Zawgyi
အပိုင္း (၈၆၉) – အတင္းနမ္းတာက တကယ္ပဲ ေခြးတစ္ေကာင္ ကိုက္သလိုပဲ
သဝန္တုိတယ္ဟုတ္လား...
"ငါက ဘာလုိ႔သဝန္တိုရမွာလဲ၊ ဒီဘုရင္ၾကီးက အဲလို အဓိပၸာယ္မရွိတာ ကိုလုပ္မလား၊ ဒီဘုရင္ၾကီးက ဒီအတုိင္းေဒါသပဲထြက္တာ" မိုရွားသည္ သူမ အားစိုက္ၾကည့္လုိက္ကာ သူ သဝန္တိုေနသည္ကို ဝန္မခံခ်င္ေပ။
သဝန္တိုတယ္... အဲလိုခံစားခ်က္က သူ႔မွာဘယ္လိုလုပ္လာျဖစ္မွာလဲ။
သူမသည္ သူ႔ကိစၥကို အေလးအနက္မထားျခင္းေၾကာင့္သာ သူ ေဒါသ ထြက္တာေလ။ ဟုတ္တယ္ အဲလိုပဲေလ...
သူ အေလးအနက္ထား ေခါင္ညိမ့္သည္ကို ရီွမာယူယူ ေတြ႕ေသာအခါ သူမ စိတ္ထဲမွ ေဒါသမ်ားသည္ ခ်က္ခ်င္းပင္ေပ်ာက္သြားေလသည္။
"ဘုရင္ၾကီး နတ္ဆိုးဘုရင္ၾကီးက သဝန္မတိုဘူးဆိုတာ ကၽြန္ေတာ္မ်ိဳးမ သိပါတယ္၊ ဘုရင္ၾကီးက ေဒါသထြက္ရံုပဲထြက္တာပါ ဘုရင္ၾကီး သဝန္တိုတာ ကို ဖံုးကြယ္ဖို႔ ေဒါသထြက္ျပတာပါ" သူမသည္ သူ႔ကို အားရပါးရရယ္ျပရင္း ေျပာေလသည္။
"အသံုးမဝင္တဲ့ဟာေတြ"
"ဘယ္အပိုင္းက အသံုးမဝင္တာလဲ" ရွီမာယူယူ ဆက္ေျပာေလသည္ "ခင္ဗ်ား ဒီဘုရင္ၾကီးကေျပာတဲ့အခ်ိန္တုိင္း ဟန္ေဆာင္ေနတဲ့အခ်ိန္ပဲ"
"အဓိပၸာယ္မရွိတာ" မိုရွားသည္ မ်က္ႏွာလႊဲလုိက္သည္။
"ခင္ဗ်ားသာ ေျပာတဲ့အတိုင္းသဝန္တိုတာမဟုတ္ရင္ ရွက္စရာ အေၾကာင္းမရွိဘူးေလ" ရီွမာယူယူသည္ ေဖာက္ထြင္းဝင္သြားမည္ ျဖစ္ ေသာ္လည္း သူ၏ ဝိဥာဥ္ကိုစေနာက္ရန္ လက္ကို ထုတ္လုိက္သည္။ "ကၽြန္ေတာ္က ဥာဏ္ေကာင္းတယ္၊ လိမၼာတယ္၊ လွတယ္ ထက္တယ္ ခင္ဗ်ား ကၽြန္ေတာ့္ကိုေၾကြတယ္ဆိုတာ ျဖစ္သင့္ပါတယ္"
"ဘယ္သူ မင္းကိုၾကိဳက္မွာလဲ၊ မင္းက အားနည္းတယ္ မင္းရဲ႕ ၾကီးထြားမႈ အဆင့္က မဆိုးေပမယ့္ အက်င့္လည္းမေကာင္းဘူး၊ တျခားမိန္းကေလးေတြ နဲ႔ယွဥ္ရင္ မင္းက ဆြဲေဆာင္မႈအားနည္းေနေသးတယ္" သူမသည္ သူ၏ လက္ မ်ားျဖင့္ သူ႔ရင္ဘတ္အား လာစေနာက္သျဖင့္ မိုရွားသည္ ထူးဆန္းမႈကို ခံစား ရေလသည္။ သူမသည္ တကယ္ပင္ သူ႔ႏွလံုးသားကို လာထိေတြ႕လုိက္သလို ပင္။
ရွီမာယူယူသည္ မေပ်ာ္မရႊင္ျဖစ္သြားသည္။ သူမသည္ သူ႔ကို ဆက္ဆြ ေလသည္ "အဲေတာ့ ခင္ဗ်ားကအရင္တုန္းက မိန္းကေလးေတြအမ်ားၾကီး ေတြ႕ခဲ့ဖူးတယ္ေပါ့၊ အရင္တုန္းက ဘယ္ေလာက္ေတာင္ရွိတာလဲ သူတုိ႔က ဘယ္ေလာက္ေတာင္ တင့္တယ္ခဲ့တာလဲ၊ ဘယ္နေယာက္ကခပ္တန္းတန္း ေနျပီး ဘယ္နေယာက္ေလာက္ဆြဲေဆာင္မႈရွိတာလဲ ဘယ္ေလာက္က ခ်စ္စရာ ေကင္းတာလဲ၊ တစ္ႏွစ္မွာ ၃၆၅ရက္ရွိတာ ေန႔တုိင္း မိန္းကေလး ႏွစ္ေယာက္ေျပာင္းခဲ့တာလား၊ ခင္ဗ်ားက နတ္ဆိုးဘုရင္ဆိုေတာ့ ေဘးမွာ မိန္းကေလးေတြ ဝိုင္းဝိုင္းလည္ေနမွာပဲ၊ ကၽြန္ေတာ္ကဘာမို႔လို႔လဲ၊ မိန္းကေလးေတြဝိုင္းေနတဲ့ ခင္ဗ်ားကို ကၽြန္ေတာ္ကဘယ္လိုလုပ္ သဝန္တို ေစမွာလဲ၊ တကယ္ပဲ ကၽြန္ေတာ္အေတြးလြန္...."
သူမ စဥ္းစားေလေလ ဝမ္းနည္းမိကာ ေနာက္ဆံုးတြင္ သူမဘာသာ ရယ္မိသည္။
သူမသည္ အေစာပိုင္းက ျပံဳးျပီးရယ္ေမာေနရာမွ မ်က္စိတ္တစ္မွိတ္ အတြင္း စိတ္ပ်က္ဝမ္းနည္းကာ နာက်င္သည္ကို မိုရွားေတြ႕လိုက္သည္။ ဘာေၾကာင့္လဲဆုိသည္ကို သူ နားမလည္ေပ။
သူ အေၾကာင္းအရင္းကိုမသိေသာ္လည္း သူမကို ထိုပံုစံအတုိင္းမျမင္ ခ်င္ေပ။ သူမကို ထိုပံုစံအတုိင္းျမင္လုိက္ရေသာအခါ သူ႔ရင္တစ္ခုလံုး လစ္ ဟာသြားသည္။
သူ စိုးရိမ္လာေလေလ ဘာလုပ္ရမည္ကို မသိေလေလျဖစ္သည္။ သူမ လက္မ်ားကို အေနာက္ပစ္ထားသည္ကို ၾကည့္ျပီးေနာက္ သူ၏ မသိစိ္တ္မွ ခႏၶာကိုယ္ကို ထုထည္အသြင္ေျပာင္းလုိက္ျပီး သူမလက္ေမာင္းကို လက္တစ္ ဖက္ျဖင့္ကိုင္ကာ ေနာက္တစ္ဖက္ျဖင့္ သူမ၏ လည္ပင္းကို ကိုင္ကာ သူမ ေနာက္လွည့္သြားမည္ကို တားလုိက္သည္။ ထို႔ေနာက္.... သူသည္ သူမကို ညွာတာျခင္းမရွိ နမ္းလိုက္သည္။
"ဟင္..."
ရွီမာယူယူသည္ ခ်က္ခ်င္းပင္ မ်က္လံုးမ်ားက်ယ္လာသည္။
ေနာက္တစ္ၾကိမ္ အတင္းနမ္းျပန္ျပီ။
မိုရွားသည္ နမ္းပံုနမ္းနည္းကို မသိသျဖင့္ သူမ၏ ႏူးညံ့ေသာ ႏႈတ္ခမ္း မ်ားကို ကိုက္မိေလသည္။ သူတို႔ႏႈတ္ခမ္းမ်ားၾကားမွ ႏူးညံ့ေသာထိေတြ႕မႈ သည္ သူ႔ႏွလံုးသားကို အရည္ေပ်ာ္ေတာ့မည့္အတုိင္းပင္။
သို႔ေသာ္ ရွီမာယူယူသည္ သက္ေတာင့္သက္သာမျဖစ္ေပ.... သူမ ႏႈတ္ခမ္းမ်ားနာေနသည္။
ဒီလူူက ေခြးႏွစ္မွာမ်ားေမြးသလား... သူမ၏ ႏႈတ္ခမ္းမ်ားသည္ သူကိုက္ တာနဲ႔ စုတ္ျပဲသြားေတာ့မွာပဲ။
သူမသည္ သူ႔ကိုတြန္းပစ္ရန္ဟန္ျပင္ေလသည္။ သို႔ေသာ္ သူမသည္ သူ႔ကို မနမ္းခ်င္ဟု မိုရွားထင္သြားသျဖင့္ သူ႔လက္အားကိုအားထည့္ကာ ကိုင္ ထားရင္းႏွင့္ သူ႔ႏႈတ္ခမ္းမ်ားသည္ ပိုျပီးစည္းခ်က္ညီညီလႈပ္ရွားလာသည္။
သူမ သူ႔ကိုပိုတြန္းခ်င္ေလေလ ပိုျပီးတင္းတင္းၾကပ္ၾကပ္ခ်ဳပ္ထားေလ ျဖစ္သည္။ သူမ ခ်ဳပ္တည္းခံရေလေလ ပိုတြန္းခ်င္ေလေလျဖစ္သည္။ သည္လိုႏွင့္ သူတုိ႔ႏွစ္ေယာက္သည္ လြန္႔လူးေနကာ ႏွစ္ေယာက္သား နမ္းေန သည္ကိုပင္ ေမ့ေနေခ်သည္။
ဒီတစ္ၾကိမ္မွာ မိုရွားတစ္ကိုယ္လံုးအျပည့္ ထုထည္အသြင္ေျပာင္းျခင္း ပထမဆံုးအၾကိမ္ျဖစ္ကာ ရွီမာယူယူကို သူ႔ရင္ခြင္ထဲတြင္ထည့္ထားျခင္းမွာ ပထမဆံုးအၾကိမ္ျဖစ္သည္။ ႏွေျမာစရာပင္ သူ႔ရင္ခြင္သည္ ေႏြးေထြးသည္၊ ရဲစြမ္းသတၱိရွိသည္၊ သန္မာသည္ဟု သူမ မခံစားႏုိင္ေပ။ သူမသည္ သူ႔ကို တြန္းပစ္ရန္သာ လံုးဝအာရံုစုိက္ထားသည္။
ခႏၶာကိုယ္တစ္ခုလံုးကို ထုထည္အျဖစ္ေျပာင္းရန္မွာ အင္အားမ်ားစြာလို သျဖင့္ မိုရွားသည္ မိနစ္အနည္းငယ္သာ ထုထည္အျဖစ္ေျပာင္းႏုိင္ျပီး ခဏ အၾကာတြင္ ဝိဥာဥ္အျဖစ္ျပန္ေျပာင္းသြားေလသည္။
သူ႔ခႏၶာကိုယ္မွအား ရုတ္တရက္ေပ်ာက္ကြယ္သြားသျဖင့္ ရီွမာယူယူ သည္ တြန္းေနရာမွ ၾကမ္းျပင္ေပၚသို႔လဲက်သြားေလသည္။ ကံေကာင္းစြာပင္ သူမ လ်င္ျမန္စြာတုန္႔ျပန္လုိက္သျဖင့္ အားအင္မ်ားသံုးကာ ေျခလွမ္းမ်ား အေနာက္ကန္ထားလုိက္သည္။
"ခင္ဗ်ား ေခြးႏွစ္မွာမ်ားေမြးသလား" သူမသည္ တည္ျငိမ္စြာရပ္ျပီး သူ႔ကို ေအာ္လုိက္သည္။
သူမသည္ သူမႏႈတ္ခမ္းမ်ားကိုထိလုိက္ရာ ထင္ထားသည့္အတုိင္းပင္ ေသြးထြက္ေနသည္။
သူမ၏ႏႈတ္ခမ္းမ်ား ဖူးေယာင္ကာ နီရဲသြားေအာင္ သူလုပ္လုိက္မိသည္ ကို မိုရွားေတြ႕လုိက္သည္။ အေစာကျဖစ္ခဲ့ေသာ မေက်မနပ္မႈမ်ားသည္ ေလ ထဲတြင္ေပ်ာက္သြားကာ သူ၏ႏႈတ္ခမ္းမ်ားတြန္႔ခ်ိဳးကာ စြဲမက္ဖြယ္ေကာင္း ေလာက္ေအာင္ ျပံဳးလိုက္သည္။
"ခင္ဗ်ားၾကီးရယ္ေနတာလား" ရွီမာယူယူသည္ သူ႔ကိုစိုက္ၾကည့္ျပီး ဆက္ေအာ္ေလသည္ "ဘာေတြလုပ္ေနတာလဲ ကၽြန္ေတာ့္ကိုဘာလို႔ ရုတ္တရက္ၾကီးလာကိုက္တာလဲ"
"နမ္းတာေလ" မိုရွားသည္ သူမကို အမွန္ျပင္ေပးလုိက္သည္။
"သြားနမ္းေနလိုက္ ဘယ္သူက အဲလိုနမ္းလို႔လဲ၊ အနမ္းဆိုတာ ႏူးညံ့ျပီး စိတ္ကူးယဥ္ဆန္တယ္၊ ဒါကကိုက္ေနတာပဲ မဟုတ္ေသးဘူး ကၽြန္ေတာ္က ခင္ဗ်ားကို ဒါေတြဘာလို႔ေျပာျပေနတာလဲ၊ ကၽြန္ေတာ့္ကို ထိဖို႔ ခင္ဗ်ားကို ဘယ္သူက ခြင့္ျပဳထားလို႔လဲ၊ ခင္ဗ်ားကျမင္းသိုးၾကီးပဲ" ရွီမာယူယူသည္ စိတ္ဆိုးကာ ေအာ္ေလသည္။
ရီွမာယူယူ ေနာက္ႏွစ္ေပါင္းမ်ားစြာလုိက္လာသျဖင့္ သူမ ေခၚသည့္ ျမင္းသိုးဆိုသည့္ အဓိပၸာယ္ကို သူရွင္းရွင္းလင္းလင္းသိျပီးျဖစ္သည္။ သူသည္ မ်က္ခံုးမ်ားကိုပင့္ကာ အေလးအနက္ေျပာလိုက္သည္ "ငါကျမင္းသိုးမဟုတ္ပါ ဘူး"
"ဟင္း ခင္ဗ်ားကိုဘယ္သူမွမယံုဘူး" ရီွမာယူယူသည္ သူ႔ကိုယံုၾကည္ ျခင္းမရွိေပ။ သူမသည္ ေဆးအဆီႏွင့္ မွန္ေသးထုတ္ျပီး မွန္ၾကည့္ကာ သူမ ႏႈတ္ခမ္းကို ေဆးလိမ္းလုိက္သည္။
ေနာက္ထပ္ အတင္းနမ္းျပန္ျပီ၊ တစ္ေခါက္ျပီးတစ္ေခါက္... အခုကို ဘယ္နေခါက္ရွိေနျပီလဲ။ သူမသည္ လက္ထဲတြင္ ေက်ာက္စိမ္းပုလင္းကိုင္ ထားကာ ေဒါသမထြက္ရန္ သူမကိုယ္သူမ အၾကိမ္ၾကိမ္ေျပာေနမိသည္။ သို႔ေသာ္ သူမ၏ ေယာင္ေနေသာႏႈတ္ခမ္းကို မွန္ထဲတြင္ျမင္လုိက္ရေသာအခါ ေက်ာက္စိမ္းပုလင္းသည္ ခြမ္းဟူူေသာအသံႏွင့္အတူ ကြဲသြားေလသည္။
သူမသည္ လက္ထဲမွဖန္ကြဲမ်ားကိုပစ္ကာ ေနာက္ထပ္ လိမ္းေဆးဆီ တစ္ပုလင္းထုတ္ကာ ထပ္လိမ္းျပန္သည္။
ျပီးခဲ့သည့္တစ္ေခါက္ အတင္းနမ္းခဲ့စဥ္က ႏႈတ္ခမ္းခ်င္းထိရံုသာျဖစ္ သျဖင့္ ဒီလိုမ်ိဳးမဟုတ္ေပ။ အခုတစ္ေခါက္မွသာ အတင္းဖိနမ္းသည္ဟု ေတြး မိကာ ေခြးတစ္ေကာင္ကိုက္မိတာခံရသည္ဟုပင္ မွတ္ယူလိုက္သည္။
အခုမွပင္ အတင္းဖိနမ္းခံရျခင္းသည္ ေခြးတစ္ေကာင္အကိုက္ခံရသည္ ဟု ခံစားရသည္ကို သိလိုက္ရေတာ့သည္။
ထိုသို႔ေတြးမိလုိက္သည္ႏွင့္ ေဆးလိမ္းမျပီးခင္မွာပင္ ေက်ာက္စိမ္း ပုလင္းသည္ ထပ္မံကြဲျပန္သည္။
သူမ အကြဲမ်ားကိုပစ္လိုက္သည္။ ေနာက္ပုလင္းတစ္လံုး...
မိုရွားပ်ံလာကာ လက္ႏွစ္ဖက္လံုးကို ထုထည္အျဖစ္ေျပာင္းလိုက္ျပီး သူမ လက္ထဲမွ ေက်ာက္စိမ္းပုလင္းကိုယူျပီး ေဆးဝင္လိမ္းေပးလိုက္သည္။ သူမ၏ ေသြးေအးေသာမ်က္လံုးမ်ားကို လ်စ္လ်ဴရႈကာ သူမကို ႏူးညံ့စြာ ေဆးလိမ္းေပးလိုက္သည္။
"ငါ ဘယ္တုန္းကမွ မိန္းကေလးတစ္ေယာက္နဲ႔ အတူမရွိဖူးဘူး" သူ လိမ္းေပးျပီးသည္ႏွင့္ သူမ၏ႏူးညံ့ေသာႏႈတ္ခမ္းမ်ားကို တယုတယပြတ္ျပီး ေျပာလုိက္သည္ "ငါ ဘယ္တုန္းကမွ မိန္းကေလးတစ္ေယာက္နဲ႔အတူမရွိခဲ့ သလို ဘယ္မိန္းကေလးကိုမွမထိခဲ့ဖူးဘူး၊ မိန္းကေလးတစ္ေယာက္ကို နမ္းဖို႔ ဆိုတာ ေျပာစရာကိုမလိုေတာ့ဘူး မင္းကပထမဆံုးပဲ"
"ဟင္း" ရွီမာယူယူသည္ သူ႔လက္မ်ားကိုပုတ္ခ်ကာ သူ႔ကိုလ်စ္လ်ဴရႈ လုိက္သည္။
သူမ သိျပီးသားပင္။ သူ၏ မေျပျပစ္ေသာ အနမ္းနည္းစနစ္ကိုၾကံဳရျပီး ေနာက္တြင္ ေခြးကိုက္သလိုျဖစ္ေနေသာ အနမ္းတစ္ခုသည္ မိန္းကေလးႏွင့္ အတူရွိဖူးခဲ့သည္ကမွ ထူးဆန္းေနမည္။
သို႔ေသာ္ သူမေဒါသထြက္သည္မွာ သူ မိန္းကေလးမ်ားႏွင့္ အတူရွိခဲ့ျခင္း မရွိခဲ့ျခင္းေၾကာင့္မဟုတ္... သူမကို ေနာက္တစ္ၾကိမ္အတင္းနမ္းျခင္းေၾကာင့္ ပင္။
သူမသည္ အတင္းအၾကပ္နမ္းျခင္းကို မုန္းသည္။
မိုရွားသည္ သူတုိ႔စာခ်ဳပ္ေၾကာင့္ သူမေဒါသကိုခံစားမိကာ အေၾကာင္း အရင္းကိုလည္းသိသည္။ သူသည္ ေက်ာက္စိမ္းပုလင္းကို သူမလက္ထဲျပန္ ထည့္ကာ ေျပာလုိက္သည္ "မင္း ငါ့ကိုစိတ္ဆိုးတာအဲဒါေၾကာင့္ဆိုရင္ ငါ့ကိုလဲ အတင္းျပန္နမ္းဖို႔ခြင့္ျပဳတယ္ ငါစိတ္မဆိုးဘူး"
သူ႔ကိုအတင္းအၾကပ္ျပန္နမ္းရမယ္ဟုတ္လား... သူက စိတ္မဆိုးဘူး ဟုတ္လား..
"ေသလိုက္ေလ ဘယ္သူက ခင္ဗ်ားကို အတင္းနမ္းခ်င္လုိ႔လဲ၊ ခင္ဗ်ား စိတ္မဆိုးေပမယ့္ ကၽြန္ေတာ္စိတ္ဆိုးတယ္" သူသည္ မာန္ဖီကာ သူ႔အား ရိုက္ လိုက္ေသာ္လည္း သူ႔ေခါင္းကိုသာျဖတ္သြားေလသည္။
"ငါမင္းကို အတင္းအၾကပ္နမ္းဖို႔အခြင့္အေရးေပးတယ္ေနာ္ မင္းမလုပ္ ခ်င္မွေတာ့ ဒီအခြင့္အေရးက မင္းတစ္ဘဝလံုးမွာ ေနာက္ဆံုးအၾကိမ္ပဲ" မိုရွား သည္ အတိအက်ပင္ျပန္ေျပာေလသည္။
ရွီမာယူယူသည္ သူ႔ကိုထပ္ရိုက္ခ်င္ေသာ္လည္း သူ၏ တိက်ေသာ အၾကည့္ကိုျမင္ေသာအခါ ရပ္လုိက္သည္။
သူတကယ္ေျပာေနတာပဲ အေလးအနက္ကိုေျပာေနတာ တကယ္ကို ေျပာေနတာ...
အဲေလာက္ အသည္းယားစရာေကာင္းတဲ့စကားေတြကို အေလးအနက္ ေျပာေနတာ...
သူမ တကယ္ပဲ ဒီလူကိုအရံႈးေပးလုိက္ျပီ။
သူမသည္ သူ႔ကုိႏွစ္ခ်က္ေလာက္ထိုးခ်င္ေသာ္လည္း သူသည္ ဝိဥာဥ္ သာျဖစ္သျဖင့္ သူ႔ကိုမထိမိေပ။ သို႔ေသာ္ သူမ သူ႔ကိုသာမရိုက္ရပါက ေဒါသ ေပ်ာက္သြားမည္မဟုတ္ေပ။
သူမသည္ ထိုးရသည္ကိုပင္ ျငီးေငြ႕လာသည္။ သူမ ဆက္တုိက္ၾကိဳးစား ၾကည့္ရာ ေနာက္ဆံုးတြင္ လက္ေလ်ာ့ျပီး ေဆးေဖာ္သည့္အခန္းသို႔ျပန္လာ လိုက္သည္။ သူမသည္ သူ႔ကို မ်က္စိထဲမွ စိတ္ထဲမွ ထုတ္ပစ္ရန္ၾကိဳးစားလိုက္ သည္။
ဒါက အတင္းအၾကပ္နမ္းတာမဟုတ္ဘူလား။ ေစာင့္ေနလုိက္....
Unicode
အပိုင်း (၈၆၉) – အတင်းနမ်းတာက တကယ်ပဲ ခွေးတစ်ကောင် ကိုက်သလိုပဲ
သဝန်တိုတယ်ဟုတ်လား...
"ငါက ဘာလို့သဝန်တိုရမှာလဲ၊ ဒီဘုရင်ကြီးက အဲလို အဓိပ္ပာယ်မရှိတာ ကိုလုပ်မလား၊ ဒီဘုရင်ကြီးက ဒီအတိုင်းဒေါသပဲထွက်တာ" မိုရှားသည် သူမ အားစိုက်ကြည့်လိုက်ကာ သူ သဝန်တိုနေသည်ကို ဝန်မခံချင်ပေ။
သဝန်တိုတယ်... အဲလိုခံစားချက်က သူ့မှာဘယ်လိုလုပ်လာဖြစ်မှာလဲ။
သူမသည် သူ့ကိစ္စကို အလေးအနက်မထားခြင်းကြောင့်သာ သူ ဒေါသ ထွက်တာလေ။ ဟုတ်တယ် အဲလိုပဲလေ...
သူ အလေးအနက်ထား ခေါင်ညိမ့်သည်ကို ရှီမာယူယူ တွေ့သောအခါ သူမ စိတ်ထဲမှ ဒေါသများသည် ချက်ချင်းပင်ပျောက်သွားလေသည်။
"ဘုရင်ကြီး နတ်ဆိုးဘုရင်ကြီးက သဝန်မတိုဘူးဆိုတာ ကျွန်တော်မျိုးမ သိပါတယ်၊ ဘုရင်ကြီးက ဒေါသထွက်ရုံပဲထွက်တာပါ ဘုရင်ကြီး သဝန်တိုတာ ကို ဖုံးကွယ်ဖို့ ဒေါသထွက်ပြတာပါ" သူမသည် သူ့ကို အားရပါးရရယ်ပြရင်း ပြောလေသည်။
"အသုံးမဝင်တဲ့ဟာတွေ"
"ဘယ်အပိုင်းက အသုံးမဝင်တာလဲ" ရှီမာယူယူ ဆက်ပြောလေသည် "ခင်ဗျား ဒီဘုရင်ကြီးကပြောတဲ့အချိန်တိုင်း ဟန်ဆောင်နေတဲ့အချိန်ပဲ"
"အဓိပ္ပာယ်မရှိတာ" မိုရှားသည် မျက်နှာလွှဲလိုက်သည်။
"ခင်ဗျားသာ ပြောတဲ့အတိုင်းသဝန်တိုတာမဟုတ်ရင် ရှက်စရာ အကြောင်းမရှိဘူးလေ" ရှီမာယူယူသည် ဖောက်ထွင်းဝင်သွားမည် ဖြစ် သော်လည်း သူ၏ ဝိဉာဉ်ကိုစနောက်ရန် လက်ကို ထုတ်လိုက်သည်။ "ကျွန်တော်က ဉာဏ်ကောင်းတယ်၊ လိမ္မာတယ်၊ လှတယ် ထက်တယ် ခင်ဗျား ကျွန်တော့်ကိုကြွေတယ်ဆိုတာ ဖြစ်သင့်ပါတယ်"
"ဘယ်သူ မင်းကိုကြိုက်မှာလဲ၊ မင်းက အားနည်းတယ် မင်းရဲ့ ကြီးထွားမှု အဆင့်က မဆိုးပေမယ့် အကျင့်လည်းမကောင်းဘူး၊ တခြားမိန်းကလေးတွေ နဲ့ယှဉ်ရင် မင်းက ဆွဲဆောင်မှုအားနည်းနေသေးတယ်" သူမသည် သူ၏ လက် များဖြင့် သူ့ရင်ဘတ်အား လာစနောက်သဖြင့် မိုရှားသည် ထူးဆန်းမှုကို ခံစား ရလေသည်။ သူမသည် တကယ်ပင် သူ့နှလုံးသားကို လာထိတွေ့လိုက်သလို ပင်။
ရှီမာယူယူသည် မပျော်မရွှင်ဖြစ်သွားသည်။ သူမသည် သူ့ကို ဆက်ဆွ လေသည် "အဲတော့ ခင်ဗျားကအရင်တုန်းက မိန်းကလေးတွေအများကြီး တွေ့ခဲ့ဖူးတယ်ပေါ့၊ အရင်တုန်းက ဘယ်လောက်တောင်ရှိတာလဲ သူတို့က ဘယ်လောက်တောင် တင့်တယ်ခဲ့တာလဲ၊ ဘယ်နယောက်ကခပ်တန်းတန်း နေပြီး ဘယ်နယောက်လောက်ဆွဲဆောင်မှုရှိတာလဲ ဘယ်လောက်က ချစ်စရာ ကေင်းတာလဲ၊ တစ်နှစ်မှာ ၃၆၅ရက်ရှိတာ နေ့တိုင်း မိန်းကလေး နှစ်ယောက်ပြောင်းခဲ့တာလား၊ ခင်ဗျားက နတ်ဆိုးဘုရင်ဆိုတော့ ဘေးမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာပဲ၊ ကျွန်တော်ကဘာမို့လို့လဲ၊ မိန်းကလေးတွေဝိုင်းနေတဲ့ ခင်ဗျားကို ကျွန်တော်ကဘယ်လိုလုပ် သဝန်တို စေမှာလဲ၊ တကယ်ပဲ ကျွန်တော်အတွေးလွန်...."
သူမ စဉ်းစားလေလေ ဝမ်းနည်းမိကာ နောက်ဆုံးတွင် သူမဘာသာ ရယ်မိသည်။
သူမသည် အစောပိုင်းက ပြုံးပြီးရယ်မောနေရာမှ မျက်စိတ်တစ်မှိတ် အတွင်း စိတ်ပျက်ဝမ်းနည်းကာ နာကျင်သည်ကို မိုရှားတွေ့လိုက်သည်။ ဘာကြောင့်လဲဆိုသည်ကို သူ နားမလည်ပေ။
သူ အကြောင်းအရင်းကိုမသိသော်လည်း သူမကို ထိုပုံစံအတိုင်းမမြင် ချင်ပေ။ သူမကို ထိုပုံစံအတိုင်းမြင်လိုက်ရသောအခါ သူ့ရင်တစ်ခုလုံး လစ် ဟာသွားသည်။
သူ စိုးရိမ်လာလေလေ ဘာလုပ်ရမည်ကို မသိလေလေဖြစ်သည်။ သူမ လက်များကို အနောက်ပစ်ထားသည်ကို ကြည့်ပြီးနောက် သူ၏ မသိစိတ်မှ ခန္ဓာကိုယ်ကို ထုထည်အသွင်ပြောင်းလိုက်ပြီး သူမလက်မောင်းကို လက်တစ် ဖက်ဖြင့်ကိုင်ကာ နောက်တစ်ဖက်ဖြင့် သူမ၏ လည်ပင်းကို ကိုင်ကာ သူမ နောက်လှည့်သွားမည်ကို တားလိုက်သည်။ ထို့နောက်.... သူသည် သူမကို ညှာတာခြင်းမရှိ နမ်းလိုက်သည်။
"ဟင်..."
ရှီမာယူယူသည် ချက်ချင်းပင် မျက်လုံးများကျယ်လာသည်။
နောက်တစ်ကြိမ် အတင်းနမ်းပြန်ပြီ။
မိုရှားသည် နမ်းပုံနမ်းနည်းကို မသိသဖြင့် သူမ၏ နူးညံ့သော နှုတ်ခမ်း များကို ကိုက်မိလေသည်။ သူတို့နှုတ်ခမ်းများကြားမှ နူးညံ့သောထိတွေ့မှု သည် သူ့နှလုံးသားကို အရည်ပျော်တော့မည့်အတိုင်းပင်။
သို့သော် ရှီမာယူယူသည် သက်တောင့်သက်သာမဖြစ်ပေ.... သူမ နှုတ်ခမ်းများနာနေသည်။
ဒီလူူက ခွေးနှစ်မှာများမွေးသလား... သူမ၏ နှုတ်ခမ်းများသည် သူကိုက် တာနဲ့ စုတ်ပြဲသွားတော့မှာပဲ။
သူမသည် သူ့ကိုတွန်းပစ်ရန်ဟန်ပြင်လေသည်။ သို့သော် သူမသည် သူ့ကို မနမ်းချင်ဟု မိုရှားထင်သွားသဖြင့် သူ့လက်အားကိုအားထည့်ကာ ကိုင် ထားရင်းနှင့် သူ့နှုတ်ခမ်းများသည် ပိုပြီးစည်းချက်ညီညီလှုပ်ရှားလာသည်။
သူမ သူ့ကိုပိုတွန်းချင်လေလေ ပိုပြီးတင်းတင်းကြပ်ကြပ်ချုပ်ထားလေ ဖြစ်သည်။ သူမ ချုပ်တည်းခံရလေလေ ပိုတွန်းချင်လေလေဖြစ်သည်။ သည်လိုနှင့် သူတို့နှစ်ယောက်သည် လွန့်လူးနေကာ နှစ်ယောက်သား နမ်းနေ သည်ကိုပင် မေ့နေချေသည်။
ဒီတစ်ကြိမ်မှာ မိုရှားတစ်ကိုယ်လုံးအပြည့် ထုထည်အသွင်ပြောင်းခြင်း ပထမဆုံးအကြိမ်ဖြစ်ကာ ရှီမာယူယူကို သူ့ရင်ခွင်ထဲတွင်ထည့်ထားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ နှမြောစရာပင် သူ့ရင်ခွင်သည် နွေးထွေးသည်၊ ရဲစွမ်းသတ္တိရှိသည်၊ သန်မာသည်ဟု သူမ မခံစားနိုင်ပေ။ သူမသည် သူ့ကို တွန်းပစ်ရန်သာ လုံးဝအာရုံစိုက်ထားသည်။
ခန္ဓာကိုယ်တစ်ခုလုံးကို ထုထည်အဖြစ်ပြောင်းရန်မှာ အင်အားများစွာလို သဖြင့် မိုရှားသည် မိနစ်အနည်းငယ်သာ ထုထည်အဖြစ်ပြောင်းနိုင်ပြီး ခဏ အကြာတွင် ဝိဉာဉ်အဖြစ်ပြန်ပြောင်းသွားလေသည်။
သူ့ခန္ဓာကိုယ်မှအား ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် ရှီမာယူယူ သည် တွန်းနေရာမှ ကြမ်းပြင်ပေါ်သို့လဲကျသွားလေသည်။ ကံကောင်းစွာပင် သူမ လျင်မြန်စွာတုန့်ပြန်လိုက်သဖြင့် အားအင်များသုံးကာ ခြေလှမ်းများ အနောက်ကန်ထားလိုက်သည်။
"ခင်ဗျား ခွေးနှစ်မှာများမွေးသလား" သူမသည် တည်ငြိမ်စွာရပ်ပြီး သူ့ကို အော်လိုက်သည်။
သူမသည် သူမနှုတ်ခမ်းများကိုထိလိုက်ရာ ထင်ထားသည့်အတိုင်းပင် သွေးထွက်နေသည်။
သူမ၏နှုတ်ခမ်းများ ဖူးယောင်ကာ နီရဲသွားအောင် သူလုပ်လိုက်မိသည် ကို မိုရှားတွေ့လိုက်သည်။ အစောကဖြစ်ခဲ့သော မကျေမနပ်မှုများသည် လေ ထဲတွင်ပျောက်သွားကာ သူ၏နှုတ်ခမ်းများတွန့်ချိုးကာ စွဲမက်ဖွယ်ကောင်း လောက်အောင် ပြုံးလိုက်သည်။
"ခင်ဗျားကြီးရယ်နေတာလား" ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး ဆက်အော်လေသည် "ဘာတွေလုပ်နေတာလဲ ကျွန်တော့်ကိုဘာလို့ ရုတ်တရက်ကြီးလာကိုက်တာလဲ"
"နမ်းတာလေ" မိုရှားသည် သူမကို အမှန်ပြင်ပေးလိုက်သည်။
"သွားနမ်းနေလိုက် ဘယ်သူက အဲလိုနမ်းလို့လဲ၊ အနမ်းဆိုတာ နူးညံ့ပြီး စိတ်ကူးယဉ်ဆန်တယ်၊ ဒါကကိုက်နေတာပဲ မဟုတ်သေးဘူး ကျွန်တော်က ခင်ဗျားကို ဒါတွေဘာလို့ပြောပြနေတာလဲ၊ ကျွန်တော့်ကို ထိဖို့ ခင်ဗျားကို ဘယ်သူက ခွင့်ပြုထားလို့လဲ၊ ခင်ဗျားကမြင်းသိုးကြီးပဲ" ရှီမာယူယူသည် စိတ်ဆိုးကာ အော်လေသည်။
ရှီမာယူယူ နောက်နှစ်ပေါင်းများစွာလိုက်လာသဖြင့် သူမ ခေါ်သည့် မြင်းသိုးဆိုသည့် အဓိပ္ပာယ်ကို သူရှင်းရှင်းလင်းလင်းသိပြီးဖြစ်သည်။ သူသည် မျက်ခုံးများကိုပင့်ကာ အလေးအနက်ပြောလိုက်သည် "ငါကမြင်းသိုးမဟုတ်ပါ ဘူး"
"ဟင်း ခင်ဗျားကိုဘယ်သူမှမယုံဘူး" ရှီမာယူယူသည် သူ့ကိုယုံကြည် ခြင်းမရှိပေ။ သူမသည် ဆေးအဆီနှင့် မှန်သေးထုတ်ပြီး မှန်ကြည့်ကာ သူမ နှုတ်ခမ်းကို ဆေးလိမ်းလိုက်သည်။
နောက်ထပ် အတင်းနမ်းပြန်ပြီ၊ တစ်ခေါက်ပြီးတစ်ခေါက်... အခုကို ဘယ်နခေါက်ရှိနေပြီလဲ။ သူမသည် လက်ထဲတွင် ကျောက်စိမ်းပုလင်းကိုင် ထားကာ ဒေါသမထွက်ရန် သူမကိုယ်သူမ အကြိမ်ကြိမ်ပြောနေမိသည်။ သို့သော် သူမ၏ ယောင်နေသောနှုတ်ခမ်းကို မှန်ထဲတွင်မြင်လိုက်ရသောအခါ ကျောက်စိမ်းပုလင်းသည် ခွမ်းဟူူသောအသံနှင့်အတူ ကွဲသွားလေသည်။
သူမသည် လက်ထဲမှဖန်ကွဲများကိုပစ်ကာ နောက်ထပ် လိမ်းဆေးဆီ တစ်ပုလင်းထုတ်ကာ ထပ်လိမ်းပြန်သည်။
ပြီးခဲ့သည့်တစ်ခေါက် အတင်းနမ်းခဲ့စဉ်က နှုတ်ခမ်းချင်းထိရုံသာဖြစ် သဖြင့် ဒီလိုမျိုးမဟုတ်ပေ။ အခုတစ်ခေါက်မှသာ အတင်းဖိနမ်းသည်ဟု တွေး မိကာ ခွေးတစ်ကောင်ကိုက်မိတာခံရသည်ဟုပင် မှတ်ယူလိုက်သည်။
အခုမှပင် အတင်းဖိနမ်းခံရခြင်းသည် ခွေးတစ်ကောင်အကိုက်ခံရသည် ဟု ခံစားရသည်ကို သိလိုက်ရတော့သည်။
ထိုသို့တွေးမိလိုက်သည်နှင့် ဆေးလိမ်းမပြီးခင်မှာပင် ကျောက်စိမ်း ပုလင်းသည် ထပ်မံကွဲပြန်သည်။
သူမ အကွဲများကိုပစ်လိုက်သည်။ နောက်ပုလင်းတစ်လုံး...
မိုရှားပျံလာကာ လက်နှစ်ဖက်လုံးကို ထုထည်အဖြစ်ပြောင်းလိုက်ပြီး သူမ လက်ထဲမှ ကျောက်စိမ်းပုလင်းကိုယူပြီး ဆေးဝင်လိမ်းပေးလိုက်သည်။ သူမ၏ သွေးအေးသောမျက်လုံးများကို လျစ်လျူရှုကာ သူမကို နူးညံ့စွာ ဆေးလိမ်းပေးလိုက်သည်။
"ငါ ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်နဲ့ အတူမရှိဖူးဘူး" သူ လိမ်းပေးပြီးသည်နှင့် သူမ၏နူးညံ့သောနှုတ်ခမ်းများကို တယုတယပွတ်ပြီး ပြောလိုက်သည် "ငါ ဘယ်တုန်းကမှ မိန်းကလေးတစ်ယောက်နဲ့အတူမရှိခဲ့ သလို ဘယ်မိန်းကလေးကိုမှမထိခဲ့ဖူးဘူး၊ မိန်းကလေးတစ်ယောက်ကို နမ်းဖို့ ဆိုတာ ပြောစရာကိုမလိုတော့ဘူး မင်းကပထမဆုံးပဲ"
"ဟင်း" ရှီမာယူယူသည် သူ့လက်များကိုပုတ်ချကာ သူ့ကိုလျစ်လျူရှု လိုက်သည်။
သူမ သိပြီးသားပင်။ သူ၏ မပြေပြစ်သော အနမ်းနည်းစနစ်ကိုကြုံရပြီး နောက်တွင် ခွေးကိုက်သလိုဖြစ်နေသော အနမ်းတစ်ခုသည် မိန်းကလေးနှင့် အတူရှိဖူးခဲ့သည်ကမှ ထူးဆန်းနေမည်။
သို့သော် သူမဒေါသထွက်သည်မှာ သူ မိန်းကလေးများနှင့် အတူရှိခဲ့ခြင်း မရှိခဲ့ခြင်းကြောင့်မဟုတ်... သူမကို နောက်တစ်ကြိမ်အတင်းနမ်းခြင်းကြောင့် ပင်။
သူမသည် အတင်းအကြပ်နမ်းခြင်းကို မုန်းသည်။
မိုရှားသည် သူတို့စာချုပ်ကြောင့် သူမဒေါသကိုခံစားမိကာ အကြောင်း အရင်းကိုလည်းသိသည်။ သူသည် ကျောက်စိမ်းပုလင်းကို သူမလက်ထဲပြန် ထည့်ကာ ပြောလိုက်သည် "မင်း ငါ့ကိုစိတ်ဆိုးတာအဲဒါကြောင့်ဆိုရင် ငါ့ကိုလဲ အတင်းပြန်နမ်းဖို့ခွင့်ပြုတယ် ငါစိတ်မဆိုးဘူး"
သူ့ကိုအတင်းအကြပ်ပြန်နမ်းရမယ်ဟုတ်လား... သူက စိတ်မဆိုးဘူး ဟုတ်လား..
"သေလိုက်လေ ဘယ်သူက ခင်ဗျားကို အတင်းနမ်းချင်လို့လဲ၊ ခင်ဗျား စိတ်မဆိုးပေမယ့် ကျွန်တော်စိတ်ဆိုးတယ်" သူသည် မာန်ဖီကာ သူ့အား ရိုက် လိုက်သော်လည်း သူ့ခေါင်းကိုသာဖြတ်သွားလေသည်။
"ငါမင်းကို အတင်းအကြပ်နမ်းဖို့အခွင့်အရေးပေးတယ်နော် မင်းမလုပ် ချင်မှတော့ ဒီအခွင့်အရေးက မင်းတစ်ဘဝလုံးမှာ နောက်ဆုံးအကြိမ်ပဲ" မိုရှား သည် အတိအကျပင်ပြန်ပြောလေသည်။
ရှီမာယူယူသည် သူ့ကိုထပ်ရိုက်ချင်သော်လည်း သူ၏ တိကျသော အကြည့်ကိုမြင်သောအခါ ရပ်လိုက်သည်။
သူတကယ်ပြောနေတာပဲ အလေးအနက်ကိုပြောနေတာ တကယ်ကို ပြောနေတာ...
အဲလောက် အသည်းယားစရာကောင်းတဲ့စကားတွေကို အလေးအနက် ပြောနေတာ...
သူမ တကယ်ပဲ ဒီလူကိုအရှုံးပေးလိုက်ပြီ။
သူမသည် သူ့ကိုနှစ်ချက်လောက်ထိုးချင်သော်လည်း သူသည် ဝိဉာဉ် သာဖြစ်သဖြင့် သူ့ကိုမထိမိပေ။ သို့သော် သူမ သူ့ကိုသာမရိုက်ရပါက ဒေါသ ပျောက်သွားမည်မဟုတ်ပေ။
သူမသည် ထိုးရသည်ကိုပင် ငြီးငွေ့လာသည်။ သူမ ဆက်တိုက်ကြိုးစား ကြည့်ရာ နောက်ဆုံးတွင် လက်လျော့ပြီး ဆေးဖော်သည့်အခန်းသို့ပြန်လာ လိုက်သည်။ သူမသည် သူ့ကို မျက်စိထဲမှ စိတ်ထဲမှ ထုတ်ပစ်ရန်ကြိုးစားလိုက် သည်။
ဒါက အတင်းအကြပ်နမ်းတာမဟုတ်ဘူလား။ စောင့်နေလိုက်....