"မမလေး မမလေး"
"အလန့်တကြားမိနွယ်ရယ် ခင့်အိမ်အပြန်ကိုလွမ်းနေသလားပဲ"
မိနွယ်ဟာစိတ်မရှည်သည့်ဟန်ဖြင့် အမောတကောပြောရှာသည်။
"နောက်မနေပါနဲ့ မမလေးရယ် အိမ်ထဲမာ မြို့အုပ်မင်းရောက်နေတယ် "
"မမလေးပြန်မရောက်သေးဘူးဆိုတာကိုအတင်းစောင့်မယ်တကဲကဲလုပ်နေတာ "
ခင်ဟာကြားရသည့်စကားကြောင့်မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားသည်။
"ဒီလူတွေဒီလူတွေ "
"ခင့်အိမ်ကိုဖြင့် ဝင်ချေထွက်ချေ
သာလာယံဇရပ်အောက်မေ့နေသလားပဲ"
ခင်ဟာခပ်တိုးတိုးဆိုလျက် လက်ကိုင်အိတ်အား မိနွယ်ထံကမ်းပေးလိုက်သည်။
"စကားမပြောချင်လည်းပြောရအုံးမယ်ခင့်ဖို့ သံပရာရည်တခွက်သာ ဖျော်ခဲ့ပေး"
"ဟုတ်ကဲ့မမလေး "
မိနွယ်ဟာမီးဖိုးချောင်အထဲကုပ်ကုပ်ကလေးဝင်သွားသည်မလို့ ခင်သည်လည်းဧည့်ခန်းအတွင်းသို့ လျှောက်လာခဲ့သည်။
"ဘယ့်နှယ့်လဲ... မြို့အုပ်မင်းကြီးခင့်အိမ်ကို
လာရတဲ့အကြောင်း ပြောစမ်းပါဘိရှင်"
ခါးမှ အင်္ကျီကိုဆွဲချလျက်ခြေချိတ်ထိုင်သည်။အနားရှိကျွန်းကုလားထိုင်အပေါ် သို့လက်ကိုထောက်သည်။ခင့်ပုံစံဟာပေါ့ပေါ့ပါးပါးသူ့အိမ်သူ့ရာသူနေချင်သလိုနေမည် ဆိုသည့်ပုံ။ဒီကြားထဲခင့်၏မူပိုင်မဲ့ပြုံးလေးကမပါမဖြစ်...
"ကိုယ်က ရှမ်းပြည်ဘက်သွားမှာမလို့ ခင်ကြိုက်တာ လေးတွေမှာလို့ရအောင်လာခဲ့တာ"
"ခင်ကိုယ့်ကိုဘာမှာချင်သလဲဟင်"
ခင့်ကိုကြည့်ပီးအရောင်တလက်လက်ဖြစ်နေတဲ့မျက်လုံးတွေ ဒီယောကျာ်းတွေဟာ ခင့်အနားချဉ်းကပ်ဖို့ တစ်ခုမဟုတ်တစ်ခုအကြောင်းရှာကာလာနေသလား။
အခုလည်း ခင်ဘာမှာသလဲသာပြောနေတယ်၊ ကြည့်နေသည့်မျက်လုံးတွေက သူ့ကိုဂရုတစိုက်သွားနော်' လို့ပြောစေချင်နေသလိုပင်။
"ခင်ဘာမှမမှာချင်ပါဘူး သူများအလုပ်ကိစ္စခရီးသွားမဲ့အရေး ရှုပ်ရှုပ်ရှက်ရှက်ကွယ်"
"မရှုပ်ပါဘူးခင်ရယ် မရှုပ်ပါဘူး ကိုယ်ကခင့်အတွက်ဆိုဘာပဲဖြစ်ဖြစ် ရအောင်လုပ်ပေးမယ့်သူပါခင်ရယ်"
လာပြန်ပြီဒီစကား၊တစ်ယောက်လာလည်း
ဒီစကားနှစ်ယောက်လာလည်းဒီစကား ရိုးအီနေတာတောင်အထပ်ထပ်အခါခါကြားနေရတဲ့စကားပဲ။
"ဒါဖြင့် မြို့အုပ်မင်းခရီးသွားခဲ့ရင်
ခင့်အတွက် နှင်းဆီကိုမှ ကြက်သွေးရောင်ရင့်ရင့် အို.... အနီရင့်ရင့်နှင်းဆီတွေယူခဲ့စမ်းကွယ် "
"ဟိုးကပန်းတွေနဲ့အတူစိုက်လှည့်မယ်"
ခင်ဟာအိမ်အပြင်ဘက်မှ သူ့ပန်းခင်းအားလက်ညှိုးထိုး၍ပြောရှာသည်။
"ခင့်အိမ်၊ခင့်ခြံ၊ခင့်ပန်းခင်းထဲမယ် နှင်းဆီအနီ မရှိသေးလို့"
"ဘယ့်နှယ့်လဲ မြို့အုပ်မင်း ဖြစ်သလား"
"ဖြစ်ပါတယ်ခင်ရယ် ဒါပေမယ့် မှာတာကဒါပဲလား နှင်းဆီပန်းပဲလားတခြားဟာတွေကောခင်"
" မြို့အုပ်မင်းရယ် ခင့်ဘဝမှာဘာလိုသေးလို့လဲ"
"လိုချင်တာမှန်သမျှခင့်ဘာသာလည်းရနိုင်တာပဲ မာယာခင်တို့က ဘယ်ယောကျာ်းရဲ့အားကိုးနဲ့မှတောက်ပြောင်နေမယ့်မိန်းမမဟုတ်တာ သိသင့်ပါတယ်"
မြို့အုပ်မင်းခမျာခင့်ကို လျော့တွက်မိလေရော့သလား ။ခင့်ရှေ့ဘာစကားမှတောင်မထွက်နိုင်....မျက်စိပျက်မျက်နှာပျက်ဖြစ်နေရသည်။
"ဒါဖြင့်မြို့အုပ်မင်း ခင်နားချင်ပီကွယ် "
ခင်ဟာလေသံအေးအေးကလေးနှင့် ပြောရှာသည်။
"ဟုတ်သားပဲ ခင်လည်းပင်ပန်းလာရောပေါ့ ကိုယ်ခင့်ပန်းခင်းအတွက် ကြက်သွေးရောင်နှင်းဆီပန်းရှာယူလာခဲ့မယ်ခင်"
"ဟုတ်ပါပြီမြို့အုပ်မင်း"
"ကိုယ်ပြန်ပြီနော်ခင်"
"ကြွပါရှင်"
မာယာခင့်ကို တယ်လည်းလျော့တွက်သကိုးမြို့အုပ်မင်းရယ်။ခင်ဟာပြုံးပြုံးကလေးသာကျန်ပါတော့သည်။မြို့အုပ်မင်းခြံတံဝါးဝအထိရောက်သွားမှသာ ထိုင်ရာကထသည်။
" မိနွယ်!ခင်သံပုရာရည်ယူခိုင်းတာပေါ်မလာတော့ဘူးလား"
"မိနွယ်ရေ "
"မိနွယ်"
အော်ခေါ်မရသည့်အဆုံးအပေါက်ဝအနားကကြီးမြင့်အားလှမ်းမေးလိုက်ရသည်။
"ကြီးမြင့် မိနွယ်ရော"
"ကြီးမြင့် ခိုင်းလိုက်တာသမီးရဲ့ဒီမယ်ခင်လေးဖို့သံပုရာရည်"
"အလုပ်ရောအဆင်ပြေရဲ့လားသမီး"
"အလုပ်ကအဆင်ပြေပါတယ် လောလောဆယ် ခင့်ကားကပျက်နေတော့
အငှားကားဆီအထိလမ်းလျှောက်ရတာကအဆင်မပြေဘူးကြီးမြင့်ရဲ့"
"ဪ...ခင်လေးရယ်...သမီး ဝပ်ရှေ့ာကမနက်ဖြန်ဆိုကားရပီတဲ့ နေ့လည်ကအလုပ်သမားလေးလာပြောတယ်"
"ကြီးမြင့်ကပြောဖို့မေ့နေတာကွဲ့"
"အင်းအဆင်ပြေသားပဲ ဒါဖြင့် ခင်ရေချိုးအုံးမယ်နော် နည်းနည်းလူကနုံးနေလို့"
"ချိုးချိုး ကြီးမြင့်ထမင်းပွဲပြင်ထားမယ်နော် "
"ခင့်အကြိုက် ပြည်ကြီးငါးသုတ်ကလေးသုတ်ထားပေးတယ်"
"ခင့်အကြိုက်ဆို ခင်တို့ကတော့ နှစ်ပန်းကန်ပဲနော် "
ခင်ဟာသူချစ်ခင်တဲ့ လူတွေနှင့်ဆို ဒီလိုပင်အရွှန်းဖောက်လျက်ပြောတတ်သည်။ခင်တွယ်စရာများများစားစားမရှိသည့်သူမအဖို့ကြီးမြင့်ကတော့မိခင်သဖွယ်။
လှေကားလက်ရန်းကလေးအား အားယူကိုင်လျက် သူ့အခန်းကလေးဆီ ပြေးတက်သွားပြန်သည်။
7.2.2022