Zawgyi
အပိုင္း (၈၇၃) – ဆက္ေစာင့္ၾကည့္ျခင္း
ရွီမာယူယူသည္ သတင္းေပးရန္မုန္႔ဆန္းခၽြယ္ကို သြားရွာခဲ့သည္။ သို႔ေသာ္ သူ၏တုန္႔ျပန္မႈမွာ အံ့ၾသစရာပင္။
မုန္႔ဆန္းခၽြယ္ ေျပာလုိက္သည္ "အခုကစျပီး ေရွာင္ခ်ီ႕ကို သူမဘာသာ တစ္ေယာက္တည္း သြားခြင့္မျပဳတာေကာင္းမယ္"
ဆိုလိုတာက သူက ဂုိဏ္းနယ္ေျမမွာ တစ္ေယာက္ေယာက္ပုန္းေနတယ္ ဆိုတာ သူသိျပီးသားေပါ့။
သို႔ေသာ္ သူမ အေမးကိုပင္ သူမေစာင့္ပဲ လက္ရမ္းကာ ေျပာလုိက္ သည္ "မင္း မနက္ျဖန္ျပိဳင္ပြဲအတြက္ ျပန္သြားျပီးျပင္ဆင္သင့္တယ္၊ ငါ မင္းကို အမ်ားၾကီးေမွ်ာ္လင့္ထားတယ္၊ မွတ္ထားပါ ေရွာင္ခ်ီ႕ကိုတစ္ေယာက္တည္း မသြားေစနဲ႔"
"သိပါျပီ" ရီွမာယူယူ ေခါင္းညိမ့္ကာ ထြက္လာလုိက္သည္။
"ဘယ္လိုလဲ" ေရွာင္ခ်ီသည္ သူမကိုရံုးခန္းေအာက္တြင္ ေစာင့္ေနကာ သူမ ထြက္လာသည္ကိုျမင္သည္ႏွင့္ ေမွ်ာ္လင့္တၾကီးေမးေလသည္။
သူမသည္ ေရွာင္ခ်ီ႕ကိုေခၚမသြားရျခင္းမွာ သူ႔ကိုျမင္သည္ႏွင့္ ရိုက္မည္ ကိုစိုးေသာေၾကာင့္ပင္။
"ဂုိဏ္းက အစကတည္းကသိျပီးသားထင္တယ္၊ သူတုိ႔ မလႈပ္ရွားေသး တာပဲရွိတာ၊ သူတို႔ တစ္ခုခုကိုေစာင့္ေနတာျဖစ္မယ္" ရွီမာယူယူ ေျပာလုိက္ သည္ "မင္း ေတာင္ရဲ႕အေနာက္ဘက္ကို တစ္ေယာက္တည္းမသြားနဲ႔လုိ႔ ဒါရိုက္တာမုန္႔က မွာလုိက္တယ္၊ ဂုိဏ္းေျမထဲမွာ မင္းတစ္ေယာက္ထဲ ေလွ်ာက္မသြားတာ ပိုေကာင္းမယ္"
"ဒါဆို သူတို႔က ေရွာင္ခ်ီ႕ေၾကာင့္ ဒီကိုလာၾကတာေပါ့" ဝမ္စီေျမာင္ ေျပာ လိုက္သည္။
"ခင္ဗ်ားလည္းသိတာလား" ရွီမာယူယူသည္ သတိခ်ပ္ထားကာ သူ႔ကို ၾကည့္လုိက္သည္။
"စိတ္ေအးေအးထား" ဝမ္စီေျမာင္ ေျပာလုိက္သည္ "ငါ ဘာလႈပ္ရွားမႈမွ လုပ္မထားဘူး"
"ဘာလႈပ္ရွားမႈမွမလုပ္ဘူး ဟုတ္လား" ရီွမာယူယူသည္ သူ႔ကုိၾကည့္ လုိက္သည္။ သူသာ ေရွာင္ခ်ီ႕ကိုဇာတ္လမ္းဆင္ရဲပါက ဘာလုပ္ရမည္ကို သူမ ေသခ်ာစဥ္းစားရေတာ့မည္။
"ဟုတ္တယ္" ဝမ္စီေျမာင္သည္ သူမ၏ တည္ျငိမ္မႈကိုၾကည့္ျပီး "ေရွာင္ခ်ီက ကမာၻေျမၾကီးမ်က္လံုးဆိုတာ ငါသိတယ္၊ ဒါေပမဲ့ ငါဒီသတင္းကို ဘယ္သူ႔ကိုမွာ ေျပာဖုိ႔အစီအစဥ္မရွိခဲ့ဘူး၊ ငါကိုယ္တုိင္လည္း ဖမ္းဖို႔အစီအစဥ္ မရွိဘူး ျပီးေတာ့ ငါ့မွာလည္း အဲလိုလုပ္ႏုိင္စြမ္းမရွိဘူး"
"ဘယ္လိုသိသြားတာလဲ"
"ေရွာင္ခ်ီ႕ရဲ႕စြမ္းရည္က လူသားရဲ႕လုပ္ႏုိင္စြမ္းထက္သာလြန္ေနတယ္၊ ဒါကိုက ပံုမွန္မဟုတ္ဘူး၊ ေရွာင္ခ်ီက ငယ္ငယ္ကတည္းက အရမ္း အားေကာင္းတယ္၊ အဲဒါေၾကာင့္ အဲတုန္းကတည္းက ငါတို႔သံသယဝင္ေနျပီ" ဝမ္စီေျမာင္ ေျပာလုိက္သည္ "အဲတုန္းက ေရွာင္ခ်ီ႕ကို အသြင္ေျပာင္းထားတဲ့ မိစာၦလို႔ထင္ေနၾကတာ၊ ဒါေပမဲ့ ငါတုိ႔ဆရာေတြကိုေမးၾကည့္ေတာ့ ဂုိဏ္းမွာက အသြင္ေျပာင္းမိစာၦတစ္ေကာင္မွမရွိဘူးလို႔ေျပာၾကတယ္၊ အဲတုန္းက ေရွာင္ခ်ီ က ကမာၻေျမၾကီးမ်က္လံုးဆိုတာကို ငါတုိ႔ခန္႔မွန္းခဲ့ၾကတယ္"
ရွီမာယူယူသည္ သူေျပာတာမွန္လားမမွန္လားဆိုသည္ကို တြက္ခ်က္ ရင္း သူ႔ကိုၾကည့္လိုက္သည္။
"ေနာက္ေတာ့ ေရွာင္ခ်ီနဲ႔ငါက နည္းနည္းအျပန္အလွန္အတုန္႔အျပန္ ေလးေတြရွိခဲ့ေပမယ့္ အဲဒါကိုအမ်ားၾကီးမစဥ္းစားခဲ့ဘူး၊ ေနာက္မွ သူမရဲ႕ ဆင့္ကဲျဖစ္စဥ္ကိုေတြ႕လိုက္ေတာ့ သူမရဲ႕ သရုပ္မွန္ကို ပိုထင္ရွားသြားတယ္" ဝမ္စီေျမာင္ ေျပာလုိက္သည္ "ဒါေပမဲ့ ငါဘယ္သူ႔ကိုမွမေျပာဖူးဘူး"
"အဲဒါေၾကာင့္ ခင္ဗ်ားခန္႔မွန္းမိတယ္ဆိုကတည္းက ပန္က်ားနန္လည္း ခန္႔မွန္းမိမွာပဲ၊ ဒါမွမဟုတ္ ခင္ဗ်ားတို႔တစ္ဖြဲ႕လံုးလည္းျဖစ္ႏုိင္တယ္" ရီွမာယူယူ ေျပာလုိက္သည္။
"အဲလိုမဟုတ္ပါဘူး" ဝမ္စီေျမာင္ ေျပာလုိက္သည္ "ပန္က်ားနန္သိတယ္ ဆိုတာက သူက ေရွာင္ခ်ီ႕ကိုရဖို႔အတြက္ ဒီကိုတမင္လာခဲ့တာေၾကာင့္ပဲ၊ ငါက ေရွာင္ခ်ီနဲ႔ နည္းနည္းအျပန္အလွန္ေလးေတြရွိေတာ့ ခန္႔မွန္းမိတာ၊ အဲဒါ ေၾကာင့္ပဲ အားလံုးက ဆက္သြယ္မႈေတြမလုပ္ၾကတာပဲ၊ တျခားသူေတြက ဒါကို အာရံုမစိုက္ရင္ေတာ့ မသိၾကပါဘူး"
"ယူယူ သူက ေရွာင္ခ်ီ႕ကိုထိခိုက္ေအာင္မလုပ္ပါဘူး" ေရွာင္ခ်ီ ေျပာေလ သည္။
သူမသည္ ဝမ္စီေျမာင္အေပၚ ယံုၾကည္ခ်က္ရွိေနသည္ကို ရွီမာယူယူ ျမင္ေသာအခါ သူ႔ကိုအဆိပ္ေျဖေဆးေပးခဲ့သည္ကို သတိသြားရသည္။ ဆိုလို သည္မွာ ေရွာင္ခ်ီသည္ သူ႔ကိုယံုၾကည္သည္။
ေရွာင္ခ်ီဘာမွမေျပာသျဖင့္ သူမလည္း မေျပာေတာ့ေပ။ သူမသည္ သူ႔အေပၚ အနည္းငယ္အာရံုစိုက္ရေတာ့မည္။
"ဟင္" သူမသည္ သတင္းအသစ္သိလုိက္ရေသာအခါ သူမ၏ အမူအရာေျပာင္းသြားသည္။
"ဘာလဲ ယူယူ" ေရွာင္ခ်ီ ေမးလုိက္သည္။
ရွီမာယူယူသည္ ဝမ္စီေျမာင္အားၾကည့္ျပီး ေျပာလုိက္သည္ "ပန္က်ားနန္က အဲဒီဝတ္ရံုလူနဲ႔ ေတြ႕တယ္လို႔ နီရဲပ်ားေတြ သတင္းပို႔တယ္"
"သူတုိ႔ဘယ္မွာလဲ" ဝမ္စီေျမာင္ ေမးလိုက္သည္။
"အေနာက္ဘက္ေတာင္မွာ"
ရွီမာယူယူ အေနာက္ဘက္ေတာင္မ်ားဆီသို႔သြားခဲ့စဥ္က ရွည္လ်ား က်ယ္ျပန္႔ေသာ ေတာင္မ်ားကို ေတြ႕ေသာအခါ သက္ျပင္းခ်မိသည္။ ထို အေနာက္ဘက္ေတာင္မ်ားသည္ မေကာင္းမႈမ်ားျပဳလုပ္ရာတြင္ စံထားရ ေလာက္ေသာေနရာျဖစ္သည္။ မေကာင္းမႈျပဳလုပ္ရန္ ထိုေနရာတြင္ပုန္း ေအာင္းေနသည္မွာ ထို႔ထက္ အေျမာ္အျမင္မရွိႏုိင္ေတာ့ေပ။
သူမသည္ ေရွာင္ခ်ီႏွင့္ ဝမ္စီေျမာင္တို႔အား ေတာင္အေရွ႕ဘက္သို႔ ေခၚ သြားကာ ေျပာလုိက္သည္ "တစ္ဖက္က အားမေကာင္းဘူး ခင္ဗ်ားရဲ႕ ေရာင္ဝါ ကိုသိမ္းထားလို႔ရမလား"
ဝမ္စီေျမာင္ေခါင္းညိမ့္ကာ သိုင္းတစ္ကြက္သံုးလိုက္သည္။ သူ၏ ေရာင္ဝါခပ္ေဖ်ာ့ေဖ်ာ့သည္ ခ်က္ခ်င္းပင္ သိမ္းျပီးသားျဖစ္သြားသည္။ သူမ ေရွ႕တြင္ သူရပ္မေနပါက သူ႔ကိုသတိထားမိေတာ့မည္မဟုတ္ေပ။
အားေကာင္းလိုက္တဲ့ ပုန္းကြယ္သိုင္းပါလား။ သူမသိုင္းထက္ ပို၍ အားေကာင္းသည္။
သူမသာ ထိုသုိင္းကိုသင္လုိက္ျပီးေနာက္ သူမ၏ အင္အားစုမွ လူမ်ားကို လက္ဆင့္ကမ္းလုိက္ပါက သူမသည္ ပိုအားေကာင္းလာမည္။
ဒီလူသည္ သူမႏွင့္ သေဘာတူညီခ်က္လုပ္ပါ့မလားဆိုသည္ကို သူမ မသိႏုိ္င္ေပ။
ဝမ္စီေျမာင္သည္ ရွီမာယူယူ သူ႔ကိုစိုက္ၾကည့္ေနသည္ကို သတိထားမိ ျပီး မေကာင္းေသာခံစားခ်က္ျမင့္တက္လာသည္။ သူသည္ ေၾကာင္တစ္ ေကာင္က ေခ်ာင္ပိတ္ထားေသာ ၾကြက္ကဲ့သို႔ျဖစ္ေနသည္။
"ဘာလဲ"
"ဘာမွမဟုတ္ပါဘူး" ရွီမာယူယူသည္ သူ႔အားသြားျဖဲျပလုိက္သည္ "ခင္ဗ်ားက ေရာင္ဝါကိုေသခ်ာေဖ်ာက္ထားမွေတာ့ သြားလုိ႔ရျပီေလ"
သူတို႔သံုးေယာက္သည္ ပိုနီးေအာင္ တိတ္တဆိတ္သြားရာ လွ်ိဳ႕ဝွက္ ေသာေနရာတစ္ခုအေရာက္တြင္ ပုန္းျပီး ပန္က်ားနန္ႏွင့္ ဝတ္ရံုဝတ္လူတို႔ ေျပာေနသည္မ်ားကို ေခ်ာင္းနားေထာင္လုိက္သည္။
"ငါေျပာတာ မွတ္မိလား" ပန္က်ားနန္ေျပာလုိက္သည္။
"မင္းေျပာတဲ့လူေတြကို ငါမွတ္ျပီးျပီ၊ ဒါေပမဲ့ ေစ်းက..." ဝတ္ရံုဝတ္လူ၏ အသံမွာ ကြဲအက္အက္ျဖစ္သည္။ ထိုအသံသည္ သူ၏မူရင္းအသံလား လုပ္ၾကံထားသလားဆိုသည္ကို သူတို႔မသိၾကေပ။
"လူတစ္ေယာက္ကို အလယ္အလတ္အဆင့္ေက်ာက္၁သိန္း" ပန္က်ား နန္ ေျပာလိုက္သည္ "ဒါကသင့္ေတာ္တဲ့ေစ်းပဲ"
"အလယ္အလတ္ေက်ာက္၁သိန္းဟုတ္လား၊ အဲဒါက အဆင္ေျပတယ္ ဆိုရံုေလာက္ပဲ" အနက္ဝတ္လူသည္ ျပန္ေျဖေလသည္ "ငါတို႔ အရင္စည္းမ်ဥ္း အတိုင္းသြားရမွာပဲ တစ္ဝက္ေပးျပီး က်န္တစ္ဝက္ကို သူတို႔ေခါင္းျမင္တာနဲ႔ ေခ်ရမယ္"
ပန္က်ားနန္သည္ ေက်ာက္ကတ္ကိုထုတ္ကာ သူ႔ဆီပစ္ေပးရင္း ေျပာ လုိက္သည္ "မင္း ျမန္ႏိုင္သေလာက္ျမန္ျမန္လုပ္ဖို႔ ေမွ်ာ္လင့္တယ္"
"မင္းျမန္ျမန္လုပ္ခ်င္ရင္ေတာင္ အဲေလာက္ျမန္ဖို႔ကမျဖစ္ႏုိင္ဘူး၊ ငါတို႔ ဂိုဏ္းနယ္ေျမမွာ ဘာလႈပ္ရွားမႈမွလုပ္မရဘူး၊ သူတုိ႔အျပင္သြားတာနဲ႔ ေသခ်ာ စီစဥ္ထားလုိက္မယ္" အနက္ဝတ္လူ ေျပာေလသည္။
"ေကာင္းျပီ ငါသိျပီ" ပန္က်ားနန္ ေျပာလိုက္သည္ "ျပန္လို႔ရျပီ"
သို႔ေသာ္ အနက္ဝတ္လူသည္ မလႈပ္ေပ။
"ဘာျဖစ္လို႔လဲ" ပန္က်ားနန္သည္ စိတ္မရွည္စြာ ေျပာလိုက္သည္။
"အရင္ကအေျခအေနကိုေျပာတာ၊ မင္းက ဝမ္စီေျမာင္ရဲ႕ သရုပ္မွန္ကို ဖြက္ထားတာပဲ" အနက္ဝတ္လူေျပာလုိက္သည္ "မင္းက သူ႔ကိုသတ္ဖို႔ အတြက္ အခ်စ္လုဖက္လို႔ဆင္ေျခေပးခဲ့တာ၊ ဒါေပမဲ့ အခုငါတုိ႔ၾကားတဲ့ သတင္းက အဲလိုမဟုတ္ဘူး"
"ဘာသတင္းလဲ"
"ဝမ္စီေျမာင္က ဝမ္မ်ိဳးႏြယ္ကပဲ၊ မင္းတို႔ပန္မ်ိဳးႏြယ္လိုပဲ လႊမ္းမိုးမႈအား ေကာင္းတဲ့ မ်ိဳးႏြယ္ပဲ၊ မင္းတို႔ မ်ိဳးႏြယ္ႏွစ္ခုၾကားကို မင္းကျပိဳင္ဘက္မျဖစ္ခ်င္ ဘူး၊ ဒါေပမဲ့ မင္းက ငါတို႔ကိုတကယ့္အေျခအေနမွန္ကို ဖံုးကြယ္ထားတာပဲ အဲဒါေၾကာင့္ ငါတုိ္႔ရဲေဘာ္ရဲဘက္ေတြ အမ်ားၾကီးဆံုးရံႈးခဲ့တယ္၊ မင္းငါတို႔ကို နစ္နာမႈအတြက္ ျပန္ေပးသင့္တယ္မထင္ဘူးလား" အနက္ဝတ္လူေျပာလုိက္ သည္။
"ဝမ္စီေျမာင္ရဲ႕ အေျခအေနက သူ႔သရုပ္မွန္နဲ႔ဘာမွမဆိုင္ဘူးေလ၊ သူ ကံၾကမၼာကႏၱာရကေနထြက္မသြားခင္ ရွီမာယူယူ သူ႔ကိုေပးလုိက္တဲ့ အဆိပ္ ေၾကာင့္ပဲ၊ မင္းလူေတြက်သြားတာက အဆိပ္မိလို႔ပဲ သူတို႔က ဝမ္စီေျမာင္ သတ္တာခံလိုက္ရတာ၊ အဲဒါေၾကာင့္ ဘယ္သူ႔ကိုမွ အျပစ္တင္လို႔မရဘူး၊ မင္း သူ႔ကိုပဲသြားအျပစ္တင္လုိက္" ပန္က်ားနန္ ပခံုးတြန္႔ကာ စိုးရိမ္မႈမရွိ ေျပာ လုိက္သည္။
"ရွီမာယူယူ...."
"ဟုတ္တယ္ မင္းလူေတြအသတ္ခံရတာ ငါ့ေၾကာင့္မဟုတ္ဘူး၊ သူက ငါတို႔ဘာလုပ္မယ္ဆိုတာ သိေနလို႔ပဲ မင္းသူ႔ကိုမသတ္ရင္ မင္းရဲ႕လွ်ိဳ႕ဝွက္ ခ်က္ကို ကိုယ့္ဘာသာထိန္းထားေပေတာ့" ပန္က်ားနန္ေျပာလုိက္သည္ "မင္း မသြားရင္ ငါသြားမယ္၊ တစ္ေယာက္ေယာက္က ငါတုိ႔ကိုျမင္သြားရင္ ျပႆနာ ျဖစ္မယ္"
ေျပာျပီးေနာက္တြင္ သူပ်ံသြားရာ အနက္ဝတ္လူ ေနာက္တြင္ က်န္ခဲ့ ေလသည္။
"ဒါက ဂိုဏ္းနယ္ေျမမွာပုန္းေနတဲ့ လူသတ္ဂုိဏ္းကလား" ရီွမာယူယူ သည္ ဝမ္စီေျမာင္အား ပေဟဠိဆန္စြာ ၾကည့္လုိက္သည္။
ဝမ္စီေျမာင္ ေခါင္းရမ္းလုိက္သည္ "ငါလည္းမသိဘူး၊ ဒါကိုပထမဆံုး ၾကားဖူးတာပဲ"
"အဲလူကထြက္သြားျပီ ငါတို႔ဘာလုပ္ၾကမလဲ" ေရွာင္ခ်ီသည္ ရွီမာယူယူ ၏ အက်ႋလက္ကိုဆြဲျပီးေျပာေလသည္။
"ဘာလုပ္ရမွာလဲ သူ႔ကိုဖမ္းျပီးေတာ့ စကားေျပာရမွာေပါ့" ရွီမာယူယူူ ေျပာျပီးေနာက္တြင္ ပုန္းေနရာမွပ်ံထြက္လုိက္သည္။
Unicode
အပိုင်း (၈၇၃) – ဆက်စောင့်ကြည့်ခြင်း
ရှီမာယူယူသည် သတင်းပေးရန်မုန့်ဆန်းချွယ်ကို သွားရှာခဲ့သည်။ သို့သော် သူ၏တုန့်ပြန်မှုမှာ အံ့သြစရာပင်။
မုန့်ဆန်းချွယ် ပြောလိုက်သည် "အခုကစပြီး ရှောင်ချီ့ကို သူမဘာသာ တစ်ယောက်တည်း သွားခွင့်မပြုတာကောင်းမယ်"
ဆိုလိုတာက သူက ဂိုဏ်းနယ်မြေမှာ တစ်ယောက်ယောက်ပုန်းနေတယ် ဆိုတာ သူသိပြီးသားပေါ့။
သို့သော် သူမ အမေးကိုပင် သူမစောင့်ပဲ လက်ရမ်းကာ ပြောလိုက် သည် "မင်း မနက်ဖြန်ပြိုင်ပွဲအတွက် ပြန်သွားပြီးပြင်ဆင်သင့်တယ်၊ ငါ မင်းကို အများကြီးမျှော်လင့်ထားတယ်၊ မှတ်ထားပါ ရှောင်ချီ့ကိုတစ်ယောက်တည်း မသွားစေနဲ့"
"သိပါပြီ" ရှီမာယူယူ ခေါင်းညိမ့်ကာ ထွက်လာလိုက်သည်။
"ဘယ်လိုလဲ" ရှောင်ချီသည် သူမကိုရုံးခန်းအောက်တွင် စောင့်နေကာ သူမ ထွက်လာသည်ကိုမြင်သည်နှင့် မျှော်လင့်တကြီးမေးလေသည်။
သူမသည် ရှောင်ချီ့ကိုခေါ်မသွားရခြင်းမှာ သူ့ကိုမြင်သည်နှင့် ရိုက်မည် ကိုစိုးသောကြောင့်ပင်။
"ဂိုဏ်းက အစကတည်းကသိပြီးသားထင်တယ်၊ သူတို့ မလှုပ်ရှားသေး တာပဲရှိတာ၊ သူတို့ တစ်ခုခုကိုစောင့်နေတာဖြစ်မယ်" ရှီမာယူယူ ပြောလိုက် သည် "မင်း တောင်ရဲ့အနောက်ဘက်ကို တစ်ယောက်တည်းမသွားနဲ့လို့ ဒါရိုက်တာမုန့်က မှာလိုက်တယ်၊ ဂိုဏ်းမြေထဲမှာ မင်းတစ်ယောက်ထဲ လျှောက်မသွားတာ ပိုကောင်းမယ်"
"ဒါဆို သူတို့က ရှောင်ချီ့ကြောင့် ဒီကိုလာကြတာပေါ့" ဝမ်စီမြောင် ပြော လိုက်သည်။
"ခင်ဗျားလည်းသိတာလား" ရှီမာယူယူသည် သတိချပ်ထားကာ သူ့ကို ကြည့်လိုက်သည်။
"စိတ်အေးအေးထား" ဝမ်စီမြောင် ပြောလိုက်သည် "ငါ ဘာလှုပ်ရှားမှုမှ လုပ်မထားဘူး"
"ဘာလှုပ်ရှားမှုမှမလုပ်ဘူး ဟုတ်လား" ရှီမာယူယူသည် သူ့ကိုကြည့် လိုက်သည်။ သူသာ ရှောင်ချီ့ကိုဇာတ်လမ်းဆင်ရဲပါက ဘာလုပ်ရမည်ကို သူမ သေချာစဉ်းစားရတော့မည်။
"ဟုတ်တယ်" ဝမ်စီမြောင်သည် သူမ၏ တည်ငြိမ်မှုကိုကြည့်ပြီး "ရှောင်ချီက ကမ္ဘာမြေကြီးမျက်လုံးဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါဒီသတင်းကို ဘယ်သူ့ကိုမှာ ပြောဖို့အစီအစဉ်မရှိခဲ့ဘူး၊ ငါကိုယ်တိုင်လည်း ဖမ်းဖို့အစီအစဉ် မရှိဘူး ပြီးတော့ ငါ့မှာလည်း အဲလိုလုပ်နိုင်စွမ်းမရှိဘူး"
"ဘယ်လိုသိသွားတာလဲ"
"ရှောင်ချီ့ရဲ့စွမ်းရည်က လူသားရဲ့လုပ်နိုင်စွမ်းထက်သာလွန်နေတယ်၊ ဒါကိုက ပုံမှန်မဟုတ်ဘူး၊ ရှောင်ချီက ငယ်ငယ်ကတည်းက အရမ်း အားကောင်းတယ်၊ အဲဒါကြောင့် အဲတုန်းကတည်းက ငါတို့သံသယဝင်နေပြီ" ဝမ်စီမြောင် ပြောလိုက်သည် "အဲတုန်းက ရှောင်ချီ့ကို အသွင်ပြောင်းထားတဲ့ မိစ္ဆာလို့ထင်နေကြတာ၊ ဒါပေမဲ့ ငါတို့ဆရာတွေကိုမေးကြည့်တော့ ဂိုဏ်းမှာက အသွင်ပြောင်းမိစ္ဆာတစ်ကောင်မှမရှိဘူးလို့ပြောကြတယ်၊ အဲတုန်းက ရှောင်ချီ က ကမ္ဘာမြေကြီးမျက်လုံးဆိုတာကို ငါတို့ခန့်မှန်းခဲ့ကြတယ်"
ရှီမာယူယူသည် သူပြောတာမှန်လားမမှန်လားဆိုသည်ကို တွက်ချက် ရင်း သူ့ကိုကြည့်လိုက်သည်။
"နောက်တော့ ရှောင်ချီနဲ့ငါက နည်းနည်းအပြန်အလှန်အတုန့်အပြန် လေးတွေရှိခဲ့ပေမယ့် အဲဒါကိုအများကြီးမစဉ်းစားခဲ့ဘူး၊ နောက်မှ သူမရဲ့ ဆင့်ကဲဖြစ်စဉ်ကိုတွေ့လိုက်တော့ သူမရဲ့ သရုပ်မှန်ကို ပိုထင်ရှားသွားတယ်" ဝမ်စီမြောင် ပြောလိုက်သည် "ဒါပေမဲ့ ငါဘယ်သူ့ကိုမှမပြောဖူးဘူး"
"အဲဒါကြောင့် ခင်ဗျားခန့်မှန်းမိတယ်ဆိုကတည်းက ပန်ကျားနန်လည်း ခန့်မှန်းမိမှာပဲ၊ ဒါမှမဟုတ် ခင်ဗျားတို့တစ်ဖွဲ့လုံးလည်းဖြစ်နိုင်တယ်" ရှီမာယူယူ ပြောလိုက်သည်။
"အဲလိုမဟုတ်ပါဘူး" ဝမ်စီမြောင် ပြောလိုက်သည် "ပန်ကျားနန်သိတယ် ဆိုတာက သူက ရှောင်ချီ့ကိုရဖို့အတွက် ဒီကိုတမင်လာခဲ့တာကြောင့်ပဲ၊ ငါက ရှောင်ချီနဲ့ နည်းနည်းအပြန်အလှန်လေးတွေရှိတော့ ခန့်မှန်းမိတာ၊ အဲဒါ ကြောင့်ပဲ အားလုံးက ဆက်သွယ်မှုတွေမလုပ်ကြတာပဲ၊ တခြားသူတွေက ဒါကို အာရုံမစိုက်ရင်တော့ မသိကြပါဘူး"
"ယူယူ သူက ရှောင်ချီ့ကိုထိခိုက်အောင်မလုပ်ပါဘူး" ရှောင်ချီ ပြောလေ သည်။
သူမသည် ဝမ်စီမြောင်အပေါ် ယုံကြည်ချက်ရှိနေသည်ကို ရှီမာယူယူ မြင်သောအခါ သူ့ကိုအဆိပ်ဖြေဆေးပေးခဲ့သည်ကို သတိသွားရသည်။ ဆိုလို သည်မှာ ရှောင်ချီသည် သူ့ကိုယုံကြည်သည်။
ရှောင်ချီဘာမှမပြောသဖြင့် သူမလည်း မပြောတော့ပေ။ သူမသည် သူ့အပေါ် အနည်းငယ်အာရုံစိုက်ရတော့မည်။
"ဟင်" သူမသည် သတင်းအသစ်သိလိုက်ရသောအခါ သူမ၏ အမူအရာပြောင်းသွားသည်။
"ဘာလဲ ယူယူ" ရှောင်ချီ မေးလိုက်သည်။
ရှီမာယူယူသည် ဝမ်စီမြောင်အားကြည့်ပြီး ပြောလိုက်သည် "ပန်ကျားနန်က အဲဒီဝတ်ရုံလူနဲ့ တွေ့တယ်လို့ နီရဲပျားတွေ သတင်းပို့တယ်"
"သူတို့ဘယ်မှာလဲ" ဝမ်စီမြောင် မေးလိုက်သည်။
"အနောက်ဘက်တောင်မှာ"
ရှီမာယူယူ အနောက်ဘက်တောင်များဆီသို့သွားခဲ့စဉ်က ရှည်လျား ကျယ်ပြန့်သော တောင်များကို တွေ့သောအခါ သက်ပြင်းချမိသည်။ ထို အနောက်ဘက်တောင်များသည် မကောင်းမှုများပြုလုပ်ရာတွင် စံထားရ လောက်သောနေရာဖြစ်သည်။ မကောင်းမှုပြုလုပ်ရန် ထိုနေရာတွင်ပုန်း အောင်းနေသည်မှာ ထို့ထက် အမြော်အမြင်မရှိနိုင်တော့ပေ။
သူမသည် ရှောင်ချီနှင့် ဝမ်စီမြောင်တို့အား တောင်အရှေ့ဘက်သို့ ခေါ် သွားကာ ပြောလိုက်သည် "တစ်ဖက်က အားမကောင်းဘူး ခင်ဗျားရဲ့ ရောင်ဝါ ကိုသိမ်းထားလို့ရမလား"
ဝမ်စီမြောင်ခေါင်းညိမ့်ကာ သိုင်းတစ်ကွက်သုံးလိုက်သည်။ သူ၏ ရောင်ဝါခပ်ဖျော့ဖျော့သည် ချက်ချင်းပင် သိမ်းပြီးသားဖြစ်သွားသည်။ သူမ ရှေ့တွင် သူရပ်မနေပါက သူ့ကိုသတိထားမိတော့မည်မဟုတ်ပေ။
အားကောင်းလိုက်တဲ့ ပုန်းကွယ်သိုင်းပါလား။ သူမသိုင်းထက် ပို၍ အားကောင်းသည်။
သူမသာ ထိုသိုင်းကိုသင်လိုက်ပြီးနောက် သူမ၏ အင်အားစုမှ လူများကို လက်ဆင့်ကမ်းလိုက်ပါက သူမသည် ပိုအားကောင်းလာမည်။
ဒီလူသည် သူမနှင့် သဘောတူညီချက်လုပ်ပါ့မလားဆိုသည်ကို သူမ မသိနိုင်ပေ။
ဝမ်စီမြောင်သည် ရှီမာယူယူ သူ့ကိုစိုက်ကြည့်နေသည်ကို သတိထားမိ ပြီး မကောင်းသောခံစားချက်မြင့်တက်လာသည်။ သူသည် ကြောင်တစ် ကောင်က ချောင်ပိတ်ထားသော ကြွက်ကဲ့သို့ဖြစ်နေသည်။
"ဘာလဲ"
"ဘာမှမဟုတ်ပါဘူး" ရှီမာယူယူသည် သူ့အားသွားဖြဲပြလိုက်သည် "ခင်ဗျားက ရောင်ဝါကိုသေချာဖျောက်ထားမှတော့ သွားလို့ရပြီလေ"
သူတို့သုံးယောက်သည် ပိုနီးအောင် တိတ်တဆိတ်သွားရာ လျှို့ဝှက် သောနေရာတစ်ခုအရောက်တွင် ပုန်းပြီး ပန်ကျားနန်နှင့် ဝတ်ရုံဝတ်လူတို့ ပြောနေသည်များကို ချောင်းနားထောင်လိုက်သည်။
"ငါပြောတာ မှတ်မိလား" ပန်ကျားနန်ပြောလိုက်သည်။
"မင်းပြောတဲ့လူတွေကို ငါမှတ်ပြီးပြီ၊ ဒါပေမဲ့ ဈေးက..." ဝတ်ရုံဝတ်လူ၏ အသံမှာ ကွဲအက်အက်ဖြစ်သည်။ ထိုအသံသည် သူ၏မူရင်းအသံလား လုပ်ကြံထားသလားဆိုသည်ကို သူတို့မသိကြပေ။
"လူတစ်ယောက်ကို အလယ်အလတ်အဆင့်ကျောက်၁သိန်း" ပန်ကျား နန် ပြောလိုက်သည် "ဒါကသင့်တော်တဲ့ဈေးပဲ"
"အလယ်အလတ်ကျောက်၁သိန်းဟုတ်လား၊ အဲဒါက အဆင်ပြေတယ် ဆိုရုံလောက်ပဲ" အနက်ဝတ်လူသည် ပြန်ဖြေလေသည် "ငါတို့ အရင်စည်းမျဉ်း အတိုင်းသွားရမှာပဲ တစ်ဝက်ပေးပြီး ကျန်တစ်ဝက်ကို သူတို့ခေါင်းမြင်တာနဲ့ ချေရမယ်"
ပန်ကျားနန်သည် ကျောက်ကတ်ကိုထုတ်ကာ သူ့ဆီပစ်ပေးရင်း ပြော လိုက်သည် "မင်း မြန်နိုင်သလောက်မြန်မြန်လုပ်ဖို့ မျှော်လင့်တယ်"
"မင်းမြန်မြန်လုပ်ချင်ရင်တောင် အဲလောက်မြန်ဖို့ကမဖြစ်နိုင်ဘူး၊ ငါတို့ ဂိုဏ်းနယ်မြေမှာ ဘာလှုပ်ရှားမှုမှလုပ်မရဘူး၊ သူတို့အပြင်သွားတာနဲ့ သေချာ စီစဉ်ထားလိုက်မယ်" အနက်ဝတ်လူ ပြောလေသည်။
"ကောင်းပြီ ငါသိပြီ" ပန်ကျားနန် ပြောလိုက်သည် "ပြန်လို့ရပြီ"
သို့သော် အနက်ဝတ်လူသည် မလှုပ်ပေ။
"ဘာဖြစ်လို့လဲ" ပန်ကျားနန်သည် စိတ်မရှည်စွာ ပြောလိုက်သည်။
"အရင်ကအခြေအနေကိုပြောတာ၊ မင်းက ဝမ်စီမြောင်ရဲ့ သရုပ်မှန်ကို ဖွက်ထားတာပဲ" အနက်ဝတ်လူပြောလိုက်သည် "မင်းက သူ့ကိုသတ်ဖို့ အတွက် အချစ်လုဖက်လို့ဆင်ခြေပေးခဲ့တာ၊ ဒါပေမဲ့ အခုငါတို့ကြားတဲ့ သတင်းက အဲလိုမဟုတ်ဘူး"
"ဘာသတင်းလဲ"
"ဝမ်စီမြောင်က ဝမ်မျိုးနွယ်ကပဲ၊ မင်းတို့ပန်မျိုးနွယ်လိုပဲ လွှမ်းမိုးမှုအား ကောင်းတဲ့ မျိုးနွယ်ပဲ၊ မင်းတို့ မျိုးနွယ်နှစ်ခုကြားကို မင်းကပြိုင်ဘက်မဖြစ်ချင် ဘူး၊ ဒါပေမဲ့ မင်းက ငါတို့ကိုတကယ့်အခြေအနေမှန်ကို ဖုံးကွယ်ထားတာပဲ အဲဒါကြောင့် ငါတို့်ရဲဘော်ရဲဘက်တွေ အများကြီးဆုံးရှုံးခဲ့တယ်၊ မင်းငါတို့ကို နစ်နာမှုအတွက် ပြန်ပေးသင့်တယ်မထင်ဘူးလား" အနက်ဝတ်လူပြောလိုက် သည်။
"ဝမ်စီမြောင်ရဲ့ အခြေအနေက သူ့သရုပ်မှန်နဲ့ဘာမှမဆိုင်ဘူးလေ၊ သူ ကံကြမ္မာကန္တာရကနေထွက်မသွားခင် ရှီမာယူယူ သူ့ကိုပေးလိုက်တဲ့ အဆိပ် ကြောင့်ပဲ၊ မင်းလူတွေကျသွားတာက အဆိပ်မိလို့ပဲ သူတို့က ဝမ်စီမြောင် သတ်တာခံလိုက်ရတာ၊ အဲဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး၊ မင်း သူ့ကိုပဲသွားအပြစ်တင်လိုက်" ပန်ကျားနန် ပခုံးတွန့်ကာ စိုးရိမ်မှုမရှိ ပြော လိုက်သည်။
"ရှီမာယူယူ...."
"ဟုတ်တယ် မင်းလူတွေအသတ်ခံရတာ ငါ့ကြောင့်မဟုတ်ဘူး၊ သူက ငါတို့ဘာလုပ်မယ်ဆိုတာ သိနေလို့ပဲ မင်းသူ့ကိုမသတ်ရင် မင်းရဲ့လျှို့ဝှက် ချက်ကို ကိုယ့်ဘာသာထိန်းထားပေတော့" ပန်ကျားနန်ပြောလိုက်သည် "မင်း မသွားရင် ငါသွားမယ်၊ တစ်ယောက်ယောက်က ငါတို့ကိုမြင်သွားရင် ပြဿနာ ဖြစ်မယ်"
ပြောပြီးနောက်တွင် သူပျံသွားရာ အနက်ဝတ်လူ နောက်တွင် ကျန်ခဲ့ လေသည်။
"ဒါက ဂိုဏ်းနယ်မြေမှာပုန်းနေတဲ့ လူသတ်ဂိုဏ်းကလား" ရှီမာယူယူ သည် ဝမ်စီမြောင်အား ပဟေဠိဆန်စွာ ကြည့်လိုက်သည်။
ဝမ်စီမြောင် ခေါင်းရမ်းလိုက်သည် "ငါလည်းမသိဘူး၊ ဒါကိုပထမဆုံး ကြားဖူးတာပဲ"
"အဲလူကထွက်သွားပြီ ငါတို့ဘာလုပ်ကြမလဲ" ရှောင်ချီသည် ရှီမာယူယူ ၏ အင်္ကျိလက်ကိုဆွဲပြီးပြောလေသည်။
"ဘာလုပ်ရမှာလဲ သူ့ကိုဖမ်းပြီးတော့ စကားပြောရမှာပေါ့" ရှီမာယူယူူ ပြောပြီးနောက်တွင် ပုန်းနေရာမှပျံထွက်လိုက်သည်။