Are you addicted?Book-1 (Myan...
By ettythaw
294K 29.9K 780
ထူထောင်ကာစ အိမ်ထောင်သစ်တခုရဲ့ လင်ပါသား GuHaiနဲ့ မယားပါသား BaiLuoYinတို့ဟာ တော်စပ်မှုအရဆို ဆုံမှတ်မရှိတဲ့ ရန်ဖ... More
Chapter1- အေမ ယောက််ားယူတော့မယ်
Chapter 2 - အဖေ မိန်းမယူတော့မယ်
Chapter 3- ညီအစ်ကိုသာ တော်လိုက်ကပြါစို့!
Chapter 4- ဘာကြည့်ပြီး ကြိုက်ခဲ့သလဲ?
Chapter 5- သူတို့မိသားစုအကြောင်း လာမပြောနဲ့
Chapter 6- နတ်ဖက်တဲ့ ဇရာစုံတွဲ
Chapter 7- ဘောင်ဘီပွပွနဲ့ ညှပ်ဖိနပ်စီးတဲ့ လူတစ်ယောက်
Chapter8- ဒီနာမည် ဘယ်လိုဖတ်ရသလဲ?
Chapter9- ဘယ်လိုတောင် ဒီလောက် စားနိုင်တာလဲ?
Chapter10- အရှင်လတ်လတ် အရေခွံစုတ်ပစ်မယ်!
Chapter11- အိမ်သာသုံးစက္ကူလိပ် လက်ဆောင်ပေးခြင်း
Chapter12- စာသင်ခန်းထဲ ဘယ်လိုများ အိပ်ပျော်သလဲ?
Chapter 13- မဖြစ်မနေ မိတ်ဆွေဖွဲ့ရမယ်!
Chapter 14- လူနှစ်ယောက်ရဲ့တိုက်ပွဲ!
Chapter 15- ဒါကို နွားလို့ခေါ်တယ်!
Chapter 16- စိန်ခေါ်ရဲလား?
Chapter 17- GuHaiရဲ့ တကိုယ်တော်ပွဲ
Chapter 17- GuHaiရဲ့ တကိုယ်တော်ပွဲ
Chapter18- ဒါ ရယ်စရာလား?
Chapter 19- ငါ့မြင်းလေး!
Chapter 20- လေပြင်းတိုက်ပွဲ!
Chapter 21- ဂျင်းဆိုတာ ကြီးလေစပ်လေပဲ!
Chapter 22- ရိုးရှင်းသော ပျော်ရွှင်မှု
Chapter 23- သင့်ကို GuHai သဘောကျသည်
Chapter 24- ထူးနိုင် ရူးနိုင်တဲ့ ဖေကြီးဘိုင်
Chapter 25- BaiLuoYinရဲ့အရေးကိစ္စ
Chapter 25- BaiLuoYinရဲ့အရေးကိစ္စ
Chapter 26- ငါ့အတွက် ဆေးဟာ မင်း!
Chapter 27- အခွင့်ထူးခံ ကျောင်းသား၏နိဂုံး
Chapter 28- သဘောထားတွေ ပြောင်းပြီ
Chapter 29- အသည်းပေါက်အောင် သောက်ခဲ့တယ်
Chapter 29- အသည်းပေါက်အောင် သောက်ခဲ့တယ်
Chapter 30- သားအဖေနှစ်ယောက်ကြားက အားပြိုင်မှု
Chapter 31- ယနေ့ ရာသီဥတု သာယာ၏
Chapter 32- စိတ်ကစားဖို့ကောင်းတဲ့ အမွှေးန့ံ
Chapter 33- ခံစားချက်တွေ စပြောင်းနေပြီ
Chapter 34- မင်း နားကြားမှားတာပါ
Chapter 35- ဘွားဘွားပိန်ပိန်နဲ့ ဘွားဘွားဝဝ
Chapter 36- ငါးလေးတစ်ကောင်ကြောင့်
Chapter 37- သဘောထားမတူတဲ့ သားအဖ
Chapter38- မင်းမနိုင်လူသား
Chapter39- ကျပ်မပြည့်ရှာဘူး!
Chapter 40- ဇနီးသည်အား ဖြားယောင်းခြင်း
Chapter 41- မတော်မဆဖြစ်တဲ့ ရန်ပွဲ
Chapter 42- နေနိုင်ပါသည်...သို့သော်
Chapter 43- သနားစရာ သတ္တဝါ
Chapter 44- အပမှီနေလား?
Chapter 45- သကြားလုံးလေး ကျွေးပါဦး
Chapter 46- အပူသည် လင်မယား
Chapter 47- မြွေပေါက််ကလေးနဲ့ ဘကြီးGu
Chapter 48- မင်းကို မျက်နှာသာပေးပါရစေ
Chapter 49- ငါ အရက်မူးနေတာ ဖြစ်မယ်
Chapter 50- ငါ့ရင်ထဲ မင်းဝင်ဝင်လာတာ ဘာ့ကြောင့်လဲ?
Chapter51- မင်းကိုယ်ငွေ့နဲ့ ကိုယ့်လက်တွေ နွေးပါရစေ
Chapter 52- JinagYuanနဲ့ GuHai စကားများခြင်း
Chapter 53- ထိုမျှ ရူး၏!
Chapter 54- မင်းနဲ့အတူ ရှိချင်လို့
Chapter55- DaHaiရဲ့သရုပ်မှန် ပေါ်ပြီ
Chapter 56- ဘတ်စကတ်ဘောပွဲ
Chapter 57- မိုးမီးလောင်ပြီ!
Chapter 58- ဦးသဝန်ကြောင်
Chapter 59- မျက်တော်ပြေ!
Chapter 60- နှလုံးသားလေး ဂယက်ထလေသော်....
Chapter 61- YinZiလေးနဲ့ HaiZiလေး
Chapter 62- အန်တီZouရဲ့ဆိုင်လေး အဖျက်ဆီးခံရခြင်း
Chapter 63- GuHai အစွမ်းပြပြီ
Chapter 64- မင်းကိုငါ ဒီလောက်တောင် သဘောကျရသလား?
Chapter 65- ဖြစ်နိုင်ပါ့မလား?
Chapter 66- ခွေးလောက်တောင် အဆင့်မရှိဘူး
Chapter 67- သတ္တိရှိရင် သတ်ပစ်လိုက်!
Chapter 68- နေမထိ ထိုင်မသာ
Chapter 69- သူ့ကို လာမထိနဲ့!
Chapter 70- GuHai အသိတရားရပြီ
Chapter 71- တိတ်ဆိတ်ငြိမ်သက်တဲ့ည
Chapter 72- BaiHanQi ကံဇာတာတွေ တက်ပြီ
Chapter 73- YinZiကို DaHai ချော့ရပြီ
Chapter 74- အနောက်သန်တဲ့ ဦးလေးဘိုင်
Chapter 75- ဉာဏ်စမ်းပွဲ
Chapter 76- ခံစားချက်တွေ လျှံထွက်လာပြီ
Chapter 77- အကောင်းဆုံးသော ဖေသြိမ့်စရာ
Chapter 78- သူ့ရဲ့သရုပ်မှန် တကယ်ပေါ်သွားပြီ
Chapter 79- တိုက်တိုက်ဆိုင်ဆိုင်
Chapter 80 - YinZiကို YouQi လာရှာခြင်း
Chapter 81- HuZi ရေ..ငါ့ကို လာကယ်ပါဦး
Chapter 82- GuHaiရဲ့ခံစားချက်တို့ အိုးမလုံ အုံပွင့်လာပြီ
Chapter 83- နှလုံးသားထဲက မုန်တိုင်း
Chapter 84 - ရူးကြောင်ကြောင် ရည်စားစကား!
Chapter 85- အစ်ကိုကြီးလို့ ခေါ်စမ်း!
Chapter 86- ဟာသမြောက်တဲ့ ရည်းစားစာ
Chapter 87- စရိုက်ရိုင်း ထပ်ပေါ်ခြင်း
Chapter 88- ရှက်ဖွယ်အတိ!
Chapter 89- ဆေးစစ်ရာမှ ရောဂါပေါ်ခြင်း
Chapter 90- အပြာရောင် အချစ်ည
Chapter 91- တလမ်းလုံး ရယ်လို့မောလို့
Chapter 92- ခန်းဝင်ပစ္စည်း ဝယ်ခြင်း
Chapter 93- မိုးသည်းထဲမှာ အသည်းအေးစေတဲ့ မြင်ကွင်း
Chapter 94- မတရားသဖြင့် ပိုက်ဆံရှာသူများ
Chapter 95- ဦးသဝန်ကြောင် စိတ်တိုရပြီ
Chapter 96- ငါဘာလိုချင်မှန်း မင်းသိသားနဲ့
Chapter 97- အဖြေ
Chapter 98- လက်သည်အစစ်ကို တွေ့ပြီ
Chapter 99- ပြဿနာရှာတဲ့ သူဆင်းရဲ
Chapter 100- ဝမ်းကိုအစ်ကိုနဲ့ မိတ်ဆက်ပေးခြင်း
Chapter 101- သန်းခေါင်ယံ ဧည့်သည်
Chapter 102- မင်းက ဂေါက်ကြောင်လား?
Chapter 103- အရှက်မဲ့ခြင်းရဲ့ တမာန်တော်
Chapter 104- အရှက်ဆိုတာ ဘာလဲ?
Chapter 105- လူယုတ်မာများအား အပြစ်ပေးနည်း
Chapter 106- ဒီတခါတော့ ခံပေတော့
Chapter 107- အဖေ မိန်းမယူပြီ!
Chapter 108- ဖေကြီးBaiရဲ့ မင်္ဂလာပွဲ
Chapter 109- ချစ်ဇနီးလေးအား ရဲရဲဝင့်ဝင့်ကာကွယ်ပေးတဲ့ DaHai
Chapter 110- မင်းကြောင့်သာ
Chapter 111- ကျွန်တော်တို့အား မနှောက်ယှက်ရ
Chapter 112- နှစ်ဦးသားရဲ့ အုတ်မြစ်အသစ်
Chapter 113- ငြိမ်းချမ်းတဲ့ ည
Chapter 114- မရင်းနှီးတဲ့ ဖုန်းနံပါတ်
Chapter 115- မနေ့ညက မေးခွန်း
Chapter 116- သခင်လေး ရူးရှာပြီ
Chapter 117- သခင်လေးရဲ့ မထော်မနှမ်း လုပ်ရပ်များ
Chapter 118 အကြီးမားဆုံး ပြိုင်ဘက်
Chapter 119- သန်းခေါင်ယံ ရန်ပွဲ
Chapter 120- ပြဿနာတော့ တက်ပြီ
Chapter 121- မယှဉ်နိုင်ပါ
Chapter 122- ခြေတစ်လှမ်းတော့ နောက်ကျသွားပြီ
Chapter 123- အားလုံးပဲ စိတ်အေးအေးထားကြပါ
Chapter 124- အမှတ်မထင် တွေ့ဆုံခြင်း
Chapter 125- အချစ်အကြောင်း တဖြည်းဖြည်းနဲ့ သိလာခြင်း
Chapter 127- မျှော်လင့်ချက်များ ပျက်သုန်းခြင်း
Chapter 128- အပြစ်ကို ဝန်ချခြင်း
Chapter 129- လာမယ့်ဘေး ပြေးတွေ့လိုက်တာ ကောင်း၏
Chapter 130- တရားလွန်မလာနဲ့
Chapter131- စိတ်ရိုင်းကို ဇတ်ကြိုးလွှတ်ခြင်း
Chapter 132- လူပျိုပေါက်ကို ခြေချုပ်ထားလို့ မရ
Chapter 133- ငြိမ်းချမ်းစွာ အိပ်လို့ပျော်တဲ့ည
Chapter 134- အချိန်တွေကို ခေါက်ထားလိုက်
Chapter 135 - တပ်ထဲကိုအလည် လိုက်မယ်
Chapter 136 - ဘေးကင်းရန်ကွာ
Chapter 137- ကိုယ့်အပြစ် ကိုယ်ခံ
Chapter 138- GuHai အဖေ ရောက်လာခြင်း
Chapter 139- အဖိုးတန်သော ခရေတစ်ပွင့်
Chapter 140- မျက်ခွက်ပြောင်တဲ့ကောင်
Chapter 141- အကျိုးဆက်များ
Chapter142- သွေးသားပူဆာ မနေသာ
Chapter 143- မကြာမှီ အဖြစ်မှန် ပေါ်တော့မည်
Chapter144- ဝံပုလွေဆိုးကြီး ဆာနေပြီ
Chapter 145- ကောင်းခန်း လာတော့မှာ
Chapter 126- ပြတ်လုဆဲဆဲ နှောင်ကြိုး
1.6K 145 5
By ettythaw
Chapter 126- ပြတ်လုဆဲဆဲ နှောင်ကြိုး
( အဖေ ကျွန်တော် အဖေ့ကို မေးစရာရှိလို့)
BaiHanQi ဒီဘက်လှည့်လိုက်တော့ သူ့မျက်နှာနဲ့ BaiLuoYinရဲ့မျက်နှာတို့ဟာ သိပ်မဝေးတော့။ သူဟာ မျက်နှာထားကို တည်တည်တံ့တံ့ထားလျက် ကျေနပ်အားရလို့ မာန်တက်နေတဲ့ အမူအရာကို သူ့မျက်နှာမှာ တွေ့နေရတယ်။
အခုလိုဖြစ်နေတဲ့ သူ့အဖေကို မြင်ရတာ BaiLuoYin အဖို့ နည်းနည်းလေး ကိုးယို့ကားယားနိုင်ပါတယ်။ ( အဖေ့ မျက်နှာကြီးက ဘာဖြစ်နေတာတုန်း? အဖေ့နဲ့ အာလဘ ဿလဘလေး ကျွန်တော်ပြောမလို့ဟာ)
( အော်...) BaiHanQi အခုမှ စိတ်ကိုလျှော့လိုက်ပြီး ( အဖေထင်တာက မင်း... အဖေ့ကို နိုင်ငံတော်အဆင့် ပြဿနာတွေများ တိုင်ပင်မှာလားလို့)
*နိုင်ငံတော်အဆင့် ပြဿနာဆိုရင် အဖေ့တော့ မေးမနေသေးဘူး* BaiLuoYin ဖာသာတစ်ယောက်တည်း တွေးလိုက်မိတယ်။
( အဖေ့ကို ကျွန်တော်မေးချင်တာက၊ GuHaiကို ဘယ်လိုလူစားလို့ အဖေ ထင်လဲ?)
BaiHanQiရဲ့လက်ချောင်းတစ်ချောင်းက ပျံလာပြီး BaiLuoYinရဲ့ခေါင်းကို လာထိုးတယ်။ ( အဖေ ပြောသားပဲ...မင်းနဲ့ DaHai တခုခု ဖြစ်ထား....)
BaiLuoYin သက်ပြင်းရှည်ကြီး ချလျက် ( အဲ့ဒါ အသာထားစမ်းပါ အဖေရာ။ GuHaiအပေါ် ရှိတဲ့ အဖေ့ရဲ့ ဓမ္မဓိဌာန်ကျတဲ့ အမြင်ကိုသာ ကျွန်တော့်ကိုပြောကြည့်စမ်းဘာ)
( အဲ့ဒီကလေးက သိပ်သိပ်ပြီး အံဩစရာကောင်းတဲ့လူစား)
နောက် BaiHanQiက ထောက်ခံချက်ပေးတဲ့အနေနဲ့ လက်မကို ထပြနေတယ်။
BaiLuoYinဟာ ကုတင်ပေါ် လဲလျောင်လျက် ခေါင်းအုံးပေါ် မေးတင်ပြီး BaiHanQi စကားဆက်မှာကိို စောင့်နေတယ်။ ဒါပေမယ့် BaiHanQiက GuHaiရဲ့စာရိတ္တ ကောင်းကြောင်းကိုသာ နှစ်ခါဆက်တိုက် ထောက်ခံလျက် ဘာစကားမှ ဆက်မပြောတော့။
( အဖေ့ဟာက ဒါပဲလား?)
( အေးလေ၊ အခြား ဘာပြောရဦးမှာလဲ?)
မေးမိတဲ့ကျွန်တော်ပဲ မှားတာပါ ဆိုတဲ့စာတန်းက BaiLuoYin မျက်နှာအမူအရာမှာ အထင်းသားပေါ်နေတယ်။ သူ BaiHanQiကို ဂြိုလ်ကြည့်ကြည့်ပြီး ( ဒီထက်ပိုပြီး ရေရာအောင် အဖေမပြောတတ်တော့ဘူးလား? ဥပမာ၊ သူ့စိတ်နေစိတ်ထားတို့၊ စာရိတ္တတို့၊ အများနဲ့ပေါင်းသင်းဆက်ဆံရေးတို့ ဘာတို့ပေါ့...)
BaiHanQiက ဦးနှောက်ထဲ မီးပွင့်မတတ် စဉ်းစားပြီးတော့မှ အနာဂတ်ကို မျှော်တွေးချင့်ထောက်တဲ့ ပုံစံနဲ့ ပြန်ပြောလာတယ်။ ( သူ့စာရိတ္တပိုင်းကတော့ ပြောစရာမလိုဘူး.. အားလုံးပြည့်စုံတယ်။ သူ့ စိတ်နေသဘောထားကတော့ အရမ်းကောင်းတယ်။ နောက်ပြီး လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးကလည်း မဆိုးဘူး ခေါ်ရမှာပေါ့.. ကောင်းသားပဲ)
*.......ဘာမှန်းလဲ မသိဘူး။ အစောက ဘာမှမပြောတာနဲ့ အခုပြောတာ ဘာမှမကွာခြားဘူး... တော်ပြီ။ လေကုန်ခံပြီး မေးမနေတော့ဘူး။ မေးမိတာနဲ့ မမေးဖြစ်တာ အတူတူပဲ*
BaiLuoYinက စောင်ကိုခေါင်းမြီးခြုံပြီး အိပ်ဖို့ ဟန်ရေးပြင်တယ်။
BaiLuoYin လက်မှိုင်ချကာမှပဲ BaiHanQiတစ်ယောက် စကားထပ်ပြောလာပြန်တယ်။
( DaHaiဆိုတဲ့ကလေးကလေ.... ချမ်းသာတဲ့အသိုင်းအဝိုင်းက လာပေမယ့်၊ သူက လူ့ပေါ်ကျော့မဟုတ်ဘူး။ သူက ရည်မှန်းချက်ကြီးတယ်၊ အလုပ်ကြိုးစားတယ်။ ပြီးတော့ ရက်ရောပြူငှာတယ်။ အဖေ အချီးမွှန်းချင်ဆုံး သူ့စရိုက်ကတော့ ရိုးသားပွင့်လင်းမှုပဲ။ သူက ဘယ်တော့မှ ဟန်ဆောင်ပန်ဆောင် မလုပ်တတ်ဘူး။ လူတွေအပေါ် မာယာမသုံးဘူး။ အရင်က အဖေထင်ခဲ့တာက အခုခေတ်လူငယ်တွေက ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေပေါ့။ ဒါပေမယ့် အဲ့လိုမဟုတ်ကြမှန်း အခုမှ အဖေသိရတယ်။ အခုခေတ်လူငယ်တွေက အသိတရားရှိကြတယ်။ မရှိတဲ့လူလည်း အချို့တလေ ရှိမှာပေါ့လေ။ ဒါပေမယ့် DaHaiကတော့ ဘွင်းဘွင်းသမားပဲ။ လူဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ် ကြိုက်ရင် ကြိုက်တယ်.. မကြိုက်ရင် မကြိုက်ဘူးပဲ။ ပြီးတော့ သူ ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာကိုလည်း သူ့ဖာသာသူ ခွဲခွဲခြားခြား သိတယ်။ အဖေ့အမြင်ကတော့ သူက စိတ်ထဲက ပါမှလုပ်တယ်... ပြောတယ်။ အေး ပြောပြီးတဲ့ စကားကိုလည်း သေချာပေါက် တည်လိမ့်မယ်)
BaiLuoYin နှုတ်ဆိတ်လျက် နားထောင်နေပြီး မျက်လုံးတွေကို ပြန်ဖွင့်လိုက်တယ်။ နောက် သူမေးလာတာက ( အဖေက လူတစ်ယောက်ကို လူကောင်း လူဆိုးဆိုပြီး သေချာပေါက်ပြောနိုင်လားဟမ်?)
( ပြောနိုင်တာပေါ့ကွ။ အဖေ့ဦးနှောက်က မင်းတို့လောက် ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် လူအကြောင်းကိုတော့ မင်းတို့ထက် ပိုသိတယ်။ အဖေ နေလာတာ အသက်တောင် ဘယ်နှစ်နှစ်ရသွားပြီလဲ? လူပေါင်း ဘယ်လောက်နဲ့တောင် ဆက်ဆံခဲ့ပြီးပြီလဲ? ငါ့သားက ငယ်ပါသေးတယ်ကွာ။ မင်းတို့ ပေါင်းသင်းဆက်ဆံနေတဲ့ လူတွေဆိုတာ လက်ချောင်းအရေအတွက်ထက် မကျော်သေးပါဘူး)
BaiLuoYinက ( အကယ်လို့ GuHaiလို လူမျိုးက တစ်ယောက်ယောက်ကို ကြည့်မရဘူးဆိုရင် သူ ဘာလုပ်မယ်လို့ အဖေထင်လဲ?)
( ဥပမာ ဘယ်လိုဟာမျိုးလဲ?)
( ဥပမာ... သူက ကောင်မလေးတစ်ယောက်ကို ကြည့်မရဘဲ မျက်စိစပါးမွှေးစူးနေတယ်ပဲ ဆိုကြပါစို့.... သူ လူလွှတ်ပြီး သူမကို အကြမ်းဖက်တဲ့နည်း သုံးလောက်လား... အဲ့ဒါမျိုးပေါ့)
( ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း?) BaiHanQiက မေးခွန်းကို လွယ်လွယ်လေး ပယ်ချလိုက်တယ်။ ( DaHaiရဲ့ အသိတရားက ရိုးဖြောင့်ပြီး ကောင်းမွန်တယ်။ သူ့လိုလူဟာ ယုတ်မာတဲ့နည်းလမ်းကို ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး)
( အဲ့ဒီကောင်မလေးကို သူ ပက်ပက်စက်စက်ကြီး မုန်းနေလို့ ဆိုရင်ကော?)
( အမျိုးသမီးတစ်ယောက်ကို သူမုန်းတယ်ပဲထား၊ မင်းအမေကို သူမုန်းတာထက် ပိုနိုင်ပါ့မလား? မင်းအမေအပေါ်တောင် သူ အကြမ်းဖက်တဲ့နည်း သုံးခဲ့လို့လား? နောက်ပြီး ဟိုတစ်ယောက်.. လူ့ချဉ်ဖက် MengJianzhiရှိသေးတယ်။ DaHai သူ့ကို ဘာလုပ်ခဲ့သလဲ? ထိုးရုံ ကြိတ်ရုံလောက်ပဲလေ။ အဲ့ကောင် MengJianzhiကို သူသတ်ခဲ့လို့လား?)
BaiLuoYin စကားတခွန်းမှ မဟတော့ဘဲ၊ မျက်လုံးတွေကို နံရံရှိရာဘက် တဖြည်းဖြည်း ပြောင်းရွှေ့သွားတယ်။
အဲ့ဒီနောက် BaiHanQi အိပ်ချင်လာတယ်။ သူ မျက်လုံးတွေ မှေးစင်ပြီး အိပ်ပျော်မသွားခင် BaiHanQiဟာ စောင်နဲ့ပတ်ထွေးထားတဲ့ BaiLuoYinရဲ့ခန္ဓာကိုယ်ကို စောင်ပေါ်ကနေ ပုတ်ပြီး ခပ်တိုးတိုး ပြောလိုက်တယ်။ ( အဖေ အတပ်ပြောရဲတယ်။ DaHaiဟာ အဲ့လိုလုပ်မယ့် လူစားမဟုတ်ဘူး။ ဒီတော့ ဟိုတွေးဒီတွေး လျှောက်တွေးမနေနဲ့တော့။ မြန်မြန်အိပ်တော့)
* ငါ သူ့အပေါ် အထင်လွဲမိသွားတာများလား? *
BaiLuoYinရဲ့မျက်ခွံတွေဟာလည်း လေးလံခြင်းသို့ ဆိုက်ရောက်ပြီး သိပ်မကြာခင် အိပ်ပျော်သွားတော့တယ်။
တဖြည်းဖြည်း ညကနက်လာတယ်။ BaiLuoYinကတော့ အိပ်လိုက်နိုးလိုက် အခြေအနေဖြစ်နေတယ်။ သူ့နားထဲမှာ ကြားနေရတာက BaiHanQiရဲ့ဟောက်သံတွေ။ BaiLuoYin တစ်ယောက် အိမ်မက်မက်နေတာလား ထင်ယောင်ထင်မှားဖြစ်နေတာလား ဆိုတာ သေချာမပြောပြတတ်။
သူ့ရှေ့မှာ BaiHanQi လက်ထပ်တဲ့ညက မြင်ကွင်းက ပြန်ပေါ်လာတယ်။ GuHaiက သူ့ကိုကျောပိုးထားပြီး တိုက်ခေါင်မိုးပေါ်ကို ချီခေါ်သွားကာ၊ သူ့ကိုလည်း တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ပြောနေတဲ့စကားတွေက
( မင်းကို ကတိပေးတယ်။ မင်းအဖေကလွဲရင် ဒီကမ္ဘာမှာ မင်းအပေါ်အကောင်းဆုံးက ငါပဲဖြစ်စေရမယ်)တဲ့။
-----------------------------
ပထမဆုံးအကြိမ်အဖြစ် SunJingweiခေါ် ကိုယ်ရံတော်ဦလေးSunရဲ့ လေးလေးနက်နက်နဲ့ ပြောလာတဲ့စေတနာစကားကို နားထောင်ပြီး နှစ်သစ်ကူးမှာ GuHai သူ့အိမ်ကိုပြန်ခဲ့တယ်။
သူ အိမ်ပြန်တဲ့အချိန်ကျ နှစ်သစ်ကူးလရဲ့၂၈ရက်နေ့တောင် ရောက်နေပြီ။
လမ်းမတွေဟာ ခြောက်ကပ်ပြီး အရင်ကထက် လူသူကျဲပါးလျက်ရှိတယ်။ အံ့ဩစရာကောင်းတာက မီးပွိုင့်မှာတောင် ဘာအချက်ပြမီးမှမရှိလို့ ယာဉ်မောင်းဟာ အတားအဆီးမရှိ သွားနိုင်လာနိုင်တယ်။
ဘေဂျင်းသူ ဘေဂျင်းသားတွေရဲ့အဆိုအရဆို ပွဲတော်ရက်ဆိုရင် လူစည်ရမယ့်အစား မြို့တော်ကြီးဟာ သုသာန်တစပြင်လို တိတ်ဆိတ်ခြောက်ကပ်သွားတယ်တဲ့။ ပြောင်းလဲလာတဲ့ ခေတ်စနစ်ကြောင့် အရင်က ဓလေ့ဟောင်း ရိုးရာဟောင်းတွေကိုလည်း လိုက်လုပ်တဲ့လူ မရှိသလောက် နည်းပါးလာကြပြီ။ လူတွေဟာ ရုပ်ဝါဒီသမားတွေ ဖြစ်မှန်းမသိဖြစ်လာကြတဲ့အတွက် နှစ်သစ်ကို ကြိုဆိုချင်တဲ့စိတ် နည်းပါးလာကြတာပေါ့။
GuHai သူ့တိုက်ခန်းကို ပြန်တဲ့အချိန်ကျ လဝက်တောင် ကြာသွားခဲ့ပြီ။ ဒီတကြိမ်ကျ သူ ထွက်မလာခင် ပစ္စည်းနည်းနည်းပဲ သယ်သွားစရာ လိုတာ။
BaiLuoYinအတွက် ဝယ်ပေးထားတဲ့ကားက အတို့အထိမရှိဘဲ အရင်ပါကင်ထိုးထားတဲ့အတိုင်းပဲ ဂိုဒေါင်ထဲမှာ ခြေရာလက်ရာ မယွင်းဘဲ ရှိနေတယ်။ သို့ပေမယ့် GuHaiကတော့ အဲ့ဒီကားကို ကြည့်ဖော်တောင်မရ။ သူစီးလာတဲ့ကားထဲက သော့ကိုဖြုတ်ပြီးသာ တိုက်ခန်းပေါ်ကို ဓာတ်လှေကားနဲ့ တက်ခဲ့လိုက်တယ်။
ဓာတ်လှေကားက တရွေ့ရွေ့ မြင့်တက်လာတယ်။ GuHaiဟာ အဖော်မပါတဲ့ ဓာတ်လှေကားကို တစ်ယောက်တည်းစီးရင်း သူ့ခေါင်းထဲ အတွေးတစ်မျှင် ဝင်လာတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ခုလောက်က သူ့ရဲ့နေပုံထိုင်ပုံက လူသားနဲ့မတူခဲ့ဘူးလို့...
စားတာနဲ့ အိပ်တာကလွဲရင် အချိန်တိုင်းကို လေ့ကျင့်ရေးဆင်းခြင်းဖြင့်သာ ကုန်လွန်စေတယ်။ အရင်ကကိစ္စတွေကို ပြန်လှန်သုံးသပ်ချိန်တောင် သူ့ကိုယ်သူ မပေးခဲ့။ တခါတလေတော့ လေ့ကျင့်ရေးမှာ စစ်သားအချို့ကို သူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်မျှဝေရင်း သူ့စိတ်သူ မအားအောင် တမင်လုပ်တတ်သေးတာ။ ဒါမှ သူ့ရင်ထဲမှာ ခံစားနေရတဲ့ သောကမီးက သူ့ကို ဝါးမျိုမသွားတော့မှာလေ။
ပွင့်ပွင့်လင်းလင်းပြောရရင် လေ့ကျင့်ကွင်းမှာ ဒေါင်ချာဆိုင်းပြီး ပြေးလွှားနေကြတဲ့ စစ်ဘက်သုံး ခွေးလိမ္မာလေးတွေနဲ့ သူနဲ့ ဘာမှ မကွာခြားလှတော့။ GuHai သူ့အဖြစ်သူ ဒီလိုသာ ပြောလိုက်ချင်တော့တာပဲ!
GuHai ဗီရိုကိုဖွင့်ပြီး အဝတ်အစားအချို့ကို လှန်လှောကြည့်တယ်။ သူ ဟိုအိမ်မှာ ရက်ပိုင်းလောက် နေမယ်စိတ်ကူးထားလို့။
BaiLuoYinတစ်ယောက် သူ့ကို အညှာအတာမရှိ စော်ကားမော်ကားပြောသွားတဲ့ ရက်ကစလို့၊ GuHaiရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းမှာ ခံစားချက်တွေ လွင့်ပါးကုန်ကြပြီ။ ခံစားချက်ဆိုတာ လူတစ်ယောက်ရဲ့နှလုံးသားက ဖော်ပြလာတဲ့ အဓိပ္ပာယ်တွေပဲ။ ဒါပေမယ့် ခံစားချက်ဆိုတာ မရှိတော့တဲ့ သူ့အတွက်တော့ နေရတာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါ။
အရင်က သူ့မိထွေးJiangYuangနဲ့ တမိုးအောက်မှာ နေရတာ အဆင်းရဲဆုံးဒုက္ခလို့ GuHai ထင်ထားခဲ့တာ။ အခုကျတော့ ဒါဟာလည်း ပြဿနာမဟုတ်တော့။ လူတွေပြောကြသလိုမျိုး... အချိန်ဆိုတာ ဝေဒနာကို ကုစားတတ်တဲ့ သဘောရှိတယ်ဆိုတာလေ။ ဒုက္ခတွေအပေါ် လူတွေရဲ့အမြင် ပြောင်းလဲလာဖို့ အချိန်ဆိုတာ လိုအပ်ပါတယ်။
သူ အဝတ်အစားတွေကို လှန်လှောရင်း ဗီရိုအောက်ခြေကို ရောက်သွားတော့ သပ်သပ်ရပ်ရပ် ခေါက်ထားပြီး ညစ်ပတ်သွားမှာစိုးလို့ အဝတ်ပါးပါးလေးတစ်ထည်နဲ့ ထုတ်ပိုးထားတဲ့ ကျောင်းဂျာကင်အင်္ကျ ီကို သွားတွေ့တယ်။
BaiLuoYinကိုယ်တိုင် လက်နဲ့လျှော်ပေးထားတဲ့ ကျောင်းဝတ်စုံလေ။
အဲ့ဒီအချိန်တုန်းကတော့ BaiLuoYinဟာ GuHaiအတွက် အနှိုင်းမဲ့ တန်ဖိုးထားရတဲ့လူပဲ။ သူ ဘယ်သူအပေါ်ကိုမှ BaiLuoYinကို ချစ်သလောက် မချစ်ဖူးခဲ့။ ဒါကြောင့် ရက်တွေ ဘယ်လိုပြောင်းပြောင်း ချစ်ရတဲ့သူအပေါ်ထားတဲ့ သူ့ခံစားချက်ကတော့ မပြောင်းမလဲ အရင်တိုင်းပါပဲ။
တို့ဆေးမိသွားသည့်နှယ် GuHaiဟာ အပေါ်ကဖုံးထားတဲ့ အဝတ်ပါးကို ဆွဲဖြဲပြီး ကျောင်းဝတ်စုံကို မြေပြင်ပေါ် ပစ်ချကာ ခြေထောက်နဲ့ မညှာမတာ နင်းခြေပစ်လိုက်တယ်။ တချက် နင်းလိုက်တိုင်း ကျောင်းဝတ်စုံကို နင်းတာမဟုတ်ဘဲ သူ့အသည်းနှလုံးသူ ချနင်းနေရသလို GuHai နာကျင်ရပါတယ်။
များမကြာမှီ တဆစ်ဆစ်နာတဲ့ နှလုံးသားဝေဒနာကြောင့် GuHaiရဲ့မျက်လုံးတွေမှာ ညှိုးငယ်ခြင်းတွေ ပေါ်လာတယ်။
တစက္ကန့်တောင် မကြာလိုက်။ နာကျင်မှုတွေဟာ သူ့အတွင်းစိတ်ထဲ တရွေ့ရွေ့ တိုးဝင်လာပြီး မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းဟာ သူ့နှလုံးအိမ်ကို ဆွဲချုပ်ပြီး တင်းနေအောင် ပတ်သွားတယ်။ နှောင်ကြိုးက တဒုတ်ဒုတ်ခုန်နေတဲ့ ကြွက်သွားစိုင်ကြီးကို ရက်စက်စွာ ဆွဲညှစ်နေတယ်။ သူ ဆန့်ဆန့်ကြီး ခံယူရုံကလွဲလို့ ဘာများ တတ်နိုင်သေးလို့လဲ။ နာကျင်မှုဟာ မခံရပ်နိုင်လောက်အောင် နာပါတယ်။ နာလွန်းလို့ GuHaiတစ်ယောက် နံရံနဲ့ခေါင်းနဲ့တောင် ပြေးဆောင့်လိုက်ချင်တယ်။
*အရူးကောင်၊ ဦးနှောက်မရှိတဲ့ကောင်။ မင်း ကိုယ်တိုင်အထိနာတဲ့အထိ အဲ့ကောင်မလေးအနားမှာ နေနေလိုက်။ အဲ့ဒီကောင်မလေးက မုသားတွေနဲ့ မင်းကို တပတ်ရိုက်နေတာကွ။ အနှေးနဲ့ အမြန်ဆိုသလို မင်း ဒုက္ခလှလှကြီးတွေ့မယ့် ရက်တော့ ရောက်လာဦးမှာပါ!*
--------
( မနက်ဖြန် ၃၀ရက် ရောက်ပြီနော်) ShiHui ကပြောတယ်။
BaiLuoYinက သူမကို အသာမော့ကြည့်ပြီး ( နင် ဘယ်တော့ပြန်မှာလဲ?)
( ပြန်ရမယ်? ငါက ဘယ်ကိုပြန်ရမှာလဲ?) ShiHuiရဲ့မျက်လုံးဝိုင်းကြီးတွေက အရောင်ထွက်နေတယ်။
( နိုင်ငံခြားကို ပြန်တော့လေ။ နင် စာတွေကို ဒီအတိုင်း ပစ်ထားခဲ့လို့မှ မရဘဲ၊ ဟုတ်တယ်မလား?)
ShiHuiရဲ့မျက်နှာမှာ အရေးမစိုက်တဲ့ပုံပေါ်လာပြီး ( ဒီတော့ ဘာဖြစ်လဲ။ ပစ်ထားခဲ့တယ်ဆိုတာ ပေါလို့ပေါ့။ ဘာတွေဖြစ်ဖြစ်ဟာ ငါကတော့ နင့်ဘေးမှာပဲ နေချင်တယ်)
( နင်...)
( ဘာမှ မပြောနဲ့တော့!) ShiHuiက နားကိုပိတ်ထားလျက် ( ငါ မကြားချင်ဘူး မကြားချင်ဘူး)
BaiLuoYin ဆေးလိပ်ကို မီးညှိပြီး ဘာစကားမှ မပြောတော့ဘဲ ဆေးလိပ်ဖွာနေတယ်။
ShiHuiရဲ့အာရုံထဲမှာတော့ သူ့ရှေ့မှာ လုပ်နေတဲ့ BaiLuoYinရဲ့အမူအရာတွေသာ ရှိတယ်။ သူတို့ စထိုင်ကတည်းက အခုဆို BaiLuoYin သောက်တဲ့ဆေးလိပ်ဟာ ၅လိပ်မြောက်ပဲ။ အများပြောကြတာကတော့ ယောက်ျားလေးတွေက အချိန်ကုန်စေချင်တဲ့အခါ ဆေးလိပ်ဖွာကြတယ် ဆိုပဲ။
BaiLuoYin မကြာခဏ ဆေးလိပ်သောက်နေတာက * အခုလို ငါနဲ့အတူတူ ရှိနေတဲ့အချိန်မှာတောင် သည်းမခံနိုင်တဲ့ အရာတခုခုများ သူ့မှာရှိနေလို့လား*ပဲ?
ShiHuiဟာ အခုလိုအတွေးမျိုးတွေ မတွေးမိဖို့ ကြိုးစားတယ်။ ဒီအတွေးတွေက သူမကို သတ်မှာမို့လို့။ ဒါပေမယ့်လည်း ဒီအတွေးတွေသာ သူမခေါင်းထဲ ထပ်ခါတလဲလဲ ဝင်ဝင်လာတယ်။ သူမ ပြန်ရောက်ကတည်းက BaiLuoYinရဲ့ အချိုးတွေ ပြောင်းနေတာ။
အစပိုင်းမှာတော့ စိတ်လှုပ်ရှားမှုနဲ့ ရင်ခုန်မှု အချို့တဝက်ကို သူမ ခံစားမိသေးတယ်။ အခုကျ အရေးမစိုက်သလို ပုံစံမျိုးပဲ ရှိတော့တယ်။ သူမ ထင်ထားတာက အကယ်လို့များ သူမသာ နည်းနည်းငိုပြလိုက်ရင် BaiLuoYinတစ်ယောက် သူမကို ပိုပြီး ဂရုစိုက်လာမှာပဲလို့။ ဒါပေမယ့် ရံဖန်ရံခါ သာမာန် စိတ်ပူပေးမှု၊ ဂရုစိုက်မှုကလွဲရင် သူမ ဘာမှမခံစားရပါ။
ဒီတော့လည်း သူမ စိတ်ပင်ပန်းလာလို့ မျက်ရည်ခိုးသုတ်ရသေးတယ်။ သူမ လက်လျှော့လိုက်ဖို့ စိတ်ကူးကြည့်ပါသေးတယ်။ ဒါပေမယ့် သူမ စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ခံစားချက်တွေ အားအင်တွေကို ပြန်ထည့်တွက်မိတော့ BaiLuoYinကို သူမ မစွန့်လွှတ်နိုင်တော့။
ခံစားချက်နဲ့ သံယောဇဉ်ဆိုတာ ပြန်တည််ဆောက်လို့ ရပါတယ်။ ဒါပေမယ့် ရတာမလို လိုတာမရဖြစ်နေတဲ့ လူမျိုးအတွက်ကျ မခက်ဘူးလား။
( BaiLuoYin ငါတို့နှစ်ယောက် အတူတူ နိုင်ငံခြား သွားရအောင်လား? ဒါမှ ငါလည်း စာတွေနောက်မကျတော့သလို နင်လည်း ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ။ အရင်က နင့်မှာ ရွေးချယ်စရာ မရှိခဲ့လို့လေ။ အခု ရှိလာပြီဆိုတော့ နင် နိုင်ငံခြားထွက်ပြီး အကောင်းဆုံး ကြိုးစားကြည့်ပါလားဟင်? နင်သိလား... နိုင်ငံခြားမှာ အထက်တန်းကျောင်းသားဘဝက သိပ်ကောင်းတာ။ ဒီနိုင်ငံမှာနဲ့များ တခြားစီပဲ။ ဒီမှာက ပျင်းစရာကြီး၊ လူ့ဘဝရဲ့အရသာ ဘာမှမရှိဘူး။ နင့်ကို လွမ်းလွန်းလို့သာ ငါကပြန်လာတာ။ မဟုတ်ရင် ဒီကို ပြန်ဖို့များ ငါက စိတ်တောင်မကူးဘူး။ နော်... နင် စဉ်းစားကြည့်မယ် မလားဟင်?)
------------
မိသားစု ၃ယောက်သား ထမင်းစားနေကြတုန်း JiangYuanက စိတ်လှုပ်ရှားစွာနဲ့ ပြောလာတယ်။ ( သိလား၊ LuoYin နိုင်ငံခြား သွားမယ့်ကိစ္စ မျှော်လင့်ချက်ပေါ်လာပြီ)
ဒီစကားကိုကြားတော့ GuHaiရဲ့မျက်နှာအရောင်ပြောင်းသွားတယ်။ ဒါပေမယ့် ဘာမှမဖြစ်သလို ဟန်လုပ်ကာ ထမင်းဆက်စားနေလိုက်တယ်။
( သူ့ဖာသာသူ ပြောလာတာလား?) GuWeiTing မေးတယ်။
( အဲ့လို သဘောမျိုးပေါ့)
JiangYuan ပြောရင်းပြောရင်း အူရွှင်လာပြီး ငါးတစ်တုံးကို GuHai ပန်းကန်ထဲ ထည့်ပေးပြီး ( ရှောင်ဟိုင် သားလည်း အတူတူ သွားပါလား။ သားတို့နှစ်ယောက်ဆိုတော့ တစ်ယောက်ကိုယ်တစ်ယောက် စောင့်ရှောက်နိုင်တာပေါ့)
( ကျွန်တော် မသွားချင်ဘူး)
( ဟယ်? သားတို့နှစ်ယောက်က သိပ်လည်း စိတ်ချင်းနီးကြပါလား။ တစ်ယောက်ကိုယ်တစ်ယောက် ထားမသွားနိုင်လောက်အောင်ပဲလား?)
GuHaiက လေသံမာမာနဲ့ ပြန်ပက်တယ်။
( ကျွန်တော် မသွာချင်ဘူးလို့)
JiangYuanက ဆက်ပြောချင်သေးတယ်ပေမယ့် GuWeiTingက စကားပြောလာတယ်။ ( သူ မသွားချင်ဘူးဆိုလည်း နေပါစေ။ သူ ဒီမှာနေပြီး နောက်မှ တပ်ထဲဝင်လို့ ရတာပဲ။ တပ်ထဲဝင်လိုက်တာက နိုင်ငံခြားပညာသင်သွားတာနဲ့ မထူးပါဘူး)
( ဟုတ်တာပေါ့...)JiangYuanက ရယ်လျက် ဘာမှပြောစရာမရှိတော့။
GuHai ထပ်ပြောလာပြန်တယ်။ ( ကျွန်တော် တပ်ထဲလည်း မဝင်ချင်ဘူး)
( မင်းက တပ်ထဲ မဝင်ချင်ဘူး ဟုတ်လား?) ဒီတခါ GuWeiTingကြီးက မျက်မှောင်ကြီး ကြုတ်လျက် ( ဘာကြောင့်လဲ? မင်း ငယ်ငယ်လေးကတည်းက တပ်ထဲမှာ ကြီးလာတာပဲ။ မင်း အပြင်မှာ လုပ်စရာမရှိရင်၊ မင်းပဲ တပ်ထဲ ပြန်ပြန်လာပြီးတော့။ ကဲ နေပါဦး၊ မင်းက တပ်ထဲမဝင်ချင်ရင် ဘာလုပ်ချင်တာလဲ?)
GuHaiဟာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ GuWeiTingကို ကြည့်လျက် အမူအရာကင်းမဲ့တဲ့ မျက်နှာထားနဲ့ ပြောလာတယ်။ ( ကျွန်တော် တပ်ထဲကို ပြန်ပြန်လာတာက ကျွန်တော် တပ်ထဲမှာ နေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်မှ မဟုတ်တာ)
သူ ပြောပြီးတာနဲ့ တူကိုချပြီး အခန်းထဲကို ပြန်သွားလိုက်တယ်။
GuWeiTingက ထရပ်ချင်ပေမယ့် JiangYuanက သူ့ကိုတားထားတယ်။
( နှစ်သစ်ကူးကြီးလေ။ သူ့ကို ဖိအားတွေ ပေးမနေပါနဲ့တော့။ နှစ်သစ်ကူးပြီးသွားမှ ဒီစကားစကို ပြန်ဆက်ကြတာက.......)
ပြောနေရင်းတန်းလန်း ဘေးမှာတင်ထားတဲ့ ဟမ်းဖုန်းမြည်လာတယ်။ JiangYangက GuWeiTingရဲ့ပုခုံးကို ပုတ်ပြီး ( ကျွန်မ ဖုန်းသွားပြောလိုက်ဦးမယ်နော်။ ရှင် ထမင်းဖြည်းဖြည်းစားနှင့်)
သူမ ဖုန်းကို နားနဲ့ကပ်လိုက််တာနဲ့ တဖက်ကနေ ချိုသာတဲ့အသံလေး နှုတ်ဆက်လာတာကို ကြားလိုက်ရတယ်။
( အန်တီ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်)
( ဟယ် ဒါက ShiHui မဟုတ်လား?) JiangYuanက ဝမ်းသာမှုနဲ့ မျက်ခုံးလေး ပင့်လို့။ နှုတ်ခမ်းမှာလည်း အပြုံးတွေနဲ့။
( အန်တီတောင် အခုလေးတင် ထမင်းစားပြီးတာကွယ်။ သမီးရဲ့ မိဘတွေကိုလည်း အန်တီနှုတ်ဆက်တယ်လို့ ပြောပေးဦး)
( ဟုတ်ကဲ့ပါ။ အန်တီ)
JiangYuanဟာ ချက်ချင်းပဲ စိတ်ထဲ ခိုးလိုးခုလုဖြစ်နေတဲ့ စကားခေါင်းစဉ်ကို ပြောင်းမေးလိုက်တယ်။
( ဒါနဲ့၊ သမီး LuoYinနဲ့ စကားပြောတာ ဘယ်နှယ့်နေလဲ? ဟိုတခေါက် သမီးကိုငဲ့ပြီး နိုင်ငံခြားကို LuoYin လိုက်ချင်လိုက်မှာလို့ သမီးပြောခဲ့တာလေ)
( ဟုတ်ကဲ့။ ဒါပေမယ့် သမီး အခု နဲနဲလေး အခက်တွေ့နေရတယ်။ BaiLuoYinက သူ့အဖေကို မခွဲနိုင်ဘူး ဖြစ်နေလို့လေ)
JiangYuanက မျက်မှောင်တွန့်လျက် ( အဲ့ဒီ အဘိုးကြီးBaiက ဆူးညှောင့်ခလုတ်ဖြစ်နေမယ်ဆိုတာ အန်တီသိသားပဲ။ စိတ်မပူနဲ့သမီး။ အန်တီ နောက်မှ LuoYinဆီသွားပြီး နားချကြည့်ဦးမယ်)
( မိုက်တယ်။ အန်တီကတော့ တကယ်စွမ်းတာပဲ)
( အန်တီက သမီးလောက် မစွမ်းပါဘူး သမီးရဲ့။ ဒီကိစ္စကို အရင်ကလည်း အထပ်ထပ်အခါခါ အန်တီ သူ့ကိုပြောဖူးတယ်။ သူက တုတ်တုတ်မှမလှုပ်ဘူး။ အခု သူ စဉ်းစားကြည့်နေပြီ ဆိုတော့၊ သမီးရဲ့ကြိုးစားမှု အစွမ်းပြလို့ပဲပေါ့)
( ဒါပေမယ့်... သမီးကိုယ်သမီး အသုံးမကျဘူးလို့ပဲဲ ထင်နေမိတယ်)
( ဖြစ်ရလေ အန်တီရဲ့မယ်ကံကောင်းလေးရယ်၊ သမီးက အရည်အချင်းရှိတာထက်ကို ပိုပါတယ်။ အန်တီ့စကားကို နားထောင်စမ်း။ ခုချိန်ကစပြီး သူ့ကို အဲ့ဒီအကြောင်း များများပြောပေး။ ခဏခဏ သတိပေးနေ။ သူ့အဖေကိစ္စကိုတော့ အန်တီ့တာဝန်သာ ထားလိုက်။ အန်တီ ကြည့်လုပ်လိုက်မယ်။ တိုတိုပြောရရင်တော့ကွယ်... အန်တီနဲ့သမီး ပူးပေါင်း လုပ်ဆောင်ကြတာပေါ့ )
( ကောင်းပါပြီ အန်တီ။ အန်တီ့ကို သမီး စိတ်မပျက်စေရပါဘူး)
End of Chapter 126
Continue Reading
You'll Also Like
304K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
299K 10.7K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 60.2K 49
298K 12.6K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...