ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
41
42
43
44
45
46
47
48

22

9.5K 1.2K 41
By Deity_YuZhang

U••

[မင်္ဂလာပွဲစီစဉ်ခြင်း]

ယွီရှန်းကိစ္စအချို့ဖြေရှင်းရန်ရုံးကိုပြန်လာပြီးသည့်နောက် ၇ နာရီထိုးသည်အထိအလုပ်ရှုပ်နေခဲ့သည်။ ထို့နောက်တွင်တော့ မဒမ်ရှန်ကိုဖုန်းဆက်၍ သူအဓိကအဆောက်အအုံသို့ပြန်လာမည်မဟုတ်ကြောင်းအသိပေးကာ ရှုခင်းသာတိုက်ခန်းသို့ပြန်မောင်းလာခဲ့တော့သည်။

သခင်လေးတိုက်ခန်းသို့ချက်ချင်းပြန်လာမည်မှန်း ရှောင်ဝူခန့်မှန်းထားပြီးပြီမို့ ရှန်ယွီရှန်းတံခါးဖွင့်ဝင်လာသည့်အခါ၌ သိပ်တော့မအံ့သြချေ။ မည်သို့ပင်ပင်ဆိုဆို အန်တီချင်ကတော့ shock ရသွားပုံပင်၊ သို့သော်လည်း ချက်ချင်းပင်အခြေအနေကိုနားလည်လျက် သူမကသူ့ကိုနှုတ်ဆက်ကာညစာအချို့ပြင်ပေးလိုက်၏။

ယွီရှန်းအိပ်ခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ ချန်းနင်တစ်ယောက် ပြတင်းပေါက်နားတွင်ထိုင်ကာ ညဘက်ကောင်းကင်ကြီးကိုငေးစိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။

ယွီရှန်း အရှိန်ကိုလျှော့ကာ သူ့ချစ်သူလေးဘေးသို့ဖြည်းဖြည်းချင်းလျှောက်သွားရင်း လက်ကိုကိုင်လျက် သူ့ဘက်သို့ညှင်ညှင်သာသာဆွဲကာဖက်လိုက်လေသည်။ ထို့နောက် ယွီရှန်းက ချန်းနင်၏ခေါင်းလေးကို တယုတယနမ်းရှိုက်ကာ. .

"ဘာတွေတွေးနေတာလဲ?"

ချန်းနင်ကအနည်းငယ်ရွေ့၍ သက်သောင့်သက်သာဖြစ်သောပုံစံကိုပြောင်းကာ တစ်ဖက်လူ၏ရင်ခွင်ထဲသို့မှီလိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး...ဒီတိုင်းခဏလောက်စိတ်ကူးယဉ်နေတာ"

ချန်းနင်ကရှက်ရွံ့မှုများနှင့် မသက်သာဖြစ်မှုများကို သူ့ကိုရှာမတွေ့စေချင်သဖြင့် ဖုံးကွယ်ထားမှန်းယွီရှန်းနားလည်လိုက်သည်။ သူ့ချစ်သူလေးကသူ့ကိုစိတ်မပူစေချင်မှန်းသိလိုက်ရသည့်အခိုက် ယွီရှန်းနှလုံးသားထဲ၌မခံစားနိုင်လောက်အောင်ကိုက်ခဲလာ၏။ အရပ်ပိုရှည်သည့်လူကြီးက ချန်းနင်၏ဒူးအောက်သို့ လက်မောင်းကိုလျိုသွင်းကာ သူ့ကိုဆိုဖာဆီသယ်သွား၍ ပေါင်ပေါ်တွင်ထိုင်စေလိုက်သည်။

ယွီရှန်းကချန်းနင်ကိုသူ့လက်မောင်းကြားရစ်ပတ်ထွေးပွေ့ထားရင်း ပိုငယ်သည့်လူငယ်လေးကို သူ့ပခုံးပေါ်၌ခေါင်းတင်၍ သက်သောင့်သက်သာမှီထားစေသည်။

"ချန်းနင်... အဲ့ကိစ္စကမင်းကိုကြောက်သွားစေမှန်းကိုယ်သိပါတယ်... ဒါတွေအကုန်ကိုယ့်အပြစ်တွေပါ...ဒါပေမဲ့ အချစ်လေး အခုချိန်ကစပြီးကိုယ့်ကိုယုံကြည်ပေးပါ ကိုယ်ဘယ်လိုထိခိုက်မှုမျိုးကိုမှမင်းအနားရောက်မလာစေရဘူး... မင်းကိုကာကွယ်ပေးပြီးမင်းမျှော်လင့်တဲ့ဘဝလေးကိုကိုယ်ပေးမယ်... ကိုယ့်အချစ်လေးကကိုယ့်ကိုယုံပေးမယ်မလား?"

"အင်း...ခင်ဗျားသတိပေးထားရက်နဲ့ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လျစ်လျူရှုမိတာ ကျွန်တော့်အမှားပါ ယင်မိသားစုကဒီလောက်ထိကြောက်ဖို့မကောင်းဘူးလို့ထင်ခဲ့တာ ဒီနေ့တော့သင်ခန်းစာရသွားပြီ"

ချန်းနင်ကရှင်းပြရင်းဖြင့် သူ့မျက်နှာလေးကို ယွီရှန်း၏လည်တိုင်တွင်ပို၍မြုပ်နှံလျက်။

္စယွီရှန်းကသူ့ချစ်သူလေးကို သူကိုယ်ထဲဆွဲထည့်ထားတော့မည့်အလား တင်းကြပ်စွာထွေးပွေ့ထားလေသည်။

"ချန်းနင်... အခုအကုန်လုံးပြီးသွားပါပြီ... အဲ့အကြောင်းထပ်မတွေးနဲ့တော့ ကိုယ်မင်းကိုကာကွယ်ဖို့ဘာမဆိုလုပ်မယ်... မင်းကိုဘယ်သူမှထပ်ပြီးနာကျင်အောင်မလုပ်စေရဘူးလို့ကိုယ်အာမခံတယ် ကိုယ့်ကိုယုံပါ.. ဟုတ်ပြီလား?"

"အင်း ကျွန်တော်သိပါတယ်... စိတ်မပူပါနဲ့ ကျွန်တော်အဆင်ပြေပါတယ်"

အကယ်၍များ....
ချန်းနင်ထပ်မတွေးရဲတော့ပါချေ။ ဘာတွေဖြစ်လာမည်ကိုစဉ်းစားတိုင်း သူအလွန်ကြောက်ရွံ့ပါ၏။

ယွီရှန်းသူ့လည်တိုင်တွင်မြုပ်ထားသည့် မျက်နှာလေးကိုအုပ်မိုးလျက် နှစ်သိမ့်သောခပ်ဖွဖွအနမ်းလေးအချို့ကို ပေးလိုက်သည်။ ဖြည်းညှင်းစွာဖြင့် သူ့အနမ်းများက ချန်းနင်၏နဖူးမှ မျက်ခုံး၊ နှာခေါင်းထိပ်လေးမှ နောက်ဆုံးတွင် နူးညံ့သောနှုတ်ခမ်းပါးလေးများဆီသို့ရောက်လာတော့သည်။ သူ့အနမ်းများက နူးညံ့စွာစုပ်ယူလျက်၊ ကမ္ဘာပေါ်တွင်အရသာအရှိဆုံးအရာကိုစားသုံးနေသကဲ့သို့ ခပ်ဖွဖွလျက်နေတော့သည်။

ယွီရှန်း၏ညှင်သာမှုများကြောင့် ချန်းနင်ကသူ့နှုတ်ခမ်းလေးများကို အနည်းငယ်ဖွင့်ဟကာ ပထမဆုံးအကြိမ်အဖြစ် တစ်ဖက်လူ၏အနမ်းများကို ရှက်ရွံ့စွာပြန်ပေးလိုက်တော့သည်။

သူ့ချစ်သူထံမှ တုန့်ပြန်မှုတစ်ခုကိုရရှိလိုက်ခြင်းက ယွီရှန်း၏စိတ်အားထက်သန်မှုကိုဖြစ်ပေါ်စေကာ သူ့အနမ်းများက နူးညံ့ညှင်သာခြင်းမရှိတော့ချေ။ သူ့လျှာကို ချစ်ရသူလေး၏ပါးစပ်ထဲထိုးသွင်း၍ လျှာနှစ်ခုကိုရစ်ပတ်စေကာ ချန်းနင်၏လျှာလေးကို ချစ်စိတ်ပြင်းပြစွာစုပ်ယူနေသည်မှာ တစ်ဖက်လူကိုမျိုချတော့မည့်နှယ်။

ရုတ်တရပ်ပြင်းပြမှုနှင့် အနမ်းကြမ်းများက ချန်းနင်ကိုညည်းညူသံပိစိလေးသတိလက်လွတ်ထွက်သွားစေကာ အပြည့်အဝမစုပ်ယူလိုက်ရသည့် ငွေရောင်အရည်အချို့က သူ့နှုတ်ခမ်းမှ စီးကျလာတော့သည်။

သူ့ချစ်သူထဲမှ ခပ်တိုးတိုးညည်ညူသံလေးက အကောင်းဆုံးသောစိတ်ကြွဆေးဖြစ်၍ ယွီရှန်း၏အနမ်းများကိုလောင်စာထည့်ပေးနေတော့သည်။ ချစ်ရသူလေးကိုသူ့အနားသို့ပိုတိုးကပ်စေ၍ လက်နှစ်ဖက်ကချန်းနင်၏ခေါင်းလေးကိုကိုင်ထားလျက်။ ရိုးရှင်း၍ သက်သောင့်သာဖြစ်သော၊ ရမ္မက်ပြင်းပြီး သိသာသောပိုင်ဆိုင်လိုမှုများဖြင့် ရင်ခွင်ထဲမှချစ်ရသူလေးကို အပြင်းအထန်နမ်းရှိုက်မိနေတော့သည်။ ဖြစ်နိုင်ပါက သူ့ချစ်သူလေးကိုမြိုချထားလိုက်ချင်ကာ၊ သို့မှသာသူတို့နှစ်ယောက် ဘယ်တော့မှခွဲခွာရတော့မည်မဟုတ်ပေ။

အချိန်ကမသိမသာဖြတ်သန်းသွားကာ ချန်းနင်အသက်ရှုမရတော့သည့်အခါမှ ယွီရှန်းကလွှတ်ပေးတော့သည်။ လေထုထဲတွင် စုံတွဲ၏အသက်ရှုသံနှင့်အတူ မောဟိုက်သောအသံများက မပီမသပျံ့လွင့်လျက်။

ယွီရှန်းကချန်းနင်ကိုသူ့အောက်တွင်ဆွဲဖိထားချင်ကာ ကောင်လေး၏သာယာမှုကြောင့်တုန်ယင်လျက်စွဲမက်ဖွယ်အကြည့်များပေးလာမည်ကို လိုချင်လှသော်လည်း ယခုကဲ့သို့အရေးပါဆုံးအခိုက်အတန့်တွင် သူ၏နောက်ဆုံးသောဆင်ခြင်တုံတရားကိုဆုပ်ကိုင်ထားဖို့ရုန်းကန်လျက် ချန်းနင်ကိုလွှတ်ပေးလိုက်တော့သည်။

ယွီရှန်းသူ့ချစ်သူလေးကို ရင်ခွင်ထဲတစ်ဖန်ထပ်ထည့်၍ အသက်ရှုရအဆင်ပြေစေရန် ကျောပြင်လေးကိုပွတ်ပေးရင် တစ်ဖက်တွင်လည်းသူ့လိုချင်တပ်မက်မှုများကိုလျော့ချနေရသည်။ 'တကယ်ကိုနှိပ်စက်ညှင်းပန်းတတ်တဲ့နတ်ဆိုးလေးပဲ' ဟုသူတွေးမိ၏။

ချန်းနင်ကိုအရင်ဆုံးသွားရန်စသည်က သူဟုထင်ရသော်လည်း ထောင်ချောက်ထဲ၌သူပဲပိုပိုကျရှုံးသွားခြင်းဖြင့်သာ အဆုံးသတ်သွားရသည်။ သူ့ဘာကြောင့်များ ရမ္မက်စိတ်ကိုအလိုလိုက်၍ အသက်၂၀အရွယ်ကောင်လေးကဲ့သို့ မဆင်မခြင်ပြုမူနေရမှန်းမသိတော့သဖြင့် ယွီရှန်းသက်ပြင်းသာချမိတော့သည်။ သူ၏ဂုဏ်ယူစရာကောင်းသော ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုကလည်း ချစ်ရသူလေးအရှေ့တွင် လုံးဝအသုံးမဝင်တော့သည့်အကြောင်းကိုလည်း သူသိချင်မိပါသေးသည်။

စိတ်အေးသွားသောချန်းနင်ကလည်း ယွီရှန်းကိုရိုက်လိုက်ရင်း အပြစ်တင်လိုက်သည်။ ဘယ်လိုတောင် ဒီလူကအခွင့်ကောင်းယူဖို့အမြဲတမ်းကြိုးစားနေပြီး သူ့ကို သတိလစ်မတတ်အနိုင်ကျင့်နိုင်ရတာလဲ။ သူသာကောင်းကောင်းမထိန်းချုပ်နိုင်ရင် အသက်ရှုရပ်ပြီးသေသွားနိုင်သည်။  သို့ဆိုလျှင်တော့၎င်းက မှားယွင်းသောသေဆုံးမှုကြီးနှင့် သူ့အတွက်အကြီးမားဆုံးသောဆုံးရှုံးမှုဖြစ်လာလိမ့်မည်ပင်!

ချန်းနင်က ယွီရှန်း၏လည်တိုင်၌ သူ့မျက်နှာကိုပြန်မြှုပ်ထားလိုက်ရင်း အနည်းငယ်ဆူပူလိုက်သည်။

"အချိန်တိုင်းအဲ့လိုလုပ်မနေနဲ့...ကျွန်တော်အသက်ရှုရပ်ပြီးသေတော့မလို့"

ယွီရှန်းကတုန့်ပြန်သည့်အနေဖြင့် ခပ်ဟဟရယ်ကာ ချန်းနင်ကတော့ သူ့ရင်ဘတ်မှတုန်ခါမှုကိုနားထောင်ရင်း ရင်ခုန်သံများပိုမြန်လာရသည်။ မျက်နှာတစ်ခုလုံးပိုနီရဲလာသည့်အလျောက်၊ ချန်းနင်ကသူ၏အားနည်းသောလက်ကလေးများဖြင့် ယွီရှန်း၏ပခုံးကိုထိုးလိုက်ရင်း ညည်းတွားလာတော့သည်။

"ခင်ဗျားရယ်ရဲတယ်ပေါ့... ထပ်ရယ်ရင်ကျွန်တော်နဲ့ရန်သူဖြစ်ပြီမှတ်"

ယွီရှန်းကသူ့ရယ်သံကိုဖိနှိပ်ဖို့ချောင်းဆိုးလိုက်မိသည်။ အမှန်၌ သူချစ်သူလေးပါအတူပြုတ်ကျသွားမည်ကိုလည်း စိုးပါ၏။

"ကောင်းပါပြီ... ကိုယ်မရယ်တော့ဘူး အချစ်လေး.. ခေါင်းမော့ပြီး ကိုယ့်ကိုကြည့်ပါဦး?"

ယွီရှန်းကပြောရင်းဖြင့် ချန်းနင်မျက်နှာလေးကိုမော့စေကာ သူ့ကြောင့်ဖြစ်ပေါ်လာသည် နီရဲယောင်ယမ်းနေသောနှုတ်ခမ်းလေးများကိုငေးစိုက်ကြည့်မိသည်။ ၎င်းကအလွန်ချစ်ဖို့ကောင်းလှပါသဖြင့် ထပ်မံ၍စုပ်ယူချင်စိတ်ပင်ဖြစ်ပေါ်လာရသည်။ သို့သော်လည်း ချန်းနင်သေချာပေါက်ဒေါသထွက်မည်ကိုတွေးမိသဖြင့် ယွီရှန်းသူ့အတွေးများကို ဘေးဖယ်ကာ ထိုနှုတ်ခမ်းလေးများပေါ်သို့လက်ဖြင့်ခပ်ဖွဖွပွတ်မိလိုက်သည်။

"အင်း...နည်းနည်းလေးတော့ယောင်နေပေမဲ့ အရမ်းတော့မဆိုးပါဘူး... ကိုယ့်နည်းစနစ်ကအဲ့လောက်လဲဆိုးတာမဟုတ်ဘူးထင်ပါတယ်"

တရားခံဖြစ်ပါရက်နှင့် အပြစ်ကင်းချင်ယောင်ဆောင်နေသောလူကြီးကိုစိုက်ကြည့်ရင်း ချန်းနင်မျက်ဝန်းထဲ၌မီးပွားများတောက်လောင်လာတော့သည်။

"ခင်ဗျားထပ်ပြောရဲပြောကြည့်စမ်း?"

ယွီရှန်းကချန်းနင်၏ခေါင်းလေးကိုခပ်ဖွဖွဖိနှိပ်ပေးရင်း ပြန်လည်ဖြေကြားလာသည်။

"babe... စိတ်မတိုရဘူးလေ ကိုယ်မှားပါတယ်... ကိုယ်နောက်တစ်ခါကျပိုဂရုစိုက်ပါ့မယ်နော်"

ချန်းနင်၏ရင်ဘတ်ကဒေါသကြောင့်တင်းကြပ်လာကာ အံကြိတ်၍ဆိုလာတော့သည်။

"ကျွန်တော့်ကို babe လို့ခေါ်တာ တားမြစ်တယ်..  မဟုတ်ရင်ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာ ခင်ဗျားကိုပြမယ်"

'babe' ဟူသည့်အခေါ်အဝေါ်ကို လက်သင့်မခံနိုင်သဖြင့် အတော်လေးစိတ်ရှုပ်နေရကာ ၎င်းက သူ့အားကြက်သီးများပင်ထသွားစေသည်။

"ဟုတ်ပါပြီကွာ... စိတ်မဆိုးပါနဲ့ မင်းမပျော်တဲ့အချိန်ဆို ကိုယ်မခေါ်တော့ဘူး"

မင်းပျော်နေရင်တော့ ကိုယ်ခေါ်ချင်တဲ့အချိန်ခေါ်မှာ...

ထို့နောက်တွင်တော့ အန်တီချင်က ညစာအဆင်သင့်ဖြစ်ပြီဖြစ်ကြောင်းသတိပေးရန် ရောက်လာခဲ့သည်။

ယွီရှန်းက ချန်းနင်၏လက်ကိုကိုင်ထားရင်း ညစာအတွက် ပူးကပ်၍အောက်ဆင်းလာကြသည်။

ချန်းနင်ကတစ်ချိန်လုံးခေါင်းလေးကိုငုံ့ထားရင်း ယွီရှန်းကိုခဏခဏလှမ်းကြည့်နေမိ၏။ ဒီအရူး! ကိုယ့်ကိုကိုယ်ထိန်းချုပ်ရမှန်းမသိတဲ့အရူးကြီး! သူ့ယောင်ကိုင်းနေတဲ့နှုတ်ခမ်းတွေကိုတခြားလူတွေသတိမထားမိအောင် ခေါင်းငုံ့ထားရုံကလွဲပြီးမတတ်နိုင်တဲ့အထိဘယ်လိုလုပ်ရဲရတာလဲ။ သူဘယ်လိုများရှင်းပြရမှာလဲ? သူချော်လဲပြီးမတော်တဆထိခိုက်မိတယ်လို့ပြောဖို့လဲမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား? လူတွေကသူ့ကိုငတုံးလိုမျိုးကြည့်ကြမှာပေါ့? ဒါတွေအကုန်အဲ့အရူးကြီးရဲ့အမှားတွေချည်းပဲ!

သူ့ချစ်သူထံမှတောက်လောင်နေသောအကြည့်များအား လျစ်လျူရှုထားဖို့ခက်ခဲလှသည်။ ယွီရှန်းကသူ့ပါးစပ်ကို ချန်းနင်၏နားရွက်နားကပ်၍ခပ်တိုးတိုးဆို၏။

"အဆင်ပြေပါတယ် သူတို့ဘာမှမေးမှာမဟုတ်ဘူး"

ချန်းနင်၏နားရွက်၌အပူငွေ့ဖြတ်သန်းသွားကာ သူ့အရည်ပြားကိုယားကျိကျိဖြစ်သွားစေသည်။ ချန်းနင်ရှက်ရွံ့စွာဖြင့်ရှောင်တိမ်းလိုက်ကာ ပါးပြင်တစ်ခုလုံးထူပူလျက်။

"ခင်ဗျားအလုပ်မဟုတ်ဘူး"

သူယွီရှန်းကိုတစ်ချက်စိုက်ကြည့်လိုက်ရင်း ထေ့ငေါ့ကာ မျက်နှာလွှဲသွားလိုက်လေသည်။

သူ၏ရှက်သွေးဖြာတတ်သောချစ်သူလေးက အလွန်အသည်းယားစဖွယ်ကောင်းလှသည်မို့ သူအရင်ကလုပ်ခဲ့သည့်ရွေးချယ်မှုအတွက် ယွီရှန်းသူ့ကိုယ်သူကျေးဇေူးတင်မိသွားသည်။ အကယ်၍သူသာ ချန်းနင်ကိုမရွေးချယ်ခဲ့ပါက တစ်သက်လုံးပျင်းစရာကောင်းသောနေ့ရက်များကိုသာ ဖြတ်သန်းသွားရတော့မည်ပင်။

သူတို့ညစာစားပြီးသည့်နောက်တွင်တော့ ယွီရှန်းကချန်းနင်ကိုအပေါ်ထပ်သို့ပြန်ခေါ်လာကာ နှစ်ဦးသား ဆိုဖာပေါ်တွင်ထိုင်၍ နေ့လည်စာပြီးနောက်အနားယူသည့်အနေဖြင့် လက်ဖက်ရည်သောက်ကြသည်။

ထွက်သွားဖို့စိတ်ကူးထားပုံမရသည့်ယွီရှန်းကိုကြည့်ရင်း ချန်းနင်ကအမေးရှိလာ၏။

"ခင်ဗျားကဘာလို့အခုထိထွက်မသွားသေးတာလဲ?"

"ဘယ်ကိုသွားရမှာလဲ?"

"ခင်ဗျားအရင်အိမ်တော်ဟောင်းကိုမပြန်ဘူးလား?"

ယွီရှန်းကတုန့်ပြန်သည့်အနေဖြင့် ခေါင်းခါ၏။

"ကိုယ်ဒီမှာပဲနေတော့မှာ"

ချန်းနင်ကတစ်ဖက်လူကိုစိတ်ရှုပ်ထွေးစွာဖြင့်စိုက်ကြည့်ကာ...

"ဘာလို့ဒီမှာနေမှာလဲ?"

ယွီရှန်းကသူ၏စိတ်ရှုပ်ထွေးနေသောချစ်သူလေးကို ပျော်ရွှင်စွာကြည့်ရင်း ပြုံးကာဆိုလာသည်။

"ကိုယ်ကဘာလို့ဒီမှာမနေရမှာလဲ?"

ချန်းနင်၏မျက်ဝန်းများက ဟိုဟိုဒီဒီအကြည့်လွှဲလျက်။

"ဘာ ဘာလို့လဲဆိုတော့... ကျွန်တော်တို့ကအခုလက်မှမထပ်ရသေးတာ"

သူ့ပါးပြင်လေးများကပြန်လည်နီရဲလာပြန်တော့သည်။

"အဲ့တာကြောင့်လည်းကိုယ်တို့အတူနေသင့်တာပေါ့ ဒီအချိန်အတွင်းမှာ ကိုယ်တို့မင်္ဂလာပွဲအတွက်ကိုဆွေးနွေးရမယ် ဝတ်စုံတွေ၊ လက်ဝတ်ရတနာတွေ၊ မင်္ဂလာဓာတ်ပုံရိုက်မဲ့ရှုခင်း၊ ရိုက်မဲ့ပုံစံ၊ ရိုးရာမင်္ဂလာပွဲလား အနောက်တိုင်းမင်္ဂလာပွဲလားဆိုတာတွေ၊ ပြီးတော့လည်း ကိုယ်တို့မင်္ဂလာခမ်းမကိုသွားကြည့်ဖို့လိုသေးတယ် အာ ပြီးတော့မင်းကိုယ်တို့နေမဲ့ဗီလာကိုလည်းလိုက်ကြည့်ဖို့လိုသေးတယ်လေ ကိုယ်တို့မှာအချိန်သိပ်မရှိဘူး"

ယွီရှန်းကခဏရပ်၍ လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။

"ပြီးတော့လည်း မင်းအိမ်တော်ဟောင်းကိုသွားဖို့လိုသေးတယ် အဖွားကသူတို့မင်္ဂလာပွဲအတွက်စီစဉ်ထားပေမဲ့လည်း ကိုယ်တို့စိတ်ကျေနပ်မှဖြစ်မှာ အဲ့တာကြောင့် အကြံဥာဏ်အချို့ပေးဖို့လိုသေးတယ်လို့ပြောတယ် ထပ်ပြောရရင် အဖေကလည်း မင်းကိုကုမ္ပဏီကိုလိုက်ပြထားဖို့ ကိုယ့်ကိုမှာထားသေးတယ် ဘုတ်အဖွဲ့ကလူအိုကြီးတွေကိုလည်း မင်းကိုယ်တိုင်တွေ့စေချင်နေတာ သူတို့ကိုမင်္ဂလာပွဲကိုဖိတ်ထားတယ်ဆိုပေမဲ့ မင်းသူတို့နဲ့အရင်ဆုံးတွေ့ထားတယ်ဆိုရင် ရှန်မိသားစုနဲ့ရှန်အဖွဲ့အစည်းမှာ မင်းအတွက်နေရာကောင်းပိုရလိမ့်မယ်"

ချန်းနင်၏မျက်ဝန်းများက အံ့သြထိတ်လန့်မှုကြောင့်ပြူးကျယ်သွားကာ သူတွေးလိုက်မိ၏။ ဒါတွေအားလုံး မင်္ဂလာပွဲအတွက်လုပ်ရမှာတွေချည်းပဲလား? ဒီလုပ်ရမဲ့ဟာတွေအကုန်လုံးကသူ့ကိုတစ်ခါထဲပင်ပန်းပြီးသေအောင်သတ်နေတာမဟုတ်ဘူးလား? ချန်းနင်ကတံတွေးမျိုချကာ မေးလာ၏။

"အဲ့တာနဲ့ပက်သက်ပြီးတော့ ဘာလို့ဒီလောက်တောင်လုပ်စရာတွေများနေတာလဲ?"

"သခင်လေးရှန်လက်ထပ်တော့မယ်ဆိုတာက ရယ်စရာကိစ္စတစ်ခုမဟုတ်ဘူးလေ"

"ကျစ် စိတ်ကြီးဝင်နေတဲ့လူကြီး... အဲ့တာကဘာဂုဏ်ယူစရာရှိလို့လဲ"

ချန်းနင်ကနှုတ်ခမ်းဆူသွားသည်။

ယွီရှန်းကသူ့လက်ဖက်ရည်ခွက်ကိုချကာ ရုတ်တရပ်ဆိုသလိုချန်းနင်အပေါ်တွင်အုပ်မိုးလိုက်၍ မပြင်ဆင်ရသေးသည့်လူငယ်လေးကိုသူ့အောက်တွင်ပို့ကာ ခြိမ်းခြောက်သည့်လေသံဖြင့်ဆိုလာသည်။

"Babe... မင်းကမင်းယောက်ျားရဲ့ဂုဏ်သိက္ခာကိုမေးခွန်းထုတ်နေတာလား? 'သခင်လေးရှန်' ဆိုတာက တာဝန်ပေါင်းများစွာကိုသယ်ထားရတယ်ဆိုတာ မင်းသိသင့်တယ်"

ချန်းနင်က ရုတ်တရပ်တိုက်ခိုက်မှုကြောင့် မခုခံနိုင်ဖြစ်သွားကာ ရှန်ယွီရှန်းကိုစိုက်ကြည့်လာသည်။ လူကြီးလူကောင်းဆန်ဆန်တစ်ချိန်လုံးပြုမူလာခဲ့သည်မို့ သူ့တွင်ထိုကဲ့သို့ကလေးဆန်သောတစ်ဖက်ခြမ်းရှိမှန်း ချန်းနင်သိခဲ့သင့်သည်။ သူကခပ်ဟဟရယ်ရင်း ဆိုလာ၏။

"မာနကြီးလိုက်တာဗျာ အပေါ်ယံမှာကျတော့ ရင့်ကျက်တဲ့အထက်တန်းစာလိုပြုမူနေပြီးတော့ အတွင်းစိတ်ကအကြံအစည်ကြီးတဲ့မြေခွေးမိစ္ဆာကြီးဖြစ်နေပါလား အဲ့ထဲကမှအဆိုးဆုံးတစ်ယောက်ပေါ့"

ချစ်သူထံမှရှုံ့ချခံလိုက်ရသော်လည်း ယွီရှန်းကစိတ်ဆိုးရမည့်အစား သူ့ချစ်သူလေးက ဥာဏ်ကောင်းသည့် နတ်ဆိုးလေးဖြစ်နေသည်ကိုဂုဏ်ယူနေသည်။

"နတ်ဆိုးကောင်လေး..ကိုယ်ကမြေခွေးမိစ္ဆာဆိုရင်တောင်မှ မင်းကကိုယ်သွားသမျှတောင်တိုင်းကိုလိုက်တက်ရမှာပဲ... ဒီနေ့ကိုယ်မင်းကို 'ခင်ပွန်းကောင်းတစ်ယောက်အဖြစ်ကျင့်ကြံနည်းအဖြာဖြာ'ကို တစ်ခုနှစ်ခုတော့သင်ပေးမှဖြစ်တော့မယ်"

ထို့နောက်တွင်တော့ ယွီရှန်းက သူ့ချစ်သူလေး၏မျက်နှာနှင့်လည်တိုင်များအား ကြုံသလိုလျှောက်ကိုက်ရင်း ချန်းနင်၏အဝတ်များအောက်၌ သူ့လက်ကိုလျိုသွင်းကာ ဂလိထိုးတော့သည်။

ချန်းနင်ကအဆက်မပြတ်ရယ်မောရင်း ယွီရှန်းဂလိထိုးမှုများနှင့် ကိုက်ခြင်းများကိုရှောင်ရှားနေ၏။

"hahaha ရှန်ယွီရှန်း ရပ်တော့! hahaha ကျွန်တော်ယားလို့သေတော့မယ်လို့! hahaha ရပ်တော့ အရူးကြီးရ"

"အဲ့တော့ Babe... ကိုယ်ဘယ်လောက်အင်အားကြီးလဲဆိုတာ မင်းသိပြီပေါ့?"

"hahaha သိပြီ သိပြီလို့ လူဆိုးကြီးရ hahaha ရပ်တော့!"

ယွီရှန်းကရပ်လိုက်ကာ အောက်တွင်လဲလျောင်းနေသည့်ချစ်သူလေးကို တယုတယစိုက်ကြည့်နေလေသည်။ ထိုပြုံးနေသည့်မျက်ဝန်းထောင့်စွန်း၌ မျက်ရည်ဥလေးများတွဲခိုလျက်၊ ပါးပြင်ရဲရဲလေးများက သူ၏ဖြူဖျော့၍ကောင်းမွန်သောအသားရည်ပေါ်ထင်းနေကာ ပန်းရောင်နှုတ်ခမ်းလေးများက ကိုက်ထားသောကြောင့်အရာလေးများထင်နေသည်။ သူ၏နွေးထွေးသောအသက်ရှုသံများက သူ့(ရှန်ယွီရှန်း)မျက်နှာပေါ်သို့ တိုက်ခတ်နေကာ နွေးထွေးမှုက ချိုမြိန်သောလက်ဖက်ရည်နံ့ဖြင့်ရောထွေးလျက် သူ့နှလုံးသားကိုပိုနက်နဲစွာလှုပ်ခတ်နေပေတော့သည်။

ထိုသို့ပူပြင်းသောမျက်ဝန်းများဖြင့်စိုက်ကြည့်ခံနေရသည်မို့ ချန်းနင်အနည်းငယ်စိတ်ဖိစီးသွားကာ သူ့အပေါ်မှလေးလံသည့်ခန္ဓာကိုယ်ကြီးကိုတွန်းထုတ်၍ အကြည့်လွှဲသွားတော့သည်။

"ဟေ့လူ လျှောက်မကစားနဲ့တော့ ထတော့ ခင်ဗျားက လေးတယ်ဗျ"

ယွီရှန်းကသူ့လက်ချောင်းများကို ချန်းနင်မျက်နှာကိုခပ်ဖွဖွပွတ်ရင်း တိုးလျသောသြရှရှလေသံဖြင့်ဆိုလာသည်။

"ချန်းနင်... ကိုယ့်တစ်ဘဝလုံး မင်းရဲ့အရာမှန်သမျှပိုင်ဆိုင်ချင်တယ်"

အကြင်သူက ခေါင်းကိုငုံ့လိုက်ရင်းနူးညံ့သောအနမ်းအချို့ထပ်မံပေးလာပြန်သည်။ ၎င်းကချစ်ခြင်းတရားများပြည့်နှက်နေ၍ ချစ်ရသူ၏နှလုံးသားကိုပျော်ဝင်သွားစေကာ သူတို့အချစ်များအားတစ်ခုတည်းအဖြစ်စုပေါင်းသွားစေသည်မို့ နောက်တစ်ခေါက်ဘယ်တော့မှခွဲခွာနိုင်တော့မည်မဟုတ်ဟု မျှော်လင့်နေမိတော့သည်။

ကြာမြင့်သောအနမ်းတစ်ခုပြီးသည့်နောက် ချန်းနင်ကသူ့မျက်နှာကိုယွီရှန်းလည်တိုင်တွင်ဖွက်ထားလိုက်ရင်း ထပ်မံဆူပူလာသည်။

"ကျွန်တော့်ကိုအခွင့်ကောင်းယူနေတာရပ်တော့"

ယွီရှန်းက သူ့ချစ်သူလေး၏အနက်ရောင်ဆံပင်များကို ချစ်မြတ်နိုးစွာပွတ်သပ်ရင်း အလိုလိုက်သည့်အသံဖြင့်ဆိုသည်။

"ကောင်းပါပြီ ဒါဆိုလည်း ကိုယ်တို့နေရာလဲပြီး Babe ကကိုယ့်ကိုအခွင့်ရေးယူလိုက်ပေါ့ ကိုယ်စိတ်မရှိပါဘူးနော်"

ထို့နောက် ချန်းနင်ကတုန့်ပြန်သည့်အနေဖြင့်တစ်ချက်ပြန်ထိုးလိုက်တော့သည်။

ဆော့ကစား၍နမ်းလို့ဝသည့်အခါတွင်တော့ ထိုအတွဲတည့်တည့်မတ်မတ်ပြန်ထိုင်ကာ ယွီရှန်းကတော့သူ့ချစ်သူလေးကို ပုံမှန်အတိုင်းရင်ခွင်ထဲဆွဲသွင်း၍ ဆံနွယ်လေးများအားပွတ်သပ်လျက်။

"မနက်ဖြန်ကျမှ မင်္ဂလာပွဲအကြောင်းပြောကြတာပေါ့ အခုကတော့ မင်းဘာလို့မတော်တဆဖြစ်တုန်းကယင်မိသားစုကိုသတိမပေးစေချင်တာလဲ ကိုယ့်ကိုရှင်းပြ"

ယွီရှန်း၏ဖက်သည့်အကျင့်ကိုနေသားကျနေပြီမို့ ချန်းနင်ရုန်းထွက်ဖို့စိတ်မကူးတော့ချေ။ ပြောရရင်၎င်းကအနည်းငယ်ပင်ပန်းသည်မို့ လက်လျှော့လိုက်တာအကောင်းဆုံးပါပင်။ ပို၍သက်သောင့်သက်သာဖြစ်သည့်အနေအထားသို့ ရွေ့ပြီးသည့်နောက်ချန်းနင်ကဖြေလာ၏။

"တစ်ခုခုမှားနေတယ်ဆိုတာကျွန်တော်သိလိုက်ကတည်းက သူတို့လက်ချက်ဆိုတာခန့်မှန်းမိတယ် ရှောင်ဝူကလည်းအချိန်မှီရောက်လာတယ်ဆိုတော့ ခင်ဗျားရှိနေတာမို့ ကျွန်တော်အဆင်ပြေသွားမယ်ဆိုတာကျွန်တော်သိတယ်"

သူကခဏရပ်ကာ...

"ဘာလို့သူတို့ကိုသတိမပေးချင်တာလဲဆိုတာကတော့... ကျွန်တော်တို့ရဲ့မင်္ဂလာပွဲကနီးလာပြီလေ ဒီအချိန်မှာကျွန်တော်တခြားဘာပြသနာမှမဖြစ်စေချင်တော့ဘူး...  သူတို့ကိုပြန်ပေးဆပ်ဖို့အလျင်လိုစရာမလိုပါဘူး ထပ်ပြောရရင် ဒီအချိန်ယင်မိသားစုမှာအပြောင်းအလဲကြီးကြီးမားမားဖြစ်သွားမယ်ဆိုရင် အပြင်လူတွေဆီကမလိုအပ်တဲ့အာရုံစိုက်မှုတွေကိုဆွဲဆောင်သလိုဖြစ်သွားလိမ့်မယ် ဒီလိုကိစ္စတွေကြောင့်နဲ့ ရှန်မိသားစုကသိက္ခာကျပြီး မလိုအပ်တဲ့ဒုက္ခတွေရလာလို့မဖြစ်ဘူးလေ"

ယွီရှန်းသူ့ချစ်သူလေး၏မျက်နှာကိုတယုတယကိုင်တွယ်လိုက်ရင်း...

"သေချာမှတ်ထား ချန်းနင်...တခြားလူတွေကိုဂရုစိုက်စရာမလိုဘူး ကိုယ့်ကြောင့်ကိစ္စတွေကိုမင်းချင့်ချိန်စရာပိုတောင်မလိုသေးတယ်... ကိုယ်ကမင်းကိုလုံလုံခြုံခြုံနဲ့ ပျော်ပျော်ရွှင်ရွှင်နေစေချင်တာ"

ချန်းနင် ယွီရှန်းကိုသူ့လက်ဖြင့်ရစ်ပတ်ထွေးပွေ့လိုက်ရင်း သူ့မေးစေ့လေးကို အသက်ပိုကြီးသည့်လူကြီး၏ပခုံးပေါ်တွင်တင်ထားလိုက်လေသည်။

"ခင်ဗျားအမြဲတမ်းကျွန်တော့်ကိုအလိုလိုက်နေလို့မရဘူးနော် ကျွန်တော်အရမ်းဆိုးသွမ်းလာလိမ့်မယ်"

ယွီရှန်းကသူ့ချစ်သူလေး၏ကျောပြင်ကိုခပ်ဖွဖွပုတ်ကာ..

"စိတ်မပူပါနဲ့... မင်းဘာပဲဖြစ်လာဖြစ်လာ မင်းကကိုယ့်ဇနီးလေးပဲ မင်းလုပ်ချင်တာသာလုပ်ပစ်လိုက် ကျန်တာကိုယ့်တာဝန်ထား"

ထိုအတွဲကထပ်မံ၍စနောက်ကြပြန်သည်။ ချန်းနင်၏ခန္ဓာကိုယ်အခြေအနေကြောင့် ယွီရှန်းက သူ့ချစ်ရသူကို ရေချိုးခန်းထဲတွန်းပို့၍ရေချိုးစေပြီးသည့်နောက် pajama တစ်ခုဝတ်ဆင်ပေးကာ စောင်အောက်ထဲသို့ပို့လိုက်လေသည်။ အကုန်လုံးပြီးသည့်အခါတွင်တော့ ယွီရှန်းကရေချိုးဖို့ထွက်သွား၏။

ဆေးကြောသန့်စင်ပြီးသည့်နောက် pajama ကိုဝတ်လျက် ယွီရှန်းအိပ်ယာပေါ်သို့ပြန်တက်၍ စောက်အောက်သို့ဝင်ကာ အိပ်ဖို့ပြင်ဆင်တော့သည်။

ချန်းနင်ကစောင်ကိုပြန်ဆွဲလိုက်ရင်း မျက်လုံးလေးပြူးကာဆိုလာ၏။

"ဘာလုပ်နေတာလဲ?"

"အိပ်မလို့လေ"

"ဘာလို့ကိုယ့်အခန်းကိုယ်သွားမအိပ်တာလဲ?"

"ဒါကကိုယ့်အခန်းပဲလေ"

"ဟာ!!"

စောင်ကိုဆွဲယူကာ သူ့အောက်ကိုဖိလိုက်တော့ ယွီရှန်းကစောင်ကိုအဆင်ပြေပြေပင်ပြန်ဆွဲယူသွားကာ ချန်းနင်ကိုပါခြုံပေးလိုက်လေသည်။

"အဲ့လောက်လဲဖြစ်မနေပါနဲ့ မင်းခန္ဓာကိုယ်ကအခုမှသက်သာခါစရှိသေးတာ ကောင်းကောင်းအိပ်တော့"

တစ်ဖက်လူ၏တောင့်တင်းနေသောခန္ဓာကိုယ်ကို လျစ်လျူရှုလျက် ယွီရှန်းကသူ့ကိုဖက်လိုက်ကာ မီးကိုပိတ်လျက် ချန်းနင်၏ပါးပြင်ကို goodnight kiss ပေးလိုက်လေသည်။

"Goodnight Babe"

သူ့အသိဥာဏ်အပေါ်ဂုဏ်ယူခဲ့သည့် ဟယ့်ချန်းနင်ကယူခုတွင်မူ တစ်စုံတစ်ယောက်၏အိပ်ယာပေါ်သို့အမှုမဲ့အမှတ်မဲ့အဆွဲခံလိုက်ရကာ လူအိုကြီး၏ရင်ခွင်ထဲရောက်နေပေတော့သည်။ သူစိတ်ရှုပ်ထွေးနေသော်လည်း လူငယ်လေးကအိပ်ပျော်သွားသေး၏။ မှန်ပါသည်။ သူအရာရာကိုဖော်ထုတ်ဖို့ကြိုးစားနေသော်လည်း ဘာမှမတတ်နိုင်ပဲအိပ်ပျော်သွားရုံပါပင်။

သူ့ချစ်သူ၏ညှင်သာသောအသက်ရှုသံလေးကိုကြားသည့်အခါ၌ ယွီရှန်း၏နှုတ်ခမ်းထောင့်စွန်းများအပေါ်သို့တွန့်ကွေးသွားကာ ကျေနပ်စွာပြုံးလေသည်။ သူ့ဇနီးလေးကိုဖက်ရင်းဖြင့် ယွီရှန်းသည်လည်း လုံးဝသက်သောင့်သက်သာရှိစွာ အိပ်ပျော်သွားတော့သည်။

°°

Z••

[မဂၤလာပြဲစီစဥ္ျခင္း]

ယြီရွန္းကိစၥအခ်ိဳ႕ေျဖရွင္းရန္ရံုးကိုျပန္လာၿပီးသည့္ေနာက္ ၇ နာရီထိုးသည္အထိအလုပ္ရႈပ္ေနခဲ့သည္။ ထို႔ေနာက္တြင္ေတာ့ မဒမ္ရွန္ကိုဖုန္းဆက္၍ သူအဓိကအေဆာက္အအံုသို႔ျပန္လာမည္မဟုတ္ေၾကာင္းအသိေပးကာ ရႈခင္းသာတိုက္ခန္းသို႔ျပန္ေမာင္းလာခဲ့ေတာ့သည္။

သခင္ေလးတိုက္ခန္းသို႔ခ်က္ခ်င္းျပန္လာမည္မွန္း ေရွာင္ဝူခန္႔မွန္းထားၿပီးၿပီမို႔ ရွန္ယြီရွန္းတံခါးဖြင့္ဝင္လာသည့္အခါ၌ သိပ္ေတာ့မအံ့ၾသေခ်။ မည္သို႔ပင္ပင္ဆိုဆို အန္တီခ်င္ကေတာ့ shock ရသြားပံုပင္၊ သို႔ေသာ္လည္း ခ်က္ခ်င္းပင္အေျခအေနကိုနားလည္လ်က္ သူမကသူ႔ကိုနႈတ္ဆက္ကာညစာအခ်ိဳ႕ျပင္ေပးလိုက္၏။

ယြီရွန္းအိပ္ခန္းတံခါးကိုဆြဲဖြင့္လိုက္ေတာ့ ခ်န္းနင္တစ္ေယာက္ ျပတင္းေပါက္နားတြင္ထိုင္ကာ ညဘက္ေကာင္းကင္ႀကီးကိုေငးစိုက္ၾကည့္ေနသည္ကိုျမင္လိုက္ရသည္။

ယြီရွန္း အရွိန္ကိုေလ်ွာ႔ကာ သူ႔ခ်စ္သူေလးေဘးသို႔ျဖည္းျဖည္းခ်င္းေလ်ွာက္သြားရင္း လက္ကိုကိုင္လ်က္ သူ႔ဘက္သို႔ညႇင္ညႇင္သာသာဆြဲကာဖက္လိုက္ေလသည္။ ထို႔ေနာက္ ယြီရွန္းက ခ်န္းနင္၏ေခါင္းေလးကို တယုတယနမ္းရိႈက္ကာ. .

"ဘာေတြေတြးေနတာလဲ?"

ခ်န္းနင္ကအနည္းငယ္ေ႐ြ႕၍ သက္ေသာင့္သက္သာျဖစ္ေသာပံုစံကိုေျပာင္းကာ တစ္ဖက္လူ၏ရင္ခြင္ထဲသို႔မွီလိုက္ေလသည္။

"ဘာမွမဟုတ္ပါဘူး...ဒီတိုင္းခဏေလာက္စိတ္ကူးယဥ္ေနတာ"

ခ်န္းနင္ကရွက္႐ြံ႕မႈမ်ားနွင့္ မသက္သာျဖစ္မႈမ်ားကို သူ႔ကိုရွာမေတြ႕ေစခ်င္သျဖင့္ ဖံုးကြယ္ထားမွန္းယြီရွန္းနားလည္လိုက္သည္။ သူ႔ခ်စ္သူေလးကသူ႔ကိုစိတ္မပူေစခ်င္မွန္းသိလိုက္ရသည့္အခိုက္ ယြီရွန္းနွလံုးသားထဲ၌မခံစားနိုင္ေလာက္ေအာင္ကိုက္ခဲလာ၏။ အရပ္ပိုရွည္သည့္လူႀကီးက ခ်န္းနင္၏ဒူးေအာက္သို႔ လက္ေမာင္းကိုလ်ိဳသြင္းကာ သူ႔ကိုဆိုဖာဆီသယ္သြား၍ ေပါင္ေပၚတြင္ထိုင္ေစလိုက္သည္။

ယြီရွန္းကခ်န္းနင္ကိုသူ႔လက္ေမာင္းၾကားရစ္ပတ္ေထြးေပြ႕ထားရင္း ပိုငယ္သည့္လူငယ္ေလးကို သူ႔ပခံုးေပၚ၌ေခါင္းတင္၍ သက္ေသာင့္သက္သာမွီထားေစသည္။

"ခ်န္းနင္... အဲ့ကိစၥကမင္းကိုေၾကာက္သြားေစမွန္းကိုယ္သိပါတယ္... ဒါေတြအကုန္ကိုယ့္အျပစ္ေတြပါ...ဒါေပမဲ့ အခ်စ္ေလး အခုခ်ိန္ကစၿပီးကိုယ့္ကိုယံုၾကည္ေပးပါ ကိုယ္ဘယ္လိုထိခိုက္မႈမ်ိဳးကိုမွမင္းအနားေရာက္မလာေစရဘူး... မင္းကိုကာကြယ္ေပးၿပီးမင္းေမ်ွာ္လင့္တဲ့ဘဝေလးကိုကိုယ္ေပးမယ္... ကိုယ့္အခ်စ္ေလးကကိုယ့္ကိုယံုေပးမယ္မလား?"

"အင္း...ခင္ဗ်ားသတိေပးထားရက္နဲ႔ကိုယ့္ကိုကိုယ္ကာကြယ္ဖို႔ လ်စ္လ်ဴရႈမိတာ ကြၽန္ေတာ့္အမွားပါ ယင္မိသားစုကဒီေလာက္ထိေၾကာက္ဖို႔မေကာင္းဘူးလို႔ထင္ခဲ့တာ ဒီေန႔ေတာ့သင္ခန္းစာရသြားၿပီ"

ခ်န္းနင္ကရွင္းျပရင္းျဖင့္ သူ႔မ်က္နွာေလးကို ယြီရွန္း၏လည္တိုင္တြင္ပို၍ျမဳပ္နွံလ်က္။

ၥယြီရွန္းကသူ႔ခ်စ္သူေလးကို သူကိုယ္ထဲဆြဲထည့္ထားေတာ့မည့္အလား တင္းၾကပ္စြာေထြးေပြ႕ထားေလသည္။

"ခ်န္းနင္... အခုအကုန္လံုးၿပီးသြားပါၿပီ... အဲ့အေၾကာင္းထပ္မေတြးနဲ႔ေတာ့ ကိုယ္မင္းကိုကာကြယ္ဖို႔ဘာမဆိုလုပ္မယ္... မင္းကိုဘယ္သူမွထပ္ၿပီးနာက်င္ေအာင္မလုပ္ေစရဘူးလို႔ကိုယ္အာမခံတယ္ ကိုယ့္ကိုယံုပါ.. ဟုတ္ၿပီလား?"

"အင္း ကြၽန္ေတာ္သိပါတယ္... စိတ္မပူပါနဲ႔ ကြၽန္ေတာ္အဆင္ေျပပါတယ္"

အကယ္၍မ်ား....
ခ်န္းနင္ထပ္မေတြးရဲေတာ့ပါေခ်။ ဘာေတြျဖစ္လာမည္ကိုစဥ္းစားတိုင္း သူအလြန္ေၾကာက္႐ြံ႕ပါ၏။

ယြီရွန္းသူ႔လည္တိုင္တြင္ျမဳပ္ထားသည့္ မ်က္နွာေလးကိုအုပ္မိုးလ်က္ နွစ္သိမ့္ေသာခပ္ဖြဖြအနမ္းေလးအခ်ိဳ႕ကို ေပးလိုက္သည္။ ျဖည္းညႇင္းစြာျဖင့္ သူ႔အနမ္းမ်ားက ခ်န္းနင္၏နဖူးမွ မ်က္ခံုး၊ နွာေခါင္းထိပ္ေလးမွ ေနာက္ဆံုးတြင္ ႏူးညံ့ေသာနႈတ္ခမ္းပါးေလးမ်ားဆီသို႔ေရာက္လာေတာ့သည္။ သူ႔အနမ္းမ်ားက ႏူးညံ့စြာစုပ္ယူလ်က္၊ ကမာၻေပၚတြင္အရသာအရွိဆံုးအရာကိုစားသံုးေနသကဲ့သို႔ ခပ္ဖြဖြလ်က္ေနေတာ့သည္။

ယြီရွန္း၏ညႇင္သာမႈမ်ားေၾကာင့္ ခ်န္းနင္ကသူ႔နႈတ္ခမ္းေလးမ်ားကို အနည္းငယ္ဖြင့္ဟကာ ပထမဆံုးအႀကိမ္အျဖစ္ တစ္ဖက္လူ၏အနမ္းမ်ားကို ရွက္႐ြံ႕စြာျပန္ေပးလိုက္ေတာ့သည္။

သူ႔ခ်စ္သူထံမွ တုန္႔ျပန္မႈတစ္ခုကိုရရွိလိုက္ျခင္းက ယြီရွန္း၏စိတ္အားထက္သန္မႈကိုျဖစ္ေပၚေစကာ သူ႔အနမ္းမ်ားက ႏူးညံ့ညႇင္သာျခင္းမရွိေတာ့ေခ်။ သူ႔လ်ွာကို ခ်စ္ရသူေလး၏ပါးစပ္ထဲထိုးသြင္း၍ လ်ွာနွစ္ခုကိုရစ္ပတ္ေစကာ ခ်န္းနင္၏လ်ွာေလးကို ခ်စ္စိတ္ျပင္းျပစြာစုပ္ယူေနသည္မွာ တစ္ဖက္လူကိုမ်ိဳခ်ေတာ့မည့္နွယ္။

ရုတ္တရပ္ျပင္းျပမႈနွင့္ အနမ္းၾကမ္းမ်ားက ခ်န္းနင္ကိုညည္းညဴသံပိစိေလးသတိလက္လြတ္ထြက္သြားေစကာ အျပည့္အဝမစုပ္ယူလိုက္ရသည့္ ေငြေရာင္အရည္အခ်ိဳ႕က သူ႔နႈတ္ခမ္းမွ စီးက်လာေတာ့သည္။

သူ႔ခ်စ္သူထဲမွ ခပ္တိုးတိုးညည္ညဴသံေလးက အေကာင္းဆံုးေသာစိတ္ႂကြေဆးျဖစ္၍ ယြီရွန္း၏အနမ္းမ်ားကိုေလာင္စာထည့္ေပးေနေတာ့သည္။ ခ်စ္ရသူေလးကိုသူ႔အနားသို႔ပိုတိုးကပ္ေစ၍ လက္နွစ္ဖက္ကခ်န္းနင္၏ေခါင္းေလးကိုကိုင္ထားလ်က္။ ရိုးရွင္း၍ သက္ေသာင့္သာျဖစ္ေသာ၊ ရမၼက္ျပင္းၿပီး သိသာေသာပိုင္ဆိုင္လိုမႈမ်ားျဖင့္ ရင္ခြင္ထဲမွခ်စ္ရသူေလးကို အျပင္းအထန္နမ္းရိႈက္မိေနေတာ့သည္။ ျဖစ္နိုင္ပါက သူ႔ခ်စ္သူေလးကိုၿမိဳခ်ထားလိုက္ခ်င္ကာ၊ သို႔မွသာသူတို႔နွစ္ေယာက္ ဘယ္ေတာ့မွခြဲခြာရေတာ့မည္မဟုတ္ေပ။

အခ်ိန္ကမသိမသာျဖတ္သန္းသြားကာ ခ်န္းနင္အသက္ရႈမရေတာ့သည့္အခါမွ ယြီရွန္းကလႊတ္ေပးေတာ့သည္။ ေလထုထဲတြင္ စံုတြဲ၏အသက္ရႈသံနွင့္အတူ ေမာဟိုက္ေသာအသံမ်ားက မပီမသပ်ံ့လြင့္လ်က္။

ယြီရွန္းကခ်န္းနင္ကိုသူ႔ေအာက္တြင္ဆြဲဖိထားခ်င္ကာ ေကာင္ေလး၏သာယာမႈေၾကာင့္တုန္ယင္လ်က္စြဲမက္ဖြယ္အၾကည့္မ်ားေပးလာမည္ကို လိုခ်င္လွေသာ္လည္း ယခုကဲ့သို႔အေရးပါဆံုးအခိုက္အတန္႔တြင္ သူ၏ေနာက္ဆံုးေသာဆင္ျခင္တံုတရားကိုဆုပ္ကိုင္ထားဖို႔ရုန္းကန္လ်က္ ခ်န္းနင္ကိုလႊတ္ေပးလိုက္ေတာ့သည္။

ယြီရွန္းသူ႔ခ်စ္သူေလးကို ရင္ခြင္ထဲတစ္ဖန္ထပ္ထည့္၍ အသက္ရႈရအဆင္ေျပေစရန္ ေက်ာျပင္ေလးကိုပြတ္ေပးရင္ တစ္ဖက္တြင္လည္းသူ႔လိုခ်င္တပ္မက္မႈမ်ားကိုေလ်ာ့ခ်ေနရသည္။ 'တကယ္ကိုနိွပ္စက္ညႇင္းပန္းတတ္တဲ့နတ္ဆိုးေလးပဲ' ဟုသူေတြးမိ၏။

ခ်န္းနင္ကိုအရင္ဆံုးသြားရန္စသည္က သူဟုထင္ရေသာ္လည္း ေထာင္ေခ်ာက္ထဲ၌သူပဲပိုပိုက်ရံႈးသြားျခင္းျဖင့္သာ အဆံုးသတ္သြားရသည္။ သူ႔ဘာေၾကာင့္မ်ား ရမၼက္စိတ္ကိုအလိုလိုက္၍ အသက္၂၀အ႐ြယ္ေကာင္ေလးကဲ့သို႔ မဆင္မျခင္ျပဳမူေနရမွန္းမသိေတာ့သျဖင့္ ယြီရွန္းသက္ျပင္းသာခ်မိေတာ့သည္။ သူ၏ဂုဏ္ယူစရာေကာင္းေသာ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္နိုင္မႈကလည္း ခ်စ္ရသူေလးအေရွ႕တြင္ လံုးဝအသံုးမဝင္ေတာ့သည့္အေၾကာင္းကိုလည္း သူသိခ်င္မိပါေသးသည္။

စိတ္ေအးသြားေသာခ်န္းနင္ကလည္း ယြီရွန္းကိုရိုက္လိုက္ရင္း အျပစ္တင္လိုက္သည္။ ဘယ္လိုေတာင္ ဒီလူကအခြင့္ေကာင္းယူဖို႔အၿမဲတမ္းႀကိဳးစားေနၿပီး သူ႔ကို သတိလစ္မတတ္အနိုင္က်င့္နိုင္ရတာလဲ။ သူသာေကာင္းေကာင္းမထိန္းခ်ဳပ္နိုင္ရင္ အသက္ရႈရပ္ၿပီးေသသြားနိုင္သည္။  သို႔ဆိုလ်ွင္ေတာ့၎က မွားယြင္းေသာေသဆံုးမႈႀကီးနွင့္ သူ႔အတြက္အႀကီးမားဆံုးေသာဆံုးရံႈးမႈျဖစ္လာလိမ့္မည္ပင္!

ခ်န္းနင္က ယြီရွန္း၏လည္တိုင္၌ သူ႔မ်က္နွာကိုျပန္ျမႇဳပ္ထားလိုက္ရင္း အနည္းငယ္ဆူပူလိုက္သည္။

"အခ်ိန္တိုင္းအဲ့လိုလုပ္မေနနဲ႔...ကြၽန္ေတာ္အသက္ရႈရပ္ၿပီးေသေတာ့မလို႔"

ယြီရွန္းကတုန္႔ျပန္သည့္အေနျဖင့္ ခပ္ဟဟရယ္ကာ ခ်န္းနင္ကေတာ့ သူ႔ရင္ဘတ္မွတုန္ခါမႈကိုနားေထာင္ရင္း ရင္ခုန္သံမ်ားပိုျမန္လာရသည္။ မ်က္နွာတစ္ခုလံုးပိုနီရဲလာသည့္အေလ်ာက္၊ ခ်န္းနင္ကသူ၏အားနည္းေသာလက္ကေလးမ်ားျဖင့္ ယြီရွန္း၏ပခံုးကိုထိုးလိုက္ရင္း ညည္းတြားလာေတာ့သည္။

"ခင္ဗ်ားရယ္ရဲတယ္ေပါ့... ထပ္ရယ္ရင္ကြၽန္ေတာ္နဲ႔ရန္သူျဖစ္ၿပီမွတ္"

ယြီရွန္းကသူ႔ရယ္သံကိုဖိနိွပ္ဖို႔ေခ်ာင္းဆိုးလိုက္မိသည္။ အမွန္၌ သူခ်စ္သူေလးပါအတူျပဳတ္က်သြားမည္ကိုလည္း စိုးပါ၏။

"ေကာင္းပါၿပီ... ကိုယ္မရယ္ေတာ့ဘူး အခ်စ္ေလး.. ေခါင္းေမာ့ၿပီး ကိုယ့္ကိုၾကည့္ပါဦး?"

ယြီရွန္းကေျပာရင္းျဖင့္ ခ်န္းနင္မ်က္နွာေလးကိုေမာ့ေစကာ သူ႔ေၾကာင့္ျဖစ္ေပၚလာသည္ နီရဲေယာင္ယမ္းေနေသာနႈတ္ခမ္းေလးမ်ားကိုေငးစိုက္ၾကည့္မိသည္။ ၎ကအလြန္ခ်စ္ဖို႔ေကာင္းလွပါသျဖင့္ ထပ္မံ၍စုပ္ယူခ်င္စိတ္ပင္ျဖစ္ေပၚလာရသည္။ သို႔ေသာ္လည္း ခ်န္းနင္ေသခ်ာေပါက္ေဒါသထြက္မည္ကိုေတြးမိသျဖင့္ ယြီရွန္းသူ႔အေတြးမ်ားကို ေဘးဖယ္ကာ ထိုနႈတ္ခမ္းေလးမ်ားေပၚသို႔လက္ျဖင့္ခပ္ဖြဖြပြတ္မိလိုက္သည္။

"အင္း...နည္းနည္းေလးေတာ့ေယာင္ေနေပမဲ့ အရမ္းေတာ့မဆိုးပါဘူး... ကိုယ့္နည္းစနစ္ကအဲ့ေလာက္လဲဆိုးတာမဟုတ္ဘူးထင္ပါတယ္"

တရားခံျဖစ္ပါရက္နွင့္ အျပစ္ကင္းခ်င္ေယာင္ေဆာင္ေနေသာလူႀကီးကိုစိုက္ၾကည့္ရင္း ခ်န္းနင္မ်က္ဝန္းထဲ၌မီးပြားမ်ားေတာက္ေလာင္လာေတာ့သည္။

"ခင္ဗ်ားထပ္ေျပာရဲေျပာၾကည့္စမ္း?"

ယြီရွန္းကခ်န္းနင္၏ေခါင္းေလးကိုခပ္ဖြဖြဖိနိွပ္ေပးရင္း ျပန္လည္ေျဖၾကားလာသည္။

"babe... စိတ္မတိုရဘူးေလ ကိုယ္မွားပါတယ္... ကိုယ္ေနာက္တစ္ခါက်ပိုဂရုစိုက္ပါ့မယ္ေနာ္"

ခ်န္းနင္၏ရင္ဘတ္ကေဒါသေၾကာင့္တင္းၾကပ္လာကာ အံႀကိတ္၍ဆိုလာေတာ့သည္။

"ကြၽန္ေတာ့္ကို babe လို႔ေခၚတာ တားျမစ္တယ္..  မဟုတ္ရင္ကြၽန္ေတာ္ဘာလုပ္နိုင္လဲဆိုတာ ခင္ဗ်ားကိုျပမယ္"

'babe' ဟူသည့္အေခၚအေဝၚကို လက္သင့္မခံနိုင္သျဖင့္ အေတာ္ေလးစိတ္ရႈပ္ေနရကာ ၎က သူ႔အားၾကက္သီးမ်ားပင္ထသြားေစသည္။

"ဟုတ္ပါၿပီကြာ... စိတ္မဆိုးပါနဲ႔ မင္းမေပ်ာ္တဲ့အခ်ိန္ဆို ကိုယ္မေခၚေတာ့ဘူး"

မင္းေပ်ာ္ေနရင္ေတာ့ ကိုယ္ေခၚခ်င္တဲ့အခ်ိန္ေခၚမွာ...

ထို႔ေနာက္တြင္ေတာ့ အန္တီခ်င္က ညစာအဆင္သင့္ျဖစ္ၿပီျဖစ္ေၾကာင္းသတိေပးရန္ ေရာက္လာခဲ့သည္။

ယြီရွန္းက ခ်န္းနင္၏လက္ကိုကိုင္ထားရင္း ညစာအတြက္ ပူးကပ္၍ေအာက္ဆင္းလာၾကသည္။

ခ်န္းနင္ကတစ္ခ်ိန္လံုးေခါင္းေလးကိုငံု႔ထားရင္း ယြီရွန္းကိုခဏခဏလွမ္းၾကည့္ေနမိ၏။ ဒီအရူး! ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ရမွန္းမသိတဲ့အရူးႀကီး! သူ႔ေယာင္ကိုင္းေနတဲ့နႈတ္ခမ္းေတြကိုတျခားလူေတြသတိမထားမိေအာင္ ေခါင္းငံု႔ထားရံုကလြဲၿပီးမတတ္နိုင္တဲ့အထိဘယ္လိုလုပ္ရဲရတာလဲ။ သူဘယ္လိုမ်ားရွင္းျပရမွာလဲ? သူေခ်ာ္လဲၿပီးမေတာ္တဆထိခိုက္မိတယ္လို႔ေျပာဖို႔လဲမျဖစ္နိုင္ဘူးေလ ဟုတ္တယ္မလား? လူေတြကသူ႔ကိုငတံုးလိုမ်ိဳးၾကည့္ၾကမွာေပါ့? ဒါေတြအကုန္အဲ့အရူးႀကီးရဲ႕အမွားေတြခ်ည္းပဲ!

သူ႔ခ်စ္သူထံမွေတာက္ေလာင္ေနေသာအၾကည့္မ်ားအား လ်စ္လ်ဴရႈထားဖို႔ခက္ခဲလွသည္။ ယြီရွန္းကသူ႔ပါးစပ္ကို ခ်န္းနင္၏နား႐ြက္နားကပ္၍ခပ္တိုးတိုးဆို၏။

"အဆင္ေျပပါတယ္ သူတို႔ဘာမွေမးမွာမဟုတ္ဘူး"

ခ်န္းနင္၏နား႐ြက္၌အပူေငြ႕ျဖတ္သန္းသြားကာ သူ႔အရည္ျပားကိုယားက်ိက်ိျဖစ္သြားေစသည္။ ခ်န္းနင္ရွက္႐ြံ႕စြာျဖင့္ေရွာင္တိမ္းလိုက္ကာ ပါးျပင္တစ္ခုလံုးထူပူလ်က္။

"ခင္ဗ်ားအလုပ္မဟုတ္ဘူး"

သူယြီရွန္းကိုတစ္ခ်က္စိုက္ၾကည့္လိုက္ရင္း ေထ့ေငါ့ကာ မ်က္နွာလႊဲသြားလိုက္ေလသည္။

သူ၏ရွက္ေသြးျဖာတတ္ေသာခ်စ္သူေလးက အလြန္အသည္းယားစဖြယ္ေကာင္းလွသည္မို႔ သူအရင္ကလုပ္ခဲ့သည့္ေ႐ြးခ်ယ္မႈအတြက္ ယြီရွန္းသူ႔ကိုယ္သူေက်းေဇူးတင္မိသြားသည္။ အကယ္၍သူသာ ခ်န္းနင္ကိုမေ႐ြးခ်ယ္ခဲ့ပါက တစ္သက္လံုးပ်င္းစရာေကာင္းေသာေန႔ရက္မ်ားကိုသာ ျဖတ္သန္းသြားရေတာ့မည္ပင္။

သူတို႔ညစာစားၿပီးသည့္ေနာက္တြင္ေတာ့ ယြီရွန္းကခ်န္းနင္ကိုအေပၚထပ္သို႔ျပန္ေခၚလာကာ နွစ္ဦးသား ဆိုဖာေပၚတြင္ထိုင္၍ ေန႔လည္စာၿပီးေနာက္အနားယူသည့္အေနျဖင့္ လက္ဖက္ရည္ေသာက္ၾကသည္။

ထြက္သြားဖို႔စိတ္ကူးထားပံုမရသည့္ယြီရွန္းကိုၾကည့္ရင္း ခ်န္းနင္ကအေမးရွိလာ၏။

"ခင္ဗ်ားကဘာလို႔အခုထိထြက္မသြားေသးတာလဲ?"

"ဘယ္ကိုသြားရမွာလဲ?"

"ခင္ဗ်ားအရင္အိမ္ေတာ္ေဟာင္းကိုမျပန္ဘူးလား?"

ယြီရွန္းကတုန္႔ျပန္သည့္အေနျဖင့္ ေခါင္းခါ၏။

"ကိုယ္ဒီမွာပဲေနေတာ့မွာ"

ခ်န္းနင္ကတစ္ဖက္လူကိုစိတ္ရႈပ္ေထြးစြာျဖင့္စိုက္ၾကည့္ကာ...

"ဘာလို႔ဒီမွာေနမွာလဲ?"

ယြီရွန္းကသူ၏စိတ္ရႈပ္ေထြးေနေသာခ်စ္သူေလးကို ေပ်ာ္႐ႊင္စြာၾကည့္ရင္း ၿပံဳးကာဆိုလာသည္။

"ကိုယ္ကဘာလို႔ဒီမွာမေနရမွာလဲ?"

ခ်န္းနင္၏မ်က္ဝန္းမ်ားက ဟိုဟိုဒီဒီအၾကည့္လႊဲလ်က္။

"ဘာ ဘာလို႔လဲဆိုေတာ့... ကြၽန္ေတာ္တို႔ကအခုလက္မွမထပ္ရေသးတာ"

သူ႔ပါးျပင္ေလးမ်ားကျပန္လည္နီရဲလာျပန္ေတာ့သည္။

"အဲ့တာေၾကာင့္လည္းကိုယ္တို႔အတူေနသင့္တာေပါ့ ဒီအခ်ိန္အတြင္းမွာ ကိုယ္တို႔မဂၤလာပြဲအတြက္ကိုေဆြးေႏြးရမယ္ ဝတ္စံုေတြ၊ လက္ဝတ္ရတနာေတြ၊ မဂၤလာဓာတ္ပံုရိုက္မဲ့ရႈခင္း၊ ရိုက္မဲ့ပံုစံ၊ ရိုးရာမဂၤလာပြဲလား အေနာက္တိုင္းမဂၤလာပြဲလားဆိုတာေတြ၊ ၿပီးေတာ့လည္း ကိုယ္တို႔မဂၤလာခမ္းမကိုသြားၾကည့္ဖို႔လိုေသးတယ္ အာ ၿပီးေတာ့မင္းကိုယ္တို႔ေနမဲ့ဗီလာကိုလည္းလိုက္ၾကည့္ဖို႔လိုေသးတယ္ေလ ကိုယ္တို႔မွာအခ်ိန္သိပ္မရွိဘူး"

ယြီရွန္းကခဏရပ္၍ လက္ဖက္ရည္တစ္ငံုေသာက္လိုက္၏။

"ၿပီးေတာ့လည္း မင္းအိမ္ေတာ္ေဟာင္းကိုသြားဖို႔လိုေသးတယ္ အဖြားကသူတို႔မဂၤလာပြဲအတြက္စီစဥ္ထားေပမဲ့လည္း ကိုယ္တို႔စိတ္ေက်နပ္မွျဖစ္မွာ အဲ့တာေၾကာင့္ အႀကံဥာဏ္အခ်ိဳ႕ေပးဖို႔လိုေသးတယ္လို႔ေျပာတယ္ ထပ္ေျပာရရင္ အေဖကလည္း မင္းကိုကုမၸဏီကိုလိုက္ျပထားဖို႔ ကိုယ့္ကိုမွာထားေသးတယ္ ဘုတ္အဖြဲ႕ကလူအိုႀကီးေတြကိုလည္း မင္းကိုယ္တိုင္ေတြ႕ေစခ်င္ေနတာ သူတို႔ကိုမဂၤလာပြဲကိုဖိတ္ထားတယ္ဆိုေပမဲ့ မင္းသူတို႔နဲ႔အရင္ဆံုးေတြ႕ထားတယ္ဆိုရင္ ရွန္မိသားစုနဲ႔ရွန္အဖြဲ႕အစည္းမွာ မင္းအတြက္ေနရာေကာင္းပိုရလိမ့္မယ္"

ခ်န္းနင္၏မ်က္ဝန္းမ်ားက အံ့ၾသထိတ္လန္႔မႈေၾကာင့္ျပဴးက်ယ္သြားကာ သူေတြးလိုက္မိ၏။ ဒါေတြအားလံုး မဂၤလာပြဲအတြက္လုပ္ရမွာေတြခ်ည္းပဲလား? ဒီလုပ္ရမဲ့ဟာေတြအကုန္လံုးကသူ႔ကိုတစ္ခါထဲပင္ပန္းၿပီးေသေအာင္သတ္ေနတာမဟုတ္ဘူးလား? ခ်န္းနင္ကတံေတြးမ်ိဳခ်ကာ ေမးလာ၏။

"အဲ့တာနဲ႔ပက္သက္ၿပီးေတာ့ ဘာလို႔ဒီေလာက္ေတာင္လုပ္စရာေတြမ်ားေနတာလဲ?"

"သခင္ေလးရွန္လက္ထပ္ေတာ့မယ္ဆိုတာက ရယ္စရာကိစၥတစ္ခုမဟုတ္ဘူးေလ"

"က်စ္ စိတ္ႀကီးဝင္ေနတဲ့လူႀကီး... အဲ့တာကဘာဂုဏ္ယူစရာရွိလို႔လဲ"

ခ်န္းနင္ကနႈတ္ခမ္းဆူသြားသည္။

ယြီရွန္းကသူ႔လက္ဖက္ရည္ခြက္ကိုခ်ကာ ရုတ္တရပ္ဆိုသလိုခ်န္းနင္အေပၚတြင္အုပ္မိုးလိုက္၍ မျပင္ဆင္ရေသးသည့္လူငယ္ေလးကိုသူ႔ေအာက္တြင္ပို႔ကာ ၿခိမ္းေျခာက္သည့္ေလသံျဖင့္ဆိုလာသည္။

"Babe... မင္းကမင္းေယာက္်ားရဲ႕ဂုဏ္သိကၡာကိုေမးခြန္းထုတ္ေနတာလား? 'သခင္ေလးရွန္' ဆိုတာက တာဝန္ေပါင္းမ်ားစြာကိုသယ္ထားရတယ္ဆိုတာ မင္းသိသင့္တယ္"

ခ်န္းနင္က ရုတ္တရပ္တိုက္ခိုက္မႈေၾကာင့္ မခုခံနိုင္ျဖစ္သြားကာ ရွန္ယြီရွန္းကိုစိုက္ၾကည့္လာသည္။ လူႀကီးလူေကာင္းဆန္ဆန္တစ္ခ်ိန္လံုးျပဳမူလာခဲ့သည္မို႔ သူ႔တြင္ထိုကဲ့သို႔ကေလးဆန္ေသာတစ္ဖက္ျခမ္းရွိမွန္း ခ်န္းနင္သိခဲ့သင့္သည္။ သူကခပ္ဟဟရယ္ရင္း ဆိုလာ၏။

"မာနႀကီးလိုက္တာဗ်ာ အေပၚယံမွာက်ေတာ့ ရင့္က်က္တဲ့အထက္တန္းစာလိုျပဳမူေနၿပီးေတာ့ အတြင္းစိတ္ကအႀကံအစည္ႀကီးတဲ့ေျမေခြးမိစာၧႀကီးျဖစ္ေနပါလား အဲ့ထဲကမွအဆိုးဆံုးတစ္ေယာက္ေပါ့"

ခ်စ္သူထံမွရံႈ႕ခ်ခံလိုက္ရေသာ္လည္း ယြီရွန္းကစိတ္ဆိုးရမည့္အစား သူ႔ခ်စ္သူေလးက ဥာဏ္ေကာင္းသည့္ နတ္ဆိုးေလးျဖစ္ေနသည္ကိုဂုဏ္ယူေနသည္။

"နတ္ဆိုးေကာင္ေလး..ကိုယ္ကေျမေခြးမိစာၦဆိုရင္ေတာင္မွ မင္းကကိုယ္သြားသမ်ွေတာင္တိုင္းကိုလိုက္တက္ရမွာပဲ... ဒီေန႔ကိုယ္မင္းကို 'ခင္ပြန္းေကာင္းတစ္ေယာက္အျဖစ္က်င့္ႀကံနည္းအျဖာျဖာ'ကို တစ္ခုနွစ္ခုေတာ့သင္ေပးမွျဖစ္ေတာ့မယ္"

ထို႔ေနာက္တြင္ေတာ့ ယြီရွန္းက သူ႔ခ်စ္သူေလး၏မ်က္နွာနွင့္လည္တိုင္မ်ားအား ႀကံဳသလိုေလ်ွာက္ကိုက္ရင္း ခ်န္းနင္၏အဝတ္မ်ားေအာက္၌ သူ႔လက္ကိုလ်ိဳသြင္းကာ ဂလိထိုးေတာ့သည္။

ခ်န္းနင္ကအဆက္မျပတ္ရယ္ေမာရင္း ယြီရွန္းဂလိထိုးမႈမ်ားနွင့္ ကိုက္ျခင္းမ်ားကိုေရွာင္ရွားေန၏။

"hahaha ရွန္ယြီရွန္း ရပ္ေတာ့! hahaha ကြၽန္ေတာ္ယားလို႔ေသေတာ့မယ္လို႔! hahaha ရပ္ေတာ့ အရူးႀကီးရ"

"အဲ့ေတာ့ Babe... ကိုယ္ဘယ္ေလာက္အင္အားႀကီးလဲဆိုတာ မင္းသိၿပီေပါ့?"

"hahaha သိၿပီ သိၿပီလို႔ လူဆိုးႀကီးရ hahaha ရပ္ေတာ့!"

ယြီရွန္းကရပ္လိုက္ကာ ေအာက္တြင္လဲေလ်ာင္းေနသည့္ခ်စ္သူေလးကို တယုတယစိုက္ၾကည့္ေနေလသည္။ ထိုၿပံဳးေနသည့္မ်က္ဝန္းေထာင့္စြန္း၌ မ်က္ရည္ဥေလးမ်ားတြဲခိုလ်က္၊ ပါးျပင္ရဲရဲေလးမ်ားက သူ၏ျဖဴေဖ်ာ့၍ေကာင္းမြန္ေသာအသားရည္ေပၚထင္းေနကာ ပန္းေရာင္နႈတ္ခမ္းေလးမ်ားက ကိုက္ထားေသာေၾကာင့္အရာေလးမ်ားထင္ေနသည္။ သူ၏ေႏြးေထြးေသာအသက္ရႈသံမ်ားက သူ႔(ရွန္ယြီရွန္း)မ်က္နွာေပၚသို႔ တိုက္ခတ္ေနကာ ေႏြးေထြးမႈက ခ်ိဳၿမိန္ေသာလက္ဖက္ရည္နံ႔ျဖင့္ေရာေထြးလ်က္ သူ႔နွလံုးသားကိုပိုနက္နဲစြာလႈပ္ခတ္ေနေပေတာ့သည္။

ထိုသို႔ပူျပင္းေသာမ်က္ဝန္းမ်ားျဖင့္စိုက္ၾကည့္ခံေနရသည္မို႔ ခ်န္းနင္အနည္းငယ္စိတ္ဖိစီးသြားကာ သူ႔အေပၚမွေလးလံသည့္ခႏၶာကိုယ္ႀကီးကိုတြန္းထုတ္၍ အၾကည့္လႊဲသြားေတာ့သည္။

"ေဟ့လူ ေလ်ွာက္မကစားနဲ႔ေတာ့ ထေတာ့ ခင္ဗ်ားက ေလးတယ္ဗ်"

ယြီရွန္းကသူ႔လက္ေခ်ာင္းမ်ားကို ခ်န္းနင္မ်က္နွာကိုခပ္ဖြဖြပြတ္ရင္း တိုးလ်ေသာၾသရွရွေလသံျဖင့္ဆိုလာသည္။

"ခ်န္းနင္... ကိုယ့္တစ္ဘဝလံုး မင္းရဲ႕အရာမွန္သမ်ွပိုင္ဆိုင္ခ်င္တယ္"

အၾကင္သူက ေခါင္းကိုငံု႔လိုက္ရင္းႏူးညံ့ေသာအနမ္းအခ်ိဳ႕ထပ္မံေပးလာျပန္သည္။ ၎ကခ်စ္ျခင္းတရားမ်ားျပည့္နွက္ေန၍ ခ်စ္ရသူ၏နွလံုးသားကိုေပ်ာ္ဝင္သြားေစကာ သူတို႔အခ်စ္မ်ားအားတစ္ခုတည္းအျဖစ္စုေပါင္းသြားေစသည္မို႔ ေနာက္တစ္ေခါက္ဘယ္ေတာ့မွခြဲခြာနိုင္ေတာ့မည္မဟုတ္ဟု ေမ်ွာ္လင့္ေနမိေတာ့သည္။

ၾကာျမင့္ေသာအနမ္းတစ္ခုၿပီးသည့္ေနာက္ ခ်န္းနင္ကသူ႔မ်က္နွာကိုယြီရွန္းလည္တိုင္တြင္ဖြက္ထားလိုက္ရင္း ထပ္မံဆူပူလာသည္။

"ကြၽန္ေတာ့္ကိုအခြင့္ေကာင္းယူေနတာရပ္ေတာ့"

ယြီရွန္းက သူ႔ခ်စ္သူေလး၏အနက္ေရာင္ဆံပင္မ်ားကို ခ်စ္ျမတ္နိုးစြာပြတ္သပ္ရင္း အလိုလိုက္သည့္အသံျဖင့္ဆိုသည္။

"ေကာင္းပါျပီ ဒါဆိုလည္း ကိုယ္တို႔ေနရာလဲၿပီး Babe ကကိုယ့္ကိုအခြင့္ေရးယူလိုက္ေပါ့ ကိုယ္စိတ္မရွိပါဘူးေနာ္"

ထို႔ေနာက္ ခ်န္းနင္ကတုန္႔ျပန္သည့္အေနျဖင့္တစ္ခ်က္ျပန္ထိုးလိုက္ေတာ့သည္။

ေဆာ့ကစား၍နမ္းလို႔ဝသည့္အခါတြင္ေတာ့ ထိုအတြဲတည့္တည့္မတ္မတ္ျပန္ထိုင္ကာ ယြီရွန္းကေတာ့သူ႔ခ်စ္သူေလးကို ပံုမွန္အတိုင္းရင္ခြင္ထဲဆြဲသြင္း၍ ဆံႏြယ္ေလးမ်ားအားပြတ္သပ္လ်က္။

"မနက္ျဖန္က်မွ မဂၤလာပြဲအေၾကာင္းေျပာၾကတာေပါ့ အခုကေတာ့ မင္းဘာလို႔မေတာ္တဆျဖစ္တုန္းကယင္မိသားစုကိုသတိမေပးေစခ်င္တာလဲ ကိုယ့္ကိုရွင္းျပ"

ယြီရွန္း၏ဖက္သည့္အက်င့္ကိုေနသားက်ေနၿပီမို႔ ခ်န္းနင္ရုန္းထြက္ဖို႔စိတ္မကူးေတာ့ေခ်။ ေျပာရရင္၎ကအနည္းငယ္ပင္ပန္းသည္မို႔ လက္ေလ်ွာ႔လိုက္တာအေကာင္းဆံုးပါပင္။ ပို၍သက္ေသာင့္သက္သာျဖစ္သည့္အေနအထားသို႔ ေ႐ြ႕ၿပီးသည့္ေနာက္ခ်န္းနင္ကေျဖလာ၏။

"တစ္ခုခုမွားေနတယ္ဆိုတာကြၽန္ေတာ္သိလိုက္ကတည္းက သူတို႔လက္ခ်က္ဆိုတာခန္႔မွန္းမိတယ္ ေရွာင္ဝူကလည္းအခ်ိန္မွီေရာက္လာတယ္ဆိုေတာ့ ခင္ဗ်ားရွိေနတာမို႔ ကြၽန္ေတာ္အဆင္ေျပသြားမယ္ဆိုတာကြၽန္ေတာ္သိတယ္"

သူကခဏရပ္ကာ...

"ဘာလို႔သူတို႔ကိုသတိမေပးခ်င္တာလဲဆိုတာကေတာ့... ကြၽန္ေတာ္တို႔ရဲ႕မဂၤလာပြဲကနီးလာၿပီေလ ဒီအခ်ိန္မွာကြၽန္ေတာ္တျခားဘာျပသနာမွမျဖစ္ေစခ်င္ေတာ့ဘူး...  သူတို႔ကိုျပန္ေပးဆပ္ဖို႔အလ်င္လိုစရာမလိုပါဘူး ထပ္ေျပာရရင္ ဒီအခ်ိန္ယင္မိသားစုမွာအေျပာင္းအလဲျကီးႀကီးမားမားျဖစ္သြားမယ္ဆိုရင္ အျပင္လူေတြဆီကမလိုအပ္တဲ့အာရံုစိုက္မႈေတြကိုဆြဲေဆာင္သလိုျဖစ္သြားလိမ့္မယ္ ဒီလိုကိစၥေတြေၾကာင့္နဲ႔ ရွန္မိသားစုကသိကၡာက်ၿပီး မလိုအပ္တဲ့ဒုကၡေတြရလာလို႔မျဖစ္ဘူးေလ"

ယြီရွန္းသူ႔ခ်စ္သူေလး၏မ်က္နွာကိုတယုတယကိုင္တြယ္လိုက္ရင္း...

"ေသခ်ာမွတ္ထား ခ်န္းနင္...တျခားလူေတြကိုဂရုစိုက္စရာမလိုဘူး ကိုယ့္ေၾကာင့္ကိစၥေတြကိုမင္းခ်င့္ခ်ိန္စရာပိုေတာင္မလိုေသးတယ္... ကိုယ္ကမင္းကိုလံုလံုၿခံဳၿခံဳနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေစခ်င္တာ"

ခ်န္းနင္ ယြီရွန္းကိုသူ႔လက္ျဖင့္ရစ္ပတ္ေထြးေပြ႕လိုက္ရင္း သူ႔ေမးေစ့ေလးကို အသက္ပိုႀကီးသည့္လူႀကီး၏ပခံုးေပၚတြင္တင္ထားလိုက္ေလသည္။

"ခင္ဗ်ားအၿမဲတမ္းကြၽန္ေတာ့္ကိုအလိုလိုက္ေနလို႔မရဘူးေနာ္ ကြၽန္ေတာ္အရမ္းဆိုးသြမ္းလာလိမ့္မယ္"

ယြီရွန္းကသူ႔ခ်စ္သူေလး၏ေက်ာျပင္ကိုခပ္ဖြဖြပုတ္ကာ..

"စိတ္မပူပါနဲ႔... မင္းဘာပဲျဖစ္လာျဖစ္လာ မင္းကကိုယ့္ဇနီးေလးပဲ မင္းလုပ္ခ်င္တာသာလုပ္ပစ္လိုက္ က်န္တာကိုယ့္တာဝန္ထား"

ထိုအတြဲကထပ္မံ၍စေနာက္ၾကျပန္သည္။ ခ်န္းနင္၏ခႏၶာကိုယ္အေျခအေနေၾကာင့္ ယြီရွန္းက သူ႔ခ်စ္ရသူကို ေရခ်ိဳးခန္းထဲတြန္းပို႔၍ေရခ်ိဳးေစၿပီးသည့္ေနာက္ pajama တစ္ခုဝတ္ဆင္ေပးကာ ေစာင္ေအာက္ထဲသို႔ပို႔လိုက္ေလသည္။ အကုန္လံုးၿပီးသည့္အခါတြင္ေတာ့ ယြီရွန္းကေရခ်ိဳးဖို႔ထြက္သြား၏။

ေဆးေၾကာသန္႔စင္ၿပီးသည့္ေနာက္ pajama ကိုဝတ္လ်က္ ယြီရွန္းအိပ္ယာေပၚသို႔ျပန္တက္၍ ေစာက္ေအာက္သို႔ဝင္ကာ အိပ္ဖို႔ျပင္ဆင္ေတာ့သည္။

ခ်န္းနင္ကေစာင္ကိုျပန္ဆြဲလိုက္ရင္း မ်က္လံုးေလးျပဴးကာဆိုလာ၏။

"ဘာလုပ္ေနတာလဲ?"

"အိပ္မလို႔ေလ"

"ဘာလို႔ကိုယ့္အခန္းကိုယ္သြားမအိပ္တာလဲ?"

"ဒါကကိုယ့္အခန္းပဲေလ"

"ဟာ!!"

ေစာင္ကိုဆြဲယူကာ သူ႔ေအာက္ကိုဖိလိုက္ေတာ့ ယြီရွန္းကေစာင္ကိုအဆင္ေျပေျပပင္ျပန္ဆြဲယူသြားကာ ခ်န္းနင္ကိုပါၿခံဳေပးလိုက္ေလသည္။

"အဲ့ေလာက္လဲျဖစ္မေနပါနဲ႔ မင္းခႏၶာကိုယ္ကအခုမွသက္သာခါစရွိေသးတာ ေကာင္းေကာင္းအိပ္ေတာ့"

တစ္ဖက္လူ၏ေတာင့္တင္းေနေသာခႏၶာကိုယ္ကို လ်စ္လ်ဴရႈလ်က္ ယြီရွန္းကသူ႔ကိုဖက္လိုက္ကာ မီးကိုပိတ္လ်က္ ခ်န္းနင္၏ပါးျပင္ကို goodnight kiss ေပးလိုက္ေလသည္။

"Goodnight Babe"

သူ႔အသိဥာဏ္အေပၚဂုဏ္ယူခဲ့သည့္ ဟယ့္ခ်န္းနင္ကယူခုတြင္မူ တစ္စံုတစ္ေယာက္၏အိပ္ယာေပၚသို႔အမႈမဲ့အမွတ္မဲ့အဆြဲခံလိုက္ရကာ လူအိုႀကီး၏ရင္ခြင္ထဲေရာက္ေနေပေတာ့သည္။ သူစိတ္ရႈပ္ေထြးေနေသာ္လည္း လူငယ္ေလးကအိပ္ေပ်ာ္သြားေသး၏။ မွန္ပါသည္။ သူအရာရာကိုေဖာ္ထုတ္ဖို႔ႀကိဳးစားေနေသာ္လည္း ဘာမွမတတ္နိုင္ပဲအိပ္ေပ်ာ္သြားရံုပါပင္။

သူ႔ခ်စ္သူ၏ညႇင္သာေသာအသက္ရႈသံေလးကိုၾကားသည့္အခါ၌ ယြီရွန္း၏နႈတ္ခမ္းေထာင့္စြန္းမ်ားအေပၚသို႔တြန္႔ေကြးသြားကာ ေက်နပ္စြာၿပံဳးေလသည္။ သူ႔ဇနီးေလးကိုဖက္ရင္းျဖင့္ ယြီရွန္းသည္လည္း လံုးဝသက္ေသာင့္သက္သာရွိစြာ အိပ္ေပ်ာ္သြားေတာ့သည္။

°°

Continue Reading

You'll Also Like

323K 32K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...