Zawgyi
အပိုင္း (၈၈၇) – မင္းသြားတဲ့ေနရာ ငါသြားမွာ
"ျပႆနာမရွာနဲ႔ ကၽြန္ေတာ့္ကို စမ္းခြင့္ေပး" ရီွမာယူယူသည္ ေခတၱမွ် ရုန္းျပီး ေျပာလုိက္သည္။
"ငါအဆင္ေျပတယ္ စမ္းၾကည့္စရာမလိုဘူး" ဝူလင္းယူသည္ သူမလက္ ကို လႊတ္မေပးေပ။ သူ႔ေသြးေၾကာကို သူမကို မစမ္းေစခ်င္ေပ။
"ကၽြန္ေတာ္ဆူမွာစိုးလို႔လား၊ မေန႔ကစမ္းျပီးျပီေလ အခု အစ္ကို႔ရဲ႕ အေျခ အေနက ဘယ္ေလာက္ဆိုးေနလဲဆိုတာ ကၽြန္ေတာ္သိတယ္" ရီွမာယူယူ သည္ ေျပာျပီးသည္ႏွင့္ သူ႔ကို ခက္ထန္စြာၾကည့္လုိက္သည္ "ကၽြန္ေတာ့္ကို လႊတ္ အစ္ကို႔လက္ေပး"
ဝူလင္းယူသည္ သူမကို မႏုိင္သျဖင့္ သက္ျပင္းခ်ကာ က်ိဳးႏြံစြာႏွင့္ သူ႔ ေသြးေၾကာကို စမ္းခိုင္းရေလသည္။
ရီွမာယူယူ စမ္းသပ္ၾကည့္ရာ သူ၏ အေျခအေနသည္ မေန႔ကထက္ပင္ ပိုဆိုးေနသည္ကို သိလိုက္ရသည္။
"ဘယ္လိုျဖစ္ျပီး ဒီအေျခအေနထိျဖစ္သြားတာလဲ" သူမသည္ လက္ကို ျပန္ရုတ္ျပီးေနာက္ ရင္နာစြာေျပာေလသည္။
"တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး..."
"စီနီယာအစ္ကို" ရီွမာယူယူသည္ သူ၏ဆင္ေျခကို ျဖတ္ေျပာလိုက္ သည္ "ဘယ္လိုဒဏ္ရာရခဲ့တာလဲ ေျပာျပ ကၽြန္ေတာ္သိခ်င္တယ္"
ဝူလင္းယူသည္ သူမအား စကၠန္႔အနည္းငယ္ၾကည့္ျပီးေနာက္ ျပန္ေျဖ ေလသည္ "ေကာင္းျပီ"
ရွီမာယူယူသည္ ထိုင္ေနရာမွ ကိုယ္ဆန္႔လုိက္ရာ သူျဖစ္ပ်က္ခဲ့သမွ်ကို နားေထာင္ရန္ ျပင္ဆင္ေလသည္။ စကားအနည္းငယ္ေျပာျပီးေနာက္တြင္ သူ ၏ ဇာတ္လမ္းျပီးသြားမည္ဟု ဘယ္သူထင္မိမလဲ။
သူေျပာျပခ်က္အရ ျဖစ္ပ်က္ခဲ့သည္မွာ... ျပီးခဲ့သည့္တစ္ေခါက္ သူျပန္ သြားစဥ္က ပညာရွိစံအိမ္ေတာ္မွ အဘိုးၾကီးသည္ သူ႔ကိုေခၚျပီး စိတ္စြမ္းအား က်င့္ရာတြင္ ကူညီရန္ ေျပာခဲ့သည္။ အဘိုးၾကီးသည္ သူ၏ အသိစိတ္ကို သူ႔ ခႏၶာကိုယ္ထဲစုပ္ယူျပီး သူ႔ကိုယူရန္ ၾကိဳပမ္းေလသည္။ သို႔ေသာ္ အဘိုးၾကီး ေၾကာင့္ ဝူလင္းယူဒဏ္ရာရသြားကာ အဘိုးၾကီးသည္ သူ၏ စိတ္စြမ္းအင္မွာ သန္မာလြန္းသျဖင့္စသည္ဆင္ေျခမ်ားျဖင့္ ဖာေထးခဲ့သည္။
ဝူလင္းယူသည္ ရိုးရွင္းစြာေျပာေသာ္လည္း ဘယ္လိုျဖစ္မလဲဆိုသည္ကို ရွီမာယူယူသိသည္။ ထိုအခိုက္အတန္႔သည္ မည္မွ် အႏၱရာယ္မ်ားသလဲဆို သည္ကိုလည္း သိသည္။
"ဒါဆို အခုထြက္လာျပီဆိုေတာ့ မျပန္ေတာ့ဘူးမလား"
"အခ်ိန္တစ္ခုေတာ့ မျပန္ဘူး အဲအဘိုးၾကီးလည္း နည္းနည္းေတာ့ ဒဏ္ရာရသြားတယ္၊ ငါထင္တာေတာ့ သူလည္းအခ်ိန္တစ္ခုေလာက္ သီးသန္႔ က်င့္ၾကံဖို႔လိုလိမ့္မယ္ သူမထြက္လာမခ်င္း ငါအဆင္ေျပမွာပဲ"
"အခ်ိန္တစ္ခုေလာက္ဟုတ္လား အဲဒါဆိုရင္ ျပန္ေတာ့သြားရဦးမွာပဲေပါ့" ရွီမာယူယူ မ်က္ေမွာင္ၾကဳတ္ေလသည္ "ကိစၥေတြက ဒီလိုေတြျဖစ္ေနျပီ အဲဒါ ကို ဘာလို႔ျပန္သြားမွာလဲ၊ အစ္ကို႔ရဲ႕ခႏၶာကိုယ္ကို ယူလုိက္မွာမေၾကာက္ဘူး လား"
"ငါလုပ္ရမွာေတြ မျပီးေသးတာေတြရွိေသးတယ္" ဝူလင္းယူ ေျပာေလ သည္ "ငါ့ဝိဥာဥ္က မျပည့္စံုေသးေတာ့ ဒီတစ္ၾကိမ္ကို သူကိုင္တြယ္ႏုိင္ရင္ ကိုင္တြယ္ႏုိင္လိမ့္မယ္၊ ငါ့ဝိဥာဥ္ျပည့္စံုသြားရင္ေတာ့ စားမယ့္သူက သူ မဟုတ္ေတာ့ဘူး ငါပဲျဖစ္လိမ့္မယ္"
"ဒါဆို အစ္ကိုျမန္ျမန္ မိုရွားနဲ႔ ေပါင္းစပ္သင့္တယ္၊ ေနာက္ပိုင္းကို မိုရွား ရဲ႕ အေျခအေန ပိုေကာင္းလာတယ္" သူသည္ သူ႔အသက္ကိုဂရုမစိုက္ပဲ တစ္စံုတစ္ခုကိုလုပ္ခ်င္မွေတာ့ သူမက ဘယ္လိုလုပ္လက္ေလ်ာ့ခုိင္းလို႔ရ မလဲ။ သူတို႔အျမန္ေပါင္းပ္ဖို႔သာ သူမ အားေပးႏုိင္သည္။ ထိုမွသာ သူလံုျခံဳ မည္ျဖစ္သည္။
"အင္း" ဝူလင္းယူသည္လည္း ျမန္ျမန္ေပါင္းစပ္ခ်င္သည္။ ျပီးခဲ့သည့္ တစ္ေခါက္က အလြန္အႏၱရာယ္မ်ားခဲ့သည္။ အဘိုးၾကီးမွာ ေသြးနထင္ေရာက္ ေနသည္။ သူေပါင္းစပ္လုိက္မွပင္ ျပန္တိုက္ခုိက္ႏုိင္မည္။ မဟုတ္လွ်င္ အေျခ အေနမွာ ပိုဆိုးလာရံုပင္။
"အျပင္မွာ ဘယ္ေလာက္ၾကာေအာင္ေနမွာလဲ"
"၁ႏွစ္ ၂ႏွစ္ေပါ့၊ ၃ႏွစ္ကေန ၅ႏွစ္လည္းျဖစ္ႏိုင္တာပဲ၊ မသိဘူး အဲ ဘိုးေတာ္ရဲ႕ အေျခအေနကို မူတည္မွာပဲ" ဝူလင္းယူ ေျပာလုိက္သည္ "သူ ထြက္မလာမခ်င္း ငါျပန္ဖို႔မလိုဘူး"
"အစ္ကိုက အခ်ိန္ၾကာေအာင္ထြက္လာတာကို ဘယ္သူမွ သတိမထား မိဘူးလား"
"ငါအဲမွာမရွိတာနဲ႔ ျမင့္ျမတ္တဲ့သားေတာ္မရွိတာမွမဟုတ္တာ၊ သူတုိ႔ ရွာတဲ့သူကို ေတြ႕မွာပဲ အဆင္ေျပတယ္"
"အစ္ကို ကိုယ္ပြားထားခဲ့တာလား" ရွီမာယူယူသည္ မွင္တက္သြား သည္။
"ယူယူက အေတာ္ဆံုးပဲ" ဝူလင္းယူသည္ ျပံဳးျပီးေျပာေလသည္
"အစ္ကိုက ကိုယ္ပြားကို အိမ္မွာထားခဲ့ျပီး ကိုယ္ကေတာ့ အျပင္မွာ ေလွ်ာက္သြားေနတယ္ေပါ့"
"အဲလိုမွပဲ မင္းကိုအေဖာ္ျပဳဖို႔အခ်ိန္ရွိမွာေပါ့"
"ကၽြန္ေတာ့္ကို အေဖာ္ျပဳေပးဖို႔မလိုပါဘူး" ရွီမာယူယူ ေျပာလုိက္သည္ "ျပီးေတာ့ ကၽြန္ေတာ္က ဂိုဏ္းထဲမွာ ကၽြန္ေတာ့္ကို အေဖာ္ျပဳလို႔မရဘူး"
"ဒါေပမဲ့ မင္းေနာက္ပိုင္းကို ထြက္မလာဘူးလား"
"...." ဒီလူက ဘယ္လိုလုပ္ အဲဒါကိုသိတာလဲ။
"ယူယူ ရွိတဲ့ေနရာမွာ ငါရွိရမွာပဲ" ေသခ်ာေသာ စကားကို ထပ္ေျပာ ေလသည္။
"လုပ္ခ်င္တာသာလုပ္ေတာ့" ရွီမာယူယူ ေျပာလုိက္သည္ "ဘယ္လိုပဲ ျဖစ္ျဖစ္ ကၽြန္ေတာ့္ရဲ႕ ေနာက္အစီအစဥၤက အစ္ကိုနဲ႔ မိုရွာတို႔ ေပါင္းစပ္ဖို႔ပဲ၊ အစ္ကိုဒီမွာရွိေနတာ ပိုေကာင္းပါတယ္၊ နတ္ဆိုးေလာကက ျပင္ဆင္ျပီးတာနဲ႔ ေပါင္းစပ္ဖို႔အတြက္ ျပင္ခ်င္လုိ႔ရတယ္"
"ဒါဆို ငါတုိ႔ ဘယ္ေတာ့သြားၾကမလဲ"
"အစ္ကို ကုသျပီးတာနဲ႔... အဲအခ်ိန္ဆိုရင္ ကၽြန္ေတာ္လည္း စာေမးပြဲျပီး ေလာက္ျပီ"
သူမသည္ ရွီခ်ဴးေရွာင္အား ေဆးေရစိမ္ရန္ ၁၀ရက္က်န္ေသးသည္။ သူမ ကတိေပးျပီးျဖစ္သျဖင့္ တစ္ဝက္တစ္ပ်က္ႏွင့္ ထြက္မသြားလိုေပ။
"ယူယူ ငါ မင္းရဲ႕အိမ္ဟင္းလက္ရာေလး စားခ်င္တယ္..."
ေနာက္ရက္အနည္းငယ္တြင္ ရွီမာယူယူသည္ ဂုိဏ္းသို႔မျပန္ပဲ ထိုေနရာ တြင္သာ ေနေလသည္။ သူမသည္ အခ်ိန္ယူကာ အမွတ္တရစားေသာက္ ဆိုင္သို႔သြားျပီး ရွီခ်ဴးေရွာင္အတြက္ ေဆးေရစိမ္ရန္ ျပင္ေပးေလသည္။ သူမ သည္ ဝူလင္းယူ ခႏၶာကိုယ္အား သန္မာလာေစရန္ မည္သို႔ကူညီေပးရမည္ကို စဥ္းစားရင္းႏွင့္ က်န္သည့္အခ်ိန္မ်ားကို ကုန္ဆံုးသည္။
သူသည္လည္း အဂၢိရတ္ပညာရွင္တစ္ေယာက္ျဖစ္ေသာ္လည္း သူ၏ လက္ရွိအေျခအေနႏွင့္ သမားေတာ္တစ္ေယာက္ စစ္ေဆးေပးျခင္းသည္ အျမန္သက္သာေစမည္။
၁၀ရက္ၾကာသြားသည္။
ရွီခ်ဴးေရွာင္သည္ ရီွမာယူယူ၏အေရွ႕တြင္ပင္ အဝတ္ကိုခၽြတ္ကာ သစ္သားပံုးထဲဝင္သြားသည္။ ရင္းႏွီးေနေသာနာက်င္မႈသည္ ခ်က္ခ်င္းပင္ ျပန္ေရာက္လာေသာ္လည္း ပထမအၾကိမ္တုန္းကလို မတုန္႔ျပန္မိေတာ့ေပ။
အစ္ပိုင္းတြင္ သူမသည္ တျခားသူတစ္ေယာက္ေရွ႕တြင္ ကိုယ္လံုးတီး ေနရသည္ကို အသားမက်ေပ။ သူမသည္ ပထမ ၂ရက္ ၃ရက္တြင္ အားနည္း သျဖင့္ ရီွမာယူယူမွ အဝတ္မ်ားကိုကူခၽြတ္ေပးရျပီးေနာက္ ရွီမာယူယူေရွ႕တြင္ ခၽြတ္ရသည္ကို အသားက်ေနေလျပီ။
"ဒါက ကၽြန္ေတာ္ ခ်ဴးေရွာင္ကို ေဆးေရစိမ္ဖို႔လုပ္ေပးတာ ေနာက္ဆံုး အၾကိမ္ပဲ" ရွီမာယူယူ ေျပာျပီးသည္ႏွင့္ ေဆးအရည္ထည့္လိုက္သည္။
"မင္းထြက္သြားေတာ့မွာလား" ရွီခ်ဴးေရွာင္သည္ သူမ ေျပာလုိက္ေသာ စကားေၾကာင့္ အနည္းငယ္ တြန္႔ဆုတ္သြားကာ သစ္သားပံုးကိုမွီရင္း သူမ အားၾကည့္ေလသည္။
"အင္း ကၽြန္ေတာ္ေက်ာင္းကို တစ္ႏွစ္ခြင့္တုိင္ထားတာ လြန္ခဲ့တဲ့ ၂ရက္ ကပဲျပည့္သြားျပီ" ရီွမာယူယူသည္ သူမေျခေထာက္ျဖင့္ ခံုကိုဆြဲကာ ထုိင္ လုိက္သည္ "ေဆးေရစိမ္တာ ပထမအသုတ္ေတာ့ျပီးသြားျပီ၊ ေနာက္ကို ေန႔တိုင္းလုပ္ဖို႔မလိုေတာ့ပါဘူး၊ ေနာက္က်ေဆးေရစိမ္လို႔ရေအာင္ ကၽြန္ေတာ္ ေဆးနည္းေပးခဲ့မယ္ ေဆးညႊန္းအတုိင္းလုပ္လုိက္ရင္ရျပီ"
"ဒီေဆးနည္းကိုဘယ္သူ႔ကိုမွ မေပးဘူးလို႔ေျပာခဲ့တယ္မလား"
"အဲဒါေၾကာင့္ ကၽြန္ေတာ္က ခ်ဴးေရွာင္ရဲ႕စီနီယာအစ္ကိုကို ပိုက္ဆံ အမ်ားၾကီးေတာင္းတာေလ" ရီွမာယူယူသည္ ျပံဳးျပီးေျပာေလသည္ "ခ်ဴးေရွာင္က ဘာေတြၾကံဳေတြ႕ခဲ့ရလဲ ကၽြန္ေတာ္မသိေပမယ့္ ေဆးေရစိမ္ တာရဲ႕ နာက်င္မႈကို ၾကံ႕ၾကံ႕ခံေနတာကိုၾကည့္ရတာ ကိစၥၾကီးတစ္ခုျဖစ္လိမ့္ မယ္၊ ခင္ဗ်ားကိုလည္း ကူညီေပးရင္း ပိုက္ဆံေတြအမ်ားၾကီးရေတာ့ ကူညီခ်င္ တာေပါ့"
"ေက်းဇူးတင္ပါတယ္ ယူယူ" ရွီခ်ဴးေရွာင္သည္ ေက်းဇူးတင္စြာ ေျပာ ေလသည္ "ငါ ရွီခ်ဴးေရွာင္က မိတ္ေဆြအမ်ားၾကီးမရွိဘူး အခုကစျပီး မင္းက ငါ့သူငယ္ခ်င္းပဲ"
"ဒါဆိုရင္ ေနာက္ပိုင္း ကၽြန္ေတာ္အတြင္းပိုင္းေဒသကိုသြားရင္ ကၽြန္ေတာ့္ကို ဂရုစိုက္ေပးရမယ္" ရွီမာယူယူသည္ မျငင္းဆန္ပဲ သူမ၏ အကူ အညီကိုလက္ခံလုိက္သည္။
"ဟူး အတြင္းပို္င္းေဒသေတြမွာေတာ့ ငါက နာမည္မၾကီးဘူး၊ မင္းက ငါ့သူငယ္ခ်င္းဆိုတာ တျခားသူေတြသိရင္ ျပႆနာေတြပဲရလာလိမ့္မယ္"
"ဟင္ ဒါဆိုလည္း လွ်ိဳ႕ဝွက္သူငယ္ခ်င္းလုပ္ၾကတာေပါ့"
".... မင္းက ပြင့္လင္းလုိက္တာ"
"မင္းက အရမ္းၾကင္နာတတ္တယ္" ရွီမာယူယူ ျပံဳးျပီးေျပာလိုက္သည္ "လူတစ္ေယာက္ ပြင့္လင္းတာကပိုေကာင္းတယ္ေလ"
"မင္းအေရထူတာေတာ့ ငါသတိထားမိတယ္"
"အေရထူတာေကာင္းတာေပါ့ အေအးဒဏ္ခံနုိ္င္တယ္ေလ"
"...." ရွီခ်ဴးေရွာင္သည္ အခုမွ သူမကိုသိသြားသလိုပင္။ အစ္ပိုင္းတြင္ သူမသည္ ပံုမွန္ဟုသာထင္ထားခဲ့ေသာ္လည္း သူမကို သိေလေလ ပထမဆံုး ေတြ႕ဆံုသည့္ပံုစံႏွင့္ ဘာေၾကာင့္ မ်ားစြာကြာျခားသြားတာလဲ။
"ဘယ္ေတာ့ သြားဖို႔စီစဥ္ထားလဲ" သူမ ေမးလုိက္သည္။
"ကၽြန္ေတာ္အိမ္ျပန္ေရာက္တာနဲ႔ ျပင္ေတာ့မွာ အခ်ိန္မရွိဘူးျဖစ္ေန တယ္" ရွီမာယူယူ ေျပာလုိက္သည္ "မင္းခႏၶာကိုယ္က အခုမွအသစ္ေမြးဖြား လာတာ၊ အဲဒါေၾကာင့္ အဝတ္ပါးေတြမဝတ္ေသးနဲ႔ဦး ၂လနဲ႔အထက္ နလန္ထူ ေအာင္လုပ္ျပီးမွ ျပန္ေနာ္"
ရွီခ်ဴးေရွာင္သည္ အစပိုင္းတြင္ ယူယူထြက္သြားသည္ႏွင့္ ျပန္ရန္ စဥ္းစားခဲ့ေသာ္လည္း အခုေတာ့မျဖစ္ႏုိ္င္ေသးသည့္ပံုပင္။
သူမသည္ ေနာက္ထပ္ ၂လထပ္ေစာင့္ရဦးမည္။ အဲအခ်ိန္က်ရင္ အဲ ေခြးအတြဲက ဘယ္လိုျဖစ္မလဲဆိုတာ ဘယ္သူသိမလဲ။ ၂လ... သူမသည္ အားတင္းျပီး ေစာင့္ရဦးမွာေပါ့။
"မင္း ျပန္သြားလုိ႔ဘာလုပ္ခ်င္ခ်င္၊ မျဖစ္ႏုိ္င္တာကို မၾကိဳးစားသင့္ဘူး၊ ငါ အတြင္းပိုင္းေဒသကိုမေရာက္မခ်င္းမေသနဲ႔၊ ငါ့ရဲ႕တန္ဖိုးၾကီးတဲ့ ေဆးပစၥည္း ေတြကို မျဖဳန္းတီးနဲ႔ နားလည္လား"
"...."
"ေၾသာ္ ဟုတ္သားပဲ မင္းငါ့ကို ေက်းဇူးဆပ္မယ္လုိ႔ ေျပာခဲ့တယ္မလား၊ ငါအခုတေလာ ပိုက္ဆံျပတ္ေနလို႔ မ်ားမ်ားေလးလိုေနတယ္၊ ငါ့ကို ေက်းဇူး ဆပ္ခ်င္ရင္ ပိုက္ဆံသာေပး၊ ပမာဏက ကိစၥမရွိဘူး မ်ားေလေကာင္းေလပဲ"
"...."
Unicode
အပိုင်း (၈၈၇) – မင်းသွားတဲ့နေရာ ငါသွားမှာ
"ပြဿနာမရှာနဲ့ ကျွန်တော့်ကို စမ်းခွင့်ပေး" ရှီမာယူယူသည် ခေတ္တမျှ ရုန်းပြီး ပြောလိုက်သည်။
"ငါအဆင်ပြေတယ် စမ်းကြည့်စရာမလိုဘူး" ဝူလင်းယူသည် သူမလက် ကို လွှတ်မပေးပေ။ သူ့သွေးကြောကို သူမကို မစမ်းစေချင်ပေ။
"ကျွန်တော်ဆူမှာစိုးလို့လား၊ မနေ့ကစမ်းပြီးပြီလေ အခု အစ်ကို့ရဲ့ အခြေ အနေက ဘယ်လောက်ဆိုးနေလဲဆိုတာ ကျွန်တော်သိတယ်" ရှီမာယူယူ သည် ပြောပြီးသည်နှင့် သူ့ကို ခက်ထန်စွာကြည့်လိုက်သည် "ကျွန်တော့်ကို လွှတ် အစ်ကို့လက်ပေး"
ဝူလင်းယူသည် သူမကို မနိုင်သဖြင့် သက်ပြင်းချကာ ကျိုးနွံစွာနှင့် သူ့ သွေးကြောကို စမ်းခိုင်းရလေသည်။
ရှီမာယူယူ စမ်းသပ်ကြည့်ရာ သူ၏ အခြေအနေသည် မနေ့ကထက်ပင် ပိုဆိုးနေသည်ကို သိလိုက်ရသည်။
"ဘယ်လိုဖြစ်ပြီး ဒီအခြေအနေထိဖြစ်သွားတာလဲ" သူမသည် လက်ကို ပြန်ရုတ်ပြီးနောက် ရင်နာစွာပြောလေသည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး..."
"စီနီယာအစ်ကို" ရှီမာယူယူသည် သူ၏ဆင်ခြေကို ဖြတ်ပြောလိုက် သည် "ဘယ်လိုဒဏ်ရာရခဲ့တာလဲ ပြောပြ ကျွန်တော်သိချင်တယ်"
ဝူလင်းယူသည် သူမအား စက္ကန့်အနည်းငယ်ကြည့်ပြီးနောက် ပြန်ဖြေ လေသည် "ကောင်းပြီ"
ရှီမာယူယူသည် ထိုင်နေရာမှ ကိုယ်ဆန့်လိုက်ရာ သူဖြစ်ပျက်ခဲ့သမျှကို နားထောင်ရန် ပြင်ဆင်လေသည်။ စကားအနည်းငယ်ပြောပြီးနောက်တွင် သူ ၏ ဇာတ်လမ်းပြီးသွားမည်ဟု ဘယ်သူထင်မိမလဲ။
သူပြောပြချက်အရ ဖြစ်ပျက်ခဲ့သည်မှာ... ပြီးခဲ့သည့်တစ်ခေါက် သူပြန် သွားစဉ်က ပညာရှိစံအိမ်တော်မှ အဘိုးကြီးသည် သူ့ကိုခေါ်ပြီး စိတ်စွမ်းအား ကျင့်ရာတွင် ကူညီရန် ပြောခဲ့သည်။ အဘိုးကြီးသည် သူ၏ အသိစိတ်ကို သူ့ ခန္ဓာကိုယ်ထဲစုပ်ယူပြီး သူ့ကိုယူရန် ကြိုပမ်းလေသည်။ သို့သော် အဘိုးကြီး ကြောင့် ဝူလင်းယူဒဏ်ရာရသွားကာ အဘိုးကြီးသည် သူ၏ စိတ်စွမ်းအင်မှာ သန်မာလွန်းသဖြင့်စသည်ဆင်ခြေများဖြင့် ဖာထေးခဲ့သည်။
ဝူလင်းယူသည် ရိုးရှင်းစွာပြောသော်လည်း ဘယ်လိုဖြစ်မလဲဆိုသည်ကို ရှီမာယူယူသိသည်။ ထိုအခိုက်အတန့်သည် မည်မျှ အန္တရာယ်များသလဲဆို သည်ကိုလည်း သိသည်။
"ဒါဆို အခုထွက်လာပြီဆိုတော့ မပြန်တော့ဘူးမလား"
"အချိန်တစ်ခုတော့ မပြန်ဘူး အဲအဘိုးကြီးလည်း နည်းနည်းတော့ ဒဏ်ရာရသွားတယ်၊ ငါထင်တာတော့ သူလည်းအချိန်တစ်ခုလောက် သီးသန့် ကျင့်ကြံဖို့လိုလိမ့်မယ် သူမထွက်လာမချင်း ငါအဆင်ပြေမှာပဲ"
"အချိန်တစ်ခုလောက်ဟုတ်လား အဲဒါဆိုရင် ပြန်တော့သွားရဦးမှာပဲပေါ့" ရှီမာယူယူ မျက်မှောင်ကြုတ်လေသည် "ကိစ္စတွေက ဒီလိုတွေဖြစ်နေပြီ အဲဒါ ကို ဘာလို့ပြန်သွားမှာလဲ၊ အစ်ကို့ရဲ့ခန္ဓာကိုယ်ကို ယူလိုက်မှာမကြောက်ဘူး လား"
"ငါလုပ်ရမှာတွေ မပြီးသေးတာတွေရှိသေးတယ်" ဝူလင်းယူ ပြောလေ သည် "ငါ့ဝိဉာဉ်က မပြည့်စုံသေးတော့ ဒီတစ်ကြိမ်ကို သူကိုင်တွယ်နိုင်ရင် ကိုင်တွယ်နိုင်လိမ့်မယ်၊ ငါ့ဝိဉာဉ်ပြည့်စုံသွားရင်တော့ စားမယ့်သူက သူ မဟုတ်တော့ဘူး ငါပဲဖြစ်လိမ့်မယ်"
"ဒါဆို အစ်ကိုမြန်မြန် မိုရှားနဲ့ ပေါင်းစပ်သင့်တယ်၊ နောက်ပိုင်းကို မိုရှား ရဲ့ အခြေအနေ ပိုကောင်းလာတယ်" သူသည် သူ့အသက်ကိုဂရုမစိုက်ပဲ တစ်စုံတစ်ခုကိုလုပ်ချင်မှတော့ သူမက ဘယ်လိုလုပ်လက်လျော့ခိုင်းလို့ရ မလဲ။ သူတို့အမြန်ပေါင်းပ်ဖို့သာ သူမ အားပေးနိုင်သည်။ ထိုမှသာ သူလုံခြုံ မည်ဖြစ်သည်။
"အင်း" ဝူလင်းယူသည်လည်း မြန်မြန်ပေါင်းစပ်ချင်သည်။ ပြီးခဲ့သည့် တစ်ခေါက်က အလွန်အန္တရာယ်များခဲ့သည်။ အဘိုးကြီးမှာ သွေးနထင်ရောက် နေသည်။ သူပေါင်းစပ်လိုက်မှပင် ပြန်တိုက်ခိုက်နိုင်မည်။ မဟုတ်လျှင် အခြေ အနေမှာ ပိုဆိုးလာရုံပင်။
"အပြင်မှာ ဘယ်လောက်ကြာအောင်နေမှာလဲ"
"၁နှစ် ၂နှစ်ပေါ့၊ ၃နှစ်ကနေ ၅နှစ်လည်းဖြစ်နိုင်တာပဲ၊ မသိဘူး အဲ ဘိုးတော်ရဲ့ အခြေအနေကို မူတည်မှာပဲ" ဝူလင်းယူ ပြောလိုက်သည် "သူ ထွက်မလာမချင်း ငါပြန်ဖို့မလိုဘူး"
"အစ်ကိုက အချိန်ကြာအောင်ထွက်လာတာကို ဘယ်သူမှ သတိမထား မိဘူးလား"
"ငါအဲမှာမရှိတာနဲ့ မြင့်မြတ်တဲ့သားတော်မရှိတာမှမဟုတ်တာ၊ သူတို့ ရှာတဲ့သူကို တွေ့မှာပဲ အဆင်ပြေတယ်"
"အစ်ကို ကိုယ်ပွားထားခဲ့တာလား" ရှီမာယူယူသည် မှင်တက်သွား သည်။
"ယူယူက အတော်ဆုံးပဲ" ဝူလင်းယူသည် ပြုံးပြီးပြောလေသည်
"အစ်ကိုက ကိုယ်ပွားကို အိမ်မှာထားခဲ့ပြီး ကိုယ်ကတော့ အပြင်မှာ လျှောက်သွားနေတယ်ပေါ့"
"အဲလိုမှပဲ မင်းကိုအဖော်ပြုဖို့အချိန်ရှိမှာပေါ့"
"ကျွန်တော့်ကို အဖော်ပြုပေးဖို့မလိုပါဘူး" ရှီမာယူယူ ပြောလိုက်သည် "ပြီးတော့ ကျွန်တော်က ဂိုဏ်းထဲမှာ ကျွန်တော့်ကို အဖော်ပြုလို့မရဘူး"
"ဒါပေမဲ့ မင်းနောက်ပိုင်းကို ထွက်မလာဘူးလား"
"...." ဒီလူက ဘယ်လိုလုပ် အဲဒါကိုသိတာလဲ။
"ယူယူ ရှိတဲ့နေရာမှာ ငါရှိရမှာပဲ" သေချာသော စကားကို ထပ်ပြော လေသည်။
"လုပ်ချင်တာသာလုပ်တော့" ရှီမာယူယူ ပြောလိုက်သည် "ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ရဲ့ နောက်အစီအစဥၤက အစ်ကိုနဲ့ မိုရှာတို့ ပေါင်းစပ်ဖို့ပဲ၊ အစ်ကိုဒီမှာရှိနေတာ ပိုကောင်းပါတယ်၊ နတ်ဆိုးလောကက ပြင်ဆင်ပြီးတာနဲ့ ပေါင်းစပ်ဖို့အတွက် ပြင်ချင်လို့ရတယ်"
"ဒါဆို ငါတို့ ဘယ်တော့သွားကြမလဲ"
"အစ်ကို ကုသပြီးတာနဲ့... အဲအချိန်ဆိုရင် ကျွန်တော်လည်း စာမေးပွဲပြီး လောက်ပြီ"
သူမသည် ရှီချူးရှောင်အား ဆေးရေစိမ်ရန် ၁၀ရက်ကျန်သေးသည်။ သူမ ကတိပေးပြီးဖြစ်သဖြင့် တစ်ဝက်တစ်ပျက်နှင့် ထွက်မသွားလိုပေ။
"ယူယူ ငါ မင်းရဲ့အိမ်ဟင်းလက်ရာလေး စားချင်တယ်..."
နောက်ရက်အနည်းငယ်တွင် ရှီမာယူယူသည် ဂိုဏ်းသို့မပြန်ပဲ ထိုနေရာ တွင်သာ နေလေသည်။ သူမသည် အချိန်ယူကာ အမှတ်တရစားသောက် ဆိုင်သို့သွားပြီး ရှီချူးရှောင်အတွက် ဆေးရေစိမ်ရန် ပြင်ပေးလေသည်။ သူမ သည် ဝူလင်းယူ ခန္ဓာကိုယ်အား သန်မာလာစေရန် မည်သို့ကူညီပေးရမည်ကို စဉ်းစားရင်းနှင့် ကျန်သည့်အချိန်များကို ကုန်ဆုံးသည်။
သူသည်လည်း အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏ လက်ရှိအခြေအနေနှင့် သမားတော်တစ်ယောက် စစ်ဆေးပေးခြင်းသည် အမြန်သက်သာစေမည်။
၁၀ရက်ကြာသွားသည်။
ရှီချူးရှောင်သည် ရှီမာယူယူ၏အရှေ့တွင်ပင် အဝတ်ကိုချွတ်ကာ သစ်သားပုံးထဲဝင်သွားသည်။ ရင်းနှီးနေသောနာကျင်မှုသည် ချက်ချင်းပင် ပြန်ရောက်လာသော်လည်း ပထမအကြိမ်တုန်းကလို မတုန့်ပြန်မိတော့ပေ။
အစ်ပိုင်းတွင် သူမသည် တခြားသူတစ်ယောက်ရှေ့တွင် ကိုယ်လုံးတီး နေရသည်ကို အသားမကျပေ။ သူမသည် ပထမ ၂ရက် ၃ရက်တွင် အားနည်း သဖြင့် ရှီမာယူယူမှ အဝတ်များကိုကူချွတ်ပေးရပြီးနောက် ရှီမာယူယူရှေ့တွင် ချွတ်ရသည်ကို အသားကျနေလေပြီ။
"ဒါက ကျွန်တော် ချူးရှောင်ကို ဆေးရေစိမ်ဖို့လုပ်ပေးတာ နောက်ဆုံး အကြိမ်ပဲ" ရှီမာယူယူ ပြောပြီးသည်နှင့် ဆေးအရည်ထည့်လိုက်သည်။
"မင်းထွက်သွားတော့မှာလား" ရှီချူးရှောင်သည် သူမ ပြောလိုက်သော စကားကြောင့် အနည်းငယ် တွန့်ဆုတ်သွားကာ သစ်သားပုံးကိုမှီရင်း သူမ အားကြည့်လေသည်။
"အင်း ကျွန်တော်ကျောင်းကို တစ်နှစ်ခွင့်တိုင်ထားတာ လွန်ခဲ့တဲ့ ၂ရက် ကပဲပြည့်သွားပြီ" ရှီမာယူယူသည် သူမခြေထောက်ဖြင့် ခုံကိုဆွဲကာ ထိုင် လိုက်သည် "ဆေးရေစိမ်တာ ပထမအသုတ်တော့ပြီးသွားပြီ၊ နောက်ကို နေ့တိုင်းလုပ်ဖို့မလိုတော့ပါဘူး၊ နောက်ကျဆေးရေစိမ်လို့ရအောင် ကျွန်တော် ဆေးနည်းပေးခဲ့မယ် ဆေးညွှန်းအတိုင်းလုပ်လိုက်ရင်ရပြီ"
"ဒီဆေးနည်းကိုဘယ်သူ့ကိုမှ မပေးဘူးလို့ပြောခဲ့တယ်မလား"
"အဲဒါကြောင့် ကျွန်တော်က ချူးရှောင်ရဲ့စီနီယာအစ်ကိုကို ပိုက်ဆံ အများကြီးတောင်းတာလေ" ရှီမာယူယူသည် ပြုံးပြီးပြောလေသည် "ချူးရှောင်က ဘာတွေကြုံတွေ့ခဲ့ရလဲ ကျွန်တော်မသိပေမယ့် ဆေးရေစိမ် တာရဲ့ နာကျင်မှုကို ကြံ့ကြံ့ခံနေတာကိုကြည့်ရတာ ကိစ္စကြီးတစ်ခုဖြစ်လိမ့် မယ်၊ ခင်ဗျားကိုလည်း ကူညီပေးရင်း ပိုက်ဆံတွေအများကြီးရတော့ ကူညီချင် တာပေါ့"
"ကျေးဇူးတင်ပါတယ် ယူယူ" ရှီချူးရှောင်သည် ကျေးဇူးတင်စွာ ပြော လေသည် "ငါ ရှီချူးရှောင်က မိတ်ဆွေအများကြီးမရှိဘူး အခုကစပြီး မင်းက ငါ့သူငယ်ချင်းပဲ"
"ဒါဆိုရင် နောက်ပိုင်း ကျွန်တော်အတွင်းပိုင်းဒေသကိုသွားရင် ကျွန်တော့်ကို ဂရုစိုက်ပေးရမယ်" ရှီမာယူယူသည် မငြင်းဆန်ပဲ သူမ၏ အကူ အညီကိုလက်ခံလိုက်သည်။
"ဟူး အတွင်းပိုင်းဒေသတွေမှာတော့ ငါက နာမည်မကြီးဘူး၊ မင်းက ငါ့သူငယ်ချင်းဆိုတာ တခြားသူတွေသိရင် ပြဿနာတွေပဲရလာလိမ့်မယ်"
"ဟင် ဒါဆိုလည်း လျှို့ဝှက်သူငယ်ချင်းလုပ်ကြတာပေါ့"
".... မင်းက ပွင့်လင်းလိုက်တာ"
"မင်းက အရမ်းကြင်နာတတ်တယ်" ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် "လူတစ်ယောက် ပွင့်လင်းတာကပိုကောင်းတယ်လေ"
"မင်းအရေထူတာတော့ ငါသတိထားမိတယ်"
"အရေထူတာကောင်းတာပေါ့ အအေးဒဏ်ခံနိုင်တယ်လေ"
"...." ရှီချူးရှောင်သည် အခုမှ သူမကိုသိသွားသလိုပင်။ အစ်ပိုင်းတွင် သူမသည် ပုံမှန်ဟုသာထင်ထားခဲ့သော်လည်း သူမကို သိလေလေ ပထမဆုံး တွေ့ဆုံသည့်ပုံစံနှင့် ဘာကြောင့် များစွာကွာခြားသွားတာလဲ။
"ဘယ်တော့ သွားဖို့စီစဉ်ထားလဲ" သူမ မေးလိုက်သည်။
"ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ပြင်တော့မှာ အချိန်မရှိဘူးဖြစ်နေ တယ်" ရှီမာယူယူ ပြောလိုက်သည် "မင်းခန္ဓာကိုယ်က အခုမှအသစ်မွေးဖွား လာတာ၊ အဲဒါကြောင့် အဝတ်ပါးတွေမဝတ်သေးနဲ့ဦး ၂လနဲ့အထက် နလန်ထူ အောင်လုပ်ပြီးမှ ပြန်နော်"
ရှီချူးရှောင်သည် အစပိုင်းတွင် ယူယူထွက်သွားသည်နှင့် ပြန်ရန် စဉ်းစားခဲ့သော်လည်း အခုတော့မဖြစ်နိုင်သေးသည့်ပုံပင်။
သူမသည် နောက်ထပ် ၂လထပ်စောင့်ရဦးမည်။ အဲအချိန်ကျရင် အဲ ခွေးအတွဲက ဘယ်လိုဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ။ ၂လ... သူမသည် အားတင်းပြီး စောင့်ရဦးမှာပေါ့။
"မင်း ပြန်သွားလို့ဘာလုပ်ချင်ချင်၊ မဖြစ်နိုင်တာကို မကြိုးစားသင့်ဘူး၊ ငါ အတွင်းပိုင်းဒေသကိုမရောက်မချင်းမသေနဲ့၊ ငါ့ရဲ့တန်ဖိုးကြီးတဲ့ ဆေးပစ္စည်း တွေကို မဖြုန်းတီးနဲ့ နားလည်လား"
"...."
"သြော် ဟုတ်သားပဲ မင်းငါ့ကို ကျေးဇူးဆပ်မယ်လို့ ပြောခဲ့တယ်မလား၊ ငါအခုတလော ပိုက်ဆံပြတ်နေလို့ များများလေးလိုနေတယ်၊ ငါ့ကို ကျေးဇူး ဆပ်ချင်ရင် ပိုက်ဆံသာပေး၊ ပမာဏက ကိစ္စမရှိဘူး များလေကောင်းလေပဲ"
"...."