ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

23

8.9K 1.1K 12
By Deity_YuZhang

U••

[Countdown to Wedding]

နံနက်မိုးလင်းလာသည့်နှင့်နီးတူ နေရောင်ခြည်ကလည်း လိုက်ကာစကိုဖြတ်၍ အိပ်ပျော်နေသောလူငယ်လေးနှစ်ယောက်ထံဖြာကျကာ နွေးထွေးမှုပေးနေ၏။

ရှန်ယွီရှန်း၏နေ့စဉ်နေ့တိုင်းအကျင့်အရ နံနက် ၇ နာရီထိုးသည်နှင့်မျက်လုံးကအော်တိုပွင့်လာလေသည်။ စက္ကန့်အနည်းငယ်လောက် အိပ်စုံမှုန်ဝါးဖြစ်နေပြီးသည့်နောက် သူ့ရင်ခွင်ထဲမှကောင်လေးထံသို့အကြည့်ပို့လိုက်၏။

နွေးထွေးသောနေရောင်ခြည်က ချန်းနင်၏မျက်နှာပေါ်သို့ဖြာကျလျက်။ မျက်တောင်ရှည်လေးများက မျက်ဝန်းပေါ်အရိပ်ကျနေကာ ထင်ရှာသောမျက်ခုံးတန်းလေးများ၊ နှာခေါင်ချွန်ချွန်လေးနှင့် နူးညံ့သောနှုတ်ခမ်းပါးတို့က ဖြားယောင်းသွေးဆောင်နေပေတော့သည်။ ယွီရှန်း၏လက်မောင်းကိုခေါင်းအုံးအဖြစ်အသုံးပြုရင်း ချန်းနင်ကညှင်သာစွာအသက်ရှုကာ အိပ်မောနေကျနေ၏။

ခပ်ဖူးဖူးနှုတ်ခမ်းလေးများမှတစ်ဆင့် အဖျားလေးအထိ ပွတ်ဆွဲနမ်းရှိုက်သွားရင်း ယွီရှန်း၏အကြည့်များကပို၍စူးရှလာတော့သည်။

နှောင်ယှက်မှုကိုသည်းမခံနိုင်တော့သည့်အဆုံး ချန်းနင်လဲနိုးလာ၏။ သူပထမဆုံးမြင်လိုက်ရသည်က ချောမောခန့်ညားသောထိုလူ၏မျက်နှာဖြစ်ကာ နှုတ်ခမ်းမှစိုစွတ်ပူနွေးသောအထိအတွေ့ကိုလဲခံစားလိုက်ရသည်။

"အွန်း..."

မနက်အစောပိုင်း၍ အနမ်းခိုးခြင်းကိုတားမြစ်သည့်ပုံစံဖြင့် သူခပ်တိုးတိုးလေးအသံပြုလိုက်လေသည်။

နမ်းရှိုက်ရင်းဖြင့်သူ့ချစ်သူလေးကိုနှိုးလိုက်မိပြီမှန်းသိသည်မို့ ယွီရှန်းက လူငယ်လေးကိုဝါးမြိုပစ်တော့မည့်အလား အနမ်းကိုပိုနက်ရှိုင်းဖို့ပင်ဆုံးဖြတ်လိုက်တော့သည်။

မိနစ်အနည်းငယ်ကြာသည်အထိနမ်းပြီးနောက် သတိလစ်လုဆဲဆဲချစ်သူလေးကို ယွီရှန်းကနောက်ဆုံး၌တွန့်ဆုတ်စွာလွှတ်ပေးလိုက်တော့သည်။ အနည်းငယ်ဖူးယောင်နေသော နှုတ်ခမ်းပါးလေးကို ပြွတ်ခနဲနမ်းကာအဆုံးသတ်ပြီးနောက် ယွီရှန်းကပျော်ရွှင်စွာနှုတ်ဆက်လာသည်။

"မောနင်း babe... မင်းလေးကအရမ်းအရသာရှိတာပဲ"

ရှန်အဖွဲ့အစည်းသို့မဟုတ် ရှန်မိသားစုမှတစ်ယောက်ယောက်ကသာ သူတို့၏အေးစက်တည်ငြိမ်၍အမူအရာမဲ့သော ရှန်သခင်လေးတစ်ယောက် ထိုသို့ပျားရည်စမ်းစကားများကိုပြောနေမှန်းသိသွားပါက သူတို့နားကြားမှားသည်ဟုသာမှတ်ယူလိုက်လိမ့်မည်။ သို့မဟုတ်လျှင်လည်း သူတို့ကိုယ်သူတို့ဆေးသွားစစ်မိပေလိမ့်မည်။

ရှန်ယွီရှန်းအတွက်သူ့နှလုံးသားကိုဖွင့်ပေးဖို့ဆုံးဖြတ်ပြီးကတည်းက လူတစ်ယောက်ကိုနားလည်ဖို့အလွန်ခက်ခဲကြောင်း ချန်းနင်ခံစားမိသည်။ အကြောင်းအရင်းကတော့ ရှန်ယွီရှန်းအကြောင်းသူသိထားသည်ကအလွန်နည်းပါးကာ ထွက်ထသမျှကောလဟာများကလည်း သူ့ရှေ့မှလူကိုနားမလည်နိုင်စေဖို့လုံလောက်သည်ထက်ပိုသည်။ ဤပိုကာရုပ်နှင့်လူသားထံမှဘယ်လိုမျိုးအသားယူခံနေရမှန်း ချန်းနင်နားကိုမလည်နိုင်တော့ပေ။

ရှန်ယွီရှန်းဆိုတဲ့လူက လွယ်လွယ်လေးချည်းကပ်လို့မရတဲ့လူလို့သူတို့ပြောခဲ့ကြတယ်မဟုတ်ဘူးလား? ဒါဆိုဘာလို့ ဒီလူကြီးက သူတို့ပထမဆုံးတွေ့တဲ့နေ့မှာ သူ့လက်ကိုကိုင်၊ ဒုတိယနေ့မှာဖက်ပြီး နဖူးကိုတောင်နမ်းလိုက်သေးတာလဲ? အခုဆိုရင်ဒီလူက နမ်းတာရောဖက်တာရောအပြင်ကို တစ်ချိန်လုံးထိတွေ့ပူးကပ်နေတာချည်းပဲ။ ဒီလူကြီးကအဲ့ဒီ ဂန္တဝင်ရှန်ယွီရှန်းပါလို့ တစ်ယောက်ယောက်လာသက်သေပြပေးနိုင်မလား? သူ့ပုံရိပ်နဲ့အပြုအမူတွေက အတော်ကြီးကွာခြားလွန်းနေတယ်လေ!

ယွီရှန်း၏ပခုံးကိုချန်းနင်လက်သီးဖြင့်ထိုးလိုက်ကာ...

"မနက်စောစောစီးစီးခင်ဗျားအဲ့လိုမလုပ်ပဲနေလို့မရဘူးလား? ကျွန်တော့်သတိပေးချက်တွေကိုဟာသအောက်မေ့နေလား?"

ယွီရှန်းစူပုတ်ပုတ်ဖြင့်ပြန်ဖြေလာသည်။

"ချန်းနင်...ဒါတော့မတရားဘူးကွာ... ကိုယ်ကမင်းရဲ့လူလေ ဖက်တာနဲ့နမ်းတာကပုံမှန်ပဲကို။ ကိုယ့်လက်တွေမင်းကိုထိတာကိုမင်းတားလို့မရဘူး"

ချန်းနင်မျက်မှောင်ကြုံ့ကာ...

"ခင်ဗျားကတော့ဆင်ခြေဆင်လက်မျိုးစုံပဲ"

ယွီရှန်းကသူ့လက်မောင်းများကိုပိုတင်းကြပ်စေကာ နှစ်ယောက်သားပိုနီးကပ်သွားစေရန်ဖက်လိုက်လေသည်။

"ချန်းနင် ကိုယ်အတည်ပြောနေတာလို့ပြောပြီးပြီပဲ။ မင်းရဲ့ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ့်အခွင့်အရေးတွေကိုလာပိတ်ပင်လို့မရဘူး။ မင်းရဲ့လက်တွဲဖော်အနေနဲ့ကိုယ့်တာဝန်ကိုယ်လုပ်မယ်။ အဲ့လိုပဲဒီအကျိုးအမြတ်တွေကလည်းကိုယ်တောင်းဆိုရမှာပဲ"

ချန်းနင်လက်ကိုထုတ်ကာ လူအိုကြီး၏နဖူးကိုသူ့လက်ချောင်းလေးဖြင့်တောက်ရင်းဆိုသည်။

"ကောင်းလိုက်တဲ့အကြံ... ခင်ဗျားထိန်းထိန်းသိမ်းသိမ်းနေတာကောင်းမယ်နော်။ ခင်ဗျားကကျွန်တော့်ထက် ၁၀ နှစ်ကြီးတယ်ဆိုတာနဲ့ပဲကျွန်တော့်အပေါ်ကြံစည်လို့ရမယ်မထင်နဲ့။ ကျွန်တော့်ကိုစိတ်ဆိုးအောင်လုပ်လို့ကတော့ ခင်ဗျားကိုဘာလုပ်နိုင်လဲသိစေရမယ်"

"ကိုယ်မလုပ်ရဲပါဘူးကွာ။ ဒါပေမဲ့လည်းကိုယ်လိုချင်တဲ့အချိန်တိုင်းနမ်းလို့၊ ဖက်လို့ရအောင်တော့ မင်းအနားအမြဲကပ်နေမှာပဲ။ တခြားသူတွေရှေ့မှာမင်းကို အရှက်ရအောင်ကိုယ်မလုပ်ပါဘူး။ ဒါပေမဲ့ကိုယ်တို့နှစ်ယောက်ထဲရှိတဲ့အချိန်ဆိုရင်တော့ မင်းကိုယ့်ကိုပိုပြီးမှီခိုရမယ်။ အဲ့လိုမှမဟုတ်ရင် မင်းကိုယ့်ကိုသဘောမကျတော့ဘူး၊ ကိုယ်နဲ့အတူမနေချင်တော့ဘူးလို့ ကိုယ်တွေးလိုက်မှာ။ ကိုယ်နဲ့အတူနေဖို့ကြိုးစားမယ်လို့မင်းကိုယ့်ကိုကတိပေးပြီးသား။ ဒီတော့အဲ့ကတိကိုမင်းဖျက်လို့မရဘူး"

"ဟမ်း ခင်ဗျားကတကယ်ကိုစီစဉ်ထားတဲ့ပုံပါပဲ"

ယွီရှန်းကခပ်ဟဟရယ်လျက်ပြန်ဖြေသည်။

"ကိုယ့်မှာလဲရွေးစရာမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ်မင်းကကိုယ့်ဇနီးလေးပဲဟာ။ မင်းရဲ့ခံစားချက်တွေကိုကိုယ်အမြဲသတိရှိပြီး အခွင့်ရေးယူဖို့ကြိုးစားနေရမှာပဲ"

ချန်းနင်မျက်ဆံသာလှန်မိတော့သည်။ ဘယ်လိုတောင်ကျိုးကြောင်းမသင့်တဲ့လူလဲ၊ သူ့ပြောလိုက်ရင် ပေါက်တက်ကရအကြောင်းပြချက်မျိုးစုံနဲ့ ဟုတ်တော့ဟုတ်နေတာပဲ။ သူကတကယ်ကိုစီးပွားရေးလောကရဲ့ သွေးအေးအာဏာရှင်ကြီးဟုတ်ပါတယ်နော်? သူ့ဝိညာဉ်ကိုတစ်ယောက်ယောက်ကမသိမသာလဲသွားတာများလား?

ဤဥာဏ်နီဥာဏ်နက်များသည့်လူကြီးနှင့်ပြသနာမတက်ချင်တော့သည်မို့ ချန်းနင်အိပ်ယာပေါ်မှထကာ ရေချိုးခန်းဆီသို့သာဦးတည်လိုက်တော့သည်။ ကိုယ်လက်သန့်စင်ပြီးသည့်နောက် ထိုအတွဲက မနက်စာအတွက်အောက်ထပ်ဆင်းလာကြ၏။ ထိုတစ်လျှောက်လုံး ယွီရှန်းကသူ့မြင်ကွင်းမှလုံးလုံးခွာမသွားချေ။

မနက်စာက အန်တီချင်ကိုယွီရှန်းမှာထားသည့်စွားပွဲများဖြင့်ပြည့်နေကာ ချန်းနင်ကျန်းမာရေးအတွက် သူမစီစဉ်ထားသည့် အရသာရှိသောဟင်းပွဲများလည်းပါဝင်ပေသည်။ ၎င်းကသူတို့နှစ်ယောက်အားဗိုက်ဝသွားစေ၏။

မနက်စာပြီးသည့်နောက် ယွီရှန်းကချန်းနင်ကိုပွေ့ဖက်လျက် အစာချေဖို့လက်ဖက်ရည်အနည်းငယ်သောက်ရင်း ယနေ့အတွက်အစီအစဉ်များကိုစတင်ပြင်ဆင်တော့သည်။

မနက် ၉ နာရီ၌ ဝတ်စုံဒီဇိုင်နာကအချိန်အတိုင်းရောက်လာ၏။ သူပထမဆုံးနမူနာဝတ်စုံပုံစံအချို့ကိုထုတ်ပြကာ အတိုင်းအတာယူ၍ သူတို့လိုအပ်သောချက်အလက်များကိုအသေးစိတ်မှတ်သားသွားသည်။ သူပြီးသည့်အခါတွင်တော့ ထိုအတိုင်းအတာများကို အီတလီမှနာမည်ကြီးဝတ်စုံဒီဇိုင်နာထံပြင်ဆင်ဖို့ပို့ကာ နှစ်ပတ်အတွင်း၎င်းကိုအဆင်သင့်လုပ်ဖို့နှင့်ပြန်လည်ပို့ဆောင်ရမည်ဖြစ်ကြောင်းဆိုသည်။

နှစ်နာရီလောက် မင်္ဂလာပွဲကိစ္စများအတွက်ဆွေးနွေးပြီးသည့်နောက် ချန်းနင်ဆိုဖာပေါ်အားအင်ချည်နဲ့စွာလဲကျသွားကာ ယွီရှန်းသူ့ပခုံးလေးကိုနှိပ်ပေးလေသည်။

"အရမ်းပင်ပန်းနေပြီလား?"

"အဲ့လောက်တော့မဟုတ်ပါဘူး။မှတ်ထားရမှာတွေအရမ်းများတော့ နည်းနည်းစိတ်ရှုပ်သွားတာ"

"ကိုယ်တို့မင်္ဂလာပွဲကိုနှောင့်နှေးစေလို့တော့မဖြစ်ဘူး...မင်းပင်ပန်းရင်အနားယူနော်"

"ဟင့်အင်း အချိန်ကသိပ်မကျန်တော့ဘူး။ မဒမ်ရှန်ကလည်းကျွန်တော်တို့အတွက်အလုပ်များနေတာ ကျွန်တော်တို့ကသူမပင်ပန်းတာကိုမယှဉ်နိုင်ပါဘူး"

"ကောင်းပါပြီကွာ။ ဒါတိုလည်းကိုယ်တို့အခုသွားကြမယ်... ကိုယ်မင်းကိုအရသာရှိတာတွေစားဖို့ခေါ်သွားမယ်။ ပြီးမှ လက်ဝတ်ရတနာတွေရွေးဖို့သွားကြတာပေါ့"

"လက်ဝတ်ရတနာ? ယောက်ျားနှစ်ယောက်က ဘယ်လိုလက်ဝတ်ရတနာတွေလိုလို့လဲ?"

"တစ်ချို့အရာတွေကတော့လိုတယ်လေ"

ထို့နောက်တွင်တော့ ယွီချန်းကချန်းနင်ကို စားသောက်ဆိုင်တစ်ခုသို့ခေါ်သွားပေးကာ လက်ဝတ်ရတနာရွေးဖို့ဆက်လက်ထွက်ခွာခဲ့ကြသည်။

ရှန်အဖွဲ့အစည်းလက်အောက်မှ Mall အကြီးအစားတစ်ခုတွင် လူတစ်ယောက်လိုအပ်သမျှအရာအားလုံးရှိပေသည်။ ၎င်းတွင် လက်ဝတ်ရတနာဆိုင်များလည်းအပါအဝင်ပင်။

Mall ထဲသို့ဝင်လာပြီးသည့်နောက် ထိုအတွဲက လက်ဝတ်ရတနာဆိုင်များသို့တည့်တည့်သာဦးတည်လာတော့သည်။ ယွီရှန်းကချန်းနင်အတွက် လက်ကြယ်သီးအချို့ရွေးချယ်ပေးသည်။ ၎င်းတို့က စိန်များ၊ ကျောက်စိမ်းများနှင့် ဂဏန်းခြောက်လုံးအထက်တွင်သာရှိသည်။ မျက်တောင်တစ်ချက်မခတ်ပဲ ငွေဖြုန်းတီးနေသည့်လူကိုကြည့်ရင်း ချန်းနင်၏စကားလုံးများကလည်ချောင်းထဲ၌သာတစ်ဆို့နေတော့၏။

ထို့နောက်တွင်တော့ သူတို့ဆွစ်ဇာလန်ထုတ် စုံတွဲနာရီများကိုရွေးချယ်ခဲ့သည်။ ချန်းနင်လက်ပေါ်မှတစ်ခုကအနည်းငယ်ပိုသေး၍ သူ့လက်ကောက်ဝတ်ကျဉ်းလေးများဖြင့် ပြည့်စုံစွာလိုက်ဖက်နေသည်မှလွဲ၍ နှစ်ခုလုံးကထပ်တူညီလုနီးပါးပင်။ ၎င်းအပြင်ကို အမျိုးသားအများအတွက်သင့်လျော်သော အဖိုးတန်ကျောက်မျက်ရတနာများစီခြယ်ထားသည့် ဆွဲသီးနှင့် bracelet အချို့ကိုလည်းရွေးချယ်ခဲ့လေသည်။

အမှန်၌ယွီရှန်း၏ရွေးချယ်မှုများကတမူထူးခြားသည်ဟုဆိုရမည်။ သူရွေးချယ်သမျှက အလွန်ဈေးကြီးသော်လည်း ချန်းနင်၏အဆင့်အတန်းနှင့်ဂုဏ်ဒြပ်အတွက်အထူသင့်လျော်သော ပုံစံနှင့်ဒီဇိုင်းများပင်။ ချန်းနင်ကထိုအရာများကိုဝတ်ဆင်လေ့မရှိသည်မို့ ယွီရှန်း၎င်းတို့အားဝယ်နေသည်ကိုခွင့်မပြုပေ။

သို့သော်လည်းလူအိုကြီးကမဆန့်ကျင်ဖို့အကြောင်းပြချက်မျိုးစုံရှိနေဆဲဖြစ်ကာ သူ့အဖွား၏ညွှန်ကြားချက်များဖြစ်ကြောင်းဆိုလေသည်။ ထပ်မံဆိုရပါက ထိုအရာများကချန်းနင်၏အသားအရောင်နှင့်စရိုက်ကိုကိုက်ညီဆဲဖြစ်ကြောင်းနှင့် ဇနီးအတွက်လက်ဆောင်များဝယ်ယူသည်က ခင်ပွန်းသည်တစ်ယောက်လုပ်ရမည့်တာဝန်ဖြစ်ကြောင်းဆိုလေသည်။

ချန်းနင်ကတော့စိတ်ပျက်လက်ပျက်အမူအရာကိုမျက်နှာပေါ်ရေးထားရင်း တိတ်ဆိတ်နေလိုက်တော့သည်။ ချန်းနင်၏အမူအရာကြောင့် ထိတ်လန့်တုန်လှုပ်သွားသော အရောင်းစာရေးအမျိုးသမီးငယ်လေးများခမျာ အမှားအချို့ပင်လုပ်လိုက်မိသေးသည်။

ယွီရှန်းကချန်းနင်တစ်နေ့၌နားပေါက်ဖောက်ချင်မည်စိုးသဖြင့် နားကပ်အချို့လိုချင်သလားဟုလည်းမေးသေး၏။ သို့သော်လည်း ချစ်ရသူလေးကပါးစပ်ကိုတင်းတင်းကြပ်ကြပ်ပိန်ထားသည်ကိုမြင်တော့ လက်လျှော့ဖို့သာတတ်နိုင်သည်။

နေ့လည်တစ်ခုလုံးကုန်ဆုံးသွားပြီးသည့်နောက် သူတို့ Mall မှနောက်ဆုံးထွက်လာကြတော့သည်။ ရှောင်ဝူကအနောက်တွင် အထုပ်များစွာကိုသယ်ရင်းလျှောက်လာရသည်ကိုမြင်တော့ ချန်းနင်ခပ်တိုးတိုးရယ်လိုက်မိ၏။

ရှောင်ဝူကမျက်နှာအမူအရာသိပ်မပြသော်လည်း ရင်ထဲ၌ငိုကြွေးနေချေပြီ။ သူ့သခင်လေးကမင်္ဂလာပစ္စည်းများကိုဝယ်ယူသည့်အချိန်၌ သူအဘယ်ကြောင့်ဤနေရာတွင်ရပ်နေရကာ ၎င်းတို့၏ကူလီသမားဖြစ်လာမှန်းနားမလည်တော့ပါချေ။ ဘာမှဝင်စွက်ဖက်ပိုင်ခွင့်လည်းမရှိသည်မို့ သူ့သခင်လေးနှစ်ယောက်ခိုင်းသည့်တာဝန်ကိုထမ်းဆောင်ရင်း သူအတိအကျဘယ်သူ့ကိုသွားနှောင့်ယှက်မိသလဲစဉ်းစားနေမိတော့သည်။

ကားထဲဝင်လာပြီးသည့်နောက် ချန်းနင်ကခုံပေါ်တွင်သက်သောင့်သက်သာထိုင်လိုက်ရင်း တစ်စုံတစ်ခုကိုသတိရသွားချေသည်။

"ယွီရှန်း... ကျွန်တော်တို့မင်္ဂလာလက်စွပ်ဝယ်ဖို့မေ့ခဲ့ပြီထင်တယ်"

သူ့ချစ်သူလေးကိုရင်ခွင်ထဲထည့်ထားရင်းယွီရှန်းကပြန်လည်ဖြေကြားသည်။

"မင်္ဂလာလက်စွပ်ကဒီရက်ပိုင်းအတွင်းရောက်လာလိမ့်မယ်... အဲ့တာတွေကကြိုမှာထားတာ"

"ဘယ်တုန်းကမှာလိုက်တာလဲ?"

"ကိုယ်တို့နှစ်ယောက်စတွေ့ကတည်းကပဲ"

ချန်းနင်အံသြသွားရသည်။ ယွီရှန်းကသူ့ကိုဒီလောက်စိုးရိမ်၍ လက်ထပ်ပွဲအတွက်လည်းဒီလောက်စိတ်ထဲထားမည်ဟု သူမထင်ထားခဲ့ချေ။ ထိုအပြုအမူများကြောင့် သူ့ရင်ထဲမထိဘူးဟုဆိုလျှင်တော့ လိမ်ညာရာကျပေတော့မည်။

ထပ်မံဆိုရပါက ဒီလူကအဘယ်ကြောင့်ဒီလောက် ယုံကြည်မှုအပြည့်ရှိနေရသနည်း? ယွီရှန်းအပေါ်ထိုအချိန်၌သူဘာခံစားချက်မှမရှိသေးသလို စာချုပ်ချုပ်ပြီးသည်နှင့်အဝေးသို့ထွက်ပြေးဖို့ရည်ရွယ်ချက်ဖြင့်သာ လက်ထပ်ပွဲကိုသဘောတူခဲ့ကြောင်း သူရှင်းရှင်းလင်းလင်းကြီးမှတ်မိပါသေးသည်။ သို့သော်လည်း သူ့ရှေ့မှလူကတော့ ခင်ပွန်းတစ်ယောက်၏တာဝန်များကို အလေူအနက်ထားကာ အရာအားလုံးကိုကြိုပြင်ဆင်နေခဲ့သည်။ ထိုရည်ရွယ်ချက်မျိုးက တန်ဖိုးထားထိုက်လှသည်။

နောက်ရက်အနည်းငယ်ကြာမှ ရှန်ယွီရှန်းနှင့်ဟယ့်ချန်းနင်က အိမ်အဟောင်းကိုပြန်ကာအနားယူခဲ့ကြသည်။ သူငယ်ချင်းနှင့်ရှန်မိသားစုမှဆွေမျိုး အချို့ကိုတွေ့ပြီးသည့်နောက် ထိုအတွဲကမင်္ဂလာဧည့်ခံပွဲအပြင်အဆင်ကိုကြည့်ဖို့လည်းသွားခဲ့၏။ မဒမ်ရှန်ကထိုစုံတွဲ၏အကြံအဥာဏ်ကိုမေးခဲ့သော်လည်း နှစ်ယောက်လုံးကသူမကိုသာသူတို့အတွက်ဆုံးဖြတ်စေသည်။

တရုတ်ပုံစံမင်္ဂလာပွဲသာကျင်းပမည်မှန်းဆုံးဖြတ်ပြီးသည့်နောက် သူတို့စုံတွဲမင်္ဂလာပွဲကျင်းပမည့်နေရာသို့သွားခဲ့ကြသည်။ အဆိုပါဟိုတယ်က ရှန်အဖွဲ့အစည်းလက်အောက်မှကြယ်ငါးပွင့်အဆင့်ဟိုတယ်ဖြစ်ကာ စားပွဲများအတွက်စီမံခမ့်ခွဲမှုကိုတော့ ယွီရှန်း၏ဝမ်းကွဲတစ်ဦးကစီမံပေလိမ့်မည်။

ဓာတ်ပုံဆရာက မဒမ်ရှန်၏မိတ်ဆွေဟောင်း၊ လူအိုကြီး'ဟူ'ရဲ့မြေး ဟူဖုန်းပင်။ ဤလူသားက အတွေ့အကြုံရှိသည့် အရည်အချင်းမြင့်ဓာတ်ပုံဆရာဖြစ်သည်။ သူကအလွတ်တန်းစားဓာတ်ပုံဆရာဖြစ်သော်လည်း သူ့နယ်ပယ်တစ်ဝိုက်တွင်တော့ အလွန်ထင်ပေါ်ကျော်ကြားလေသည်။ မဒမ်ရှန်နှင့်သူ့အဖိုးကြားမှ ပုဂ္ဂိုလ်ရေးရာကြောင့်သာ သူလက်ခံခဲ့ခြင်းပင်။

မင်္ဂလာဓာတ်ပုံများအတွက်မြင်ကွင်းအချို့ရွေးပြီးသည့်နောက် ပြင်ဆင်မှုများနှင့်တကွ ဓာတ်ပုံရိုက်ခြင်းကိုအပြီးသတ်ရန် သုံးရက်ကြာခဲ့သည်။ တကယ်တမ်း၌ ရလဒ်များကသိပ်တော့မဆိုးလှချေ။ ဓာတ်ပုံရိုက်နေစဉ်အတွင်း ဟူဖုန်း၏တောင်းဆိုမှုများက အမူအရာမဲ့သောရှန်ယွီရှန်းအတွက်အခဲခက်အချို့ဖြစ်စေသည်မှလွဲ၍ပေါ့။ သို့သော်လည်း ချန်းနင်သူ့ကိုကြည့်လိုက်သည့်အခါတွင်း ဟူဖုန်း၏လိုအပ်ချက်ကပြည့်သွားကာ ဓာတ်ပုံဆရာကိုပင်စိတ်ရှုပ်ထွေး၍ရှော့ခ်ရသွားစေသည်။ နိဂုံးချုပ်အားဖြင့် လုပ်ငန်းစဉ်ကအောင်မြင်စွာအပြီးသတမသွားသည်ဟုဆိုရမည်။

(အပေါ်မှာပြောချင်တာက ရှန်ယွီရှန်းကအမြဲမျက်နှာသေကြီးမို့ဓာတ်ပုံရိုက်ရမလွယ်ကူဘူးဖြစ်နေတာပါ... ဒါပေမဲ့ချန်းနင်သူ့ကိုကြည့်လိုက်တိုင်းဘဲကြီးမျက်ဝန်းတွေကပြန်နူးညံ့သွားတယ် ဘာညာပေါ့ အဲ့တော့အဆင်ပြေသွားတယ် ဘာညာ ¯\_(ツ )_/¯ )

မင်္ဂလာပွဲပြင်ဆင်မှုများကချောချောမွတ်မွတ်ပင်ပြီးဆုံးသွားခဲ့သည်။ အချိန်ဇယားများကခပ်မြန်မြန်ပင်ကုန်ဆုံးသွားကာ လက်ထပ်မည့်နေ့ကိုရောက်ဖို့ ရက်အနည်းငယ်သာလိုတော့သည်။

ယွီရှန်းနှင့်ချန်းနင်မင်္ဂလာပွဲအတွက်အလုပ်များနေစဉ်အတွင်းတွင်တော့ ယင်မိသားစု၏အခြေအနေက ရှေ့မတိုးသာနောက်မဆုတ်သာအနေအထား၌ဖြစ်နေချေပြီ။

ယင်အဆောက်အအုံကြီးတစ်ခုလုံးက ဆင်းရဲတွင်းချောက်နက်ကြီးကဲ့သို့ပါပင်။

ချန်းနင်နှင့်အန်တီချင်ကထိုည၌ ပျောက်ချင်းမလှပျောက်သွားခဲ့ကြသည်။ အိမ်အကူများမနက်ပိုင်းနိုးလာသည့်အခါတွင်မူ လုံးလုံးလျားလျားသတိလစ်ပြီးမှ နိုးလာသည့်ယင်ယောက်မှအပ မည်သူကမှမူမမှန်သည်ကိုမခံစားမိကြချေ။ သူခေါ်ထားသည့်လူက ထူးခြားစွာပျောက်ဆုံးသွားသည်ကိုသိလိုက်ရသည့်အခါ၌ ယင်ဟောက်ကနေရာတွင်ပင်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်မိတော့သည်။

အရက်သောက်ပြီးဟော်တယ်၌တစ်ညလုံးအနားယူခဲ့သည့် ယင်ကျိနျန်က သူ၏ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကြီးကိုသယ်ကာ အိပ်ယာပေါ်သို့ပြန်လာခဲ့ရသည်။ ကိုယ်လက်သန့်စင်ပြီးသည့်နောက် ယင်ကျိနျန်က မနက်စာစားဖို့အောက်ထပ်သို့ဆင်းလာ၏။ ပုံမှန်အားဖြင့် အန်တီချင်ကမီးဖိုချောင်ထဲ၌ရှိနေသင့်သော်လည်း ယခုတွင်မူသူမကိုမတွေ့ရချေ။

အကြီးအကဲယင်ကချုန်းမင်ကိုသူ့အမျိုးများနှင့်တွေ့ဖို့ခေါ်သွားသည်။ သို့ဆိုလျှင် မနက်စာက သူနှင့်ယင်ဟောက်ကြားတွင် ပြင်ဆင်ဖို့သာရှိတော့သည်။

ယင်ဟောက်က ကြောင်အနေကာ ယာဂုပန်းကန်လုံးထဲမှဇွန်းကိုမွှေရင်း စားဖို့ပင်သတိရပုံမပေါ်ချေ။

ယင်ကျိနျန်ကထိုင်ကြည့်နေရင်း နောက်ဆုံး၌သူ့ပါးစပ်ကိုဟလာတော့သည်။

"ယင်ဟောက် ဘာဖြစ်လို့လဲ? မင်းဘာလို့မစားတာလဲ?"

သူ့အဖေထံမှစကားများကိုကြားကမှယင်ဟောက်သတိပြန်ဝင်တော့သည်။

"အာ ကျွန်တော်သိပ်မစားချင်သေးလို့ပါ"

"မင်းပိုစားသင့်တယ်။ မင်းခန္ဓာကိုယ်ကမခံနိုင်ပဲနေမယ်"

သူကခဏရပ်ကာဆိုသည်။

"ချန်းနင်ရဲ့မင်္ဂလာပွဲကလည်းသိပ်မဝေးတော့ဘူး။ ဒီလိုအချိန်မျိုးမှာ ငါတို့သူ့ကိုမလိုအပ်ပဲသွားထိလို့မဖြစ်ဘူးနော်။ ပြီးတော့လည်း ရှန်အဖွဲ့အစည်းဆီကရန်ပုံငွေရပြီးပြီမလား? ရတယ်ဆိုရင် ငါတို့ဆောက်လုပ်ရေးအတွက်ပဂျောဂျက်ကိုမြန်မြန်လုပ်မှဖြစ်တော့မယ်။ သတိမပေါ့နဲ့ မဟုတ်ရင်ငါတို့ဘာမှမကိုင်တွယ်နိုင်တော့ပဲနေမယ်"

အကြောက်တရားကနှလုံးသားထဲဝင်လာသည်နှင့်အမျှ ယင်ဟောက်၏ အမူအရာကပို၍တုန်ယင်လာသည်။ အတွေးပေါင်းစုံကသူ့ခေါင်းထဲဖြတ်ပြေးနေသော်လည်း ညကဘာဖြစ်သွားမှန်းသူလုံးလုံးမသိပါချေ။ 'တောက်'ကအောင်မြင်သွားလား? ဘာလို့သူနိုးလာတော့ လူတွေအကုန်အရိပ်မမြင်ရအောင်ပျောက်သွားကြတာလဲ? ဖုန်းတောင်ခေါ်လို့မရဘူး။ ဟယ့်ချန်းနင်ရော အန်တီချင်ပါပျောက်သွားကြတယ်! အတိအကျဘာတွေဖြစ်ကုန်တာလဲ? သူတို့သုံးယောက် ဘာသတင်းမှမကျန်အောင်ပျောက်သွားစရာဘာအကြောင်းမှမရှိသလို ဘယ်သူကမှလဲမသိကြဘူးတဲ့!!

ရှန်ယွီရှန်းကဘာဖြစ်သွားလဲဆိုတာသိသွားတာပဲဖြစ်ရမယ်။ ဟယ့်ချန်းနင်ဆီမှာဘာပဲဖြစ်လာဖြစ်လာ သူကတော့အသက်မဲ့အသားတုံးကြီးတစ်နည်းနည်းနဲ့ဖြစ်ရတော့မှာပဲ။ ကြောက်ဖို့အကောင်းဆုံးအချက်က 'တောက်'ကလည်း ဘာသတင်းမှမကြားရပဲနေ့ချင်းညချင်းပျောက်သွားတာပဲ။ သူဘယ်လိုပဲလိုက်မေးမေး ဘာသတင်းမှကိုမကြားရဘူး။

၎င်းကယင်ဟောက်ကိုပို၍စိတ်ရှုပ်ထွေးကာ မသက်မသာခံစားရစေသည်။ ဤသို့သောအခြေအနေမျိုး၌ သူမည်သို့အေးအေးချမ်းချမ်းစားသောက်နေနိုင်မည်နည်း? ဆောက်လုပ်ရေးကိစ္စအတွက်ဆိုပိုတောင်ဆိုးသေး!

မနက်စာစားပြီးသည့်နောက်တွင်တော့ ယင်ကျိနျန်ကအိမ်အကူများကိုမေးလာသည်။

"အန်တီချင်ကဘာလို့မနက်စာလုပ်ဖို့ဆင်းမလာတာလဲ?"

အိမ်အကူကဆိုသည်။

"ကျွန်တော်တို့အန်တီချင်ကိုမနက်ကတည်းကမတွေ့တာပါခဗျ"

"အပေါ်ထပ်တက်ပြီး တစ်ချက်သွားကြည့်စမ်းပါ... သူမနေမကောင်းဖြစ်မနေပါစေနဲ့လို့ပဲမျှော်လင့်တယ်"

ခဏရပ်ပြီးနောက် သူကဆိုသည်။

"တကယ်လို့သူမဖျားနေတယ်ဆိုရင် တတိယသခင်လေးကို အန်တီချင်ကိုဆေးရုံသွားပြပေးဖို့ပြောလိုက်။ ပြီးတော့လည်း မနက်စာတစ်ချို့ယူပြီးအပေါ်ထပ်ကိုပို့လိုက်ဦး"

ချန်းနင်ကိုတရားမမျှတစွာမဆက်ဆံသင့်မှန်း သိသည်မို့ ယင်ကျိနျန်ကသူ့ကို သေဂျာဂရုစိုက်ရုံမှအပါးမတတ်နိုင်တော့ချေ။

ယင်ယောက်မျက်နှာဖြူဖျော့လာကာ လက်သီးကိုတင်းတင်းဆုပ်မိသည်။ တုန်ယင်နေသောလေသံဖြင့် ၎င်းကဆို၏။

"အဖေ... ဟယ့်ချန်းနင်နဲ့အန်တီချင်..သူတို့မရှိတော့ဘူး"

ယင်ကျိနျန်ကအနည်းငယ်တုံ့ဆိုင်းသွားဟန်ပင်။

"သူတို့မရှိတော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?"

ယင်ယောက်ကမီးတောက်နေသောအကြည့်ကိုရှောင်ရင်း ပြန်လည်ဖြေကြားလာသည်။

"ဒီအတိုင်း..မရှိတော့ဘူး။ သူတို့ဘယ်သွားလဲကိုမသိတာ"

ယင်ကျိနျန်၏အမူအရာကပိုမှောင်မဲလာကာ ထပ်မေးလာတော့သည်။

"ဘာအမှားရှိလို့လဲ ဘာဖြစ်ခဲ့တာလဲ?"

ယင်ကျိနျန်၏တုံ့ဆိုင်းနေပုံထက်စာရင် ယင်ယောက်ကတော့ ကြောက်လွန်းလို့တုန်ယင်နေချေပြီ။ အချက်အလက်ကိုဖုံးကွယ်ထားသည်က ပြသနာကိုမဖြေရှင်းနိုင်စေမှန်းသူသိ၏။ အကယ်၍သူသာသူ့အဖေကိုပြောလိုက်ပါက သူ့(ယင်ယောက်)ကိုကူညီဖို့ သူ(ယင်ကျိနျန်)ကအကြံအချို့ပေးနိုင်လိမ့်မည်။ ထို့နောက်တွင်တော့ ယင်ဟောက် အရင်ရက်အနည်းငယ်မှသူကြံစည်ထားသည့်အကြံဥာဏ်များကို အမှန်အတိုင်းရှင်းပြလိုက်တော့သည်။

သားဖြစ်သူ၏ ဖြေရှင်းချက်များကိုကြားပြီးသည့်နောက် ထိုကိစ္စကိုနားလည်ဖို့မိနစ်အနည်းငယ်မျှယူလိုက်ရကာ ယင်ကျိနျန်ချက်ချင်းထ၍ ယင်ဟောက်မျက်နှာကိုရိုက်ချလိုက်တော့သည်။

"မင်းအရူးကောင်! မင်းဘာလုပ်ခဲ့လဲဆိုတာမင်းသိရဲ့လား!?"

ယင်ဟောက်ကရိုက်ချက်ကြောင့်အနည်းငယ်မူးဝေသွားသော်လည်း ပြန်ခံမပြောနိုင်ခဲ့ပါချေ။ သူကပြသနာကိုဖန်တီး၍ ဖြေရှင်းဖို့လည်းအရည်အချင်းမရှိသည်မို့ သူမှားခဲ့မှန်းသူသိသည်။ ထို့ကြောင့်လည်း ဤအရှုပ်ထုပ်ဖို့ဖြေရှင်းဖို့သူ့အဖေကိုသာအားကိုးရပေတော့မည်။

ဒါပေမဲ့ ယင်ကျိနျန်ကဘာလုပ်နိုင်မှာတဲ့လဲ?
သားကောင်ကလည်းပျောက်ချင်းမလှပျောက်သွားရုံနင်မကဘူး ကျူးလွန်သူကပါပျောက်သွားတာ။ အဲ့လူတွေကိုသူဘယ်မှာသွားရှာရမှာတဲ့လဲ? ချန်းနင်ကထူးထူးခြားခြားပျောက်သွားတာကို ရှန်မိသားစုသိသွားလို့ကတော့ ယင်အဖွဲ့အစည်းဒေဝါလီခံရရုံတင်မကဘူး ယင်မိသားစုတစ်ခုလုံး ရှန်ယွီရှန်းဆီမှ အရေခွံဆုတ်ခံရလိမ့်မည်။

အဖေနှင့်သားကဧည့်ခန်းထဲ၌ တိတ်ဆိတ်စွာထိုင်နေကြတော့သည်။ ထို့နောက်တွင်တော့ အပြန်လမ်းမှ မိသားစု၏အမျိုးသမီးများကိုဆက်သွယ်လိုက်ကြ၏။

မနက်မိုးလင်းသည့်အခါတွင်တော့ ယင်မိသားစုမှမိသားစုဝင်ငါးယောက်က ဧည့်ခန်းထဲ၌ထိုင်ကာတစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ချားစွာကြည့်မိကြတော့သည်။

°°

Z••

[Countdown to Wedding]

နံနက္မိုးလင္းလာသည့္နွင့္နီးတူ ေနေရာင္ျခည္ကလည္း လိုက္ကာစကိုျဖတ္၍ အိပ္ေပ်ာ္ေနေသာလူငယ္ေလးနွစ္ေယာက္ထံျဖာက်ကာ ေႏြးေထြးမႈေပးေန၏။

ရွန္ယြီရွန္း၏ေန႔စဥ္ေန႔တိုင္းအက်င့္အရ နံနက္ ၇ နာရီထိုးသည္နွင့္မ်က္လံုးကေအာ္တိုပြင့္လာေလသည္။ စကၠန္႔အနည္းငယ္ေလာက္ အိပ္စံုမႈန္ဝါးျဖစ္ေနၿပီးသည့္ေနာက္ သူ႔ရင္ခြင္ထဲမွေကာင္ေလးထံသို႔အၾကည့္ပို႔လိုက္၏။

ေႏြးေထြးေသာေနေရာင္ျခည္က ခ်န္းနင္၏မ်က္နွာေပၚသို႔ျဖာက်လ်က္။ မ်က္ေတာင္ရွည္ေလးမ်ားက မ်က္ဝန္းေပၚအရိပ္က်ေနကာ ထင္ရွာေသာမ်က္ခံုးတန္းေလးမ်ား၊ နွာေခါင္ခြၽန္ခြၽန္ေလးနွင့္ ႏူးညံ့ေသာနႈတ္ခမ္းပါးတို႔က ျဖားေယာင္းေသြးေဆာင္ေနေပေတာ့သည္။ ယြီရွန္း၏လက္ေမာင္းကိုေခါင္းအံုးအျဖစ္အသံုးျပဳရင္း ခ်န္းနင္ကညႇင္သာစြာအသက္ရႈကာ အိပ္ေမာေနက်ေန၏။

ခပ္ဖူးဖူးနႈတ္ခမ္းေလးမ်ားမွတစ္ဆင့္ အဖ်ားေလးအထိ ပြတ္ဆြဲနမ္းရိႈက္သြားရင္း ယြီရွန္း၏အၾကည့္မ်ားကပို၍စူးရွလာေတာ့သည္။

ေနွာင္ယွက္မႈကိုသည္းမခံနိုင္ေတာ့သည့္အဆံုး ခ်န္းနင္လဲနိုးလာ၏။ သူပထမဆံုးျမင္လိုက္ရသည္က ေခ်ာေမာခန္႔ညားေသာထိုလူ၏မ်က္နွာျဖစ္ကာ နႈတ္ခမ္းမွစိုစြတ္ပူေႏြးေသာအထိအေတြ႕ကိုလဲခံစားလိုက္ရသည္။

"အြန္း..."

မနက္အေစာပိုင္း၍ အနမ္းခိုးျခင္းကိုတားျမစ္သည့္ပံုစံျဖင့္ သူခပ္တိုးတိုးေလးအသံျပဳလိုက္ေလသည္။

နမ္းရိႈက္ရင္းျဖင့္သူ႔ခ်စ္သူေလးကိုနိႈးလိုက္မိၿပီမွန္းသိသည္မို႔ ယြီရွန္းက လူငယ္ေလးကိုဝါးၿမိဳပစ္ေတာ့မည့္အလား အနမ္းကိုပိုနက္ရိႈင္းဖို႔ပင္ဆံုးျဖတ္လိုက္ေတာ့သည္။

မိနစ္အနည္းငယ္ၾကာသည္အထိနမ္းၿပီးေနာက္ သတိလစ္လုဆဲဆဲခ်စ္သူေလးကို ယြီရွန္းကေနာက္ဆံုး၌တြန္႔ဆုတ္စြာလႊတ္ေပးလိုက္ေတာ့သည္။ အနည္းငယ္ဖူးေယာင္ေနေသာ နႈတ္ခမ္းပါးေလးကို ႁပြတ္ခနဲနမ္းကာအဆံုးသတ္ၿပီးေနာက္ ယြီရွန္းကေပ်ာ္႐ႊင္စြာနႈတ္ဆက္လာသည္။

"ေမာနင္း babe... မင္းေလးကအရမ္းအရသာရွိတာပဲ"

ရွန္အဖြဲ႕အစည္းသို႔မဟုတ္ ရွန္မိသားစုမွတစ္ေယာက္ေယာက္ကသာ သူတို႔၏ေအးစက္တည္ၿငိမ္၍အမူအရာမဲ့ေသာ ရွန္သခင္ေလးတစ္ေယာက္ ထိုသို႔ပ်ားရည္စမ္းစကားမ်ားကိုေျပာေနမွန္းသိသြားပါက သူတို႔နားၾကားမွားသည္ဟုသာမွတ္ယူလိုက္လိမ့္မည္။ သို႔မဟုတ္လ်ွင္လည္း သူတို႔ကိုယ္သူတို႔ေဆးသြားစစ္မိေပလိမ့္မည္။

ရွန္ယြီရွန္းအတြက္သူ႔နွလံုးသားကိုဖြင့္ေပးဖို႔ဆံုးျဖတ္ၿပီးကတည္းက လူတစ္ေယာက္ကိုနားလည္ဖို႔အလြန္ခက္ခဲေၾကာင္း ခ်န္းနင္ခံစားမိသည္။ အေၾကာင္းအရင္းကေတာ့ ရွန္ယြီရွန္းအေၾကာင္းသူသိထားသည္ကအလြန္နည္းပါးကာ ထြက္ထသမ်ွေကာလဟာမ်ားကလည္း သူ႔ေရွ႕မွလူကိုနားမလည္နိုင္ေစဖို႔လံုေလာက္သည္ထက္ပိုသည္။ ဤပိုကာရုပ္နွင့္လူသားထံမွဘယ္လိုမ်ိဳးအသားယူခံေနရမွန္း ခ်န္းနင္နားကိုမလည္နိုင္ေတာ့ေပ။

ရွန္ယြီရွန္းဆိုတဲ့လူက လြယ္လြယ္ေလးခ်ည္းကပ္လို႔မရတဲ့လူလို႔သူတို႔ေျပာခဲ့ၾကတယ္မဟုတ္ဘူးလား? ဒါဆိုဘာလို႔ ဒီလူႀကီးက သူတို႔ပထမဆံုးေတြ႕တဲ့ေန႔မွာ သူ႔လက္ကိုကိုင္၊ ဒုတိယေန႔မွာဖက္ၿပီး နဖူးကိုေတာင္နမ္းလိုက္ေသးတာလဲ? အခုဆိုရင္ဒီလူက နမ္းတာေရာဖက္တာေရာအျပင္ကို တစ္ခ်ိန္လံုးထိေတြ႕ပူးကပ္ေနတာခ်ည္းပဲ။ ဒီလူႀကီးကအဲ့ဒီ ဂႏၲဝင္ရွန္ယြီရွန္းပါလို႔ တစ္ေယာက္ေယာက္လာသက္ေသျပေပးနိုင္မလား? သူ႔ပံုရိပ္နဲ႔အျပဳအမူေတြက အေတာ္ႀကီးကြာျခားလြန္းေနတယ္ေလ!

ယြီရွန္း၏ပခံုးကိုခ်န္းနင္လက္သီးျဖင့္ထိုးလိုက္ကာ...

"မနက္ေစာေစာစီးစီးခင္ဗ်ားအဲ့လိုမလုပ္ပဲေနလို႔မရဘူးလား? ကြၽန္ေတာ့္သတိေပးခ်က္ေတြကိုဟာသေအာက္ေမ့ေနလား?"

ယြီရွန္းစူပုတ္ပုတ္ျဖင့္ျပန္ေျဖလာသည္။

"ခ်န္းနင္...ဒါေတာ့မတရားဘူးကြာ... ကိုယ္ကမင္းရဲ႕လူေလ ဖက္တာနဲ႔နမ္းတာကပံုမွန္ပဲကို။ ကိုယ့္လက္ေတြမင္းကိုထိတာကိုမင္းတားလို႔မရဘူး"

ခ်န္းနင္မ်က္ေမွာင္ႀကံဳ႕ကာ...

"ခင္ဗ်ားကေတာ့ဆင္ေျခဆင္လက္မ်ိဳးစံုပဲ"

ယြီရွန္းကသူ႔လက္ေမာင္းမ်ားကိုပိုတင္းၾကပ္ေစကာ နွစ္ေယာက္သားပိုနီးကပ္သြားေစရန္ဖက္လိုက္ေလသည္။

"ခ်န္းနင္ ကိုယ္အတည္ေျပာေနတာလို႔ေျပာၿပီးၿပီပဲ။ မင္းရဲ႕ခင္ပြန္းတစ္ေယာက္အေနနဲ႔ ကိုယ့္အခြင့္အေရးေတြကိုလာပိတ္ပင္လို႔မရဘူး။ မင္းရဲ႕လက္တြဲေဖာ္အေနနဲ႔ကိုယ့္တာဝန္ကိုယ္လုပ္မယ္။ အဲ့လိုပဲဒီအက်ိဳးအျမတ္ေတြကလည္းကိုယ္ေတာင္းဆိုရမွာပဲ"

ခ်န္းနင္လက္ကိုထုတ္ကာ လူအိုႀကီး၏နဖူးကိုသူ႔လက္ေခ်ာင္းေလးျဖင့္ေတာက္ရင္းဆိုသည္။

"ေကာင္းလိုက္တဲ့အႀကံ... ခင္ဗ်ားထိန္းထိန္းသိမ္းသိမ္းေနတာေကာင္းမယ္ေနာ္။ ခင္ဗ်ားကကြၽန္ေတာ့္ထက္ ၁၀ နွစ္ႀကီးတယ္ဆိုတာနဲ႔ပဲကြၽန္ေတာ့္အေပၚႀကံစည္လို႔ရမယ္မထင္နဲ႔။ ကြၽန္ေတာ့္ကိုစိတ္ဆိုးေအာင္လုပ္လို႔ကေတာ့ ခင္ဗ်ားကိုဘာလုပ္နိုင္လဲသိေစရမယ္"

"ကိုယ္မလုပ္ရဲပါဘူးကြာ။ ဒါေပမဲ့လည္းကိုယ္လိုခ်င္တဲ့အခ်ိန္တိုင္းနမ္းလို႔၊ ဖက္လို႔ရေအာင္ေတာ့ မင္းအနားအၿမဲကပ္ေနမွာပဲ။ တျခားသူေတြေရွ႕မွာမင္းကို အရွက္ရေအာင္ကိုယ္မလုပ္ပါဘူး။ ဒါေပမဲ့ကိုယ္တို႔နွစ္ေယာက္ထဲရွိတဲ့အခ်ိန္ဆိုရင္ေတာ့ မင္းကိုယ့္ကိုပိုၿပီးမွီခိုရမယ္။ အဲ့လိုမွမဟုတ္ရင္ မင္းကိုယ့္ကိုသေဘာမက်ေတာ့ဘူး၊ ကိုယ္နဲ႔အတူမေနခ်င္ေတာ့ဘူးလို႔ ကိုယ္ေတြးလိုက္မွာ။ ကိုယ္နဲ႔အတူေနဖို႔ႀကိဳးစားမယ္လို႔မင္းကိုယ့္ကိုကတိေပးၿပီးသား။ ဒီေတာ့အဲ့ကတိကိုမင္းဖ်က္လို႔မရဘူး"

"ဟမ္း ခင္ဗ်ားကတကယ္ကိုစီစဥ္ထားတဲ့ပံုပါပဲ"

ယြီရွန္းကခပ္ဟဟရယ္လ်က္ျပန္ေျဖသည္။

"ကိုယ့္မွာလဲေ႐ြးစရာမရွိဘူးေလ။ ဘာပဲျဖစ္ျဖစ္မင္းကကိုယ့္ဇနီးေလးပဲဟာ။ မင္းရဲ႕ခံစားခ်က္ေတြကိုကိုယ္အၿမဲသတိရွိၿပီး အခြင့္ေရးယူဖို႔ႀကိဳးစားေနရမွာပဲ"

ခ်န္းနင္မ်က္ဆံသာလွန္မိေတာ့သည္။ ဘယ္လိုေတာင္က်ိဳးေၾကာင္းမသင့္တဲ့လူလဲ၊ သူ႔ေျပာလိုက္ရင္ ေပါက္တက္ကရအေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ ဟုတ္ေတာ့ဟုတ္ေနတာပဲ။ သူကတကယ္ကိုစီးပြားေရးေလာကရဲ႕ ေသြးေအးအာဏာရွင္ႀကီးဟုတ္ပါတယ္ေနာ္? သူ႔ဝိညာဥ္ကိုတစ္ေယာက္ေယာက္ကမသိမသာလဲသြားတာမ်ားလား?

ဤဥာဏ္နီဥာဏ္နက္မ်ားသည့္လူႀကီးနွင့္ျပသနာမတက္ခ်င္ေတာ့သည္မို႔ ခ်န္းနင္အိပ္ယာေပၚမွထကာ ေရခ်ိဳးခန္းဆီသို႔သာဦးတည္လိုက္ေတာ့သည္။ ကိုယ္လက္သန္႔စင္ၿပီးသည့္ေနာက္ ထိုအတြဲက မနက္စာအတြက္ေအာက္ထပ္ဆင္းလာၾက၏။ ထိုတစ္ေလ်ွာက္လံုး ယြီရွန္းကသူ႔ျမင္ကြင္းမွလံုးလံုးခြာမသြားေခ်။

မနက္စာက အန္တီခ်င္ကိုယြီရွန္းမွာထားသည့္စြားပြဲမ်ားျဖင့္ျပည့္ေနကာ ခ်န္းနင္က်န္းမာေရးအတြက္ သူမစီစဥ္ထားသည့္ အရသာရွိေသာဟင္းပြဲမ်ားလည္းပါဝင္ေပသည္။ ၎ကသူတို႔နွစ္ေယာက္အားဗိုက္ဝသြားေစ၏။

မနက္စာၿပီးသည့္ေနာက္ ယြီရွန္းကခ်န္းနင္ကိုေပြ႕ဖက္လ်က္ အစာေခ်ဖို႔လက္ဖက္ရည္အနည္းငယ္ေသာက္ရင္း ယေန႔အတြက္အစီအစဥ္မ်ားကိုစတင္ျပင္ဆင္ေတာ့သည္။

မနက္ ၉ နာရီ၌ ဝတ္စံုဒီဇိုင္နာကအခ်ိန္အတိုင္းေရာက္လာ၏။ သူပထမဆံုးနမူနာဝတ္စံုပံုစံအခ်ိဳ႕ကိုထုတ္ျပကာ အတိုင္းအတာယူ၍ သူတို႔လိုအပ္ေသာခ်က္အလက္မ်ားကိုအေသးစိတ္မွတ္သားသြားသည္။ သူၿပီးသည့္အခါတြင္ေတာ့ ထိုအတိုင္းအတာမ်ားကို အီတလီမွနာမည္္ႀကီးဝတ္စံုဒီဇိုင္နာထံျပင္ဆင္ဖို႔ပို႔ကာ နွစ္ပတ္အတြင္း၎ကိုအဆင္သင့္လုပ္ဖို႔နွင့္ျပန္လည္ပို႔ေဆာင္ရမည္ျဖစ္ေျကာင္းဆိုသည္။

နွစ္နာရီေလာက္ မဂၤလာပြဲကိစၥမ်ားအတြက္ေဆြးေႏြးၿပီးသည့္ေနာက္ ခ်န္းနင္ဆိုဖာေပၚအားအင္ခ်ည္နဲ႔စြာလဲက်သြားကာ ယြီရွန္းသူ႔ပခံုးေလးကိုနိွပ္ေပးေလသည္။

"အရမ္းပင္ပန္းေနၿပီလား?"

"အဲ့ေလာက္ေတာ့မဟုတ္ပါဘူး။မွတ္ထားရမွာေတြအရမ္းမ်ားေတာ့ နည္းနည္းစိတ္ရႈပ္သြားတာ"

"ကိုယ္တို႔မဂၤလာပြဲကိုေနွာင့္ေနွးေစလို႔ေတာ့မျဖစ္ဘူး...မင္းပင္ပန္းရင္အနားယူေနာ္"

"ဟင့္အင္း အခ်ိန္ကသိပ္မက်န္ေတာ့ဘူး။ မဒမ္ရွန္ကလည္းကြၽန္ေတာ္တို႔အတြက္အလုပ္မ်ားေနတာ ကြၽန္ေတာ္တို႔ကသူမပင္ပန္းတာကိုမယွဥ္နိုင္ပါဘူး"

"ေကာင္းပါၿပီကြာ။ ဒါတိုလည္းကိုယ္တို႔အခုသြားၾကမယ္... ကိုယ္မင္းကိုအရသာရွိတာေတြစားဖို႔ေခၚသြားမယ္။ ၿပီးမွ လက္ဝတ္ရတနာေတြေ႐ြးဖို႔သြားၾကတာေပါ့"

"လက္ဝတ္ရတနာ? ေယာက္်ားနွစ္ေယာက္က ဘယ္လိုလက္ဝတ္ရတနာေတြလိုလို႔လဲ?"

"တစ္ခ်ိဳ႕အရာေတြကေတာ့လိုတယ္ေလ"

ထို႔ေနာက္တြင္ေတာ့ ယြီခ်န္းကခ်န္းနင္ကို စားေသာက္ဆိုင္တစ္ခုသို႔ေခၚသြားေပးကာ လက္ဝတ္ရတနာေ႐ြးဖို႔ဆက္လက္ထြက္ခြာခဲ့ၾကသည္။

ရွန္အဖြဲ႕အစည္းလက္ေအာက္မွ Mall အႀကီးအစားတစ္ခုတြင္ လူတစ္ေယာက္လိုအပ္သမ်ွအရာအားလံုးရွိေပသည္။ ၎တြင္ လက္ဝတ္ရတနာဆိုင္မ်ားလည္းအပါအဝင္ပင္။

Mall ထဲသို႔ဝင္လာၿပီးသည့္ေနာက္ ထိုအတြဲက လက္ဝတ္ရတနာဆိုင္မ်ားသို႔တည့္တည့္သာဦးတည္လာေတာ့သည္။ ယြီရွန္းကခ်န္းနင္အတြက္ လက္ၾကယ္သီးအခ်ိဳ႕ေ႐ြးခ်ယ္ေပးသည္။ ၎တို႔က စိန္မ်ား၊ ေက်ာက္စိမ္းမ်ားနွင့္ ဂဏန္းေျခာက္လံုးအထက္တြင္သာရွိသည္။ မ်က္ေတာင္တစ္ခ်က္မခတ္ပဲ ေငြျဖဳန္းတီးေနသည့္လူကိုၾကည့္ရင္း ခ်န္းနင္၏စကားလံုးမ်ားကလည္ေခ်ာင္းထဲ၌သာတစ္ဆို႔ေနေတာ့၏။

ထို႔ေနာက္တြင္ေတာ့ သူတို႔ဆြစ္ဇာလန္ထုတ္ စံုတြဲနာရီမ်ားကိုေ႐ြးခ်ယ္ခဲ့သည္။ ခ်န္းနင္လက္ေပၚမွတစ္ခုကအနည္းငယ္ပိုေသး၍ သူ႔လက္ေကာက္ဝတ္က်ဥ္းေလးမ်ားျဖင့္ ျပည့္စံုစြာလိုက္ဖက္ေနသည္မွလြဲ၍ နွစ္ခုလံုးကထပ္တူညီလုနီးပါးပင္။ ၎အျပင္ကို အမ်ိဳးသားအမ်ားအတြက္သင့္ေလ်ာ္ေသာ အဖိုးတန္ေက်ာက္မ်က္ရတနာမ်ားစီျခယ္ထားသည့္ ဆြဲသီးနွင့္ bracelet အခ်ိဳ႕ကိုလည္းေ႐ြးခ်ယ္ခဲ့ေလသည္။

အမွန္၌ယြီရွန္း၏ေ႐ြးခ်ယ္မႈမ်ားကတမူထူးျခားသည္ဟုဆိုရမည္။ သူေ႐ြးခ်ယ္သမ်ွက အလြန္ေစ်းႀကီးေသာ္လည္း ခ်န္းနင္၏အဆင့္အတန္းနွင့္ဂုဏ္ျဒပ္အတြက္အထူသင့္ေလ်ာ္ေသာ ပံုစံနွင့္ဒီဇိုင္းမ်ားပင္။ ခ်န္းနင္ကထိုအရာမ်ားကိုဝတ္ဆင္ေလ့မရွိသည္မို႔ ယြီရွန္း၎တို႔အားဝယ္ေနသည္ကိုခြင့္မျပဳေပ။

သို႔ေသာ္လည္းလူအိုႀကီးကမဆန္႔က်င္ဖို႔အေၾကာင္းျပခ်က္မ်ိဳးစံုရွိေနဆဲျဖစ္ကာ သူ႔အဖြား၏ၫႊန္ၾကားခ်က္မ်ားျဖစ္ေၾကာင္းဆိုေလသည္။ ထပ္မံဆိုရပါက ထိုအရာမ်ားကခ်န္းနင္၏အသားအေရာင္နွင့္စရိုက္ကိုကိုက္ညီဆဲျဖစ္ေၾကာင္းနွင့္ ဇနီးအတြက္လက္ေဆာင္မ်ားဝယ္ယူသည္က ခင္ပြန္းသည္တစ္ေယာက္လုပ္ရမည့္တာဝန္ျဖစ္ေၾကာင္းဆိုေလသည္။

ခ်န္းနင္ကေတာ့စိတ္ပ်က္လက္ပ်က္အမူအရာကိုမ်က္နွာေပၚေရးထားရင္း တိတ္ဆိတ္ေနလိုက္ေတာ့သည္။ ခ်န္းနင္၏အမူအရာေၾကာင့္ ထိတ္လန္႔တုန္လႈပ္သြားေသာ အေရာင္းစာေရးအမ်ိဳးသမီးငယ္ေလးမ်ားခမ်ာ အမွားအခ်ိဳ႕ပင္လုပ္လိုက္မိေသးသည္။

ယြီရွန္းကခ်န္းနင္တစ္ေန႔၌နားေပါက္ေဖာက္ခ်င္မည္စိုးသျဖင့္ နားကပ္အခ်ိဳ႕လိုခ်င္သလားဟုလည္းေမးေသး၏။ သို႔ေသာ္လည္း ခ်စ္ရသူေလးကပါးစပ္ကိုတင္းတင္းၾကပ္ၾကပ္ပိန္ထားသည္ကိုျမင္ေတာ့ လက္ေလ်ွာ႔ဖို႔သာတတ္နိုင္သည္။

ေန႔လည္တစ္ခုလံုးကုန္ဆံုးသြားၿပီးသည့္ေနာက္ သူတို႔ Mall မွေနာက္ဆံုးထြက္လာၾကေတာ့သည္။ ေရွာင္ဝူကအေနာက္တြင္ အထုပ္မ်ားစြာကိုသယ္ရင္းေလ်ွာက္လာရသည္ကိုျမင္ေတာ့ ခ်န္းနင္ခပ္တိုးတိုးရယ္လိုက္မိ၏။

ေရွာင္ဝူကမ်က္နွာအမူအရာသိပ္မျပေသာ္လည္း ရင္ထဲ၌ငိုေႂကြးေနေခ်ၿပီ။ သူ႔သခင္ေလးကမဂၤလာပစၥည္းမ်ားကိုဝယ္ယူသည့္အခ်ိန္၌ သူအဘယ္ေၾကာင့္ဤေနရာတြင္ရပ္ေနရကာ ၎တို႔၏ကူလီသမားျဖစ္လာမွန္းနားမလည္ေတာ့ပါေခ်။ ဘာမွဝင္စြက္ဖက္ပိုင္ခြင့္လည္းမရွိသည္မို႔ သူ႔သခင္ေလးနွစ္ေယာက္ခိုင္းသည့္တာဝန္ကိုထမ္းေဆာင္ရင္း သူအတိအက်ဘယ္သူ႔ကိုသြားေနွာင့္ယွက္မိသလဲစဥ္းစားေနမိေတာ့သည္။

ကားထဲဝင္လာၿပီးသည့္ေနာက္ ခ်န္းနင္ကခံုေပၚတြင္သက္ေသာင့္သက္သာထိုင္လိုက္ရင္း တစ္စံုတစ္ခုကိုသတိရသြားေခ်သည္။

"ယြီရွန္း... ကြၽန္ေတာ္တို႔မဂၤလာလက္စြပ္ဝယ္ဖို႔ေမ့ခဲ့ၿပီထင္တယ္"

သူ႔ခ်စ္သူေလးကိုရင္ခြင္ထဲထည့္ထားရင္းယြီရွန္းကျပန္လည္ေျဖၾကားသည္။

"မဂၤလာလက္စြပ္ကဒီရက္ပိုင္းအတြင္းေရာက္လာလိမ့္မယ္... အဲ့တာေတြကႀကိဳမွာထားတာ"

"ဘယ္တုန္းကမွာလိုက္တာလဲ?"

"ကိုယ္တို႔နွစ္ေယာက္စေတြ႕ကတည္းကပဲ"

ခ်န္းနင္အံၾသသြားရသည္။ ယြီရွန္းကသူ႔ကိုဒီေလာက္စိုးရိမ္၍ လက္ထပ္ပြဲအတြက္လည္းဒီေလာက္စိတ္ထဲထားမည္ဟု သူမထင္ထားခဲ့ေခ်။ ထိုအျပဳအမူမ်ားေၾကာင့္ သူ႔ရင္ထဲမထိဘူးဟုဆိုလ်ွင္ေတာ့ လိမ္ညာရာက်ေပေတာ့မည္။

ထပ္မံဆိုရပါက ဒီလူကအဘယ္ေၾကာင့္ဒီေလာက္ ယံုၾကည္မႈအျပည့္ရွိေနရသနည္း? ယြီရွန္းအေပၚထိုအခ်ိန္၌သူဘာခံစားခ်က္မွမရွိေသးသလို စာခ်ဳပ္ခ်ဳပ္ၿပီးသည္နွင့္အေဝးသို႔ထြက္ေျပးဖို႔ရည္႐ြယ္ခ်က္ျဖင့္သာ လက္ထပ္ပြဲကိုသေဘာတူခဲ့ေၾကာင္း သူရွင္းရွင္းလင္းလင္းႀကီးမွတ္မိပါေသးသည္။ သို႔ေသာ္လည္း သူ႔ေရွ႕မွလူကေတာ့ ခင္ပြန္းတစ္ေယာက္၏တာဝန္မ်ားကို အေလူအနက္ထားကာ အရာအားလံုးကိုႀကိဳျပင္ဆင္ေနခဲ့သည္။ ထိုရည္႐ြယ္ခ်က္မ်ိဳးက တန္ဖိုးထားထိုက္လွသည္။

ေနာက္ရက္အနည္းငယ္ၾကာမွ ရွန္ယြီရွန္းနွင့္ဟယ့္ခ်န္းနင္က အိမ္အေဟာင္းကိုျပန္ကာအနားယူခဲ့ၾကသည္။ သူငယ္ခ်င္းနွင့္ရွန္မိသားစုမွေဆြမ်ိဳး အခ်ိဳ႕ကိုေတြ႕ၿပီးသည့္ေနာက္ ထိုအတြဲကမဂၤလာဧည့္ခံပြဲအျပင္အဆင္ကိုၾကည့္ဖို႔လည္းသြားခဲ့၏။ မဒမ္ရွန္ကထိုစံုတြဲ၏အႀကံအဥာဏ္ကိုေမးခဲ့ေသာ္လည္း နွစ္ေယာက္လံုးကသူမကိုသာသူတို႔အတြက္ဆံုးျဖတ္ေစသည္။

တရုတ္ပံုစံမဂၤလာပြဲသာက်င္းပမည္မွန္းဆံုးျဖတ္ၿပီးသည့္ေနာက္ သူတို႔စံုတြဲမဂၤလာပြဲက်င္းပမည့္ေနရာသို႔သြားခဲ့ၾကသည္။ အဆိုပါဟိုတယ္က ရွန္အဖြဲ႕အစည္းလက္ေအာက္မွၾကယ္ငါးပြင့္အဆင့္ဟိုတယ္ျဖစ္ကာ စားပြဲမ်ားအတြက္စီမံခမ့္ခြဲမႈကိုေတာ့ ယြီရွန္း၏ဝမ္းကြဲတစ္ဦးကစီမံေပလိမ့္မည္။

ဓာတ္ပံုဆရာက မဒမ္ရွန္၏မိတ္ေဆြေဟာင္း၊ လူအိုႀကီး'ဟူ'ရဲ႕ေျမး ဟူဖုန္းပင္။ ဤလူသားက အေတြ႕အႀကံဳရွိသည့္ အရည္အခ်င္းျမင့္ဓာတ္ပံုဆရာျဖစ္သည္။ သူကအလြတ္တန္းစားဓာတ္ပံုဆရာျဖစ္ေသာ္လည္း သူ႔နယ္ပယ္တစ္ဝိုက္တြင္ေတာ့ အလြန္ထင္ေပၚေက်ာ္ၾကားေလသည္။ မဒမ္ရွန္နွင့္သူ႔အဖိုးၾကားမွ ပုဂၢိဳလ္ေရးရာေၾကာင့္သာ သူလက္ခံခဲ့ျခင္းပင္။

မဂၤလာဓာတ္ပံုမ်ားအတြက္ျမင္ကြင္းအခ်ိဳ႕ေ႐ြးၿပီးသည့္ေနာက္ ျပင္ဆင္မႈမ်ားနွင့္တကြ ဓာတ္ပံုရိုက္ျခင္းကိုအၿပီးသတ္ရန္ သံုးရက္ၾကာခဲ့သည္။ တကယ္တမ္း၌ ရလဒ္မ်ားကသိပ္ေတာ့မဆိုးလွေခ်။ ဓာတ္ပံုရိုက္ေနစဥ္အတြင္း ဟူဖုန္း၏ေတာင္းဆိုမႈမ်ားက အမူအရာမဲ့ေသာရွန္ယြီရွန္းအတြက္အခဲခက္အခ်ိဳ႕ျဖစ္ေစသည္မွလြဲ၍ေပါ့။ သို႔ေသာ္လည္း ခ်န္းနင္သူ႔ကိုၾကည့္လိုက္သည့္အခါတြင္း ဟူဖုန္း၏လိုအပ္ခ်က္ကျပည့္သြားကာ ဓာတ္ပံုဆရာကိုပင္စိတ္ရႈပ္ေထြး၍ေရွာ႔ခ္ရသြားေစသည္။ နိဂံုးခ်ဳပ္အားျဖင့္ လုပ္ငန္းစဥ္ကေအာင္ျမင္စြာအၿပီးသတမသြားသည္ဟုဆိုရမည္။

(အေပၚမွာေျပာခ်င္တာက ရွန္ယြီရွန္းကအၿမဲမ်က္နွာေသႀကီးမို႔ဓာတ္ပံုရိုက္ရမလြယ္ကူဘူးျဖစ္ေနတာပါ... ဒါေပမဲ့ခ်န္းနင္သူ႔ကိုၾကည့္လိုက္တိုင္းဘဲႀကီးမ်က္ဝန္းေတြကျပန္ႏူးညံ့သြားတယ္ ဘာညာေပါ့ အဲ့ေတာ့အဆင္ေျပသြားတယ္ ဘာညာ ¯\_(ツ )_/¯ )

မဂၤလာပြဲျပင္ဆင္မႈမ်ားကေခ်ာေခ်ာမြတ္မြတ္ပင္ၿပီးဆံုးသြားခဲ့သည္။ အခ်ိန္ဇယားမ်ားကခပ္ျမန္ျမန္ပင္ကုန္ဆံုးသြားကာ လက္ထပ္မည့္ေန႔ကိုေရာက္ဖို႔ ရက္အနည္းငယ္သာလိုေတာ့သည္။

ယြီရွန္းနွင့္ခ်န္းနင္မဂၤလာပြဲအတြက္အလုပ္မ်ားေနစဥ္အတြင္းတြင္ေတာ့ ယင္မိသားစု၏အေျခအေနက ေရွ႕မတိုးသာေနာက္မဆုတ္သာအေနအထား၌ျဖစ္ေနေခ်ၿပီ။

ယင္အေဆာက္အအံုႀကီးတစ္ခုလံုးက ဆင္းရဲတြင္းေခ်ာက္နက္ႀကီးကဲ့သို႔ပါပင္။

ခ်န္းနင္နွင့္အန္တီခ်င္ကထိုည၌ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့ၾကသည္။ အိမ္အကူမ်ားမနက္ပိုင္းနိုးလာသည့္အခါတြင္မူ လံုးလံုးလ်ားလ်ားသတိလစ္ၿပီးမွ နိုးလာသည့္ယင္ေယာက္မွအပ မည္သူကမွမူမမွန္သည္ကိုမခံစားမိၾကေခ်။ သူေခၚထားသည့္လူက ထူးျခားစြာေပ်ာက္ဆံုးသြားသည္ကိုသိလိုက္ရသည့္အခါ၌ ယင္ေဟာက္ကေနရာတြင္ပင္စိတ္ပ်က္လက္ပ်က္ထိုင္ခ်လိုက္မိေတာ့သည္။

အရက္ေသာက္ၿပီးေဟာ္တယ္၌တစ္ညလံုးအနားယူခဲ့သည့္ ယင္က်ိႏ်န္က သူ၏ပင္ပန္းႏြမ္းနယ္ေနေသာခႏၶာကိုယ္ႀကီးကိုသယ္ကာ အိပ္ယာေပၚသို႔ျပန္လာခဲ့ရသည္။ ကိုယ္လက္သန္႔စင္ၿပီးသည့္ေနာက္ ယင္က်ိႏ်န္က မနက္စာစားဖို႔ေအာက္ထပ္သို႔ဆင္းလာ၏။ ပံုမွန္အားျဖင့္ အန္တီခ်င္ကမီးဖိုေခ်ာင္ထဲ၌ရွိေနသင့္ေသာ္လည္း ယခုတြင္မူသူမကိုမေတြ႕ရေခ်။

အႀကီးအကဲယင္ကခ်ဳန္းမင္ကိုသူ႔အမ်ိဳးမ်ားနွင့္ေတြ႕ဖို႔ေခၚသြားသည္။ သို႔ဆိုလ်ွင္ မနက္စာက သူနွင့္ယင္ေဟာက္ၾကားတြင္ ျပင္ဆင္ဖို႔သာရွိေတာ့သည္။

ယင္ေဟာက္က ေၾကာင္အေနကာ ယာဂုပန္းကန္လံုးထဲမွဇြန္းကိုေမႊရင္း စားဖို႔ပင္သတိရပံုမေပၚေခ်။

ယင္က်ိႏ်န္ကထိုင္ၾကည့္ေနရင္း ေနာက္ဆံုး၌သူ႔ပါးစပ္ကိုဟလာေတာ့သည္။

"ယင္ေဟာက္ ဘာျဖစ္လို႔လဲ? မင္းဘာလို႔မစားတာလဲ?"

သူ႔အေဖထံမွစကားမ်ားကိုၾကားကမွယင္ေဟာက္သတိျပန္ဝင္ေတာ့သည္။

"အာ ကြၽန္ေတာ္သိပ္မစားခ်င္ေသးလို႔ပါ"

"မင္းပိုစားသင့္တယ္။ မင္းခႏၶာကိုယ္ကမခံနိုင္ပဲေနမယ္"

သူကခဏရပ္ကာဆိုသည္။

"ခ်န္းနင္ရဲ႕မဂၤလာပြဲကလည္းသိပ္မေဝးေတာ့ဘူး။ ဒီလိုအခ်ိန္မ်ိဳးမွာ ငါတို႔သူ႔ကိုမလိုအပ္ပဲသြားထိလို႔မျဖစ္ဘူးေနာ္။ ၿပီးေတာ့လည္း ရွန္အဖြဲ႕အစည္းဆီကရန္ပံုေငြရၿပီးၿပီမလား? ရတယ္ဆိုရင္ ငါတို႔ေဆာက္လုပ္ေရးအတြက္ပေဂ်ာဂ်က္ကိုျမန္ျမန္လုပ္မွျဖစ္ေတာ့မယ္။ သတိမေပါ့နဲ႔ မဟုတ္ရင္ငါတို႔ဘာမွမကိုင္တြယ္နိုင္ေတာ့ပဲေနမယ္"

အေၾကာက္တရားကနွလံုးသားထဲဝင္လာသည္နွင့္အမ်ွ ယင္ေဟာက္၏ အမူအရာကပို၍တုန္ယင္လာသည္။ အေတြးေပါင္းစံုကသူ႔ေခါင္းထဲျဖတ္ေျပးေနေသာ္လည္း ညကဘာျဖစ္သြားမွန္းသူလံုးလံုးမသိပါေခ်။ 'ေတာက္'ကေအာင္ျမင္သြားလား? ဘာလို႔သူနိုးလာေတာ့ လူေတြအကုန္အရိပ္မျမင္ရေအာင္ေပ်ာက္သြားၾကတာလဲ? ဖုန္းေတာင္ေခၚလို႔မရဘူး။ ဟယ့္ခ်န္းနင္ေရာ အန္တီခ်င္ပါေပ်ာက္သြားၾကတယ္! အတိအက်ဘာေတြျဖစ္ကုန္တာလဲ? သူတို႔သံုးေယာက္ ဘာသတင္းမွမက်န္ေအာင္ေပ်ာက္သြားစရာဘာအေၾကာင္းမွမရွိသလို ဘယ္သူကမွလဲမသိၾကဘူးတဲ့!!

ရွန္ယြီရွန္းကဘာျဖစ္သြားလဲဆိုတာသိသြားတာပဲျဖစ္ရမယ္။ ဟယ့္ခ်န္းနင္ဆီမွာဘာပဲျဖစ္လာျဖစ္လာ သူကေတာ့အသက္မဲ့အသားတံုးႀကီးတစ္နည္းနည္းနဲ႔ျဖစ္ရေတာ့မွာပဲ။ ေၾကာက္ဖို႔အေကာင္းဆံုးအခ်က္က 'ေတာက္'ကလည္း ဘာသတင္းမွမၾကားရပဲေန႔ခ်င္းညခ်င္းေပ်ာက္သြားတာပဲ။ သူဘယ္လိုပဲလိုက္ေမးေမး ဘာသတင္းမွကိုမၾကားရဘူး။

၎ကယင္ေဟာက္ကိုပို၍စိတ္ရႈပ္ေထြးကာ မသက္မသာခံစားရေစသည္။ ဤသို႔ေသာအေျခအေနမ်ိဳး၌ သူမည္သို႔ေအးေအးခ်မ္းခ်မ္းစားေသာက္ေနနိုင္မည္နည္း? ေဆာက္လုပ္ေရးကိစၥအတြက္ဆိုပိုေတာင္ဆိုးေသး!

မနက္စာစားၿပီးသည့္ေနာက္တြင္ေတာ့ ယင္က်ိႏ်န္ကအိမ္အကူမ်ားကိုေမးလာသည္။

"အန္တီခ်င္ကဘာလို႔မနက္စာလုပ္ဖို႔ဆင္းမလာတာလဲ?"

အိမ္အကူကဆိုသည္။

"ကြၽန္ေတာ္တို႔အန္တီခ်င္ကိုမနက္ကတည္းကမေတြ႕တာပါခဗ်"

"အေပၚထပ္တက္ၿပီး တစ္ခ်က္သြားၾကည့္စမ္းပါ... သူမေနမေကာင္းျဖစ္မေနပါေစနဲ႔လို႔ပဲေမ်ွာ္လင့္တယ္"

ခဏရပ္ၿပီးေနာက္ သူကဆိုသည္။

"တကယ္လို႔သူမဖ်ားေနတယ္ဆိုရင္ တတိယသခင္ေလးကို အန္တီခ်င္ကိုေဆးရံုသြားျပေပးဖို႔ေျပာလိုက္။ ၿပီးေတာ့လည္း မနက္စာတစ္ခ်ိဳ႕ယူၿပီးအေပၚထပ္ကိုပို႔လိုက္ဦး"

ခ်န္းနင္ကိုတရားမမ်ွတစြာမဆက္ဆံသင့္မွန္း သိသည္မို႔ ယင္က်ိႏ်န္ကသူ႔ကို ေသဂ်ာဂရုစိုက္ရံုမွအပါးမတတ္နိုင္ေတာ့ေခ်။

ယင္ေယာက္မ်က္နွာျဖဴေဖ်ာ့လာကာ လက္သီးကိုတင္းတင္းဆုပ္မိသည္။ တုန္ယင္ေနေသာေလသံျဖင့္ ၎ကဆို၏။

"အေဖ... ဟယ့္ခ်န္းနင္နဲ႔အန္တီခ်င္..သူတို႔မရွိေတာ့ဘူး"

ယင္က်ိႏ်န္ကအနည္းငယ္တံု႔ဆိုင္းသြားဟန္ပင္။

"သူတို႔မရွိေတာ့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ?"

ယင္ေယာက္ကမီးေတာက္ေနေသာအၾကည့္ကိုေရွာင္ရင္း ျပန္လည္ေျဖၾကားလာသည္။

"ဒီအတိုင္း..မရွိေတာ့ဘူး။ သူတို႔ဘယ္သြားလဲကိုမသိတာ"

ယင္က်ိႏ်န္၏အမူအရာကပိုေမွာင္မဲလာကာ ထပ္ေမးလာေတာ့သည္။

"ဘာအမွားရွိလို႔လဲ ဘာျဖစ္ခဲ့တာလဲ?"

ယင္က်ိႏ်န္၏တံု႔ဆိုင္းေနပံုထက္စာရင္ ယင္ေယာက္ကေတာ့ ေၾကာက္လြန္းလို႔တုန္ယင္ေနေခ်ၿပီ။ အခ်က္အလက္ကိုဖံုးကြယ္ထားသည္က ျပသနာကိုမေျဖရွင္းနိုင္ေစမွန္းသူသိ၏။ အကယ္၍သူသာသူ႔အေဖကိုေျပာလိုက္ပါက သူ႔(ယင္ေယာက္)ကိုကူညီဖို႔ သူ(ယင္က်ိႏ်န္)ကအႀကံအခ်ိဳ႕ေပးနိုင္လိမ့္မည္။ ထို႔ေနာက္တြင္ေတာ့ ယင္ေဟာက္ အရင္ရက္အနည္းငယ္မွသူႀကံစည္ထားသည့္အႀကံဥာဏ္မ်ားကို အမွန္အတိုင္းရွင္းျပလိုက္ေတာ့သည္။

သားျဖစ္သူ၏ ေျဖရွင္းခ်က္မ်ားကိုၾကားၿပီးသည့္ေနာက္ ထိုကိစၥကိုနားလည္ဖို႔မိနစ္အနည္းငယ္မ်ွယူလိုက္ရကာ ယင္က်ိႏ်န္ခ်က္ခ်င္းထ၍ ယင္ေဟာက္မ်က္နွာကိုရိုက္ခ်လိုက္ေတာ့သည္။

"မင္းအရူးေကာင္! မင္းဘာလုပ္ခဲ့လဲဆိုတာမင္းသိရဲ႕လား!?"

ယင္ေဟာက္ကရိုက္ခ်က္ေၾကာင့္အနည္းငယ္မူးေဝသြားေသာ္လည္း ျပန္ခံမေျပာနိုင္ခဲ့ပါေခ်။ သူကျပသနာကိုဖန္တီး၍ ေျဖရွင္းဖို႔လည္းအရည္အခ်င္းမရွိသည္မို႔ သူမွားခဲ့မွန္းသူသိသည္။ ထို႔ေၾကာင့္လည္း ဤအရႈပ္ထုပ္ဖို႔ေျဖရွင္းဖို႔သူ႔အေဖကိုသာအားကိုးရေပေတာ့မည္။

ဒါေပမဲ့ ယင္က်ိႏ်န္ကဘာလုပ္နိုင္မွာတဲ့လဲ?
သားေကာင္ကလည္းေပ်ာက္ခ်င္းမလွေပ်ာက္သြားရံုနင္မကဘူး က်ဴးလြန္သူကပါေပ်ာက္သြားတာ။ အဲ့လူေတြကိုသူဘယ္မွာသြားရွာရမွာတဲ့လဲ? ခ်န္းနင္ကထူးထူးျခားျခားေပ်ာက္သြားတာကို ရွန္မိသားစုသိသြားလို႔ကေတာ့ ယင္အဖြဲ႕အစည္းေဒဝါလီခံရရုံတင္မကဘူး ယင္မိသားစုတစ္ခုလံုး ရွန္ယြီရွန္းဆီမွ အေရခြံဆုတ္ခံရလိမ့္မည္။

အေဖနွင့္သားကဧည့္ခန္းထဲ၌ တိတ္ဆိတ္စြာထိုင္ေနၾကေတာ့သည္။ ထို႔ေနာက္တြင္ေတာ့ အျပန္လမ္းမွ မိသားစု၏အမ်ိဳးသမီးမ်ားကိုဆက္သြယ္လိုက္ၾက၏။

မနက္မိုးလင္းသည့္အခါတြင္ေတာ့ ယင္မိသားစုမွမိသားစုဝင္ငါးေယာက္က ဧည့္ခန္းထဲ၌ထိုင္ကာတစ္ေယာက္ကိုတစ္ေယာက္ တုန္လႈပ္ေျခာက္ခ်ားစြာၾကည့္မိၾကေတာ့သည္။

°°

Continue Reading

You'll Also Like

230K 34.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
583K 37.3K 62
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
239K 38.9K 101
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.1M 61.3K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...