𝖳𝗁𝖾 𝖑𝗅𝖺𝗓𝖾

By gelos_03

13.5K 2.2K 696

| 𝖳𝗁𝖾 π—…π—ˆπ—π–Ύ π—Œπ—π—ˆπ—‹π—’ 𝖻𝖾𝗍𝗐𝖾𝖾𝗇 '𝖫𝖺𝗐𝗒𝖾𝗋 π–©π–Ύπ—ˆπ—‡' 𝖺𝗇𝖽 'π–£π—ˆπ–Όπ—π—ˆπ—‹ π–©π—Žπ—‡π—€' | More

π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 1
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 2
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 3
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 4
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 5
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 6
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 7
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 8
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 9
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 10
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 11
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 12
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 14
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 15
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 16
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 17
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 18
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 19
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 20
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 21
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 22
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 23
π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 24 || 𝖿𝗂𝗇𝖺𝗅𝖾
𝖠/𝖭
Promotion!

π–€π—‰π—‚π—Œπ—ˆπ–½π–Ύ - 13

424 89 30
By gelos_03

ဆေးရုံရှေ့မြက်ခင်းပြင်တွင် လမ်းလျှောက်နေသူများ၊ ခုံတန်းလေးပေါ်တွင်ထိုင်နေသူများ၏မြင်ကွင်းကိုတစ်ချက်ကြည့်ပြီး ဟိုဆော့ ပင့်သက်ရှိုက်မိသည်။ အန်တီဟာ ဂျောင်ကု၏အမေဖြစ်နေကြောင်း ဂျောင်ကုပြောပြ၍ သူသိခဲ့ရသည်။ လောကကြီးဟာ သိပ်ကိုကျဉ်းမြောင်းလွန်းနေသည်မဟုတ်ပါလား။

ဂျောင်ကု၏ရုတ်တရက်အပြုအမူကြောင့် အန်တီကလက်မခံနိုင်ဘဲ အတင်းရုန်းကန်နေသည်ကြောင့် အကူသူနာပြုလေးကိုခေါ်ကာ စိတ်ငြိမ်ဆေးထိုးခိုင်းကာ အန်တီ့ကို သိပ်ခဲ့ပြီးနောက်မှ သူရော၊ ဂျောင်ကုပါ ဆေးရုံဝန်းထဲဆင်းလာခဲ့သည်။

ဂျောင်ကုထိုင်နေရာအညိုရောင်ခုံတန်းလေးကိုရောက်တော့ ဟိုဆော့ လက်ထဲကကော်ဖီတစ်ဗူးကို ဂျောင်ကုထံ ကမ်းပေးလိုက်ပြီး သူပါ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ကော်ဖီတစ်ငုံကိုမော့သောက်ချိန် လျှာဖျားထက်မှချိုမြမြအရသာထက် နံဘေးမှ ပင့်သက်ရှိုက်သံတိုးတိုးက ဟိုဆော့၏အာရုံ‌ကို လွှမ်းမိုးသွားခဲ့သည်။

"မေမေက ဘယ်လိုဖြစ်ရတာလဲ ဒေါက်တာ"

ဝမ်းနည်းမှုတို့မပါသော်လည်း စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်လွှမ်းနေသည့် ဂျောင်ကုအသံသည် တိုးလျလျ။

ဟိုဆော့ အသက်ပြင်းပြင်းတစ်ချက်ကိုရှူလိုက်ပြီးနောက်...

"အန်တီ အက်ဆီးဒန့်ဖြစ်တဲ့နေရာမှာ ငါရှိနေခဲ့တယ်။ အန်တီ့ကိုကူညီပေးပြီး အခြေအနေအားလုံးကိုသိခဲ့ရပေမယ့် လာတွေ့တဲ့မိသားစုလည်းမရှိတော့ ငါကပဲ စောင့်ရှောက်ပေးထားခဲ့တာ။ မင်းရဲ့အမေဖြစ်နေခဲ့လိမ့်မယ်လို့တော့ တကယ်ကိုမထင်ထားခဲ့မိတာ"

"ကျေးဇူးတင်ပါတယ် ဒေါက်တာ။ မေမေ... ဒေါက်တာ့လိုလူမျိုးနဲ့ဆုံခဲ့ရတာ သိပ်ကိုကံကောင်းတယ်"

ဟိုဆော့ လှည့်ကြည့်လိုက်ချိန် ‌တည်ငြိမ်လေးနက်နေသောမျက်လုံးဝိုင်းများသည့် သူ့ကိုတွေတွေလေး ငေးကြည့်နေသည်။ အားပေးမှုတစ်ခုပါသည့်အပြုံးတစ်ခုကို ဂျောင်ကုအား ဟိုဆော့ ရက်ရက်ရောရော ပြုံးပြလိုက်မိသည်။

"မေမေက ဖေဖေ့အတွက်တော့ ဇနီးကောင်းတစ်ယောက်မဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ မိခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်ပဲ အရက်ကိုကြိုက်ကြိုက် ငါးနှစ်အရွယ် ကျွန်တော့်ရှေ့မှာတော့ ဘယ်‌တော့မှမသောက်ဘူး။ ကလေးတစ်ယောက်ရှေ့မှာ မလုပ်သင့်တဲ့အပြုအမူတွေကို မေမေက အမြဲစောင့်ထိန်းပါတယ်။ ကျွန်တော်အရွယ်ရောက်လာတဲ့အချိန်မှာ မေမေ့ကိုနားလည်ပေးနိုင်ခဲ့ပေမယ့် မေမေကတော့ သူ့ကိုချုပ်နှောင်ထားတဲ့သံယောဇဉ်ကြိုးတွေကို မကြိုက်ဘူးထင်တယ်..."

မျက်စိရှေ့ကမြက်ခင်းပြင်ဆီသို့ အကြည့်ပြန်ပို့လိုက်သည့် ဂျောင်ကု၏မျက်နှာကို ဟိုဆော့ ငေးကြည့်နေမိသည်။ ‌အန်တီနှင့်‌‌ဂျောင်ကု၏တော်စပ်မှုကို သိခဲ့ရပြီးနောက် ဂျောင်ကု၏မိသားစုအရေးကို စိတ်ဝင်စားသွားမိသော်လည်း သူ ထုတ်မမေးဖြစ်။ တခြားသူတစ်ယောက်၏ပုဂ္ဂိုလ်ရေးကိစ္စကို ကိုယ်တိုင်ကပြောပြချင်ရဲ့လားမသိပဲ စပ်စပ်စုစုမေးရလောက်သည်အထိ ဟိုဆော့ မရိုင်းစိုင်းတတ်ပါ။

အလုပ်နှင့်မိဘအကြောင်းကလွဲပြီး တခြားသူတစ်ယောက်၏ဘဝအကြောင်းကို စိတ်ဝင်စားမိသွားခြင်းသည် သူ့အတွက် ‌ဂျောင်ကုသည် ပထမဆုံးဖြစ်လိမ့်မည်။ ထိုကောင်လေး၏မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းကို လျော့ကျသွားစေချင်မိတာ သူ့ရဲ့အရိုးရှင်းဆုံးစေတနာတစ်ခုသာ။

အကဲခတ်ရလွယ်သည့် မျက်လုံးဝိုင်းတွေထဲ ဖျတ်ခနဲမြင်လိုက်ရသည့် ဝမ်းနည်းမှုတချို့ကိုလည်း သူမျှဝေခံစားပေးချင်မိသည်။ ဒါဟာ တစ်နှစ်နီးပါးစောင့်ရှောက်ပေးထားခဲ့သည့်အန်တီ့၏သားဖြစ်သူအပေါ် ဖြစ်ပေါ်လာသည့် ကိုယ်ချင်းစာစိတ်တချို့သာ ဖြစ်ပါလိမ့်မည်။ အကယ်၍သာ ဂျောင်ကုဘက်က ပြောပြလာသည့်အခါ သူဘက့်က လိုလိုလားလားနားထောင်ပေးဖို့ အဆင်သင့်ဖြစ်နှင့်ပြီးသားပါ။

"မေမေက လောင်းကစားအရမ်းဝါသနာပါတယ်။ အိမ်မှာရှိတဲ့အချိန်ထက် အပြင်မှာ အပေါင်းအသင်းတွေနဲ့သွားလာနေတဲ့အချိန်က ပိုများတယ်လေ။ ဖေဖေနဲ့မေမေက စီးပွားရေးအရ လက်ထပ်ခဲ့ကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီးဂရုမစိုက်ကြဘူး။ ကြာတော့ ‌မေမေ့ရဲ့လုပ်ရပ်တွေက ဖေဖေရဲ့ဂုဏ်သိက္ခာကိုရော၊စီးပွားရေးကိုပါ ထိခိုက်လာတော့ ဖေဖေက သည်းမခံနိုင်တော့ဘူးထင်ပါရဲ့။ ကျွန်တော် ကနေဒါမှာကျောင်းသွားတက်တဲ့အချိန် ဖေဖေနဲ့မေမေ ကွာရှင်းလိုက်ကြတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကပဲ..."

ထိုအချိန်သည် ဟိုဆော့ အန်တီ့ကို အက်ဆီးဒန့်ကြောင့် ဆုံခဲ့ရသည့်အချိန်ဖြစ်သည်။ ဟိုဆော့ ဂျောင်ကုထံမှ ဆက်ပြောလာမည့်စကားများကိုသာ စိတ်ဝင်စားစွာနားစွင့်နေမိသည်။ သူမြင်ခဲ့ဖူးသည့် လွတ်လပ်ပေါ့ပါးစွာရှင်သန်နေသည့် ထိုကောင်လေးတွင် သူမသိသေးသည့်၊ သူပင်မခံစားခဲ့ရဖူးသည့် မိသားစုနှင့်ပတ်သတ်သည့် ဝမ်းနည်းကြေကွဲမှုများရှိနေသည်။

"သားတစ်ယောက်အနေနဲ့ မိဘတွေကွာရှင်းတာကိုတောင် တိုင်ပင်အသိပေးတာမျိုးမရှိခဲ့လို့ဆိုပြီး အဲ့တုန်းက ဖေဖေ့ကို ကျွန်တော်စိတ်ဆိုးခဲ့တာ။ နောက်ပိုင်းမှသိခဲ့ရတာက ကျွန်တော့်ကို ကွာရှင်းတဲ့အကြောင်းအသိမပေးဖို့ ‌မေမေက ဖေဖေ့ကိုတောင်းဆိုခဲ့တယ်တဲ့။ ကျွန်တော်ကျောင်းတက်နေတဲ့အချိန် စိတ်ထိခိုက်မှာဆိုးလို့တဲ့။ ဒါပေမယ့် အက်ကြောင်းထင်သွားတဲ့မိသားစုဆက်ဆံရေးမှာ သားတစ်ယောက်အနေနဲ့ခံစားရတဲ့ဝမ်းနည်းကြေကွဲမှုကို အချိန်ဆိုတာမကုစားပေးနိုင်ဘူးဆိုတာတော့ မေမေမသိခဲ့ဘူး။ ကနေဒါက ပြန်လာတော့ အိမ်ကထွက်သွားတဲ့မေမေ့ကို နေရာအနှံ့လိုက်ရှာခဲ့တယ်။ မွေးရပ်မြေကိုမပြန်ဘဲ ဒီမှာလည်းရှာလို့မတွေ့တဲ့မေမေက ကျွန်တော့်ကိုမတွေ့ချင်တော့လို့များ ခြေရာ‌ဖျောက်ခဲ့တာလားလို့ ထင်ထားခဲ့တာ..."

တုန်ရီတိုးရှသွားသည့်ဂျောင်ကု၏အသံကြောင့် တိုးဟိုဆော့ ဂျောင်ကုအ‌ပေါ် ဂရုဏာသက်မိသည်။ ရှင်သန်နေရခဲ့တဲ့တစ်ချိန်လုံး အမေတစ်ယောက်နဲ့ပတ်သတ်တဲ့ ဒီခံစားချက်ကြီးကိုထွေးပိုက်ထားခဲ့ရသည်မှာ ဘယ်လောက်တောင်များပင်ပန်းခဲ့ရလိမ့်မည်လဲ။

ဂျောင်ကု၏ပုခုံးတစ်ဖက်ကို ဟိုဆော့ ခပ်ဖွဖွပုတ်ပေးမိသည်။ သူ့ရဲ့အားပေးနှစ်သိမ့်မှုအနည်းငယ်က ထိုကောင်လေးရင်ထဲမှ လေးလံတင်းကျပ်မှုတို့ကို တစ်စိတ်လောက်ပဲဖြစ်ဖြစ် ‌သက်သာသွားစေဖို့ မျှော်လင့်မိသည်။

"တော်သေးတာပေါ့၊ ‌မေမေက ကျွန်တော့်ကိုမတွေ့ချင်လို့မှမဟုတ်ပဲ..."

ဂျောင်ကုက စွန်းပေသွားသော မျက်လုံးထောင့်မှမျက်ရည်စတို့ကို ခပ်မြန်မြန်သုတ်ပြီး ဟိုဆော့ ဘက်သို့လှည့်ကြည့်ကာ ကြည်လင်စွာပြုံးပြသည်။

"ကျေးဇူးတင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ် ဒေါက်တာ"

"မဟုတ်တာပဲ၊ ကံကြမ္မာက အန်တီနဲ့မင်းကိုအကြာကြီးခွဲမထားချင်လို့ ဆုံပေးလိုက်တာပဲ။ ငါနဲ့မဆိုင်ပါဘူး"

ကျေးဇူးတင်စကားကိုလက်မခံဘဲ ငြင်းနေပြန်သည့်ဟိုဆော့ကိုကြည့်ရင်း ဂျောင်ကု ပေါ့ပါးစွာပြုံးမိပြန်သည်။ ဒေါက်တာနှင့်သာမဆုံခဲ့ရဖူးဆိုရင် မေမေနှင့်သူရဲ့ဆုံဆည်းမှုက ဒီထက်မက ပိုဝေးသွားနိုင်သည့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်။

"မေမေ့ရဲ့အ‌ခြေအနေက ပြန်ပြီးကောင်းလာနိုင်လား ဒေါက်တာ"

"တခါတလေ မင်းရဲ့ကလေးပုံလေးကို ထုတ်ကြည့်နေတတ်တယ်လို့ သူနာပြုလေးကပြောဖူးတယ်။ သူရင်းနှီးဖူးတဲ့ပတ်ဝန်းကျင်၊ သူ့ရဲ့မိသားစုတွေနဲ့နီးနီးကပ်ကပ်ရှိမယ်ဆိုရင်‌တော့ ပြန်ကောင်းလာနိုင်မယ့် အလားအလာများပါတယ်"

အန်တီ့၏အခြေအနေအလုံးစုံကို သိသွားပြီးနောက် ဆေးရုံပြောင်းနိုင်ရန်အတွက် ဂျောင်ကုက သူ့ကို အကူအညီတောင်းသည်။ မိသားစုနှင့်တရင်းတနှီးဖြစ်ရန်အတွက်ရော၊ ပိုပြီးထိရောက်မှုရှိသည့်ကုသမှု‌တွေအတွက် ဟိုဆော့ သဘောတူလက်ခံမိသည်။

ဆေးရုံအပြောင်းအလဲကိစ္စများအတွက် သူ့ဘက်က ကူညီနိုင်တာမှန်သမျှကို ဂျောင်ကုအား ကူညီခဲ့သည်။ မိခင်ဖြစ်သူအပေါ် မျှော်လင့်ချက်အပြည့်ရှိနေသည့် ‌ဂျောင်ကု၏မျက်လုံးဝိုင်းတွေကိုမြင်တော့ ဟိုဆော့ကိုယ်တိုင်လည်း စိတ်သက်သာရာရသွားသည်။

ဝန်ခံရရင် ထိုကောင်လေး၏အရောင်‌ တောက်တောက် မျက်လုံးဝိုင်းတွေထဲက ခံစားမှုအရိပ်အယောင်အပြောင်းအလဲက သူ့နှလုံးသားထံသို့သက်ရောက်မှုရှိနေခဲ့သည်က အချိန်တစ်ခုရှိနေခဲ့ပြီ။

...............

...............

"မိုးကလည်းရွာလိုက်တာကွာ"

မနက်ဖြန်ဆို ဟိုဆော့ ဂျယ်ဂျူသို့သွားရမည်ဖြစ်၍ သူ့ရဲ့တာဝန်ချိန်တွေကိုပြန်စိစစ်ရန် ကောင်တာမှာဖိုင်တစ်ခုကိုကြည့်နေရင်း အနားတွင်ရပ်နေသည့် ယိုဟန်ထံမှ ညည်းညူသံကိုကြားရသည်။ ယိုဟန် စိတ်ညစ်သလို သူလည်း စိတ်ညစ်မိသည်။ ထီးကို တကူးတကသယ်သွားရတာမျိုးမကြိုက်သည့်အတွက် မိုးရာသီကိုအမြန်ဆုံးကုန်စေချင်မိတာ အမှန်ပင်။ သို့ပေမယ့် မိုးသည် ဘယ်အငြိုးရှိလဲမသိ။ သူတို့ဆု‌တောင်းလေလေ နေ့တိုင်းမပြတ်ရွာလေလေဖြစ်နေသည်။

"ဟိုဆော့၊ ပြန်လာရင် ဂုံးတွေယူလာဖို့မမေ့နဲ့နော်"

ယိုဟန်က ဆေးရုံအပေါက်ဝကိုငေးနေရာမှ ဟိုဆော့ဘက်ကို လှည့်မှာသည်။ ဟိုဆော့က ယိုဟန်ကို တစ်ချက်သာမျက်လုံးလှန်ကြည့်ပြီး ဖိုင်ဆီပြန်ပို့လိုက်သည့်နောက် လက်ခံကြောင်းတစ်ခုခုပြောလာဖို့မျှော်လင့်နေသည့် ယိုဟန့်ခမျာ မရိုးမရွ။

"ငါပြောတာကြားလား!"

"ကြားပါတယ်ကွာ။ မင်းနဲ့လည်း၊ ငါက မင်းမမှာလည်း ယူလာပေးဖို့စိတ်ကူးပြီးသားပါ"

လက်ထဲကဖိုင်ကိုပြန်ပိတ်ပြီး အပြုံးမပြတ်ဖြေလာသည့် ဟိုဆော့စကားကြောင့် ယိုဟန် အကျေနပ်ကြီး ကျေနပ်သွားရသည်။ ဂျယ်ဂျူက လတ်လတ်ဆတ်ဆတ်ဂုံးတွေသာ ချဉ်စပ်ဟင်းရည်လုပ်စားရမည်ဆိုလျှင် ဟိုဆော့ရဲ့ဂျူတီချိန်အတွက် တစ်ပတ်လောက် အစားထိုးပေးရမည်က အသလွတ်ကိုတန်ပါသည်။

ဂုံးအကြောင်းပြောလိုက်သည်နှင့် ပင်လယ်စာသိပ်ကြိုက်တတ်သည့်ယိုဟန် မျက်လုံးတွေတောက်လာသည်မှာ အရောင်တလတ်လတ်။ ကိုယ့်စိတ်ကူးနှင့်ကိုယ်ပြုံးဖြီးနေသည့် ယိုဟန့်မျက်နှာကိုကြည့်ပြီး ဟိုဆော့ ခေါင်းခါမိရင်း လက်ထဲကဖိုင်ကို ကောင်တာထဲမှသူနာပြုလေးထံသို့ လှမ်းပေးလိုက်သည်။ လူနာတာဝန်ခံပြောင်းလဲခြင်းအတွက်လည်း ယိုဟန်အတွက် သူလက်မှတ်ထိုးပေးခဲ့ပြီ။ သူ့ဂျူတီချိန်အတွက်ညှိပြီးပြီဖြစ်သည့်အတွက် နားရက်မှာသူ့အလုပ်အတွက် နောက်ဆံတင်းစရာမရှိတော့ပေ။

"ဒေါက်တာတို့ဂျယ်ဂျူက ဂုံးတွေပေါတာလား"

ယိုဟန်၏စကားကို အဖျားစွတ်ကြားသွားသည့်ကောင်တာမှသူနာပြုလေးက ဟိုဆော့ကို သိချင်စိတ်ဖြင့် အမေးပြုသည်။

"ဂုံးတင်မကဘူး၊ ပင်လယ်စာတွေမှန်သမျှပေါပါတယ်။ စိတ်ချ၊ ကျွန်တော်ပြန်လာရင် ဆရာမတို့အတွက်လည်း ယူလာခဲ့ပေးမယ်"

"ဒါဆိုရင်တော့ ဒေါက်တာ့ကို အားနာနာနဲ့ပဲ ကျေးဇူးတင်ရ‌တော့မှာပဲ"

ဝမ်းသာသွားသည့်သူနာပြုလေး၏မျက်နှာက အပြုံးတို့ဖြင့်ရွှင်လန်းနေသည်။ လာရင်းအလုပ်ကိစ္စလည်းပြီးပြီမို့ ဟိုဆော့ မနက်ဖြန်ခရီးအတွက်ပြင်ဆင်ရန် နားနေခန်းသို့ခြေဦးလှည့်လိုက်သည်။ လိုအပ်တဲ့ပစ္စည်းမှန်သမျှကို တိုက်ခန်းကနေ အကုန်သယ်လာပြီးသားမို့ အဆင်သင့်ထုတ်ပိုးလိုက်ရုံပင်။

"သွားရအောင် ယိုဟန်"

‌သူ့အလုပ်လည်းမရှိပါပဲ တမင်သက်သက်အကြောင်းရှာပြီးလိုက်ခဲ့သည့်ယိုဟန်ကို ဟိုဆော့ ဂုတ်ကနေဆွဲခေါ်ရသည်။ သူ့လက်ထဲအသာတကြည်ပါမလာပဲ ကောင်တာကိုနောက်ပြန်မှီထားသည့် ယိုဟန်က ဆေးရုံအပေါက်ဝကို ပြုံးဖြီးဖြီးနဲ့လှမ်းကြည့်နေသည်။ ဟိုဆော့ ယိုဟန်အကြည့်ရှိရာသို့လှမ်းကြည့်လိုက်ချိန် အပြင်ကပြန်လာပုံရသည့်မင်ဟွန်းက မိုးစိုသွားသည့်သူ့ရဲ့ရှေ့ဆံပင်တွေကို လက်နှင့်ထိုးဖွကာခါနေသည်။ ညပိုင်းဂျူတီချိန်မို့ အခုမှဆေးရုံရောက်လာသည့်ပုံပင်။

သူတို့ကိုမြင်သွားသည့်မင်ဟွန်းက ကောင်တာကို အပြေးတစ်ပိုင်းနဲ့ရောက်လာချိန် ယိုဟန်က စပ်ဖြဲဖြဲအပြုံးတစ်ခုနှင့်အတူ ဆီးကြိုသည်။ သို့သော် ယိုဟန်ကိုကျော်ပြီး ဟိုဆော့ဆီသာ မျက်နှာမူလိုက်တဲ့မင်ဟွန်းကြောင့် ယိုဟန်တစ်‌ယောက် အစာမကြေဖြစ်သွားရသည်။

"စီနီယာ့ကို လူတစ်ယောက်ကတွေ့ချင်လို့တဲ့"

"ဟင်၊ ဘယ်သူလဲ"

မိုးအသည်းအသန်ရွာနေသည့်ရာသီဥတုအပြင် ဒီလိုအချိန်မျိုးမှာလာတွေ့နိုင်မည့်ဧည့်သည်မျိုးမရှိသဖြင့် ဟို‌ဆော့ တအံ့တဩပြန်မေးမိသည်။

"ဟိုတစ်ခါ မိဘမဲ့ကျောင်းမှာတွေ့ခဲ့တဲ့လူပဲ။ စီနီယာ့ကိုတွေ့ချင်တယ်ဆိုပြီး ကျွန်တော့်ကိုပြောခိုင်းလိုက်လို့။ တစ်ကိုယ်လုံးမိုးတွေစိုနေလို့ အထဲလိုက်ဝင်ဖို့ပြောတာကို သူကလိုက်မလာဘူး"

ခလေးတစ်ယောက်က လူကြီးတစ်ယောက်ကို ပြန်တိုင်နေသလို မကျေမနပ်ပြောလာသည့်မင်ဟွန်းကြောင့် ဟိုဆော့ သဘောကျစွာပြုံးလိုက်မိသည်။

"ဟုတ်ပြီ ဟုတ်ပြီ။ အစ်ကို သွားလိုက်မယ်"

မင်ဟွန်း၏ပုခုံးတစ်ဖက်ကိုလက်နှင့်တစ်ချက်ကိုင်ကာနှုတ်ဆက်ခဲ့ပြီး ဟိုဆော့ ဆေးရုံရှေ့ပြေးထွက်လာခဲ့သည်။ အနောက်တွင်ကျန်ရစ်ခဲ့သည့် မင်ဟွန်းသည်တော့ အနည်းငယ်မျှစိတ်မကောင်းဖြစ်သွားသော်လည်း ယိုဟန်ကတော့ အကြောင်းသိနေသည့်အလား ခပ်ပြုံးပြုံးသာ။

ဟိုဆော့ ဆေးရုံဆင်ဝင်ရှေ့ရောက်တော့ အမိုးအစွန်းတွင်ရပ်ပြီး အပြင်ကိုမျက်နှာမူထားသည့် ကျောပြင်တစ်ခုကို တွေ့ရသည်။ ဝတ်ထားသောhoodieမှအစ ‌အားကစားဘောင်းဘီအဆုံးရွှဲနေအောင်စိုနေပါသော်လည်း ရွာနေသည့်မိုးကို လှည့်ငေးနိုင်သေးသည့် ထိုကောင်လေးသည် သူ့အတွက်တော့ ထူးဆန်ဖွယ်ရာ။

"ဂျောင်ကု!"

အသံပေးမှုကြောင့် ဂျောင်ကုသည် မိုးစက်လေးတွေကိုငေးကြည့်နေရာမှ အနောက်ကိုလှည့်ကြည့်သည်။

မိုးနှင့်အပြိုင် အမြတ်တနိုးငေးကြည့်‌ရလောက်သည့်မြင်ကွင်းများထဲတွင် ထိုအဖြူရောင်ပုံရိပ်‌လေးသည် သူ့နှလုံးသားရဲ့ထိပ်ဆုံးတွင် နေရာယူသည်။ လှမ်းလာသောခြေတစ်လှမ်းတွေကအစ သူ့ကိုစိုးရိမ်တကြီးကြည့်နေသည့်မျက်ဝန်းတွေအဆုံး အားလုံးဟာ မြတ်နိုးဖွယ်ရာအတိ။

ထိုပုံရိပ်လေးအနားရောက်လာသည့်အခါ နှလုံးအိမ်၏အတွင်းနက်နက်တစ်နေရာမှဖြစ်ပေါ်လာသောနွေထွေးမှုအလွှားပါးသည် မိုးစိုနေ၍အေးစက်နေသော ဂျောင်ကု၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်သိုင်းလွှမ်းခြုံသွားခဲ့သည်။

"တစ်ကိုယ်လုံးစိုရွှဲနေတာပဲ။ မိုးရေထဲပြေးလာတာလား"

ဟိုဆော့ ‌စိုးရိမ်တကြီးပြောလိုက်သော်လည်း ဂျောင်ကုသည် သူ့ကိုပြုံး၍သာကြည့်နေသည်။ မနက်က တစ်ကြိမ်ဆုံခဲ့ပြီးသည်ကို အခုလိုမိုးရေထဲပြေးလာပြီးတွေ့ဖို့ပြောသည်က အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်မည်ဟု ဟိုဆော့တွေးလိုက်မိသည်။

မိုးရေတွေစိုနေသည်ဟူသည့်မင်ဟွန်းစကားကြောင့် ကောင်တာမှ ပြေးထွက်လာချိန် အန်တီနှင့်ပတ်သတ်သည့်ကိစ္စဖြစ်‌နေမလားဟူ၍ပူပန်ခဲ့ရသည်။ အပြင်ရောက်လာချိန် တစ်ကိုယ်လုံးမိုးရေရွှဲနေသူကိုမြင်လိုက်ရတော့ ဟိုဆော့ ကိုယ့်ကိုယ်ကိုသေချာသွားသည်။

အန်တီ့ထက် သူ ဂျောင်ကုကို ပိုပြီးစိတ်ပူနေမိသည်။

"ဘာအရေးကြီးလို့လဲ။ အန်တီတစ်ခုခုများဖြစ်လို့လား"

ဂျောင်ကုက အပြုံးမပျက်ပင် ခေါင်းခါသည်။ ဟိုဆော့ စိတ်မရှည်တော့ပေ။ တစ်ကိုယ်လုံးမိုးတွေစိုရွှဲနေသည်ကိုပင် တစ်ချက်လေးမှအေးနေပုံမရပဲ သူ့ကိုကြည့်ပြီး ပြုံးယောင်ယောင်ဖြစ်နေသည့်ဂျောင်ကုကို ပုခုံးနှစ်ဖက်ကနေလှုပ်ရမ်းပြီး ပြောမယ့်အကြောင်းအရာကိုမေးပစ်လိုက်ချင်သည်အထိ ဟိုဆော့ အသည်းယားလာသည်။

"မေမေက အဆင်ပြေပါတယ်။ အဆင်မပြေတာက ကျွန်တော်"

ဟိုဆော့ မျက်ခုံးကြုံကာ ဂျောင်ကုအား နားမလည်သလိုကြည့်သည်။ အစိုတိုင်းကြာကြာနေလျှင် ဖျားမည်ဆိုး၍ စကားစမြန်မြန်ဖြတ်ကာ ဂျောင်ကုကိုအမြန်ပြန်လွှတ်ချင်ပါသော်လည်း ဒီကောင်လေးရဲ့ရှေ့နေဗီဇက ဘယ်ကပေါ်လာမှန်းမသိ။ စကားကို တအားဝေ့သည်။

"ကျွန်တော် အိပ်မပျော်လို့ထပြေးတာ၊ လမ်းမှာမိုးမိသွားတာပဲ။ တအားချမ်းလို့ အနွေးဓာတ်ရအောင် မိုးဝင်ခိုမှဖြစ်မယ်ဆိုပြီးတွေးမိတာနဲ့ ဒေါက်တာ့ဆီရောက်လာတာ"

သူ့ကို ကြောင်တောင်တောင်လေးကြည့်နေသည့်ဟိုဆော့ကို တစ်ချက်အကဲခတ်ပြီး ဂျောင်ကုက စကားဆက်သည်။

သူဒီည အိပ်မပျော်နိုင်တာတော့အမှန်ပင်။ မေမေ့ကိစ္စအတွက် သူ့ခေါင်းထဲလေးလံနေရာမှ မနက်ဖြန်နားရက်နဲ့ဂျယ်ဂျူပြန်မယ်ဆိုတဲ့ဒေါက်တာ့အကြောင်းကိုကြားပြီး သူ့နှလုံးသားလေးပါ လေးလံလာသည်။ ပုံမှန်စိတ်နဲ့ဆို ဒေါက်တာ့နောက်လိုက်သွားဖြစ်လိမ့်မည်ဖြစ်သော်လည်း တစ်ဖက်တွင်မေမေ့ကျန်းမာရေးရှိနေသည်ကြောင့် နှလုံးသားရေးရာအတွက် စစ်ဆင်ရေးတွင် သူ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

အိပ်မပျော်သည့်အဆုံး တိုက်ခန်းအနီးတစ်ဝိုက်သာပြေးမည်ဆိုပြီးရည်ရွယ်ချက်နဲ့ထွက်လာသော်လည်း ဒေါက်တာ့ရဲ့ဆေးရုံထိပင် ရောက်လာသည်။ ဒေါက်တာ့ကိုတွေ့ချင်စိတ်က ရွာနေသည့်မိုးကိုပင် အံတုကာပြေးခဲ့သည်အထိပင် သူ့စိတ်အလုံးစုံကို လွှမ်းမိုးထားခဲ့သည်။

"ဟုတ်ပါပြီ၊ မိုးခိုမယ်ဆိုလည်းဝင်လေ။ ငါ မင်းအတွက် ကော်ဖီပူပူလေးတစ်ခွက်တော့တိုက်နိုင်ပါတယ်"

"ကျွန်တော့်ရဲ့အ‌နွေးဓာတ်က ကော်ဖီမှာမှမဟုတ်ပဲ ဒေါက်တာရဲ့"

နဂိုစကားများတတ်သည့်ရှေ့နေလေးက ဒီနေ့တွင်တော့ အထူးတလည် ဝေ့လည်ကြောင်လုပ်လွန်းသည်။ ဟိုဆော့ သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးချလိုက်မိသည်။ ဟိုဆော့ စိတ်မရှည်တော့မှန်းရိပ်မိနေသည့်ဂျောင်ကု၏အပြုံးသည် ပိုလို့ပင်ပီပြင်သွားသည်။

"ကျွန်တော့်ရဲ့အနွေးဓာတ်က ဒေါက်တာ့ဆီမှာပဲရှိတာ"

ဟိုဆော့ အံ့ဩစွာငေးကြည်းနေမိချိန် သူနှင့်နှစ်လှမ်းစာလောက်သာကွာဝေးသောဂျောင်ကုသည် သူ့ထံ တဖြည်းဖြည်း နီးကပ်လာသည်။ အဲ့ဒီ့နောက် ဟိုဆော့ သိလိုက်ရသည်က သူ့လည်ပင်းတစ်ဖက်ကိုထိန်းကိုင်ထားသော လက်တစ်ဖက်၏အေးစက်စက်အထိအတွေ့။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့နှုတ်ခမ်းတွေမှတစ်ဆင့်ခံစားလိုက်ရသော နူးညံ့နွေးထွေးမှုတစ်ခု။

ဟိုဆော့ ရင်ထဲ ပူနွေးသွားသည်။ အေးစက်‌လာသော‌လက်ဖျားတွေသည် မိုးရေစွတ်သည့်လေပြေကြောင့်မဟုတ်မှန်း အသေအချာပင်။ ခုနကအထိ လှုပ်ရှားအသက်ဝင်နေ‌သော ပတ်ဝန်းကျင်သည် ရုတ်ချည်းတိတ်ဆိတ်သွားသကဲ့သို့။ ဟိုဆော့နားထဲ မိုးသံများနှင့်အတူ တဖြည်းဖြည်းကျယ်လောင်လာသော နှလုံးခုန်သံသဲ့သဲ့မှလွဲ၍ တခြားမကြားရတော့။

ဟိုဆော့ ကြောင်အစွာငြိမ်သက်နေမိချိန် သူ့နှုတ်ခမ်းထက်မှ နှုတ်ခမ်းပါးတို့သည် ညင်သာစွာဖိကပ်ထားမှ ဖယ်ခွာသွားသည်။ လည်ပင်းတစ်ဖက်မှ ထိန်းကိုင်ထားသောလက်ကိုပြန်ရုတ်သွားသည့်တိုင် ထိုအေးစက်စက်အထိအတွေ့ကို ယခုတိုင်ခံစားနေရသေးသည်။

"ကျွန်တော် ဒေါက်တာ့ကိုမလွမ်းချင်ဘူး"

ပြန်ပြီးလှုပ်ရှားအသက်ဝင်လာသောဟို‌ဆော့၏ ပတ်ဝန်းကျင်တွင် ပထမဆုံးကြားလိုက်ရသော တိုးလျလျစကားတစ်ခွန်း။

ဟိုဆော့ သတိဝင်လာပြီးနောက်တွင် မျက်တောင်တွေကို အကြောင်းမရှိပုတ်ခတ်နေမိသော်လည်း ကြင်နာခြင်းတို့အပြည့်ဖုံးလွှမ်းနေသည့်မျက်လုံးဝိုင်းတို့သည်တော့ ဟိုဆော့အား မျက်တောင်မခတ်တမ်း ငေးကြည့်နေလျက်။

"မလွှဲသာတဲ့အခြေအနေတစ်ခုဆိုတော့ ကျွန်တော်ဘာတတ်နိုင်မလဲ။ ဒါပေမယ့် ကျွန်တော်မလိုက်နိုင်တဲ့ခရီးတစ်ခုမှာ ကျွန်တော့်စိတ်အလုံးစုံကတော့ ဒေါက်တာ့ဆီပါသွားမှာတော့ သေချာတယ်။ ဒေါက်တာလည်း တိုက်ဆိုင်မှုရှိရင် ကျွန်တော့်ကိုသတိရနေပေးနော်"

တောင်းဆိုခြင်းလား။ အမိန့်တစ်ခုပဲလား။ မည်သို့ပင်ဆိုစေကာမူ ထိုအရာသည် ဟိုဆော့အတွက်တော့ ငြင်းဆန်မရနိုင်သည့် ခယခြင်းတစ်ခု။

သေချာပါသည်။ မိုးရွာတဲ့နေ့တွေပဲဖြစ်ဖြစ်၊ မှန်ကြည့်မိတဲ့အခါ ကိုယ့်နှုတ်ခမ်းကိုယ်ပြန်မြင်မိရင်ပဲဖြစ်ဖြစ် သူ့အကြောင်းမတွေးမိပဲမနေနိုင်အောင် ထိုကောင်လေး ပြုမူသွားခဲ့ပါသည်။

မိုးရေထဲပြေးထွက်သွားသည့် ကျောပြင်တစ်ခုကိုငေးကြည့်ရင်း ဟိုဆော့၏ နွေးထွေးခြင်းတို့တင်ကျန်ခဲ့သည့်နှုတ်ခမ်းတို့က မသိမသာပြုံးမိရင်း သူ့ရဲ့ဘယ်ဘက်ရင်အုံပေါ်သို့ လက်တင်လိုက်မိသည်။

မထင်မှတ်ထားသော အနမ်းတစ်ပွင့်ကြောင့်ပဲလား။ သူကိုယ်တိုင်ပင်မသိပဲ သူ့ရင်တွေ အခုန်မြန်လွန်းနေသည်။

* * * * *

28.02.2022
.................

A/N - ဒီကြားနှစ်ရက်မှာ ကိုယ်ဖျားသွားတယ်။ အခုတော့ အဖျားကျသွားပေမယ့် ခေါင်းကတော့ကိုက်နေတုန်းပဲ။ ဒီအပိုင်းတွေတောင် ရေးပြီးသားရှိနေလို့ ကိုယ်အပ်နိုင်တာ။ အကယ်၍များပြောတာပါ။ နောက်အပ်ပဒိတ်ကျ ကိုယ်မအပ်ပေးနိုင်ရင် ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကြောင့်လို့ နားလည်ပေးပါနော်Ó╭╮Ò









Episode 13 :

ေဆး႐ုံေ႐ွ႕ျမက္ခင္းျပင္တြင္ လမ္းေလွ်ာက္ေနသူမ်ား၊ ခုံတန္းေလးေပၚတြင္ထိုင္ေနသူမ်ား၏ျမင္ကြင္းကိုတစ္ခ်က္ၾကည့္ၿပီး ဟိုေဆာ့ ပင့္သက္႐ိႈက္မိသည္။ အန္တီဟာ ေဂ်ာင္ကု၏အေမျဖစ္ေနေၾကာင္း ေဂ်ာင္ကုေျပာျပ၍ သူသိခဲ့ရသည္။ ေလာကႀကီးဟာ သိပ္ကိုက်ဥ္းေျမာင္းလြန္းေနသည္မဟုတ္ပါလား။

ေဂ်ာင္ကု၏႐ုတ္တရက္အျပဳအမူေၾကာင့္ အန္တီကလက္မခံႏိုင္ဘဲ အတင္း႐ုန္းကန္ေနသည္ေၾကာင့္ အကူသူနာျပဳေလးကိုေခၚကာ စိတ္ၿငိမ္ေဆးထိုးခိုင္းကာ အန္တီ့ကို သိပ္ခဲ့ၿပီးေနာက္မွ သူေရာ၊ ေဂ်ာင္ကုပါ ေဆး႐ုံဝန္းထဲဆင္းလာခဲ့သည္။

ေဂ်ာင္ကုထိုင္ေနရာအညိဳေရာင္ခုံတန္းေလးကိုေရာက္ေတာ့ ဟိုေဆာ့ လက္ထဲကေကာ္ဖီတစ္ဗူးကို ေဂ်ာင္ကုထံ ကမ္းေပးလိုက္ၿပီး သူပါ ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။ ေကာ္ဖီတစ္ငုံကိုေမာ့ေသာက္ခ်ိန္ လွ်ာဖ်ားထက္မွခ်ိဳျမျမအရသာထက္ နံေဘးမွ ပင့္သက္႐ိႈက္သံတိုးတိုးက ဟိုေဆာ့၏အာ႐ုံ‌ကို လႊမ္းမိုးသြားခဲ့သည္။

"ေမေမက ဘယ္လိုျဖစ္ရတာလဲ ေဒါက္တာ"

ဝမ္းနည္းမႈတို႔မပါေသာ္လည္း စိုးရိမ္ပူပန္မႈတို႔ျဖင့္ ျပည့္လႊမ္းေနသည့္ ေဂ်ာင္ကုအသံသည္ တိုးလ်လ်။

ဟိုေဆာ့ အသက္ျပင္းျပင္းတစ္ခ်က္ကို႐ွဴလိုက္ၿပီးေနာက္...

"အန္တီ အက္ဆီးဒန္႔ျဖစ္တဲ့ေနရာမွာ ငါ႐ွိေနခဲ့တယ္။ အန္တီ့ကိုကူညီေပးၿပီး အေျခအေနအားလုံးကိုသိခဲ့ရေပမယ့္ လာေတြ႕တဲ့မိသားစုလည္းမ႐ွိေတာ့ ငါကပဲ ေစာင့္ေ႐ွာက္ေပးထားခဲ့တာ။ မင္းရဲ႕အေမျဖစ္ေနခဲ့လိမ့္မယ္လို႔ေတာ့ တကယ္ကိုမထင္ထားခဲ့မိတာ"

"ေက်းဇူးတင္ပါတယ္ ေဒါက္တာ။ ေမေမ... ေဒါက္တာ့လိုလူမ်ိဳးနဲ႔ဆုံခဲ့ရတာ သိပ္ကိုကံေကာင္းတယ္"

ဟိုေဆာ့ လွည့္ၾကည့္လိုက္ခ်ိန္ ‌တည္ၿငိမ္ေလးနက္ေနေသာမ်က္လုံးဝိုင္းမ်ားသည့္ သူ႕ကိုေတြေတြေလး ေငးၾကည့္ေနသည္။ အားေပးမႈတစ္ခုပါသည့္အျပဳံးတစ္ခုကို ေဂ်ာင္ကုအား ဟိုေဆာ့ ရက္ရက္ေရာေရာ ျပဳံးျပလိုက္မိသည္။

"ေမေမက ေဖေဖ့အတြက္ေတာ့ ဇနီးေကာင္းတစ္ေယာက္မဟုတ္ေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ မိခင္ေကာင္းတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ဘယ္ေလာက္ပဲ အရက္ကိုႀကိဳက္ႀကိဳက္ ငါးႏွစ္အ႐ြယ္ ကြၽန္ေတာ့္ေ႐ွ႕မွာေတာ့ ဘယ္‌ေတာ့မွမေသာက္ဘူး။ ကေလးတစ္ေယာက္ေ႐ွ႕မွာ မလုပ္သင့္တဲ့အျပဳအမူေတြကို ေမေမက အၿမဲေစာင့္ထိန္းပါတယ္။ ကြၽန္ေတာ္အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ ေမေမ့ကိုနားလည္ေပးႏိုင္ခဲ့ေပမယ့္ ေမေမကေတာ့ သူ႕ကိုခ်ဳပ္ေႏွာင္ထားတဲ့သံေယာဇဥ္ႀကိဳးေတြကို မႀကိဳက္ဘူးထင္တယ္..."

မ်က္စိေ႐ွ႕ကျမက္ခင္းျပင္ဆီသို႔ အၾကည့္ျပန္ပို႔လိုက္သည့္ ေဂ်ာင္ကု၏မ်က္ႏွာကို ဟိုေဆာ့ ေငးၾကည့္ေနမိသည္။ ‌အန္တီႏွင့္‌‌ေဂ်ာင္ကု၏ေတာ္စပ္မႈကို သိခဲ့ရၿပီးေနာက္ ေဂ်ာင္ကု၏မိသားစုအေရးကို စိတ္ဝင္စားသြားမိေသာ္လည္း သူ ထုတ္မေမးျဖစ္။ တျခားသူတစ္ေယာက္၏ပုဂၢိဳလ္ေရးကိစၥကို ကိုယ္တိုင္ကေျပာျပခ်င္ရဲ႕လားမသိပဲ စပ္စပ္စုစုေမးရေလာက္သည္အထိ ဟိုေဆာ့ မ႐ိုင္းစိုင္းတတ္ပါ။

အလုပ္ႏွင့္မိဘအေၾကာင္းကလြဲၿပီး တျခားသူတစ္ေယာက္၏ဘဝအေၾကာင္းကို စိတ္ဝင္စားမိသြားျခင္းသည္ သူ႕အတြက္ ‌ေဂ်ာင္ကုသည္ ပထမဆုံးျဖစ္လိမ့္မည္။ ထိုေကာင္ေလး၏မ်က္ႏွာေပၚက စိုးရိမ္ပူပန္မႈေတြရဲ႕ တစ္စိတ္တစ္ပိုင္းကို ေလ်ာ့က်သြားေစခ်င္မိတာ သူ႕ရဲ႕အ႐ိုး႐ွင္းဆုံးေစတနာတစ္ခုသာ။

အကဲခတ္ရလြယ္သည့္ မ်က္လုံးဝိုင္းေတြထဲ ဖ်တ္ခနဲျမင္လိုက္ရသည့္ ဝမ္းနည္းမႈတခ်ိဳ႕ကိုလည္း သူမွ်ေဝခံစားေပးခ်င္မိသည္။ ဒါဟာ တစ္ႏွစ္နီးပါးေစာင့္ေ႐ွာက္ေပးထားခဲ့သည့္အန္တီ့၏သားျဖစ္သူအေပၚ ျဖစ္ေပၚလာသည့္ ကိုယ္ခ်င္းစာစိတ္တခ်ိဳ႕သာ ျဖစ္ပါလိမ့္မည္။ အကယ္၍သာ ေဂ်ာင္ကုဘက္က ေျပာျပလာသည့္အခါ သူဘက့္က လိုလိုလားလားနားေထာင္ေပးဖို႔ အဆင္သင့္ျဖစ္ႏွင့္ၿပီးသားပါ။

"ေမေမက ေလာင္းကစားအရမ္းဝါသနာပါတယ္။ အိမ္မွာ႐ွိတဲ့အခ်ိန္ထက္ အျပင္မွာ အေပါင္းအသင္းေတြနဲ႔သြားလာေနတဲ့အခ်ိန္က ပိုမ်ားတယ္ေလ။ ေဖေဖနဲ႔ေမေမက စီးပြားေရးအရ လက္ထပ္ခဲ့ၾကတာဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္ၿပီးဂ႐ုမစိုက္ၾကဘူး။ ၾကာေတာ့ ‌ေမေမ့ရဲ႕လုပ္ရပ္ေတြက ေဖေဖရဲ႕ဂုဏ္သိကၡာကိုေရာ၊စီးပြားေရးကိုပါ ထိခိုက္လာေတာ့ ေဖေဖက သည္းမခံႏိုင္ေတာ့ဘူးထင္ပါရဲ႕။ ကြၽန္ေတာ္ ကေနဒါမွာေက်ာင္းသြားတက္တဲ့အခ်ိန္ ေဖေဖနဲ႔ေမေမ ကြာ႐ွင္းလိုက္ၾကတယ္။ လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲေလာက္ကပဲ..."

ထိုအခ်ိန္သည္ ဟိုေဆာ့ အန္တီ့ကို အက္ဆီးဒန္႔ေၾကာင့္ ဆုံခဲ့ရသည့္အခ်ိန္ျဖစ္သည္။ ဟိုေဆာ့ ေဂ်ာင္ကုထံမွ ဆက္ေျပာလာမည့္စကားမ်ားကိုသာ စိတ္ဝင္စားစြာနားစြင့္ေနမိသည္။ သူျမင္ခဲ့ဖူးသည့္ လြတ္လပ္ေပါ့ပါးစြာ႐ွင္သန္ေနသည့္ ထိုေကာင္ေလးတြင္ သူမသိေသးသည့္၊ သူပင္မခံစားခဲ့ရဖူးသည့္ မိသားစုႏွင့္ပတ္သတ္သည့္ ဝမ္းနည္းေၾကကြဲမႈမ်ား႐ွိေနသည္။

"သားတစ္ေယာက္အေနနဲ႔ မိဘေတြကြာ႐ွင္းတာကိုေတာင္ တိုင္ပင္အသိေပးတာမ်ိဳးမ႐ွိခဲ့လို႔ဆိုၿပီး အဲ့တုန္းက ေဖေဖ့ကို ကြၽန္ေတာ္စိတ္ဆိုးခဲ့တာ။ ေနာက္ပိုင္းမွသိခဲ့ရတာက ကြၽန္ေတာ့္ကို ကြာ႐ွင္းတဲ့အေၾကာင္းအသိမေပးဖို႔ ‌ေမေမက ေဖေဖ့ကိုေတာင္းဆိုခဲ့တယ္တဲ့။ ကြၽန္ေတာ္ေက်ာင္းတက္ေနတဲ့အခ်ိန္ စိတ္ထိခိုက္မွာဆိုးလို႔တဲ့။ ဒါေပမယ့္ အက္ေၾကာင္းထင္သြားတဲ့မိသားစုဆက္ဆံေရးမွာ သားတစ္ေယာက္အေနနဲ႔ခံစားရတဲ့ဝမ္းနည္းေၾကကြဲမႈကို အခ်ိန္ဆိုတာမကုစားေပးႏိုင္ဘူးဆိုတာေတာ့ ေမေမမသိခဲ့ဘူး။ ကေနဒါက ျပန္လာေတာ့ အိမ္ကထြက္သြားတဲ့ေမေမ့ကို ေနရာအႏွံ႔လိုက္႐ွာခဲ့တယ္။ ေမြးရပ္ေျမကိုမျပန္ဘဲ ဒီမွာလည္း႐ွာလို႔မေတြ႕တဲ့ေမေမက ကြၽန္ေတာ့္ကိုမေတြ႕ခ်င္ေတာ့လို႔မ်ား ေျခရာ‌ေဖ်ာက္ခဲ့တာလားလို႔ ထင္ထားခဲ့တာ..."

တုန္ရီတိုး႐ွသြားသည့္ေဂ်ာင္ကု၏အသံေၾကာင့္ တိုးဟိုေဆာ့ ေဂ်ာင္ကုအ‌ေပၚ ဂ႐ုဏာသက္မိသည္။ ႐ွင္သန္ေနရခဲ့တဲ့တစ္ခ်ိန္လုံး အေမတစ္ေယာက္နဲ႔ပတ္သတ္တဲ့ ဒီခံစားခ်က္ႀကီးကိုေထြးပိုက္ထားခဲ့ရသည္မွာ ဘယ္ေလာက္ေတာင္မ်ားပင္ပန္းခဲ့ရလိမ့္မည္လဲ။

ေဂ်ာင္ကု၏ပုခုံးတစ္ဖက္ကို ဟိုေဆာ့ ခပ္ဖြဖြပုတ္ေပးမိသည္။ သူ႕ရဲ႕အားေပးႏွစ္သိမ့္မႈအနည္းငယ္က ထိုေကာင္ေလးရင္ထဲမွ ေလးလံတင္းက်ပ္မႈတို႔ကို တစ္စိတ္ေလာက္ပဲျဖစ္ျဖစ္ ‌သက္သာသြားေစဖို႔ ေမွ်ာ္လင့္မိသည္။

"ေတာ္ေသးတာေပါ့၊ ‌ေမေမက ကြၽန္ေတာ့္ကိုမေတြ႕ခ်င္လို႔မွမဟုတ္ပဲ..."

ေဂ်ာင္ကုက စြန္းေပသြားေသာ မ်က္လုံးေထာင့္မွမ်က္ရည္စတို႔ကို ခပ္ျမန္ျမန္သုတ္ၿပီး ဟိုေဆာ့ ဘက္သို႔လွည့္ၾကည့္ကာ ၾကည္လင္စြာျပဳံးျပသည္။

"ေက်းဇူးတင္ပါတယ္၊ တကယ္ကို ေက်းဇူးတင္ပါတယ္ ေဒါက္တာ"

"မဟုတ္တာပဲ၊ ကံၾကမၼာက အန္တီနဲ႔မင္းကိုအၾကာႀကီးခြဲမထားခ်င္လို႔ ဆုံေပးလိုက္တာပဲ။ ငါနဲ႔မဆိုင္ပါဘူး"

ေက်းဇူးတင္စကားကိုလက္မခံဘဲ ျငင္းေနျပန္သည့္ဟိုေဆာ့ကိုၾကည့္ရင္း ေဂ်ာင္ကု ေပါ့ပါးစြာျပဳံးမိျပန္သည္။ ေဒါက္တာႏွင့္သာမဆုံခဲ့ရဖူးဆိုရင္ ေမေမႏွင့္သူရဲ႕ဆုံဆည္းမႈက ဒီထက္မက ပိုေဝးသြားႏိုင္သည့္ အေျခအေနမ်ိဳးလည္း ျဖစ္သြားႏိုင္သည္။

"ေမေမ့ရဲ႕အ‌ေျခအေနက ျပန္ၿပီးေကာင္းလာႏိုင္လား ေဒါက္တာ"

"တခါတေလ မင္းရဲ႕ကေလးပုံေလးကို ထုတ္ၾကည့္ေနတတ္တယ္လို႔ သူနာျပဳေလးကေျပာဖူးတယ္။ သူရင္းႏွီးဖူးတဲ့ပတ္ဝန္းက်င္၊ သူ႕ရဲ႕မိသားစုေတြနဲ႔နီးနီးကပ္ကပ္႐ွိမယ္ဆိုရင္‌ေတာ့ ျပန္ေကာင္းလာႏိုင္မယ့္ အလားအလာမ်ားပါတယ္"

အန္တီ့၏အေျခအေနအလုံးစုံကို သိသြားၿပီးေနာက္ ေဆး႐ုံေျပာင္းႏိုင္ရန္အတြက္ ေဂ်ာင္ကုက သူ႕ကို အကူအညီေတာင္းသည္။ မိသားစုႏွင့္တရင္းတႏွီးျဖစ္ရန္အတြက္ေရာ၊ ပိုၿပီးထိေရာက္မႈ႐ွိသည့္ကုသမႈ‌ေတြအတြက္ ဟိုေဆာ့ သေဘာတူလက္ခံမိသည္။

ေဆး႐ုံအေျပာင္းအလဲကိစၥမ်ားအတြက္ သူ႕ဘက္က ကူညီႏိုင္တာမွန္သမွ်ကို ေဂ်ာင္ကုအား ကူညီခဲ့သည္။ မိခင္ျဖစ္သူအေပၚ ေမွ်ာ္လင့္ခ်က္အျပည့္႐ွိေနသည့္ ‌ေဂ်ာင္ကု၏မ်က္လုံးဝိုင္းေတြကိုျမင္ေတာ့ ဟိုေဆာ့ကိုယ္တိုင္လည္း စိတ္သက္သာရာရသြားသည္။

ဝန္ခံရရင္ ထိုေကာင္ေလး၏အေရာင္‌ ေတာက္ေတာက္ မ်က္လုံးဝိုင္းေတြထဲက ခံစားမႈအရိပ္အေယာင္အေျပာင္းအလဲက သူ႕ႏွလုံးသားထံသို႔သက္ေရာက္မႈ႐ွိေနခဲ့သည္က အခ်ိန္တစ္ခု႐ွိေနခဲ့ၿပီ။

...............

...............

"မိုးကလည္း႐ြာလိုက္တာကြာ"

မနက္ျဖန္ဆို ဟိုေဆာ့ ဂ်ယ္ဂ်ဴသို႔သြားရမည္ျဖစ္၍ သူ႕ရဲ႕တာဝန္ခ်ိန္ေတြကိုျပန္စိစစ္ရန္ ေကာင္တာမွာဖိုင္တစ္ခုကိုၾကည့္ေနရင္း အနားတြင္ရပ္ေနသည့္ ယိုဟန္ထံမွ ညည္းညဴသံကိုၾကားရသည္။ ယိုဟန္ စိတ္ညစ္သလို သူလည္း စိတ္ညစ္မိသည္။ ထီးကို တကူးတကသယ္သြားရတာမ်ိဳးမႀကိဳက္သည့္အတြက္ မိုးရာသီကိုအျမန္ဆုံးကုန္ေစခ်င္မိတာ အမွန္ပင္။ သို႔ေပမယ့္ မိုးသည္ ဘယ္အၿငိဳး႐ွိလဲမသိ။ သူတို႔ဆု‌ေတာင္းေလေလ ေန႔တိုင္းမျပတ္႐ြာေလေလျဖစ္ေနသည္။

"ဟိုေဆာ့၊ ျပန္လာရင္ ဂုံးေတြယူလာဖို႔မေမ့နဲ႔ေနာ္"

ယိုဟန္က ေဆး႐ုံအေပါက္ဝကိုေငးေနရာမွ ဟိုေဆာ့ဘက္ကို လွည့္မွာသည္။ ဟိုေဆာ့က ယိုဟန္ကို တစ္ခ်က္သာမ်က္လုံးလွန္ၾကည့္ၿပီး ဖိုင္ဆီျပန္ပို႔လိုက္သည့္ေနာက္ လက္ခံေၾကာင္းတစ္ခုခုေျပာလာဖို႔ေမွ်ာ္လင့္ေနသည့္ ယိုဟန္႔ခမ်ာ မ႐ိုးမ႐ြ။

"ငါေျပာတာၾကားလား!"

"ၾကားပါတယ္ကြာ။ မင္းနဲ႔လည္း၊ ငါက မင္းမမွာလည္း ယူလာေပးဖို႔စိတ္ကူးၿပီးသားပါ"

လက္ထဲကဖိုင္ကိုျပန္ပိတ္ၿပီး အျပဳံးမျပတ္ေျဖလာသည့္ ဟိုေဆာ့စကားေၾကာင့္ ယိုဟန္ အေက်နပ္ႀကီး ေက်နပ္သြားရသည္။ ဂ်ယ္ဂ်ဴက လတ္လတ္ဆတ္ဆတ္ဂုံးေတြသာ ခ်ဥ္စပ္ဟင္းရည္လုပ္စားရမည္ဆိုလွ်င္ ဟိုေဆာ့ရဲ႕ဂ်ဴတီခ်ိန္အတြက္ တစ္ပတ္ေလာက္ အစားထိုးေပးရမည္က အသလြတ္ကိုတန္ပါသည္။

ဂုံးအေၾကာင္းေျပာလိုက္သည္ႏွင့္ ပင္လယ္စာသိပ္ႀကိဳက္တတ္သည့္ယိုဟန္ မ်က္လုံးေတြေတာက္လာသည္မွာ အေရာင္တလတ္လတ္။ ကိုယ့္စိတ္ကူးႏွင့္ကိုယ္ျပဳံးၿဖီးေနသည့္ ယိုဟန္႔မ်က္ႏွာကိုၾကည့္ၿပီး ဟိုေဆာ့ ေခါင္းခါမိရင္း လက္ထဲကဖိုင္ကို ေကာင္တာထဲမွသူနာျပဳေလးထံသို႔ လွမ္းေပးလိုက္သည္။ လူနာတာဝန္ခံေျပာင္းလဲျခင္းအတြက္လည္း ယိုဟန္အတြက္ သူလက္မွတ္ထိုးေပးခဲ့ၿပီ။ သူ႕ဂ်ဴတီခ်ိန္အတြက္ညႇိၿပီးၿပီျဖစ္သည့္အတြက္ နားရက္မွာသူ႕အလုပ္အတြက္ ေနာက္ဆံတင္းစရာမ႐ွိေတာ့ေပ။

"ေဒါက္တာတို႔ဂ်ယ္ဂ်ဴက ဂုံးေတြေပါတာလား"

ယိုဟန္၏စကားကို အဖ်ားစြတ္ၾကားသြားသည့္ေကာင္တာမွသူနာျပဳေလးက ဟိုေဆာ့ကို သိခ်င္စိတ္ျဖင့္ အေမးျပဳသည္။

"ဂုံးတင္မကဘူး၊ ပင္လယ္စာေတြမွန္သမွ်ေပါပါတယ္။ စိတ္ခ်၊ ကြၽန္ေတာ္ျပန္လာရင္ ဆရာမတို႔အတြက္လည္း ယူလာခဲ့ေပးမယ္"

"ဒါဆိုရင္ေတာ့ ေဒါက္တာ့ကို အားနာနာနဲ႔ပဲ ေက်းဇူးတင္ရ‌ေတာ့မွာပဲ"

ဝမ္းသာသြားသည့္သူနာျပဳေလး၏မ်က္ႏွာက အျပဳံးတို႔ျဖင့္႐ႊင္လန္းေနသည္။ လာရင္းအလုပ္ကိစၥလည္းၿပီးၿပီမို႔ ဟိုေဆာ့ မနက္ျဖန္ခရီးအတြက္ျပင္ဆင္ရန္ နားေနခန္းသို႔ေျခဦးလွည့္လိုက္သည္။ လိုအပ္တဲ့ပစၥည္းမွန္သမွ်ကို တိုက္ခန္းကေန အကုန္သယ္လာၿပီးသားမို႔ အဆင္သင့္ထုတ္ပိုးလိုက္႐ုံပင္။

"သြားရေအာင္ ယိုဟန္"

‌သူ႕အလုပ္လည္းမ႐ွိပါပဲ တမင္သက္သက္အေၾကာင္း႐ွာၿပီးလိုက္ခဲ့သည့္ယိုဟန္ကို ဟိုေဆာ့ ဂုတ္ကေနဆြဲေခၚရသည္။ သူ႕လက္ထဲအသာတၾကည္ပါမလာပဲ ေကာင္တာကိုေနာက္ျပန္မွီထားသည့္ ယိုဟန္က ေဆး႐ုံအေပါက္ဝကို ျပဳံးၿဖီးၿဖီးနဲ႔လွမ္းၾကည့္ေနသည္။ ဟိုေဆာ့ ယိုဟန္အၾကည့္႐ွိရာသို႔လွမ္းၾကည့္လိုက္ခ်ိန္ အျပင္ကျပန္လာပုံရသည့္မင္ဟြန္းက မိုးစိုသြားသည့္သူ႕ရဲ႕ေ႐ွ႕ဆံပင္ေတြကို လက္ႏွင့္ထိုးဖြကာခါေနသည္။ ညပိုင္းဂ်ဴတီခ်ိန္မို႔ အခုမွေဆး႐ုံေရာက္လာသည့္ပုံပင္။

သူတို႔ကိုျမင္သြားသည့္မင္ဟြန္းက ေကာင္တာကို အေျပးတစ္ပိုင္းနဲ႔ေရာက္လာခ်ိန္ ယိုဟန္က စပ္ၿဖဲၿဖဲအျပဳံးတစ္ခုႏွင့္အတူ ဆီးႀကိဳသည္။ သို႔ေသာ္ ယိုဟန္ကိုေက်ာ္ၿပီး ဟိုေဆာ့ဆီသာ မ်က္ႏွာမူလိုက္တဲ့မင္ဟြန္းေၾကာင့္ ယိုဟန္တစ္‌ေယာက္ အစာမေၾကျဖစ္သြားရသည္။

"စီနီယာ့ကို လူတစ္ေယာက္ကေတြ႕ခ်င္လို႔တဲ့"

"ဟင္၊ ဘယ္သူလဲ"

မိုးအသည္းအသန္႐ြာေနသည့္ရာသီဥတုအျပင္ ဒီလိုအခ်ိန္မ်ိဳးမွာလာေတြ႕ႏိုင္မည့္ဧည့္သည္မ်ိဳးမ႐ွိသျဖင့္ ဟို‌ေဆာ့ တအံ့တဩျပန္ေမးမိသည္။

"ဟိုတစ္ခါ မိဘမဲ့ေက်ာင္းမွာေတြ႕ခဲ့တဲ့လူပဲ။ စီနီယာ့ကိုေတြ႕ခ်င္တယ္ဆိုၿပီး ကြၽန္ေတာ့္ကိုေျပာခိုင္းလိုက္လို႔။ တစ္ကိုယ္လုံးမိုးေတြစိုေနလို႔ အထဲလိုက္ဝင္ဖို႔ေျပာတာကို သူကလိုက္မလာဘူး"

ခေလးတစ္ေယာက္က လူႀကီးတစ္ေယာက္ကို ျပန္တိုင္ေနသလို မေက်မနပ္ေျပာလာသည့္မင္ဟြန္းေၾကာင့္ ဟိုေဆာ့ သေဘာက်စြာျပဳံးလိုက္မိသည္။

"ဟုတ္ၿပီ ဟုတ္ၿပီ။ အစ္ကို သြားလိုက္မယ္"

မင္ဟြန္း၏ပုခုံးတစ္ဖက္ကိုလက္ႏွင့္တစ္ခ်က္ကိုင္ကာႏႈတ္ဆက္ခဲ့ၿပီး ဟိုေဆာ့ ေဆး႐ုံေ႐ွ႕ေျပးထြက္လာခဲ့သည္။ အေနာက္တြင္က်န္ရစ္ခဲ့သည့္ မင္ဟြန္းသည္ေတာ့ အနည္းငယ္မွ်စိတ္မေကာင္းျဖစ္သြားေသာ္လည္း ယိုဟန္ကေတာ့ အေၾကာင္းသိေနသည့္အလား ခပ္ျပဳံးျပဳံးသာ။

ဟိုေဆာ့ ေဆး႐ုံဆင္ဝင္ေ႐ွ႕ေရာက္ေတာ့ အမိုးအစြန္းတြင္ရပ္ၿပီး အျပင္ကိုမ်က္ႏွာမူထားသည့္ ေက်ာျပင္တစ္ခုကို ေတြ႕ရသည္။ ဝတ္ထားေသာhoodieမွအစ ‌အားကစားေဘာင္းဘီအဆုံး႐ႊဲေနေအာင္စိုေနပါေသာ္လည္း ႐ြာေနသည့္မိုးကို လွည့္ေငးႏိုင္ေသးသည့္ ထိုေကာင္ေလးသည္ သူ႕အတြက္ေတာ့ ထူးဆန္ဖြယ္ရာ။

"ေဂ်ာင္ကု!"

အသံေပးမႈေၾကာင့္ ေဂ်ာင္ကုသည္ မိုးစက္ေလးေတြကိုေငးၾကည့္ေနရာမွ အေနာက္ကိုလွည့္ၾကည့္သည္။

မိုးႏွင့္အၿပိဳင္ အျမတ္တႏိုးေငးၾကည့္‌ရေလာက္သည့္ျမင္ကြင္းမ်ားထဲတြင္ ထိုအျဖဴေရာင္ပုံရိပ္‌ေလးသည္ သူ႕ႏွလုံးသားရဲ႕ထိပ္ဆုံးတြင္ ေနရာယူသည္။ လွမ္းလာေသာေျခတစ္လွမ္းေတြကအစ သူ႕ကိုစိုးရိမ္တႀကီးၾကည့္ေနသည့္မ်က္ဝန္းေတြအဆုံး အားလုံးဟာ ျမတ္ႏိုးဖြယ္ရာအတိ။

ထိုပုံရိပ္ေလးအနားေရာက္လာသည့္အခါ ႏွလုံးအိမ္၏အတြင္းနက္နက္တစ္ေနရာမွျဖစ္ေပၚလာေသာေႏြေထြးမႈအလႊားပါးသည္ မိုးစိုေန၍ေအးစက္ေနေသာ ေဂ်ာင္ကု၏ခႏၶာကိုယ္တစ္ခုလုံးကို ရစ္သိုင္းလႊမ္းျခဳံသြားခဲ့သည္။

"တစ္ကိုယ္လုံးစို႐ႊဲေနတာပဲ။ မိုးေရထဲေျပးလာတာလား"

ဟိုေဆာ့ ‌စိုးရိမ္တႀကီးေျပာလိုက္ေသာ္လည္း ေဂ်ာင္ကုသည္ သူ႕ကိုျပဳံး၍သာၾကည့္ေနသည္။ မနက္က တစ္ႀကိမ္ဆုံခဲ့ၿပီးသည္ကို အခုလိုမိုးေရထဲေျပးလာၿပီးေတြ႕ဖို႔ေျပာသည္က အေရးႀကီးသည့္ကိစၥတစ္ခုျဖစ္မည္ဟု ဟိုေဆာ့ေတြးလိုက္မိသည္။

မိုးေရေတြစိုေနသည္ဟူသည့္မင္ဟြန္းစကားေၾကာင့္ ေကာင္တာမွ ေျပးထြက္လာခ်ိန္ အန္တီႏွင့္ပတ္သတ္သည့္ကိစၥျဖစ္‌ေနမလားဟူ၍ပူပန္ခဲ့ရသည္။ အျပင္ေရာက္လာခ်ိန္ တစ္ကိုယ္လုံးမိုးေရ႐ႊဲေနသူကိုျမင္လိုက္ရေတာ့ ဟိုေဆာ့ ကိုယ့္ကိုယ္ကိုေသခ်ာသြားသည္။

အန္တီ့ထက္ သူ ေဂ်ာင္ကုကို ပိုၿပီးစိတ္ပူေနမိသည္။

"ဘာအေရးႀကီးလို႔လဲ။ အန္တီတစ္ခုခုမ်ားျဖစ္လို႔လား"

ေဂ်ာင္ကုက အျပဳံးမပ်က္ပင္ ေခါင္းခါသည္။ ဟိုေဆာ့ စိတ္မ႐ွည္ေတာ့ေပ။ တစ္ကိုယ္လုံးမိုးေတြစို႐ႊဲေနသည္ကိုပင္ တစ္ခ်က္ေလးမွေအးေနပုံမရပဲ သူ႕ကိုၾကည့္ၿပီး ျပဳံးေယာင္ေယာင္ျဖစ္ေနသည့္ေဂ်ာင္ကုကို ပုခုံးႏွစ္ဖက္ကေနလႈပ္ရမ္းၿပီး ေျပာမယ့္အေၾကာင္းအရာကိုေမးပစ္လိုက္ခ်င္သည္အထိ ဟိုေဆာ့ အသည္းယားလာသည္။

"ေမေမက အဆင္ေျပပါတယ္။ အဆင္မေျပတာက ကြၽန္ေတာ္"

ဟိုေဆာ့ မ်က္ခုံးၾကဳံကာ ေဂ်ာင္ကုအား နားမလည္သလိုၾကည့္သည္။ အစိုတိုင္းၾကာၾကာေနလွ်င္ ဖ်ားမည္ဆိုး၍ စကားစျမန္ျမန္ျဖတ္ကာ ေဂ်ာင္ကုကိုအျမန္ျပန္လႊတ္ခ်င္ပါေသာ္လည္း ဒီေကာင္ေလးရဲ႕ေ႐ွ႕ေနဗီဇက ဘယ္ကေပၚလာမွန္းမသိ။ စကားကို တအားေဝ့သည္။

"ကြၽန္ေတာ္ အိပ္မေပ်ာ္လို႔ထေျပးတာ၊ လမ္းမွာမိုးမိသြားတာပဲ။ တအားခ်မ္းလို႔ အေႏြးဓာတ္ရေအာင္ မိုးဝင္ခိုမွျဖစ္မယ္ဆိုၿပီးေတြးမိတာနဲ႔ ေဒါက္တာ့ဆီေရာက္လာတာ"

သူ႕ကို ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနသည့္ဟိုေဆာ့ကို တစ္ခ်က္အကဲခတ္ၿပီး ေဂ်ာင္ကုက စကားဆက္သည္။

သူဒီည အိပ္မေပ်ာ္ႏိုင္တာေတာ့အမွန္ပင္။ ေမေမ့ကိစၥအတြက္ သူ႕ေခါင္းထဲေလးလံေနရာမွ မနက္ျဖန္နားရက္နဲ႔ဂ်ယ္ဂ်ဴျပန္မယ္ဆိုတဲ့ေဒါက္တာ့အေၾကာင္းကိုၾကားၿပီး သူ႕ႏွလုံးသားေလးပါ ေလးလံလာသည္။ ပုံမွန္စိတ္နဲ႔ဆို ေဒါက္တာ့ေနာက္လိုက္သြားျဖစ္လိမ့္မည္ျဖစ္ေသာ္လည္း တစ္ဖက္တြင္ေမေမ့က်န္းမာေရး႐ွိေနသည္ေၾကာင့္ ႏွလုံးသားေရးရာအတြက္ စစ္ဆင္ေရးတြင္ သူ ေျခတစ္လွမ္းဆုတ္လိုက္ရသည္။

အိပ္မေပ်ာ္သည့္အဆုံး တိုက္ခန္းအနီးတစ္ဝိုက္သာေျပးမည္ဆိုၿပီးရည္႐ြယ္ခ်က္နဲ႔ထြက္လာေသာ္လည္း ေဒါက္တာ့ရဲ႕ေဆး႐ုံထိပင္ ေရာက္လာသည္။ ေဒါက္တာ့ကိုေတြ႕ခ်င္စိတ္က ႐ြာေနသည့္မိုးကိုပင္ အံတုကာေျပးခဲ့သည္အထိပင္ သူ႕စိတ္အလုံးစုံကို လႊမ္းမိုးထားခဲ့သည္။

"ဟုတ္ပါၿပီ၊ မိုးခိုမယ္ဆိုလည္းဝင္ေလ။ ငါ မင္းအတြက္ ေကာ္ဖီပူပူေလးတစ္ခြက္ေတာ့တိုက္ႏိုင္ပါတယ္"

"ကြၽန္ေတာ့္ရဲ႕အ‌ေႏြးဓာတ္က ေကာ္ဖီမွာမွမဟုတ္ပဲ ေဒါက္တာရဲ႕"

နဂိုစကားမ်ားတတ္သည့္ေ႐ွ႕ေနေလးက ဒီေန႔တြင္ေတာ့ အထူးတလည္ ေဝ့လည္ေၾကာင္လုပ္လြန္းသည္။ ဟိုေဆာ့ သက္ျပင္းတစ္ခ်က္ကို ခပ္တိုးတိုးခ်လိုက္မိသည္။ ဟိုေဆာ့ စိတ္မ႐ွည္ေတာ့မွန္းရိပ္မိေနသည့္ေဂ်ာင္ကု၏အျပဳံးသည္ ပိုလို႔ပင္ပီျပင္သြားသည္။

"ကြၽန္ေတာ့္ရဲ႕အေႏြးဓာတ္က ေဒါက္တာ့ဆီမွာပဲ႐ွိတာ"

ဟိုေဆာ့ အံ့ဩစြာေငးၾကည္းေနမိခ်ိန္ သူႏွင့္ႏွစ္လွမ္းစာေလာက္သာကြာေဝးေသာေဂ်ာင္ကုသည္ သူ႕ထံ တျဖည္းျဖည္း နီးကပ္လာသည္။ အဲ့ဒီ့ေနာက္ ဟိုေဆာ့ သိလိုက္ရသည္က သူ႕လည္ပင္းတစ္ဖက္ကိုထိန္းကိုင္ထားေသာ လက္တစ္ဖက္၏ေအးစက္စက္အထိအေတြ႕။ တစ္ဆက္တည္းမွာပဲ သူ႕ရဲ႕ႏႈတ္ခမ္းေတြမွတစ္ဆင့္ခံစားလိုက္ရေသာ ႏူးညံ့ေႏြးေထြးမႈတစ္ခု။

ဟိုေဆာ့ ရင္ထဲ ပူေႏြးသြားသည္။ ေအးစက္‌လာေသာ‌လက္ဖ်ားေတြသည္ မိုးေရစြတ္သည့္ေလေျပေၾကာင့္မဟုတ္မွန္း အေသအခ်ာပင္။ ခုနကအထိ လႈပ္႐ွားအသက္ဝင္ေန‌ေသာ ပတ္ဝန္းက်င္သည္ ႐ုတ္ခ်ည္းတိတ္ဆိတ္သြားသကဲ့သို႔။ ဟိုေဆာ့နားထဲ မိုးသံမ်ားႏွင့္အတူ တျဖည္းျဖည္းက်ယ္ေလာင္လာေသာ ႏွလုံးခုန္သံသဲ့သဲ့မွလြဲ၍ တျခားမၾကားရေတာ့။

ဟိုေဆာ့ ေၾကာင္အစြာၿငိမ္သက္ေနမိခ်ိန္ သူ႕ႏႈတ္ခမ္းထက္မွ ႏႈတ္ခမ္းပါးတို႔သည္ ညင္သာစြာဖိကပ္ထားမွ ဖယ္ခြာသြားသည္။ လည္ပင္းတစ္ဖက္မွ ထိန္းကိုင္ထားေသာလက္ကိုျပန္႐ုတ္သြားသည့္တိုင္ ထိုေအးစက္စက္အထိအေတြ႕ကို ယခုတိုင္ခံစားေနရေသးသည္။

"ကြၽန္ေတာ္ ေဒါက္တာ့ကိုမလြမ္းခ်င္ဘူး"

ျပန္ၿပီးလႈပ္႐ွားအသက္ဝင္လာေသာဟို‌ေဆာ့၏ ပတ္ဝန္းက်င္တြင္ ပထမဆုံးၾကားလိုက္ရေသာ တိုးလ်လ်စကားတစ္ခြန္း။

ဟိုေဆာ့ သတိဝင္လာၿပီးေနာက္တြင္ မ်က္ေတာင္ေတြကို အေၾကာင္းမ႐ွိပုတ္ခတ္ေနမိေသာ္လည္း ၾကင္နာျခင္းတို႔အျပည့္ဖုံးလႊမ္းေနသည့္မ်က္လုံးဝိုင္းတို႔သည္ေတာ့ ဟိုေဆာ့အား မ်က္ေတာင္မခတ္တမ္း ေငးၾကည့္ေနလ်က္။

"မလႊဲသာတဲ့အေျခအေနတစ္ခုဆိုေတာ့ ကြၽန္ေတာ္ဘာတတ္ႏိုင္မလဲ။ ဒါေပမယ့္ ကြၽန္ေတာ္မလိုက္ႏိုင္တဲ့ခရီးတစ္ခုမွာ ကြၽန္ေတာ့္စိတ္အလုံးစုံကေတာ့ ေဒါက္တာ့ဆီပါသြားမွာေတာ့ ေသခ်ာတယ္။ ေဒါက္တာလည္း တိုက္ဆိုင္မႈ႐ွိရင္ ကြၽန္ေတာ့္ကိုသတိရေနေပးေနာ္"

ေတာင္းဆိုျခင္းလား။ အမိန္႔တစ္ခုပဲလား။ မည္သို႔ပင္ဆိုေစကာမူ ထိုအရာသည္ ဟိုေဆာ့အတြက္ေတာ့ ျငင္းဆန္မရႏိုင္သည့္ ခယျခင္းတစ္ခု။

ေသခ်ာပါသည္။ မိုး႐ြာတဲ့ေန႔ေတြပဲျဖစ္ျဖစ္၊ မွန္ၾကည့္မိတဲ့အခါ ကိုယ့္ႏႈတ္ခမ္းကိုယ္ျပန္ျမင္မိရင္ပဲျဖစ္ျဖစ္ သူ႕အေၾကာင္းမေတြးမိပဲမေနႏိုင္ေအာင္ ထိုေကာင္ေလး ျပဳမူသြားခဲ့ပါသည္။

မိုးေရထဲေျပးထြက္သြားသည့္ ေက်ာျပင္တစ္ခုကိုေငးၾကည့္ရင္း ဟိုေဆာ့၏ ေႏြးေထြးျခင္းတို႔တင္က်န္ခဲ့သည့္ႏႈတ္ခမ္းတို႔က မသိမသာျပဳံးမိရင္း သူ႕ရဲ႕ဘယ္ဘက္ရင္အုံေပၚသို႔ လက္တင္လိုက္မိသည္။

မထင္မွတ္ထားေသာ အနမ္းတစ္ပြင့္ေၾကာင့္ပဲလား။ သူကိုယ္တိုင္ပင္မသိပဲ သူ႕ရင္ေတြ အခုန္ျမန္လြန္းေနသည္။

* * * * *

28.02.2022
.................

A/N - ဒီၾကားႏွစ္ရက္မွာ ကိုယ္ဖ်ားသြားတယ္။ အခုေတာ့ အဖ်ားက်သြားေပမယ့္ ေခါင္းကေတာ့ကိုက္ေနတုန္းပဲ။ ဒီအပိုင္းေတြေတာင္ ေရးၿပီးသား႐ွိေနလို႔ ကိုယ္အပ္ႏိုင္တာ။ အကယ္၍မ်ားေျပာတာပါ။ ေနာက္အပ္ပဒိတ္က် ကိုယ္မအပ္ေပးႏိုင္ရင္ ကိုယ့္ရဲ႕က်န္းမာေရးအေျခအေနေၾကာင့္လို႔ နားလည္ေပးပါေနာ္Ó╭╮Ò

Continue Reading

You'll Also Like

1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
83.7K 3.3K 36
[2nd BOOK] of the 'Male Lead' series. Ariella Ignes found herself in a coma for all so long. Eight years had past in her sweet dream which was full...
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...