Recommend song - Autumn Morning (IU)
[Unicode]
ဆေးရုံဝင်းအပြင်က store တစ်ခုမှာ ကူးကူးစားချင်သည့် မုန့်ထုပ်တွေကို ဇာမ် လိုက်ဝယ်ပေးနေလေသည်။ တစ်နည်းအားဆိုလျှင် စိတ်ဆိုးနေတဲ့ သားဖြစ်သူကို မုန့်ပေးပြီးချော့နေခြင်းလည်း ဖြစ်သည်။
ဖအေက ချော့နေသော်ငြား ကိုရွှေကူးမျက်နှာက နည်းနည်းလေးမှ ဇာမ့်ဆီလှည့်မလာ။ နှုတ်ခမ်းကို O ပုံသဏ္ဍာန်လုပ်ကာ ပါးဖောင်းနှစ်ဖက်ကို ဘယ်ညာဖောင်းရင်း ဆိုင်ထဲ ဟန်ပါပါ လျှောက်ကာ သူစားချင်တဲ့မုန့်ထုပ်တွေရွေးနေလေသည်။
"ဘာယူဦးမလဲ ဖေ့အသဲလေး"
ခြင်းတောင်းတစ်တောင်းကိုင်ကာ နောက်က လိုက်ထိန်းရတဲ့ ဇာမ့်မှာလည်း ပါးစပ်ရောလက်ရော မနေသာပါ။ သုံးလေးရက်စာ ဖူလုံနိုင်တဲ့ စားစရာတွေ ပစ်ပစ်ထည့်နေတာကို မမြင်ချင်ယောင်ဆောင်၍ ဘာယူဦးမလဲ ထပ်တလဲလဲမေးရသည်။ လက်ကလည်း လွန်းဖို့ မုန့်တွေကို ယူဖို့မမေ့။
အအေးဘူးတွေထည့်ထားတဲ့ ရေခဲသေတ္တာရှေ့ရောက်တော့ လှုပ်စိလှုပ်စိခန္ဓာကိုယ်လေးက ရပ်သွားသည်။
"ဘာဖြစ်တာလဲ"
ဇာမ့်ကိုမော့ကြည့်ကာ
"မှီဘူး!"
ခုနကနှင့်မတူဘဲ ခပ်ဝိုင်းဝိုင်းမျက်လုံးတွေကို ပုတ်ကာခတ်ကာ ပြောနေတဲ့ပေါက်စကြောင့် ညစ်ကျယ်ကျယ်အပြုံးဖြင့် ဇာမ်ပြုံးလိုက်သည်။
"ဘာကိုမမှီတာလဲ"
"ကိုကာ"
အအေးဘူးကြိုက်တာကလည်း လွန်းရောသားပါ တစ်ပုံစံတည်း။ အအေးကြိုက် အစပ်ကြိုက်၊ အစားကောင်းတွေထက်ကို ပိုဓာတ်ကျကြတာ။ လက်ညှိုးသေးသေးလေးကို အပေါ်ဆုံးတန်းက cola ဘူးတွေဆီ ညွှန်ပြပြီး
"အဲ့မာ! ကူးကူးမှီဘူး"
"ခုံယူပေးရမလား"
ေခါင်းကိုယမ်းသည်။
"ဖေဖေယူ!"
"ဒါဆို အပေးအယူတစ်ခုလုပ်ရအောင်။ လက်ခံမလား။ ကူးကူးခေါင်းညိတ်တာနဲ့ အဲ့ဘူးကို ယူပေးမယ်"
အစားအသောက်နဲ့မျှားရင် ကူးကူးတို့က နှစ်ခါမမေးရပါ။ သူ့ကို မြန်မြန်ယူပေးဖို့ ဇာမ့်အင်္ကျီစကို ဆွဲကာ ခေါင်းကိုသွက်သွက်ညိတ်ပြတော့သည်။ ဇာမ့်ကို စိတ်ဆိုးနေတာ သူမဟုတ်တဲ့အတိုင်းပင်။
မုန့်တွေဝယ်ပြီး store ဆိုင်အပြင်ကို သူတို့ထွက်တော့ ေနလုံးပျောက်ကာ အမှောင်ထုက ကြီးစိုးနေလေပြီ။ ဆေးရုံဝင်းပတ်လည်မလို့ လူနေအိမ်တွေတော့နည်းပါသည်။ စီးပွားကွက်မြင်စွာနဲ့ တိုက်တန်းတွေဆောက်ပြီး ကလေးပစ္စည်းဆိုင်၊ ပြင်ပဆေးဆိုင်၊ ထမင်းဆိုင်တွေ ဖွင့်ထားကြတာများသည်။
ဇာမ်က လွန်းရှိတဲ့အပေါ်ထပ်ကိုမတက်ခင် ကားပါကင် ကိုဝင်၍ ကားပေါ်တက်လိုက်သည်။ ဆယ်စက္ကန့်မျှမကြာလိုက်၊ ကားပေါ်ကပြန်ဆင်းလာတော့ ဇာမ့်လက်ထဲမှာ ဂစ်တာတစ်လက်ပါလာသည်။
ဂျာဆိုင်းတို့ နေ့တိုင်းလာပို့နေတာကို ဟင်းတွေသွားယူဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညနေက အိမ်ခဏပြန်ကတည်းက အကြံနဲ့ပြန်သွားတဲ့ ဇာမ်မင်းထည်ယံရယ်ပါ။
ကူးကူးလက်ကိုဆွဲကာ သုံးလွှာကိုတက်ဖို့ ဓာတ်လှေကားကိုပဲ ဇာမ်ရွေးလိုက်သည်။ လှေကားဆိုရင် ကူးကူးလည်းမသက်မသာတက်ရမှာဖြစ်သလို ကူးကူးကိုချီဖို့ကလည်း မုန့်ထုပ်ကြီးနှစ်ထုပ်နဲ့ ဂစ်တာကိုင်ထားတာမို့ မလွယ်။
အပေါ်တက်သွားတဲ့တစ်သုတ်ကုန်မှ ဇာမ်တို့အလှည့်ကိုရောက်သည်။ ဓာတ်လှေကားထဲမှာလည်း ကူးကူးကို သေချာမှာရသေးသည်။
"လက်ခုပ်လေးတီးပြီးဆိုနော်။ ကူးကူးလက်ခုပ်တီးမှ ဖေဖေကအားရှိမှာ"
တက်ကြွကြက်ဖဖြစ်နေတဲ့ ဇာမ့်ကို ပိုက်တံတပ်ပေးထားတဲ့ ကိုလာကို တမြုံ့မြုံ့ စုပ်ရင်း ကူးကူးက မျက်လုံးလေးဆွေကြည့်သည်။
"ညီညီလေးလည်း နားထောင်နေမှာ။ ညီညီလေး ကျန်းကျန်းမာမာနဲ့အပြင်ကိုထွက်လာအောင် ဖေ့ကို ကူညီရမယ်"
နားညီးနေပြီပေမဲ့ ညီညီလေးအတွက်ဆိုတော့ အသေအချာနားထောင်ပြီး
"ဟုတ်" ဟူ၍ ခေါင်းညိတ်ရှာသည်။
"မောင်တို့ဘယ်အထိသွားနေတာလဲ။ ဖုန်းလည်း ယူမသွားဘူး"
အခန်းထဲဘာမှလုပ်စရာမရှိတာမို့ ထွက်သွားတဲ့အချိန်ကနေလို့ အခုထိ ကြာချိန်မိနစ်ကို TV ထက်က နံရံမှာကပ်ထားတဲ့နာရီကိုကြည့်ရင်း လွန်းရေတွက်နေတာ။ လေးဆယ့်ခြောက်မိနစ်တိတိ။ ဒီအခန်းကနေ၍တောင် လှမ်းမြင်နေရတဲ့ စျေးဆိုင်ဆီသွားတာ အဲ့လောက်ကြာစရာမှမလိုဘဲ။
ဇာမ်က မုန့်ထုပ်တွေကို စားပွဲပေါ်တင်ရင်း လွန်းစိတ်အေးစေရန် ဖြေသည်။
"ဖုန်းက နီးနီးနားနားမလို့ ယူမသွားတာပါ လွန်းရဲ့။ ကူးကူးမုန့်တွေရွေးနေလို့ကြာတာ"
"ဟုတ်ယယ်။ ပါပါး ကိုကာ!"
ဇာမ့်စကားကို မှန်ကန်ကြောင်း ထောက်ခံကာ တပြွတ်ပြွတ်စုပ်နေဆဲ ကိုလာဘူးကို လွန်းရှေ့တိုးပေး၍ ေလာကွတ်ချော်သည်။
"ကူးကူး၊ ပါပါးကို မတိုက်ရဘူး!"
ညနေကစားပြီးသွားတဲ့ ချိုင့်တွေကိုသိမ်းနေသည့်ဇာမ်က လှမ်းဟန့်တော့
လက်ကိုပြန်ရုတ်သိမ်းကာ သူ့နှုတ်ခမ်းပိစိနှစ်ခုကြား ပိုက်တံလေးကိုပြန်ထည့်သည်။
"ပါပါးသောက်နဲ့တော့၊ ညီညီယေးနဲ့ တည့်ဘူး"
"နွားနို့ကျန်သေးတယ်လွန်း။ မောင်ပြန်နွှေးလိုက်မယ်"
"ငါအီစိမ့်နေပြီ"
"နည်းနည်းဖြစ်ဖြစ်တော့သောက်လိုက်ပါ။ ကျန်တာ မောင်ကူသောက်မယ်လေ"
"ညာပြန်ပြီ"
ဆေးစရာတွေကိုသယ်၍ ရေချိုးခန်းထဲဝင်သွားရင်း ရယ်ကာ
"ဟုတ်တယ်။ ညာနေတာ" ဟု ခေါင်းပြူ၍ ပြောသွားသည်။
ဒီမှာက ပန်းကန်ဆေးဖို့ဘေစင်ဟူ၍ တသီးတသန့်မရှိတာမလို့ ပုံးလွတ်နှစ်ခုနဲ့ ရေခံကာ ရေချိုးခန်းထဲမှာပဲ ဆေးရကြောရသည်။ ပုံမှန်ကိုယ်ဝန်ဆောင်သည်တွေဖို့ အနီးအနားကူလုပ်ပေးတဲ့ အကူတစ်ယောက်ခေါ်ကြပေမဲ့ မောင်က ပန်းကန်ဆေးတာကအစ အဝတ်လျှော်တာအဆုံး သူသာလုပ်သည်။
အခုလည်း ဆေးပြီးသားပန်းကန်တထပ်လိုက်ကို လက်သုတ်ပုဝါနဲ့သုတ်၍ စားပွဲပေါ်တင်ပြီး နွားနို့ပြန်နွှေးနေသည်။
"အဝတ်တွေရုတ်လိုက်တော့မယ်၊ လွန်းအနွေးဘောင်းဘီက ခြောက်ပါ့မလားမသိဘူး"
"ခြောက်မှာပါမောင်ရဲ့။ ဒီနေ့ နေထွက်တာကို"
"သားအဝတ်တွေကတော့ ခြောက်တယ်"
ဒီကိုလိုက်လာပြီးကတည်းက အိမ်ကို ပြန်လွှတ်မရတော့တဲ့ကူးကူးကို သူ့အဝတ်အစားတွေပါ ယူထားရသည်။ ကလေးတစ်ယောက် ပါမှန်းသိတော့ အပိုခေါက်ကုတင်တစ်လုံး သွင်းပေးတာက ဇာမ့်ကို ကုတင်ကနှစ်ယောက်မဆံ့ဘူးလို့ ပြောသွားတဲ့ ဆရာမလေးပင်။
မျက်နှာမြင်ချစ်ခင်ပါစေဆုနဲ့ ပြည့်နေတဲ့ကူးကူးက ရောက်တာနှစ်ရက်ပဲရှိသေးသည်။ သုံးလွှာက သူနာပြုဆရာမလေးတွေအပြင် လွန်းကို လာကြည့်ပေးတဲ့ဆရာဝန်နဲ့ပင် ရင်းနှီးနေပြီ။
ဆရာမလေးတွေက မုန့်ထုပ်လေးတွေလာပေးပြီး ပါးဖောင်းတွေကို မွှေးမွှေးပေးလျှင် ပြုံးပြုံးကြီးငြိိမ်ခံတတ်တဲ့သားကို မောင်ကပင်
"ကိုရွှေကူးတို့က King ဘွဲ့ငြင်းထက် စန်းပွင့်တယ်ဗျ" ဟူ၍ မနာလိုသလို တမင်ပြောတတ်သည်။
ထိုသို့ပြောရင်းလည်း
"ဒီကလူတုန်းကလည်း နှင်းဆီတွေဝိုင်းဝိုင်းလည်နေတော့ ကျွန်တော့်မှာ ညညတိုင်း ဖြောင့်ဖြောင့်မအိပ်ခဲ့ရဘူး၊ ခုလည်းလာပြန်ပြီတစ်ယောက်" ဟု လွန်းကို ချိတ်၍ လှမ်းစသေးသည်။
"နှင်းဆီတွေကိုမမြင်ဘဲ မောင့်ကိုပဲ မြင်ခဲ့တာလေ။ ငါ့နှလုံးသားက မောင့်ကိုပဲ ကြည်ဖြူတာ"
လွန်း ပြန်ပြောလျှင် မေးထောက်လျက် တိုစိတ်စိတ် မျက်တောင်တွေ မခတ်တမ်းကြည့်ကာ ဂုဏ်ဆာသလို ခပ်ပြုံးပြုံးကြီးလုပ်တတ်သည်။ တမင်ကြားချင်လို့များ ခဏခဏစနေတာလားဟူ၍ လွန်းတွေးမိသေး၏။
"ညနေက စောစောရုတ်လိုက်ရမှာကို မောင်မေ့သွားတာ။ နှင်းပက်တော့ ပြန်စိုချင်နေပြီ"
မခြောက်သေးတဲ့ မျှော့ကြိုးကို လက်နဲ့စမ်းရင်း ငြီးကာ
"ဝတ်စရာမကျန်ရင် မောင့်အနွေးဘောင်းဘီ ယူဝတ်ထားလိုက်။ ခြောက်လိုခြောက်ငြား အခန်းထဲတော့ လှမ်းထားလိုက်ဦးမယ် ။ ဟာ! နွားနို့အိုး"
သူ့ပုခုံးပေါ်က ခြောက်ပြီးသားအဝတ်တွေကို လွန်းကုတင်ဆီ အမြန်တင်ရင်း အိုးဆီကို ချက်ချင်းပြေးသွားသည်။ လွန်း လည်း မောင်ပြေးရာအရပ်ဆီ ပြာပြာသလဲ လိုက်ကြည့်ရသည်။ ကိုယ်ဝန်နဲ့မို့ ကုတင်ပေါ်ကတော့ အမြန်ဆင်းမရ။ မျက်လုံးက ဦးစွာရောက်သည်။
ကိုလာတစ်ဘူးကို တစ်ညလုံးသောက်မယ့်ဟန်ရှိတဲ့ ဗိုက်ပူလေးကလည်း သူ့အဖေကို မီးစလေးလှမ်းထိုးသည်။
"ဖေဖေ့ တူးတူး၊ အိုးအိုး တူးပြီ"
လက်သုတ်ပုဝါကိုယူကာ အဖုံးကိုလှပ်လျက်
"တော်သေးတယ် တော်သေးတယ်။ မြန်မြန်သိလိုက်လို့"
အခုမှသက်သာသွားသလို သက်ပြင်းဖွဖွချရင်းပြောနေတာက ယောက္ခမအိမ်မှာ ပထမဆုံးဟင်းစချက်တဲ့ ချွေးမ ဟင်းအိုးတူးမှာကြောက်နေတာနှင့်ပင် တူသည်။
"မလိုင်ရတာပေါ့"
စိုးရိမ်စိတ်လျော့စေရန် လှမ်းနောက်တော့
"မောင့်ကို မေတ္တာဖြည်းဖြည်းပို့။ နွားနို့ဝယ်မရတဲ့နေ့ သောက်ဖို့ အဲ့မှာ ပဲနို့ဘူး ကတ်လိုက်ဝယ်လာတယ်။ ဒါတူးသွားရင် အဲ့ဒါတိုက်မှာ"
လွန်းကြည့်လိုက်တော့ အဟုတ်ပင်။ ပဲနို့ဘူးကတ်လိုက်ကို ဝယ်ချလာတာ။
"မွေးလာတဲ့ကလေး နွားပေါက်နဲ့တူရင် မောင့်ကြောင့်"
"ဟာ ဖတ် ဖတ်! ဘယ်က နွားပေါက်တုန်းလွန်းရာ။ နိ့ကြိုက်တဲ့ ကြောင်ပေါက်လေးလောက်တော့ လုပ်ပါ"
ကလေးအကြောင်းပြောချိန် ကူးကူးက တစ်ခုခုသတိရသွားကာ အအေးဘူးကိုချ၍ ဇာမ့်ဆီပြေးလာသည်။
"ဖေ့! ညီညီယေးဖို့ ချင်းဆိုမယ်"
"အိုခေဗျာ။ သားပါပါး နွားနို့သောက်ပြီးရင် ဆိုကြမယ်။ သားရော တစ်ခွက်သောက်။ ဒါမှ ဖေ့လို ဗလတောင့်မှာ"
"ဟုတ်"
"ဂစ်တာက အဲ့ဒါကြောင့်ယူလာတာလား"
ဖန်ခွက်ရှည်နှစ်ခုထဲ နွားနို့ထည့်၍ ကူးကူးကိုအရင် တစ်ခွက်ပေးသည်။
"ဖိတ်ကျမယ်။ လက်သုတ်လေးနဲ့ယူ"
ကျန်တဲ့ခွက်ထဲ သကြားအနည်းငယ်ထည့်သည်။ နွားနို့အေးစေရန် တဖူးဖူးမှုတ်ရင်း
"အင်း ဂစ်တာတီးပြီး သီချင်းဆိုပြမလို့လေ ။ ကလေးလေးကို မောင် ပုံပြင်ပဲ ပြောပြရသေးတယ်" ဟူ၍ လွန်းစကားကို ဖြေသည်။
"ရပြီ အေးသွားပြီ"
အချိန်ခဏအကြာ နွားနို့ လုံးဝအေးသွားတော့ နေ့လည်က သူယူလာတဲ့ ရေခဲပုံးအသေးလေးကိုဖွင့်ကာ ရေခဲတုံးသုံးတုံးယူ၍ ခွက်ထဲကို ထည့်လေသည်။ လွန်းမှာ ရေခဲတွေဘာကြောင့်ယူလာမှန်း အခုမှရိပ်စားမိရတော့သည်။
"ေသာက်လို့ရပြီဗျာ"
ခွက်ကလေးထဲမှာ ရေခဲတုံးလေးတွေက နစ်တစ်ဝက်၊ မြုပ်တစ်ဝက်။ မောင်ကတော့ ထည့်ပေးလိုက်တာ ထွေထွေထူးထူးပြုလိုက်တဲ့ အမူအကျင့်မဟုတ်ပေမဲ့ စိတ်နုနေချိန်လည်းဖြစ်၊ ခံစားလွယ်နေချိန်လည်းဖြစ်တဲ့ လွန်း က မျက်ရည်ဝဲသွားသည်။
ကျောင်းဝင်းအပြင်ဘက်က အုတ်ခုံတစ်ခုမှာ ဆုံခဲ့ဖူးတဲ့ ကာလ...
"လွန်း!"
"နောက်ကျတယ်။ ငါးမိနစ်လောက်ထပ်စောင့်လို့မှ မလာရင် သွားတော့မလို့"
"လွန်းသောက်ချင်တယ်ပြောဖူးလို့ သွားဝယ်လာတာ"
စကားပြတ်လွန်းတဲ့ သူလိုလူကို အပြစ်မမြင်တဲ့အပြင် ရယ်ကာမောကာဖြင့် နဖူးထက်ကချွေးကိုသူမမြင်အောင်သုတ်ရင်း လက်ချောင်းတုတ်တုတ်တွေထဲက အအေးဘူးကို လှမ်းပေးတတ်တဲ့ကောင်လေး။ သူ့နံဘေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး သူ့ကို သွားကျိန်းသလိုလေးငေးကာရှိတတ်တဲ့ ထိုကောင်လေးက စကားတွေလည်းသိပ်များသည်။
"လွန်း"
"အအေးကို အဲ့လောက်တောင်ကြိုက်တာလား"
"ကြိုက်တယ်ရယ်လည်း မဟုတ်ဘူး။ရေခဲတုံးလေးတွေကို ဝါးလိုက်ရင် ကျဉ်တက်လာတဲ့ခံစားချက်ကို သဘောကျတာ"
"ဟုတ် မှတ်ထားလိုက်ပြီ"
"မင်းကဘာလို့မှတ်ထားမှာလဲ။ အရေးမပါတာ"
"ကျွန်တော့်မှတ်ဉာဏ်ထဲ သိမ်းထားချင်လို့ပေါ့ အစ်ကိုရဲ့။ အင်း နှလုံးသားထဲသိမ်းထားရင်လည်း ရတာပဲနော်။ ဒါဆို တစ်သက်လုံးမမေ့တော့ဘူး"
ရူးနှမ်းနှမ်း ပေါက်တတ်ကရ စကားတွေလို့ ထင်ခဲ့ဖူးပေမဲ့ နှစ်တွေအများကြီးလွန်ခဲ့တဲ့အထိ မမေ့မလျော့ခြင်းကို သက်သေပြခဲ့သူ မောင်။
ယခု လွန်းရဲ့ အိမ်ထောင်ဦးစီးလေး။
"ဟော မငိုနဲ့လေလွန်းရ။ ဘာလဲ ရေခဲတုံးနည်းလို့လား။ ဟိုးနော် တစ်တုံးပဲထပ်ပေးမယ်။ အများကြီးစားလို့မရသေးဘူး"
လတ်ဆတ်ဆဲ ရင်ခုန်သံတွေနဲ့ လက်တွေ့ဆီပြန်ရောက်လာတော့ လွန်းမျက်ဝန်းထဲ မျက်ရည်စတချို့ကိန်းဝပ်နေပြီ။
ဇာမ်က ဂစ်တာကိုပိုက်ရင်း ထရပ်ကာ
"ဝရန်တာဘက်ထွက်ချင်လား"
ညိတ်ပြလာသည့် ခေါင်းငယ်။ တဆတ်ဆတ်ညိတ်နေခြင်းကြောင့် လှုပ်ခါနေတဲ့ဆံနွယ်ပျော့တွေ။
"ကူးကူး။ သားစောင်လေးကောယူခဲ့၊ ဖေတို့ အပြင်ထွက်ရအောင်"
ငိုနေသောကြယ်တာရာအတွက် ထိုညအဖို့ အနွေးထည်ထူထူဝတ်စေကာ ဆိုးခွင့်ပေးခဲ့ဖို့ လမင်းသည် ဆုံးဖြတ်ခဲ့ပါ၏။
.
.
.
.
.
.
.
#ReiHan
#6Feb2022
( ကူးကူးကို ဘာတွေသင်ပေးပြီး တိတ်တ်ိတ်လေးလက်ခုပ်တီးခိုင်းလဲဆိုတာ နောက်တစ်ပိုင်းမှာဆက်ပါမယ်ဗျာ။ စာတအားရှည်နေပြီမလို့ TT
ပြီးတော့ နွားနို့ထဲရေခဲတုံးထည့်တာ။ နို့အေးပါပဲ။ အိမ်မှာနွားနို့ကျိုရင်လုပ်ကြည့်ပါ။ ပူပူလောလောကြီးထဲတော့ ပစ်မထည့်နဲ့ပေါ့။ လုံးဝအေးအောင် အအေးခံပြီး ( ကိုယ့်ဟာကိုယ်မှုတ်လည်းရတယ်) အေးပြီဆိုမှ ရေခဲတုံးလေးတွေထည့်လိုက်။ ပြီးရင် သောက်ရင် ရင်လည်းအေးတယ်။
လွန်းရေခဲကြိုက်တာဇာမ်သိတဲ့အပိုင်းက Chapter 17 or 18 မှာပါခင်ဗျ)
[Zawgyi]
ေဆး႐ုံဝင္းအျပင္က store တစ္ခုမွာ ကူးကူးစားခ်င္သည့္ မုန္႔ထုပ္ေတြကို ဇာမ္ လိုက္ဝယ္ေပးေနေလသည္။ တစ္နည္းအားဆိုလွ်င္ စိတ္ဆိုးေနတဲ့ သားျဖစ္သူကို မုန္႔ေပးၿပီးေခ်ာ့ေနျခင္းလည္း ျဖစ္သည္။
ဖေအက ေခ်ာ့ေနေသာ္ျငား ကိုေ႐ႊကူးမ်က္ႏွာက နည္းနည္းေလးမွ ဇာမ့္ဆီလွည့္မလာ။ ႏႈတ္ခမ္းကို O ပုံသ႑ာန္လုပ္ကာ ပါးေဖာင္းႏွစ္ဖက္ကို ဘယ္ညာေဖာင္းရင္း ဆိုင္ထဲ ဟန္ပါပါ ေလွ်ာက္ကာ သူစားခ်င္တဲ့မုန္႔ထုပ္ေတြေ႐ြးေနေလသည္။
"ဘာယူဦးမလဲ ေဖ့အသဲေလး"
ျခင္းေတာင္းတစ္ေတာင္းကိုင္ကာ ေနာက္က လိုက္ထိန္းရတဲ့ ဇာမ့္မွာလည္း ပါးစပ္ေရာလက္ေရာ မေနသာပါ။ သုံးေလးရက္စာ ဖူလုံႏိုင္တဲ့ စားစရာေတြ ပစ္ပစ္ထည့္ေနတာကို မျမင္ခ်င္ေယာင္ေဆာင္၍ ဘာယူဦးမလဲ ထပ္တလဲလဲေမးရသည္။ လက္ကလည္း လြန္းဖို႔ မုန္႔ေတြကို ယူဖို႔မေမ့။
အေအးဘူးေတြထည့္ထားတဲ့ ေရခဲေသတၱာေရွ႕ေရာက္ေတာ့ လႈပ္စိလႈပ္စိခႏၶာကိုယ္ေလးက ရပ္သြားသည္။
"ဘာျဖစ္တာလဲ"
ဇာမ့္ကိုေမာ့ၾကည့္ကာ
"မွီဘူး!"
ခုနကႏွင့္မတူဘဲ ခပ္ဝိုင္းဝိုင္းမ်က္လုံးေတြကို ပုတ္ကာခတ္ကာ ေျပာေနတဲ့ေပါက္စေၾကာင့္ ညစ္က်ယ္က်ယ္အၿပဳံးျဖင့္ ဇာမ္ၿပဳံးလိုက္သည္။
"ဘာကိုမမွီတာလဲ"
"ကိုကာ"
အေအးဘူးႀကိဳက္တာကလည္း လြန္းေရာသားပါ တစ္ပုံစံတည္း။ အေအးႀကိဳက္ အစပ္ႀကိဳက္၊ အစားေကာင္းေတြထက္ကို ပိုဓာတ္က်ၾကတာ။ လက္ညႇိဳးေသးေသးေလးကို အေပၚဆုံးတန္းက cola ဘူးေတြဆီ ၫႊန္ျပၿပီး
"အဲ့မာ! ကူးကူးမွီဘူး"
"ခုံယူေပးရမလား"
ေခါင္းကိုယမ္းသည္။
"ေဖေဖယူ!"
"ဒါဆို အေပးအယူတစ္ခုလုပ္ရေအာင္။ လက္ခံမလား။ ကူးကူးေခါင္းညိတ္တာနဲ႔ အဲ့ဘူးကို ယူေပးမယ္"
အစားအေသာက္နဲ႔မွ်ားရင္ ကူးကူးတို႔က ႏွစ္ခါမေမးရပါ။ သူ႔ကို ျမန္ျမန္ယူေပးဖို႔ ဇာမ့္အက်ႌစကို ဆြဲကာ ေခါင္းကိုသြက္သြက္ညိတ္ျပေတာ့သည္။ ဇာမ့္ကို စိတ္ဆိုးေနတာ သူမဟုတ္တဲ့အတိုင္းပင္။
မုန္႔ေတြဝယ္ၿပီး store ဆိုင္အျပင္ကို သူတို႔ထြက္ေတာ့ ေနလုံးေပ်ာက္ကာ အေမွာင္ထုက ႀကီးစိုးေနေလၿပီ။ ေဆး႐ုံဝင္းပတ္လည္မလို႔ လူေနအိမ္ေတြေတာ့နည္းပါသည္။ စီးပြားကြက္ျမင္စြာနဲ႔ တိုက္တန္းေတြေဆာက္ၿပီး ကေလးပစၥည္းဆိုင္၊ ျပင္ပေဆးဆိုင္၊ ထမင္းဆိုင္ေတြ ဖြင့္ထားၾကတာမ်ားသည္။
ဇာမ္က လြန္းရွိတဲ့အေပၚထပ္ကိုမတက္ခင္ ကားပါကင္ ကိုဝင္၍ ကားေပၚတက္လိုက္သည္။ ဆယ္စကၠန္႔မွ်မၾကာလိုက္၊ ကားေပၚကျပန္ဆင္းလာေတာ့ ဇာမ့္လက္ထဲမွာ ဂစ္တာတစ္လက္ပါလာသည္။
ဂ်ာဆိုင္းတို႔ ေန႔တိုင္းလာပို႔ေနတာကို ဟင္းေတြသြားယူဦးမယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ညေနက အိမ္ခဏျပန္ကတည္းက အႀကံနဲ႔ျပန္သြားတဲ့ ဇာမ္မင္းထည္ယံရယ္ပါ။
ကူးကူးလက္ကိုဆြဲကာ သုံးလႊာကိုတက္ဖို႔ ဓာတ္ေလွကားကိုပဲ ဇာမ္ေ႐ြးလိုက္သည္။ ေလွကားဆိုရင္ ကူးကူးလည္းမသက္မသာတက္ရမွာျဖစ္သလို ကူးကူးကိုခ်ီဖို႔ကလည္း မုန္႔ထုပ္ႀကီးႏွစ္ထုပ္နဲ႔ ဂစ္တာကိုင္ထားတာမို႔ မလြယ္။
အေပၚတက္သြားတဲ့တစ္သုတ္ကုန္မွ ဇာမ္တို႔အလွည့္ကိုေရာက္သည္။ ဓာတ္ေလွကားထဲမွာလည္း ကူးကူးကို ေသခ်ာမွာရေသးသည္။
"လက္ခုပ္ေလးတီးၿပီးဆိုေနာ္။ ကူးကူးလက္ခုပ္တီးမွ ေဖေဖကအားရွိမွာ"
တက္ႂကြၾကက္ဖျဖစ္ေနတဲ့ ဇာမ့္ကို ပိုက္တံတပ္ေပးထားတဲ့ ကိုလာကို တၿမဳံ႕ၿမဳံ႕ စုပ္ရင္း ကူးကူးက မ်က္လုံးေလးေဆြၾကည့္သည္။
"ညီညီေလးလည္း နားေထာင္ေနမွာ။ ညီညီေလး က်န္းက်န္းမာမာနဲ႔အျပင္ကိုထြက္လာေအာင္ ေဖ့ကို ကူညီရမယ္"
နားညီးေနၿပီေပမဲ့ ညီညီေလးအတြက္ဆိုေတာ့ အေသအခ်ာနားေထာင္ၿပီး
"ဟုတ္" ဟူ၍ ေခါင္းညိတ္ရွာသည္။
"ေမာင္တို႔ဘယ္အထိသြားေနတာလဲ။ ဖုန္းလည္း ယူမသြားဘူး"
အခန္းထဲဘာမွလုပ္စရာမရွိတာမို႔ ထြက္သြားတဲ့အခ်ိန္ကေနလို႔ အခုထိ ၾကာခ်ိန္မိနစ္ကို TV ထက္က နံရံမွာကပ္ထားတဲ့နာရီကိုၾကည့္ရင္း လြန္းေရတြက္ေနတာ။ ေလးဆယ့္ေျခာက္မိနစ္တိတိ။ ဒီအခန္းကေန၍ေတာင္ လွမ္းျမင္ေနရတဲ့ ေစ်းဆိုင္ဆီသြားတာ အဲ့ေလာက္ၾကာစရာမွမလိုဘဲ။
ဇာမ္က မုန္႔ထုပ္ေတြကို စားပြဲေပၚတင္ရင္း လြန္းစိတ္ေအးေစရန္ ေျဖသည္။
"ဖုန္းက နီးနီးနားနားမလို႔ ယူမသြားတာပါ လြန္းရဲ႕။ ကူးကူးမုန္႔ေတြေ႐ြးေနလို႔ၾကာတာ"
"ဟုတ္ယယ္။ ပါပါး ကိုကာ!"
ဇာမ့္စကားကို မွန္ကန္ေၾကာင္း ေထာက္ခံကာ တႁပြတ္ႁပြတ္စုပ္ေနဆဲ ကိုလာဘူးကို လြန္းေရွ႕တိုးေပး၍ ေလာကြတ္ေခ်ာ္သည္။
"ကူးကူး၊ ပါပါးကို မတိုက္ရဘူး!"
ညေနကစားၿပီးသြားတဲ့ ခ်ိဳင့္ေတြကိုသိမ္းေနသည့္ဇာမ္က လွမ္းဟန္႔ေတာ့
လက္ကိုျပန္႐ုတ္သိမ္းကာ သူ႔ႏႈတ္ခမ္းပိစိႏွစ္ခုၾကား ပိုက္တံေလးကိုျပန္ထည့္သည္။
"ပါပါးေသာက္နဲ႔ေတာ့၊ ညီညီေယးနဲ႔ တည့္ဘူး"
"ႏြားႏို႔က်န္ေသးတယ္လြန္း။ ေမာင္ျပန္ေႏႊးလိုက္မယ္"
"ငါအီစိမ့္ေနၿပီ"
"နည္းနည္းျဖစ္ျဖစ္ေတာ့ေသာက္လိုက္ပါ။ က်န္တာ ေမာင္ကူေသာက္မယ္ေလ"
"ညာျပန္ၿပီ"
ေဆးစရာေတြကိုသယ္၍ ေရခ်ိဳးခန္းထဲဝင္သြားရင္း ရယ္ကာ
"ဟုတ္တယ္။ ညာေနတာ" ဟု ေခါင္းျပဴ၍ ေျပာသြားသည္။
ဒီမွာက ပန္းကန္ေဆးဖို႔ေဘစင္ဟူ၍ တသီးတသန္႔မရွိတာမလို႔ ပုံးလြတ္ႏွစ္ခုနဲ႔ ေရခံကာ ေရခ်ိဳးခန္းထဲမွာပဲ ေဆးရေၾကာရသည္။ ပုံမွန္ကိုယ္ဝန္ေဆာင္သည္ေတြဖို႔ အနီးအနားကူလုပ္ေပးတဲ့ အကူတစ္ေယာက္ေခၚၾကေပမဲ့ ေမာင္က ပန္းကန္ေဆးတာကအစ အဝတ္ေလွ်ာ္တာအဆုံး သူသာလုပ္သည္။
အခုလည္း ေဆးၿပီးသားပန္းကန္တထပ္လိုက္ကို လက္သုတ္ပုဝါနဲ႔သုတ္၍ စားပြဲေပၚတင္ၿပီး ႏြားႏို႔ျပန္ေႏႊးေနသည္။
"အဝတ္ေတြ႐ုတ္လိုက္ေတာ့မယ္၊ လြန္းအေႏြးေဘာင္းဘီက ေျခာက္ပါ့မလားမသိဘူး"
"ေျခာက္မွာပါေမာင္ရဲ႕။ ဒီေန႔ ေနထြက္တာကို"
"သားအဝတ္ေတြကေတာ့ ေျခာက္တယ္"
ဒီကိုလိုက္လာၿပီးကတည္းက အိမ္ကို ျပန္လႊတ္မရေတာ့တဲ့ကူးကူးကို သူ႔အဝတ္အစားေတြပါ ယူထားရသည္။ ကေလးတစ္ေယာက္ ပါမွန္းသိေတာ့ အပိုေခါက္ကုတင္တစ္လုံး သြင္းေပးတာက ဇာမ့္ကို ကုတင္ကႏွစ္ေယာက္မဆံ့ဘူးလို႔ ေျပာသြားတဲ့ ဆရာမေလးပင္။
မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆုနဲ႔ ျပည့္ေနတဲ့ကူးကူးက ေရာက္တာႏွစ္ရက္ပဲရွိေသးသည္။ သုံးလႊာက သူနာျပဳဆရာမေလးေတြအျပင္ လြန္းကို လာၾကည့္ေပးတဲ့ဆရာဝန္နဲ႔ပင္ ရင္းႏွီးေနၿပီ။
ဆရာမေလးေတြက မုန္႔ထုပ္ေလးေတြလာေပးၿပီး ပါးေဖာင္းေတြကို ေမႊးေမႊးေပးလွ်င္ ၿပဳံးၿပဳံးႀကီးၿငိိမ္ခံတတ္တဲ့သားကို ေမာင္ကပင္
"ကိုေ႐ႊကူးတို႔က King ဘြဲ႕ျငင္းထက္ စန္းပြင့္တယ္ဗ်" ဟူ၍ မနာလိုသလို တမင္ေျပာတတ္သည္။
ထိုသို႔ေျပာရင္းလည္း
"ဒီကလူတုန္းကလည္း ႏွင္းဆီေတြဝိုင္းဝိုင္းလည္ေနေတာ့ ကြၽန္ေတာ့္မွာ ညညတိုင္း ေျဖာင့္ေျဖာင့္မအိပ္ခဲ့ရဘူး၊ ခုလည္းလာျပန္ၿပီတစ္ေယာက္" ဟု လြန္းကို ခ်ိတ္၍ လွမ္းစေသးသည္။
"ႏွင္းဆီေတြကိုမျမင္ဘဲ ေမာင့္ကိုပဲ ျမင္ခဲ့တာေလ။ ငါ့ႏွလုံးသားက ေမာင့္ကိုပဲ ၾကည္ျဖဴတာ"
လြန္း ျပန္ေျပာလွ်င္ ေမးေထာက္လ်က္ တိုစိတ္စိတ္ မ်က္ေတာင္ေတြ မခတ္တမ္းၾကည့္ကာ ဂုဏ္ဆာသလို ခပ္ၿပဳံးၿပဳံးႀကီးလုပ္တတ္သည္။ တမင္ၾကားခ်င္လို႔မ်ား ခဏခဏစေနတာလားဟူ၍ လြန္းေတြးမိေသး၏။
"ညေနက ေစာေစာ႐ုတ္လိုက္ရမွာကို ေမာင္ေမ့သြားတာ။ ႏွင္းပက္ေတာ့ ျပန္စိုခ်င္ေနၿပီ"
မေျခာက္ေသးတဲ့ ေမွ်ာ့ႀကိဳးကို လက္နဲ႔စမ္းရင္း ၿငီးကာ
"ဝတ္စရာမက်န္ရင္ ေမာင့္အေႏြးေဘာင္းဘီ ယူဝတ္ထားလိုက္။ ေျခာက္လိုေျခာက္ျငား အခန္းထဲေတာ့ လွမ္းထားလိုက္ဦးမယ္ ။ ဟာ! ႏြားႏို႔အိုး"
သူ႔ပုခုံးေပၚက ေျခာက္ၿပီးသားအဝတ္ေတြကို လြန္းကုတင္ဆီ အျမန္တင္ရင္း အိုးဆီကို ခ်က္ခ်င္းေျပးသြားသည္။ လြန္း လည္း ေမာင္ေျပးရာအရပ္ဆီ ျပာျပာသလဲ လိုက္ၾကည့္ရသည္။ ကိုယ္ဝန္နဲ႔မို႔ ကုတင္ေပၚကေတာ့ အျမန္ဆင္းမရ။ မ်က္လုံးက ဦးစြာေရာက္သည္။
ကိုလာတစ္ဘူးကို တစ္ညလုံးေသာက္မယ့္ဟန္ရွိတဲ့ ဗိုက္ပူေလးကလည္း သူ႔အေဖကို မီးစေလးလွမ္းထိုးသည္။
"ေဖေဖ့ တူးတူး၊ အိုးအိုး တူးၿပီ"
လက္သုတ္ပုဝါကိုယူကာ အဖုံးကိုလွပ္လ်က္
"ေတာ္ေသးတယ္ ေတာ္ေသးတယ္။ ျမန္ျမန္သိလိုက္လို႔"
အခုမွသက္သာသြားသလို သက္ျပင္းဖြဖြခ်ရင္းေျပာေနတာက ေယာကၡမအိမ္မွာ ပထမဆုံးဟင္းစခ်က္တဲ့ ေခြၽးမ ဟင္းအိုးတူးမွာေၾကာက္ေနတာႏွင့္ပင္ တူသည္။
"မလိုင္ရတာေပါ့"
စိုးရိမ္စိတ္ေလ်ာ့ေစရန္ လွမ္းေနာက္ေတာ့
"ေမာင့္ကို ေမတၱာျဖည္းျဖည္းပို႔။ ႏြားႏို႔ဝယ္မရတဲ့ေန႔ ေသာက္ဖို႔ အဲ့မွာ ပဲႏို႔ဘူး ကတ္လိုက္ဝယ္လာတယ္။ ဒါတူးသြားရင္ အဲ့ဒါတိုက္မွာ"
လြန္းၾကည့္လိုက္ေတာ့ အဟုတ္ပင္။ ပဲႏို႔ဘူးကတ္လိုက္ကို ဝယ္ခ်လာတာ။
"ေမြးလာတဲ့ကေလး ႏြားေပါက္နဲ႔တူရင္ ေမာင့္ေၾကာင့္"
"ဟာ ဖတ္ ဖတ္! ဘယ္က ႏြားေပါက္တုန္းလြန္းရာ။ နိ႔ႀကိဳက္တဲ့ ေၾကာင္ေပါက္ေလးေလာက္ေတာ့ လုပ္ပါ"
ကေလးအေၾကာင္းေျပာခ်ိန္ ကူးကူးက တစ္ခုခုသတိရသြားကာ အေအးဘူးကိုခ်၍ ဇာမ့္ဆီေျပးလာသည္။
"ေဖ့! ညီညီေယးဖို႔ ခ်င္းဆိုမယ္"
"အိုေခဗ်ာ။ သားပါပါး ႏြားႏို႔ေသာက္ၿပီးရင္ ဆိုၾကမယ္။ သားေရာ တစ္ခြက္ေသာက္။ ဒါမွ ေဖ့လို ဗလေတာင့္မွာ"
"ဟုတ္"
"ဂစ္တာက အဲ့ဒါေၾကာင့္ယူလာတာလား"
ဖန္ခြက္ရွည္ႏွစ္ခုထဲ ႏြားႏို႔ထည့္၍ ကူးကူးကိုအရင္ တစ္ခြက္ေပးသည္။
"ဖိတ္က်မယ္။ လက္သုတ္ေလးနဲ႔ယူ"
က်န္တဲ့ခြက္ထဲ သၾကားအနည္းငယ္ထည့္သည္။ ႏြားႏို႔ေအးေစရန္ တဖူးဖူးမႈတ္ရင္း
"အင္း ဂစ္တာတီးၿပီး သီခ်င္းဆိုျပမလို႔ေလ ။ ကေလးေလးကို ေမာင္ ပုံျပင္ပဲ ေျပာျပရေသးတယ္" ဟူ၍ လြန္းစကားကို ေျဖသည္။
"ရၿပီ ေအးသြားၿပီ"
အခ်ိန္ခဏအၾကာ ႏြားႏို႔ လုံးဝေအးသြားေတာ့ ေန႔လည္က သူယူလာတဲ့ ေရခဲပုံးအေသးေလးကိုဖြင့္ကာ ေရခဲတုံးသုံးတုံးယူ၍ ခြက္ထဲကို ထည့္ေလသည္။ လြန္းမွာ ေရခဲေတြဘာေၾကာင့္ယူလာမွန္း အခုမွရိပ္စားမိရေတာ့သည္။
"ေသာက္လို႔ရၿပီဗ်ာ"
ခြက္ကေလးထဲမွာ ေရခဲတုံးေလးေတြက နစ္တစ္ဝက္၊ ျမဳပ္တစ္ဝက္။ ေမာင္ကေတာ့ ထည့္ေပးလိုက္တာ ေထြေထြထူးထူးျပဳလိုက္တဲ့ အမူအက်င့္မဟုတ္ေပမဲ့ စိတ္ႏုေနခ်ိန္လည္းျဖစ္၊ ခံစားလြယ္ေနခ်ိန္လည္းျဖစ္တဲ့ လြန္း က မ်က္ရည္ဝဲသြားသည္။
ေက်ာင္းဝင္းအျပင္ဘက္က အုတ္ခုံတစ္ခုမွာ ဆုံခဲ့ဖူးတဲ့ ကာလ...
"လြန္း!"
"ေနာက္က်တယ္။ ငါးမိနစ္ေလာက္ထပ္ေစာင့္လို႔မွ မလာရင္ သြားေတာ့မလို႔"
"လြန္းေသာက္ခ်င္တယ္ေျပာဖူးလို႔ သြားဝယ္လာတာ"
စကားျပတ္လြန္းတဲ့ သူလိုလူကို အျပစ္မျမင္တဲ့အျပင္ ရယ္ကာေမာကာျဖင့္ နဖူးထက္ကေခြၽးကိုသူမျမင္ေအာင္သုတ္ရင္း လက္ေခ်ာင္းတုတ္တုတ္ေတြထဲက အေအးဘူးကို လွမ္းေပးတတ္တဲ့ေကာင္ေလး။ သူ႔နံေဘးမွာ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး သူ႔ကို သြားက်ိန္းသလိုေလးေငးကာရွိတတ္တဲ့ ထိုေကာင္ေလးက စကားေတြလည္းသိပ္မ်ားသည္။
"လြန္း"
"အေအးကို အဲ့ေလာက္ေတာင္ႀကိဳက္တာလား"
"ႀကိဳက္တယ္ရယ္လည္း မဟုတ္ဘူး။ေရခဲတုံးေလးေတြကို ဝါးလိုက္ရင္ က်ဥ္တက္လာတဲ့ခံစားခ်က္ကို သေဘာက်တာ"
"ဟုတ္ မွတ္ထားလိုက္ၿပီ"
"မင္းကဘာလို႔မွတ္ထားမွာလဲ။ အေရးမပါတာ"
"ကြၽန္ေတာ့္မွတ္ဉာဏ္ထဲ သိမ္းထားခ်င္လို႔ေပါ့ အစ္ကိုရဲ႕။ အင္း ႏွလုံးသားထဲသိမ္းထားရင္လည္း ရတာပဲေနာ္။ ဒါဆို တစ္သက္လုံးမေမ့ေတာ့ဘူး"
႐ူးႏွမ္းႏွမ္း ေပါက္တတ္ကရ စကားေတြလို႔ ထင္ခဲ့ဖူးေပမဲ့ ႏွစ္ေတြအမ်ားႀကီးလြန္ခဲ့တဲ့အထိ မေမ့မေလ်ာ့ျခင္းကို သက္ေသျပခဲ့သူ ေမာင္။
ယခု လြန္းရဲ႕ အိမ္ေထာင္ဦးစီးေလး။
"ေဟာ မငိုနဲ႔ေလလြန္းရ။ ဘာလဲ ေရခဲတုံးနည္းလို႔လား။ ဟိုးေနာ္ တစ္တုံးပဲထပ္ေပးမယ္။ အမ်ားႀကီးစားလို႔မရေသးဘူး"
လတ္ဆတ္ဆဲ ရင္ခုန္သံေတြနဲ႔ လက္ေတြ႕ဆီျပန္ေရာက္လာေတာ့ လြန္းမ်က္ဝန္းထဲ မ်က္ရည္စတခ်ိဳ႕ကိန္းဝပ္ေနၿပီ။
ဇာမ္က ဂစ္တာကိုပိုက္ရင္း ထရပ္ကာ
"ဝရန္တာဘက္ထြက္ခ်င္လား"
ညိတ္ျပလာသည့္ ေခါင္းငယ္။ တဆတ္ဆတ္ညိတ္ေနျခင္းေၾကာင့္ လႈပ္ခါေနတဲ့ဆံႏြယ္ေပ်ာ့ေတြ။
"ကူးကူး။ သားေစာင္ေလးေကာယူခဲ့၊ ေဖတို႔ အျပင္ထြက္ရေအာင္"
ငိုေနေသာၾကယ္တာရာအတြက္ ထိုညအဖို႔ အေႏြးထည္ထူထူဝတ္ေစကာ ဆိုးခြင့္ေပးခဲ့ဖို႔ လမင္းသည္ ဆုံးျဖတ္ခဲ့ပါ၏။
.
.
.
.
.
.
.
#ReiHan
#6Feb2022
( ကူးကူးကို ဘာေတြသင္ေပးၿပီး တိတ္တ္ိတ္ေလးလက္ခုပ္တီးခိုင္းလဲဆိုတာ ေနာက္တစ္ပိုင္းမွာဆက္ပါမယ္ဗ်ာ။ စာတအားရွည္ေနၿပီမလို႔ TT
ၿပီးေတာ့ ႏြားႏို႔ထဲေရခဲတုံးထည့္တာ။ ႏို႔ေအးပါပဲ။ အိမ္မွာႏြားႏို႔က်ိဳရင္လုပ္ၾကည့္ပါ။ ပူပူေလာေလာႀကီးထဲေတာ့ ပစ္မထည့္နဲ႔ေပါ့။ လုံးဝေအးေအာင္ အေအးခံၿပီး ( ကိုယ့္ဟာကိုယ္မႈတ္လည္းရတယ္) ေအးၿပီဆိုမွ ေရခဲတုံးေလးေတြထည့္လိုက္။ ၿပီးရင္ ေသာက္ရင္ ရင္လည္းေအးတယ္။
လြန္းေရခဲႀကိဳက္တာဇာမ္သိတဲ့အပိုင္းက Chapter 17 or 18 မွာပါခင္ဗ်)