Chapter 114- မရင်းနှီးတဲ့ ဖုန်းနံပါတ်
ခရစ်စမတ်နေ့ရောက်တော့ GuHaiနဲ့ BaiLuoYinတို့ဟာ ကျန်မိသားစုတွေနဲ့အတူတူ BaiHanQiတို့အိမ်မှာပဲ နေ့လည်စာ စားကဖြို့ ဆုံးဖြတ်ထားကတြယ်။ အန်တီZhouလက်ရာ ဟင်းအမယ်တွေနဲ့ လစ်ဟာနေတဲ့ အစာအိမ်ကို ဖြည့်ပြီးတဲ့နောက်၊ နှစ်ယောက်သား ခွေးလေးALangနဲ့ ချစ်ခင်ရင်းနှီးစွာ ဆော့ကစားရင်း နေ့လယ်ခင်း တခင်းလုံးကို ကုန်ဆုံးစေကတြယ်။
သတိမထားလိုက်ခင်မှာတင် ညနေစောင်းသွားခဲ့ပြီ။ သူတို့တိုက်ခန်းမှာပဲ LiShouတို့ ZhouShiHuတို့နဲ့ ခရစ်စမတ် ညစာစားဖို့ကို ချိန်းထားတာ နောက်ကျနေပြီဖြစ်တဲ့အတွက် အသည်းအသန်း အိမ်ကိုအပြေးပြန်ကရြတယ်။
အားလုံးကို မခြွင်းမကျန် အမှန်ပြောပရြရင်တော့ သူတို့လေးယောက်စလုံး ဒီနေ့ညစာကို အပြင်ထွက်စားဖို့ တိုင်ပင်ထားကြပြီးသား။ ဒါပေမယ့် GuHaiလေ.. သူ့ဟင်းချက်လက်ရာဟာ လက်ဖျားခါလောက်အောင် ကောင်းမွန်တိုးတက်လာပြီဆိုတာကို ကြွာလုံးထုတ်ထားတဲ့အတွက် နောက်ဆုံးတော့အိမ်မှာပဲ ချက်စားကဖြို့ ဖြစ်သွားတယ်။ လမ်းမှာ GuHaiတစ်ယောက် စိတ်လှုပ်ရှားလို့ နေလေပြီ။
( ငါတို့ ဒီည ဘာချက်ရင်ကောင်းမလဲ?) သူ BaiLuoYinကို မေးလိုက်တယ်။
BaiLuoYin တခဏလောက် စဉ်းစားလိုက်ပြီး၊ ( သိုးသား ဟော့ပေါ့)
( မင်းက အဲ့ဒါစားချင်တယ်ပေါ့?)
( အဲ့ဒါချက်မှ မင်း ကျော်အောင် ညာထားသမျှ အလကားမဖြစ်မှာပေါ့။ မင်းရဲ့ဟင်းချက်လက်ရာ ဘယ်လောက်ကောင်းကြောင်း လေတလုံး မိုးတလုံး ပြောထားတာမလား?)
ဒီစကားကြားတော့ ရှက်ရွ့ံစိတ်က GuHaiရင်ကို လာခတ်ပြီး၊ အဲ့ဒီနောက် သူ့မျက်နှာပေါ်မှာပါ အထင်းသားမြင်လာရတယ်။ သူဟာ BaiLuoYinဘက်လှည့်ပြီး ပိတ်ပိတ်ပိန်းအောင် မဲနက်နေတဲ့ မျက်လုံးတွေနဲ့ ဂြိုလ်ကြည့်ကြည့်ရင်း ( ငါချက်တဲ့ဟင်းတွေက မကောင်းဘူးလို့ မင်းဆိုလိုချင်တာလား?)
( မှန်မှန်ပြောစမ်းပါ... ကိုယ့်ချက်တဲ့ဟင်း ကောင်းသလား ဆိုးသလားတောင် မင်းမခွဲခြားတတ်ဘူးလား?)
ဒီစကားတွေကြောင့် GuHai တွံတွေးနင်သွားတယ်။ သူ့လက်ကြီး ထွက်လာပြီး BaiLuoYinလည်ပင်းကို ညှစ်တော့မယ့်ပုံလုပ်ပေမယ့်၊ ချစ်လို့ စနောက်ခြင်းက ပိုပါတယ်။ ( ငါ ပြုတ်ပေးတဲ့ ကြက်ဥပြုတ်က မကောင်းလို့လား?) ဒေါသသံကြီးနဲ့ မေးလိုက်တယ်။
( မင်းတည်တဲ့ ရေနွေး သောက်လို့ ကောင်းမကောင်သာ မေးလိုက်ပါတော့လား?!)
( မင်းတော့ကွာ....)
GuHaiဟာ BaiLuoYinရဲ့လည်ပင်းကနေ သူ့လက်တွေသူ ခါးခါးသီးသီး ရုတ်သိမ်းလိုက်တယ်။ ပုပ်သိုးနေတဲ့ မျက်နှာကြီးနဲ့ ခြေထောက်ကို အရှိန်တင်ကာ BaiLuoYinနဲ့ ခပ်ခွာခွာ လမ်းလျှောက်နေတော့တယ်။
*GuHai မင်းတကယ်ကြီး စိတ်ဆိုးတာလား... ဘာလားဟ?*
်ဘBaiLuoYinဟာ GuHai သတိထားမိအောင် အသာလေး ချောင်းဟန့်သံပေးလိုက်တယ်။ ကံဆိုးချင်တော့ GuHaiမှာ သူ့ကို အဖက်လုပ်ချင်စိတ်မရှိသေး။ GuHaiဟာ အံကိုတင်းပြီး မျက်နှာတည်တည်ကြီးထားကာ ရှေ့တူတူအရပ်ကိုပဲ သည်းကြီးမည်းကြီးကြည့်နေဆဲ။ စိတ်မကြည်လို့ ညိုမှောင်နေတဲ့ GuHaiရဲ့ မျက်ဆံနက်နက်တွေဟာ မြို့လုံးကျွတ်ထိန်လင်းနေတဲ့ မီးရောင်တွေကြားမှာ အရှင်းသားမြင်နေရပေမယ့်၊ မျက်ဝန်းနက်ပိုင်ရှင်ရဲ့ လက်ရှိစိတ်အခေအြနေကတော့ လူမြင်ကွင်းကြီးပေမယ့် မမြင်နိုင်အောင် အပုန်းကောင်းဆဲ။
ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတော်လျှောက်လာခဲ့ကြပြီးတဲ့နောက် BaiLuoYinတစ်ယောက် ဆက်သည်းမခံနိုင်တော့။ ( ကောက်နေတုန်းပဲလား? မင်းကလည်း အထိမခံရွှေပန်းကန်ဖြစ်နေလိုက်တာ)
အမှန်တိုင်းပြောရရင် GuHai ဒေါသပေသြွားတာ ကြာပါပြီ။ ဒါပေမယ့် BaiLuoYinက သူ့ကို ထိရှလွယ်တယ်လို့ ပြောလာတော့ သခင်လေးGu ကျွဲမြီးတိုသွားတယ်။ သူဟာ စော်ကားမော်ကားအပြောခံရတယ်ဆိုတဲ့ အတွေးနဲ့ သူဟာ ပိိုုလို့တောင် ခေလြှမ်းကို သွက်ပစ်လိုက်သေးတယ်။ မျက်စိတမှိတ်အတွင်းမှာပဲ သူဟာ BaiLuoYin မြင်ကွင်းကပျောက်ပြီး ဟိုးအဝေးကြီးကို ရောက်သွားလိုက်ပြီ။
*ဒီလူတော့ကွာ.....*
ထားရစ်ခံလိုက်ရတော့ BaiLuoYinဟာ အခြားရွေးချယ်စရာမရှိဘဲ ခပ်သွက်သွက်လျှောက်ကာ GuHaiနောက်က ပြေးလိုက််ရတော့တယ်။ ကြိုးစားပမ်းစား လျှောက်တော့မှ သူ GuHaiကိုမှီသွားတော့တာ။
( အိုကေ။ အိုကေ။ မင်းချက်တဲ့ဟင်းတွေက စားလို့မရလောက်အောင် အဆိုးကြီးမဟုတ်ဘူး။ ဒါပေမယ့် ဒီထက်ကောင်းအောင်ချက်ဖို့တော့ လိုသေးတယ်)
GuHai လမ်းဆက်လျှောက်နေဆဲ။ သူ့ဘေးကလူကို တချက်ကလေးမှ ကြည့်ဖော်တောင်မရ။
( မင်းကလည်းကွာ အဲ့လိုကြီးမလုပ်စမ်းနဲ့။ ငါက မင်းလက်ရာ တိုးတက်လာအောင် ပြောပေးတာပဲဥစ္စာ)
GuHaiဟာ မှုန်မှုန်သုန်သုန်မျက်နှာကြီးနဲ့ပဲ လမ်းဆက်လျှောက်နေဆဲ။ ဒီလောက်ကြီးကျတော့ BaiLuoYinလည်း လက်ကုန်သွားခဲ့ပြီ။ ဒီလောက် ညှိညှိနှိုင်းနှိုင်းပြောနေတာတောင် သူ့ကို အရေးမလုပ်ဘဲဆက်နေနေတော့ BailuoYinရဲ့ သီးခံအား ကုန်ဆုံးသွားပြီး GuHai ဖင်ကို သူပိတ်ကန်ပစ်တယ်။
( မင်းက အသားနာချင်နေတာ .. ဟုတ်တယ်မလား?)
အဲ့ဒီစကားကြောင့် GuHai လမ်းလျှောက်နေတာ တန့်သွားတယ်။ ဒါပေမယ့် သူကတော့ မတုန်မလှုပ် မှုန်ကုတ်ကုတ် မျက်နှာဘေးကို ဆောင်ထားတုန်းပဲ။ BaiLuoYinလည်း အကြံကုန်နေပါပြီ။ ဘာထပ်ပြောရမယ်မှန်းလည်း မသိလို့ BaiLuoYinဟာ ( မင်း ဒီလိုသာ သောက်မြင်ကပ်စရာကောင်းအောင် ခေါင်းမာနေဦးမယ်ဆိုရင်၊ ယုံချင်ယုံ မယုံချင်နေ၊ မင်းယောက်ျားအရသာ မုန့်ထုတ်ကို ထွင်ထားတဲ့အကြောင်း မင််းသူငယ်ချင်းနှစ်ယောက်ကို ငါပြောပလြိုက်မယ်!)
GuHaiရဲ့ ပါးစပ်ထောင့် တွန့်ခနဲဖြစ်သွားပြီး၊ ဒီကစားပွဲကို ထပ်မကစားနိုင်တော့။ နောက်ဆုံးတော့ သူဖာသာသူ အူတွေယား၊ အသည်းတွေယားပြီး BaiLuoYinကို ခပ်ကြမ်းကြမ်းလေး ရင်ခွင်ထဲဆွဲသွင်းပြီး ခပ်တင်းတင်းလေး ဖက်ထားလိုက်ပါတော့တယ်။ နောက် BaiLuoYinရဲ့ နှာဖျားလေးကို သူ့လက်ညှိုးနဲ့ထိရုံလေးထိုးလျက် ( ကောင်စုတ်ကလေး၊ သိပ်ဆိုးနေတယ်ပေါ့)
အများသိကတြဲ့အတိုင်းပါပဲ၊ GuHaiလိုလူမျိုးရဲ့ ပျော့ကွက်ကို ကိုင်ချင်ရင်တော့ အထာပါတဲ့ စကားတွေသာ ရွေးပြောပေတော့။
------------------
နှစ်ယောက်သား ပြန်လည်သင့်မြတ်သွားကတြဲ့အခါ ဈေးဝယ်ကတြယ်။ ဈေးထဲကနေ ပါးပါးလှီးထားတဲ့ ဆိတ်သားတွေ ကီလိုအများကြီး ဝယ်လာတယ်။ ပြီးတော့ ဟော့ပေါ့ချက်စားဖို့ လိုအပ်ရာရာ ပစ္စည်းတွေရောပေါ့။ သူတိို့အကြိုက် ဟင်းရွက်အမျိုးအမည်တွေလည်း ပါတယ်။ ဝယ်ခြမ်းပြီးသွားတော့ သူတို့ အိမ်ကို ပြန်လာကတြယ်။
LiShouနဲဲ့ ZhouShiHuတို့ တိုက်ခန်းကိုရောက်လာကတြဲ့အချိန်ကျ GuHaiတစ်ယောက် ကြိုးစားပန်းစား ပြင်ဆင်ထားတဲ့ ဟော့ပေါ့ဟင်းလည်း အဆင်သင့်ဖြစ်ခါနီးပြီ။ သွားရည်ယိုစရာ အနံ့လေးက သူတို့ရဲ့ အိမ်လေးအနှံ့မွှေးပျံ့နေတော့ ဧည့်သည်တွေကို တံခါးဝကနေ ဖိတ်ခေါ်နေသလိုပဲ။
LiShouနဲ့ ZhouShiHuတို့ဟာ သူတို့အိမ်တွေမှာ သူဌေးသားလေးတွေမို့ သူတို့တစ်ဘဝလုံး မီးဖိုးချောင် ပစ္စည်းပစ္စယတွေကို ထိတောင်မထိဖူးခဲ့။ ဒါ့ကြောင့်လည်း သူတို့ဘာမှ မကူညီတတ်လို့ GuHaiရဲ့ပုခုံးကိုပဲ ပုတ်လိုက်ကတြယ်။ GuHaiဆိုတာကလည်း သူဌေးသားလေးပဲလေ။ အဲ့ဒီလို သူဌေးသားလေးက ဒီလောက် မွှေးကြိုင်နေတဲ့ ဟင်းတွေကို ချက်နေတယ်ဆိုတော့ ဟိုသူဌေးသား နှစ်ယောက်လည်း အံ့ချီးမကုန်အောင် ဖြစ်ရပါတယ်။
LiShouက အရင် စပြောလာတယ်။ ( GuHai မင်းကတော့ စွယ်စုံတော်တဲ့ သူပဲဟေ့။ မင်းအပေါ်ထားတဲ့ ငါ့ရဲ့အထင်ကြီးလေးစားမှုက နောက်တဆင့်ကိုတက်သွားပြီမောင်)
GuHaiရဲ့ဘေးကနေ ZhouShiHuကလည်း ပြောလာပြန်တယ်။ ( အမှန်ပဲကွ! လွန်ခဲ့တဲ့၂နှစ်ကဆိုရင် GuHaiတစ်ယောက် ဟင်းချက်တတ်မယ်လို့ ဘယ်သူကမှ ထင်မိကမြှာမဟုတ်ဘူး။ အခု ငါတို့မျက်မြင်ကိုယ်တွေ့ တွေ့နေရပြီလေ)
( ဟုတ်တယ်။ ဟုတ်တယ်။ အဲ့ဒါ ဟုတ်တယ်! မထင်ထားတာတော့ အမှန်ပဲ။ မင်းသိလား၊ ငါဆို GuHai ဖိတ်ကျွေးတဲ့ဟင်းစားဖို့ မနက်စာနဲ့ နေ့လည်စာတောင် မစားဘဲလာခဲ့တာ)လို့ LiShouက ဖြည့်ပြောတယ်။
( ငါ ကင်မရာတောင် ယူလာခဲ့သေးတယ်)
GuHaiကို မြှောက်ပင့်ပြောဆိုနေရင်း အံ့သမြှင်သက်နေကတြဲ့ LiShouနဲ့ ZhouShiHuတို့ကို BaiLuoYin ကြည့်နေမိတယ်။ သူ ရှက်စိတ်နဲ့ မျက်နှာရဲလာသလိုပဲ။ GuHai အခုလို ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ပြင်းထန်ပြီး မာန်တက်နေရတဲ့ အကြောင်းရင်းကို BaiLuoYin အခုမှ သဘောပေါက်သွားတော့တယ်။
၄ယောက်သား စားရင်းသောက်၊ သောက်ရင်းစားနေကတြယ်။ LiShou သူတို့အိမ်ကနေ တိတ်တိတ်ခိုးယူလာတဲ့ ကော့တေးအရက်ပုလင်းကို သူတို့တွေ သွားဖြဲနားဖြဲသောက်နေကတြယ်။ ဗိုက်ထဲကို အရက်လေးဝင်သွားတော့ သူတို့မျက်နှာတွေဟာ နီရဲတက်လာပြီး၊ ပိုပြီးလည်း စကားများလာကတြယ်။
( ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး! မင်းက... ဟို Jiang... Jiang ဘာဆိုလားရဲ့သား ဆိုတာ ဟုတ်ရော ဟုတ်လို့လား?) LiShouဟာ စားပွဲကိုဖြန်းခနဲရိုက်လိုက်တော့့ ပန်းကန်ထဲက ဟော့ပေါ့နဲ့ ကော့တေးအချို့ ဖိတ်ကျသွားတယ်။
မယုံတဝက် ယုံတဝက်ဖြစ်နေတဲ့ ZhouShiHuကလည်း ဝင်ပြောတယ်။ ( ဗရုတ်သုက္ခတွေ ဖြစ်ပျက်ပြီးတဲ့နောက် မင်းတို့နှစ်ယောက် ညီအစ်ကိုတော်သွားကတြယ်ဆိုတာ တကယ်ကြီးပဲလား?)
BaiLuoYin ဘာမှဝင်မပြောဘဲ ငြိမ်နေတယ်။ GuHaiက သူ့ကိုမေးတယ်။ ( မင်း အသားထပ်ယူဦးမလား?)
( ဖာသာယူမယ်)
BaiLuoYinက လက်ကလေး ရွယ်နေဆဲ၊ GuHaiက သူ့ပန်းကန်ကိုလုယူသွားပြီ။ သူဟာ အသားနဲ့ စွပ်ပြုတ်ရည်ကို ခပ်တယ်။ နောက် ပန်းကန်ထဲကနေ အရသာ အနေတော်ပဲလားလို့ တဇွန်းစာမြည်းကြည့်သေးတယ်။ သူ့YinZiအတွက် အနေတော်ပဲလို့ ထင်မှ၊ သူဟာ BaiLuoYinဆီ ပန်းကန်ကိုကမ်းပေးလိုက်တယ်။
( ဒီလောက်ဆို ရပြီ)
LiShouနဲ့ ZhouShiHuတို့ဟာ သူတို့မျက်စိရှေ့မှာ ဖြစ်ပျက်နေတဲ့ မယုံနိုင်စရာ မြင်ကွင်းကို အံ့သနြဘန်း စိုက်ကြည့်နေကတြယ်။ သူတို့ သူငယ်ချင်း GuHaiဟာ နောက်ဆုံးတော့ တစ်စုံတစ်ယောက်ကို ဂရုစိုက်တတ်သွားပြီပေါ့။ အခုလို ထူးဆန်းအံ့ဖွယ်မြင်ကွင်းကြောင့် ဟိုနှစ်ယောက် လှောင်ပြောင်တဲ့ပြတ်လုံးတခု မထုတ်ဘဲမနေနိုင်တော့။
( ဝါး! အစ်ကိုကြီးဖြစ်တဲ့သူက တော်တော်တာဝန်ကျတောပဲဟ)
BaiLuoYinက ဟိုနှစ်ယောက်ကို မျက်လုံးလှန်ကညြ့်ကာ တည်ငြိမ်တဲ့အသံနဲ့ ဖြည့်ပြောတယ်။ ( ငါက အသက်ပိုကြီးတာ)
( ဘာ!!) LiShouရော ZhouShiHuပါ ပြိုင်တူရေရွတ်မိသွားတယ်။ ကြောင်နနဖြစ်သွားလို့ နှစ်ယောက်သား ဘာမှတောင် ဆက်မပြောနိုင်ကဘြူး။ နောက် သူတို့ တဝါးဝါး တဟားဟားနဲ့ အော်ရယ်ကြပြန်တယ်။ GuHaiကတော့ သူတို့ဘာကြောင့် အခုလို ဟားတိုက်ရယ်နေကမြှန်း သိတာပေါ့။ ဒါကြောင့် GuHaiက ဝါးတူနဲ့ သူတို့နှစ်ယောက်ခေါင်းကို တိန် တိန်ဆိုပြီး ခေါက်လိုက်တယ်။
အဲ့ဒီနောက် Guhaiဟာ သူတို့ကို မျက်ထောင့်နီကြီးနဲ့ ကြည့်ကာ ( မင်းတို့က ဘာရယ်နေကတြာတုန်း?) လို့ အော်ပြောတယ်။
GuHaiရဲ့ ကံဆိုးမှုကို LiShouတစ်ယောက် ဝမ်းသာမဆုံးဖြစ်နေတယ်။ ( DaHai... DaHai... မင်းမှာလည်း ဒီလိုနေ့မျိုးနဲ့ ကြုံရမယ်ဆိုတာကို မှန်းဆမိမှာ မဟုတ်ဘူးနော်၊ ခွေးကောင်! မင်းထက် လူတစ်ယောက်က ခေါင်းတစ်လုံးပိုသာသွားတော့ မင်းစိတ်ထဲ ဘယ်လိုနေလဲ ဟမ်? ခံရခက်တယ်မလား?)
( သွားစမ်းပါကွာ!) GuHaiက ပြောရင်းဆိုရင်း LiShouရဲ့ ခြေထောက်ကို ပိတ်ကန်တယ်။
LiShouကတော့ အရယ်မပျက်ဘူး ( ဟေ့ကောင်၊ မင်းက ငါ့ကိုကျ ကန်တတ်တယ်ပေါ့! မင်း သတ္တိရှိရင် မင်းအစ်ကိုကို ဆဲလိုက်ပါလား?)
( ငါက ဘာကိစ္စ သူ့ကိုဆဲရမှာလဲ?) GuHai က ပြန်စွာတယ်။
LiShouကတော့ သူ့ဒေါသဖြစ်အောင် ဆက်ပြောနေတုန်းပဲ။ ( ဆဲတာပဲကွာ... အကြောင်းပခြျက် ရှိနေရဦးမှာလား။ ဒီအတိုင်း ဆဲတာပေါ့ကွ!)
ဘေးကနေ ZhouShiလည်း အသံနက်ကြီးနဲ့ အော်ဟစ်နေတယ်။ ( ဟုတ်တယ်ဟေ့! ရဲရင် ဆဲကြည့်လေ! လုပ်လိုက်စမ်းဘာ!)
GuHaiက BaiLuoYinဖက်လှည့်ကြည့်တော့ BaiLuoYinက သူ့တို့ကစားပွဲနဲ့ ဘာမှမသက်ဆိုင်သလို နေနေလေရဲ့။ သူ့ဘေးမှာ ဘယ်သူမှရှိမနေသလိုမျိုး ဟော့ပေါ့ကိုပဲ ဖိစားနေတယ်။
GuHaiတစ်ယောက်မှာတော့ * ငါဆဲလိုက်ရင်ကောင်းမလား၊ မဆဲဘဲ နေရမလား*ဆိုပြီး သူ့စိတ်နဲ့သူ စီးချင်းထိုးနေရတယ်။
တကယ်တမ်းတော့ သောက်ရင်းစားရင်း ဆဲရေးတာဟာ ဘာမှ ဗွေယူစရာမရှိပါဘူး။ ခါတိုင်းလည်း ဘာအကြောင်းရင်းမှ မရှိဘဲ သူတို့တွေ စရင်းနောက်ရင်း ဆဲရေးနေကျပဲ မဟုတ်လား? ဒါတောင် GuHaiတစ်ယောက် သူ့ဘေးကပ်ရပ်မှာ ထိုင်နေတဲ့ လူသားကို မဆဲနိုင် မရေးနိုင်ဖြစ်နေတာ အံ့ပါရဲ့။
သူချက်ကျွေးတဲ့ ညစာကို လိမ်လိမ်မာမာနဲ့ ထိုင်စားနေတဲ့ BaiLuoYinရဲ့ သန့်စင်ပံုံလေးကို ကြည့်ပြီး * သူ့ကို ဘယ်သူက ဆဲရက်မှာတုန်း?*
*သူ့လက်ခုပ်ထဲကရေဖြစ်နေမှတော့ သူပြုသမျှ နုရတော့မှာပေါ့*
ရာဇဝင်မှာ စာတင်ထားရမယ်! GuHaiဟာ သူ့သူငယ်ချင်းတွေရှေ့မှာ အခြားတစ်ယောက်အတွက် သူ့မာနကိုချပြီး သိက္ခာအကျခံတာ ဒါပထမဆုံးအကြိမ်ပဲ။ LiShuoနဲ့ ZhouShiHuတို့ မယုံနိုုင်အောင် ဖြစ်ရတယ်။ သူတို့အော်ရယ်ကလြွန်းလို့ သွားရည်တောင် စီးကျတဲ့အထိပဲ။
ZhouShiHu သောက်တာများလာတယ်။ ညရောက်တော့ သူက BaiLuoYinရဲ့လက်မောင်းကိုဆွဲပြီး ပြောလာတယ်။ ( GuHaiကို အပီချုပ်ထားတာကိုတော့ မင်းကိုငါ လေးစားတယ်ကွာ။ မင်းမသိလို့နော်.. အရင်ကဆို အဲ့ဒီကောင်ကြီး၊ မင်းမကောင်းကြောင်းတွေ ဘယ်လောက်တောင် ပြောထားသလဲဆိုတာ)
ဒီစကားတွေကြောင့် စိတ်ခုသွားရမယ့်အစား၊ BaiLuoYinက ဂုဏ်တောင်ဆာနေသေးတယ်။ ဒါပေမယ့် သူသိချင်လို့ စုံစမ်းကြည့်တယ်။ ( ငါ့မကောင်းကြောင်းတွေကို သူဘာတွေပြောထားလဲ?)
GuHaiက ZhouShiHuကို မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်ပြီး ( မင်း ပြောရဲရင်ပြောကြည့်စမ်း)
( ပြောစမ်းပါ) ဆိုတဲ့စကားက BaiLuoYin နှုတ်တော်ကနေ ကြည်လင်ပြတ်သားစွာ ထွက်လာတယ်။
ZhouShiHu စကားစမပြောခင် သူ့ပန်းကန်ထဲက ဟင်းကိုလက်စသတ်လို်က်တယ်။ သူဟာ BaiLuoYinကို အနီးအနားက ဆိုဖာတခုဆီ ခေါ်သွားပြီး ထိုင်ရင်း GuHai ဟာ ဘယ်လိုတောင် BaiLuoYinရဲ့ အတင်းတွေပြောပြီး လူ့ရှေ့သူ့ရှေ့မှာ အသရေဖျက်ခဲ့တဲ့ အကြောင်းတွေကို စပြောပါတော့တယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းကို ပိုပြီးစိတ်ဝင်စားဖို့ကောင်းအောင် အပိုလေး အလိုလေးတွေလည်း ထည့်ပြောတာပေါ့။
BaiLuoYinကတော့ သူ့ပြောတာတွေကို စိတ်ထဲတေးမှတ်မနေပါဘူး။ သူ့ခေါင်းထဲမှာတော့ ZhouShiHu ပြောသမျှတွေဟာ ဟာသသက်သက်ပါပဲ။ သူ နားထောင်နေရင်း နားထောင်နေရင်းနဲ့ သူ့မျက်လုံးတွေ မဖွင့်ထားနိုင်တော့ဘဲ ရုတ်တရက် အရာအားလုံးဟာ အမှောင်ထုထဲ ကျသွားတော့တယ်။
မနက်လင်းအားကြီး ၃နာရီမှာ ဖုန်းသံတစ်သံံကြောင့် BaiLuoYin အိပ်ယာနိုးလာတယ်။ သူဟာ ဆိုဖာရှည်ပေါ်မှာ အိပ်ပျော်သွားတာ။ အခန်းပတ်ပတ်လည် သူကြည့်ကြည့်တော့ GuHaiတစ်ယောက် ပုံပျက်ပန်းပျက်အိပ်နေတာကို တွေ့တယ်။ ကြမ်းမှာခင်းထားတဲ့ ကော်ဇောပေါ်မှာ တုံးလုံးပတ်လက်ဖြစ်နေတယ်။ LiShouနဲ့ ZhouShiHuတို့ ဘယ်အချိန်က ပြန်သွားလဲဆိုတာတော့ သူမသိ။ သူ သိသမျှကတော့ မီးဖိုချောင်ရော ဧည့်ခန်းပါ ရှုပ်ယှက်ခတ်အောင် ပွထနေတယ်ဆိုတာပဲ။
သူ့ ဟမ်းဖုန်းက အဆက်မပြတ်မြည်နေတယ်။
* ဒီအချိန်ကြီး ဘယ်သေနာ ဆက်တာလဲကွာ?*
ခေါင်းမကြည်ဖြစ်နေဆဲ BaiLuoYinဟာ ဖုန်းသံလာတဲ့နောက် လိုက်ကြည့်တယ်။ သူဟာ နံရံကို မှီစမ်းရင်း အိပ်ခန်းထဲကို ဝင်လိုက်တယ်။ နောက်ဆုံးတော့ ဖုန်းကိုသူတွေ့သွားပြီ။
ဖုန်းနံပါတ်အစိမ်းပဲ။
BaiLuoYinဟာ အဖြေပေးတဲ့ခလုတ်ကို ဖိပြီး လေးပင်တဲ့အသံနဲ့ထူးလိုက်တယ်။ (ဟယ်....လို)
ဖုန်းရဲ့အခြားတဖက်ကလူက ပြန်မဖေဘြူး။ ဘာစကားတခွန်းမှ BaiLuoYin မကြားရပါ။
( ဟယ်လို ) သူ မျက်မှောင်ကြုတ်ထားတယ်။
( BaiLuoYin)
ဒီနာမည်သုံးလုံးကို ခေါ်လိုက်တဲ့ ဒီအသံ။ ဒီအသံကြောင့် သူဟာ ကျောက်တုံးကြီးတစ်တုံးနဲ့ အထုခံလိုက်ရသလိုဖြစ်သွားတယ်။ သူ့ခေါင်းကို ထုတာ ထုတာဆိုတာလေ... သူတောင် အမူးပေသြွားပြီ။
(ShiHuiလား?)
အခြားတဖက်ကနေ ရှိုက်သံအုပ်အုပ်လေး ထွက်လာပြီးတဲ့နောက် ငြိမ်သွားပြန်တယ်။
BaiLuoYin စိတ်တွေ ကယောက်ကယက်ဖြစ်နေပြီ။
( ငါ့ဖုန်းနံပါတ်ကို နင်ဘယ်လိုသိသွားတာလဲ?)
အခြားတဖက်ကလူဟာ မေးခွန်ကိုအဖြေပေးရမယ့်အစား သူမရဲ့စိတ်ထဲ ရှိရှိသမျှကိုသာ ပြောတော့တယ်။
( အရင်နှစ် ဒီအချိန်တုန်းက နင်နဲ့ငါနဲ့ အတူတူရှိနေခဲ့ကတြယ်နော်။ ဒီနှစ်တော့ ငါတယောက်တညး်။ ဒီကလမ်းတွေပေါ်မှာက စည်းကားပြီး ပျော်မြူးနေလိုက်ကတြာ။ အားလုံးဟာလည်း အတွဲကိုယ်စီနဲ့။ ငါ့မှာသာ အဖော်မရှိဘဲ တိုင်းတပါးပြည်မှာ တစ်ယောက်တည်း လမ်းလျှောက်နေရတော့... နင့့်ကိုငါ သတိရလာလို့။ ငါပြောတဲ့စကားတွေ... ငါ့စကားတွေက အမှန်တွေပဲ မဟုတ်လားလို့? ငါ့ကို သတိမရဘူးလားဟင်? အခု နင့်ဘေးမှာ တစ်ယောက်ယောက်များ ရှိနေမလား....)
BaiLuoYin အငိုက်မိသွားတယ်။ တစ်ဖက်ကလူ ပြောတာပြီးသွားတော့ သူကိုယ်သူ အသင့်ပြင်ပြီး ပြန်ပြောလာတယ်။ ( ShiHui အဲ့လိုတွေ လုပ်မနေနဲ့တော့။ ငါတို့ဇာတ်လမ်းက ပြတ်နေပြီးသား)
( ငါသိပါတယ်။ ငါ လက်တွေ့အမှန်တရားကိုလည်း လက်သင့်ခံပြီးပါပြီ။ ဒါပေမယ့် ဒီနေ့ကတော့ ထူးတယ်လေဟာ။ ဒီမှာပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေကြတော့၊ ငါ့လည်း စိတ်လွတ်သွားတယ်။ နင်နဲ့ ပြန်ဆက်ဖို့ကို ငါစိတ်ကူးမထားပါဘူး။ ငါ... ငါ နင့်ကို သတိရနေကြောင်းလေး ပြောပခြျင်ရုံပါ။ ငါ နင့်ကို အရမ်း အရမ်း သတိရတယ်ဟာ။ ငါတို့တွေ အတူတူဖြတ်သန်းခဲ့ကတြဲ့ အမှတ်တရတွေထဲကနေ ငါ ရုန်းထွက်နိုင်လိမ့်မယ်လို့ မထင်...)
BaiLuoYinတစ်ယောက် ဝရံတာဘက်ထွက်လာပြီး၊ အေးစက်စက်နံရံကို မှီထားရင်း သူ့စိတ်သူ တည်ငြိမ်အောင် ကြိုးစားနေရတယ်။
( နင် ဒီလိုလုပ်နေလေလေ နင် မေ့ပျောက်ရုန်းထွက်ဖို့ ခက်လေလေပဲ နေမှာပေါ့။ ငါ့အကြောင်းကို စိတ်မဝင်စားနဲ့။ ငါ့ဖုန်းနံပါတ်ကို ဖျက်လိုက်တော့။ ငါ့ဆီပို့ထားတဲ့ စာတိုတွေကိုလည်း ဖျက်လိုက်တော့။ ငါ့ကိုလည်း နင့်အသိဉာဏ်ထဲကနေ ဖျက်လိုက်တော့)
( ငါ အဲ့လို မလုပ်နိုင်ဘူး) ShiHuiရဲ့ အသံချိုချိုလေးမှာ ရှိုက်သံနှောနေတယ်။ ( ငါ ဒီလောက်ထိအသက်ရှင်အောင် နေထိုင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ ငါ စိတ်ကူးတွေယဉ်ကြည့်နေတာ... ငါတို့ တခါပြန်ပြီး ချစ်နို်င်ဦးမလားလို့)
BaiLuoYinရဲ့လက်ချောင်းလေးတွေဟာ ဘယ်အရာကိုမှ မထိပါဘဲ လေထဲမှာ မြောက်နေတယ်။ ညရဲ့ လေထုအေးအေးဟာ သူ့ဝင်သက်ကို လာနှောက်ယှက်နေတော့ အသက်တောင်ဖြောင့်အောင် မရှူနိုင်ဖြစ်ရတယ်။
( မဖြစ်နို်င်တော့ဘူး)
အဲ့ဒီစကားကို ပြောပြီးတဲ့နောက် BaiLuoYinဟာ အသက်ကိုဝဝရှူပြီး ဖုန်းကိုချလိုက်တော့တယ်။
End of Chapter 114