ့ပေ

"ပထမ နည်းလမ်းက ဒီကလေးကို ဖျက်ချလိုက်ပါ"

"မား ..." " မား.."

ရှောင်းစစ်ဟန် နဲ့ လင်ချင်းရှာ စီမှ ကျယ်လောင်စွာထွက်လာသော အသံများကို လစ်လျူရှုပြီး ရှောင်းသခင်မကြီး ပြောစရာရှိတာ ဆက်ပြောသည်

"ပြီးရင် ဖန်ပြွန်သန္ဓေနည်းပညာနဲ့ သားယောက်ျားလေးရအောင် ချက်ချင်းကလေး ပြန်ယူရမယ်"

"ကျွန်မ လုံးဝ လက်မခံနိုင်ဘူး ဒီကလေးကိုဘယ်နည်းနဲ့မှ မဖျက်ချနိုင်ဘူး"

ရှောင်းသခင်မကြီးရဲ့ စကားအဆုံး လင်ချင်းရှာ ပြတ်ပြတ်သားသား ပြန်ပြောခဲ့မိတယ် ဘာမှမသိသေးတဲ့ကလေး ကိုယ့်သွေးသားရင်းကို ချနင်းပြီး မျိုးရိုးဂုဏ် ထိန်းသိမ်းချင်နေတဲ့ ရှောင်းသခင်မကိုလည်း အံ့ဩလွန်းလို့ ဘာဆက်ပြောရမှန်းတောင် မသိအောင် ဖြစ်မိတယ်

"ကောင်းပြီ ဒါဆို ဒုတိယနည်းလမ်း ပြောမယ် ရှောင်းစစ်ဟန် မင်း ချင်အိမ်တော်ရဲ့ သမီးငယ် ချင်အိုက်လီ နဲ့ ချက်ချင်းလက်ထပ်ရမယ် ပြီးရင် ဖန်ပြွန်သန္ဓေနည်းပညာနဲ့ သားယောက်ျားလေး ဖြစ်အောင်တခါတည်း သေချာတဲ့နည်းလမ်းနဲ့ ကလေးယူရမယ် ဒါကိုမှ လက်မခံဘူးဆိုရင် အခုငါ့ရှေ့မှာချထားတဲ့ခွက်က အဆိပ်ခွက်ပဲ ဆက်ခံသူမျိုးရိုးဆိုတဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ရမယ့် အတူတူ ငါသေမယ် ဒါက တတိယနည်းလမ်း မင်းတို့ကြိုက်တာရွေး လို့ရတယ်"

ရှောင်းသခင်မ ပီသပါပေတယ် လိုချင်တာကို အကွက်ကျကျ မငြင်းနိုင်အောင် လုပ်နိုင်တာအတွက် လင်ချင်းရှာ ချီးကျူးမိတယ် ဒီလိုမိသားစုထဲ ၀င်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ်လည်း သေလောက်အောင်မုန်းမိတယ် စစ်ဟန်က ကလေးကိုဖျက်ချမှာ မဟုတ်သလို သူ့မားမားကို သူအသေခံမှာ မဟုတ်ဘူး သူသေချာပေါက် ဒုတိယနည်းလမ်းကို ရွေးမှာပေါ့ လက်ကျန်မာန အားလုံးကို သုံးပြီး စစ်ဟန် ဘာမှ မဖြေခင် သူ့ထက်ဦးအောင် လင်ချင်းရှာ ပြောချလိုက်တယ်

" ဒုတိယနည်းလမ်းရွေးပါ့မယ် စစ်ဟန် နင် ချင်အိုက်လီ နဲ့ လက်ထပ်ပြီး ဖန်ပြွန်သန္ဓေနည်းပညာနဲ့ သားယောက်ျားလေး ယူလိုက်ပါ ဒါက နင်တို့ ရှောင်းမျိုးရိုးအတွက် အကောင်းဆုံးနည်းလမ်းပဲ ဘယ်သူမှ အသက်ဆုံးရှုံးစရာမလိုဘူး"

လင်ချင်းရှာရဲ့ စကားအဆုံး ရှောင်းစစ်ဟန်ရော ရှောင်းသခင်မကြီးပါ ၀မ်းသာစွာနဲ့ မျက်လုံးတွေ အရောင်လက်သွားကြတာ လင်ချင်းရှာသိတာပေါ့

ရှောင်းသခင်မကြီးက အားလုံးကို အနိုင်ရသွားသူမို့ ပြုံးရွှင်စွာနဲ့

" လင်ချင်းရှာ သမီးက ရှောင်းအိမ်တော်ရဲ့ ချွေးမကြီး ပီသတယ် မင်းရွေးချယ်မှုကို ငါဂုဏ်ပြုချီးကျူးပါတယ် မင်းနဲ့ မင်းသမီးလေး ရှောင်းအိမ်တော်မှာ မျက်နှာမငယ်စေရဘူး ဒါငါပေးနိုင်တဲ့ ကတိမို့ မင်းစိတ်ချပါ မင်းက ရှောင်းအိမ်တော်ရဲ့ ချွေးမကြီး ဖြစ်ကြောင်း ငါအားလုံးကို အသိပေးမှာပါ"

ပြောချင်တာတွေ ပြောပြီး ရှောင်းသခင်ကြီးက ထုံးစံအတိုင်း အနိုင်နဲ့ပိုင်းလို့ ထွက်သွားခဲ့ပါတယ် အခန်းထဲ ပြန်ရောက်တဲ့အထိ လင်ချင်းရှာ ဘာမှ မပြောခဲ့သလို စစ်ဟန်ကလည်း ငြိမ်သက်နေပါတယ် အခန်းထဲရောက်မှ စစ်ဟန်က

"ကျေးဇူးတင်လိုက်တာ ချင်းချင်းရယ် ငါဒုတိယနည်းလမ်းကို ရွေးချင်ပေမယ့် နင်ငါ့ကို နားလည်မှုလွဲသွားမှာစိုးလို့ ငါ ဘာပြောရမှန်း မသိတဲ့အချိန် ငါ့ကိုယ်စား ရွေးချယ်ပေးတဲ့ မင်းကို ငါချစ်ခင်နှစ်သက်ပြီး လက်တွဲခဲ့တာ ဆိုပေမယ့် အရမ်းနားလည်မှုရှိတဲ့မင်းကို လက်တွဲခွင့်ရတာ ငါ သိပ်ကံကောင်းတာပဲ ငါ့ရွေးချယ်မှုက မမှားခဲ့ဘူးဘဲ"

" ငါသာ ဒီလိုမဆုံးဖြတ်ခဲ့ရင် နင်က ငါ့ကို ရွေးချယ်မိတာ ချစ်မိတာမှားပြီဆိုတဲ့သဘောလား"

"မဟုတ်ပါဘူးချင်းချင်းရယ် ငါက နင့်ကို ဘာဖြစ်ဖြစ်ချစ်တာ နင်သိရဲ့သားနဲ့ ဒါပေမယ့် နင်စိတ်ချပါ ငါသူ့ကို အခြေအနေအရ လက်ထပ်ရပေမယ့် ငါ သူ့ကို လက်ဖျားနဲ့တောင် မထိပါဘူး ငါမင်းနဲ့ပဲ ပေါင်းမှာ ဘယ်သူ့မှ ငါမပေါင်းနိုင်ဘူး မင်း နားလည်ပေးမယ်မလား"

"ရပါတယ် ဒါပေမယ့် ကိုယ့်ချစ်သူ ကိုယ့်ယောက်ျားတစ်ယောက်လုံးက တခြားမိန်းမနဲ့ လက်ထပ်မှာကို ငါ ဘာမှ မခံစားရဘူးလို့ နင်ထင်နေတာလား စစ်ဟန် ငါ့အတွက် အခြေအနေက ရွေးစရာမရှိခဲ့ဘူး ငါ့ သမီးကို မထိခိုက်ဖို့ င့ါ လုပ်သင့်တာလုပ်ရလိမ့်မယ် အခု ငါ အရမ်းရင်နာနေတယ် ထုံကျင်နေတဲ့အထိ ရင်ထဲမှာ ပူလောင်လွန်းလို့ မျက်ရည်ခမ်းသွားတာနဲ့တူတယ် ငိုချင်တာတောင် ငါငိုလို့မရခဲ့ဘူး အခုင့ါကို အေးအေးဆေးအချိန် ပေးပါ ဒီကိစ္စတွေကို နားလည်လက်ခံနိုင်ဖို့ ငါတစ်ယောက်တည်း သီးသန့်နေပါရစေ "

အဲဒီနေ့က စပြီး လင်ချင်းရှာ ဗိုက်ထဲက ကလေးလေးက လွဲရင် ဘယ်သူ့ကိုမှ ဘာစကားတခွန်းမှ မပြောတော့ပါ ရှောင်းအိမ်တော် တစ်ခုလုံးက လက်ထပ်ဖို့ ပြင်ကြဆင်ကြမို့ လင်ချင်းရှာကို လွတ်ထားပေးကြတယ် သူတို့လိုချင်တာတွေ ဖြစ်ချင်တာတွေဖြစ်လာမှာမို့ ဒီမိန်းမသားရဲ့ ခံစားချက်ကို ရှိတယ်လို့တောင် သိကြမယ့်ပုံ မပေါ်ပါဘူး ရှောင်းစစ်ဟန်က နေ့တိုင်း လာတွေ့ပေမယ့် လင်ချင်းရှာ အေးဆေးနေပါရစေ ငါ့ဒဏ်ရာတွေ ငါရအောင်ကုမှာမို့ လာမတွေ့ပါနဲ့ ပြောပြီး အတွေ့မခံခဲ့တာ တစ်ပတ်တောင်ကျော်ပါပြီ ဒါလည်း ရင်ထဲက ဒဏ်ရာက နက်သနက်သာ နက်လာတယ် ဘယ်တော့မှ မသက်သာမဲ့ ဒဏ်ရာတွေဆိုတာ ခံစားရသူသာ သိမှာ မိဘမဲ့ တစ်ကောင်ကြွက်ဘ၀မို့ ချစ်သူ့မျက်နှာ တစ်ကမ္ဘာထင်လို့ လိုက်လာမိတာ လူကိုတန်ဖိုးထားတာထက် မျိုးရိုးဂုဏ် အစွဲကြီးလွန်းတဲ့ ယောက်ျားမိန်းမ ဖြစ်တည်မှု ခွဲခြားလွန်းတဲ့ အသိုင်းအဝိုင်းဖြစ်နေတယ်

"ခဏလေး မားမားကို အချိန်ပေးနော် သမီးလေးကို မားမား ဒီအသိုင်းအဝိုင်းမှာ မထားနိုင်ဘူး ဆွဲထုတ်သွားမှာမို့ ခဏလေးစောင့်ပေးပါနော်"

သမီးလေးကို ကတိပေးစကားပြောပြီး စီစဉ်စရာရှိတာကို စီစဉ်နေလိုက်သည်။ ရှောင်းစစ်ဟန် အပါအ၀င် ဘယ်သူ့ကို မှ အတွေ့မခံဘဲ တစ်ယောက်တည်း အခန်းအောင်းနေခဲ့တယ်။ လက်ထပ်ပွဲ မတိုင်မှီ တစ်ရက်အလိုမှာ ရှောင်းစစ်ဟန်က လင်ချင်းရှာရဲ့ အခန်းရှေ့ လာဒူးထောက် တောင်းပန်ခဲ့ပြီး တွေ့ခွင့်မရမချင်း မပြန်ဘဲ နာရီတော်တော်ကြာအောင် လာစောင့်နေတဲ့အတွက် တံခါးဖွင့်ပေးလိုက်တယ်

"ချင်းချင်း တကယ့်ကို တောင်းပန်ပါတယ် နက်ဖြန်တစ်ရက်ပါပဲ အခုလည်း ချင်အိုက်လီကို သေချာရှင်းပြပြီး နားလည်မှု ယူထားတယ် နော် ကိုယ်နဲ့ သူရဲ့ လက်ထပ်မှုက စီးပွါးရေးအရ ပေါင်းစည်းမှု သပ်သပ် မျိုးရိုးဂုဏ်သိက္ခာ အတွက်ဆိုတာတွေလည်း သေချာပြောထားပြီးသားမို့ ချင်းချင်း ကိုယ့်ကို နားလည်ပေးပါနော်"

"ကိစ္စမရှိပါဘူး ဒီအသိုင်းအဝိုင်း ထဲမှာ ဒါမျိုးတွေ ရှိနိုင်တာပဲ စစ်ဟန် နင်တောင်းပန်ချင်ရင် ငါ့ဗိုက်ထဲက သမီးလေးကို တောင်းပန်ပါ သူ့ပါးပါးက သူ့ကို သားယောက်ျားလေး မဟုတ်လို့ အပြစ်တင်ခဲ့တာအတွက်ပဲ တောင်းပန်ပါ ငါ့ရဲ့ ရှင်သန်ရမယ့် နေ့စွဲတွေက သမီးလေးအတွက်မို့ နင်ဘာလုပ်လုပ် မှတ်ထားရမှာက နင့်မှာ သမီးလေးတစ်ယောက်ရှိတယ်ဆိုတာ မှတ်ထားပေးရင် ရပြီ "

"ချင်းချင်းကလည်း ငါသိပါတယ် သမီးဆိုတာသိတုန်းက မချိတင်ကဲ ဖြစ်ခဲ့မိလို့ သမီးလေးကို ပါးပါးတောင်းပန်တယ် နော် ချင်းချင်း နင့်ကိုလည်း ချစ်တယ်နော်"

ဗိုက်ကလေးပေါ် ခေါင်းလေးအပ်ပြီး ပြောနေတဲ့ ရှောင်းစစ်ဟန် ကိုကြည့်ပြီး

"နက်ဖြန် နင်လက်ထပ်မှာမို့ စောစောနားပါ လက်ထပ်ပွဲကို ရွေးချယ်ပေးတာငါမို့လို့ နင်အားမနာပါနဲ့ ဒါပေမယ့် ငါဒီလို ဖြစ်နေတာတော့ နင်နားလည်ပေးပါ ငါနင့်ကို ခက်ခဲအောင် ဘယ်တုန်းကမှ မလုပ်ခဲ့တာမို့ ငါ ခက်ခဲအောင် လည်း နင်မလုပ်ပါနဲ့ တချိန်ချိန်မှာ ငါ က ဒါငါ့ဆုံးဖြတ်ချက်ဆိုတာ အသိပေးလာခဲ့ရင် ငါ့ဆုံးဖြတ်ချက်ကို နင်လက်ခံပေးပါ လို့ ငါပြောပါရစေ နင်သွားတော့ ငါလည်းနားပါရစေ"

မင်္ဂလာပွဲအတွက် အိမ်တော်မှာရှိတဲသူ အားလုံး ခန်းမသွားချိန်ကို အခွင့်ကောင်းယူပြီး လင်ချင်းရှာ ဒီစိတ်ပျက်စရာ အသိုင်းအဝိုင်းကို ကျောခိုင်းစွန့်ခါခဲ့တယ် လင်ချင်းရှာဆိုတဲ့မိန်းမက တစ်ကောင်ကြွက်ဆိုပေမယ့် မျက်နှာမွဲမှ မဟုတ်တာ။ သမီးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချခဲ့မိတယ် စိတ်ချပါ သမီးလေးကို ဒီလို သားယောက်ျားလေးကိုမှ တန်ဖိုးထားတတ်တဲ့ အသိုင်းအဝိုင်း မှာ လုံးဝမထားနိုင်ဘူး "လိုက်မရှာပါနဲ့ ဘယ်တော့မှ ပြန်မမြင်ချင်တော့လို့ပါ" ဆိုတဲ့ စာတိုလေးတစ်စောင်ထားခဲ့ပြီး ဒီမိသားစုကို အပြီးအပိုင် စွန့်ခွါလိုက်တယ်.

ငါနင့်ကို ဘယ်တော့မှ ရွေးချယ်ခွင့်ပေးမှာ မဟုတ်ဘူးစစ်ဟန် ရှောင်းမျိုးရိုးကို ထိန်းသိမ်းမလား ငါ့ကိုရွေးချယ် မလား ငါမမေးဘူး နင်ထိန်းသိမ်းဖို့ရာ လိုအပ်နေတဲ့မျိုးရိုးကို စိတ်ဖြောင့်ဖြောင့်နဲ့သာ ထိန်းသိမ်းပြီးသားနေခဲ့ပါ စစ်ဟန်

Continue Reading

You'll Also Like

155K 6.1K 49
[Sequel to UNTIL You] She became the reason for his downfall. He became the reason for her uprising. *COMPLETED*
16.8K 1.4K 28
လူတွေအားလုံး Vegetarian မှ မဟုတ်တာ.. လူသားတွေ အသားစားတာ normal ဆိုရင် Vampire တွေ လူ့သွေးစုပ်တာကို ဘာလို့ ရက်စက်တယ်လို့ စွပ်စွဲမှာလဲ??
30.2K 2.3K 12
ကောင်းကင်ကြီးမပြိုကျသေးတရွေ့ ပင်လယ်ရေတွေ မခမ်းခြောက်သေးတရွေ့ စကြာဝဠာကြီး တည်ရှိနေသေးတရွေ့ ဒီလူတစ်ယောက်ထဲကိုပဲ ဘဝအဆက်ဆက် ပေါင်းဖက်ချစ်ခင်ရပါလို၏။
253K 3.4K 14
𝘏𝘪𝘪!! 𝘐 𝘩𝘢𝘷𝘦 𝘢 𝘧𝘪𝘳𝘴𝘵 𝘨𝘦𝘯𝘴𝘩𝘪𝘯 𝘪𝘮𝘱𝘢𝘤𝘵 𝘰𝘯𝘦𝘴𝘩𝘰𝘵 𝘣𝘰𝘰𝘬, 𝘩𝘰𝘸𝘦𝘷𝘦𝘳 𝘪𝘵𝘴 𝘯𝘰𝘵 𝘵𝘩𝘦 𝘣𝘦𝘴𝘵 𝘸𝘰𝘳𝘬 :/ 𝘏𝘦...