My Master (Completed) (Z+U)

By Aeri-Berry

28.6K 2.1K 125

သူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျ... More

My Master-1 (Z+U)
My Master-2 (Z+U)
My Master-3 (Z+U)
My Master-4 (Z+U)
My Master-5 (Z+U)
My Master-6 (Z+U)
My Master-7 (Z+U)
My Master-8 (Z+U)
My Master-9 (Z+U)
My Master-10 (Z+U)
My Master-11 (Z+U)
My Master-12 (CY's POV) (Z+U)
My Master-13 (Z+U)
My Master-14 (Z+U)
My Master-15 (Z+U)
My Master-16 (Z+U)
My Master-17 (Z+U)
My Master-18 (Z+U)
My Master-19 (Z+U)
My Master-20 (Z+U)
My Master-21 (Z+U)
My Master-22 (Z+U)
My Master-24 (Z+U)
My Master-25 (Z+U)
My Master-26 (Z+U)
My Master-27 (Z+U)
My Master-28 (Z+U)
My Master-29 (Z+U)
My Master-30 (Z+U)
My Master-31 (Z+U)
My Master-32 (Z+U)
Finale
ကျေးဇူးတင်လွှာ
Extra (Christmas Special)
Notice ❗❗❗

My Master-23 (Z+U)

708 52 0
By Aeri-Berry

(Unicode)

"သေချာလား Chanyeol"

"အင်း နှစ်နှစ်တောင်ရှိပြီလေ သူဘာမှမှတ်မိမှာမဟုတ်တော့ဘူး"

ကုမ္ပဏီအပြန် Baekhyunအလုပ်လုပ်တဲ့ Moonlightဆိုင်လေးဆီမှာ ကျနော်ကိုယ်တိုင်သူ့ဆီသွားပြီးဝယ်မလို့ပြောနေကြခြင်းဖြစ်သည်။

"ငါသူ့ကိုဓာတ်ပုံတွေထဲကပဲမြင်နေခဲ့ရတာလေ ငါသူမျက်နှာလေးကိုကိုယ်တိုင်တွေ့ချင်တယ်"

ဘယ်လောက်ပဲ ကျနော်သူ့ရှေ့ကိုယ်တိုင်သွားမတွေ့ဘူးလို့ဆုံးဖြတ်ခဲ့ပေမယ့် အလွမ်းတွေထပ်ဆင့်ထပ်ဆင့်တိုးလာတာကြောင့် လောဘတက်လာကာ သူ့ရှေ့ကိုယ်တိုင်သွားတွေ့တော့မည်ဖြစ်သည်။သူ့ဘဝလေးနဲ့သူပျော်နေတဲ့ Baekhyunကို ကျနော့်ဆီပြန်မခေါ်ချင်အောင်တော့ ကျနော့်စိတ်ကိုကျနော်ထိန်းချုပ်ရမှာပေါ့။

"မင်းဘာမှာဦးမလဲ Jongin"

"ငါ့အတွက် Iced Americanoနဲ့ KyungSoo Hyungအတွက်ချောကလက်ကိတ်ဝယ်ခဲ့ပေး"

"ဟုတ်ပြီ ငါသွားတော့မယ်"

Jonginကားပေါ်ကဆင်းလိုက်တော့ ကျနော်ဒူးတွေအနည်းငယ်တုန်ယင်နေသည်။ ရင်ထဲမှာကတော့ တော်တော်ကြီးကိုတုန်လှုပ်နေသည်။

ခြေလှမ်းတွေကို မတုန်ယင်အောင် ကြိုးစားလျှောက်လှမ်းပြီး ဆိုင်တံခါးကိုဖွင့်ကာ Baekhyunရှိရာကောင်တာကိုဦးတည်လိုက်သည်။

"ဘာမှာမလဲဗျ ဧည့်သည်"
အရင်တုန်းကလိုပဲ နူးညံ့ပျော့ပျောင်းနေတဲ့သူ့အသံလေးက ကျနော့်နှလုံးသားကို ခုန်လှုပ်စေသည်။

"ဧည့်သည်?"
သူ့မျက်နှာနုနုလေးကို ငေးကြည့်နေသော ကျနော့်ကို သူနောက်တခါထပ်ခေါ်လာကာမှ

"အဟွတ် အဟွတ်" အရှက်ပြေချောင်းဆိုးလိုက်ကာ
"Iced Espressoနှစ်ခွက်ရယ် Iced Americanoတစ်ခွက်ရယ် ချောကလက်ကိတ်တစ်ခုပေးပါ အကုန်ပါဆယ်ပါပဲ"
Sehunအတွက်ပါ Espressoတစ်ခွက်ပိုမှာလိုက်သည်။

သူနဲ့အတူအလုပ်လုပ်တဲ့ကောင်လေးက Iced Americanoဖျော်ပေးပြီး သူက Iced Espressoဖျော်ပေးသည်။

ကျနော်သောက်မယ့် Espressoကိုဖျော်ပေးနေတဲ့ကောင်လေးကိုကျနော်သေချာကြည့်နေမိသည်။

မျက်နှာလေးသည် အရင်ကလိုပဲ ဘာအဖုအပိန့်မှမရှိဘဲ ကြည်လင်သန့်ရှင်းနေဆဲဖြစ်သည်။

ကျနော့်ကိုချစ်မြတ်နိုးကြောင်း ပြောပြခဲ့ဖူးတဲ့နှုတ်ခမ်းပါးလျလျလေးတွေဟာလည်း မှဲ့နက်သေးသေးလေးနဲ့လှပနေဆဲဖြစ်သည်။ စိတ်ချမ်းသာသည်ကြောင့်ထင် မျက်နှာလေးကတော်တော်လေးပြည့်လာသည်။

အရင်ကကျနော့်ကို ချစ်ရိပ်တွေပြည့်ရွှမ်းနေတဲ့အကြည့်မျိုးန့ဲကြည့်ခဲ့ဖူးတဲ့ မျက်ဝန်းတစုံဟာလည်း အခုသူဖျော်နေတဲ့ Espressoဆီအာရုံထည့်ထားသည်က ကြည့်ကောင်းလှသည်။

ကျနော့်ကိုနက်ကတိုင်အမြဲစီးပေးခဲ့ဖူးတဲ့ ဖယောင်းကိုထုဆစ်ထားသလို နူးညံ့သွယ်လျတဲ့လက်ကလေးတေွဟာလည်း အက်စီးဒင့်ကြောင့် အမာရွတ်တွေရှိနေပေမယ့် အရင်ကလိုလှပမြဲဖြစ်သည်။ ဘယ်ဘက်လက်ပေါ်က အမာရွတ်အစင်းကြောင်းသုံးခုကိုမြင်လိုက်ရတဲ့အခါမှာတော့ ကျနော်စိတ်မကောင်းဖြစ်သွားသည်။ ဒါကျနော်ကိုယ်တိုက်ပေးခဲ့ဖူးတဲ့ ဒဏ်ရာတွေလေ။

အဝါရောင်တီရှပ်လေးကို ဝတ်ထားတဲ့ ဒီကောင်လေး Baekhyunကို ကျနော်ရင်ဘတ်ကြီးတခုလုံးနဲ့ အတိုင်းအဆမရှိအောင်ချစ်နေရဆဲဖြစ်သည်။
Luhanပို့ပေးလာတဲ့ သူ့ပုံလေးတွေကြည့်တာတောင် ခုန်လှုပ်တဲ့ကျနော့်နှလုံးသားက အခုမှာတော့ သူ့ကိုကိုယ်တိုင်မြင်တွေ့ရတာကြောင့် ငလျင်ပမာခုန်လှုပ်နေသည်။

"ရပါပြီဗျာ ဧည့်သည်"
ကျနော်မှာထားတာတွေကို အိတ်တခုနဲ့သပ်သပ်ရပ်ရပ်ထည့်ပေးပြီးနောက် ကျနော့်ကိုကမ်းပေးလာသည်။

ကျနော်လည်း သူလှမ်းပေးတဲ့အိတ်ကလေးကိုယူလိုက်ရင်း သူ့လက်လေးနဲ့မတော်တဆထိမိသွားသည်။ ဓာတ်လိုက်သွားသလိုခံစားရပြီးနောက် ကျနော့်နှလုံးသားသည်တော်တော်ကြီးခုန်ပေါက်လာခဲ့ပြီ။

ရင်ထဲခုန်လှုပ်နေတာကို မျက်နှာမှာမပေါ်အောင်ထိန်းချုပ်ရင်း ပိုက်ဆံအိတ်ထဲကကတ်တခုကို ထုတ်ပြီးသူ့ဆီပေးလိုက်သည်။

"ကျေးဇူးပါဗျာ ဧည့်သည် နောက်လည်းအားပေးပါဦး"
သူ‌လှမ်းပေးလာသော ကတ်ကိုကျနော်ဆွဲယူရင်း ဆိုင်ထဲကအလျင်အမြန်ထွက်ခဲ့လိုက်သည်။

Jonginကားဆီပြန်လာကာ ကားတံခါးကိုမြန်မြန်ဖွင့် ခုံမှာဝင်ထိုင်ပြီး ကားတံခါးကိုမြန်မြန်ပြန်ဆောင့်ပိတ်မိတော့
"ငါ့ကောင်ရ ကားတံခါးကိုဖြေးဖြေးပိတ်ပါဟ "

"ငါ့ရင်တွေတအားခုန်နေတယ် Jongin"

ကျနော့်စကားကြောင့် Jonginကပြာပြာသလဲဖြစ်သွားကာ
"အဆင်ပြေလား Chanyeol ရေသောက်မလား"

"ရပြီ အိမ်ပဲမြန်မြန်ပြန်တော့ "

Jonginကကျနော့်စကားအတိုင်း ကျနော့်ကိုဘာမှပြန်မမေးတော့ဘဲ အိမ်ကိုပဲမောင်းလာလိုက်သည်။

အိမ်ရောက်တော့ KyungSoo Hyungနဲ့ Sehunကကျနော်တို့ကိုစောင့်နေသည်။ Sehunကစက်ရုံတွေသွားစစ်ရတာကြောင့်  ကျနော်တို့ထက်စောပြီးအိမ်ပြန်ရောက်နေသည်။

KyungSoo Hyungကကျနော့်လက်ထဲဆွဲလာတဲ့ Moonlightအမည်ပါအိတ်အကြည်လေးကိုမြင်တော့

" Baekhyunဆီသွားခဲ့တာလား Chanyeol"

"ဟုတ် "

"အဆင်ပြေရဲ့လား Hyung"

"ပြေပါတယ် Sehunရဲ့ ဒီမှာမင်းနဲ့ Hyungအတွက်ပါIced Espressoနဲ့ချောကလက်ကိတ်ဝယ်လာတယ် "
Sehunကကျနော်လှမ်းပေးသော အိတ်လေးကိုယူလိုက်ရင်း

"ဒါဆို Hyungတို့အဝတ်သွားလဲတော့ ကျနော်တို့ညစာစားဖို့ပြင်ထားလိုက်မယ်"

ညစာစားပြီးတော့ ကျနော်လည်း Iced Espressoတခွက်ကိုကိုင်ကာ နှင်းဆီနီတွေနားရပ်ရင်း တငုံချင်းသောက်နေမိသည်။  ဝယ်လာတုန်းက ရေခဲတုံးတွေနဲ့အေးအေးလေးဖြစ်ပေမယ့် အခုတော့ ရေခဲတုံးတွေအရည်ပျော်ကုန်လို့ နည်းနည်းတော့ ကျဲတောက်တောက်ဖြစ်နေပြီ။နှစ်နှစ်ကြာပြီးတဲ့နောက် သကြားနှစ်ဇွန်းပါတဲ့ကော်ဖီမဟုတ်ပေမယ့် သူပထမဆုံးဖျော်ပေးတဲ့ကော်ဖီလေးမလို့ ကုန်သွားမှာကိုနှမြောနေမိသည်။

"ကော်ဖီတွေသောက်ပြီး ညအိပ်မပျော်ဖြစ်ဦးမယ် Chanyeol"
KyungSoo Hyungက ကျနော့်ဘေးနားရပ်လာကာ ကျနော်ကိုသတိပေးစကားတခုပြောလာသည်။

"ကျနော်အိပ်ပျော်မှာပါ သူကိုယ်တိုင်ဖျော်ပေးတာလေ"

"ဘယ်လိုခံစားရလဲ ဒီနေ့သူ့ကိုမြင်တော့ မင်းအနားပြန်ခေါ်ချင်စိတ်ပေါ်လာလား"

"ပေါ်လာတယ် ဒါပေမယ့်..."
သူ့ဘယ်ဘက်လက်ပေါ်က ကျနော်နှင်းဆီနီဆူးတွေနဲ့ နာကျင်အောင်လုပ်ခဲ့တဲ့အမာရွတ်တွေမြင်တော့ မခေါ်ရက်တော့ဘူး သူ့ကျနော်အနားရှိရင်နာကျင်မှာကိုကျနော်ကြောက်တယ် Hyung"

KyungSoo Hyungကကျနော့်ကိုဘာမှမပြောတော့ဘဲ ကျနော့်ပခုံးကိုအားပေးသလိုတချက်ပုတ်ကာထွက်သွားသည်။

ကျနော်လည်း Iced Espressoကိုကုန်အောင်သောက်ပြီးတာနဲ့ Baekhyunအိမ်လေးထဲကပန်းချီခန်းလေးဆီကိုလာလိုက်သည်။

"ရွေးပြီးပြီလား Chanyeol"
Jonginက ပန်းချီခန်းလေးထဲကဝင်လာကာ ပန်းချီပြပွဲမှာပြဖို့ ပန်းချီတွေကိုရွေးပြီးပြီလားဟုမေးလာသည်။

"အင်း ဒီရှုခင်းပုံတွေအကုန်ပြလိုက်မယ်"

"ရှုခင်းပုံတွေကဒါအကုန်ပဲလား"

"ငါ့ဆီမှာက ဒါအကုန်ပဲ သုံးပုံနှစ်ပုံလောက်က Baekhyunဆီမှာလေ"

"မင်းပုံတွေထဲကရော မရွေးတော့ဘူးလား"

"မင်းကလည်း ငါ့ပုံကြီးပြရအောင် သူကငါ့အတွက်ပဲဆွဲထားတာလေ တခြားသူတွေကိုငါမပြချင်ဘူး"

"ဒါပေမယ့်လည်း တစ်ပုံပဲဖြစ်ဖြစ်ပေါ့"
Jonginကကျနော့်ပုံတူပန်းချီတွေကိုတစ်ချပ်ချင်းစီပတ်ကြည့်နေပြီးမှ

"ဒါဆိုရင်တော့ မင်းမှန်းမသိသာလောက်ဘူး"

Jonginရွေးထုတ်လာတဲ့ ပန်းချီကားကိုကြည့်မိတော့ ကျနော့်မျက်ဝန်းတစ်စုံကိုပဲဆွဲထားတဲ့ပန်းချီကား။

"မျက်နှာတစ်ခုလုံးမဟုတ်ပဲ မျက်လုံးတွေပဲဆိုတော့ မင်းမှန်းမသိလောက်ဘူး လက်ရာတအားမြောက်တာမလို့ ငါဒါလေးတော့ ပြစေချင်တယ်"

Jonginပြောသလိုပင် ပန်းချီကားကလက်ရာမြောက်လွန်းတာကြောင့်
"ဒါဆိုလည်း အဲ့ပုံလေးပြပွဲမှာပြကြတာပေါ့"

Jonginလည်းရွေးစရာတွေပြီးသွားတာကြောင့် ပန်းချီခန်းလေးထဲကပြန်ထွက်သွားသည်။

……………………

"အခုခေတ်မင်းသားတွေများ အရပ်ရှည်ရှည်တောင့်တောင့်ဖြောင့်ဖြောင့်တွေနော် Baekhyun"

Luhanနဲ့ကျနော် ညစာစားပြီးတော့ ဧည့်ခန်းထဲထိုင်ကာ Channelတခုမှလွှင့်နေသော ဇာတ်လမ်းတွဲတခုကိုကြည့်နေသည်။

Luhanပြောတဲ့ အရပ်ရှည်ရှည်ဆိုမှ ညနေကဆိုင်မှာကော်ဖီဝယ်သွားတဲ့ဧည့်သည်ကိုကျနော်သတိရသွားသည်။
ဝင်လာကတည်းက ကျနော့်ကိုကြည့်နေတာများ မျက်တောက်ပင်မခတ်။

ကျနော်စကားပြောလိုက်မှ အရှက်ပြေချောင်းဟန့်ပြီး သူမှာစရာရှိတာတွေမှာသည်။ ဒါတောင်ကော်ဖီဖျော်တော့ ကျနော့်ကိုပြန်စိုက်ကြည့်နေတာကြောင့် ကျနော့်မှာကော်ဖီဖျော်တာမမှားရလေအောင် မနည်းအာရုံစိုက်ရသည်။ ထိုဧည့်သည်သည် အရပ်ရှည်ရှည်နှင့် မျက်လုံးတွေကလည်းဝိုင်းစက်ပြီး ယောက်ကျားပီသလှသည်။ မိန်းကလေးတိုင်းကြွေမည့်ရုပ်မျိုး။

"ချောတယ်နော် Baekhyun"

"အင်း ချောတယ်"

"အဲ့မင်းသားနာမည်ဘာလဲမသိဘူးကွာ
ငါ Naverမှာရှာကြည့်ဦးမယ်"
Luhanပြောတာက ဇာတ်လမ်းတွဲထဲကမင်းသားချောကြောင်းပြောတာဖြစ်ပေမယ့် ကျနော်ကဧည့်သည်ချောကြောင်းကိုပြန်ဖြေမိခြင်းဖြစ်သည်။ Luhanမသိပေမယ့် ကိုယ့်ကိုယ်ကိုတော့ရှက်သွားရသည်။ဘယ်လိုတောင်လား Byun Baekhyunရ။

"ငါပန်းချီဆွဲတော့မယ်နော် Luhan"

"အေးအေး"

ကျနော်လည်း ကျနော့်အခန်းလေးထဲဝင်ကာ ဆွဲလက်စကမ်းခြေပုံတခုကိုဆွဲနေမိသည်။
ပုံဆွဲနေရင်း အာရုံကထိုဧည့်သည်ဆီရောက်သွားပြန်သည်။ထိုဧည့်သည်လက်နှင့် ကျနော့်လက်မတော်တဆထိမိသွားတုန်းက ကျနော့်မှာရင်တုန်သွားရသေးသည်။
စကားပြောလိုက်ရင် နှုတ်ခမ်းထူထူတွေကတဆင့်ထွက်လာသည့် အသံဩဩတွေက နားဝင်ချိုစွာ နားထဲကစီးဆင်းပြီး ကျနော့်ရင်ဘတ်ကိုပါခုန်လှုပ်စေသလိုပင်။

မျက်ဝန်းဝိုင်းဝိုင်းတွေက ကြည့်‌ေနတ့ဲအကြည့်စူးရှရှတွေဟာလည်း ညှို့အားပြင်းနေသလိုပင်။ ထိုဧည့်သည်အကြောင်းတွေးရင်း ကျနော့်ဘယ်ဘက်ရင်ဘတ်ထဲက အကောင်ငယ်လေးဟာလည်းခုန်ပေါက်လာသည်။

ထူးဆန်းသည်။ ဘာလို့များ ထိုဧည့်သည်အကြောင်းတွေးမိတဲ့အချိန် ကျနော့်ရင်ဘတ်ထဲက ကွက်လပ်ဖြစ်‌ေနတ့ဲလစ်ဟာမှုကြီးဟာ ပျောက်ပျက်သွားပါလိမ့်။

ထိုဧည့်သည်ဆီရောက်နေတဲ့စိတ်တွေကို ဖျောက်ကာ ပန်းချီကိုဆေးခြယ်မိတော့

"ဟာ အရောင်မှားသွားပြီ"
အပြာရောင်ခြယ်ရမည့်နေရာမှာ အညိုရောင်ခြယ်မိသွားတာမလို့ စိတ်ပျက်သွားရသည်။ နှစ်နှစ်အတွင်းပန်းချီဆွဲရင်း အာရုံလွတ်ထွက်သွားတာ ဒါပထမဆုံးဖြစ်သည်။
ပန်းချီလည်း ဆက်ဆွဲချင်စိတ်မရှိတော့တာမလို့ ရေချိုးခန်းဝင် သွားတိုက်မျက်နှာသစ်ပြီး အိပ်ယာပေါ်သာပစ်လဲလိုက်သည်။ ခဏကြာတော့ တနေ့လုံးပင်ပန်းလာသည့်အရှိန်တွေနှင့် မျက်လုံးများမှေးစင်းလာသည်။

ကျနော်ဘယ်ရောက်နေတာပါလိမ့်။ လေတဖြူးဖြူးတိုက်နေပြီး စိမ်းစိုနေသော အပင်တွေအများကြီးရှိသည့်နေရာတခုကိုရောက်နေသည်ပဲ။ ကျနော်ပတ်ဝန်းကျင်ပတ်ပတ်လည်ကိုကြည့်မိတော့ အပင်ကြီးတစ်ပင်အောက်မှာ ကောင်လေးနှစ်ယောက်ရှိနေတာမလို့ ဝမ်းသာအားရပဲ ထိုကောင်လေးတွေဆီပြေးသွားလိုက်သည်။
"မင်းကပုံဆွဲရတာဝါသနာပါလား"

"အင်း ငါကကြီးလာရင်ပန်းချီဆရာလုပ်မှာ"
မျက်လုံးလေးတွေမှေးအောင်ပြုံးပြီးပြောလာသော ထိုကောင်လေးကကျနော့်ရုပ်နဲ့တူနေသည်။ နှုတ်ခမ်းဘေးစွန်းကမှဲ့လေးလည်းရှိနေသေးတာပဲ။

Ohh...ကျနော်ကိုယ်တိုင်ဖြစ်နေတာပဲ။ Luhanပြခဲ့ဖူးတဲ့ ကျနော့်ငယ်ဘဝဓာတ်ပုံထဲကရုပ်လေး။

ကျနော့်ငယ်ဘဝကိုယ်ပွားလေးနှင့် စကားပြောနေတဲ့ကောင်လေးကိုလှည့်ကြည့်မလိုလုပ်တော့ အိပ်ရာမှလန့်နိုးလာရသည်။

အိပ်မက်မက်နေတာပဲ။ မဟုတ်မှ မေ့လျော့နေတဲ့အတိတ်တွေရဲ့တစ်ပိုင်းတစ်စများလား။

ခေါင်းကိုသာခါပြီး ပုံမှန်အတိုင်းမနက်စာစား၊ ပန်းချီသင်တန်းသွားသည်။ ပြီးတော့ အိမ်ပြန်လာကာ နေ့လယ်စာစားပြီး ကျနော်အလုပ်လုပ်တဲ့ဆိုင်လေးဆီဦးတည်လိုက်သည်။

ဒီနေ့လည်း ငါးနာရီကျော်တော့ မနေ့ကဧည့်သည်ပြန်လာသည်။ Iced Espressoတခွက်ကိုမှာပြီး လူကိုစူးစူးစိုက်စိုက်ကြည့်ကာ သူမှာတာရတာနဲ့မြန်မြန်ပြန်ထွက်သွားသည်။

ဒီလိုနဲ့ ထိုဧည့်သည်သည်ကျနော်တို့ဆိုင်ကိုနေ့တိုင်းနီးပါးရောက်လာသည်။ သို့သော် စနေ၊တနင်္ဂနွေရက်များဆိုရင်တော့ မရောက်လာ။

ထိုဧည့်သည်လာသည့် ဒုတိယအပတ်မြောက်။

စာသင်ခန်းတခုထဲကျနော်ရောက်နေသည်။ ကလေးတွေအများကြီးရှိနေသည့်စာသင်ခန်း။ ကျနော့်ငယ်ဘဝကိုယ်ပွားလေးက ကောင်လေးတယောက်နဲ့အတန်းရှေ့မှာရပ်နေသည်။

"ကျနော်ပြောခွင့်မရှိလို့ပါ"
ဒါကကျနော့်ငယ်ဘဝကိုယ်ပွားလေးဆီကထွက်လာသည့်စကားဖြစ်သည်။ဘာကိုပြောခွင့်မရှိတာပါလိမ့်။

"ဘာလို့ပြောခွင့်မရှိတာလဲ" ကျနော့်အတွေးအတိုင်း ဆရာမဟုယူဆရသူထံမှအသံထွက်လာသည်။

"သူက ကျနော့်အစေခံမလို့လေ" ဒါက
ကျနော့်ငယ်ဘဝကိုယ်ပွားလေးနဲ့ ရပ်နေတဲ့ကောင်လေးဆီမှ။
ကျနော်အလျင်အမြန်ပင် ထိုကောင်လေးဆီသွားမလိုလုပ်လိုက်ပေမယ့် ဖျတ်ခနဲမျက်လုံးတွေပွင့်လာရပြန်သည်။

အိပ်မက်ထပ်မက်နေတာပဲ။
ခုတင်ပေါ်မှာထထိုင်လိုက်ပြီး အိပ်မက်အကြောင်းစဉ်းစားနေမိသည်။
အစေခံ၊ အစေခံတဲ့လား။ ကျနော်ကအစေခံဖြစ်ခဲ့ဖူးတာလား။

ရှုပ်ထွေးနှောက်ကျိသောစိတ်တွေနဲ့ မနက်ခင်းတခုကိုစတင်ခဲ့ရပြန်သည်။

"Baekhyun တခုခုဖြစ်လို့လား မလန်းနေသလိုပဲ"
ထမင်းစားပွဲမှာထိုင်တော့ Luhanကကျနော့်မျက်နှာကိုအကဲခတ်ရင်းမေးခွန်းထုတ်လာသည်။

"အိပ်မက်မက်လို့"

"ဘာအိပ်မက်မလို့လဲ" Luhanကပြောပြီးကျနော်ပြင်ပေးထားသော ဂင်မ်ချီထမင်းကြော်တစ်လုပ်ကိုပါးစပ်ထဲသွင်းလိုက်သည်။

"အိပ်မက်ထဲမှာလေ ငါကစာသင်ခန်းလိုမျိုးအခန်းတခုထဲရောက်နေတာ အဲ့မှာကောင်လေးတစ်ယောက်ကငါ့ကိုသူ့အစေခံလို့ပြောနေတာ"

"ဘယ်လို!!! " Luhanရဲ့မျက်လုံးတွေပြူးပြီးအံ့အားတကြီးဖြစ်သွားသောပုံကြောင့် ကျနော်အံ့ဩသွားရသည်။

"ဟုတ်တယ် အဲ့လိုမက်တာ"

"မင်းအဲ့ကောင်လေးမျက်နှာကိုမြင်လိုက်လား"

"မမြင်လိုက်ဘူး လန့်နိုးလာလို့"

Luhanကထိုအခါမှစိတ်အေးသွားဟန်ဖြင့်
"အိပ်မက်တွေကအစစ်အမှန်မှမဟုတ်တာ ဘာ‌မှအဲ့လောက်ထိမရွှင်မလန်းဖြစ်နေစရာမလိုပါဘူး"

"ငါစဉ်းစားနေတာ ငါ့အတိတ်များဖြစ်နေမလားလို့လေ"

"Baekhyunရယ် မင်းကငါနဲ့အတူတူကြီးပြင်းလာကာ ဘယ်သူ့အစေခံမှမဖြစ်ဖူးပါဘူး ပြီးတော့ ဒီခေတ်တောင်ရောက်နေပြီ ဘယ်သူမှအစေခံလို့မခေါ်ကြတော့ပါဘူး မင်းနန်းတွင်းကားတွေအကြည့်များလို့နေမှာပါ"

"ဟုတ်တယ်နော့ ငါနန်းတွင်းကားတွေအကြည့်များသွားတာ"
Luhanပြောသလိုပဲ ကျနော်နန်းတွင်းကားတွေအကြည့်များသွားလို့နေမှာပါ ဘယ်သူမှဒီခေတ်မှာ အဲ့လိုအစေခံလို့မခေါ်ကြတော့ဘူးလေ။ ကျနော်လည်းထိုအိပ်မက်အကြောင်းကိုခေါင်းထဲကထုတ်ကာ မနက်စာဂင်မ်ချီထမင်းကြောကိုပဲ မြိန်ရေရှက်‌ေရစားလိုက်တော့သည်။

ခါတိုင်းလိုပဲ မနက်စာစားပြီး နေ့လယ်စာအတွက်ချက်ပြုတ်နေလိုက်သည်။
Luhanက သူ့သင်တန်းဆီသွားခါနီးမှကျနော်ရှိရာမီးဖိုခန်းထဲဝင်လာကာ

"ငါပေးဖို့မေ့နေတာ ပန်းချီပြပွဲဖိတ်စာလေ ငါလက်ဆောင်ရထားတယ် မင်းသွားကြည့်လိုက်နော်"
ဒါပဲပြောကာ သုတ်တီးသုတ်ပြာနဲ့ပြန်ထွက်သွားလေသည်။

ကျနော်လည်း သူတင်ပေးခဲ့တဲ့ ထမင်းစားပွဲပေါ်ကဖိတ်စာလေးကိုယူကြည့်မိသည်။
ရွှေရောင်နဲ့အနက်ရောင်ရောစပ်ထားလို့ သားနားနေတဲ့ဖိတ်စာပေါ်မှာ ဖောင်းကြွစာလုံးတွေနဲ့ Gallery Kဟုရိုက်နှိပ်ထားသည်။
ပြပွဲကဒီအပတ်စနေနေ့။ ကျနော့်အတွက်အဆင်ပြေတာပေါ့။ မနက်ပိုင်းသွားကြည့်လို့ရသည်‌ေလ။

ဒါနဲ့ကျနော်လည်း ပန်းချီပြပွဲဖိတ်စာလေးကို ကျနော်အခန်းထဲသေချာသွားသိမ်းပြီးနောက် လုပ်စရာရှိတာဆက်လုပ်နေလိုက်သည်။

ပန်းချီသင်တန်းကိုသွားပြီး ပုံမှန်ပဲနေ့လယ်စာစားကာ ကျနော်အလုပ်လုပ်တဲ့ကော်ဖီဆိုင်လေးဆီကိုဦးတည်ခဲ့ပြန်သည်။

"မိုးရွာပြီပဲ"
Tae Seo၏စကားကြောင့် ကျနော်ဆိုင်အပြင်ဘက်ကိုကြည့်မိသည်။ ဖောက်လွှဲဖောက်ပြန်ပြုနေသော ရာသီဉတုကြောင့် မိုးကညနေပိုင်းရုတ်တရက်ကြီးသည်းကြီးမဲကြီးရွာချလာသည်။ မိုးရွာတာမလို့ ဆိုင်ထဲမှာခါတိုင်းထက် လူမရှိသလောက်ကိုလူပါးနေသည်။

'.....행복한 웃음소리로 포근히 끌어안으며
ပျော်ရွှင်နေတဲ့ ရီမောသံ‌ေလး‌ေတွနဲ့ တယောက်နဲ့တယောက်နွေး‌ေနွးထွေး‌ေထွးဆုပ်ကိုင်ထားရင်း

별빛처럼 빛날 내일을 꿈꾸던 밤
ကြယ်‌ေတွလိုမျိုးတောက်ပနေတဲ့ မနက်ဖြန်ကို စိတ်ကူးယဉ်ခ့ဲကြတဲ့ညများ

I'll search the universe

널 다시 찾을 때까지
မင်းကိုနောက်တစ်ကြိမ်ပြန်ရှာတွေ့မယ့်အချိန်ထိ

놓지 않을 거야 티끌 같은 기억도
လုံးဝလက်လွှတ်လိုက်မှာမဟုတ်ပါဘူး သေးငယ်လွန်းတဲ့အမှတ်တရလေးတွေကိုတောင်

계절에 새겨진 우리의 추억은 다시 몇 번이고 돌아와 널 부를 테니까.....
ရာသီဉတုတွေတကျော့ပြန်လည်ပြီး ငါတို့ရဲ့အမှတ်တရတွေက  ထပ်ပြီးအကြိမ်ဘယ်လောက်ပဲ သံသရာလည်‌ေနပါစေ မင်းကိုခေါ်နေမိဦးမှာမလို့ပဲ'

ဆိုင်ထဲမှာ နာမည်ကြီးအဆိုတော်အဖွဲ့ EXOရဲ့ Universeအမည်ရှိသီချင်းလေးက လွမ်းဆွေးဖွယ်လွင့်ပျံနေသည်။ကျနော့်မှာရော ဘာအမှတ်တရတွေရှိခဲ့ပါလိမ့်။

အပြင်ဘက်မှာသည်းကြီးမည်းကြီးရွာနေတဲ့မိုးရယ် ဆိုင်ထဲမှာလွင့်ပျံနေတဲ့သီချင်းအေးအေးလေးကြောင့် တခြားသူတွေဆိုပျင်းရိဖွယ်ကောင်းမည်ဟုထင်ကြသော်လည်း ကျနော့်အတွက်ကတော့ထိုသို့ဖြစ်မနေခဲ့။ ပန်းချီဆရာမလို့လားမသိ။ ဒီလိုမိုးရယ် ဒီလိုသီချင်းနားဆင်ရတာရယ်ကို သဘောကျနှစ်ခြိုက်နေမိသည်။ဘာကိုမှန်းမသိဘဲ ရှာဖွေရင်းလွမ်းဆွတ်နေရတာကိုပေါ့။

သီချင်းကိုနားဆင်ရင်း တိုင်ကပ်နာရီဆီအကြည့်ရောက်မိတော့ နာရီလက်တံအတိုက 5မှာ နာရီလက်တံအရှည်က 8မှာရောက်နေသည်။

သူဘာလို့မရောက်လာသေးပါလိမ့်။ခါတိုင်းဆို 5နာရီမခွဲခင်ရောက်လာတတ်သည်။သူဆိုတာက နေ့တိုင်း Iced Espressoလာဝယ်တဲ့ဧည့်သည်ကိုရည်ညွှန်းတာဖြစ်သည်။

ကျနော်သူ့ကိုမျှော်နေမိတာလား။ သူ့ကိုမြင်တိုင်းကျနော့်ရင်ထဲကလစ်ဟာမှုကြီးဘာကြောင့်ပျောက်သွားတာပါလိမ့်။

ဆိုင်တံခါးဖွင့်လိုက်တာ မျက်လုံးထောင့်ကနေရိပ်ခနဲမြင်လိုက်ရတာကြောင့် ဆိုင်တံခါးဝဆီအကြည့်ရောက်မိတော့ ကျနော်ရင်ထဲ ရင်ခုန်ပျော်ရွှင်မှုတွေနှင့်ပြည့်နှက်သွားရသည်။
ခါတိုင်းလိုပဲ သူရောက်လာခဲ့ပြန်ပါသည်။

သို့သော်ဒီတခါတော့ ကောင်တာဆီမလာဘဲ စားပွဲဝိုင်းတခုဆီကိုသွားလိုက်တာမလို့ ဆိုင်ထဲမှာထိုင်သောက်မည့်သဘောဖြစ်သည်။
ကျနော်လည်း သူ့နားလျှောက်သွားကာ

"ခါတိုင်းလိုပဲ Iced Espressoပါလား ဧည့်သည်"

ကျနော်သူ့အကြိုက်ကိုမှတ်မိနေတာမလို့ ထိုဧည့်သည်ကအံ့ဩသွားဟန်ရှိသည်။ ကျနော်တို့ဆိုင်မှာသောက်နေကြ ဖောက်သည်မလို့ ကျနော်မှတ်မိနေတာဖြစ်လောက်သည်။

သူကခေါင်းခါရမ်းကာ
"ဒီနေ့တော့ မိုးအေးတာမလို့ Espressoအပူတခွက်ပဲပေးပါ"

"ခဏစောင့်ပေးပါနော် ဧည့်သည်"

ကျနော်ကောင်တာဆီပြန်လာတော့ Tae Seoက
"သူဘာမှာလဲ ကျနော်လုပ်ပေးရမလား Hyung"

"ရတယ် Hyungကိုယ်တိုင်ဖျော်လိုက်မယ် Tae Seo"
ကျနော်သူ့အတွက် Espressoဖျော်ပေးနေတုန်း ကျနော့်ရင်ထဲမှာ ပျော်ရွှင်မြူးထူးနေသည်။

ပြီးတာနဲ့ ကြွေခွက်အဖြူလေးထဲအငွေ့တထောင်းထောင်းထနေတဲ့ Espressoလေးကို လင်ဗန်းဝိုင်းလေးထဲထည့်ကာ သူရှိရာစားပွဲဆီသွားပြီးချပေးလိုက်သည်။

"ထီးပါလား"

"ဗျာ"
သူ့ဆီကရုတ်တရက်ထွက်လာသော စကားကြောင့်ကျနော်ကြောင်အအဖြစ်သွားရသည်။

"ကျစ် အပြင်မှာမိုးရွာနေတယ်လေ ထီးပါလား‌‌ေမးနေတာ" သူကစိတ်မရှည်ဟန်ဖြင့် မျက်ခုံးတွေတွန့်ချိုးကာထပ်မေးလာတော့ ကျနော်ယောင်နနဖြင့်ဆိုင်အပြင်ဘက်ကိုကြည့်မိသည်။

"ဟုတ် ပါ...ပါပါတယ်"
ရာသီဉတုဖောက်ပြန်တာမလို့ မိုးရွာနိုင်သည်ဟု မိုးလေဝသကကြေညာထားတာကြောင့် Luhanကျနော့်ကိုထီးတလက်အမြဲဆောင်ခိုင်းထားသည်။

ကျနော်သူရှိရာစားပွဲကနေ ကောင်တာဆီပြန်မလိုလုပ်တော့
"အနွေးထည်ရောပါလား"

"ဗျာ"

"မိုးအေးတယ်လေ"

"ကျနော့်ရှပ်အပါးလေးပါပါတယ်ဗျ"

ကျနော့်အဖြေကိုဘာအလိုမကျသည်မသိ။ ထိုသူ့မျက်မှောင်တွေတွန့်ချိုးကုန်ပြန်သည်။

ရပြီ မင်းသွားတော့

ကျနော်လည်း ကောင်တာဆီပြန်လာကာ Tae Seoနှင့်စကားပြောနေသည်။ Tae Seoနဲ့စကားပြောနေရင်း ထိုဧည့်သည်ရှိရာကိုအကြည့်ရောက်မိတော့ ကျနော့်ကိုစူးစူးရဲရဲကြည့်နေတဲ့ အကြည့်တွေနဲ့ဆုံတာကြောင့် ရင်ထဲဝုန်းဒိုင်းကြဲကာ ကျနော်မျက်နှာပူသွားရသည်။

"Hyung သန့်စင်ခန်းခဏသွားဦးမယ်"

"ဟုတ် Hyung"

သန့်စင်ခန်းထဲကထွက်လာတော့ ဧည့်သည်ရှိရာစားပွဲဝိုင်းဆီကိုအကြည့်ရောက်မိသည်။

"သူပြန်သွားပြီလား"

"ဟိုဧည့်သည်လား ပြန်သွားပြီ"
ကျနော်အကြောင်းရင်းမရှိဘဲ စိတ်မကောင်းဖြစ်သွားရပြန်သည်။

"အဲ့ဧည့်သည်က Hyungအတွက်သူ့ကုတ်အင်္ကျီထားခဲ့ပေးတယ် နွေးနွေးထွေးထွေးနေလို့လည်းမှာသွားသေးတယ်"

ကောင်တာနောက်ဘက်ကကျနော်ထိုင်တဲ့ခုံလေးဆီမှာ ထိုဧည့်သည်ဝတ်လာတဲ့ နက်ပြာရောင်ကုတ်အင်္ကျီလေးရှိနေသည်။
ကျနော်ကုတ်အင်္ကျီလေးကိုကောက်ကိုင်ကာ အနံ့ခံမိတော့ ယောက်ကျားသုံးရေမွေးနံ့ချိုအီအီနဲ့ကိုယ်သင်းနံ့လိုအနံ့တခုကိုရလိုက်သည်။ဒီအနံ့တွေကို ကျနော်ရင်နှီးသလိုခံစားရပြီး ကျနော့်စိတ်ထဲလုံခြုံနွေးထွေးသွားသလိုလည်းခံစားရသည်။

အပြင်ဘက်မှာမိုးတွေတဝေါဝေါရွာနေသလို ကျနော့်စိတ်ထဲမှာလည်းအဖြေမရှိတဲ့ မေးခွန်းတွေဆက်တိုက်ပေါ်နေသည်။

ခင်ဗျားကဘာလို့ကျနော့်ကို ဒီလိုလုပ်ပေးတာလဲ ဧည့်သည်။
ခင်ဗျားက ကျနော့်အတိတ်မှာပါဝင်ဆက်နွယ်ခဲ့ဖူးသလား။
ဘာကြောင့် ခင်ဗျားနဲ့ရှိနေရင် ကျနော်လုံခြုံနွေးထွေးသလိုခံစားရတာလဲ။
ဘာလို့ခင်ဗျားကိုတွေ့တိုင်း ကျနော့်နှလုံးသားကခုန်လှုပ်လာရတာလဲ။
ဘာကြောင့် ခင်ဗျားကိုမြင်ရင် ကျနော့်ရင်ဘတ်ထဲကလစ်ဟာနေတဲ့ ကွက်လပ်ကြီးကပျောက်သွားရတာလဲ။
ခင်ဗျားက ဘယ်သူများလဲ ဧည့်သည်။

…………To be continued…………

(17.2.2022 Thu)
Universeမြန်မာပြန်လေးကို crdပေးပါတယ်
ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးများကြီးပါ🥺🥺

(Unicode)

"ေသခ်ာလား Chanyeol"

"အင္း ႏွစ္ႏွစ္ေတာင္ရွိၿပီေလ သူဘာမွမွတ္မိမွာမဟုတ္ေတာ့ဘူး"

ကုမၸဏီအျပန္ Baekhyunအလုပ္လုပ္တဲ့ Moonlightဆိုင္ေလးဆီမွာ က်ေနာ္ကိုယ္တိုင္သူ႕ဆီသြားၿပီးဝယ္မလို႔ေျပာေနၾကျခင္းျဖစ္သည္။

"ငါသူ႕ကိုဓာတ္ပုံေတြထဲကပဲျမင္ေနခဲ့ရတာေလ ငါသူမ်က္ႏွာေလးကိုကိုယ္တိုင္ေတြ႕ခ်င္တယ္"

ဘယ္ေလာက္ပဲ က်ေနာ္သူ႕ေရွ႕ကိုယ္တိုင္သြားမေတြ႕ဘူးလို႔ဆုံးျဖတ္ခဲ့ေပမယ့္ အလြမ္းေတြထပ္ဆင့္ထပ္ဆင့္တိုးလာတာေၾကာင့္ ေလာဘတက္လာကာ သူ႕ေရွ႕ကိုယ္တိုင္သြားေတြ႕ေတာ့မည္ျဖစ္သည္။သူ႕ဘဝေလးနဲ႕သူေပ်ာ္ေနတဲ့ Baekhyunကို က်ေနာ့္ဆီျပန္မေခၚခ်င္ေအာင္ေတာ့ က်ေနာ့္စိတ္ကိုက်ေနာ္ထိန္းခ်ဳပ္ရမွာေပါ့။

"မင္းဘာမွာဦးမလဲ Jongin"

"ငါ့အတြက္ Iced Americanoနဲ႕ KyungSoo Hyungအတြက္ေခ်ာကလက္ကိတ္ဝယ္ခဲ့ေပး"

"ဟုတ္ၿပီ ငါသြားေတာ့မယ္"

Jonginကားေပၚကဆင္းလိုက္ေတာ့ က်ေနာ္ဒူးေတြအနည္းငယ္တုန္ယင္ေနသည္။ ရင္ထဲမွာကေတာ့ ေတာ္ေတာ္ႀကီးကိုတုန္လႈပ္ေနသည္။

ေျခလွမ္းေတြကို မတုန္ယင္ေအာင္ ႀကိဳးစားေလွ်ာက္လွမ္းၿပီး ဆိုင္တံခါးကိုဖြင့္ကာ Baekhyunရွိရာေကာင္တာကိုဦးတည္လိုက္သည္။

"ဘာမွာမလဲဗ် ဧည့္သည္"
အရင္တုန္းကလိုပဲ ႏူးညံ့ေပ်ာ့ေပ်ာင္းေနတဲ့သူ႕အသံေလးက က်ေနာ့္ႏွလုံးသားကို ခုန္လႈပ္ေစသည္။

"ဧည့္သည္?"
သူ႕မ်က္ႏွာႏုႏုေလးကို ေငးၾကည့္ေနေသာ က်ေနာ့္ကို သူေနာက္တခါထပ္ေခၚလာကာမွ

"အဟြတ္ အဟြတ္" အရွက္ေျပေခ်ာင္းဆိုးလိုက္ကာ
"Iced Espressoႏွစ္ခြက္ရယ္ Iced Americanoတစ္ခြက္ရယ္ ေခ်ာကလက္ကိတ္တစ္ခုေပးပါ အကုန္ပါဆယ္ပါပဲ"
Sehunအတြက္ပါ Espressoတစ္ခြက္ပိုမွာလိုက္သည္။

သူနဲ႕အတူအလုပ္လုပ္တဲ့ေကာင္ေလးက Iced Americanoေဖ်ာ္ေပးၿပီး သူက Iced Espressoေဖ်ာ္ေပးသည္။

က်ေနာ္ေသာက္မယ့္ Espressoကိုေဖ်ာ္ေပးေနတဲ့ေကာင္ေလးကိုက်ေနာ္ေသခ်ာၾကည့္ေနမိသည္။

မ်က္ႏွာေလးသည္ အရင္ကလိုပဲ ဘာအဖုအပိန႔္မွမရွိဘဲ ၾကည္လင္သန႔္ရွင္းေနဆဲျဖစ္သည္။

က်ေနာ့္ကိုခ်စ္ျမတ္နိုးေၾကာင္း ေျပာျပခဲ့ဖူးတဲ့ႏႈတ္ခမ္းပါးလ်လ်ေလးေတြဟာလည္း မွဲ႕နက္ေသးေသးေလးနဲ႕လွပေနဆဲျဖစ္သည္။ စိတ္ခ်မ္းသာသည္ေၾကာင့္ထင္ မ်က္ႏွာေလးကေတာ္ေတာ္ေလးျပည့္လာသည္။

အရင္ကက်ေနာ့္ကို ခ်စ္ရိပ္ေတြျပည့္႐ႊမ္းေနတဲ့အၾကည့္မ်ိဳးန႕ဲၾကည့္ခဲ့ဖူးတဲ့ မ်က္ဝန္းတစုံဟာလည္း အခုသူေဖ်ာ္ေနတဲ့ Espressoဆီအာ႐ုံထည့္ထားသည္က ၾကည့္ေကာင္းလွသည္။

က်ေနာ့္ကိုနက္ကတိုင္အၿမဲစီးေပးခဲ့ဖူးတဲ့ ဖေယာင္းကိုထုဆစ္ထားသလို ႏူးညံ့သြယ္လ်တဲ့လက္ကေလးေတြဟာလည္း အက္စီးဒင့္ေၾကာင့္ အမာ႐ြတ္ေတြရွိေနေပမယ့္ အရင္ကလိုလွပၿမဲျဖစ္သည္။ ဘယ္ဘက္လက္ေပၚက အမာ႐ြတ္အစင္းေၾကာင္းသုံးခုကိုျမင္လိုက္ရတဲ့အခါမွာေတာ့ က်ေနာ္စိတ္မေကာင္းျဖစ္သြားသည္။ ဒါက်ေနာ္ကိုယ္တိုက္ေပးခဲ့ဖူးတဲ့ ဒဏ္ရာေတြေလ။

အဝါေရာင္တီရွပ္ေလးကို ဝတ္ထားတဲ့ ဒီေကာင္ေလး Baekhyunကို က်ေနာ္ရင္ဘတ္ႀကီးတခုလုံးနဲ႕ အတိုင္းအဆမရွိေအာင္ခ်စ္ေနရဆဲျဖစ္သည္။
Luhanပို႔ေပးလာတဲ့ သူ႕ပုံေလးေတြၾကည့္တာေတာင္ ခုန္လႈပ္တဲ့က်ေနာ့္ႏွလုံးသားက အခုမွာေတာ့ သူ႕ကိုကိုယ္တိုင္ျမင္ေတြ႕ရတာေၾကာင့္ ငလ်င္ပမာခုန္လႈပ္ေနသည္။

"ရပါၿပီဗ်ာ ဧည့္သည္"
က်ေနာ္မွာထားတာေတြကို အိတ္တခုနဲ႕သပ္သပ္ရပ္ရပ္ထည့္ေပးၿပီးေနာက္ က်ေနာ့္ကိုကမ္းေပးလာသည္။

က်ေနာ္လည္း သူလွမ္းေပးတဲ့အိတ္ကေလးကိုယူလိုက္ရင္း သူ႕လက္ေလးနဲ႕မေတာ္တဆထိမိသြားသည္။ ဓာတ္လိုက္သြားသလိုခံစားရၿပီးေနာက္ က်ေနာ့္ႏွလုံးသားသည္ေတာ္ေတာ္ႀကီးခုန္ေပါက္လာခဲ့ၿပီ။

ရင္ထဲခုန္လႈပ္ေနတာကို မ်က္ႏွာမွာမေပၚေအာင္ထိန္းခ်ဳပ္ရင္း ပိုက္ဆံအိတ္ထဲကကတ္တခုကို ထုတ္ၿပီးသူ႕ဆီေပးလိုက္သည္။

"ေက်းဇူးပါဗ်ာ ဧည့္သည္ ေနာက္လည္းအားေပးပါဦး"
သူ‌လွမ္းေပးလာေသာ ကတ္ကိုက်ေနာ္ဆြဲယူရင္း ဆိုင္ထဲကအလ်င္အျမန္ထြက္ခဲ့လိုက္သည္။

Jonginကားဆီျပန္လာကာ ကားတံခါးကိုျမန္ျမန္ဖြင့္ ခုံမွာဝင္ထိုင္ၿပီး ကားတံခါးကိုျမန္ျမန္ျပန္ေဆာင့္ပိတ္မိေတာ့
"ငါ့ေကာင္ရ ကားတံခါးကိုေျဖးေျဖးပိတ္ပါဟ "

"ငါ့ရင္ေတြတအားခုန္ေနတယ္ Jongin"

က်ေနာ့္စကားေၾကာင့္ Jonginကျပာျပာသလဲျဖစ္သြားကာ
"အဆင္ေျပလား Chanyeol ေရေသာက္မလား"

"ရၿပီ အိမ္ပဲျမန္ျမန္ျပန္ေတာ့ "

Jonginကက်ေနာ့္စကားအတိုင္း က်ေနာ့္ကိုဘာမွျပန္မေမးေတာ့ဘဲ အိမ္ကိုပဲေမာင္းလာလိုက္သည္။

အိမ္ေရာက္ေတာ့ KyungSoo Hyungနဲ႕ Sehunကက်ေနာ္တို႔ကိုေစာင့္ေနသည္။ Sehunကစက္႐ုံေတြသြားစစ္ရတာေၾကာင့္  က်ေနာ္တို႔ထက္ေစာၿပီးအိမ္ျပန္ေရာက္ေနသည္။

KyungSoo Hyungကက်ေနာ့္လက္ထဲဆြဲလာတဲ့ Moonlightအမည္ပါအိတ္အၾကည္ေလးကိုျမင္ေတာ့

" Baekhyunဆီသြားခဲ့တာလား Chanyeol"

"ဟုတ္ "

"အဆင္ေျပရဲ႕လား Hyung"

"ေျပပါတယ္ Sehunရဲ႕ ဒီမွာမင္းနဲ႕ Hyungအတြက္ပါIced Espressoနဲ႕ေခ်ာကလက္ကိတ္ဝယ္လာတယ္ "
Sehunကက်ေနာ္လွမ္းေပးေသာ အိတ္ေလးကိုယူလိုက္ရင္း

"ဒါဆို Hyungတို႔အဝတ္သြားလဲေတာ့ က်ေနာ္တို႔ညစာစားဖို႔ျပင္ထားလိုက္မယ္"

ညစာစားၿပီးေတာ့ က်ေနာ္လည္း Iced Espressoတခြက္ကိုကိုင္ကာ ႏွင္းဆီနီေတြနားရပ္ရင္း တငုံခ်င္းေသာက္ေနမိသည္။  ဝယ္လာတုန္းက ေရခဲတုံးေတြနဲ႕ေအးေအးေလးျဖစ္ေပမယ့္ အခုေတာ့ ေရခဲတုံးေတြအရည္ေပ်ာ္ကုန္လို႔ နည္းနည္းေတာ့ က်ဲေတာက္ေတာက္ျဖစ္ေနၿပီ။ႏွစ္ႏွစ္ၾကာၿပီးတဲ့ေနာက္ သၾကားႏွစ္ဇြန္းပါတဲ့ေကာ္ဖီမဟုတ္ေပမယ့္ သူပထမဆုံးေဖ်ာ္ေပးတဲ့ေကာ္ဖီေလးမလို႔ ကုန္သြားမွာကိုႏွေျမာေနမိသည္။

"ေကာ္ဖီေတြေသာက္ၿပီး ညအိပ္မေပ်ာ္ျဖစ္ဦးမယ္ Chanyeol"
KyungSoo Hyungက က်ေနာ့္ေဘးနားရပ္လာကာ က်ေနာ္ကိုသတိေပးစကားတခုေျပာလာသည္။

"က်ေနာ္အိပ္ေပ်ာ္မွာပါ သူကိုယ္တိုင္ေဖ်ာ္ေပးတာေလ"

"ဘယ္လိုခံစားရလဲ ဒီေန႕သူ႕ကိုျမင္ေတာ့ မင္းအနားျပန္ေခၚခ်င္စိတ္ေပၚလာလား"

"ေပၚလာတယ္ ဒါေပမယ့္..."
သူ႕ဘယ္ဘက္လက္ေပၚက က်ေနာ္ႏွင္းဆီနီဆူးေတြနဲ႕ နာက်င္ေအာင္လုပ္ခဲ့တဲ့အမာ႐ြတ္ေတြျမင္ေတာ့ မေခၚရက္ေတာ့ဘူး သူ႕က်ေနာ္အနားရွိရင္နာက်င္မွာကိုက်ေနာ္ေၾကာက္တယ္ Hyung"

KyungSoo Hyungကက်ေနာ့္ကိုဘာမွမေျပာေတာ့ဘဲ က်ေနာ့္ပခုံးကိုအားေပးသလိုတခ်က္ပုတ္ကာထြက္သြားသည္။

က်ေနာ္လည္း Iced Espressoကိုကုန္ေအာင္ေသာက္ၿပီးတာနဲ႕ Baekhyunအိမ္ေလးထဲကပန္းခ်ီခန္းေလးဆီကိုလာလိုက္သည္။

"ေ႐ြးၿပီးၿပီလား Chanyeol"
Jonginက ပန္းခ်ီခန္းေလးထဲကဝင္လာကာ ပန္းခ်ီျပပြဲမွာျပဖို႔ ပန္းခ်ီေတြကိုေ႐ြးၿပီးၿပီလားဟုေမးလာသည္။

"အင္း ဒီရႈခင္းပုံေတြအကုန္ျပလိုက္မယ္"

"ရႈခင္းပုံေတြကဒါအကုန္ပဲလား"

"ငါ့ဆီမွာက ဒါအကုန္ပဲ သုံးပုံႏွစ္ပုံေလာက္က Baekhyunဆီမွာေလ"

"မင္းပုံေတြထဲကေရာ မေ႐ြးေတာ့ဘူးလား"

"မင္းကလည္း ငါ့ပုံႀကီးျပရေအာင္ သူကငါ့အတြက္ပဲဆြဲထားတာေလ တျခားသူေတြကိုငါမျပခ်င္ဘူး"

"ဒါေပမယ့္လည္း တစ္ပုံပဲျဖစ္ျဖစ္ေပါ့"
Jonginကက်ေနာ့္ပုံတူပန္းခ်ီေတြကိုတစ္ခ်ပ္ခ်င္းစီပတ္ၾကည့္ေနၿပီးမွ

"ဒါဆိုရင္ေတာ့ မင္းမွန္းမသိသာေလာက္ဘူး"

Jonginေ႐ြးထုတ္လာတဲ့ ပန္းခ်ီကားကိုၾကည့္မိေတာ့ က်ေနာ့္မ်က္ဝန္းတစ္စုံကိုပဲဆြဲထားတဲ့ပန္းခ်ီကား။

"မ်က္ႏွာတစ္ခုလုံးမဟုတ္ပဲ မ်က္လုံးေတြပဲဆိုေတာ့ မင္းမွန္းမသိေလာက္ဘူး လက္ရာတအားေျမာက္တာမလို႔ ငါဒါေလးေတာ့ ျပေစခ်င္တယ္"

Jonginေျပာသလိုပင္ ပန္းခ်ီကားကလက္ရာေျမာက္လြန္းတာေၾကာင့္
"ဒါဆိုလည္း အဲ့ပုံေလးျပပြဲမွာျပၾကတာေပါ့"

Jonginလည္းေ႐ြးစရာေတြၿပီးသြားတာေၾကာင့္ ပန္းခ်ီခန္းေလးထဲကျပန္ထြက္သြားသည္။

……………………

"အခုေခတ္မင္းသားေတြမ်ား အရပ္ရွည္ရွည္ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ေတြေနာ္ Baekhyun"

Luhanနဲ႕က်ေနာ္ ညစာစားၿပီးေတာ့ ဧည့္ခန္းထဲထိုင္ကာ Channelတခုမွလႊင့္ေနေသာ ဇာတ္လမ္းတြဲတခုကိုၾကည့္ေနသည္။

Luhanေျပာတဲ့ အရပ္ရွည္ရွည္ဆိုမွ ညေနကဆိုင္မွာေကာ္ဖီဝယ္သြားတဲ့ဧည့္သည္ကိုက်ေနာ္သတိရသြားသည္။
ဝင္လာကတည္းက က်ေနာ့္ကိုၾကည့္ေနတာမ်ား မ်က္ေတာက္ပင္မခတ္။

က်ေနာ္စကားေျပာလိုက္မွ အရွက္ေျပေခ်ာင္းဟန႔္ၿပီး သူမွာစရာရွိတာေတြမွာသည္။ ဒါေတာင္ေကာ္ဖီေဖ်ာ္ေတာ့ က်ေနာ့္ကိုျပန္စိုက္ၾကည့္ေနတာေၾကာင့္ က်ေနာ့္မွာေကာ္ဖီေဖ်ာ္တာမမွားရေလေအာင္ မနည္းအာ႐ုံစိုက္ရသည္။ ထိုဧည့္သည္သည္ အရပ္ရွည္ရွည္ႏွင့္ မ်က္လုံးေတြကလည္းဝိုင္းစက္ၿပီး ေယာက္က်ားပီသလွသည္။ မိန္းကေလးတိုင္းေႂကြမည့္႐ုပ္မ်ိဳး။

"ေခ်ာတယ္ေနာ္ Baekhyun"

"အင္း ေခ်ာတယ္"

"အဲ့မင္းသားနာမည္ဘာလဲမသိဘူးကြာ
ငါ Naverမွာရွာၾကည့္ဦးမယ္"
Luhanေျပာတာက ဇာတ္လမ္းတြဲထဲကမင္းသားေခ်ာေၾကာင္းေျပာတာျဖစ္ေပမယ့္ က်ေနာ္ကဧည့္သည္ေခ်ာေၾကာင္းကိုျပန္ေျဖမိျခင္းျဖစ္သည္။ Luhanမသိေပမယ့္ ကိုယ့္ကိုယ္ကိုေတာ့ရွက္သြားရသည္။ဘယ္လိုေတာင္လား Byun Baekhyunရ။

"ငါပန္းခ်ီဆြဲေတာ့မယ္ေနာ္ Luhan"

"ေအးေအး"

က်ေနာ္လည္း က်ေနာ့္အခန္းေလးထဲဝင္ကာ ဆြဲလက္စကမ္းေျခပုံတခုကိုဆြဲေနမိသည္။
ပုံဆြဲေနရင္း အာ႐ုံကထိုဧည့္သည္ဆီေရာက္သြားျပန္သည္။ထိုဧည့္သည္လက္ႏွင့္ က်ေနာ့္လက္မေတာ္တဆထိမိသြားတုန္းက က်ေနာ့္မွာရင္တုန္သြားရေသးသည္။
စကားေျပာလိုက္ရင္ ႏႈတ္ခမ္းထူထူေတြကတဆင့္ထြက္လာသည့္ အသံဩဩေတြက နားဝင္ခ်ိဳစြာ နားထဲကစီးဆင္းၿပီး က်ေနာ့္ရင္ဘတ္ကိုပါခုန္လႈပ္ေစသလိုပင္။

မ်က္ဝန္းဝိုင္းဝိုင္းေတြက ၾကည့္‌ေနတ့ဲအၾကည့္စူးရွရွေတြဟာလည္း ညွို႔အားျပင္းေနသလိုပင္။ ထိုဧည့္သည္အေၾကာင္းေတြးရင္း က်ေနာ့္ဘယ္ဘက္ရင္ဘတ္ထဲက အေကာင္ငယ္ေလးဟာလည္းခုန္ေပါက္လာသည္။

ထူးဆန္းသည္။ ဘာလို႔မ်ား ထိုဧည့္သည္အေၾကာင္းေတြးမိတဲ့အခ်ိန္ က်ေနာ့္ရင္ဘတ္ထဲက ကြက္လပ္ျဖစ္‌ေနတ့ဲလစ္ဟာမႈႀကီးဟာ ေပ်ာက္ပ်က္သြားပါလိမ့္။

ထိုဧည့္သည္ဆီေရာက္ေနတဲ့စိတ္ေတြကို ေဖ်ာက္ကာ ပန္းခ်ီကိုေဆးျခယ္မိေတာ့

"ဟာ အေရာင္မွားသြားၿပီ"
အျပာေရာင္ျခယ္ရမည့္ေနရာမွာ အညိုေရာင္ျခယ္မိသြားတာမလို႔ စိတ္ပ်က္သြားရသည္။ ႏွစ္ႏွစ္အတြင္းပန္းခ်ီဆြဲရင္း အာ႐ုံလြတ္ထြက္သြားတာ ဒါပထမဆုံးျဖစ္သည္။
ပန္းခ်ီလည္း ဆက္ဆြဲခ်င္စိတ္မရွိေတာ့တာမလို႔ ေရခ်ိဳးခန္းဝင္ သြားတိုက္မ်က္ႏွာသစ္ၿပီး အိပ္ယာေပၚသာပစ္လဲလိုက္သည္။ ခဏၾကာေတာ့ တေန႕လုံးပင္ပန္းလာသည့္အရွိန္ေတြႏွင့္ မ်က္လုံးမ်ားေမွးစင္းလာသည္။

က်ေနာ္ဘယ္ေရာက္ေနတာပါလိမ့္။ ေလတျဖဴးျဖဴးတိုက္ေနၿပီး စိမ္းစိုေနေသာ အပင္ေတြအမ်ားႀကီးရွိသည့္ေနရာတခုကိုေရာက္ေနသည္ပဲ။ က်ေနာ္ပတ္ဝန္းက်င္ပတ္ပတ္လည္ကိုၾကည့္မိေတာ့ အပင္ႀကီးတစ္ပင္ေအာက္မွာ ေကာင္ေလးႏွစ္ေယာက္ရွိေနတာမလို႔ ဝမ္းသာအားရပဲ ထိုေကာင္ေလးေတြဆီေျပးသြားလိုက္သည္။
"မင္းကပုံဆြဲရတာဝါသနာပါလား"

"အင္း ငါကႀကီးလာရင္ပန္းခ်ီဆရာလုပ္မွာ"
မ်က္လုံးေလးေတြေမွးေအာင္ၿပဳံးၿပီးေျပာလာေသာ ထိုေကာင္ေလးကက်ေနာ့္႐ုပ္နဲ႕တူေနသည္။ ႏႈတ္ခမ္းေဘးစြန္းကမွဲ႕ေလးလည္းရွိေနေသးတာပဲ။

Ohh...က်ေနာ္ကိုယ္တိုင္ျဖစ္ေနတာပဲ။ Luhanျပခဲ့ဖူးတဲ့ က်ေနာ့္ငယ္ဘဝဓာတ္ပုံထဲက႐ုပ္ေလး။

က်ေနာ့္ငယ္ဘဝကိုယ္ပြားေလးႏွင့္ စကားေျပာေနတဲ့ေကာင္ေလးကိုလွည့္ၾကည့္မလိုလုပ္ေတာ့ အိပ္ရာမွလန႔္နိုးလာရသည္။

အိပ္မက္မက္ေနတာပဲ။ မဟုတ္မွ ေမ့ေလ်ာ့ေနတဲ့အတိတ္ေတြရဲ႕တစ္ပိုင္းတစ္စမ်ားလား။

ေခါင္းကိုသာခါၿပီး ပုံမွန္အတိုင္းမနက္စာစား၊ ပန္းခ်ီသင္တန္းသြားသည္။ ၿပီးေတာ့ အိမ္ျပန္လာကာ ေန႕လယ္စာစားၿပီး က်ေနာ္အလုပ္လုပ္တဲ့ဆိုင္ေလးဆီဦးတည္လိုက္သည္။

ဒီေန႕လည္း ငါးနာရီေက်ာ္ေတာ့ မေန႕ကဧည့္သည္ျပန္လာသည္။ Iced Espressoတခြက္ကိုမွာၿပီး လူကိုစူးစူးစိုက္စိုက္ၾကည့္ကာ သူမွာတာရတာနဲ႕ျမန္ျမန္ျပန္ထြက္သြားသည္။

ဒီလိုနဲ႕ ထိုဧည့္သည္သည္က်ေနာ္တို႔ဆိုင္ကိုေန႕တိုင္းနီးပါးေရာက္လာသည္။ သို႔ေသာ္ စေန၊တနဂၤေႏြရက္မ်ားဆိုရင္ေတာ့ မေရာက္လာ။

ထိုဧည့္သည္လာသည့္ ဒုတိယအပတ္ေျမာက္။

စာသင္ခန္းတခုထဲက်ေနာ္ေရာက္ေနသည္။ ကေလးေတြအမ်ားႀကီးရွိေနသည့္စာသင္ခန္း။ က်ေနာ့္ငယ္ဘဝကိုယ္ပြားေလးက ေကာင္ေလးတေယာက္နဲ႕အတန္းေရွ႕မွာရပ္ေနသည္။

"က်ေနာ္ေျပာခြင့္မရွိလို႔ပါ"
ဒါကက်ေနာ့္ငယ္ဘဝကိုယ္ပြားေလးဆီကထြက္လာသည့္စကားျဖစ္သည္။ဘာကိုေျပာခြင့္မရွိတာပါလိမ့္။

"ဘာလို႔ေျပာခြင့္မရွိတာလဲ" က်ေနာ့္အေတြးအတိုင္း ဆရာမဟုယူဆရသူထံမွအသံထြက္လာသည္။

"သူက က်ေနာ့္အေစခံမလို႔ေလ" ဒါက
က်ေနာ့္ငယ္ဘဝကိုယ္ပြားေလးနဲ႕ ရပ္ေနတဲ့ေကာင္ေလးဆီမွ။
က်ေနာ္အလ်င္အျမန္ပင္ ထိုေကာင္ေလးဆီသြားမလိုလုပ္လိုက္ေပမယ့္ ဖ်တ္ခနဲမ်က္လုံးေတြပြင့္လာရျပန္သည္။

အိပ္မက္ထပ္မက္ေနတာပဲ။
ခုတင္ေပၚမွာထထိုင္လိုက္ၿပီး အိပ္မက္အေၾကာင္းစဥ္းစားေနမိသည္။
အေစခံ၊ အေစခံတဲ့လား။ က်ေနာ္ကအေစခံျဖစ္ခဲ့ဖူးတာလား။

ရႈပ္ေထြးေႏွာက္က်ိေသာစိတ္ေတြနဲ႕ မနက္ခင္းတခုကိုစတင္ခဲ့ရျပန္သည္။

"Baekhyun တခုခုျဖစ္လို႔လား မလန္းေနသလိုပဲ"
ထမင္းစားပြဲမွာထိုင္ေတာ့ Luhanကက်ေနာ့္မ်က္ႏွာကိုအကဲခတ္ရင္းေမးခြန္းထုတ္လာသည္။

"အိပ္မက္မက္လို႔"

"ဘာအိပ္မက္မလို႔လဲ" Luhanကေျပာၿပီးက်ေနာ္ျပင္ေပးထားေသာ ဂင္မ္ခ်ီထမင္းေၾကာ္တစ္လုပ္ကိုပါးစပ္ထဲသြင္းလိုက္သည္။

"အိပ္မက္ထဲမွာေလ ငါကစာသင္ခန္းလိုမ်ိဳးအခန္းတခုထဲေရာက္ေနတာ အဲ့မွာေကာင္ေလးတစ္ေယာက္ကငါ့ကိုသူ႕အေစခံလို႔ေျပာေနတာ"

"ဘယ္လို!!! " Luhanရဲ႕မ်က္လုံးေတြျပဴးၿပီးအံ့အားတႀကီးျဖစ္သြားေသာပုံေၾကာင့္ က်ေနာ္အံ့ဩသြားရသည္။

"ဟုတ္တယ္ အဲ့လိုမက္တာ"

"မင္းအဲ့ေကာင္ေလးမ်က္ႏွာကိုျမင္လိုက္လား"

"မျမင္လိုက္ဘူး လန႔္နိုးလာလို႔"

Luhanကထိုအခါမွစိတ္ေအးသြားဟန္ျဖင့္
"အိပ္မက္ေတြကအစစ္အမွန္မွမဟုတ္တာ ဘာ‌မွအဲ့ေလာက္ထိမ႐ႊင္မလန္းျဖစ္ေနစရာမလိုပါဘူး"

"ငါစဥ္းစားေနတာ ငါ့အတိတ္မ်ားျဖစ္ေနမလားလို႔ေလ"

"Baekhyunရယ္ မင္းကငါနဲ႕အတူတူႀကီးျပင္းလာကာ ဘယ္သူ႕အေစခံမွမျဖစ္ဖူးပါဘူး ၿပီးေတာ့ ဒီေခတ္ေတာင္ေရာက္ေနၿပီ ဘယ္သူမွအေစခံလို႔မေခၚၾကေတာ့ပါဘူး မင္းနန္းတြင္းကားေတြအၾကည့္မ်ားလို႔ေနမွာပါ"

"ဟုတ္တယ္ေနာ့ ငါနန္းတြင္းကားေတြအၾကည့္မ်ားသြားတာ"
Luhanေျပာသလိုပဲ က်ေနာ္နန္းတြင္းကားေတြအၾကည့္မ်ားသြားလို႔ေနမွာပါ ဘယ္သူမွဒီေခတ္မွာ အဲ့လိုအေစခံလို႔မေခၚၾကေတာ့ဘူးေလ။ က်ေနာ္လည္းထိုအိပ္မက္အေၾကာင္းကိုေခါင္းထဲကထုတ္ကာ မနက္စာဂင္မ္ခ်ီထမင္းေၾကာကိုပဲ ၿမိန္ေရရွက္‌ေရစားလိုက္ေတာ့သည္။

ခါတိုင္းလိုပဲ မနက္စာစားၿပီး ေန႕လယ္စာအတြက္ခ်က္ျပဳတ္ေနလိုက္သည္။
Luhanက သူ႕သင္တန္းဆီသြားခါနီးမွက်ေနာ္ရွိရာမီးဖိုခန္းထဲဝင္လာကာ

"ငါေပးဖို႔ေမ့ေနတာ ပန္းခ်ီျပပြဲဖိတ္စာေလ ငါလက္ေဆာင္ရထားတယ္ မင္းသြားၾကည့္လိုက္ေနာ္"
ဒါပဲေျပာကာ သုတ္တီးသုတ္ျပာနဲ႕ျပန္ထြက္သြားေလသည္။

က်ေနာ္လည္း သူတင္ေပးခဲ့တဲ့ ထမင္းစားပြဲေပၚကဖိတ္စာေလးကိုယူၾကည့္မိသည္။
ေ႐ႊေရာင္နဲ႕အနက္ေရာင္ေရာစပ္ထားလို႔ သားနားေနတဲ့ဖိတ္စာေပၚမွာ ေဖာင္းႂကြစာလုံးေတြနဲ႕ Gallery Kဟုရိုက္ႏွိပ္ထားသည္။
ျပပြဲကဒီအပတ္စေနေန႕။ က်ေနာ့္အတြက္အဆင္ေျပတာေပါ့။ မနက္ပိုင္းသြားၾကည့္လို႔ရသည္‌ေလ။

ဒါနဲ႕က်ေနာ္လည္း ပန္းခ်ီျပပြဲဖိတ္စာေလးကို က်ေနာ္အခန္းထဲေသခ်ာသြားသိမ္းၿပီးေနာက္ လုပ္စရာရွိတာဆက္လုပ္ေနလိုက္သည္။

ပန္းခ်ီသင္တန္းကိုသြားၿပီး ပုံမွန္ပဲေန႕လယ္စာစားကာ က်ေနာ္အလုပ္လုပ္တဲ့ေကာ္ဖီဆိုင္ေလးဆီကိုဦးတည္ခဲ့ျပန္သည္။

"မိုး႐ြာၿပီပဲ"
Tae Seo၏စကားေၾကာင့္ က်ေနာ္ဆိုင္အျပင္ဘက္ကိုၾကည့္မိသည္။ ေဖာက္လႊဲေဖာက္ျပန္ျပဳေနေသာ ရာသီဉတုေၾကာင့္ မိုးကညေနပိုင္း႐ုတ္တရက္ႀကီးသည္းႀကီးမဲႀကီး႐ြာခ်လာသည္။ မိုး႐ြာတာမလို႔ ဆိုင္ထဲမွာခါတိုင္းထက္ လူမရွိသေလာက္ကိုလူပါးေနသည္။

'.....행복한 웃음소리로 포근히 끌어안으며
ေပ်ာ္႐ႊင္ေနတဲ့ ရီေမာသံ‌ေလး‌ေတြနဲ႕ တေယာက္နဲ႕တေယာက္ေႏြး‌ေႏြးေထြး‌ေထြးဆုပ္ကိုင္ထားရင္း

별빛처럼 빛날 내일을 꿈꾸던 밤
ၾကယ္‌ေတြလိုမ်ိဳးေတာက္ပေနတဲ့ မနက္ျဖန္ကို စိတ္ကူးယဥ္ခ့ဲၾကတဲ့ညမ်ား

I'll search the universe

널 다시 찾을 때까지
မင္းကိုေနာက္တစ္ႀကိမ္ျပန္ရွာေတြ႕မယ့္အခ်ိန္ထိ

놓지 않을 거야 티끌 같은 기억도
လုံးဝလက္လႊတ္လိုက္မွာမဟုတ္ပါဘူး ေသးငယ္လြန္းတဲ့အမွတ္တရေလးေတြကိုေတာင္

계절에 새겨진 우리의 추억은 다시 몇 번이고 돌아와 널 부를 테니까.....
ရာသီဉတုေတြတေက်ာ့ျပန္လည္ၿပီး ငါတို႔ရဲ႕အမွတ္တရေတြက  ထပ္ၿပီးအႀကိမ္ဘယ္ေလာက္ပဲ သံသရာလည္‌ေနပါေစ မင္းကိုေခၚေနမိဦးမွာမလို႔ပဲ'

ဆိုင္ထဲမွာ နာမည္ႀကီးအဆိုေတာ္အဖြဲ႕ EXOရဲ႕ Universeအမည္ရွိသီခ်င္းေလးက လြမ္းေဆြးဖြယ္လြင့္ပ်ံေနသည္။က်ေနာ့္မွာေရာ ဘာအမွတ္တရေတြရွိခဲ့ပါလိမ့္။

အျပင္ဘက္မွာသည္းႀကီးမည္းႀကီး႐ြာေနတဲ့မိုးရယ္ ဆိုင္ထဲမွာလြင့္ပ်ံေနတဲ့သီခ်င္းေအးေအးေလးေၾကာင့္ တျခားသူေတြဆိုပ်င္းရိဖြယ္ေကာင္းမည္ဟုထင္ၾကေသာ္လည္း က်ေနာ့္အတြက္ကေတာ့ထိုသို႔ျဖစ္မေနခဲ့။ ပန္းခ်ီဆရာမလို႔လားမသိ။ ဒီလိုမိုးရယ္ ဒီလိုသီခ်င္းနားဆင္ရတာရယ္ကို သေဘာက်ႏွစ္ၿခိဳက္ေနမိသည္။ဘာကိုမွန္းမသိဘဲ ရွာေဖြရင္းလြမ္းဆြတ္ေနရတာကိုေပါ့။

သီခ်င္းကိုနားဆင္ရင္း တိုင္ကပ္နာရီဆီအၾကည့္ေရာက္မိေတာ့ နာရီလက္တံအတိုက 5မွာ နာရီလက္တံအရွည္က 8မွာေရာက္ေနသည္။

သူဘာလို႔မေရာက္လာေသးပါလိမ့္။ခါတိုင္းဆို 5နာရီမခြဲခင္ေရာက္လာတတ္သည္။သူဆိုတာက ေန႕တိုင္း Iced Espressoလာဝယ္တဲ့ဧည့္သည္ကိုရည္ၫႊန္းတာျဖစ္သည္။

က်ေနာ္သူ႕ကိုေမွ်ာ္ေနမိတာလား။ သူ႕ကိုျမင္တိုင္းက်ေနာ့္ရင္ထဲကလစ္ဟာမႈႀကီးဘာေၾကာင့္ေပ်ာက္သြားတာပါလိမ့္။

ဆိုင္တံခါးဖြင့္လိုက္တာ မ်က္လုံးေထာင့္ကေနရိပ္ခနဲျမင္လိုက္ရတာေၾကာင့္ ဆိုင္တံခါးဝဆီအၾကည့္ေရာက္မိေတာ့ က်ေနာ္ရင္ထဲ ရင္ခုန္ေပ်ာ္႐ႊင္မႈေတြႏွင့္ျပည့္ႏွက္သြားရသည္။
ခါတိုင္းလိုပဲ သူေရာက္လာခဲ့ျပန္ပါသည္။

သို႔ေသာ္ဒီတခါေတာ့ ေကာင္တာဆီမလာဘဲ စားပြဲဝိုင္းတခုဆီကိုသြားလိုက္တာမလို႔ ဆိုင္ထဲမွာထိုင္ေသာက္မည့္သေဘာျဖစ္သည္။
က်ေနာ္လည္း သူ႕နားေလွ်ာက္သြားကာ

"ခါတိုင္းလိုပဲ Iced Espressoပါလား ဧည့္သည္"

က်ေနာ္သူ႕အႀကိဳက္ကိုမွတ္မိေနတာမလို႔ ထိုဧည့္သည္ကအံ့ဩသြားဟန္ရွိသည္။ က်ေနာ္တို႔ဆိုင္မွာေသာက္ေနၾက ေဖာက္သည္မလို႔ က်ေနာ္မွတ္မိေနတာျဖစ္ေလာက္သည္။

သူကေခါင္းခါရမ္းကာ
"ဒီေန႕ေတာ့ မိုးေအးတာမလို႔ Espressoအပူတခြက္ပဲေပးပါ"

"ခဏေစာင့္ေပးပါေနာ္ ဧည့္သည္"

က်ေနာ္ေကာင္တာဆီျပန္လာေတာ့ Tae Seoက
"သူဘာမွာလဲ က်ေနာ္လုပ္ေပးရမလား Hyung"

"ရတယ္ Hyungကိုယ္တိုင္ေဖ်ာ္လိုက္မယ္ Tae Seo"
က်ေနာ္သူ႕အတြက္ Espressoေဖ်ာ္ေပးေနတုန္း က်ေနာ့္ရင္ထဲမွာ ေပ်ာ္႐ႊင္ျမဴးထူးေနသည္။

ၿပီးတာနဲ႕ ေႂကြခြက္အျဖဴေလးထဲအေငြ႕တေထာင္းေထာင္းထေနတဲ့ Espressoေလးကို လင္ဗန္းဝိုင္းေလးထဲထည့္ကာ သူရွိရာစားပြဲဆီသြားၿပီးခ်ေပးလိုက္သည္။

"ထီးပါလား"

"ဗ်ာ"
သူ႕ဆီက႐ုတ္တရက္ထြက္လာေသာ စကားေၾကာင့္က်ေနာ္ေၾကာင္အအျဖစ္သြားရသည္။

"က်စ္ အျပင္မွာမိုး႐ြာေနတယ္ေလ ထီးပါလား‌‌ေမးေနတာ" သူကစိတ္မရွည္ဟန္ျဖင့္ မ်က္ခုံးေတြတြန႔္ခ်ိဳးကာထပ္ေမးလာေတာ့ က်ေနာ္ေယာင္နနျဖင့္ဆိုင္အျပင္ဘက္ကိုၾကည့္မိသည္။

"ဟုတ္ ပါ...ပါပါတယ္"
ရာသီဉတုေဖာက္ျပန္တာမလို႔ မိုး႐ြာနိုင္သည္ဟု မိုးေလဝသကေၾကညာထားတာေၾကာင့္ Luhanက်ေနာ့္ကိုထီးတလက္အၿမဲေဆာင္ခိုင္းထားသည္။

က်ေနာ္သူရွိရာစားပြဲကေန ေကာင္တာဆီျပန္မလိုလုပ္ေတာ့
"အေႏြးထည္ေရာပါလား"

"ဗ်ာ"

"မိုးေအးတယ္ေလ"

"က်ေနာ့္ရွပ္အပါးေလးပါပါတယ္ဗ်"

က်ေနာ့္အေျဖကိုဘာအလိုမက်သည္မသိ။ ထိုသူ႕မ်က္ေမွာင္ေတြတြန႔္ခ်ိဳးကုန္ျပန္သည္။

ရၿပီ မင္းသြားေတာ့

က်ေနာ္လည္း ေကာင္တာဆီျပန္လာကာ Tae Seoႏွင့္စကားေျပာေနသည္။ Tae Seoနဲ႕စကားေျပာေနရင္း ထိုဧည့္သည္ရွိရာကိုအၾကည့္ေရာက္မိေတာ့ က်ေနာ့္ကိုစူးစူးရဲရဲၾကည့္ေနတဲ့ အၾကည့္ေတြနဲ႕ဆုံတာေၾကာင့္ ရင္ထဲဝုန္းဒိုင္းႀကဲကာ က်ေနာ္မ်က္ႏွာပူသြားရသည္။

"Hyung သန႔္စင္ခန္းခဏသြားဦးမယ္"

"ဟုတ္ Hyung"

သန႔္စင္ခန္းထဲကထြက္လာေတာ့ ဧည့္သည္ရွိရာစားပြဲဝိုင္းဆီကိုအၾကည့္ေရာက္မိသည္။

"သူျပန္သြားၿပီလား"

"ဟိုဧည့္သည္လား ျပန္သြားၿပီ"
က်ေနာ္အေၾကာင္းရင္းမရွိဘဲ စိတ္မေကာင္းျဖစ္သြားရျပန္သည္။

"အဲ့ဧည့္သည္က Hyungအတြက္သူ႕ကုတ္အကၤ်ီထားခဲ့ေပးတယ္ ေႏြးေႏြးေထြးေထြးေနလို႔လည္းမွာသြားေသးတယ္"

ေကာင္တာေနာက္ဘက္ကက်ေနာ္ထိုင္တဲ့ခုံေလးဆီမွာ ထိုဧည့္သည္ဝတ္လာတဲ့ နက္ျပာေရာင္ကုတ္အကၤ်ီေလးရွိေနသည္။
က်ေနာ္ကုတ္အကၤ်ီေလးကိုေကာက္ကိုင္ကာ အနံ႕ခံမိေတာ့ ေယာက္က်ားသုံးေရေမြးနံ႕ခ်ိဳအီအီနဲ႕ကိုယ္သင္းနံ႕လိုအနံ႕တခုကိုရလိုက္သည္။ဒီအနံ႕ေတြကို က်ေနာ္ရင္ႏွီးသလိုခံစားရၿပီး က်ေနာ့္စိတ္ထဲလုံၿခဳံေႏြးေထြးသြားသလိုလည္းခံစားရသည္။

အျပင္ဘက္မွာမိုးေတြတေဝါေဝါ႐ြာေနသလို က်ေနာ့္စိတ္ထဲမွာလည္းအေျဖမရွိတဲ့ ေမးခြန္းေတြဆက္တိုက္ေပၚေနသည္။

ခင္ဗ်ားကဘာလို႔က်ေနာ့္ကို ဒီလိုလုပ္ေပးတာလဲ ဧည့္သည္။
ခင္ဗ်ားက က်ေနာ့္အတိတ္မွာပါဝင္ဆက္ႏြယ္ခဲ့ဖူးသလား။
ဘာေၾကာင့္ ခင္ဗ်ားနဲ႕ရွိေနရင္ က်ေနာ္လုံၿခဳံေႏြးေထြးသလိုခံစားရတာလဲ။
ဘာလို႔ခင္ဗ်ားကိုေတြ႕တိုင္း က်ေနာ့္ႏွလုံးသားကခုန္လႈပ္လာရတာလဲ။
ဘာေၾကာင့္ ခင္ဗ်ားကိုျမင္ရင္ က်ေနာ့္ရင္ဘတ္ထဲကလစ္ဟာေနတဲ့ ကြက္လပ္ႀကီးကေပ်ာက္သြားရတာလဲ။
ခင္ဗ်ားက ဘယ္သူမ်ားလဲ ဧည့္သည္။

…………To be continued…………

(17.2.2022 Thu)
Universeျမန္မာျပန္ေလးကို crdေပးပါတယ္
ဖတ္ေပးတဲ့သူတိုင္းကိုေက်းဇူးမ်ားႀကီးပါ🥺🥺

Continue Reading

You'll Also Like

373K 7.8K 34
In wich a one night stand turns out to be a lot more than that.
202K 4.7K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
354K 22.7K 86
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
7.7K 219 11
Kate and (Y/N) Mandell lived in a small apartment by themselves for (Y/N)'s whole life. One day, her mother is offered a job as a live in governess f...