MY YOUTHS
By Onyourm__aple
5.6K 956 318
ဝမ်းနည်းစရာပဲ.... ဦးရဲ့ငယ်ရွယ်မှုတွေမှာ ကျွန်တော် တစိတ်တပိုင်းတောင် မပါခဲ့ဘူး.... ဝမ်းနည်းစရာပဲ.... ဦးရဲ့ငယ်... More
EP 1 (UNI)
EP 1 (ZAW)
EP 2 (UNI)
EP 2 (ZAW)
EP 3 (UNI)
EP 3 (ZAW)
EP 4 (ZAW)
EP 4 (UNI)
EP 5 (UNI)
EP 6 (UNI)
EP 6 (ZAW)
EP 7 (UNI)
EP 7 (ZAW)
EP 8 (UNI)
EP 8 (ZAW)
EP 9 (UNI)
EP 9 (ZAW)
EP 10 (UNI)
EP 10 (ZAW)
EP 11 (UNI)
EP 11 (ZAW)
EP 12 (UNI)
EP 12 (ZAW)
💌
EP 5 (UNI)
192 17 28
By Onyourm__aple
Meeting Roomမှာ ဂျောင်ဆူးပြန်လာတာကိုတွေ့တာနှင့် အတွင်းရေးမှူးအစ်မက *အခန်းထဲမှာ ဧည်သည်ရောက်နေတယ် သူဌေးလေး *တဲ့လေ။မဟုတ်မှ..ဦး ,များလား။ပထမဒိတ်ပြီးကတည်းက မတွေ့ရတာ တစ်ပတ်‌ရှိပြီ။ဦးဘက်က မဆက်သွယ်လာသလို ဂျောင်ဆူးဘက်ကလည်း မဆက်သွယ်ဖြစ်ပေ ။ အခုတော့ ဦးက ဂျောင်ဆူးဆီ ဆိုက်ဆိုက်‌မြိုက်မြိုက် ရောက်လာပြီပဲ ။
တစ်ဖက်သူက ဘယ်သူလဲ ဂျောင်ဆူးမသိသေးဘူး *ဦး*ဆိုတဲ့ အတွေးတစ်ခုနဲ့တင် ခြေလှမ်းတွေကို မပြေးရုံ၊ခပ်သွယ်သွယ် လျှောက်လာဖြစ်သည်
ဝန်ထမ်းတစ်ချို့က ဂျောင်ဆူးရဲပုံစံကို  ကွက်ကြည့်၊ကွက်ကြည့်,လုပ်နေ၏။သူတို့အတွက် ထူးဆန်းနေမှာပေါ့။အမြဲ တည်ငြိမ်နေ‌တဲ့ဂျောင်ဆူး၊အလုပ်မှာ ပြဿာနာဖြစ်ရင်တောင် အေးဆေးစွာ ဖြေရှင်းတတ်တဲ့ဂျောင်ဆူးက အခုလို ပြာယာခတ်တာ သူတို့ရဲ့သိချင်စိတ်၊ စပ်စုချင်တဲ့စိတ်ကို လှုံဆော်ပေးသလိုပဲ။
အခန်းရှေ့အရောက် ခြေလှမ်းတို့ကို အရှိန်လျော့ကာ  ဂျောင်ဆူး အနည်းငယ်အိန္ဒြဆယ်ရသည်။သေသပ်နေတဲ့အနောက်တိုင်းဝတ်စုံကို ပိုသေသပ်အောင် ပြင်လိုက်သည်။ဆံပင်ကိုလည်း လက်ကလေးဖြင့် ဟိုဖိ၊ဒီဖိ လုပ်လိုက်ပြီးမှ အသည်းပုံနှုတ်ခမ်းလေး ပေါ်တဲ့အထိ ,ချစ်ဖို့ကောင်းအောင် ပြုံးရင်းး အခန်းတံခါးဆွဲဖွင့်လိုက်သည်။
"ဂျောင်ဆူး!!!"
ပါးစပ်ထဲ ပဲပြား ပလုတ်ပလောင်း စားရင်း ဂျောင်ဆူးနာမည်ကို အသံကျယ်ကြီးဖြင့် ထအော်ခေါ်လိုက်တဲ့ ဂျောင်ဆူးချစ်သူငယ်ချင်းက ဆိုဖာထက် အခန့်သား နေရာယူနေ၏။‌ဂျောင်ဆူး နှာခေါင်းရှုံ့ဖြစ်သည်။ဧည့်သည်ဆိုတာ ဒီကောင်လား။ဂျောင်ဆူးက ဦး,ထင်ခဲ့တာ။
အတွင်းရေးမှူးအစ်မကလည်း စကားကို သေချာရှင်းအောင် မပြောဘူး။ဘတ်ခ်ဟွန်းကို မသိတာလည်း မဟုတ်ဘူး။New Brandအတွက် မော်ဒယ်ရောက်နေတယ်ပဲဖြစ်ဖြစ်၊သူဌေးလေး သူငယ်ချင်း ရောက်နေတယ်ပဲဖြစ်ဖြစ် သုံးနှုန်းသင့်တာပေါ့။အခုတော့ ဧည်သည်တဲ့လား။
"ဘာလဲ! ဘာလဲ ပြော ...ငါ မအားဘူး"
"မင်းကလဲ ငါ စိတ်ညစ်လာတာကို။ကောင်းကောင်း ဆက်ဆံစမ်းပါ"
"ဒါက ဘာဖြစ်လာတာလဲ"
စားပွဲပေါ်က ပဲပြားအထုပ်ကြီးကြီးကို  မေ့ငေါ့ပြ
ရင်းဂျောင်ဆူး မေးလိုက်သည်။
"မကောင်းတဲ့နေရာရောက်ခဲ့လို့...ပဲပြားစားနေတာ"
အထူးအဆန်း သိပ်လုပ်သည့်ကောင်မို့ ဂျောင်ဆူး အရေးလုပ်မနေဘဲ အလုပ်စားပွဲရှေ့ထိုင်ကာ Fanshion Week အတွက် designတွေ ပြန်စစ်နေလိုက်သည်။နောက်တစ်နာရီ‌မှာ ဘတ်ခ်ဟွန်းနဲ့
ဟင်ဒရီတို့နဲ့အတူ ရိုက်ကူးရေးရှိတာမို့ ဒါတွေအရင် ပြီးအောင် လက်စသတ်မှာ ရမည်။
မော်ဒယ်တစ်ယောက်အတွက် အချိန် ဒီလောက်ပေါမှန်း ဂျောင်ဆူး မသိခဲ့ဘူး။ညနေ့ ၄နာရီမှာ ရိုက်ကူးနေစပြီး ဓာတ်ပုံရိုက်မှာကို ဘတ်ခ်ဟွန်းက တစ်နာရီစောင့်ပြီး ရောက်ချလာသည်။
“ဒုန်း!”
တံခါးမခေါက်ဘဲ အခန်းထဲ ပြေးဝင်လာတဲ့ဟင်ဒရီက ဂျောင်ဆူးဘက်က အခန်းထဲဝင်ရင် တံခါးခေါက်ဖို့ ဘယ်လောက်ပြောပြော မမှတ်ထားဘူးပဲ။
“စီနီယာ!!အဆင်ပြေရဲ့လား။သူများကား ဝင်တိုက်လို့ဆို!ရဲစခန်းရောက် သွားတယ်ဆို!!”
“ရော့..ရော့မင်းအရင် ရေသောက်လိုက်အုံး”
ဟိုကရွဲ့ပြီး ရေဗူးကမ်းပေးတာကို ဟင်ဒရီက တကယ်သောက်ချပစ်၏။
“စီနီယာ...”
“မင်း အမောပြေရင် ပြောပြမယ်။ငါ ရဲစခန်းရောက်ခဲ့တယ်ဆိုတာ အမှန်ပဲ။ဒါပေမဲ့ ဟိုဘက်က အများကြီး ထိခိုက်မသွားတာလို့ ကျေအေးပေးလိုက်တယ်”
“တော်ပါသေးရဲ့။စီနီယာ ထိခိုက်တာ ရှိလား”
“ဟင့်အင်း။မင်း အမြင်ပဲ ငါအကောင်းကြီးကို ”
စကားပြောရင်နဲ့ပဲ ဘတ်ခ်ဟွန်းက နောက်ထပ်ပဲပြားတစ်ခု ပါးစပ်ထဲ ထပ်ထည့်၏။ဒါနဲ့ နေပါဦး။အစောနက ဘတ်ခ်ဟွန်းပြောတာ မကောင်းတဲ့နေရာ ရောက်ခဲ့လို့ ပဲပြားစားနေတာ??
"မင်းရဲ့ပထမဒိတ် ဘာလိုဖြစ်သွားပြီလဲ"
ပဲပြားကိစ္စ ဘတ်ခ်ဟွန်းကို မေးမယ်ကြံနေတုန်း ဘတ်ခ်ဟွန်းက စပ်စုတော့တာပဲ။စပ်စပ်စုစုလုပ်နေတဲ့ဘတ်ခ်ဟွန်းကို ဂျောင်ဆူး ခေါင်းသာ ခါပြလိုက်သည်။တကယ်လည်း ဂျောင်ဆူး မသိဘူး။ဦးဘက်က ဂျောင်ဆူးကို ပထမဒိတ်ပြီးကတည်းက မဆက်သွယ်တာ။ဂျောင်ဆူးက ဘာလိုလုပ် သိမှာလဲ။
“ကျွင့်က ပြောတယ်။ဟိုရက်က အစ်ကိုဂျောင်ဆူး လူတစ်ယောက်နဲ့ သူ့ဆိုင်လာတယ်တဲ့။အဲ့ဒါ အိမ်က တွေ့ခိုင်းတဲ့သူလား ”
“အွန်း ဟုတ်တယ်”
“ဘာ!!!”
ဘတ်ခ်ဟွန်းနဲ့ဟင်ဒရီက အသံက နားကွဲမတတ်ထွက်ပေါ်လာ၏။‌ဂျောင်ဆူးစကားမှာ ဘာအမှားပါလို့လဲ။သူတို့မေးလိုလည်း ဖြေရသေးတယ်။တကယ့် ကောင်တွေ။
“အစ်ကိုဂျောင်ဆူး ကျွင့်လက်ရာကြိုက်မှန်းသိပေမဲ့ ပထမဒိတ်လုပ်ရင် ကျွင့်ဆိုင် သွားမစားပါနဲ့လို့ ပြောထားရက်နဲ့”
ဟုတ်တယ်။ဟင်ဒရီက ထိုကိစ္စ ခဏ ခဏ ပြောပေမဲ့ ဂျောင်ဆူးက တစ်ခါလေးတောင် မမေးဖူးဘူး။
“ဘာလို့လဲ”
"Luosifenက စားကောင်းပေမယ့်...မိသားစု တွေ့ဆုံပွဲလောက်မှာပဲ စားသင့်တာ။ချစ်သူနဲ့ ဒိတ်တဲ့အချိန် စားရင် First Date is Last Date ပဲ,
သူ့အသံက ခြေထောက်အနံ့ကြီးလေ"
*First Date is Last Date*
*First Date is Last Date*
*First Date is Last Date*
ဟင်ဒရီစကားတဲ့ ထိုစကားက ကျွန်တော့်နားထဲ တဝဲလည်လည်။ဟင့်အင်း အဲ့လိုအဆုံးသတ်လို့ မရဘူး။ဂျောင်ဆူးက ဦးကို စတွေ့ကတည်းက သဘောကျ‌ခဲ့တာ။
“ကျွင့်ဆိုင်ကို မသွားပါနဲ့လို့ ပြောထားရက်နဲ့။‌နောက်တစ်ခါ ကျွင့်ဆိုင် သွားမထိုင်နဲ့!”
သူ့ချစ်သူဆိုင်ကို သွားမစားဖို့ ပြောနေတဲ့ဟင်ဒရီက အားတတ်တရောပါပဲ။ဟိုကကြားရင် ခေါင်းခေါက်ခံရမှာ ။
“မင်း အသာနေစမ်းပါ။ငါ့သူငယ်ချင်းက လက်ထပ်ချင်တာ မဟုတ်ဘူး။တစ်သက်လုံး
လူပျိုကြီး လုပ်မှာ မင်းသိရဲ့လား”
ဘယ်တုန်းက လူပျိုကြီးလုပ်မယ်လို့ ဂျောင်ဆူး ပြောခဲ့ဖူးလိုလဲ။သူတို့က အတင်း ဂျောင်ဆူးကို လူပျိုကြီး လုပ်မယ်လို့ တွေးနေပြီးတော့။ဒါကိုမသိတဲ့ဟင်ဒရီကလည်း *ဟုတ်လား*တဲ့လေ။ဒီစီနီယာနဲ့ဂျူနီယာက တအားလိုက်တာ။ပေါ‌တောတဲ့နေရာမှာ။
"အဲ့လူ စစ်မှုထမ်းပြီးတဲ့နေ့ မင်း ဘာပေးလိုက်လဲ"
"ပဲပြား~"
"ဘယ်မှာ ဒိတ်ခဲ့ကြလဲ "
"အမျိုးသား ပြတိုက်"
"နေလည်စာကို ရှောင်ကျွင့်ဆိုင်မှာ စားခဲ့တာ ဟုတ်လား”
“အွန်း”
"ဒါဆို မင်း Misson Complete !!စိတ်မပူနေနဲ့တော့,မင်း အဲ့လူနဲ့ လက်မထပ်ရတော့ဘူး"
အားရပါရ,ဂျောင်ဆူး နားမလည်သောစကားတွေကို ပြောနေသည် ဘတ်ခ်ဟွန်းကို ထုသတ်ပစ်ချင်သည့်စိတ်ပဲ။ဘာကို လက်မထပ်ရဘူးလဲ။ဦးက ဂျောင်ဆူးကိုပဲ လက်‌ထပ်မှာကို....
"ဘာလဲ!...ဘာအတွက် မင်းက တဟားဟား ရယ်နေရတာလဲ"
"ဟာ~မင်း တစ်သက်လုံး လူပျိုကြီး ဖြစ်တော့မှာမလို့ ဂုဏ်ပြုပေးနေတာလေကွာ"
"ဘာကွ!!! ,မင်း ရူးနေလား"
"စိတ်လည်း အရမ်းမပူပါနဲ့!ဂျောင်ဆူးရာ~...မင်းအစီအစဉ် တကယ်အောင်မြင်တယ်။မင်း အဲ့လူနဲ့ သေချာပေါက် လက်မထပ်ရဘူးဆို"
လာပြန်ပြီ  ဒီစကား။ဂျောင်ဆူး သက်ပြင်းရှည်တစ်ခုချပြီး ဒေါသ တစ်ထစ်လျော့ရသည်။မဟုတ်ရင်...အဲ့ကောင်ကို သတ်မိတော့မယ်။
“ဘာလို့ မင်းက ငါ လက်မထပ်ရဘူးလို့ ပြောနိုင်ရတာလဲ”
မေးတာ ဘတ်ခ်ဟွန်းကို ဆိုပေမဲ့ ဟင်ဒရီက အစား‌ဝင်ဖြေပေး၏။သူ့စီနီယာကို တအားချစ်နေတာ။
“ရှင်းတယ်လေ အစ်ကိုဂျောင်ဆူးရာ~အစ်ကို လုပ်ရက်တွေက အကုန်ပြည့်စုံနေတာ။နိုင်ငံတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လာတဲ့သူကို ဘယ်သူက ပဲပြားနဲ့ ဂုဏ်ပြုလို့လဲ။အချုပ်ခန်း၊ထောင်ထဲက ပြန်လာတဲ့သူမှာ ပဲပြားစားရတာလေ...အခု စီနီယာ ပဲပြားစားနေတာပဲကြည့်။ ရဲစခန်းက ပြန်လာရလို့လေ”
ပဲပြားပေးလိုက်သည့်အချိန်မှာ ရှုံ့မဲ့သွားပြီး အီလည်လည်ဖြစ်သွားသည့် ဦးရဲ့မျက်နှာက
ဂျောင်ဆူးအတွေးထဲ တရေးရေးပေါ်လာသည်။
"ပြီးတော့ အမျိုးသားတိုက်လို့ ပျင်းစရာကောင်းတဲ့နေရာမှာ ဘယ်သူမှာ မဒိတ်ကြဘူး"
အမျိုးသားတိုက်မှာ...ဟိုကြည့်,ဒီကြည့်နှင့် တစ်ခါ,တစ်ခါ ဂျောင်ဆူးကို မျက်နှာငယ်လေးနဲ့ ကြည့်လာတတ်သည့် ဦးရဲ့မျက်နှာလေး....ဒါကို ဂျောင်ဆူးက ဗိုက်ဆာနေတယ်လို့ ထင်ခဲ့တာ။
“"Luosifenက အရသာရှိပေမဲ့ ဟင်ဒရီပြောသလိုပဲ။အဆုံးသတ်ရမှာ”
တကယ်ပဲ ဂျောင်ဆူးနဲ့ဦးက First Date is Last Date ဖြစ်သွားပြီလား။ဒါကြောင့် ဦးက ဂျောင်ဆူးနဲ့ ပထမဒိတ်လုပ်ပြီး ,နောက်ထပ် ‌ဒိတ်ဖို့ မဆက်သွယ်ရတာပေါ့။ဦးက တကယ်ပဲ ဂျောင်ဆူးကို စိတ်ပျက်သွားပြီလား။
“ကဲ ....အရမ်းမပူနဲ့ ဂျောင်ဆူး ! အန်တီတို့ကလည်း မင်းဆန္ဒကို လက်ခံမှာပါ။မင်း မလုပ်ချင်တာကို အတင်းမခိုင်းပါဘူး”
ဂျောင်ဆူးမျက်နှာပျက်သွားကို ဘတ်ခ်ဟွန်းနဲ့
ဟင်ဒရီက ဆိုဖာပေါ်မှာ ထိုင်ကာ ကျွန်တော်အနားလာနှစ့်သိမ့်ပေး၏။တကယ်ပဲ ဘယ်လိုလုပ်ရမလဲ။ဦးကို ဆက်သွယ်ပြီး တောင်းပန်ရမလား။
“ဖယ်..‌ဖယ်ကြ!ငါ အဆင်ပြေတယ်”
နှစ်ယောက်သား ဝိုင်းဖက်လာတာမို့ စိတ်အိုက်၍ တွန်းဖယ်ခြင်းဖြစ်၏။တကယ်တော့ လုံးဝ  ဂျောင်ဆူး အဆင်မပြေပါ။
*တီ!တီ!တီ*
ဝင်လာတဲ့ဖုန်းကိုကိုင်လာတော့ အတွင်းရေးမှူးအစ်မက ဟင်ဒရီနဲ့ဘတ်ခ်ဟွန်းကို  အဆင်သင့်ဖြစ်ရင် ရိုက်ကူးရေးစမယ်တဲ့လေ။ဂျောင်ဆူး ဘယ်လိုစိတ်နဲ့ အလုပ်ဆက်လုပ်ရမလဲ။
“မင်းတို့ကို ခေါ်နေပြီ။သွားတော့ အဝတ်လဲခန်းမှာ စောင့်နေကြလိမ့်မယ်”
“အစ်ကိုဂျောင်ဆူးရော မလိုက်ဘူးလား”
“ငါ ဒါလေး လက်စသတ်ပြီးရင် လာခဲ့မယ်”
“မင်း တကယ် အဆင်ပြေပါတယ်နော်”
“အွန်း..အရင်ဆုံး မင်းတို့သွားတော့!”
ပိတ်ထားသည့်တံခါးရွက်ကို အကြောင်းမဲ့ ကြည့်လျက် ဂျောင်ဆူး ဘာလုပ်ရမလဲ မစဉ်းစားတတ်တော့ပေ။တစ်ခါတည်း ဘတ်ခ်ဟွန်းကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး ဘယ်လိုဆက်လုပ်သင့်သလဲ အကူညီတောင်းလိုက်ရင် ကောင်းသား။
အရင်ဆုံး ဦးဆီ မတ်ဆေ့ခ်ျ ပို့ရမယ်။
*ဦး ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်တို့ ပထမဒိတ်က ပြဿနာတစ်ချို့ ဖြစ်သွားပုံပဲ။ကျွန်တော် တကယ် ဦးနဲ့ ပထမဒိတ်က နောက်ဆုံးဒိတ် မဖြစ်ချင်ပါဘူး။ကျွန်တော် ပထမဒိတ်ဖူးတာမို့ အမှားလုပ်မိတာပါ*
တကယ်တော့ ဂျောင်ဆူး ဦးနဲ့ပထမဒိတ်ကို
ဘယ်မှာတွေ့ရမလဲ နေရာရွေးရင်  ညနက်မှာ အိပ်ပျော်သွားခဲ့တာ။Internetပေါ်မှာလည်း ပထမဒိတ်နှင့်ပတ်သတ်၍ အကုန်လိုက်ရှာကြည့်ထားပေမယ့် ဦးနှင့်တွေ့တော့ အကုန်မေ့သွား၏။ထို့ကြောင့် စိတ်ထဲပေါ်ရာ အမျိုးသားပြတိုက်တွင် ဒိတ်လုပ်ခဲ့ခြင်းပင်။
ဂျောင်ဆူးအတွက် စိတ်ဝင်စားဖြစ်တဲ့ထိုနေရာက ဦးအတွက် ပျင်းရိစရာကောင်းနေမယ် မထင်ခဲ့ဘူး။
ငယ်ငယ်ကတည်းက စာရယ်, Designဆွဲတာရယ်
ကလွှဲ၍ ကျန်တာစိတ်မဝင်စားသူမို့ စစ်မှုထမ်းပြီးသည့်နေ့မှာ ပဲပြားစား ရတယ် ထင်ခဲ့တာ။ဒိတ်မလုပ်ခင် ဘတ်ခ်ဟွန်းဆီက အကြံဉာဏ်တောင်းဖို့စိတ်ရှိပေမယ့် ဘတ်ခ်ဟွန်းဆီမှာ အ,စ နောက်တာ မခံနိုင်တာကြောင့် မမေးဘဲ နေခဲ့ခြင်းဖြစ်၏။‌အနေအေးပြီး တည်ငြိမ်ရင့်ကျက်သည့်ဂျောင်ဆူးကို သူငယ်ချင်းတွေ အကုန် လူပျိုကြီးလုပ်မယ်ထင်နေတာ။
Seen ပြသွားပေမယ့် ဦးဘက်က ပြန်စာပို့မလာပါ။ဖုန်းကို ဂျောင်ဆူး ခဏ ၊ခဏ ကြည့်ဖြစ်သည်။Noti On မထားမိမှာစိုး၍ ပြန်စစ်ကြည့်တော့ Onထား၏။
နာရီဝတ်လောက်ထိ ဦးဘက်က စာပြန်မပို့လာပါ။ဂျောင်ဆူး ဘာမှမစဉ်းစားနေတော့။ကုတ်အင်္ကျီနဲ့ကားသော့ ကောက်ယူကာ ဦးတို့ အိမ်ဘက် ထွက်လာသည်။
ဘတ်ခ်ဟွန်းတို့ကိုလည်း အပြင် ခဏ သွားဦးမယ် ဝင်ပြောခဲ့တော့ နှစ်ယောက်သားပျော်နေကြလိုက်တာများ မြင်မကောင်းဘူး။သူတို့ကိုယ် သူတို့ မော်ဒယ်ဆိုတာ မေ့သွားတဲ့ပုံပဲ။
ရိုက်ကူးရေးစတာနဲ့ အစ၊အဆုံး မျက်စိထောင့်ထောက်ကြည့်ကာ စိတ်ကြိုက်မဖြစ်မချင်း ထပ်တလဲလဲ ဓာတ်ပုံရိုက်ခိုင်းတဲ့ဂျောင်ဆူးအကျင့်ကိုသိနေတဲ့  ရိုက်ကူးရေးတစ်ဖွဲ့တစ်လုံးက အထူးအဆန်းကြည့်လာကြသည့်အပြင် ပုံမှန် ၈နာရီမှာ အလုပ်ဆင်းတဲ့အလုပ်သရဲလေး ဂျောင်ဆူးကို အတွင်းရေးမှူးအစ်မရော,ဝန်ထမ်းတွေပါ အထူးအဆန်းဖြစ်နေကြ၏။
ဒါပေမဲ့ ဂျောင်ဆူး ဘာမှဂရုမစိုက်နေဘဲ ဦးတို့အိမ်ကိုသာ ဦးတည်လိုက်သည်။ဂျောင်ဆူးရဲ့ပထမဆုံးအချစ်ကို လွယ်လွယ်နဲ့ အဆုံးမသတ်ချင်ဘူး။
ဦးဘက်က ချစ်လာအောင် ဂျောင်ဆူး မဆွဲဆောင်တတ်ပေမဲ့ ဦးအချစ်ကိုတော့ လိုချင်၏။
အချိန်ကြာကြာ ဦးအနားမှာ ဦးရဲ့ဂရုစိုက်မှုတွေ လိုချင်၏။
ဦးရဲ့ငယ်ဘဝမှတ်ဉာဏ်တွေထဲမှာ ဂျောင်ဆူးဆိုတဲ့ကျွန်တော် မရှိခဲ့ပေမဲ့ အခုအချိန်ကစပြီး ဦးရဲ့နှလုံးသားထဲ၊မှတ်ဉာဏ်တွေထဲပါမကျန် ဂျောင်ဆူးကပဲ နေရာ အပြည့်ယူထားချင်တာ။
🎀🎀🎀
13.02.22🍎
Continue Reading
You'll Also Like
1.8K 216 5
"​အရှင်ရဲ့ခမ်​နွမ်းနွမ်းအပြုံးရယ်​၊နှုတ်​ခမ်းဖျားက​အမျက်​​ကြောင့်​ထွက်​သွားတဲ့ငါရဲ့ကျိန်​စာကိုငါမှတ်​မိတယ်​!!" #မနုဟာမင်းရဲ့သမိုင်းကို​နောက်​ခံ...
19.2K 1.7K 6
ညီ ဖြစ်သူ အား လွန်စွာ သဝန်တို သော Kim Suho Suho : ကျွန်တော့ ညီ နုနု ထွတ်ထွတ်လေး ကို ဘယ်သူ နဲ့ မှ သဘောမတူ နိုင်ဘူး အစ်ကို သဝန်တို သလောက် ငမ်းငမ်း တ...
83.6K 11.2K 41
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
82.9K 6.4K 25