Zawgyi
အပိုင္း (၈၉၄) – ဆိုးသြမ္းေသာ ေရွာင္ခ်ီ
လွ်ိဳ႕ဝွက္အခန္းအျပင္ဘက္တြင္ အားလံုးသည္ ႏွစ္ရက္ၾကာမွ် စိုးရိမ္စြာ ေစာင့္ဆိုင္းေနျပီးမွ ေနာက္ဆံုးတြင္ တံခါးပြင့္လာေလသည္။
နတ္ဆိုးစြမ္းအင္ထြက္ျခင္းမွကာကြယ္ရန္ သူတုိ႔သည္ လွ်ိဳ႕ဝွက္အခန္း ကို အတားအဆီးျပဳလုပ္ကာ အထဲမွအျဖစ္အပ်က္မ်ားကို လံုးဝပိတ္ထားခဲ့ သည္။ ထို႔ေၾကာင့္ ထို၂ရက္အတြင္းမွ အျဖစ္အပ်က္မ်ားကို မည္သူမွမသိၾက ေပ။
တံခါးပြင့္လာကာ ဟုန္ယြမ္တစ္ေယာက္တည္းထြက္လာေလသည္။ အားလံုးသည္ ေနရခက္သြားၾကသည္။
မေအာင္ျမင္ဘူးလား။
"ဘုန္းေတာ္ၾကီး ဘုရင္ၾကီးက..."
"ယူယူေရာ"
"ေပါင္းစပ္ေနတုန္း တစ္ခုခုျဖစ္ခဲ့တယ္၊ ဘုရင္ၾကီးရဲ႕ ဝိဥာဥ္က ေပါင္းစပ္ ျပီးသြားျပီ ဒါေပမဲ့ ခႏၶာကိုယ္နဲ႔ သဟဇတမျဖစ္တာေတြရွိေသးတယ္၊ အခု သူ သတိေမ့ေနတယ္" ဟုန္ယြမ္သည္ လူအုပ္ကိုေက်ာ္ျဖတ္ကာ ထြက္သြားေလ သည္။
ေရွာင္ခ်ီ အရင္ဆံုးေျပးသြားေလသည္။ ဒီလူၾကီးကေတာ့ ယူယူ႔ အေၾကာင္းဘာမွလဲေျပာမသြားဘူး။ ဒီအေျခအေနကို အခြင့္ေကာင္းယူျပီး သူမကို ထိခိုက္ေအာင္လုပ္လိုက္တာလား။
အားလံုးသည္ စႏိုးစေနာင့္ျဖစ္ေနၾကသည္။ သူတုိ႔ နားလည္သေလာက္ ဆိုလွ်င္ အေျခအေနမ်ားအကုန္အဆင္ေျပသည္။ ဒီလိုမျဖစ္ရဘူးမလား။
"ယူယူ အဆင္ေျပရဲ႕လား" ေရွာင္ခ်ီသည္ ေျပးသြားကာ ဖန္ေက်ာက္ဖ်ာ ေပၚတြင္ လွဲေနေသာ ဝူလင္းယူအားၾကည့္ျပီး ရွီမာယူယူ၏ လက္ကိုဆုပ္ကိုင္ လိုက္သည္။
ရွီမာယူယူ၏ မ်က္ႏွာသည္ မ်က္ရည္မ်ားျဖင့္ စိုေနတုန္းပင္။ သူမသည္ မ်က္ရည္မ်ားကိုသုတ္ျပီး တြန္႔ဆုတ္စြာျပံဳးလိုက္သည္ "အဆင္ေျပပါတယ္"
"ဘယ္လိုလုပ္အဆင္ေျပမွာလဲ ယူယူက စာခ်ဳပ္ဖ်က္ရမွာေလ အဲလိုဆို ရင္ ထိခုိက္မွာပဲ" ေရွာင္ခ်ီသည္ မယံုေပ။
"ငါ စာခ်ဳပ္မဖ်က္ခဲ့ဘူး" ရီွမာယူယူ ေျပာလုိက္သည္။
"မဖ်က္ခဲ့ဘူးလား ဒါဆို သူ...." ေရွာင္ခ်ီသည္ ဝူလင္းယူအား အံ့ၾသစြာ ၾကည့္ေလသည္။
ရွီမာယူယူ ေခါင္းညိမ့္လုိက္သည္ "မိုရွားက ငါ့ကိုသတိေမ့ေအာင္လုပ္ျပီး စာခ်ဳပ္ဖ်က္လုိက္တာ၊ သူ႔ဝိဥာဥ္ပ်က္ဆီးသြားျပီး အတိမ္းအေစာင္းျဖစ္သြား တယ္"
"မိုရွား သူ..." ေရွာင္ခ်ီသည္ မွင္တက္သြားသည္။ မိုရွားမွစျပီး စာခ်ဳပ္ကို ဖ်က္လိမ့္မည္ဟု သူမ မထင္ထားေပ။
ဟြာဒိႏွင့္ တျခားသူမ်ားသည္ ဘာေၾကာင့္ အတိမ္းအေစာင္းျဖစ္သြား သည္ကို နားလည္သြားေလျပီ။ သူတုိ႔သည္ ျဖစ္ႏိုင္ေခ်မ်ားစြာကို တြက္ခ်က္ခဲ့ ေသာ္လည္း မိုရွားမွ စျပီး စာခ်ဳပ္ကိုဖ်က္လိုက္ေသာေၾကာင့္ သူမ မထိခိုက္ သည္ကိုေတာ့ မထင္ထားခဲ့ေပ။
"အခု ဘုရင္ၾကီးရဲ႕ အေျခအေနဘယ္လိုလဲ" ဘာက်ားဇီသည္ မိုရွား၏ လုပ္ေဆာင္မႈေၾကာင့္ ရင္ထဲထိသြားကာ အိပ္ရာေပၚမွလူကို ေလးစားသြား သည္။
"ဒါနဲ႔ ယူယူ သူ အခု ဘယ္လိုေနလဲ" ေရွာင္ခ်ီ ေမးေလသည္။
"သူ႔အေျခအေနကို ငါ မစစ္ေဆးရေသးဘူး" ရွီမာယူယူ ျပန္ေျဖေလ သည္ "အရင္စမ္းၾကည့္မယ္"
"ဒါဆို ျမန္ျမန္စစ္ၾကည့္" ဟြာရံႈ ေျပာေလသည္။
ရီွမာယူယူ ေခါင္းညိမ့္ကာ ေသြးေၾကာစမ္းၾကည့္ေလသည္။
"ဘယ္လိုလဲ" ဟြာရံႈ ေဘးမွ ေလာေလသည္။
"မင္းတို႔ ဘုန္းေတာ္ၾကီးေျပာသလိုပဲ သူတုိ႔ဝိဥာဥ္က ေကာင္းေကာင္း ေပါင္းစပ္သြားတယ္၊ ထူးဆန္းတာ ဘာမွမေတြ႕ဘူး၊ ဒါေပမဲ့ ခႏၶာကိုယ္နဲ႔ ဝိဥာဥ္နဲ႔က သိပ္ျပီးမကိုက္ညီေသးဘူး အဲဒါေၾကာင့္ သတိေမ့ေနတာ" ရွီမာယူယူ ေျပာလုိက္သည္။
"ဒါဆို သူ႔ကိုကယ္ဖို႔ နည္းလမ္းရွိလား" ဘာက်ားဇီ ေမးေလသည္။
"စမ္းၾကည့္လုိ႔ရတယ္ ဒါေပမဲ့ ရလဒ္ကိုေတာ့ အာမမခံႏုိင္ဘူး"
"ဒါဆို ဘယ္လိုလုပ္မွာလဲ"
"တစ္ခုေတာ့စဥ္းစားထားတယ္" ရီွမာယူယူ ေျပာလိုက္သည္ "ငါ ေငြအပ္သံုးတဲ့နည္းကို စမ္းၾကည့္မယ္... အဲဒါနဲ႔ ေဆးနဲ႔တြဲကုမယ္"
ေရွာင္ခ်ီသည္ သူမ၏ ေငြအပ္ကုနည္းကို အရင္ကျမင္ဖူးသည္။ သူမ ေျပာစကားကိုၾကားလုိက္ေသာအခါ သူမတြင္ ယံုၾကည္မႈတစ္ခုရွိသည္ကို သိ လုိက္သည္ "ဒါဆို အခုပဲစလုိက္ေလ"
ရွီမာယူယူသည္ တျခားသူမ်ားကိုၾကည့္ကာ သတိေပးလုိက္သည္ "ခံစားႏိုင္တဲ့သူက အပ္ေၾကာင့္အေႏွာင့္အယွက္ျဖစ္သြားလိမ့္မယ္ နည္းနည္း ေလာက္ ေနာက္ဆုတ္ေပး ေရွာင္ခ်ီ ငါ့အကူအေနနဲ႔ ေနခဲ့ေပး"
ဟြာဒိႏွင့္ ဘာလ်န္ခ်ီတို႔သည္ မေသခ်ာစြာ တစ္ေယာက္ႏွင့္တစ္ ေယာက္ ၾကည့္ေလသည္။ ဟြာက်င္းသည္ ေဘးမွေျပာေလသည္ "မ်ိဳးႏြယ္ ေခါင္းေဆာင္ သခင္ေလးယူယူက ဘုရင္ၾကီးကို ထိခုိက္ေအာင္လုပ္မွာမဟုတ္ ပါဘူး"
"ဒါဆို အျပင္သြားျပီးေစာင့္ရေအာင္" ဟြာဒိ ေျပာေလသည္။
အားလံုးထြက္သြားသည္ႏွင့္ ဘာက်ားဇီသည္ လွ်ိဳ႕ဝွက္အခန္း အဝင္ဝတြင္ ရုတ္တရက္ရပ္သြားေလသည္။ သူမ လွည့္ၾကည့္ျပီး "ယူယူ အဲဒီ ဘုရင္ၾကီးက ဘာျဖစ္သြားလဲ၊ လူသားလား နတ္ဆိုးလား"
သူမေျပာလုိက္သည္ႏွင့္ လွ်ိဳ႕ဝွက္အခန္းတစ္ခုလံုး ရုတ္တရက္ ျငိမ္က် သြားသည္။ အားလံုးသည္ ယူယူ႔ကိုၾကည့္လုိက္ၾကသည္။
"သူအခု ဘာအရည္အခ်င္းရွိလဲေတာ့ ငါလည္းမသိေသးဘူး၊ ဒါေပမဲ့ နတ္ဆိုးဘုရင္ဆိုတဲ့ ေခါင္းစဥ္ေတာ့ ေပ်ာက္သြားမွာမဟုတ္ဘူး" ရွီမာယူယူ ျပန္ေျဖေလသည္ "သူ႔မွာ အေမွာင္အရည္အခ်င္းရွိေသးတယ္"
သူမေျပာလုိက္သည္ကို နားေထာင္ျပီးေသာအခါ နတ္ဆိုးမ်ိဳးႏြယ္ဝင္ မ်ားသည္ စိတ္ေအးကာ ေပ်ာ္ၾကေလသည္။
"ယူယူ ေရွာင္ခ်ီက ဘယ္လိုလုပ္ရမလဲဆိုတာ မသိဘူး၊ ဘာလို႔ေနခိုင္း တာလဲ" ေရွာင္ခ်ီ ေမးလုိက္သည္။
"ဟုတ္တယ္" ရီွမာယူယူ ေျပာလုိက္သည္ "ေရွာင္ခ်ီ မင္းသူ႔ကို ကယ္ေစ ခ်င္တာ"
"ေရွာင္ခ်ီကလား ဘယ္လိုကယ္ရမွာလဲ"
"ငါ မင္းရဲ႕ ေသြးအဆီအႏွစ္နဲ႔ အသားနည္းနည္းလိုတယ္" ရီွမာယူယူ ေျပာလုိက္သည္။
"အင္း ဘယ္ေလာက္လဲ" ေရွာင္ခ်ီ ေမးလိုက္သည္။
"ေသြးအဆီအႏွစ္ ႏွစ္စက္နဲ႔ အသား ကီလိုဂရမ္ တစ္ဝက္ေလာက္"
ေရွာင္ခ်ီသည္ သူမ၏ လက္ေခ်ာင္းကိုကိုက္ျပီးေနာက္ ေသြးႏွစ္စက္ကို ပန္းကန္လံုးထဲထည့္လုိက္ေလသည္။ ထုိ႔ေနာက္ သူမသည္ အသား ကီလိုဂရမ္တစ္ဝက္ထုတ္ျပီး ရီွမာယူယူထုတ္လာေသာ ေက်ာက္စိမ္း ဇလံုထဲ ထည့္လုိက္သည္။
"ေက်းဇူးပဲ ေရွာင္ခ်ီ" ရီွမာယူယူသည္ ေက်းဇူးတင္ရင္း အျပစ္မကင္း သလိုေျပာလိက္သည္။
သူမႏွင့္ ရွိခ်ိန္တြင္ သူမ၏ အေသြးႏွင့္အသားကိုေတာင္းရန္ ယူယူ မစဥ္းစားခဲ့ေသာ္လည္း အခု တစ္စံုတစ္ေယာက္ကိုကယ္တင္ရန္လိုအပ္လာ သည္။
"ယူယူနဲ႔ ေရွာင္ခ်ီနဲ႔က တစ္သားတည္းပဲေလ" ေရွာင္ခ်ီ ေျပာေလသည္ "ျပီးေတာ့ ဒီေလာက္နည္းနည္းေလးက ေရွာင္ခ်ီ႕အတြက္ အေရးၾကီးတာ လည္းမဟုတ္ဘူး၊ တစ္စက္ေလာက္ပဲကို"
"ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္တယ္" ရီွမာယူယူ ေျပာလုိက္သည္။
"ျမန္ျမန္သူ႔ကိုကယ္လုိက္" ေရွာင္ခ်ီ သတိေပးေလသည္ "အဲဒါက သူက ယူယူ႔အေပၚ ေကာင္းေပးလုိ႔ပါ"
"အင္း ငါ ေဆးသြားေဖာ္လုိက္ဦးမယ္"
ရီွမာယူယူသည္ ေဆးဖိုထုတ္လုိက္သည္။ ကမာၻေျမၾကီးမ်က္လံုး၏ အေသြးႏွင့္အသားတုိ႔အျပင္ တန္ဖိုးၾကီး ေဆးအမ်ားအျပားထည့္လုိက္သည္။ အထူးသျဖင့္ သူမသည္ ဝိဥာဥ္အရည္ကို ပိုပိုသာသာထည့္သည္။
ထိုကဲ့သို႔ေဆးမ်ိဳးသာ ပံုမွန္သက္ေရာက္မႈရွိေသာ သာမာန္ေဆးမ်ိဳး မဟုတ္ေပ။ သို႔ေသာ္ ေဆးဖက္ဝင္ပစၥည္းမ်ားကို စုပ္ယူရန္ အထူး ေကာက္ႏုတ္ထားျခင္းျဖစ္သည္။
ေဆးေဖာ္ျပီးေနာက္တြင္ သူမသည္ ေရွာင္ခ်ီကိုထြက္ခုိင္းျပီး ဝူလင္းယူ အပ္စိုက္ရန္ ျပင္ေလသည္။
ေရွာင္ခ်ီသည္ သူမအား ႏႈတ္ခမ္းတြန္႔ျပံဳးရင္း မ်က္စိမွိတ္ျပကာ သြားျဖဲ ျပီးေျပးထြက္သြားေလသည္။
အစကတည္ျငိမ္ေနေသာ ရီွမာယူယူသည္ ထိုအရာေၾကာင့္ ရွက္လာ သည္။
တျခားသူတစ္ေယာက္၏ ခႏၶာကိုယ္ကို ျမင္ရသည္မွာ သူမအတြက္ ပထမဆံုးအၾကိမ္မဟုတ္ေပ။ သို႔ေသာ္ သူ႔ကို အက်ႋခၽြတ္ေပးရမည္ဟု ေတြး လုိက္သည္ႏွင့္ ေနရခက္လာသည္။
"ဒီေကာင္မေလးကေတာ့ ဝိဥာဥ္ေစတီမွာေနတုန္းက ဟိန္းသံေလးရဲ႕ မေကာင္းတဲ့အတတ္ေတြတတ္လာတယ္" သူမ ျပံဳးျပီး ေငါက္ငမ္းလိုက္ သည္။ သူမသည္ ေငြအပ္တစ္ေခ်ာင္းထုတ္ကာ အပ္စိုက္ရန္ျပင္လိုက္သည္။
သူမ အသက္ျပင္းျပင္းရႈျပီး စိတ္ကိုတည္ျငိမ္ေအာင္လုပ္လုိက္သည္။ တည္ျငိမ္ေအာင္လုပ္ျပီးေနာက္တြင္ သူ႔အဝတ္မ်ားကို ခၽြတ္လုိက္သည္။
အဝတ္မပါပဲ အပ္စိုက္ရမည္။ ဒီတစ္ခါေတာ့ သူ႔ကို လူနာတစ္ေယာက္ အေနနဲ႔ သတ္မွတ္ရမည္။
သံုးနာရီၾကာေသာအခါ ေနာက္ဆံုးအားျဖင့္ အက်ႋျပန္ဝတ္ေပးလုိက္ျပီး ေျမေပၚသို႔ လွဲလုိက္သည္။
အျပင္တြင္ေစာင့္ေနေသာ ေရွာင္ခ်ီသည္ အထဲမွလႈပ္ရွားသံၾကားလုိက္ သည္ႏွင့္ အရင္္ဆံုးေျပးဝင္သြားသည္။ ဘာက်ားဇီႏွင့္ ဟြာရံႈတုိ႔လည္း ေျပးဝင္ လာၾကသည္။
"ယူယူ မင္း ဘယ္လိုေနလဲ" ဟြာရံႈသည္ ရွီမာယူယူ၏ ေဖ်ာ့ေတာ့ေသာ မ်က္ႏွာကိုသတိထားမိျပီး ေမးေလသည္။
"အဆင္ေျပပါတယ္" ေရွာင္ခ်ီ၏ အကူအညီႏွင့္ ရီွမာယူယူသည္ ဖန္ ေက်ာက္ဖ်ာကိုမွီလုိက္သည္ "စိတ္စြမ္းအင္အမ်ားၾကီးသံုးလိုက္လို႔ နည္းနည္း ပင္ပန္းသြားတာပါ"
သူမသည္ ဝူလင္းယူအား အပ္စိုက္ေပးရာတြင္ အျမင့္ဆံုးနည္းလမ္းကို သံုးခဲ့သည္။ အပ္တစ္ေခ်ာင္းခ်င္းစီသည္ သူ၏ ေသြးေၾကာမ်ားကို စိုက္ဝင္ရံု သာမက ဝိဥာဥ္စြမ္းအင္ကိုပါထည့္လုိက္သျဖင့္ ဝိဥာဥ္စြမ္းအင္မ်ား လည္ပတ္ ျပီးခႏၶာကိုယ္ဆီသို႔ အေကာင္းဆံုးသက္ေရာက္မႈျဖစ္သြားေစသည္။
ထိုအပ္စိုက္နည္းသည္ သာမန္ထက္ ၁၀ဆ သက္ေရာက္မႈရွိကာ သာမန္ထက္ စိတ္စြမ္းအားသံုးရသည္မွာလည္း ပမာဏၾကီးမားသည္။ သူမ၏ စိတ္စြမ္းအင္သည္ သန္မာသည္။ သာမာန္လူတစ္ေယာက္သာဆိုလွ်င္ တစ္ဝက္တစ္ပ်က္ႏွင့္ အေၾကာေသသြားႏုိင္သည္။
သူမသည္ အခုေလးတင္ေဖာ္ထားေသာ ေဆးကိုထုတ္လုိက္သည္ "ေရွာင္ခ်ီ သူ႔ကိုဒါတိုက္လိုက္"
ေရွာင္ခ်ီ ေခါင္းညိမ့္ကာ ဝူလင္းယူကို ေဆးေကၽြးလုိက္သည္။
"တစ္ရက္ျပီးလို႔မွ ငါမႏိုးရင္ ငါ့ကိုလာႏိႈးေပး၊ မနက္ျဖန္ကို ေနာက္ထပ္ အပ္စိုက္ေပးရမယ္..."
ယူယူ၏ အသံသည္ ေဖ်ာ့ေတာ့သြားကာ ေနာက္ဆံုးတြင္ အိပ္ေပ်ာ္သြား ေလသည္။
Unicode
အပိုင်း (၈၉၄) – ဆိုးသွမ်းသော ရှောင်ချီ
လျှို့ဝှက်အခန်းအပြင်ဘက်တွင် အားလုံးသည် နှစ်ရက်ကြာမျှ စိုးရိမ်စွာ စောင့်ဆိုင်းနေပြီးမှ နောက်ဆုံးတွင် တံခါးပွင့်လာလေသည်။
နတ်ဆိုးစွမ်းအင်ထွက်ခြင်းမှကာကွယ်ရန် သူတို့သည် လျှို့ဝှက်အခန်း ကို အတားအဆီးပြုလုပ်ကာ အထဲမှအဖြစ်အပျက်များကို လုံးဝပိတ်ထားခဲ့ သည်။ ထို့ကြောင့် ထို၂ရက်အတွင်းမှ အဖြစ်အပျက်များကို မည်သူမှမသိကြ ပေ။
တံခါးပွင့်လာကာ ဟုန်ယွမ်တစ်ယောက်တည်းထွက်လာလေသည်။ အားလုံးသည် နေရခက်သွားကြသည်။
မအောင်မြင်ဘူးလား။
"ဘုန်းတော်ကြီး ဘုရင်ကြီးက..."
"ယူယူရော"
"ပေါင်းစပ်နေတုန်း တစ်ခုခုဖြစ်ခဲ့တယ်၊ ဘုရင်ကြီးရဲ့ ဝိဉာဉ်က ပေါင်းစပ် ပြီးသွားပြီ ဒါပေမဲ့ ခန္ဓာကိုယ်နဲ့ သဟဇတမဖြစ်တာတွေရှိသေးတယ်၊ အခု သူ သတိမေ့နေတယ်" ဟုန်ယွမ်သည် လူအုပ်ကိုကျော်ဖြတ်ကာ ထွက်သွားလေ သည်။
ရှောင်ချီ အရင်ဆုံးပြေးသွားလေသည်။ ဒီလူကြီးကတော့ ယူယူ့ အကြောင်းဘာမှလဲပြောမသွားဘူး။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူမကို ထိခိုက်အောင်လုပ်လိုက်တာလား။
အားလုံးသည် စနိုးစနောင့်ဖြစ်နေကြသည်။ သူတို့ နားလည်သလောက် ဆိုလျှင် အခြေအနေများအကုန်အဆင်ပြေသည်။ ဒီလိုမဖြစ်ရဘူးမလား။
"ယူယူ အဆင်ပြေရဲ့လား" ရှောင်ချီသည် ပြေးသွားကာ ဖန်ကျောက်ဖျာ ပေါ်တွင် လှဲနေသော ဝူလင်းယူအားကြည့်ပြီး ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင် လိုက်သည်။
ရှီမာယူယူ၏ မျက်နှာသည် မျက်ရည်များဖြင့် စိုနေတုန်းပင်။ သူမသည် မျက်ရည်များကိုသုတ်ပြီး တွန့်ဆုတ်စွာပြုံးလိုက်သည် "အဆင်ပြေပါတယ်"
"ဘယ်လိုလုပ်အဆင်ပြေမှာလဲ ယူယူက စာချုပ်ဖျက်ရမှာလေ အဲလိုဆို ရင် ထိခိုက်မှာပဲ" ရှောင်ချီသည် မယုံပေ။
"ငါ စာချုပ်မဖျက်ခဲ့ဘူး" ရှီမာယူယူ ပြောလိုက်သည်။
"မဖျက်ခဲ့ဘူးလား ဒါဆို သူ...." ရှောင်ချီသည် ဝူလင်းယူအား အံ့သြစွာ ကြည့်လေသည်။
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည် "မိုရှားက ငါ့ကိုသတိမေ့အောင်လုပ်ပြီး စာချုပ်ဖျက်လိုက်တာ၊ သူ့ဝိဉာဉ်ပျက်ဆီးသွားပြီး အတိမ်းအစောင်းဖြစ်သွား တယ်"
"မိုရှား သူ..." ရှောင်ချီသည် မှင်တက်သွားသည်။ မိုရှားမှစပြီး စာချုပ်ကို ဖျက်လိမ့်မည်ဟု သူမ မထင်ထားပေ။
ဟွာဒိနှင့် တခြားသူများသည် ဘာကြောင့် အတိမ်းအစောင်းဖြစ်သွား သည်ကို နားလည်သွားလေပြီ။ သူတို့သည် ဖြစ်နိုင်ချေများစွာကို တွက်ချက်ခဲ့ သော်လည်း မိုရှားမှ စပြီး စာချုပ်ကိုဖျက်လိုက်သောကြောင့် သူမ မထိခိုက် သည်ကိုတော့ မထင်ထားခဲ့ပေ။
"အခု ဘုရင်ကြီးရဲ့ အခြေအနေဘယ်လိုလဲ" ဘာကျားဇီသည် မိုရှား၏ လုပ်ဆောင်မှုကြောင့် ရင်ထဲထိသွားကာ အိပ်ရာပေါ်မှလူကို လေးစားသွား သည်။
"ဒါနဲ့ ယူယူ သူ အခု ဘယ်လိုနေလဲ" ရှောင်ချီ မေးလေသည်။
"သူ့အခြေအနေကို ငါ မစစ်ဆေးရသေးဘူး" ရှီမာယူယူ ပြန်ဖြေလေ သည် "အရင်စမ်းကြည့်မယ်"
"ဒါဆို မြန်မြန်စစ်ကြည့်" ဟွာရှုံ ပြောလေသည်။
ရှီမာယူယူ ခေါင်းညိမ့်ကာ သွေးကြောစမ်းကြည့်လေသည်။
"ဘယ်လိုလဲ" ဟွာရှုံ ဘေးမှ လောလေသည်။
"မင်းတို့ ဘုန်းတော်ကြီးပြောသလိုပဲ သူတို့ဝိဉာဉ်က ကောင်းကောင်း ပေါင်းစပ်သွားတယ်၊ ထူးဆန်းတာ ဘာမှမတွေ့ဘူး၊ ဒါပေမဲ့ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်နဲ့က သိပ်ပြီးမကိုက်ညီသေးဘူး အဲဒါကြောင့် သတိမေ့နေတာ" ရှီမာယူယူ ပြောလိုက်သည်။
"ဒါဆို သူ့ကိုကယ်ဖို့ နည်းလမ်းရှိလား" ဘာကျားဇီ မေးလေသည်။
"စမ်းကြည့်လို့ရတယ် ဒါပေမဲ့ ရလဒ်ကိုတော့ အာမမခံနိုင်ဘူး"
"ဒါဆို ဘယ်လိုလုပ်မှာလဲ"
"တစ်ခုတော့စဉ်းစားထားတယ်" ရှီမာယူယူ ပြောလိုက်သည် "ငါ ငွေအပ်သုံးတဲ့နည်းကို စမ်းကြည့်မယ်... အဲဒါနဲ့ ဆေးနဲ့တွဲကုမယ်"
ရှောင်ချီသည် သူမ၏ ငွေအပ်ကုနည်းကို အရင်ကမြင်ဖူးသည်။ သူမ ပြောစကားကိုကြားလိုက်သောအခါ သူမတွင် ယုံကြည်မှုတစ်ခုရှိသည်ကို သိ လိုက်သည် "ဒါဆို အခုပဲစလိုက်လေ"
ရှီမာယူယူသည် တခြားသူများကိုကြည့်ကာ သတိပေးလိုက်သည် "ခံစားနိုင်တဲ့သူက အပ်ကြောင့်အနှောင့်အယှက်ဖြစ်သွားလိမ့်မယ် နည်းနည်း လောက် နောက်ဆုတ်ပေး ရှောင်ချီ ငါ့အကူအနေနဲ့ နေခဲ့ပေး"
ဟွာဒိနှင့် ဘာလျန်ချီတို့သည် မသေချာစွာ တစ်ယောက်နှင့်တစ် ယောက် ကြည့်လေသည်။ ဟွာကျင်းသည် ဘေးမှပြောလေသည် "မျိုးနွယ် ခေါင်းဆောင် သခင်လေးယူယူက ဘုရင်ကြီးကို ထိခိုက်အောင်လုပ်မှာမဟုတ် ပါဘူး"
"ဒါဆို အပြင်သွားပြီးစောင့်ရအောင်" ဟွာဒိ ပြောလေသည်။
အားလုံးထွက်သွားသည်နှင့် ဘာကျားဇီသည် လျှို့ဝှက်အခန်း အဝင်ဝတွင် ရုတ်တရက်ရပ်သွားလေသည်။ သူမ လှည့်ကြည့်ပြီး "ယူယူ အဲဒီ ဘုရင်ကြီးက ဘာဖြစ်သွားလဲ၊ လူသားလား နတ်ဆိုးလား"
သူမပြောလိုက်သည်နှင့် လျှို့ဝှက်အခန်းတစ်ခုလုံး ရုတ်တရက် ငြိမ်ကျ သွားသည်။ အားလုံးသည် ယူယူ့ကိုကြည့်လိုက်ကြသည်။
"သူအခု ဘာအရည်အချင်းရှိလဲတော့ ငါလည်းမသိသေးဘူး၊ ဒါပေမဲ့ နတ်ဆိုးဘုရင်ဆိုတဲ့ ခေါင်းစဉ်တော့ ပျောက်သွားမှာမဟုတ်ဘူး" ရှီမာယူယူ ပြန်ဖြေလေသည် "သူ့မှာ အမှောင်အရည်အချင်းရှိသေးတယ်"
သူမပြောလိုက်သည်ကို နားထောင်ပြီးသောအခါ နတ်ဆိုးမျိုးနွယ်ဝင် များသည် စိတ်အေးကာ ပျော်ကြလေသည်။
"ယူယူ ရှောင်ချီက ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး၊ ဘာလို့နေခိုင်း တာလဲ" ရှောင်ချီ မေးလိုက်သည်။
"ဟုတ်တယ်" ရှီမာယူယူ ပြောလိုက်သည် "ရှောင်ချီ မင်းသူ့ကို ကယ်စေ ချင်တာ"
"ရှောင်ချီကလား ဘယ်လိုကယ်ရမှာလဲ"
"ငါ မင်းရဲ့ သွေးအဆီအနှစ်နဲ့ အသားနည်းနည်းလိုတယ်" ရှီမာယူယူ ပြောလိုက်သည်။
"အင်း ဘယ်လောက်လဲ" ရှောင်ချီ မေးလိုက်သည်။
"သွေးအဆီအနှစ် နှစ်စက်နဲ့ အသား ကီလိုဂရမ် တစ်ဝက်လောက်"
ရှောင်ချီသည် သူမ၏ လက်ချောင်းကိုကိုက်ပြီးနောက် သွေးနှစ်စက်ကို ပန်းကန်လုံးထဲထည့်လိုက်လေသည်။ ထို့နောက် သူမသည် အသား ကီလိုဂရမ်တစ်ဝက်ထုတ်ပြီး ရှီမာယူယူထုတ်လာသော ကျောက်စိမ်း ဇလုံထဲ ထည့်လိုက်သည်။
"ကျေးဇူးပဲ ရှောင်ချီ" ရှီမာယူယူသည် ကျေးဇူးတင်ရင်း အပြစ်မကင်း သလိုပြောလိက်သည်။
သူမနှင့် ရှိချိန်တွင် သူမ၏ အသွေးနှင့်အသားကိုတောင်းရန် ယူယူ မစဉ်းစားခဲ့သော်လည်း အခု တစ်စုံတစ်ယောက်ကိုကယ်တင်ရန်လိုအပ်လာ သည်။
"ယူယူနဲ့ ရှောင်ချီနဲ့က တစ်သားတည်းပဲလေ" ရှောင်ချီ ပြောလေသည် "ပြီးတော့ ဒီလောက်နည်းနည်းလေးက ရှောင်ချီ့အတွက် အရေးကြီးတာ လည်းမဟုတ်ဘူး၊ တစ်စက်လောက်ပဲကို"
"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်" ရှီမာယူယူ ပြောလိုက်သည်။
"မြန်မြန်သူ့ကိုကယ်လိုက်" ရှောင်ချီ သတိပေးလေသည် "အဲဒါက သူက ယူယူ့အပေါ် ကောင်းပေးလို့ပါ"
"အင်း ငါ ဆေးသွားဖော်လိုက်ဦးမယ်"
ရှီမာယူယူသည် ဆေးဖိုထုတ်လိုက်သည်။ ကမ္ဘာမြေကြီးမျက်လုံး၏ အသွေးနှင့်အသားတို့အပြင် တန်ဖိုးကြီး ဆေးအများအပြားထည့်လိုက်သည်။ အထူးသဖြင့် သူမသည် ဝိဉာဉ်အရည်ကို ပိုပိုသာသာထည့်သည်။
ထိုကဲ့သို့ဆေးမျိုးသာ ပုံမှန်သက်ရောက်မှုရှိသော သာမာန်ဆေးမျိုး မဟုတ်ပေ။ သို့သော် ဆေးဖက်ဝင်ပစ္စည်းများကို စုပ်ယူရန် အထူး ကောက်နုတ်ထားခြင်းဖြစ်သည်။
ဆေးဖော်ပြီးနောက်တွင် သူမသည် ရှောင်ချီကိုထွက်ခိုင်းပြီး ဝူလင်းယူ အပ်စိုက်ရန် ပြင်လေသည်။
ရှောင်ချီသည် သူမအား နှုတ်ခမ်းတွန့်ပြုံးရင်း မျက်စိမှိတ်ပြကာ သွားဖြဲ ပြီးပြေးထွက်သွားလေသည်။
အစကတည်ငြိမ်နေသော ရှီမာယူယူသည် ထိုအရာကြောင့် ရှက်လာ သည်။
တခြားသူတစ်ယောက်၏ ခန္ဓာကိုယ်ကို မြင်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် သူ့ကို အင်္ကျိချွတ်ပေးရမည်ဟု တွေး လိုက်သည်နှင့် နေရခက်လာသည်။
"ဒီကောင်မလေးကတော့ ဝိဉာဉ်စေတီမှာနေတုန်းက ဟိန်းသံလေးရဲ့ မကောင်းတဲ့အတတ်တွေတတ်လာတယ်" သူမ ပြုံးပြီး ငေါက်ငမ်းလိုက် သည်။ သူမသည် ငွေအပ်တစ်ချောင်းထုတ်ကာ အပ်စိုက်ရန်ပြင်လိုက်သည်။
သူမ အသက်ပြင်းပြင်းရှုပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။ တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် သူ့အဝတ်များကို ချွတ်လိုက်သည်။
အဝတ်မပါပဲ အပ်စိုက်ရမည်။ ဒီတစ်ခါတော့ သူ့ကို လူနာတစ်ယောက် အနေနဲ့ သတ်မှတ်ရမည်။
သုံးနာရီကြာသောအခါ နောက်ဆုံးအားဖြင့် အင်္ကျိပြန်ဝတ်ပေးလိုက်ပြီး မြေပေါ်သို့ လှဲလိုက်သည်။
အပြင်တွင်စောင့်နေသော ရှောင်ချီသည် အထဲမှလှုပ်ရှားသံကြားလိုက် သည်နှင့် အရင်ဆုံးပြေးဝင်သွားသည်။ ဘာကျားဇီနှင့် ဟွာရှုံတို့လည်း ပြေးဝင် လာကြသည်။
"ယူယူ မင်း ဘယ်လိုနေလဲ" ဟွာရှုံသည် ရှီမာယူယူ၏ ဖျော့တော့သော မျက်နှာကိုသတိထားမိပြီး မေးလေသည်။
"အဆင်ပြေပါတယ်" ရှောင်ချီ၏ အကူအညီနှင့် ရှီမာယူယူသည် ဖန် ကျောက်ဖျာကိုမှီလိုက်သည် "စိတ်စွမ်းအင်အများကြီးသုံးလိုက်လို့ နည်းနည်း ပင်ပန်းသွားတာပါ"
သူမသည် ဝူလင်းယူအား အပ်စိုက်ပေးရာတွင် အမြင့်ဆုံးနည်းလမ်းကို သုံးခဲ့သည်။ အပ်တစ်ချောင်းချင်းစီသည် သူ၏ သွေးကြောများကို စိုက်ဝင်ရုံ သာမက ဝိဉာဉ်စွမ်းအင်ကိုပါထည့်လိုက်သဖြင့် ဝိဉာဉ်စွမ်းအင်များ လည်ပတ် ပြီးခန္ဓာကိုယ်ဆီသို့ အကောင်းဆုံးသက်ရောက်မှုဖြစ်သွားစေသည်။
ထိုအပ်စိုက်နည်းသည် သာမန်ထက် ၁၀ဆ သက်ရောက်မှုရှိကာ သာမန်ထက် စိတ်စွမ်းအားသုံးရသည်မှာလည်း ပမာဏကြီးမားသည်။ သူမ၏ စိတ်စွမ်းအင်သည် သန်မာသည်။ သာမာန်လူတစ်ယောက်သာဆိုလျှင် တစ်ဝက်တစ်ပျက်နှင့် အကြောသေသွားနိုင်သည်။
သူမသည် အခုလေးတင်ဖော်ထားသော ဆေးကိုထုတ်လိုက်သည် "ရှောင်ချီ သူ့ကိုဒါတိုက်လိုက်"
ရှောင်ချီ ခေါင်းညိမ့်ကာ ဝူလင်းယူကို ဆေးကျွေးလိုက်သည်။
"တစ်ရက်ပြီးလို့မှ ငါမနိုးရင် ငါ့ကိုလာနှိုးပေး၊ မနက်ဖြန်ကို နောက်ထပ် အပ်စိုက်ပေးရမယ်..."
ယူယူ၏ အသံသည် ဖျော့တော့သွားကာ နောက်ဆုံးတွင် အိပ်ပျော်သွား လေသည်။