My Master (Completed) (Z+U)
By Aeri-Berry
28.5K 2.1K 125
သူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျ... More
My Master-1 (Z+U)
My Master-2 (Z+U)
My Master-3 (Z+U)
My Master-4 (Z+U)
My Master-5 (Z+U)
My Master-6 (Z+U)
My Master-7 (Z+U)
My Master-8 (Z+U)
My Master-9 (Z+U)
My Master-10 (Z+U)
My Master-11 (Z+U)
My Master-12 (CY's POV) (Z+U)
My Master-13 (Z+U)
My Master-14 (Z+U)
My Master-15 (Z+U)
My Master-16 (Z+U)
My Master-18 (Z+U)
My Master-19 (Z+U)
My Master-20 (Z+U)
My Master-21 (Z+U)
My Master-22 (Z+U)
My Master-23 (Z+U)
My Master-24 (Z+U)
My Master-25 (Z+U)
My Master-26 (Z+U)
My Master-27 (Z+U)
My Master-28 (Z+U)
My Master-29 (Z+U)
My Master-30 (Z+U)
My Master-31 (Z+U)
My Master-32 (Z+U)
Finale
ကျေးဇူးတင်လွှာ
Extra (Christmas Special)
Notice ❗❗❗
My Master-17 (Z+U)
670 58 2
By Aeri-Berry
(Unicode)
"ငါ Baekhyuneeကိုဖွင့်ပြောလိုက်ပြီ Chanyeol"
ကော်ဖီခွက်ကိုကိုင်ထားသော ကျနော့်လက်တို့တင်းခနဲဖြစ်သွားရပြီး လူကလည်းတုန်လှုပ်လာသလိုပင်။
နေ့လယ်စာစားပြီး ကော်ဖီသွားသောက်ရအောင်ဟု Jonginကပြောလာတာကြောင့် အခုကော်ဖီဆိုင်ကိုရောက်နေကြရင်း Jonginကပြောပြခြင်းဖြစ်သည်။
Baekhyunဖျော်ပေးတဲ့ကော်ဖီလောက် တခြားကော်ဖီတွေကိုမကြိုက်ပေမယ့် တခြားဘာမှလည်းသောက်ချင်စိတ်မရှိတာကြောင့် latteတခွက်ကိုသာမှာမိသည်။
ကော်ဖီခွက်ကို ကိုင်လိုက်သော ကျနော့်လက်တွေကပါတုန်ယင်နေပေမယ့် Jonginမရိပ်မိအောင် အတတ်နိုင်ဆုံးတုန်ယင်မှုကိုထိန်းရင်း
"သူဘာပြန်ပြောလဲ" ဟုမေးပြီးကော်ဖီတငုံမော့သောက်လိုက်သည်။
Jonginကကျနော်တို့ထိုင်နေသောစားပွဲဘေး မှန်တွေပေါ်မှအပြင်ဘက်လမ်းမကြီးကိုငေးစိုက်ကြည့်ကာ
"သူ့ရဲ့ အတိတ် ပစ္စုပ္ပန်တွေသာမကဘဲ အနာဂတ်ထိဆက်ချစ်သွားမယ့်သူရှိတယ်လို့ပြောတယ်" ဟုပြန်ဖြေလာသည်။
ထိုအခါမှ ကျနော့်စိတ်အနည်းငယ်အေးသွားရပြီး တုန်ယင်တာတွေပါပျောက်သွားခ့ဲရသည်။
ဒါပေမယ့် ကျနော်ကမကောင်းတဲ့ကောင်ပ‌ဲမလား။ အကယ်၍များ သူ Jonginကိုချစ်ဖို့ဆုံးဖြတ်သွားရင်ရော.....။
ညဘက်အလုပ်လုပ်နေရင်း ကော်ဖီသောက်ချင်လာပြန်တာကြောင့် ကျနော်သောက်နေကျသကြားနှစ်ဇွန်းပါတဲ့ ကော်ဖီကို Baekhyunကိုဖျော်ပြီးလာပို့ခိုင်းလိုက်သည်။
အလုပ်ဖုန်းပြောပြီးတာနဲ့ Baekhyunယူလာပေးတဲ့ ကော်ဖီခွက်ကိုယူကာ ကော်ဖီတငုံသောက်ကြည့်မိတော့ သကြားမပါတ့ဲပေါ့ရွတ်နေတဲ့ ကော်ဖီအရသာကိုရလိုက်သည်။
စိတ်ကထောင်းခနဲဖြစ်သွားပြန်သည်။ Jonginကဖွင့်ပြောတာနဲ့ Byun Baekhyunတို့ရင်တွေခုန်ပြီး စိတ်နဲ့လူနဲ့မကပ်ဖြစ်ကုန်တဲ့သဘောလား။စိတ်ကတစထက်တစဆိုးလာတာကြောင့်
"Byun Baekhyun!!! ကော်ဖီဘယ်လိုဖျော်လာတာလဲ ငါ့အကြိုက်တောင်မသိတော့ဘူးလား" ဟုအော်ပြောလိုက်သည်။
Baekhyunကတော့ ဘာမှမသိဟန်ဖြင့်ပြောလာပြန်သည်။
"ပုံမှန်အတိုင်းပဲဖျော်လာတာပါ သခင်လေး"
"မင်းကိုယ်တိုင်လာမြည်းကြည့်စမ်း"
သူ့ကိုကိုယ်တိုင်မြည်းကြည့်ခိုင်းလိုက်မှ ဘာလိုလဲဆိုတာ သူသိသွားပြီ။ တသက်လုံးသကြားနှစ်ဇွန်းထည့်လာရတာကို မေ့စရာလား။ Jonginကို ခေါင်းထဲပဲထည့်ထားလို့ သကြားနှစ်ဇွန်းထည့်ရတာကိုမေ့ကုန်ပြီလား။
"တောင်း....တောင်းပန်ပါတယ် သခင်လေး"
"ခွမ်း...ခွမ်း!!!" စိတ်ကအဆမတန်တိုလာတာကြောင့် ကော်ဖီခွက်နဲ့ကော်ဖီခွက်ပန်းကန်ပြားကို ကြမ်းပြင်ပေါ်ရိုက်ခွဲလိုက်သည်။
"ဘာလဲ Jonginနဲ့အရမ်းအဆင်ပြေနေတော့ တာဝန်တွေတောင်ပျက်ကွက်ချင်နေပြီပေါ့" နေ့လယ်က Jonginပြောခဲ့တာကိုနားထဲပြန်ကြားယောင်တော့ စိတ်တွေကိုထိန်းချုပ်မရတော့။
"ကျနော်တောင်းပန်ပါတယ် သခင်လေး"
"အဲ့ကြမ်းပြင်ပေါ်ကအကွဲတွေကိုစုလိုက်စမ်း"
Baekhyunလည်း ကျနော်ခိုင်းသည့်အတိုင်း အကွဲတွေကိုသေချာစုလိုက်သည်။
"စုပြီးရင် မင်းဘောင်းဘီကိုအပေါ်လှန်တင်ပြီး အဲ့အကွဲတွေပေါ်ဒူးထောက်လိုက်"
Jonginနဲ့မနီးစပ်အောင် အပြစ်ပေးရင်ရော စိတ်ချရလေမလား။
Baekhyunကထိတ်လန့်တကြား ကျနော့်ကိုကြည့်လာတော့
"ဘာလဲ ပြောတော့ငါ့ကိုချစ်တယ်ဆို ဒါလေးတောင်မလုပ်နိုင်ဘူးလား မလုပ်နိုင်ရင်ဒီအိမ်ကနေတခါထဲထွက်သွား"
ကျနော့်ကိုချစ်မှန်းသိတော့ ကျနော်ဆိုးမိပြန်သည်။
သူကျနော့်နားကထွက်သွားရမှာကို သူအကြောက်ဆုံးလေ။ သူသေချာပေါက် အကွဲစတွေပေါ် ဒူးထောက်မယ်ဆိုတာ ကျနော့်ဘက်ကလုံးဝသေချာနေသည်။
"ဒီအိမ်ကနေ မထွက်သွားရပါစေနဲ့ သခင်လေးခိုင်းတဲ့အတိုင်း ဒီအကွဲတွေပေါ်ဒူးထောက်ပေးပါမယ်"
ကျနော်မှန်းဆထားသည့်အတိုင်း Baekhyunကဘောင်းဘီကိုလှန်တင်ကာ အကွဲစတွေပေါ်ဒူးထောက်လာသည်။
"ငါရပြီမပြောမချင်း အဲ့လိုပဲနေထား Byun Baekhyun"
သူ့ကိုဒူးထောက်ခိုင်းထားပြီး ကျနော်အလုပ်လုပ်ပေမယ့် အာရုံကအလုပ်ထဲမရှိ။ မျက်လုံးထောင့်စွန်းကနေမြင်နေရတဲ့ Baekhyunပေါ်မှာသာအာရုံရောက်နေသည်။
ဒီလိုနဲ့ အလုပ်အပေါ်အာရုံရတချက် မရတချက်နဲ့ အချိန်2နာရီလောက်ကုန်သွားခဲ့ပြီ။
"ရပြီ မင်းပြန်တော့ Baekhyun" အချိန်2နာရီကြာ အပြစ်ပေးရင်လုံလောက်ပြီမလား။
အချိန်2နာရီကြာခန့်ဒူးထောက်ခဲ့ရသည့် Baekhyunမှာကျနော့်စကားကြောင့် ထမလိုလုပ်ပြန်တော့ ပြန်လဲကျသွားပြန်သည်။
"ကျစ် အားပျော့လိုက်တာ Baekhyun"
ပါးစပ်မှအလိုအလျောက်ခနဲ့စကားထွက်လာပြန်သည်။
Baekhyunမှာထဖို့အချိန်အနည်းအငယ်ယူပြီးမှ ရှောရှောရှူရှူထလာနိုင်ကာ သူ့ဒူးမှာစိုက်နေတဲ့ကြွေကွဲစတွေကိုလည်း ဆွဲထုတ်လိုက်သည်။
"အဲ့အကွဲစတွေပါ တခါထဲရှင်းသွား Baekhyun" ကြွေကွဲစတွေမြင်ရင် သူ့အပေါ်အားနာစိတ်ဝင်လာမှာစိုးလို့ မြန်မြန်ရှင်းခိုင်းလိုက်သည်။
Baekhyunလည်းကြွေကွဲစတွေကို ပြောင်ရှင်း‌ေနေပးအောင်ရှင်းပြီးမှ အခန်းထဲကပြန်ထွက်သွားသည်။
သူထွက်သွားတော့ အလုပ်စာရွက်တချို့ပေါ်အာရုံပြန်စိုက်လိုက်ပေမယ့် မျက်လုံးထဲမှာ ကြွေကွဲစထုတ်လိုက်လို့သွေးတွေစီးကျလာတဲ့ Baekhyunဒူးနှစ်ဖက်ရယ်၊ အခန်းထဲကနေထော့နဲ့နဲ့ပြန်ထွက်သွားတဲ့ Baekhyunပုံရိပ်ရယ်ကသာ ပေါ်ပေါ်လာသည်။
ကျနော်အပြစ်ပေးတာလွန်သွားတာများလား။
"ကျစ်" ကိုယ့်ကိုယ့်ကိုစိတ်ပျက်စွာဖြင့် စာရွက်တွေကိုဆောင့်ကြီးအောင့်ကြီးပစ်ချလိုက်သည်။
အထက်တန်းနှစ် သူ့ခြေထောက်တွေရိုက်ချိုးတုန်းကတောင် အားနာစိတ်သနားစိတ်တစက်မှမဝင်ခဲ့တဲ့ကောင်က အခုမှသနားစိတ်တွေဝင်နေပြီတဲ့လား။
ကျနော်သူ့အပေါ်ခံစားချက်တွေပြောင်းလဲနေတာကို ကိုယ်ကိုယ်တိုင်သတိထားမိခဲ့ပါသည်။
……………………
"ကျွန်မက Lee Eun Youngပါ" Eun Youngဆိုသူက သူမလက်တဖက်ကိုရှေ့တိုးပေးလာတော့ ကျွမ်တော်လည်း
ကျနော်က Park Chanyeolပါ ဟုနှုတ်ဆက်ကာ သူမလက်တဖက်ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။
"ထိုင်ပါဦး"
နှစ်ယောက်လုံးဆိုဖာပေါ်ထိုင်ပြီးတဲ့နောက်မှာတော့ သူ့ကိုကျနော်အကဲခတ်မိသည်။ Lee Eun Youngကလုံးဝကိုပါးနပ်ထက်မြက်သည့်မိန်းကလေးပုံစံမျိုးဖြစ်သည်။
"ကျွန်မက Lee Gpရ့ဲသမီးပါ Appaခိုင်းလိုက်လို့စာချုပ်အတွက်အချက်အလက်တချို့ကိုဆွေးနွေးဖို့ရောက်လာတာပါ "
"ဟုတ်ကဲ့ CEO Leeရဲ့သဘောထားတွေကိုပြောပြပေးပါဦး"
"အမြတ်ကို ကျွန်မတို့ဘက်က 65%လိုချင်ပါတယ်"
"65%ဆိုမများလွန်းဘူးလား"
"သဘောတူတာ မတူတာကတော့ CEO Parkသဘောပါ ကျွန်မတို့ကုမ္ပဏီန့ဲစာချုပ်ချုပ်ချင်တဲ့သူဘယ်လောက်များလဲဆိုတာလည်း CEO Parkသိပြီးသားဖြစ်မှာပါ"
ဂန်နမ်မှာအဆင့်မြင့်ကွန်ဒို‌ေတွဆောက်ချင်တ့ဲကုမ္ပဏီများက ထိုဂန်နမ်မှာမြေအများစုကိုပိုင်ထားတဲ့ Lee gpနဲ့ စာချြပ်ချုပ်ချင်ကြသည်။
စာချုပ်ချုပ်ချင်ကြတဲ့ ကုမ္ပဏီတွေအများကြီးထဲကမှ ကျနော်တို့ကုမ္ပဏီကိုရွေးချယ်လိုက်တာက ကံကောင်းသည်ဟုလည်းဆိုရမည်။ ဒီအခွင့်အရေးကနေစပြီး အမြတ်အများကြီးမရရင်တောင် ကုမ္ပဏီအတွက်အကျိုးရှိမည့်အခွင့်အလမ်းတွေပွင့်လာမည်ဖြစ်သည်။
"CEO Parkကုမ္ပဏီကိုရွေးချယ်လိုက်တယ်ဆိုတာကလည်း Appaက CEO Parkရဲ့ဦးဆောင်နိုင်စွမ်းတွေကိုသဘောကျလို့ပါ"
ထပ်လောင်းဖြည့်စွက်ပြောလာတဲ့သူမရဲ့စကားတွေကြောင့် ကျနော်လည်းအချိန်မဆိုင်းတော့ဘဲ
"ဟုတ်ကဲ့ Lee gpနဲ့စာချုပ်ချုပ်ပါမယ်"
"CEO Parkဘက်ကပြင်ဆင်ထားတဲ့ စာရင်းတချို့ကိုလည်း သိချင်ပါတယ်"
"ခဏပါနော်"
ကျနော့်အလုပ်စားပွဲဆီပြန်လာပြီး ဖိုင်တွဲကိုရှာကြည့်ပေမယ့်မတွေ့။ အိမ်မှာကျန်ခဲ့ပြီထင်သည်။ မနက်ကလည်း Baekhyunဒူးအခြေအနေဘယ်လိုလဲဆိုတာကိုသာ အာရုံရောက်နေတာမလို့ ဖိုင်တွဲကိုမေ့ကျန်ခဲ့တာဖြစ်သည်။
ကျန်ခဲ့တဲ့ဖိုင်တွဲကို Baekhyunကိုယူလာပေးရန်သာဖုန်းဆက်လိုက်သည်။ ဖုန်းဆက်ပြီးမှ ဘာလို့ Baekhyunကိုယူလာခိုင်းလိုက်မိတာလဲဟုအတွေးကဝင်လာသည်။
အမှန်ဆို Luhanလည်းရှိတာပဲကို။ ဘာပဲဖြစ်ဖြစ်ကွာ ဖိုင်တွဲကအရေးကြီးတယ်။
ဆိုဖာဆီပြန်လာကာ အလုပ်ကိစ္စတချို့ကို Eun Youngနဲ့ဆက်ဆွေးနွေးနေမိသည်။
"ဒါဆို ကျွန်မနောက်ရက်စာချုပ်ချုပ်ဖို့ထပ်လာခဲ့ပါမယ် CEO Parkပြမယ့်ဖိုင်ကိုလည်း emailကနေသာပို့ပေးလိုက်ပါ ကျွန်မသွားစရာရှိသေးလို့"
"ဒါဆိုလည်းဟုတ်ပြီလေ ဖြေးဖြေးပြန်ပါ"
Eun Youngထွက်သွားပြီးချက်ချင်းဆိုသလိုပင် Baekhyunဝင်လာသည်။
"မြန်သားပဲ ယူလာတာလည်းမှန်တယ် မင်းတော်တယ် Baekhyun"
ဖုန်းဆက်တာမှမကြာသေးဘူး။ မြန်မြန်ရောက်လာနိုင်သည်လေ။
"ဒူးကသက်သာလား"
"ဗျာ"
ထော့နဲ့နဲ့ဖြစ်နေတဲ့သူ့ခြေထောက်တွေကြောင့် မေးမိတော့ သူလေးအံ့ဩသလိုစိုက်ကြည့်လာသည်။
စိတ်ပူတဲ့သဘောပါသလား မပါသလားဆိုလားတော့ ကိုယ်တိုင်တောင်မသိ။
ရုတ်တရက်မေးလိုက်မိသလိုဖြစ်သွားတော့ ကြောင်သွားတာနေမှာပါဆိုပြီး
"မြန်မြန်လာခဲ့တော့ ဒဏ်ရာကသက်သာလား" ဟုထပ်မေးလိုက်သည်
ထိုအခါမှ ကျနော့်အမေးကို
"သက်သာပါတယ် သခင်လေး"ဟုပြန်ဖြေလာရှာသည်။
ထိုအချိန်မှာပဲတံခါးခေါက်သံ နဲ့အတူJonginဝင်လာပြီး
"Chanyeol ဒီတခေါက် projectကလေ....ဪ Baekhyuneeရောက်နေတာကိုး"
Baekhyunကိုငေးကြည့်နေတာကြောင့် ကျနော်ကပဲစကားပြန်စပေးရသည်။
"ဆက်ပြောလေ Jongin "
"ဒီတခေါက် projectကဘယ်လိုလဲ ဟိုဘက်ကဘာပြောလဲ"
"အဆင်ပြေသွားပြီ သူတို့ဒီprojectမှာပူးပေါင်းပေးမယ်တဲ့"
"တော်သေးတာပေါ့" ဟုပြောကာJonginကသူ့နာရီကိုငုံ့ကြည့်ပြီး
"နေ့လယ်စာစားချိန်ရောက်တော့မယ်ဆိုတော့ နေ့လယ်စာအတူစားကြရအောင် Baekhyunee" Baekhyunန့ဲအတူနေ့လယ်စာအတူစားချင်ကြောင်းပြောလာတော့ Baekhyunကကျနော့်မျက်နှာကိုတချက်ကြည့်လာသည်။
Baekhyunခမျာ ကျနော်ကြောင့်အိမ်ကနေမြန်မြန်လည်းထွက်လာရသည်။ ခြေထောက်ကလည်းထော့နဲ့နဲ့ဖြစ်နေသည့်အပြင် နေ့လယ်စာစားချိန်ရောက်နေပြီမလို့ သူဗိုက်ဆာနေလောက်ပြီဟုတွေးမိလိုက်သည်။
"လိုက်သွားလေ Baekhyun" ကျနော့်ပါးစပ်ကပြောထွက်သွားပြန်သည်။ Jongin ကBaekhyunကိုဖွင့်ပြောထားတာကိုဘယ်လိုစိတ်နဲ့ ပါးစပ်ကပြောထွက်မိသွားတာလဲ။
သူတို့နောက်လိုက်သွားလို့ကလည်းမဖြစ်။ Sehunစားချင်တဲ့ဆိုင်မှာအတူစားပေးမယ်လို့ကတိကပေးထားပြီးသားဖြစ်နေသည်။
"နေ့လယ်စာစားရုံလောက်နဲ့တော့ ဘာမှမဖြစ်ပါဘူးကွာ Chanyeolရာ" ဟု ကိုယ့်ကိုယ်ကို‌ေဖြသိမ့်လိုက်ရပြန်သည်။
………………………
"Chanyeol ဒီတခေါက္မှာထားတာရောက်ရင် ငါသွားလို့မရဘူးလား" ဂိုဏ်းအလုပ်နဲ့ပတ်သက်ပြီး မှာထားတာတွေရောက်လာရင် သူသွားယူချင်ကြောင်း ကျနော့်ကိုJonginဂျစ်နေပြန်သည်။
"မရဘူး ရဲတွေနဲ့တိုးရင်ဘယ်လိုလုပ်မလဲ"
"မင်းတောင်သွားနေကျပဲလေ Chanyeol"
"ငါကဒါမျိုးရိုးနေပြီ မင်းကအခုတယောက်ထဲသွားချင်တာလေ"
"ငါသွားချင်တယ်လို့ Chanyeol နော် ပေးသွားပါ နော် နော်"
လိုချင်တာမရမချင်း Jonginဂျစ်နေပြန်တာကြောင့် ကျနော်နားညီးပြီးနားပူလာရပြန်သည်။
"နားညီးလာပြီ Jonginရာ အဲ့လောက်သွားချင်နေရင်လည်းသွား "
"သွားရတော့မယ် ရေး" လိုချင်သည့်အရုပ်ရသွားသည့်ကလေးတယောက်လို Jonginကလက်ခုပ်တီးကာပြန်ပြောလာသည်။
ဒီတခါလည်း Jonginဒဏ်ရာရလာပြန်ပါသည်။ ဒဏ်ရာရလာတဲ့ Jonginကိုဂိုဏ်းသားတွေက အိပ်ခန်းထဲသွင်းပေးပြီးနောက် KyungSoo Hyungက ဒဏ်ရာကိုကြည့်ပေးသည်။
"သူ့ဒဏ်ရာကနက်တယ် သွေးထွက်လည်းများနေတယ် ချုပ်မှရမယ် Chanyeol"
"လိုအပ်တာHyungပဲကြည့်လုပ်ပေးလိုက်တော့"
"မေ့ဆေးကုန်နေတာပဲ အစိမ်းတိုင်းချုပ်မှရမယ် အဆင်ပြေလား Jongin"
KyungSoo Hyungက Jonginကိုမေးတော့
"ရတယ် Hyungအဆင်ပြေသလိုလုပ် ကျနော်Baekhyuneeလက်ကိုကိုင်ထားချင်တယ်"
Baekhyunကတော့ ကျနော်စိတ်ဆိုးမှာစိုးလို့ ကျနော့်ကိုကြည့်လာပြန်သည်။ Baekhyunထက် သွေးထွက်လွန်နေတဲ့ Jonginကိုပိုစိုးရိမ်တာကြောင့်
"သွားလိုက်လေ Byun Baekhyun!!! သူသေတာထိုင်စောင့်နေတာလား"
ကျနော်ကအော်ငေါက်ပြောတော့မှ Baekhyunက Jonginခုတင်နားအမြန်သွားလိုက်ကာ လက်ကိုဆုပ်ကိုင်ပေးလိုက်သည်။Kyungsoo Hyungက Jonginဒဏ်ရာကိုချုပ်ပေးတော့ Jonginက Baekhyunလက်ကိုတင်းတင်းဆုပ်ကိုင်ကာ အံကြိတ်ခံသည်။
Baekhyunကပန်းချီဆွဲတဲ့သူဆိုတော့ သူ့လက်တွေနာသွားလို့ပန်းချီမဆွဲနိုင်ရင်ဘယ်လိုလုပ်မလဲ။ Jonginကအားကြီးနဲ့ဆုပ်ကိုင်ထားတာ။
ထားပါတော့။ ဒါကကျနော့်ကိစ္စမှမဟုတ်တာကို ဘာတွေစိတ်ပူနေတာပါလိမ့်။
ဒဏ်ရာချုပ်ပြီးတော့ Jonginအခြေအနေကလည်းစိတ်ချရပြီဖြစ်တာကြောင့် ကျနော်သူ့အခန်းထဲကပြန်ထွက်လာပြီး ဧည့်ခန်းထဲထိုင်နေလိုက်သည်။
ခဏကြာတော့ Baekhyunကထွက်လာတာကြောင့်
Jonginက သူ့အနားမင်းကိုရှိစေချင်တာလေ" ဟုကျနော်ကခနဲ့ပြန်တော့
"ကျနော်လုပ်စရာရှိသေးလို့ KyungSoo Hyungနဲ့ထားခဲ့လိုက်ပါတယ်"
"လုပ်စရာအလုပ်တွေများနေပုံပဲ Baekhyun"
"ဟုတ်ပါတယ် သခင်လေး"
"သွားတော့"
"ဟုတ်ကဲ့ပါ သခင်လေး"ထွက်သွားသော Baekhyunကိုကြည့်ပြီး ကျနော်စဉ်းစားမိသည်။
ဒီကောင်လေး ဘာအလုပ်တွေအဲ့လောက်များနေတာပါလိမ့်။
တပတ်လောက်ကြာတော့ Jonginလည်းသက်သာလာပြီ။ညနေပိုင်းအလုပ်ကပြန်ရောက်တော့ Jonginအခြေအနေကိုမေးရန် Sehunနဲ့အတူ သူ့အခန်းထဲသွားတော့ သူ့ကိုဆန်ပြုတ်ခွံ့နေတဲ့ Baekhyunကပါရှိနေသည်။
"ဟာ Jongin Hyungကတော့ Baekhyun Hyungကိုနိုင်စားနေပြန်ပြီ"
Sehunကစနောက်ပြီးပြောလာတော့
"အမလေး ငါကနိုင်စားတယ်ဖြစ်ရဦးမယ် တကယ်နိုင်စားတာကမင်းအကိုပါနော်"ဟု Jonginကရွတ်နောက်နောက်အသံဖြင့်ပြန်ပြောလာသည်။
ဒဏ်ရာရတာက လက်မှမဟုတ်ဘဲ ဗိုက်မှာရထားတာကို Jonginကဘာလို့ Baekhyunကိုဆန်ပြုတ်ခွံ့ခိုင်းရတာတုန်း။ ဒီ Jonginကတော့ အခွင့်အရေးယူနေပြန်ပြီ။
"Jongin မင်းတွေ့ခဲ့ရတဲ့အဖွဲ့ကို ဘယ်သူသတင်းသွားပေးလဲဆိုတာ ငါစုံစမ်းနေတယ်"
"ငါတို့လူတွေထဲ သတင်းပေးရှိနေတယ် မဟုတ်ရင်သတင်းပေါက်စရာအကြောင်းမရှိဘူး"
"အင်း အဲ့လူကိုရှာတွေ့တော့မှာပါ ဒါနဲ့မင်းသက်သာလား"
"သက်သာတာမှလွန်ရော"
"အာ့ဆို ငါတို့သွားပြီ"
ကျနော်နဲ့ Sehunလည်း Jonginအခန်းထဲမှပြန်ထွက်လာခဲ့လိုက်သည်။
ညစာလည်းမစားချင်‌ေသးတာမလို့ ပန်းခြံထဲလမ်းလျှောက်ပြီးအတွေးများနေသည်။
အနေနီးလို့ Baekhyunက Jonginကိုသံယောဇဉ်တွယ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ။ လူဆိုတာ အနားမှာရှိနေရင်သာတန်ဖိုးမထားတတ်သာ။ အနားကထွက်သွားမှ နှမြောနေတတ်တာ လူ့သဘာဝပဲမလား။
ဒီလိုနဲ့ Baekhyunကကျနော့်ကိုမချစ်ဘဲစွန့်ပစ်သွားရင်ရော....။
ပန်းခြံထဲလမ်းလျှောက်နေတုန်း ခေါင်းကြီးငုံပြီး Baekhyunကလျှောက်လာပြန်သည်။ ခေါင်းကြီးငုံ့ထားတာကြောင့် ကျနော့်ကိုမမြင်ဘဲ ဝင်တိုက်မိပြီး ဖင်ထိုင်ရက်လဲကျသွားသည်။
"လူတယောက်လုံး ကိုယ့်ရှေ့ရှိနေတာတောင် မမြင်ဘူးလား"
မြေကြီးပေါ်လဲကျရာက Baekhyunမတ်တပ်ပြန်ရပ်လိုက်ကာ
"တောင်းပန်ပါတယ် သခင်လေး"ဟုပြောလာပြန်လေသည်။
"Baekhyun မင်းJonginနဲ့နီးနီးကပ်ကပ်နေရတာ ပျော်တာလား"
"တာဝန်အရပါ သခင်လေး"
"မင်းစကားအတိုင်း တာဝန်တခုဆိုတာထက္မပိုစေနဲ့ Baekhyun"
တကယ်မင်းစကားအတိုင်း တာဝန်တခုဆိုတာထက်မပိုလာပါ‌စေနဲ့ Baekhyun။ ငါမင်းကိုဆုံးရှုံးရမှာကြောက်နေမိပြီ။
ဒီလိုနဲ့ ကျနော့်မွေးနေ့ကိုရောက်လာခဲ့ပြန်သည်။ ခါတိုင်းနှစ်တွေလိုပဲ ခြံထဲမှာမွေးနေ့ပါတီအသေးစားလေးလုပ်ဖြစ်သည်။ Baekhyunဒီနှစ်ကျနော့်ကိုဘာပေးမှာပါလိမ့်။
မွေးနေ့ညမှာတော့ အကုန်လုံးကကျနော့်အတွက်မွေးနေ့သီချင်းဆိုပေးသည်။Sehunကိုင်ထားသောမွေးနေ့ကိတ်ပေါ်မှ ဖယောင်းတိုင်‌ေတွကိုမှုတ်လိုက်ပြီး ကိတ်မုန့်လေးကိုညီညီညာညာခွဲလိုက်သည်။
‌ပြီးတာနဲ့မွေးနေ့ကိတ်တတုံးကိုပန်းကန်ပြားထဲထည့်ကာ ဇွန်းလေးနဲ့တကိုက်စာဖ့ဲလိုက်ပြီး
"ဒါက Hyungအချစ်ရဆုံး Sehunအတွက်" ဟုပြောကာ ကျနော့်အချစ်ရဆုံးညီ‌ေလး Sehunအတွက်တလုပ်အရင်ကျွေးလိုက်သည်။
"ဟေ့ရောင် ငါ့ကိုကျွေးဦးလေ"Jonginစချင်တာကြောင့် သူ့ကိုမကျွေးတော့ Jonginကဆူပုတ်လာပြန်သည်။
"မကျွေးဘူးကွာ"
"မင်းနော်"
"စတာပါ ဟားဟား ပါးစပ်ဟ" ဆူပုတ်နေသော Jonginကိုကိတ်မုန့်အကြီးကြီးတလုပ်ကျွေးလိုက်သည်။
ကိတ်မုန့်ကျွေးပြီးတော့ မေွးနေ့လက်ဆောင်တွေပေးကြသည်။
"ရော့ ဒီမှာမင်းအတွက်ငါ့လက်ဆောင် Chanyeol တခါတည်းဝတ်ကြည့်" Jonginက ကျနော့်အကြိုက် brandနာရီတလုံးကို ကျနော့်လက်မှာဝတ်ပေးလာသည်။
"Hyung ကျနော်ကပေးပြီးသားနော်"
"ဟုတ်လို့လား Sehun"
"ဟုတ်တာပေါ့ ဟိုးကMercedesကားကြီးတွေ့လား အဲ့တာကျနော်လက်ဆောင်ပေးတာ Jongin Hyungရဲ့" အိမ်ရှေ့မှာရပ်ထားတဲ့ Mercedesကားကြီးကိုလက်ညိုးညွှန်ပြရင်း Sehunက Jonginကိုပြန်ဖြေလာသည်။
Sehunကမနက်ကတည်းကကျနော့်ကိုအစောဆုံးမွေးနေ့လက်ဆောင်ပေးတဲ့သူဖြစ်သည်။
"ဟုတ်ပါပြီဗျာ"
KyungSoo Hyungကတော့
"ဘာပေးရမလဲမသိတော့ နက်ကတိုင်ပဲဝယ်ပေးခဲ့တယ် Chanyeol"
"အမြဲအသုံးဝင်နေတဲ့ဟာပဲ ကျေးဇူးပါ Hyung"
KyungSoo Hyungပေးတဲ့ နက်ကတိုင်နက်ပြာ‌ေလးကတကယ်လှလွန်းပါသည်။
ဒါနဲ့ဟိုကောင်လေး Baekhyunကရောဘာပေးမှာပါလိမ့်။ သူလာတုန်းကတော့ အထုပ်လေးဆွဲလာတာမြင်လိုက်သည်။ ခုထိလည်းလာမပေးသေးပါလား။
ကိတ်မုန့်စားပြီးတော့ အသားတွေကင်နေတဲ့အချိန် Eun Youngလည်းရောက်လာသည်။ Eun Youngနဲ့ကျနော်နဲ့က ပရောဂျက်ကိစ္စကြောင့်ခဏခဏတွေ့ရတော့ အနည်းငယ်ခင်မင်နေကြပြီ။
"Chanyeol shi ကျွန်မနောက်ကျသွားလို့ Sorryပါ"
"ရပါတယ် Eun Young shi အရမ်းမနောက်ကျသေးပါဘူး"
"Happy birthday ပါ Chanyeol shi" မွေးနေ့ဆုတောင်းနဲ့အိတ်လေးတခုကို ပေးလာတော့ ကျနော်လည်းယူလိုက်သည်။
"တခါထဲကြည့်လိုက်ပါဦး Chanyeol shiနဲ့တော်မတော်သိချင်လို့ပါ"
Eun Youngပေးလာတဲ့အိတ်လေးကိုဖွင့်ကြည့်တော့ ဆွယ်တာလေးတထည်ဖြစ်နေသည်။ အရောင်ကရှားညိုရောင်လေး။ကြည့်တာနဲ့ဈေးကြီးမှန်းသိသာလှသည်။
"ဒီလောက်ဆိုအတော်ပဲ Eun Young shi ကျေးဇူးပါဗျာ" ဆွယ်တာလေးဖြန့်ကြည့်မိတော့ လုံးဝကျနော်နဲ့တော်မည့်ဆိုဒ်ဖြစ်သည်။
Eun Youngနဲ့ကျနော်နဲ့စကားပြောနေရင်း ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ Baekhyunကိုခိုးကြည့်လိုက်တော့
သူကဘီယာဘူးတွေကိုတဘူးပြီးတဘူးဖောက်သောက်နေသည်။သောက်နိုင်တဲ့သူလည်းမဟုတ်ဘဲ Byun Baekhyunကဘာလို့အဲ့လောက်ထိသောက်နေရတာလဲ။
Eun Youngပြန်သွားတော့ ကျနော်လည်း အသားကင်ညော်နံတွေရယ် အသားကင်မီးဖိုတွေရယ်ကအပူတွေကြောင့် လူကမွန်းကြပ်ချင်သလိုဖြစ်လာရတာကြောင့် ပန်းခြံဆီသွားကာ လေကောင်းလေသန့်ရှုနေမိသည်။
ပန်းခြံလေးထဲရောက်တော့ Baekhyunပြုစုထားတ့ဲနှင်းဆီပန်းတွေကိုမတ်တပ်ရပ်ကြည့်နေမိသည်။
နှင်းဆီနီရဲ့ဆိုလိုရင်းက အချစ်တဲ့လား။
Baekhyunကကျနော့်အတွက်ရည်ရွယ်ပြီးစိုက်ပေးခဲ့တာပေါ့။ နှင်းဆီနီတွေကိုကြည့်ရင်း ရင်ထဲမှာတသိမ့်သိမ့်နဲ့ကြည်နူးရပြန်သည်။
"သခင်လေး"
နောက်ကျောဘက်ဆီမှ ခေါ်သံကြားရတာကြောင့် လှည့်ကြည့်မိတော့ Baekhyunဖြစ်နေသည်။
"Happy birthdayပါ သခင်လေး"
ယိုင်ထိုးယိုင်ထိုးနဲ့ မွေးနေ့ဆုတောင်းကိုဆိုလာသော Baekhyunကို
"မင်းမူးနေတာလား Baekhyun" ဟုပြန်ပြောမိသည်။
"နည်းနည်းလေးများသွားတာပါ ဟီး" သွားလေးဖြဲကာ လက်ညိုးနဲ့လက်မကိုကွေးပြီး နည်းနည်းလေးပါဟုလုပ်ပြလာသော Baekhyunပုံစံကရီချင်စရာကောင်းနေတာကြောင့် ရီမိသွားသည်။
"မင်းလက်ထဲကဘာလဲ Baekhyun"
သူ့လက်ထဲပါလာတဲ့အိတ်လေးကိုသိချင်စိတ်နဲ့မေးမိတော့
"အစတုန်းကတော့ သခင်လေးကိုမွေးနေ့လက်ဆောင်ပေးမလို့ပဲ ဒါပေမယ့်အခုမပေးချင်တော့ဘူး"
Baekhyunက ဘီယာသောက်ထားလို့ပါးပြင်လေးတွေနီစွေးစွေးဖြစ်နေသည်။နှုတ်ခမ်းလေးဆူကာ ခြေအနည်းငယ်ဆောင့်ပြီးပြောလာတဲ့ Baekhyunပုံစံက စိတ်ကောက်နေတဲ့ကလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းလှပြီးဖျစ်ညစ်ပစ်ချင်စရာကောင်းလှသည်။
"Baekhyun မင်းအရမ်းချစ်စရာကောင်းတာပဲ"
ကျနော်လည်း သူ့ဆီလျှောက်သွားကာ သူ့လက်ထဲကအိတ်ကို ဆွဲလုလိုက်တော့
"သခင်လေးကိုမပေးတော့ပါဘူးဆို"ဟုဆိုက အိတ်ကိုအတင်းပြန်ဆွဲပြန်သည်။
ကျနော်လည်း ဘယ်ရမလဲ။သူ့ဆီကရအောင်လုပြီး အိတ်လေးကိုဖွင့်ကြည့်တော့ ဆွယ်တာလေးတထည်ဖြစ်နေသည်။ အရောင်က Eun Youngပေးတဲ့ဆွယ်တာအရောင်နဲ့အတူတူ။
"ဒါငါ့အတွက္မလား မင်းမပေးလည်းငါယူပြီ ငါကြိုက်တယ်"
"တကယ်လား သခင်လေးကြိုက်တယ်ဆိုတော့ ပျော်လိုက်တာ ကျနော့်မှာလေအဲ့ဆွယ်တာလေးကိုယ်တိုင်ထိုးထားတာ မျက်ရိုးတွေလည်းကိုက်တယ် ဇက်ကြောလည်းတက်တယ် လက်တွေလည်းနာတယ်"
ကလေးလေးလို နှုတ်ခမ်းကိုတချွန်ချွန်ဖြင့် စကားတွေကိုရေပိုက်ကရေတွေထွက်လာသလို တရစပ်ပြောနေပြန်သည်။
ဘုရားရေ။ ဒါ Byun Baekhyunတဲ့လား။ သူနဲ့အနှစ်နှစ်ဆယ်အတူတူနေလာတာတောင် တခါမှဒီပုံစံမျိုးမတွေ့ခဲ့ဖူးဘူး။ နောက်ဆိုဒီလိုချစ်စရာပုံစံလေးတွေ့ချင်ရင် အရက်တိုက်ရမလားဘဲ။
သူ့နှုတ်ခမ်းချွန်ချွန်တွေကိုကြည့်ရင်း ကျနော်အသည်းယားလာပြန်သည်။ အဲ့နှုတ်ခမ်းချွန်ချွန်လေးတွေက ဘာအရသာရှိမှာပါလိမ့်။
"မင်းဒီလောက်အပင်ပန်းခံထားတာ ငါတန်ဖိုးထားတာပေါ့ ဒါပေမယ့်...."
ကျနော် ဘာစကားမှဆက်မပြောလာတော့ Baekhyunက
"ဒါပေမယ့်ဘာဖြစ်လဲ သခင်လေး"
"ဒါပေမယ့် ငါမင်းဆီကမွေးနေ့လက်ဆောင်အဖြစ်လိုချင်တာရှိနေတယ်"
"ပြောကြည့်လေ သခင်လေး ကျနော်တတ်နိုင်ရင်ဝယ်ပေးပါ့မယ်"
သူထင်တာ တခုခုဝယ်ခိုင်းမယ်ထင်နေတာ။ ဘာပိုက်ဆံမှမကုန်ဘဲ အခုချက်ချင်းကျနော်လိုချင်နေတာ တခုပဲရှိသည်။
"ဟက်ဟက် ဝယ်ပေးစရာမလိုဘူး အခုပေးရင်ကိုရတယ်"
"ဟမ် အခုချက်ချင်းကြီးလား" ကြောင်တောင်တောင်မျက်နှာနဲ့ Baekhyunကကျနော့်ကိုကြည့်လာသည်။
"အင်း အခုချက်ချင်းပဲလေ မင်းပေးတယ်မလား ငါယူပြီနော်"
ဆွယ်တာအိတ်ကို ပန်းခုံပေါ်ချလိုက်ပြီး Baekhyunကိုလက်တဖက်နဲ့လှမ်းဆွဲဖက်လိုက်ကာ ကျန်လက်တဖက်က သူ့ပါးပြင်ပေါ်ကိုင်လိုက်သည်။
အတွေးထဲကအလုပ်ကို အခုချက်ချင်းအချိန်မဆိုင်းဘဲ ကျနော်အကောင်အထည်ဖော်တော့မည်။
"မွေးနေ့လက်ဆောင်အတွက်ကျေးဇူးပဲ Baekhyun"
သူ့မျက်လုံးတွေကိုကြည့်ကာ သေချာပြောလိုက်ပြီးနောက် သူ့နှုတ်ခမ်းပါးတွေပေါ် ကျနော့်နှုတ်ခမ်းတွေကိုဖိကပ်လိုက်သည်။
Baekhyunမှာ ရုတ်တရက်ဆိုသလို ကြောင်သွားပေမယ့် ခဏကြာတော့
ကျနော့်ပခုံးပေါ်လက်တင်ကာ ကျနော်နဲ့အတူ အလိုက်သင့်လေးပဲအနမ်းတခုကိုဆက်လက်‌ပုံဖော်နေသည်။
ဘီယာသောက်ထားလို့ ခါးသက်သက်ဖြစ်နေတဲ့ Baekhyunနှုတ်ခမ်းပါးတွေပါ ယစ်မူးဖွယ်ကောင်းလွန်းလှသည်။ အိစက်စက်ဂျယ်လီတုံးလေးလိုလို နူးညံ့ညံ့မိုချီတုံးလေးလိုလိုဖြစ်နေသည်မလို့ နမ်းမဝအောင်ဖြစ်ရသည်။
ပင်လယ်ရေပဲသောက်လေ သောက်လေ ငတ်မပြေဖြစ်ရတယ်ထင်နေတာ။ Baekhyunနှုတ်ခမ်းအိအိလေးတွေလည်း နမ်းလေနမ်းလေ နမ်းမဝပါလား။ အသိတခုထပ်တိုးရပြန်တာပေါ့။
ကျနော့်နမ်းနေရင်း သူ့ပါးစပ်လေးထဲလျှာကိုဝင်မယ်လုပ်တော့ သူ‌ေလးလည်းပါးစပ်ကို ချက်ချင်းဖွင့်ပေးလာတာကြောင့် သူ့ပါးစပ်လေးထဲကျနော့်လျှာကိုသွင်းလိုက်ကာ သူ့လျှာလေးကိုထိတွေ့ရစ်ပတ်‌ဆော့ကစားလိုက်သည်။
နမ်းနေရင်းနဲ့ အရှိန်ပါလာကာ သူ့နှုတ်ခမ်းကိုတချက်ကိုက်လိုက်သည်။
ဘီယာအရသာခါးသက်သက်နှုတ်ခမ်းလေးကိုမှ ညှီစို့စို့သွေးတွေကပါပေါင်းလိုက်ပြန်တော့ လုံးဝယစ်မူးစွဲလမ်းဖွယ်အတိ။ သူ့နှုတ်ခမ်းကထွက်လာသော ‌သွေးတွေကိုအားရအောင်စုပ်ယူပစ်ပြီး
မှနှုတ်ခမ်းနှစ်ခုကိုခွာလိုက်သည်။
နှုတ်ခမ်းနှစ်ခုကိုခွာလိုက်တော့ Baekhyunလည်းမောနေပြီး အသက်ရှူသံတို့နည်းနည်းပြင်းနေသည်။
သူနဖူးနဲ့ကျနော်နဖူးကို အသာလေးထိတိုက်လိုက်ကာ သူ့မျက်လုံးတွေကို နူးနူးညံ့ညံ့ကြည့်လိုက်ပြီး
‌"ဒီမွေးနေ့လက်ဆောင်အတွက် ထပ်ပြီးကျေးဇူးပဲ Baekhyun"
ဟုပြောကာ နဖူးချင်းတိုက်ထားတာကို ခွာလိုက်သည်။
"ငါမင်းကိုချစ်မိနေပြီထင်တယ် Baekhyun"
ဒီစကားကိုတော့ Baekhyunမကြားတော့။ ဘီယာတွေသောက်လာတဲ့အပြင် နမ်းခံရလို့မောသွားတဲ့ ချစ်စရာအမူးသမားလေးက ကျနော့်ရင်ဘတ်ပေါ်သူ့ခေါင်းပြုတ်ကျလာတာကြောင့် သူ့ခါးကိုဖက်ကာထိန်းပေးလိုက်ရသည်။
"ဟာ ဒီကောင်လေးကတော့အိပ်ပျော်သွားတာပဲ" အိပ်ပျော်သွားတဲ့ အမူးသမားလေးကြောင့်ကျနော်သဘောကျစွာရီမိသည်။
သူ့ကိုပွေ့ချီလိုက်ပြီး သူ့အိမ်လေးဆီဦးတည်သွားလိုက်သည်။
အိမ်တံခါးကိုပွင့်လိုပွင့်ငြား ကိုယ်နဲ့တိုက်ကြည့်တော့ လွယ်လွယ်ကူကူပွင့်သွားတာကြောင့်စိတ်ပူသွားရပြန်သည်။
သူခိုးတွေဘာတွေဝင်နေရင်ဘယ်လိုလုပ်မလဲ။ သော့လည်းမခတ်သွားဘူး။
သူ့အိပ်ခန်းဆီဦးတည်သွားလိုက်ကာ သူ့ခုတင်ပေါ် မနိုးစေရန်အသာအယာချပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည်။ အသက်ရှူသံမှန်မှန်ဖြင့် အိပ်မောကျနေတဲ့ Baekhyunနဖူးပေါ်ကဆံနွယ်တွေ‌ကို လက်နဲ့အသာပင့်တင့်လိုက်ပြီး အနမ်းတပွင့်ခပ်ဖွဖွခြွေချလိုက်ပြန်သည်။
"ငါ့ကြောင့် ပင်ပန်းခဲ့ပြီ Baekhyun ရှေ့လျှောက်မင်းအပေါ်ကောင်း‌ေပးပြီး ချစ်ပေးသွားမှာပါ"
သူ့အိမ်ထဲကထွက်ကာ ပန်းခုံပေါ်တင်ခဲ့တဲ့ ဆွယ်တာအိတ်လေးကိုသွားယူပြီး ကျနော့်အိပ်ခန်းထဲသွားသိမ်းလိုက်သည်။ ပြီးမှ မွေးနေ့ပါတီဆီပြန်လာလိုက်သည်။
ရှေ့လျှောက် Baekhyunနဲ့ကျနော်နဲ့ပျော်ရွှင်စွာဖြင့် တယောက်ကိုတယောက်ချစ်မြတ်နိုးရင်းနေထိုင်သွားမည်ဟု ကျနော်တွေးခဲ့မိသည်။
သို့သော် သာမန်လူတစ်ယောက်ဖြစ်သော ကျနော်အတွက်တော့ အနာဂတ်မှာ ကံကြမ္မာကဘယ်လိုဘယ်ပုံပြောင်းလဲသွားမည်ဆိုတာကို ကြိုသိမြင်နိုင်စွမ်းမရှိခဲ့တာတော့ အမှန်ပါ။
……….To be continued…………
(1.2.2022 Tue)
ဒီနေ့အိမ်ထဲမှာပဲ လိမ်လိမ်မာမာနေနေကြတယ်မလား Reader nimတို့
အိမ်မှာပဲနေမယ့် အလိမ်မာတုံး Reader nimလေးတို့ဖတ်လို့ရအောင်စောစော‌ upပေးလိုက်ပြီနော် 🥰🥰
ခါတိုင်းထက်အပိုင်းရှည်တယ်မလား🥺🥺
ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးများကြီးပါ💗💗💗
(Zawgyi)
ထိုအခါမှ ကျနော့်စိတ်အနည်းငယ်အေးသွားရပြီး တုန်ယင်တာတွေပါပျောက်သွားခဲ့ရသည်။
အလုပ်ဖုန်းပြောပြီးတာနဲ့ Baekhyunယူလာပေးတဲ့ ကော်ဖီခွက်ကိုယူကာ ကော်ဖီတငုံသောက်ကြည့်မိတော့ သကြားမပါတဲ့ပေါ့ရွတ်နေတဲ့ ကော်ဖီအရသာကိုရလိုက်သည်။
Baekhyunလည်းကြွေကွဲစတွေကို ပြောင်ရှင်း‌နေပးအောင်ရှင်းပြီးမှ အခန်းထဲကပြန်ထွက်သွားသည်။
……………………
"ထိုင်ပါဦး"
"ကျွန်မက Lee Gpရဲ့သမီးပါ Appaခိုင်းလိုက်လို့စာချုပ်အတွက်အချက်အလက်တချို့ကိုဆွေးနွေးဖို့ရောက်လာတာပါ "
"သဘောတူတာ မတူတာကတော့ CEO Parkသဘောပါ ကျွန်မတို့ကုမ္ပဏီနဲ့စာချုပ်ချုပ်ချင်တဲ့သူဘယ်လောက်များလဲဆိုတာလည်း CEO Parkသိပြီးသားဖြစ်မှာပါ"
ဂန်နမ်မှာအဆင့်မြင့်ကွန်ဒို‌တွေဆောက်ချင်တဲ့ကုမ္ပဏီများက ထိုဂန်နမ်မှာမြေအများစုကိုပိုင်ထားတဲ့ Lee gpနဲ့ စာချပ်ြချုပ်ချင်ကြသည်။
"ခဏပါနော်"
"ဒူးကသက်သာလား"
"ဗျာ"
"ဆက်ပြောလေ Jongin "
"နေ့လယ်စာစားချိန်ရောက်တော့မယ်ဆိုတော့ နေ့လယ်စာအတူစားကြရအောင် Baekhyunee" Baekhyunနဲ့အတူနေ့လယ်စာအတူစားချင်ကြောင်းပြောလာတော့ Baekhyunကကျနော့်မျက်နှာကိုတချက်ကြည့်လာသည်။
"နေ့လယ်စာစားရုံလောက်နဲ့တော့ ဘာမှမဖြစ်ပါဘူးကွာ Chanyeolရာ" ဟု ကိုယ့်ကိုယ်ကို‌ဖြေသိမ့်လိုက်ရပြန်သည်။
………………………
"ဟုတ်ပါတယ် သခင်လေး"
"သွားတော့"
"သက်သာတာမှလွန်ရော"
"အာ့ဆို ငါတို့သွားပြီ"
ညစာလည်းမစားချင်‌သေးတာမလို့ ပန်းခြံထဲလမ်းလျှောက်ပြီးအတွေးများနေသည်။
"တာဝန်အရပါ သခင်လေး"
‌ပြီးတာနဲ့မွေးနေ့ကိတ်တတုံးကိုပန်းကန်ပြားထဲထည့်ကာ ဇွန်းလေးနဲ့တကိုက်စာဖဲ့လိုက်ပြီး
"ဒါက Hyungအချစ်ရဆုံး Sehunအတွက်" ဟုပြောကာ ကျနော့်အချစ်ရဆုံးညီ‌လေး Sehunအတွက်တလုပ်အရင်ကျွေးလိုက်သည်။
"မကျွေးဘူးကွာ"
"မင်းနော်"
ကိတ်မုန့်ကျွေးပြီးတော့ မွေးနေ့လက်ဆောင်တွေပေးကြသည်။
"ဟုတ်လို့လား Sehun"
"ဟုတ်ပါပြီဗျာ"
KyungSoo Hyungကတော့
KyungSoo Hyungပေးတဲ့ နက်ကတိုင်နက်ပြာ‌လေးကတကယ်လှလွန်းပါသည်။
ပန်းခြံလေးထဲရောက်တော့ Baekhyunပြုစုထားတဲ့နှင်းဆီပန်းတွေကိုမတ်တပ်ရပ်ကြည့်နေမိသည်။
"သခင်လေး"